← Chapters

ပြန်အမ်းငွေငါးယွမ်

Vol. 2 Ch. 16

ပြန်အမ်းငွေငါးယွမ်

Vol. 2 Ch. 16

ကျန်းကျင်းခိုင်တယောက် ကျန်းနန်၏ ရုံးခန်းမှ ထွက်လာချိန်တွင် နေမင်းသည် အနာက်ဘက်တောင်စောင်းတွင် ကွန်းခိုစပြုနေလေပြီ။ ညနေခင်း၏ ရွှေဝါရောင်ဖျော့ဖျော့သည် တလောကလုံးကို ဖုံးလွှမ်းနေသကဲ့သို့ ထင်ရသည်။ မြို့တော်တစ်ခုလုံးကို ရွှေမှုန်ကြဲထားသည့်နှယ်ပင်တည်း။

ကျန်းကျင်းခိုင်သည် စခန်းဝင်းအတွင်းရှိ ကားပါကင်တွင် ရဲကားကို ရပ်လိုက်၏။

"ဒီနေ့တော့ အိပ်ရေးဝအောင်အိပ်လိုက်ပါအုံး တနေကုန် အလုပ်ကြိုးစားပေးတာ ကျေးဇူးပဲကွာ"

ဝေစင်းကို သူက ပြောလိုက်ခြင်းဖြစ်သည်။

"ပြီးတော့... ဝေဝေ...ကျုပ်က အားရှုအကြောင်း စာရွက်စာတမ်းတွေ ရှာခိုင်းတာကို တခြားသူတွေ မသိစေနဲ့အုံးနော်"

"သိပါပြီ အင်စပက်တာကျန်း"

ဝေစင်းက ပြုံးနွဲ့နွဲ့နှင့် ပြောလိုက်ပြန်၏။

"အတွင်းဝန်ကျန်း... ညနေစာကို အပေါ်ထပ်မှာ အတူတူစားမလား...?"

"အာ... ဒီနေ့တော့ မဖြစ်နိုင်ဘူးနဲ့တူတယ်ဝေဝေရေ"

ကျန်းကျင်းခိုင်၏ ငြင်းပယ်စကားကြောင့် ဝေဝေ စိတ်ပျက်သွား၏။ ထိုအခါ ကျန်းကျင်းခိုင်က ထပ်မံနှစ်သိမ့်လိုက်ပြန်သည်။

"အင်း ကျုပ် အချိန်ရနိုင်မလားတချက်ပြန်စစ်လိုက်အုံးမယ်ကွာ ဒါနဲ့ ဝေဝေ ကျုပ် ဆေးရုံကို ပြန်သွားရမယ် အားရှုပတ်သက်တဲ့ အမှုကို ပြန်လေ့လာရမယ်ကွ"

"သိပါပြီအင်စပက်တာ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါနော်"

ဝေစင်း ကားထဲမှထွက်လိုက်၏။

"ညစာကို မမေ့နဲ့နော်"

ဝေစင်းနှင့် လမ်းခွဲပြီးနောက် သိပ်မကြာမီ ကျန်းကျင်းခိုင် ဆေးရုံပါကင်သို့ ရောက်ရှိလာ၏။ သူ့ဘယ်ဘက်လက်တွင် ဖိုင်တွဲတစ်ခုကို ကိုင်ထားပြီး ညာဘက်လက်တွင်ကား စူပါမားကတ်မှ ဝယ်လာသည့် သစ်သီးအိတ်ကို ကိုင်ထားလေသည်။ ထို့နောက် သူ အားကျောက်၏ အခန်းဆီသို့ ဦးတည်လျှောက်လာခဲ့၏။

"တွေ့ရတာဝမ်းသာပါတယ်အင်စပက်တာ"

ညနေပိုင်း တာဝန်ကျ ဆရာမက ကျန်းကျင်းခိုင်အား ဆီးကြိုနှုတ်ဆက်လိုက်လေသည်။

"ကျေးဇူးပဲ ဆရာမ"

ကျန်းကျင်းခိုင် ပြန်လည်နှုတ်ဆက်လိုက်သည်။

"ဒါနဲ့ လူနာ အခြေအနေက ဘယ်လိုရှိသလဲ"

