← Chapters

အခန်း (၁၅၁၆-၁၅၂၀)

Vol. 61 Ch. 1516-1520

အခန်း (၁၅၁၆-၁၅၂၀)

Vol. 61 Ch. 1516-1520

အပိုင်း (၁၅၁၆)

“အားကောင်းတဲ့ ရန်သူဘဲ” ချူချန်းကြိတ်၍ တွေးလိုက်သည်။ တန်ခိုးရှင်တတိယ အဆင့် ပညာရှင်များပင်လျှင် ထိပ်တိုက်မရင်ဆိုင်ရဲသည့် ထူးဆန်းသည့် ထိုသတ္တဝါအကြောင်းနှင့် ပတ်သက်သော ကောလဟာလများကို သူကြားဖူးခဲ့သည်။ သို့သော်လည်း ထိုကောလဟာလများ မှန်၊ မမှန်ကို သူမသိပေ။ သူ့အတွေး မဆုံးသေးခင်မှာပင် ရန်ကိုင်သည် သူ့လက်ကိုမြောက်ကာ နဂါးစိမ်းဓါးကို ဆင့်ခေါ်လိုက်လေသည်။ ဓါးထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်နှင့် တပြိုင်နက် အစိမ်းရင့်ရင့် နဂါးတစ်ကောင် ထွက်ပေါ်လာပြီး ရန်ကိုင်၏ အထက်တွင် ဝဲလျက် သူ့မျက်ဝန်းအစုံဖြင့် အောက်ဖက်ရှိ လူအုပ်ကြီးအား အထင်မြင်သေးသေးဖြင့် စိုက်ကြည့်လိုက်သည်။ ရုတ်တရက် ထွက်ပေါ်လာသော နဂါးဖိအားကြောင့် အကုန်လုံး တုန်ရီသွားခဲ့ကြရသည်။

နဂါးစိမ်း ထွက်ပေါ်လာပြီးမကြာမီမှာပင် တလက်လက်တောက်ပနေသော ရွှေရောင် သွေးမျှင်များ ထွက်ပေါ်လာခဲ့လေသည်။ ထိုမျှနှင့်ပင် မရပ်တန့်သေးဘဲ စူးရှသော ငှက်အော်သံ နှင့်အတူ မီးငှက်မှော်ရတနာ စိတ်ဝိဉာဉ်ပါ ထွက်ပေါ်လာခဲ့သည်။ မီးငှက်၏ ထွက်ပေါ်လာမှု ကြောင့် ပတ်ဝန်းကျင် အပူချိန် ရုတ်ချည်း မြှင့်တက်လာခဲ့လေသည်။ ရန်ကိုင်အားကုန်ထုတ်သုံးလေပြီ။

သူ့ရှေ့ရှိလူများသည် တိုက်ခိုက်လိုစိတ် မရှိကြတော့သော်ငြား ရန်ကိုင်အနေဖြင့် ထိုလူများကို အထင်မသေးရဲပေ။ အများနှင့်တစ်ယောက် ရင်ဆိုင်ရသည့် အခါမျိုးတွင် ရန်ကိုင်အနေဖြင့် အနည်းငယ်မျှပင် သတိလျှော့ပေါ့လိုက်၍ မဖြစ်ပါချေ။ အထူးသဖြင့် ရန်သူ အဖွဲ့ထဲတွင် အားအကောင်းဆုံးဖြစ်သော ချူကျန်း မည်သည့် ဒဏ်ရာမှ မရထားသည့် အချိန်မျိုးတွင်ပင်။ ချူချန်းနှင့် တစ်ကြိမ်တစ်ခါမျှ ရင်ဆိုင်ဖူးခြင်း မရှိသော်လည်း ကျဆုံးဧကရာဇ် တောင်တွင် ချူကျန်း၏ စွမ်းအားကို သူကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။

ထို့ကြောင့် တိုက်ပွဲစသည်နှင့် ရန်ကိုင်သည် သူ့ဝှက်ဖဲများ၏ ရှစ်ဆယ်ရာခိုင်နှုန်းကို တစ်ချိန်တည်း ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

“ဂိုဏ်းချုပ်ချူ ခင်ဗျားကျုပ်ကို သတ်ဖို့လုပ်တုန်းက အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူးမလား” ရန်ကိုင်က ချူကျန်းအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လျက် “ခင်ဗျားနှင့် ကျုပ်ကြား ဒီလောက်ကြီးလဲ ရန်ငြိုးရန်စ ရှိတာ မဟုတ်ဘူး။ ဒါတောင် ဂိုဏ်းချုပ်ချူက ကျုပ်ကို မရရအောင် သတ်ချင်နေတယ်ဆိုတော့ ကျုပ်လက်စား ပြန်ချေမှာကိုလဲ ရင်ဆိုင်ဖို့ ပြင်ဆင်ထားပေါ့၊ ဘာမှစိတ်မပူနဲ့၊ ကျုပ် ခင်ဗျားကို ချူချန်ဖုန်းနဲ့ တွေ့ရအောင် အမြန်ဆုံး လုပ်ပေးမယ်၊ အဖေနဲ့သားဆိုတာ တစ်ယောက်တစ်ကွဲစီ ရှိနေသင့်တာမဟုတ်ဘူး၊ ခင်ဗျားစဉ်းစားကြည့်လေ ခင်ဗျားမရှိတဲ့အချိန် အခုအချိန် ခင်ဗျားသား ဘယ်လောက်တောင် အထီးကျန်နေမလဲ”

“ခွေးကောင်” ချူချန်း၏အမူအရာသည် ရူးသွပ်နေသော သရဲတစ်ကောင်နှယ် ရုတ်ချည်း ကြမ်းကြုတ်လာခဲ့သည်။ သူ့ဘဝတွင် နောင်တအရဆုံးကိစ္စကို ပြောပါဆိုလျှင် သူ့သားချူချန်ဖုန်း သေသွားသည့်ကိစ္စကိုသာ ပြောရမည်။ သူ့သားအကြောင်း သူအသိဆုံးပင်။ ချူချန်ဖုန်းသည် အကျင့်သိပ်မကောင်းလှသော်ငြား သူ့အရည်အချင်းသည် ထိပ်တန်းပင်။ အချိန်အလုံအလောက်သာ ပေးလိုက်မည်ဆိုပါက ချူချန်ဖုန်းသည် တစ်နေ့တွင် အရိပ်ကြယ်၏ မဟာခေါင်းဆောင်များ အနက်မှ တစ်ယောက် ဖြစ်လာမည်မှာ မလွဲမသွေပင်။

သို့သော်လည်း ထိုကဲ့သို့သော လူတစ်ယောက်သည် အပြည့်အဝ မတောက်ပနိုင်သေးခင်မှာပင် ကြယ်ဧကရာဇ်တောင်၌ ရန်ကိုင်၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ လက်ရှိ သူ့သားကို သတ်သွားသောလူသည် သူ့ရှေ့တွင် ရပ်နေခဲ့သည်။ အလွန်ကိုမှ တည်ငြိမ်သောလူဆိုပင်လျှင် သူတို့၏ဒေါသကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ စိတ်ဆတ်သော ချူကျန်းဆိုလျှင် ပြောနေစရာပင် မလိုတော့။

“ကောင်းတယ် ကောင်းတယ်။ မင်းတော်တော်လွန်သွားပြီ ခွေးကောင်ရေ ငါမင်းကို မသတ်နိုင်ရင် ယောင်္ကျား မဟုတ်တော့ဘူးကွ” ချူကျန်းက ဒေါသတကြီးအော်ဟစ်လိုက်သည်။ အခြေအနေ သိပ်မဟန်သည်ကို မိုရှောင်ရှန်း သတိပြုမိလိုက်သည်။ ပညာရှင်များကြား တိုက်ပွဲသည် အလွန်ကိုမှ အန္တရာယ် များလှသဖြင့် သေချာသတိထားလှုပ်ရှားရန်လိုအပ်ပေသည်။

သို့သော်လည်း သူတို့၏ ဂိုဏ်းချုပ်သည် ရန်ကိုင်ပြောလိုက်သည့် စကားလုံး အနည်းငယ်ကြောင့် ယမ်းမီးပုံကျ ဒေါသ ထွက်နေခဲ့သည်။ လက်ရှိအချိန်တွင် သူ့ခွန်အားအပြည့်ကို မည်ကဲ့သို့ ထုတ်သုံးတော့မည်နည်း။ သို့သော်ငြား သူကိုယ်တိုင်ကလည်း ဘာမှ ဝင်မလုပ်ပေးနိုင်သဖြင့် လက်ရှိအခြေအနေကို လက်ခံရုံသာရှိတော့သည်။ မိုရှောင်ရှန်းသည် လက်ပြတ်ထားသည့် ဒဏ်ရာမှ နာကျင်မှုကို တောင့်ခံရင်း လှမ်းအော်ပြောလိုက်သည်။ “ရန်ကိုင် မင်း ငါတို့ကောင်းကင်တိုက်ပွဲအစည်းအရုံးကို တော်တော်လေး အထင်သေးနေတာဘဲကွ ဒီနေရာကို တစ်ယောက်ထဲ ဝင်လာရဲတယ်ဆိုတော့ ပြန်ထွက်သွားဖို့တော့ မစဉ်းစားနဲ့တော့၊ အကုန်လုံးလာခဲ့ ငါနဲ့အတူ ဒီကောင်ကို သတ်ကြမယ်၊ ရန်ကိုင် ဒီနေ့မင်းသေရင်သေ မသေရင် ငါတို့သေရမယ့်နေ့ဘဲ” ထိုစကားလုံးနှင့်အတူ ကျင့်ကြံသူများသည် သူတို့၏မှော်ရတနာ အသီးသီးကို ထုတ်ကာ ရန်ကိုင်ဆီသို့ ပြေးဝင်သွားကြလေသည်။

အားလုံးထဲတွင် လျန်ရုန်သည် အမြန်ဆုံး ဖြစ်သည်။ ဓါးရှည်တစ်ချောင်းကို ထုတ််ကာ ထိုထဲသို့ သူတော်စင်ချီထည့်သွင်းလိုက်ပြီး ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်လျက် ပြောလိုက်သည်။ “ကောင်လေး သေပေတော့”

သူအော်ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် လျန်ရုံလက်ထဲရှိ ဓါးရှည်သည် မိုးပြာရောင် တလက်လက် တောက်ပလာခဲ့သည်။ ထို့နောက် ရန်ကိုင်တည့်တည့်သို့ ခုတ်ပိုင်း ချလိုက်လေသည်။ တစ်ချိန်တည်းတွင် အခြားသူများသည်လည်း သူတို့၏မှော်ရတနာ အသီးသီးကို အသုံးပြု၍ ရန်ကိုင်အား ဝိုင်းအုံ တိုက်ခိုက်လိုက်ကြသည်။ ရန်ကိုင်ကမူ ထူးမခြာနားဟန်ဖြင့်သာ ကြည့်နေခဲ့ပြီး ရှောင်ဖို့ရာပင်မလုပ်ခဲ့။ အကုန်လုံးကိုသာ အေးစက်စက်အကြည့်ဖြင့်သာ စိုက်ကြည့်နေခဲ့သည်။

“ဗုန်း ဗုန်း ဗုန်း ဗုန်း” ရှောင်ရှောင်သည် မျောက်ဝံကြီး တစ်ကောင်နှယ် သူ့ရင်ဘတ်ကို ထုရလိုက်လိုက်သည်။ ရှောင်ရှောင်၏သေးငယ်သော ခန္ဓာကိုယ်လေးသည် ရုတ်ချည်း ကြီးမားလာခဲ့ပြီး ဆယ်မီတာခန့် မြင့်မားသော ကျောက်ဘီးလူးကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အသွင်ပြောင်းပြီးသည့်နှင့်တပြိုင်နက် ရန်ကိုင်၏ရှေ့သို့ ပြေးဝင်ကာ ရန်ကိုင်ဆီသို့ တိုးဝင်လာနေသော အားလုံးကို သူ့ခန္ဓာကိုယ်ဖြင့် စီးခံလိုက်သည်။ တစ်ဖက်ရန်သူ၏ တိုက်ခိုက်မှုများမှာ အတော်ကိုမှ အားကောင်းသော်ငြား ရှောင်ရှောင်အား မည်သည့် ဒဏ်ရာမှ မဖြစ်စေခဲ့ပေ။ အားလုံး၏ တရစပ် တိုက်ခိုက်မှုကို ခံနေရသော်လည်း ရှောင်ရှောင်သည် မည်သည့် ဒဏ်ရာမှရသွားခဲ့ခြင်းမရှိဘဲ နောက်သို့သာ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။

လက်ရှိ ရှောင်ရှောင်၏ ခန္ဓာကိုယ်သည် တန်ခိုးရှင်ဘုရင်အဆင့် အကာအကွယ် မှော်ရတနာတမျှ မာကြောလှပေသည်။ ထိုကဲ့သို့ တိုက်ခိုက်သံများကြားဝယ် ရုတ်ချည်းဆိုသလို ချူကျန်း၏ ဒေါသတကြီးအော်ဟစ်သံ ပေါ်လာခဲ့သည်။ ချူကျန်း ဘာကြောင့် ထိုကဲ့သို့ ဒေါသတကြီး ထအော်မှန်း နားမလည်သဖြင့် အကုန်လုံး မျက်မှောင်ကြုတ်မိသွားခဲ့သည်။ ရန်ကိုင်ပင်လျှင် ဘာဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်နေခဲ့၏။

တိုက်ခိုက်မှုများမှ ထွက်ပေါ်လာသော အလင်းရောင်များ ပျောက်ကွယ်သွားပြီး နောက်တွင် ရန်ကိုင်သည် ရှောင်ရှောင်၏ ခန္ဓာကိုယ်ကြီးကို ကျော်ကာ ချူကျန်းအား လှမ်းကြည့်မိလိုက်သည်။ သို့သော်လည်း ထိုကဲ့သို့ လှမ်းကြည့်လိုက်သည့်အခါ သူ့အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။

လက်ရှိချူချန်း၏ ကိုယ်ပေါ်တွင် ကျောမှစ၍ ရင်ဘတ်ထိတိုင်အောင် ထိုးထွက်နေသော ဓါးတစ်ချောင်း ရှိနေခဲ့လေသည်။ ထိုဓါးဒဏ်ရာကြောင့် သူ့ရင်ဘတ်တစ်ခုလုံး သွေးချင်းနီနေပြီး မျက်နှာတစ်ခုလုံး မှာလည်း သွေးမရှိတော့သည့်နှယ် ဖြူလျော်နေခဲ့သည်။ ဓါး၏ အရည်အသွေးမှာလည်း မဆိုးလှ၊ တန်ခိုးရှင်မှော် ရတနာမဟုတ်လျှင် ထို့ထက်မြင့်သော မှော်ရတနာ ဖြစ်နိုင်ပေသည်။ ဓါးသွားထိပ်မှ အဆက်မပြတ်ထွက်ပေါ်နေသော မိုးပြာရောင်အလင်းကြောင့် ချူကျန်း၏ ခန္ဓာကိုယ် အခြေအနေမှာ တစ်စထက်တစ်စ ပိုမိုဆိုးရွားနေခဲ့သည်။ ချူချန်းနှင့် မလှမ်းမကန်းတွင်မူ လျန်ရုံသည် အပြစ်မကင်းဟန်ဖြင့် ရပ်နေခဲ့သည်။

“လျန်ရုံ မင်းငါတို့ကို သစ္စာဖောက်ရဲတယ်လား” မိုရှောင်ရှန်းသည် လျန်ရုန်အား မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း မေးလိုက်သည်။ ချူကျန်းသည်လည်း သွေးအန်ရင်းနဲ့မှ အံကြိတ်ကာ မေးလိုက်လေသည်။ “မင်းဘယ်ကတည်းက သူ့ဘက် ရောက်သွားတာလဲ”

“ကြယ်ဧကရာဇ်တောင်ကတည်းက” ရန်ကိုင်ကို လှမ်းကြည့်မိလိုက်သည့် အခါ လျန်ရုန် မျက်နှာတစ်ချက်မဲ့သွားခဲ့၏။ ထို့နောက် ခါးသက်သက်လေသံဖြင့် “ကျုပ် ဂိုဏ်းချုပ်ရန်ဘက် ပါသွားတာမဟုတ်ဘူး၊ ဒါပေမယ့် လူတော်တစ်ယောက်ဆိုတာက အခြေအနေ၊ အချိန်အခါတွေကို နားလည်တတ်တယ်လေ၊ ဂိုဏ်းချုပ်နှင့် အကြီးအကဲချုပ်က မနိုင်သည့်ရန်သူကို တိုက်ဖို့ချည်းဘဲ လုပ်နေတာ ဂိုဏ်းက အခြေအနေတွေကို မကြည့်ဘူး၊ ဒါပေမယ့် တတိယအကြီးအကဲဖြစ်တဲ့ ကျုပ်က ကြိုးစားပမ်းစားတည်ဆောက်ခဲ့ရတဲ့ အခြေခံအုတ်မြစ် ဂိုဏ်းချုပ်လက်ထက်မှာ ပျက်စီးသွားမှာကို ထိုင်မကြည့်နေနိုင်ဘူး”

“သူတော်ကောင်းယောင် လာဆောင်မနေနဲ့ မင်းသေမှာကြောက်ရင်ကြောက်တယ်ပေါ့” “မင်းအဲ့လိုလူစားတစ်ယောက်မှန်း ငါမသိခဲ့ဘူး” ချူကျန်းက လှောင်ပြောင်လိုက်သည်။

တကယ့်အရေးကြီးသည့် အခိုက်အတန့်ရောက်မှ တတိယအကြီးအကဲမှ နောက်ကျော ဓါးနှင့်ထိုးသွား လိမ့်မည်ဟု ချူချန်တစ်ခါမှ မတွေးခဲ့ဘူးပေ သူ့ကျောပေါ်တွင်စိုက်နေသည့် ရန်ရုံ၏ ဓါးကြောင့်သာမဟုတ်လျှင် လက်ရှိအဖြစ်အပျက်ကို ချူကျးန်း ယုံလျှင် ယုံနိုင်လိမ့်မည် မဟုတ် “ဂိုဏ်းချုပ် အရင်ကသိသိ၊ မသိသိအရေးမကြီးတော့ဘူး၊ ဒီနေ့ဂို ဏ်းချုပ်သိသွားခဲ့ပြီဘဲလေ၊ မဟုတ်ဘူးလား”

သူ့အပြုအမူကြောင့် ရန်ရုံကိုယ်တိုင်ပင် ရှက်နေခဲ့သည်။သို့သော်ငြား သူ့အနေဖြင့် ဤကပ်ဘေးမှ အသက်ရှင်လိုလျှင် ဤကပ်ဘေးသို့ လုပ်ကိုလုပ်ရပေလိမ့်မည်။ ရန်ကိုင်မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို အခြားသူများမသိလျှင် သူကတော့ ကောင်းကောင်းသိပေသည်။ သူတို့ဘက်တွင် လူမည်မျှရှိနေပါက တကယ်သာတိုက်ခိုက် ရမည်ဆိုလျှင် လုံးဝလွယ်ကူလိမ့်မည်မဟုတ် သူတို့ရန်ကိုင်ကို အနိုင်ယူနိုင်မည်ဆိုလျှင်ပင် သူ့အားသတ်နိုင်လေမည် မဟုတ်ချေ။ ယခင်တစ်ကြိမ် ရန်ကိုင်နှင့် ရင်ဆိုင်ခဲ့စဉ်က ကံကောင်းပြီး အသက်ရှင်နိုင်ခဲ့သော်လည်း သူ့ကံကိုနောက်တစ်ကြိမ် ထပ်မစမ်းခြင်တော့။

