မြောင်းထဲကအမျိုးသမီး
Vol. 3 Ch. 29
"ဟေ့ လျူနင်း ဝေစင်း ရုံးမှာလား"
ဝေစင်း ဖုန်းမကိုင်သည့်အတွက် ကျန်းကျင်းခိုင်က ရုံးဖုန်းကို ထပ်ခေါ်ရင်း မေးလိုက်ခြင်း ဖြစ်သည်။ ဝေစင်း၏ သူငယ်ချင်း လျူနင်း ဖုန်းကိုင်လာလေသည်။
"မရှိဘူး အင်စပက်တာကျန်း"
ကျန်းကျင်းခိုင်၏ မေးခွန်းကို လျူနင်းက ပြန်ဖြေလိုက်၏။
"အေးအေး ကျေးဇူးပဲကွာ"
"တယ်..ဒီကောင်မလေး ဘယ်များရောက်နေသလဲမသိဘူး"
ကျန်းကျင်းခိုင် ငြီးတွားလိုက်၏။ ဝေစင်းသည် သာမန်အားဖြင့် အလုပ်ကြိုးစားသော ရဲအရာရှိတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် မည်သူ့ကိုမှ ကြိုတင်မပြောပဲ အလုပ်ပျက်လိမ့်မည်မဟုတ်။ ဖြစ်နိုင်သည်မှာ လတ်တလောအမှုကြောင့် လူပင်ပန်းစိတ်ပင်ပန်းနှင့် အိပ်ပျော်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ နောက်ဆုံးတော့ ကျန်းကျင်းခိုင်က အခင်းဖြစ်ရာနေရာအား ပြန်လည်စစ်ဆေးရန် ဆုံးဖြတ်လိုက်တော့သည်။
-----------------
ခေါင်းတုံးရိတ်ထားသော လူငယ်တစ်ယောက် အင်တာနက်ကဖေးထဲ ပြေးဝင်လာပြီး ပိုင်ရှင် အားတောက်ကို ပြောလိုက်၏။
"အစ်ကိုတောက် မြောင်းထဲမှာ မိန်းမတယောက်ရှိနေတယ်"
"ငါတယ် ဒီခွေးမသား နေ့ခင်းကြောင်တောင် ဒီလောက်အော်နေတာက ဘာကိစ္စလဲကွ"
အားတောက်က ထိုလူငယ်ကို နားပန်ကျင်းပြီး ဆူလိုက်၏။ ထို့နောက် သူက
"အားလုံ အားမင် ပြီးတော့ ကျန်တဲ့သူတွေ ငါနဲ့လိုက်ခဲ့ သွားကြည့်ကြမယ်" ဟုအော်ဟစ်လိုက်၏။ ထိုအခါ အင်တာနက်ကဖေးထဲမှ တက်တူးထိုးထားသော ကျန်လူငယ် လေးငါးဦးကပါ ထပြီး သူနှင့်အတူ အပြင်ကို လိုက်လာကြလေသည်။
အင်တာနက်ကဖေး၏ နောက်တွင် ရေမစီးတော့သော မြောင်းလေးရှိ၏။ ထိုမြောင်းထဲတွင် အဝတ်မပါသော မိန်းကလေးတဦး ရှိနေလေသည်။ သူမ၏ တကိုယ်လုံးကို ထူးထူးဆန်းဆန်း ဖားတကောင်ပုံစံ တုပ်နှောင်ထားသည်။ သူမ၏ တကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်များနှင့် ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရကြောင်း မြင်သာနေ၏။
"ဘယ်ခွေးသားက ဒါမျိုး လုပ်ထားတာလဲမသိဘူး"
မြောင်းအတွင်းရှိ မိန်းကလေးကိုကြည့်ပြီး အားတောက် ကျိန်ဆဲလိုက်၏။
"ငါ့အိမ်ဘေးနားမှာမှ ရာရာစစ လာလုပ်ရဲတယ်လို့ကွာ ကဲ ကဲ ဟေ့ကောင်တွေ မြောင်းထဲကနေ သူ့ကို ဆွဲထုတ်ရအောင်"
