အခန်း ၁၆၈
Vol. 12 Ch. 168
ဒါပေမဲ့ လင်းဖေးဟန် လုံးဝကို မမျှော်လင့်မိခဲ့တာက ဒီ ထူးချွန်လှတဲ့ ဆရာဝန်ယဲ့ဖန်းက အခုလောက်ထိ ဒဏ်ခံ နိုင်လိမ့်မယ်ဆိုတာပဲ။ အခုလို အခြေအနေ ရောက်အောင် သူ တွန်းပို့ပြီးထားတာတောင်မှ လုကုမ္ပဏီထဲကို ရအောင်ဝင်ပြီး လုံခြုံရေး ဖြစ်လာသေးသည်။
ပို အရေးကြီးတာက ယဲ့ဖန်းက တစ်ခါထဲ ဝတ္ထုထဲက ဇာတ်ကောင်နဲ့ ချိတ်ဆက်မိသွား သေးသည်။ အခုကာလတစ်လျှောက်လုံး တစ်ခါမှလဲ မတွေ့ဖူးသလို နှစ်ယောက်ကြားမှာ ရင်းနီးမှုကို အစပျိုးနိုင်မဲ့ မီးတောက်မျိုးလဲ မရှိခဲ့ဘဲ သူနဲ့ဘယ်လိုတောင် ရင်းနီး သွားတာလဲ?
မြက်ပင်ကို အရင်းကနေ မနှုတ်မိရင် နွေရာသီရဲ့ လေတစ်ချက်အဝှေ့မှာ သူက ပြန်ကြီးထွားလာမှာပဲလေ။
သူ့ကို ထိခိုက်လာနိုင်မည့် ဘယ်လို ကပ်ဘေးကိုမှ လင်းဖေးဟန် လက်ခံပေးလို့ မရဘူး!
ယန်ရှောင်းရွှယ်နဲ့ ယဲ့ဖန်းရဲ့ ကြားက အခြေအနေ ဘယ်လိုပဲ ရှိရှိ၊ လင်းဖေးဟန် သူတို့ရဲ့ဆက်ဆံရေးကို ဆက်ကြီးထွားစေလို့ မဖြစ်တော့ဘူး!
သူ့ရဲ့ ဘဝပေးမိုတီက ဘာလဲ?
အသက်ရှင်လုံခြုံရမယ်!
လုံခြုံမှုက အဓိကပဲ!
ဒီတော့ ကြိုးထုံးကို ထုံးသွားတဲ့သူက ပြန်ဖြေသင့်တာမလား? ဒီကိစ္စကို အစပြုတဲ့ ယန်ရှောင်းရွှယ်ကိုပဲ ပြန်ဖြည်ခိုင်းရမှာပေါ့။
အချက်အလက်တွေကို ဆက်ကြည့်တဲ့အခါမှာ ယန်ရှောင်းရွှယ်ရဲ့ မိသားစု နောက်ခံ အကြောင်း ပါလာခဲ့သည်။ သာမာန် အချက်အလက်များပင်။
လင်းဖေးဟန် အမှန်တော့ မိသားစု နောက်ခံ အကြောင်းက သိပြီးသားပင်။ သူ့ရဲ့ နတ်ဘုရား အသိဉာဏ်ကြောင့် အကုန်လုံးကို သိပေမဲ့ အားသောင်ရဲ့ ကြိုးစားပမ်းစား စေတနာကို မြင်တော့ လင်းဖေးဟန် မတတ်နိုင်စွာ ရင်ထဲ ထိသွားသည်။
တစ်ကယ်ပါ၊ ရုပ်ချောတာကလဲ ပြဿနာ တစ်ရပ်ပါပဲလား? အားသောင်လို ယောက်ျား ရင့်မာကြီးပါ သူ့ရဲ့ဆွဲဆောင်မှုပါ မြောပါ သွားရသည်။
လင်းဖေးဟန် ကားစက်နှိုးပြီး မောင်းထွက်လိုက်သည်။ လုံခြုံတဲ့နေရာ တစ်ခုကို ရောက်မှ ယန်ရှောင်းရွှယ်ရဲ့ ဖုန်းကို ခေါ်လိုက်လေသည်။
စက္ကန့်များစွာ ကြာပြီးနောက်မှ နောက်ဆုံးတော့ ယန်ရှောင်းရွှယ် ဖုန်းကိုင်ခဲ့သည်။
“ ဟယ်လို ဘယ်သူပါလဲ?”
လင်းဖေးဟန် မျက်မှောင်ကြုတ်သွားသည်။ သူ့ရဲ့ ဖုန်းနံပါတ်က ဒီလောက် ထူးခြားတာကို ဘယ်သူမှန်း မသိဘူးတဲ့လား?
