← Chapters

အလုပ်ကြိုးစားသော အားကျောက်

Vol. 1 Ch. 3

အလုပ်ကြိုးစားသော အားကျောက်

Vol. 1 Ch. 3

အချိန်သည် မြန်မြန်ဆန်ဆန်ပင် ရွေ့လျားနေ၏။ မျက်စေ့တမှိတ်အတွင်း လဝက်မျှအချိန် ကုန်ဆုံးသွားလေသည်။ အမှု၏ အခြေအနေမှာကား ဘာမှထူးခြားမလာခဲ့။ မြို့တော်တဝှမ်းရှိ ရဲစခန်းတိုင်းသိို့ မည်သည့်လူပျောက်တိုင်ကြားမှုမှ ရောက်ရှိမလာခဲ့လေရာ အရိုးနှင့်အရေပြားသာကျန်ရစ်ခဲ့သော သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း ရဲတပ်ဖွဲ့မှ အတည်ပြုနိုင်ခြင်း မရှိခဲ့ချေ။

တဖန် ရဲများအနေနှင့် ရှောက်မေနှင့်ပတ်သက်၍လည်း အမှုအား အထောက်အကူပြုနိုင်မည့် မည်သည့်သဲလွန်စမှ ရရှိခဲ့ခြင်းမရှိချေ။ အားကျောက်ထံမှ ကျန်းကျင်းခိုင် နောက်ပိုင်းတွင် သိရှိလာရသည်မှာ ရှောက်မေသည် သမီးလိမ္မာလေးတစ်ဦး ဖြစ်သည်ဟူ၏။ သူမ၏မိသားစုသည် အလွန်ဝေးကွာသော ဒေသတခုတွင် နေထိုင်ကြပြီး သူမတွင် နာမကျန်းဖြစ်နေသော မိခင်အိုကြီးနှင့် ရဲအရာရှိတစ်ယောက်ဖြစ်လာရန် အိပ်မက်မက်နေသူ တက္ကသိုလ်တက်နေဆဲ အစ်ကိုတဦး ရှိ၏။ သနားစရာရှောက်မီလေးသည် မိခင်ကြီး၏ ဆေးကုသစရိတ်နှင့် အစ်ကိုဖြစ်သူ၏ ပညာသင်စရိတ်ကိုပါ မနိုင်ဝန်ထမ်းထားရရှာသည်။ ရှောက်မီမသေဆုံးမီတရက်အလိုက မိသားစုထံ နောက်ဆုံး ငွေလွှဲခဲ့ကြောင်း အားကျောက်ထံမှ ကျန်းကျင်းခိုင် သိရလေသည်။ ရှောက်မီ၏ မိသားစုအနေနှင့် တလတာခန့် ပျော်ရွှင်မှုရစေရန် သူမ၏သေဆုံးမှုအား အကြောင်းမကြားသေးရန် ကျန်းကျင်းခိုင်အား အားကျောက်က တောင်းဆိုခဲ့သေးသည်။ ထိုတောင်းဆိုချက်ကို ကျန်းကျင်းခိုင်က လိုက်လျောခဲ့၏။

အသတ်ခံရသူနှစ်ဦးနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် မည်သည့်သဲလွန်စမှ မကျန်ရစ်ခဲ့။ ဤသို့ဖြင့် အမှုမှာ အဆုံးသတ်သွားတော့မည်ဟု ထင်ရလေသည်။ ဤအတောအတွင်း ရဲဌာနတာဝန်ယူထားရသည့် နယ်မြေအတွင်း လက်နက်ကိုင်တိုက်ခိုက်မှုတရပ် ဖြစ်ပွားခဲ့လေရာ ထူးဆန်းသောလူသတ်မှု၍ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ အလိုအလျောက် ရပ်ဆိုင်းသွားတော့သည်။ ထိုအခါ လမ်းကြားလေးအတွင်းမှ အ​ပျော်မယ်လေးများ၏ ဘဝမှာလည်း ပုံမှန်အတိုင်း ပြန်လည်လည်ပတ်သွားကြပြန်သည်။ လူတိုင်း ထမင်းစားရသည် မဟုတ်ပါလား။ ဤကမ္ဘာကြီးဝယ် အခမဲ့မနက်စာမရှိသလို အခမဲ့နေ့လည်စာနှင့် ညစာလဲ မရှိချေ။

