← Chapters

အခန်း ၁၆၃

Vol. 12 Ch. 163

အခန်း ၁၆၃

Vol. 12 Ch. 163

အခုငါ ယဲ့ဖန်းကို ရှာတွေ့သွားပြီဆိုတော့ လွယ်ကူသွားပြီ။ ဗီဒီယိုကနေ တစ်ဆင့် ယဲ့ဖန်းရဲ့ အနောက်ကို လိုက်ကြည့်ပြီး ပြဿနာ တစ်ချို့ကို ရှာတွေ့နိုင်တယ်။

လုံခြုံရေးတစ်ယောက် အရှေ့တိုးလာပြီး လင်းဖေးဟန်ကို အမြန်ရှင်းပြပေးလိုက်သည်။

“ သူဋ္ဌေးလင်း ဒီခလုတ်လေးကို နှိပ်လိုက်ပါ။ အမြန်နှုန်းကို တိုးချင်လျှော့ချင်ရင် ဒါလေးနဲ့ လုပ်ပေးရတယ်”

လင်းဖေးဟန် ခေါင်းညိတ်ပြလိုက်ပြီး

“ အင်း ငါနားလည်သွားပြီ”

လင်းဖေးဟန် စတင်ပြီး ယဲ့ဖန်းရဲ့ လှုပ်ရှားမှုတွေကို အကဲခတ်နေခဲ့သည်။ ယဲ့ဖန်း မနေ့က လုကုမ္ပဏီကို ရောက်လာခဲ့ပြီး ဘာတွေ စဥ်းစားနေတာလဲကို သူသိချင်သည်။

လုံခြုံရေးနှစ်ယောက်လဲ လင်းဖေးဟန်ရဲ့ ဘေးတွင် ရပ်ကာ အသင့်အနေအထားဖြင့် စောင့်နေကြရင်း လင်းဖေးဟန်ရဲ့ လှုပ်ရှားမှုတွေကို တိတ်တဆိတ် လေ့လာနေကြသည်။

သူတို့ရဲ့ အတွေးတွေ စတင်လာသည်။

ဖြစ်နိုင်တာ ကုမ္ပဏီတစ်ခုရဲ့ သူလျှိုတစ်ယောက်ယောက်က သတင်း ခိုးသွားလို့များလား? အရေးကြီး အချက်အလက်တွေ ပါသွားတာလား? ဒါကြောင့် မစ္စတာလင်း လူကိုယ်တိုင်ပါ ရောက်လာခဲ့ပြီး စောင့်ကြည့်ကင်မရာတွေကို ကိုယ်တိုင်စစ်ကြည့်နေတာလား? ဒါမှမဟုတ် လုပ်ကြံသူတစ်ယောက်ယောက်က ကုမ္ပဏီထဲကို ဝင်လာပြီး အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်ဖို့ စီစဥ်နေလို့များလား?

သူတို့တွေပါ ဆွဲထည့်ခံရနိုင်ပြီး အပြစ်ခံရနိုင်ချေ ရှိတာမို့ လုံခြုံရေး နှစ်ယောက်လုံး မတတ်နိုင်စွာ အနည်းငယ် စိတ်လှုပ်ရှား နေခဲ့သည်။

သူတို့ အရမ်းတော့ မကြောက်လန့်မိပေ။ လုကုမ္ပဏီမှာ ဒီလိုလှုပ်ရှားမှုတွေ လုပ်ဖို့ မဖြစ်နိုင်ဘူး။ ကုမ္ပဏီရဲ့ လုံခြုံရေးစနစ်ကို သူတို့ ယုံကြည်ချက်ရှိသည်။

အကယ်လို့ မစ္စတာလင်းနဲ့အတူ သစ္စာဖောက်ကို ဖော်ထုတ်နိုင်သွားလို့ ချီးကျူးခံရရင် သူတို့ဘယ်လို ပြန်တုံ့ပြန် သင့်လဲ တွေးတောနေကြသည်။

ထိုအချိန်တွင် လင်းဖေးဟန် လုံခြုံရေးနှစ်ယောက်ဘက်ကို အနောက်လှည့် ကြည့်လာပြီး စတင်ပြောလိုက်သည်။

“ မင်းတို့အရင်ထွက်နှင့်၊ အပြင်မှာစောင့်နေကြ။ မင်းတို့ကို ဒီလိုကြီးတွေ့နေရတာ ငါ့အတွက် ထူးဆန်းတယ်”

“ဟုတ်ကဲ့!”

