ရက်စက်သော
Vol. 48 Ch. 714
နှစ်နာရီ ကြာပြီးနောက် နက်ရှိုင်းသော တောအုပ်အလယ်၌ အရိပ်တစ်ခု ဖြတ်ပြေးသွားပြီးနောက် အပေါ်မှ ခုန်ဆင်းကာ နောက်တစ်ပင်ပေါ်သို့ လွှားခနဲ ခုန်တက်သွားလေသည်။
ရဲ့လင်းချန်သည် အန္တရာယ်ဖြစ်လောက်သော အမြန်နှုန်းနှင့် သွားလာနေခြင်း ဖြစ်သည်။ ဤနေရာသည် ဒေသသစ်၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းများ ဖြစ်နေသော်လည်း အပင်များက ပို၍ပင် မြင့်မားကာ များပြား နေသည်။ သို့သော် စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းမှုများသော်လည်း ယခုနေရာမှစ၍ အပင်များ နည်းပါးလာသည်။ အချို့သော အပင်များသည် ထက်ပိုင်းပြတ်နေပြီး မြေမျက်နှာပြင်အနှံ့ ချိုင့်ခွက်ကြီးများ ရှိနေသည်။ ပတ်ဝန်းကျင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်ထားသော အငွေ့အသက်တို့နှင့် ပြည့်နှက်နေ၏။
*ဒါက … ဒီမှာ တိုက်ပွဲ ဖြစ်ခဲ့တယ်နဲ့တူတယ်*
အမြင့်၌ ရပ်နေရင်းနှင့် ရဲ့လင်းချန်သည် အရှေ့မှ တံတိုင်းနှင့်တူသော တည်ဆောက်မှုတစ်ခုကို မြင်နေရသည်။ သို့သော် တံတိုင်းအား အုတ်ခဲများအစား အထူးသတ္တုများနှင့် တည်ဆောက်ထားသည်။
တံတိုင်းအတွင်း၌ ကြုံရာကျပန်း တည်ဆောက်ထားသည့် အဆောက်အဦး ရှိသည်။ ၎င်းတို့သည် တိုက်ပွဲအနီးမှ ယာယီ တပ်စခန်းများ ဖြစ်သည်။
ထိုစဉ် တံတိုင်းပေါ်၌ အလင်းများ ဖြတ်ပြေးသွားသည်။ စစ်မြေပြင်အတွင်း၌ တောက်ပသော မီးရောင်များနှင့် အနက်ရောင် မီးခိုးမှိုင်းများ ထွက်ပေါ်နေကာ ပေါက်ကွဲသံများကို ကြားနေရသည်။
သူ စစ်မြေပြင်သို့ မရောက်ခင်မှာပင် တိုက်ပွဲအတွင်းမှ ကြောက်မက်ဖွယ်ကောင်းပုံကို ခံစားနေရလေသည်။
ရဲ့လင်းချန် ရှေ့သို့ ဆက်လျှောက်သွားသောအခါ တိုက်ပွဲမှ ကျန်ရစ်ခဲ့သော ခြေရာလက်ရာများကို တွေ့လိုက် ရသည်။ သေးငယ်သော်လည်း နက်ရှိုင်းသည့် တွင်းများကို နေရာတိုင်း၌ ရှိနေသည်ကို သတိထားမိလိုက်သဖြင့် သူ စိုးရိမ်စိတ် ကြီးလာရသည်။ ထို့အပြင် မြေကြီးသည် ရဲရဲနီနေ၏။ မြေကြီးတွင် ထိုမျှ နီရဲနေအောင် စွန်းထင်းနေစေရန် မည်မျှသော လူတို့၏ သွေးများ ဖြန်းပက်ခဲ့ရသဖြင့်။ ထိုအခြင်းအရာကို ကြည့်ချင်းအားဖြင့် ပြီးခဲ့သော တိုက်ပွဲ၏ အခြေအနေကို ခန့်မှန်းမိနိုင်ပေသည်။
