← Chapters

အခန်း ၁၅၉

Vol. 12 Ch. 159

အခန်း ၁၅၉

Vol. 12 Ch. 159

လင်းဖေးဟန် ခေါင်းတစ်ချက်တောင် လှည့်မကြည့်ခဲ့ပေ။ ဓာတ်လှေကားထဲ တန်းဝင်ကာ လုကုမ္ပဏီရဲ့ ပထမထပ် လုရွှယ်ယင် ရုံးခန်းရှိရာကို သွားလိုက်သည်။

လုံခြုံရေးဝန်ထမ်းသည် လင်းဖေးဟန်ရဲ့ ချောမွေ့စွာ လှုပ်ရှားသွားမှုနဲ့ ဖြောင့်တန်းတဲ့ ကျောပြင်ကျယ်ကို ကြည့်လိုက်ပြီး လက်ထဲမှ Audi A6 ကားသော့ကို ပြန်ငုံ့ကြည့်လိုက်သည်။

လင်းဖေးဟန်က တစ််ကယ် အရပ်ရှည်တာပဲလို့ သူ တွေးလိုက်မိသည်။

ဒီအချိန်မှာ လင်းဖေးဟန် လုကုမ္ပဏီကို လာရခြင်းက ယဲ့ဖန်းနဲ့ ပတ်သတ်နေတာမို့ သူ အနည်းငယ် စိတ်လှုပ်ရှားနေသည်။

ဒါကြောင့်မို့ ဒီတစ်ကြိမ်မှာ သူ ပုံမှန်လို တံခါးမခေါက်တော့ဘဲ လက်ကိုင်ကို တန်းဆွဲပြီး ဝင်သွားလိုက်သည်။

ချက်ချင်းပဲ ရုံးခန်းအတွင်းမှ မြင်ကွင်းကို မြင်လိုက်ရသည်။ စကားပြောဖို့ ရောက်လာ ခဲ့ပေမဲ့ အခန်းထဲမှ အံ့ဖွယ်မြင်ကွင်းကြောင့် သူ့ရဲ့စကားတွေ ပြန်မြိုကျသွားသည်။

တစ်ခုခုတော့ မှားနေပြီ။

လင်းဖေးဟန် အခန်းဝမှာ မတ်တပ်ရပ်နေဆဲပဲ။ လုရွှယ်ယင်ရဲ့ မျက်လုံးကို မလွှဲတမ်း စိုက်ကြည့်နေမိပြီး အခြေအနေက အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။

လုရွှယ်ယင် အလွန် စိတ်ပျက်နေရသည်။ သူမရဲ့လက်ထဲတွင် ကိတ်တစ်ခုကို ကိုင်ထားပြီး ပါးစပ်ထဲ အပြည့်ထည့်နေတာ ဖြစ်သည်။ သူမရဲ့ ပါးစပ်သည် ပြည့်ဖောင်းနေပြီး နှုတ်ခမ်းထောင့်တွင် ခရမ်တစ်ချို့ ကပ်နေသည်။

လင်းဖေးဟန် အခြေအနေမကောင်းတော့ ဘူးလို့ တိတ်တိတ်လေး စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူမမှာ အခုလို အကျင့်ရှိတာကို သူမေ့သွားခဲ့သည်။

လုရွှယ်ယင်က မနက်စာစားလေ့ မရှိဘူး။ ဒါပေမဲ့ သူမက ကိတ်မုန့်အလွန်ကြိုက်သည်။ သူမ နေ့တိုင်း မနက်စာ မစားဘဲ ရုံးခန်းကို အစောကြီးလာပြီး ကိတ်တစ်ခု ခိုးစားလေ့ ရှိသည်။

လင်းဖေးဟန်နဲ့ လုရွှယ်ယင်တို့ရဲ့ မျက်လုံးများ ဆုံတွေ့မှုအပြီးမှာ အခန်းသည် ပုံမှန် မဟုတ်စွာ တိတ်ဆိတ်သွားသည်။ လေထုထဲတွင် ဖော်မပြနိုင်သော ရှက်ရွံ့မှုတို့ ပျံ့လွင့်နေသည်။ အထူးသဖြင့် လုရွှယ်ယင် အတွက်ပင်!

