← Chapters

ခွဲစိတ်ဆရာဝန်၏ လျှို့ဝှက်ချက်

Vol. 3 Ch. 23

ခွဲစိတ်ဆရာဝန်၏ လျှို့ဝှက်ချက်

Vol. 3 Ch. 23

ကျန်းကျင်းခိုင်သည် ဆေးဆိုင်နေရာကို မှတ်သားထားပြီး ကော်ရစ်တာဘေးရှိ ပြတင်းပေါက်တစ်ခုကို ဖွင့်လိုက်သည်။ ဆေးစတိုးထောင့်တွင် သစ်ပင်ကြီးတစ်ပင်ရှိ၏။ ထိုသစ်ပင်ပေါ်မှကြည့်လျင် ဆေးစတိုးအတွင်းဖက်ရှိ မြင်ကွင်းကို ကောင်းကောင်းမြင်နိုင်လောက်ပေသည်။

"ကဲ လာ ကျုပ်တို့ အပြင်ကို ထွက်ကြမယ်"

ပြောပြောဆိုဆိုနှင့် ကျန်းကျင်းခိုင်တယောက် ပြတင်းပေါက်မှ ခုန်ချလိုက်သည်။ ဝေစင်းလည်း ကျန်းကျင်းခိုင်နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာ၏။ သူတို့အတွက် ကံကောင်းသည်မှာ ဆေးရုံ၏ အရေးပေါ်ဌာနက ပထမထပ်တွင် ရှိနေခြင်းပင်။

မကြာမီ သူတို့နှစ်ဦးလုံး သစ်ပင်ပေါ်သို့ ရောက်လာကြ၏။ သစ်ပင်ပေါ်မှကြည့်လျင် ဆေးစတိုး၏ပြတင်းပေါက်မှတစ်ဆင့် အတွင်းကို ကောင်းစွာ မြင်နိုင်ပေသည်။

ထိုအချိန်တွင် ယုတီနှင့်သူနာပြုမဆရာမတို့သည် စားပွဲတစ်လုံးပေါ်တွင် ထွေးလားလုံးလား ဖြစ်နေကြ၏။ လိပ်ကာတစ်ခုက မြင်ကွင်းကို ပိတ်ဆို့ထားသည့်တိုင် အပြည့်အဝမဟုတ်သည့်အတွက် ကျန်းကျင်းခိုင်အနေနှင့် သူတို့၏လှုပ်ရှားမှုကို အတိုင်းသား မြင်နေရလေသည်။

ယုတီနှင့် သူနာပြုဆရာမတို့သည် တစ်ဦးနှင့်တစ်ဦး နမ်းရှိုက်နေကြ၏။သူတို့၏လက်များမှာလည်း တကိုယ်လုံးအနှံ့ကို အသီးသီး ရွေ့လျားနေကြလေသည်။ ယုတီက သူနာပြုဆရာမကို နမ်းရှိုက်နေသည့်အချိန်တွင် သူမ၏ခြေအစုံက ယုတီ၏ ခါးကို ရစ်သိုင်းလျက်ရှိသည် ။ သူမသည် ဖိနပ်များကို ကန်ထုတ်လိုက်လေရာ ဖြူဖွေးသောခြေအစုံနှင့် အဖြူရောင်ပင်တီတပိုင်းတစကို တွေ့မြင်ရလေသည်။

ပြတင်းပေါက်အပြင်ဘက်ကား ဝေစင်းသည် မြင်ကွင်းကို စောင့်ကြည့်ရမည့်အစား ကျန်းကျင်းခိုင်မျက်နှာကို လှမ်းကြည့်ကာ ဘာလုပ်၍ဘာကိုင်ရမှန်း မသိပဲ ဖြစ်လျက်ရှိသည်။ စူးစမ်းလိုစိတ်ရှိသည့်တိုင် သူမ မျက်နှာမထားတတ်အောင် ဖြစ်နေ၏။ ကျန်းကျင်းခိုင်မှာမူ အလွန်အေးဆေးသောအမူအရာဖြင့် သာမာန်မြင်ကွင်းတခုကို မြင်နေရသကဲ့သို့ ရှိလေသည်။