လုံခြုံရေးနှစ်ယောက် ရွေးစရာမရှိစွာဘဲ စောင့်ကြည့်ခန်းမှ ထွက်ပေးလိုက်ရသည်။

လင်းဖေးဟန် ခပ်ဖွဖွ ပြုံးလိုက်သည်။ လုံခြုံရေးနှစ်ယောက်ကိုပါ အပြင်ထုတ်လိုက် ပြီမို့ သူဘာလုပ်နေလဲ လုရွှယ်ယင် သိနိုင်မှာမဟုတ်တော့ဘူး။

လင်းဖေးဟန် အစက ပြန်စတဲ့ ခလုတ်ကို နှိပ်လိုက်ပြီး ယဲ့ဖန်းရဲ့ ကုမ္ပဏီကို စရောက်တည်းက လှုပ်ရှားမှုတွေကို အသေးစိတ် လေ့လာလိုက်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်မှာ ယဲ့ဖန်းက ငယ်ရွယ်ပြီးလှပတဲ့ ကောင်မလေး တစ်ယောက်ရဲ့ အနောက်ကနေ လိုက်သွားပြီး ကော်ရစ်ဒါထောင့်တွင် နှစ်ယောက်သား ရပ်စကားပြောနေကြသော သံသယဖြစ်ဖွယ် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ဒါကိုမြင်တော့ လင်းဖေးဟန် ချက်ချင်းပဲ ခံစားချက်မဲ့သော မျက်နှာဖြစ်သွားသည်။

ယဲ့ဖန်းနဲ့ ထိုမိန်းမလှလေးနဲ့ စကားပြောပြီး ခဏအကြာမှာ ယဲ့ဖန်းက ထွက်သွားခဲ့သည်။

ထိုမြင်ကွင်းကနေ ယဲ့ဖန်းရဲ့ အနောက်ကို ဆက်လိုက်သွားတဲ့အခါမှာ လုံခြုံရေး ခန့်အပ်ဖို့ အတွက် လူသစ်ခန့်အပ်ဋ္ဌာနက စောင့်ဆိုင်းခန်းထဲကို ရောက်သွားသည်။ အဆုံးတွင် ယဲ့ဖန်းသည် လုကုမ္ပဏီကနေ ပြန်ထွက်သွားသည်။

လင်းဖေးဟန် သေချာကြည့်ပြီးနောက်မှာ ယဲ့ဖန်း မနေ့က ကုမ္ပဏီကို လာရတဲ့ ရည်ရွယ်ချက်ကို လင်းဖေးဟန် အကြမ်းဖျဥ်း သဘောပေါက်သွားသည်။

ယဲ့ဖန်းက လုကုမ္ပဏီရဲ့ လုံခြုံရေး ဖြစ်ချင် နေတာပဲ။ ကြီးမြတ်လှတဲ့ ဒီကမ္ဘာရဲ့ ဆရာဝန်ကြီး တစ်ဖြစ်လဲ ဇာတ်လိုက်ကျော်ကြီးဖြစ်သူ ဖန်းချန်းဧရိယာရဲ့ ခေါင်းဆောင်ဘော့စ်က လုကုမ္ပဏီရဲ့ နုံခြာလှတဲ့ လုံခြုံရေး ဖြစ်ချင်လာတဲ့အထိကို နိမ့်ကျသွားခဲ့ပြီလား?

လင်းဖေးဟန် တစ်ကယ်ကို စိတ်ပါလက်ပါ ရယ်မောလိုက်သည်။ ပြောကြတဲ့အတိုင်း တစ်ကယ်ကို ဦးနှောက်ဆိုတာ အရာအားလုံးကို အဆုံးအဖြတ်ပေးနိုင်တဲ့ အလုပ်လုပ်ရတဲ့ ဋ္ဌာနတစ်ခုပဲ။ မင်းမှာ တွေးစရာ တစ်ခုမှ မရှိတော့ရင် မင်းရဲ့ဦးနှောက်က ချီးထုတ် ဖြစ်လာလိမ့်မည်။

ဇာတ်ကြောင်းကို သိထားတဲ့ လင်းဖေးဟန်အနေနဲ့ ယဲ့ဖန်းရဲ့ ဇာတ်ရုပ်ကို ကောင်းကောင်းနားလည်သည်။

ယဲ့ဖန်း လုံခြုံရေး ဖြစ်လာချင်ရခြင်းက သူ့ရဲ့ လက်ရှိဘဝမှာ လုပ်စရာမရှိနေပဲ သူ လုရွှယ်ယင်ကိုလဲ အခုထိ ကြိုက်နေသေးလို့ ပဲမလား!

ယဲ့ဖန်းက လုရွှယ်ယင်ကို တစ်ကြိမ်ပဲ တွေ့ခဲ့တာတောင်မှ သူ့ရဲ့မိန်းမအဖြစ် တန်းပြီး သတ်မှတ်လိုက်တာလား? အခုလဲ လုရွှယ်ယင်ကို စွဲလန်းနေပြီး မြင့်မြတ်လှတဲ့ သူ့ရဲ့ပုံရိပ်ကိုပါ အကျခံပြီး လုကုမ္ပဏီရဲ့ သာမာန် လုံခြုံရေးတစ်ယောက် လာလုပ်နေတာပဲ။

ယဲ့ဖန်းက တစ်ကယ်ကို ဉာဏ်များတဲ့ကောင်ပဲ! မိန်းမတစ်ယောက်ကို လိုက်ဖို့အတွက်နဲ့ ဘာမဆို လုပ်နိုင်တယ်!

