← Chapters

အခန်း ၁၆၄

Vol. 12 Ch. 164

အခန်း ၁၆၄

Vol. 12 Ch. 164

“ငါအဲ့ဒီစကေးကို ကျွမ်းကျင်ဖို့ ပွိုင့် ဘယ်လောက်လိုလဲ?”

စနစ်မှ ရှင်းပြလိုက်သည်။

“ ဒီစကေးကို ရချင်ရင် ပွိုင့် ၇၀ ကျသင့်မယ်။ စကေးကို အလယ်အလတ် အဆင့်အထိ မြှင့်တင်ချင်ရင် ပွိုင့် ၃၀၀ ကျမှာ၊ အမြင့်ဆုံးထိ ဆိုရင် ပွိုင့် ၅၀၀ ပေးရမယ်။ ဒီစကေးက ငွေပေးပြီး သုံးရတဲ့စကေးပဲ။ ပထမဆုံးအကြိမ်ပဲ အလကား သုံးခွင့် ရှိမယ်၊ နောက်အကြိမ်တွေ သုံးချင်ရင် ပွိုင့် ၁၀၀၀ ပေးရမယ်”

ထိုစကားကို ကြားပြီးနောက်မှာ မနေနိုင်စွာ လင်းဖေးဟန်ရဲ့ နှုတ်ခမ်းတို့ တွန့်လိမ်သွားသည်။ ဒီစနစ်က တော်တော် ဂျင်းတာပဲ။

လင်းဖေးဟန် မေးလိုက်သည်။

“ စနစ် ငါမင်းအတွက်ဆို ပုံမှန်ဖောက်သည်လဲ ဖြစ်နေပြီပဲကို လျော့ဈေးလေး ပေးလို့မရဘူးလား?”

“ စိတ်မကောင်းပါဘူး။ ဒီစကေးက အရမ်းကောင်းလွန်းတယ်။ စနစ်က ဒီစကေးကို သုံးခွင့်သာပေးရတာ အမှန်တော့ ဒီစကေးက ဒီကမ္ဘာရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ဆန့်ကျင်နေတယ်”

လင်းဖေးဟန်ရဲ့ နှုတ်ခမ်းတွေ ထပ်တွန့်သွားသည်။ ဘာကို စည်းမျဥ်းလဲ? ဘာကို စည်းကမ်းလဲ? ယဲ့ဖန်းလို လမ်းလျှောက်ရင်း ကံထကောင်းနေတဲ့ ကောင်ကိုကျ ဘာလို့ မင်းက စည်းမျဥ်းတွေနဲ့ ဆန့်ကျင်နေတယ် သွားမပြောလဲ?

လင်းဖေးဟန် မတုံ့မဆိုင်းပဲ ပြောလိုက်သည်။ သူ ဒီစကေးကို သုံးချင်နေသေးသည်လေ။

“ ကောင်းပြီ၊ ငါ့ထဲကို တစ်ခါထဲ စကေးသွင်းပေးပြီး ကျွမ်းကျင်အထိ အဆင့်ပါမြှင့်ပေး”

တစ်ခုခုကို သုံးမယ်ဆိုရင် ဈေးအကြီးဆုံးကို သုံးရမည်။ ပိုက်ဆံအများကြီး ရှိနေတာ ဘာသွားလုပ်ဖို့လဲ?

ငါ့မှာ ကျန်တာမရှိတောင် အပေါဆုံးက ပိုက်ဆံပဲ။ သေချာပေါက် စကေးကို ကျွမ်းကျင်အထိ မြှင့်ပြီးမှ သုံးမယ်!

“ ဒင်! များစွာသော မျက်လုံးများစကေးကို ကျွမ်းကျင်စွာ တတ်မြှောက်သွားပါပြီ”

“ဒင်! များစွာသော မျက်လုံးများ စကေးကို ကျွမ်းကျင်အဆင့်အထိ မြှင့်တင်ပြီးပါပြီ”

“ ဒင်! စနစ်မှ ပိုင်ရှင့်အတွက် များစွာသော မျက်လုံးများစကေးကို အလိုအလျောက် ဖွင့်လိုက်ပါတော့မည်”

လင်းဖေးဟန် ခဏလောက် စိတ်ရှုတ်သလို ခံစားလိုက်ရသည်။ လင်းဖေးဟန်ရဲ့ မျက်တောင် ခတ်လိုက်ပြီး မျက်လုံးပြန်အဖွင့်မှာ မျက်စိအရှေ့က မြင်ကွင်းက လုံးဝကို မတူညီတော့ဘူး!