အားတောက်၏စကားကိုကြားသည်နှင့် သူနှင့်အတူ လိုက်ပါလာသောလူငယ်များ မြောင်းထဲမှ မိန်းကလေးကို အပြင်သို့ သယ်ထုတ်ကြလေသည်။ အားတောက် မိန်းကလေးက်ို သေသေချာချာကြည့်ပြီး ဘေးနားမှ လူများကို မေးလိုက်၏။
"သူ့ကို ဘယ်သူမှတ်မိကြလဲဟေ့ သူ့ကိုကြည့်ရတာ ဟိုလမ်းကြားထဲက မိန်းကလေးတွေနဲ့လဲ မတူပါလား"
သို့သော် မိန်းကလေးကို မည်သူမှ မမှတ်မိပဲ ရှိနေလေသည်။
"သေရောဟ ဘယ်သူမှ မမှတ်မိကြဘူးလား အထဲကကောင်တွေပါ အကုန်ခေါ်ပြီး ကြည့်ကြစမ်း ဘယ်သူများ မှတ်မိမလဲလို့"
ထို့နောက် သူက မိန်းကလေး၏ မျက်နှာကို ဘယ်ညာလှည့်လိုက်လေရာ သူမ အသက်ရှင်နေသေးမှန်း သိသွားတော့သည်။
"သူ အသက်ရှင်နေသေးတယ်ဟေ့ အထဲကကောင်တွေ အကုန်ခေါ်လိုက် မြန်မြန်လာကြစမ်းလို့"
သိပ်မကြာမှီ လူငယ်အယောက်၂၀ခန့်မှာ သနားစရာမိန်းကလေးအား ဝိုင်းဝန်းကြည့်ရှုနေကြလေသည်။ သူတို့၏ ပုံစံမှာ အနုပညာပြကွက်တခုကို ခံစားနေကြသကဲ့သို့ပင် ထင်မှတ်ရ၏။ အားတောက်ကား ကနဦးကအတိုင်း မေးမြန်းနေလေသည်။
"သူ့ကို မှတ်မိကြလားဟေ့ သေစမ်း ဘယ်သူမှသူ့ကို မသိကြဘူးလားကွ"
"အစ်ကိုတောက်"
အားကွေ့အမည်ရ လူငယ်တဦး လူအုပ်ထဲမှ ထွက်လာပြီး ပြောလိုက်သည်။
"သူ့ကိုကြည့်ရတာ ရဲတယောက်နဲ့တူတယ်"
"ဘာကွ ရဲ ဟုတ်လား"
အားတောက်၏ မျက်နှာတွင် မယုံနိုင်ဟန် ပေါ်လာ၏။
"ခေတ်ကြီးက ပြောင်းသွားပြီကိုး ရဲတယောက်ကို ဒီလောက်ထိ ဆိုးဆိုးဝါးဝါး လုပ်ရဲနေကြပြီ"
ထို့နောက် သူက အားကွေ့၏ ဂုတ်ကိုလှမ်းဆွဲပြီး ပြောလိုက်ပြန်သည်။
"သူ့ကိုသေချာကြည့်ပြီး ပြောစမ်း ရဲဟုတ်သလား မဟုတ်ဘူးလားဆိုတာ"
အားကွေ့ ဒူးထောက်ပြီး မိန်းကလေးကို သေသေချာချာ စိုက်ကြည့်လိုက်၏။
"သူ ရဲပဲ ကျွန်တော် သေချာတယ်"
"သေစမ်းကွာ"
ပြောပြောဆိုဆို အားတောက်က မိန်းကလေး၏ဝမ်းဗိုက်ကို ခပ်ကြမ်းကြမ်းပင် ကန်ထည့်လိုက်သည်။ ငြီးငြူသံတချို့ထွက်လာပြီး မိန်းကလေး၏ပါးစပ်မှ သွေးများစီးကျလာ၏။
"ခနလေး အစ်ကိုတောက် ခနလေး"
အားမင်က ဝင်တားလိုက်သည်။
"ရဲတယောက်က်ို သတ်တယ်ဆိုတာ ပြသနာကြီးပဲ ဒီမိန်းကလေးကို ဒီလိုဖြစ်အောင် ကျွန်တော်တို့လုပ်ထားတာလဲမဟုတ်ဘူး ဒီတော့ ဒီကိစ္စကနေ ကျွန်တော်တို့ လက်ရှောင်သင့်တယ်"
"အင်း မင်းပြောတာမှန်တယ်ကွ ဒါဆို ငါတို့ သူ့ကို ဘာလုပ်ရမှာလဲ"
အားတောက်က အားမင်ကို လှည့်မေးလိုက်၏။
"ဒီလိုလုပ်ရင်ရောဗျာ... သူ့ကို သေးနဲ့ဝိုင်းပန်း"
အားမင်က အကြံပေးလိုက်သည်။