အားကျောက်သည်လည်း ပုံမှန်အတိုင်း ဖောက်သည်များကို စောင့်မျှော်ရင်း၊ အလုပ်လုပ်ကိုင်ရင်း ဟန်ချက်ညီညီ လှုပ်ရှားနေရပြန်၏။ သူမနှင့် ကျန်အဖော်များသည် ယခင်အတိုင်း လျပ်ပေါ်လော်လီသည့် အဝတ်အစားများကို ဝတ်ဆင်ရင်း ဖောက်သည်များအား ငံ့လင့်နေကြရပြီမဟုတ်ပါလား။ သာမာန်အားဖြင့် ရှောက်မေအား လူတိုင်းမေ့သွားပြီဟု ထင်မှတ်ရသည်။ သို့သော် အားကျောက်၏ စိတ်ထဲတွင် ရှောက်မေနှင့်ပတ်သက်ပြီး တစုံတရာ ကျန်ရှိနေဆဲပင်။ ထိုအခါ အားကျောက်သည် ယခင်ကထက် ဖောက်သည်များအား ပိုမိုလက်ခံလာ၏။ ဤသို့နှင့် ထုံးစံအတိုင်း သူမ၏ ကွယ်ရာတွင် အတင်းအဖျင်းများ ဖြစ်ပေါ်လာပြန်သည်။

"ကြည့်စမ်း ကြည့်စမ်း အားကျောက်က ဒီနေ့ ဖောက်သည်ရှစ်ယောက်တောင် လက်ခံထားတယ်တော့"

"ဟုတ်ပအေ မမောဘူးလားမသိဘူး"

"အို ငယ်တုန်းရွယ်တုန်း ပိုက်ဆံရှာရတာပေါ့အေ"

"ဟဲ့ တနေ့ကို ဒီလောက်လယ်ထွန်နေမှတော့ သူ့ဟာကြီးက ရောင်ရမ်းပြီး ပုပ်သွားအုံးမယ် မကြောက်ဘူးလားမသိဘူး"

အနှီ အတင်းအဖျင်းစကားများကား အားကျောက်၏ နောက်ကွယ်မှ စကားများပေတည်း။ လူတိုင်းလိုလိုသည် ကြိုးစားပမ်းစား အလုပ်လုပ်နေကြ၏။ ထို့ကြောင့် အားကျောက် အလုပ်ကြိုးစားသည်မှာ ဘာမှ မဆန်းလှချေ။ ထို့အပြင် အားကျောက်၏ မာရေကျောရေနိုင်လှသော စရိုက်က ဤလမ်းကြားတွင် နာမည်ကြီး၏။ထို့ကြောင့် သူမအား ဒဲ့ပြောရဲသူ မည်သူမှ မရှိ။

တခုသော ညတစ်ညတွင် ဖြစ်သည်။ အားကျောက်၊ အားဟွေနှင့် အားဟွီးတို့သည် နံရံကို မှီကာ ဖောက်သည်များကို စောင့်ဆိုင်းရင်း စကားစမြည်ပြောနေကြ၏။ ထိုအခိုက်မှာပင် ခပ်လှမ်းလှမ်းမှ မူးရူးနေဟန်တူသော လူငယ်တစ်စု သူတို့ထံချည်းကပ်လာရင်း အောက်ပါအတိုင်း မေးလိုက်၏။

"ဟေ့ အချောလေး ဘာညာသွားအုံးမလား"

"ဟုတ်"

အားဟွေက ပထမဆုံး တုံ့ပြန်လိုက်၏။

"ရတယ်လေအစ်ကို ဘယ်လိုသွားမလဲ အုပ်စုလိုက်လား ဒါမှမဟုတ် တယောက်ချင်းပဲလား"

