← Chapters

ပဉ္စမတောင်ထွတ်၏မှော်ရုံနယ်မြေ

Vol. 13 Ch. 178

ပဉ္စမတောင်ထွတ်၏မှော်ရုံနယ်မြေ

Vol. 13 Ch. 178

အခန်း (၁၇၈) ပဉ္စမတောင်ထွတ်၏မှော်ရုံနယ်မြေ

အစစ်အမှန်အင်မော်တယ် ဖြစ်လာရန်အတွက် ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို မူလဝိညာဉ်ဖြင့် ပေါင်းစပ်ရမည် ဖြစ်သည်။

ထိုအဆင့်သို့ရောက်မှသာလျှင် တကယ့် အင်မော်တယ်အစစ်များ ဖြစ်လာမည် ဖြစ်သည်။

လူသားအင်မော်တယ်များကို အင်မော်တယ်အဖြစ် သတ်မှတ်ကြသော်လည်း လူသားအင်မော်တယ်အဆင့်က အလှည့်အပြေင်းတစ်ခုကိုသာ ပုံဖော်ခြင်း ဖြစ်သည်။

လူသားအင်မော်တယ်အဆင့်သို့ ရောက်ရှိပြီးလျှင် ကျင့်ကြံသူတစ်ယောက်အတွက် ပါရမီရှင်ဖြစ်ရန် မလိုအပ်တော့ပေ။ ထိုအစား ကိုယ်ပိုင်တန်ခိုးစွမ်းအားများကို ထိန်းချုပ်နိုင်သည့် အရည်အချင်းသာ လိုအပ်တော့သည်။

လူသားအင်မော်တယ်အဆင့်မှ အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်ရောက်ရန်ကတော့ အချိန်ယူရမည် ဖြစ်သည်။

အစစ်အမှန်အင်မော်တယ်အဆင့်တက်ရောက်ရန်အတွက် လူသားအင်မော်တယ်တစ်ပါးက အင်မော်တယ်စွမ်းအားများဖြင့် ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းစေပြီး ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို မူလဝိညာဉ်ဖြင့် ပေါင်းစပ်ရမည် ဖြစ်သည်။

ထိုအဆင့်က အလွန်နာကျင်ခံစားရမည်ဖြစ်ပြီး သတိလက်လွတ်ဖြစ်သွားလျှင် အသက်အန္တရယ်ပင် စိုးရိမ်ရသည်။

ထို့ပြင် အစစ်အမှန်အင်တော်တယ်ဖြစ်ရန်အတွက် ကျင့်ကြံသူတစ်ယောက်က စိတ်စွမ်းအားကောင်းရန်လည်း လိုအပ်သည်။

ထို့ကြောင့် အချို့သူများဆိုလျှင် လူသားအင်မော်တယ်အဆင့်မှ စစ်မှန်သည့် အင်မော်တယ်အဆင့်ရောက်ရှိရန် နှစ်ပေါင်း (၄၀၀) ခန့် ကြာမြင့်ကြသည်။

အချို့ဆိုလျှင် နှစ်ပေါင်း (၁၀၀၀) ကျင့်ကြံဦးတော့ အဆင့်မတက်နိုင်ကြပေ။

အချို့ဆိုလျှင် အဆင့်မတက်နိုင်ဘဲ လူသားအင်မော်တယ်အဆင့်တွင်ပင် ဘဝအဆုံးသတ်သွားကြသူများလည်း ရှိကြသည်။

သို့သော် ထိုသို့သောကျင့်ကြံသူများက အဆင့်မတက်နိုင်သောကြောင့် မဟုတ်ကြပေ။ အဆင့်မတက်ရဲသောကြောင့်သာ ဖြစ်၏။

လူသားအင်မော်တယ်အဆင့်မှ အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်ရောက်ရန်မှာ အင်မော်တယ်စွမ်းအားများဖြင့် တစ်ကိုယ်လုံးကို လောင်ကျွမ်းစေပြီး ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို မူလဝိညာဉ်နှင့် ပေါင်းစပ်ရမည် ဖြစ်သည်။

