← Chapters

အိမ်ပြန်ချင်တယ်

Vol. 1 Ch. 10

အိမ်ပြန်ချင်တယ်

Vol. 1 Ch. 10

ကျန်းကျင်းခိုင်သည် အားကျောက်ကို ဖက်ပြီး ဆေးရုံထဲမှ ခပ်ဖြေးဖြေးပင် ထွက်လာခဲ့၏။ ဤသည်မှာ သူတို့နှစ်ဦး ပထမဆုံးအကြိမ် တဦးနှင့်တဦး အနီးကပ်ထိတွေ့ဖူးခြင်း ဖြစ်သည်။ ကျန်းကျင်းခိုင်သည် အားကျောက်၏ဝလစ်စလစ်ကိုယ်ခန္ဓာကို မြင်ဖူး၏။ သို့သော် နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး ထိတွေ့ဖူးခြင်းမရှိ။ အားကျောက်၏ အသားအရေမှာ နူးညံ့လှ၏။ နုနယ်လှ၏။

"မင်း ကိုယ့် ဘာသာကို လမ်းလျှောက်နိုင်မလား?" ကျန်းကျန်းကိုင် စိုးရိမ်ဟန်ဖြင့်မေးသည်။

ဒါမှမဟုတ် ဘီးတပ်ကုလားထိုင်ပဲ ငှားလိုက်ရမလား"

"ဘီးတပ်ကုလားထိုင် ရဲတပ်ဖွဲ့က ပိုက်ဆံပေးမှာလားရှင့်"" အားကျောက်က ကျန်းကျင်းခိုင်ကို ပြုံးစိစိနှင့် အရွှန်းဖောက်လိုက်လေသည်။

"မဟုတ်ရပါဘူးကွာ" ကျန်းကျင်းခိုင် ဘာပြောရမှန်းမသိ။ သူ စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကုတ်လိုက်၏။

ဒီကောင်မလေးကတော့ တော်တော်ထူးဆန်းတယ်...

"ကျွန်မ လမ်းပဲလျှောက်ပါ့မယ်ရှင်"

အားကျောက် ခပ်တိုးတိုး ပြောလိုက်၏။

"လေ့ကျင့်ခန်းလုပ်ဖို့လည်း လိုနေပြီမလား"

သူမ​၏စကားကြောင့် ကျန်းကျင်းခိုင် ပြုံးလိုက်၏။ ထို့နောက် သူက အားကျောက် အဆင်ပြေပြေလျှောက်နိုင်စေရန် ညာဘက်လက်ဖြင့် အားကျောက်၏ ညာပခုံးကိုဖက်လိုက်ပြီး ဘယ်ဘက်လက်ဖြင့် သူမ၏ဘယ်ပခုံးကို ဖေးမပေးထားလိုက်လေသည်။ သူတို့နှစ်ဦး၏ ပုံစံမှာ ဝေးဝေးကကြည့်လျှင် အားကျောက်တကိုယ်လုံး ကျန်းကျင်းခိုင်၏ ရင်ခွင်ထဲရောက်နေသည့်ပုံပင်။ အမှန်အတိုင်းပြောရလျှင် အားကျောက်သည် ကျန်းကျင်းခိုင်၏ ရင်ခွင်ထဲတွင် မှီထားလိုက်ချင်၏။ သို့သော် ထိုအတွေးကိုသူမ ချက်ချင်းပယ်ဖျက်လိုက်၏။

ငါက မကောင်းတဲ့မိန်းမပဲလေ..ဒီလိုလုပ်လိုက်ရင် ငါ့ကိုသူ ပိုပြီး အထင်သေးသွားရုံပဲ ရှိမှာပေါ့...

