← Chapters

အာတောက်၏အတွေးများ

Vol. 6 Ch. 59

အာတောက်၏အတွေးများ

Vol. 6 Ch. 59

အာကျောက် ထွက်သွားပြီးနောက် အာတောက်တယောက် သီးသန့်ခန်းထဲတွင် တစ်ယောက်တည်း ဆက်ထိုင်နေ၏။ သူ စားပွဲထိုးကို ခေါ်ပြီး ပိုက်ဆံမရှင်းသေးချေ။ ထိုအစား သူသည် ပြတင်းပေါက်အပြင်ဘက်ဆီမှ ကောင်းကင်ကို ငြိမ်သက်စွာ ငေးမောနေလေသည်။

အတွေးထဲတွင် ဗလကောင်းကောင်းလူတယောက် အမောတကော ပြေးလာနေသည်ကို အားတောက်မြင်လိုက်ရသည်။ ထိုလူသည် ဒယိမ်းဒယိုင် ဖြစ်နေ၏။ ၎င်း၏ ဘယ်ဘက်လက်က ဝမ်းဗိုက်ကို ဖိထားလေရာ လက်ချောင်းများကြားမှ သွေးများ စိမ့်ထွက်နေသည်ကို အတိုင်းသား တွေ့နေရသည်။ ထိုလူသည် မှောင်မိုက်သော လမ်းကြားတစ်ခုထဲသို့တဟုန်ထိုး ပြေးဝင်သွား၏။ သူ အားကုန်သုံး၍ ပြေးနေခြင်း ဖြစ်သည်။ သူ့နောက်ဆီမှ အသံဗလံများ၊ ရဲကားဥဩသံများ ဆူညံစွာ ထွက်ပေါ်လာနေ၏။

ထိုလူ လမ်းကြားကို အကဲခတ်လိုက်၏။ လမ်းမှာ ကားတစ်စီး ဖြတ်သွားရန်ပင် ကျဉ်းမြောင်းလွန်းနေသည်။ လူအုပ်ကြီး သူ့နောက်မှ လိုက်လာနေကို တစ်ချက်ကြည့်ပြီးနောက် သူ လမ်းကြားထဲသို့ ဆက်လက်ပြေးဝင်လာခဲ့၏။ ညဉ့်အချိန်ဖြစ်လေရာ လေတချက်အသော့တွင် လူတိုင်း အရိုးထိ အေးစိမ့်သွားသည်။ အထူးသဖြင့် ဒဏ်ရာရထားသော ထိုလူကို ပို၍ အေးစိမ့်သွားစေ၏။

"အံမလေး"

လမ်းကြားထဲမှ မိန်းကလေးတစ်ဦး၏အော်သံ ထွက်ပေါ်လာသည်။ ထိုလူသည် လိုက်လာသူများလက်မှ လွတ်မြောက်ရန်သာ အာရုံစိုက်နေရသဖြင့် လမ်းကြားရှိ ပြည့်တန်ဆာများကို ဂရုမစိုက်မိချေ။ ထို့ကြောင့် သူ ဤမိန်းကလေးကို မတော်တဆ တိုက်မိသွားခြင်းပင်။ သူမ အံ့အားတကြီးနှင့် သူ့ကို အော်ဟစ်ဆဲဆိုနေ၏။

“နင် မျက်စိကန်းနေလား လူတယောက်လုံးကိုတောင် မမြင်ဘူးလား”

“အား… …”

ထိုလူ နာကျင်စွာ ညည်းတွားလိုက်မိ၏။ သူ့အနေနှင့် သူမနှင့် အငြင်းအခုန်လုပ်ရန်ပင် အင်အားမရှိတော့။ အကြောင်းမှာ နှစ်ဥိးသားတိုက်မိရာတွင် မိန်းကလေးထက် သူက ပိုမိုနာကျင်သွားသောကြောင့်ပင်။

"ရှင်…”

မိန်းကလေးက သူ၏ဝမ်းဗိုက်ကို ကြည့်ပြီး အံ့သြသွား၏။

“သွေးတွေလား”

သူမက အထက်ပါအတိုင်း မေးလိုက်ပြန်သည်။

"မအော်… မအော်ပါနဲ့”

ထိုလူ တိုးတိုးလေး တောင်းပန်လိုက်၏။

“တောင်းပန်ပါတယ် ကျုပ်… ကျုပ် သွားတော့မယ်…”

“ရှင် တကယ်ပဲ အဲ့လောက်တောင် တုံးရသလား"

မိန်းကလေး တစတစပို၍နီးကပ်လာသော ဆူညံသံများကို ကြားလိုက်ရ၍ ထိုလူကို ကြည့်လိုက်သည်။ ထို့နောက် သူမက သူ့လက်မောင်းကို ဆွဲကာ အဆောက်အအုံတခုအတွင်းသို့ ဆွဲခေါ်သွားတော့သည်။