“ခင်ဗျားမှာ အလားအလာရှိတယ် မဆိုးဘူး” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ရုတ်တရက် ဝင်ပြောလိုက်သည်။ အခြေအနေသည် ဤကဲ့သို့ တစ်ဆစ်ချိုးသို့ ပြောင်းလဲသွားလိမ့်မည်ဟု သူကိုယ်တိုင်လည်း မထင်ထားခဲ့။ သို့သော်လည်း လက်ရှိအခြေအနေသည် သူ့အတွက် ပိုကောင်းနေ၏။ သူ့အနေဖြင့် ဤနေရာတွင် ရှိနေသေးသူအားလုံးကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်ထားသော်လည်း ထိုကဲ့သို့လုပ်နိုင်ရန် မလွယ်ကူလှ။ သူ့ဝှက်ဖဲတော်တော်များများကို ထုတ်သုံးမှသာ ထိုကဲ့သို့လုပ်နိုင်ပေလိမ့်မည်။

လက်ရှိတွင် သူ့ရန်သူများသည် အချင်းချင်းပြန်တိုက်ခိုက်နေကြ သဖြင့် ထိုပြဿနာကို ဖြေရှင်းရန် လွယ်ကူသွားခဲ့။ “ဂိုဏ်းချုပ်က အရမ်းယဉ်ကျေးနေစရာဘဲ” ရန်ရုံက လက်သီးဆုပ်လျှက် ပြာသလဲလဲအမူအရာဖြင့် ပြောလိုက်သည်။

ထို့နောက်ဘေးဖက်သို့လှည့်ကြည့်လိုက်ပြီးအော်ပြောလိုက်သည်။“ငှက်ကောင်းဆိုတာ သစ်ပင်ကောင်းမှာဘဲ အသိုက်ဆောက်တယ်၊ မင်းတို့ကိုဒါတွေသင်ပေးနေစရာမလိုတော့ဘူး ထင်တယ်၊ မင်းတို့လဲ မြင်တာဘဲ၊ ဘာလုပ်သင့်တယ် မင်းတို့လဲနားလည်သင့်တာပေါ” ရန်ရုံ၏ စကားကြောင့် ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ကျင့်ကြံသူများ ဘာလုပ်လို့လုပ်ရမလဲ ဝေခွဲရမလဲခက်ကုန်ကြလေသည်။ အခွင့်အရေးသာရှိမည်ဆိုလျှင် ဤလောကကြီးတွင် မည်သူ ကများ သေချက်မည်နည်း။ ထို့ကြောင့် ခဏမျှစဉ်းစားနေပြီးနောက် အကုန်လုံးသည် ချူချန်းနှင့် မိုရှောင်ရှန်းဘက်သို့ လှည့်ကာ သူတို့၏သူတော်စင်ချီကို တိတ်တဆိတ်စုစည်းလိုက်ကြသည်။

“ကောင်းလိုက်တာကွာ” ချူကျန်းက ရယ်မောလိုက်သည်။ “ငါ့ကောင်းကင်တိုက်ပွဲ အစည်းအရုံးက ဝံပုလွေတစ်အုပ်ကို မွေးထားမိလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး၊ မင်းတို့ဘယ်လိုလူစားလဲ ဆိုတာ အစောကြီးထဲက မသိလိုက်ရတာ ငါတကယ် နောင်တရတယ်”

“ဂိုဏ်းချုပ် ဒီလိုဘာလိုလုပ်နေရတာလဲ” လျန်ရုံက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ “အောင်နိုင်သူက ဘုရင်၊ ရှုံးနိမ့်သူက လူဆိုးတဲ့၊ အကြီးအကဲချုပ်ရော ဘာလုပ်ချင်လဲ၊ အကြီးအကဲချုပ်ရဲ့ ဉာဏ်ပညာနဲ့ အရည်အချင်းကို ဒီလျန် အမြဲတမ်းလေးစားခဲ့တာ၊ ဒါကြောင့်အကြီးအကဲချုပ် ဆန္ဒရှိတယ်ဆိုရင်…”

“ငါ့ကို မင်းလို သောက်ရှက်မရှိတဲ့ကောင်လို့ ထင်နေတာလား၊ မင်းတို့တွေအစား ငါရှက်တယ်” လျန်ရုံပြောလို့မပြီးသေးခင်မှာပင် မိုရှောင်ရှန်းက ဖြတ်၍ ပြောလိုက်သည်။

“အဲ့လိုဆိုမှတော့ အကြီးအကဲချုပ်နှင့် ဂိုဏ်းချုပ်ကို ဒီကနေဘဲ နှုတ်ဆက်ရတော့မှာပေါ” ပြောပြီးသည်နှင့် ရန်ရုံ၏ မျက်ဝန်းအစုံ စူးရှသွားခဲ့ပြီး သူ့လက်ကို ဝှေ့ရမ်းချလိုက်သည်။ ယခင်က ရန်ကိုင်ဆီသို့ ဦးတည်နေသော တိုက်ခိုက်မှုအားလုံးသည် လက်ရှိအချိန်တွင် ချူချန်းနှင့် မိုရှောင်ရှန်းဆီသို့ ဦးတည်သွားကုန်လေပြီ။ လက်ဖက်ရည် တစ်ခွက်စာ ကြာပြီးနောက်တွင် တိုက်ပွဲ အဆုံးသတ်သွားခဲ့လေသည်။

မိုရှောင်ရှန်းသည် ဟင်းလင်းပြင်အစီအရင် နှောင့်ယှက်ခံရမှုကြောင့် သူ့လက်တစ်ဖက် ပြတ်သွားခဲ့ရလေသည်။ ထိုဒဏ်ရာသည် သေလောက်အောင် ပြင်းထန်ခြင်းမရှိသော်လည်း သူ့တိုက်ပွဲစွမ်းအားအပေါ် သက်ရောက်မှုရှိပေသည်။ ချူချန်းကမူ လျန်ရုံ၏ အလစ်ချောင်း တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရထားခဲ့လေသည်။

နှစ်ယောက်စလုံး ဒဏ်ရာ ရထားခဲ့ခြင်းဖြစ်လေရာ ကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ခိုက်မှုကို မည်သို့ခုခံနိုင်တော့မည်နည်း။ ရန်ကိုင် လှုပ်ရှားစရာမလိုဘဲနှင့်ပင် ကောင်းကင်တိုက်ပွဲ အစည်းအရုံး၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲချုပ်သည် သူ့တို့လူများ ပြန်သတ်သဖြင့် သေဆုံးသွားခဲ့ရသည်။သို့သော်လည်း ရန်ကိုင်သည် နည်းနည်းလေးမှ သတိလျော့ပေါ့သွားခြင်းမရှိ၊ နဂါးစိမ်းကို ဘေးတွင်ထား၊ မီးငှက်ကို သူ့အထက်တွင် ဝဲနေစေလျက်၊ ကျောက်တုံးရုပ်သေးရုပ်ကို သူ့ရှေ့တွင် ကာကွယ် ထားစေခဲ့သည်။

တိုက်ပွဲပြီးသွားသည်နှင့် တပြိုင်နက် လျန်ရုံသည် ကျင့်ကြံသူတစ်ယောက်အား မျက်စပစ်ပြလိုက်သည်။ ထိုကျင့်ကြံသူသည် လျန်ရုံဘာပြောချင်နေလဲ ဆိုသည်ကို နားလည်သည့် အလား အဖွဲ့ထဲမှ တန်ခိုးရှင်ဒုတိယအဆင့် ကာကွယ်သူတစ်ယောက်ကို ပစ်ဝင် တိုက်ခိုက်လေသည်။ ရန်ကိုင်သည် တိုက်ပွဲအား ဝင်မရှုပ်ဘဲနှင့်သာ စောင့်ကြည့်နေခဲ့သည်။

“ဒီကိစ္စက ဒီလိုပါ ဂိုဏ်းချုပ်ရန်။ ကာကွယ်သူက ဂိုဏ်းချုပ်နှင့် ရင်းနှီးတဲ့ သူတစ်ယောက် ဆိုတော့ အခုချိန်မှာ သူလက်လျော့ချင် လက်လျော့လိုက်ပေမယ့် သူ့ရင်ထဲမှာတော့ ရန်ငြိုးထားရင် ထားနေမှာ။ ဘယ်အချိန် အခွင့်အရေးရှာပြီး ဂိုဏ်းချုပ်ကို လက်စားပြန်ချေမလဲဆိုတာ ပြောလို့ရတာမဟုတ်ဘူး။ ဒါကြောင့် သူ့ကိုပါ တစ်ခါတည်း ရှင်းပစ်လိုက်တာ” လျန်ရုံက ရှင်းပြလိုက်သည်။

“ရက်စက်ပြီး အကြင်နာမဲ့တယ်” ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။ “ကျုပ်ခင်ဗျားကို အထင်သေးမိလိုက်တာဘဲ အကြီးအကဲလျန်”

“ဂိုဏ်းချုပ်ရန် ချီးကျူးနေပါပြီဗျာ” လျန်ရုံက ခြောက်ကပ်ကပ် ရယ်မောလိုက်လေသည်။

“ကျန်တဲ့လူတွေကရော”

“အဲ့လူတွေက အဆင်ပြေပါတယ် ဂိုဏ်းချုပ်” “ကောင်းပြီလေ” ရန်ကိုင်သည် လျန်ရုံအား အဓိပ္ပာယ်ပါပါ ကြည့်လျှက် “ဒီဂိုဏ်းချုပ်က ခင်ဗျားတို့ကို မလိုတော့ဘူး ဆိုပြီး ရှင်းပြစ်လိုက်မှာကို ဒီအကြီးအကဲလျန် မကြောက်ဘူးလား” ရန်ကိုင်စကားကို ကြားလိုက်သည့်နောက်တွင် လျန်ရုံနှင့်တကွ အသက်ရှင် ကျန်ရှိနေသည့်လူများ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့သည်။

အားတင်းပြုံးလျှက် လျန်ရုံက ပြန်ပြောလိုက်သည်။ “ဂိုဏ်းချုပ်ရန် မနောက်ပါနဲ့ဗျာ ကျုပ်တို့သဘောထားကို သေသေချာချာ ဖော်ပြထားပြီပဲ၊ ဒါကြောင့် ဂိုဏ်းချုပ်ရန် ကျုပ်တို့၏ အသက်ကို ချမ်းသာပေးပါဗျာ”

“ကျုပ်ဘာလို့ ခင်ဗျားတို့ အသက်ကို ချမ်းသာပေးရမှာလဲ၊ ခင်ဗျားတို့က ချူချန်းနှင့် မိုရှောင်းရှန်းကိုတောင် သစ္စာ ဖောက်ခဲ့တာလေ၊ ကျုပ်ကိုလဲ သစ္စာမဖောက်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ” ရန်ကိုင်က လျန်ရုံအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။ တစ်ချိန်တည်းတွင် နဂါးစိမ်းမှ ထုတ်လွှတ်နေသော နဂါးဖိအားသည်လည်း ပိုပို၍ ပြင်းထန်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၁၇)

“ကျုပ်တို့ မလုပ်ရဲပါဘူးဗျာ” လျန်ရုံ အမှန်တကယ်ကို ကြောက်လန့်သွားပြီး အလျင်စလို ဦးညွတ်လိုက်လျက် “နောင်ပိုင်းကျရင် မီးပင်လယ်ကို ဖြတ်ရဖြတ်ရ၊ ဓါးတောင်ကို ကျော်ရကျော်ရ၊ ဂိုဏ်းချုပ်ရဲ့အမိန့်ကို ဘယ်အခြေအနေမျိုးမှာမှ မလွန်ဆန်ပါဘူးလို့ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်ဗျာ”

“အဲ့လိုမျိုး ကျမ်းကျိန်တာတွေ အလုပ်ဖြစ်မယ်ဆိုရင် ဂိုဏ်းချုပ်ချူနှင့် အကြီးအကဲမို အခုလိုမျိုး သေသွားရမှာ မဟုတ်ဘူး”

“ခင်ဗျားတို့ ကောင်းကင်တိုက်ပွဲ အစည်းအရုံးကို ဝင်တဲ့အချိန်တုန်းက အဲ့လိုမျိုးတွေ မလုပ်ခဲ့လို့လား” ရန်ကိုင်က အထင်မြင်တသေးဖြင့် ပြန်ပြောလိုက်သည်။ ရန်ကိုင် ပြောလိုက်သည့် စကားနှင့် ပတ်သက်၍ လျန်ရုံ မည်ကဲ့သို့ ပြန်ပြောရမည်မသိ ဖြစ်သွားခဲ့သည်။

ရန်ကိုင်၏ ယုံကြည်မှုကိုရအောင် မည်ကဲ့သို့ လုပ်ရမလဲ ဆိုသည်နှင့် ပတ်သက်၍လည်း အလွန်အမင်း ခေါင်းစားနေရလေပြီ။ ချူကျန်းနှင့် မိုရှောင်ရှန်းတို့သာ အသက်ရှင်နေသေးလျှင် ကောင်းကင်တိုက်ပွဲ အစည်းအရုံးအဖွဲ့သည် ရန်ကိုင်နှင့် ယှဉ်တိုက်နိုင်မည် ဖြစ်သော်လည်း ယခု သူတို့မရှိတော့ပြီ ဖြစ်သည့်အတွက်ကြောင့် သူတို့အဖွဲ့သည် ကျားရှေ့ မှောက်လျက်လဲသည့် နွားသူငယ်နှင့် ဘာမှမခြားတော့ချေ။

သူတို့ အကုန်လုံး ကျားသနားမှ နွားချမ်းသာရာရမည့် အဖြစ်မျိုးနှင့် ကြုံနေရလေပြီ။ “ကျုပ်ကျေနပ်လောက်စေမည့် အဖြေတစ်ခုပေး၊ ကျုပ်ကို ကျေနပ်စေတယ်ဆိုရင် ခင်ဗျား တို့ကို အသက်ကို ချမ်းသာပေးမယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ ခင်ဗျားတို့ ဂိုဏ်းချုပ်နောက် လိုက်သွားဖို့သာ ပြင်ထားပေတော့။ အကြီးအကဲလျန်လည်း ရက်စက်ပြီး ကြမ်းကျုပ်တဲ့ လူတစ်ယောက်ပဲကို။ ကျုပ်ပြောတာကို နားလည်လောက်မှာပေါ့” စိတ်မရှည်လာတော့သည့်အဆုံး ရန်ကိုင်၏ မျက်ဝန်းအစုံသည် တဖြည်းဖြည်း အေးစက်လာခဲ့တော့လေသည်။

ရန်ကိုင်၏ ခြိမ်းခြောက်စကားကို ကြားသည့်အခါ လျန်ရုန်ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။ ရန်ကိုင် အပိုပြောနေခြင်း မဟုတ်မှန်း သူသိပေသည်။ ထိုကြောင့် ချက်ကျလက်ကျ အကြောင်းပြချက်တစ်ခုကို အလျင်အမြန် စဉ်းစားရတော့သည်။

အကုန်လုံးသည်လည်း လျန်ရုန်ကိုသာ ဝိုင်း၍ ကြည့်နေကြတော့သည်။ လျန်ရုန်သာ အလျှောက်မကောင်းလျှင် သူတို့အားလုံး ကောင်းကောင်း အထောင်းခံရတော့ပေမည်။ ရန်ကိုင်သည် မြန်မြန်လုပ်ရန် တိုက်တွန်းမနေဘဲ ရပ်နေမြဲ နေရာတွင်သာ ရပ်လျက် အေးအေးဆေးဆေး စောင့်နေခဲ့သည်။

ခဏအကြာတွင် လျန်ရုန်သည် အဖြေတစ်ခုကို ရှာတွေ့သွားသည့်အလား စိုးရိမ်နေသော သူ့အမူအရာသည် တဖြေးဖြေး တည်ငြိမ်လာခဲ့သည်။ လည်ချောင်းကိုရှင်းကာ လက်သီးဆုပ်လျက် ပြောလိုက်၏ “ကျုပ်ပြောပြပါရစေ ဂိုဏ်းချုပ်ရန်၊ အရင်တုန်းက ဂိုဏ်းချုပ်ကို တိုက်ခိုက်တယ်ဆိုတာက ကျုပ်တို့ တိုက်ခိုက်ချင်လို့ တိုက်ခိုက်တာ မဟုတ်ပါဘူး။ ကြယ်ဧကရာဇ်တောင်က အမိန့်ပေးလို့ တိုက်ခိုက်ခဲ့ရတာပါ၊ အခု ချူကျန်းနဲ့ မိုရှောင်ရှန်း သေသွားပြီ။ အဖွဲ့အစည်းကလည်း ကြီးကြီးမားမား ဆုံးရှုံးထားရပြီ။ အဲ့ဒါတင်မဟုတ်သေးဘူး ရေခဲဝိဉာဉ် ချိတ်တံဆိပ်အစီအရင်ကြီးပါ ပျက်စီးသွားရပြီဆိုတော့ ကျုပ်တို့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်ပါ ပျက်စီးသွားရပြီလို့တောင် ပြောလို့ရတယ်။ အရင်တုန်းက အဖွဲ့အစည်းကို ဝင်တုန်းက ကျမ်းကျိန်ခဲ့တယ်ဆိုတာက ကျုပ်တို့သစ္စာရှိကြောင်း ဖော်ပြရုံ သက်သက်ဘဲလေ။ အခုကျုပ်တို့ ကျမ်းကျိန်မယ်ဆိုတာက အသက်ရှင်နိုင်ဖို့အတွက်ကို ကျမ်းကျိန်နေတာ။ ပြီးတော့ ဂိုဏ်းချုပ်ရန် ကျုပ်တို့ကို အသက်ရှင်ခွင့် ပေးမယ်ဆိုရင်တောင် ကျုပ်တို့ဘဝကြီးက သာယာနေတော့မှာ မဟုတ်ဘူး။ ကျုပ်တို့မှာ အားကိုးစရာလူမှ မရှိတော့တာ။ အခုလိုအချိန်မျိုးမှာ ဂိုဏ်းချုပ် ကျုပ်တို့ကို အသက်ရှင်ခွင့် ပေးလိုက်မယ် ဆိုရင်တောင် ကျုပ်တို့က အခြားသူတွေ အမဲလိုက်တာကို ခံရအုံးမှာပဲ”

“အဲ့ဒါကျုပ်ကိစ္စမဟုတ်ဘူးလေ” ရန်ကိုင်က လျန်ရုန်အား လှောင်ပြုံးပြုံးလျှက် ကြည့်လိုက်သည်။ “ဒီလျန်ပြောချင်နေတာက ကျုပ်တို့ အသက်ရှင်ချင်တယ်ဆိုရင် အားကိုးရမယ့် လူတစ်ယောက်ကို ရှာသင့်တယ်လို့ ပြောချင်တာ။ ပြီးတော့ အဲ့လူတွေထဲမှာ ဂိုဏ်းချုပ်ရန်က အသင့်တော်ဆုံးပဲ” ရန်ကိုင်သည် ရန်ရုံအား အလေးအနက် အမူအရာဖြင့် ကြည့်လျက် ပြောလိုက်သည်။

ရန်ကိုင်က အသာအယာပြုံးကာ ပြန်ပြောလိုက်လေသည်။ “ဟမ့် ဆက်ပြော”

