အခန်း ၁၆၂
Vol. 12 Ch. 162
လင်းဖေးဟန် ခေါင်းညိတ်လိုက်ပြီး
“ ကောင်းတယ်၊ မင်းတို့တွေ ငါ့ကို စစ်ဆေးပေးပါ။ မနေ့က မနက် ၈ ခွဲကနေ စပြီး ဒီနေ့အချိန်အထိ ဂိတ်ဝက စောင့်ကြည့်မှတ်တမ်း အကုန် ယူလာပေး”
“ ကောင်းပါပြီ မစ္စတာလင်း”
လုံခြုံရေးနှစ်ယောက် အမြန်တုံ့ပြန်ပြီးတာနဲ့ ထိုင်ခုံတွင်ထိုင်ကာ စတင်ဆောင်ရွက်လိုက်ကြသည်။
လုရွှယ်ယင် ကွန်ပျူတာကတစ်ဆင့် ကြည့်နေဆဲပင်။
လင်းဖေးဟန်သည် တန်းမထိုင်သေးဘဲ မျက်မှောင်ကြုတ်ဖြင့် ပတ်ပတ်လည်ကို ကြည့်နေခဲ့သည်။ တစ်ခုခုကို ရှာဖွေနေသကဲ့သို့ပင်။
လုရွှယ်ယင် မတတ်နိုင်စွာ အနည်းငယ် ရှုတ်ထွေးသွားသည်။
လင်းဖေးဟန် ဘာတွေ လုပ်နေတာလဲ? ဖြစ်နိုင်တာ သူ စောင့်ကြည့်ခန်းထဲမှာ ရှာစရာ တစ်ခုခု ရှိနေလို့များလား?
တစ်ကယ်တော့ လင်းဖေးဟန် ဘာကိုမှ ရှာဖွေနေတာ မဟုတ်ပေ။ သူ အခုအချိန်မှာ တစ်ခုခုကို ခံစားနေရသည်။ အဲ့ဒီခံစားချက်က သူ့ကို အလွန်မသက်မသာ ဖြစ်စေသည်။
ဒီစောင့်ကြည့်ခန်းထဲမှာ ဘာရှိနေလို့များလဲ? ငါ့ကို စောင့်ကြည့်နေလို့လား?
လင်းဖေးဟန် စောင့်ကြည့်ခန်းထဲ ဝင်လိုက်တည်းက ထူးဆန်းတဲ့ ခံစားချက်ကို ရနေခဲ့တာပင်။
သူ့ကို စောင့်ကြည့်ပြီး တစ်ယောက်ယောက်ဆီမှာ ထောက်လှမ်း ခံနေရသလိုမျိုးပဲ။ တစ်ကယ် မဟုတ်ပေမဲ့ အစစ်အမှန်လို ခံစားနေရသည်။
ဒါက ယောက်ျားတစ်ယောက်ရဲ့ ဆဋ္ဌမ အာရုံနဲ့ ပြောနေတာမဟုတ်ဘူး။
ဒါက လူအချင်းချင်းရဲ့ သံလိုက်စက်ဝန်းလို ခံစားချက်မျိုးက လာတာ။
ဥပမာပြောရရင် မင်း လမ်းကြားတစ်ခုမှာ လမ်းလျှောက်နေခဲ့တယ်။ အဲ့ဒီအချိန်မှာ မင်းနောက်ကို လိုက်လာတဲ့သူ မရှိပေမဲ့ အနောက်ကနေ မင်းကို တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရပြီး ရုတ်တရက် လှည့်ကြည့်လိုက်ချိန်မှာ နောက်ယောင်ခံလိုက်သူနဲ့ တွေ့လိုက်ရသလို မျိုးပဲ။
ဒီလို ဆန်းကြယ်တဲ့ အလိုလို သိစိတ်ကို အာရုံရဲ့ သံလိုက်စက်ဝန်း ခံစားချက်လို့ ပြောလို့ရသည်။