လင်းဖေးဟန် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
“ ကျွန်တော်က လင်းဖေးဟန်ပါ။ လင်းကုမ္ပဏီရဲ့ ဥက္ကဋ္ဌ”
“ အာ? ဘာပြောလိုက်တာလဲ? ဆောရီးနော်.. သေချာ မကြားရလို့”
တစ်ဖက်ဖုန်းထဲကနေ ယန်ရှောင်းရွှယ် ထိတ်လန့်သွားသည်။ အမှန်တော့ သူမ သေချာမကြားတာ မဟုတ်ဘဲ မယုံကြည်နိုင် နေတာဖြစ်သည်!
လင်းဖေးဟန်ဆိုတာ ကျင်းပိုင်မြို့ရဲ့ အဆင့်အတန်းအမြင့်ဆုံး ဖြစ်သလို အသန်မာဆုံးလို့လဲ ပြောလို့ရသည်။ လူငယ် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်ပြီး ရုပ်ရှည်ပိုင်းလဲ ပြီးပြည့်စုံသည်။ အဲ့လိုမျိုး ဥစ္စာပေါ ရုပ်ချောတဲ့ ဒုတိယမျိုးဆက် သူဋ္ဌေးသားတစ်ယောက်က သူမကို တစ်ကယ်ကြီး ဖုန်းဆက်လာတာလား!
ယန်ရှောင်းရွှယ်ကို သူမများ ရူးနေတာလားလို့ တောင်တွေးမိလာစေသည်။
ဟုတ်တယ်၊ ငါ့ကို အရူးထင်နေလား?
လင်းဖေးဟန်က ငါ့ကို ဖုန်းခေါ်မှာလား? ငါက ဘယ်သူမလို့လဲ? သူက ဘာကိစ္စ ငါ့ကို ဖုန်းခေါ်မှာလဲ?
ဒါ အလိမ်ဖုန်းပဲ ဖြစ်ရမယ်!
ဒီဖုန်းနံပါတ်က လင်းဥက္ကဋ္ဌရဲ့ ဖုန်းနံပါတ်တော့ မှန်တယ်။ ဒါပေမဲ့ ဘယ်လို တိုးတတ်တဲ့ နည်းပညာနဲ့ ဖုန်းနံပါတ်ကိုပါ လိမ်လိုက်တာလဲ?
ငါသာ သဘောတူလိုက်ရင် ဖုန်းထဲကလူ ဒါမျိုး ပြောလာလောက်လား?
“ ငါ့အကောင့်က ပိတ်ထားခံရတယ်ဖို့ ပြန်ကောင်းဖို့ ယွမ်တစ်သောင်း လိုတယ်ဆိုပြီး၊ ယွမ်တစ်သောင်းပေးရင် ယွမ်တစ်သန်း ပြန်ရမှာဆိုပြီးလေ?”
ယန်ရှောင်းရွှယ် ဖုန်းတန်းချလိုက်ချင်ပေမဲ့ သူမ နှလုံးသားထဲမှာ မျှော်လင့်ချက် တစ်ချို့လဲ ရှိသေးသည်။ ဒါအမှန် ဖြစ်လောက်လား?
အလိမ်ခံရနိုင်ချေက မြင့်မားနေသော်လည်း ယန်ရှောင်းရွှယ် သူမ ကံများထူးသွားမလား ဆိုပြီး မျှော်လင့်နေမိဆဲဖြစ်သည်။
ယန်ရှောင်းရွှယ် သူမရဲ့ ရုံးခန်းကို အမြန် ဝင်လာလိုက်သည်။
သိတယ်မလား.. ဖုန်းခေါ်နေတာ လင်းဖေးဟန်လေ!
ယန်ရှောင်းရွှယ် သူမရဲ့ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး ပြောလိုက်သည်။
“ တစ်ဆိတ်လောက်.. ကျွန်မ.. ကျွန်မ မေးချင်လို့ပါ။ ရှင်က လင်းဖေးဟန်မှန်း ကျွန်မ ဘယ်လိုယုံရမှာလဲ?”
လူတိုင်းမှာ အခုလို အိပ်မက်မျိုး ရှိမှာပင်။ တစ်နေ့ကျရင် မင်း ရုံးခန်းမှာ အလုပ်လုပ် နေတုန်း မင်း သဘောကျရတဲ့ စူပါးစတား ဆီကနေ ရုတ်တရက် ဖုန်းအခေါ်ခံရပြီး အသံကလဲ အဲ့ဒီစူပါးစတားနဲ့ ဆင်တူ နေမည်ပေါ့။ ဒီလိုမျိုး လက်တွေ့မှာသာ ဖြစ်လာခဲ့ရင် ဘယ်သူမဆို သံသယစိတ်တွေ နှလုံးသားထဲ အပြည့်ဖြစ်နေရင်တောင် ကြိုးစားကြည့်လိမ့်မယ်လို့ ယုံသည်!
