အခန်း ၁၆၁
Vol. 12 Ch. 161
လီယွင်လုံ သူမကိုအန္တရာယ်ပြုချင်နေလား ဆိုတာ လုရွှယ်ယင် သေချာမသိဘူး။ ဒါပေမဲ့ သူမမှာ မိန်းမတစ်ယောက်ရဲ့ ဆဋ္ဌမအာရုံရှိသည်။ လီယွင်လုံ သူမကို အလွန် စိတ်ဝင်စားနေပုံရှိတာ သူမသိသည်။
“ ငါမင်းကို အခုပြောပြလို့မရသေးဘူး။ ငါသက်သေတစ်ချို့ ရနိုင်မလား သိရအောင် စောင့်ကြည့်ခန်းကို သွားပြီး စစ်ကြည့်ရမယ်။ ငါ သက်သေရှာတွေ့ခဲ့ရင် မင်းဆီကို ပြန်လာခဲ့မယ်။ ဘယ်လိုလဲ?”
ထိုအချိန်မှာ လင်းဖေးဟန် လုရွှယ်ယင်ကို မျက်လုံးလှန်ကြည့်လိုက်သည်။ လုရွှယ်ယင်သည် လင်းဖေးဟန်ကို စိုက်ကြည့်နေပြီး ဘာမှပြန်မပြောလာခဲ့ပေ။
လင်းဖေးဟန် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ အချိန်ခဏလောက် တုံ့ဆိုင်းနေပြီးနောက်တွင်
“ မင်းငါနဲ့ အတူလိုက်ခဲ့ချင်လား?”
လုရွှယ်ယင် လင်းဖေးဟန်ထံကနေ အကြည့်လွှဲလိုက်ပြီး
“ နင့်ဘာနင်သွားလိုက်။ ငါ့မှာ လုပ်စရာ အများကြီးရှိသေးတယ်။ ကိုယ့်ဘာကိုယ်သာ စစ်ကြည့်လိုက်တော့”
ထိုစကားကိုကြားတော့ လင်းဖေးဟန်ရဲ့ မျက်လုံးတွေ ချက်ချင်း လက်သွားသည်။ စောင့်ကြည့်ခန်းမှာ လျှို့ဝှက်ထားတာ ဘာမှမရှိဘူး။ ပြီးတော့ အဲ့ဒီနေရာက ကန့်သတ်နေရာတစ်ခုလဲ မဟုတ်ပေမဲ့ လုရွှယ်ယင်ရဲ့ အခုစကားက သူမ လင်းဖေးဟန်အပေါ် ယုံကြည်သည်လို့ ဆိုလိုလိုက်တာနဲ့ အတူတူပဲ။
ထိစကားကိုကြားပြီးနောက်မှာ လင်းဖေးဟန် ချက်ချင်းပဲ စိတ်လှုပ်ရှားသွားသည်။ ဒါပေမဲ့ သူအခုထိ မိုင်တစ်ဝက်ပဲ ခရီးသွားရသေးသည်။ သူအများကြီး ကြိုးစား အားထုတ်ရအုံးမည်။
လင်းဖေးဟန် ရင်ထဲက ပျော်ရွှင်မှုတွေကို ဖိနှိပ်ပြီး အသက်ဝဝ တစ်ချက်ရှုလိုက်ကာ
“ ဒါဆိုရင် စောင့်ကြည့်ခန်းက လူကို ပြောပေးပါအုံး။ ငါခဏနေ အဲ့ကို ရောက်သွားရင် ငါ့ကိုနားလည်မှု လွဲနေမစိုးလို့”
“အင်း”
လုရွှယ်ယင် ဂရုမစိုက်ဟန်ဆောင်ရင်း များစွာသော ဖိုင်တွဲများကြားထဲမှ ခေါင်းမဖော်ဘဲ ထူးလိုက်သည်။
“ မြန်မြန်သွား၊ ငါပြောထားလိုက်မယ်”
လင်းဖေးဟန် ပျော်ရွှင်သွားသည်။ လုရွှယ်ယင်ဘာတွေ တွေးနေလဲ မသိဘဲ သူ လှည့်ထွက်သွားခဲ့သည်။
လုရွှယ်ယင် လင်းဖေးဟန် ထွက်သွားတာကို ခေါင်းထောင်ရင်း ခိုးကြည့်လိုက်သည်။ သူမရဲ့ ဖုန်းကိုထုတ်လိုက်ပြီး စခရင်ဖွင့်ကာ စစ်ဆေး လိုက်သည်။ တစ်ကယ်ကို သူမ ဘန်းခံ လိုက်ရပြီ။ ဒီလင်းဖေးဟန်စုတ်က စောပြီးဖြစ်ဖြစ် နောက်ကျပြီးဖြစ်ဖြစ်မှ မလာဘူး။ အခု သူမ မနည်းတင်ထားခဲ့တဲ့ ရွှေက ပြန်ကျသွားပြီ။ rank ကျပါပြီ!