ထိုစကားကိုကြားလိုက်သည့်အခါ တစ်ဖက်လူ သူ့စကားကို စိတ်ဝင်စားသွားပြီးမှန်း သိသွားခဲ့လေသည်။ လျန်ရုန် စိတ်အားတက်သွားခဲ့ပြီး “ဂိုဏ်းချုပ်ရန် ကျုပ်တို့ကို သတ်ချင်တယ်ဆိုရင် ဘယ်လောက်မှ အားစိုက်စရာမလိုဘူး။ ဒါပေမယ့် ဂိုဏ်းချုပ်ရန် ကျုပ်တို့ကို သတ်လိုက်လို့ ဘာရမှာလဲ။ ဘာမှမရဘူးလေ။ ဒါပေမယ့် ဂိုဏ်းချုပ်ရန်သာ ကျုပ်တို့ကို အသက်ချမ်းသာပေးမယ် ဆိုရင်တော့ ကျုပ်တို့ ဂိုဏ်းချုပ်အတွက် အကျိုးကျေးဇူးအများကြီး ယူဆောင်လာပေးလို့ ရတယ်”

“ဘယ်လိုအကျိုးကျေးဇူးတွေလဲ” ရန်ကိုင်က လျန်ရုန်အား မျက်လုံး မှေးစင်း၍ ကြည့်လိုက်လေသည်။ “ချူချန်းနှင့် မိုရှောင်ရှန်းတို့က သေသွားပြီ။ အကြီးအကဲဖုန်းလည်း သေသွားပြီဆိုတော့ အခုလောလောဆယ် အဖွဲ့အစည်းထဲမှာ ရာထူးအမြင့်ဆုံးက ဒီလျန်ဘဲ၊ ဒီလျန်မှာ ဘာထူးခြားတဲ့ အရည်အချင်းမှ မရှိဘူးဆိုပေမယ့် ဂိုဏ်းချုုပ်ရန်အတွက် ကောင်းကင်တိုက်ပွဲအစည်းအရုံးကို ထိန်းချုပ်ထားပေးလို့ရတယ်။ ကောင်းကင် တိုက်ပွဲအစည်းအရုံးက ရှာလို့ရသမျှ အမြတ်တွေကိုလည်း ဂိုဏ်းချုပ်ဆီ နှစ်စဉ် ပို့ပေးလို့ရတယ်။ ဒီလျန်သိသလောက်ဆိုရင် ဂိုဏ်းချုပ်ရန်ရဲ့ အထက်စကြာဝဠာဂိုဏ်းက သဲမီးတောက်နယ်မြေထဲမှာ ရှိနေလို့ အခြားဘယ်အင်အားစုကမှ လာမတိုက်ခိုက်နိုင်ဘူး ဆိုပေမယ့် အရင်းမြစ်တွေ ရဖို့က မလွယ်လောက်ဘူး။ ကောင်းကင်တိုက်ပွဲအစည်းအရုံးသာ ဂိုဏ်းချုုပ်ရန်ရဲ့ လက်အောက်မှာ ရှိနေမယ်ဆိုရင် အထက်စကြာဝဠာဂိုဏ်းရဲ့ တပည့်တွေ အရင်းအမြစ်များ မရမှာကို စိုးရိမ်စရာမလိုတော့ဘူး။ ကောင်းကင်တိုက်ပွဲ မြို့တော်က ကုန်သွယ်ရေး မြို့တော် ဖြစ်နေတာကြာပြီ။ နေ့စဉ်နေ့တိုင်း ဒီနေရာကို လူတွေသန်းနှင့်ချီပြီး ဖြတ်သန်းသွားလာနေကြတာ။ ဂိုဏ်းချုပ်ရန်သာ ကျုပ်တို့ကို ကောင်းကင်တိုက်ပွဲမြို့တော်ကို စီမံခွင့်ပေးမယ်ဆိုရင် ဂိုဏ်းချုပ်ရဲ့ အထက်စကြာဝဠာဂိုဏ်းအတွက် ဘယ်လောက် အကျိုးကျေးဇူးရှိမလဲဆိုတာ ဂိုဏ်းချုပ်ရန် သိလောက်မှာပါ” ထိုမျှ ပြောပြီးနောက် ဘာမှဆက်မပြောတော့ဘဲ ရန်ကိုင် ပြန်ပြောမည်ကိုသာ စောင့်နေလိုက်တော့သည်။ ယခုတစ်ကြိမ် သူပေးသည့် အကြောင်းပြချက်ကြောင့် ရန်ကိုင်သူတို့အား အသက်ချမ်းသာပေးလိမ့်မည်ဟု လျန်ရုန် အပြည့်အဝ ယုံကြည်နေခဲ့သည်။

သူထင်ထားသည့်အတိုင်းပင် ခဏအကြာ၌ ရန်ကိုင်က ခေါင်းညိတ်၍ “အကြီးအကဲလျန်က တကယ်ကို စကားပြော ကောင်းတာဘဲနော်။ ဒီဂိုဏ်းချုပ်တောင် အကြီးအကဲလျန် ပြောတာကို ကြားပြီး စိတ်လှုပ်ရှားမိသွားပြီ” သူ့စကားသံ ဆုံးသွားသည်နှင့်တပြိုင်နက် မီးငှက်သည် ရန်ကိုင်၏ ကိုယ်ထဲသို့ ပြန်ဝင်သွားခဲ့လေသည်။ နဂါးစိမ်းသည် နဂါးစိမ်းဓါးသို့ ပြန်လည်ပြောင်းသွားခဲ့ပြီး ကျောက်တုံးရုပ်သေးရုပ်သည်လည်း မူလပုံစံအရွယ်သို့ ပြန်ပြောင်းသွားခဲ့လေသည်။ ထိုအခြင်းအရာကို မြင်သည့်အခါ လျန်ရုန် ပျော်သွားခဲ့ပြီး အလျင်အမြန် ဦးညိတ်လိုက်သည်။

“အခုလို ကျုပ်လို့ အသက်ကို ချမ်းသာပေးသည့်အတွက် ဂိုဏ်းချုပ်ရန်ကို ကျေးဇူးအများကြီးတင်ပါတယ်” အခြားအသက်ရှင်ကျန်ရစ်သူများသည်လည်း လျန်ရုန် အတိုင်း ရန်ကိုင်အား အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ကြလေသည်။

“အခုအချိန်ကနေစပြီး ကောင်းကင်တိုက်ပွဲ အစည်းအရုံးဆိုတာ မရှိ တော့ဘူး” ရန်ကိုင်က ငြင်းဆန်မရသည့်လေသံဖြင့် “ကောင်းကင်တိုက်ပွဲအစည်းအရုံးက အထက်စကြာဝဠာဂိုဏ်းရဲ့ အပိုင်တစ်ခုဖြစ်သွားပြီ။ ကောင်းကင်တိုက်ပွဲအစည်းအရုံးကို ကျူးကျော်ဖို့ ကြိုးစားတဲ့လူတိုင်း အထက်စကြာဝဠာဂိုဏ်းရဲ့ ရန်သူဘဲ၊ လျန်ရုန်၊ ဒီနေရာမှာ ခင်ဗျား ခွန်အားအမြင့်ဆုံးဆိုတော့ မြို့သခင်ရာထူးကို ခင်ဗျားပဲယူပြီး မြို့ကို ဒီဂိုဏ်းချုပ်အစား စီစဉ်ပေးထား”

“ဟုတ်ကဲ့၊ လက်အောက်ငယ်သား ဂိုဏ်းချုပ်ရန် မှာကြားတဲ့အတိုင်း သေချာ လုပ်ဆောင်ထားပါ့မယ်” လျန်ရုန်က အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။

“ကောင်းပြီ၊ ကျုပ်ကိုစိတ်မပျက်စေနဲ့နော်၊ ကျုပ်အမိန့်ကို ထုတ်လိုက်၊ အခြားသူတွေကို လက်နက်ချဖို့ အမိန့်ပေးလိုက်တော့ မဟုတ်ရင် သူတို့အကုန်လုံးသေကုန်လိမ့်မယ်” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။ လျန်ရုန်တို့အဖွဲ့အား ညွှန်ကြားစရာ ရှိသည်များကို ညွှန်ကြားပြီးသည့်နောက် ဆက်သွယ်ရေးမှော်ရတနာကိုထုတ်ကာ ထိုထဲသို့ကောင်းကင်စိတ် အာရုံကိုထည့်သွင်းလျက် ရီရှင်းရီနှင့် အခြားသူများကို ဆက်လက်မတိုက်ခိုက်တော့ရန် ပြောလိုက်သည်။

(၁၅)မိနစ်ခန့်ကြာပြီးနောက်တွင် ကောင်းကင်တိုက်ပွဲအစည်းအရုံး မြို့တော်၏ အတွင်း မြို့တော်တစ်ခုလုံး တည်ငြိမ်သွားခဲ့သည်။ သို့သော်လည်း မြေပြင်ထက် ပြန့်ကျဲနေသော သွေးအိုင်များ၊ သွေးကွက်များ၊ အလောင်းများသည် ဤနေရာတွင် မကြာသေးခင်က ကြီးမားသောတိုက်ပွဲတစ်ခု ဖြစ်ခဲ့ကြောင်းကို မီးမောင်းထိုးပြနေခဲ့သည်။

ကောင်းကင်တိုက်ပွဲအစည်းအရုံး အဖွဲ့သားများကို ဆက်လက်မတိုက်ခိုက်တော့ဖို့ရာ ညွှန်ကြားရန်အတွက် မြေအောက်ခန်းမအတွင်းမှ အကုန်လုံးလိုလို ထွက်သွားခဲ့ရာ ရန်ကိုင်နှင့် လျန်ရုန်သာ ကျန်ရစ်တော့သည်။

“ကောင်းကင်တိုက်ပွဲအစည်းအရုံးရဲ့ ရတနာဂိုဒေါင် ဘယ်မှာလဲ၊ ကျုပ်ကို တစ်ချက်ပြ” ရန်ကိုင်က ရန်ရုံအား အမိန့်ပေးလိုက်သည်။

“ကျုပ်နောက်လိုက်ခဲ့ပေးပါ ဂိုဏ်းချုပ်” ရန်ရုံသည် ရန်ကိုင်၏ အမိန့်ကို မငြင်းဆိုရဲသည့်အတွက် ချက်ချင်း ရှေ့မှ ဦးဆောင်သွားခဲ့လေသည်။

အရိပ်ကြယ်၏ အထွဋ်အထိပ်တွင် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်နှင့်အညီ ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ ရတနာဂိုဒေါင်ထဲတွင် အဖိုးတန် ရတနာများစွာရှိသည်မှာ မလွှဲမသွေပင်ဖြစ်သည်။

ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ နှစ်ပေါင်းများစွာ ကြာအောင် စုဆောင်းလာခဲ့ရသော အဖိုးတန်ရတနာများသည် လက်ရှိအချိန်တွင် ရန်ကိုင်၏ အပိုင်ဖြစ်သွားရလေကုန်ပြီ။

ရန်ကိုင်အနေဖြင့် ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ ရတနာဂိုဒေါင်ထဲမှ ပစ္စည်းများကို အစီအစဉ်တကျ အမျိုးအစား ခွဲပြီး သူ့သိုလှောင်လက်စွပ်ထံ ထည့်သွင်းရန်အတွက် နှစ်ရက်တိတိ အချိန်ယူခဲ့ရသည်။

ထို့နောက် လျန်ရုန်နှင့် အခြား အသက်ရှင်ကျန်ရစ်နေခဲ့သော အကြီးအကဲများသည် ချူကျန်းနှင့် မိုရှောင်ရှန်းတို့အား ယုံကြည်စွာ သစ္စာရှိကြသောသူများအား သုတ်သင် ရှင်းလင်းပြစ်လိုက်တော့သည်။

ဤသို့ဖြင့် နှစ်ရက်အတွင်းတွင် ကောင်းကင်တိုက်ပွဲအစည်းအရုံးသည် သူတို့၏ လက်အောက်သို့ အပြီးတိုင် ကျရောက်သွားခဲ့ရတော့လေသည်။

မဟာတိုက်ပွဲကြီးပြီးဆုံးသွားသည့်အကြောင်း သတင်းများပြန့်လာခဲ့သည်။ ကောင်းကင်တိုက်ပွဲမြို့တော်မှ ဆုတ်ခွာသွားကြသော သန်းနှင့်ချီသည့် ကျင့်ကြံသူများသည် ကောင်းကင်တိုက်ပွဲမြို့တော်ဆီသို့ ပြန်လာခဲ့ကြသည်။

အရိပ်ကြယ်ကြီး၏ မဟာအင်အားစုကြီးနှစ်ခုအနက်မှ တစ်ခုကျဆုံးသွားခဲ့သော်လည်း ထိုသူများ၏ ဘဝမှာမူ သိသိသာသာ ပြောင်းလဲသွားခဲ့ခြင်းမရှိချေ။

အထက်စကြာဝဠာဂိုဏ်း၏ ကြယ်သင်္ဘောသည် အပြင်မြို့တော်ကို တိုက်ခိုက်ခဲ့ခြင်း မရှိသဖြင့် အဆောက်အဦးများနှင့် ဆိုင်ခန်းများမှာ အကောင်းပကတိအတိုင်း ရှိနေသေးသည်။

ထို့ကြောင့် ထိုဆုတ်ခွာသွားသော ကျင့်ကြံသူများအနေဖြင့် သူတို့၏ ဆိုင်များသို့ ပြန်လာကာ စီးပွားရေးကို ဆက်လုပ်နိုင်ကြသည်။ ပြောင်းလဲသွားသော တစ်ခုတည်းသော အချက်သည်ကား သူတို့၏ အခွန်များကို ကောင်းကင်တိုက်ပွဲအစည်းအရုံးသို့ ပေးဆောင်ရမည် မဟုတ်တော့ဘဲ အထက်စကြာဝဠာဂိုဏ်းသို့သာ ပေးဆောင်ရမည်ဖြစ်တော့ခြင်းပင်။

အခြေအနေများသည် ဤနည်းဖြင့်အဆုံးသတ်သွားလိမ့်မည်ဟု တော်တော်များများ မထင်ထားခဲ့။ အထက်စကြာဝဠာဂိုဏ်းသည် အရိပ်ကြယ်ပေါ်တွင် နှစ်ပေါင်းများစွာ တိုင်အောင် တည်ရှိလာခဲ့သော မဟာအင်အားစုကြီး နှစ်ခုအနက်မှ တစ်ခုဖြစ်သည့် ကောင်းကင်တိုက်ပွဲအစည်းအရုံးအား တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောတစ်စင်းဖြင့်သာ ဖျက်ဆီးပြသွားခဲ့သည်။

ယခု တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော မည်မျှ ကြောက်မက်ဖွယ်ကောင်းသလဲ ဆိုသည်ကို အကုန်လုံး မျက်ဝါးထင်ထင် မြင်တွေ့ဖူးသွားခဲ့လေပြီ။ ငါးရက်ကြာပြီးနောက်တွင် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောသည် ကောင်းကင်တိုက်ပွဲမြို့တော်မှ ပြန်လည်ထွက်ခွာ လာခဲ့သည်။

တစ်ချိန်က ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ အဆင့်မြင့် ရာထူးအရာခံများ ဖြစ်ခဲ့ကြသော အကြီးအကဲများနှင့် လျန်ရုန်သည် ရန်ကိုင်တို့အား လိုက်လံ ပို့ဆောင်ပေးခဲ့ကြသည်။

သူတို့ထွက်သွားသည့် အခါမှသာ ထိုသူအားလုံး သက်ပြင်းချနိုင်တော့သည်။ ရန်ကိုင်အား အညံခံပါသည်ဟု ပြောခဲ့သော်လည်း၊ ရန်ကိုင် သူတို့ကို အသက်ချမ်းသာ ပေးပါမည်ဟု ပြောခဲ့သော်ငြား တစ်နေ့ တစ်နေ့ ရန်ကိုင်နှင့်အတူတူ နေနေရသည်မှာကို တကယ်ကို စိတ်မသက်သာစရာပင်။

ရန်ကိုင် သူ့စကားကို ပြန်ရုတ်သိမ်းပြီး သူတို့အား သတ်မည်ကို အကုန်လုံး ကြောက်နေကြသည်။ ယခုရန်ကိုင်တို့ ထွက်သွားတော့အခါမှသာ သူတို့ အမှန်တကယ် စိတ်အေးနိုင်ကြတော့သည်။

ရန်ကိုင်သည် ကောင်းကင်တိုက်ပွဲမြို့တော်ကို စောင့်ကြည့်ရန်အတွက် ကဲချီအား ဒုမြို့သခင်အဖြစ် ခန့်အပ်ထားခဲ့လေသည်။ နာမည်အားဖြင့် ကဲချီသည် လျန်ရုန်ကို ကူညီပေးရန် ဖြစ်သော်ငြား သူကောင်းကင်တိုက်ပွဲမြို့တော်တွင် ရှိနေရခြင်းမှာ လျန်ရုန်တို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် ဖြစ်မှန်း အကုန်လုံးသိထားကြသည်။

လျန်ရုန်သည် သူအသက်ရှင်ရန်အတွက် ချူချန်းကို သစ္စာဖောက်ကာ နောက်ကျောကို ဓါးနှင့်ထိုးခဲ့သည်။ ရန်ကိုင်အနေဖြင့် ထိုကဲ့သို့ အဖြစ်မျိုး အဖြစ်ခံမည် မဟုတ်ချေ။

ထိုကြောင့် လျန်ရုန်တို့ကို စောင့်ကြည့်ရန်အတွက် ကဲချီကို ဒုမြို့သခင်အဖြစ် ခန့်ထားခဲ့ခြင်း ဖြစ်သည်။ ကဲချီသည် တန်ခိုးရှင်ပထမအဆင့်သာ ဖြစ်သော်ငြား ရီရှီယွင်မှ သေချာ ပြုစုပျိုးထောင်လာခဲ့သည့် တပည့်တစ်ယောက် ဖြစ်သည်။

ရီရှီယွင် အသက်ရှင်နေသေးသရွေ့ လျန်ရုန်သည် ကဲချီအား တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။ ကဲချီရှိနေသည့်အတွက်လည်း လျန်ရုန်အနေဖြင့် ရန်ကိုင်အပေါ်မလိမ့်တပတ် အကောက်ကြံမည့် အတွေးများကို ဘေးဖယ်ထားသင့်သည်။

မဟုတ်လျှင်ထိုအကြောင်းကို ကဲချီ သိသွားပါက သူတို့ လုံးဝဒုက္ခရောက်ရပေလိမ့်မည်။ ကြယ်သင်္ဘောထွက်သွားသည့်အခါ လျန်ရုန်နှင့် သူအဖွဲ့သားများသာ လိုက်ပို့ရုံမက အပြင်မြို့တော်တွင် ရှိနေသော လူအားလုံးသည်လည်း ထွက်ခွာသွားသော ကြယ်သင်္ဘောအား အော်ဟစ်အားပေးကြရင်း လက်ပြနှုတ်ဆက်ကြသည်။

ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ ကျဆုံးမှုသည် သူတို့နှင့် ရန်ငြိုးရန်စ ရှိသော သူတို့အားမကျေနပ်သော လူပေါင်းများစွာကို ပျော်ရွှင်ဝမ်းမြောက်စေခဲ့သည်။ ထို့အပြင် လျန်ရုန်သည် အခွန်အားလုံးကို လျော့ချပေးမည်ဟု ကြေငြာလိုက်သည့်အတွက် အပြင်မြို့တော်တွင် စီးပွားရေးလုပ်နေသည့် လူအားလုံး ပျော်သွားခဲ့သည်။

ကြယ်သင်္ဘောထဲတွင်လည်း တန်ခိုးရှင်အဆင့်ပညာရှင်များသည်လည်း တိုက်ပွဲမှ ရလာသည့်အကျိုးအမြတ်များကို ရေတွက်ရင်း အူမြူး ပျော်ရွှင်နေခဲ့ကြသည်။