သူတို့နှစ်ဦးသည် တဖြည်းဖြည်းနှင့် ဆေးရုံဂိတ်တံခါးဝသို့ ရောက်လာခဲ့၏။

"ဒီမှာခနစောင့်နေနော် ကျုပ် ကားသွားထုတ်လိုက်အုံးမယ်"

ကျန်းကျင်းခိုင်သည် အားကျောက်ကို ဆေးရုံဂိတ်တံခါးတွင် ခနထားခဲ့ပြီး ကားသွားထုတ်ရန် ထွက်ခွာသွားလေသည်။

"သွားပါ ကျွန်မ ဘယ်မှမသွားပါဘူး"

အားကျောက် ပြုံးပြလိုက်၏။

သူ သိပ်သဘောကောင်းတာပါလား...

သိပ်မကြာမှီ ကျန်းကျင်းခိုင်၏ ရဲကား အား​ကျောက်ရှိရာသို့ ရောက်လာ၏။ ကားထဲမှ ကျန်းကျင်းခိုင်ထွက်လာပြီး အားကျောက်အား ကားဘယ်ဘက်ခြမ်းဆီသို့ ဖေးမရင်း ခေါ်သွားလေသည်။

"ကဲ တက်နိုင်ပါပြီဗျာ"

"ဟုတ်ကဲ့"

ရဲကားကိုကြည့်ရင်း အားကျောက်က ကျန်းကျင်းခိုင်ကို ခေါင်းငဲ့ရင်း မေးလိုက်၏။

"ကျွန်မက နောက်ခန်းမှာထိုင်ရမှာလားရှင့်"

"ဟားဟား"

ကျန်းကျင်းခိုင် ရယ်မောလိုက်၏။

"ဒီတစ်ခါတော့ ရှေ့ကထိုင်ရမှာပါကွာ"

"ကျွန်မက ရဲကားဆို နောက်ခန်းကပဲ လိုက်ဖူးတာ"

အားကျောက်တယောက် ပြုံးစေ့စေ့နှင့် ဖြစ်နေလေသည်။

"ရှေ့ခန်းက နောက်ခန်းထက် ပိုထိုင်လို့ကောင်းမှာပေါ့နော်"

ကျန်းကျင်းခိုင် ဘာမှမပြောပဲ အားကျောက်ကို ပြုံးပြလိုက်၏။ ထို့နောက် သူက ကားနားရောက်သည်နှင့် အားကျောက်ကို လက်နှစ်ဖက်ဖြင့် ပွေ့ချီလိုက်သည်။ အားကျောက် အံ့သြသင့်သွား၏။ ထိုအချိန်တွင် သူမ၏မျက်နှာသည် ကျန်းကျင်းခိုင်နှင့် လက်တစ်ကမ်းအကွာသာရှိလေသည်။ ကျန်းကျင်းခိုင်နှင့် ဤမျှနီးကပ်စွာရှိနေသဖြင့် အားကျောက်၏ မျက်နှာတခုလုံး ရဲရဲနီသွား၏။

"ဟောဒီမှာဗျာ ထိုင်လို့ရပါပြီ"

ကျန်းကျင်းခိုင်သည် အားကျောက်အား ရှေ့ခုံတွင် ကျကျနန နေရာချထားလိုက်၏။ အားကျောက်တယောက် ဒဏ်ရာကြောင့် ကားထဲသို့ အဝင်ခက်မည်ကို သူ သိ၍ သူကိုယ်တိုင် နေရာချထားပေးလိုက်ခြင်းပင်။

"မင်းရဲ့အိမ်လိပ်စာပေးပါအုံးကွ"

ယာဥ်မောင်းထိုင်ခုံတွင် ဝင်ထိုင်ရင်း အား​ကျောက်ကို သူ မေးလိုက်၏။

"ကျူအန်းအိမ်ယာ ရဲစခန်းရဲ့ကန့်လန့်ဖြတ်မှာရှိတဲ့ အိမ်ယာလေ"

အားကျောက်က ထိုနေရာကို ကျန်းကျင်းခိုင် သိမသိ မသေချာသဖြင့် ရှင်းပြလိုက်ခြင်း ဖြစ်သည်။

"အိုး အဲဒီနေရာလား"

ကျန်းကျင်းခိုင်က ကားစက်နှိုးရင်း ပြောလိုက်၏။

ဒီမိန်းကလေးမဆိုးပါလား...ဒီလိုအဆင့်မြင့်အိမ်ယာမျိုးမှာတောင် နေနိုင်တယ်...

