အခန်း ၁၆၅
Vol. 12 Ch. 165
“ဝင်ခဲ့ပါ” လုရွှယ်ယင် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ထိုအခါမှ လင်းဖေးဟန် တံခါးတွန်းဖွင့်ပြီး ဝင်လာခဲ့သည်။
“ဘယ်လိုလဲ? နင် သက်သေ ရှာတွေ့ခဲ့လား?”
လင်းဖေးဟန် ရယ်လိုက်ပြီး မျက်ခုံးတစ်ဖက် ပင့်ပြလိုက်ကာ
“ ငါက ကျင်းပိုင်မြို့ရဲ့ ရှားလော့ဟုန်းလေ။ ငါမင်းကို စနေတယ်ထင်လို့လား? အခု သစ္စာဖောက်က ငါ့လက်ထဲမှာပဲ။ စွန်းဝူခုံး ဗုဒ္ဓ လက်ဝါးကနေ ရှောင်မထွက်နိုင်သလိုပဲ သူ့ငါ့လက်ကနေ ပြေးလွှတ်မှာ မဟုတ်တော့ဘူး”
လုရွှယ်ယင် မျက်လုံးလှန်လိုက်ပြီး ခဏလောက် ဆွံ့အသွားသည်။ လင်းဖေးဟန် ဘယ်လိုလုပ် ကိုယ့်ကိုယ်ကို ဒီလောက် ဂုဏ်ယူတတ်နေတာလဲ?
ဒါပေမဲ့ ဒီတစ်ခေါက်မှာ လင်းဖေးဟန်ရဲ့ အနည်းငယ် မတူညီမှုကို သူမရှာတွေ့ခဲ့သည်။ လင်းဖေးဟန်ရဲ့ လှုပ်ရှားမှုက အရင်နဲ့ မတူတော့ဘူး။
အစောပိုင်းက လင်းဖေးဟန်ရဲ့ပုံစံက အရမ်းကို အလောတကြီးနဲ့ တံခါးခေါက်ဖို့တောင် သတိမရခဲ့ဘူး။ ဒါပေမဲ့ အခုတော့ သူက ကလိမ်ကကျစ် ဆန်ဆန် ပြုံးနေတာ မရပ်တော့ဘူး။ လင်းဖေးဟန် ပျော်စရာ တစ်ခုခုကို ရှာတွေ့သွားတာပဲ ဖြစ်ရမည်။ အဲ့ဒါက သူ့အတွက်လဲ အရမ်းအရေးပါလောက်သည်။
လင်းဖေးဟန် သူမအတွက် သစ္စာဖောက်ကို ရှာပေးပြီးသွားတဲ့နောက်မှာ အရမ်းတွေ ပျော်ရွှင်ပေးမယ်လို့တော့ လုရွှယ်ယင် မယုံကြည်ဘူး။
လင်းဖေးဟန် အခုတင် စောင့်ကြည့်ခန်းကို သွားခဲ့ပြီး ဘယ်သူမှ မသိတဲ့တစ်ခုခုကို လုပ်ခဲ့တာပဲ ဖြစ်ရမည်။ မဟုတ်ရင် အခန်းထဲက သူမရဲ့ ကင်မရာကို ဖယ်ပစ်ဖို့မှ မလိုတာ!
လင်းဖေးဟန်ရဲ့ အပြုအမူကို လုရွှယ်ယင် ပိုလို့သိချင်လာရသည်။ လင်းဖေးဟန် ဘာတွေ လုပ်ခဲ့တာလဲ!
ဒါပေမဲ့ လုရွှယ်ယင် တည်ငြိမ်ဟန်ဆောင်ထား ဆဲပင်။ သူမရဲ့ စိတ်တွင်းက သိချင်စိတ်ကို ချိုးနှိမ်ရင်း
“ သူ့ရဲ့ နောက်ခံကို သိရပြီလား? ငါ့ကို ပြောလို့ရမလား?”
