← Chapters

 စစ်မြေပြင်သို့

Vol. 48 Ch. 713

 စစ်မြေပြင်သို့

Vol. 48 Ch. 713

*တာဝန် ဟုတ်လား*

*အဲ့လိုအရာမျိုး ရှိတာလား*

“အရှက်မဲ့လိုက်တာ၊ လုံးဝကို အရှက်မဲ့တာပဲ”

ရဲ့လင်းချန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရှန်းကော်ချန်ကို လက်စားချေလို့သည့် အတွေးကို ဖိနှိပ်နေရသည်။

*ချီးပဲ၊ ငါက သူနဲ့ မယှဉ်နိုင်တာတောင် သူက ငါ့ကို ပြန်ပြီး လုယက်သွားတယ်၊ စိတ်ရှည်ရှည်ထား၊ ငါ့ခွန်အားက သူ့ထက် သာတဲ့အချိန်ကျရင် ငါ သူ့ကို ပေးဆပ်ရအောင် လုပ်ပစ်မယ်၊ အတိုးနဲ့ကို လုပ်ပစ်မှာ*

*စုစုပေါင်း အမှတ် နှစ်ဆယ့်ရှစ်မှတ်၊ တစ်ရက်ကို အတိုးနှုန်း ၁% ပဲ ဆိုရင်တောင် တစ်နှစ်ဆို သုံးရာသုံးဆယ့်ငါး ရာခိုင်နှုန်း၊ ဟုတ်တယ်၊ ငါ အနီးဆုံး ကိန်းပြည့်အထိ ယူပြီး လေးဆယ် ထားလိုက်မယ်*

“ပစ်မှတ် အသေးလေး ထားပြီး တစ်နှစ်အတွင်း သူ့ဆီက ယူရမယ့်အကြွေးကို စုဖို့ မှန်းထားမယ်*

*ငါ ဒါကို အရင်းအမြစ် စီမံခန့်ခွဲမှုမှာ သင်ခန်းစာအဖြစ် သဘောထားလိုက်မယ်*

ထိုသို့ စဉ်းစားပြီးနောက် ရဲ့လင်းချန် ခံစားရ သက်သာသွားလေသည်။

“ကောင်လေး၊ ရှန်းကော်ချန်က မူလ စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့် ရောက်နေပြီဆိုတာကို မင်းကို ငါ သတိပေးလိုက်မယ်”

ရဲ့လင်းချန်၏ အမူအရာ အပြောင်းအလဲကို သတိထားမိပြီး အဘိုးအိုက သူ့အား စိုးရိမ်ပူပန်စွာ သတိပေးလာသည်။

“အင်း … မူလ စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်က အရှက်ကိုမရှိဘူး”

ရဲ့လင်းချန် မကျေမချမ်း ပြောလိုက်သည်။

မမျှော်လင့်ဘဲ အဘိုးအို၏ အမူအရာက လေးနက်သွားပြီး လေးနက်သော အသံဖြင့် ပြောလာသည်။

“မင်း အဲ့ဒါတော့ မှားနေပြီ၊ အပြင်မှာ ပိုပြီး အရှက်မရှိတဲ့သူက အမြဲ ရှိနေမှာပဲ၊ စစ်သည်တော်တွေက ပြိုင်ဆိုင်နေရမှာ၊ ဘယ်တော့မှ မရိုးအလိုက်နဲ့၊ နောက်ဆို မင်းကိုယ်တိုင် ကြုံဖူးသွားလိမ့်မယ်”

ရဲ့လင်းချန် တစ်ခဏမျှ စဉ်းစားသွားသည်။

“အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆာ၊ ကျွန်တော် ပစ္စည်းအချို့အတွက် လဲလှယ်ချင်ပါတယ်”

“ကိုယ့်ဘာသာကိုယ် ကြည့်လိုက်”

အဘိုးအိုက ရဲ့လင်းချန်ရှေ့၌ အလဲအလှယ် စာရင်းကို ချပေးလိုက်သည်။

ပထမဆုံးစာကြောင်းတွင် အမှတ်တစ်မှတ်ကို ယွမ်တစ်သောင်းအတွက် လဲလှယ်နိုင်သည်ဟု ဖော်ပြထားသည်။