ဒီမြင်ကွင်းကို လင်းဖေးဟန် မြင်သွားခဲ့ပြီ။ ဒါသူမရဲ့ ကိုယ့်ကိုယ်ကို လေးစားမှုအတွက် ဘယ်လိုမှ သည်းမခံနိုင်စရာပဲ!

သူမ ဂိမ်းကို rank တင်လိုက်နိုင်ပေမဲ့ လင်းဖေးဟန်ရဲ့ ရုတ်တရက် ရောက်လာမှုကြောင့် AFK ဖြစ်သွားရသလိုမျိုးပဲ။

မနေ့က သူမ ပွဲတွေ ဆက်တိုက် နိုင်ခဲ့ပြီး အခုမှ စဆော့တဲ့သူ ဖြစ်ပေမဲ့ အခြေအနေ တော်တော် ကောင်းပြီး rank တက်သွားခဲ့သည်။

ဒီနေ့တော့ AFK ဖြစ်ပြီး အဘန်းခံလိုက်ရပြီ။ သူမ အလွန် ဒေါသထွက်သည်!

ဂိမ်းရှုံးရင်တောင် ကိုယ့်မှာ ပွိုင့်တွေ ရှိနေသရွေ့ ပြန်ကစားလို့ရသည်။ ကိစ္စမရှိဘူး။ ဒါပေမဲ့ အခုတော့ လင်းဖေးဟန်က သူမ ဂိမ်းဆော့နေတာကို မြင်သွားခဲ့တာပဲ!!

သူမရဲ့ လျှို့ဝှက်ချက်ကြီးကို လင်းဖေးဟန် ဆီမှာ မိသွားမယ်လို့ လုရွှယ်ယင် လုံးဝ မတွေးထားမိဘူး။ လုရွှယ်ယင် တစ်ကယ်ကို စိတ်ထဲမှာ ရှက်နေခဲ့သည်။

ထိုအချိန်မှာ လုရွှယ်ယင်ရဲ့ နှုတ်ခမ်းထောင့်တွင် ခရမ်တစ်ချို့ ပေနေဆဲ ဖြစ်သည်။ ပါးစပ်ထဲမှာလဲ ခရမ်အပြည့် ရှိနေတုန်းပဲ။ သူမ မမြိုချနိုင်နေဘူး။ ဒီအခြေအနေမှာ သူမ မြိုချလိုက်သင့်လား? မမြိုချဘဲ နေရမလား?

မြိုတာ မမြိုတာက ပြဿနာမဟုတ်ဘူး!

တစ်စက္ကန့်အတွင်းမှာ လုရွှယ်ယင်ရဲ့ မျက်နှာက အနေခက်မှုကနေ ရှက်ရွံ့မှုအဖြစ် ပြောင်းသွားပြီး အဆုံးမှာ ဒေါသမီးတောက် အဖြစ် ကူးပြောင်းသွားတော့သည်။

လုရွှယ်ယင် အလွန်ဒေါသထွက်သည်။ အလွန့်အလွန်ကို ဒေါသထွက်နေခဲ့သည်။

လင်းဖေးဟန်က အရမ်းစိတ်တိုဖို့ ကောင်းသည်။ စိတ်ရှုတ်ဖို့ ကောင်းလိုက်တာ။ ဒီလူအခန်းထဲဝင်ရင် တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား? အခြေခံကျင့်ဝတ်လေးတောင် မရှိဘူးလား?

တစ်စက္ကန့်အတွင်း လင်းဖေးဟန်ရဲ့ ဦးနှောက်က အလွန်အလုပ်လုပ် နေခဲ့သည်။

ဒီမိန်းမက နျူးကလီးယားဗုံးပဲ။ သူမရဲ့ ဒီလျှို့ဝှက်ချက်ကို လူသိမခံဘဲ ဖုံးထားခဲ့တာ။ အခုထိ မပေါက်ကွဲသေးဘူး။ ငါအမြန် ဖြေရှင်းရမယ်။

လင်းဖေးဟန် အမြန်တုံ့ပြန်လိုက်သည်။ တံခါးပိတ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလို အထဲကို လျှောက်ဝင်လာကာ အပြုံးတစ်ခုနဲ့

“ မင်း ကုမ္ပဏီကို အစောကြီးရောက်နေတာပဲ။ ဒီနေ့ ရာသီဥတု တော်တော် ကောင်းတယ်နော်..”