ငါ တစ်ကယ်ကြီး အပေါ်၊အောက်၊ အရှေ့၊ အနောက်၊ ဘယ်၊ညာ အကုန် ကြည့်လို့ ရနေတာပဲ။ တစ်ကယ်ကို ဒါက ၃၆၀ ဒီဂရီ အကုန်မြင်နေရတယ်။

လင်းဖေးဟန် အရှေ့ကို တစ်လှမ်းတိုးလိုက်သည်။ ထိုအချိန်မှာ မတတ်နိုင်စွာ သူ့ရဲ့ကိုယ်က တစ်ချက်ယိုင် သွားသည်။ သူ ဟန်ချက်မထိန်းနိုင်တော့လို့ ပြုတ်ကျတော့မလိုပင် ဖြစ်သွားရသည်။

ဒါပေမဲ့ ကံကောင်းစွာနဲ့ လင်းဖေးဟန်က အရင်လို သာမာန်လူ မဟုတ်တော့ဘူးလေ။ သူ့မှာ မြင့်မားသော လိုက်လျောညီထွေ ဖြစ်နိုင်စွမ်းရှိသည်။ မကြာခင်မှာ ဒီအခြေအနေကို လင်းဖေးဟန် အသားကျ သွားသည်။ လက်ရှိခံစားချက်ကို ဖော်ပြရရင်တော့… ‘စောက်ရမ်းမိုက်တယ်!’

အရင်ဘဝမှာ ငါက သာမာန်သူ တစ်ယောက်ပဲ ဖြစ်ခဲ့တယ်။ သုံးစားရတဲ့အရာဆိုပြီး ဖော်ပြစရာ တစ်ခုတောင် မရှိဘူး။

ဒါပေမဲ့အခုတော့ ငါ ဒီဝတ္ထုရဲ့ ဗီလိန်တစ်ယောက် ဖြစ်လာခဲ့ပြီ။ တစ်ကယ်တော့ ဇာတ်လိုက် ဖြစ်ချင်တာ ဆိုပေမဲ့ ပြောရရင် ဗီလိန်ဖြစ်လာတာလဲ မဆိုးပါဘူး။ လှည့်ကွက်တွေ သုံးရတာ ခံစားလို့ ပိုကောင်းတယ်။ ငါ ဇာတ်ကြောင်းကို လူတွေကို မပြောပြသရွေ့ ငါက ဇာတ်လိုက် လုပ်ပြီး ယဲ့ဖန်းကို ဗီလိန်ဖြစ်အောင် လုပ်ပစ်မယ်!

ပိုက်ဆံသာ ရှိရင် ကြိုက်တာလုပ်လို့ရတယ်။ မင်း လှည့်ကွက်တွေ သုံးလိုက်တာနဲ့ ကိုယ်လိုချင်သလို ကြိုးဆွဲလို့ရတဲ့ ရွှေရောင်ဗားရှင်းထဲ ရောက်သွားသလိုမျိုးပဲ။ မင်းအဲ့ဒါကို စွဲလန်းသွားပြီး မင်းကိုယ်မင်း မသေမျိုးတစ်ယောက်လို အင်အားကြီးလာတဲ့ အထိ လုပ်ချင်လာလိမ့်မယ်!

ထိုအချိန်မှာ လင်းဖေးဟန် မတတ်နိုင်စွာ ညည်းလိုက်သည်။

“ ငါ တစ််ကယ်ကို မသေမျိုးတစ်ယောက် ဖြစ်လာချင်လိုက်တာ၊ အဆုံးမရှိတဲ့ မှော်အစွမ်းတွေနဲ့ ဥပဒေမရှိတဲ့ စောက်ရမ်းမိုက်တဲ့ မသေမျိုးတစ်ယောက် ဖြစ်လာချင်တယ်!”

ဒီအချိန်မှာ လင်းဖေးဟန် အဘက်ဘက်ကို ကြည့်နိုင်သလို အဘက်ဘက်က အသံတွေကို ကြားနိုင်နေသည်။ လက်ချောင်းတွေကို ဆော့ကစားကခုန်ရင်းနဲ့ ဆက်လက် ကြည့်ရှုဖို့ ပြင်လိုက်သည်။

စောင့်ကြည့်ခန်းရဲ့ ကွန်ပျူတာ စခရင်ကို မတူညီတဲ့ အပိုင်းသေးသေးလေးတွေ ပိုင်းပစ်လိုက်သည်။ ထို့နောက်မှာ တစ်ရာလောက် နီးနီးရှိသော ဗီဒီယိုတွေကို စတင်ပြသတော့သည်။ လီယွင်လုံ သူလျှိုထည့်ထားသော အချိန်ကနေစပြီး လင်းဖေးဟန် အချိန်ကို ညှိလိုက်သည်။

