← Chapters

အခန်း (၁၀၅၇-၁၀၅၉)

Vol. 71 Ch. 1057-1059

အခန်း (၁၀၅၇-၁၀၅၉)

Vol. 71 Ch. 1057-1059

အခန်း(၁၀၅၇)

အပြာရောင် ဓားနတ်ဆိုးသည် ကျန်းချန် ဆီသို့ ဝင်ရောက်လာသော ကြောက်မက်ဖွယ် လေမုန်တိုင်းကို ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။

"ရွှမ်း"

ထို့နောက်တွင် ဓားဆွဲထုတ်သည့် အသံက ထွက်ပေါ်လာခဲ့သည်။

ဓားနတ်ဆိုးက ဓားရှည်ကို ဆွဲထုတ်ကာ ကျန်းချန် ဆီသို့ ဝင်ရောက်လာသော ကြောက်မက်ဖွယ် လေမုန်တိုင်းကို ခုတ်ချလိုက်သည်။

ဤသို့ဖြင့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်များဖြင့်ဖွဲ့စည်းထားသေား စွမ်းအားများသည် လေထဲတွင် ထိပ်တိုက် ဆုံတွေ့သွားကြသည်။

လေထဲတွင် မည်သည့် အသံဗလံမှ မထွက်ပေါ်လာသော်လည်း မမြင်ရသော စွမ်းအင်မုန်တိုင်းတစ်ခုသည် ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့သည်။

ရှောင်ပိုင်ရီနှင့် အခြားသူများဖြစ်စေ၊ ဖုန်းချင်းရီ၏ အနောက်မှရှန်းဖုန်းမြို့၏ တပည့်နှစ်ဦးဖြစ်စေ၊ ဤစွမ်းအား၏ ရိုက်ခတ်မှုအောက်တွင် အနည်းငယ်မျှ နောက်သို့ ဆုတ်လိုက်ရသည်။

ဖုန်းချင်းရီကမူ ခြေသုံးလှမ်းခန့် နောက်ဆုတ်လိုက်ရ၏။

ထိုအချိန်တွင် သူကဲ့သို့ပင် ခြေသုံးလှမ်းသာ နောက်ဆုတ်လိုက်ရသော ကျန်းချန်ကို မြင်လျှင် ဖုန်းချင်းရီသည် စိတ်နှလုံးထဲကနေ အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။

"မဟာအဆင့် ဓားစိတ်ဆန္ဒပါလား"

ဖုန်းချင်းရီ မည်သို့မှ ထင်မထားခဲ့ပေ။

သူ့ရှေ့မှ ကောင်လေးသည် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်သည့်အပြင် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ကို နားလည်မှု အပိုင်းတွင်လည်း သူ့ထက် မနိမ့်ကျပေ။

ဤလူငယ်၏ ခွန်အားသည် ယန်ဒီမြို့၏ နံပါတ်တစ် ပါရမီရှင် ရှောင်ကျင့်ယွင်အောက် လုံးဝမနိမ့်ပေ။

ဖုန်းချင်းရီက ခေါင်းကွဲမတတ် စဥ်းစားလျှင်ပင် ယန်ဒီမြို့၌ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်မျိုး မည်ကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာမှန်း နားမလည်နိုင်ခဲ့ပေ။

"ကောင်လေး.. မင်းကို ငါအထင်သေးမိသွားပြီ ထင်တယ်.. မင်းက မဟာအဆင့် ဓားစိတ်ဆန္ဒကိုတောင် နားလည်ထားမယ်လို့ ငါမထင်ထားမိဘူး"

ဖုန်းချင်းရီက သူ၏ စိတ်နှလုံးမှ တုန်လှုပ်မှုကို ဖိနှိပ်လိုက်ပြီး ကျန်းချန်ကို ပြောလိုက်သည်။