သိပ်မကြာမီ ငြီးညူသံများ ဆူညံလာ၏။ ဝေစင်း၏ အကြည့်က ပြတင်းပေါက်ဆီသို့ ပြန်ရောက်သွားပြန်သည်။ လိပ်ကာကြောင့် ယုတီ၏ လှုပ်ရှားမှုတိုင်းကို အပြည့်အဝမမြင်ရ။ သို့သော် တပိုင်းတစမြင်နေရသောမြင်ကွင်းဝယ် ယုတီ ဘာလုပ်နေမှန်း သူမ နားမလည်နိုင်ပဲ ဖြစ်နေ၏။

သူနာပြုဆရာမ၏ တောင်းဆိုသံများ ညဥ့်အမှောင်ကို ဖောက်ထွင်းလျက် ထွက်ပေါ်လာသည်။

"ဝေဝေ ထားလိုက်တော့ ကြည့်မနေနဲ့တော့" ကျန်းကျင်းခိုင် ခပ်တိုးတိုးပြောလိုက်သည်။ ဝေစင်း ရှက်ကိုးရှက်ကန်းနှင့် မျက်နှာတဖက်သို့ လွှဲသွား၏။ ကျန်းကျင်းခိုင်က ထပ်မံ စနောက်လိုက်ပြန်သည်။

"စိတ်ဝင်စားတယ်ဆိုရင်လဲ နည်းနည်းပါးပါး ထပ်ကြည့်ရင် ကြည့်အုံးလေ"

"ဟုတ်ကဲ့"

ပါးစပ်က အထက်ပါအတိုင်း လွှတ်ခနဲ ထွက်သွားပြီးမှ ကျန်းကျင်းခိုင် စနောက်နေမှန်း ဝေစင်း သတိထားမိသွားသည်။ သူမ၏ မျက်နှာ ပို၍ နီမြန်းလာ၏။

"အင်စပက်တာကျန်း...ရှင်နော်"

"ကဲ ရပြီ ကျုပ်တို့အထဲကို ပြန်သွားကြမယ်"

ကျန်းကျင်းခိုင် သစ်ပင်ပေါ်မှဆင်းပြီး ပြတင်းပေါက်မှတဆင့် ဆေးရုံထဲသို့ ပြန်ဝင်လာခဲ့လေသည်။ ဝေစင်းမှာမူ ယုတီတို့စုံတွဲကို နောက်ဆုံးအကြိမ်အဖြစ် ကြည့်ဖြစ်အောင်ကြည့်လိုက်သေး၏။ ဆေးစတိုးထဲတွင်တော့ ခန္ဓာကိုယ်နှစ်ခုသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားလေသည်။ ထိုအခါ လိင်စိတ်ဆန္ဒသည် လူသားအားလုံးတွင် အတူတူသာ ဖြစ်ကြောင်း ဝေစင်းသဘောပေါက်သွားတော့သည်။

"ခွဲစိတ်ခန်းဆီ ပြန်သွားကြမယ်"

ကျန်းကျင်းခိုင်က တီးတိုးပြောလိုက်၏။ လမ်းလျှောက်နေရင်းနှင့် ယင်ကျူးမီသည် ယုတီ၏ တစ်ဦးတည်းသော ချစ်သူမဟုတ်​ကြောင်း ကျန်းကျင်းခိုင် စဉ်းစားမိ၏။လိင်ပိုင်းဆိုင်ရာကျွမ်းကျင်မှုကြောင့် ယုတီတယောက် ဆေးရုံအမျိုးသမီးအသိုင်းအဝိုင်းတွင် လူသိများပုံရ၏။ ထို့ကြောင့် ချစ်သူအများအပြား ရှိနေပုံပေါ်သည်။ သဘာဝမဟုတ်သော လိင်ဆက်ဆံမှုမျိုးကို တရုတ်ယောကျာ်းအများစု နှစ်သက်လေ့မရှိ။ သို့သော် ယုတီကတော့ ခြွင်းချက်ဖြစ်ဟန်တူသည်။ ဂျပန်ဆန်ဆန်ခင်ပွန်းတဦးရထားခြင်းကလည်း သိပ်မဆိုးလှဟု ကျန်းကျင်းခိုင် အတွေးပေါက်မိတော့သည်။

