အမျိုးသမီးရဲအရာရှိတဦး ပြန်ပေးဆွဲခံရခြင်း
Vol. 3 Ch. 28
မြင်ကွင်းတွင် ရှိနေသည့် အရာရှိများထဲတွင် မည်သူမှ ဝေစင်း ပျောက်နေသည်ကို သတိမထားမိချေ။ သိပ်မကြာမှီ ကျန်းကျင်းခိုင်သည်လည်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့သည်။ မှုအခင်းဖြစ်ပွားရာမြင်ကွင်းမှာ ယခင်ကကဲ့သို့ပင် သွေးထွက်သံယိုများ၊ ရုန်းရင်းဆံခတ်လက္ခဏာများ မရှိပဲ အိပ်ရာပေါ်တွင် လိင်ဆက်ဆံနေဟန် သွေးသားမရှိတော့သည့် အလောင်းနှစ်လောင်းသာ ရှိနေ၏။
"သားကောင်က ပြည့်တန်ဆာလား ဒါမှမဟုတ် အရပ်သားပြည်သူလား "
အခင်းဖြစ်ပွားရာနေရာတွင် ကျန်းနန်ကို တွေ့ရ၍ ကျန်းကျင်းခိုင်က မေးလိုက်သည်။
"ပြည့်တန်ဆာပဲ အင်စပက်တာ"
ကျန်းနန်က ဖြေလိုက်သည်။
"အထောက်အထားကို အတည်ပြုနေတုန်းပဲ မနက်ဖြန်မနက်လောက်ဆိုရင် သူ ဘယ်သူဘယ်ဝါမှန်း သိရလောက်ပြီ"
"ပြည်သူမဟုတ်တာ ဘုရားမတာပဲ"
ကျန်းကျင်းခိုင် စိတ်အေးသွားဟန်ဖြင့် ပြောလိုက်သည်။ ယခုအချိန်တွင် လူသတ်မှုနှင့်ပတ်သက်၍ သူ့စံနှုန်းများ အတော်လေးနိမ့်ကျသွားပေပြီ။ ဤမြို့တွင် လူသေဆုံးမှုများ ဆက်လက်ဖြစ်ပွားနေ၏။ သို့သော် သားကောင်များအနေနှင့် ဒေသခံပြည်သူများမဟုတ်လျှင် သူ အထူးတလည် စိတ်ပူခြင်းမရှိတော့။ ထို့နောက် သူသည် အပေါ်ထပ်၊အောက်ထပ်ရှိ တိုက်ခန်းများ၏ အပူချိန်ကို ထပ်မံစစ်ဆေးပြန်သည်။ မည်သည့်ထူးခြားမှုမှ မတွေ့ရ။
"ကဲ ကျန်းနန် မနက်ဖြန်မနက် အထောက်အထားတွေရတာနဲ့ ကျုပ်ဆီ ဖုန်းဆက်ပေးပါ ကျန်တဲ့လူအားလုံးကို အနားယူခိုင်းထားပါ။ နောက်နှစ်ရက်လောက်ထိ နောက်ထပ်လူသတ်မှု ဖြစ်မယ်မထင်ဘူး"
ထို့နောက် သူ အဆောက်အဦးမှ ထွက်ခွာလာခဲ့လေသည်။
ထိုအချိန်တွင် ဝေစင်းကား အိတ်ကြီးအတွင်း၌ပင် ပိတ်မိနေဆဲပင်။ သူ့ကို သယ်ဆောင်လာသော သုံးဘီးဆိုင်ကယ်သည် အမျိုးအမည်မသိရသည့် နေရာသို့ လှည့်ပတ်ကာ ဦးတည်နေသည်။ ခရီးတစ်ဝက်မှာပင် ဝေစင်း ပြန်လည်သတိရလာ၏။ သို့သော် ပါးစပ်အပိတ်ခံထားရသလို လက်များကိုလည်း ကြိုးနှင့်တုပ်ထားသောကြောင့် ဗလုံးဗထွေးအသံများသာ ထွက်နိုင်ရှာသည်။
နောက်ဆုံးတွင် သုံးဘီးရပ်သွားပြီး အမျိုးသားတဦး၏ အသံ ထွက်ပေါ်လာ၏။
"ခွေးမ စောစောနိုးလာတာပဲ ငြိမ်ငြိမ်နေစမ်း မဟုတ်ရင် အသားနာမယ်နော်"