"ပြီးရင်မြောင်းထဲပြန်ပစ်ချလိုက်မယ်"
"မင်းအကြံ မဆိုးဘူးကွ ငါသဘောကျတယ်"
ထို့နောက် သူက ကျန်လူငယ်တချို့ကို လက်ညိုးထိုးပြီး ပြောလိုက်သည်၊
"မင်းတို့တွေ ဒီနားဆိုင်က ပန်းကန်ဆေးရည် နှစ်ပုံးလောက်ဆွဲခဲ့"
ပြီးလျင် သူက ရေမြောင်းဘက်ပြန်လှည့်ကာ အမိန့်ပေးလိုက်၏။
"ကျန်တဲ့ကောင်တွေ ဆီးသွားဖို့ပြင်ကြမယ်ဟေ့"
"ဘာတွေလောနေတာလဲအားလုံ"
ပန်းကန်ဆေးရည်ပုံးကို သယ်လာသော အားလုံကို တစ်စုံတစ်ဦးက လှမ်းခေါ်လိုက်၏။ သူ လှည့်ကြည့်လိုက်သည်။ အင်တာနက်ကဖေးဝင်ပေါက်တွင် တိဘက်ရိုးရာဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ဦး ရှိနေ၏။
"ဟ ဒီနေ့ကံကောင်းနေပါလား အခုတင် မိန်းမတစ်ယောက်နဲ့တွေ့တယ် ခု နောက်တစ်ယောက်ထပ်ရောက်လာပြန်ပြီ"
အားလုံက အားဖျောက်ကို လက်ကုတ်ရင်း ပြောလိုက်သည်။
"ဟုတ်တယ်ဟေ့ ဒီတစ်ယောက်ကိုလည်း ရေချိုးပေးလိုက်ရအောင်"
အားဖျောက် ပြန်ပြောလိုက်သည်။ သူတို့ရှေ့တွင် ရပ်နေသည့်မိန်းကလေးမှာ အားကျောက်မှန်း သူတို့နှစ်ဦးလုံး မသိကြချေ။
"ဟေ့ ငါအရင်လိုမဟုတ်တော့တာနဲ့ နင်တို့က ငါ့ကိုမေ့ကုန်တာလား"
အားကျောက်က ပြောပြောဆိုဆို အားလုံ၏ ဂွကြားကို ကန်ထည့်လိုက်၏။ မထင်မှတ်ပဲ အငိုက်မိသွားသော အားလုံ ဂွကြားကို လက်ဖြင့်အုပ်လျက် လဲကျသွားလေသည်။
"ကောင်စုတ် အခု ငါ့ကို မှတ်မိပြီလား"
"အ...အင်း အစ်မအားကျောက်... အစ်မပြန်လာပြီလား?"
အားလုံ တငြီးငြီးတငြူငြူနှင့် ပြန်ဖြေလိုက်သည်။
"အားလုံးဘယ်ရောက်ကုန်တာလဲ"
အားကျောက် စိတ်မရှည်ဟန်ဖြင့် မေးလိုက်၏။
"အားလုံး ဆိုင်နောက်ရောက်နေတယ်အစ်မ မနက်က အားမင် မိန်းမတစ်ယောက် မြောင်းထဲမှာတွေ့လို့ "
"တကယ်လား မိန်းမတစ်ယောက် ဟုတ်လား ဘယ်လိုမိန်းမမို့လို့လဲ"
အားကျောက်က မနှစ်မြို့ဟန်ဖြင့် မေးလိုက်သည်။
"နင်တို့အသုံးမကျတဲ့ကောင်တွေ မိန်းမတယောက်ကို နှိပ်စက်တဲ့အလုပ်ပဲ လုပ်တတ်တာလား"
"အားတောက် ရှင်တို့ဘာတွေလုပ်နေကြတာလဲ"
အင်တာနက်ကဖေးနောက်ဖက်သို့ရောက်သည်နှင့် မြောင်းတစ်ဝိုက်တွင် ယောက်ျားတစ်စု ဝိုင်းအုံနေသည်ကို ခပ်လှမ်းလှမ်းကပင် မြင်ရ၏။ အားလုံးသည် တစ်ခုခုကြောင့် ဘောင်းဘီဇစ်များကိုကိုင်ထားကြလေသည်။ ထိုအုပ်စုထဲတွင် အရပ်ရှည်ရှည် ဗလတောင့်တောင့် ထိပ်ပြောင်ပြောင်နှင့် အားတောက်လည်း ပါဝင်နေသည်။
"ဟားဟား အားကျောက်.."