ခံတပ်နှင့် နီးလာသည်နှင့်အမျှ နားကွဲမတတ် တိုက်ပွဲအသံများကို သူ ကြားလိုက်ရပြီး အသတ်ခံရသော အော်သံများက လေသံထဲ ပြည့်နှက်နေ၏။
“ဒါတွေက ဟင်းလင်းပြင်နယ်မြေက သတ္တဝါတွေလား”
တစ်ချက်ကြည့်လိုက်ရုံနှင့် လူသားနှင့် နည်းနည်းလေးမျှ မတူသော သတ္တဝါများကို ရဲ့လင်းချန် တွေ့လိုက်ရသည်။
ထိုသတ္တဝါများက ခြေနှစ်ချောင်းသတ္တဝါများဖြစ်ပြီး လူပုံစံနှင့် တူညီသော်လည်း သူတို့၏ အရေပြားက အပြာရောင် ဖြစ်နေသည်။ ထို့အပြင် သူတို့၏ နှာခေါင်းများက ပါး၍ ရှည်လျားပြီး မှင်စာများနှင့်ပင် တူနေသည်။ ခြုံငုံကြည့်မည်ဆိုပါက သူတို့သည် အနောက်တိုင်းရုပ်ရှင်ဖြစ်သော “Lord of the Rins” ထဲမှ သတ္တဝါတစ်မျိုးနှင့်ပင် တူနေ၏။
ထိုသတ္တဝါများတွင် အကျည်းတန်သော ပုံပန်းသွင်ပြင်ရှိပြီး သူတို့၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့နှင့် ပြည့်နှက်နေသည်။ လူသားများနှင့် ရန်ငြှိုး ကြီးကြီးမားမား ရှိသည်ဟုပင် ထင်မှတ်ရပြီး တွေ့လိုက်သည့် လူသားတိုင်းကို တစ်စစီ စုတ်ဖြဲရန် ကြိုးစားနေလေသည်။
ထို့အပြင် သူတို့သည် အသိဉာဏ် မကင်းမဲ့ပေ။ သူတို့သည် လက်နက်များ ကိုင်ဆောင်ထားပြီး အချင်းချင်း ပူးပေါင်းကာ အဖွဲ့ငယ်များအဖြစ် ဖွဲ့စည်းထားပုံရသည်။ သူတို့သည် ဓားများ၊ လှံများနှင့် နောက်တန်းမှ လေးနှင့် ဒူးလေးများနှင့်ပင် ပစ်ခတ်နေ၏။
လူသား စစ်သည်တော်များသည် ဒေါသူပုန်ထနေကာ သူတို့ထံမှ သွေးများက စက္ကန့်တိုင်း ပန်းထွက်နေသည်။ မြင်ကွင်းက ရက်စက်သော အသားကြိတ်စက်တစ်ခုနှင့် တူနေပြီး သွေးများက မြစ်သဖွယ် စီးဆင်းနေသည်။ တစ်ချို့သော လူများသည် လက်များ ဆုံးရှုံးသွားသော်လည်း တိုက်ပွဲ၌ ပါဝင်နေကြသေးသည်။
ထိုအခိုက်တွင် ရဲ့လင်းချန် ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။ သူသည် တွေဝေမနေဘဲ အလျင်အမြန် နောက်ဆုတ်လိုက်သည်။
“ဝှီး”
တစ်ချိန်တည်းမှာပင် မြားတစ်စင်းက သူ့နှာခေါင်းနားမှ ပွတ်ကာ လျှပ်စီးသဖွယ် ဖြတ်သန်းသွားသည်။ ၎င်းက သူနှင့် ကပ်သီးလေး လွဲချော်သွားခဲ့သည်။ သူ့နှာခေါင်းမှ အေးမြသော လေကိုပင် သူ ခံစားလိုက်မိသည်။
*အရမ်းမြန်တယ်*
ရဲ့လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ သွေးများ တစ်ခဏအတွင်း အေးခဲသွားသကဲ့သို့ ခံစားလိုက် ရသည်။
