အခန်း (၁၅၄၁-၁၅၄၅)
Vol. 62 Ch. 1541-1545
အပိုင်း (၁၅၄၁)
“ဖေးအာ” လူအိုကြီး ကြောင်သွားပြီ လျူဖေးအာအား စူးရဲစွာ စိုက်ကြည့်လိုက်၏။
မိန်းမငယ်လေးကမူ နှုတ်ခမ်းသာ ဆူလိုက်လေသည်။
ရန်ကိုင်က ရယ်မောလျက် ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်တယ်။ ငါက အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ ငါဘာလို့ ဂိုဏ်းချုပ်ယောင် ဆောင်နေတယ်လို့ နင်ထင်နေတာလဲ”
“မေးကြည့်ရုံပဲ” မိန်းမငယ်လေး၏ လျှာလေးတစ်လစ်တစ်လစ် ထုတ်လိုက်သည်။ ထို့နောက် နောက်တစ်ကြိမ် ထပ်မေးလိုက်သည် “ရှင်က အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတော့ ရှင့်စကားက အတော်လေး အကျိုးသက်ရောက်မှု ကြီးမှာပေါ့၊ ဟုတ်တယ်မလား”
“အင်း၊ ဟုတ်လောက်တယ်”
“အဲ့ဒါဆို ကျွန်မကို အထက်စကြာဝဠာဂိုဏ်းထဲ လက်ခံပေးလို့ မရဘူးလား”
ထိုစကားကို ကြားသည့်အခါ လူအိုကြီး ထိတ်လန့်သွားပြီး အလျင်အမြန် တောင်းပန်တော့လေသည်။
အထက်စကြာဝဠာဂိုဏ်းသည် မည်သည့် အပြင်လူကိုမှ လက်မခံမှန်း သူသိပေသည်။
လျန်ရုန်ကဲ့သို့သော လူတစ်ယောက်ပင် ကောင်းကင်တိုက်ပွဲမြို့တော်၏ မြို့သခင်သာ ဖြစ်နိုင်ပြီး အထက်စကြာဝဠာဂိုဏ်းထဲသို့ ဝင်ခွင့်မရခဲ့လေရာ လျူဖေးအာကဲ့သို့သော သူတော်စင်အဆင့်သာ ရှိသေးသည့် ဂျူနီယာတစ်ယောက်က အထက်စကြာဝဠာ ဂိုဏ်းထဲသို့ မည်ကဲ့သို့ ဝင်နိုင်မည်နည်း။
သူ့စိတ်ထဲ အလျင်စလို တောင်းပန်လိုက်သော်ငြား လူအိုကြီးစိတ်ထဲတွင် မျှော်လင့်နေမိသေးသည်။
ဖေးအာသည် အထက်စကြာဝဠာဂိုဏ်းထဲ ဝင်နိုင်ခဲ့လျှင် သူတို့၏ အနာဂတ်သည် တောက်ပမည်မှာ သေချာသလောက် ရှိသွားလေပြီ။ လက်ရှိတွင် အရိပ်ကြယ်ပေါ်၌ အထက်စကြာဝဠာဂိုဏ်းသည် အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး မည်သည့် ဂိုဏ်းမှ ထိုဂိုဏ်းနှင့် သွားမယှဉ်နိုင်ချေ။
ရန်ကိုင်က လူအိုကြီး တောင်းပန်နေခြင်းကို ရပ်တန့်ရန် ပြောလိုက်ပြီ လျူဖေးအာ ဘက်သို့ လှည့်၍ “နင်အထက်စကြာဝဠာဂိုဏ်းထဲ ဝင်ချင်တာလား”
မိန်းကလေးက ခေါင်းညိတ်လိုက်သည်။
“ဘာလို့လဲ” ရန်ကိုင်က မေးလိုက်သည်။
“သစ်ပင်ကြီးအောက်မှ နေမှပဲ အရိပ်ကောင်းကောင်း ရမှာလေ” မိန်းကလေးက တုန့်ဆိုင်းခြင်းမရှိ ပြန်ဖြေလေသည်။
ထိုစကားကို ကြားသည့်အခါ လူအိုကြီးမျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး ရန်ကိုင်ပင်လျှင် ခဏမျှ ကြောင်အမ်းအမ်း ဖြစ်နေပြီးနောက် ဝါးလုံးကွဲ ရယ်မောမိလိုက်သည်။
“ကျွန်မသာ အထက်စကြာဝဠာဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်လာခဲ့ရင် ကျွန်မ မိသားစုကို ဘယ်သူမှ အနိုင်ကျင့်နိုင်တော့မှာ မဟုတ်တော့ဘူး” မိန်းကလေးက ဆက်ပြောလိုက်သည်။
ရန်ကိုင်က ခဏမျှ ရယ်မောနေပြီးနောက် ခေါင်းညိတ်၍ “ကောင်းပြီလေ။ နင့်ရည်ရွယ်ချက်က တစ်ကိုယ်ကောင်းဆန်တယ် ဆိုပေမယ့် နင်ကိုယ်တိုင်က ရိုးသားပြီး ဖြောင့်မတ်တယ်။ နင်က ဂိုဏ်းထဲ ဒီလောက် ဝင်ချင်နေမှတော့ ဒီဂိုဏ်းချုပ် လက်ခံပေးလိုက်မယ်”
“အန်” မိန်းကလေး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ရန်ကိုင် သူမ၏ တောင်းဆိုချက်ကို ချက်ချင်း လက်ခံလိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူမ အငြင်းခံလိုက်ရလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် စိတ်ကိုပင် ကြိုတင်ပြင်ဆင်ထားပြီးသွားလေပြီ။
