အခန်း (၁၅၃၆-၁၅၄၀)
Vol. 62 Ch. 1536-1540
အပိုင်း (၁၅၃၆)
“စီနီယာတို့ နှစ်ယောက်ကို လာတိုးတယ်ဆိုမှတော့ ဒီကနေပဲ တစ်ခါတည်း တိုက်ရိုက်ပေးလိုက်ပါတော့မယ်။ ကျေးဇူးပြုပြီး ဒီသူတောင်စင် သလင်းကျောက်တွေကို လက်ခံပေးပါ” လူအိုကြီးက လျူဖေးအား အချက်ပြရင်း ပြောလိုက်သည်။
လျူဖေးအားသည် သူမ၏ သိုလှောင်လက်စွပ်ကို လက်ဖြင့်အုပ်ရင်း အဆက်မပြတ် ခေါင်းခါနေခဲ့သည်။ ထိုအရာများသည် သူမတို့၏ အသက်ကို စွန့်စားပြီးမှ ရလာသည့် အရာများ ဖြစ်ကြသည်။ လွယ်လွယ်နှင့် ရလာသည့် အရာများမဟုတ်။
“ထုတ်ပေပးလိုက်” လူအိုကြီးက အော်ပြောလိုက်သည်။
လူအိုကြီးက အမိန့်ပေးနေသဖြင့် လျူဖေးအားလည်း မထုတ်ချင် ထုတ်ချင်ဖြင့် သိုလှောင်လက်စွပ်ထဲမှ အထုပ်တစ်ထုပ်ကို ထုတ်၍ လူအိုကြီးကို ပေးလိုက်၏။
လူအိုကြီးက အားတင်းပြုံးရင်း သူ့ကိုယ်သူ နှိမ့်ချလျက် “ဒါတွေက ကျုပ်တို့ ရလာတဲ့ သူတော်စင်သလင်းကျောက်တွေပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါဆာ”
ပြောပြီးသည်နှင့် အိတ်ထုတ်ကို တစ်ဖက်ဆီသို့ ပစ်ပေးလိုက်လေသည်။
တစ်ဖက်တွင် ရှိနေသော လူကြီးသည် အိတ်ထုတ်ကို ဖမ်းလိုက်ပြီး လက်ဖြင့် အလေးချိန် ချိန်ဆကြည့်နေလိုက်ပြီးနောက် “ခင်ဗျားတို့ ငါးအကြီးကြီး မိထားတာပါလား ခွေးအိုကြီး”
“ဟားဟား၊ ဒီတစ်ကြိမ် ကျုပ်တို့ ကံကောင်းသွားခဲ့ရုံပါပဲ” လူအိုကြီးက ခါးသက်စွာ ပြုံးလျက် ပြောလိုက်သည်။
ယခင်က သူတို့ အမဲလိုက်စဉ် ဤကဲ့သို့ မျိုးမျိုးမြတ်မြတ် မရခဲ့ဖူးချေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ ရန်ကိုင်နောက်သို့ လိုက်ခဲ့သည့်အတွက်ကြောင့် ကြီးကြီးမားမား ရိတ်သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
“ဆရာတို့နှစ်ယောက်၊ ကျုပ်တို့ အရင်သွားလိုက်ပါဦးမယ်” လူအိုကြီးက လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ပြီးနောက် ထွက်သွားရန် ပြ်ငလိုက်သေည်။
“နေပါဦး။ ခင်ဗျားတို့ကို ကျုပ်ထွက်သွားပါလို့ ပြောသေးလို့လား” လူအိုကြီးက အိတ်ထုတ်ကို သူ့ဘေးဆီ အဖော်ဆီသို့ ပစ်ပေးလိုက်ပြီးနောက် အော်ပြောလိုက်သည်။
“ဆရာတို့ ဘာများ ပြောချင်သေးလို့လဲ မသိဘူး” လူအိုကြီးက တုန်လှုပ်နေသည့် လေသံဖြင့် ပြန်ပေးလိုက်သည်။
“ဒီတစ်ကြိမ် ခင်ဗျားတို့ ကုန်သွယ်နေတာကို ဒီအဖေမိသွားလို့ အခုဟာတွေ ရခဲ့တာ။ ဒါပေမယ့် အရင်တုန်းကဆိုရင်ကော။ ဒီအဖေ မရှိတုန်းက ခင်ဗျားတို့ သူတော်စင် သလင်းကျောက်တွေ ဘယ်လောက်တောင် ခိုးယူထားတာလဲ” လူကြီးက သုန်မှုန်နေသည့် အမူအရာဖြင့် အော်ပြောလိုက်သည်။
“ဆရာတို့ နောက်နေတာပဲ။ ဒီလူအိုကြီး အမြဲတမ်း အခွန်ဆောင်ပါတယ်။ တစ်ခါမှ အခွန်ဆောင်ဖို့ မပျက်ကွက်ခဲ့ဘူး။ ကျေးဇူးပြုပြီး ဒီလူအိုကြီး ပြောတာကို ယုံပေးပါ” လူအိုကြီး ထိတ်လန့်သွားခဲ့လေသည်။
“ဟင်၊ ခင်ဗျား ပြောတာကို ယုံရမယ် ဟုတ်တယ်။ ခင်ဗျား ကျုပ်ကို အရူးမှတ်နေတာလား။ ဘာမှမပြောတော့နဲ့ ကျုပ်ပြောလိုက်မယ်။ ခင်ဗျားတို့ အရင်တုန်းက ရခဲ့တဲ့ သူတော်စင်သလင်းကျောက်တွေကို ထားခဲ့ရင်ထားခဲ့၊ မထားခဲ့ရင် ခင်ဗျား သေရမယ်” လူကြီးက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
“နားလည်မှုလွဲတာပါ ဆရာ” လူအိုကြီဂက စိုးရိမ်တကြီး လေသံဖြင့် “ကျုပ်တို့ တစ်ခါမှမှ အဲ့လိုမလုပ်ခဲ့တာ၊ ဘယ်လိုလုပ်ပြီး ကျုပ်တို့မှာ ပေးစရာ အပို သူတော်စင်သလင်းကျောက်တွေ ရှိမှာလဲ”
“ဟုတ်တယ်။ ကျွန်မတို့ သူတော်စင်သလင်းကျောက်တွေ အကုန်လုံးကို ရှင်တို့ပဲ ယူသွားတာလေ။ ဘယ်ကနေ ကျွန်မတို့ သွားထပ်ရှာရမှာလဲ” လျူဖေးအာကလည်း အော်ပြောလိုက်လေသည်။
“ဒီမိန်းကလေးကလည်း ဇမသေးပါလား” လူအိုကြီးက လျူဖေးအားကို ကြည့်၍ ပြောလိုက်သည်။ လျူဖေးအား၏ ခန္ဓာကိုယ်အာ အစုံအဆန် ကြည့်နေပြီးနောက် သူ့ရယ်သံသည် တဖြည်းဖြည်း ပိုမို ကျယ်လောင်လာခဲ့ပြီး သူ့မျက်နှာသည် ပိုပို၍ တဏှာရမက် ကြီဂလာခဲ့လေသည်။
လူအိုကြီးလည်း ထိုအခြင်းအရာကို မြင်လိုက်သည်။ အခြေအနေ မကောင်းတော့မှန်း သိလိုက်သည်နှင့် လျူဖေးအားကို သူ့နောက်သို့ ချက်ချင်း ဆွဲခေါ်လိုက်ပြီး လက်သီးဆုပ်၍ ဦးညွှတ်ကာ ပြောလိုက်သည် “ဆရာ၊ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ”
“ခင်ဗျားတို့ကို ခွင့်လွှတ်ပေးရမယ်” လူကြီးက သူ့မေးစေ့ကို ပွတ်သပ်ရင်း ခဏမျှ စဉ်းစားနေပြီးနောက် ခေါင်းညိတ်၍ “ကောင်းပြီလေ။ ဒီဘုရင်က အကျိုးသင့် အကြောင်းသင့် မပြောတတ်တဲ့ လူမဟုတ်တော့ ခင်ဗျားတို့ကို ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်”
လူအိုကြီး ပျော်သွားခဲ့ပြီး အလျင်အမြန် ဦးညွှတ်လိုက်လေသည် “ကျေးဇူးအများကြီး တင်ပါတယ် ဆရာ”
“နေပါဦး၊ ဒီဘုရင် ပြောလို့မပြီးသေးဘူးလေ” လူကြီးက ရယ်သွမ်းသွေးလျက် လျူဖေးအားကို လက်ညိုးထိုးကာ ဆက်ပြောလိုက်သည် “ခင်ဗျားတို့မှာ သူတော်စင် သလင်းကျောက်တွေ မရှိတော့ရင် အခြားတစ်ခုခုနဲ့ အလျော်ပေးခဲ့လို့ ရတယ်။ အဲ့မိန်းကလေးကို ထားခဲ့ပြီး ခင်ဗျားတို့အားလုံး ထွက်သွားပေတော့”
ထိုစကားသံ ထွက်လာသည်နှင့် တစ်ပြိုင်နက် လျူဖေးအာ၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ လူအိုကြီးသည်လည်း တုန်လှဒပ်သွားခဲ့ပြီး “ဆရာ၊ ဖေးအာက သေးသေးလေပဲ ရှိပါသေးတယ်”
“သေးတယ်လား။ မသေးပါဘူး” လူကြီးက ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့အမူအရာ ကြမ်းကြုတ်သွားခဲ့ပြီး “ကျုပ်ခင်ဗျားကို နောက်ဆုံး အခွင့်အရေးပေးမယ်။ မိန်းကလေးကို ထားပြီး ထွက်သွားလိုက်တော့၊ မဟုတ်ရင် ခင်ဗျားတို့ အားလုံးကို ကျုပ်သတ်ပစ်မယ်”
လူအိုကြီးနှင့် အခြားသူအားလုံး တိတ်သွားခဲ့သည်။ သူတို့အားလုံး ဒေါသထွက်နေသော်ငြား မည်သူမှ ဒေါသထွက်မပြရဲဘဲ တစ်ယောက်ယောက် လာကယ်ပါစေဟု ဆုတောင်းနေရင်းဖြင့်သာ လူအုပ်ကြီးကို ကြည့်လိုက်၏။
သို့သော်လည်း လူအုပ်ကြီးသည် သူတို့၏ အကြည့်ကို ချက်ချင်း ရှောင်ဖယ်သွားကြသည်။
ထိုအခြင်းအရာကို မြင်သော် လူအိုကြီး ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။
လျူဖေးအားသည်လည်း တုန်လှုပ်ချောက်ခြားနေခဲ့သည်။
“ဟာ၊ ဒီမှာ တော်တော် စည်ကားနေပါလား။ ဘာတွေများ ဖြစ်နောလဲ”
ရုတ်တရက် ခပ်ဆ်တတတ် အသံတစ်သံ လူအုပ်ကြီး၏နောက်ကွယ်မှ ထွက်ပေါ်လာခဲ့လေသည်။
အကုန်လုံး ခေါင်းလှည့်ကြည့်လိုက်ရာ သမားရိုးကျ အဝတ်အစားကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက်သည် ဝိုင်တစ်ပုလင်းကို ကိုင်၍ ပြုံးလျက် လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
လူငယ်လေး၏ ပုံစံသည် မည်သည့်ကိုမှ မျက်လုံးထဲ မထည့်သည့် ပုံစံမျိုးပင်။ ဝိုင်ပုလင်းထဲမှ ဝိုင်ကို မော့သောက်ရင်း ပြုံးလျက် “တစ်ယောက်ယောက် လူသတ်တော့မယ်လို့ ပြောလိုက်တာကို ကျုပ်ကြားလိုက်သလားလို့”
“အစ်ကိုရန်” လျူဖေးအားသည် ရေနစ်နေသည့် လူတစ်ယောက် မျှော်လင့်ချက် ကောက်ရိုးမျှင်ကို မြင်တွေ့လိုက်ရသည့်နှယ် မျှော်လင့်တကြီး လှမ်းအော်ခေါ်လိုက်သည်။
လူအိုကြီးနှင့် အခြားသူများသည်လည်း စိတ်ရှုပ်သွားခဲ့ကြသည်။
လူအိုကြီးသည် အလိုလို လမ်းဖယ်ပေးလိုက်ကြသဖြင့် ရန်ကိုင်သည် လူအိုကြီးတို့ဆီ တည့်တည့်မတ်မတ် လျှောက်သွားနိုင်ခဲ့လေသည်။ သူတို့အား ကောင်းကင် စိတ်အာရုံဖြင့် အကြမ်းဖျင်း စစ်ဆေးကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
လူအိုကြီး ရထားသည့် ဒဏ်ရာသည် သိပ်မပြင်းလှချေ။ နည်းနည်းလောက် အနားယူ ကုသလိုက်ရုံဖြင့် ပျောက်ကင်းသွားပေလိမ့်မည်။ တစ်ဖက်လူသာ လူအိုကြီး၏ အသက်ကို လိုချင်လျှင် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိသေးသော လူအိုကြီး အနေဖြင့် ထိုလူ၏ လက်သီးချက်ကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
တကယ်တော့ တစ်ဖက်လူသည် တန်ခိုးရှင်ပထမအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေသည် မဟုတ်ပေလော။
“ညီငယ်လေး…” လူအိုကြီးက ရန်ကိုင်အား ကျေးဇူးလည်းတင်၊ စိုးလည်း စိုးရိမ်နေသည့် အကြည့်ဖြင့် “မင်းဘာလို့ ဒီပြဿနာထဲ ဝင်ပါလာရတာလဲ”
သူ့ရင်ထဲ လိပ်ပြာမကင်းသလို ခံစားလိုက်ရသည်။
ရန်ကိုင်သည် မြို့ထဲတွင် လမ်းလျှောက်နေရင်း သူတို့ ဒုက္ခရောက်နေသည်ကို မြင်သွားပြီး ဝင်ကူညီလိုက်ခြင်း ဖြစ်လိမ့်မည်ဟု လူအိုကြီး ထင်နေသည်။ ရန်ကိုင် အတော်လေး အားကောင်းမှန်းကိုလည်း သူသိသည်။
သို့သော် ဤနေရာသည် ရေလှိုင်းပြာမြို့ဖြစ်ပြီး ရန်ကိုင်သည် တစ်ယောက်တည်း ဖြစ်သည်။ လက်သီးနှစ်လုံးသည် တိုက်ခိုက်မှုလေးခုကို မကာကွယ်နိုင်ချေ။ ရန်ကိုင်သာ ဝင်ရှုပ်လိုက်ရင် သူ့ကိုယ်သူပင် မကာကွယ်နိုင် ဖြစ်သွားနိုင်၏။
“ကျုပ်အတွက် စိတ်ပူနေစရာ မလိုဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်၏။
ထိုစကားကိုကြားသော် လူအိုကြီး ခါးသက်စွာသာ ပြုံးလိုက်မိပြီး ဘာမှ ထပ်မပြောတော့ချေ။
“ကောင်လေး၊ မင်းကိုယ်မင်း ဘာထင်နေတာလဲ” လူအိုကြီး မျက်နှာပျက်သွားပြီး ရန်ကိုင်အား အေးစက်စက် လေသံဖြင့် စိုက်ကြည့်လိုက်သည်။
“ပွဲကြည့်ချင်တဲ့ လူတစ်ယောက်လို့ ထင်တာပဲ” ရန်ကိုင်က ပြန်ပြုံးပြလိုက်၏။
“မင်းသေချင်နောလား” လူအိုကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ရေလှိုင်းပြာမြို့သည် အထက်စကြာဝဠာဂိုဏ်း၏ လက်အောက်ခံမြို့တစ်မြို့ ဖြစ်လာသည့် အချိန်မှစ၍ မြို့ထဲတွင် မည်သူမှ ပြဿနာ မရှာရဲတော့ချေ။
မြို့သခင်စံအိမ်၏ လူတစ်ယောက် ဖြစ်သည်နှင့်အညီ သူ့တွင် သွားချင်သည့် နေရာသွား၊ လုပ်ချင်သည့်အရာ လုပ်နိုင်စွမ်း ရှိလာခဲ့သည်။ သို့သော်လည်း ယနေ့၌ ကောင်လေးတစ်ယောက် ပေါ်လာပြီး သူ့အား လာရောက် စော်ကားရန်စနေသည်။
မာန်သွင်းအော်ဟစ်လိုက်ပြီး လူအိုကြီးသည် တူကဲ့သို့သော မှော်ရတနာတစ်ခုကို ထုတ်လျက် ရန်ကိုင်ဆီသို့ ပြေးဝင်သွားကာ ထုချလိုက်လေသည်။
ဘေးဘက်ဆီမှ အလန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ လူအိုကြီးနှင့် လျူဖေးအာတို့ပင်လျှင် ထိတ်လန့်သွားခဲ့သည်။
ရန်ကိုင်ကမူ ကြောက်လန့်သွားခြင်းမရှိဘဲ သူ့ဆီ တိုးဝင်လာနေသော လက်နက်ဆီသို့သာ လက်သီးတစ်ချက် ပြန်ထိုးချလိုက်သည်။
ဘုန်း….
