← Chapters

ဟော့ပေါ့ဆိုင်မှမတော်တဆမှု

Vol. 2 Ch. 18

ဟော့ပေါ့ဆိုင်မှမတော်တဆမှု

Vol. 2 Ch. 18

"ကဲ ကဲ စားကြရအောင်"

စားပွဲထိုးရောက်လာသည်နှင့် ဟော့ပေါ့အိုးအပူချိန်ကိုညှိုရင်း ကျန်းကျင်းခိုင်က ပြောလိုက်သည်။

"ဘာကိုအရင်စားမလဲ ပုစွန်လုံးလား ဒါမှမဟုတ်ဝက်သားလွှာလား"

"ပုစွန်လုံးစားမယ်"

စားပွဲပေါ်က အစားအသောက်များကို မြင်သည်နှင့် အားကျောက်၏ စိတ်ခံစားချက် ချက်ချင်းပြောင်းသွား၏။ ဆေးရုံအစားအသောက်များကို သူမ ငြီးငွေ့လှပြီ မဟုတ်ပါလား။ အပြောင်းအလဲပြုလုပ်ရခြင်းမှာ စိတ်ပျော်စရာပင်။

"အားရှုနဲ့ ဆက်သွယ်တဲ့လူတွေများ ရှိသလား"

ကျင်းကျင်းခိုင်က ပုစွန်လုံးပြုတ်ကို အားကျောက်၏ပန်းကန်ထဲထည့်ပေးရင်း မေးလိုက်သည်။

"မသိဘူး ဒါတော်တော် အရသာရှိတာပဲ"

အားကျောက် ရိုးရိုးသားသားပင် ဖြေလိုက်လေသည်။

"ကျွန်မတို့အလုပ်မှာ လူတွေက ဝင်လိုက်ထွက်လိုက်ပဲရှင့် လမ်းကြားထဲက ထွက်သွားတဲ့သူတွေ ဘယ်ရောက်ကုန်မှန်း ကျွန်မတို့လဲ မသိဘူး"

"ဒါဆို မင်းကရော နှစ်နှစ်လုံးလုံး ဒီလမ်းထဲမှာပဲ ဘာလို့အလုပ်လုပ်နေသလဲ"

ကျင်းကျင်းခိုင်က ပြုံးရင်း မေးလိုက်ပြန်သည်။

"ကျွန်မလား"

အားကျောက် တွေခနဲ ဖြစ်သွား၏။

"ကျွန်မက တုံးတယ်လေ ပြီးတော့ ပိုက်ဆံလဲမရှိဘူးရှင့် အရင်ဖောက်သည်တစ်ယောက်ရဲ့အိမ်ကိုလည်း ကြည့်ပေးနေရတယ်ဆိုတော့ ဘယ်သွားဖြစ်တော့မလဲရှင်"

"ဟုတ်ပါပြီကွာ"

ကျင်းကျင်းခိုင် ခေါင်းညိတ်လိုက်သည်။

"လမ်းထဲက ကိစ္စတွေက်ိုသိချင်ရင် အားချွန်တို့က်ို မေးပါလား"

အားကျောက်က အစားအသောက်များ ပလုတ်ပလောင်းစားသောက်ရင်း အကြံပေးလိုက်၏။

"သူတို့က ဒီလမ်းထဲမှာ ကြာပြီ ပြီးတော့ အလုပ်လုပ်နေတဲ့ညီအစ်မတွေအားလုံးက သူတို့ကိုကာကွယ်ခပေးရတယ် ဒီတော့ လမ်းထဲမှာတခုခုဖြစ်ရင် သူတို့သိဖို့များတယ်ရှင့်"

"အေး ဒါအဓိပ္ပါယ်ရှိသားပဲ"

ကျင်းကျင်းခိုင်က အားကျောက်၏ ပန်းကန်ထဲအစားအသောက်များ ထည့်ပေးရင်း ပြောလိုက်၏။

မင်းမှန်တာတစ်ခုတော့ရှိတယ်ကလေးမ...အားချွန်ဆိုတဲ့ငတိ တခုခုတော့ သိနေရမယ်ကွ...