အားတောက်သည် အားကျောက်၏ အသံကို မှတ်မိလေရာ ဘောင်းဘီဇစ်ကို ချက်ချင်း ဆွဲတင်လိုက်သည်။ ထို့နောက် အားကျောက်ကို ဖက်ရင်း ပြောလိုက်၏။
"ဟေ့ ကောင်မလေး မင်းကို သတိရနေတာ မင်းကော ကျုပ်ကို သတိမရဘူးလား"
"ဟွန့် ဝေးသေးတယ်"
အားကျောက် ပြုံးစေ့စေ့နှင့် ပြန်ဖြေလိုက်၏။
"ဒါနဲ့ ရှင်တို့ဘာတွေလုပ်နေကြတာလဲ အားလုံးပျော်နေပုံပဲ ကျွန်မကိုကျတော့ မခေါ်ကြဘူးပေါ့လေ"
"ဘာမှမဟုတ်ပါဘူး "
အားတောက်က မိန်းကလေးကို ညွှန်ပြရင်း ဖြေလိုက်၏။၊
"စိတ်မပူနဲ့ သူ ဒီလမ်းထဲက မဟုတ်ဘူး သူ ရဲတယောက်ကွ သိလား"
"ရဲ ဟုတ်လား"
မြေပြင်ပေါ်မှ မိန်းကလေးကို အားကျောက် ထိုအခါမှ မြင်သွားလေသည်။
"ဝေစင်းပါလား"
"ခဏ မင်းသူ့ကိုသိနေတာလား"
အားတောက် အံ့သြသွား၏။
"နင်တို့ ဘာတွေလုပ်နေကြတာလဲ"
အားတောက်ကိုတွန်းဖယ်ရင်း သူမ အော်လိုက်သည်။
"နင်တို့ယောကျာ်းတွေဟာ ဘာဖြစ်လို့ မိန်းကလေးတွေကိုပဲ အနိုင်ကျင့်ချင်နေကြတာလဲ"
"ကျုပ်...ကျုပ် ဘာမှမလုပ်ခဲ့ဘူးနော် ဒီမှာရှိတဲ့လူတိုင်း သက်သေရှိတယ် ကျုပ် ဘာမှမလုပ်ခဲ့ဘူးဆိုတာ သူတို့ ပြောပြနိုင်တယ် ကျုပ်တို့က သူ့ကို သေးနဲ့ပန်းရုံပဲပန်းတာ"
"ဒါဆို သူ..."