လင်းဖေးဟန်ရဲ့ စကားကို သူမ မတုံ့ပြန်ခဲ့ဘူး။ သူမ အလွန်ဒေါသထွက်နေသည်။ လင်းဖေးဟန်က အလွန်ကို မုန်းစရာကောင်းတဲ့ သူမို့ မကောင်းတဲ့ကံနဲ့ ထပ်မထိတွေ့ချင်ဘူး။ ဒီထပ်ပိုပြီး စိတ်မတိုချင်တော့ဘူး။

လုရွှယ်ယင် ခေါင်းငုံ့ပြီး သူမရဲ့ အရှက်နဲ့ ဒေါသကို မြိုချကာ တိတ်တဆိတ် ကိတ်မုန့်ကို ဝါးနေလိုက်သည်။

အနည်းငယ် ခြောက်ကပ်ကပ်နဲ့မို့ သူမ ချောင်းဆိုးတော့သည်။

သူမ ခရမ်ကိတ်ကို ထပ်စားမိလို့ကတော့ ခွေးပဲ ဟု စိတ်ထဲကနေ သတ်မှတ်လိုက်သည်။

ဝုတ်ဝုတ်ဝုတ်!

စားပွဲပေါ်မှာ ကိတ်တွေ အများကြီး ရှိနေသေးတာပါလား? မစားရင် ဖြုန်းတီးရာ ကျသွားမှာပေါ့။ ဒါလေးတော့ ထပ်စားလိုက်မယ်။

လင်းဖေးဟန်ရဲ့ သူ့အပေါ် အမြင်ကို ပြောင်းလာအောင် လျှို့ဝှက် ကြိုးစားလာမှုတွေကြောင့် သူမရဲ့ အမြင်ပြောင်း သွားလို့သာပင်။ မဟုတ်လို့ကတော့ ဒီအချိန်မှာ လင်းဖေးဟန်ကို သူမကိုယ်တိုင် ၃၃ ထပ်ကနေ အောက်ပစ်ချလိုက်ပြီပဲ!

အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သည်။

တစ်မိနစ်လောက် ကြာပြီးနောက်မှာ လုရွှယ်ယင် နောက်ဆုံးတော့ သူမပါးစပ်ထဲက ကိတ်မုန့် ကုန်သွားခဲ့ပြီ။

လုရွှယ်ယင် တည်ငြိမ်ဟန်ဆောင်ရင်း စားပွဲပေါ်က လက်ကျန်ကိတ်ကို အံဆွဲထဲ ထည့်လိုက်သည်။ သူမရဲ့ မျက်နှာတွင် ရှက်ရွံ့ရိပ်အနည်းငယ် စွန်းထင်းနေပေမဲ့ သူမရဲ့အသံကတော့ ရေခဲတမျှ အေးစက်နေသည်။

“ မစ္စတာလင်းက နိုင်ငံခြားမှာ ပညာသင်ယူခဲ့ရတဲ့ အဆင့်အတန်း မြင့်တဲ့သူပါ။ အခန်းထဲဝင်ရင် တံခါးခေါက်ရမယ် ဆိုတဲ့ အခြေခံကျင့်ဝတ်တောင် မရှိဘူးလို့ မမျှော်လင့် ထားမိဘူး။ လူကြီးလူကောင်း ဆန်ဆန် ပြုမူသင့်တဲ့အကြောင်း သင်တုန်းက အိပ်နေခဲ့တာလား?”

လုရွှယ်ယင်ရဲ့ မေးခွန်း တစ်သီတစ်သန်းကို ကြားလိုက်ရတော့ လင်းဖေးဟန် စိတ်ထဲမှ သက်ပြင်းခိုးချလိုက်သည်။ သူ့ကို အနည်းဆုံး စကားပြောခွင့် ပြုထားတယ်ဆိုတော့ ဒီကိစ္စကို ဖြေရှင်းလို့ ရသေးသည် ပြောလို့ရသည်။ လုရွယ်ယင်သာ စကားမပြောလာရင် သူမ အလွန်ဒေါသထွက်နေလို့ ပေါက်ကွဲတော့မှာလေ။

