← Chapters

လမ်းပေါ်မှ ရဲများ

Vol. 3 Ch. 24

လမ်းပေါ်မှ ရဲများ

Vol. 3 Ch. 24

နောက်ဆုံးတော့ ကျန်းကျင်းခိုင်တယောက် ကျင့်ဝတ်ပျက်ပြားနေသော ဆရာဝန်တစ်ဦးကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့၏။ သို့သော် လူသတ်မှုမှာကား ရှုပ်ထွေးနေဆဲပင်။ ယုတီ၏ ဝန်ခံချက်က ကျန်းကျင်းခိုင်၏ ထင်မြင်ယူဆချက်ကို ထပ်မံအတည်ပြုပေးခဲ့သည်။ သူ လူသတ်သမား မဟုတ်ချေ။ ထို့ပြင် ယုတီတွင် အဆိုပါ လူသတ်မှုများကို ကျူးလွန်ရန် အချိန်လုံးဝမရှိ။ ဆေးရုံတွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်ရသည့်အပြင် ချစ်ရေးချစ်ရာများနှင့် ရှုပ်ရှက်ခတ်နေသည့်သူ့အတွက် လူသတ်မှုများကို ကျူးလွန်ရန် မပြောနှင့် ယား၍ပင်ကုတ်ရန် အချိန်မရှိ။

ပထမဆုံးလူသတ်မှုဖြစ်ပွားပြီးနောက် နှစ်လကြာသွားပြီ ဖြစ်သည်။ကျန်းကျင်းခိုင်တွင် ယခုအချိန်ထိ လူသတ်မှုငါးခုကို ချိတ်ဆက်နိုင်သော အထောက်အထား တခုမျှပင် မရရှိသေး။ တခုတည်းသောအချက်မှာ လိင်ဆက်ဆံနေစဥ် လူဆယ်ယောက် သေဆုံးသွားခြင်းပင်။

အချိန်မှ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးနေ၏။ နောက်ထပ်တစ်ပတ်ကြာသွားပြန်သည်။သို့သော် အမှုမှာ မည်သည့်တိုးတက်မှုမှ မရှိပဲ ဖြစ်နေ၏။ထိုနေ့မနက်မှာပင် ကျန်းနန်က ကျန်းကျင်းခိုင်အား ဖုန်းဆက်လာ၏။

"အင်စပက်တာကျန်း အခြေအနေလေးတစ်ခုရှိတယ် ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူးဗျာ..."

"စိတ်မပူပါနဲ့ ကျန်းနန် ခင်ဗျား ကျုပ်ကိုပြောလို့ရပါတယ်"

သူတို့နှစ်ယောက်မှာ အတော်လေးရင်းနှီးသွားပြီဖြစ်၍ ကျန်းကျင်းခိုင်က ကျန်းနန်ကို ရာထူးတပ်၍ပင် မခေါ်တော့ချေ။

"ဒီလိုပါအင်စပက်တာ ပြီးခဲ့တဲ့ သုံးရက်အတွင်း လမ်းကြားထဲမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေ တယောက်မှ မရှိတော့ဘူးဗျ"

ကျန်းနန်၏ အသံမှာ စိုးရိမ်ဟန်ပေါ်နေသည်။

"ဒါ သတင်းကောင်းမဟုတ်ဘူးလား"

လွှတ်ခနဲ ထွက်သွားပြီးမှ ကျန်းနန်၏ ဆိုလိုရင်းကို ကျန်းကျင်းခိုင် သဘောပေါက်သွားသည်။သူ ပါးစပ်အဟောင်းသား ဖြစ်သွား၏။

"ခနလေး ဘာလဲ သူတို့အားလုံး အလုပ်ထွက်သွားပြီလို့ ပြောနေတာလား"

"ဟုတ်တယ်ဗျ"

ကျန်းနန်က မျှော်လင့်ချက်ကင်းမဲ့ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"ကြားရသလောက် မိန်းကလေးတွေက အလုပ်မလုပ်ချင်လို့ မဟုတ်ဘူး ဒါပေမဲ့ သူတို့အားလုံး အလုပ်လုပ်ဖို့ ကြောက်နေကြတယ်တဲ့"

"အဲဒီလိုလား"