ဝေစင်းက ထိုလူ၏သတိပေးချက်ကို လုံးဝဂရုမစိုက်ပဲ ဆက်လက်ရုန်းကန်နေလေသည်။
လူကြီးက သူ့လက်ထဲရှိ တုတ်ဖြင့် ဝေစင်းကို ရက်ရက်စက်စက်ပင် ရိုက်ချလိုက်လေသည်။
"အား"
ဝေစင်း နာကျင်စွာငြီးငြူလိုက်၏ ရုန်းကန်မှုမှာလည်း ရပ်တန့်သွားလေသည်။
"ခွေးမ မှတ်ပြီလား အသားနာတော့ သိသွားပြီမလား"
ထိုသို့ဆဲဆိုပြီး ထိုလူသည် တုတ်ကို ဘေးတစ်ဖက်သို့ ပစ်ချလိုက်ပြီး ဝေစင်းကိုထမ်းကာ ပျက်စီးနေသော အဆောက်အဦးတစ်ခုဆီသို့ သယ်ဆောင်သွား၏။ ထိုနေရာမှာ လက်စမသတ်သေးသော ဆောက်လုပ်ရေးနေရာဖြစ်ပြီး အဆောက်အဦဟောင်းများကို ဖြိုဖျက်ထားသောကြောင့် အနီးတွင် နေထိုင်သူများ မရှိသလို ဆောက်လုပ်ရေးအလုပ်သမားများလည်း မရှိချေ။
ထိုလူက အိတ်ကိုဖွင့်ပြီး ဝေစင်းကို အပြင်သို့ ဆွဲထုတ်လိုက်သည်။ ကြမ်းပြင်ပေါ် ကျသည်နှင့် ဝေစင်း ချက်ချင်းပင် လှုပ်ရှားလာပြီး မတ်တပ်ရပ်ရန် ကြိုးစားလိုက်၏။ သို့သော် ထိုလူက သူမကို အခွင့်အရေးမပေးပဲ ခြေထောက်များကို တုတ်ဖြင့် နှံလိုက်ပြန်သည်။ ဝေစင်း ဟန်ချက်ပျက်လဲကျသွား၏။ ထိုလူသည် သူ့ကိုတွန်းဖယ်ကာ ကြမ်းပြင်ပေါ် တွန်းချလိုက်သည်။ ထို့နောက် သူက ချက်ချင်းပင် ဝေစင်းပေါ်တက်ပြီး ယခင်က အားကျောက်အား ချည်နှောင်ခဲ့သကဲ့သို့ပင် ဝေစင်းကို ချည်နှောင်လိုက်၏။ သို့သော် ဤတစ်ကြိမ်တွင် သူက ဖယောင်းကြိုးကို အသုံးပြုထားလေသည်။
"ခွေးမ လှုပ်လေ ဘာလို့ မလှုပ်တော့တာလဲ"
ထို့နောက် ထိုလူက ဝေစင်း၏မျက်နှာကို ရက်ရက်စက်စက် ရိုက်လိုက်ပြန်၏။ ဝေစင်း ငြီးငြူရုံသာ တတ်နိုင်တော့သည်။ သို့သော် သူမ၏ မျက်လုံးအစုံမှာ ဒေါသကြောင့် ရဲရဲတောက်နေ၏။
"ဟဟ ကောင်မက ဒေါသထွက်နေတယ်ပေါ့လေ ဟုတ်လား"
ထို့နောက် ထိုလူသည် အသင့်ပါလာသော ဓားမြောင်ကို ဆွဲထုတ်ပြီး ဝေစင်း၏ အဝတ်များကို ညှပ်ပစ်လိုက်၏။ တဖန် လက်ကြမ်းကြီးများနှင့် ဝေစင်းတကိုယ်လုံးကို ပွတ်သပ်နေလေသည်။ တချီတွင် ထိုလူသည် လှုပ်ရှားမှုများကို ရပ်တန့်ပြီး ဝေစင်း၏ ခေါင်းကိုဆွဲမော့က အံ့သြတကြီးနှင့် ပြောလိုက်သည်။
"ဟာ မင်းက အပျိုလေးပဲကိုး"
ဝေစင်း ပြင်းပြင်းထန်ထန်ပင် ရုန်းကန်လိုက်၏ ထိုလူ ဘာလုပ်မည်မှန်း သူမ သဘောပေါက်လိုက်သည် မဟုတ်ပါလား။