အခုတော့ လုရွှယ်ယင်ရဲ့ ဒေါသက တစ်ဝက်လောက် လျှော့ပေးထားခဲ့သည်။ မဟုတ်ရင် သူမသူ့ကို စကားလုံးဝ ပြောလာမှာ မဟုတ်ဘူး။

မိန်းမတွေဆိုတာ ခံစားလွယ်တဲ့ သတ္တဝါတွေပဲ။ တစ်ခါတစ်လေ ယောက်ျားတွေရဲ့ ပြောင်းပြန် အတွေးက မိန်းမတွေအတွက် ပုံမှန်အတွေးပဲ။ မိန်းမတွေဆိုတာ စည်းမျဥ်းစည်းကမ်းတွေနဲ့ ဘောင်ခတ်နှိုင်းယှဥ်လို့ မရတဲ့ သတ္တဝါတွေလေ။

လင်းဖေးဟန် အမြန်ပဲ လုရွှယ်ယင် အာရုံစိုက်မဲ့ စကားဘက်ကို ဆွဲခေါ်လိုက်သည်။

“ ငါဒီမှာ သစ္စာဖောက်တစ်ချို့ရဲ့ သတင်းကို ရထားခဲ့တယ်!”

သေချာပေါက်ကို သစ္စာဖောက်ဆိုတဲ့ စကားကို ကြားတာနဲ့ အစောပိုင်းက ရှက်ရွံ့မှုတွေ အကုန်လုံးကို သူမ လျစ်လျူရှုလိုက်ပြီး စိတ်ဝင်စားမှုတို့ ပေါ်ပေါက်လာကာ အမြန် မေးလိုက်သည်။

“ထောင်ချောက်လား? ဒီမှာတစ်ကယ်ပဲ သစ္စာဖောက် ရှိတာလား? ဘယ်သူလဲ?”

လုရွှယ်ယင်ရဲ့ စိတ်ဝင်စားနေတဲ့ မျက်လုံးကို ကြည့်ပြီး လင်းဖေးဟန် ခြောက်ကပ်ကပ် ရယ်လိုက်ကာ ပြောလိုက်သည်။

“ မင်း.. မင်းငါ့ကိုဘာလို့ ဒီလိုကြည့်နေတာလဲ? ငါမင်းဆီမှာ သစ္စာဖောက် ထားထားတယ် ထင်နေတာလား? ငါ့ကို မင်းဘယ်လိုလူ ထင်နေလဲ? ငါက လင်းဖေးဟန်ပါ!”

“ တွေးကြည့်၊ ငါတို့အတူရှိနေတာ နှစ်ဘယ်လောက်ကြာပြီလဲ? အတူကြီးပြင်းခဲ့တယ် လို့ ပြောရင်တောင် ဒါချဲ့ကားရာ မကျဘူး။ ငါတို့က ငယ်ကျွမ်းဆွေ ဖြစ်သလို အခုထိလဲ မိတ်ဆွေတွေပဲ။ ငါက အမြင်ကျဥ်းပြီး မဟုတ်တာကို ခိုးလုပ်မဲ့ ပုံလား? မင်းပြော”

ငါ ငယ်ငယ်တည်းက တရုတ်ပြည်ရဲ့ ပညာရေးကို ကောင်းကောင်းသင်ခဲ့တာ အလကားမှ မဟုတ်တာ!

လုရွှယ်ယင် အသက်အောင့်လိုက်ပြီး အေးစက်နေတဲ့ မျက်နှာနဲ့ အံကြိတ်ကာ ပြောလိုက်သည်။

“ လင်းဖေးဟန် အဓိပ္ပါယ်မရှိတာတွေ လာမပြောနဲ့။ ဘာကိုငယ်ကျွမ်းဆွေလဲ.. ငါတို့ကြားမှာ ဘာမှမပတ်သတ်ဘူး။ စကားကို ကောင်းကောင်းသုံး”

လုရွှယ်ယင် ထပ်ပြီး အထင်လွဲပြန်ပြီ။

လင်းဖေးဟန် သူ မှားကြောင်း သက်သေပြ ကျိန်ဆိုဖို့ရန် လက်သုံးချက် ထောင်ပြလိုက်သည်။

All Chapters