"မဆိုးပါဘူး"

ဆရာမကြီးက ​ပြန်ဖြေလိုက်သည်။

"သူ့အခြေအနေ တော်တော်လေးတိုးတက်လာတယ် သိပ်မကြာခင် သူ အလုပ်ပြန်လုပ်န်ိုင်မဲ့ပုံပေါ်တယ်"

"အလုပ်ပြန်လုပ်မယ်"

ကျန်းကျင်းခိုင် ခေါင်းတချက်ခါရင်း သူ့ဟာသူ ရေရွတ်လိုက်၏။ ဆရာမ၏ စကားလုံးရွေးချယ်ပုံမှာ စိတ်ဝင်စားဖွယ်ရာကောင်းနေသည် မဟုတ်ပါလား။ ထို့နောက် သူသည် အချိန်မဆိုင်းတော့ပဲ အားကျောက်၏ အခန်းထဲသို့ ဝင်သွားလိုက်လေသည်။

"ဟာ ဒီနေ့တော့တယ်ပြီးငြိမ်နေပါလား"

အိပ်ယာပေါ်လှဲနေသော အားကျောက်ကို ကျန်းကျင်းခိုင်က စနောက်လိုက်သည်။ သို့သော် သူမက စိတ်ကောက်နေဟန်ဖြင့် တဖက်သို့ လှည့်နေလေရာ သူက စကားဆက်လိုက်ပြန်သည်။

"ဟာ ဒီနေ့ အခန်းကို သန့်ရှင်းရေးလုပ်ထားပါလား ဘယ်သူလဲမသိဘူး"

"ဟွန့် ရှင့်လို ညစ်ပတ်အိုးများ မှတ်နေတာလား"

အားကျောက်က စိတ်ဆိုးသောအမူအရာနှင့် ပြောလိုက်သည်။

"ရှင် အဲဒီမှာပဲ ရပ်နေ ဝင်လာပြီး ကျွန်မအခန်းကို ရှုပ်ပွအောင်မလုပ်နဲ"

သို့သော် ကျန်းကျင်းခိုင် ခန့်မှန်းလိုက်သလိုပင် နေ့လည်အိပ်ရာထသည်နှင့် အားကျောက်သည် အခန်းကို သန့်ရှင်းရေးလုပ်ထား၏။ အထူးသဖြင့် သူမက ကျန်းကျင်းခိုင် အိပ်သည့်လူနာစောင့်ကုတင်က်ို ကျကျနန သန့်ရှင်းရေးလုပ်ထားလေသည်။

သို့သော် ကျန်းကျင်းခိုင်က အားကျောက်ကို ဂရုမစိုက်ပဲ ဖိုင်တွဲကို ကုတင်ပေါ်တင်ပြီး သစ်သီးအိတ်ထဲမှ ငှက်ပျောသီးကို ထုတ်ယူလိုက်သည်။

"သန့်ရှင်းရေးလုပ်တာ ကောင်းတာပေါ့ကွ စိတ်မဆိုးရဘူးလေ ရော့ ကျုပ် မင်းအတွက် ငှက်ပျောသီးတွေ ဝယ်လာတယ်"

"ဟင့်"

အားကျောက် ခေါင်းခါလိုက်၏။

"အဲဒီငှက်ပျောသီး ရှင်ပဲစား ကျွန်မက မျောက်မဟုတ်ဘူးရှင့်"

"ဟုတ်လို့လားကွ"

ကျန်းကျင်းခိုင်က ရယ်မောရင်း ထပ်မံစနောက်လိုက်ပြန်သည်။

"အလုပ်ကြိုးစားနေတဲ့ လုပ်သားပျားလေးက ဇီဝဗေဒသင်ခန်းစာတွေကို အာရုံစိုက်နေတာပဲ ဒါပေမယ့် ငှက်ပျောသီးကြိုက်တဲ့ တိရစ္ဆာန်က မျောက်တစ်မျိုးတည်းမဟုတ်ဘူး ဆင်တွေလည်း ကြိုက်တယ် ဟုတ်တယ်မလား"