နာရီဝက်ခန့်အကြာတွင် ခြေသံများ ထွက်ပေါ်လာ၏။ ခွဲစိတ်ခန်းအပြင်ဘက်အရောက်တွင် ခြေသံများ ရပ်တန့်သွားသည်။ ထို့နောက် တံခါးအပြင်ဘက်မှ စကားပြောသံများ ကြားရပြီး ​ထွက်ခွာသွားသော ခြေသံတစုံကို သူတို့ ကြားလိုက်ရ၏။ သိပ်မကြာမီ တံခါးဖွင့်သံနှင့်အတူ ယုတီ အခန်းထဲသို့ ဝင်လာလေသည်။

"ဟေ့ မင်းတို့က ဘယ်သူတွေလဲ ဒီမှာ ဘာလုပ်နေတာလဲ"

ကျန်းကျင်းခိုင်နှင့် ဝေစင်းကို မြင်သောအခါ ယုတီ တုန်လှုပ်သွားပုံရ၏။

"ဟဲ ဟဲ ဒေါက်တာဘယ်လိုထင်သလဲ"

သူနာပြုဆရာမနှင့် မြူးထူးပျော်ပါးခဲ့သောခံစားချက် စိုးစဥ်းမျှကျန်တော့ဟန်မတူသည့် ယုတီကိုကြည့်ရင်း ကျန်းကျင်းခိုင်က မေးလိုက်သည်။

"ဆေးခန်းပြချင်လို့ပေါ့ဒေါက်တာရယ် တခြားဘာများရှိအုံးမှာလဲ"

"အော် အဲဒီလိုလား အင်း...အချိန်က ညသန်းခေါင်ကြီးဖြစ်နေတယ် ကျုပ်ဝင်လာတော့ မင်းတို့နှစ်ယောက်ကို ဒီမှာတွေ့လိုက်ရတယ်...ဆိုတော့ ကျုပ် တော်တော်ကြီးကိုလန့်သွားတယ်"

ပြောပြောဆိုဆို သူက ကျန်းကျင်းခိုင်လက်ထဲမှ ဆေးမှတ်တမ်းကိုယူရင်း မေးလိုက်သည်။

"ပြောပါအုံး မင်း ဘာဖြစ်နေသလဲဆိုတာ"

"အစိုးရိမ်လွန်နေတာ ဒေါက်တာ"

ယုတီကို မျက်တောင်မခတ်တမ်းကြည့်ရင်း ကျန်းကျင်းခိုင်က ပြုံးစိစိနှင့် ဖြေလိုက်သည်။

"အစိုးရိမ်လွန်နေတာ ဟုတ်လား"

ကျန်းကျင်းခိုင်၏စကားကြောင့် ယုတီ တကိုယ်လုံး ဆတ်ခနဲ တုန်ခါသွားသည်။ ထို့နောက် သူက အားတင်းရင်း ပြောလိုက်၏။

"တကယ်တော့ ဒီအဆောင်က ခွဲစိတ်ဆောင်ဗျ စိတ်ရောဂါကုဌာနမဟုတ်ဘူး"

ထိုသို့ပြောရင်း ယုတီက ဆေးမှတ်တမ်းကို ကျန်းကျင်းခိုင်ဆီသို့ ကမ်းပေးလိုက်သည်။ ထိုအချိန်တွင် သူ့လက်များမှာ သိသိသာသာပင် တုန်ယင်နေ၏။