ကျန်းကျင်းခိုင်၏ရဲကားသည် မကြာမီ ကျူအန်းအိမ်ယာသို့ ရောက်ရှိလာ၏။ အားကျောက်ညွှန်ပြသည့်အတိုင်း ကားကို ကားပါကင်တွင် သူ ရပ်လိုက်သည်။

"ကျွန်မက အပေါ်ဆုံးထပ်မှာနေတာရှင့်"

ကားစီးလာရခြင်းကြောင့် အားကျောက်၏ တကိုယ်လုံး မသိမသာ တုန်ယင်လျက်ရှိ၏။ ရဲကားသည် ဇိမ်ခံကားတစ်စီးနှင့် မတူညီသလို ကျန်းကျင်းခိုင်သည်လည်း ပရော်ဖက်ရှင်နယ်ယာဉ်မောင်းမဟုတ်။ ပုံမှန်ယာဉ်မောင်းတစ်ဦးလည်းမဟုတ်။ နှစ်ပေါင်းများစွာ ရဲကားဖြင့် တရားခံများကို အမြန်လိုက်မောင်းခဲ့ရသည့်အတွက် ကျန်းကျင်းခိုင်သည် ကားမောင်းကြမ်းသူတဲဦးဟု ဆိုနိုင်ပေသည်။

"တကယ်လား မင်းတိုက်ခန်းက တော်တော်လှတယ်နော်" ကျန်းကျင်းခိုင်က ချီးကျူးစကားပြောလိုက်၏။

"အင်း ဟုတ်တယ်ရှင့်"

အားကျောက် ပြုံးလိုက်၏။ ထို့နောက် သူမက ကျန်းကျင်းခိုင်ယုံကြည်သွားစေရန် လုပ်ဇာတ်တပုဒ် ခင်းပြလိုက်လေသည်။

"ဒီတိုက်ခန်းရဲ့ပိုင်ရှင်က အခု နိုင်ငံခြားမှာနေတယ် တစ်ခါတုန်းက ကျွန်မရဲ့ဖောက်သည်ဆိုပါတော့ရှင် ဒီတော့ ကျွန်မက သူ့အိမ်မှာလဲနေတယ် အိမ်ကိုလဲထိန်းသိမ်းပေးရတယ်ဆိုပါတော့"

သူမသည် အပျော်မယ်တဦးဖြစ်၍ သူမ၏ လုပ်ဇာတ်မှာလည်း ယုတ္တိရှိနေ၏။

"အော် အဲဒီလိုလား"

ကျန်းကျင်းခိုင် အထက်ပါအတိုင်း ရေရွတ်လိုက်သည်။ သူ့မျက်နှာတွင် အနည်းငယ်မကျေမနပ်ဖြစ်နေဟန်ပေါ်နေ၏။ အားကျောက်ကလည်း ဤသည်ကိုပင် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ဒီတော့ ရှင် ကျွန်မကို နည်းနည်းတော့ ဂရုစိုက်တယ်ပေါ့လေ...

အားကျောက် ကြိတ်ပြုံးလိုက်၏။

"ကဲ ကျုပ်တို့အောက်ဆင်းကြမယ်"

ကျန်းကျင်းခိုင်က အားကျောက်၏လက်မောင်းကိုကိုင်ပြီး ကားပေါ်မှဆင်းရန် ကူညီပေးလိုက်လေသည်။

"ဟုတ်ပြီ၊ သွားကြရအောင်"

ထို့နောက် သူက အားကျောက်ကိုပွေ့ချီရင်း လှေကားအတိုင်ူ အပေါ်သို့တက်လိုက်လေသည်။

"ဘာလုပ်နေတာတုန်းရှင့် ကျွန်မကိုအောက်ချစမ်းပါ"