ကျန်းကျင်းခိုင် ညစ်ကျယ်ကျယ်ဟန်ဖြင့် ပြုံးလိုက်သည်။

"ဒါနဲ့ ကျန်းနန် ခင်ဗျား ကျုပ်အတွက် တခုလောက် လုပ်ပေးပါလား အဲဒီမိန်းကလေးတွေ အလုပ်ပြန်လုပ်ဖို့ စည်းရုံးပေးစမ်းပါ"

ကျန်းနန် နှုတ်ဆိတ်သွား၏။ အချိန်အတော်လေးကြာသွားတော့မှ သူက ပြန်ပြောလိုက်သည်။

"အင်...ဒီလိုဆိုရင်လဲ.....အတတ်နိုင်ဆုံး ကြိုးစားကြည့်ပေးမယ်ဗျာ"

ကျန်းနန်၏ အသံမှာ လျော့တိလျော့ရဲ ဖြစ်နေလေသည်။ တစ်ဖက်တွင် ကျန်းကျင်းခိုင်ကို သူ ငြင်းပယ်ရန် ခက်ခဲ၏။ ကျန်းတစ်ဖက်တွင်ကား ရဲတစ်ယောက်အနေနှင့် ပြည့်တန်ဆာများအား အလုပ်ဆက်လုပ်ရန် စည်းရုံးရသည်မှာ မသင့်တော်ချေ။

ကျန်းကျင်းခိုင် ဖုန်းကိုပြန်ချပြီး ခုံကိုတဒေါက်ဒေါက်ခေါက်ကာ အတွေးနယ်ချဲ့လျက်ရှိသည်။ ပြည့်တန်ဆာအမျိုးသမီးများ အလုပ်ဆက်လုပ်ရန် ကျန်းနန်ကို စည်းရုံးစေသည်မှာ ရယ်စရာကောင်းသော တောင်းဆိုမှုမှန်း သူ ကောင်းကောင်းသိ၏။ ကမ္ဘာပေါ်တွင် ပြည့်တန်ဆာလုပ်ငန်း စတင်ကတည်းက မည်သည့်ရဲမှ ပြည့်တန်ဆာအမျိုးသမီးများ အလုပ်ဆက်လုပ်ရန် တိုက်တွန်းဖူးသူ မရှိချေ။

မိနစ်သုံးဆယ်ခန့် စဥ်းစားပြီးနောက် သူ ယောက်ထန်းယု၏လက်ထောက် ဖုန်းနံပါတ်ကို ဆက်လိုက်သည်။

"ဟဲလို ကျန်းချိန် ကျုပ် ကျန်းကျင်းခိုင်ပါ"

"ဟေး အစ်ကိုကျန်း ဘာကူညီပေးရမလဲ"

ကျန်းချိန်က ချိုသာသောအသံဖြင့် မေးလိုက်၏။

"ဟိုဟာလေ... ကော်မရှင်နာ ရှိမရှိ တချက်လောက် ကြည့်ပေးမလား"

"သူ ရှိတယ်လေ ဘာလဲ သူ့ကိုရှာနေတာလား သူ့တိုက်ရိုက်လိုင်းကို ဆက်လို့ရတယ်လေ အစ်ကိုကျန်း"

ကျန်းချိန် က မေးလိုက်သည်။ကျန်းကျင်းခိုင် ထူးထူးဆန်းဆန်း ဖြစ်နေသည်ကိုလည်း သူမ သတိထားမိသွား၏။

"အင်း... ဒါနဲ့ ဒီနေ့ သူ့အခြေအနေဘယ်လိုလဲ ရာသီဥတုကောင်းရဲ့လား"

ကျန်းကျင်းခိုင်က စူးစမ်းလိုက်သည်။

"ဒီနေ့ သူ ရာသီဥတုကောင်းနေတယ် ဟီဟိ အစ်ကိုကျန်း ထပ်ပြီးတော့ တလွဲလုပ်မိပြန်ပြီလား"

ကျန်းချိန်က မေးပြီး တခစ်ခစ် ရယ်မောလျက်ရှိသည်။

"မဟုတ်ဘူး အင်း...ထားလိုက်တော့ သူ့ဆီ ကိုယ်တိုင်ပဲ ဆက်လိုက်တော့မယ်"

ချက်ချင်းဖုန်းဆက်မည်ဟု ပြောလိုက်သော်ငြား ၁မိနစ်လောက်တော့ ကျန်းကျင်းခိုင် သတ္တိမွေးရသေး၏။

"ဟုတ်ကဲ့ ယောက်ထန်းယု ပြောနေပါတယ်"