“ဂိုဏ်းချုပ်ရန်ကို မြန်မြန် ကျေးဇူးတင်လိုက်လေ” လူအိုကြီးက အလျင်အမြန် ပြောလိုက်သည်။
ထိုအခါမှသာ လျူဖေးအာ အသိပြန်ဝင်လာပြီး အလျင်အမြန် ဒူးထောက်၍ ရန်ကိုင်အား ဦးညွှတ်လိုက်သည်။
သူမနှင့်အတူ ပါလာသည့် လူငယ်လေးများမှာမူ လျူဖေးအာကို အားကျစွာ ကြည့်နေကြလေသည်။
“ရပြီ။ ရပြီ။ ထပေတော့။ နင့်မိသားစုက မပြီးပြတ်သေးတဲ့ ကိစ္စတွေကို အရင်ပြန်ရှင်းဖို့ တစ်ရက်အချိန်ရမယ်။ တစ်ကြာရင် ငါနဲ့ ဂိုဏ်းဆီ သွားကြတာပေါ့” ရန်ကိုင်က ပြောလိုက်သည်။
“ဟုတ်ကဲ့” မိန်းကလေးက သူမ၏ နှုတ်ခမ်းကိုကိုက်၍ စိတ်လှုပ်ရှာစွာဖြင့် ပြန်ပြောလိုက်သည်။
ရေလှိုင်းပြာမြို့ကော၊ ကောင်းကင်တိုက်ပွဲမြို့တော်နှင့် ပက်သက်ပြီးတော့ပါ ရန်ကိုင် စိတ်ပူနေစရာ မလိုတော့ချေ။ ထို့ကြောင့် တစ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်သည် လျူဖေးအာကိုခေါ်၍ ရေလှိုင်းပြာမြို့၏ ဟင်းလင်းပြင် အစီအရင်မှတစ်ဆင့် ကောင်းကင်တိုက်ပွဲမြို့တော်သို့ တိုက်ရိုက်သွားလိုက်ပြီး ထိုမှတစ်ဆင့် သွေးနတ်ဆိုးမြို့တော်ဆီသို့ ဆက်သွဦးလေသည်။
သို့သော်လည်း လက်ရှိအချိန်တွင် သွေးနတ်ဆိုးမြို့တော်ကို အထက်စကြာဝဠာမြို့တော်ဟု ပြောင်းလဲခေါ်တွင်နေခဲ့လေပြီ။
အထက်စကြာဝဠာဂိုဏ်းသည် သဲမီးတောက်နယ်မြေထဲတွင် တည်ရှိနေသဖြင့် အထက်စကြာဝဠာမြို့သည် အထက်စကြာဝဠာဂိုဏ်းမှ အပြင်ဘက်သို့ ချိတ်ဆက်ရန် အသုံးပြုထားသည့် မြို့တစ်မြို့ဖြစ်သည်။ အထက်စကြာဝဠာမြို့သည်လည်း အထက်စကြာဝဠာဂိုဏ်း၏ စီမံကွပ်ကဲမှုအောက်တွင် ရှိနေပေသည်။
လွန်ခဲ့သော နှစ်အနည်းခန့်က ဧကရာဇ်ဥယျာဉ်ဖွင်သည့် အချိန်၌ သွေးနတ်ဆိုးကျောင်းတော်၏ အကြီးအကဲချုပ်နှင့် ဂိုဏ်းချုပ်သည် ရန်ကိုင်၏ လက်ချက်ကြောင့် ဧကရာဇ်ဥယျာဉ်ထဲတွင် အသက်ပျောက်သွားခဲ့ရသည်။ ဂိုဏ်းချုပ်နှင့် အကြီးအကဲချုပ် မရှိတော့သည့်အခါ ဂိုဏ်းထဲတွင် ရာထူးလုပွဲ စတင်တော့လေသည်။
ထို့သို့ဖြင့် ဂိုဏ်းတွင်းတိုက်ပွဲ စတင်ခဲ့ရာ လူပေါင်းများစွာ သေကြေခဲ့ပြီး ဂိုဏ်း၏ ခွန်အားမှာလည်း ဂိုဏ်းတစ်ခုလုံး ပျက်စီးတော့ခါနီးထိ ဆုတ်ယုတ်သွားခဲ့သည်။
ရီရှီယွင်သည် ထိုအခွင့်အရေးကို နည်းနည်းလေးမှ လက်လွတ်မခံဘဲ အခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ သွေးနတ်ဆိုးမြို့တော်ကို အပိုင်သိမ်းခဲ့သည်။ တစ်ချိန်တည်း၌ သွေးနတ်ဆိုးမြို့တော်အား အထက်စကြာဝဠာမြို့တော်ဟု ပြောင်းလဲ ခေါ်တွင်စေခဲ့၏။
သွေးနတ်ဆိုးကျောင်းတော်သည် ဆုတ်ယုတ်နေခြင်း မရှိဘဲ အထွဋ်အထိပ် အခြေအနေ၌ ရှိနေလျှင်ပင် အထက်စကြာဝဠာဂိုဏ်းကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သွေးနတ်ဆိုးမြို့တော်ကို လက်လွှတ်လိုက်ရသည့်တိုင် သွေးနတ်ဆိုးကျောင်းတော်သည် အထက်စကြာဝဠာဂိုဏ်းကို လက်တုန့်မပြန်ရဲခြင်း ဖြစ်ပေသည်။
ထိုသို့ဖြင့် သွေးနတ်ဆိုးမြို့တော်သည် အထက်စကြာဝဠာဂိုဏ်း၏ လက်အောက်ခံ မြို့တစ်မြို့ ဖြစ်လာခဲ့သည်။
အထက်စကြာဝဠာမြို့မှ ရရှိသော မြို့ဝင်ခ၊ အခွန်ခအားလုံးကို အထက်စကြာဂိုဏ်းသို့ ပေးဆောင်ရသည်။ ထို့ကြောင့် အထက်စကြာဝဠာဂိုဏ်းသည် သဲမီးတောက်နယ်မြေ အတွင်း၌ ရှိနေသေးသည့်တိုင် အပြင်ဘက်နှင့် အတော်လေး အဆက်အသွယ် ရှိနေပြီဟု ပြော၍ရပေသည်။