အားဟွေ၏ တုံ့ပြန်မှုကြောင့် အဆိုပါ လူငယ်များသည် တစ်ဦးကိုတစ်ဦး အပြန်အလှန်ကြည့်ရင်း ရယ်မောလိုက်ကြ၏။ သက်သက်မဲ့ လှောင်ပြောင်လိုသောသဘောနှင့် အထာလာခင်းမှန်း သိသာလှသည်။ ထိုစဥ် တယောက်က ပြောလိုက်ပြန်သည်။

"သွားကြရအောင်သားကြီးတို့ မနက်ဖြန်အလုပ်ရှိသေးတယ်လေကွာ"

"အကုန်လုံး အလုပ်ရှိတယ် ပြီးတော့ ငါတို့က မကောင်းတဲ့ကောင်မတွေနဲ့ ပျော်ပါးရအောင်လာကြတာ မဟုတ်ဘူးလေကွာ ပြန်ကြတာပဲကောင်းမယ်"

ကျန်တစ်ဦးက ထပ်ပြောလိုက်ပြန်သည်။

သို့သော် "မကောင်းသောကောင်မ"ဟူသော စကားလုံးသည် အားကျောက်၏ ဒေါသနှင့်မာနကို နှိုးဆွသလို ဖြစ်သွားစေ၏။

"ဘာဖြစ်လို့လဲ ကောင်လေးတို့ ပိုက်ဆံကုန်သွားလို့လား"

ထိုအခါ သူမက တမင်ရိသဲ့သဲ့ပြောလိုက်၏။

"ပိုက်ဆံမရှိရင် ယန်းဟွာလမ်းကြားထဲ မျက်နှာလာမပြတာ ကောင်းလိမ့်မယ် ဒီမှာ အလကားဘာမှမရဘူးရှင့်"

"မင်း ဘယ်သူ့ကို စကားပြောနေတယ်ထင်သလဲ"

အရက်မူးနေသော လူငယ်တစ်ဦးက ဒေါသတကြီးနှင့် မေးလိုက်၏။

"ငါပြောတာသေချာနားထောင်စမ်းကောင်မ ငါ့မှာ ပိုက်ဆံအများကြီးရှိတယ် ဒီည မင်းမြော့သွားစေရမယ်"

"ကောင်းပြီလေ ပိုက်ဆံရှိရင် ရှိကြောင်းသက်သေပြလိုက်ပေါ့ရှင်"

အားကျောက်က ဟန်မူပါပါနှင့် ပြောလိုက်၏။

"ကောင်းပြီလေ သိပ်ပြရတာပေါ့"

ထို့နောက် ထိုလူငယ်က အားကျောက်၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

"ဒီညတော့ မင်းနဲ့ငါ တွေ့ကြပြီပေါ့ကွာ"

"ကျန်တဲ့သူတွေကော... ဒီည ကျွန်မနဲ့အတူ ဘယ်သူတွေ ပျော်ချင်သေးလဲရှင့်"

အားကျောက်က ထပ်မံဆွဲဆောင်လိုက်ပြန်သည်။

"နှစ်ယောက်ဆိုရင် ကျွန်မက ဆယ်ရာခိုင်နှုန်း လျှော့ပေးလိုက်မယ်"

"ကောင်းပြီ ဟေ့ကောင်တွေ ငါ ဝေတုန်နဲ့ လိုက်သွားပေးလိုက်မယ်"

ကျန်လူငယ်တစ်ဦးက ရှေ့သို့တက်လာရင်း ပြောလိုက်၏။

"ကောင်းပြီလေ ဟေ့ လီကျွန်းဟိုင် မင်း ဝေတုန်ကို ဂရုစိုက်လိုက်ပါ"

ကျန်နှစ်ဦးက ထိုသို့ပြောပြီး အားဟွာနှင့် အားဟွီးတို့ကို ခေါ်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