"ရှင်က ဘာလို့မစားတာလဲ"

အားကျောက်က ကျန်းကျင်းခိုင်ကိုကြည့်ရင်း မေးလိုက်သည်။

"ဘာလဲ ရှင်က ဟော့ပေါ့မကြိုက်ဘူးလား"

"မဟုတ်ပါဘူး ကျုပ် ဟော့ပေါ့ကြိုက်ပါတယ်"

ကျင်းကျင်းခိုင်က ရယ်လိုက်လေသည်။

"ဒါပေမယ့် ဒီနေ့ ကျုပ် ကြိုက်တဲ့ဟာတွေ မမှာထားမိဘူးလေ"

"တကယ်လား ဘာလို့လဲ"

အားကျောက်က မေးခွန်းထုတ်လိုက်၏။

" တကယ်တော့ ကျုပ်က အစပ်ကြိုက်တယ်ကွ"

ကျင်းကျင်းခိုင်က ရေတစ်ငုံသောက်ရင်း ဖြေလိုက်၏။ ထို့ပြင် ည ကားမောင်းပြန်ရမည်ဖြစ်၍ သူ အရက်လည်း မမှာထားမိချေ။

"ကောင်းလိုက်တာ"

အားကျောက် လက်ခုပ်တီးလိုက်သည်။

"ဟားဟား ဒါကြောင့်ကိုး ကောင်းတယ် အဲတာ ကျွန်မကြိုက်တာမစားခိုင်းလို့ ဝဋ်လည်တာ"

သူ့မျက်နှာပေါ်တွင် ကျန်းကျင်းခိုင်အား ကလိလိုက်ရ၍ ဝမ်းသာဟန်ပေါ်လာသည်။ တကယ်တော့ စားပွဲပေါ်ရှိ အစားအသောက်များမှာ အားကျောက် အကြိုက်ဆုံးမဟုတ်ချေ။ သို့သော် ယနေ့ည သူမ စား၍အလွန်ကောင်းနေ၏။အားကျောက်တယောက် အားရပါးရ စားလိုက်လေရာ ဗိုက်ထဲတွင် နေရာလပ်မကျန်တော့ဟုပင် ထင်ရသည်။

"ကျွန်မ ဗိုက်ပြည့်သွားပြီ"

စားပွဲပေါ်မှ နောက်ဆုံးအသားတဖတ်ကို ကောက်ဝါးပြီး အားကျောက် ပြောလိုက်သည်။

"ကျုပ် ငွေရှင်းပြီးရင် ဆေးရုံပြန်သွားရအောင်"

ကျင်းကျင်းခိုင်က အားကျောက်အား ပြောလိုက်၏။

"ဟုတ်ပါပြီ ဒါပေမဲ့ ကျွန်မ အိမ်သာသွားအုံးမယ်"

ဘာကြောင့်မှန်းမသိ အား​ကျောက် ရှက်နေ၏။တစ်ခါကိုင် ဆယ်ယွမ်အဖြစ်မှ ဤအရှက်တရားက စခဲ့သည်လားပင် မပြောတတ်။

"ကျုပ် လိုက်ပို့ရမလား"

ကျင်းကျင်းခိုင် ရယ်ရင်းမေးလိုက်၏။ အားကျောက်တယောက်တည်း အိမ်သာထိ လမ်းလျှောက်သွားရန် ခက်ခဲမည်မှန်း သူသိနေသည်မဟုတ်ပါလား။

"အင်း "

အားကျောက်က ကျန်းကျင်းခိုင်ဆီ လက်ထိုးပေးလိုက်သည်။ ကျင်းကျင်းခိုင် လိုက်ပို့သည်ကို သူမ အတော်လေးနှစ်သက်နေပုံရသည်။

ကျင်းကျင်းခိုင်သည် အားကျောက်အား အိမ်သာဝင်ပေါက်ထိ လိုက်ပို့လိုက်၏။ ဟော့ပေါ့ဆိုင်မှာ ဆိုင်ကြီးကနားကြီးဖြစ်လေရာ အမျိုးသမီးနဲ့အမျိုးသားအိမ်သာအား သီးခြား ခွဲထားလေသည်။

"ကျွန်မနဲ့အတူ မဝင်ဘူးလား"

အားကျောက် ပြုံးစေ့စေ့နှင့် မေးလိုက်၏။

"ရဲတွေကို ခွင့်မပြုဘူး"

ကျင်းကျင်းခိုင် က ဟာသလုပ်လိုက်၏။ ထို့နောက် သူက စကားဆက်လိုက်သည်။

"ကျုပ် ပိုက်ဆံသွားရှင်းလိုက်မယ် ချက်ချင်းပြန်လာမယ် ဘယ်မှမသွားနဲ့နော်"

"အင်းပါ သိပါပြီ"