အခု လင်းဖေးဟန်ကို သွားမေးလိုက်လို့ မဖြစ်ဘူး။ မဟုတ်ရင် သူစိတ်ဆိုးသွားလိမ့်မယ်။
“ ဒါပေါ့ သေချာပေါက် ပြောပြမှာပေါ့”
လင်းဖေးဟန် ပြောတော့မဲ့ အချိန်မှာပဲ တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဝင်ခဲ့” လုရွှယ်ယင် အေးစက်စွာ ပြောလိုက်သည်။
သူမက လင်းဖေးဟန်နဲ့ အဆင့်အတန်းတူတဲ့ ကုမ္ပဏီရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ သူမ တည်ငြိမ်စွာ ပြောလို့ရသလို လက်အောက်ခံ တွေကို မာထန်စွာ ပြောဖို့လဲ လိုသေးသည်။
ဝင်လာသော သူသည် အရပ် 1.6 မီတာရှိပြီး မျက်နှာသည် အနည်းငယ် မရိုးဖြောင့်ပုံ ပေါက်သည်။ လက်ထဲတွင် ဖိုင်တစ်ခုကို ကိုင်ထားပြီး အလျင်စလို ဝင်လာခဲ့သည်။ လင်းဖေးဟန်ကို မြင်တဲ့အချိန် ခေါင်းတစ်ချက်သာ ငြိမ့်ပြပြီး စကားအပို မပြောလာခဲ့ပေ။ သူ့ရဲ့လက်ထဲက ဖိုင်တွဲတွေကို စားပွဲပေါ်ကို တန်းပြီးကမ်းပေး လိုက်သည်။
ထိုလူက ပြောလိုက်သည်။
“ သူဋ္ဌေးလုရဲ့ လတ်မှတ်လိုနေလို့ပါ..”
လင်းဖေးဟန် ချက်ချင်း မှတ်မိသွားသည်။ ဒီလူက လီယွင်လုံပို့ပေးထားတဲ့ စပိုင်ပဲ။
လုရွှယ်ယင် ဖိုင်တွဲတွေကို စစ်ဆေးနေချိန်မှာပဲ လင်းဖေးဟန် အမြန်လှုပ်ရှားလိုက်သည်။ ထိုလူကို အင်္ကျီကော်လံကနေ ဆွဲကာ စားပွဲပေါ် မှောက်ချလိုက်ပြီး ခေါင်းကို လုရွှယ်ယင်ရဲ့ ရေခွက်နဲ့ ဖိထားလိုက်သည်။
“ ပြောစမ်း! မင်းကို အဲ့ဒီ လီမျိုးရဲ့နဲ့ကောင် ဘယ်လောက်ပေးထားလို့ မင်းရဲ့ကုမ္ပဏီကို သစ္စာဖောက်တာလဲ? မင်းရဲ့ သူဋ္ဌေးကို သစ္စာဖောက်တာလဲ?”
လင်းဖေးဟန် ရေခွက်နဲ့ ရိုက်ချလိုက်သည်မို့ ခွက်က ချက်ချင်းကွဲသွားပြီး ထိုလူရဲ့ ဦးခေါင်းကနေ သွေးတွေ စီးကျလာတော့သည်!
လင်းဖေးဟန်ရဲ့ လှုပ်ရှားမှုကြောင့် လုရွှယ်ယင် အံ့သြသွားပြီး ချက်ချင်းမတ်တပ်ရပ်ကာ အေးစက်စွာ အော်တော့သည်။
“ လင်းဖေးဟန် နင်ဘာလုပ်နေတာလဲ?”
ထိုလူသည် အကြောက်လွန်ပြီး အနည်းငယ် တုန်ယင်နေခဲ့သည်။ လင်းဖေးဟန်ကို တစ်ချက်ကြည့်ပြီးနောက်တွင် စိတ်ဆိုးမာန်ဆိုး ဖြစ်နေသော လုရွှယ်ယင်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက်တွင် ထိုလူက အော်ဟစ်လိုက်သည်။
“ သူဋ္ဌေးလု ကျွန်တော့်ကို ကယ်ပါဗျာ။ သူဋ္ဌေးလု ကျွန်တော်မှားသွားပါတယ်။ သူဋ္ဌေးလင်း ကျွန်တော့်ကို လွှတ်ပေးပါ ကျွန်တော့်ကို တစ်ကယ်မှားစွတ်စွဲတာပါ။ သူဋ္ဌေးလု ကယ်ပါအုံး”
လုရွှယ်ယင်က လုပ်ခိုင်းလိုက်သည်လို့ ထင်သွားပြီး ထိုလူသည် အလန့်တကြားဖြင့် နှစ်ယောက်လုံးကို တစ်လှည့်ဆီ အသနားခံတော့သည်။
လင်းဖေးဟန်ရဲ့ မျက်နှာ မဲ့သွားကာ
“ မှားစွတ်စွဲတယ်ဟုတ်လား? မင်းက သေခါနီးမှာကို ခေါင်းမာချင်သေးတာလား?”