ဟင်းလင်းပြင်အစီအရင်မှ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝုန်းခနဲ အော်သံများကို ရန်ကိုင် ကြားလိုက်ရသည်။
“ဂိုဏ်းချုပ်ကို ကြိုဆိုပါတယ်”
ထိုအော်ဟစ်သံများကြောင့် လျူဖေးအာ အလန့်တကြား ထခုန်မိသွားပြီး ရန်ကိုင်နောက်တွင် အမြန် ပြေးပုန်းလိုက်လေသည်။
လူုအပက်ြီးကို ဝေ့ကြည့်လိုက်ရာ အထက်စကြာဝဠာဂိုဏ်း၏ အမြင့်ပိုင်း ရာထူးကြီးအားလုံးနှင့် အကြီးအကဲချုပ် ရီရှီယွင်တို့ ရှိနေသည်ကို တွေ့လိုက်ရ၏။
ရန်ကိုင် ပြန်လာမည့်သတင်း ကြားထားသဖြင့် ဤနေရာတွင် ကြိုစောင့်နေသည့်ပုံပင်။
ရန်ကိုင် အကောင်းအတိုင်း ရှိနေသည်ကို မြင်လိုက်သည့်အခါမှပဲ ရီရှီယွင် သက်ပြင်းချနိုင်တော့သည်။
ကြယ်တက်လှမ်းခြင်းတောင်ထွတ်တွင် ရန်ကိုင်၊ ချီထျန်ချဲနှင့် ဖန်ဖုန်းတို့ သုံးယောက်စလုံး ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြသည်။ ထို့ပြင် ခဏသာ ပျောက်နေခြင်းမဟုတ်ဘဲ သုံးနှစ်သုံးမိုး ပျောက်နေခဲ့ခြင်း ဖြစ်သည်။ ထိုသုံးနှစ်အတွင်း အထက်စကြာဝဠာဂိုဏ်းသည် ရန်ကိုင်နှင့် ပက်သက်၍ အတော်လေးကို စိုးရိမ်ပူပန်နေခဲ့ကြရသည်။ ရန်ကိုင်အကြောင်း သတင်းများ လိုက်စုံစမ်းသော်လည်း ဘာမှ မသိခဲ့ရပေ။
ရန်ကိုင်သည် အရိပ်ကြယ်မှ လုံးဝ ပျောက်ကွယ်သွားသလို ပျောက်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်ငြား ယနေ့တွင် ရန်ကိုင် ပြန်ရောက်လာခဲ့လေပြီ။
ရဣ်ကိုင်၏ ကျင့်ကြံခြင်း တန်ခိုးရှင်ဒုတိယအဆင့်သို့ ရောက်နေသည်ကို မြင်ပြီးနောက် ရီရှီယွင်၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့သည်။ အတွေ့အကြုံများစွာ ရှိထားသည့် သူမကဲ့သို့ လူတစ်ယောက်ပင်လျှင် ထိုအချက်နှင့် ပက်သက်၍ အတော်လေး ထိတ်လန့်သွားခဲ့ရသည်။
ရန်ကိုင် တန်ခိုးရှင်အဆင့်သို့ ရောက်သည်မှာ မကြာတတ်သေးချေ။ သို့သော်ငြား ခဏလေးအတွင်း ဒုတိယအဆင့်သို့ ထပ်ရောက်သွားခဲ့ပြန်သည်။ ထိုအမြန်နှုန်းသည် တကယ်ကို လူမဆန်သည့် အမြန်နှုန်း ဖြစ်သည်။
“အကြီးအကဲချု်ပအတွက် အတော်လေး ခက်ခဲခဲ့မှာပါ” ရဣ်ကိုင်က ရီရှီယွင်ဘက်သို့ လှည့်ပြောလိုက်ပြီးနောက် အားလုံးဘက်သို့ လှည့်၍ ခေါင်းညိတ်ကာ “ခင်ဗျားတို့ အားလုံးလည်း အတော်လေး ပင်ပန်သွားပြီ”
“ကျွန်မတို့ ဘာမှမဖြစ်ပါဘူး ဂိုဏ်းချုပ်။ ဂိုဏ်းချုပ်အတွက်သာ ဒီနှစ်တွေအတွင်း အတော်လေး ခက်ခဲနေလောက်မှာ” ရီရှီယွင်က ပြုံး၍ ပြောလိုက်သည်။ နောက်ဆုံး၌ သူမ၏ အကြည့်သည် ရန်ကိုင်နောက်တွင် ရှိနေသော လျူဖေးအာဆီသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် ရန်ကိုင်ဆီသို့ ပြန်ကြည့်လိုက်သည်။ သူတော်စင် အဆင့်သာ ရှိသေးသော မိန်းကလေး တစ်ယောက်ကို ရန်ကိုင် ဘာကြောင့် ခေါ်လာမှန်း သူမသိစိတ်ထဲ အတွေးများမိသွားသည်။
“ဒီမိန်းကလေးက အထက်စကြာဝဠာဂိုဏ်းထဲ ဝင်ချင်လို့တဲ့။ ဒါနဲ့ ကျုပ်လည်း သူ့ကို ဂိုဏ်းဆီ ခေါ်လာလိုက်တာ” ရန်ကိုင်က ရှင်းပြလိုက်သည်။
“အဲ့လိုကိုး” ရီရှီယွင် ခေါင်းညိတ်လိုက်သည်။
“လာခဲ့၊ ပုန်းမနေနဲ့။ အကြီးအကဲသစ်တွေကို နှုတ်ဆက်လိုက်ဦး” ရန်ကိုင်က သူ့နောက်တွင် ပုန်းနေသော လျူဖေးအာကို ပြောလိုက်သည်။
လျူဖေးအားသည် ရှက်ရှက်ဖြင့် သူမရှေ့ရှိ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ ထိုလူအုပ်ကြီးကို မြင်ပြီးနောက် သူမစိတ်ထဲ အတော်လေးကို လေးစားမိသွား၏။