ထိုအဆင့်အောင်မြင်သည်နှင့် အစစ်အမှန်အင်မော်တယ်တစ်ပါး ဖြစ်လာပေလိမ့်မည်။

သို့ရာတွင် ထိုအဆင့်ကို ဖြတ်သန်းရန်က အန္တရယ်များလွန်းလှသည်။

"မရဏဂူထဲမှာနေပြီး ငါလိုအပ်တဲ့စွမ်းအားတွေကို စုပ်ယူကျင့်ကြံနိုင်ရင် အမြန်ဆုံး အစစ်အမှန်အင်မော်တယ်အဆင့်ကို အဆင့်တက်နိုင်မှာပဲ… ၊ ပြီးတော့ ငါ့မှာ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားလည်းရှိတယ်… ၊ စိတ်စွမ်းအားကောင်းတဲ့ အားသာချက်လည်း ရှိတယ်…"

ကျန်းလန် တွေးလိုက်သည်။

"ပြီးတော့ စနစ်မှတ်ပုံတင်တုန်းက ရထားတဲ့ အင်မော်တယ်အမြုတေဆေးလုံးတွေနဲ့ သွေးဝိညာဉ်ဆေးလုံးတွေလည်း ငါ့ဆီမှာ ရှိတာပဲ… ၊ အဲဒါတွေက ငါ့ကို အဆင့်တက်တဲ့နေရာမှာ ကူညီပေးနိုင်တယ် ၊ တစ်ခုပဲ စိတ်ပူစရာရှိတယ် ငါ စိတ်ရှည်ရှည်နဲ့ ထိန်းချုပ်နိုင်ပါ့မလားဆိုတာပဲ…"

ကျန်းလန် စာအုပ်များကို စာအုပ်စင်ထက် ပြန်ထားလိုက်သည်။

သူက စိတ်ရှည်သည်းခံတတ်သူဖြစ်ပြီး ထိန်းချုပ်နိုင်စွမ်းလည်း မဆိုးလှသူ ဖြစ်သည်။

ထို့ပြင် သူက စိတ်တည်ငြိမ်သူဖြစ်လေရာ အစစ်အမှန်အင်မော်တယ်အဆင့်သို့ အလျှင်အမြန် အဆင့်တက်နိုင်မည်မှာ သေချာသည်။

ယခုလည်း သူက လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့်ရောက်နေပြီ ဖြစ်လေရာ အဆင့်တက်ရန် အချိန် သိပ်မကြာနိုင်တော့ပေ။

သူ လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ တန်းရောက်သွားခြင်းမှာ သွေးနီရောင်နဂါးသေခြင်းတရား စမ်းသပ်ခံရမှုကို ရင်ဆိုင်လိုက်ရသောကြောင့် ဖြစ်သည်။

"ငါရင်ဆိုင်လိုက်ရတဲ့ သွေးနီရောင်နဂါးစမ်းသပ်ခံရခြင်းက အတော်ကြောက်စရာကောင်းတာပဲ… ၊ အဲဒီတုန်းကတော့ မသိလို့လားမသိဘူး… ဘာမှ မကြောက်မိဘူး…"

သူရင်ဆိုင်ခဲ့ရသည့် မိုးကောင်းကင်စမ်းသပ်ခံရခြင်းအကြောင်းကို သိရှိပြီးနောက် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းကြောင်း ကျန်းလန် သိခဲ့ရသည်။

အလွန်အန္တရယ်များသည့် စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ပြီး အခန့်မသင့်လျှင် အသက်ပျောက်သွားနိုင်ပေ၏။

မည်သို့ပင်ဖြစ်စေ သွေးနီရောင်နဂါးသေခြင်းတရား စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရန်အတွက် သူ့ခန္ဓာကိုယ်တွင် လုံလောက်သည့် စွမ်းအားရှိနေသောကြောင့် တော်သေးသည်ဟု ပြောရမည်။

ထို့ကြောင့်လည်း လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ တန်းရောက်သွားခြင်း ဖြစ်၏။ အခြားသူများဆိုလျှင် စမ်းသပ်ခံရခြင်းကို မဖြတ်ကျော်နိုင်ဘဲ အသက်ပျောက်ရမည် ဖြစ်သည်။

အစစ်အမှန်အင်မော်တယ်ဆင့်သို့ ရောက်ရှိသွားလျှင် ကျင့်ကြံသူတစ်ယောက်သည် မိုးနဲ့မြေတာအိုလမ်းစဉ်ကို နားလည်လာမည် ဖြစ်သည်။

ထို့နောက် စမ်းသပ်ခံရခြင်းတစ်ခုကို ထပ်မံရင်ဆိုင်ရပြီးနောက် အစစ်အမှန်အင်မော်တယ်အဆင့်မှ မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