“အသက်ရှင်ချင်ရင် အသံမထွက်နဲ့”

အဆောက်အအုံမှ ပြန်ထွက်ခါနီးတွင် မိန်းကလေးက ထိုလူကို အထက်ပါအတိုင်း မှာလိုက်သေး၏။

ထိုအချိန်တွင် ထိုလူနောက်မှ လိုက်လာသော လူများ လမ်းကြားထဲသို့ ရောက်လာကြ၏။

"ကျုပ်တို့က ရဲတွေပါ ခုနက ပြေးသွားတဲ့လူတစ်ယောက်ကို ခင်ဗျား မြင်လိုက်သေးလား”

သူတို့ထဲမှ တစ်ဦးက ကျယ်လောင်စွာ မေးလိုက်၏။

"ဪ ရဲတွေလား မတွေ့ရပါလားရှင်…”

ထိုလူအုပ်သည် ရဲများဖြစ်ကြောင်း ကြားလိုက်၍ မိန်းကလေး တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားလေသည်။

“မလိမ်နဲ့ကောင်မ”

အော်မေးလိုက်သော ရဲအရာရှိက မိန်းကလေးကို ငေါက်လိုက်၏။

“ငါတို့ ဒီကောင် ဒီထဲ ဝင်ပြေးသွားတာ မြင်လိုက်တယ်ကွ”

“ဪဟုတ်သားပဲ ကျွန်မ မြင်လိုက်တယ် သူ… သွေးတွေအများကြီး ထွက်နေတယ်လေ… ဟိုဘက်ကို ပြေးသွားတယ်ရှင့်…”

မိန်းကလေးက ထိတ်လန့်ဟန်ဆောင်ရင်း ရဲများကို ဖြီးလိုက်သည်။ ထို့နောက် သူမက လမ်းကြား၏ အခြားတစ်ဖက်ကို လက်ညှိုးထိုးပြလိုက်၏။

"အဲဒီလူ ဟိုဖက်ကို ပြေးသွားလေရဲ့…”

“ဟေ့ မှီလိုက်သေးလား ဘယ်ကိုပြေးသွားတာတတုန်းကွ”

နောက်ထပ်ရောက်လာသော ရဲအရာရှိတစ်ဦးက သူ့လူများကို မေးလိုက်၏။

“အင်စပက်တာကျန်း သူ အဲ့ဒီဘက်ကို ပြေးသွားတယ်”

ပထမရဲအရာရှိက နောက်ထပ်ရောက်လာသူကို ပြန်ဖြေလိုက်လေသည်။

“ကောင်းပြီ လိုက်ဖမ်းကြစို့”

အင်စပက်တာကျန်းဟု ခေါ်သောရဲအရာရှိက အမိန့်ပေးလိုက်၏။ ထို့နောက် ရဲများသည် အလွန်လျင်မြန်စွာနှင့် လမ်းကြား၏ အခြားတစ်ဖက်သို့ ပြေးဝင်ပျောက်ကွယ်သွားကြလေသည်။

ရဲများကို အောင်မြင်စွာ လမ်းလွှဲပြီးသည်နှင့် မိန်းကလေးသည် အဆောက်အအုံဆီသို့ ပြန်သွားကာ ဒဏ်ရာရနေသော ထိုလူကို ထူပေးလိုက်၏။ သူမက သူ့ကို လမ်းလျှောက်နိုင်ရန် ကူညီပေးပြီး ပြောလိုက်၏။

ရှင် တိတ်တိတ်နေနော်”

ထိုလူ ခေါင်းငြိမ့်လိုက်၏။ ၎င်း၏မျက်နှာမှာ ဖြူလျော်နေပြီ ဖြစ်သည်။ မိန်းကလေးသည် ထိုလူ သူမ၏ညွှန်ကြားချက်များကို လိုက်နာသည်ကို မြင်သောအခါ အဝတ်တထည်ကိုဖြဲပြီး ထိုလူ၏ဒဏ်ရာကို တင်းကျပ်စွာ စည်းနှောင်လိုက်၏။ ထို့နောက် သူမ စစ်အင်္ကျီဟောင်းတစ်ထည်ကို ယူကာ ထိုလူ၏ ပခုံးပေါ်သို့ လွှမ်းခြုံပေးလိုက်ပြန်သည်။ ထို့နောက် သူမ စိုးရိမ်တကြီး မေးလိုက်ပြန်၏။

“ရှင် လမ်းလျှောက်နိုင်လား ဒီနေရာက မလုံခြုံတော့ဘူး”