ရိုက်ခတ်သံ အကျယ်ကြီး ထွက်ပေါ်လာသည့်နောက် ရန်ကိုင်မှာ အကောင်းအတိုင်း ရှိနေသေးသော်လည်း တူကြီးမှာမူ ရန်ကိုင်၏ လက်သီးချက်ကြောင့် လူကြီး၏ လက်ထဲမှ လွင့်စင်ထွက်သွားခဲ့လေသည်။
ထို့နောက် ရန်ကိုင်သည် သူ့လက်ထဲရှိ ဝိုင်အိုးဖြင့် လူကြီး၏ ခေါင်းကို ရိုက်ချလိုက်သည်။
ဝိုင်အိုးကွဲထွက်သွားပြီး အထဲတွင် ရှိနေသော ဝိုင်းများ လူကြီး၏ မျက်နှာပေါ်သို့ ဖိတ်စင်ကျလာသည်။ လူကြီး အသိပြန်မဝင်လာနိုင်သေးခင်ပင် ရန်ကိုင်သည် လူအိုကြီး၏ မျက်နှာကို ခြေထောက်စာ ကျွေးလိုက်သည်။
နာကျင်စွာ အော်ဟစ်သံနှင့်အတူ လူကြီးသည် ကြိုးပြတ်သွားသော စွန်းတစ်စင်းနှယ် လွင့်ပျံထွက်သွားခဲ့လေသည်။ ရန်ကိုင်၏ ခြေထောက်ကန်ချက်ကြောင့် လူအိုကြီး၏ နှာခေါင်း ကောက်သွားခဲ့ပြီး သွားတစ်ဝက်လောက်လည်း ကျွတ်ထွက်သွားခဲ့ရသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လူအုပ်ကြီးတစ်ခုလုံး မှင်သက်နေခဲ့သည်။
အကုန်လုံးသည် ထူးထူးဆန်းဆန်း မွန်းစတားတစ်ကောင်ကို မြင်လိုက်ရသည့်အလား ရန်ကိုင်အား ထူးထူးဆန်းဆန်း အကြည့်များဖြင့် ကြည့်နေကြသည်။
အကုန်လုံး ထိတ်လန့်နေသည်ကား ရန်ကိုင်၏ ခွန်အားကို မဟုတ်ဘဲ ရေလှိုင်ပြာမြို့တော်ထဲတွင် မြို့သခင်စံအိမ်မှလူကို တိုက်ခိုက်ရဲသည့် သတ္တိဖြစ်သည်။
နာကျင်မှုကြောင့် လူအိုကြီးသည် အော်ညည်းလျက် “မင်းဘယ်လိုတောင် ငါ့ကို တိုက်ခိုက်ရဲတာလဲ”
“အဲ့တော့ ဘာဖြစ်လဲ။ ခင်ဗျားကို ရိုက်တယ်ဆိုတာ လျှော့ပေးပေထာတာ။ ခင်ဗျားကို မသတ်လိုက်တာ ကံကောင်းတယ်မှတ်။ အဲ့ဒါကိုတောင် ကျေးဇူးမတင်ဘဲ လာပြီး အသံကောင်း ဟစ်ချင်နေသေးတယ်။ ခင်ဗျားကို ကျုပ်မသတ်ရဲဘူး ထင်နေလား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။
ထိုစကားလုံးများသည် လူကြီးမှ လျူဖေးအား လှောင်ပြောင်ရန် ပြောဆိုခဲ့သည့် စကားလုံးများသာ ဖြစ်ပေသည်။ ရန်ကိုင်သည် ထိုလူကြီး ပြောခဲ့သည့် စကားအတိုင်း လူကြီးကို ပြန်ပြောခဲ့ခြင်း ဖြစ်သည်။
လူကြီးမျက်နှာ သုန်မှုန်သွားခဲ့သည်။
သူ့အပေါင်းပါလသည်လည်း ရန်ကိုင်အား ကြောက်လန့်တကြား စိုက်ကြည့်လိုက်၏။
သူ့အဖော်ကိုပင် တစ်ချက်တည်းဖြင့် အမှောက်သိပ်နိုင်လေရာ သူ့ကိုလည်း အမှောက်သိပ်နိုင်မည်မှာ အသေအချာပင်။ သူ့အဖော်မျက်နှာကို ပြန်အဖတ်ဆယ်ပေးလိုလျှင်ပင် သူ့အနေဖြင့် ဤနေရာ၌ လုပ်နိုင်သည့်အရာ ဘာမှ မရှိချေ။ ထိုအကြောင်း စဉ်းစားမိလိုက်သည်နှင့် သူ့ပုံရိပ် လက်ခနဲ ပျောက်ကွယ်သွားပြီး မြို့သခင်စံအိမ်ဆီ ထွက်ပြေးကာ ပြန်သတင်းပို့ရန် ကြိုးစားတော့လေသည်။
“မင်းကို သွားတော့လို့ ငါပြောလိုက်လို့လား” ရန်ကိုင်က မျက်လုံးမှေးစဉ်းလျက် ထွက်ပြေးသွားသောလူဆီ ရွှေရောင်သွေးမျှင်တစ်မျှင် ပစ်လွှတ်လိုက်သည်။
ရွှေရောင် အလင်းတစ်ချက် လက်သွားပြီး ထွက်ပြေးသွားသော လူလည်း နာကျင်စွာ အော်ဟစ်ရင်း မြေကြီးပေါ်သို့ လဲကျသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာ၊ ဒဏ်ချက်မှ မရှိနေသော်လည်း သူ့အသက်စွမ်းအင်မှာမူ လျင်မြန်စွာ ပျောက်ကွယ်နေခဲ့လေပြီ။
ထိုလူ သေသွားခဲ့လေပြီ။
အကုန်လုံး မျက်လုံးပြူးကုန်သည်။
ရန်ကိုင်သည် မြို့သခင်စံအိမ်၏ ပိုင်နက်ထဲသို့လာပြီး မြို့သခင်စံအိမ်မှ လူများကို တိုက်ခိုက်ခဲ့ရုံမက သူတို့ လူများကိုပင် သတ်နေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများဏွာအတွင်း မြို့သခင်စံအိမ်ကို မည်သူမှ မဆန့်ကျင်ရဲခဲ့ချေ။ ဆန့်ကျင်သည့် လူတိုင်းလည်း အသေဆိုးနှင့်သာ သေခဲ့ရသည်။ သို့သော်လည်း ယနေ့တွင် လူငယ်လေး တစ်ယောက်သည် မြို့သခင်စံအိမ်မှ ကျင့်ကြံသူ တစ်ယောက်ကို လူမြင်ကွင်းတွင် သတ်ပစ်ခဲ့သည်။
ထိုလူငယ်လေးတွင် ထူးချွန်သော အရည်အချင်းများ ရှိနေလျှင်ပင် ရေလှိုင်းပြာမြို့တော်မှ ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။ သူသေရတော့ပေမည်။
အသက်ပြင်းရှိုက်သံများ လူအုပ်ကြီးဆီမှ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ အကုန်လုံး မသိလိုက်မသိဘာသာနှင့် ရန်ကိုင်ဆီမှ ခပ်ဝေးဝေးဆီသို့ ဆုတ်ခွာသွားခကြသည်။
“ညီငယ်လေး၊ မင်း…” လူအိုကြီးလည်း သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
လျူဖေးအာနှင့် အခြားသူများမှာမူ ရန်ကိုင်အား လေးစားအားကျစွာဖြင့် စိုက်ကြည့်နေကြလေသည်။
“အမှိုက်နည်းနည်းကို ရှင်းလိုက်ရုံပဲ။ ဘာမှ ဒီလောက် စိုးရိမ်မနေနဲ့” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
“ညီငယ်လေး၊ မင်းမြန်မြန် ထွက်သွားတော့။ ဒီသတင်းသာ ပြန့်သွားခဲ့ရင် မင်းဒီကနေ ဘယ်တော့မှ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး” လူအိုကြီးက ရန်ကိုင်အား အလျင်စလို အော်ဟစ် သတိပေးလိုက်သည်။
“ထွက်သွားရဖို့၊ ဘာလို့ ထွက်သွားရမှာလဲ” ရန်ကိုင်က ခေါင်းခါလိုက်သည်။
လူအိုကြီးက ရန်ကိုင်အား ကြောင်တောင်တောင် အမူအရာဖြင့် “မထွက်သွားဘူးလား။ မင်းဒီမှာ နေချင်နေတာလား”
“ဟုတ်တယ်”
လူအိုကြီးသည် မီးခဲပေါ်ရောက်နေသည့် ပုရွက်ဆိတ်နှယ် ပို၍ ဂနာမငြိမ် ဖြစ်သွားပြီး “မင်းအခု သတ်လိုက်တာ ဘယ်သူလဲ မင်းသိလား။ သူ့ကို သတ်လိုက်လို့ ဘယ်လို ပြဿနာတွေ ဖြစ်လာမလဲကော မင်းသိလား။ အဲ့ဒါကိုတောင် မင်းဒီမှာ နေချင်သေးတာလား”
“ဟားဟား” ရန်ကိုင်က ယဲ့ယဲ့လေး ရယ်သွမ်းသွေးလျက် “စိတ်ပူမနေစမ်းပါနဲ့ဗျာ။ ကျုပ်ဒီမှာ နေမယ်လို့ ပြောမှတော့ သူတို့ကို မကြောက်လို့ပေါ့။ သူတို့ ကျုပ်ကို သတ်ချင်တယ်ဆိုရင် ကျုပ်ဘက်ကလည်း အဆင်သင့်ပဲ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၃၇)
လူအိုကြီး ရန်ကိုင်ကို ကြောင်ကြည့်နေမိသည်။ ရန်ကိုင် မူး၊မူးကိုလည်း သေချာ အတည်ပြုကြည့်လိုက်သေး၏။ မမူးနေမှန်း သေချာသွားသည့်အခါ ခေါင်းခါ၍ “မင်းတို့ လူငယ်တွေကို ငါတကယ်ကို နားမလည်တော့ဘူး”
“စိတ်ချထားလိုက်။ ကျုပ်ဒီနေ့ ရောက်လာပြီဆိုတော့ ဒီမှာရှိတဲ့ အမှိုက်ထုတ်တွေ အကုန်လုံးကို ရှစ်ပစ်သွားလိုက်မယ်။ အေးအေးဆေးဆေးသာ ထိုင်ကြည့်နေ”
“ဟူး… မင်းဘာကို အားကိုးနေလဲမသိပေမယ့် အခုကိစ္စက ငါ့တာဝန်မကင်းဘူး ဆိုတော့ ငါလည်း မင်းနောက်ခိုက်ခဲ့ပေးရတာပေါ့။ နောက်ဖြစ်မယ့် ကိစ္စကတော့… နောက်မှပဲ ရှင်းတော့မယ်”
ရန်ကိုင် အရမ်း ဇွတ်တရွတ် လုပ်နေသည်ဟုသာ လူအိုကြီး ထင်နေခဲ့သည်။
သို့တိုင် ရန်ကိုင်အား တစ်ယောက်တည်းတော့ မတိုက်ခိုက်ခိုင်းနိုင်ပါချေ။
“ကျေးဇူးအများကြီး တင်ပါတယ်ဆရာ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။
“အစ်ကိုရန်၊ ကျွန်မတို့ကလည်း အစ်ကိုရန် သေအတူ ရှင်မကွာပဲ” လျူဖေးအားက မျက်နှာနီနီဖြင့် ပြောလိုက်သည်။ အခြားလူငယ်များသည်လည်း သူမပြောသည်ကို ထောက်ခံသည့်အလား ခေါင်းညိတ်ပြလိုက်ကြသည်။
“ကောင်းပြီလေ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “အင်း၊ အဲ့လိုဆိုမှတော့ ငါ့နောက် လိုက်ခဲ့ကြပေါ့”
“မဖြစ်ဘူး” လူအိုကြီးက စိုးရိမ်တကြီး ခြေဆောင့်လျက် “မင်း… မင်းတို့ ပြသနာကောင်တွေကွာ”
သူရန်ကိုင်နှင့် လိုက်ပြီး သေခြင်းတရားကို ရင်ဆိုင်မည်ဖြစ်သော်လည်း သူ့ဂျူနီယာများကိုတော့ ထွက်ပြေးခိုင်းစေချင်သည်။ သို့သော်ငြား သူတို့သည် ထိုကဲ့သို့ မဆင်မခြင် ရွေးချယ်မှုမျိုး လုပ်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူတကယ်ကို ဒေါသထွဥ◌်သွားမိသည်။
“စိတ်ပူမနေစမ်းပါနဲ့ဗျာ။ ကျုပ်သူတို့ကို လုံခြုံအောင် ထားမှာပါ” ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလျက် ပြောလိုက်သည်။
“ဒီကောင်က ကောင်းကင်ဘယ်လောက်မြင့်လဲဆိုတာ မသိတဲ့ကောင်ပဲကွ”
“သူဘာပြဿနာ လုပ်လိုက်လဲဆိုတာကို အခုထိ သူမသိသေးတာလား”
“ဟဲဟဲ၊ စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ။ မြို့သခင်စံအိမ်ကို ဆန့်ကျင်ရဲတဲ့ တစ်ယောက်ယောက် တကယ်ကြီး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ငါတို့ ပွဲကြီဂပွဲကောင်း ကြည့်ရတော့မယ်နဲ့တူတယ်”
“မြို့သခင်စံအိမ်က ဘယ်လိုလုပ်ပြီး သူ့ကို အလွတ်ပေးမှာလဲ။ သူ့ကို ပါရမီရှင် တစ်ယောက် ရေလှိုင်းပြာမြို့တော်မှ သေသွားရမှာ နှမြောစရာပဲ”
ဘေးဘက်ရှိ လူအုပ်ကြီးဆီမှ တီးတိုးပြောသံများ ထွဥ◌်ပေါ်လာခဲ့သည်။ အကုန်လုံးသည် ရန်ကိုင်အား လက်ညိုးတညွှန်ညွှန်ဖြင့် သူတို့၏ အပေါင်းအပါများနှင့် ပြောဆိုနေကြသည်။ လူအုပ်ကြီး၏ အရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် ပိုပို၍ တိုးများလာခဲ့လေသည်။
မကြာမီ လမ်းမတစ်ခုလုံး လူများဖြင့် ပြည့်ကြပ်သွားသွားခဲ့သည်။ ယခု ရန်ကိုင်တို့ တစ်ဖွဲ့လုံးကို လူအထပ်ထပ်က ဝိုင်းအုံနေခဲ့လေပြီ။
ထိုချိန်အတောအတွင်း လူထွားကြီးမှာမူ သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း မှုန်ကုတ်နေခဲ့သည်။ သူ့အဖော်ကို ရန်ကိုင်မှ လက်တစ်ချက် ဝှေ့ရမ်းပြီး သတ်လိုက်သည်ကို မြင်သော် သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့၏။
မြို့သခင်စံအိမ်မှ လူတစ်ယောက်ကို တစ်ယောက်ယောက်မှ ရေလှိုင်းပြာမြို့အတွင်း သတ်ရဲလိမ့်မည်ဟု သူတစ်ခါမှ မထင်ထားခဲ့ချေ။
ရုတ်တရက် အလင်းကွယ်သွားသဖြင့် မော့ကြည့်လိုက်ရာ သူ့ရှေ့တည့်တည့်တွင် လက်ပိုက်လျက်သားဖြင့် သူ့အား စိုက်ကြည့်နေသော ရန်ကိုင်ကို တွေ့လိုက်ရသည်။
“ညီငယ်လေး၊ သနားပေးပါကွာ” လူကြီးက ရုတ်တရက် စတင် ဒူးထောက် တောင်းပန်တော့လေသည် “ငါ့ကို ခွင့်လွှတ်ပေးပါ ညီငယ်လေးရာ။ ငါညီငယ်လေးကို ရန်စလိုစိတ် မရှိပါဘူး”
သူ့အသက်နှင့် ယှဉ်လိုက်လျှင် အရှက်တရားဆိုသည်မှာ သူ့အတွက် ဘာမှ မပြောပလောက်တော့ချေ။
ရန်ကိုင်ကို သူစိန်မခေါ်ရဲတော့ချေ။
“မင်းအသက်ရှင်ချင်လား” ရန်ကိုင်က ပြုံးလျက် မေးလိုက်သည်။
ထိုလူကြီး ထပ်တလဲလဲ ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး မတင်းမတာသော မျက်နှာထားဖြင့် “ကောင်းပြီလေ။ အဲ့ဒါဆို ငါမင်းကို မသတ်တော့ဘူး”
“ကျေးဇူးအများကြီး တင်ပါတယ် ညီငယ်လေး၊ ကျေးဇူးအများကြီးတင်ပါတယ်၊ ညီငယ်လေး” ရန်ကိုင်က ခါးသက်စွာ ပြုံးလိုက်သည် “အပြန်အလှန်အနေနဲ့ ညီငယ်လေး ဘာပြန်လိုချင်တာလဲ”