"ကောင်းပြီ မင်းအစ်ကိုကြီးက မင်းကို အကြာကြီး ချစ်ပေးမလို့ပါကွာ"
ထို့နောက် ထိုလူသည် အဝတ်အစားများကိုဆွဲချွတ်ပြီး ဝေစင်းပေါ်သို့ တက်ခွလိုက်လေသည်။
နောက်တစ်နေ့တွင် ဝေစင်းတယောက် လက်ထောက်ခရိုင်ရဲတပ်ဖွဲ့သို့ ရောက်မလာချေ။ သို့သော် ဝေစင်း ရောက်မလာသည်ကို မည်သူမှ အံ့သြနေခြင်းမရှိ။ ညဖက်တာဝန်ကျသူဖြစ်၍ အိပ်ရေးမဝဟုသာ လူတိုင်းက ယူဆထားကြ၏။ ကျန်းကျင်းခိုင်ကိုယ်တိုင်လည်း သူမပျောက်နေခြင်းကို သတိမထားမိခဲ့ချေ။ နောက်တချက်မှာ ထိုအချိန်တွင် ကျန်းကျင်းခိုင်ကိုယ်တိုင် ကော်မရှင်ယောက်ထန်းယု၏ ရုံးခန်းထဲတွင် အကြီးအကျယ် ဆူပူခံနေရခြင်းကြောင့်ပင်။
မွန်းလွဲပိုင်းတွင် ကျန်းကျင်းခိုင်တယောက် ကော်မရှင်နာ ရုံးခန်းမှ ထွက်ခွာလာခဲ့၏။ ယောက်ထန်းယု၏ ကြိမ်းမောင်းသံများကြောင့် ယခုတိုင် သူ နားအူနေဆဲပင်။ ဤမျှကြီးမားသည့် အမှုဖြစ်ပွားနေသည့်တိုင် မည်သည့်တိုးတက်မှုမရှိသည့်အတွက် ယောက်ထန်းယု စိတ်ပူနေမည်ကို သူနားလည်၏။ ဤသည်မှာ ကျန်းကျင်းခိုင်အတွက်သာမက ယောက်ထန်းယုအတွက်ပါ ပထမဆုံးအကြိမ်ဖြစ်သည်။ မာနကြီးသည့် သူတို့နှစ်ဦးအတွက် ဤရှုံးနိမ့်မှုမျိုးမှာ လက်သင့်ခံလောက်စရာ မဟုတ်ချေ။
ရုံးချုပ်မှ ထွက်ခွာလာပြီးနောက် ကျန်းကျင်းခိုင် ကားထဲဝင်ထိုင်လိုက်သည်။ ထို့နောက် သူ စီးကရက်တစ်လိပ်ကို မီးညှိကာ ငြိမ်သက်စွာ ထိုင်နေ၏။ သူ့စိတ်အေးအေးထားရန် လိုအပ်နေသည် မဟုတ်ပါလား။ နောက်ဆုံးတွင် သူသည် ရုံးသို့မပြန်ပဲ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။ အသစ်အဆန်းတစ်ခုခု တွေ့မလားဟု သူ မျှော်လင့်နေ၏။ သို့သော် အခွင့်အလမ်းနည်းပါးကြောင်း သူသိထားပြီးသားပင်။
လေဆိပ်တွင် တိဘက်ရိုးရာဝတ်စုံဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး လေယာဉ်ပေါ်မှ ဆင်းလာ၏။ အားကျောက်ကား အကျွမ်းတဝင်ရှိပြီးသားဌာနေသို့ ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။ ထို့နောက် သူ တက္ကစီတစီးငှားကာ ဆေးရုံသို့ လာခဲ့၏။ ဤယနေ့တွင် ဆေးပြန်စစ်ရအုံးမည် မဟုတ်ပါလား။
"ဒေါက်တာဝမ်"
ဒေါက်တာဝမ်၏ရုံးခန်းအတွင်းရောက်လာသည်နှင့် အားကျောက်က နှုတ်ဆက်လိုက်သည်။
"မင်းက..."