“လျှောက်နိုင်တယ်”

ထိုလူ အံတင်းတင်းကြိတ်ရင်း ပြန်ဖြေလိုက်လေသည်။

“ကောင်းပြီ”

ထို့နောက် မိန်းကလေးက ထိုလူကို အခန်းမှ ထွက်နိုင်ရန် ကူညီပေးလိုက်၏။ သူတို့နှစ်ဦးသည် ရဲများကိုရှောင်ကွင်းရန် လမ်းကြားအတွင်း မြွေလိမ်မြွေကောက်သွားရင်း နောက်ဆုံးတွင် မိန်းကလေး၏ အိမ်သို့ရောက်လာကြလေသည်။

“ရပြီ ဒီလောက်ဆိုရင်တော့ လုံခြုံလောက်ပါပြီ"

အထက်ပါအတိုင်းပြောရင်း မိန်းကလေးက ထိုလူကိုယ်ပေါ်မှ ပတ်တီးများကို ဖယ်ရှားပေးရင်း ထပ်မေးလိုက်ပြန်သည်။

"အာ ရှင်သွေးတွေထွက်နေတုန်းပဲ ကျွန်မ ဘာလုပ်ပေးရမလဲ"

“ဟဲဟဲ ရပါတယ်ဗျာ”

တဆက်တည်းမှာပင် ထိုလူက မိန်းကလေးကို ကျေးဇူးတင်စကားပြောလိုက်လေသည်။

“ကျေးဇူးတင်ပါတယ်… ကျုပ်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”

“ကျေးဇူးတင်တာက အရေးမကြီးဘူး ရှင် ကျွန်မအိမ်မှာတော့ လာမသေနဲ့နော်”

မိန်းကလေးက နှုတ်ခမ်းများကို တင်းတင်းစေ့ရင်း မကျေမနပ်နှင့် ပြောလိုက်သည်။

“ရှင် လူကောင်း မဟုတ်ဘူးမလား ဟိုရဲ ကျွန်မကို ကောင်မလို့ မခေါ်ခဲ့ဘူးဆိုရင် ကျွန်မ ရှင့်ကို ရဲလက်အပ်လိုက်တာကြာပြီ”

“မင်း မှန်တယ်…”

ထိုလူသည် စကားကို အလွန်ခက်ခဲစွာ ပြောနေရ၏။

"ကျုပ်က လူဆိုးတစ်ယောက်ပါပဲ”

“ရပြီ ရှင် စကားမပြောနဲ့တော့”

မိန်းကလေးသည် ထိုလူ၏ဒဏ်ရာကိုကြည့်ရင်း စိတ်ပူလာဟန်ရှိသည်။

“ရှင့်ကို ဆေးရုံပို့မှရမယ်ထင်တယ်"

“မပို့နဲ့ … ကျုပ်ကို ဓားတစ်ချောင်းလောက်ပဲ ရှာပေးပြီးရင် ဓားကို မီးအပူပေးလိုက် ကျန်တာ ကျုပ် ကိုယ့်ဘာသာကိုယ် လုပ်နိုင်တယ်…”

“ကောင်းပြီလေ”

ထို့နောက်မိန်းကလေးက ထရပ်ကာ ထိုလူဘေးမှ ထွက်သွား၏။ ဓားကိုအပူပေးနေစဉ် သူမသည် ပိတ်စတချို့နှင့်အနာလိမ်းဆေးတို့ကို အိမ်ထဲတွင် လှည့်ပတ်ရှာလိုက်သေးသည်။

“ကျေးဇူးတင်ပါတယ်”

မိန်းကလေး သူ့အတွက် လုပ်ပေးနေသည်ကို မြင်သောအခါ ထိုလူက ထပ်မံကျေးဇူးတင်လိုက်ပြန်သည်။

"ကျုပ်… ကျုပ် မင်းရဲ့ ကြင်နာမှုကို ပြန်ဆပ်ဖို့ နည်းလမ်းတစ်ခုခု ရှာမှာပါ”

“ရပါတယ်ရှင်..ရှင့်ကိုဖမ်းမိသွားရင်သာ ကျွန်မ ရှင့်ကို ကူညီခဲ့ကြောင်း ရဲတွေကိုမပြောရင် ရပါပြီ"

မိန်းကလေး၏ လေသံမှာ သရော်သံပေါက်နေလေသည်။

"ကျွန်မ ဓားသွားယူတော့မယ်”