သူမတုံးအချေ။ ရန်ကိုင် သူ့အား လွှတ်ပေးရသည်မှာ သူ့တွင် အကြောင်းအရင်းတစ်ခု ရှိနေပေလိမ့်မည်။
“မြို့သခင် သူ့စံအိမ်မှာရှိလား” ရန်ကိုင်က မေးလိုက်သည်။
“ဟုတ်၊ ရှိပါတယ်”
“ကောင်းပြီလေ။ အဲ့ဒါဆို ရှေ့ကနေ ဦးဆောင်သွားလိုက်” ရန်ကိုင်က လက်ယပ်ပြလိုက်သည်။
“အန်…” လူကြီး မှင်သက်သွားခဲ့ပြီး သူ့အမူအရာလည်း ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့သည်။
“မြန်မြန်” ရန်ကိုင်က ထိုလူကြီးကို ဆောင့်ကန်လိုက်လေသည်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့” လူကြီးလည်း ကပျာကယာ ကန်းထပြီး နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ အလျင်အမြန် ရှေ့မှ ဦးဆောင်သွားလေတော့သည်။
“ဖေးအာ၊ ငါဆီလာခဲ့။ ငါတို့ မြို့သခင်စံအိမ်ဆီသွားပြီး ပြဿနာရှာရအောင်” ရန်ကိုင်က လျူဖေးအာနှင့် အခြားသူများကို လက်ယပ်ခေါ်လိုက်သည်။
“အင်း” ကျန်ဂျူနီယာများလည်း ချက်ချင်း လိုက်သွားကြသည်။
လူအိုကြီးမှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း မှင်သက်နေခဲ့ရာ ရန်ကိုင်နှင့် သူ့မိသားစုဝင်များ ပျောက်ကွယ်သွားသည့် အခါမှသာ အသိပြန်ဝင်လာခဲ့၏။ အသိပြန်ဝင်လာသည်နှင့် ခြေဆောင့်လျက် အမြန် ပြေးလိုက်သွားတော့သည်။
ကြည့်နေသူများကြား အုံ့အုံ့ကျက်ကျက် ဖြစ်နေခဲ့သည်။
ထိုလူငယ်လေးသည် တကယ် သေမည်ကို မကြောက်သည့် လူတစ်ယောက် ဖြစ်သည်။ မြို့သခင်စံအိမ်မှ လူတစ်ယောက်အား သတ်ပြီးသည်ကို ထွက်သွားရန် မကြိုးစားဘဲ မြို့သခင်စံအိမ်ဆီသို့သွားကာ ပြဿနာရှာရန်ပင် ကြိုးစားနေသေး၏။
ထိုကဲ့သို့ အကြောက်အလန့်ကင်းပြီး မဆင်မခြင်နိုင်သည့် လူတစ်ယောက် ဤလောကကြီးတွင် တကယ် ရှိသည်လား။
ထိုလူငယ်လေး မည်သည့်နေရာက ရောက်လာခဲ့သနည်း။ သူ့တွင် အားကိုစရာ ဝှက်ဖဲ တစ်ခုခု ရှိနေသည်လား၊ သို့မဟုတ် အသက်ရှင်ရသည်ကို ငြီးငွေ့နေသည့်အတွက် ယခုကဲ့သို့ ပြဿနာ ရှာခြင်းပေလား။
လူအုပ်ကြီးသည်လည်း သိချင်စိတ်ဖြစ်မိသည့်အတွက် ရန်ကိုင်တို့နောက်မှ လိုက်သွားကြလေသည်။
မကြာမီ ရေလှိုင်းပြာမြို့တော်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်လာပြီး လူတန်းရှည်ကြီးသည် ရန်ကိုင်နောက်မှလိုက်၍ မြို့သခင်စံအိမ်ဆီသို့ ဦးတည်သွားကြလေသည်။
သို့သော်လည်း ထိုလူများသည့် မြို့သခင်စံအိမ်ကို တိုက်ခိုက်ရန် ရောက်လာခြင်း မဟုတ်ဘဲ ပွဲကြည့်ရန်သက်သက် ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်သည်။
ရေလှိုင်းပြာမြို့လယ်ခေါင်တွင်၊ ကျင့်ကြံသူပေါင်းများစွာ စောင့်ကြပ်နေသည့် ကြီးကျယ်ခမ်းနားသော နန်းတော်တစ်လုံး ရှိနေခဲ့သည်။
မြို့ထဲတွင် ဖြစ်ပျက်သွားသော အဖြစ်အပျက်ကြီးနှင့် ပက်သက်သည့် သတင်းများသည် မြို့သခင်စံအိမ်ဆီသို့ ပြန်လည် ရောက်လာခဲ့သည်။ မြို့သခင်လည်း ဒေါသထွက်သွားပြီး သူ့လူများကိုခေါ်ကာ ရန်သူနှင့် ထိပ်တိုက်တွေ့ရန် ထွက်လာခဲ့လေသည်။ မည်သည့် သူတောင်းစားကများ ဝက်ဝံသည်းခြေ၊ ကျားအသည်းကို စားပြီး သူ့အား စိန်ခေါ်ရဲသလဲ ဆိုသည်ကို သိချင်နေမိကြသည်။
ကောင်းကင်တိုက်ပွဲမြို့တော်၏ လက်အောက်ခံမြို့တစ်မြို့ ဖြစ်သဖြင့် ရေလှိုင်းပြာမြို့၏ မြို့သခင်စံအိမ်တွင် ကျင့်ကြံသူများစွာ ရှိပေသည်။ ထို့အပြင် မြို့ထဲရှိ ကိစ္စအဝဝကို ဖြေရှင်းရန်အတွက် ထွက်သွားသော ကျင့်ကြံသူများလည်း ရှိနေပေသေးသည်။
မြို့သခင်နှင့် အဆင့်မြင့် အကြီးအကဲများသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ထိုထဲမှ နှစ်ယောက်သည် တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေကြ၏။
မြို့သခင်တို့ အုပ်စုသည် အတော်လေး အားကောင်းသည့် အဖွဲ့တစ်ဖွဲ့ဟု ပြော၍ ရသည်။
လက်ရှိတွင် မြို့သခင်တန်းယင်သည် မြို့သခင်စံအိမ်ရှေ့တွင် ဒေါသတကြီး အမူအရာဖြင့် ရပ်လျက် သူ့ဆီသို့ တရွေ့ရွေ့ ချဉ်းကပ်လာနေသော လူတန်းရှည်ကြီးကို မျက်လုံးမှေးစဉ်းလျက် စိုက်ကြည့်နေခဲ့သည်။
ယခုတစ်ကြိမ် သူတို့အား ပြဿနာ ရှာသည့်လူသည် ထိုလူငယ်လေးဖြစ်မှန်း မြို့သခင် သိနေသည်။
ထို့အပြင် သူ့လက်အောက်ငယ်သား တစ်ယောက်သည် မျက်နှာသွေးလွှမ်းအောင် ထုထောင်းထားခံရပြီး လမ်းပြတစ်ယောက်အဖြစ် ရှေ့မှ ဦးဆောင်လာနေရ၏။
လူငယ်လေးနောက်မှ လိုက်လာသော လူတန်းရှည်ကြီးကို မြင်လိုက်သည့်နောက် မြို့သခင်နောက်ဘက်တွင် ရှိနေသော ကျင်ကြံသူများဆီမှ တံတွေးမြိုချသံများ ထွက်ပေါ်လာခဲ့သည်။
“လန့်မနေနဲ့” တန်းယင်က အော်ပြောလိုက်သည် “အဲ့လူတွေက ငါတို့ မြို့သခင်စံအိမ်နဲ့ တိုက်ခိုက်ရဲလောက်တဲ့အထိ သတ္တိမရှိဘူး။ သူတို့ဘာသာ ပွဲကြည့်ချင်လို့ သက်သက် လိုက်လာကြတာ။ ငါတို့ လုပ်ဖို့လိုတာဆိုလို့ ရှေ့ဆုံးက လူငယ်လေးကို သတ်ဖို့ပဲ။ ကျန်တဲ့လူတွေ အကုန်လုံး ထွက်ပြေးသွားကြလိမ့်မယ်”
“မြို့သခင်ပြောတာ မှန်တယ်။ လန့်နေစရာမလိုဘူး” အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည့်အခါမှသာ အခြားသူများ စိတ်ငြိမ်သွားခဲ့ကြ၏။
မကြာမီ ရန်ကိုင်နှင့် လူအုပ်ကြီးသည် မြို့သခင်စံအိမ်ရှေ့သို့ ရောက်လာခဲ့သည်။ သို့သော်လည်း သူနှင့် လူအိုကြီးတို့အဖွဲ့မှလွဲ၍ အခြားလူအားလုံးသည် မြို့သခင် စံအိမ်နှင့် မီတာတစ်ထောင်အကွာတွင် ရပ်တန့်လိုက်ကြသည်။
ဤအရာသည် ရေလှိုင်းပြာမြို့တော်၏ စည်းမျဉ်းတစ်ခု ဖြစ်သည်။ မြို့သခင်စံအိမ်၏ မီတာတစ်ထောင်အတွင်းသို့ ဝင်လာသည့်လူ မှန်သမျှ သနားညှာတာခြင်းမရှိ အသတ်ခံရပေမည်။ ပွဲကြည့်ချင်သူများသည် မြို့သခင်စံအိမ်ကိုတော့ ကြောက်နေသေးသည့်အတွက် ရှေ့သို့ အနီးကပ်ကြီး တိုးမလာရဲခြင်း ဖြစ်သည်။
“အဲ့လူက မြို့သခင်လား” ရန်ကိုင်က တန်းယင်ကိုကြည့်၍ ဦးဆောင်လာသည့်လူကို မေးလိုက်သည်။
ထိုလူသည် ရှေ့သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး အသာအယာ ခေါင်းညိတ်လိုက်၏။
“အကြီးအကဲလျို၊ ဘာဖြစ်တာလဲ။ မင်းဘယ်လိုလုပ်ပြီး မြို့သခင်စံအိမ်ဆီကို လူတွေ အများကြီး ခေါ်လာတာလဲ” တန်းယင်သည် လူကြီးအား စိုက်ကြည့်လျက် မေးလိုက်သည်။
ထိုလူကြီးက တန်းယင်အား ကြည့်လိုက်သည်။ ထိုစဉ် သူ့မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ဆုံးဖြတ်ချက် ချလိုက်သည့်နှယ် သူတော်စင်ချီကို လှည့်ပတ်၍ မြို့သခင်ဆီ လျှပ်စီးတန်းတစ်စင်းနှယ် ပြေးထွက်သွားလေသည်။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်သည် ပြုံးရုံလေးသာ ပြုံးလိုက်ပြီး တားရန် မကြိုးစားခဲ့ချေ။
“မြို့သခင်၊ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ” လူကြီးက အော်ပြောလိုက် “လက်အောက်ငယ်သား အဲ့လူတွေကို ခေါ်လာချင်လို့ ခေါ်လာတာ မဟုတ်ဘူး။ ကျုပ်မလုပ်လို့ မဖြစ်လို့သာ ခေါ်လာရတာလဲ”
“ဘယ်သူ မင်းကို လုပ်ခိုင်းတာလဲ” တန်းယင်က အေးစက်စက် လေသံဖြင့် အော်မေးလိုက်သည်။
“အဲ့ကောင်လေးပဲ” လူကြီးက ရန်ကိုင်အား လက်ညိုးထိုးပြလိုက်သည်။ ရန်ကိုင်လက်မှ လွတ်လာပြီးနောက် အန္တရာယ်တွင်းထဲမှ လွတ်သွားသည့်နှယ် ကြောက်လန့်တုန်လှုပ်နေခြင်း မရှိတော့ဘဲ အံကြိတ်၍ သူ့ရင်ထဲတွင် ကိန်းအောင်နေသော ဒေါသများကို ဖွင့်ထုတ်တော့သည် “လက်အောက်ငယ်သားက မြို့သခင်ပြောတဲ့အတိုင်း အကြီးအကဲကျိုးနဲ့ အခွန်တွေ သွားသိမ်းတာ။ ဒါပေမယ့် အဲ့ကောင်လေးက ဘယ်ကမှန်းမသိ ပေါ်လာပြီး ကျုပ်တို့ကို တိုက်ခိုက်ရော။ သူ့ခွန်အားက ပိုမြင့်နေတော့ ကျုပ်ဒဏ်ရာရသွားပြီး အကြီးအကဲကျိုးကတော့ အသတ်ခံလိုက်ရတယ်။ သူကျုပ်တို့ မြို့သခင်စံအိမ်ကို လုံးဝ မျက်လုံးထဲ မထည့်ဘူး။ နောက်ဆုံ အသက်ရှင်ဖို့အတွက် ကျုပ်လည်း သူပြောတဲ့အတိုင်း သူ့ကို မြို့သခင် စံအိမ်ဆီ ခေါ်လာပေးခဲ့ရတာ”
ရန်ကိုင်သည် ထိုလူပြောသည်ကို တည်တည်ငြိမ်ငြိမ်ဖြင့်သာ နားထောင်နေခဲ့သည်။
“ကောင်းတယ်၊ ကောင်းလေ” တန်းယင်က ခေါင်းညိတ်လိုက်သည်။
“သောက်ရူး။ မြို့သခင်နား ရောက်နေလို့ မင်းကိုယ်မင်း လုံခြုံနေပြီ ထင်နေလား။ ငါမင်းကို သတ်ချင်ရင် မြို့သခင်တောင် ဘာမှမတတ်နိုင်ဘူးကွ” ရန်ကိုင်က လှောင်ပြောင်ပြောဆိုလိုက်သည်။
“မင်းဘာစကား ပြောလိုက်တာလဲ” တန်းယင်က ဒေါသတကြီး ပြန်အော်ပြောလေသည် “ကောင်လေး မင်းမောက်မာလွန်းနေပြီ။ ဒီလောကကြီး တစ်ခုလုံး မင်းလက်အောက်မှာ ရှိနေတယ်လို့များ ထင်နေတာလား။ မင်းလုပ်နိုင်တယ် ထင်ရင် လုပ်လိုက်။ ငါရှိနေတာတောင် မင်းအကြီးအကဲလျိုကို ဘယ်လိုသတ်မလဲ ငါမြင်ချင်သေးတယ်”
“ခင်ဗျား ဆန္ဒအတိုင်းပဲပေါ့” ပြောပြီးသွားသည်နှင့် ရန်ကိုင်၏ ဘယ်ဘက်မျက်လုံး ရွှေတောင်တောက်သွားပြီး ကြာဖူးတစ်ဖူး ထွက်ပေါ်လာခဲ့သည်။ ထိုကြာဖူးသည် ရှေ့သို့ ပျံထွက်သွားခဲ့ပြီး ချက်ချင်းဆိုသလို ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းတွင် မြို့သခင်ဘေးနား၌ ရပ်နေသော အကြီးအကဲလျိုသည် သူ့ခေါင်းကို ကိုင်လျက် သွေးရူးသွေးတန် အော်ဟစ်တော့လေသည်။ အလွန်ကိုမှ နာကျင်သည့် နှိပ်စက်မှုကို ခံစားနေရသည့်ပုံပေါက်သော သူ့အော်သံကြောင့် အသံကို ကြားလိုက်သည့်လူတိုင်း ကြောက်လန့်မှုကြောင့် တုန်ရီသွားခဲ့သည်။
ထိုလူ ဘာကြောင့် ထိုကဲ့သို့ ဖြစ်သွားမှန်း မည်သူမှ မသိကြ။
အသက်သုံးရှိုက်စာ ကြာပြီးနောက်တွင် အော်သံတို့ ရပ်တန့်သွားခဲ့သည်။
ထိုလူကြီး၏ ခေါင်းသည်လည်း ဖရဲသီးတစ်လုံးနှယ် ပေါက်ကွဲထွက်သွားခဲ့ပြီး ဦးနှောက်စများ၊ သွေးများ၊ အသားစများ အဘက်ဘက်သို့ ဖြာထွက်လာခဲ့သည်။
အဘက်ဘက်မှ ပင့်သက်ရှိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခိုက် တန်းယင်နှင့် ရေလှိုင်းပြာမြို့တော်မှ ခေါင်းဆောင်များ၏ မျက်နှာများလည်း ဖြူလျော်သွားခဲ့ကြလေသည်။
ရန်ကိုင်နောက်တွင် ရပ်နေသော လျူဖေးအာမှာမူ ထိုမြင်ကွင်းကို ကြောင်၍ ကြည့်နေခဲ့သည်။ ဘာတွေဖြစ်ပျက်နေသလဲ ဆိုသည်ကို ချက်ချင်း နားမလည်ခဲ့ဘဲ ခဏအကြာမှာသာ၊ သူမ၏မျက်နှာလေး ဖြူလျော်သွားပြီး ဘေးဘက်သို့ ပြေးသွားကာ အဆက်မပြတ် ထိုးအန်တော့လေသည်။
“ခင်ဗျားမြင်လိုက်လား” ရန်ကိုင်က တန်းယင်အား အထင်တသေး ကြည့်လိုက်၏။
တန်းယင်မျက်နှာ ဆေးခါးကြီးစားထားရသည့်နှယ် မှုန်ကုတ်နေခဲ့သည်။