ထိုသို့ပြောပြီး ကျန်းကျင်းခိုင်က အားကျောက်အား ခြေစခေါင်းဆုံး ကြည့်နေလေသည်။

"ရှင်နော်"

ဘာကိုဆိုလိုမှန်းသိသွားသည်နှင့် အားကျောက်က ကျန်းကျင်းခိုင်အား ခေါင်းအုံးနှင့် ပစ်ပေါက်လိုက်တော့သည်။

"ရှင်က ကျွန်မက်ို ဆင်တကောင်လို ဝနေတယ်လို့ ပြောချင်တာပေါ့လေ"

ဤအတောအတွင်း အားကျောက်သည် ဆေးရုံတွင် စားရင်းအိပ်ရင်းနှင့်သာ အချိန်ကုန်ခဲ့နေခဲ့၏။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ် ဝိတ်အနည်းငယ် တက်လာခဲ့သည်မှာ အမှန်ပင်။ ထို့ကြောင့် ကျန်းကျင်းခိုင်၏ စကားက သူမအား သတိပေးလိုက်သည်နှင့် တူနေပေသည်။

"ဟေး မျောက်ကလေး ငှက်ပျောသီးကို စားအုံးမှာလား ဒါမှမဟုတ် မစားဘူးလား"

ကျန်းကျင်းခိုင်၏အသံ ထပ်မံထွက်ပေါ်လာပြန်၏။

"အဲဒီငှက်ပျောသီး ဒီကိုလာပေး"

အားကျောက်သည် ကျန်းကျင်းခိုင်၏စကားကို အာရုံစိုက်နေဆဲဖြစ်၍ ပါးစပ်မှ လွှတ်ခနဲ ထွက်သွား၏။

"ကျုပ်က မင်းကို မျောက်ကလေးလို့ပဲ မြင်တာပါကွာ ဒီတော့ စိတ်မဆိုးနဲ့တော့ ဟုတ်ပြီလား"

အားကျောက်၏ ဘေးတွင်ဝင်ထိုင်ရင်း ကျန်းကျင်းခိုင်က ငှက်ပျောသီးကို အခွံနွှာပေးလိုက်၏။

"ရှင့်ကိုမုန်းလိုက်တာ"

အားကျောက် ထအော်လိုက်၏။ သို့သော် သူမ၏ မျက်နှာတွင် ဒေါသအရိပ်အယောင်ဟူ၍ စိုးစဥ်းမျှမရှိချေ။ ထို့နောက် သူမက ငှက်ပျောသီးကို အားနှင့်ကိုက်ချလိုက်၏။

"ရှင့်က်ို ဒီလိုမျိုး ကိုက်သတ်လိုက်တာပဲ ကောင်းမယ်"

ထိုအချိန်မှာပင် အားကျောက်၏ ခေါင်းထဲတွင် ညစ်တီးညစ်ပတ်အတွေးဝင်လာ၏။ ထိုအခါ သူမက တိုးတိုးလေး ပြောလိုက်လေသည်။

"ကျွန်မ ရှင့်ကို ကိုက်လိုက်ရင် နာမှာလား"

ထိုသို့ပြောစဥ် အားကျောက်၏ မျက်နှာမှာ မချိုမချဥ်ဖြစ်နေလေရာ တခြားအဓိပ္ပါယ်တမျိုး ပါဝင်နေမှန်း သိသာနေ၏။

"မင်းဟာ တချိန်လုံး မဟုတ်တာပဲ တွေးနေတာလား"

ကျန်းကျင်းခိုင်က အားကျောက်၏ နှာခေါင်းကို အားရပါးရ ညှစ်ပြီးဆွဲလိုက်၏။ အရှိန်ကြောင့် အားကျောက် ရှေ့သို့ယိုင်သွားလေသည်။ထိုအခါ သူက ချက်ချင်းပင် အားကျောက်ကို ရှေ့သို့မှောက်မလဲသွားစေရန် လက်ဖြင့်ထိန်းပေးလိုက်လေသည်။ ထိုအချိန်တွင် သူ့လက်များ ဘယ်နေရာကို ထိမိမှန်း ကျန်းကျင်းခိုင် မသိ။