အထက်စကြာဝဠာဂိုဏ်း၏ ရတနာဂိုဒေါင်ကို ဖြည့်ထားရန်အတွက် ရန်ကိုင်သည် ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ ရတနာဂိုဒေါင်ထဲတွင်ရှိနေသော အရာမှန်သမျှကို သူ့သိုလှောင် လက်စွပ်ထဲသို့ ထည့်ယူလာခဲ့သည်။

သို့သော်လည်း ချန်ချီနှင့်အခြားသူများ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ တပည့်များကို သတ်ရာမှ ရရှိလာသော ရတနာများကိုမူ သူတို့ကိုသာ အပိုင်ပေးလိုက်သည်။ ဂိုဏ်းအပိုင်ဖြစ် မသိမ်းပါချေ။

သူတို့တစ်ယောက်ချင်းဆီသည် လူပေါင်းများစွာကို သတ်ဖြတ်ထားခြင်း ဖြစ်သဖြင့် မည်မျှသော အကျိုးအမြတ်များစွာကို ရိတ်သိမ်းနိုင်ခဲ့ပြီမှန်း ခန့်မှန်းကြည့်နိုင်ပေသည်။ ချင်းတုန်နှင့် ဖေးကျီတုပင်လျှင် ကြမ်းပြင်ပေါ်၌ တင်ပလင်ခွေထိုင်ကာ တိုက်ပွဲအတွင်းမှ ရလာသော ပစ္စည်းများစွာကို သိုလှောင်လက်စွပ်ထဲမှ တစ်ခုချင်းတစ်ခုချင်း ထုတ်ကြည့် နေခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်မရယ်ဘဲ မနေနိုင်အောင်ဖြစ်သွားခဲ့ပြီး ရီရှီယွင်ပင်လျှင် ပြုံးမိသွားသည် “ဂိုဏ်းချုပ် ကျွန်မတို့ ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှာ ငါးရက်တောင် ကြာသွားတာဆိုတော့ မိုးကြိုးမုန်တိုင်းဂိုဏ်က ဒီသတင်းကို ကြားပြီး သေချာပြင်ထားလောက်တယ်၊ သူတို့ခံစစ်ကို ချိုးဖြတ်ဖို့က ကောင်းကင်တိုက်ပွဲ အစည်းအရုံးကို ဝင်တိုက်သလောက် လွယ်မှာ မဟုတ်လောက်ဘူးနော်” ရုတ်တရက် ရီရှင်းရီက ရန်ကိုင်အား သတိပေးလိုက်သည်။

“အင်း” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။ သူ့အနေဖြင့် ကောင်းကင် တိုက်ပွဲအစည်းအရုံးကို မြန်မြန်အဆုံးသတ်ပြီး မိုးကြိုးမုန်တိုင်းဂိုဏ်းအား တိုက်ခိုက်သင့်မှန်း သိထားသော်လည်း အလွန်ကြီးမားလှသော ရတနာသိုက်ကြီးကို ဤအတိုင်း မထားနိုင်ခဲ့ပေ။

လက်ရှိတွင် အထက်စကြာဝဠာဂိုဏ်း၏ ဂိုဏ်းသားအားလုံးအရေအတွက်မှာ နည်းပါး နေသည့်အတွက်ကြောင့် အရင်းအမြစ်များစွာကို မလိုအပ်သော်လည်း အနာဂတ်တွင်ကော၊ ရန်ကိုင်အနေဖြင့် အနာဂတ်အတွက် ကြိုတင်စဉ်းစားထားရပေမည်။

“ဘာမှမဖြစ်ဘူး၊ ကောင်းကင်တိုက်ပွဲအစည်းအရုံးတောင်မှ ကျုပ်တို့ကို မတားနိုင်တာ၊ မိုးကြိုးမုန်တိုင်းဂိုဏ်းကရော ဘာလုပ်နိုင်မှာမို့လို့လဲ၊ သူတို့အကာအကွယ်တွေ ဘယ်လောက် အားကောင်းကောင်း ကြယ်သင်္ဘောနှင့် ဖျက်စီးလိုက်ရင် ပြီးသွားပြီဘဲ မဟုတ်ဘူးလား”

“ဘယ်လိုဘဲဖြစ်ဖြစ် ဂိုဏ်းချုပ်သတိထားသင့်တယ်နော်” ရီရှီယွင်က ထပ်မံသတိပေးလိုက်သည်။

သူမသည် ရန်ကိုင်ထက် အသက်ပိုကြီးပြီး အတွေ့အကြုံ ပိုများသော်လည်း ရန်ကိုင်သည် အထက်စကြာဝဠာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေဆဲပင်။ ထို့ကြောင့် အရေးကြီးကိစ္စများနှင့် ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ချက်ကို ရန်ကိုင်ကသာ ချလေ့ရှိသည်။

သူမ လုပ်နိုင်သည့်အရာဆို၍ သူ့အား အကြံပေးရုံသာ ရှိသည်။

“အင်း တပည့်တွေကို အရှိန်တင်ခိုင်းလိုက်တော့ မိုးကြိုးမုန်တိုင်းဂိုဏ်းက ဒီနေရာနဲ့တော်တော်လေး ဝေးတယ်” ရန်ကိုင်က အမိန့်ပေးလိုက်သည်။

ခဏအကြာတွင် လေအလျှင်တမျှ ပျံသန်းနေသော ကြယ်သင်္ဘော၏အရှိန် ရုတ်ချည်း မြင့်တက်လာခဲ့လေသည်။ မိုးကြိုးမုန်တိုင်းဂိုဏ်းသည် မိုးမြေစွမ်းအင် အလွန်ကိုမှ ကြွယ်ဝ သိပ်သည်းသော တောင်ကြားတစ်ခုတွင် တည်ရှိနေခြင်းဖြစ်သည်။

မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ဌာနချုပ်သည် ကောင်းကင်တိုက်ပွဲအစည်းအရုံးဂိုဏ်း၏ ဌာနချုပ်နှင့်မတူဘဲ လူသူအရောက်အပေါက် ဝေးရာအရပ်တွင် တည်ရှိနေခြင်း ဖြစ်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၁၈)

မိုးကြိုးမုန်တိုင်းဂိုဏ်းသည် မိုးကြိုမုန်တိုင်းလျှိုမြောင်ထဲတွင် တည်ရှိနေခြင်း ဖြစ်သည်။

မိုးကြိုးမုန်တိုင်းဂိုဏ်း အားမကောင်းစဉ်က အင်အားစုများစွာသည် ဤရတနာနယ်မြေကို အပိုင်သိမ်းလိုခဲ့ကြသည်။ သို့သော်လည်း မည်သည့် အင်အားစုမှ အောင်မြင်ခဲ့ခြင်း မရှိဘဲ မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ခြေနင်းကျောက်တုံးများသာ ဖြစ်လာခဲ့ရသည်။

ထိုကဲ့သို့ ဖြစ်ဖန်များလာခဲ့သော် မိုးကြိုးမုန်တိုင်းဂိုဏ်းသည် အလျင်အမြန် အားကောင်းလာခဲ့ပြီး အဆုံးတွင် အရိပ်ကြယ်၏ မဟာအင်အားစုကြီးများအနက် တစ်ခု ဖြစ်လာခဲ့ရ၏။

မိုးကြိုးမုန်တိုင်းဂိုဏ်းကို အဆိပ်မြူထုကြီးက ဝန်းရံထားခဲ့သည့်အတွက် အပြင်လူများ အနေဖြင့် မိုးကြိုးမုန်တိုင်းဂိုဏ်းသို့ ချဉ်းကပ်ရန် ခက်ခဲလှသည်။ ထိုအဆိပ်မြူထုကြီးသည် မိုးကြိုး မုန်တိုင်းဂိုဏ်းအတွက် သဘာဝ အရံအတားကြီးတစ်ခုနှယ် ဖြစ်နေခဲ့သည်။ ထိုအရံအတားကို ဖြတ်ကျော်နိုင်ရန်အတွက် တပည့်များသည် အထူးအဆိပ်ဖြေဆေး တစ်မျိုးမျိုးကို သောက်ထားကြရ၏။ ထိုသို့မလုပ်လျှင် ဟင်းလင်းပြင် အစီအရင်ကို သုံး၍ တိုက်ရိုက် ဖြတ်ကျော်ကြရသည်။

မဟုတ်လျှင် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများပင် ထိုအဆိပ်ငွေ့များ၏ တိုက်စားမှုဒဏ်ကို မခံနိုင်ချေ။ အဆိပ်သိပ်မပြင်းလျှင် ခြေလက်များ ထုံကျင်နုံးနယ်လာပြီး သူတော်စင်ချီကို ကောင်းကောင်း မလှည့်ပတ်နိုင်တော့သည့် အဖြစ်မျိုးနှင့် ကြုံရနိုင်သော်လည်း အဆိပ်သာပြင်းလျှင် နေရာတွင်ပင် တစ်ခါတည်း ပွဲချင်းပြီး သေသွားနိုင်ပေသည်။

ထိုအကြောင်းကြောင့်ပင် မိုးကြိုးမုန်တိုင်းဂိုဏ်းသည် ဤရတနာနယ်မြေကို အခြား အင်အားစုများလက်မှ ထိန်းသိမ်းထားနိုင်ခဲ့ပြီး အရိပ်ကြယ်၏ မဟာအင်အားစုများအနက်မှ တစ်ခု ဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသဘာဝ အကာအရံကြီးအပြင်၊ မိုးကြိုးမုန်တိုင်းလျှိုမြောင်ထဲတွင် မရေမတွက်နိုင်သော အစီအရင်များလည်း ရှိနေပေသေးသည်။

ရန်ကိုင်တွင် မှီခိုအားကိုးစရာ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောရှိနေသော်ငြား ထိုအကာအကွယ်များကို ပေါ့သေးသေး မမှတ်ယူရဲချေ။ မိုးကြိုးမုန်တိုင်းလျှိုမြောင်သည် ကောင်းကင်တိုက်ပွဲမြို့တော်နှင့် ကွာခြားပေသည်။ မဆင်မခြင် ပြေးဝင်သွားခဲ့လျှင် ပြန်ထွက်ဖို့ရာ ခက်ပေလိမ့်မည်။

ထို့ကြောင့် အဆိပ်မြူထုကြီးကို ဖြတ်ကျော်လာပြီးနောက် ရန်ကိုင်သည် ကြယ်သင်္ဘော၏ အရှိန်ကို လျော့ချရန် တပည့်များကို အမိန့်ပေးလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် သေချာ သတိထား စစ်ဆေးတော့လေသည်။

သို့သော်လည်း လမ်းတစ်လျှောက်တွင် မည်သည့် အခက်အခဲ၊ အတားအဆီးနှင့်မှ ရင်ဆိုင်ရခြင်း မရှိသည့်အတွက် ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ စိတ်ဝိဥာဉ် အစီအရင်များကို အသက်သွင်းမိရန် မဆိုထားနှင့်၊ သက်ရှိ လူတစ်ယောက်ကိုပင် သူတို့ မတွေ့ခဲ့ရပေ။

ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက်တွင်တော့ မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ဠာနချုပ်တစ်ခုလုံး ပြောင်ရှင်းနေသည်ကို တွေ့ရှိလိုက်ရသည်။ ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ရီရှီယွင်သည်လည်း ထိတ်လန့်နေခဲ့သည်။

ကောင်းကင်တိုက်ပွဲမြို့တော်ဆီသို့ တိုးဝင်ပြီး ကောင်းကင်တိုက်ပွဲ အစည်းအရုံးအား ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ဖျက်စီးနိုင်ခဲ့သော်လည်း မိုးကြိုးမုန်တိုင်းဂိုဏ်းသည်လည်း နာမည်ကျော် အင်အားစုကြီး တစ်ခုလေပဲ။ ဘာကြောင့် တိုက်ပင်မတိုက်ခိုက်ဘဲ ထွက်ပြေးသွားရသနည်း။ သူတို့ ထိုမျှ သွေးကြောင်သလော။

ဘိုးဘေးအစဉ်အဆက် တည်ဆောက်ယူလာခဲ့ရသော နှစ်ပေါင်းသောင်းနှင့်ချီ တည်ရှိခဲ့သည် အခြေခံအုတ်မြစ်ကြီးကို ဆုတ်ခွာပြီး ထွက်ပြေးရအောင် မည်မျှ ဆုံးဖြတ်ချက် ပြတ်သားရန် လိုအပ်သနည်း။ ဂိုဏ်းတစ်ဂိုဏ်းလုံးအား ဆုတ်ခွာမည့် သူ့အမိန့်ကို နာခံစေရအောင် ထိုဂိုဏ်းမှ ခေါင်းဆောင်၏ လွှမ်းမိုးနိုင်စွမ်း မည်မျှ ကြီးမားလိုက်လေမည်နည်း။

ဖန်ဖုန်းသည် ချူကျန်းထက် ပိုမို ကိုင်တွယ်ရ ခက်ခဲသော ခေါင်းဆောင်တစ်ယောက် ဖြစ်သည်ဟု ရန်ကိုင် တွေးမိသွားသည်။

“ရန်ကိုင်၊ မိုးကြိုးမုန်တိုင်းဂိုဏ်းက အစောကြီးကတည်းက ဆုတ်သွားပြီ။ ငါတို့ အခု ဘာလုပ်ကြမလဲ” ချင်းတုန်က အနည်းငယ် မှင်သက်နေသည့် လေသံဖြင့် မေးလိုက်သည်။ ကောင်းကင်တိုက်ပွဲမြို့တော်တွင် တိုက်ခိုက်ခဲ့ရသည့် ခက်ခဲသော တိုက်ပွဲကဲ့သို့သော တိုက်ပွဲမျိုးကို ဤနေရာတွင်လည်း ထပ်မံ ကြုံတွေ့ရလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား လက်တွေ့သည် သူထင်ထားသည်နှင့် တလွဲစီ ဖြစ်နေခဲ့သည်။

“စိတ်ဝင်စားစရာပဲ” ရန်ကိုင် လှောင်ပြုံးပြုံးလိုက်သည်။

ဂိုဏ်းတစ်ဂိုဏ်း၏ အုတ်မြစ်သည် ၎င်း၏ နေရာပိုင်နက်ပေါ်တွင် မူတည်မနေဘဲ အဖွဲ့ဝင် ဂိုဏ်းသားများ အပေါ်တွင်သာ မူတည်နေသည်။ ဂိုဏ်းသားများသာ အသက်ရှင်နေသရွေ့ ဂိုဏ်းအား အချိန်မရွေး ပြန်တည်ထောင်နိုင်သည်။ အဖွဲ့သားများသာ မရှိတော့လျှင်မူ ဂိုဏ်းအား ပြန်လည် တည်ထောင်နိုင်မည့် အခွင့်အရေး ရှိတော့လိမ့်မည် မဟုတ်ချေ။ ဖန်ဖုန်းသည် ထိုရိုးရှင်းသော အမှန်တရားကို ကောင်းကောင်း နားလည်ထားခဲ့သည်။

လာသာလာလိုက်ရသော်ငြား ဘာမှ အကျိုးမရှိသွားသဖြင့် ကြယ်သင်္ဘောအတွင်းရှိ တပည့်များ အတော်လေး ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့သည်။

“ရောက်လာပြီ ဆိုမှတော့ ဒီအတိုင်း လက်ဗလာ ပြန်လို့ ဘယ်ဖြစ်ပါ့မလဲ” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ဖန်ဖုန်းက ဒီနေရာကြီးကို မလိုချင်တော့မှတော့ ကျုပ်တို့လည်း သူ့အတွက် တစ်ခါတည်း ဖျက်စီးပေးလိုက်ကြတာပေါ့”

“တကယ် ရက်စက်တဲ့ကောင်” ချင်းတုန်၏ နှုတ်ခမ်းအစုံ မဲ့သွားခဲ့သည်။

ရန်ကိုင်မှ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ကြယ်သင်္ဘော၏ ကိုယ်ထည်တစ်ခုလုံး တောက်ပလာပြီး သလင်းအမြှောက်များကို စတင် ပစ်လွှတ်တော့လေသည်။

ညံမစဲအောင် ထွက်ပေါ်လာသော တဝုန်းဝုန်း မြည်သံများအောက်ဝယ်၊ မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ဠာနချုပ်အတွင်းတွင် ရှိနေသော အဆောက်အဦးများ တစ်ခုပြီးတစ်ခု ပြိုကျကုန်လေသည်။

ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေရင်းမှ ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး တစ်ခုသော နေရာဆီသို့ အံ့အားသင့်နေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်၏။

ထိုနေရာဆီမှ သိပ်အားမနည်းလှသော စွမ်းအင်လှိုင်းတစ်ခုကို သူခံစားမိလိုက်သည်။ ထိုစွမ်းအင်လှိုင်းသည် မှော်ရတနာတစ်ခုဆီမှ လာနေသည့် စွမ်းအင်လှိုင်းနှင့် မတူဘဲ သူတော်စင် သလင်းကျောက် မြောက်မြားစွာ စုဝေးနေရာမှ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းနှင့် တူနေခဲ့သည်။

မိုးကြိုးမုန်တိုင်းဂိုဏ်းသည် အလျင်စလို ဆုတ်ခွာသွားရခြင်း ဖြစ်သဖြင့် ထိုသူတော်စင် သလင်းကျောက်များကိုပါ ယူသွားရန် မေ့လျော့နေခဲ့သလော။ ထိုသို့မဟုတ်ဘဲ ထိုအရာသည် ထောင်ချောက် တစ်ခုများ ဖြစ်နေလေမလား။

မည်သို့ပင်ဖြစ်ပါစေ၊ သူတော်စင်သလင်းကျောက်များကို မကြိုက်လူ ဟူသည်မှာ မရှိချေ။ ရန်ကိုင်လည်း အတူတူပင်။ ထို့အပြင် သူခံစားမိလိုက်သည့် စွမ်းအင်လှိုင်းအရ ထိုနေရာတွင် စုဝေးနေသည့် သူတော်စင်သလင်းကျောက် ပမာဏသည် အနည်းဆုံး သန်းရာဂဏန်းနှင့် ချီသည်။ ထိုမျှသော ပမာဏသည် မိုးကြိုးမုန်တိုင်းဂိုဏ်းအတွက်ပင် အတော်လေး များပြားလှသော ပမာဏ ဖြစ်သည်။

“ကျုပ်အဲ့မှာ တစ်ခုခုတွေ့လို့ သွားစစ်ဆေးကြည့်လိုက်ဦးမယ်” ရန်ကိုင်က မတ်တပ်ရပ်၍ ပြောလိုက်သည်။

“ဂိုဏ်းချုပ် အဲ့ဒါ ထောင်ချောက်တစ်ခုခု ဖြစ်နေနိုင်တယ်နော်” ရီရှီယွင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဘာမှမဖြစ်ဘူး” ရန်ကိုင်က ပြုံးလျက် “ထောင်ချောက် ဆိုရင်တောင် ဖန်ဖုန်း ကျုပ်အတွက် ဘယ်လိုထောင်ချောက်မျိုး ဆင်ထားခဲ့လဲ သိချင်သေးတယ်။ ခင်ဗျားတို့ ကြယ်သင်္ဘောထဲမှာပဲ နေခဲ့၊ ကျုပ်အခုပဲ ပြန်လာခဲ့မယ်”

ပြောပြီးသည်နှင့် တစ်ပြိုင်နက် စွမ်းအင်လှိုင်းအား ခံစားမိရာ အရပ်ဆီသို့ ပျံသန်း ထွက်သွားလေသည်။