ဒေါက်တာဝမ်သည် သူ့ရှေ့တွင်ရှိနေသည့် မိန်းကလေးကိုကြည့်ရင်း ဘာမှမပြောနိုင်ပဲ ရှိနေသည်။ ဤမိန်းကလေးနှင့် ရင်းနှီးနေသည်ဟု သူမ ခံစားရ၏။ သို့သော် မိန်းကလေး မည်သူမည်ဝါမှန်း အတိအကျမမှတ်မိနိုင်ပဲ ဖြစ်နေလေသည်။
"ဘာလဲ ကျွန်မကို အခုတော့မေ့သွားပြီလား"
အားကျောက်က ဒေါက်တာဝမ်ကို ပြုံးစေ့စေ့နှင့် ကြည့်နေ၏။ သူမ၏ အမူအရာမှာ
"အသက်ကြီးလာလို့ မှတ်ဉာဏ်တွေမကောင်းတော့ဘူးလား" ဟု ပြောနေသယောင်ယောင်ပင်။
"အားကျောက်"
ဒေါက်တာဝမ် ချောင်းတချက် ဟန့်လိုက်သည်။ သူမအနေနှင့် အားကျောက်ကို လုံးဝမမှတ်မိသော်လည်း ဆေးမှတ်တမ်းများက မမှားနိုင်။
"မင်းတကယ်ပဲ အားကျောက်လား"
"ဟုတ်ပါတယ်ရှင် ကျွန်မက အားကျောက်မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ ဒေါက်တာရဲ့"
အားကျောက်က ဒေါက်တာဝမ်နှင့်ကပ်၍ထိုင်ကာ ပြောလိုက်သည်။
"ဒေါက်တာပဲ ကျွန်မကို ပုံမှန်ပြန်လာပြီး စစ်ဆေးဖို့ အပူအစပ် မစားဖို့ပြောခဲ့တယ်လေ... ဒေါက်တာပြောသလို ကျွန်မနေခဲ့တာပဲ အခုတော့ ဒေါက်တာက ကျွန်မကို မမှတ်မိဘူးဆိုတော့... ဝမ်းနည်းသွားပြီ"
ထို့နောက် သူမက ဝမ်းနည်းဟန်ဆောင်လိုက်သည်။
"ဟေ့ တော်တော်နောက်တဲ့ကလေးမ ကြည့်စမ်း တိဘက်ဝတ်စုံတွေဝတ်ထားလိုက်တာ မင်းကို တိဘက်ဆေးရောင်းတဲ့သူတစ်ယောက်လို့ထင်နေတာ"
ဒေါက်တာဝမ် ဝမ်းသာအားရနှင့် ပြောလိုက်သည်။
"ခုတလော ဘယ်လိုနေသေးလဲ နာနေသေးလား"
ဆေးရုံတက်စက အားကျောက်အပေါ် မကောင်းမြင်ခဲ့သော်လည်း ယခုအချိန်တွင် သူမအပေါ် ဒေါက်တာဝမ် စိတ်ပြောင်းသွားခဲ့ပေပြီ။ အားကျောက်၏ စိတ်ရင်းကို သူမ နားလည်သွားပြီ မဟုတ်ပါလား။
"မနာတော့ဘူး ဒေါက်တာ"
အားကျောက်၏ ပုံစံမှာ ပျော်ပျော်ရွှင်ရွှင် လန်းလန်းဆန်းဆန်း ရှိနေသည်။
"ဒေါက်တာမယုံရင် ကျွန်မ ကပြရမလား"
"ဟေ့ဟေ့ ငြိမ်ငြိမ်နေစမ်း ကုတင်ပေါ်မှာပဲလှဲနေ! မင်းဟာ ကျန်းကျင်းခိုင် ငယ်ငယ်တုန်းကအတိုင်းပဲ"