ထိုလူများသည် အရီပ်ကြယ်ပေါ်တွင် အားအကောင်းဆုံး ပညာရှင်များ ဖြစ်ကြသည်။ ဤနေရာတွင် ရှိနေသူအားလုံးသည် ခြေတစ်ချက်ဆောင့်ရုံဖြင့် အရိပ်ကြယ် တစ်ခုလုံးကို တုန်ခါသွားအောင် လုပ်နိုင်ပေသည်။
စိတ်ကို ငြိမ်အောင်လုပ်ပြီးနောက် လျူဖေးအားသည် လက်သီးဆုပ်၍ လူအုပ်ကြီးကို တလေးတစား နှုတ်ဆက်လိုက်လေသည်။
“ဒီလောက် တလေးတစားကြီး လုပ်နေစရာမလိုပါဘူး။ ဂိုဏ်းချုပ်က လက်ခံပေးမှတော့ ငါတို့ ဘာမှ ငြင်းစရာမရှိဘူး။ နင်အခု ငါတို့ အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းသာ တစ်ယောက် ဖြစ်သွားပြီ။ နင်သာ ကြိုးကြိုးစားစား လေ့ကျင့်လို့ ထူးချွန်လာမယ်ဆိုရင် အခု ရှိနေတဲ့ လူတွေထဲကတ စ်ယောက်ယောက်ရဲ့ တပည့် ဖြစ်လာနိုင်လိမ့်မယ်” ရီရှီယွင်က လျူဖေးအားကို ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့” လျူဖေးအား စိတ်လှုပ်ရှားတကြီး ခေါင်းညိတ်လိုက်သည်။
“အရင်ပြန်သွားပြီးမှ ပြောကြတာပေါ့” ရန်ကိုင်က ပြောလိုက်သည်။
နေ့တစ်ဝက်ကြာပြီးနောက်တွင်၊ အထက်စကြာဝဠာဂိုဏ်း၏ အကြီးအကဲများသည် ခန်းမထဲတွင် စုဝေးလျက် ဂိုဏ်း၏ လက်ရှိအခြေအနေနှင့် လွန်ခဲ့သော သုံးနှစ်အတွင်း ဖြစ်ပျက်သွားခဲ့သည့် အကြောင်းအရာများကို ရန်ကိုင်အား ပြန်လည် တင်ပြနေကြ၏။
ထိုသုံးနှစ်အတွင်း အထက်စကြာဝဠာဂိုဏ်း အကြီးအကျယ် တိုးတက်လာခဲ့ပေသည်။
အခြားဘာကိုမှ မပြောလျှင်ပင် ကြယ်ဧကရာဇ်တောင်မှ ရွေ့ပြောင်းလာသော လူနှစ်ရာကျော်၏ ခွန်အားသက်သက်နှင့်ပင် အထက်စကြာဝဠာဂိုဏ်းသည် အရိပ်ကြယ်၏ နံပါတ်တစ်ဂိုဏ်း ဖြစ်ရန် လုံလောက်နေလေပြီ။ လက်ရှိတွင် အထက်စကြာဝဠာဂိုဏ်းသည် အရိပ်ကြယ်၏ အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်ဆိုသောအ ချက်ကို မည်သူမှ ငြင်းပယ်၍မရချေ။
ထို့အပြင် ကောင်းကင်တိုက်ပွဲမြို့တော်နှင့်တကွ၊ အခြားသော မြို့များကိုလည်း ပိုင်ဆိုင်ထားသေးသဖြင့် အထက်စကြာဝဠာဂိုဏ်း၏ နှစ်စဉ်ဝင်ငွေသည် အတော်လေး များပြားလှပေသည်။ ထို့ကြောင့် နောက်ပိုင်း အရင်းအမြစ် မလုံလောက်မည်ကို အထက်စကြာဝဠာဂိုဏ်း အနေဖြင့် စိုးရိမ်နေစရာ မလိုတော့ချေ။
ဂိုဏ်းသား အရေအတွက်မှာ သိပ်မများသော်လည်း ဘက်ပေါင်းစုံမှ အရင်းအမြစ်များ ဂိုဏ်းဆီသို့ အဆက်အသွယ် ဝင်လာနေခဲ့သည်။ အထက်စကြာဝဠာဂိုဏ်းတွင် လက်ရှိ အချိန်၌ ရတနာဂိုဒေါင်သုံးခု ရှိနေခဲ့သည်။ ထိုရတနာသုံးခုစလုံး ပြည့်နေပြီ ဖြစ်သည့် အတွက် ရီရှီယွင်သည် နောက်တစ်ခု ထပ်ဖွင့်ရန်ပင် ပြင်ဆင်နေခဲ့ရသည်။
ထို့အပြင် အထက်စကြာဝဠာဂိုဏ်းတွင် မဟာမိတ်အင်အားစုနှစ်ခု ထပ်ရှိသေး၏။ အရိပ်လခန်းမနှင့် ကြည်လင်ကောင်းကင်ဂိုဏ်းတို့ပင် ဖြစ်သည်။
ထိုအင်အားစုနှစ်ခုစလုံးသည် ရန်ကိုင်နှင့် အဆက်အသွယ်ရှိသည်။ ရန်ကိုင် ပျောက်နေသည့် အတောအတွင်း ထိုအင်အားစုနှစ်ခုမှ အထက်စကြာဝဠာဂိုဏ်းကို တိုးတက်လာအောင် အကူအညီ ကြီဂကြီးမားမား ပေးခဲ့သည့်အတွက် ရီရှီယွင်သည် ထိုအင်အားစုနှစ်ခုနှင့် မဟာမိတ်ဖွဲ့ရန် ဆုံးဖြတ်လိုက်လေသည်။
မရေမတွက်နိုင်သော အခြားအင်အားစုများသည်လည်း အထက်စကြာဝဠာဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ချင်သော်ငြား သူတို့ထဲတွင် မည်သူက အထက်စကြာဝဠာဂိုဏ်းနှင့် မရင်းနှီကြချေ။ ထို့ကြောင့် အရိပ်လခန်းမနှင့် ကြည်လင်ကောင်းကင်ဂိုဏ်းတို့ ရရှိသွားသည့် အခွင့်အရေးကို သားရေတများများနှင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။