ရဲ့လင်းချန်၏ မျက်လုံးများ ဝင်းလက်သွားသည်။

“အမှတ်တွေက ပုံသေ ပိုက်ဆံပမာဏ တန်ဖိုး ရှိတာလား၊ ဒီလိုဆိုရင် ကျွန်တော် အမှတ်တွေကို ပိုက်ဆံနဲ့ ဝယ်လို့ရနိုင်လား”

အဘိုးအိုက ရဲ့လင်းချန်ကို ပြုံး၍ ကြည့်လာသည်။

“ဟဲဟဲ … ဆုတောင်းလေကွာ”

“ဪ”

ရဲ့လင်းချန်သည် မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ချေ။ သူ စာရင်းကို ဆက်ကြည့်နေသည်။

“ဒါတွေက ဆေးရည်တွေလား”

ရဲ့လင်းချန် မော့ကြည့်လိုက်သည်။

ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးရည်: သိုင်းပညာရှင်များအတွက် သင့်လျော်သည်၊ ခန္ဓာကိုယ်ခွန်အားကို တိုးမြှင့် ပေးသည်။ အမှတ်တစ်မှတ်။

သွေးကြော သန့်စင်ခြင်း ဆေးရည်: အတွင်းအားသုံး သိုင်းပညာရှင်များအတွက် သင့်လျော်သည်၊ သွေးကြောအင်အားကို တိုးမြှင့်ပေးသည်၊ အမှတ်ငါးမှတ်။

အသက်ဓာတ် ဆေးရည်၊ ဒဏ်ရာကုသရေးကို ကြီးမားစွာ တိုးတက်စေသည်၊ အမှတ် ငါးမှတ်။

…

ဟာ …

ရဲ့လင်းချန် ပင့်သက်ရှိုက်မိသွားသည်။ ၎င်းတို့က ဈေးကြီးလွန်းလှပေသည်။

အမှတ် တစ်မှတ် ရရှိရန်က အတွင်းအားသုံး သိုင်းပညာရှင်တစ်ယောက်ကို သတ်ရန် လိုအပ်ပေသည်။ ဆေးရည် အသီးသီးနှင့် လဲလှယ်နိုင်ရန် လူတစ်ယောက်၌ သူမတူသော သတ်ဖြတ်ခြင်းစွမ်းရည် ရှိနေသင့်သည်။

ဆေးရည်က ကောင်းလေလေ ကုန်ကျစရိတ် များလေလေပင်။ တစ်ချိန်တည်းမှာပင် ၎င်းက ရဲ့လင်းချန်အား အမှတ်များ၏ အရေးပါပုံကို ပိုနားလည်လာစေ၏။

ဤဆေးရည်များကိုသာ လူသိအောင် ချပြပါက သေချာပေါက် အဖိုးမဖြတ်နိုင် ဖြစ်လာပေလိမ့်မည်။

သို့သော် သိုင်းပညာစံအိမ်က ဘယ်သောအခါမှ ထိုသို့ ဖြစ်လာခွင့်ပေးမည် မဟုတ်သလို ၎င်းတို့အား အမှတ်များဖြင့် လဲလှယ်နိုင်ခြင်းဖြင့် ကန့်သတ်ထားပေမည်။ အမှတ်များ မရှိပါက ပိုက်ဆံဖြင့် ဝယ်ရန် မဖြစ်နိုင်ပေ။

စာရင်းကို ဆက်ကြည့်နေမိသည်။

ခန္ဓာကိုယ် သန့်စင်ခြင်း ပန်းပွင့်၊ သွေးကြော သန့်စင်ခြင်း ဆေးပင်၊ အသက်ဓာတ် အသီး …

ရဲ့လင်းချန်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

“ဆာ … ဒါတွေက …”

“ဟုတ်တယ်၊ ဒီဆေးရည်တွေက ဒီဆေးပင်တွေကို အာနိသင်လျှော့ပြီးမှ ရလာတဲ့ အရည်တွေပဲ”