အားကျောက် အော်ဟစ်လိုက်၏။ သို့သော် သူမ၏လက်များက ကျန်းကျင်းခိုင်၏လည်ပင်းအား ဖက်တွယ်ထားဆဲပင်။

"စိတ်မပူနဲ့ ကျုပ် မင်းကို အပေါ်ထပ်အထိ ပွေ့သွားနိုင်တယ်"

ကျန်းကျင်းခိုင် အားကျောက်အား တိုက်ခန်းဆီသို့ ပွေ့ချီသွားရင်း ပြောလိုက်သည်။

"ဒီတံခါးဖွင့်ဖို့ ကုဒ်ရိုက်ထည့်ပေးပါအုံးကွ"

အားကျောက်က ကျန်းကျင်းခိုင်၏လည်ပင်းဆီမှ လက်တဖက်ကို ဖြေလျော့ရင်း သူမလုပ်နေသည်ကို ရှင်းပြလျက် ပြောလိုက်သည်။

"ပထမ ၃-၀-၂ နှိပ်မယ် ပြီးရင် ၅-၂-၁-၁-၃-၁-၄ နှိပ်မယ် နောက်ဆုံးကတော့ လက်ဗွေရာပေါ့ အိုကေ တံခါးဖွင့်ပါပြီ"

သူမသည် ကျန်းကျင်းခိုင်ကို တိုက်ခန်းသို့ မည်သို့မည်ပုံ ဝင်ရောက်ရမည်ကို တမင်တကာ ပြောပြလိုက်ခြင်းပင်။

ကျန်းကျင်းခိုင်သည် အပေါ်ထပ်သို့တက်ရန် လှေကားထစ်များဆီသို့ ခြေလှမ်းလိုက်၏။

"မဟုတ်ဘူး ရှင်ဟာလေ ငတုံးလေးပါလား" အားကျောက်က ကျန်းကျင်းခိုင်၏ နှာခေါင်းကိုညှစ်လိုက်ပြီး အထက်ပါအတိုင်း မာန်မဲလိုက်သည်။ ဤသည်မှာ ယခုအချိန်အထိ သူတို့နှစ်ဦးကြား အရင်းနှီးဆုံးအပြုအမူဖြစ်နိုင်ပေသည်။ သူမက လှေကားအနီးရှိ ထောင့်တစ်နေရာကိုညွှန်ပြီး ပြောလိုက်ပြန်သည်။

"အဲဒီနားမှာ ဓာတ်လှေကားရှိတယ်ရှင့်"

"အင်း အင်း ဟုတ်ပါပြီဗျာ"

ကျန်းကျင်းခိုင်သည် အားကျောက်ကို ဓာတ်လှေကားဆီသို့ ပွေ့ချီသွားရင်းအောက်ပါအတိုင်း တွေးနေမိလေသည်။

ဒီနေရာဟာ အထက်တန်းစားအိမ်ယာပဲ ဒီလိုနေရာမှာ သူ့လို့လူမျိုးကို နေခွင့်ပေးထားတယ်ဆိုတော့ တမျိုးပါလား"

"ကဲ ကျွန်မအိမ်က်ို ရောက်ပါပြီရှင်"

ဓာတ်လှေကားမီအထွက် သူတို့ရှေ့တည့်တည့်ရှိ တံခါးက်ို ညွှန်ပြရင်း အားကျောက် ပြောလိုက်ခြင်းပင်။

"ကုဒ်ရိုက်ပြီး တံခါးဖွင့်ပေးပါလား ကျွန်မ ဖွင့်ရခက်နေလို့"

အားကျောက်ကား ကျန်းကျင်းခိုင်၏ ရင်ခွင်ထဲတွင် ဆက်၍နေချင်သေးဟန်ပင်။

"ဟားဟား မင်း ကျုပ်ကို တစ်သက်လုံးများ ချီခိုင်းနေသလားကွာ"