ရန်ကိုင် မည်သည့်နည်းလမ်းကို သုံးသွားသလဲ ဆိုသည်ကို သူမသိသော်ငြား တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံခြင်းအရ ထိုလူငယ်လေးသည် အားကောင်းသော ဝိဥာဉ်ပညာရပ် တစ်ခုခုကိုသုံးပြီး အကြီးအကဲလျူကို သတ်သွားခြင်းဖြစ်မှန်းတော့ သူပြောနိုင်သည်။
သို့သော်လည်း အကြီးအကဲလျူ၏ ခေါင်းကို ပေါက်ကွဲထွက်သွားအောင် လုပ်နိုင်ရအောင် ထိုလူငယ်လေး၏ ကောင်းကင်စိတ်အာရုံ မည်သည့် အတိုင်းအတာထိ အားကောင်းနေခဲ့သနည်း။
သူပင်လျှင် ထိုကဲ့သို့ မလုပ်နိုင်ချေ။
ထိုလူငယ်လေးသည် ပေါ့သေးသေးကောင်လေးတစ်ယောက် မဟုတ်ဘဲ တကယ်ကို အားကောင်းသည့် ရန်သူတစ်ယောက် ဖြစ်သည်။
တန်းယင် ရန်ကိုင်အား လုံးဝ အထင်မသေးရဲတော့ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၃၈)
“မင်းဘာလို့ ငါတို့ လေလှိုင်းပြာမြို့တော်ကို ပြဿနာ လာရှာရတာလဲ” တန်းယင်က အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
“အဲ့ဒါ အရေးကြီးလို့လား” ရန်ကိုင်၏ နှုတ်ခမ်းအစုံ တွန့်ကွေးသွားသည်။
တန်းယင် မျက်မှောင်ကြုတ်သွားခဲ့ပြီး “ဒီမြို့သခင်နဲ့ မင်းနဲ့က တစ်ခါမှ တွေ့ဖူးတာ မဟုတ်ဘူး။ အဲ့ဒါကို မင်းက ငါ့လက်အောက်ငယ်သား နှစ်ယောက်ကို သတ်လိုက်တယ် ဆိုတော့ မင်းအရမ်း မလွန်လွန်းနေဘူးလား”
ရန်ကိုင်၏ ခွန်အားသည် သူအလွယ်တကူ အနိုင်ယူနိုင်သည့် ခွန်အားမျိုး မဟုတ်သည့် အတွက် ရန်ကိုင်အား အလျင်စလို မတိုက်ရဲသေးခြင်း ဖြစ်သည်။
ထို့အပြင် ထိုမျှ အသက်ငယ်ငယ်လေးမျှ အားကောင်းနေပုံထောက်လျှင် သူ့၌ အားကောင်းသော နေက်ခံတစ်ခုခု ရှိရပေလိမ့်မည်။ ရန်ကိုင်၏ ကျောက်ထောက်နောက်ခံ မည်သူမှ မသိရသေးခင် အချိန်ထိ သူမလှုပ်ရှားချင်သေးပေ။
“လွန်တာလား” ရန်ကိုင်က သွားပေါ်အောင် ပြုံးဖြီးလိုက်ပြီး “ဘာလို့ လွန်ရမှာလဲ။ ကျုပ်ဒီနေ့ ဒီကိုလာတာ အကြီးအကဲနှစ်ယောက်ကို သတ်ဖို့တင်မဟုတ်ဘူး။ ခင်ဗျားတို့ အားလုံးကို သတ်ဖို့ လာခဲ့တာ”
မြို့သခင်စံအိမ်တွင် ရှိနေသူအားလုံး၏ ကျောပြင်တစ်ခုလုံး ချမ်းစိမ့်သွားခဲ့သည်။
တန်းယင်မျက်နှာ အရုပ်ဆိုးသွားခဲ့ပြီးနောက် ရုတ်တရက် ဝါးလုံးကွဲ အော်ဟစ်ရယ်မောလျက် “စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ။ ဒီလောက် စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးမျိုး ဒီမြို့သခင် တစ်ခါမှ မတွေ့ဖူးဘူး။ ကောင်းတယ်။ ငါ့စေတနာကို တန်ဖိုးမထားတတ်မှတော့ ဒီမြို့သခင်ကို မယဉ်ကျေးလို့ဆိုပြီး အပြစ်မတင်နဲ့တော့ပေါ့ကွာ။ သူ့ကိုသတ်”
ရန်ကိုင်သည် သူ့မျက်နှာကိုမှမထောက်၊ ယခုလို ပြောလာခဲ့လေရာ တန်းယင်လည်း ငြိမ်ခံနေစရာအကြောင်း မရှိတော့ချေ။
သူ့အကြီးအကဲနှစ်ယောက် အသတ်ခံလိုက်ရသည့် ကိစ္စကို လျော်ပေးလိုက်ရမည် ဆိုလျှင် သူမျက်နှာပျက်ရမည် ဖြစ်သလို သူ့ဩဇာအာဏာအပေါ်လည်း အခြားသူများ မေးခါန်းထုတ်လာနိုင်သည်။
ထိုလူငယ်လေးတွင် မည်သည့် နောက်ခံရှိပါစေ သူ့နောက်ခံထက်တော့ ပိုမကြီးမားနိုင်ချေ။ ထို့ကြောင့် တန်းယင်သည် ဘာကိုမှ စဉ်းစားမနေတော့ဘဲ ရန်ကိုင်ကိုသတ်ရန် သူ့လူများကို အမိန့်ပေးလိုက်လေတော့သည်။
မြို့သခင်မှ အမိန့်ပေးလိုက်သည်နှင့် ကျင့်ကြံသူများစွာသည် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကုန်ကြလေသည်။
အကြီးအကဲလျူ၏ သေဆုံးမှုကြောင့် သူတို့ ထိတ်လန့်သွားခဲ့ကြသော်ငြား ရန်ကိုင်သည် တစ်ယောက်တည်းဖြစ်ပြီး သူတို့ဘက်က လူအင်အား ပိုများသည်။ လျူဖေးအာတို့ကိုမူကား သူတို့ မျက်လုံးထဲပင် မထည့်ချေ။
သူတို့ လူအရေအတွက်ဖြင့် ရန်ကိုင်ကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့် ရှိပေသည်။
ရန်ကိုင်ဆီသို့ တိုးဝင်လာနေသော လူများဆီမှ ထွက်ပေါ်လာနေသော သိုင်းပညာရပ်များ၊ တိုက်ကွက်များကို မြင်လိုက်သော် လျူဖေးအားနှင့် အခြားသူများ အားလုံး၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့သည်။
ရန်ကိုင်ကမူ လှုပ်ပင်မလှုပ်၊ ပြုံးပင် ပြုံးနေလိုက်သေး၏။
သူ့လက်ကို ရှေ့သို့ ဆန့်ထုတ်လျက် ခရမ်းရောင်ဒိုင်းကို ဆင့်ခေါ်လိုက်သည်။
မူလက လက်ဆေးဇလုံ အရွယ်အစားလောက်သာ ရှိသော ဒိုင်းသည် မီတာပေါင်း များစွာ အချင်းရှိသော အရွယ်အစားအထိသို့ တဖြည်းဖြည်း ကြီးမားလာခဲ့သည်။
တိုက်ခိုက်မှုအားလုံးသည် ထိုဒိုင်းပေါ်သို့ ကျရောက်သွားခဲ့သည်။
ပေါက်ကွဲသံများစွာ ထွက်ပေါ်လာခဲ့သော်ငြား ရန်ကိုင်သည် အကောင်းအတိုင်း ရှိနေသေးဆဲ။
“တန်ခိုးရှင်အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခုလား” ထိုဒိင်းကိုမြင်သော် တန်းယင်မျက်လုံး မှေးစဉ်းသွားခဲ့ပြီး သူ့မျက်လုံးထဲ လောဘအရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။
တန်ခိုးရှင်အထွဋ်အထိပ်အဆင့် မှော်ရတနာများသည် အရိပ်ကြယ်ပေါ်၌ အလွန်ကိုမှ ရှားပါးလှပေသည်။ ဤကဲ့သို့သော အကာအကွယ် မှော်ရတနာမျိုးဆိုလျှင် ပို၍ပင် ရှားပါးသေးသည်။
ရန်ကိုင်တွင် အားကောင်းသော နောက်ခံတစ်ခုခု ရှိနေလိမ့်မည်ဟူသာ သူ၏ အထင်ကို တန်းယင် ပို၍ ယုံကြည်မိသွားခဲ့သည်။ မဟုတ်လျှင် သူ့တွင် ဘာကြောင့် ထိုကဲ့သို့ မှော်ရတနာမျိုး ရှိနေနိုင်မည်နည်း။
ရုတ်တရက် ဒိုင်းကာ၏ နောက်ကွယ်မှ မြောက်မြားလှစွာသော ရွှေရောင်အမျှင်တန်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တစ်ရာနီးပါးရှိသော ရုတ်တရက် ထွက်ပေါ်လာသည့် ရွှေရောင်အမျှင်တန်းများကြောင့် အကုန်လုံး တုန်လှုပ်ချောက်ခြားကုန်ကြလေသည်။
ထိုရွှေရောင်အမျှင်တန်းများသည် အသက်ရှိနေသည့်နှယ်။
ရွှေရောင်အမျှင်တန်းများသည် လေထဲတွင် ကူးလူးသွားလာလျက် တစ်ယောက်ပြီး တစ်ယောက်ကို ဖြတ်တောက်နေခဲ့သည်။
မည်သည့် ကျင့်ကြံသူမှ ထိုရွှေရောင်အမျှင်တန်းလေးများကို မခုခံနိုင်ခဲ့။ သူတို့ ခန္ဓာကိုယ်ပတ်လည်တွင် ကာရံထားသော သူတော်စင်ချီ အကာအကွယ်သည်လည်း ရွှေရောင်အမျှင်တန်းများရှေ့တွင် စက္ကူဖြူတစ်ရွက်နှယ် ပြတ်တောက်သွားကြကုန်၏။
သာမန် အကာအကွယ် မှော်ရဝနာများပင် ရွှေရောင်အမျှင်တန်းများကို ခုခံနိုင်ခဲ့ခြင်း မရှိဘဲ အပိုင်းလိုက် ပြတ်ထွက်ကုန်ကြသည်။
ထိုသို့ဖြင့် အော်ဟစ်သံများစွာ ထွက်ပေါ်လာခဲ့လေသည်။
သွေးများ ပန်းထွက်လာပြီး ခြေပြတ်လက်ပြတ်များ၊ အသားစများ နေရာအနှံ့ ပြန့်ကျဲကုန်ကြသည်။ ဦးခေါင်းပြတ်များသည်လည်း လေထဲသို့ တစ်လုံးပြီးတစ်လုံး လွင့်ပျံထွက်လာပြီး အလောင်းများ တောင်နှယ် ပုံထပ်လာခဲ့သည်။
မြို့သခင်စံအိမ်မှ ကျင့်ကြံသူများအားလုံး ကြောက်လန့်တကြား အော်ဟစ်နေကြသည်။ ကံကောင်းစွာဖြင့် အသက်ရှင်ကျန်ရစ်နေသော လူများမှာမူ ထိုမြင်ကွင်းကို မြင်ပြီးနောက် ရန်ကိုင်လက်မှ အလျင်စလို ထွက်ပြေးရန် ကြိုးစားကြတော့သည်။
“ထွက်ပြေးချင်တာလား။ လာပြီးမှတော့ ဘာလို့ ထွက်ပြေးချင်နေသေးတာလဲကွ။” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး ကောင်းကင်စိတ်အာရုံဖြင့် ရွှေရောင်သွေးမျှင်များကို ထိန်းချုပ်လျက် ထွက်ပြေးနေသော ကျင့်ကြံသူများကို လိုက်လံ တိုက်ခိုက်လိုက်လေသည်။
လက်ရှိ ရန်ကိုင်သည် သွေးဆာနေသော နတ်ဆိုးတစ်ကောင်နှယ်။
ကြည့်နေသူများမှာမူ တလက်လက် တောက်ပနေသော ရွှေရောင်အလင်းတန်းများနှင့် ကြောက်လန့်တကြား အော်ဟစ်သံများကိုသာ ကြားနေရပြီး တိုက်ပွဲအတွင်း ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုသည်ကိုမူ ပညာရှင် အနည်းငယ်သာ မြင်နိုင်ကြလေသည်။
“ကောင်းကင်တိုက်ပွဲ အစည်းအရုံးကို မြန်မြန် သတင်းပို့ပြီး မြို့သခင်လျန်ကို အကူအညီ သွားတောင်” ဘေးဘက်မှ ကြည့်နေသော တန်းယင်သည် ရန်ကိုင်၏ စွမ်းအားကို မြင်သော် မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့သည်။ သူကိုယ်တိုင် ဝင်ပါလျှင်ပင် ထိုလူငယ်လေး၏ ပြိုင်ဘက် မဖြစ်နိုင်လောက်ဟု ခံစားမိနေသဖြင့် ဝင်မပါတော့ဘဲ အကူအညီတောင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သူ့ဘေးဘက်တွင် ရှိနေသော လူသည်လည်း တုန့်ဆိုင်းခြင်းမရှိ မြို့သခင်စံအိမ်ထဲသို့ ဝင်ပြေးသွားလေသည်။
ကြောက်လန့်တကြား အော်ဟစ်သံများသည် အချိန်ကြာလာသည့်အခါ တဖြည်းဖြည်း ကျဲပါးပျောက်ကွယ်လာခဲ့ပြီး နောက်ဆုံးတွင် တိုက်ပွဲကွင်းပြင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
ရွှေရောင်အမျှင်တန်းများ ပျောက်ကွယ်သွားသည့် အခါမှသာ အခြားသူများ မြို့သခင်စံအိမ် အနီးတစ်ဝိုက်ကို ပြန်မြင်လာရသည်။
သူတို့မျက်စိရှေ့ရှိ အခြေအနေကို မြင်ပြီးနောက် အကုန်လုံး တုန်ရီသွားကုန်ကြ၏။
ရန်ကိုင်ကို ဗဟိုပြု၍ သူ့ပတ်ပတ်လည် မီတာတစ်ရာဝန်းကျင်တွင် အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မှပင် မရှိတော့။ သူ့ကို တိုက်ခိုက်ရန် သူ့ဆီသို့ ပြေးဝင်လာခဲ့ကြသော ကျင့်ကြံသူအားလုံး သေသွားကုန်ကြလေပြီ။
ထိုသွေးသံတရဲရဲ မြင်ကွင်းသည် အလွန်ကိုမှ ရင်ထိတ်ဖွယ်ကောင်းလှပြီး ထောင်းခဲနဲ ထွက်လာသော သွေးနံ့များကြောင့် မခံနိုင်သူများ အော့အန်ကုန်ကြလေသည်။
မိုင်တစ်ထောင်အဝေးမှ ကြည့်နေကြသော လူအုပ်ကြီးသည်လည်း မှင်သက်နေခဲ့၏။
အချို့ဆိုလျှင် မသေချာမှာစိုး၍ သူတို့၏ မျက်လုံးများကို ပွတ်၍ပင် သေချာ ပြန်ကြည့်နေခဲ့ကြသည်။
ရန်ကိုင်နှင့် အတူပါလာသော လျူဖေးအာတို့ အဖွဲ့သည်လည်း ရန်ကိုင်အား ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြသည်။
လျူဖေးအား၏ ခန္ဓာကိုယ်လေးသည် ကြောက်ရွံ့မှုတစ်ဝက်၊ စိတ်လှုပ်ရှားမှု တစ်ဝက်ကြောင့် တုန်ရီနေခဲ့သည်။
အစောပိုင်းက ရန်ကိုင်သည် မြို့သခင်စံအိမ်ကို ပြဿနာသွားရှာမည်ဟု ပြောလျက် သူမအား ခေါ်လာခဲသည်။ သူမလည်း အလျင်စလို သဘောတူလိုက်သည်။ သို့သော် သူပြောသည့်အတိုင်း အမှန်တကယ် လုပ်ပြလိမ့်မည်ဟု သူမ မည်ကဲ့သို့ ထင်ထားပါမည်နည်း။ ရန်ကိုင်သည် သူတစ်ယောက်တည်းနှင့်ပင် မြို့သခင်စံအိမ် တစ်ခုလုံးကို ဖျက်စီးပစ်နိုင်ပေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးသည် သုဿန်တစပြင်နှယ် တိတ်ဆိတ်နေခဲ့ပြီး တလျင်လျင် တိုက်ခတ်နေသော လေညင်းသည် သွေးနံ့များကို ရေလှိုင်းပြာမြို့အနှံ့ဆီသို့ သယ်သူ ဖြန့်ကျက် ပို့ဆောင်ပေးနေခဲ့သည်။