ဖုန်းထဲမှ ကြည်လင်ပြတ်သားသော ယောက်ထန်းယု၏ အသံ ထွက်ပေါ်လာ၏။

"ကော်မရှင်နာ...ကျွန်တော် ကျန်းကျင်းခိုင်ပါ နေကောင်းတယ်မလား ဟဲဟဲ"

"ထူးထူးဆန်းဆန်းပါလား ဒီကောင် ဒီနေ့ ဘာဖြစ်နေတာလဲ ဟေ့ကောင် ပြောစရာရှိရင် မြန်မြန်ပြောစမ်းကွာ"

ယောက်ထန်းယု ထအော်လိုက်၏။

"အစီရင်ခံစရာလေး ရှိနေလို့ပါ ကော်မရှင်နာ"

နောက်ဆုံးတော့ ကျန်းကျင်းခိုင် အားတင်းရင်းပြောလိုက်သည်။

"​အေး ပြောစမ်း ဘာရှိလို့လဲ"

"ကျူအန်းလမ်းလူသတ်မှုမှာ ကျွန်တော်... တိုးတက်မှုတစ်ချို့ ရှိလာပါပြီ"

ကျန်းကျင်းခိုင်က သွေးတိုးစမ်းလိုက်သည်။

"ကောင်းတယ်ကွာ နောက်ဆုံးတော့ တိုးတက်မှုရှိလာပြီ ပြောစမ်းပါအုံးကွ ဘာအထောက်အထားတွေများ ရထားပြီလဲ"

ယောက်ထန်းယု အမှန်တကယ်ပင် ဝမ်းသာသွားသည်။ အမှုကြီးဖြစ်၍ မကြာခန အထက်မှ ထုထောင်းနေလေရာ အဓိက စုံစမ်းနေသူက တိုးတက်မှုရှိလာ​ကြောင်း ပြောသည့်အခါ သူ ဝမ်းသာသွားသည်မှာ မဆန်း။

"ဟိုဟာလေ ကော်မရှင်နာ ...တကယ်တော့ အခုထိ ဘာအထောက်အထားမှမရှိသေးဘူး နောက်ပြီး... ပြည့်တန်ဆာတွေ... သူတို့ အလုပ်မလုပ်ကြတော့ဘူး..."

ကျန်းကျင်းခိုင်တယောက် မီးပုံပေါ် ဓာတ်ဆီလောင်းချလိုက်ပေပြီ။

ယောက်ထန်းယု နှုတ်ဆိတ်သွား၏။ ထို့နောက် သူ ဒေါသအိုးပေါက်ကွဲသွားတော့သည်။

"ခွေးမသား ပြည့်တန်ဆာတွေ အလုပ်မလုပ်တာက ငါ့ပြဿနာလားကွ"

ကျန်းကျင်းခိုင် ကမန်းကတန်းပင် ဖြေရှင်းချက်ထုတ်လိုက်ရ၏။

"မဟုတ်ဘူး... မဟုတ်ဘူးကော်မရှင်နာယောက် သူတို့ အလုပ်မလုပ်ရင်... ဒီမြို့ခံပြည်သူတွေ... အသတ်ခံသွားရနိုင်တယ် ဒါကို နောက်ဆုံးအမှုမှာ ကျွန်တော်တို့ မြင်ခဲ့ရပြီးပြီ ဒါကြောင့် တခုခုများ စီစဥ်ကြရင်ကောင်းမလားလို့ ကော်မရှင်နာကို..."

"မလုပ်ဘူးဟေ့ ဘာမှမလုပ်ဘူးကွ"

ယောက်ထန်းယု ဖုန်းကို ဒေါသတကြီးနှင့် ဆောင့်ချလိုက်သည်။

ဆယ်မိနစ်မကြာမီမှာပင် ကျန်းချိန် ဖုန်းဆက်လာ၏။

"အစ်ကိုကျန်း အဖိုးကြီးကို ဘာပြောလိုက်တာလဲ အခု သူ တယောက်ယောက်ကို ပြသနာရှာတော့မယ့်ပုံ ဖြစ်နေပြီ"

"ဘာမှ မပြောခဲ့ပါဘူးဗျာ ဒါနဲ့ အဖိုးကြီးက ဘာညွှန်ကြားလိုက်သလဲ"