ဘာကြောင့် ကျန်းကျင်းခိုင်ဆီ အတွေးရောက်သွားမှန်း ဒေါက်တာဝမ်မသိ။ ကျန်းကျင်းခိုင် ငယ်စဥ်ကလည်း ဤသို့ ရူးကြောင်ကြောင် လုပ်တတ်သည် မဟုတ်ပါလား။
အားကျောက်အား စစ်ဆေးပြီး ဒေါက်တာဝမ် ပြောလိုက်သည်။
"မင်းကျန်းမာရေးက တော်တော်ကောင်းနေပြီ ဒါပေမယ့် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့တော့လိုသေးတယ် တစ်ချိန်မှာ ကလေးယူဖို့စဉ်းစားမယ်ဆိုရင် အလုပ်ပြောင်းလိုက်တာ ကောင်းလိမ့်မယ်"
"တကယ်ပဲလား ဒေါက်တာ"
"မှန်တယ် ဒါပေမဲ့ မင်းသဘောပါပဲ"
အားကျောက်၏ စိတ်မပါဟန် တုံ့ပြန်မှုကြောင့် ဒေါက်တာဝမ် စိတ်ဆိုးသွားဟန် ပေါ်သည်။
"ဟုတ်ပါပြီ ဖွားဖွားဝမ် စိတ်မဆိုးပါနဲ့တော့ ဘယ်လောက်ပဲဝင်ငွေနည်းနည်း ကျွန်မ အလုပ်တစ်ခုရှာမယ်လို့ ကတိပေးပါတယ်"
အားကျောက်က ဒေါက်တာဝမ် စိတ်ချမ်းသာသွားစေရန် ကတိပေးလိုက်၏။
"ဘာဖြစ်ဖြစ် ဒါ မင်းကျန်းမာရေးအတွက် ပြောနေတာ ငါနဲ့တော့ ဘာမှမဆိုင်ဘူးလေ"
ဒေါက်တာဝမ် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။ သို့သော် သူမ၏နှလုံးသားထဲတွင် နွေးထွေးသော ခံစားချက်များ ပေါ်ပေါက်နေလေသည်။
"ဒါနဲ့လေ ဒေါက်တာဝမ် ကျွန်မ တခုလောက်မေးချင်လို့"
အားကျောက်က မဝံ့မရဲပုံစံနှင့် ပြောလိုက်၏။
"ဟိုလေ အင်စပက်တာကျန်း...သူ ဘယ်လိုနေလဲ"
ဒေါက်တာဝမ် ခေါင်းမော့လာသည်။
"သူလား..ကောင်းပါတယ် ဘာလဲ မင်းက သူ့ကို သတိရလို့လား"
"ဟင် မဟုတ်ရပါဘူး"
အားကျောက် မျက်နှာလွှဲလိုက်၏။
"ကျွန်မက ဒီတိုင်း သိချင်လို့စပ်စုရုံတင်ပါ"
"ကဲ ဟုတ်ပြီ ရော့ ဒီဆေးမှတ်တမ်းကိုယူသွား နောက်တလနေရင် ပြန်လာပြ"
ထို့နောက် ဒေါက်တာဝမ်က ထပ်ဖြည့်ပြောလိုက်သည်။
"ပြီးတော့ ဘာမှစိတ်ပူမနေနဲ့ ကျန်းကျင်းခိုင်ကို ဘယ်သူမှ ရိုက်မသွားဘူး သိလား"
ပြောပြီးသည်နှင့် ဒေါက်တာဝမ် တခစ်ခစ် ရယ်မောနေလိုက်၏။