တန်းယင်နှင့် ရေလှိုင်းပြာမြို့၏ အခြားခေါင်းဆောင်များသည်လည်း ထိုမြင်ကွင်းကို မြင်ပြီးနောက် ဖင်ထိုင်လျက် လဲကျလုမတတ် ဖြစ်သွားကုန်ကြသည်။
“သူ့တို့ အားလုံးကိုသတ်”
“သူတို့အားလုံးကိုသတ်”
“မင်းတော်တယ်ညီလေး၊ အဲ့လူတွေကို တစ်ယောက်မှ အရှင်မထားနဲ့။ အကုန်သတ်ပစ်”
ရုတ်တရက် လူအုပ်ကြီးဆီမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
တစ်ယောက်မှ စအော်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ယောက်ပြီး တစ်ယောက် စတင် အော်ဟစ်ကြတော့လေသည်။
လွန်ခဲ့သော နှစ်များစွာအတွင်း ရေလှိုင်းပြာမြို့တော်ရှိ ကျင့်ကြံသူများသည် အလွန်ကိုမှ စိတ်ညစ်ဖွယ်ရာကောင်းလှသည့် ဘဝတွင် နေခဲ့ကြရသည်။ မြို့သခင်စံအိမ်မှ လူများ၏ အနိုင်ကျင့်စော်ကားခြင်းကို ခံခဲ့ရရုံမက သူတို့၏ အဖိုးတန်ပစ္စည်းများလည်း မတရားသဖြင့် လုယူခြင်း ခံခဲ့ရသည်။ မြို့ထဲမှ ထွက်သွားချင်သည် ဆိုလျှင်ပင် သူတို့အား ထွက်သွားခွင့် မပေးခဲ့ပေ။
လူပေါင်းများစွာ အသတ်ခံခဲ့ရပြီး မိသားစုငယ်များစွာ ပျက်စီးခဲ့ရသည်၊။ ငယ်ရွယ်ပြီး လှပသော မိန်းမလှလေးများ၏ ဘဝမှာမူ မြို့သခင်စံအိမ်မှ ကျင့်ကြံသူများ၏ လက်တွင်းသို့ သက်ဆင်းသွားခဲ့ရပြီး အစော်ကားခံခဲ့ရသည်။
သူတို့ သည်းခံလာခဲ့သည်မှာ အတော်လေး များနေခဲ့လေပြီ။
ရေလှိုင်းပြာမြို့တော်၏ မြို့သခင်စံအိမ်လောက်ကို သူတို့ မကြောက်သော်ငြား အထက်စကြာဝဠာဂိုဏ်းကိုတော့ သူတို့ ကြောက်သည်။
လွန်ခဲ့သော သုံးနှစ်ခန့်က၊ အရိပ်ကြယ်ပေါ်တွင် ကြယ်ဧကရာဇ်တောင်၊ မိုးကြိုးမုန်တိုင်းဂိုဏ်းနှင့် ကောင်းကင်တိုက်ပွဲအစည်းအရုံး ဟူသော ထိပ်သီး အင်အားစုကြီးသုံးခု ရှိခဲ့သည်။ သို့သော်လည်း ထိုအင်အားစုသုံးခုစလုံး အထက်စကြာဝဠာဂိုဏ်း၏ ဖျက်စီးခြင်း ခံခဲ့ရလေသည်။ လက်ရှိတွင် အထက်စကြာဝဠာဂိုဏ်းသည် အရိပ်ကြယ်ပေါ်၌ အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေခဲ့လေပြီ။
ရေလှိုင်းပြာမြို့တော်တွင် အထက်စကြာဝဠာဂိုဏ်း ရှိနေသည့်အတွက် မြို့တွင်းရှိ ကျင့်ကြံသူများသည် ရေလှိုင်းပြာမြို့၏ မြို့သခင်စံအိမ်ကို မကျေနပ်လျှင် ဘာမှ ပြန်မလုပ်ရဲချေ၊။
ထို့အတွက်ကြောင့် သူတို့ ခံစားခဲ့ရသော အမုန်းတရား၊ ဒေါသတရားတို့သည် သူတို့၏ ရင်ထဲ၌ အချိန်အတော်ကြာအောင် အမြစ်တွယ်လာခဲ့သည်။
ယနေ့အဖြစ်အပျက်ကို မြင်ပြီးနောက် အကုန်လုံး သူတို့ ရင်ထဲရှိ မကျေနပ်ချက်များကို ဆက်လက် ချုပ်တည်းမထားနိုင်တော့ဘဲ အော်ဟစ် ဖောက်ထုတ်ကုန်ကြလေသည်။
တစ်ယောက်ယောက်ဆိုလျှင် ရှေ့သို့ တက်လာခဲ့ပြီး ရန်ကိုင်နောက်တွင် ရပ်လျက် တန်းယင်နှင့် အခြားမြို့သခင်ခေါင်းဆောင်များကို စူးရဲစွာပင် စိုက်ကြည့်လိုက်သေး၏။
တစ်ယောက်မှ အစပြုလိုက်သည်နှင့် ကျန်လူများသည်လည်း ထိုလူအတိုင်း လိုက်လုပ်ကုန်ကြလေသည်။
မြို့သခင်စံအိမ် မီတာတစ်ထောင်အတွင်းသို့ ချဉ်းကပ်လာသူတိုင်း သနားညှာတာခြင်း မရှိ အသတ်ခံရမည်ဟူသော စည်းမျဉ်းကြီး ရုတ်ချည်း ပျက်စီးသွားခဲ့သည်။
သူ့အမိန့်ကို တစ်ခါမှ မဖီဆန်ရဲခဲ့သော ထိုလူများ သူ့အား ဆန့်ကျင့်ပုန်ကန်တော့မည်ကို မြင်သော် တန်းယင်၏ ခြေထောက်များ ကြောက်လန့်မှုကြောင့် တုန်ရီလာခဲ့သည်။
“မြို့သခင် ဟုတ်တယ်မလား။ ခင်ဗျား ကိုယ့်ဘာသာ သက်သေမှာလား။ ကျုပ်ကိုယ်တိုင် လုပ်ပေးရမှာလဲ။ ကျုပ်အရင် ပြောထားလိုက်မယ်။ ကျုပ်ကိုယ်တိုင် လုပ်ရမယ်ဆိုရင်တော့ ခင်ဗျား ငြိမ်းငြိမ်းချမ်းချမ်း သေခွင့်ရမှာ မဟုတ်ဘူးနော်” ရန်ကိုင်က တန်းယင်အား လှောင်ပြုံးပြုံးကြည့်လျက် ပြောလိုက်သည်။
တန်းယင်သည် ထိတ်လန့်သွားခြင်း မရှိသည့်ပုံစံမျိုးဖြင့် စိတ်ကိုတင်းလျက် ပြန်အော်ပြောလေသည် “ကောင်လေး၊ မင်းဒီနေ့ ဘယ်သူ့ကို ရန်စမိလိုက်လဲ မင်းသိလား။ ငါက ကောင်းကင်တိုက်ပွဲမြို့တော် မြို့သခင် လျန်ရုန်ရဲ့ လက်အောက်ငယ်သားပဲကွ။ ငါတို့ ရေလှိုင်းပြာမြို့က အထက်စကြာဝဠာဂိုဏ်းရဲ့ စီမံကွပ်ကဲမှုအောက်မှာ ရှိနေတာ။ မင်းနောက်ခံကြီး ဘာဖြစ်ဖြစ်၊ ဒီနေ့ မင်းငါတို့ ရေလှိုင်းပြာမြို့တော်ကို ရန်စလိုက်မှတော့ မင်းသေဖို့သာ ပြင်ထားပေတော့။ မင်းအတွက် ဘာအကောင်းဆုံးလဲသိရင် မြန်မြန် ထွက်သွားလိုက်တော့။ အဲ့ဒါဆို ဒီမြို့သခင် မင်းအပြစ်တွေကို ခွင့်လွှတ်ပေးလိုက်မယ်”
“အထက်စကြာဝဠာဂိုဏ်း” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “အထက်စကြာဝဠာဂိုဏ်းကို သိက္ခာချဖို့ လုပ်မနေနဲ့။ အထက်စကြာဝဠာဂိုဏ်းက ဘယ်တော့မှ ဒီလိုအလုပ်မျိုး လုပ်မှာ မဟုတ်ဘူး”
“မင်းငါ့ကို မယုံဘူးပေါ့” တန်းယင်က အံကြိတ်၍ ပြောလိုက်သည်။
“ဘာလို့ ယုံရမှာလဲ” ရန်ကိုင်က ပြန်လှောင်ပြောင်လိုက်သည်။
“အထက်စကြာဝဠာဂိုဏ်းကို ဘယ်ကောင် ရန်စရဲတာလဲကွ” မြို့သခင်စံအိမ်ထဲမှ ဒေါသတကြီးအော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည် “ကောင်းကင်တိုက်ပွဲအစည်းအရုံးနဲ့ မိုးကြိုးမုန်တိုင်းဂိုဏ်း အဖြစ်အပျက်ကို သင်ခန်းစာမယူဘဲ ဘယ်ကောင်က ငါတို့ အထက်စကြာဝဠာဂိုဏ်းကို ရန်စရဲတာလဲ”
ထိုအသံကို ကြားလိုက်သော် ထိတ်လန့်တုန်လှုပ်နေသော တန်းယင် ပျော်သွားခဲ့ပြီး ချက်ချင်း မြို့သခင်စံအိမ်ဘက်သို့ လှည့်လိုက်လေသည်။ ရေနေနေသူ အသက်ကယ် ကောက်ရိုးမျှင်တစ်မျှင်ကို တွေ့လိုက်ရသည့်နှယ် သူ့ရင်ထဲ ခံစားနေရသည် ပူပန်သောကတို့ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင် မျက်လုံးထဲ ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး အသစ်ရောက်လာသည့်လူအား လှမ်းကြည့်လိုက်သည်။
ခဏအကြာတွင် လူတစ်ယောက် မြို့သခင်စံအိမ်ထဲမှ ဟိတ်ကြီးဟန်ကြီးဖြင့် ထွက်လာခဲ့သည်။
သူနှင့်အတူ တန်ခိုးရှင်အဆင့် ပညာရှင်များစွာလည်း ပါလာခဲ့သည်။
“တန်းယင် မြို့သခင်လျန်ရုန်ကို နှုတ်ဆက်ပါတယ်” တန်းယင်က အလျင်စလို လက်သီးဆုပ်နှုတ်ဆက်၍ ဦးညွှတ်လိုက်သည်။
လျန်ရုန်ရောက်လာမှဖြင့် သူအသက်ချမ်းသာရာ ရလေပြီ။
ကောင်းကင်တိုက်ပွဲမြို့တော်မှ ပညာရှင်များသည် ရေလှိုင်းပြာမြို့တော်မှ ပညာရှင်များထက် အများကြီး ပိုအားကောင်းပေသည်။ ထိုကောင်းလေး အားကောင်းသည် ဆိုလျှင်ပင် ကောင်းကင်တိုက်ပွဲမြို့တော်၏ မြို့သခင် ရှေ့မှောက်တွင်တော့ ဒူးထောက်၍ အရှုံးသာ ပေးရပေလိမ့်မည်။
“အင်း” လျန်ရုန်က အသာအယာ ခေါင်းညိတ်လိုက်ပြီး တန်းယင်ကို ကြည့်၍ အေးစက်စက် လေသံဖြင့် “လူတစ်ယောက်တည်းကိုတောင် ငါ့အကူအညီ လှမ်းခေါ်ရတယ်လို့ မြို့သခင်ဖြစ်ပြီး သောက်သုံးမကျလိုက်တာ”
“ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ မြို့သခင်လျန်” တန်းယင် နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့ပြီး “အဲ့ကောင်လေးက တကယ်ကို အားကောင်းလို့ပါ။ ကျုပ်လက်အောက်ငယ်သားတွေ အကုန်လုံး ဝိုင်းတိုက်တာတောင် ဘာမှမဖြစ်ဘဲ ကျုပ်လက်အောက်ငယ်သားတွေပဲ ပြန်အသတ်ခံလိုက်ရတယ်။ ကျေးဇူးပြုပြီး ကျုပ်တို့အတွက် တရားမျှတမှု ရှာဖွေပေးပါ မြို့သခင်လျန်”
“ငါကိုယ်တိုင် ရောက်လာမှတော့ ဒီကိစ္စကို ငြိမ်ကြည့်နေတော့မှာ။ ပြော၊ ဘယ်ကောင် ငါ့အထက်စကြာဝဠာဂိုဏ်းကို ပြဿနာရှာနေတာလဲ” လျန်ရုန်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၃၉)
“အဲ့ကောင်လေးပါ မြို့သခင်” လျန်ရုန်၏ အမေးကိုကြားသော် တန်းယင်သည် ရန်ကိုင်အား လက်ညိုးထိုးညွှန်ပြ၍ အံကြိတ်ကာ ပြောလိုက်သည် “အထက်စကြာဝဠာဂိုဏ်းကို လုံးဝ မျက်လုံးထဲမထည့်ဘဲ ကျုပ်တို့ ရေလှိုင်းပြာမြို့က တပည့်တွေကို ရက်ရက်စက်စက် သတ်သွားတာပါ။ ရေလှိုင်းပြာမြို့တော်က အထက်စကြာဝဠာဂိုဏ်းရဲ့ လက်အောက်မှာ ရှိတယ်လို့ ပြောနေတာတောင် လုံးဝ ဂရုမစိုက်ပါဘူး။ ကျုပ်လက်အောက်ငယ်သားတွေကို သူသတ်ချင်သလို သတ်ခဲ့တာပါ။ ကျေးဇူးပြုပြီး သူ့ကို သင်ခန်းစာပေးပေးပါ မြို့သခင်လျန်ရုန်”
ပြောပြီးသည့်နောက် တန်းယင်သည် ရန်ကိုင်အား မင်းဘာတတ်နိုင်သေးလဲ ဆိုသည့် အကြည့်မျိုးဖြင့် လှည့်ကြည့်လိုက်သည်။
ရန်ကိုင် ဒူးထောက်ပြီး အသက်ချမ်းသာပေးရန် တောင်းဆိုနေသည်ကို သူ့စိတ်ထဲ မြင်ယောင်ကြည့်နေမိလေပြီ။
သို့သော်လည်း ရန်ကိုင်ကမူ နည်းနည်းလေးမှ ကြောက်လန့်မသွား။ လက်ပိုက်၍ လှောင်ပြုံးပြုံးလျက်သာ လျန်ရုန်အား တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်၍ စိုက်ကြည့်နေခဲ့သည်။
ဒီကောင့်သတ္တိက မသေးပါလား။ မြို့သခင်လျန် ရောက်နေတာတောင် ဇက မပျောက်သေးဘူး တန်းယင်စိတ်ထဲ အလိုလို တွေးမိလိုက်သည်။
သို့သော်လည်း သူထိုကဲ့သို့ မာနတကြီး လုပ်နေလျှင် မြို့သခင်လျန် ပို၍ ဒေါသထွက်သွားရုံသာ ရှိပေလိမ့်မည်။
တန်းယင်လည်း မြို့သခင်လျန်ရုန်ဆီ တစ်ချက်လှမ်းကြည့်လိုက်ရာ မြို့သခင်လျန်သည် ရန်ကိုင်ဆီသို့ အလျင်အမြန် လမ်းလျှောက်သွားနေသည်ကို တွေ့လိုက်ရလေသည်။
ထိုမြင်ကွင်းကိုမြင်သော် ထိုကောင်လေးတော့ သမခံရတော့မှာဘဲဟု တွေးလျက် တန်းယင် အပြုံးကြီး ပြုံးမိသွားလေသည်။
လျူဖေးအာနှင့် အခြားသူများသည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း ရင်ထဲ ထိတ်လန့်လာမိကြသည်။
ရန်ကိုင်အား အားပေးအားထောက်ပြုနေသော ကျင့်ကြံသူများသည် လျန်ရုန် မည်မျှ ဒေါသထွက်နေသလဲ ဆိုသည်ကို မြင်ပြီးနောက်တွင် နောက်သို့ အလိုလို ပြန်ဆုတ်သွားခဲ့ကြလေသည်။ အချို့ဆိုလျှင် အလောတကြီး လှုပ်ရှားမိသည်ကိုပင် နောင်တရနေခဲ့ကြလေပြီ။
အကုန်လုံးသည် ယခင်က လျန်ရုန်၏ နာမည်ကို ကြားဖူးထားကြသူများ ဖြစ်သည်။
ကောင်းကင်တိုက်ပွဲအစည်းအရုံး ဖျက်စီးခံလိုက်ရသည့် အချိန်မှစ၍ လျန်ရုန်သည် ကောင်းကင်တိုက်ပွဲမြို့တော်၏ မြို့သခင် ဖြစ်လာခဲ့သည်။
အထက်စကြာဝဠာဂိုဏ်းသည် လွန်ခဲ့သောနှစ်များအတွင် အလွန်ကိုမှ နာမည်ကျော်ကြားလာခဲ့သော်လည်း နှိမ့်နှိမ့်ချချနှင့် နေထိုင်နေကြဆဲပင်။ အပြင်လောကကြီးတွင် အထက်စကြာဝဠာဂိုဏ်းသား တစ်ယောက် ပေါ်လာသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။ ထို့ကြောင့် လျန်ရုန်သည် အထက်စကြာဝဠာဂိုဏ်း၏ ကိုယ်စားပြုတစ်ယောက်လိုလို ဖြစ်လာခဲ့သည်။
ယခု သူဤနေရာသို့ ရောက်နေခဲ့လေပြီ။ သူ့ခွန်အား မည်သို့ပင် ဖြစ်နေစေကာမူ လျန်ရုန်သည် အထက်စကြာဝဠာဂိုဏ်းကို ကိုယ်စားပြုပေသည်။