ကျန်းချန်ကို ကြည့်နေသည့် သူ၏ အကြည့်သည် ပို၍ လေးနက်လာခဲ့သည်။

သူက ကျန်းချန်ဆီကနေ ခြိမ်းခြောက်မှု အနည်းငယ်ကိုပင် ခံစားခဲ့ရသည်။

ဤကောင်လေးသည် သူ့ထက် အသက်ငယ်သော်လည်း ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် ဖြစ်လာသည့်အပြင် မဟာအဆင့် ဓားစိတ်ဆန္ဒကိုပါ နားလည်ထားခဲ့သည်။

ဤကောင်လေးကိုသာ ဆက်လက် ကြီးထွားခွင့်ပြုမည် ဆိုလျှင် သူတော်စင်မြို့တော် ငါးမြို့၏ နံပါတ်တစ် ပါရမီရှင်ဟူသော သူ၏ဂုဏ်ပုဒ်သည် လုံခြုံမှုရှိမည် မဟုတ်တော့ပေ။

"မင်းမှာ ငါ့ကိုသတ်ဖို့ အရည်အချင်းမရှိဘူးလို့ ငါအစောကတည်းက ပြောခဲ့သားပဲ"

ကျန်းချန်က သူ၏ နှုတ်ခမ်းကို‌ ကွေးလိုက်ပြီး မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

"မင်းမှာ တခြားနည်းလမ်းတွေ ရှိသေးလား.. ရှိသေးရင် ထပ်ပြီး စမ်းသပ်ကြည့်လို့ရတယ်"

"ကောင်လေး.. သိပ်မာန်တက်မနေနဲ့"

ကျန်းချန်၏ မထီမဲ့မြင် အမူအရာကိုမြင်လျှင် ဖုန်းချင်းရီ၏ မျက်နှာအမူအရာသည် လုံးဝကို သုန်မှုန်သွားခဲ့သည်။

သူတော်စင်မြို့တော် ငါးမြို့၏ နံပါတ်တစ် ပါရမီရှင်တစ်ဦး ဖြစ်သည့် သူ ဖုန်းချင်းရီသည် ဤသို့ အထင်မြင်သေးခြင်းမျိုးကို မည်သည့်အခါမှ မခံရဖူးခဲ့ပေ။

သူက မြေပြင်ပေါ်တွင် ခြေတစ်ချက် ဆောင့်နင်းလိုက်ပြီး ရုတ်ခြည်းဆိုသလို ကျန်းချန်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။

ထို့နောက်တွင် သူက ပြင်းထန်သော လက်သီးချက်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ကျန်းချန်က နောက်သို့ ခြေသုံးလှမ်းဆုတ်ကာ ဖုန်းချင်းရီ၏ လက်သီးချက်ကို ရှောင်တိမ်းလိုက်သည်။

ထိုခဏတွင် ဖုန်းချင်းရီကို ကြည့်နေသည့် ကျန်းချန်၏ မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"မင်းက ရုပ်ပိုင်းဆိုင်ရာ တာအိုကို ကျင့်ကြံထားတာလား"

"မင်းအမြင် ဘယ်ဆိုးလို့လဲ.. ငါဖုန်းချင်းရီရဲ့ စွမ်းရည်က သူတော်စင်မြို့တော် ငါးမြို့ရဲ့ ပါရမီရှင်အားလုံးကို လွှမ်းမိုးနိုင်တယ်.. သာမန်လူတွေက ငါနဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ.. မင်းက ငါ့ရဲ့ မဟာအဆင့် လေဆန္ဒကို တားဆီးနိုင်ရင်တောင် ငါက ရုပ်ပိုင်းဆိုင်ရာ နဲ့ ကိုယ်ခံပညာ နှစ်မျိုးစလုံးကို ကျင့်ကြံထားတဲ့သူပဲ.. ငါက ရုပ်ပိုင်းဆိုင်ရာ ခွန်အား သီးသန့်နဲ့တောင် နတ်ဝိညာဥ်ဘုရင် အဆင့်အောက်မှာ ပြိုင်ဘက်ကင်းတယ်"

ဖုန်းချင်းရီက အေးစက်စက်ပြုံး၍ ပြောလိုက်သည်။

"ငါ့ရှေ့မှာ ရိုင်းပြရဲမှတော့ မင်းဒီနေ့ ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန် သေချာပေါက် သေရလိမ့်မယ်.."