အဘိုးအိုက ရိုးသားစွာ ရှင်းပြလာသည်။

“ငါတို့ရဲ့ လက်ရှိ ဗဟုသုတအရ ဒါက ငါတို့ လုပ်နိုင်တာ အကုန်ပဲ”

*ဒါက … ရူးချင်စရာပဲ*

“ဟေ့ကောင်၊ ဒါက ဘာအမူအရာလဲကွ၊ ဒါက ငါတို့အရင်းအမြစ်ကို အများဆုံး လုပ်ထားတာကွ”

အဘိုးအိုက ရှင်းပြသည်။

ရဲ့လင်းချန် ပြန်စဉ်းစားလိုက်မိသည်။ သူ၏ တရုတ်ဆေးပညာ စွမ်းရည်သည် တစ်ရာ အပြည့် ဖြစ်နေသော်လည်း ဤပစ္စည်းများကို ဆေးရည်အဖြစ် သန့်စင်နိုင်ရန် မဆိုထားနှင့်၊ အသုံးပြုနိုင်သည့် နည်းလမ်း မရှိချေ။

သို့သော် သူ၏ စွမ်းရည်များကို အဆင့်မြှင့်တင်နိုင်ပေသည်။ ထိုသို့ဆိုပါက အပြည့်အဝ အသုံးချနိုင်ပေ၏။

ထိုသို့ဖြစ်လာခဲ့ပါက သူ ချမ်းသာလာလောက်သည်။

*ဟဲဟဲ ရှန်းကော်ချန်၊ ခင်ဗျား ကျုပ်ကို တစ်ပတ်ရိုက်ထားလို့ရတုန်း ပျော်ထားဦးပေါ့ဗျာ၊ နောင်အနာဂတ်မှာ ခင်ဗျား ကျုပ်ကို တောင်းပန်လာရအောင် ကျုပ် လုပ်ပြမယ်”

ရဲ့လင်းချန်၏ စိတ်ခံစားချက်က ချက်ချင်း တက်ကြွသွားပြီး ဆက်ဖတ်နေလိုက်သည်။

နောက်တစ်ခုမှာ လက်နက်များ ဖြစ်သည်။ ၎င်းတို့သည် ပုံမှန်ဓားများနှင့် မတူပေ။ ထိုလက်နက်များကို အထူး သတ္တုစပ် များဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကာ ၎င်းတို့က အလွန်အမင်း အားကောင်း၍ ထက်ရှစေသည်။ ထို့အပြင် ဟင်းလင်းပြင် နယ်မြေမှ ပစ္စည်းများကို ထပ်ပေါင်းထည့်ထားသည်။ ဈေးက အလွန်မြင့်ပြီး ဆေးရည်များထက်ပင် မြင့်သေးသည်။

ဆက်ဖတ်ကြည့်နေပြီးနောက်၌ ရဲ့လင်းချန်သည် စိတ်ဝိညာဉ် ကျောက်တုံးများကို တွေ့လိုက်ရသည်။

အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး: တစ်ဂရမ်ကို တစ်မှတ်

အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး: တစ်ဂရမ်ကို ဆယ်မှတ်

အဆင့်မြင့်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး: တစ်ဂရမ်ကို အမှတ်တစ်ရာ

စိတ်ဝိညာဉ် ကျောက်တုံး၏ အဆင့်က မြင့်လာလေလေ ၎င်းထဲမှ စိတ်ဝိညာဉ်စွမ်းအင်က ပိုများလေ ဖြစ်ပြီး သန့်စင်ခြင်းက ပိုကောင်းလေသည်။ ယခင်က ရှန်းကော်ချန် သူ့ကို ပြခဲ့သော စိတ်ဝိညာဉ် ကျောက်တုံးသည် အဆင့်မြင့်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး ဖြစ်သည်။

ဟင်းလင်းပြင်နယ်မြေ၏ အသွင်အပြင်က အန္တရာယ်ရှိရုံတင်မကဘဲ ကမ္ဘာအား ထူးခြားဆန်းကြယ်သော အရာများစွာကို ယူဆောင်ပေးလာနိုင်သည်။

“ကျွန်တောင် လဲချင်တာက …”