ကျန်းကျင်းခိုင်က အားကျောက်က်ိုကြည့်ရင်း အရွှန်းဖောက်လိုက်လေသည်။

"အံမလေးတော်"

အားကျောက်၏မျက်နှာပြန်နီမြန်းသွား၏။

"ကျွန်မ ကိုယ့်ဟာကိုယ်ပဲ ဖွင့်တော့မယ်"

ထိုတခနအတွင်းမှာပင် ကျန်းကျင်းခိုင်နှင့်မိမိမှာ အလှမ်းဝေးလှသည်ဟု အားကျောက် ခံစားလိုက်ရ၏။

နင်က ဘယ်သူလဲ နင်က လမ်းပေါ်က ပြည့်တန်ဆာ သူက ရဲတစ်ယောက် နင့်လိုမိန်းမကို သူ ဘယ်လိုလုပ်ချစ်နိုင်မှာလဲ ဒါနဲ့နေပါအုံး ငါ့က််ုယ်ငါ ဘယ်တုန်းက ပြည့်တန်ဆာလို့ တွေးမိသွားတာလဲ...ဘာဖြစ်ဖြစ် တံခါးအရင်ဖွင့်လိုက်တာ ကောင်းပါတယ်လေ

အားကျောက်၏ အိမ်သည် အတော်လေးကျယ်ဝန်းပြီး အခန်းတွင်းအလှဆင်မှုများမှာ အလွန်အဆင့်မြင့်၏။ ပြည့်တန်ဆာတဦး၏ အိမ်နှင့် လားလားမျှ မတူချေ။ ကျန်းကျင်းခိုင်သည် အိမ်ထဲသို့ လိုက်မဝင်ပဲ အိမ်ရှေ့တွင် ရပ်နေလိုက်၏။

"အိမ်ထဲဝင်ပါအုံးရှင် ကျွန်မမရောက်တာကြာလို့နည်းနည်းတော့ရှုပ်နေမယ်"

မည်သို့ဆိုစေ တအိမ်လုံးသည် ကျန်ကျင်းခိုင်အတွက်တော့ အလွန်သန့်ရှင်းနေသည်ဟု ထင်ရသည်။ အားကျောက်သည် ပျင်းရိသောမိန်းမတယောက် ဟုတ်ပုံမရ။

"အိုကေ ကျွန်မ လိုချင်တာရပြီ"

အားကျောက်က သူမ၏အိပ်ခန်းမှထွက်လာပြီး ပြောလိုက်သည်။

ကျွန်မကို စာတိုက်လိုက်ပို့ပေးနိုင်မလား"

"ရတာပေါ့ကွာ"

ကျန်းကျင်းခိုင် ခေါင်းညိတ်ပြလိုက်သည်။

ကျန်းကျင်းခိုင် ဘာမှဆက်မမေးသော်လည်း အားကျောက်ကတော့ ရှင်းပြလိူက်၏။

"ကျွန်မ မိဘတွေဆီ ပိုက်ဆံလွှဲမလို့လေ သူတို့ ဒီပိုက်ဆံကို အရေးတကြီးလိုနေတယ်"

"ကောင်းပြီလေ သွားကြရအောင်"

ကျန်းကျန်းကိုင်က တိုက်ခန်းမှထွက်လိုက်၏။ သို့သော် အားကျောက်က မတ်တပ်ရပ်နေလေသည်။

"ဘာလဲရှင် တစ်ဝက်ပဲဝန်ဆောင်မှုပေးမှာလား"

အားကျောက်က သရော်တော်တော်ဟန်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

"ကောင်းပြီဗျာ တရာရာခိုင်နှုန်း ဝန်ဆောင်မှုပေးပါ့မယ်"

ပြောပြောဆိုဆို သူက အားကျောက်ကို ပွေ့ချီပြီး အောက်သို့ဆင်းလာခဲ့လေသည်။

All Chapters