တံခါးပေါက်ကို ကြည့်ရင်း လုရွှယ်ယင် တောက်ပစွာ ပြုံးလိုက်သည်။
လင်းဖေးဟန်စုတ် နင်ဘာဆက်လုပ်မလဲ ငါကြည့်အုံးမယ်! ငါ စောင့်ကြည့်ခန်းထဲမှာ ကင်မရာတစ်ခု တပ်ထားတာကို နင် ဘယ်လိုမှ မှန်းမိမှာ မဟုတ်ဘူး။
အံဆွဲထဲမှ ထိန်းချုပ်ခလုတ်ကို ထုတ်ယူလိုက်ပြီး လုရွှယ်ယင် မကောင်းဆိုးဝါး ဆန်ဆန် ပြုံးလိုက်သည်။
“ လင်းဖေးဟန် နင့်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာ ငါ့ဆီမှာ မမိရင် ကောင်းမယ်။ မဟုတ်လို့ကတော့ နင့်ကို ငါခွင့်လွှတ်မှာမဟုတ်ဘူး!”
လုရွှယ်ယင် အေးစက်စွာ တစ်ချက်မဲ့လိုက်ပြီး ထိန်းချုပ်ခလုတ်ကို ဖွင့်လိုက်သည်။ ထို့နောက်မှာ လပ်တော့ပ်ကို ဖွင့်လိုက်ပြီး အနည်းငယ် ချိတ်ဆက်ပြီးနောက်မှာ မြင်ကွင်းတစ်ခု သူမအရှေ့ ပေါ်လာခဲ့သည်။
စောင့်ကြည့်ခန်းရဲ့ အခြေအနေပင် ဖြစ်သည်။ အခန်းထဲတွင် လုံခြုံရေးအစောင့် နှစ်ယောက်ရှိပြီး ထိုနှစ်ယောက်သည် ပျင်းရိစွာ စားပွဲပေါ်ကို ခြေချိတ်တင်ထားရင်း ဖုန်းကြည့်နေကြသည်။
စောင့်ကြည့်ခန်းရဲ့ ကင်မရာက အလွန်ကြည်တောက် နေသည်မို့ ထိုနှစ်ယောက် ဆော့နေတဲ့ HOK ဂိမ်းကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
လုရွှယ်ယင် တစ်ချက် ရင်ခုန်သွားသည်။ ဒီနှစ်ယောက် HOK ဆော့နေတာပဲ။ သူတို့ ဘယ်လိုဆော့နေလဲ တစ်ချက် ကြည့်တာပေါ့။
လုံခြုံရေးတစ်ယောက်က အာသာ ဇာတ်ကောင်ကို ယူထားသည်။ မြေပုံတစ်ဝက်လောက်ကို အရူးတစ်ယောက် လိုမျိုး လှည့်ပတ်သွားပြီး အဆုံးမှာ ချုံထဲမှာထိုင်နေသော ဒါရှီလေးရဲ့ အထိန်းချုပ်ကို ခံလိုက်ရသည်။ တိုက်ချက်အများကြီး လွင့်ပျံလာခဲ့သည်။
အခွင့်အရေးကို မြင်တာနဲ့ ဟိုလျူက ငှက်ကြီးစီးကာ ပြန်လာတော့သည်။ အခွင့်အရေးကို အမိအရသုံးပြီး ဒုတိယ စကေးကို ဖွင့်ထုတ်ရိုက်ချလိုက်သည်..