ခဏအကြာတွင် ကြီးကျယ်ခမ်းနားသော နန်းတော်တစ်လုံးရှေ့သို့ ရန်ကိုင် ရောက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် မည်သည့် အတားအဆီးနှင့်မှ မကြုံတွေ့ခဲ့ရပေ။ နန်းတော်ရှေ့သို့ ရောက်သည်နှင့် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။

နန်းတော်ထဲတွင် စားပွဲခုံနှင့် ထိုင်ခုံအချို့မှလွဲ၍ အခြားမည်သည့် အဖိုးတန်ပစ္စည်းမှ ရှိမနေခဲ့ချေ။ သို့သော်လည်း တစ်ခုသော နေရာတွင် သူတော်စင်သလင်းကျောက်များစွာ စုဝေးနေသည့် လျှို့ဝှက်ခန်းတစ်ခန်း ရှိနေခဲ့သည်။

သူထင်ထားသည့်အတိုင်း တကယ်ကို သန်းရာဂဏန်းနှင့်ချီကာ ရှိနေခြင်း ဖြစ်သည်။

ထိုမျှများပြားလှသော သူတော်စင်သလင်းကျောက်များကိုလည်း မထားခဲ့နိုင်၊ သူ့ခွန်အားအပေါ်လည်း ယုံကြည်ချက် အပြည့်အဝ ရှိသည့်အတွက်ကြောင့် ရန်ကိုင်သည် တုန့်ဆိုင်းတွေဝေနေခြင်း မရှိဘဲ တစ်ခါတည်း နန်းတော်ထဲသို့ ပြေးဝင်သွားလေသည်။ နန်းတော်ထဲသို့ ရောက်နေပြီးနောက် လျှို့ဝှက်ခန်းရှိရာဆီသို့ တန်းပြေးသွားပြီး အခန်တံခါးကို ဖွင့်ကာ အထဲသို့ ဝင်သွားလိုက်သည်။

အထဲရှိ မြင်ကွင်းကို မြင်ပြီးနောက် ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။ အခြား မည်သည့် သံသယဝင်စရာမှ မရှိတော့မှန်း သေချာအောင် စစ်ဆေး အတည်ပြုပြီးနောက်တွင် သူ့ရှေ့၌ ရှိနေသော သူတော်စင်သလင်းကျောက်ပုံကြီးကို သိုလှောင်လက်စွပ်ထဲသို့ ထိုးထည့်တော့သည်။

တစ်ချိန်တည်းတွင်၊ မိုးကြိုးမုန်တိုင်းဂိုဏ်း ဠာနချုပ်၏ အောက်ဘက်တွင် ရှိနေသော ကွဲပြားသည့် လျှို့ဝှက်ခန်းတစ်ခုထဲ၌ အလွန်အမင်း အသက်ကြီးရင့်နေပြီဖြစ်သော အကြီးအကဲငါးဦး တင်ပလင်ခွေ ထိုင်နေခဲ့ကြသည်။ ထိုအကြီးအကဲငါးဦးစလုံးသည် ဆံပင်များ ဖြူဖွေနေကြပြီး အချိန်မရွေး သေသွားနိုင်သည့် ပုံစံမျိုး ဖြစ်နေကြသည်။

သို့သော်လည်း ထိုအကြီးအကဲ ငါဦးစလုံးသည် တန်ခိုးရှင်အထွဋ်အထိပ်အဆင့် ပညာရှင်များ ဖြစ်ကြပေသည်။

အကြီးအကဲငါးဦး ထိုင်နေသည့် အစွန်းဘက်တွင် ကြိုတင် ခင်းကျင်းထားသော စိတ်ဝိဥာဉ် အစီအရင်တစ်ခု ရှိနေခဲ့သည်။ အခန်းတစ်ခန်းလုံး တိတ်ဆိတ်နေခဲ့ပြီး မည်သည့် သူတော်စင်ချီမှ ဖြာထွက်နေခြင်း မရှိသဖြင့် အကြီးအကဲငါးဦးစလုံးသည် သက်ရှိလူများနှင့်ပင် မတူတော့ဘဲ လူသေကောင် အလောင်းကောင်များနှင့်ပင် တူနေခဲ့လေသည်။

သို့သော်ငြား ရန်ကိုင်မှ လျှို့ဝှက်ခန်းထဲသို့ ဝင်လာလိုက်သည်နှင့် တစ်ပြိုင်နက် အကြီးအကဲ ငါးဦးစလုံး မျက်လုံးပွင့်လာခဲ့ကြသည်။

“သူလာပြီ” မျက်နှာဝါဝါနှင့် လူအိုကြီးက ရေရွတ်လိုက်သည်။

“တကယ်ကို ရဲတင်းတဲ့ကောင်ပါလား” ငါးယောက်ထဲမှ အဘွားကြီးတစ်ဦးက ပြောလိုက်သည်။

“သူလာပြီဆိုမှတော့ စကြတာပေါ့” တတိယလူက ပြောလိုက်သည် “ကောင်းကင်တိုက်ပွဲ အစည်းအရုံးတောင် အဲ့ကြယ်သင်္ဘောကို မခုခံနိုင်မှတော့ ငါတို့ မိုးကြိုးမုန်တိုင်းဂိုဏ်းလည်း ခုခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့ရဲ့ နှစ်သောင်းနဲ့ချီတဲ့ အုတ်မြစ်ကို လွယ်လွယ်ကူကူ ရမယ် ထင်ရင် ဒီကောင်တွေ မှားသွားမှာပေါ့”

“ဟားဟား၊ ဒီယင်ဆယ်ဘက်အစီအရင်နဲ့ သေရမယ်ဆိုရင်တောင် သူ့ကိုယ်သူ ဂုဏ်ယူသင့်တယ်”

“အပိုတွေ ပြောမနေနဲ့တော့၊ ဂျူနီယာညီလေး၊ ဂျူနီယာညီမလေးတို့၊ ဒီနှစ်တွေအတွင်း မင်းတို့နဲ့ သိခဲ့ရတာ ငါတကယ်ကို ကံကောင်းတယ်လို့ ပြောရမယ်။ ဒါပေမယ့် ခွဲခွာဖို့အချိန် ရောက်လာပြီဆိုတော့ မင်းတို့သွားမယ့် နောင်ဘဝခရီး အဆင်ပြေပါစေလို့ ငါဒီနေရာကနေပဲ ဆုတောင်းပေးလိုက်တော့မယ်” မျက်နှာဝါဝါနှင့် လူအိုကြီးက နောက်တစ်ကြိမ် ပြောလိုက်သည်။

သူ့ဘေးဘက်တွင် ရှိနေသော အဘွားအိုကြီးက ယဲ့ယဲ့လေးပြုံးလျက် “စီနီယာအစ်ကိုလည်း ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်”

မျက်နှာဝါဝါနှင့် လူအိုကြီး၏ မျက်လုံးထဲ အတိတ်အား လွမ်းဆွတ်တမ်းတသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ သို့သော်လည်း ခဏအကြာတွင် ဆုံးဖြတ်ချက်ချပြီးသည့် အမူအရာဖြင့် ပြောလိုက်သည် “စကြရအောင်”

သူ့အသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ့ရှေ့တွင် ရှိနေသော အစီအရင်ထဲသို့ သူတော်စင်ချီများကို စတင် ထည့်သွင်းတော့လေသည်။ ကျန်းလေးယောက်လည်း သူ့အတိုင်း လိုက်လုပ်လိုက်ကြသည်။

သူတော်စင်ချီ၏ အားဖြည့်မှု ရရှိလိုက်သည်နှင့် တစ်ပြိုင်နက် အစီအရင်၏ ထောင့်ငါးထောင့်စလုံး စတင် တောက်ပလာခဲ့ကြသည်။ အစီအရင်သည် အသက်ဝင်လာသည့်နှယ် ပိုမို မြန်ဆန်သော အရှိန်ဖြင့် စတင် လည်ပတ်လာခဲ့လေတော့သည်။

အစီအရင်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် အကြီးအကဲ ငါးဦးစလုံး၏ အမူအရာ ဖြူလျော်သွားခဲ့ပြီး သူတို့၏ အသက်ဓါတ်မှာလည်း အလျင်အမြန် လျော့ကျလာခဲ့ရ၏။ အစီအရင်သည် သူတို့၏ သူတော်စင်ချီကိုသာ စုပ်ယူနေခြင်း မဟုတ်ဘဲ အသက်စွမ်းအင်ကိုပါ စုပ်ယူနေခြင်း ဖြစ်သည်။ နောက်ဆုံးကြိမ် သံပြိုင်မာန်သွင်း အော်ဟစ်လိုက်ပြီးနောက် အစီအရင်ကို ဆက်လက် အားဖြည့်လိုက်ကြသည်။

အစီအရင်သည် စတင် တုန်ခါလာခဲ့ပြီး လျင်မြန်စွာ လည်ပတ်ရင်း အပေါ်သို့ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ မကြာမီ လျှို့ဝှက်ခန်း၏ မျက်နှာကြက်ဆီသို့ ပျံသန်းတက်သွားပြီး အားလုံး၏ မြင်ကွင်းမှ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့၏။

ထိုအခြင်းအရာကို မြင်သော် အကြီးအကဲငါးစလုံး နောက်ဆုံးအကြိမ် ပြုံးလိုက်ကြပြီး ကြမ်းပြင်ပေါ်သို့ လဲပြိုကျသွားကုန်ကြလေသည်။ အကုန်လုံးသည် အလွန်ကိုမှ အားနည်းလွန်းသဖြင့် ထိုင်ပင် မထိုင်နိုင်ကြတော့ချေ။

တစ်ချိန်တည်းတွင်း သူတော်စင်သလင်းကျောက်များကို သိုလှောင်လက်စွပ်ထဲ အလောတကြီး ထည့်သွင်းနေသည့် ရန်ကိုင်သည် တစ်ခုခုကို ခံစားမိလိုက်သည့်အလား သူ့လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။

ရုတ်တရက် သူ့ရင်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာခဲ့သည်။ ပြဿနာ အရင်းအမြစ်ကို အဖြေမရှာနိုင်သေးခင်မှာပဲ အားကောင်းသော စွမ်းအင်လှိုင်းတစ်ခု သူ့ခြေထောက်အောက်မှ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ဧရာမ စိတ်ဝိဥာဉ်အစီအရင်တစ်ခု ထွက်ပေါ်လာပြီး လျှို့ဝှက်ခန်းတစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံသွားခဲ့လေသည်။

အားကောင်းသော စွမ်းအင်လှိုင်းတို့ အဘက်ဘက်မှ ထွက်ပေါ်လာခဲ့ပြီး မျက်စိကျိန်းမတတ် အလင်းရောင်တို့ သူတော်စင်သလင်းကျောက်များ၏ အောက်ခြေမှ ဖြာထွက်လာခဲ့သည်။ တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ရပ် လျှို့ဝှက်ခန်းတစ်ခုလုံး အတွင်းသို့ ပျံ့နှံ့စိမ့်ဝင်လာခဲ့သည်။

သူ့ရှေ့ရှိ သူတော်စင်သလင်းကျောက်ပုံနှင့် ပက်သက်၍ တစ်ခုခု မှားယွင်နေမှန်း သတိပြုမိလိုက်သည့်နောက် ချက်ချင်းပဲ သူ့လက်ကို ဝှေ့ရမ်း၍ သူတော်စင်သလင်းကျောက်များကို ဖယ်ကြည့်လိုက်သည့်အခါ ဖရဲသီးအရွယ်ရှိသော ကြက်သွေးရောင် သလင်းကျောက်တစ်တုံးကို မြင်တွေ့လိုက်ရသည်။ ထိုကြက်သွေးရောင် သလင်းကျောက်သည် အချိန်မရွေး ပေါက်ကွဲတော့မည့်နှယ် ပရမ်းပတာ ဖြစ်နေသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေခဲ့သည်။

“သလင်းကျောက်ဗုံးလား” ရန်ကိုင် မျက်လုံးပြူးသွားပြီး အလန့်တကြား ထအော်လေသည် “လတ်စသတ်တော့ ဒီလိုကိုး”

မိုးကြိုးမုန်တိုင်းဂိုဏ်းသည် သူတော်စင်သလင်းကျောက် သန်းရာဂဏန်းကို စတေပြီး ဤထောင်ချောက်ကို ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤလျှို့ဝှက်ခန်းထဲ၌ ထောင်ချောက် တစ်ခုခု ရှိနေမှန်း သိနေလျှင်ပင် လူများသည် သူတော်စင်သလင်းကျောက်များကို လောဘတက်ပြီး ဝင်လာဦးပေလိမ့်မည်။

သို့သော်လည်း ဝင်လာသည့် လူတိုင်းအတွက် မိုးကြိုးမုန်တိုင်းဂိုဏ်းသည် သေမင်း ထောင်ချောက်တစ်ခုကို ဆင်ထားခဲ့သည်။

အကြီးအကဲငါးဦး အသက်သွင်းလိုက်သည့် အစီအရင်သည် မည်သည့် တိုက်ခိုက်နိုင်စွမ်းမှ မရှိဘဲ လျို့ဝှက်ခန်းထဲတွင် ရှိနေသည့်လူအား ပိတ်လှောင်ရန် အတွက်သက်သက်သာ သုံးသည့် အစီအရင်တစ်မျိုး ဖြစ်သည်။ တကယ့် အစစ်အမှန် အန္တရာယ်သည် သူတော်စင် သလင်းကျောက်များ အောက်တွင် ရှိသော သလင်းကျောက်ဗုံးပင် ဖြစ်သည်။

သလင်းကျောက်ဗုံးများသည် စွမ်းအင်လှိုင်း တစ်မျိုးမျိုး၏ ရိုက်ခတ်ခြင်း ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲတတ်သည့် သလင်းကျောက်များ ဖြစ်သည်။ သို့သော် သာမန် အခြေအနေမျိုးတွင် ထိုသလင်းကျောက်များသည် သိပ်ပြီး အသုံးမဝင်သည့် အတွက် ကျင့်ကြံသူများသည် ထိုအရာများကို အသုံးပြုခဲလှသည်။ ထို့ကြောင့် ရှားလည်းရှားလှသည်။

မိုးကြိုးမုန်တိုင်းဂိုဏ်း အနေဖြင့် ဤမျှကြီးမားသော သလင်းကျောက်ဗုံးကို ရရန်အတွက် အတော်လေး ကြိုးစားခဲ့ရပေလိမ့်မည်။ ထို့အပြင် သလင်းကျောက်ပုံအောက်တွင် ထားထားသည်မှာ သလင်းကျောက်ဗုံး တစ်လုံးတည်းပင် မဟုတ်ဘဲ စုစုပေါင်း ငါးလုံးပင် ဖြစ်သည်။

ထိုမျှပြင်းထန်သည့် ပေါက်ကွဲမှုကို တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်ပင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ မိုးကြိုးမုန်တိုင်းဂိုဏ်းသည် သူ့အား ထိုမျှ အထင်ကြီးသည်လား။

သူ့ခေါင်းထဲ ထိုအတွေးများ ဖြတ်ပြေးသွားစဉ် သလင်းကျောက်ဗုံးဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် ပိုပို၍ အားကောင်းလာခဲ့သည်။ ချက်ချင်းဆိုသလို မိုးချိန်းသံတမျှ ကျယ်လောင်သည့် အသံတစ်သံ လျှို့ဝှက်ခန်းဆီမှ ထွက်ပေါ်လာခဲ့သည်။

မိုးကြိုးမုန်ုတိုင်းဂိုဏ်း ဠာနချုပ်၏ မြေအောက်ခန်းဆီမှ အနီရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မိုးတိမ်ယံများထိသို့တိုင်အောင် ထိုးဖောက်သွားခဲ့သည်။

ဆူနာမနီ ရေလှိုင်းနှယ် ဖြာထွက်လာသော စွမ်းအင်လှိုင်းများကြောင့် လမ်းတစ်လျှောက်၌ ရှိနေသော အရာအားလုံး ပေါက်ကွဲထွက်ကုန်ကြပြီး နေအလင်းရောင်ပင် မှိန်ကျသွားခဲ့ရသည်။

ဆယ်မိုင်ကျော်ခန့် အကွာတွင် ရှိနေသော ကြယ်သင်္ဘောထဲရှိ လူများသည် ထိုမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာများဖြင့် ကြည့်နေခဲ့သည်။

ရီရှီယွင်၏ အမူအရာပင် ဖြူလျော်သွားခဲ့သည်။ သို့သော် စိတ်ဓါတ်ကြံ့ခိုင်သော လူတစ်ယောက် ဖြစ်သည်နှင့်အညီ ချဉ်းကပ်လာနေသော ကြောက်မက်ဖွယ်ရာ အန္တရာယ်ကို သိမြင် ခံစားလိုက်ပြီးနောက် အလျင်အမြန် အော်ပြောလိုက်လေသည် “အကာကွယ်ကို မြန်မြန် အသက်သွင်းလိုက်တော့”

မကြာမီ ကြယ်သင်္ဘောတစ်ခုလုံးအား အကာအကွယ် ပါးပါးလေးတစ်ခုမှ လွှမ်းခြုံသွားခဲ့သည်။ လာရောက်ရိုက်ခတ်သည့် အားကောင်းသော စွမ်းအင်လှိုင်းများကြောင့် ကြယ်သင်္ဘောတစ်စင်းလုံး ယိမ်းထိုးသွားခဲ့ရသည်။

ကြယ်သင်္ဘောထဲတွင် ရှိနေသော လူများလည်း ခြေမခိုင်ချင် ဖြစ်ကုန်ကြပြီး သူတို့ကိုယ်သူတို့ သူတော်စင်ချီဖြင့် ကာကွယ်လိုက်ကြရရုံမက အကာအကွယ် မှော်ရတနာများကိုပင် အသက်သွင်းလိုက်ကြရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၁၉)

မြေအောက်ခန်းမထဲတွင် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအက်ကွဲကြောင်းဆီမှ ရန်ကိုင် ပြုတ်ကျလာခဲ့လေသည်။ ယခုထိတိုင် သူ့မျက်နှာတစ်ပြင်လုံး ကြောက်ရွံ့ရိပ်တို့ဖြင့် ပြည့်နေခဲ့သည်။

ရန်ကိုင် ဟင်းလင်းပြင်အား ဆုတ်ဖြဲနိုင်သည့် အကြောင်းအရင်းကို ဖန်ဖုန်း မသိထားသည်မဟုတ်၊ သိထားပေသည်။ သို့တိုင် ဤကဲ့သို့သော ထောင်ချောက်မျိုး ဆင်ထားခဲ့ပုံ ထောက်လျှင် မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ဠာနချုပ်ကို မထိန်းသိမ်းနိုင်တော့သည့်အဆုံး၊ တစ်ခါတည်း ဖျက်စီးပစ်ခဲ့ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖျက်စီးရင်းမှ ကံကောင်းထောက်မပြီး ရန်ကိုင်အား သတ်နိုင်ရန်ကိုလည်း ဖန်ဖုန်း မျှော်လင့်ထားခဲ့သည်။

မသတ်နိုင်လျှင်ပင် ဒီလောက်ကြီး ကိစ္စမရှိချေ။ ကံကောင်းပြီး သတ်နိုင်ခဲ့လျှင်မူ သူတို့အတွက် အမြတ်ပင်။

သို့သော်လည်း သူ့အစီအစဉ် ကျရှုံးသွဦးခဲ့ရသည်။ သလင်းကျောက်ဗုံး မပေါက်ကွဲခင် ရန်ကိုင်သည် ထူးဆန်းသော စိတ်ဝိဥာဉ်အစီအရင် ထွက်ပေါ်လာသည့် လမ်းကြောင်းအတိုင်း အောက်ဘက်သို့ အချိန်မှီ ထွက်ပြေးနိုင်ခဲ့သည်။