သူ အလွန်အမင်း ကျောချမ်းသွားလေသည်။ သူသည် စစ်မြေပြင်၏ အစွန်အဖျားအနားသို့ ရောက်ရုံလေးသာ ရောက်သေးသော်လည်း မြားတစ်စင်းအောက်၌ ကံဆိုးစွာဖြင့် သေဆုံးလုနီးပါး ဖြစ်ခဲ့သည်။
တိုက်ပွဲ၏ ရက်စက်မှုနှင့် အန္တရာယ်များပုံကို သူ ကြားဖူးသော်လည်း ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ဖူးသဖြင့် အပြည့်အဝ မသိနိုင်ခဲ့ပေ။
သူ ခေါင်းမော့ကြည့်လိုက်သောအခါ အပြာရောင် အသားအရည်နှင့် သတ္တဝါတစ်ကောင်က လေးနှင့်မြားကို မြှောက်၍ သူ့အား တည့်တည့်မတ်မတ် ချိန်ရွယ်နေသည်ကို တွေ့လိုက်ရသည်။
ထိုသတ္တဝါ၏ ခန္ဓာကိုယ်က ပိန်ပါးသည်။ ၎င်းက ဟင်းလင်းပြင်နယ်မြေမှ အမသတ္တဝါ ဖြစ်ပုံရသည်။ အပြာရောင် အသားအရေ၏ အစိတ်အပိုင်း တော်တော်များများကို မြင်နေရပြီး အချို့သော အစိတ်အပိုင်းများကိုသာ တိရစ္ဆာန်သားရေဖြင့် ဖုံးအုပ်ထားသည်။ သူမ၏ မျက်လုံးများက အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ရဲ့လင်းချန်အား မမှိတ်မသုန် ကြည့်နေ၏။
“ဝှီး”
မြားအား ကျည်ဆံထက်ပင် မြန်ဆန်စွာ ပစ်ခွင်းလာ၏။
*အဲ့ဒါ ဟင်းလင်းပြင်နယ်မြေရဲ့ ဒူးလေးလား၊ စနိုက်ပါလိုပဲ*
ထိုသတ္တဝါ၏ အရှိန်အဝါက အထွတ်အထိပ်အဆင့် အတွင်းအားသုံး သိုင်းပညာရှင်နှင့်ပင် ယှဉ်နိုင်ပေသည်။ သို့သော် ဤဒူးလေးသည် ပေါက်ကွဲမှုကို တိုးစေနိုင်သည့် အဖျက်စွမ်းအင် ရှိသည်။ ထိုသို့သော အခြေအနေ၌ အခြား မည့်သည် သာမန် မူလစိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်မဆို အလွယ်တကူ နေရမှာတင် သေဆုံးသွားနိုင်သည်။
ရဲ့လင်းချန်၏ ခန္ဓာကိုယ်က လေထဲ မြောက်တက်သွားပြီးသည်နှင့် တစ်ပြိုင်နက် ဘယ်ဘက်သို့ လျှပ်စီးသဖွယ် ရှောင်တိမ်းလိုက်သည်။ သူသည် အမသတ္တဝါကို ဆက်၍ ကြည့်နေသော်လည်း သူ့အကြည့်က တဖြည်းဖြည်း အေးစက်လာသည်။
*သေစမ်း၊ မင်းကို ငါ ဘာလုပ်မိလို့လဲ*
ရဲ့လင်းချန်က ပုံမှန်မဟုတ်သည်ကို သတိထားမိသွားပြီးနောက် အမသတ္တဝါ၏ အမူအရာက လေးနက်သွားသည်။ သူမက ဒူးလေးကို ပြန်၍ မြှောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် ပတ်ဝန်းကျင်ကို တစ်ခုခု ပြောနေပုံရသည်။ အနီးဝန်းကျင်မှ တိုက်ခိုက်သူများသည် ရဲ့လင်းချန်အား ပြိုင်တူ ကြည့်လာကြပြီး သူတို့၏ မျက်လုံးများတွင် ရန်လိုမှုများနှင့် ပြည့်နှက်နေ၏။