"သိပ်မလောကြနဲ့လေ ရှင်တို့ ကျွန်မတို့ကို ခေါ်မယ်ဆိုရင် ပိုက်ဆံအရင်ပေးထားအုံးမှပေါ့ရှင်"

"သိပ်ရတာပေါ့ကွာ"

ကျန်းဝေတုန်က ချက်ချင်းပင် အိတ်ထဲမှ ယွမ်ငွေ ၄၀၀ကို ထုတ်ယူပြီး အားကျောက်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ကျန်တာယူထားလိုက် ဒီည မင်းတော့ နာပြီလို့သာမှတ်ထားပေတော့"

"ကျေးဇူးတင်ပါတယ်ရှင်"

အားကျောက်က ချစ်စဖွယ်အမူအရာဖြင့် ပြန်ပြောလိုက်သည်။ ထို့နောက် သူမက ယွမ်စက္ကူငွေနှစ်ရွက်ကို သူမ၏ အိတ်ထဲသို့ ထည့်ကာ အခြားနှစ်ရွက်ကို အားဟွေနှင့် အားဟွီးတို့ထံ ပေးလိုက်၏။ထို့နောက် အပျော်မယ်သုံးဦးသည် ဖောက်သည်သည်များကို ဦးဆောင်ခေါ်ယူကာ အဆောက်အဦးထဲသို့ ဝင်သွားကြကုန်၏။

ရှောက်မေ သေဆုံးခဲ့သည့် အခန်းကို ဖြတ်သန်းစဥ် အားကျောက်တစ်ယောက် မနေနိုင်မထိုင်နိုင် အခန်းထဲသို့ လှည့်ကြည့်လိုက်၏။ အခန်းထဲမှ တိုးထွက်လာသည့် အေးစက်သော လေထုကို သူမ ဖြတ်ခနဲ ခံစားလိုက်ရသည်။ ထိုအခါ မျက်လုံးတစ်စုံက သူမကို စိုက်ကြည့်နေသယောင်ယောင်ပင်။ သို့သော် အားကျောက်သည် သတ္တိကောင်းသူ ဖြစ်၏။ ရှောက်မေသည်လည်း သူမ ပထမဆုံးမြင်ဖူးသည့် လူသေမဟုတ်။ အတန်ကြာသော် အားကျောက်တစ်ယောက် ကိုယ့်ကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့လေသည်။

အားဟွေနှင့်အားဟွီးတို့သည် ဒုတိယထပ်ရှိ အခန်းနှစ်ခန်းသို့ ဖောက်သည်များနှင့်အတူ ဝင်သွားကြ၏။ အားကျောက်သည် သူမ၏ ဖောက်သည်နှစ်ဦးကို တတိယထပ်သို့ ခေါ်ဆောင်သွားသော်လည်း အခန်းတိုင်းမှာ လူပြည့်နေလေသည်။ အဆောက်အဦးတခုလုံးအတွင်း အခန်းလွတ်ဟူ၍ ရှောက်မေ အသတ်ခံရသည့် အခန်းသာ ကျန်တော့သည်တကား။

"ဘယ်သွားရမှန်းမသိတော့ဘူးလား"

ကျန်းဝေ့တုန်းက ညစ်ကျယ်ကျယ်ပြုံးရင်း အားကျောက်၏ တင်ပါးကို ဖျစ်ညှစ်ကာ လှောင်လိုက်၏။

"အခန်းမတွေ့ရင် ဒီထဲမှာပဲ ဆော်လိုက်ကြမလား"

ကျန်းဝေတုန်၏ တစ်တစ်ခွခွစကားကြောင့် အားကျောက် မျက်နှာနီရဲသွား၏။

"အိုး ဘယ်လိုဖြစ်တာတုန်း ရှက်သွားတာလားဟ"

ကျန်းဝေတုန်၏ နှာခေါင်းကြီးက အားကျောက်၏ ပါးပြင်နားတွင် ဝဲနေလေသည်။

"ကဲ တော်လိုက်တော့ ကျွန်မတို့ အောက်ကိုပဲ ပြန်ဆင်းကြရအောင်"