ဒီလိုမျိုး သံလိုက်စက်ဝန်း ပြောင်းလဲမှု အနည်းငယ်ကို ပုံမှန်လူအနေနဲ့ သတိထားမိဖို့ မလွယ်ကူဘူး။ အထူးသဖြင့် ကင်မရာက တစ်ဆင့် ကြည့်တဲ့ကိစ္စမျိုးမှာဆိုရင် ထုတ်လွှတ်နိုင်တဲ့ သံလိုက်ဆွဲအားက အားပျော့သည်။ သတိထားမိဖို့ ပိုတောင် ခဲယဥ်းသည်။
ဒါပေမဲ့ လင်းဖေးဟန်က သာမာန်သူမှ မဟုတ်တာပဲ။
စနစ်ကိုပါ ပိုင်ထားတာမို့ လင်းဖေးဟန်က ပိုပြီး သတိကောင်းသည်။ သူ စောင့်ကြည့်ခန်းထဲကို ဝင်လိုက်တည်းက တစ်ခုခုက မူမမှန်နေသလို ခံစားနေရသည်။
လင်းဖေးဟန် ဆက်တိုက် ရှာဖွေနေခဲ့သည်။ အရေးကြီး ပစ္စည်းတစ်ခုခုကို ကျပျောက်သွားသလိုမျိုး လင်းဖေးဟန် တစ်ခုခုကို အပူတပြင်း ရှာဖွေနေသည်။
သတိထားနေပုံ ပေါ်တဲ့ လင်းဖေးဟန်ကို လုံခြုံရေးနှစ်ယောက် မြင်သွားပြီး သူတို့က ပိုလို့ စိတ်လှုပ်ရှားကုန်သည်။ လုံခြုံရေး တစ်ယောက်က မနေနိုင်စွာ သည်းမခံ နိုင်တော့ပဲ မေးလိုက်သည်။
“ မစ္စတာလင်း.. ဒါက… မစ္စတာလင်း တစ်ခုခုကို ရှာနေတာလား? ကျွန်တော်တို့ ကူရှာပေးနိုင်ပါတယ်”
လင်းဖေးဟန် လှည့်လာပြီး လုံခြုံရေးနှစ်ယောက်ကို ခေါင်းခါပြလိုက်ကာ
“ မလိုဘူး။ မင်းတို့ကို ငါပြောထားတဲ့ မှတ်တမ်းပဲရှာပေး”
“ ဟုတ်ကဲ့ ဟုတ်ကဲ့”
လုံခြုံရေးနှစ်ယောက် ခေါင်းညိတ်လိုက်ပြီး ထိန်းချုပ် ဖိုင်တွဲထဲကနေ လင်းဖေးဟန် လိုချင်တဲ့ မှတ်တမ်းကို အမြန်ရှာပေးလိုက်သည်။
“ မစ္စတာလင်း မှတ်တမ်းကို ယူထားပြီးပြီ။ လာကြည့်လို့ရပါပြီ”
လုံခြုံရေးရဲ့ စကားပြီးတဲ့နောက်မှာ လင်းဖေးဟန် စခရင်ကို သွားမကြည့်ခဲ့ပေ။ သူ့ရဲ့ လက်တစ်ဖက်ကို ဝှေ့ယမ်းပြလိုက်ပြီး နံရံအနားကို သွားကာ တစ်ခုခုကို တွေးတော နေခဲ့သည်။ ချက်ချင်းပဲ လင်းဖေးဟန်ရဲ့ မျက်လုံးတို့ အရောင်တောက်လာသည်။
လုံခြုံရေးများ တစ်ခုခုက ထူးဆန်းနေတဲ့ ခံစားချက်ကို ရနေသည်။
မစ္စတာလင်းရဲ့ဝါသနာက ဘယ်လိုကြီးလဲ? ငါတို့ကို လာကစားနေတာလား?