"အား.... ငှက်ပျောသီးတလုံးပေးပြီ ကျွန်မကို အသက်ရှုကျပ်အောင်လုပ်ပြန်ပြီလား နောက်တစ်ခါဆို ရေထဲသာနှစ်သတ်လိုက်ပါတော့လား"

"ကျုပ် မင်းကို မသတ်ပါဘူးကွ"

သူမှားယွင်းသွားကြောင်း သိသော်လည်း ကျန်းကျင်းခိုင်က အားကျောက်၏ စွပ်စွဲချက်ကို ငြင်းလိုက်၏။ ထိုအချိန်မှာပင် သူ့လက်များက မထိသင့်သော နေရာတွင် ရှိနေသည်ကို သူ သတိထားမိလိုက်သည်။ သူ လက်ကို ချက်ချင်းပြန်ရုတ်လိုက်ပြီး ရယ်မောလိုက်၏။

"ဘာကိစ္စရယ်နေပြန်တာတုန်း"

အားကျောက်ကလည်း ကျန်းကျင်းခိုင်၏လက် ဘယ်နေရာတွင် ရှိနေသည်ကို သတိထားမိလိုက်၏။ထိုအခါ သူမက ကျန်းကျင်းခိုင်ကို ဒေါသတကြီးနှင့် ကြည့်ပြီး ပြောလိုက်လေသည်။

"ရင်သား တခါကိုင်ရင် ဆယ်ယွမ်ရှင့် ရှင် ဘယ်ဘက်ရင်သားကို ကိုင်ပြီးပြီ ညာဘက်ကိုရော ကိုင်ချင်သေးလား ကိုင်မှာဆိုရင် ကိုင် မကိုင်ဘူးဆို ပိုက်ဆံပေး"

"မင်း..."

မတော်တဆထိမိသည့်အတွက် အပြစ်ရှိသည့်တိုင် အားကျောက်၏စကားကြောင့် ကျန်းကျင်းခိုင် ဘာပြောရမှန်းမသိပဲ ဖြစ်သွားလေသည်။ ထိုအခါ သူက ဘာမှမတတ်နိုင်ပဲ အိတ်ထဲမှ ဆယ်ယွမ်ထုတ်ပြီး အားကျောက်လက်ထဲသို့ ထည့်ပေးလိုက်၏။

"သိပ်ကောင်းတာပဲ"

အားကျောက် ချိုမြိန်စွာ ပြုံးလိုက်၏။

"ကျေးဇူးတင်ပါတယ် ဦးရဲကြီး"

ထို့နောက် သူမက ခေါင်းအုံးအောက်မှ အိတ်ကလေးကို ထုတ်ယူကာ ယွမ်ငါးယွမ်ထုတ်ပြီးကျန်းကျင်းခိုင်က်ို ပေးလိုက်သည်။

"ရော ဒါက အကြွေပြန်အမ်းတာ"

"မင်း..."

ကျန်းကျင်းခိုင် ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။

"အလုပ်နဲ့ပတ်သက်ရင် ဒီက ချောချောလှလှကျွန်မက ရိုးရိုးသားသားပဲ လုပ်တတ်တယ်ရှင့်"

ပါးစပ်အဟောင်းသားနှင့်ဖြစ်နေသော ကျန်းကျင်းခိုင်ကိုကြည့်ရင်း အားကျောက် ပြောလိုက်ခြင်း ဖြစ်သည်။

"ငါးယွမ်ပဲ ကျွန်မ ယူမယ် ဒီအကြွေတွေက အမ်းငွေတွေ ရော့ ယူလိုက် ဒီလိုမျက်နှာကြီးနဲ့ ကြည့်မနေနဲ့တော့ ကျွန်မ ကြောက်တောင်ကြောက်လာပြီ"

