← Chapters

အခန်း ၁၆၆

Vol. 12 Ch. 166

အခန်း ၁၆၆

Vol. 12 Ch. 166

ဘာလို့ဆို ငါ လင်းဖေးဟန်က နတ်ဘုရား အသိဉာဏ်ရှိလို့ပဲကွ!

ဖုန်းဝင်သွားတာနဲ့ လင်းဖေးဟန် ဖုန်းကို စားပွဲပေါ် တင်ပေးလိုက်ပြီး စပီကာ ဖွင့်လိုက်သည်။

တစ်ဖက်မှ လီယွင်လုံရဲ့ စိတ်လှုပ်ရှားနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

“ ဘယ်လိုလဲ? မင်း ဖိုင်ကို ရပြီလား?”

လင်းဖေးဟန် ဖုန်းကို တန်းချလိုက်သည်။

တစ်ဆက်ထဲမှာ ဖုန်းကျစ်ယွမ်ရဲ့ ဒူးကို ခပ်ပြင်းပြင်း ကန်လိုက်သည်။ တစ်ကယ်တော့ သူအားသုံးဖို့တောင် မလိုခဲ့ပေ။ ဖုန်းကျစ်ယွမ်ရဲ့ ဒူးတွေ ယိုင်နဲ့နေသည်မို့ သူ ချက်ချင်းပဲ ဒူးထောက်ကျသွားခဲ့သည်။

လင်းဖေးဟန် ဆိုဖာမှာ ခြေချိတ်ထိုင်ရင်း ဖုန်းကျစ်ယွမ်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။

ဖုန်းကျစ်ယွမ်၊ ဖုန်းကျစ်ယွမ် မင်း ကံဆိုးတာပဲ။ ငါမင်းကို မဖမ်းချင်ပေမဲ့ မင်းကိုက ငါ့ရှေ့တည့်တည့်ကို ရောက်လာခဲ့တာ။ ငါလဲ အခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ဘူးလေ။ အခုက ငါ့အတွက် လုရွှယ်ယင်ရဲ့ အကြိုက်ကို တိုးအောင်လုပ်ရမဲ့ အချိန်ပဲ။

ထိုအချိန်မှာ လုရွှယ်ယင်လဲ ဗီဒီယို ကြည့်လို့ ပြီးသွားခဲ့ပြီ။ လုရွှယ်ယင်ရဲ့ မျက်နှာသည် ခံစားချက်မဲ့နေပြီး အေးစက်စွာ ဖုန်းကျစ်ယွမ်ကို ကြည့်လိုက်သည်။

လုရွှယ်ယင် အေးစက်စွာ ပြောလိုက်သည်။

“ မင်းက ကုမ္ပဏီမှာလဲ လုပ်သက်ကြာနေတဲ့ အလုပ်သမားဟောင်းပဲ။ ငါမင်းကို ဒီနှစ်တွေမှာ ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ဖူးလား? ဒီနှစ်တွေမှာ ကုမ္ပဏီကနေ နင်််ဘယ်လောက်တောင် အကျိုးအမြတ်တွေ ခိုးယူပြီးပြီလဲ? မင်းရဲ့ နှလုံးသားထဲမှာ ကိုယ်ဘာလုပ်နေတယ် မတွေးမိဘူးလား? အော် ကြည့်လိုက်အုံး၊ မင်းက ဘရန်းနာရီတွေဘာတွေ ဝတ်လို့ပါလား? မင်းရဲ့ပုံစံက သစ္စာရှိတဲ့ပုံပေါက်လို့ ငါမင်းကို မျက်ကွယ် ပြုထားမိခဲ့တယ်။ မင်းက 5 မီလီယံအတွက်နဲ့ ငါ့ကို သစ္စာဖောက်တာပေါ့? ဒါအမှန်ပဲလား?”

လုရွှယ်ယင် ပြောလို့ပြီးတာနဲ့ ဖုန်းကနေ ခေါင်းခွာလိုက်ပြီး ဖုန်းကျစ်ယွမ်ကို စိုက်ကြည့်လိုက်သည်။

ဖုန်းကျစ်ယွမ် ရဲ့ တစ်ကိုယ်လုံး တုန်ယင်နေပြီး ခါးသီးစွာ ငိုကြွေးပါတော့သည်။

“ သူဋ္ဌေးလု.. သူဋ္ဌေးလု… ကျွန်.. ကျွန်တော် အတင်းအကျပ် လုပ်ခိုင်းခံရတာပါ”