ရဲ့လင်းချန် စဉ်းစားနေသည်။ ထိုစဉ် သူ ရုတ်တရက် အကြံတစ်ခု ရသွားသည်။

“ဆာ … ငရဲတံခါးမှာ တိုက်ပွဲ ဖြစ်နေတာလား”

အဘိုးအိုက ရဲ့လင်းချန်ကို ကြည့်လာသည်။

“တိုက်ပွဲက တကယ်ကို ဖြစ်နေတာ၊ လွန်ခဲ့တဲ့ ဆယ်ရက်ကစတာ၊ ဟင်းလင်းပြင်နယ်မြေက တိုက်ခိုက်မှု စနေတာ သုံးခါ ရှိပြီ၊ သိုင်းပညာစံအိမ်က လူအများစုက စစ်မြေပြင်ထဲ ရောက်သွားပြီ၊ ကျန်နေတဲ့သူတွေက လေ့ကျင့် နေတုန်းပဲ၊ အဲ့ဒါကြောင့် မင်း လူများများ မမြင်ရတာ”

တစ်ခဏမျှ ရပ်သွားပြီနောက် သူက ထပ်ပြောလိုက်သည်။

“ကောင်လေး၊ မင်းက အတိုက်အခိုက် တော်တော်ကောင်းတယ်လို့ ငါ ကြားတယ်၊ ဒါပေမဲ့ မင်း တိုက်ပွဲကို မြန်မြန် ဝင်ပူးပေါင်းဖို့ ငါ အကြံမပေးဘူး၊ ပထမဆုံးအနေနဲ့ မင်းက လုံးဝ လူသစ် ဖြစ်နေသေးတယ်၊ မင်း တိုက်ပွဲကို ရုတ်တရက် ဝင်ပူးပေါင်းမယ်ဆိုရင် မင်းအတွက် အရမ်း အန္တရာယ် များလိမ့်မယ်၊ ပြီးတော့ တိုက်ပွဲမှာ မင်းဘက်က သတ္တိအပြင် ပိုပြီးတော့ လိုအပ်တယ်၊ မင်း စွန့်စားမှု အန္တရာယ်နဲ့ အကျိုးအမြတ်ကို စဉ်းစားဖို့ လိုသေးတယ်”

“ဒီလောက် အသက်ငယ်ငယ်နဲ့ ဒီအဆင့်ကို ရောက်တယ်ဆိုတော့ မင်းမှာ သူများနဲ့မတူတဲ့ အရည်အချင်း ရှိတယ်၊ တကယ်ကို ရှားပါးတဲ့ ပါရမီပဲ၊ မင်း သိုင်းစံအိမ်မှာ နောက်ထပ် တစ်နှစ်ကျော်ကျော်လောက် စိတ်ရှည်လက်ရှည်နဲ့ လေ့ကျင့်လိုက်မယ်ဆိုရင် မင်း ပိုကြီးမားတဲ့ နေရာတစ်ခုကို ရနိုင်လိမ့်မယ်”

“အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီးနောက် အလဲအလှယ် စာရင်းကို တစ်ခဏမျှ စိုက်ကြည့်နေသည်။

“ကျွန်တော် အလယ်အလတ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်ဆယ်ဂရမ်နဲ့ လဲလှယ်ချင်ပါတယ်”

“မင်း ဒါတွေအားလုံးကို စိတ်ဝိညာဉ် ကျောက်တုံးနဲ့ လဲချင်တာ သေချာလား”

အဘိုးအို မျက်မှောင်ကြုတ်သွားသည်။

“သေချာပါတယ်”

အလယ်အလတ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်ဆယ်ဂရမ်သည် ဘဲငန်းဥ တစ်လုံး၏ အရွယ်အစားမျှ ရှိသည်။ ၎င်းသည် မက်မောစရာကောင်းသော အသွင်အပြင်နှင့် တောက်ပနေ၏။ ၎င်း၏ အလှတရား တစ်ခုတည်းနှင့် သန်းဆယ်ချီ၍ တန်ဖိုး ရှိနေလေပြီ။

အမှတ် လဲလှယ်ခန်းမှ ထွက်လာပြီးနောက် ရဲ့လင်းချန်သည် သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်သည့် နေရာသို့ လှမ်းကြည့်လိုက်မိသည်။ ထို့နောက် သူ တုံ့ဆိုင်းမနေဘဲ ထိုနေရာသို့ လျှောက်သွားလိုက်သည်။