နီရဲနေသော ဓားတစ်ချောင်းနှင့် အရက်ပျံပုလင်းတစ်လုံးကို ကိုင်ထားရင်း သူမ ပြန်ရောက်လာ၏။ ထို့နောက် သူမက ထိုပစ္စည်းမျိုးကို ထိုလူရှေ့တွင် ချထားပြီး ချက်ချင်းလှည့်ထွက်သွားလေသည်။ ထိုလူ ပြုလုပ်တော့မည့်အရာကို သူမ ကြောက်နေ၏။ ထို့ကြောင့် သူမ မြင်ရမှာစိုးနေလေသည်။

ထိုလူက မိန်းကလေး၏ နောက်ကျောကို ကြည့်ရင်း လေးနက်စွာ ပြုံးလိုက်၏။ ထို့နောက် သူ ဘေးနားရှိ ဖိနပ်စင်မှ အမျိုးသမီးစီးဖိနပ်တစ်ရန်ကို ကောက်ယူကာ ပါးစပ်ဖြင့် ကိုက်ထားလိုက်လေသည်။ တဖန် သူသည် ဓားကို ပိုးသတ်ပြီး ဓားသွားဖြင့် ဗိုက်ထဲတွင် နစ်ဝင်နေသော ကျည်ဆန်ကို တူးထုတ်လိုက်၏။ ပြီးနောက် ဓားဖြင့် ဒဏ်ရာကို ဖိကပ်လိုက်၏။ နောက်ဆုံး သူ နာကျင်မှုကြောင့် လောကကြီးနှင့် အဆက်ပြတ်သွားလေသည်။

ထိုလူ နိုးလာချိန်တွင် သူ မိန်းကလေး၏ အိပ်ရာပေါ်လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူမ အလွန်ဗလကောင်းသောသူ့ကို အိပ်ရာပေါ် မည်သို့မည်ပုံ ဆွဲတင်လိုက်သိမသိ။ သူသိသည်မှာ သူ့ဒဏ်ရာကို ဆေးလိမ်းထားပြီး ပိတ်စဖြင့် တင်းကျပ်စွာ စည်းနှောင်ထားခြင်းပင်။ ဘေးနားရှိစားပွဲပေါ်တွင် မှတ်စုစာရွက်တစ်ရွက်နှင့်အတူ ဆန်ပြုတ်၊ နို့နှင့် တခြားအစားအစာများ ရှိနေ၏။

“ကျွန်မ အလုပ်သွားတော့မယ် ရှင် ဒီမှာပဲနေ ဘယ်မှမသွားနဲ့”

စာရွက်ပေါ်တွင် လှပသောလက်ရေးနှင့် အထက်ပါအတိုင်း ရေးသားထားသည်။ စာရွက်အောက်ခြေတွင် အားကျောက်ဟူသော သူမနာမည်ကို ရေးထိုးထားသေး၏။

“အစ်ကိုတောက် ကျွန်တော် အစ်မကျောက်အိမ်ကို ပို့ပေးခဲ့ပြီးပြီ”

အားမင်၏ စကားသံကြောင့် အားတောက် စိတ်နှင့်ကိုယ် ပြန်ကပ်သွားလေသည်။

"အေး ကောင်းတယ်"

အာကျောက် ကယ်ဆယ်ခဲ့သောလူမှာ တခြားသူမဟုတ်။ အားတောက်ပင် ဖြစ်သည်။ တကယ်တော့ သူ အားကျောက်နှင့် ပထမဆုံးတွေ့ခဲကြသည့် အခိုက်အတန့်ကို သတိရမိနေခြင်းပင်။

ဒဏ်ရာများ သက်သာလာသည်နှင့် အားတောက်သည် ဆံပင်ကို ပြောင်နေအောင် ရိပ်ပစ်လိုက်၏။ ထို့နောက် သူ တခြားမြို့တမြို့တွင် မျက်နှာကို ပလတ်စတစ်ဆာဂျရီ အနည်းငယ်ပြုလုပ်ပြီး မြို့သို့ ပြန်လာခဲ့လေသည်။ ဤနည်းဖြင့် ထင်ရှားကျော်ကြားလှသောထိပ်ပြောင်ဝံပုလွေရှုကွမ်းလျန်သည် ဤကမ္ဘာတွင် မရှိဖူးသလို ပျောက်ကွယ်သွားတော့၏။ သူ့နေရာတွင် ရိုင်းစိုင်းသော်လည်း သာမန်လူတစ်ဦးသာဖြစ်သော ဟန်တောက်အဖြစ် ထွက်ပေါ်လာခဲ့လေသည်။

"ကဲ ကျုပ်တို့ သွားဖို့ အချိန်တန်ပြီ”

အာတောက်က ထိုင်ခုံမှ ထရပ်ရင်း ပြောလိုက်သည်။ အားမင် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူတို့နှစ်ယောက် အခန်းထဲမှ ထွက်ခွာလာခဲ့ကြလေသည်။

All Chapters