သို့သော် ထိုအကြောင်းများနှင့်ပတ်သက်ပြီး အသေးစိတ်ရှင်းပြချက်များကိုတော့ ကျန်းလန် ရှာမတွေ့ပေ။ နောက်ထပ် ဆက်စပ်သည့်စာအုပ်များကိုလည်း ကျန်းလန် မတွေ့ရှိရတော့ပေ။

ခွန်လွန်တောင် စာကြည့်တိုက်ထဲတွင်တော့ အစစ်အမှန်အင်မော်တယ်အဆင့်နှင့် မိုးကောင်းကင်အင်မော်တယ်အဆင့်များနှင့်ပတ်သက်ပြီး မှတ်တမ်းများ ရှိကောင်းရှိနိုင်သည်။

အခွင့်အရေးရမှ တစ်ချက်လောက် သွားရောက်လေ့လာရမည် ဖြစ်သည်။

မိုးကောင်းကင်အင်မော်တယ်အဆင့်၏ အထက်တွင်လည်း အဆင့်ပေါင်းများစွာ ရှိနိုင်သေးသည်။

ခွန်လွန်တောင်တွင် ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်လာရန်အတွက် သူလျှောက်လှမ်းရမည့်လမ်းကတော့ ရှည်လျားဦးမည် ထင်ပါသည်။

သို့ရာတွင် နှစ်ပေါင်း (၂၀၀)အတွင်း လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်းက မဖြစ်နိုင်သည့် အလုပ်တစ်ခုကို ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သာမန်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် နှစ်ပေါင်း (၂၀၀)တွင် မူလဝိညာဉ် ၊ အလယ်ဆင့်သို့သာ ရောက်ရှိဦးမည် ဖြစ်သည်။

ဤသည်က ပါရမီရှင်များ၏ လျှင်မြန်မှုမျိုး ဖြစ်သည်။

ကျန်းလန်က ယခု အများအမြင်တွင် မူလဝိညာဉ် အလယ်ဆင့် ဖြစ်လေသည်။

သို့သော် သူက ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားလေရာ ခွန်လွန်တောင်တပည့်များနှင့် အခြားသူများကတော့ သူ့ကို မူလဝိညာဉ် ၊ ကနဦးအဆင့်ဟုသာ ထင်မှတ်ကြပေမည်။

ပါရမီရှင် မဟုတ်သူများကတော့ နှစ်ပေါင်း (၂၀၀)အတွင်း ရွှေပြဒါးအမြုတေအဆင့် ၊ နောက်ဆုံးအဆင့်သို့သာ ရောက်ရှိနိုင်ကြမည် ဖြစ်သည်။

ပါရမီရှင်နှင့် ပါရမီရှင် မဟုတ်သူများ၏ ခြားနားချက်က သိသာထင်ရှားလှသည်။ အချိန်ကြာလသည်နှင့်အမျှ ခြားနားချက်က ပိုမိုကြီးမားလာမည် ဖြစ်သည်။

အခြေအနေများကို သုံးသပ်ရင်း ကျန်းလန် စာကြည့်တိုက်မှထွက်လာပြီး နဝမတောင်ထွတ်ရင်ပြင်ထက်တွင် အေးအေးဆေးဆေး ထိုင်လိုက်လေသည်။

အင်မော်တယ်ဖြစ်လာပြီးနောက် အချို့အရာများက သူ့အတွက် အသုံးမဝင်တော့ပေ။

ဥပမာအားဖြင့် - အတ္တကြေးမုံမှန် ဖြစ်၏။

ယခင်က အတ္တကြေးမုံမှန်မှ အလင်းရောင်ပုံရိပ်ဖြင့် တိုက်ခိုက်ရေး လေ့ကျင့်သော်လည်း ယခု မလုပ်နိုင်တော့ပေ။

အရင်ကဆိုလျှင် အလင်းရောင်ပုံရိပ်ကို ကျန်းလန် တစ်ခါမှ အနိုင်မယူနိုင်ခဲ့ပေ။ သို့သော် အလင်းရောင်ပုံရိပ်နှင့် တိုက်ခိုက်ခြင်းက သူ၏လိုအပ်ချက်များစွာကို သိမြင်နိုင်စေသည်။