ထိုမြေအောက်ခန်းထဲတွင် လူငါးဦးသည် ကြမ်းပြင်ပေါ်၌ မလှုပ်မယှတ် လဲလျောင်းနေခဲ့၏။ ငါးယောက်စလုံး၏ အသက်ရှူသံမှာ မကြားရသလောက်ကို တိုးညင်းနေခဲ့သည်။ ထိုငါးယောက် သေတော့ရန် သိပ်မလိုတော့ချေ။

ထိုငါးယောက်ကို မြင်လိုက်သည်နှင့် အစောပိုင်းက စိတ်ဝိဥာဉ်အစီအရင်ကို အသက်သွင်းလိုက်သည့်လူမှာ သူတို့ငါးယောက်သာ ဖြစ်ကြောင်း ရန်ကိုင် သိသွားခဲ့သည်။

“မင်းတကယ်ကို မသေတာပဲ၊ ဖန်ဖုန်း အထင်မမှားခဲ့ဘူး” ဘေးဘက်ဆီမှ အားနည်းနေသည့် အသံတစ်သံ ထွက်ပေါ်လာသဖြင့် လှည့်ကြည့်လိုက်ရာ ဝါကြင့်ကြင့်မျက်နှာရှိသော ပိန်လှီလှီ အဖိုးကြီးတစ်ဦးသည် သူ့အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည် “လေဟာနယ်စွမ်းအား ဆိုတဲ့အတိုင်းပါပဲလား”

“စီနီယာ ကျုပ်ကို အခုလိုမျိုး ချီးကျူးနေစရာ မလိုပါဘူး” ရန်ကိုင်က နှာခေါင်းရှုံ့လျက် ထိုငါးဦးဆီ လျှောက်သွားလိုက်ပြီးနောက် ဝါကြင့်ကြင့် မျက်နှာနှင့် လူအိုကြီးရှေ့သို့ ရောက်သည်နှင့် ရပ်ကာ ပြောလိုက်သည် “ဒီဘာမဟုတ်တဲ့ လှည့်ကွက်လေးနဲ့ ကျုပ်ကို မသတ်နိုင်မှန်း သိတာတောင် ဖန်ဖုန်းက ခင်ဗျားတို့ ငါးဦးကို နေခိုင်းခဲ့သေးတယ်ဆိုတော့ သူတကယ်ကို သွေးအေးရက်စက်တာပဲ”

ဝါကြင့်ကြင့်မျက်နှာနှင့် လူအိုကြီးကမူ ရယ်သွမ်းသာသွေးလျက် “သူငါတို့ကို နေခိုင်းခဲ့တာ မဟုတ်ဘူး။ ငါတို့ကကို နေခွင့်ပေးဖို့ သူ့ဆီ တောင်းဆိုခဲ့တာ။ ကောင်လေး၊ ဒီလို အချိန်မျိုးမှာတောင် မင်းက ငါတို့ကို သွေးလာခွဲဖို့ ကြိုးစားနေသေးတယ်နော်”

ရန်ကိုင်၏ မျက်ဝန်းထဲ အနည်းငယ် ကသိကအောက်ဆန်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သော်လည်း လူအိုကြီး၏ စကားကို ပြန်ဖြေခြင်း မရှိဘဲ ဆိတ်ဆိတ်သာ နေခဲ့၏။

ဝါကြင့်ကြင့်မျက်နှာနှင့် လူအိုကြီးက အသာအယာ ချောင်းဟန့်၍ ဆက်ပြောလိုက်သည် “ငါတို့ ငါးယောက်စလုံး နေရမယ့်ရက်တွေ သိပ်မကျန်တော့ဘူး။ ဒါကြောင့် ငါတို့ မသေခင်လေး မင်းကိုပါ အတူဆွဲခေါ်သွားနိုင်မလား ကြိုးစားကြည့်တာ။ အဲ့လိုလုပ်လိုက်နိုင်ရင် ဂိုဏ်းအတွက် အကျိုးကြီးကြီးမားမား ဆောင်ပေးလိုက်တာနဲ့ အတူတူပဲ။ ဒါ ငါတို့ဂိုဏ်းအတွက် နောက်ဆုံး လုပ်ပေးနိုင်တဲ့ အရာပဲလေ။ ဒါကြောင့် ငါတို့မှာ အောင်မြင်နိုင်ချေ သိပ်မရှိမှန်း သိတာတောင် အဲ့လို လုပ်ခဲ့တာပဲ”

“သေတော့မှာကိုတောင် မဟုတ်တုတ်ကတွေ လာပြောနေသေးတယ်” ရန်ကိုင်က စိတ်မဝင်စားသည့် လေသံဖြင့် “ဖန်ဖုန်း ဘယ်မှာလဲ ကျုပ်ကိုပြော၊ ပြောမယ်ဆိုရင် ခင်ဗျား အလောင်းကို ကျုပ်အကောင်းအတိုင်း ချန်ထားပေးခဲ့မယ်”

“ဟားဟား၊ တကယ်တော့ မင်းက ငါ့ဆီကနေ စကားလာနှိုက်ချင်နေတာကိုး။ ငါမင်းနဲ့ နှစ်တစ်ရာလောက်သာ စောတွေ့ဖြစ်ခဲ့ရင် မင်းနဲ့ မိတ်ဆွေဖြစ်ချင်ခဲ့မှာ။ ဖန်ဖုန်းက ပြောသွားတယ်…”

“သူဘာပြောသွားတာလဲ”

“သူ့ကို တွေ့ချင်ရင် ကြယ်ဧကရာဇ်တောင်ဆီ လာခဲ့တဲ့” ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဝါကြင့်ကြင့်မျက်နှာနှင့် လူအိုကြီးသည် သူ၏ နောက်ဆုံး ထွက်သက်ကို ရှုရှိုက်သွားခဲ့လေသည်။

ကျန်လေးယောက်မှာမူ ရန်ကိုင်နှင့် ဝါကြင့်ကြင့် မျက်နှာနှင့် လူအိုကြီးတို့ စကားပြောနေသည့် အချိန်ကကတည်းက နောက်ဘဝသို့ ကူးပြောင်းသွားပြီးနေခဲ့လေပြီ။

ထိုငါးယောက်ကို ကြည့်ရင်း ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ ငါယောက်စလုံးမှာ သေသွားပြီ ဖြစ်သည့်အတွက် ရန်ကိုင်သည် သူတို့အား ဘာမှမလုပ်တော့ချေ။ အလောင်းများကို ဤအတိုင်း ထားပြီးတော့သာ သူ့ရှေ့ရှိ ဟင်းလင်းပြင်ကို ခွဲ၍ ဟင်းလင်းပြင် အက်ကြောင်းမှတစ်ဆင့် ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။

…………

ပေါက်ကွဲမှုကြီး အဆုံးသတ်သွားသော် ရီရှီယွင်နှင့် အခြားသူများသည် ကြယ်သင်္ဘောထဲမှ အလျင်စလို ပြေးထွက်လာကြပြီး ပတ်ဝန်းကျင်အား စိုးရိမ်တကြီး စစ်ဆေးတော့သည်။

သို့သော်လည်း သူတို့အားလုံး ကြိုးစားပန်းစား လိုက်ပတ်ရှာသည့်အတိုင်း မိုင်တစ်ထောင် ပတ်လည်အတွင်း ပြိုကျပျက်စီးနေသော အဆောက်အဦးများ၊၊ အုတ်ကျိုးအုတ်ပဲ့များမှလွဲ၍ ရန်ကိုင်၏ အရိပ်အယောင်ကို မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ချေ။

အကုန်လုံး အသက်ပင် ကောင်းကောင်း မရှူနိုင် ဖြစ်လာခဲ့ကြသည်။

“ခင်ဗျားတို့ ကျုပ်ကို ရှာနေတာလား” ရုတ်တရက် အသံတစ်သံ သူတို့ နောက်ကျောဘက်မှ ထွက်ပေါ်လာသဖြင့် အကုန်လုံး ထိတ်လန့်သွားပြီး အလျင်စလို နောက်သို့ လှည့်ကြည့်လိုက်ရာ သူတို့နှင့် မလှမ်းမကမ်းတွင်ရပ်၍ သူတို့အား ပြုံးပြနေသော ရန်ကိုင်ကို တွေ့လိုက်ရသည်။

“ရန်ကိုင် မင်းအဆင်ပြေရဲ့လား” ချင်းတုန်က အလျင်စလို မေးလိုက်သည်။

“ကျုပ်ဘာမှမဖြစ်ဘူး။ အရင်ဆုံး အထဲ ဝင်ကြရအောင်” ရန်ကိုင်သည် ကြယ်သင်္ဘောထဲသို့ ဦးဆောင်ဝင်သွားရင်း နောက်သို့လှည့်ကာ ပြောလိုက်သည်။

ခဏအကြာတွင် ကြယ်သင်္ဘောသည် မိုးကြိုးမုန်တိုင်းလျှိုမြောင်မှ ထွက်လာခဲ့လေသည်။

ကြယ်သင်္ဘောထဲသို့ ရောက်သည့်အခါ ရန်ကိုင်သည် သူကြုံတွေ့ခဲ့ရသည်များကို အကျဉ်းချုံး ပြန်ရှင်းပြလိုက်လေသည်။

“အဲ့ငါးယောက်က ငါနဲ့ ဖေးအိုကြီးထက် အနည်းဆုံး မျိုးဆက် တစ်ဆက်၊ နှစ်ဆက်လောက် ပိုမြင့်တဲ့ မိုးကြိုးမုန်တိုင်းဂိုဏ်းရဲ့ အကြီးအကဲချုပ်တွေ ဖြစ်လောက်တယ်” ချင်းတုန်က မတိုးမလှသော လေသံဖြင့် ပြောလိုက်သည် “အင်အားစုကြီးတိုင်းမှာ အဲ့လိုလူတွေ ရှိတယ်။ ငါတို့ အရိပ်လခန်းမမှာတောင် ရှိသေးတယ်။ ဂိုဏ်းသာ သေရေးရှင်ရေး အခြေအနေ မကြုံတွေ့ရသရွေ့ သူတို့ ရှေ့ထွက်လာမှာ မဟုတ်ဘူး။ သူတို့ဘာသာသူတို့ တစ်ကိုယ်တည်း ကျင့်ကြံနေကြမှာ။ တကယ့် အရေးကြီးကိစ္စတွေ ကြုံလာရပြီ ဆိုတဲ့အခါမျိုးမှပဲ သူတို့ ထွက်လာလေ့ရှိတယ်”

“အင်း။ အဲ့ငါးယောက်က ရန်သူဆိုပေမယ့် သူတို့လုပ်ရပ်က တကယ် လေးစားစရာပဲ” ဖေးကျီတုက ခေါင်းညိတ်၍ ပြောလိုက်သည်။

“လေးစားစရာကောင်းကောင်း၊ မကောင်းကောင်း ဖန်ဖုန်းက ကြယ်ဧကရာဇ်တောင်ဆီ ထွက်ပြေးသွားပြီဆိုတော့ ကျုပ်တို့သူ့ကို အချိန်ကုန်ခံပြီး လိုက်ရှာနေစရာ မလိုတော့ဘူး” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

ဖန်ဖုန်းသည်သာ အခြားနေရာတစ်ခုတွင် သွားပုန်းနေခဲ့လျှင် သူ့အား အချိန်ကုန်ခံပြီး လိုက်ရှာနေရပေဦးမည်။ သို့သော်လည်း သူသည် အခြားတစ်နေရာသို့ မသွားဘဲ ကြယ်ဧကရာဇ်တောင်တွင် ပုန်းခိုရန်သာ ရွေးချယ်ခဲ့ဖြင့် ရန်ကိုင်အတွက် လုပ်ရကိုင်ရ ပို၍ လွယ်ကူသွားခဲ့ရသည်။

ရန်ကိုင်၏ နောက်ပစ်မှတ်သည် ကြယ်ဧကရာဇ်တောင်ပင် မဟုတ်လေလော။

ဖန်ဖုန်းသည်လည်း ထိုအချက်ကို ခန့်မှန်းထားမိလောက်သည်။ ထို့ကြောင့် ကြယ်ဧကရာဇ်တောင်ဆီသို့ ထွက်ပြေးသွားခဲ့ခြင်းပင်။

“အကြီးအကဲချုပ်၊ ရန်ကိုင်က ရီရှီယွင်ဘက်သို့ လှည့်၍ ပြောလိုက်သည် “ဒီအတိုင်းအတာထိ ရောက်လာပြီ ဆိုမှတော့ အကြီးအကဲချုပ် ဘာမှ ထပ်ပြီး မဖုံးကွယ်ထားတော့ဖို့ ကျုပ်မျှော်လင့်တယ်။ ကျုပ်မသိသေးတဲ့ ကြယ်ဧကရာဇ်တောင် အကြောင်းကို အကြီးအကဲချုပ် အသေးစိတ် ရှင်းပြပေးလို့ ရမလား”

“ဒီဘုရင် အဲ့အကြောင်းတွေကို ဂိုဏ်းချုပ် မသိအောင် ဖုံးကွယ်ထားဖို့ တစ်ခါမှ မစဉ်းစားဖူးဘူး။ ဒါပေမယ့် ဂိုဏ်းချုပ် ကိုယ်တိုင်က ဘာမှမမေးလို့ ဒီဘုရင်မ မပြောပြခဲ့တာ” ရီရှီယွင်က သူမဆံပင်အား နားသယ်နောက်သို့ သပ်တင်လိုက်ပြီး “ဂိုဏ်းချုပ် သိချင်တယ် ဆိုမှတော့ ဒီဘုရင် သိသလောက် ရှင်းပြပေးပါမယ်”

“အဲ့ဒါဆို တစ်ချက်လောက် ရှင်းပြပေးပါလား” ရန်ကိုင် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

“ရန်ကိုင် ငါနဲ့ ဖေးအိုကြီးတို့ ထွက်သွားပေးရမလား” ချင်းတုန် တုန့်ဆိုင်းနေခဲ့သည်။ ရန်ကိုင်နှင့် ရီရှီယွင်တို့ ပြောမည့် အကြောင်းအရာသည် ကြယ်ဧကရာဇ်တောင်၏ လျှို့ဝှက်ချက်များနှင့် သက်ဆိုင်နေမှန်း သိလိုက်သည့်အခါ သူတို့ ဤနေရာတွင် ဆက်နေရန် အနည်းငယ် ကိုးယိုးကားယား ဖြစ်သွားခဲ့ရသည်။

“မလိုဘူး။ ခင်ဗျားတို့တွေက အပြင်လူတွေမှ မဟုတ်တာ” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ” ချင်းတုန်သည် ဘာမှဆက်မပြောတော့ဘဲ ပြန်ထိုင်၍သာ ရန်ကိုင်နှင့် ရီရှီယွင်ကို ကြည့်လိုက်သည်။ သူလည်း ကြယ်ဧကရာဇ်တောင်၏ လျှို့ဝှက်ချက်များ အကြောင်း အတော်လေး သိချင်နေမိသည်။ ကြယ်ဧကရာဇ်တောင်သည် အလွန်ကိုမှ လျှို့ဝှက်ဆန်ကြယ်သော အရိပ်ကြယ်၏ မေးခွန်းထုတ်စရာ မလိုသည့် အားအကောင်းဆုံးသော နံပါတ်တစ် အင်အားစုတစ်ခု ဖြစ်သည်။

“ကျွန်မ ဘယ်ကနေ စပြောရမလဲ” ဘယ်ကနေ စရမှန်း မသိသဖြင့် ရီရှီယွင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ခဏမျှ မျက်မှောင်ကြုတ် စဉ်းစားနေပြီးနောက် စပြောလိုက်၏ “ကြယ်ဧကရာဇ်တောင်က မဟာဧကရာဇ်နဲ့ ပက်သက်နေတယ်ဆိုတဲ့ အပြင်ဘက်က ကောလဟာလတွေက အခြေအမြစ်မရှိတဲ့ ကောလဟာလတွေ မဟုတ်ဘူး။ တကယ်တော့ ကြယ်ဧကရာဇ်တောင်က ဆန်းတော်ဝင်ဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုပဲ”

“ဆန်းတော်ဝင်ဂိုဏ်းရဲ့ ဂိုဏ်းခွဲ” ရန်ကိုင် မှင်သက်သွားခဲ့သည်။

“ဟုတ်တယ်”

“ဆန်းတော်ဝင်ဂိုဏ်း” ချင်းတုန် မျက်မှောင်ကြုတ်သွားခဲ့ပြီး “အဲ့ဂိုဏ်း ဘာဂိုဏ်းလဲ။ အဲ့ဂိုဏ်းနာမည်ကို ကျုပ်ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ”

ဖေးကျီတုသည်လည်း ထိုဂိုဏ်းနာမည်ကို မကြားဖူးသည့်အလား ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်က ပြုံးလျက် ရှင်းပြလိုက်လေသည် “ကျုပ်တို့ အထက်စကြာဝဠာဂိုဏ်း ခြေကုပ်ယူထားတဲ့ ဂိုဏ်းပျက်ကြီးက အရင်က ဆန်းတော်ဝင်ဂိုဏ်း တည်ရှိခဲ့တဲ့နေရာပဲ။ အဲ့ဂိုဏ်း ပျက်စီးသွားတာ နှစ်သောင်းနဲ့ချီ ကြာနေပြီမို့လို့သာ အဲ့ဂိုဏ်းအကြောင်း ခင်ဗျားတို့ တစ်ခါမှ မကြားဖူးတာ”

“လတ်စသတ်တော့ အဲ့လိုကိုး” ချင်းတုန်နှင့် ဖေးကျီတုတို့ နှစ်ဦးစလုံး နားလည်သွားဟန်ဖြင့် ခေါင်းအသီးသီး ညိတ်လိုက်ကြသည်။

“ကျေးဇူးပြုပြီး ဆက်ပြောပါ အကြီးအကဲချုပ်” ရန်ကိုင်က ပြောလိုက်သည်။

“ဆန်းတော်ဝင်ဂိုဏ်းဆိုတာ မဟာဧကရာဇ်ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲ။ ဒါပေမယ့် တစ်နေ့မှာပေါ့ မဟာဧကရာဇ်နဲ့ ခွန်အားချင်း ယှဉ်ပြိုင်နိုင်တဲ့ ရန်သူ တစ်ယောက် ပေါ်လာခဲ့တယ်။ နောက်ဆုံးမှာ အဲ့ရန်သူကို မဟာဧကရာဇ် နိုင်သွားခဲ့ပေမယ့် သူကိုယ်တိုင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ အဲ့ဒဏ်ရာကို ပြန်လည် ကုစာဖို့အတွက် ကျင့်စဉ်တစ်ခုကို သုံးပြီး အိပ်စက်သွားခဲ့တယ်။ အဲ့အချိန်ကစပြီး ဆန်းတော်ဝင်ဂိုဏ်းရဲ့ ဘေးပတ်ဝန်းကျင်တစ်ခုလုံး သဲမီးတောက်နယ်မြေဆိုပြီး ဖြစ်လာခဲ့တယ်။ ဂိုဏ်းချုပ်လည်း အဲ့အကြောင်းတွေကို သိထားလောက်ရောပေါ့၊ ဟုတ်တယ်မလား”

“ဟုတ်တယ်။ အဲ့အကြောင်းတွေကို ကျုပ်ကြားဖူးတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်မှာ ထိုအကြောင်းကို ကြားဖူးပြီးသား ဖြစ်သဖြင့် အံ့ဩခြင်း မရှိသော်လည်း ဖေးကျီတုနှင့် ချင်းတုန်မှာမူ ထိုအကြောင်းကို ကြားပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ သူတို့၏ အသက်သရှုသံများ မြန်ဆန်လာနေခဲ့ပြီး မျက်နှာအမူအရာမှာလည်း အလွန်ကိုမှ အံ့အားသင့်နေသည့် အမူအရာအဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားခဲ့လေသည်။