သိုင်းစံအိမ်သည် ဒေသသစ်၏ အစွန်အဖျား၌ တည်ရှိသည်။ တိုက်ပွဲများမှ ဖြစ်ပေါ်လာသော အပျက်အစီးကို ရှောင်ရှားနိုင်ရန် ၎င်းသည် အလယ်ဗဟိုနှင့် အလှမ်းဝေးသည်။

ရဲ့လင်းချန်သည် အလယ်ဗဟိုတည့်တည့်ကို ဦးတည်သည့် လမ်းမကျယ်အတိုင်း လျှောက်နေသည်။ လမ်း၏ တစ်ဖက်တစ်ချက်၌ စိမ်းလန်းစိုပြည်သော တောအုပ်များ ရှိသည်။ ဤဧရိယာ၏ ပတ်ဝန်းကျင်က တစ်မူထူးခြားလှသည်။ မည်သည့် စီမံခန့်ခွဲမှုမှ မရှိသော်လည်း အပင်များက ကောင်းမွန်စွာ ရှင်သန် ကြီးထွားနေပြီး တောအုပ်ပန်းခြံလေး တစ်ခုနှင့်ပင် တူနေလေသည်။

သိုင်းစံအိမ် တစ်ခုလုံးသည် တောအုပ်၏ နက်ရှိုင်းသော အတွင်းတစ်နေရာမှ လျှို့ဝှက် အဆောက်အဦးတစ်ခုနှင့် တူပြီး ငရဲတံခါး တစ်ခုတည်းနှင့်သာ ဆက်စပ်နေ၏။ ၎င်း၏ တံခါးကို တစ်ချိန်လုံး စောင့်ကြပ်နေပြီး နှစ်ဖက်လုံးက ဘယ်သောအခါမှ အတိုက်အခိုက် မရပ်ပေ။

သိုင်းစံအိမ်တစ်ခုလုံး၌ ရဲ့လင်းချန်သည် လူညစ် ရှန်းကော်ချန်နှင့် အမှတ် လဲလှယ်ခန်းမှ အဘိုးအိုမှလွဲလျှင် အတွင်းအားသုံး သိုင်းပညာရှင် တစ်ယောက်နှင့်မှ မတွေ့ရသေးပေ။ ယင်းအတွက် သူတို့ တိုက်ပွဲသို့ ရောက်နေသည် ဟူသည့် အဖြေ တစ်ခုတည်းသာ ရှိပေသည်။

တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ဆယ်ရက် ရှိပြီ ဖြစ်သည်။ ရှန်းကော်ချန်က ရက်စက်သည်ဟု ထင်ရနိုင်သော်လည်း ယခုလက်ရှိ အခြေအနေက အရေးကြီးနေသည်မှာ သေချာလှသည်။ ရဲ့လင်းချန် လှည့်ပတ်၍ သတင်းမေးရန် ကြိုးစားသော်လည်း ကျန်ရှိနေသည့် လူများမှာ တိုက်ပွဲသို့ ဝင်ပါနိုင်ရန် အရည်အချင်းပင် မပြည့်မီသည့်အပြင် အနည်းငယ်သာ သိကြသည်။ သူတို့က လုံးဝ အကူအညီ မဖြစ်ပေ။

နောက်ဆုံး၌ သူသည် ကိုယ့်ကိုယ်ကိုယ်သာ အားထားရပေတော့မည်။

သူ လမ်းလျှောက်နေချိန်တွင် သူ့စိတ်ထဲ၌ အမျိုးမျိုးသော ဖြစ်နိုင်ချေများကို တွေးမိနေသည်။

*ငါ အခြေအနေကို အရင်ဆုံး စစ်ဆေးပြီးမှ ကျန်နေတဲ့ပစ္စည်း နည်းနည်းလောက်ကို ကောက်လိုက်မယ်၊ အန္တရာယ် တစ်ခုခု ဖြစ်လာရင်တော့ ငါ ထွက်ပြေးလိုက်မယ် …*

All Chapters