ယောက်ထန်းယု တစုံတရာ ကူညီလိမ့်မည်မှန်း ကျန်းကျင်းခိုင် သိထားပြီးသားပင်။

"ကော်မရှင်နာက ပြောတယ် အိမ်ထောင်သည်ရဲမေတွေအကုန်လုံး လမ်းကြားထဲမှာ တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားလိုက်တယ် ဘယ်သူမှ ကင်းလွတ်ခွင့်မရှိဘူးတဲ့ ပြီးတော့ သူကိုယ်တိုင်လဲ အဲဒီကို သတင်းပို့ရမလား မေးသေးတယ်"

"မလိုပါဘူဗျာ... မလိုပါဘူး အဒေါ်ကြီးက လမ်းပေါ်မှာ ဒီလိုရပ်နေဖို့ အသက်ကြီးလွန်းနေပြီ"

ကျန်းကျင်းခိုင်ကက ကျန်းချိန် ကို အရွှန်းဖောက်လိုက်သည်။

ပြည့်တန်ဆာလုပ်ငန်း စတင်ကတည်းအချိန်မှစ၍ ရဲများ ဤလုပ်ငန်းကို အားပေးအားမြှောက်ပြုသည်မှာ ဤတကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။ တကယ်တော့ ကျန်းကျင်းခိုင်နှင့် ယောက်ထန်းယုတို့ ဤသို့လုပ်ရသည်မှာ တခြားလုပ်စရာ မရှိတော့၍သာ ဖြစ်သည်။ နောက်ဆုံးလူသတ်မှုတွင် ပြည့်တန်ဆာနှင့်ဖောက်သည်သက်သက် မဟုတ်တော့ပဲ ဥပဒေကိုလေးစားသော ပြည်သူနှစ်ဦး ပါဝင်နေခဲ့သည် မဟုတ်ပါလား။ ဤအချိန်မျိုးဝယ် လမ်းပေါ်တွင် ပြည့်တန်ဆာနှင့်၎င်းတို့၏ ဖောက်သည်များမရှိလျင် လူသတ်သမားအနေနှင့် သာမာန်အရပ်သားများကို ပစ်မှတ်ထားနိုင်လာ၏။ ဘာဖြစ်မယ်ဟူသည်ကို မည်သူမှ မသိချေ။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ ပြည့်တန်ဆာအလုပ်ကို ဆက်လုပ်နေရန်သာတည်း။

လမ်းကြားထဲတွင် အရာအားလုံး အစီအစဉ်တကျ လှုပ်ရှားနေသည်ကို တွေ့ရ၍ ကျန်းကျင်းခိုင်နှင့် ကျန်းနန် စိတ်သက်သာရာရသွား၏။

"ဒီည လူအဝင်အထွက်တွေများသလား"

"စိတ်မပူပါနဲ့၊ အရမ်းမများပါဘူး"

ကျန်းနန်က သေချာဟန်ဖြင့် ပြောလိုက်သည်။

"အဖွဲ့ဝင်တွေ ရှိတဲ့နေရာတိုင်းမှာ ကင်မရာတွေ တပ်ထားတယ် ပြီးတော့ တခြားရဲတွေကိုလည်း စောင့်ကြည့်ဖို့ တာဝန်ပေးထားတယ်"

""ကောင်းပြီလေ

အချိန်ဟူသည်မှာ ပျော်ရွှင်နေလျင် အကုန်မြန်တတ်၏။ ရဲများအနေနှင့် လမ်းကြား "ပြည့်တန်ဆာ" အလုပ်ကို တစ်ပတ်ခန့် လုပ်ပြီးသွားလေပြီ။သို့သော် သူတို့အနေနှင့် ပြည့်တန်ဆာအလုပ်ကို တကယ်လုပ်ကြသည်တော့မဟုတ်။ ခင်ပွန်းဖြစ်သူက ဖောက်သည်ဟန်ဆောင်ပြီး မိမိဇနီးများကို အငှားပြကြသည့်သဘောသာ ဖြစ်သည်။ တစ်ပတ်ကြာသည်အထိ နောက်ထပ် လူသတ်မှု ဖြစ်ပွားခြင်းမရှိချေ။ ယခင်ပုံစံများအရ လူသတ်မှုဖြစ်ပွားရမည့်အချိန်ကို ကျော်သွားခဲ့ပေပြီ။ ကျန်းကျင်းခိုင် စိတ်တိုနေ၏။ သတင်းပေါက်ကြားသွားသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည် မဟုတ်ပါလား။