အခု အထက်စကြာဝဠာဂိုဏ်းက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ အထက်စကြာဝဠာဂိုဏ်းကို စတင် တည်ထောင်စဉ်က သူတို့ဂိုဏ်းသည် အချိန်တိုအတွင်း ဤမျှ တိုးတက်လာနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ကောင်းကင်တိုက်ပွဲအစည်းအရုံး၊ မိုးကြိုးမုန်တိုင်းဂိုဏ်းနှင့် ကြယ်ဧကရာဇ်တောင်၏ ပျက်စီးသွားမှုသည် အထက်စကြာဝဠာဂိုဏ်း၏ တိုးတက်မှုကို အတော်လေး လျင်မြန်သွားစေသည်ဟု ပြော၍ရသည်။ ထိုအင်အားစုကြီး သုံးခု မရှိတော့သည့် အတွက် လက်ရှိတွင် အထက်စကြာဝဠာဂိုဏ်းသည် အရိပ်ကြယ်ပေါ်၌ ပြိုင်ဘက်ကင်း အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။
ထိုအင်အားစု သုံးခုစလုံးသည် အထက်စကြာဝဠာဂိုဏ်း၏ ခြေနင်းကျောက်တုံးများ ဖြစ်သွားခဲ့ရသည်။
နေ့တစ်ဝက်ကြာပြီးနောက် အကြီးအကဲအားလုံး ပြန်ထွက်သွားခဲ့ကြပြီး ခန်းမထဲ ရန်ကိုင်နှင့် ရီရှီယွင်တို့သာ ကျန်ရစ်ခဲ့သည်။
ရန်ကိုင်တွင် အခြားအရေးကြီး မေးခွန်းများ ရှိနေမည်းမှန်း ရီရှီယွ၍် သိနေသည်။ သို့သော် ရန်ကိုင် မမေးရသေးခင်မှာပဲ သူမက စပြောလိုက်သည် “မဒမ်းရဲ့ အခြေအနေကို မေးချင်တယ်ဆိုရင်တော့ အရင်အတိုင်းပဲလို့ ပြောရလိမ့်မယ်”
“အဲ့တော့… ဘာမှမပြောင်းလဲသွားဘူးပေါ့…” ရန်ကိုင် ရေရွတ်လိုက်သည်။
“ဟုတ်တယ်။ ဂိုဏ်းချုပ် စိုးရိမ်နေစရာမလိုဘူး။ မဒမ်က ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက် ကြာလိမ့်မယ်လို့ ပြောသွားမှတော့ ကျွန်မတို့လည်း အဲ့အချိန်ထိ စိတ်ရှည်ရှည်စောင့်ရုံပဲ ရှိတော့တာပေါ့”
“ကောင်းပြီလေ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“အဲ့အပြင်၊ ဂိုဏ်းချုပ်ရဲ့ မှော်ရတနာစိတ်ဝိဥာဉ်က မြေအဆုတ်မီးတောက်ကန်ထဲမှ အားဖြည့်နေတယ်။ နဂါးစိမ်းဓါးကိုတော့ ပြန်ယူလာပြီး ဂိုဏ်းချပ်နေတဲ့ ပထမ ကောင်းကင်နန်းတော်ထဲမှာ ထားထားလိုက်တယ်”
“နားလည်ပြီ”
တကယ်တော့ ရီရှီယွင် အနေဖြင့် ထိုအကြောင်းအရာများကို ရှင်းပြနေစရာ မလိုချေ။ ထိုအရာနှစ်ခု မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို ရန်ကိုင် အာရုံခံ၍ ရပေသည်။
“အဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်တာလဲ။ ဂိုဏ်းချုပ် ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားတာလဲ။ ဧကရာဇ်မှော်ရတနာနဲ့များ ပက်သက်နေတာလား” ရီရှီယွင်က ခဏမျှ စဉ်းစားနေပြီးနောက် မေးလိုက်သည်။
ကမ္ဘာငယ်ဓါတ်လုံးသည် ဧကရာဇ်မှော်ရတနာတစ်ခု ဖြစ်မှန်းသာ သူမ သိထားပြီး ထိုအရာ စွမ်းရည်များကိုတော့ မသိထားချေ။
ကြယ်ဧကရာဇ်တောင်မှ မည်သူမှ ထိုအရာကို မသန့်စင်နိုင်သဖြင့် ထိုအရာ၏ စွမ်းရည်များကို ရီရှီယွင် မသိသည်မှာလည်း အထူးအဆန်းတော့ မဟုတ်ပေ။
“ဟုတ်တယ်။ ကျုပ် ကမ္ဘာငယ်လေးထဲ ဆွဲခေါ်သွားခံရတာ” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“ကမ္ဘာငယ်လေး…” ရီရှီယွင်၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့သည်။
“ဒါပေမယ့် ကံကောင်းပြီးတော့ သုံးနှစ်အတွင်းမှာပဲ အဲ့ထဲကနေ ဘယ်လို ပြန်ထွက်ရမလဲ နည်းလမ်းရှာတွေ့သွားတယ်။ အကြီးအကဲချုပ် အဲ့ဒါနဲ့ ပက်သက်ပြီး ထပ်စိုးရိမ်နေစရာ မလိုတော့ဘူး”