ပြောပြောဆိုဆို သူမက ပိုက်ဆံကို ကျန်းကျင်းခိုင်လက်ထဲသို့ ထည့်ပေးလိုက်သည်။

ကျန်းကျင်းခိုင်သည် ပိုက်ဆံငါးယွမ်ကိိုကိုင်ပြီး တောင့်တောင့်ကြီး ဖြစ်နေ၏။ သူ့စိတ်ထဲတွင် တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာလေသည်။ ထိုစဥ် အားကျောက်က ထပ်မံကလိလိုက်ပြန်သည်။

"နေမကောင်းတော့ အလုပ်မလုပ်ရတာကြာပြီ တယောက်ယောက်များ ရင်သားလေးကိုင်ပြီး ငါးယွမ်လောက်ပေးရင် ကောင်းမှာပဲ"

ကျန်းကျင်းခိုင်တယောက် စိတ်တိုလာပြီး ကုတင်မှခုန်ထကာ အားကျောက်ကို လက်ညိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့ရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ ဘာပြောရမှန်းမသိပဲ ဖြစ်နေ၏။

"ဒါက ဘာလုပ်နေတာလဲ ဘာလို့ ဒီလောက်တောင် စိတ်ဆိုးနေတာလဲ ကျွန်မက မကောင်းတဲ့မိန်းမပဲလေ ဒါ ကျွန်မအလုပ် ရှင့်မှာ အဲဒီအတွက် ပြဿနာရှိလို့လား"

"မင်း... မင်း...တော်တော်မကောင်းတဲ့မိန်းမ"

ကျန်းကျင်းခိုင် စိတ်မထိန်းနိုင်တော့ပဲ အားကျောက်ကို ကြိမ်းမောင်းလိုက်လေသည်။

"တွေ့လား ရှင်ဟာ ကျွန်မကို မုန်းတယ်ဆိုတာ ကျွန်မ အရင်ကတည်းက သိတယ် ရှင့်လို အကျင့်မကောင်းတဲ့ရဲက ကျွန်မထက် သာမယ်ထင်နေတာလား"

အားကျောက်က ဒေါသထွက်လာဟန်ဖြင့် လက်နှစ်ဖက်ကို ခါးထောက်ပြီး ပြောလိုက်သည်။

"ရှင်က ကျွန်မကို ပိုက်ဆံမပေးပဲ ထိလိုက်ရင် ဘယ်လိုခေါ်မလဲသိလား အနိုင်ကျင့်တာလို့ ခေါ်တယ်ရှင့် ဒါကြောင့် ရှင်ကိုယ်တိုင် ရဲကိုခေါ်ပြီး ကိုယ်တိုင်ပဲ အဖမ်းခံလိုက်တော့"

​ထိုသို့ပြောပြီး အားကျောက်က ဒေါသတကြီးနှင့် တဖက်သို့ လှည့်နေလိုက်လေသည်။

ကျန်းကျင်းခိုင် ငူငူကြီး ရပ်နေ၏။ အားကျောက်၏ စကားကြောင့် သူ့ဒေါသများ ပျောက်ကွယ်သွားလေပြီ။ အားကျောက် ပြောသည်မှာ အမှန်ပင်။ သူသည် သူမ၏ ရင်သားကို ခွင့်ပြုချက်မရှိဘဲ ထိမိခဲ့၏။ ယခုတော့ သူက သူမကို ဒေါသပြန်ထွက်နေသေးသည်။ အားကျောက်သာ ပြည့်တန်ဆာတဦးမဟုတ်ပါက သူ ယခုထက် အကြပ်ရိုက်နေမည်မှာ အမှန်ပင်။ သို့သော်... သူမကိုသူ တောင်းပန်မည်မဟုတ်။ ရဲတစ်ယောက်က ပြည့်တန်ဆာတဦးကို တောင်းပန်သည်ကို သင်မြင်ဖူးပါသလားမိတ်ဆွေ။

ခနအကြာတွင် ကျန်းကျင်းခိုင်သည် ယူလာသည့် စာရွက်စာတမ်းများကို ဖတ်ရန် လူနာကုတင်ပေါ်တွင် ထိုင်လိုက်၏။ ကောင်းပြီ... အားကျောက်က ငါနဲ့ စကားမပြောချင်ဘူးဆိုတော့...ငါလည်း သူနဲ့စကားမပြောတော့ဘူး...

All Chapters