"ဟားဟား.. မင်းရဲ့ရုပ်ပိုင်းဆိုင်ရာအင်အားက နတ်ဝိညာဥ်ဘုရင်အဆင့်အောက်မှာ ပြိုင်ဘက်ကင်း ဟုတ်လား.. မင်းရဲ့ရုပ်ပိုင်းဆိုင်ရာ အင်အားလောက်နဲ့ ငါ့ကိုလာပြီး ကြွယ်ပြတာ ရှက်စရာကောင်းတယ်လို့ မထင်ဘူးလား.. ဖုန်းချင်းရီ.. အမှန်အတိုင်းပြောရရင် မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းက ငါ့ရှေ့မှာ ဘာမှပြောလောက်စရာ မရှိဘူး"

ကျန်းချန်က ရုတ်တရက် မထီမဲ့မြင် ရယ်မောလိုက်သည်။

"ကောင်းပြီလေ ရုပ်ပိုင်းဆိုင်ရာ အင်အားချင်း ပြိုင်ချင်တယ် ဆိုမှတော့ ငါမင်းနဲ့ ထပ်ကစားပေးမယ်.. တကယ့်ရုပ်ပိုင်းဆိုင်ရာ အင်အားက ဘယ်လိုလဲ ဆိုတာ မင်းကိုသိစေမယ်"

အခန်း(၁၀၅၇)ပြီး၏။

အခန်း(၁၀၅၈)

စကားဆုံးသည်နှင့် ကျန်းချန်သည် ဖုန်းချင်းရီ ဆီသို့ ဦးတည်ကာ ​ပြေးဝင်လာခဲ့သည်။

"ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"

ကျန်းချန်က သူ့ကို တိုက်ခိုက်ရန် လာနေသည်ကို မြင်လျှင် ဖုန်းချင်းရီသည် မဲ့ပြုံးပြုံးကာ ခနဲ့လိုက်သည်။

သူက ခန္ဓာကိုယ်ထဲရှိ အားအင်များကို စုစည်းကာ ရုပ်ပိုင်းဆိုင်ရာ အင်အားသီးသန့်ဖြင့်ပင် လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။

သူ၏ အသက်စွမ်းအင်က ပိတ်ပင်ခံထားရသော်လည်း ရုပ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းတွင် သူသည် ပဥ္စမအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် ဤကောင်လေးအနေဖြင့် သူ့ကို လာရောက်တိုက်ခိုက်သည်မှာ ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့် မခြားနားပေ။

"ကိုယ့်သေတွင်းကိုယ်တူးနေတာ မင်းပဲ ဖြစ်လ်ိမ့်မယ်လို့ ငါထင်တယ်"

ကျန်းချန်က အေးစက်စက်ပြုံးကာ ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို သူ၏ ညာဘက်လက်သီးကို ဆုပ်လိုက်သည်။

စူးရှသော ရွှေရောင် အလင်းများသည် သူ၏ လက်သီးတစ်ဝိုက်တွင် ဝန်းရံလာခဲ့ပြီးနောက်တွင် ကျန်းချန်သည် ဖုန်းချင်းရီ၏ လက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

"ဝုန်း"

ရုပ်ပိုင်းဆိုင်ရာ အင်အားသီးသန့်ဖြင့် ထုတ်ဖော်ထားသော လက်သိီးနှစ်လုံးသည် လေထဲတွင် ဆုံတွေ့သွားကြပြီး ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလို လေထဲတွင် ကြွပ်ဆတ်ဆတ် အရိုးကျိုးသံလည်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဖုန်းချင်းရီ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ခြေဆယ်လှမ်းကျော်ခန့် နောက်ဆုတ်သွားခဲ့ရသည်။

"ဆ..ဆဋ္ဌမအဆင့်ရဲ့ အင်အားပါလား.. မင်း မင်းလဲ ရုပ်ပိုင်းဆိုင်ရာ တာအိုကို ကျင့်ကြံထားတာလား "