နောက်ဆုံးတော့ အားကျောက်သည် ဖောက်သည်နှစ်ဦးအား ရှောက်မေသေဆုံးသွားသည့်အခန်းထဲသို့ ခေါ်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

အခန်းသည် အေးစိမ့်နေ၏။ ရှောက်မေနှင့်အမည်မသိဖောက်သည်၏ အလောင်းများကား ရေခဲတိုက်သို့ ရောက်ရှိသွားလေပြီ။ သေဆုံးသူနှစ်ဦး နောက်ဆုံးထိတွေ့ခဲ့သော အိပ်ရာသည် မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် သန့်ရှင်းနေသည်ဟု ထင်ရသည်။

"ကဲ ရောက်ပါပြီရှင် ကျွန်မတို့..."

အားကျောက် စကားပင်မဆုံးလိုက်။ ကျန်းဝေတုန်က သူမအား အိပ်ယာပေါ်သို့ တွန်းချလိုက်၏။

"ဟေ့ ကျွန်းဟိုင် သူ့ကို ဖိထားစမ်း ဒီမှာ ဆရာကြီးဘယ်သူလဲဆိုတာ ငါ ကောင်းကောင်းပြလိုက်အုံးမယ်"

ပြောပြောဆိုဆို ကျန်းဝေတုန်းက အားကျောက်၏ အတွင်းခံများကို ဆွဲချွတ်ပြီး သူမအပေါ်သို့ တက်ခွလိုက်၏။

အခန်းထဲရှိ မီးရောင်မှာ မှေးမှိန်ဖျော့တော့လှသည်။ အလင်းရောင်မှိန်မှိန်အောက်ဝယ် ယောကျာ်းနှစ်ဦးနှင့်မိန်းမတစ်ဦးတို့သည် ငွေကြေးနှင့်လိင်ကို ဖလှယ်သည့် လုပ်ငန်းတွင် သူတို့၏ အခြေခံအကျဆုံး စိတ်ဆန္ဒများကို အားရပါးရကြီးပင် ဖွင့်ထုတ်နေကြတော့သည်။

အခန်းထဲတွင် အသံများမှာ ဗြောင်းဆန်နေ၏။ ထိုအခိုက်မှာပင် အပေါ်ထပ်ရှိ အခန်းတစ်ခန်းမှ မိန်းမတစ်ဦး၏ ငယ်သံပါအောင်အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။ သူတို့ သုံးဦးသားသည် အသံကြောင့် ထိတ်လန့်သွားပြီး မျက်နှာကြက်ကို ပြိုင်တူမော့ကြည့်လိုက်ကြ၏။

တကယ်တော့ ကျန်းဝေတုန်နှင့် လီကျွန်းဟိုင်းတို့၏ ခပ်ကြမ်းကြမ်းဆက်ဆံမှုကြောင့် အားကျောက် ပင်ပန်းနွမ်းနယ်နေသည်မှာ အမှန်ပင်။ သို့သော် သူမ၏ မိတ်ဆွေအမျိုးသမီးများ ဘေးကင်းရေးနှင့် အတွင်းစိတ်ထဲမှ တစုံတရာကို ကြောက်ရွံ့နေမှုမှာ ပို၍အားသာနေပေသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ အလွန်ပင်ပန်းခဲ့ရ၏။ ထိုသို့ ပင်ပန်းရအောင်လည်း သူမ အလုပ်ကို အားသွန်ခွန်စိုက် လုပ်ခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူမအနေနှင့် ဤဘဝမှ လွတ်မြောက်လိုလာ၍သာဖြစ်သည်။ ရှောက်မေကိုကြည့်ရင်း သူမ၏ အတွေးအခေါ်တချို့ ပြောင်းလဲသွားခဲ့၏။ သနားစရာရှောက်မေသည် မိသားစုအတွက် ပေးဆပ်လုပ်ကိုင်ရင်း အသက်ပေးခဲ့ရသည် မဟုတ်ပါလား။

All Chapters