အားကျောက်က အထက်ပါအတိုင်း ပြန်ဖြေလိုက်လေသည်။

သိပ်မကြာမီ ကျန်းကျင်းခိုင်တယောက် အိမ်သာအပေါက်ဝသို့ ပြန်ရောက်လာ၏။ အချိန်အတော်ကြာသွားသည့်တိုင် အားကျောက်ကား ထွက်မလာချေ။ ဤအတောအတွင်း အိမ်သာဆီသို့ ဝင်ထွက်သွားလာနေသည့် အမျိုးသမီးများမှာ ပုံမှန်အတိုင်း ရှိနေ၏။ ထို့ကြောင့် ကျန်းကျင်းခိုင် စိုးရိမ်စိတ်ဝင်နေသော်လည်း မူမမှန်သည်များ မရှိနိုင်ဟု ယူဆထားလေသည်။ နာရီဝက်ကျော်ကျော်ကြာသွားချိန်တွင်တော့ ကျန်းကျင်းခိုင် ပို၍စိတ်ပူလာ၏။

ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ် သန့်ရှင်းရေးဝန်ထမ်းတယောက်က်ို ကျန်းကျင်းခိုင် တွေ့လိုက်ရသည်။ သူ ချက်ချင်းပင် အမျိုးသမီးထံချည်းကပ်ပြီး

"အဒေါ် အိမ်သာသန့်ရှင်းရေးလုပ်မလို့လား" ဟုမေးလိုက်၏။

"ဟုတ်တယ် ဒါပေမယ့် ဒါ အမျိုးသမီးအိမ်သာကွဲ့"

အမျိုးသမီးက ကျန်းကျင်းခိုင်အား မယုံသင်္ကာဟန်ဖြင့်ကြည့်ရင်း ဖြေလိုက်၏။

"ဟုတ်ကဲ့ ကျုပ် သိပါတယ် ဒီလိုပါအဒေါ် ကျွန်တော့ရည်းစားက နေမကောင်းဘူးလေ ခု အိမ်သာထဲမှာ အတော်ကြာသွားပြီ ကျေးဇူးပြုပြီးတချက်လောက်ကြည့်ပေးလို့ရမလားလို့ပါ"

"အော် အဲလိုလား"

အမျိုးသမီး ပြုံးလိုက်၏။

"မင်းက သူ့ကို သိပ်ဂရုစိုက်တာပဲ အေးအေး အဒေါ်ကြည့်ပေးမယ် ခနစောင့်"

ထိုအချိနိမှာပင် အမျိုးသမီးအိမ်သာထဲမှ အော်သံထွက်လာ၏။ အသံကိုကြားသည်နှင့် ကျန်းကျင်းခိုင်က ချက်ချင်းပင် သေနတ်ကိုထုတ်ကိုင်ပြီး အိမ်သာနားသို့ ပြေးကပ်လိုက်၏။

"ဘာဖြစ်နေတာလဲ"

သူ အော်ဟစ်မေးမြန်းလိုက်၏။ ရဲတဦးဖြစ်၍ အမျိုးသမီးအိမ်သာထဲသို့ သူ ဝင်ခွင့်မရှိချေ။

"သွေး သွေးတွေအများကြီးပဲ"

အတွင်းမှ အမျိုးသမီးတစ်ယောက်က အော်ပြောလိုက်သည်။

"ကျုပ် ဝင်လာပြီ"

အထက်ပါအတိုင်းအော်ပြောပြီး အမျိုးသမီးအိမ်သာထဲသို့ ကျန်းကျင်းခိုင် ခုန်ဝင်လိုက်၏။ အမှန်တကယ်ပင် အိမ်သာတခုဆီမှ သွေးများယိုစီးကျနေလေသည်။ အမျိုးသမီးတစ်ယောက် ထောင့်တထောင့်တွင် ကပ်နေပြီး ကြောက်လန့်နေဟန်ရှိသည်။ ကျင်းကျင်းခိုင်က သေနတ်ကိုဆွဲထုတ်ပြီး သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးအား အိမ်သာထဲမဝင်ရန် လက်ကာပြလိုက်သည်။

"အဒေါ် သော့ရှိတယ်မလား"

"ရော့ ရော့ ဒီမှာ"

အမျိုးသမီးက သော့တချောင်း ကမ်းပေးလိုက်၏။

ကျင်းကျင်းခိုင် သော့ကိုယူပြီး သူမ မဝင်ရန် အချက်ပြလိုက်သည်။ ထို့နောက် တခြားအမျိုးသမီးများကိုလည်း အိမ်သာထဲမှ ထွက်သွားရန် အချက်ပြလိုက်၏။ ပြီးမှ သူ သော့ထိုးပြီး အိမ်သာတံခါးကို ဆွဲဖွင့်လိုက်တော့သည်။ အားကျောက် နံရံတွင်မှီပြီး ကြမ်းပြင်ပေါ်လဲနေလေသည်။ သွေးများ သူ့ခန္ဓာကိုယ်အောက်ပိုင်းမှ ယိုစီးနေ၏။ အားကျောက်မှအပ အိမ်သာထဲတွင် တခြားဘယ်သူမှမရှိ။