ရန်ကိုင် ထပ်ရှင်းမပြချင်တော့သည်ကို မြင်သော် ရီရှီယွင်လည်း ထပ်မမေးတော့ချေ။
ခဏစဉ်းစားနေပြီးနောက် တစ်ခုခုကို ရုတ်တရက် ထုတ်၍ ရန်ကိုင်လက်ထဲသို့ ထည့်ပေးလိုက်သည် “မဒမ်က သူအိပ်ပျော်နေတုန်း ဂိုဏ်းချုပ်ဆီ ဒါပေးပေးဖို့ သတင်းပို့လာတယ်”
“ကြယ်ဧကရာဇ်တံဆိပ်ပြားလား” ရန်ကိုင်က ရီရှီယွင်ပေးလာသည့် အရာကို ကြည့်ပြီး ပြောလိုက်သည်။
ရန်ကိုင်သည် ထိုကြယ်ဧကရာဇ်တံဆိပ်ပြားကို အလေးအနက် အမူအရာဖြင့် ပွတ်သပ်ကြည့်လိုက်သည်။
သူ့တွင် ကြယ်ဧကရာဇ်တံဆိပ်ပြားလေးခု ရှိနေခဲ့လေပြီ။ တစ်ခုသည် အကောင်းအတိုင်း ရှိနေသေးပြီး ကျန်သုံးခုမှာမူ သုံးပြီးသားများ ဖြစ်ကြသည်။ အကောင်းအတိုင်း ရှိနေသေးသည့် တံဆိပ်ပြားကို ကွေ့ဇူဆီမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ကျန်သုံးခုအနက်၊ တစ်ခုကို သဲမီးတောက်နယ်မြေ၏ ခြောက်လွှာမြောက်ထဲရှိ အိမ်လေးထဲမှ ရရှိခဲ့ပြီး အခြားတစ်ခုကို ကဲချီဆီမှ ရခဲ့သည်။ နောက်ဆုံးတစ်ခုသည် သူ့လက်ထဲတွင် ကိုင်ထားသည့် တံဆိပ်ပြားဖြစ်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၄၂)
မဟာဧကရာဇ်သည် ကြယ်ဧကရာဇ်တံဆိပ်ပြား စုစုပေါင်း ဆယ်ပြားကို သန့်စင်ခဲ့ပြီး တစ်ပြားချင်းစီထဲတွင် မဟာဧကရာဇ်၏ နတ်ဘုရားစွမ်းရည် တစ်ခုစီကို ချိတ်ပိတ်ထားခဲ့သည်ဟု ယန်ယန် သူ့ကို ပြောခဲ့ဖူးသည်။
ယခုသူ့အား ထိုတံဆိပ်ပြား ဆယ်ခုစလုံးကို သူ့အား ထိန်းသိမ်းထားရန် ပြောနေ၏။ ထိုတံဆိပ်ပြားများနှင့် ပက်သက်၍ ထူးခြားသည့်အရာ တစ်ခုခုများ ရှိနေသလား။
ရန်ကိုင်သိသော နောက်ထပ် တံဆိပ်ပြားတစ်ခုသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း ဖြစ်ပြီး ရေလကြယ်ပေါ်တွင် ထိန်းသိမ်းထားပေသည်။ ထိုအကြောင်းကို ရွှယ့်ယွယ်နှင့် စကားပြောရင်းမှ မတော်တဆ သိခဲ့ခြင်း ဖြစ်သည်။
ရန်ကိုင်လည်း မည်သည့်အပိုစကားမှ ထပ်ပြောမနေတော့ဘဲ တံဆိပ်ပြားကိုသာ ထည့်သိမ်းလိုက်လေသည်။ ထို့နောက် ချင်းတုန်၊ ဖေးကျီတုနှင့် ကြည်လင်ကောင်းကင်ဂိုဏ်းဆီ သွားရန်အချိန်ရောက်ပြီဟု သတင်းပို့ပေးရန် ရီရှီယွင်အား တောင်းဆိုလိုက်သည်။ ညွှန်ကြားစရာရှိသည်များကို ညွှန်ကြားပြီးနောက် ခန်းမထဲမှ ထွက်လာခဲ့သည်။
လွန်ခဲ့သော သုံးနှစ်ခန့်ကတည်းက ကြယ်စီရင်စုထဲသို့ ခရီးထွက်ရန် ပြင်နေခဲ့ခြင်း ဖြစ်သည်။
မတော်တဆ အဖြစ်အပျက်များသာ ဖြစ်ပျက်မလာခဲ့လျှင် ယခုအချိန်လောက်ဆို ကြယ်စီရင်စုထဲသို့ သူရွက်လွှင့်နေလောက်ပေပြီ။
ကြယ်ဧကရာဇ်တောင်၏ ရန်စမှုကြောင့် သူ့အစီအစဉ်များ နှောင့်နှေးသွားခဲ့ရသည်။ ယခု ထိုပြဿနာများ အားလုံးကို ဖြေရှင်းသွားပြီ ဖြစ်လေရာ ခရီးထွက်ရန် အချိန်သို့ ရောက်ရှိလာခဲ့လေပြီ။ ကြယ်စီရင်စုထဲသို့ ခရီးထွက်၊ အိမ်ကိုပြန်ကာ သူသိသည့် မိန်းမလှလေးများကို သွားရောက်ရှာဖွေရပေမည်။
ပထမကောင်းကင်နန်းတော်ဆီသို့ ပြန်သွားနေရင်း စုယန်၏ မျက်နှာလေးကို ရန်ကိုင် ရုတ်တရက် ပြန်သတိရလာဲ့သည်။
တုန်းရွှမ်လောကကြီးမှ သူထွက်လာခဲ့သည်မှာ နှစ်နှစ်ဆယ်ကျော် ရှိနေခဲ့လေပြီ။
လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း အခက်အခဲများစွာကို သူရင်ဆိုင်ခဲ့ရပြီး သူ့ကျင့်ကြံခြင်းသည်လည်း သူတော်စင်အဆင့်မှ တန်ခိုးရှင်အဆင့်သို့ မြင့်တက်လာခဲ့ရသည်။ ယခုလက်ရှိ သူ့ခွန်အားသည် ကြယ်စီရင်စုထဲသို့ စတင် ဝင်ရောက်လာစဉ်ကထက် အဆတစ်ရာမက ပိုအားကောင်းနေခဲ့လေပြီ။