"တကယ်တော့ ကျုပ်ကိုယ်တိုင်ကလဲ သမားတော်တယောက်ပါဒေါက်တာ ပြီးတော့ စိတ်ရောဂါအထူးကုတယောက်ဆိုရင်လဲ ဟုတ်တယ်"

ထိုသို့ပြောပြီး ယုတီအနီးသို့ ကျန်းကျင်းခိုင် ချည်းကပ်လာသည်။

"မင်း...မင်း... ဘယ်သူလဲ"

ယူဒီသည် နံရံနှင့်ကျော တသားတည်းကျအောင် ကပ်ထား၏။ သူ့နဖူးတွင်ကား ချွေးများဖြင့် ရွှဲစိုနေလေသည်။

"ထွက်သွား ခု ချက်ချင်း ထွက်သွားပါ"

ယုတီ တံခါးဆီသို့ တုန်ယင်နေသောလက်ညှိုးဖြင့် ညွှန်ပြရင်း ပြောလိုက်၏။

"မဟုတ်ရင် ရဲခေါ်လိုက်မှာနော်"

"အိုး အဲဒီအတွက်ဆိုရင်တော့ ဒုက္ခမခံပါနဲ့ဒေါက်တာ"

ယုတီ၏ စားပွဲပေါ် တင်ပါးလွှဲထိုင်ရင်း ကျန်းကျင်းခိုင်က ပြောလိုက်၏။

"ကျုပ်တို့ဟာ ရဲအရာရှိတွေပါ ဒေါက်တာ"

ထို့နောက် သူက သက်သေခံကတ်ပြားအား ယုတီ မြင်သာအောင် ပြလိုက်လေသည်။

"အော် ရဲတွေပဲကိုး"

ကျန်းကျင်းခိုင်၏ သက်သေခံကတ်ပြားကိုတွေ့သည်နှင့် ယုတီတကိုယ်လုံး ပျော့ခွေသွား၏။ သူ ထိုင်ခုံပေါ် ခြေပစ်လက်ပစ်ထိုင်ချရင်း ပြောလိုက်လေသည်။

"ကျုပ်...ကျိုးမီကို မသတ်ခဲ့ဘူး...ကျုပ် သူ့ကို ချစ်တယ်"

"အော် အဲဒီလိုလား"

ယုတီ၏ စကားကိုကြားသည်နှင့် ကျန်းကျင်းခိုင်၏ နားထဲတွင် အားကျောက်အသံကို အလိုလို ကြားယောင်လာ၏။

ခြေထာက်နှစ်ချောင်းပါရင်ကို... ရှင်က အကုန်ချစ်နေတာပဲနော်... ​ကျွန်မအထင်... ​ခြေထောက်သုံးချောင်းပါရင်တောင် ရှင် ရှောင်မှာမဟုတ်ဘူး.....

ထို့နောက် သူ ပြုံးစိစိနှင့် ပြောလိုက်သည်။

ဒေါက်တာယု ကျိုးမီအမှုမှာ ခင်ဗျားပါဝင်နေကြောင်း သဲလွန်စ ကျုပ်တို့ရထားတယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိနေသလဲ"

"လိမ်နေတာ ငါ့ကိုအကွက်ဆင်နေတာ"

ယုတီ ကြောက်လန့်တကြားနှင့် ထအော်လိုက်သည်။

"အလိမ်အညာတွေ အားလုံးအလိမ်အညာတွေ"

ယုတီ၏ တကိုယ်လုံးမှာ ထိန်းချုပ်မရအောင် တုန်ယင်လျက်ရှိသည်။

"ဒေါက်တာယု အေးအေးဆေးဆေး အချိန်ယူပြီး စဥ်းစားလိုက်ပါအုံး ခု ခင်ဗျားကိုကြည့်ရတာ စိတ်ဖိစီးမှုများနေပုံပေါ်တယ် ကျုပ် ရက်နည်းနည်းကြာရင် ပြန်လာပြီး ခင်ဗျားနဲ့ စကားပြောအုံးမယ်"