လုံခြုံရေးက ဆဲတော့သည်။
“ ဟေ့ကောင် ယောင်၊ မင်းဘယ်တွေ လှည့်ပတ် သွားနေတာလဲ? မင်း စစ်သားအငယ် လေးတွေတောင် မရှင်းနိုင်ဘူးလား? မင်း ငါ့ပေါ်ပဲလာတက်ခွ လိုက်ပါတော့လား?”
ယောင် ဇာတ်ကောင် ယူထားသော ကျန်တဲ့ လုံခြုံရေးက ဝင်ပြောလိုက်သည်။
“ ကောင်းပြီ ငါအခုလာပြီး တက်ခွမယ်”
လုရွှယ်ယင်ရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားသည်။ ဒီနှစ်ယောက်က အလုပ်ချိန်မှာ ဂိမ်းကစားရဲတယ်ပေါ့? တစ်ကယ်ကို ရဲတင်းနေတာပဲ!
ပြီးတော့ ယောင် ကို ကိုင်တဲ့ လုံခြုံရေး သမားကိုလဲ ကြည့်လိုက်အုံး။ သန်မာတောင့်တင်းနေတဲ့ သူကြီးက ယောင် ကို ကိုင်ထားတာ ရွံဖို့ကောင်း လွန်းတယ်။ ငါ့ရဲ့ ချစ်စရာသမင်မလေးကို ဒီလိုညစ်ပတ်အောင် လုပ်ရသလား?
ဒါပေမဲ့ ဒီလူရဲ့ ယောင် ကို သုံးထားတဲ့ စကင်က တော်တော်လှတာတော့ ဝန်ခံရမယ်။ ငါ့ ယောင် လေးအတွက်လဲ တစ်ခု ဝယ်ပေးရမယ်။
စောင့်ကြည့်ခန်းရဲ့ ထောင့်ကွယ် အမှောင်တစ်ခုကနေ သူတို့ကို ပြန်စောင့်ကြည့်နေတဲ့သူ ရှိတယ်ဆိုတာကို ထိုလုံခြုံရေး နှစ်ယောက် မသိခဲ့ချေ။
ကုမ္ပဏီကြီးတစ်ခုလုံးရဲ့ ခေါင်းဆောင်ကသာ သူတို့ကို စောင့်ကြည့်နေတာမှန်း လုံခြုံရေး နှစ်ယောက်သိသွားရင် ထိုနှစ်ယောက် ဘယ်လိုတောင် တုံ့ပြန်လောက်မလဲ?
ထိုအချိန်တွင် အာသာ ဇာတ်ကောင် ကိုင်ထားသော လုံခြုံရေးရဲ့ စခရင်ထက်တွင် ရုတ်တရက် ဝီချက်ဖုန်းကောလ်တစ်ခု ပေါ်လာခဲ့သည်။
ဂိမ်းဆော့နေတုန်း ဖုန်းခေါ်လာတာမို့ ခေါ်ဆိုသူကို လုံခြုံရေး ဆဲချင်သွားသည်။
ဒါပေမဲ့ ခေါ်ဆိုသူကို မြင်တာနဲ့ ထိုသူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ချက်ချင်းပဲ နှုတ်ခမ်းပေါ် လက်တင်ပြပြီး ဘေးက လုံခြုံရေးကို အချက်ပြလိုက်သည်။
“ ဆူညံမနေနဲ့။ အထက်လူကြီး ဖုန်းခေါ်နေတယ်ဟ”
လုံခြုံရေးနှစ်ယောက် အကြည့်ဖလှယ် လိုက်ကြပြီး အဆုံးတွင် ဖုန်းဖြေလိုက်သည်။
“ အထက်လူကြီး မေးချင်တာ ရှိလို့ပါလား?”
တစ်ဖက်ဖုန်းကနေ အသံတစ်ခု ထွက်လာသည်။
“ မကြာခင် လင်းအုပ်စုရဲ့ ဥက္ကဋ္ဌလင်း လာလိမ့်မယ်။ မင်းတို့ ချွင်းချက်မရှိ ဥက္ကဋ္ဌလင်းနဲ့ ပူးပေါင်းရမယ်”
“ ဟုတ်ကဲ့၊ ဟုတ်ကဲ့”
တစ်ဖက်က ဖုန်းချသွားတာနဲ့ လုံခြုံရေးနှစ်ယောက် ဂိမ်းထဲက အမြန်ထွက်လိုက်ပြီး ခုံတွင် သေချာ ပြင်ထိုင်လိုက်ကြသည်။ သေချာ အလုပ်လုပ်ပြီး စောင့်ကြည့်နေကြဟန် အမြန် ဖမ်းလိုက်ကြသည်။
ဒါကိုမြင်တော့ လုရွှယ်ယင်ရဲ့ မျက်နှာထားက ပိုလို့ကြောက်မက်ဖွယ် ဖြစ်လာပြီး လူသတ်ငွေ့တို့ လျှံထွက်လာတော့သည်!