မည်သို့ဆိုစေ နောက်ထပ်လူသတ်မှု မဖြစ်သည်ကိုပင် ကျေးဇူးတင်စရာကောင်းနေ၏။

ယနေ့မနက်တွင် ကျန်းကျင်းခိုင်သည် ရုံးခန်းတွင် အထိုင်ချကာ လူသတ်မှုငါးမှု၏ အမှုဖိုင်များကို ပြန်သုံးသပ်ကြည့်၏။ ထပ်မံဖြစ်ပွားသော လူသတ်မှု မရှိသေး၍ ယခင်အမှုများမှ တစုံတရာ အသုံးဝင်နိုင်မည့်အချက်အလက် တွေ့ကောင်းတွေ့နိုင်သည် မဟုတ်ပါလား။ ယခုဆိုလျင် လူသတ်သမား၏ တစ်ပတ် တစ်ကြိမ် လူသတ်သော ပုံစံမှာ ပျက်သွားပေပြီ။ နောက်ဆုံးလူသတ်မှုဖြစ်သွားခဲ့သည်မှာ ရက်ပေါင်းနှစ်ဆယ်ပင် ကျော်သွားခဲ့ပေပြီ။

ယခုအချိန်တွင် လူသတ်မှုများအားလုံးကို ချိတ်ဆက်ပေးနိုင်တဲ့ တစ်ခုတည်းသော အချက်မှာ လိင်ဆက်ဆံနေစဉ် လူဆယ်ယောက် သေဆုံးခဲ့ခြင်းပင်။ ပထမအမှုတွင် ရှောက်မေနှင့် အမည်မသိ အမျိုးသားတစ်ဦး ပါဝင်သည်။ရှောက်မေမှာ အားကျောက်၏ သူငယ်ချင်း ဖြစ်သည်။ ဒုတိယအမှုမှာ အားဟွေနှင့်ယင်ကျောက်၏ အမှု ဖြစ်သည်။အားဟွေသည်လည်း အားကျောက်၏ မိတ်ဆွေတဦး ဖြစ်နေပြန်၏။ တတိယအမှု၏ သားကောင် အားလီသည်လည်း အားကျောက်နှင့် အချင်းချင်း သိရှိကြသူများ ဖြစ်သည်။ စတုတ္ထအမှုမှာ အားရှုနှင့် အမည်မသိ အမျိုးသားတစ်ဦး၏ အမှု ဖြစ်သည်။ ရဲများအနေနှင့် အားရှ မည်သူမည်ဝါဟူသည်ကို အတည်ပြုနိုင်ခဲ့၏။ သို့သော် အမျိုးသားအလောင်း မည်သူမှန်း ယခုအချိန်ထိ မှတ်ပုံတင်နိုင်ခြင်း မရှိသေးချေ။ ပဉ္စမအမှုတွင်ကား ယင်ကျူးမီနှင့် ကျူးယုပင်ခေါ် ပြည်သူနှစ်ဦးပါဝင်နေသည်။ ခြုံငုံသုံးသပ်ကြည့်လျင် ပထမအမှုလေးမှုသည် လိင်လုပ်ငန်းနှင့် ဆက်စပ်နေပြီး သေဆုံးသူမိန်းကလေးတိုင်းသည် အားကျောက်နှင့် သိကျွမ်းနေ၏။

ဒါဆို အားကျောက်ဟာ ပထမအမှုလေးခုနဲ့များ ဆက်စပ်နေသလား....

ထိုသို့တွေးမိသည်နှင့် ကျန်းကျင်းခိုင် ကုလားထိုင်ပေါ် ဖင်ထိုင်ကျသွား၏။ သူသည် ယခုတလော ကျူအန်းအဆင့်မြင့်အိမ်ယာသို့ ညတိုင်းသွားနေမိ၏။ အားကျောက် ပြန်လာလေမလား စောင့်နေမိ၏။ သူ့အနေနှင့် အားကျောက် ဤလူသတ်မှုများတွင် အားတက်သရောဝင်ပါနေသည်ဟု လုံးဝမယုံချေ။ သို့သော် အထောက်အထားများကသူမသည် သေဆုံးသူအမျိုးသမီးငါးယောက်အနက် လေးယောက်နှင့် ကိုယ်ရေးကိုယ်တာ ဆက်ဆံရေး ရှိကြောင်း ပြသနေ၏။ အမှုကို ဖြေရှင်းလိုလျင် အားကျောက်ကို လိုက်ရှာဟု တစုံတရာက ကျန်းကျင်းခိုင်အား ပြောပြနေခဲ့လေပြီ။

All Chapters