ပြောပြောဆိုဆို ကျန်းကျင်းခိုင်က ဝေစင်းအား အချက်ပြကာ ထွက်ခွာလာခဲ့လေသည်။ ကားထဲသို့ရောက်သည်နှင့် ကျန်းကျင်းခိုင်က ပြောလိုက်သည်။

"ကဲ သွားကြရအောင် မင်းကို လိုက်ပို့ပေးမယ်"

ထို့နောက် သူက မှတ်ချက်ပြုလိုက်၏။

"ဒီလူ ယုတီ လူသတ်သမားမဟုတ်ဘူး"

ဝေစင်း ဘာမှပြန်မပြော။ သူမကိုကြည့်ရသည်မှာ ယနေ့ည ယုတီတို့စုံတွဲ လိင်ဆက်ဆံနေသော မြင်ကွင်းကြောင့် စိတ်မသက်မသာ ဖြစ်နေဟန်တူသည်။ ဝေစင်းသည် အားကျောက်မဟုတ်။ ထို့ကြောင့် ဤမြင်ကွင်းမျိုးနှင့် သူမ အသားမကျချေ။

"ဟေ့ ဝေဝေ ဒီည မင်းတွေ့ခဲ့တာတွေကို မေ့လိုက်တော့ ဒါနဲ့ ဒီကနေ မင်းတစ်ယောက်တည်း အိမ်ပြန်လို့ရတယ်မလား"

ရဲစခန်းကားပါကင်တွင် ကားရပ်ရင်း ကျန်းကျင်းခိုင်က ပြောလိုက်၏။

"ဟုတ်ကဲ့ ရပါတယ် အင်စပက်တာကျန်း"

ထိုအခါကျမှ ဝေစင်း စိတ်နှင့်ကိုယ် ကပ်လာဟန်ပေါ်သည်။

"ဒါနဲ့ အင်စပက်တာ သူ လူသတ်သမားမဟုတ်ဘူးဆိုတာ ဘယ်လိုများသိလိုက်တာလဲ"

"အလိုအလျောက်သိစိတ်ပေါ့ ဝေဝေ"

ယုတီ၏ ပျော့ညံ့ညံ့ကိုယ်ခန္ဓာကို မြင်ယောင်ရင်း ကျန်းကျင်းခိုင်က ဖြေလိုက်သည်။

"သူ့မှာ လူသတ်မှုတွေကျူးလွန်ဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ကြမ်းတမ်းမှုမျိုး မရှိဘူးလေ"

ထို့နောက် ကျန်းကျင်းခိုင်သည် ကျူအန်းအဆင့်မြင့် ရောက်လာပြီး အိမ်ယာရှေ့လမ်းပေါ်တွင် ကားကိုရပ်လိုက်လေသည်။ ထို့နောက် သူ မှောင်မဲနေသော ပြတင်းပေါက်ကို ငေးကြည့်နေမိလေသည်။ သူ့စိတ်ထဲတွင်တော့ သူမ ပြတင်းပေါက်ဆီမှ ပေါ်လာနိုးနိုး မျှော်လင့်မိနေ၏။ သို့သော် အံ့ဖွယ်တစုံတရာ ဖြစ်လာမည်မဟုတ်ကြောင်း သူ သဘောပေါက်ထားပြီး ဖြစ်သည်။

နောက်တနေ့မနက်တွင် ယုတီတယောက် ရဲစခန်းသို့ရောက်လာပြီး အမျိုးသမီးလူနာများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မိခြင်း၊ အိမ်ထောင်သည်အမျိုးသမီးများအား သွေးဆောင်ဖျားယောင်းခြင်း စသောပြစ်မှုများကို ဝန်ခံလိုက်၏။ လူတိုင်းတွင် အားနည်းချက်ကိုယ်စီ ရှိကြသည်။ ယုတီသည်လည်း ထိုလူများအနက်မှ တယောက်သာ။ ယခုတော့ သူ့အားနည်းချက်က သူ့ကို ဖျက်ဆီးလိုက်လေပြီ။

All Chapters