ဗီဒီယိုကို ဆယ်ဆမြန်တဲ့ အရှိန်နဲ့ရစ်ထားတာမို့ လင်းဖေးဟန် အရှေ့တွင် များစွာသော လုကုမ္ပဏီရဲ့ အလုပ်သမားတွေသည် လျင်မြန်စွာ ပြေးလွှားနေတော့သည်။ မကြာခင်မှာ လင်းဖေးဟန် လိုချင်သော ပစ်မှတ်ကို တွေ့သွားခဲ့သည်။

ဒီလူရဲ့ ပုံစံက လူဆိုးနဲ့တူသည်။ ထိုလူရဲ့ မျက်နှာထက်မှာ ငါလူဆိုးဆိုတဲ့ စာတမ်း ဆွဲထားသလိုပဲ။

ထိုလူရဲ့ ပုံစံက အနည်းငယ် ဉာဏ်များတဲ့ ပုံပေါက်ပြီး သိပ်မရှည်တဲ့ 1.6 မီတာလောက်ပဲ ရှိတဲ့အရပ်နဲ့ မျက်လုံးတွေက သိမ်းငှက်တစ်ကောင်လို စူးရှသည်။ သူက လွယ်လွယ် သွားရှုတ်လို့ မကောင်းတဲ့သူမျိုးပင်။

သူ့ရဲ့ မျက်လုံးမှာ ရွှေရောင်ကိုင်း မျက်မှန်တစ်လက်ကို တပ်ထားပြီး လူတွေကို ခွေးတစ်ကောင်လို အထင်သေးတတ်သည်။ တစ်ယောက်ယောက်နဲ့ မိတ်ဆက်စကား ပြောတိုင်း တစ်ဖက်လူကို အဖက်မလုပ်စွာ အထင်သေးပြုမူလိမ့်မည်။

တစ်ဖက်လူကိုတော့ အဖက်မလုပ်ဘူး၊ ဒါပေမဲ့ မကြာခဏဆိုသလို သူ့ရဲ့ ယွမ်ငါးသောင်းလောက် တန်တဲ့ လက်ပတ်နာရီ ကိုတော့ မြင်သာအောင် ညာဘက်လက်ကို ကစားပြလိမ့်မည်!

ဒါတွေက လူဆိုးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေပဲ။ အရင်ခေတ်မှာ ဘုရင်ရှေ့ကို ဒါမျိုးသွားလုပ်လို့ကတော့ ခေါင်းဖြတ်ခံရမှာ။

လီယွင်လုံ ဘာတွေ တွေးနေတယ်မသိဘူး။ ဒီလိုကောင်ကို ဘာကြောင့် လုကုမ္ပဏီမှာ သူလျှိုအဖြစ် လွှတ်လိုက်တာလဲ?

အရမ်းကြွားဝါတတ်တဲ့ ဒီလိုကောင်ကို ငါမဖော်ထုတ်တောင် တစ်နည်းနည်းနဲ့ အလုပ်ထုတ်ခံရမှာပဲ။

လင်းဖေးဟန် ပြုံးလိုက်ရင်း ထိုလူကို စိုက်ကြည့်နေခဲ့သည်။ သူ ဒီမနက် လုပ်သင့်တာ အကုန် လုပ်ပြီးသွားပြီပဲ။

ဒါပေမဲ့ ကြည့်နေရင်းနဲ့ လင်းဖေးဟန် တစ်ခုခုကို မှားနေသလို ခံစားလိုက်ရသည်။

အဲ့ဒီ သူလျှိုကောင်က ဘာမှ မလုပ်သလို၊ ဘာပြစ်ချက်မှလဲ မရှိနေဘူး။ အလုပ်ကို နေ့တိုင်းသွားပြီး အလုပ်လဲကောင်းကောင်း လုပ်သည်။

လင်းဖေးဟန် အနည်းငယ် ထူးဆန်းလာရသည်။ ဒါပေမဲ့ သူက စိတ်မရှည်တတ်တဲ့သူ မဟုတ်ဘူး။ မင်းတစ်ရက်တော့ အမှားလုပ်မှာပါ။ ပထမရက်မှာ မလုပ်ရင် ဒုတိယရက်မှာ အမှားလုပ်မှာပေါ့။ ဒါဆို တတိယရက်မှာရော?

