သူမသည် ကျင့်ဝတ်မဲ့သော လူတိုင်းနှာခေါင်းရှုံ့ကြသော အထင်အမြင်သေးကြသော ပြည့်တန်ဆာအလုပ်ကိုလုပ်နေသူ။ သူသည်ကား တရားရေးစနစ်၏ တစိတ်တပိုင်း၊ အမှန်တရားကို ရှာဖွေသူ၊ လူ့လောက၏ အမှိုက်သရိုက်များအား ဥပဒေဘောင်ထဲသို့ ပို့ဆောင်ပေးသူ။ မျဥ်းပြိုင်နှစ်ကြောင်းကဲ့သို့ ကိုယ်စီမျက်နှာမူရာဘက်ကို အသီးသီးကျောခိုင်းလျှောက်နေကြသည့့်လူနှစ်ယောက်။ ထိုသို့သောလူနှစ်ယောက် လူနေမှုဘဝ တယောက်က်နှင့်တယောက် မိုးနှင့်မြေအလား ကွဲပြားကြသော်လည်း ကံကြမ္မာက သူတို့ကို ချိတ်ဆက်ပေးခဲ့၏။ ဤဇာတ်လမ်းသည် ချစ်ခြင်းမေတ္တာ၏ အလှတရားကို ညွှန်းဆိုသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ သို့သော် အခြားတဖက်ခြမ်းတွင်တော့ ဆက်တိုက်ဖြစ်ပွားလာသော အတွဲလိုက်လူသတ်မှုများနှင့်အတူ လျှို့ဝှက်မှုများ၊ ဆန်းကြယ်မှုများ၊ ပဟေဠိများနှင့် ပြည့်နှက်နေ၏။ ဤဇာတ်လမ်းသည် သာမန်မဟုတ်သည့် ထူးခြားဆန်းကြယ် စွမ်းအားတစ်ခုနှင့် ဆက်နွယ်နေသောဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ၎င်း အမျိုးအမည်မသိသောစွမ်းအားသည် မျက်စိရှေ့မှာပင် ရှိကောင်းရှိနေနိုင်သည်။ သို့မဟုတ် ဘယ်တုန်းကမှ မရှိခဲ့သည်မျိုးလည်း ဖြစ်နိုင်နေပေသည်။