လျန်ရုန်သည် သာမန် သေမျိုးတစ်ယောက် ဖြစ်နေလျှင်ပင် မည်သူမှ သူ့အား တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ချေ။ တန်ခိုးရှင် အထွဋ်အထိပ်အဆင့်သို့ ရောက်နေသော လျန်ရုန်ဆိုလျှင်တော့ ပိုဆိုးပေါ့။ လျန်ရုန်သည် တန်းယင်ထက် အများကြီး ပိုအားကောင်းပေသည်။
ထိုကောင်လေးတော့ သွားပေပြီ… လူတိုင်းလိုလို ထိုကဲ့သို့ တွေးလိုက်ကြသည်။
လူများစွာသည် ရန်ကိုင်အား သနားအကြည့်ဖြင့် ကြည့်လိုက်ကြသည်။ ထိုကောင်လေး၏ နောက်ခံ မည်မျှပင် အားကောင်းစေကာမူ သူယနေ့ သေသွားခဲ့လျှင် မည်သူမှ သူ့အတွက် ပြန်လက်စားချေပေးလိမ့်မည် မဟုတ်ချေ။
ရန်ကိုင်နှင့် မီတာတစ်ရာအကွာသို့ ရောက်သော် လျန်ရုန်က ရုတ်တရက် ဒူးတစ်ဖက်ထောက်လျက် ခေါင်းကိုနှိမ့်ကာ “လက်အောက်ငယ်သားလျန်ရုန် ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
ရန်ကိုင်ကမူ လှောင်ပြုံးပြုံးလျက် လျန်ရုန်ကို စိုက်ကြည့်နေဆဲ။
အခြားသူများ အားလုံးမှာတော့ မျက်လုံးပြူးနေကုန်ကြလေပြီ။
သူတို့များ အမြင်မှားနေသလား၊ ပုံရိပ်ယောင်တစ်ခုခုထဲများ ကျရောက်သွားသလားဟု တွေးလျက် အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်နေကုန်ကြသည်။
တန်းယင်သည်လည်း လျန်ရုန်အား ကြောင်ကြည့်နေမိသည်။
ရုတ်တရက် လျန်ရုန်၏ နဖူးထက်တွင် ချွေးသီးချွေးပေါက်များ ဝေ့သီလာသည်ကို သူသတိပြုမိလိုက်သည်။
တန်းယင်ခန္ဓာကိုယ် တုန်ခါသွားခဲ့ပြီး သူယခင်က ကြားဖူးခဲ့သော အကြောင်းအရာ အချို့ကို ရုတ်တရက် ပြန်မှတ်မိလိုက်သည်။
အထက်စကြာဝဠာဂိုဏ်း၏ ဂိုဏ်းချုပ်သည် လူငယ်လေးတစ်ယောက် ဖြစ်ပြီး ထိုလူငယ်လေးသည် သူတို့ မြို့သခင်စံအိမ်ကို လာပြဿနာရှာသည် လူငယ်လေးနှင့် အတော်လေးကို ဆင်တူနေသည်။
ထိုသို့ဆိုလျှင် လျန်ရုန် ထိုလူငယ်လေးအား ခေါ်လိုက်ပုံကို ပြန်စဉ်းစားကြည့်လျှင်…
တန်းယင် နှလုံးသားတစ်ခုလုံး တင်းကြပ်သွားခဲ့ပြီး ထိတ်လန့်မှုကြောင့် သတိလစ်လုမတတ် ဖြစ်သွားခဲ့သည်။
“လက်အောက်ငယ်သား ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်။ ဂိုဏ်းချုပ် ရောက်လာတာကို မသိလိုက်လို့ပါ။ သိသာသိခဲ့ရင် ဂိုဏ်းချုပ်ကို ချက်ချင်း လာကြိုခဲ့မှာပါ။ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ ဂိုဏ်းချုပ်” လျန်ရုန်နှင့် အတူပါလာသည့် ကျင့်ကြံသူများသည်လည်း ခဏအကြာ၌ အသိပြန်ဝင်လာပြီးနောက် ပြိုင်တူ အော်ပြောလိုက်ကြလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း လျူဖေးအားသည် မှင်သက်နေမိသည်။ အချိန်ခဏအကြာမှသာ အသိပြန်ဝင်လာခဲ့ပြီး တစ်ချိန်တည်းတွင် သူမ၏ မျက်ဝန်းအစုံဟာလည်း တလက်လက် တောက်ပသွားခဲ့ရလေသည်။
“လျန်ရုန်…” ရန်ကိုင်က ခေါ်လိုက်သည်။
“ရှိပါတယ်” လျန်ရုန်က တုန်တုန်ရီရီဖြင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။
“မတွေ့ရတာ နည်းနည်းလောက် ကြာသွားတာနဲ့ ခင်ဗျားဘဝကြီးက တကယ်ကို ကောင်းစားနေတော့တာပါလား” ရန်ကိုင်က ပြောလိုက်သည်။
“မဟုတ်ပါဘူး ဂိုဏ်းချုပ်” လျန်ရုန်တစ်ကိုယ်လုံး ရေလောင်ချထားခံရသည့်နှယ် ချွေးစေးများဖြင့် စိုရွှဲလာခဲ့သည်။ ရန်ကိုင်၏လေသံ မာမာထန်ထန် ဖြစ်နေသည်ကို သတိပြုမိသည့်အတွက် “လက်အောက်ငယ်သား တာဝန်တွေကို လစ်ဟင်းသွားလို့ ဂိုဏ်းချုပ်ကိုယ်တိုင် အလုပ်ရှုပ်ခဲ့ရတာပါ။ ကျေးဇူးပြုပြီး အပြစ်ပေးပါ ဂိုဏ်းချုပ်”
“ပေးရမှာပေါ့။ ဒါပေမယ့် ပြီးမှပေးမယ်။ အဲ့မတိုင်ခင် ဒီဂိုဏ်းချုပ် သိချင်တာ တစ်ချက်ရှိသေးတယ်။ ခင်ဗျား ဘယ်တုန်းက အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းသား ဖြစ်သွားတာလဲ။ ဒီဂိုဏ်းချုပ် ခင်ဗျားကို တစ်ခါမှ ဂိုဏ်းထဲ မခေါ်ခဲ့ပါဘူး”
လျန်ရုန် ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး တန်းယင်အား မုန်းတီးစွာ လှမ်းကြည့်လိုက်၏။
ဤနေရာကို တစ်ယောက်ယောက်မှ ပြဿနာ ရှာနေသည်ဟု သတင်းကြားသည့်အတွက် လူတစ်အုပ်ကို ခေါ်ကာ အလျင်အမြန် ထွက်လာခဲ့သည်။ သို့သော် ဤနေရာသို့ ရောက်သည်နှင့် သူ့တစ်ဘဝလုံးတွင် အကြောက်ရဆုံးလူကို လာတွေ့လိမ့်မည်ဟု မည်ကဲ့သို့ ထင်ထားခဲ့ပါမည်နည်း။
လျန်ရုန်စိတ်ထဲ တန်းယင်အား အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ပစ်ချင်နေမိသည်။
“ကျေးဇူးပြုပြီး နားလည်းမှုမလွဲပါနဲ့ ဂိုဏ်းချုပ်။ ဂိုဏ်းဘယ်လောက် အားကောင်းလဲ မြင်ပြီးတဲ့နောက်ပိုင်း လက်အောက်ငယ်သားလည်း ဂိုဏ်းအတွက် သစ္စာရှိချင်လာပါတယ်။ ဒါပေမယ့် လက်အောက်ငယ်သားမှာ အဲ့လို အခွင့်အရေး မရှိခဲ့ပါဘူး။ အခု လက်အောက်ငယ်သားက ကောင်းကင်တိုက်ပွဲမြို့တော်ရဲ့ မြို့သခင်ဖြစ်လာတဲ့အချိန် ဂိုဏ်းချုပ်အတွက် ဘယ်လောက် အသုံးဝင်နိုင်မလဲ ဆိုတာကို ပြသနိုင်တော့မယ့် အခွင့်အရေး ရလာခဲ့တယ်။ ဒါပေမယ့် လက်အောက်ငယ်သားနဲ့ သူ့အဖွဲ့သားတွေ သက်သက်နဲ့ လူထုကြီးကို နားခံအောင်မလုပ်နိုင်တော့လို အခုလိုမျိုး လုပ်လိုက်ရတာပါ။ ဒုမြို့သခင်လည်း ဒီအကြောင်းကို သိပါတယ်” လျန်ရုန်က အလျင်အမြန် ရှင်းပြလိုက်သည်။
“အို၊ ရှောင်ချီ၊ သူပြောတာ အမှန်ပဲလား” ရန်ကိုင်က လူအုပ်ထဲတွင် ရပ်နေသော သွားခေါလေးအား လှမ်းကြည့်လိုက်သည်။
ရှောင်ချီလည်း ခေါင်းညိတ်လိုက်ပြလေသည်။
“အဲ့လိုဆိုမှတော့ အဲ့လိုပဲပေါ့” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ထိုအခါမှပဲ လျန်ရုန် စိတ်သက်သာရာ ရသွားနိုင်တော့သည်။
သို့သော်လည်း သူစိတ်မအေးနိုင်သေးခင်မှာပင် ရန်ကိုင်က ဆက်ပြောလိုက်သည် “အခု ရေလှိုင်းပြာမြို့အကြောင်း ပြောကြတာပေါ့”
ထိုစကားကို ကြားလိုက်သည့်အခါ လျန်ရုန်စိတ်ထဲ တင်ကြပ်ထဲသွားပြီး သူ့ရင်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်သည်။
“ရေလှိုင်းပြာမြို့တော်က ကောင်းကင်တိုက်ပွဲမြို့တော်ရဲ့ လက်အောက်ခံ မြို့တစ်မြို့ဆို ဟုတ်လား” ရန်ကိုင်က မေးလိုက်သည်။
“ဒီအကြောင်းကို ပြောရမယ်ဆိုရင်တော့ ရေလှိုင်းပြာမြို့တစ်မြို့တည်းတင် မဟုတ်ဘဲ ပတ်ပတ်လည် မိုင်သန်းနဲ့ချီအတွင်းမှာ ရှိတဲ့ မြို့တွေအကုန်လုံးကလည်း ကောင်းကင်တိုက်ပွဲမြို့တော်ရဲ့ လက်အောက်ခံမြို့တွေပါ ဂိုဏ်းချုပ်။ မြို့ကြီးနဲ့ မြို့လေးစုစုပေါင်း ကိုးမြို့ရှိပါတယ်”
“ကောင်းတယ်” ရန်ကိုင်က ပြုံးလိုက်သည်။
“အခုလို ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ဂိုဏ်းချုပ်။ ဂိုဏ်းအတွက် အကျိုးဆောင်ပေးရတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါ”
“ဒါဆိုရင် ရေလှိုင်းပြာမြို့တော်ရဲ့ လုပ်ရပ်အားလုံးကို ကောင်းကင်တိုက်ပွဲမြို့တော်က ခွင့်ပြုပေးထားတာပေါ့” ရန်ကိုင်က လျန်ရုန်အား ပြုံးလျက် ကြည့်လိုက်သည်။
လျန်ရုန် ထိတ်လန့်သွားခဲ့ပြီး အလျင်အမြန် ပြန်ပြောလိုက်လေသည် “အဲ့လိုတော့ မဟုတ်ပါဘူး။ လက်အောက်ငယ်သားက လက်အောက်ခံမြို့တော်တွေကို တွင်းထွက်နဲ့ သူတော်စင်သလင်းကျောက်အချို့ နှစ်တိုင်းပို့ပေးဖို့ပဲ အမိန့်ပေးထားတာပါ။ မြို့တွေကို ကွပ်ကဲတဲ့ ကိစ္စမှာတော့ လက်အောက်ငယ်သား ဝင်မရှုပ်ပါဘူး။ အကုန်လုံးကို မြိုသခင်စံအိမ်ကပဲ တာဝန်ယူထားတာပါ”
“အဖြေကတော့ မွတ်နေတာလဲ” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။
“ဂိုဏ်းချုပ်…” ကဲချီက ရန်ကိုင်အား သင်္ကာမကင်းအကြည့်ဖြင့် “ရေလှိုင်းပြာမြို့တော်မှာ တစ်ခုခု ဖြစ်နေလို့လား”
“ငါလည်း ဒီနေ့မှပဲ ရောက်လာတာဆိုတော့ အကြောင်းစုံကို မသိသေးဘူး။ ထပ်သိချင်သေးရင် အဲ့လူတွေကို မေးမှပဲ ရလိမ့်မယ်” ရန်ကိုင်က ကြည့်နေသည့် လူအုပ်ကြီးကို ညွှန်ပြလိုက်သည်။
ကဲချီ မျက်မှောင်ကြုတ်သွားခဲ့သည်။ လက်ရှိ အဖြစ်အပျက်သည် ထင်သလောက် မရိုးရှင်းတော့ချေ။ လူအုပ်ကြီးရှေ့သို့ အလျင်စလို လမ်းလျှောက်သွားလိုက်ပြီး လက်သီးဆုပ်လျက် “အားလုံး၊ ဒီတစ်ယောက်ရဲ့ နာမည်က ကဲချီပါ။ ကောင်းကင်တိုက်ပွဲမြို့တော်ရဲ့ ဒုမြို့သခင်၊ အထက်စကြာဝဠာဂိုဏ်းရဲ့ တပည့် တစ်ယောက်ဆိုလည်း မမှားဘူး။ မင်းတို့ ပြောချင်တာရှိရင် ဒီကဲကို လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်။ အခုလို ပြောလိုက်လို့ မင်းတို့ကို ဘယ်သူမှ အပြစ်မတင်ရစေဘူးလို့ ဂိုဏ်းက အာမခံပါတယ်”
လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်နေပြီး အကုန်လုံးသည် ကဲချီကိုသာ ကြောင်ကြည့်နေကြသည်။
သူတို့သည် ကဲချီကို သိပ်လည်းမယုံ၊ ကြောက်လည်းကြောက်နေသည့် အတွက် ရေလှိုင်းပြာမြို့တော်၏ မကောင်းသည့်လုပ်ရပ်များ အကြောင်းကို ထုတ်ဖော်၍ မပြောရဲခြင်း ဖြစ်သည်။
လျူဖေးအားသည် ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်သော်ငြား ပြောတော့မည့် စကားများကို ပြန်မျိုချလိုက်လေသည်။
“ဖေးအာ၊ ကြောက်မနေနဲ့။ ငါရှိနေသရွေ့ ဘယ်သူမှ နင့်ကို ပြဿနာ ရှာရဲမှာ မဟုတ်ဘူး” ရန်ကိုင်က လှမ်းအော်ပြောလိုက်သည်။
ထိုအခါ လျူဖေးအားသည် အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလျက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည် “လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက သူတော်စင်သလင်းကျောက် မပေးလို့ဆိုပြီး ဖေးအာရဲ့ လေးယောက်မြောက် ဦးလေးကို မြို့သခင်စံအိမ်က လူတွေ သတ်ပစ်ခဲ့တယ်”
“ဒီနေ့လည်း ကျွန်မတို့ ကြိုးကြိုးစားစား ရှာထားတဲ့ ပစ္စည်းတွေအကုန်လုံးကို မြို့သခင်စံအိမ်က ယူသွားတယ်။ အဲ့ဒါတင် မဟုတ်သေးဘူး။ သူတို့က ဖေးအာကိုပါ ခေါ်သွားချင်နေတာ။ အစ်ကိုရန် အချိန်မှီရောက်လာတာကြောင့်သာ မဟုတ်ရင် ကျုပ်တို့ အကုန်လုံး ဒုက္ခရောက်နေလောက်ပြီ” နောက်ထပ် လူငယ်လေး တစ်ယောက်က ရှေ့တက်၍ ထပ်ပြောလိုက်သည်။
ကဲချီ မျက်နှာပျက်သွားခဲ့သည်။
“ရေလှိုင်းပြာမြို့တော်က လူတွေနေလို့ရတဲ့ နေရာ မဟုတ်တော့ဘူး။ ရလာသမျှ ပစ္စည်းအားလုံးရဲ့ ခုနှစ်ဆယ်ရာခိုင်နှုန်းကို အခွန်အဖြစ် မြို့တော်ကို ပေးနေရတယ်”
“ပြီးတော့ မြို့သခင်စံအိမ်ထဲမှာ ကျုပ်တို့နာမည်တွေကို မှတ်ထားတယ်။ အဲ့လို နာမည်မှတ်ထားပြီးသား လူတွေအားလုံးကို ရေလှိုင်းပြာမြို့တော်ကနေ ထွက်သွားခွင့် မပြုတော့ဘူး။ ထွက်သွားဖို့လုပ်တဲ့လူတိုင်း အသတ်ခံရတာချည်းပဲ”