ဥပမာပြောရရင် ငါ Guo Tao ကို ကြိုက်တယ်။ Guo Tao ဆီက ဖုန်းကို လက်ခံရလို့ကတော့ သေချာပေါက် အကောင့်နံပါတ် တန်းပေး ပစ်လိုက်မှာ!
လရောင် အောက်က ရိုမန်တစ်ဆန်လှတဲ့ အိပ်ယာပေါ်ကို ရောက်နေသလို ငါခံစားနေရတယ်…
ထိုအချိန်မှာ ယန်ရှောင်းရွှယ်ရဲ့ အခြေအနေက အိပ်မက်နဲ့ လက်တွေ့ မသဲကွဲနေခဲ့ဘူး။
လင်းဖေးဟန် ခပ်ဖွဖွ ပြုံးလိုက်သည်။ သူ့ရဲ့ အပြုံးတွင် အံ့သြနေမှုတို့ မပါပေ။ ထို့နောက်မှာ လင်းဖေးဟန် ပြောလိုက်သည်။
“ ကျင်းပိုင်မြို့မှာ ကျွန်တော့် ဖုန်းနံပါတ်ကို သုံးနိုင်တဲ့ တစ်ခြားသူ ရှိလို့လား? မင်း မယုံသေးရင် ကျွန်တော့်ရဲ့ သီးသန့် ကိုယ်ပိုင် ဝီချက်အကောင့်ကို အပ်လိုက်လို့ရတယ်။ ဝီချက် အကောင့်နံပါတ်က 1xxxxxပဲ။ ကျွန်တော်တို့ ဗီဒီယိုကောလ် ပြောလို့ ရသွားပြီ”
အခု ယန်ရှောင်းရွှယ်ရဲ့ အတွေးတွေကို လင်းဖေးဟန် ကောင်းကောင်း နားလည်သည်။ သူ့ရဲ့ နာမည်ကို ကြားလိုက်တာနဲ့ အခုလိုမျိုး ပျော်ရွှင်သွားတဲ့ အတွင်းစိတ်ကို မဖုံးကွယ်နိုင်တဲ့ မိန်းကလေးမျိုးကို သဘောကျသည်။ လင်းဖေးဟန် သူ့ရဲ့ ထားစရာ နေရာမရှိတဲ့ ဆွဲဆောင်မှုကို နောက်ဆုံးတော့ လက်ခံလိုက်လေပြီ။
လင်းဖေးဟန် သူ့ရဲ့ နာမည်က မိန်းမ တစ်ယောက်အပေါ် ဘယ်လောက်တောင် သက်ရောက်နိုင်လဲကို နောက်ဆုံးတော့ လက်ခံလိုက်ပြီ။ ကုမ္ပဏီ ဥက္ကဋ္ဌဆိုတဲ့ ရာထူးအောက်မှာ သူ့ရဲ့ဆွဲဆောင်မှုက ပိုလို့ ခိုင်မာတောင့်တင်းသွားသေးသည်။ ပြီးတော့ ရုပ်ရည်ချောမောမှုကလဲ ကုမ္ပဏီ ဥက္ကဋ္ဌဆိုတဲ့ ရာထူးနဲ့ လိုက်ဖက်လှသေးသည် မလား?
လင်းဖေးဟန်ရဲ့ စကားကို ကြားတော့ ယန်ရှောင်းရွှယ် အမြန် သဘောတူလိုက်သည်။
“ အိုခေ ခဏစောင့်ပါ။ ကျွန်မ အခုအပ်လိုက်မယ်”
ယန်ရှောင်းရွှယ် ဖုန်းအမြန်ချလိုက်ပြီး ဝီချက်ထဲ ဝင်ပြီး အပ်ဖို့လုပ်လိုက်သည်။
လင်းဖေးဟန်ရဲ့ အကောင့်နံပါတ်ကို တန်းရှာ ပြီးတာနဲ့ တောင်းဆိုချက် ပို့လိုက်တော့သည်။
ထို့နောက်မှာ လင်းဖေးဟန်ရဲ့ ပရိုဖိုင်ပုံကို နှစ်ခါလောက် ပြန်ကြည့်လိုက်မိသည်။
Anime ကာရိုက်တာ ပုံကြီးလား?
ယန်ရှောင်းရွှယ် ခဏမျှ ကြောင်အ သွားသည်။ တစ်ဖက်က လူလိမ်ဆိုတာ သူမ တော်တော် သေချာသွားပြီ။
ယန်ရှောင်းရွှယ်ရဲ့ နှလုံးသားထဲမှာ ရှိတဲ့ လင်းဖေးဟန်သည် အေးစက်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ CEO တစ်ယောက်ပဲ။ ဒီလိုလူက ဘယ်လိုလုပ်… ကာတွန်း ပရိုဖိုင်ကို သုံးမှာလဲ?