ရီရှီယွင်သည် စကားအနည်းသာ ပြောလိုက်ခြင်း ဖြစ်သော်လည်း ထိုစကားများဆီမှ မယုံကြည်နိုင်ဖွယ်ရာ သတင်းအချို့ကို သူတို့ ကြားသိလိုက်ရသည်။

ကောင်းကင်တစ်ခွင်ကိုပင် လက်တစ်ဖက်ဖြင့် ဖုံးအုပ်နိုင်ပြီး လေနှင့်မိုးကို စိတ်ရှိတိုင်း ဆင့်ခေါ်နိုင်သော ကြယ်တာရာကောင်းကင် မဟာဧကရာဇ်နှင့် သူနှင့် ခွန်အားချင်း ယှဉ်နိုင်သော ရန်သူတစ်ယောက် ရှိနေခဲ့သည်။ သူနှင့် ထိုရန်သူကြား တိုက်ပွဲသည် အလွန်ကိုမှ ပြင်းထန်ခဲ့ပြီး အဆုံးတွင် မဟာဧကရာဇ်သည် ထိုရန်သူကို အနိုင်ယူလိုက်နိုင်သော်ငြား သူကိုယ်တိုင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။

ထိုရန်သူသည် မဟာဧကရာဇ်နှင့် တူညီသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်လား။ ထိုအကြောင်း စဉ်းစားမိလိုက်ရုံဖြင့် သူတို့ အလွန် ချောက်ခြားမိသွားခဲ့သည်။

ထို့အပြင် ရီရှီယွင် ပြောသွားသည့်ပုံအရ မဟာဧကရာဇ်သည် သေဆုံးခြင်း မရှိသေးဘဲ အသက်ရှင်နေသေးသည်။ သူ့ဒဏ်ရာကို ကုစားရန်အတွက်သာ အိပ်စက်နေခြင်း ဖြစ်သည်။

ဒဏ္ဏာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်နှင့်အညီ ကြယ်တာရာကောင်းကင် ဧကရာဇ်၏ ကြီးမြတ်သော ဂုဏ်ဒြပ်သည် ကျင့်ကြံသူအားလုံး၏ နှလုံးသားထဲ နက်နက်နဲနဲ အမြစ်တွယ်နေ၏။ သူမ၏ ခွန်အားသည် အကြွင်းမဲ့ဖြစ်ကာ ဤလောကတွင် သူမအား ယှဉ်ပြိုင်နိုင်သည့်လူ တစ်ယောက်မှ မရှိချေ။ ဒဏ္ဏာရီ၏ အဆိုအရ မဟာဧကရာဇ်သည် ကျင့်ကြံရေးကြယ်များကို တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ဖျက်စီးပစ်နိုင်ပြီး ကြယ်စီရင်စုကြီး တစ်ခုလုံးကို တစ်နေ့အတွင်း ဖြတ်ကျော်သွားလာနိုင်သည်ဟု ပြောစမှတ် ရှိကြသည်။

မဟာဧကရာဇ်နှင့် ပက်သက်သော ဒဏ္ဏာရီများစွာ ရှိကြပြီး ထိုဒဏ္ဏာရီများမှာ အလွန်ကိုမှ ဖော်ကျူးလွန်းအားကြီးသဖြင့် မယုံချင်စရာကောင်းလှ၏။ ချင်းတုန်နှင့် ဖေးကျီတုတို့သည် မဟာဧကရာဇ်၏ ကြီးမြတ်သော အနှိုင်းမဲ့ခွန်အားကို လေးစားမိသော်လည်း သူမကဲ့သို့သော လူတစ်ယောက်သည် ယခုထိတိုင် သေဆုံးသွားခြင်း မရှိသေးဘဲ အသက်ရှင်နေလိမ့်ဦးမည်ဟု မထင်ထားခဲ့ချေ။

ထိုလျှို့ဝှက်ချက်အကြောင်းကို ပထမဆုံးအကြိမ် ကြားလိုက်ရသည့် အခိုက်တွင် ချင်းတုန်နှင့် ဖေးကျီတု၏ စိတ်အဆုံး အဆုံးမဲ့အသူတရာ ချောက်နက်ထဲ ကျသွားသည့်နှယ် ပရမ်ပတာ ဖြစ်ကုန်ကာ တွေးတောဆင်ခြင်နိုင်စွမ်းကိုပင် ခဏတာ ဆုံးရှုံးလိုက်ရသည်။

ပြောပြနေသည့် လူကိုယ်တိုင်မှာ ရီရှီယွင်ကိုယ်တိုင် ဖြစ်နေသည့်အတွက် ထိုအကြောင်းကို သူတို့ ယုံသွားခဲ့ကြခြင်း ဖြစ်သည်။ အခြားတစ်ယောက်သာ ဆိုလျှင် သူတို့ နှစ်ယောက်စလုံး နှာခေါင်းသာ ရှုံ့နေလိုက်ပေလိမ့်မည်။

“တိုက်ပွဲရလဒ် ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဆန်းတော်ဝင်ဂိုဏ်းကတော့ အကြီးအကျယ် ထိခိုက်သွားခဲ့ရတယ်။ ဂိုဏ်းသား တော်တော်များများ သေဆုံးသွားခဲ့ပြီး အနည်းငယ်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ အဲ့လက်ကျန် ကျန်ရစ်ခဲ့တွေအဖို့ ဆန်းတော်ဝင်ဂိုဏ်းမှ ဆက်နေဖို့ မဖြစ်တော့ အခြားတစ်နေရာဆီ ပြောင်းဖို့ စဉ်းစားရတော့တယ်လေ။ အဲ့ကနေမှ ကြယ်ဧကရာဇ်တောင်ဆိုတာ ဖြစ်ပေါ်လာရတာပဲ။ ဆန်းတော်ဝင်ဂိုဏ်းကနေ အသက်ရှင်လျက် လွတ်မြောက်လာတဲ့ တပည့်အချို့က ကြယ်ဧကရာဇ်တောင်ကို တည်ထောင်ခဲ့တာ” ရီရှီယွင်က ဆက်ပြောသည့် အခါမှပဲ ချင်းတုန်နှင့် ဖေးကျီတုတို့ အသိပြန်ဝင်လာခဲ့သည်။

“ကြယ်ဧကရာဇ်တောင်ပေါ်မှာ မဟာဧကရာဇ်ရဲ့ ပုံတူ ပန်းချီကားချပ်တစ်ခု ရှိတယ်။ ဒါကြောင့် အဲ့နေ့တုန်းက ဒီဘုရင်မ…” ဆက်ပြောရမလား၊ မပြောရမည်လား မသိသဖြင့် ရီရှီယွင် တုန့်ဆိုင်းသွားခဲ့သည်။

ရန်ကိုင် သူမ ဘာပြောချင်နေသလဲ ဆိုသည်ကို နားလည်ပေသည်။

ရီရှီယွင် အနေဖြင့် ယန်ယန်အား အလွန်အမင်း လေးစားကြည်ညိုရခြင်းမှာ ယန်ယန်သည် မဟာဧကရာဇ်နှင့် တထပ်တည်း တူနေသည့် အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမအား မဟာဧကရာဇ် ပြန်လည်ဝင်စားသည်ဟု မှတ်ယူလိုက်ခြင်း ဖြစ်သည်။

ရီရှီယွင်သည် လွန်ခဲ့သော နှစ်များအတွင်း မဟာဧကရာဇ်၏ ပုံတူပန်းချီကားချပ်ကို ထပ်တလဲလဲ လေ့လာခဲ့သဖြင့် ထိုအကြောင်းကို ကောင်းကောင်း သိနေခဲ့သည်။

“ကြယ်ဧကရာဇ်တောင်ဆိုတာ မဟာဧကရာဇ်ရဲ့ လက်အောက်မှာ ခစားဖို့အတွက်ပဲ တည်ရှိနေတာ၊ မဟာဧကရာဇ်က တစ်နေ့ကျရင် ပြန်နိုးလာမှာ။ မဟာဧကရာဇ် ပြန်နိုးလာတဲ့ အခါကျရင် ကြယ်ဧကရာဇ်တောင်က မဟာဧကရာဇ်ရဲ့ ညာလက်ရုံး ဖြစ်လာရမယ်လို့ တည်ထောင်သူ ဘိုးဘေးတွေက ကြေညာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်သောင်းနဲ့ချီအတွင်း ကြယ်ဧကရာဇ်တောင်ရဲ့ ဂိုဏ်းချုပ် မျိုးဆက်တိုင်းက ဘိုးဘေးတွေ ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း ပြင်ပအရေးကိစ္စတွေမှာ ဝင်မပါဘဲ မဟာဧကရာဇ် နိုးထားမယ့်နေ့ကိုပဲ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့တယ်။ ဒီဘုရင်မလည်း သူတို့တွေလိုပဲ မဟာဧကရာဇ် နိုးထလာမယ့်နေ့ကို စောင့်ဆိုင်းနေခဲ့တာ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၂၀)

“ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာသွားပြီးနောက် မဟာဧကရာဇ်ရဲ့ အမွေအနှစ်က ဒဏ္ဏာရီသက်သက် ဖြစ်လာခဲ့တယ်။ အပြင်လူတွေတောင် မဟုတ်ဘူး၊ ကြယ်ဧကရာဇ်တောင်က လူတွေတောင် အဲ့အကြောင်းကို မယုံချင်ကြတော့ဘူး။ အဲ့အကြောင်းကို မယုံချင်တော့တဲ့ အဖွဲ့သားတွေက ဘိုးဘေးတွေ ချမှတ်ထားတဲ့ နည်းလမ်းတွေကို မလိုက်နာတော့ဘဲ အရိပ်ကြယ်ကို အုပ်စိုးဖို့ပဲ လုပ်ချင်ကြတော့တယ်။ ဒါကြောင့်ပဲ၊ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ဒီဘုရင်မ အကွက်ချခံလိုက်ရတယ်လေ။ အဲ့ဒါကြောင့်ပဲ ကြယ်ဧကရာဇ်တောင် ခေါင်းဆောင်ရာထူးကနေ နှုတ်ထွက်လိုက်ရပြီး တံခါးပိတ်ကျင့်စဉ် ဝင်သွားခဲ့ရတာ”

“ခင်ဗျားကို အကွက်ချသွားတဲ့လူက ကြယ်ဧကရာဇ်တောင်ကို အုပ်ချုပ်ချင်လို့ပေါ့” ရန်ကိုင် လှောင်ပြုံးပြုံးလိုက်သည်။ ရီရှီယွင်သည် ရှင်းရှင်းလင်းလင်း ပြောမသွားသော်လည်း ရန်ကိုင်သည် အမှန်တရားကို နားမလည်နိုင်လောက်သည့် အရူးတစ်ယောက်မဟုတ်။

“ဟုတ်တယ်။ ကောင်းကင်တိုက်ပွဲ အစည်းအရုံးနဲ့ မိုးကြိုးမုန်တိုင်းဂိုဏ်းကို အမိန့်ပေး စေခိုင်းတဲ့ပုံကိုကြည့်ရင်၊ သူ ချူကျန်းနဲ့ ဖန်ဖုန်းတို့ကို အကျိုးအမြတ် ကြီးကြီးမားမား ပေးထားလောက်တယ်” ရီရှီယွင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

“အဲ့လိုဟာတွေက တစ်နေ့ ဖြစ်လာမယ့် အရာတွေပဲလေ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

တကယ်တော့ ရန်ကိုင် ကိုယ်တိုင်သည်လည်း မဟာဧကရာဇ်အကြောင်း ကြားခဲ့စဉ်က သိပ်ပြီး အလေးအနက် မထားခဲ့ချေ။ တကယ်တော့ ဒဏ္ဏာရီများသည် ဒဏ္ဏာရီများသာ ဖြစ်ကြပြီး ဒဏ္ဏာရီအများစုမှာ မှန်ကန်ခြင်း မရှိကြချေ။ ဒဏ္ဏာရီ အများစုသည် လူပေါင်းများစွာမှ ပါးစပ် အားအားယားတိုင်း လုပ်ကြံဖန်တီးထားသည့် ဇာတ်လမ်းသက်သက်များသာ ဖြစ်ကြသည်။

ထို့ကြောင့် မဟာဧကရာဇ်၏ တည်ရှိမှုကိုလည်း သူသိပ်ပြီး အလေးအနက်ထား မှတ်ယူခြင်း မရှိခဲ့။

သို့သော်လည်း ကြယ်စီရင်စု၏ သမိုင်းမှတ်တမ်းများအကြောင်း နားလည်လာသည်နှင့် မဟာဧကရာဇ်ဆိုသော ဒဏ္ဏာရီလာ တည်ရှိမှုကြီးကို တဖြည်းဖြည်း ယုံကြည်လာခဲ့သည်။ နောက်ဆုံး သူယုံကြည်သွားရသည့် အချိန်သည် ယန်ယန်မှ သူ့မှတ်ဥာဏ်များကို ပြန်ရသွားသည့် အချိန် ဖြစ်ပေသည်။

ရန်ကိုင်သာ ထိုကဲ့သို့ တွေးနေခြင်း မဟုတ်ဘဲ ကြယ်ဧကရာဇ်တောင်မှ မရေမတွက်နိုင်သော လူများသည်လည်း ထိုကဲ့သို့ တွေးနေကြသည်။

ကြယ်ဧကရာဇ်တောင်သည် ဆန်းတော်ဝင်ဂိုဏ်း၏ အခွဲတစ်ခု ဖြစ်သော်လည်း ၎င်းတို့ တည်ရှိနေရသည့် အကြောင်းအရင်းသည် နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်၌ တဖြည်းဖြည်း သိပ်ပြီး အဓိပ္ပါယ်မရှိ ဖြစ်လာခဲ့သည်။

အရိပ်ကြယ်တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိသော်လည်း ထိုကဲ့သို့ မလုပ်ရဘဲ လူမသိ၊ သူမသိ နေရာတွင်သာ တံခါးပိတ်ကျင့်ကြံနေရကာ အသက်ကြီးရင့်ပြီး တဖြည်းဖြည်း သေဆုံးသွားကြရ၏။ ထိုကဲ့သို့သော ကံတရားကို မည်သူကများ လက်ခံနိုင်မည်နည်း။ ရည်မှန်းချက် ကြီးကြီးမားမား မရှိသည့် ရီရှီယွင် ကဲ့သို့သော လူမျိုးသည် ထိုသို့သော ကံတရားကို လက်ခံကောင်း လက်ခံနိုင်မည် ဖြစ်သော်လည်း ရည်မှန်းချက် ကြီးမားသော လူများမှာမူ ထိုကဲ့သို့သော ကံကြမ္မာကို လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။

မည်သို့ပင် ဖြစ်စေကာမူ ကြယ်ဧကရာဇ်တောင်တွင် တင်းကြပ်သော စည်းကမ်းများရှိပြီး ဘိုးဘေးတို့ ချမှတ်ထားသည့် လမ်းစဉ်များကို မလိုက်နာသည့် လူအားလုံး ချွင်းချက်မရှိ အသတ်ခံရပေမည်။ ထိုလမ်းစဉ်များကို ချိုးဖောက်လိုလျှင် ကြယ်ဧကရာဇ်တောင် တစ်ခုလုံးကို အုပ်စိုးနိုင်သည့် စွမ်းအား ရှိထားရန် လိုအပ်သည်။

ထို့ကြောင့် တစ်နေ့တွင်၊ ရီရှီယွင်ကို အကွက်ချကာ မောင်းထုတ်ခဲ့ခြင်း ဖြစ်သည်။

“ကြယ်ဧကရာဇ် တံဆိပ်ပြားကို ကဲချီ ယူလာတုန်းက ခင်ဗျား အဆိပ်မိနေခဲ့တာမလား။ ဒီတော့ ခင်ဗျား အဆိပ်မိတာက…” ရန်ကိုင်က ရီရှီယွင်အား တွေးတွေးဆဆဖြင့် ကြည့်လိုက်သည်။

“ဟုတ်တယ်။ အဲ့လူ လုပ်တာပဲ” ရီရှီယွင်က ခေါင်းညိတ်၍ “သူ့ရာထူးကို မျှမျှတတ ရထားတာမှ မဟုတ်တော့ ဒီဘုရင်မ အသက်ရှင်နေသရွေ့ သူကြောက်လန့်နေရမှာပဲ။ သူငါ့ကို အဆိပ်ခတ်ပြီး ငါတံခါးပိတ်ကျင့်စဉ်ဝင်နေတဲ့ နေရာကို တွေ့ဖို့ နှစ်တစ်ရာလောက် သူအချိန်ယူလိုက်ရတယ်။ ဒါပေမယ့် ဂိုဏ်းချုပ်မှာ ဒီဘုရင်မနဲ့ သင့်တော်တဲ့ အဆိပ်ဖြေဆေး ရှိနေတာ ကံကောင်းသွားတယ်။ မဟုတ်ရင် ဒီဘုရင်မ မသေဘူး ဆိုရင်တောင် ကျင့်ကြံခြင်းက အောက်တစ်ဆင့်ကို လျှောကျသွားနိုင်တယ်။ ဒီတစ်ကြိမ်တော့၊ ဒီဘုရင်မ အဲ့လူနဲ့ အကြွေးရှင်းရလိမ့်မယ်”

“ရန်ကြွေးရှိစရာ လက်စားဆိုတာ ပြန်ချေရမှာပဲ” ရန်ကိုင်က သွားပေါ်အောင် ပြုံးဖြီးလိုက်၏။

ရီရှီယွင်သည် ဆံပင်ကို သူမ၏ နားသယ်နောက်သို့ သပ်တင်လျက် ဆက်ပြောလိုက်၏ “တကယ်တော့ ဒီဘုရင်မ ကြယ်ဧကရာဇ်တောင် ခေါင်းဆောင် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် စိတ်မဝင်စားဘူး။ ဒါပေမယ့် အဲ့လူရဲ့ လုပ်ရပ်က ဘိုးဘေးတွေ ချမှတ်ထားတဲ့ လမ်းစဉ်ကို ချိုးဖျက်သလို ဖြစ်နေတယ်။ အဲ့ဒါကတော့ သည်းခံလို့မရဘူး။ သေဆုံးသွားတဲ့ ဘိုးဘေးတွေ ကိုယ်စား ဒီဘုရင် အရင်ဆုံး ဂိုဏ်းကို ရှင်းလင်းရေး လုပ်ပစ်ရမယ်”

ပြောပြီးသည်နှင့် ရီရှီယွင်၏ မျက်ဝန်းအစုံသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် တလက်လက် တောက်ပလာခဲ့လေသည်။

သူဆီမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိလိုက်သည်နှင့် ချင်းတုန်နှင့် ဖေးကျီတုတို့ နှစ်ဦးစလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ကြသည်။

“ကြယ်ဧကရာဇ်တောင်မှာ အဖွဲ့သား‌တွေ ဘယ်လောက်တောင် ရှိနေတာလဲ” ရန်ကိုင်က မေးလိုက်သည်။

ရီရှီယွင်က ရယ်မောလျက် “တကယ်တော့ ကြယ်ဧကရာဇ်တောင်မှာ အဖွဲ့သား ဘယ်လောက်မှ မရှိပါဘူး။ ကြယ်ဧကရာဇ်တောင်ရဲ့ နေရာက အရိပ်ကြယ်ပေါ်မှာ အကောင်းဆုံး ကျင့်ကြံရေးနေရာတစ်ခု ဖြစ်ပေမယ့် မျိုးဆက်တစ်ခုတိုင်း တစ်ခုတိုင်းရဲ့ အရေအတွက်က သုံးရာထက်ကို ကျော်လေ့မရှိဘူး။ ဒီဘုရင်မ လက်ထက်တုန်းကဆို နှစ်ရာလောက်ပဲ ရှိတာ”