“ ငါမှားပြီး စွတ်စွဲတယ်ဆိုရင် မင်းမှာ ဘယ်လိုလုပ် 5မီလီယံရှိတဲ့ ဆွစ်ဇာလန် ဘဏ်အကောင့် ရှိနေရတာလဲ? မင်းရဲ့ လစာကမှ ယွမ်ငါးထောင်ပဲ ရှိတယ်”
“ မင်းရဲ့ လက်ရှိအခြေအနေမှာ ယွမ်ငါးသန်း ရနိုင်ဖို့ အနှစ်တစ်ရာလောက် လုပ်မှရမှာ!”
ထိုစကားကိုကြားတဲ့အခါမှာ ထိုလူ တုန်ယင် သွားတော့သည်။ ဒီလို လျှို့ဝှက်ချက်ကြီးကို သူများတွေ သိသွားမယ် မထင်ခဲ့မိဘူး။ ဒီလိုဖြစ်လို့မရဘူး။ အဲ့ဒီအချိန်တုန်းက လူနှစ်ယောက်ပဲ ရှိခဲ့တာလေ။ ဘဏ်အကောင့် လုပ်တုန်းက လီယွင်လုံနဲ့ သူပဲရှိခဲ့တာ။ ပြီးတော့ အကောင့်ကို သူ့နာမည်နဲ့ ထားထားတာလဲ မဟုတ်တာကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ?
လီယွင်လုံ သူ့ကို ဒုက္ခပြန်ပေးတာလား?
ဒါကပိုတောင် မဖြစ်နိုင်ဘူး။ လီယွင်လုံက ဘယ်သူမလို့လဲ? သူ့အနေအထားနဲ့ ငါ့ကို ထိခိုက်အောင် လုပ်ချင်ရင် ဒီနည်းနဲ့ နာမည် ဖျက်ဖို့မလိုဘူး။ ငါ့ကို သတ်တာက ပုရွတ်ဆိတ်တစ်ကောင်ကို သတ်တာနဲ့ ဘာမှ မကွာခြားဘူး။ ဒါ့အပြင် ငါလီယွင်လုံ စိတ်တိုအောင်လဲ မလုပ်ခဲ့ဖူးဘူး။
အရပ်ပုပုနဲ့လူက စိတ်တိုစွာ ငြင်းတော့သည်။
“ သူဋ္ဌေးလင်း ဘာတွေပြောနေတာလဲ? ဘာကို 5မီလီယံလဲ..? မင်းဘာတွေ ပြောနေလဲ ကျွန်တော် မသိဘူး။ သူဋ္ဌေးလု ကျေးဇူးပြုပြီး ကယ်ပါအုံး! ကျွန်တော်က ကုမ္ပဏီက ဖြောင့်မှန်တဲ့ အလုပ်သမားတစ်ယောက်ပါ။ ကုမ္ပဏီရဲ့ အလုပ်သမားတစ်ယောက် အနိုင်ကျင့်ခံရတာကို ဒီတိုင်း ကြည့်နေမှာလား?”