ဖုန်းချင်းရီက ကျန်းချန်ကို ရုတ်တရက် ခေါင်းမော့ကာ ကြည့်လိုက်သည်။

သူ၏ ဖြူဖျော့သော မျက်နှာထက်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

မူလတွင် ဖုန်းချင်းရီသည် သူ၏ ပဥ္စမအဆင့် ရုပ်ပိုင်းဆိုင်ရာ အင်အားဖြင့် ဆိုလျှင် ဤကဲ့သို့ အသက်စွမ်းအင် ပိတ်ပင်ခံထားရသော နေရာတွင် ကျန်းချန်တို့ လူစုကို အလွယ်တကူ ရှင်းပစ်နိုင်မည်ဟု ထင်ခဲ့သည်။

သို့သော်လည်း သူ၏ အရှေ့ရှိ ယန်ဒီမြို့မှ ကောင်လေးသည်ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထို့​အပြင် ထိုကောင်လေး၏ ရုပ်ပိုင်းဆိုင်ရာ အင်အားသည် သူ့ထက်ပင် အဆများစွာ သာလွန်နေခဲ့သည်။

သူ့အထင်မမှားလျှင် အနည်းဆုံး ရုပ်ပိုင်းဆိုင်ရာ တာအိုတွင် ဆဋ္ဌမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။

တစ်နည်းအားဖြင့် ပြောရလျှင် ဤကောင်လေးသည် ရုပ်ပိုင်းဆိုင်ရာ အင်အားသီးသန့်ဖြင့်ပင် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူကို ယှဥ်နိုင်နေပြီ ဆိုလည်းမမှားပေ။

သူသိထားသလောက် သူတော်စင်မြို့တော် ငါးမြို့၏ တပည့်အားလုံးထဲတွင် ထျန်းဝူမြို့၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းပါရမီရှင် ဝူကျန့်ယန့်က လွဲ၍ ရုပ်ပိုင်းဆိုင်ရာ တာအိုတွင် ဆဋ္ဌမအဆင့်ကို ရောက်ရှိနေသည့် ဒုတိယလူ မရှိပေ။

သူ့ရှေ့မှ ကောင်လေးသည် ရုပ်ပိုင်းဆိုင်ရာ တာအိုတွင် ဆဋ္ဌမအဆင့်ကို ရောက်ရှိနေရုံ သာမက ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်မှု အပိုင်းတွင်လည်း မဟာအဆင့်အထိ ရောက်ရှိနေခဲ့သည်။

"ဘာလဲ ရုပ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခံပညာ နှစ်မျိုးလုံးကို မင်းတစ်ယောက်တည်း ကျင့်ကြံနိုင်တယ်များ ထင်နေတာလား"

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"သူတောင်စင်မြို့တော် ငါးမြို့ရဲ့ ပါရမီရှင်ဖြစ်တဲ့ မင်းကို ငါ အများကြိီး အထင်ကြီးထားခဲ့တာ.. မင်းရဲ့အစွမ်းအစက ဒီလောက်ပဲလား"

"ကျန်းချန် မင်းသိပ်ပြီး မာန်တက်မနေနဲ့.. မင်းက ရုပ်ပိုင်းဆိုင်ရာ တာအိုမှာ ဆဋ္ဌမအဆင့်ကို ရောက်နေတာနဲ့ပဲ ငါ ဖုန်းချင်းရီက မင်းကို ကြောက်နေမယ်မထင်နဲ့.. မင်းရဲ့ အင်အားကြောင့် ငါနဲ့ပူးပေါင်းဖို့ မင်းကို အခွင့်အရေးပေးမယ်.. ငါတို့တွေ ဝိညာဥ်သတ္တုမိုင်းတွင်းကို အတူတူ စူးစမ်းပြီး ဝိညာဥ်ကျောက်တုံးတွေကို အတူခွဲဝေကြမယ် ဘယ်လိုသဘောရလဲ"

ဖုန်းချင်းရီ၏ မျက်လုံးထဲတွင် အေးစက်သော အလင်း ရောင်တစ်ခု လင်းလက်သွားခဲ့သည်။

ဤနေရာက အသက်စွမ်းအင်ကို ပိတ်ပင်ထားသော နေရာ တစ်ခုဖြစ်ရာ ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ တာအို ဆဋ္ဌမအဆင့်စွမ်းအားကို သူ့အနေဖြင့် ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။