သို့သော် သိုင်းတာအိုသည် အဆုံးမရှိချေ။ သူပိုအားကောင်းလာသည်နှင့်အမျှ သူ့လိုအပ်ချက်များကို ပိုပို၍ နားလည်လာခဲ့ရသည်။
သူအရမ်းကို သန်မာချင်သည်၊ သိုင်းတာအို၏ အထွဋ်အထိပ်တွင် ရပ်တည်ပြီး သက်ရှိအားလုံးကို အထက်စီးမှ စီးမိုးကြည့်ချင်သည်။
ရုတ်တရက် ထွက်ပေါ်လာသော ဝမ်းသာတကြီးအော်ဟစ်သံများကြောင့် ရန်ကိုင် အသိပြန်ဝင်လာခဲ့ရသည်။ အသံကြားရာဆီသို့ လှည့်ကြည့်လိုက်ရာ စုဝေးနေသော လူအုပ်ကြီးတစ်အုပ်ကို တွေ့လိုက်ရသည်။
ထိုလူအုပ်ကြီးသည် ဟိုင်ခဲမိသားစု၏ တပည့်ဟောင်းများ ဖြစ်ကြပေသည်။
ယခင်က သူတို့၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်သော်ငြား အမျိုးမျိုးသော ကျင့်ကြံရေး အထောက်အကူ ပစ္စည်းများနှင့် ကောင်းမွန်သော နေရာကောင်းတို့တွင် ကျင့်ကြံခွင့် ရသည့်အတွက်ကြောင့် သူတို့၏ ခွန်အားသည် အဆပေါင်းများစွာ ခုန်ကျော် မြင့်တက်လာခဲ့ရာ လက်ရှိ သူတို့၏ ကျင့်ကြံခြင်းသည် သူတော်စင်ဘုရင်အဆင့်သို့ပင် ရောက်ရှိနေခဲ့လေပြီ။
ယုဖုန်းနှင့် ဝူရီတို့သည်လည်း တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ခြေတစ်လှမ်းသာ ဝေးကွာတော့ပေသည်။
အထက်စကြာဝဠာဂိုဏ်းသား တစ်ယောက် ဖြစ်လာပြီဆိုပါက အရည်အချင်းသာ ကောင်းသရွေ့ အဆင့်မချိုးဖျက်တက်နိုင်မည်ကို စိုးရိမ်စရာ မလိုချေ။ အမျိုးမျိုးသော ဆေးလုံးများ၏ အကူအညီ၊ ကိုယ်တွင်းနတ်ဆိုးများကို ဖယ်ရှားပေးနိုင်သော နှစ်တစ်သောင်းအမွှေးနံ့သာ၏ အကူအညီနှင့် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို ပိုမိုထိုးထွင်းသိမြင် နားလည်အောင် လုပ်ဆောင်ပေးနိုင်သော အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်၏ အကူအညီကြောင့် အဆင့်ချိုးဖျက်တက်ဖို့ရာသည် ရိုးရှင်းသော ကိစ္စတစ်ခုသာ ဖြစ်လာခဲ့သည်။
မည်သည့် တပည့်မှာ အဆင့်ချိုးဖျက်တက်ရောက်ရာတွင် အခက်အခဲနှင့် ရင်ဆိုင်ရခြင်း မရှိခဲ့ကြချေ။
လက်ရှိတွင် ထိုတပည့်တစ်အုပ်သည် အတူတကွ စုဝေးလျက် တိုက်ပွဲတစ်ပွဲကို စောင့်ကြည့်အားပေးနေကြသည်။
လက်သီးသံများကိုလည်း ကြားနေရသည်။
ကျင့်ကြံခြင်း တိုးတက်လာသည့်အခါ လိုအပ်ချက်များကို စစ်ဆေးရန်၊ မိမိ၏ ခွန်အား မည်မျှ တိုးတက်လာသလဲ ဆိုသည်ကို သိနိုင်ရန်အတွက် တပည့်များသည် အချင်းချင်း လက်ရည်သွေးလေ့ရှိသည်။ ထိုကဲ့သို့ အချင်းချင်း လက်ရည်ဖလှယ်ခြင်းသည် ကောင်းသည့် ကိစ္စတစ်ခုဖြစ်သည်။ အစကမူ တိုက်ပွဲကို ကြည့်ချင်စိတ် မရှိသော်ငြား တိုက်ခိုက်နေသူ နှစ်ယောက်အနက်မှ တစ်ယောက်ကို မြင်လိုက်သည့်အခိုက် ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားပြီး သွားကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
အကုန်လုံးသည် တိုက်ပွဲကိုသာ အာရုံစိုက်နေကြသည့်အတွက် ရန်ကိုင် ရောက်လာသည်ကို တစ်ယောက်မှ သတိမပြုမိခဲ့ကြပေ။
မြေကွပ်လပ်ကျဉ်းကျဉ်းလေးထဲတွင် လူနှစ်ယောက် တိုက်ခိုက်နေခဲ့ကြသည်။ ထိုနှစ်ယောက်သည် ရန်ကိုင်ထင်ထားသလို သိုင်းပညာရပ်များဖြင့် တိုက်ခိုက်နေကြခြင်း မဟုတ်ဘဲ ကာယခွန်အား သီးသန့်ကိုသာသုံးပြီး တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