တစ်ယောက်တစ်ယောက် အော်ဟစ်၊ အော်ပြောသံများ ထွက်ပေါ်လာခဲ့သည်။
ကဲချီမျက်နှာ ပိုပို၍ မှုန်ကုတ်လာခဲ့သလို ရန်ကိုင်လည်း ထိုနည်းတူပင် ဖြစ်လာခဲ့သည်။
အချိန်အတော်ကြာပြီးနောက် လူအုပ်ကြီး ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။ ရန်ကိုင်နှင့် ကဲချီတို့ နှစ်ယောက်စလုံး ဒေါသထွက်နေခဲ့ကြလေပြီ။
ရေလှိုင်းပြာမြို့တော်၏ မကောင်းမှုလုပ်ရပ်များသည် အဓိကပြဿနာ မဟုတ်ချေ။ အရိပ်ကြယ်သည် အလွန်ကိုမှ ကြီးမားပြီး ဤကြယ်ပေါ်တွင် လူပေါင်းများစွာ နေနေကြသည်။ ဤသို့သော မကောင်းမှုလုပ်ရပ်များကို လုပ်ဆောင်နေကြသည့် လူများမှာလည်း နေရာအနှံ့တွင် ရှိနေကြသည်။ သို့သော်လည်း ရန်ကိုင်အား ဒေါသထွက်သွားစေသည်ကား ထိုလူများသည် အထက်စကြာဝဠာဂိုဏ်း၏ နာမည်ကို သုံး၍ ထိုမကောင်းမှုလုပ်ရပ်များကို လုပ်ဆောင်နေခြင်းပင်။
ထို့ကြောင့်သာ မဟုတ်လျှင် အစောကြီးကလည်းက မြို့သခင်စံအိမ်သည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိစိညက်ညက်ကြေအောင် ဖျက်စီးခြင်းကို ခံရပြီးနေလောက်ပေပြီ။
အထက်စကြာဝဠာဂိုဏ်း၏ ဂုဏ်သတင်းကြောင့် ထိုလူများ မလှုပ်ရှားရဲကြခြင်း ဖြစ်သည်။
ဤအတိုင်းသာ ဆက်သွားနေလျှင် အထက်စကြာဝဠာဂိုဏ်းသည် အရိပ်ကြယ်ပေါ်၌ လူမုန်းများသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာပေတော့မည်။
ကောင်းကင်တိုက်ပွဲမြို့တော်တွင် လက်အောက်ခံ မြို့ကိုးမြို့ရှိနေသည်။ ထိုမြို့ကိုးမြို့သည်လည်း ထိုအတိုင်း ဖြစ်နေခြင်းပေလော။
“ရှောင်ချီ၊ မင်း ကိုယ့်တာဝန်ကိုယ် မကျေခဲ့ဘူး” ရန်ကိုင်က ရှောင်ချီအား ကြည့်၍ ပြောလိုက်သည်။
ကဲချီ ခေါင်းညိတ်လိုက်သည်။
အပြင်ဘက်ရှိ အခြေအနေ အခုလိုမျိုး ဖြစ်နေလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။
ရန်ကိုင် သူ့အား ကောင်းကင်တိုက်ပွဲမြို့တော်တွင် ဒုမြို့သခင်အဖြစ် နေခိုင်းသည့် အချိန်မှစ၍ လွန်ခဲ့သည့် သုံးနှစ်အတွင်း၊ သူသည် တံခါးပိတ်ကျင့်စဉ်ဝင်လျှင်ဝင်ရင်း၊ ကောင်းကင်တိုက်ပွဲမြို့တော်၏ အခြေအနေကို ရံဖန်ရံခါ စောင့်ကြည့်ခြင်းကိုသာ လုပ်နေခဲ့လေ့ရှိသည်။
ရန်ကိုင် ထားခဲ့သည့် လူထု၏ ထောက်ခံမှုကို ရရှိရန်အတွက် လျန်ရုန်သည် ထိုနေရာရှိ အခွန်ချများကို မရှိသလောက် နည်းပါးသည်အထိ လျှော့ပေးခဲ့သည်။ ထို့ကြောင့် ကောင်းကင်တိုက်ပွဲမြို့တော်သည် အလွန်ကိုမှ လူစည်ကားလာခဲ့ရ၏။
သို့သော်လည်း ကောင်းကင်တိုက်ပွဲမြို့တော်၏ လက်အောက်တွင် ရှိနေသော မြို့များမှာမူ အတော်လေး အခြေအနေ ဆိုးနေခဲ့လေသည်။
အထက်စကြာဝဠာဂိုဏ်း၏ နာမည်ကို အလွဲသုံးစားလုပ်၍ လူအချိုသည့် မကောင်းသည် ဒုစရိုက်ပြစ်မှုများကို ကျူးလွန်နေခဲ့သည်။
ယနေ့ ဤပြဿနာကို ရန်ကိုင် ရှာတွေ့သွားခဲ့သည်မှာ ကံကောင်းသွားသည်။ လက်ရှိ အချိန်သည် အတော်လေး စောနေသေးသည်။ နောက်ကျလွန်းပြီးမှသာ တွေ့ခဲ့လျှင် ဤပြဿနာကို ဖြေရှင်းရန် အတော်လေး ခက်သွားပေလိမ့်မည်။ ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခါ ကဲချီတစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲလာခဲ့ရသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၄၀)
“လျန်ရုန်၊ လျန်ရုန်၊ မင်းဘာမှမသိဘူးလို့တော့ လာမပြောနဲ့နော်” ရန်ကိုင်က လျန်ရုန်အား ပြုံးလျက် မေးလိုက်သည်။
လျန်ရုန်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး အထိတ်ထိတ်အလန့်လန့်ဖြင့် “ကျေးဇူးပြုပြီး နားလည်ပေးပါ ဂိုဏ်းချုပ်။ လက်အောက်ငယ်သား ဒီအကြောင်းကို တကယ် မသိတာပါ။ ဒီအကြောင်းတွေကို လက်အောက်ငယ်သား ပထမဆုံးအကြိမ် ကြားဖူးတာပါ”
သူဝန်မခံရဲချေ။ ဝန်ခံလိုက်သည်နှင့် ဤနေရာသည် သူ့သေရမည့်နေရာ ဖြစ်သွားလိမ့်မည်ဟု ဆိုသည်ကို လျန်ရုန် ကောင်းကောင်း သိနေသည်။
ထို့ကြောင့် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ခြင်းပင်။
“ခင်ဗျားက အခေါင်းမမြင်သေးသရွေ့ နောင်တရမှာ မဟုတ်ဘူးပဲ။ ကြည့်ရတာ ငါ့ဘာသာ သက်သေရှာရတော့မယ်နဲ့ တူတယ်။ အဲ့လိုဆိုမှတော့ ဒီဂိုဏ်းချုပ်ကို မင်းလက်စွပ်ပေး” ရန်ကိုင်က အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်သည်။
လျန်ရုန်တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲသွားခဲ့သော်ငြား သဘောမတူသေးဘဲ နည်းလမ်းရှာရန် ကြိုးစားလိုက်သေးသည် “နည်းနည်းပါပါး စဉ်းစားပေးပါဦး ဂိုဏ်းချုပ်၊ လက်အောက်ငယ်သား ဂိုဏ်းချုပ်ရဲ့ အမိန့်ကို မနာခံတာမျိုး တစ်ခါမှ မလုပ်ခဲ့သလို ဂိုဏ်းရဲ့ ဂုဏ်သတင်း ညစ်ညမ်းအောင်လည်း တစ်ခါမှ မလုပ်ခဲ့ပါဘူး။ ဒီသိုလှောင်လက်စွပ်ထဲမှ လက်အောက်ငယ်သားရဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာမို့ ဂိုဏ်းချုပ်ကို မပေးနိုင်တာပါ။ ကျေးဇူးပြုပြီး စဉ်းစားပေးပါ ဂိုဏ်းချုပ်”
“မဟုတ်တာတွေ တော်လိုက်တော့” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် လျန်ရုန်လက်မှာ သိုလှောင်လက်စွပ်ကို လှမ်းယူလိုက်၏။
ရန်ကိုင်က သူ့သိုလှောင်လက်စွပ်အား ယူရန် လုပ်နေသည်ကို မြင်သော် လျန်ရုန်၏ မျက်ဝန်းထဲ ပြတ်သားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး သူတော်စင်ချီကို လှည်ပတ်၍ ချက်ချင်း လှည့်ပြေးတော့လေသည်။
သူလှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ပတ်ပတ်လည် လေဟာနယ်တစ်ခုလုံး ရုတ်ချည်း အလွန်အမင်း စေးကပ်လာခဲ့ပြီး တောင်တစ်လုံးမက လေးလံသော ဖိအားတို့သည် အဘက်ဘက်မှနေ၍ သူ့အပေါ်သို့ ဖိချလာခဲ့လေရာ ရန်ကိုင် တစ်ချက်ကလေးပင် မလှုပ်တော့နိုင် ဖြစ်သွားခဲ့လေသည်။
မရေမတွက်နိုင်သော အက်ကွဲသံလေးများနှင့်အတူ ဟင်းလင်းပြင်အက်ကြောင်း များစွာတို့သည် သူ့ပတ်ပတ်လည်၍ ထွက်ပေါ်လာခဲ့ကြသည်။
ထိုဟင်းလင်းပြင်အက်ကြောင်းများ၏ ဝါးမြိုခြင်း ခံရမည် စိုးသဖြင့် လျန်ရုန် နည်းနည်းလေးမှ ထပ်မလှုပ်ရှားရဲတော့ချေ။
ခဏအကြာတွင် လျန်ရုန်၏ သိုလှောင်လက်စွပ် ရန်ကိုင်လက်ထဲသို့ ရောက်သွားခဲ၏။ ထိုအခြင်းအရာကို မြင်သော် လျန်ရုန်မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။
သိုလှောင်လက်စွပ်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက်တွင် ရန်ကိုင်၏ အမူအရာ တဖြည်းဖြည်း မှုန်ကုတ်လာခဲ့သည်။
မကြာမီ သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ တခွမ်ခွမ်မြည်သံများ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် တောင်ပုံယာပုံ များပြားလှသော သူတော်စင် သလင်းကျောက်များ မြို့သခင်စံအိမ်ရှေ့ ထွက်ပေါ်လာခဲ့လေသည်။
ထိုသူတော်စင်သလင်းကျောက်ပုံကြီးကို ကြည့်ရင်း အနီးအနားပတ်လည်တွင် ရှိနေကြသည့်လူများအားလုံး တံတွေးတစ်လုတ် မြိုချမိလိုက်ကြသည်။
ထိုမျှ များပြားလှသော သူတော်စင်သလင်းကျောက်များကို သူတို့ဘဝ တစ်သက်သာ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ထိုသလင်းကျောက်ပုံကြီးထဲ သူတော်စင်သလင်းကျောက် မည်မျှ ရှိနေမည်လဲ ဆိုသည်ကို သူတို့ မသိသော်လည်း အနည်းဆုံး သန်ရာဂဏန်းနှင့် ချီပေလိမ့်မည်။ သူတို့သာ ထိုရတနာပုံကြီးကို ရလိုက်နိင်မည် ဆိုပါက ကျင့်ကြံရေး အရင်းအမြစ် မလုံလောက်မည်ကို စိုးရိမ်နေစရာ မလိုတော့ချေ။
သူတော်စင်သလင်းကျောက်များအပြင်၊ အမျိုးမျိုးသော သေတ္တာများ၊ ဘုံးများလည်း ရှိနေသေးသည်။ အထဲတွင် မည်သည့် ပစ္စည်းများ ရှိနေသလဲ ဆိုသည်ကို သူတို့ မသိသော်ငြား ထိုထည့်စရာများကို အဖိုးတန်တွင်းထွက်များဖြင့် လုပ်ထားသဖြင့် အထဲတွင် ရှိနေသော ပစ္စည်းများသည်လည်း ကျိန်းသေ အဖိုးတန်ရပေလိမ့်မည်။
“ဒါဆိုရင် ဒီလောက်များတဲ့ ပစ္စည်းတွေကို မင်းဘယ်ကနေ ရလာတာလဲ” ရန်ကိုင်က လျန်ရုန်ကိုကြည့်၍ မေးလိုက်သည် “ငါ့ကို ကြားကောင်းလောက်မယ့် ဖြေရှင်းချက် တစ်ခုပေးမယ်ဆိုရင် ငါမင်းကို မသတ်ဘူး”
လျန်ရုန်မျက်နှာ ပြာနှမ်းသွားခဲ့သည်။ သူမည်ကဲ့သို့ ရှင်းပြရတော့မှန်း မသိတော့ချေ။
လက်ဆုပ်လက်ကိုင် သက်သေသည် သူ့ရှေ့တွင် ရှိနေခဲ့လေပြီ။ မြို့ကြီးများမှ ရလာသည့် အလွန်အကျွံ တောင်းခံထားသော အခွန်အခများကြောင့်သာ မဟုတ်ပါက ဘာကြောင့် သူဤမျှ ချမ်းသာနေမည်နည်း။
မည်သူ့တွင်မှ ထိုကဲ့သို့သော စွမ်းရည်မရှိချေ။
“တောင်းပန်ပါတယ် ဂိုဏ်းချုပ်။ ကျေးဇူးပြုပြီး ချမ်းသားပေးပါ။ လက်အောက်ငယ်သား ကိုယ့်အမှားကိုယ် သိပါပြီ။ အမှားပြင်ခွင့်လေး တစ်ကြိမ်လောက် ထပ်ပေးပါဂိုဏ်းချုပ်။ ဂိုဏ်းချုပ် ယုံကြည်ရအောင် ကျိန်းသေ နေပေးပါ့မယ်” လျန်ရုန်က အသည်းအသန် အော်ဟစ် တောင်းပန်တော့သည်။
ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “အကုန်လုံးက တစ်ကြိမ်၊ နှစ်ကြိမ် အခွင့်အရေးပေးဖို့ ထိုက်တန်တယ်။ သုံးကြိမ်ဆိုတာကတော့ များသွားပြီ။ လျန်ရုန်၊ ကျဆုံးဧကရာဇ်တောင်မှာတုန်းက မင်းအသက်ကို ဒီဂိုဏ်းချုပ် ချမ်းသာပေးခဲ့တယ်။ မင်းက ငါ့အတွက် အသုံးဝင်သေးလို့ မြို့သခင်တောင် လုပ်ခိုင်းခဲ့တယ်။ ဒါပေမယ့် အခုတော့… မင်းသေလို့ရပြီ”
သူ့စကားသံ ဆုံးသွားသည်နှင့် ရန်ကိုင်သည် လျန်ရုန်ရှိရာဆီသို့ လှမ်း၍ ဆုပ်ကိုင်လိုက်သည်။
လျန်ရုန်သည် ရှောင်ချင်သော်ငြား ဘာမှန်းမသိသော အကြောင်းကြောင့် မရှောင်နိုင် ဖြစ်နေခဲ့သည်။ ရန်ကိုင်သည် လျန်ရုန်၏ ခေါင်းကိုဆုပ်ကိုင်၍ သူ့ကိုယ်ထဲသို့ သူတော်စင်ချီမှ ထည့်သွင်းလိုက်သည်။ လျန်ရုန်ကိုယ်ထဲမှ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး လျန်ရုန်လည်း ထအော်လိုက်လေသည်။
သူ့အသံပျောက်ကွယ်သွားသည်နှင့် လျန်ရုန်လည်း သေသွားတော့လေသည်။
ရန်ကိုင်မှ သူ့လက်ကို ပြန်သိမ်းလိုက်သည်နှင့် လျန်ရုန်၏ ခန္ဓာကိုယ်လည်း မြေကြီးပေါ်သို့ လဲပြိုကျသွားခဲ့သည်။ သူ၏ ဒွါရခုနှစ်ပေါက်မှနေ၍ သွေးများ စီးကျလာခဲ့ရသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး တိတ်ဆိတ်နေခဲ့သည်။
ရန်ကိုင် မည်မျှ အားကောင်းသလဲ ဆိုသည်ကို သူတို့ သိသည်။ တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ပညာရှင်တစ်ယောက် ဖြစ်သည်နှင့်အညီ လျန်ရုန်သည် ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ ဂိုဏ်းချုပ်ဟောင်းလောက် အားမကောင်းလျှင်ပင် အရမ်းကြီးတော့ သိပ်မကွာလှချေ။