သူ့တွင် ဝှက်ဖဲတစ်ချပ် ရှိသေးသော်လည်း မလိုအပ်ဘဲ မထုတ်သုံးချင်ခဲ့ပေ။

ဆိုရလျှင် ဖုန်းချင်းရီသည် ရွှယ်မင်ကျောင်းဆောင် ထဲသို့ ရောက်ရောက်ချင်းမှာပင်လျှင် ကျန်းချန်နှင့် တိုက်ခိုက်ပြီး စွမ်းအားများစွာကို ဖြုန်းတီးလ်ိုခြင်းမရှိခဲ့ပေ။

ထို့ကြောင့် သူက တစ်ဆင့်လျှော့ပေးလိုက်ပြီး ကျန်းချန်နှင့်ပူးပေါင်းဆောင်ရွက်ကာ ရှေးဟောင်းသတ္တုမိုင်းတွင်းကို စူးစမ်းရန် စီစဥ်ခဲ့သည်။

သူ့အနေဖြင့် ရှေးဟောင်းသတ္တုမိုင်းတွင်းကို စူးစမ်းပြီး ဤနေရာမှ ထွက်ခွာသည်နှင့် ကျန်းချန်ကို ရှင်းလင်းပစ်၍ ရနိုင်သည် မဟုတ်လား။

ထို့ကြောင့် ထိုအချိန်သို့ ရောက်လျှင် ကျန်းချန်တို့လူစု ရရှိထားသော ဝေစုတစ်ဝက်ကို သူ့အနေဖြင့်အလွယ်တကူ ရယူနိုင်မည်ဖြစ်၏။

"ဝိညာဥ်သတ္တုမိုင်းတွင်းကို ငါတို့ အရင်ဆုံးတွေ့တာပဲ.. မင်းနဲ့ဘာလို့ ခွဲဝေယူရမှာလဲ "

ကျန်းချန်က ဖုန်းချင်းရီ၏ အဆိုပြုချက်ကို ဖယ်ရှားလိုက်သည်။

ဖုန်းချင်းရီကို ကြည့်နေသည့် သူ၏အကြည့်တွင် စိတ်မရှည်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"ငါနောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်.. မင်းကိုယ့်ဆန္ဒနဲ့ ကိုယ် ထွက်သွားမလား ဒါမှမဟုတ် ငါ မင်းကို ကန်ထုတ်ပေးရမလား"

အခန်း(၁၀၅၈)ပြီး၏။

အခန်း(၁၀၅၉)

"ကောင်လေး မင်းက ဝိုင်ကောင်းကို အေးအေးဆေးဆေး မသောက်ချင်ဘူးကိုး"

ဖုန်းချင်းရီ၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။

"မင်းက ရုပ်ပိုင်းဆိုင်ရာ တာအိုမှာ ဆဋ္ဌမအဆင့်ကို ရောက်ရှိနေတာနဲ့ပဲ ဒီနေရာမှာ မင်းကို ဘယ်သူမှ မယှဥ်နိုင်တော့ဘူးလို မထင်နဲ့ "

ဤတစ်ကြိမ်တွင် ဖုန်းချင်းရီသည် ဒေါသထွက်ရလွန်း၍ အသက်ရှူပင် မဝတော့သလို ဖြစ်လာခဲ့သည်။

သူက သူတော်စင်မြို့တော် ငါးမြိုရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး မျိုးဆက်သစ် ပါရမီရှင်အားလုံးသည် သူ့ကို ကြောက်ရွံကြသည်။

ကျန်းချန်ကို ပူးပေါင်းရန် ကမ်းလှမ်းခြင်းသည် ကျန်းချန်ကို မျက်နှာသာပေးလိုက်ခြင်းပင် ဖြစ်၏။