အတ္တကြေးမုံမှန်ကို အသုံးပြုလေ့ကျင့်ခြင်းက သူ့အတွက် အကျိုးယုတ်ခြင်း မရှိပေ။

ကြေးမုံမှန်မှ အလင်းရောင်ပုံရိပ်နှင့် တိုက်ခိုက်ပြီးသည်နှင့် သူ မည်သည့်အရာကို တိုးတက်အောင်ပြင်ဆင်ရမည်ကို သိရှိခဲ့စမြဲပင် ဖြစ်သည်။

ယခုတော့ ကျန်းလန်က ဝါရင့်တစ်ယောက် မဟုတ်သေးသည့်တိုင် တိုက်ပွဲအတွေ့အကြုံ ရှိသင့်သလောက် ရှိနေပြီ ဖြစ်သည်။

တကယ့်ရင်ဆိုင်တိုက်ပွဲများတွင်လည်း သူ့တွင် အားနည်းချက်များ ရှိနေဆဲ ဖြစ်သည်။

ယခုအချိန်ထိ ရန်သူကို အလွတ်မပေးဘဲ အနိုင်ယူနိုင်ခဲ့ခြင်းက ကံကောင်းသည်ဟု ဆိုရပေမည်။

ကျန်းလန် ရင်ပြင်ထက်တွင်ထိုင်ရင်း စိတ်ကို တည်ငြိမ်အောင်ထိန်းညှိလိုက်သည်။

ထို့နောက် သေရည်ဆိုင်ပိုင်ရှင်ပေးထားသည့် နာမ်ဝိညာဉ်ရောင်ပြန်ပညာ ကျမ်းစာအုပ်ကို ထုတ်ယူလိုက်သည်။

ဤကျမ်းစာအုပ်အကြောင်း ကျန်းလန် သိပ်ပြီး မသိရှိပေ။ နာမ်ဝိညာဉ်သေရည်ဆိုင်နှင့် ဆက်စပ်နေသည့် ကျမ်းစာအုပ်ဟုသာ သူ သိရှိထားသည်။

ကျန်းလန် ကျမ်းစာအုပ်ကိုဖတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဓားကိုစီးနှင်ကာ နဝမတောင်ထွတ်သို့ ပျံသန်းလာသူတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။

ထိုသူက နဝမတောင်ထွတ် ရင်ပြင်ထက်သို့ ပျံသန်းလာခြင်း ဖြစ်သည်။

ကျန်းလန် ထိုသူကို မော့ကြည့်လိုက်ရင်း…

"ဘာ သတင်းဆိုးများ ရှိလို့လဲ မသိဘူး…"

နဝမတောင်ထွတ်သို့ လာရောက်ကြသူများသည် အရေးပေါ်အခြေအနေမဟုတ်ပါက ဓားကိုစီးနှင်ပျံသန်းပြီး မလာတတ်ကြပေ။

သို့သော် ပျံသန်းလာသူ၏ပုံရိပ် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ သူ့အထင် မှားသွားပြီကို ကျန်းလန် သိလိုက်ရသည်။

နဝမတောင်ထွတ်ကို ပျံသန်းလာသူက အခြားသူမဟုတ်ပေ။ ရှောင်ယွိ ဖြစ်လေ၏။

ရှောင်ယွိက ဖိနပ်ပင်မပါဘဲ ဓားပေါ်တွင် စီးနှင်လာပြီး ခဏအကြာတွင် ရင်ပြင်ထက်သို့ ဆင်းသက်လိုက်လေသည်။

သူမက ထုံးစံအတိုင်း အဖြူရောင်နှင့်အပြာရောင် ပေါင်းစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရိုးရှင်းစွာပင် ဆံပင်လေးများကို ခပ်မြင့်မြင့် စည်းနှောင်ထားသည်။

"ဂိုဏ်းတူမောင်လေး... ပဉ္စမတောင်ထွတ်က မှော်ရုံနယ်မြေကိုသွားဖို့ အကြောင်းကြားစာ မရဘူးလား…"

ရှောင်ယွိက ဓားပေါ်မှ ဆင်းဆင်းချင်းမှာပင် စိတ်လှုပ်ရှားစွာဖြင့် ကျန်းလန်ထံသို့ ပြေးလာပြီး မေးလိုက်သည်။