အလုပ်ထဲမှာ လူနှစ်ယောက် ဂိမ်းဆော့နေတာ လက်ခံပေးလို့ရသေးသည်။ ဒါပေမဲ့ သူတို့က ဒီတိုင်းထွက် ပြစ်လိုက်တာလား?
မနေ့က ကိစ္စကိုတွေးကြည့်ရင် ငါ ယောင်မို ကို ပျော်ပျော်ကြီး ရွေးပြီး ချောက်နက်ထဲမှာ ငါ့ရဲ့ ဂိမ်းပွဲကို စတင်ခဲ့တယ်။ ငါ့အနေနဲ့ ပထမဆုံး ဆော့ခဲ့တာမို့ အဆင်ပြေပေမဲ့ တစ်ဖက် အသင်းသားတွေဆီကနေ အရှုံးသမားလို့ အခေါ်ခံရမယ် မထင်ထားခဲ့ဘူး။
ငါက အရှုံးသမား မလို့လား?
ငါ အကာအကွယ်တွေ မင်းတို့ကို သုံးပေးပြီး မင်းတို့အပေါ် လိုက်ပေးခဲ့တယ်။ ငါက အဲ့ဒါကို အရှုံးသမားပဲလား?
အဆုံးတွင် အသင်းသားတွေက ရပ်စို့လို့ ပြောပြီး ဂိမ်းအလယ်ကနေ ထွက်သွားခဲ့ကြသည်။
လူတစ်ယောက်ထဲ မဟုတ်ခဲ့ဘူး။ လေးယောက်လုံး ထွက်ပစ်ခဲ့တာပဲ။
ဒါပေမဲ့ လုရွှယ်ယင်ကတော့ မထွက်ရဲခဲ့ဘဲ လမ်းကြောင်းသုံးခုလုံးကနေ စစ်သားငယ်တွေကို တစ်ယောက်ထဲ သတ်ခဲ့သည်။ ဒါပေမဲ့လဲ တစ်ဖက်အသင်းရဲ့ ဂိုဏ်းသားငါးယောက်လုံးက တိုက်ခိုက်ရမှာ ပျင်းလှစွာ ဝိုင်းပြီး ဖျက်ဆီးတာကို ခံလိုက်ရသည်။
တစ်ဖက် ရန်သူက သူမကို အလယ်လမ်းကနေ အိမ်အထိ တွန်းထုတ်လာခဲ့ပြီး အဆုံးမှာ သူမတို့ တာဝါကို ချိုးသွားတာကို မျက်လုံးနှစ်လုံးနဲ့ သေချာမြင်ခဲ့ရသည်။
ဒါကြောင့် ဂိမ်းအလယ်က ထွက်ပစ်တာကို သူမ မုန်းသည်!
ထိုအချိန်မှာ စောင့်ကြည့်ခန်းရဲ့ တံခါး ခေါက်သံ ထွက်လာခဲ့သည်။
လုံခြုံရေးနှစ်ယောက် တံခါးခေါက်သံ ကြားလိုက်တာနဲ့ ချက်ချင်း တုန်ယင်သွားကြပြီး တံခါးကို အပြေး သွားဖွင့်လိုက်ကြသည်။
လုံခြုံရေးတစ်ယောက်က ခါးညွတ်ပြီး အလုပ်ကို တင်ပြလာသည်။
“ မင်္ဂလာပါ။ ကျွန်တော်တို့ ဘာများဆောင်ရွက် ပေးရမလဲ? ကျွန်တော်တို့က သံသယရှိတဲ့သူတွေကို လုံခြုံရေးအခန်းကနေ စောင့်ကြည့်ရတာပါ။ ညွှန်ကြားချင်တာရှိရင် မစ္စတာလင်း ပြောပါဗျ”