ထိုအချိန်တွင် လုရွှယ်ယင်ရဲ့ မျက်လုံး၌ လူသတ်ငွေ့တို့ ထိုးတက်လာခဲ့သည်။ သူမ သစ္စာဖောက်တာကို မုန်းသည်။ လုရွှယ်ယင် အေးစက်စွာပြောလိုက်သည်။

“ ဒီတော့ မင်းတစ်ကယ်ပဲ သစ္စာဖောက်တာပေါ့။ ဒါ တိုက်ဆိုင်မှုများ ဖြစ်နေမလား ငါတွေးနေခဲ့သေးတာ။ ငါ လီယွင်လုံဆီကို အကြိမ်ကြိမ် သွားခဲ့ရတယ်။ အဲ့ဒီတုန်းက မြုပ်နှံသူတွေက ဘာလို့ ရုတ်တရက် အတွေးပြောင်းသွားလဲ ငါ သိချင်နေခဲ့မိတာ”

ဖုန်းကျစ်ယွမ် ငိုပါတော့သည်။

“ သူဋ္ဌေးလု.. အဲ့ဒီလို မဟုတ်ပါဘူး။ သူဋ္ဌေးလု.. ကျွန်တော် ငွေအတွက်နဲ့ အဲ့လိုလုပ်တာ မဟုတ်ပါဘူး”

လုရွှယ်ယင် အေးစက်စွာ ပြောလိုက်သည်။

“ ဒါဆို မင်း ငွေမယူခဲ့ဘူးပေါ့?”

“ ယူ…ယူခဲ့ပါတယ် ဒါပေမဲ့..”.

ဖုန်းကျစ်ယွမ် ကပ်သီးကပ်ဖဲ့ ငြင်းဆိုဖို့ လုပ်လိုက်ပေမဲ့ လင်းဖေးဟန်က ဖြတ်ပြောလိုက်သည်။

“ ငါဆုံးအောင် ပြောပေးမယ်။ မင်းက ပိုက်ဆံအတွက်လုပ်ခဲ့တာ မဟုတ်ဘူး။ အဲ့ဒါ မှန်တယ်”

“ဟမ်?”

လုရွှယ်ယင်လဲ အနည်းငယ် ရှုတ်ထွေးသွားသလို ဖုန်းကျစ်ယွမ်လဲ ထိုနည်းလည်းကောင်းပင်။ သူ ဘယ်လိုလုပ် ပိုက်ဆံကြောင့်လုပ်တာ မဟုတ်ရမှာလဲ? ပိုက်ဆံကြောင့်မဟုတ်ရင် သူဘာလို့ သစ္စာဖောက်ရမှာလဲ!

လင်းဖေးဟန် ဆက်ပြောလိုက်သည်။

“ မင်းလုပ်ခဲ့တာက လီယွင်လုံ မင်းကို ကတိပေးထားတဲ့ များစွာတဲ့ အကျိုးအကြီးကြီးတွေကြောင့်ပဲ။ ဒါကြောင့် မင်း လီယွင်လုံနဲ့ တန်းပြီးပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာ။ အပတ်စဥ်မှာ မင်းက လုကုမ္ပဏီရဲ့ ကုမ္ပဏီခွဲ နိုအာ အလှကုန် ကုမ္ပဏီရဲ့ ငွေကြေးအချက်အလက်ကို လီယွင်လုံကို ပို့ပေးပြီး အဲ့ဒီကနေ မင်း ပိုက်ဆံ ပြန်ရတယ်”

“ လီယွင်လုံထဲကနေ 5 မီလီယံကို ယူပြီး သစ္စာဖောက်တယ်ဆိုတာထက် မင်း အပတ်စဥ် လုကုမ္ပဏီကို ထိုးကြွေးပြီး ပိုက်ဆံအတွက် သစ္စာဖောက်နေတာဆို ပိုမှန်တယ်။ မင်း ဒီကြားထဲ ရှာခဲ့တဲ့ငွေက 5 မီလီယံ မကဘူး”

“ 10 မီလီယံလောက် ဆုံးရှုံးသွားရတဲ့ ကိစ္စပဲ မဟုတ်သေးဘူး။ နိုအာ ကုမ္ပဏီရဲ့ အပတ်စဥ် အချက်အလက် တွေကြောင့် လီယွင်လုံက လုကုမ္ပဏီရဲ့ အလုပ်လုပ်ပုံတွေကို ကျွမ်းကျင်သွားပြီ။ မမျှော်လင့်ထားတာတွေသာ မဖြစ်ရင် လီယွင်လုံရဲ့ အကြံအစည်က နိုအာ ကုမ္ပဏီရဲ့ ငွေကြေးပိုင်းကို ကစားပစ်ပြီး လုကုမ္ပဏီရဲ့ ပင်မ ရန်ပုံငွေကို ပိတ်ပစ်ဖို့ လုပ်မလို့ပဲ!”