ဖိနပ်မပါဘဲ ပြေးလာရသည်မှာ ခြေထောက်မနာဘူးလား မသိဘူးဟု ကျန်းလန်က တွေးရင်း ရှောင်ယွိ၏ ဖြူစင်သည့်ခြေထောက်လေးများကို ငေးမောမိသွားသည်။

ရှောင်ယွိက ကျန်းလန်ကြည့်နေသည့်အတွက် သူမခြေထောက်များကို ပြန်ငုံ့ကြည့်လိုက်သည်။

ထို့နောက် သူမက အနည်းငယ် ခုန်စွ ခုန်စွ လုပ်လိုက်ရင်း…

"ကျွန်မ ဖိနပ်မစီးထားတာကို ပထမဆုံးအကြိမ် ရှင်တွေ့ဖူးတာလား… ၊ ဘာလဲ… ဒီလိုက ကြည့်ရဆိုးလို့လား…"

ကျန်းလန်က ရှောင်ယွိကို ကြည့်လိုက်ရင်း…

"ဟမ်… ဂိုဏ်းတူအစ်မက ကြည့်ရဆိုးမှာစိုးလို့ ဖိနပ်စီးတာလား…"

ရှောင်ယွိက…

"မဟုတ်ပါဘူး… ဖိနပ်ကတော့ စီးရတာပေါ့… ၊ အရင်တုန်းက တိုက်ခိုက်ခံလိုက်ရပြီး ဖိနပ်ပျက်စီးသွားလို့ ဖိနပ်မစီးတာ.... ၊ အခုက ဆရာမွေးထားတဲ့ ဝိညာဉ်သားရဲက ကျွန်မဖိနပ်ကို ခိုးသွားလို့ ဖိနပ်မစီးရတာ..."

ထို့နောက် သူမက ဆက်ရှင်းပြသည်။

"ဆရာက ရေခဲနှလုံးသားရေကန်မှာ ကျင့်ကြံနေတာလေ... ၊ အဲဒီနေရာကိုသွားရင် ဖိနပ်မစီးရဘူး... ၊ အပြင်မှာ ဖိနပ်ချွတ်ခဲ့ရတယ်... ၊ ကျွန်မက ဆရာ့ကိုတွေ့ပြီး အပြင်ပြန်ထါက်လာတော့ အဲဒီသတ္တဝါက ဖိနပ်ကိုချီသွားပြီ... ၊ အခု ရှင့်ဆီလာတော့ ဖိနပ်အသစ်မဝယ်ခဲ့ရသေးဘူးလေ..."

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

ကျင့်ကြံသူများသည်လည်း ဤသို့သော အသေးအဖွဲပြဿနာလေးများ ရင်ဆိုင်ရလေ့ရှိမည်ဟု ကျန်းလန် မထင်မိပေ။ အထူးသဖြင့် ရှောင်ယွိကဲ့သို့ နဂါးမျိုးနွယ်များ ဖြစ်လေ၏။

သို့သော် ကလေးများ ဖိနပ်မစီးလျှင်လည်း ပြဿနာမရှိလှပေ။ နဂါးများ ဖိနပ်မစီးလျှင်လည်း အတူတူပင် ဖြစ်နိုင်သည်။

နဂါးဟု တွေးလိုက်မိမှ ပြင်ပလောကတွင် သူရင်ဆိုင်ခဲ့ရသည့် လူသားအင်မော်တယ် နောက်ဆုံးအဆင့် နဂါးမင်းသားကို သွားပြီး သတိရလိုက်မိသည်။

ထိုလူငယ်ဆိုလျှင် ရှောင်ယွိထက်ပင် အသက်ငယ်ဟန် ရှိသေးသည်။

ရှောင်ယွိက ပါရမီရှင်တစ်ယောက် ဖြစ်သလို တန်ခိုးစွမ်းအားလည်း မြင့်မားသူ ဖြစ်သည်။ နဂါးမျိုးနွယ်တွင် သူမ၏အဆင့်က မည်သို့ရှိမည်ကို ကျန်းလန် မသိရှိပေ။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ…  ပဉ္စမတောင်ထွတ်ကိုသွားရမယ့်အကြောင်း ပြောမလို့မဟုတ်လား…"

ရှောင်ယွိက ကျန်းလန် နံဘေးသို့ လျှောက်လာရင်း…

"အင်းလေ… ဆရာ့ဆီက သတင်းကြားတာ… ၊ ပဉ္စမတောင်ထွတ်က မှော်ရုံနယ်မြေကိုသွားရမှာ ပျော်စရာကြီး…"