“အရဟာ လက်သီးစွမ်းအင်”
ရဲ့လင်းချန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး အရှေ့သို့ လက်သီးတစ်လုံး ပစ်ခွင်း လိုက်သည်။
လက်သီးစွမ်းအင်က အမသတ္တဝါထံသို့ ကြီးမားသော အဖျက်စွမ်းအင်လှိုင်းနှင့် တိုးဝင်သွားသည်။
“မိုဒိုကာ”
သတ္တဝါ၏ ပါးစပ်မှ ထူးဆန်းသောအသံတစ်ချို့ ထွက်လာသည်။ ၎င်းက သူတို့၏ ဘာသာစကား ဖြစ်ပုံရသည်။ ထို့နောက် တိုက်ခိုက်သူများက ထိုအမသတ္တဝါနားသို့ စုဝေးလာ၏။ ထိုတိုက်ခိုက်သူများက လက်သီးကိုဝင့်၍ ရဲ့လင်းချန်ထံ ပစ်ခွင်းလာလေသည်။
“ဝုန်း”
ထိုသတ္တဝါများသည် အထွတ်အထိပ်အဆင့် အတွင်းအားအဆင့်နှင့် ညီမျှသည်။ သူတို့၏ လက်သီးချက်က ရဲ့လင်းချန်၏ လက်သီးစွမ်းအင်နှင့် ထိပ်တိုက်တွေ့သောအခါ ထိုသတ္တဝါများ အပြင်းအထန် တုန်ခါသွားပြီး နှစ်ယောက်က လွင့်ထွက်သွားလေသည်။
ထိုအခိုက်တွင် ရဲ့လင်းချန်က လျင်မြန်စွာ ရှေ့သို့တက်လာပြီး သူ၏ မျက်လုံးများက အမသတ္တဝါကိုသာ စူးစိုက်ကြည့်နေပြီး သတ်ဖြတ်ချင်စိတ်တို့နှင့် ပြည့်နှက်နေ၏။
*ငါက အဲ့လောက် မျက်စိစပါးမွှေး စူးနေလို့လား၊ မင်းက ငါ့ကို ရန်လိုချင်နေမှတော့ ငါ မင်းကို ဂူသွင်းပေးရတာပေါ့*
“နကူ”
သတ္တဝါတစ်ခုက အော်ဟစ်၍ ရဲ့လင်းချန်ထံ ပြေးတက်လာသည်။ ထိုအခိုက်တွင် ထိုအမသတ္တဝါက အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာနေသည်။ သူမ၏ မျက်လုံးတွင် ရန်ငြိုးထားသော အကြည့် ပေါ်လွင်နေပြီး နောက်ဆုတ်ရင်း ရဲ့လင်းချန်အား စိုက်ကြည့်နေကာ အချိန်မရွေး ထပ်ပစ်ရန် အသင့်ဖြစ်နေ၏။
ဤဒူးလေးအမျိုးအစားသည် စစ်မြေပြင်၌ အလွန်အမင်း အသုံးဝင်သည်။ ၎င်းသည် စွမ်းအားမြင့် စနိုက်ပါ တစ်လက်လိုပင် အလွန်အမင်း အားပြင်းသည်။ သူမ ပစ်မှတ်ကို သတ်မှတ်လိုက်သည်နှင့် မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်ပင် ကျဆုံးရပေမည်။ ၎င်းသည် လူသား စစ်သည်တော်များအတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုပင်။ ထိုသတ္တဝါများအတွက် ၎င်းသည် အဓိကကျသော ကာကွယ်ရေး အရာပင်။
“ကကူ”
ထိုသတ္တဝါတစ်ခုက ထိုစကားလုံးကို အဆုတ်ကွဲမတတ် အော်ဟစ်နေပြီး ရဲ့လင်းချန်ထံသို့ ရဲရဲနီနေသော မျက်လုံးများနှင့် ပြေးတက်လာသည်။ ၎င်းသည် ခန့်မှန်းရလွယ်သော စကားလုံးပင်၊ ယင်းက “သတ်” ဟူသော စကားနှင့် တူညီလောက်သည်။