သိုသော်လည်း သူ့ရှေ့မှ ကောင်လေးသည် သူ့ကို ထပ်ဖန်တလဲလဲ စော်ကားနေခဲ့သည်။

ထိုကြောင့် အမြဲလိုလို တည်ငြိမ်အေးဆေးသော ဖုန်းချင်းရီသည် စိတ်နှလုံးထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာခဲ့သည်။

"ထင်တော့ရော ဘာဖြစ်လဲ ဒီနေရာမှာ ငါကပြိုင်ဘက်ကင်းပဲ"

ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

"ငါ့ရဲ့လက်သီးနဲ့ ဆိုရင် မင်းတို့လူစုကို ဖြေရှင်းဖို့ ပြဿနာမရှိဘူးဆိုတာ မင်းသိမှာပါ"

"ကောင်းတယ် သိပ်ကောင်းတယ်"

ဖုန်းချင်းရီက မဲ့ပြုံးပြုံးလိုက်သည်။

သူ၏ အေးစက်သော မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ လင်းလက်နေခဲ့၏။

"ဖုန်းဟဲ.. သူတို့ကို သတ်ပစ်လိုက်တော့ တစ်ယောက်မှ မကျန်ရစ်စေနဲ့"

"စီနီယာအစ်ကို စိတ်ချပါ.. ကျွန်တော်နဲ့သာ လွှဲထားလိုက်"

ထိုအချိန်တွင် သိမ်းငှက်မျက်လုံး ကဲ့သို စူးရှသော မျက်လုံးကိုပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦးသည် ဖုန်းချင်းရီ၏ အနောက်ကနေ အရှေ့သို ဖြည်းဖြည်းချင်း တက်လာခဲ့သည်။

သူက ကျန်းချန်တို့ လူစုကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။

"ငါ့ရဲ့ စီနီယာအကိုက မင်းတို့ကို ပူးပေါင်းဖို့ ကမ်းလှမ်းတာ ဂုဏ်ယူစရာပဲ.. ဒီလောက်တောင် အကောင်းအဆိုးကို နားမလည်မှတော့ မင်းတို့ ယန်ဒီမြို့က အမှိုက်တွေ သွားသေလိုက်တော့"

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"မင်းရဲ့ ခွန်အားက မင်းစီနိီယာအကို ထက်တောင် အများကြီး နိမ့်ကျတယ်.. မင်းက ငါ့ကို ဘယ်လို သေအောင်လုပ်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

"ငါ ဖုန်းဟဲက ကိုယ်ခံပညာကို အထူးပြု ကျင့်ကြံသူ မဟုတ်ဘူး.. ဒါ့ကြောင့် ငါ့စီနီယာအကိုနဲ့ ယှဥ်ရင် အများကြီး နိမ့်ကျတာ သဘာဝကျပါတယ်.. ဒါပေမယ့် ဒီလို အသက်စွမ်းအင် ပိတ်ပင်ခံထားရတဲ့ နေရာက ငါ့ရဲ့ တိုက်ပွဲဝင်စွမ်းရည်ကို လုံးဝ မထိခိုက်စေခဲ့ဘူး.. ဘာလိုလဲဆိုတော့ ငါက ဆဋ္ဌမအဆင့် အထွတ်အထိပ် သားရဲသခင် တစ်ယောက် ဖြစ်နေလို့ပဲ"

ဖုန်းဟဲက ဝင့်ကြွားစွာ ပြောလိုက်သည်။

မကြာခင် သူက ခါးရှိ သားရဲယာဥ်ပါးခြင်း အိတ်ကို ပုတ်လိုက်ရာ ရွှေရောင်အရိပ် တစ်ခုသည် သားရဲယဥ်ပါးခြင်းအိတ် ထဲကနေ ထွက်လာခဲ့သည်။

ထိုရွှေရောင်အရိပ်သည် သားရဲယဥ်ပါးခြင်း အိတ်ထဲကနေ ထွက်လာပြီးနောက်တွင် လေထဲ၌ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအရိပ်သည် မီတာတစ်ဆယ်ကျော် မြင့်သော ရွှေရောင်ဧရာမလူဝံကြီး အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