"အရေးပေါ်ကားခေါ်ကြပါဗျို့"

ကျင်းကျင်းခိုင် အထက်ပါအတိုင်း အော်ဟစ်လိုက်၏။ ထို့နောက် သူ သေနတ်ကိုပြန်ထည့်ပြီး အားကျောက်ကို ပွေ့ချီလိုက်လေသည်။

သိပ်မကြာမီ ဟော့ပေါ့ဆိုင်ဝင်ပေါက်သို့ လူနာတင်ကားနှင့် ရဲကားရောက်လာ၏။

"ဒီမှာဘာဖြစ်နေတာလဲ အင်စပက်တာ"

ယူနီဖောင်းဝတ်ရဲတဦးက ကျန်းကျင်းခိုင်အား မေးလိုက်၏။ ဒေသခံရဲတပ်ဖွဲ့ခေါင်းဆောင်ဖြစ်သော ကျန်းကျင်းခိုင်အား နယ်မြေခံရဲအတော်များများ သိရှိကြပေလိမ့်မည်။

"ဘာမှထူးထူးခြားခြားတော့မဟုတ်ဘူး"

အားကျောက်၏ လူနာတင်လှည်းဘေးတွင်ရပ်ပြီး​ သူ ဖြေလိုက်သည်။

"ဒီမိန်းကလေးက အရေးကြီးတဲ့သက်သေ ကျုပ်လိုက်နေတဲ့အမှုနဲ့ပတ်သက်ပြီး သဲလွန်စရမလားလို့ ညစာခေါ်စားရင်း မေးနေတာ ပြန်တော့မဲ့အချိန်ကျမှ အိမ်သာထဲမှ သူ သတိလစ်သွားတော့တာပဲ"

"ပြီးတော့မှ သေနတ်ထုတ်လိုက်တာလား အင်စပက်တာ"

ရဲက ထပ်မေးလိုက်ပြန်သည်။

"ဟုတ်တယ် အမှုက ဒီနားတဝိုက်မှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေနဲ့ဆက်စပ်နေတယ်"

ကျင်းကျင်းခိုင်က ဖြေလိုက်၏။

"ကောင်းပါပြီ ဒါဆိုလဲ ဂရုစိုက်ပါ အင်စပက်တာ"

အထက်ပါအတိုင်း မေးစရာရှိသည်များကို မေးပြီးသည်နှင့် ရဲများ ထွက်ခွာသွား၏။ ကျင်းကျင်းခိုင် ဖြစ်စဉ်တွင် ရှိနေသော်ငြား ရဲများအနေနှင့် အစီရင်ခံရအုံးမည်ဖြစ်သည်။ သူတို့နယ်နိမိတ်အတွင်းတွင် သေနတ်အသုံးပြုမှုဖြစ်ပွား၍ အထက်လူကြီးများကို ဖြစ်စဉ်တင်ရမည်မဟုတ်ပါလား။

ဆေးရုံရောက်သည်နှင့် ဒေါက်တာဝမ် ရောက်လာပြီး အားကျောက်ကို ခွဲစိတ်ခန်းသို့ ခေါ်သွား၏။

ခွဲခန်းအပြင်ဘက်တွင် ကျန်းကျင်းခိုင် ဖင်တကြွကြွ ဖြစ်နေလေသည်။ နာရီဝက်အကြတွင် ဒေါက်တာဝမ် ခွဲစိတ်ခန်းမှ ထွက်လာ၏။ ကျင်းကျင်းခိုင်က ချက်ချင်းထလိုက်သည်။

"သူ ဘယ်လိုနေသေးလဲဒေါက်တာ"

"ရုံးခန်းကိုလာခဲ့ပါ အင်စပက်တာကျန်း"

ဒေါက်တာဝမ်းက အထက်ပါအတိုင်း ဖြေလိုက်သည်။ သူမ၏အကြည့်မှာ ထူးဆန်းနေသော်လည်း အသံမှာ တည်ငြိမ်နေ၏။ မည်သို့ဆိုစေ အားကျောက် အသက်အန္တရာယ်မရှိတော့မှန်း သိလိုက်ရ၍ ကျန်းကျင်းခိုင်ရင်ထဲမှအလုံးကြီး ကျသွားလေသည်။

All Chapters