လုရွှယ်ယင် သည်းမခံနိုင်တော့ပေ။ သူမ ဝင်ပြောတော့မဲ့ အချိန်မှာပဲ လင်းဖေးဟန်က ထိုလူကို ကော်လံက ပြန်ဆောင့်ဆွဲပြီး စားပွဲနဲ့ ရိုက်ချလိုက်ပြန်သည်။ တစ်ဖက်ကနေလဲ လင်းဖေးဟန်ရဲ့ လက်က တန်းပြီး ထိုလူရဲ့ ဖုန်းကို အိတ်ကပ်ထဲမှ နှိုက်ယူပြီးသားပင်။
လင်းဖေးဟန် လုရွယ်ယင်ဘက်ကို ခေါင်းလှည့်လာပြီး ပြောလိုက်သည်။
“ မင်း သစ္စာဖောက်ကို သိချင်တယ်မလား? ဒီလူပဲ ဖုန်းကျစ်ယွမ်”
လုရွှယ်ယင် ဖုန်းကျစ်ယွမ်ကို အေးစက်တဲ့ မျက်နှာနဲ့ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင် လင်းဖေးဟန်ကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ လင်းဖေးဟန် ဒီကိစ္စနဲ့ ပတ်သတ်ပြီး နင်ငါ့ကို ပြီးပြည့်စုံတဲ့ရှင်းပြချက် ပေးနိုင်ဖို့ မျှော်လင့်တယ်။ မဟုတ်ရင် ငါနင့်ကို လုံးဝခွင့်မလွှတ်ဘူး”
လင်းဖေးဟန် ခပ်ဖွဖွ ပြုံးလိုက်ကာ
“ ဗီဒီယိုကို မင်းရဲ့ ဝီချက်မှာငါပို့ထားပြီးပြီ။ အခုငါဒီလူကို ကောင်းကောင်းစစ်မေးဖို့ လိုနေပြီ”
လုရွှယ်ယင် သူမရဲ့ဖုန်းကို ထုတ်လိုက်သည်။ သူမရဲ့ မျက်လုံးသည် အေးစက်နေဆဲပင်။
လုရွှယ်ယင်ဘက်က ထောက်ခံချက် မလာတာကို ဖုန်းကျစ်ယွမ် မြင်တဲ့အခါမှာ
“ လင်းဖေးဟန် ငါ့ရဲ့ဖုန်းကို ယူလိုက်လဲ မင်းအတွက် အသုံးမဝင်ဘူး။ ငါက ဖြောင့်မှန်တဲ့ သူတစ်ယောက်မို့ ဘာကိုမှ မကြောက်ဘူး။ ငါ ငါ့ရဲ့ကုမ္ပဏီကို ဘယ်တုန်းကမှ သစ္စာမဖောက်ဖူးဘူး။ မင်းဒီနေ့ သက်သေရှာမတွေ့ရင် ငါမင်းကို ကိုယ်ထိလက်ရောက် တိုက်ခိုက်အနိုင်ကျင့်မှုနဲ့ တရားစွဲမယ်!”
လင်းဖေးဟန် မဲ့လိုက်ပြီး ဖုန်းကျစ်ယွမ်ကို အဖက်ပင်မလုပ်ခဲ့ပေ။ ဖုန်းကျစ်ယွမ်ရဲ့ ဖုန်းကို ဖွင့်တောင် မကြည့်နေဘူး။
သူလျှို မှန်သမျှက ခြေရာဖျောက်ထားမှာပဲ။ ဖုန်းမှာ စစ်ကြည့်လဲ ဘာမှ မထူးဘူး။
လင်းဖေးဟန် မှတ်မိနေတဲ့ ဖုန်းနံပါတ်တစ်ခုကို ဖုန်းကျစ်ယွမ်ရဲ့ ဖုန်းနဲ့ ရိုက်လိုက်သည်။
အချက်အလက်တွေအရ လင်းဖေးဟန် နံပါတ်၂ ကဒ်ကို ကောင်းကောင်း ကစားဖို့ ပြင်ဆင်လိုက်သည်။
လီယွင်လုံရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်တာ ဖြစ်သည်။ ဒါကို ဖုန်းထဲမှာ မမှတ်ထားပေမဲ့ ဖုန်းကျစ်ယွမ်း အလွတ်ရနေ ပြီးသားဖြစ်မှာကို သူသိသည်။ လီယွင်လုံရဲ့ နံပါတ်တွေကလဲ နံပါတ်ကောင်းတွေကြည့်ပဲမို့ မှတ်လို့ လွယ်သည်။ ဖုန်း ကုမ္ပဏီကို သွားကြည့်လိုက်ရင် သူတို့ရဲ့ ခေါ်ဆိုမှတ်တမ်းကိုပါ ဆွဲထုတ်လာခဲ့လို့ရသည်။
ဒီနံပါတ်က လီယွင်လုံရဲ့ သီးသန့် နံပါတ်မို့ နီးစပ်သူတစ်ချို့သာသိသည်။ လုရွှယ်ယင်တောင် မသိခဲ့ပေ။ ဒါပေမဲ့ ကံဆိုးတာက လင်းဖေးဟန် ကတော့ သိနေခဲ့သည်လေ။