လင်းဖေးဟန် ဆက်ပြီးကြည့်နေခဲ့သည်။ နောက်ဆုံးမှာ မိနစ်နှစ်ဆယ်လောက် ကုန်သွားသည်။ အလုပ်ကြိုးစားမှုကြောင့် လင်းဖေးဟန် နောက်ဆုံးတော့ သက်သေ ရသွားခဲ့သည်။

လင်းဖေးဟန် စိတ်လှုပ်ရှားလာသည်။ တစ်ဖက်မှာ လုရွှယ်ယင်ကို ရှင်းပြလို့ ရသွားပြီလဲ ဖြစ်သလို ယဲ့ဖန်းကိုလဲ ကောင်းကောင်း စုံစမ်းနိုင်သွားခဲ့သည်။ နောက်တစ်ဖက်မှာတော့ ဒီအဖြစ်အပျက်ကို သုံးပြီး လုရွှယ်ယင်ရဲ့ အကြိုက်တိုးလာအောင်လဲ လုပ်နိုင်မည်။

ဒါကို ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်တယ်လို့ ခေါ်တယ်ကွ။

ဝါး! ငါတစ်ကယ်ကို ဆိုးရိုးတွေကို မှတ်မိနေတာပဲ။

ဟဟ ဒါကြောင့်ပြောပါတယ်။ ငါက ဉာဏ်ကြီးရှင်ပါဆို!

လင်းဖေးဟန် ချီးမွန်းခန်း ဖွင့်ပြီးနောက်မှာ ချက်ချင်းပဲ သက်သေကို ကော်ပီကူးယူ လိုက်သည်။

လင်းဖေးဟန် မတ်တပ်ရပ်လိုက်ပြီး မျက်နှာပေါ်က အပြုံးကို ထိန်းချုပ်လိုက်တာမို့ သူ့ရဲ့မျက်နှာက ခံစားချက်မဲ့တဲ့ မျက်နှာဖြစ်သွားသည်။ သူ စောင့်ကြည့်ခန်းထဲကနေ ထွက်လိုက်သည်။

တံခါးပေါက်တွင် တံခါးစောင့်နှစ်ယောက်လို ရပ်နေတဲ့ လုံခြုံရေးနှစ်ယောက်က လင်းဖေးဟန်ကို မြင်တာနဲ့ ရိုသေစွာ ပြောလိုက်ကြသည်။

“ သူဋ္ဌေးလင်း”

လင်းဖေးဟန် ခေါင်းညိတ်လိုက်ပြီး

“ မင်းတို့လုပ်ခဲ့တာ တော်တယ်။ ငါ့ကို မင်းတို့ရဲ့ ဘဏ်အကောင့်နံပါတ်ပေး။ မုန့်ဖိုးပေးခဲ့မယ်”

“ သူဋ္ဌေးလင်း အရမ်းယဥ်ကျေးရာ ကျနေပါပြီ”

လုံခြုံရေးနှစ်ယောက် ထိုသို့ပြောလိုက်ပေမဲ့ ချက်ချင်းပဲ ဖုန်းတွေ ကမ်းပေးလာခဲ့ကြသည်။

လုံခြုံရေးနှစ်ယောက်သည် ပျော်ရွှင်စွာနဲ့ လင်းဖေးဟန်ဆီမှ မုန့်ဖိုး ယွမ်တစ်သောင်းဆီ လက်ခံလိုက်ကြသည်။

လင်းဖေးဟန် စောင့်ကြည့်ခန်းထဲက ထွက်လာတည်းက ဘာလို့အရမ်း ပျော်နေလဲတော့ သူတို့မသိဘူး။ ဒါပေမဲ့ အခုလို မုန့်ဖိုးရလိုက်တာတော့ အချီကြီးပဲ။ လင်းဖေးဟန်က အရမ်းရက်ရောတာပဲ။ ငါတို့တော့ ကံထူးသွားတယ်!

လင်းဖေးဟန် လုရွှယ်ယင်ရဲ့ ရုံခန်းဆီကို ပြန်လာလိုက်သည်။

ထိုအချိန်မှာ လုရွှယ်ယင်သည် သူမ အလုပ်ကိုပဲ အာရုံစိုက်နေပြီး ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေခဲ့သည်။ တစ်ကယ်တော့ တံခါးပေါက်က လှုပ်ရှားမှုတိုင်းကို သူမ အလွန်အာရုံ စိုက်နေတာဖြစ်သည်။

“ ဒေါက်ဒေါက်ဒေါက်!”

ဒီတစ်ကြိမ်တော့ လင်းဖေးဟန် တံခါး အရင်ခေါက်လိုက်သည်။

“ ငါပါ လင်းဖေးဟန်”

ထိုစကားကိုကြားတော့ လုရွှယ်ယင် စိတ်သက်သာရာရသွားစွာ ပြုံးလိုက်သည်။ ဒီမုန်းစရာလူက အရင်လို မရိုင်းတော့ဘူးပဲ။

All Chapters