လုရွှယ်ယင်ရဲ့ မျက်နှာက နောက်ဆုံးတော့ ပျက်ယွင်းသွားသည်။

ငါ သစ္စာဖောက်တဲ့သူတွေကို မုန်းတယ်။ ငါ့ရဲ့ အသွေးအသားတွေကို ဖောက်ထုတ်ပြီး အကျိုးကြီးကြီး ယူဖို့ လုပ်တဲ့ကောင်တွေကို ပိုလို့တောင် မုန်းသေးတယ်!

ထိုစကားကိုကြားတော့ ဖုန်းကျစ်ယွမ် ဟန်ချက်ပျက်သွားပြီး လင်းဖေးဟန်ကို အော်ဟစ်တော့သည်။

“ မင်း! မင်း အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့! မင်းငါ့ကို စွတ်စွဲနေတာ။ ငါဝန်ခံတယ်။ ငါလီယွင်လုံနဲ့ ပူးပေါင်းခဲ့တယ်။ ဒါပေမဲ့ ကုမ္ပဏီကို ဆုံးရှုံးစေမဲ့အရာ ငါတစ်ခုမှ မလုပ်ခဲ့ဘူး”

လင်းဖေးဟန် ခပ်ဖွဖွ ပြုံးလိုက်ပြီး

“ မင်း ဝန်ခံဖို့ ငြင်းတုန်းပဲလား? မင်းက တစ်ကယ်ခေါင်းမာတာပဲ။ ငါ ဒီဗီဒီယို သက်သေကို ရဖို့ အချိန်အကြာကြီး ပေးထားရတာ မပြောလိုဘူး။ မစ္စလုသာ အခု လီယွင်လုံကို ဖုန်းဆက်ပြီး ဒီကိစ္စနဲ့ ပတ်သတ်လို့ မေးမယ်ဆိုရင် လီယွင်လုံ မင်းကို ကာကွယ်ပေးအုံးမယ် ထင်လား?”

လင်းဖေးဟန်ရဲ့ စကားတွေက ဖုန်းကျစ်ယွမ်ကို ချက်ချင်း ကြောက်လန့်သွားစေခဲ့သည်။

ဟုတ်တယ်၊ လီယွင်လုံ သေချာပေါက် ငြင်းဆိုမှာပဲ။ ဒီလိုဆို လီယွင်လုံ သူ့ကို ကာကွယ်တော့မှာမဟုတ်ဘူး။ ကာကွယ်လိုက်တာနဲ့ သူ့ကိုယ်သူ ဖော်ထုတ်ပြီးသား ဖြစ်သွားမှာ။ သူ ငါ့ကို သေစေချင်နေလောက်တယ်!

ငါ့လို သေးငယ်တဲ့ စစ်တုရင် ခုံပေါ်က နယ်ရုပ်တစ်ရုပ်က သေသွားလဲ အရေးမပါဘူး။ ဒါပေမဲ့ လီယွင်လုံက မစ္စလုရဲ့လုပ်ငန်း ပါတနာပဲ။ ဒီကိစ္စကို လီယွင်လုံ လုပ်ခဲ့မှန်း သိသွားရင် သူမ ဆက်စစ်ဆေးမှာ မဟုတ်တော့ဘူး။

လင်းဖေးဟန် ဖုန်းကျစ်ယွမ်ရဲ့ ပုခုံးကို အသာပုတ်ရင်း ပြုံးလိုက်သည်။

“ လောဘကြီးတာ အပြစ်မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲအမှားက မင်းမှာ ဦးနှောက်မရှိနေတာပဲ။ သူများတွေကို အပြစ်တင်လို့မရဘူး”

“ ဘန်းဘန်းဘန်း”

ဖုန်းကျစ်ယွမ် သေလောက်အောင် ကြောက်လန့်သွားပြီး စတင် အသနား ခံတော့သည်။

“ မစ္စလု… ကျွန်တော်မှားမှန်း သိပါပြီ။ ကျေးဇူးပြုပြီး လွှတ်ပေးပါ”

“ ကောင်းပြီလေ။ မင်းမှာပြောစရာ ရှိသေးရင် တရားသူကြီးနဲ့သာ ပြောတော့”