ရွှေရောင်ဧရာမလူဝံက တောင်ကုန်းတစ်ခုကဲ့သို ကြီးမားသောခန္ဓာကိုယ်ဖြင့် ရှေ့သို့ ခြေလှမ်းလိုက်ရာ မီတာတစ်ရာ အချင်းဝက် အတွင်းရှိ ပတ်ဝန်းကျင်ပင် ပြင်းထန်စွာ တုန်ယင်သွားခဲ့သည်။

သူ့ရှေ့မှ ရွှေရောင်ဧရာမလူဝံကို ကြည့်ရင်း ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

"ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲ ဖြစ်တဲ့ ကမ္ဘာမြေတုန်ဟီး ရွှေလူဝံ သားရဲပါလား "

ဖုန်းဟဲ၏ ရွှေရောင်လူဝံကို ကြည့်ရင်း ရှောင်ပိုင်ရီတို့ လူစု၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ကမ္ဘာမြေတုန်ဟီး ရွှေရောင်လူဝံသည် နတ်သားရဲ၏ သွေးကို ပိုင်ဆိုင်ထားသည့် ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲ တစ်မျိုး ဖြစ်ပြီး ၎င်း၏ ခွန်အားသည် သိုင်းသခင်နယ်ပယ်အထွတ်အထိပ် ကျင့်ကြံသူများနှင့်ပင် ယှဥ်နိုင်စွမ်း ရှိသည်။

"ကောင်လေး.. မင်းရဲ့အမြင်က ဘယ်ဆိုးလို့လဲ.. ဆဋ္ဌမအဆင့် ရွှေရောင်သားရဲက ငါထိန်းချုပ်ထားတဲ့ ငါ့ရဲ့ ကိုယ်ပိုင်သားရဲပဲ"

ဖုန်းဟဲက ဂုဏ်ယူသော အမူအရာဖြင့် ပြောဆိုလိုက်သည်။

"ဒီနေရာက ကျင့်ကြံသူရဲ့ စွမ်းအားကို ပိတ်ပင်ထားပေမဲ့ သားရဲတွေရဲ့ စွမ်းအားကိုတော့ မပိတ်ပင်ထားဘူး.. မင်းက ရုပ်ပိုင်းဆိုင်ရာ တာအိုမှာ ဆဋ္ဌမအဆင့်ကို ရောက်နေပေမဲ့လည်း ဒီနေ့ ကျိန်းသေပေါက် သေရမယ်"

"ဟုတ်ရဲ့လား.. မင်းရဲ့ ကမ္ဘာမြေတုန်ဟီး ရွှေလူဝံက ဆဋ္ဌမအဆင့်ကို မနေ့တစ်နေ့ကမှ ရောက်ရှိထားတဲ့ သားရဲပဲ.. အထွတ်အထိပ် အဆင့်ကို ရောက်ဖိုဆိုတာ အများကြီးလိုပါသေးတယ်... ဒီအဆင့်လောက်နဲ့ ငါ့ကို သတ်ချင်ရင်တော့ မင်းကို စိတ်ပျက်စေမှာ စိုးရိမ်မိတယ်.."

ကျန်းချန်က ကမ္ဘာမြေတုန်ဟီး ရွှေလူဝံကို အနည်းငယ်အကဲခတ်ပြီးနောက်တွင် ဖုန်းဟဲကို ပြောလိုက်သည်။

အကယ်၍ အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေသော ကမ္ဘာမြေတုန်ဟီး ရွှေလူဝံ ဖြစ်နေခဲ့လျှင် သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားဖြင့် တကယ်ပင် ယှဥ်ပြိုင်ရ ခက်ခဲပေလိမ့်မည်။

သိုသော်လည်း သူ၏ရှေ့ရှိ ကမ္ဘာမြေတုန်ဟီး ရွှေလူဝံသည် ဆဋ္ဌမအဆင့် အထွတ်အထိပ်ကို မရောက်သေးသည် ဖြစ်ရာ သူ့အနေဖြင့် အဘယ့်ကြောင့် ကြောက်ရပါမည်နည်း။

အခန်း(၁၀၅၉)ပြီး၏

All Chapters