လင်းဖေးဟန်ရဲ့ ပရိုဖိုင်က ကလေးဆန်တယ်လို့ လုရွှယ်ယင်လဲ အရင်က တွေးခဲ့ဖူးသည်။
သူတို့က အခုလို ကြီးမားတိုးတတ်တဲ့ မြို့ကြီးမှာ နေထိုင်ကြတာပဲ။ တစ်နေကုန် အလုပ်လုပ်ရပြီး အနားယူချိန် မရှိကြဘူး။ ဒီတော့ ကာတွန်းကမ္ဘာရဲ့ လှပမှုနဲ့ anime ရုပ်ရှင်တွေရဲ့ ဆွဲဆောင်နိုင်စွမ်းကို သူတို့ ဘယ်နားလည်နိုင်ပါ့မလဲ?
အိုတာကူရဲ့ နှလုံးသားထဲက အံ့သြဖွယ် ကောင်းလှတဲ့ ခံစားချက်တွေကို သူတို့ ဘယ်သဘောပေါက်မှာလဲ?
ဒီ sailor moon ဇာတ်ကောင်ပုံက လင်းဖေးဟန် အကြိုက်ဆုံး ဇာတ်ကောင်ပုံပဲ!
အဓိက အကြောင်းအရင်းကတော့ တင်ပါးကြောင့်ပဲ!
ခဏအကြာတွင် လင်းဖေးဟန်ရဲ့ ဖုန်း၌ တောင်းဆိုချက် နိုတီ တက်လာခဲ့သည်။
“ ယန်ရှောင်းရွှယ်မှ မိတ်ဆွေဖြစ်ရန် တောင်းဆိုချက် ပို့လိုက်ပါသည်”
လင်းဖေးဟန် ချက်ချင်းပဲ လက်ခံလိုက်ပြီး အရင် ဗီဒီယိုကောလ် ခေါ်လိုက်ဖို့ ပြင်လိုက်သည်။
မိုက်ခ် ပုံစံ ခလုတ်ကို ကြည့်ပြီး လင်းဖေးဟန်ရဲ့ နှုတ်ခမ်းတွေ မနေနိုင်စွာ အပေါ်ကော့တက် သွားသည်။
မင်းကို ကျင်းပိုင်မြို့ရဲ့ အထူးချွန်ဆုံးနဲ့ အခန့်ညားဆုံး လင်းဥက္ကဋ္ဌနဲ့ တွေ့ပေးမယ်။ သူ့ရဲ့ ခန့်ညားမှုတွေကြောင့် မင်း လန့် မပြေးသွားဖို့ပဲ မျှော်လင့်တယ်။
အချိန်အကြာကြီး စောင့်ပြီးနောက်တွင် ဗီဒီယိုကောလ်ကို တစ်ဖက်မှ လက်ခံလိုက်သည်။
ဒါပေမဲ့ တစ်ဖက်က ဗီဒီယို ဘက်က အနီရောင်နဲ့ ပိတ်နေခဲ့သည်။ ယန်ရှောင်းရွှယ် သူမရဲ့ လက်ချောင်းကို သုံးပြီး ကာထားတာ သိသာလှသည်။
ဒါက မိန်းမတွေရဲ့ သဘာဝအလျောက် သတိကြီးမှုတွေပဲလေ။ တစ်ဖက်က ဘယ်သူ ဘယ်ဝါမှန်း သေချာ မသိရတဲ့ ဖုန်းကောလ်မျိုးကို လက်ခံရတဲ့ အခြေအနေ မျိုးမှာဆိုရင် တစ်ဖက်လူဆီကို သူမတို့ရဲ့ ရုပ်ကို အလွယ်တကူ မြင်ခွင့်ပေးပါ့မလား?
လင်းဖေးဟန်က မိန်းမတွေရဲ့ စိတ်အခြေအနေကို နားလည်ပြီးသားမို့ ဒီလို သေးငယ်တဲ့အချက်တွေကို သူ ဂရုမစိုက်ဘူး။ လင်းဖေးဟန် ယဥ်ကျေးစွာ ပြုံးပြလိုက်ကာ
“တစ်ဆိတ်လောက်ပါ မစ္စယန်။ အခုမင်း ကျွန်တော့်ကို အတည်ပြုလို့ ပြီးသွားပြီလား?”
တစ်ဖက်မှ အသံတိတ်နေပြီး စကားတစ်လုံး တောင် မထွက်လာခဲ့ပေ။ ဒါပေမဲ့ တစ်ဖက်လူရဲ့ တုန်ယင်နေတဲ့ အခြေအနေကို လင်းဖေးဟန် အထင်းသား မြင်နေရသည်။ သူမ စိတ်လှုပ်ရှားလွန်ပြီး စကား မပြောနိုင် နေတာပဲ။