ဒါပေါ့ ယဲ့ဖန်းရဲ့ လုပ်ဆောင်ချက်တွေက ဒီကမ္ဘာကြီးရဲ့ စည်းမျဥ်းတွေနဲ့လဲ တစ်စိတ်တစ်ပိုင်း သက်ဆိုင်တယ်။ ငါက ဇာတ်ကြောင်းကို ပြောင်းလိုက်တာမို့ ကမ္ဘာကြီးရဲ့ စည်းမျဥ်းတွေကလဲ ပြန်ပြင်ဆင်ခံလိုက်ရတယ်။ ယဲ့ဖန်းနဲ့ လုရွှယ်ယင် က ကံကြမ္မာပါတဲ့သူမို့ အခုလို ပြန်ပြီးဆက်သွယ်မိပြန်ပြီ။

လုံခြုံရေးခန့်အပ်တဲ့ စည်းကမ်းကလဲ သေချာပေါက်တင်းကျပ်မှာ လင်းဖေးဟန် သိသည်။ ပညာရေးပိုင်းမှာ အဆင့်အတန်း မြင့်ဖို့လိုအပ်ရုံတင်မကပဲ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကောင်းဖို့လဲ လိုသေးသည်။ လုကုမ္ပဏီတင်မဟုတ်ဘူး။ လင်းကုမ္ပဏီမှာလဲ ထိုနည်းလည်းကောင်းပင်။

ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုက ယဲ့ဖန်းအတွက် အခက်အခဲ မရှိနိုင်ပေမဲ့ ပညာရေးပိုင်းမှာတော့ ယဲ့ဖန်းသေချာပေါက် ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး။ သူ အလွန်ဆုံးရှိတောင် ဘွဲ့အသေးစားလေးပဲ ရှိမှာ။ ပညာရေး အခြေအနေမှာ ယဲ့ဖန်း ဘယ်လိုမှ အဆင့်မှီမှာမဟုတ်ဘူး။

ဒါပေမဲ့ cctv က တစ်ဆင့် ကြည့်ရတဲ့ အနေအထားအရ ယဲ့ဖန်းက အောင်မြင်သွားပုံ ပေါက်ပြီး လူတွေ့စစ်မေးတဲ့ မနက်ခင်း အင်တာဗျူးတောင် ဖြေစရာမလိုခဲ့ဘူး။

ဒီပြဿနာက ယဲ့ဖန်းနဲ့ တွေ့ခဲ့တဲ့ မိန်းမလှလေးနဲ့ သက်ဆိုင်ရမည်။

လုကုမ္ပဏီမှာရှိတဲ့ လှပတဲ့ အရံဇာတ်လိုက်မ တစ်ယောက်ရှိသေးတာကို လင်းဖေးဟန် သိထားပေမဲ့ ဝတ္ထုထဲက ဖော်ပြချက် တစ်ချို့လောက်နဲ့ လူချင်းမတွေ့ရပဲနဲ့တော့ လင်းဖေးဟန် မမှတ်မိနိုင်ဘူး။

ဒါ့အပြင် ဒီတစ်ခေါက်မှာ စာရေးဆရာရဲ့ ဖော်ပြချက်ကလဲ အရမ်းကို ကျက်သရေတုံး ထားသေးသည်။ ထိုမိန်းကလေးနဲ့ ပတ်သတ်ပြီး စာကြောင်းတစ်ကြောင်းနဲ့သာ ညွှန်းထားသည်.. ‘လှပတဲ့မိန်းကလေး’။ မိန်းကလေးဆိုမှတော့ လှမှာပေါ့! စာရေးသူရဲ့ ဒီမိန်းကလေးက လှပပြီးဆွဲဆောင်မှု ရှိတဲ့ဆိုတဲ့ ဖော်ပြချက်တစ်ခုထဲနဲ့ ငါ လင်းဖေးဟန်က ဘယ်လို ရှာဖွေနိုင်မှာလဲ?