“အရူးတွေ”
ရဲ့လင်းချန်၏ နှုတ်ခမ်းက ကော့တက်သွားပြီး ရက်စက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ရှေ့ဆုံးမှ သတ္တဝါနှစ်ကောင်ကို ဘယ်ညာ ပိတ်ထိုးလိုက်သည်။ ပြင်းထန်သော စွမ်းအင်က သူတို့၏ ခန္ဓာကိုယ်ကို ထိုးဖောက်၍ သူတို့အနောက်မှ သတ္တဝါများကို လွင့်ထွက်သွားစေသည်။ ချက်ချင်းဆိုသလိုပင် သေသူသေ၍ ဒဏ်ရာရသူတို့ ဒဏ်ရာရ သွားကြလေသည်။
ထိုအချိန်အတွင်းမှာပင် ရဲ့လင်းချန်၏ အနောက်မှ၍ ကြီးမားသော ဓားတစ်လက်က သူ့ခေါင်းတည့်တည့်ပေါ် ကျလာသည်။
သူ၏ ဘေးနှစ်ဖက်လုံးမှ သတ္တဝါများက လက်နက်များကိုင်၍ ရဲ့လင်းချန်ထံ ပြေးဝင်လာသည်။
သူ့တွင် ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေး ရှိသော်လည်း ထိုတိုက်ခိုက်မှုများကို သူ၏ ခန္ဓာကိုယ်ဖြင့် တားဆီးလိုစိတ် မရှိပေ။ စစ်မြေပြင်၌ သေးငယ်သော အမှားတစ်ခုကပင် အသက်ကို ဆုံးရှုံးနိုင်စေ၏။
သူသည် လေထဲသို့ အသာခုန်လိုက်ပြီး တစ်ပတ်လည် ကန်ချက်ဖြင့် တိုက်ခိုက်လိုက်သဖြင့် သူ့အနားမှ သတ္တဝါများ အားလုံး အနောက်သို့ လွင့်ထွက်သွားသည်။ ထိုသို့သောအချိန်၌ အမသတ္တဝါက သူ့ထံသို့ မြားတစ်စင်း ပစ်လာပြန်သည်။ ချိန်ကိုက်မှုက တိကျပြီး ရဲ့လင်းချန် တိုက်ကွက်ဖော်လိုက်သည့် ခဏလေးအတွင်းမှာပင် ချိန်ရွယ်လိုက်ခြင်း ဖြစ်သည်။ ထိုအခိုက်တွင် သူသည် တိုက်ကွက်နှစ်ခုကြား ရောက်နေပြီး အထူးသဖြင့် လေထဲ၌သာ ရှိသေးသည်။
“ဟမ့်”
သူသာ ခနဲ့သံပြု၍ ခြေထောက်ကို ယှက်၍ လေထဲတွင် အားပြု၍ နင်းလိုက်သည်။ ထိုသို အရေးကြီးသော အချိန်အခါ၌ သူ၏ ခန္ဓာကိုယ်က ပုံမှန်နှင့်မတူဘဲ ပိုမြောက်သွားကာ သေစေနိုင်သော ထိုမြားအား ရှောင်တိမ်းနိုင် သွားလေသည်။ ထို့နောက် သူသည် ထိုအမသတ္တဝါထံသို့ ထပ်မံ၍ ပြေးဝင်သွားသည်။
သူတို့ကြားမှ အကွာအဝေးက တဖြည်းဖည်း နီးကပ်လာသည်။
အနီးအနားမှ သတ္တဝါများသည်လည်း သူတို့၏ အသက်ကို ဂရုမထားဘဲ တိုက်ခိုက်လာကြသည်။ တစ်ယောက်ပြီး တစ်ယောက် အသက်ကိုရင်း၍ ရဲ့လင်းချန်ထံ ပြေးဝင်လာသည်။
တစ်ချိန်တည်းမှာပင် အခြားသော အေအဆင့် သတ္တဝါများကလည်း ရဲ့လင်းချန်ကို သတိထားမိသွားကြသည်။ သူတို့က ညာသံပေး၍ သူတို့ရန်သူများထံမှ စွန့်ခွာ၍ ရဲ့လင်းချန်ထံ ပြေးလာကြသည်။