ထိုအချိန်မှာ အထပ်မြင့်အဆောက်အဦးရဲ့ ဥက္ကဋ္ဌရုံးခန်းထဲရှိ လုရွှယ်ယင် တစ်ယောက် တစ်ဖြည်းဖြည်း သွေးပျက်လာသည်။
ထိုအချိန်တွင် လုရွှယ်ယင်ရဲ့ ကွန်ပျူတာ စခရင်ထက်တွင် သူမရဲ့ ကင်မရာအနားကို တစ်ဖြည်းဖြည်း ကပ်လာနေတဲ့ လင်းဖေးဟန်ကို မြင်နေရသည်။ လင်းဖေးဟန်ရဲ့ မျက်နှာသည် နီးသထက် နီးလာသည်။
တစ်စက္ကန့်အတွင်းမှာပဲ လင်းဖေးဟန်ရဲ့ ကြီးမားတဲ့ မျက်နှာကြီးက စခရင်အပြည့်ကို နေရာယူသွားသည်။
မျက်လုံးတစ်စုံသည် ကွန်ပျူတာက တစ်ဆင့် သူမကို စိုက်ကြည့်နေသည်။ လင်းဖေးဟန်က သက်ရှိသူ တစ်ယောက် မဟုတ်တော့ပဲ အသက်မရှိတဲ့ သရဲတစ်ကောင် အဖြစ် ပြောင်းသွားသလိုမျိုး မျက်လုံးက တစ်ဖြည်းဖြည်း ပြူးကျယ်အသက်မဲ့လာသည်။
ကွန်ပျူတာစခရင်ထက်ကို အကြည့်မလွှဲရဲသေးတဲ့ လုရွှယ်ယင် ချက်ချင်းပဲ တုန်ယင်သွားသည်။ သူမ ကြည့်ဖူးတဲ့ သရဲကားထဲကလိုမျိုး ကြောက်မက်ဖွယ် ခံစားချက်က လုရွှယ်ယင်ရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
ကျယ်လောင်တဲ့ အော်ဟစ်သံတစ်ခုအပြီးမှာ လုရွှယ်ယင် ကြောက်လန့်စွာ ခုံကို ကန်လိုက်မိတော့သည်။ သူမရဲ့ ထိုင်ခုံက အားနဲ့နောက်ပြန်ဆုတ်သွားပြီး အဆုံးမှာ နံရံနဲ့ ဝင်ဆောင့်တော့သည်။
သူမ ဟန်ချက်ပျက်ပြီး ကြမ်းပြင်ပေါ် ပြုတ်ကျ သွားသည်။ လေအေးတစ်ချက်က သူမ ခန္ဓာကိုယ်ထဲ စိမ့်တိုက်လာသည်။
“ နာလိုက်တာ”
လုရွှယ်ယင် သူမရဲ့ နှုတ်ခမ်းကို ခပ်နာနာ ကိုက်လိုက်သည်။ သူမရဲ့ မျက်နှာတစ်ပြင်လုံး နီရဲနေပြီး ကြမ်းပြင်မှအမြန် ထလိုက်သည်။
ကြမ်းပြင်ပေါ် ပြုတ်ကျလို့ နာကျင်နေတဲ့ တင်ပါး ကြောင့်ပဲ မဟုတ်ဘူး။
အခုလို လန့်ပြီး ပြုတ်ကျတဲ့အထိ ဖြစ်သွားရတာကို ပိုရှက်သည်။ လင်းဖေးဟန် သူမဖွက်ထားတဲ့ ကင်မရာကို ရှာတွေ့သွားပြီး အခုလိုမျိုး သူမကို ပြန်ခြောက်လှန့်လိမ့်မယ် လို့ တစ်ခါမှ မတွေးထားမိဘူး။
ဒီလင်းဖေးဟန် အရမ်းများသွားပြီိ။ မုန်းဖို့ ကောင်းလိုက်တာ!