“နှစ်ရာ” ရန်ကိုင်၊ ချင်းတုန်နှင့် အခြားသူအားလုံး မှင်သက်သွားခဲ့ကြသည်။ ကြယ်ဧကရာဇ်တောင်၏ အဖွဲ့သား အရေအတွက်သည် ထိုမျှ နည်းပါးလိမ့်မည်ဟု ရန်ကိုင်လည်း မထင်ထားခဲ့ချေ။ ထိုမျှ နည်းပါးလားသော လူအင်အားဖြင့် အရိပ်ကြယ်တစ်ခုလုံး၏ ထိပ်ဆုံးတွင် တကယ်ကြီး ရပ်တည်ခဲ့လေသလော။

“လူနှစ်ရာတည်း ဆိုပြီးတော့ သွားအထင်သေးဖို့ မစဉ်းစားလိုက်နဲ့နော် ဂိုဏ်းချူပ်။ အဲ့လူနှစ်ရာ၊ ရှစ်ဆယ်ရာခိုင်းနှုန်းလောက်က တန်ခိုးရှင်အဆင့်တွေ။ ငါးဆယ်၊ ခြောက်ဆယ်လောက်က တန်ခိုးရှင်တတိယ အဆင့်တွေချည်းပဲ။ အဲ့ဒါတွေ မဟုတ်သေးဘူး။ ကြယ်ဧကရာဇ်တောင်မှာ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတွေနဲ့ ဧကရာဇ်မှော်ရတနာ အချို့လည်း ရှိသေးတယ်”

“ဧကရာဇ် မှော်ရတနာ” ရန်ကိုင် မျက်လုံးမှေးစဉ်းသွားပြီး “သုတ်သင်ခြင်း မိုးကြိုးဓါတ်လုံးလို ဟာမျိုးလား”

“ဟုတ်တယ်။ သုတ်သင်ခြင်း မိုးကြိုးဓါတ်လုံးက အဲ့ဧကရာဇ် လက်နက်တွေထဲက တစ်ခုပဲ။ သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးက အားကောင်းတယ် ဆိုပေမယ့် အဲ့မှော်ရတနာ လက်ကနေ ဂိုဏ်းချုပ် တစ်ကြိမ် လွတ်လာပြီးပြီဆိုတော့ နောက်တစ်ကြိမ် ရင်ဆိုင်ဖို့ သိပ်မခက်လောက်တော့ဘူး။ အဲ့မှော်ရတနာတွေက ပထမတစ်ကြိမ်ကို ရှောင်လိုက်နိုင်တာနဲ့ ပြီးသွားပြီပဲ”

“အင်း။ အဲ့မှော်ရတနာကို သုံးတဲ့လူက သိပ်မသန်မာမှတော့ ဧကရာဇ်မှော်ရတနာလည်း ဘာမှ ဒီလောက် အစွမ်းမပြနိုင်တော့ဘူးပေါ့”

ဧကရာဇ်မှော်ရတနာနှင့် တစ်ကြိမ် ရင်ဆိုင်ဖူးပြီးသွားပြီ ဖြစ်သည့်အတွက် နောက်တစ်ကြိမ် ထပ်မံ ရင်ဆိုင်ရမည် ဆိုပါက တည်းတည်းငြိမ်ငြိမ်နှင့် ရင်ဆိုင်ရနိုင်လောက်ပေသည်။

သူ့အနေဖြင့် ထိုဧကရာဇ်မှော်ရတနာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်သော်လည်း ကြယ်သင်္ဘော ရင်ဆိုင်နိုင်ပါ့မလား ဆိုသည်မှာ မေးခွန်းထုတ်စရာပင်။

“အဲ့သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးအပြင် ကျွန်မတို့ သတိထားရမယ့် အခြား တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ နှစ်ခုလည်း ရှိသေးတယ်။ ကြယ်ဧကရာဇ်တောင်မှာ အစတုန်းက တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ သုံးခုရှိတာ။ အရိုးကြွေမီးအိမ်ကို ဒီဘုရင်မ ယူလာလိုက်လို့သာ နှစ်ခုပဲကျန်တော့တာ”

အင်အားစု တစ်ခုတည်းမှ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာသုံးခုကို ထိန်းချုပ်ထားနိုင်ခြင်းသည် အရိပ်ကြယ်နှင့် နှိုင်းယှဉ်လျှင် အလွန်ကိုမှ အံ့အားသင့်စရာဟု ပြော၍ရသည်။ မိုးကြိုးမုန်တိုင်းဂိုဏ်းနှင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးတို့ပင် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ခုစီကိုသာ ပိုင်ဆိုင်ထားနိုင်ကြပြီး လက်ရှိတွင် ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာသည် ရန်ကိုင်၏ အပိုင် ဖြစ်လာခဲ့လေပြီ။

ထို့နောက်တွင် ရီရှီယွင်သည် အခြားသော တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ နှစ်ခုအကြောင်း အကျဉ်းချုံး ရှင်းပြလိုက်သည်။ ရန်ကိုင်လည်း သေချာ နားထောင်နေခဲ့၏။

ရှင်းရှင်းပြောရလျှင် ကြယ်ဧကရာဇ်တောင်၏ ခွန်အားည် မိုးကြိုးမုန်ုတိုင်းဂိုဏ်းနှင့် ကောင်းကင်တိုက်ပွဲအစည်းအရု့းတို့ထက် အများကြီးသာပေသည်။ ကြယ်ဧကရာဇ်တောင်၏ အဖွဲ့သားအရေအတွက်မှာ အတော်လေး နည်းပါးသော်လည်း တန်ခိုးရှင်တတိယအဆင့် အရေအတွက်မှာ ကြောက်မခန်းလိလိပင်။ သူတို့တွင်ရှိသော တန်ခိုးရှင်တတိယအဆင့် သက်သက်ဖြင့် အရိပ်ကြယ်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ဖို့ရာ လုံးဝ ပြဿနာ မရှိပါချေ။

ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်ကို မြင်သော် ရီရှီယွင်က ပြုံးလျက် “ဂိုဏ်းချုပ် အဲ့လောက်ကြီး စိုးရိမ်နေစရာ မလိုပါဘူး။ အခု ကြယ်ဧကရာဇ်တောင်ကို အုပ်ချုပ်နေတဲ့လူက သူ့ရာထူးကို တရားဝင် ရထားတာ မဟုတ်ဘူး။ ပြီးတော့ သူသွားနေတဲ့ လမ်းစဉ်က ဘိုးဘေးတွေ ချမှတ်ထားတဲ့ လမ်းစဉ်နဲ့ သွေဖယ်နေတယ်။ ကြယ်ဧကရာဇ်တောင်ကို သူအုပ်ချုပ်နိုင်မယ် ဆိုရင်တောင် လူအားလုံးရဲ့ ထောက်ခံမှုကိုတော့ ရမှာမဟုတ်ဘူး။ သူ့ကို ထောက်ခံပေးတဲ့လူတွေ ရှိချင်ရှိလိမ့်မယ်။ ဒါပေမယ့် ဒီဘုရင်မမှာလည်း မရှိတာမှ မဟုတ်တာ”

ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ရီရှီယွင်အား တောက်ပစွာဖြင့် ကြည့်လိုက်သည်။

“အဲ့လူ ကြယ်ဧကရာဇ်တောင်ကို အုပ်ချုပ်ထားပေမယ့် ကြယ်ဧကရာဇ်တောင်မှာ ကျွန်မ ဘက်တွေသားတွေ ကျန်သေးတယ်။ အရင်နှစ်တွေတုန်းက ကျွန်မ သေသွားပြီလို့ထင်ပြီး အဲ့လူရဲ့ အမိန့်ကို သူတို့တွေ နာခံနေကြတာ။ ကျွန်မ ပြန်ပေါ်လာတဲ့ နေတုန်းက ကျွန်မကို ကြယ်ဧကရာဇ်တောင်ဆီပြန်လာဖို့ ဖိတ်ခေါ်တဲ့ လူအချို့ ရှိခဲ့တယ်။ ဒါပေမယ့် ကျွန်မကတော့ လုံးဝ ပြန်မသွားခဲ့ဘူး”

“အဲ့လိုတွေလည်း ရှိတာလား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။

“အခုအချိန် ရောက်နေပြီဆိုမှတော့ ဒီဘုရင်မ ဘာမှ ဖုံးကွယ်နေစရာ မလိုတော့ဘူး” ရီရှီယွင်က အသာအယာပြုံးလျက် “ဒီဘုရင်မ ငယ်ငယ်လေးကတည်းက ဒီဘုရင်မရဲ့ ဆရာက မဟာဧကရာဇ် ဘယ်လောက်ကြီးမြတ်ကြောင်း ဆိုတဲ့အသိကို ခေါင်းထဲ ရိုက်သွင်းပေးခဲ့တာ။ ယခု ဒီဘုရင်မကိုယ်တိုင် မဟာဧကရာဇ် လက်အောက်မှ ခစားခွင့်ရနေပြီပဲဟာကို ဘာလို့ ကြယ်ဧကရာဇ်တောင်ဆီ ပြန်သွားနေရဦးမှာလဲ။ ဒါပေမယ့် အခု ဂိုဏ်းချုပ်က ကြယ်ဧကရာဇ်တောင်ကို တိုက်ခိုက်နေတော့ ဒီဘုရင်မကလည်း အကောင်းဆုံး ကူညီပေးရမှာပေါ့”

“ကျုပ်နားလည်ပြီ” ရန်ကိုင် အလွန်ကိုမှ ကျေးနပ်သွားခဲ့သည်။

ယခင်က ကြယ်သင်္ဘောကို သုံး၍သာ ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းတို့အား တိုက်ခိုက်ခဲ့သလိုမျိုး ကြယ်ဧကရာဇ်တောင်အား တိုက်ခိုက်လျှင် ကောင်းမည်လား ဆိုသည်နှင့် ပက်သက်၍ ဝေခွဲမရ ဖြစ်နေခဲ့ရသည်။ တစ်ရာရာခိုင်နှုန်း အောင်မြင်နိုင်ချေ မရှိသဖြင့် ရန်ကိုင် သိပ်ပြီး မစွန့်စားချင်ပေ။ ယခု ရီရှီယွင်က သူမ ကူညီပါမည်ဟု ပြောလာသဖြင့် ရန်ကိုင် ပျော်သွားသည်မှာ သဘာဝသာ ဖြစ်ပေသည်။

“ဂိုဏ်းချုပ် အနေနဲ့ ဒီဘုရင်မကို ရက်နည်းနည်းလောက် အချိန်ပေးဖို့ လိုလိမ့်မယ်။ ကြယ်ဧကရာဇ်တောင်မှ ရှိနေတဲ့လူတိုင်းက ဂိုဏ်းချုပ်ရဲ့ ရန်သူတွေ မဟုတ်ဘူးလေ”

“ခင်ဗျား အဆင်ပြေသလိုသာ လုပ်လိုက်။ ကျုပ်သတင်းကောင်းကို စောင့်နေမယ်” ရန်ကိုင် သဘောတူလိုက်သည်။

“ကောင်းပြီလေ။ အဲ့ဒါဆို ဒီဘုရင်မ အရင်စနှင့်မယ်။ ဂိုဏ်းချုပ် နောက်မှ ဖြည်းဖြည်းချင်း လိုက်လာခဲ့ပေါ့” ရီရှီယွင်သည် ပြတ်သားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထို့ကြောင့် လုပ်ဆောင်ရမည့် အကြောင်းအရာကို ဆွေးနွေးပြီးသည်နှင့် ကြယ်ဧကရာဇ်တောင်ဆီသို့ ထွက်ခွာရန် ချက်ချင်း စီစဉ်တော့လေသည်။

ခဏအကြာတွင် ကြယ်သင်္ဘောဆီမှ တလက်လက် တောက်ပသည့် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ကြယ်ဧကရာဇ်တောင်ဆီသို့ ဦးတည် ထွက်ခွာသွားလေသည်။

ရီရှီယွင် ထွက်သွားပြီးနောက်တွင် ကြယ်သင်္ဘော၏ အရှိန်သည် သိသိသာသာကို ထိုးကျသွားခဲ့သည်။ ရီရှီယွင်အတွက် စီစဉ်ရန် အချိန်ပေးရမည် ဖြစ်သဖြင့် အမြန် သွား၍လည်း ဘာမှ အကျိုးထူးလိမ့်မည် မဟုတ်လေရာ ဖြည်းဖြည်းချင်းသာ နောက်မှ လိုက်သွားပေမည်။ ထိုအားလပ်နေသည့် အချိန်ကို အခွင့်ကောင်းယူ၍ တံခါးပိတ်ကျင့်စဉ်ဝင်ရန် ရန်ကိုင် စီစဉ်ထားသည်။

ရန်ကိုင်တွင် လုပ်စရာကိစ္စများစွာ ရှိပေသည်။ ယခင်တစ်ကြိမ် ဧကရာဇ်ဥယျာဉ်ထဲမှ ရလာသည့် အကျိုးအမြတ်အားလုံးကို ပြည့်ပြည့်ဝဝပင် အသုံးမချရသေးချေ။ အစစ်အမှန် ဆေးပညာကျမ်း၊ ရွှေရောင်သွေးမျှင်၏ ဒုတိယအပိုင်း၊ ထိုနှစ်ခုစလုံးကို သူ့အပြည့်အဝ မလေ့လာရသေးချေ။

ထို့အပြင် သူ့ကိုယ်ထဲတွင် ရှိနေသော သွေးအားလုံးကို ရွှေရောင်သွေးစက်သို့ ပြောင်းလဲပစ်နိုင်ရန်အတွက် အသက်ရေစင်ကိုလည်း သန့်စင်ရန် လိုအပ်ပေသေးသည်။

ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာကိုယည်လည်း ကျင့်ကြံရန် လိုအပ်နေသေးသည်။

ကျဆုံးဧကရာဇ်တောင်ထိဲတွင် ရန်ကိုင်သည် သန့်စင်လှသော စိတ်ဝိဥာဉ်ချီများစွာကို စုပ်ယူခွင့်ရလိုက်သည့် အတွက်ကြောင့် သူ့ကျင့်ကြံခြင်းသည် တန်ခိုးရှင် ပထမအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့ရသည်။ ယခု သူကြိုက်သည့်အချိန် နောက်တစ်ဆင့်သို့ ချိုးဖျက်၍ ရနေလေပြီ။

ရန်ကိုင် နောက်တစ်ဆင့်သို့ မဝင်ရောက်ရသေးသည့် အကြောင်းအရင်းမှာ အလျင်အမြန် အဆင့်ချိုးဖျက်တက်ခြင်းဖြင့် သူ့အခြေခံအုတ်မြစ် မတည်မငြိမ် ဖြစ်လာမည်ကို ကြောက်သည့် အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်တစ်ဆင့်သို့ ချိုးဖျက်မည့်အတွေးကို ခေါင်းထဲမှ ဖယ်ထုတ်ထားခဲ့ပြီး သူ့ကိုယ်ထဲရှိ သူတော်စင်ပမာဏ တိုးများလာအောင် မလုပ်တော့ဘဲ အခြားသော လျှို့ဝှက်နည်းစနစ်များနှင့် အစစ်အမှန် ဆေးပညာကျမ်းကိုသာ လေ့လာနေတော့၏။

ဤနည်းဖြင့် ကျင့်ကြံခြင်း အဆင့်ကို မတိုးမြှင့်နိုင်သော်လည်း သူ့ခွန်အားကို တိုးတက်လာအောင် လုပ်နိုင်ပေသည်။

ကြယ်သင်္ဘောထဲရှိ ကျင့်ကြံရေးခန်းထဲသို့ ဝင်ပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်ချလိုက်ပြီး နေမီးလျှံအမြူတေနှင့် အခြားသော ဒြပ်ကြီးငါးပါး ရတနာများကို ထုတ်ယူလိုက်သည်။ ထိုရတနာငါးပါးကို အစဉ်အတိုင်း ချထားလိုက်ပြီးနောက် ထိုထဲမှ စွမ်းအင်များကို စတင် စုပ်ယူကာ ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာကိုယ် စတင် ကျင့်ကြံတော့၏။ တစ်ချိန်တည်းတွင် သူ့အသိစိတ်ပင်လယ်ထဲရှိ နာမ်ဝိဥာဉ်သည် အစစ်အမှန်ဆေးပညာကျမ်းကို စတင်လေ့လာနေခဲ့သည်။

အလုပ်ကိစ္စနှစ်ခုအား တစ်ပြိုင်တည်း အာရုံစိုက်ထားရသည့်တိုင် ရန်ကိုင်၏ လုပ်ဆောင်နိုင်စွမ်းသည် နည်းနည်းလေးမှ လျော့ကျသွားခြင်း မရှိခဲ့ချေ။ ဤသို့ဖြင့် အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားနေခဲ့ရာ မကြာမီ ဆယ်ရက် ပြည့်သွားခဲ့လေသည်။

ကျင်ကြံခြင်းတွင် နစ်မြောနေရင်းမှ တစ်ယောက်ယောက်သည် သူ့အား ကောင်းကင်စိတ်အာရုံဖြင့် ခေါ်နေကြောင်းကို ရန်ကိုင် ရုတ်တရက် သတိထားမိလိုက်သည်။

ရန်ကိုင်သည် မျက်မှောင်ကြုတ်လျက် ရတနာငါးမျိုးကို ပြန်သိမ်းလိုက်ပြီး ကျင့်ကြံရေးခန်းထဲမှ ထွက်လာခဲ့သည်။

ကြယ်သင်္ဘော၏ ခန်းမတစ်ခုထဲတွင် အားကောင်းသော ကျင့်ကြံသူတစ်အုပ် စုဝေးနေခဲ့ကြသည်။

ရီရှီယွင် ပြန်ရောက်နေခဲ့လေပြီ။ သို့သော်ငြား ခန်းမထဲရှိ အခြေအနေသည် သိပ်မကောင်းလှ၊ ထိုနေရာတွင် ချင်းတုန်နှင့် အခြားသူများသာ ရောက်နေခြင်း မဟုတ်ဘဲ မျက်နှာသစ်အချို့လည်း ရောက်နေခဲ့သည်။

မျက်နှာသုံးယောက်ထဲတွင် မျက်နှာခပ်တည်တည်နှင့် သက်လတ်ပိုင်းလူကြီး တစ်ဦး၊ ဂုဏ်သရေသိက္ခာကြီးမားသည့် ပုံစံမျိုးနှင့် အမျိုးသမီးတစ်ဦးနှင့် အားအင်တက်ကြွနေသော မျက်ဝန်းအစုံတို့အား ပိုင်ဆိုင်ထားသည့် ပိန်ညောင်ညောင် လူအိုကြီးတစ်ဦးတို့ ပါဝင်နေခဲ့သည်။

ထိုသုံးယောက်စလုံးသည် တန်ခိုးရှင်တတိယအဆင့် ပညာရှင်များ ဖြစ်ကြပြီး သူတို့ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် သာမန် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူများထက် မဆိုသလောက်ကလေး အားကောင်းပေသည်။

ထိုသုံးယောက်နှင့် ရင်ဆိုင်ရသည့်အခါ ချင်းတုန်ပင်လျှင် အနည်းငယ် တုန်လှုပ်နေခဲ့သည်။

All Chapters