အားကျောက်က ဝေစင်းကို ညွှန်ပြရင်း မေးရန်ပြင်လိုက်၏။ သို့သော် ရုတ်တရက်ဆိုသလိုပင် အားကျောက်၏ တကိုယ်လုံး တုန်ခါသွား၏။ သူမ တစုံတရာကို သိရှိသွားသလို ရှိသည်။ ထို့နောက် သူ နောက်ဘက်သို့ ချာခနဲ လှည့်လိုက်၏။
"အားကျောက် ဘာတွေဖြစ်နေတာလဲ ကျုပ်ကို စိတ်ဆိုးသွားတာလား နောက်တခါ ဒါမျိုးမလုပ်တော့ပါဘူးကွာ ကျုပ် ကတိပေးပါတယ် ကောင်မလေး မင်း သူ့ကိုသိမှန်း ကျုပ် မသိလိုက်ဘူး ကျုပ်က ရဲတွေကို အရမ်းမုန်းမှန်း မင်းသိပါတယ်"
အားတောက် တောင်းပန်လိုက်၏။
"သူ့ကို မြောင်းထဲပြန်ပစ်ချလိုက်"
အားကျောက် ငိုကြီးချက်မနှင့် ပြောလိုက်သည်။ ထို့နောက် စိတ်ကိုငြိမ်အောင်ထိန်းပြီး သူမ ထပ်ပြောလိုက်ပြန်၏။
"ပြီးရင် ရဲကိုခေါ်လိုက် ဒါပေမယ့် ကျွန်မ ဒီမှာရှိနေတယ်ဆိုတာ သူတို့ကိုမပြောနဲ့နော် နေအုံး ရှင်တို့ ရဲစခန်းသွားရတဲ့ဒုက္ခကို ရှောင်ချင်ရင် အခု ဒီလိုလုပ်နေတဲ့တာ သူတို့ကိုမပြောနဲ့"
"သိပြီ ဒါဆို မင်းက ခု ဘယ်ကိုသွားမှာလဲ"
အားတောက်က မေးလိုက်လေသည်။
"အရင်နေခဲ့တဲ့အိမ်ကို ပြန်သွားမယ်"
အားကျောက်က ပြန်ဖြေလိုက်၏။
"ရှင်တို့ တခုခုလိုအပ်ရင် အဲဒီကို လာရှာလိုက်"
"အစ်ကိုတောက် အားကျောက်စိတ်ထဲတစ်ခုခုရှိနေတယ်ထင်တယ်"
အားမင်က အားတောက်ကို တိုးတိုးလေး ပြောလိုက်၏။
"စိတ်မပူပါနဲ့ကွာ သူအဆင်ပြေသွားမှာပါ"
ထို့နောက် သူက ဝေစင်းကိုညွှန်ပြရင်း အမိန့်ပေးလိုက်သည်။
"သူ့ကိုမြောင်းထဲပြန်ပစ်ချလိုက် ပြီးရင် ညစ်ပတ်နေတဲ့ပန်းကန်ဆေးရည်နဲ့ ငါတို့ရဲ့... DNAတွေကိုဆေးလိုက် ပြီးရင် ရဲကိုမြန်မြန်ခေါ်လိုက်အုံး တော်ကြာ ရဲမလာခင် သူသေသွားမှာ စိတ်ပူရတယ်"
"ရပြီအစ်ကိုတောက်"
အားမင် ခေါင်းညိတ်လိုက်၏။
အားကျောက်ရည်ရွယ်သော ယခင်အိမ်ဆိုသည်မှာ အင်တာနက်ကဖေးဘေးရှိ အဆောက်အဦးဟောင်း ဖြစ်သည်။ ထိုအိမ်သည် အားကျောက်၏ မိခင်ဘက်မှ အဖိုးအဖွားများနေထိုင်ခဲ့သောအိမ်ဖြစ်ပြီး သူတို့သေဆုံးပြီးနောက် အားကျောက်ထံသို့ လွှဲပြောင်းပေးခဲ့၏။ သို့သော် တရားဝင်စာရွက်စာတမ်းအရ အိမ်ပိုင်ရှင်မှာ သူမ၏ မိခင် လင်ဖန်းယွမ်ပင် ဖြစ်လေသည်။
အားကျောက်သည် အိပ်ယာပေါ်ထိုင်ပြီး ဝက်ဝံရုပ်ကြီးကို ပွေ့ထား၏။ သူမ၏ မျက်လုံးထဲမှ မျက်ရည်များ တသွင်သွင် စီးကျနေလေသည်။ သို့သော် သူမ ဝေစင်းအတွက် ဝမ်းနည်းနေခြင်းမဟုတ်။ သူမကိုယ်တိုင် အကြမ်းဖက်ခံရသော အချိန်ကို သတိရနေခြင်းသာ ဖြစ်သည်။ ဝေစင်းကိုနှိပ်စက်သူနှင့် သူမကိုနှိပ်စက်ခဲ့သူမှာ တယောက်တည်းဖြစ်ပေလိမ့်မည်။ သို့သော် ဤအကြောင်းကို အားတောက်အား ပြောပြ၍မဖြစ်။ မည်သို့ဆိုစေ အားတောက်သာသိသွားပါက ထိုလူကို လိုက်ရှာပြီး အပိုင်းပိုင်းဖြတ်ကာ သတ်ပစ်မည်မှာ သေချာနေပေသည်။