ထို့နောက် သူမက စပ်စုဟန်ဖြင့် ကျန်းလန်လက်ထဲမှ စာအုပ်ကို ကြည့်လိုက်သည်။

"ဒီစာအုပ်ထဲက ကျင့်စဉ်ကို ရှင်က ကျင့်ကြံမလို့လား…"

အရင်က နာမ်ဝိညာဉ်ရောင်ပြန်ပညာအကြောင်း သူမ အနည်းငယ် လေ့လာဖူးလေသည်။

ကျန်းလန်က…

"ပျော်စရာကောင်းတယ်… ဟုတ်လား…"

မေးလိုက်ရင်းဖြင့် ကျန်းလန်က သူ့လက်ထဲမှစာအုပ်ကို ရှောင်ယွိထံ ကမ်းပေးလိုက်သည်။

ရှောင်ယွိ ယခင်က ထိုသို့သောစာအုပ်မျိုး တစ်ခါမှ မဖတ်ဖူးဘူးဟု ကျန်းလန်က ထင်နေဟန် ရှိသည်။

"အင်းလေ... အဲဒီ ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတွေ အဲဒီမှာ ဘာလုပ်ကြမယ်လို့ ရှင်ထင်လဲ…"

ရှောင်ယွိက ကျန်းလန်ပေးသည့်စာအုပ်ကို ဟိုလှန်ဒီလှန်လုပ်ရင်း မေးလိုက်သည်။

သို့သော် သူမ စာအုပ်ကိုလှန်နေရင်း စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားသည်။

အကြောင်းမှာ စာအုပ်က စာမျက်နှာအလွတ်များဖြစ်နေသောကြောင့်ပင်။ စာအုပ်ထဲတွင် မာတိကာပင် ပါဝင်ခြင်း မရှိပေ။

"ဂိုဏ်းတူမောင်လေး… ဒီစာအုပ်ကို ဘယ်ကငှားလာတာလဲ…"

ရှောင်ယွိက စာအုပ်ကိုဖွင့်ကာ စာမျက်နှာအလွတ်များကို ကျန်းလန်ကို ပြရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

စာမျက်နှာအလွတ်များကို တွေ့လိုက်ရသည့်အခါ ကျန်းလန် အံ့အားသင့်သွားသည်။

သူက ရှောင်ယွိလက်ထဲမှ စာအုပ်ကို ပြန်ယူလိုက်ပြီး စာမျက်နှာများကို လှန်ကြည့်လိုက်သည်။ စာအုပ်တစ်အုပ်လုံးက စာမျက်နှာအလွတ်များသာ ဖြစ်လေသည်။

"သေရည်ဆိုင်ပိုင်ရှင်ဆီက ယူလာတာလေ.... ၊ ဂိုဏ်းတူအစ်မရော... နာမ်ဝိညာဉ်ရောင်ပြန်ပညာအကြောင်း လေ့လာဖူးသလား…"

အချိန်အတန်ကြာအောင် စာအုပ်ကို လှန်ကြည့်လိုက်ပြီးနောက် ကျန်းလန်ရင်ထဲမုန်တိုင်းမွှေသလို ခံစားလိုက်ရသည်။ သို့သော် သူက ထိုကိစ္စကို ချက်ချင်းအတည်ပြုခြင်း မပြုသေးပေ။

ကျန်းလန် စာအုပ်ကို ပြန်ပိတ်လိုက်သည်။

ဤကျမ်းစာအုပ်က လူတစ်ယောက်၏မျက်လုံးဖြင့် ဖတ်နိုင်သည့်စာအုပ်မဟုတ်လောက်ပေ။ စိတ်အာရုံဖြင့်ဖတ်ရှုရသည့် စာအုပ်မျိုး ဖြစ်ဟန်တူသည်။

"အဲဒီပညာကို ကျွန်မ သိပါတယ်… ၊ ဒါပေမဲ့ ဂိုဏ်းတူမောင်လေးရဲ့ စာအုပ်နဲ့တော့ သိပ်မတူဘူး…"

ရှောင်ယွိက သူမမေးစေ့လေးကို လက်နှစ်ဖက်ပေါ်တွင်တင်ရင်း ရင်ပြင်ထက်တွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူမ၏ ပုံစံလေးက အလွန်မှ ချစ်စရာ ကောင်းလွန်းလှသည်။