လုရွှယ်ယင် ဖုန်းထုတ်ပြီး ရဲခေါ်မလို့ လုပ်လိုက်သည်။

လုရွှယ်ယင် အလွန်ကို ဒေါသထွက်နေခဲ့သည်။

လင်းဖေးဟန် အမြန်တားပြီး လုရွှယ်ယင်ကို နှစ်သိမ့်ရတော့သည်။

“ ငါပြောတာ အရင်နားထောင်ပါ။ အခုက လှုပ်ရှားလို့မကောင်းသေးဘူး။ ဘာလို့ဆို ငါတို့အခု ရဲတိုင်လိုက်တော့ လီယွင်လုံ ဘာမှ မလှုပ်ရှားရသေးတဲ့အတွက် ငါတို့ဘက်က ဆုံးရှုံးမှု ဖြစ်လိမ့်မယ်။ အများဆုံးအနေနဲ့ သူ့ဘက်က နယ်ရုပ်တစ်ရုပ် ရှုံးသွားရုံပဲ။ ငါတို့ကရန်သူကို သတိပေးမိသွားလိမ့်မယ်”

“ နင်ဘာလုပ်ချင်လို့လဲ?” လုရွှယ်ယင် မေးလိုက်သည်။

“ သူ့ကို အရင်ပိတ်ထားရအောင်၊ တစ်ခြားသူတွေ မတွေ့သွားစေနဲ့။ စီးပွားရေး ခရီးသွားနေတယ်လို့ ပြောထားလို့ ရတာပဲ။ ငါတို့ဘာမှမသိသလို ဟန်ဆောင်နေမယ်။ ပြီး နိုအာကုမ္ပဏီရဲ့ ရန်ပုံငွေကို မြင့်လိုက်ပြီး လီယွင်လုံ ခုန်ချနိုင်ဖို့ ကျွင်းကြီးကြီး တူးပေးကြတာပေါ့။ လီယွင်လုံ ပျော်ပျော်ကြီး ခုန်ချလိမ့်မယ်လို့ ငါယုံတယ်။ အခုလိုမျိုး အခွင့်အရေးယူရတဲ့ အခြေအနေကို ငါလင်းဖေးဟန် အကျွမ်းကျင်ဆုံးပဲ”

လင်းဖေးဟန် ဘယ်လိုပဲ ကြွားဝါပြောနေတာ ဖြစ်ပါစေ၊ လုရွှယ်ယင် ချက်ကျ လက်ကျ တွေးပြီးနောက်မှာ သူမရဲ့ အတွင်းဒေါသတွေကို ပြန်ဖိနှိပ်လိုက်သည်။

လင်းဖေးဟန် ပြောတာ အဓိပ္ပါယ်ရှိပြီး မှန်သည်။

ဒါပေမဲ့ ငါလက်ခံပြီး ခေါင်းညိတ်လိုက်ရင် လင်းဖေးဟန်ကို တော်တယ်လို့ ချီးကျူးမိပြီး ငါ့ကိုယ်ငါ တုံးအကြောင်း ဝန်ခံမိသလို ဖြစ်သွားမှာမလား? ငါ လုပ်မှာမဟုတ်ဘူး။

လုရွှယ်ယင် လင်းဖေးဟန်ကို လျစ်လျူရှုပြီး သူမရဲ့ ဘော်ဒီဂတ်တွေကို ခေါ်လိုက်သည်။ သူမရဲ့ ဘော်ဒီဂတ်တွေက အခုလို ဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ်တွေအတွက် တာဝန်ရှိသူတွေပဲ။

ဘော်ဒီဂတ်တွေ ဝင်လာပြီး မကြာခင်မှာပဲ ဖုန်းကျစ်ယွမ်ကို လုရွှယ်ယင်ရဲ့ ရုံးခန်း ဓာတ်လှေကားကနေ တစ်ဆင့် ခေါ်ထုတ် သွားကြသည်။

ဒါက လုရွှယ်ယင်ရဲ့ သီးသန့် ဓာတ်လှေကား ဖြစ်ပြီး သူမ အလုပ် အတက်အဆင်း လုပ်တဲ့ ဓာတ်လှေကားပဲ။ ဒီတော့ ဘော်ဒီဂတ်တွေ အဲ့ဒီကနေ ဆင်းသွားရင် ဘယ်သူမှ မြင်မှာ မဟုတ်သလို မလိုလားအပ်တဲ့ ပြဿနာတွေက ရှောင်ရှားနိုင်မည်။

All Chapters