လုရွှယ်ယင် နာကျင်နေသော သူမရဲ့ ပေါင်နှစ်ဖက်ကို ခပ်ဖွဖွ ပွတ်သတ်လိုက်သည်။ ရုံးခန်းထဲရှိ သူမရဲ့အခြေအနေသည် အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ လုရွှယ်ယင် ခုံကို ပြန်ထောင်လိုက်ပြီး ကွန်ပျူတာအရှေ့ကို ပြန်သွားထိုင်လိုက်သည်။
ထိုအချိန်တွင် ကွန်ပျူတာတစ်ခုလုံး အမှောင်သာ လွှမ်းနေပြီး ဘာကိုမှ မမြင်ရတော့ပေ။ လုရွှယ်ယင် ပိုလို့ ဒေါသထွက်လာသည်။
ဒီလင်းဖေးဟန်စုတ်!
ထိုအချိန်တွင် စောင့်ကြည့်ခန်းထဲ၌ ဘောပင်အရွယ်လောက် ရှိသော ကင်မရာအသေးစားလေးကို လင်းဖေးဟန် ယူလိုက်ပြီး ချက်ချင်းပဲ အိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။
လင်းဖေးဟန်ရဲ့ လှုပ်ရှားမှုကို မြင်သွားတဲ့ လုံခြုံရေးတစ်ယောက်က အနားကပ်လာပြီး ကြောက်လန့်စွာ မေးလာသည်။
“ မစ္စတာလင်း တစ်ခုခုရှာတွေ့လို့လား?”
လုံခြုံရေးနှစ်ယောက်လုံး အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ စောင့်ကြည့်ခန်းကနေ တစ်ခုခုကို ရှာတွေ့ခဲ့သည်ဆိုရင် ဒါက သူတို့ နှစ်ယောက် ကောင်းကောင်း အလုပ်မလုပ်ဘူးလို့ ဆိုလိုတာပဲမလား? ဒီကိစ္စက သေချာပေါက် သူတို့နှစ်ယောက်ရဲ့ အပြစ်ဖြစ်လာနိုင်သည်!
လင်းဖေးဟန် တစ်ချက်သာ စိုက်ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ ဘာမှမဟုတ်ဘူး။ မင်းတို့ အလုပ်ဆက်လုပ် လို့ရပြီ”
“ဟုတ်ကဲ့!”
လုံခြုံရေးနှစ်ယောက် စိတ်တွင်းက သိလိုစိတ်များကို ချိုးနှိမ်ရင်း ဘေးကို ဖယ်ပေးလိုက်ကြသည်။ မစ္စတာလင်းကို ယှဥ်ငြင်းလို့ရတဲ့ အကြောင်းအရင်း မရှိဘူး။ ငါတို့က အဆင့်မတူတဲ့ သာမာန် လုံခြုံရေးလေး နှစ်ယောက်ပဲ။ ဒါနဲ့ မစ္စတာလင်းက တစ်ကယ်ချောတာပဲနော်။
လင်းဖေးဟန် ကွန်ပျူတာအရှေ့ကို ခပ်ဖြည်းဖြည်းလျှောက်လာလိုက်သည်။
ခလုတ်ကို နှိပ်လိုက်တာနဲ့ မှတ်တမ်းက စတင်ထွက်ပေါ်လာသည်။ အစပိုင်းတွင် တစ်ယောက်စ နှစ်ယောက်စ သွားနေသော သူများ ရှိသည်။ လင်းဖေးဟန် အမြန်ရစ်တဲ့ ခလုတ်ကို နှိပ်လိုက်တော့မှပဲ ဗီဒီယိုက အရှေ့ကိုမြန်သွားသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် လင်းဖေးဟန် ပစ်မှတ်ကို ရှာတွေ့သွားပြီ။
ဆယ်နာရီ ၄၅ မိနစ်လောက်တွင် ယဲ့ဖန်း ကုမ္ပဏီကို ရောက်လာခဲ့သည်။ ညာဘက်ကို လှည့်ပြီး တန်းထွက်သွားတာကို မြင်လိုက်ရသည်။
လင်းဖေးဟန် လုံခြုံရေးနှစ်ယောက်ကို လှမ်းမေးလိုက်သည်။
“ ဘယ်တစ်ခုက အနောက်ပြန်ရစ်တဲ့ ခလုတ်လဲ?”