သူမထံတွင် မိုးမခရွက်ပုံသဏ္ဍန်မျက်ခုံးလှလှလေးများနှင့် တောက်ပသည့်မျက်ဝန်းများကို ပိုင်ဆိုင်ထားလေသည်။ သူမ ပုံစံလေးကိုမြင်ရသည်မှာ အလွန်ပင် ကြည်နူးစရာ ကောင်းလှသည်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ… စောစောက ပြောလိုက်တာ… ရွှေပြဒါးအမြုတေအဆင့်တပည့်တွေ ပဉ္စမတောင်ထွတ်က မှော်ရုံနယ်မြေကို သွားကြမယ်ဆိုတာလေ… ၊ သူတို့က ဘာသွားလုပ်ကြမှာလဲ…"

ရှောင်ယွိ သိရှိခဲ့သည့် နာမ်ဝိညာဉ်ရောင်ပြန်ပညာက ကျန်းလန်လက်ထဲတွင်ကိုင်ထားသည့် ကျမ်းစာအုပ်ထဲမှ ပညာနှင့် မတူညီသည်မှာ ဖြစ်သင့်လေသည်။

သို့သော် ကျန်းလန်က ထိုကိစ္စကို ထပ်မပြောတော့ပေ။

ပဉ္စမတောင်ထွတ်၏ မှော်ရုံနယ်မြေအကြောင်း ဆက်ပြောကြသည်က ပိုပြီးအဆင်ပြေမည် ဖြစ်သည်။

ရှောင်ယွိ၏စကားအရဆိုလျှင် သူမသည်လည်း ပဉ္စတောင်ထွတ်၏ မှော်ရုံနယ်မြေသို့ သွားမည့်ဟန် ရှိသည်။ သို့သော် သူမက အရွယ်ရောက်ပြီး မိန်းမပျိုအသွင်ဖြစ်သည့် လုန်ယွိ ပုံစံဖြင့် သွားမည် ဖြစ်သည်။

ထိုပုံစံဖြင့်ဆိုလျှင်လည်း သူမသည် လမင်းတစ်စင်းပမာ တောက်တောက်ပပနှင့် လှသွေးကြွယ်နေမည်ပဲ ဖြစ်၏။ ထိုသို့ဆိုလျှင် သူ့ကိုလည်း လုန်ယွိနှင့် စေ့စပ်ထားသူအဖြစ် အခြားသူများက သတိပြုလာမိကြဦးမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤသည်က ပြဿနာကြီးတစ်ခု မဟုတ်ပေ။

ရှောင်ယွိက…

"ပဉ္စမတောင်ထွတ်က မှော်ရုံနယ်မြေက မြူခိုးတွေနဲ့ ဖုံးလွှမ်းနေတာလေ… ၊ ဒါပေမဲ့ မရေမတွက်နိုင်တဲ့ မှော်ဝင်ပစ္စည်းတွေ အဲဒီထဲမှာရှိတယ်… ၊ ရွှေပြဒါးအမြုတေအဆင့်တပည့်တွေက မှော်ဝင်ပစ္စည်းသွားရှာကြမှာ… ၊ ကံကောင်းတဲ့သူဆိုရင် မှော်ဝင်ပစ္စည်းတွေ အများကြီးရသွားနိုင်တယ်…"

ကျန်းလန်က…

"အဲဒီမှာ အန္တရယ် မရှိနိုင်ဘူးလား…"

"ရှိတာပေါ့… ဒါပေမဲ့ အဲဒီမြူခိုးတွေက အစီအရင်ပညာနဲ့ပြုလုပ်ထားတာလေ… ၊ ဒီတော့ အစီအရင်ပညာကျွမ်းကျင်သူတစ်ယောက်က ဦးဆောင်မသွားဘူးဆိုရင် သေချာပေါက် အန္တရယ် ရင်ဆိုင်ရနိုင်တယ်…"

ခဏနားပြီးမှ ရှောင်ယွိက ဆက်ပြောသည်။

"ဒါကြောင့်လည်း ဆရာဒေါ်လေးမြောင်ယွဲ့က ပဉ္စမတောင်ထွတ်မှာ တောင်သခင်မ ဖြစ်နေရတာပေါ့… ၊ သူက အစီအရင်ပညာနဲ့ပတ်သက်ပြီး အရမ်းထူးချွန်တယ်လေ…"

All Chapters