လင်းဖေးဟန် ချက်ချင်းပဲ ဖုန်းထုတ်ကာ အရှေ့ကမြင်ကွင်းကို ဓာတ်ပုံရိုက်လိုက်သည်။ ဝီချက်ကတစ်ဆင့် အားသောင်ကို မက်ဆေ့ လှမ်းပို့လိုက်သည်။

“ ဒီမိန်းမရဲ့ လုကုမ္ပဏီမှာရှိတဲ့ ရာထူးကို ငါအမြန်ဆုံးသိချင်တယ်”

လင်းဖေးဟန် မထွက်သွားသေးပေ။ လီယွင်လုံ လုကုမ္ပဏီ အတွင်းမှာ ထားထားတဲ့ သူလျှိုကို ရှာဖို့ လိုသေးသည်။ ဒီလိုမှမဟုတ်ရင် လုရွှယ်ယင်ကို မရှင်းပြနိုင်ဘဲ နေလိမ့်မည်!

“ စနစ် မင်းရှိလား?”

လီယွင်လုံရဲ့ လုကုမ္ပဏီအတွင်း ထားထားသော သူလျှိုကို ရှာချင်ရင် အဲ့ဒီသူလျှိို ကုမ္ပဏီအတွင်းမှာ တရားမဝင် လုပ်ဆောင်ထားတဲ့ လှုပ်ရှားမှုတွေကို သက်သေ အဖြစ်လိုအပ်သည်။

“ မရှိဘူး! အိမ်ရှင် လုပ်စရာမရှိရင် စက္ကူတွေ မီးထိုင်ရှို့နေလိုက်!”

“ ပြဿနာမရှာပါနဲ့ကွာ ငါအတည်ပြောနေတာ စနစ်ရ! မင်းမှာ ဒီလိုစကေးမျိုး ရှိလား? တစ်ထိုင်တည်းနဲ့ စာဆယ်ကြောင်း ဖတ်နိုင်တာတို့ စောင့်ကြည့်ဗီဒီယိုတွေကို အဆတစ်ရာလောက် ပိုမြန်အောင် ကြည့်နိုင်တာမျိုးတို့လေ?”

စနစ်က အေးစက်စွာ နှာမှုတ်လိုက်သည်။ ဒါပေမဲ့ လင်းဖေးဟန်ကို ပြန်တော့ ဖြေပေးသေးသည်။

“ အင်း ပိုင်ရှင် အကြိမ်တစ်ရာလောက် မြန်စေလို့တော့ ရပေမဲ့ အကြိမ်တစ်ရာလောက် နှေးအောင်တော့ လုပ်လို့မရဘူး။ အဲ့လိုလုပ်လိုက်ရင် လူရဲ့ ခန္ဓာကိုယ်ကို အပြင်းအထန် တုံ့ပြန်မှုဖြစ်စေလိမ့်မယ်။ ဒါက ခေတ်သစ်ဝတ္ထုထဲကို ရောက်နေတာနော် ၊ ကျင့်ကြံရေးလောက မဟုတ်ဘူး!”

လင်းဖေးဟန်ရဲ့ နောက်ပိုင်းအချိုးတွေကို စနစ်မကျေနပ်နေဘူး၊ လင်းဖေးဟန်ကို ပညာပေးချင်နေတာ ကြာခဲ့ပြီ။

လင်းဖေးဟန် အနေခက်စွာ ပြုံးလိုက်ပြီး

“ စနစ်လေးရေ လိမ္မာပါတယ်။ ငါမင်းကို လျစ်လျူရှုထားမိသွားတယ်။ ငါ ပြဿနာကို ဖြေရှင်းပြီးရင် မင်းကို အဖော်ပြုပေးပါ့မယ်”

လင်းဖေးဟန်ရဲ့ စကားကို စနစ်က တော်တော်လေး ကျေနပ်သွားတာမို့ ရှင်းပြ ပေးလိုက်သည်။

“ ဒီစကေးကို များစွာသော မျက်လုံးများလို့ ခေါ်တယ်။ နာမည်အတိုင်းပဲ ဒီစကေးက ပိုင်ရှင်ရဲ့ မျက်လုံးကို များစွာတဲ့ မျက်လုံး အငယ်လေးတွေအဖြစ် ပြောင်းသွားစေပြီး ပတ်ပတ်လည်ကို လုံးဝကြည့်ရှုနိုင်သွားမယ်။ ၃၆၀ ဒီဂရီ ပတ်ပတ်လည်လုံးမှာ မမြင်ကွယ်ရာ မရှိတော့ဘူးပေါ့။ အနေအထား တစ်ချို့အထိတော့ မျက်လုံးကို ကြည့်နေရင်းနဲ့ အရှိန်ကို လျော့ချနိုင်ပေမဲ့ အဲ့လိုလုပ်တာက စိတ်ပိုင်းဆိုင်ရာကို အရမ်းနွမ်းနယ်စေပြီး ခန္ဓာကိုယ်ကို မကောင်းတဲ့အကျိုးဆက် တစ်ချို့ ရှိစေနိုင်တယ်။ အများဆုံးအနေနဲ့ ဆယ်ဆလောက်ပဲ အနှေးဒဏ်ကို ခံနိုင်မယ်..”

All Chapters