သို့သော် ထိုကဲ့သို့သော ပညာရှင်တစ်ယောက်ပင်လျှင် ရန်ကိုင်၏ အလွယ်တကူ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
သတ်လိုက်သည်မှာလည်း ပုရွတ်ဆိတ်တစ်ကောင်ကို ညစ်သတ်လိုက်သလိုပင်… လွယ်ကူလွန်းနေခဲ့သည်။
ရန်ကိုင် အလွန်အားကောင်သည် ဆိုသည့်အကြောင်းကို လူများစွာ ကြားဖူးထားခဲ့သော်ငြား ထိုအရာများသည် ကောလဟာလ သက်သက်သာ ဖြစ်သည်။ ယခု သူတို့ကိုယ်တွေ့ မြင်လိုက်ရသည့် အခါမှပဲ ကောလဟာလများသည် ချဲ့ကားပြောရုံ သက်သက်တင်မဟုတ်ဘဲ အမှန်တကယ် ဖြစ်နေမှန်း သိလိုက်ရ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း တန်းယင် မြေကြီးပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့သည်။
လျန်ရုန်သည် ထိုမောက်မာသော လူငယ်လေးကို သင်ခန်းစာပေးနိုင်လိမ့်မည်ဟု အထင်ရောက်လျက် သူ့မျှော်လင့်ချက်အားလုံးကို လျန်ရုန်အပေါ်တွင် စုပြုံထားခဲ့သည်။
သို့သော်လည်း အခြေအနေသည် သူတစ်ခါမှ ထင်မှတ်မထားသည့် ပုံစံအတိုင်း ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
အစပိုင်းတွင် လျန်ရုန်သည် ထိုလူငယ်လေးကို ဂိုဏ်းချုပ်ဟု ခေါ်ခဲ့သဖြင့် ထိုလူငယ်လေး မည်သူဖြစ်သလဲ ဆိုသည်ကို တန်းယင် သတိပြုမိသလိုလို ဖြစ်သွားခဲ့သည်။ ထို့နောက် သူ၏ အားကိုရာဖြစ်သော လျန်ရုန်ကို ထိုလူငယ်လေးမှ အလွယ်တကူ သတ်ဖြတ်သွားခဲ့သည်။
တန်းယင်သည် အထက်စကြာဝဠာဂိုဏ်းကို အမြဲတမ်း အားကိုးအားထား ပြုခဲ့သော်ငြား မထင်မှတ်ဘဲ ထိုဂိုဏ်း၏ ဂိုဏ်းချုပ်ကိုမှ သွားရန်စမိခဲ့သည်။
ယခု သူမည်ကဲ့သို့ အသက်ရှင်ရတော့မည်နည်း။
ရန်ကိုင် သူ့အား တစ်ချက် ဝေ့ကြည့်သွားသည်ကို တန်းယင်သိသည်။ သို့သော် သူ့အား အာရုံစိုက်စရာ မလိုဟု သဘောထားနေသည့်အား သူ့ကို လုံးဝ လျစ်လျူရှုထားခဲ့သည်။
“ဟဲဟဲ၊ ဒီကိစ္စမှာ လူတွေ ဘယ်လောက် ပါဝင်ပက်သက်နေလဲတော့ ကျုပ်မသိဘူး။ ဒါပေမယ့် အရမ်းကြီး စိုးရိမ်မနေနဲ့။ လျန်ရုန်ကတော့ သေသွားပြီ။ ဒါပေမယ့် ဒီဂိုဏ်းချုပ် သိပ်ပြီး လူမသတ်ချင်ဘူး။ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်မယ်။ မင်းတို့ အသက်ရှင်ချင်သေးတယ်ဆိုရင် ဘာလုပ်ရမလဲ သိတယ်နော်” ရန်ကိုင်က လျန်ရုန်၏ နောက်လိုက်များကို ဝေ့ကြည့်၍ ပြောလိုက်သည်။
ထိုလူတော်တော်များများသည် ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ ကျင့်ကြံသူများဖြစ်ပြီး အခြားလူများမှာမူ လျန်ရုန်မှ ထပ်မံ ခေါ်ထားသည့် လူများ ဖြစ်ကြကာ အကုန်လုံးသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
“အခုလို သနားညှာတာပေးတဲ့အတွက် ဂိုဏ်းချုပ်ကို ကျေးဇူးအများကြီး တင်ပါတယ်” အကုန်လုံးက ပြိုင်တူအော်ဟစ်လိုက်ပြီး တန်းယင်ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
“မဟုတ်ဘူး” တန်းယင် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
သို့သော် နောက်ကျလွန်းနေခဲ့လေပြီ။ ပညာရှင်အားလုံး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် တစ်ခဏအတွင်း တန်းယင် အသက်ပျောက်သွားခဲ့ရ၏။
“ရှောင်ချီ၊ ဒီကိစ္စတွေကို မြန်မြန် ဖြေရှင်းထားလိုက်။ ပြီးရင် ငါ့ကို သတင်းလာပို့” ရန်ကိုင်က ကဲချီဘက်သို့လှည့်၍ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
“ရေလျိုင်းပါမြို့ရဲ့ ဒုမြို့သခင်က ဘယ်သူလဲ” ရန်ကိုင်က အော်မေးလိုက်သည်။
“ကျုပ်ပါ” လူအုပ်ကြီးတစ်ယောက် တုန်တုန်ရီရီဖြင့် ထွက်လာပြီး ရန်ကိုင်အား ဦးညွှတ်လိုက်လေသည်။
“ကျုပ်ကို ရေလှိုင်းပြာမြို့ရဲ့ ရတနာဂိုဒေါင်ဆီ ခေါ်သွားပေး”
“ကျုပ်နောက်လိုက်ခဲ့ပေးပါ ဂိုဏ်းချုပ်” လူအိုကြီးသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေရဲဘဲ ရန်ကိုင်အား ရတနာဂိုဒေါင်ဆီသို့ အလျင်အမြန် ခေါ်သွားလေ၏။
ခဏအကြာတွင် ရေလှိုင်းပြာမြို့တော် မြိုသခင်စံအိမ်၏ ရတနာဂိုဒေါင်ထဲသို့ ရန်ကိုင် ရောက်လာခဲ့သည်။ ထိုထဲတွင် ပုံထပ်နေသော သလင်းကျောက်များ၊ တွင်းထွက် သတ္တုများစွာ ရှိနေခဲ့သည်။ ထိုအရာများသည် ရေလှိုင်းပြာမြို့ရှိ လူများ၏ သွေးနှင့် ချွေးနှင့် ရင်းပြီးမှ ရရှိလာသည့် ပစ္စည်းများ ဖြစ်ကြသည်။
“မင်းလက်အောက်ငယ်သားတွေကို ခေါ်ပြီး ဒါတွေအကုန်လုံးကို ကဲချီဆီ ပို့ပေးခိုင်းလိုက်။ သူဘာဆက်လုပ်ရမလဲ သိတယ်” အမိန့်ပေးပြီးနောက်တွင် ရတနာဂိုဒေါင်ထဲမှ လှည့်ထွက်လာခဲ့သည်။
လူအိုကြီးလည်း ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ပြောသည့်အတိုင်း စလုပ်လေသည်။
သုံးရက်ကြာပြီးနောက်တွင်၊ ရန်ကိုင်သည် မြို့သခင်စံအိမ်ထဲရှိ ထိုင်ခုံတွင်ထိုင်ရင်း ကဲချီ တင်ပြနေသည်ကို နားထောင်နေခဲ့သည်။
“ဂိုဏ်းချုပ်၊ လျန်ရုန်နဲ့ တန်းယင်ရဲ့ သိုလှောင်လက်စွပ်ထဲက ဟာတွေရယ်၊ ရေလှိုင်းပြာမြို့တော် ရတနာဂိုဒေါင်ထဲက ဟာတွေရယ်ကို ပေါင်းလိုက်ပြီး လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရေလှိုင်းပြာမြို့တော်ထဲက မြို့သားတွေ အတင်းအကြပ် ပေးခဲ့ရတဲ့ သူတော်စင်သလင်းကျောက် ပမာဏကို ပြန်လည်တင်ပြခိုင်းပြီး အကုန်လုံးကို ဝေခွဲပေးလိုက်ပေးလိုက်ပါတယ်။ ဒီမှာ ဖြစ်ပျက်နေတာတွေ အကုန်လုံးက အထက်စကြာဝဠာဂိုဏ်းရဲ့ အမိန့်ကြောင့် မဟုတ်ဘဲ တန်းယင်က မြို့သခင် အာဏာကို အလွဲသုံးစားလုပ်လို့ ဖြစ်ရတာ ဆိုတာကိုလည်း မြို့သားတွေသိအောင် လုပ်ထားပါတယ်။ အခု အကုန်လုံးက ဂိုဏ်းချုပ်ကိုတောင် ချီးကျူးနေကြပါပြီ”
“ဆက်ပြီး ဖားယားမနေတော့နဲ့” ကဲချီအား ကြည့်လိုက်စဉ် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ ပိုပိုပြီး မအီမသာ ဖြစ်လာခဲ့ရသည်။ ထိုကောင့်ကို ရီရှီယွင် ဘာကြောင့် တပည့်အဖြစ် ရွေးခဲ့မှန်း ရန်ကိုင် တကယ်ကို နားမလည်နိုင်ပါချေ။
ကဲချီ ရှက်ရှက်နှင့် ရယ်လိုက်သည်။
“လျန်ရုန်က သေသွားပြီဆိုတော့ ကောင်းကင်တိုက်ပွဲမြို့တော်ရဲ့ မြို့သခင်ရာထူးက လစ်လပ်သွားပြီ။ အခုလောလောဆယ်တော့ မြို့သခင်ရာထူးကို မင်းပဲ ယူထားလိုက်ဦး။ နောက်ပိုင်း မင်းဘာသာ ယုံကြည်ရလောက်တဲ့ စတစ်ယောက်ယောက်ကို လေ့ကျင့်ပေးပြီး မြို့သခင်ရာထူး ယူလိုင်းလို့ ရတယ်။ အဲ့ကျရင် ဂိုဏ်းဆီ ပြန်လာလို့ရပြီ”
“ကောင်းပြီ။ ကျုပ်လည်း အဲ့လိုလုပ်ဖို့ပဲ စဉ်းစားထားတာပါ” ကဲချီ ခေါင်းညိတ်လိုက်သည်။
“အခြားမြို့တွေကော ဘယ်လိုလဲ” ရန်ကိုင်က မေးလိုက်သည်။
“သေချာတော့မသိသေးဘူး။ မြို့တစ်မြို့နဲ့ တစ်မြို့က သိပ်မတူဘူး။ အချို့မြို့တွေက အခြေအနေ သိပ်မကောင်းပေမယ့် အချို့မြို့တွေကတော့ မဆိုဘူး။ အားလုံးထဲမှာမှ ရေလှိုင်းပြာမြို့တော်က အဆိုးဆုံးဖြစ်နေတာ”
“ကောင်းပြီ။ ဒီက ကိစ္စတွေကို မင်းဘာသာ ကြည့်ပြီးတော့သာ စီစဉ်လိုက်တော့”
“ဂိုဏ်းချုပ် စိတ်ချထားလိုက်ပါ။ အခုလို အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ထပ်မဖြစ်စေရပါဘူး။ ဒါနဲ့၊ ဂိုဏ်းချုပ် ပြန်လာတဲ့အကြောင်းကို ဂိုဏ်းဆီ အကြော်ငးကြားထားလိုက်တယ်။ အကြီးအကဲချုပ် ဂိုဏ်းချုပ် အခြေအနေ ဘယ်လို ရှိလဲ သိချင်နေတာလ”
“ငါလား။ ငါအဆင်ပြေပါတယ်။ မကြာခင် ငါပြန်လာမယ်လို့။ စိုးရိမ်နေစရာ မလိုဘူးလို့ ပြောထားလိုက်”
“ဟုတ်ကဲ့” ကဲချီ ခေါင်းညိတ်လိုက်သည် “နောက်တစ်ခု ရှိသေးတယ် ဂိုဏ်းချုပ်”
“ပြော”
“မြို့အပြင်ဘက်မှာ ဂိုဏ်းချုပ်နဲ့ တွေ့ချင်နေတဲ့လူ အများကြီး ရှိတယ်။ သူတို့ ဂိုဏ်းချုပ်နဲ့ သိတယ်လို့ ပြောတာပဲ” ကဲချီက ရန်ကိုင်အား ထူးထူးဆန်းဆန်း အမူအရာဖြင့် ကြည့်လိုက်သည်။
ရန်ကိုင်လည်း အပြင်ဘက်တွင် စောင့်နေသည့်လူများ ဘယ်သူ ဖြစ်သလဲ ဆိုသည်ကို စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည် “သူတို့ကို ဝင်လာခိုင်းလိုက်”
ကဲချီ ခေါင်းညိတ်ပြီး ထွက်သွားလိုက်သည်။ ခဏအကြာတွင် လူအိုကြီး တစ်ယောက် ဦးဆောင်သော လူငယ်လေးတို့တစ်ဖွဲ့ ဝင်လာခဲ့လေသည်။
ရန်ကိုင်လည်း ထရပ်ပြီး မိတ်ဆက်လိုက်သည်။
“ဒီလူအိုကြီး ဂိုဏ်းချုပ်ရန်ကိုင် နှုတ်ဆက်ပါတယ်” လူအိုကြီးက အလျင်စလို ဦးညွှတ်လိုက်သည်။
“ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ” ရန်ကိုင်က ရယ်မောလိုက်ပြီး လူအိုကြီးနောက်ဘက်ရှိ လူငယ်လေးများကို ဝေ့ကြည့်လိုက်ရာ လျူဖေးအားသည် သူ့အား သိချင်စိတ်ပြင်းပြသည့် မျက်ဝန်းအစုံဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ဘာတွေ ကြော်ငကြည့်နေတာလဲ။ မြန်မြန် ဦးညွှတ်လိုက်လေ” လူအိုကြီးက အော်ပြောလိုက်သည်။
ရန်ကိုင်ကမူ လက်ဝှေ့ရမ်း၍သာ “မလိုပါဘူး”
လူအိုကြီးက ခါးသက်စွာပြုံးလျက် “သူတို့ကိုလည်း အပြစ်မတင်ပါနဲ့ ဂိုဏ်းချုပ်ရန်ရယ်၊ သူတို့တွေက ဒီလောက်ကြီး ဘယ်လိုလုပ်သလဲဆိုတာကို နားမလည်ကြသေးဘူး။ သူတို့ ဂိုဏ်းချုပ်ရန်ကို ရန်စမိသလို ဖြစ်သွားခဲ့ရင် ဒီလူအိုကြီးကပဲ တောင်းပန်ပါတယ်။ ဒီနေ့ ဒီလူအိုကြီးလာတာ ရေလှိုင်းပြာမြို့သားတွေကိုယ်စား တရားမျှတမှုရှာပေးတဲ့ ဂိုဏ်းချုပ်ကို ကျေးဇူးတင်ချင်လို့။ ကျုပ်တို့ မိသားစု လေးယောက်မြောက် အကြီးအကဲ သေသွားတာကိုလည်း လက်စားပြန်ချေပေးတဲ့ အတွက်လည်း ပါပါတယ်”
“အဲ့လိုမျိုးတွေ ပြောနေစရာမလိုပါဘူး။ တကယ်တမ်း ပြောရရင် ဒီကိစ္စက ကျုပ်တို့ အထက်စကြာဝဠာဂိုဏ်းရဲ့ အပြစ်တောင် ပါသေးတယ်။ ကျုပ်တို့ဘက်က ဒီဘက်ကို လျစ်လျုရှုမိသွားတာ။ ဒီမှာ ဖြစ်ပျက်နေတာတွေကို အမြန်သိသွားတာ တော်သေးတယ်။ အရမ်းသာ နောက်ကျသွားရင် ဘယ်လိုတွေ ဖြစ်နေမလဲ တွေးတောင် မတွေးတတ်တော့ဘူး”
“အထက်စကြာဝဠာဂိုဏ်း အုပ်ချုပ်တဲ့ ရေလှိုင်းပြာမြို့တော်ရဲ့ လက်အောက်မှာ နေရတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါ”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လျူဖေးအာဘက်သို့ လှည့်၍ ပြုံးကာ “နင်ဘာတွေ ငါ့ကို စိုက်ကြည့်နေတာလဲ။ ဘာလဲ၊ ငါ့ကို မမှတ်မိလို့လား”
လျူဖေးအာ ရှက်သွားပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် “ရှင်က တကယ်ကြီး အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား။ ရှင်လိမ်နေတာတော့ မဟုတ်ပါဘူးနော်”