တစ်ယောက်ကိုတော့ ရန်ကိုင် မြင်ဖူးသော်လည်း ထိုလူ၏ နာမည်ကိုတော့ မမှတ်မိချေ။ ထိုလူသည် တုတ်ခိုင်ထွားကြိုင်းပြီး ကြွက်သားအမြောင်းမြောင်းနှင့် လူထွားကြီးတစ်ဦး ဖြစ်သည်။ သူ့ကျင့်ကြံခြင်းမှာလည်း မဆိုလှဘဲ သူတော်စင်ဘုရင် ပထမအဆင့် ဖြစ်ပေသည်။
သို့သော်လည်း ရန်ကိုင် စိတ်ဝင်စားသွားသည်ကား ထိုလူထွားကြီး၏ ပြိုင်ဘက် ဖြစ်သည်။ သူ့ပြိုင်ဘက်သည် အမျိုးသားတစ်ဦး မဟုတ်ဘဲ အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့သည်။
ထိုမိန်းကလေးသည် ဆယ်နှစ်လောက်သာ ရှိသေးသော်ငြား သေးသွယ်သွယ် သူမ၏ ခန္ဓာကိုယ်လေးသည် မျောက်တစ်ကောင်ကဲ့သို့ လျင်မြန်ဖျတ်လက်လှသည်။ မယုံကြည်နိုင်စရာ အမြန်နှုန်းဖြင့် လှုပ်ရှားနေရင်း လူထွားကြီးနှင့် အနီးကပ် တိုက်ခိုက်နေခဲ့သည်။
ကောင်မလေး၏ ဆံပင်သည် အနည်းငယ် အဝါရောင်သန်းနေပြီး ဆံပင်ကို နှစ်ဖက်ခွဲစီးထားခဲ့သည်။ သူမ၏ ပုံစံလေးမှာ အတော်လေးကို ချစ်စရာ ကောင်းလှသည်။
လူထွားကြီး၏ တိုက်ခိုက်မှုများကို ရှောင်ရှားနေရင်း အခွင့်အရေးရလျှင် ရသလို လူထွားကြီးကို သူမ၏ လက်သီးလေးများ တန်ပြန်ထိုးသည်။
သူမ၏ လက်သီးလေးသည် ပေါ့ပါးပြီး အားမရှိဟန် ထင်ရသော်ငြား ထိုလက်သီးချက် မိသွားတိုင်း လူထွားကြီးမျက်နှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားလေသည်။
ကောင်မလေး၏ လက်သီးချက်ကြောင့်လားမသိရာ၊ လူထွားကြီး၏ မျက်ကွင်း နှစ်ခုစလုံး ညိုမဲဖူးရောင်နေခဲ့သည်။
လူထွားကြီးသည်လည်း နည်းနည်းလေးမှ ညှာတာမနေခဲ့ချေ။ အားကုန်သုံး၍သာ ထိုးနေခဲ့သည်။ သူလက်သီး တစ်ချက် ထိုးလိုက်တိုင်း လေတိုးသံများပါ ထွက်ပေါ်လာလေသည်။ ထိုတိုက်ပွဲကို ကြည့်နေရင်း ဘယ်အချိန် လူထွားကြီး၏ လက်သီး ကောင်မလေးကို ထိသွားမလဲ တွေးရင်း ရန်ကိုင်မှာ ရင်တမမ ဖြစ်နေရ၏။
သို့သော်လည်း သူအပိုသက်သက် စိုးရိမ်နေခြင်းသာ။
ကြည့်နေသူအားလုံးသည် ကောင်မလေးကို လုံးဝ စိတ်ပူမနေကြချေ။ သူမအား အော်ဟစ်အားပေးနေရင်း လူထွားကြီးကို လှောင်ပြောင်နေခဲ့ကြလေသည်။
“လင်းယွင်အာလား” ထိုမိန်းကလေးကို ရန်ကိုင် မှတ်မိလိုက်သည်။
ထိုကောင်မလေးသည် ပင်လယ်ကမ်းခြေမြို့တော်မှ သူပြန်ပေါ်လာခဲ့သည့် မိန်းကလေး ဖြစ်ပေသည်။
ဟွမ်ကျွမ်း၏ မွေးစားသမီးလည်း ဖြစ်ပေသည်။
ပြန်ခေါ်လာစဉ်က ထိုမိန်းကလေးသာ ခုနှစ်နှစ်၊ ရှစ်နှစ်သားလောက်သာ ရှိသေးသော်လည်း သုံးနှစ်ကြာပြီးနောက်တွင် ထိုကောင်မလေးသည် တဖြည်းဖြည်း အရွယ်ရောက်လာနေခဲ့လေပြီ။
လင်းယွင်အာသည် အကောင်သေးသလောက် အလွန်ကိုမှ အားကောင်းမှန်း ရန်ကိုင်သိသည်။ ယနေ့တိုက်ပွဲကို မြင်ပြီးနောက် သူမ၏ ကာယခွန်အားကို သူအထင်သေးမိနေသေးမှန်း ရန်ကိုင် နားလည်သွားလိုက်သည်။
အသက်ဆယ်နှစ် အရွယ်လေးဖြင့် သူတော်စင်ဘုရင်အဆင့်သို့ ရောက်နေသော အရွယ်ရောက်လူကြီး တစ်ဦးကို လက်သီးချင်း ယှဉ်ထိုးနိုင်နေရုံတင် မဟုတ်သေးဘဲ အထက်စီးမှပင် တိုက်ခိုက်နေနိုင်ခဲ့သည်။
ကြောက်ဖို့ကောင်းလိုက်တဲ့ခွန်အား ရန်ကိုင် အံ့ဩမိနေခဲ့သည်။
လင်းယွင်အားကို စိတ်ဝင်တစားဖြင့် လေ့လာကြည့်နေစဉ်မှာပင် မိန်းကလေး၏ ခန္ဓာကိုယ်သည် ရုတ်တရက် ရှေ့သို့ ပြေးထွက်သွားပြီး လူထွားကြီး၏ ရင်ဘတ်ဆီသို့ ပြေးခုန်ဝင်သွားကာ သူ့မေးရိုးကို ထိုးချလိုက်လေသည်။
ထိုလက်သီးချက်ကြောင့် လူထွားကြီး မြေကြီးပေါ်သို့ မှောက်လဲကျသွားခဲ့သည်။ အတော်လေးကြာမှ ခက်ခက်ခဲခဲ ပြန်ရုန်းထလာခဲ့သည်။
ဝိုင်းကြည့်နေသူများသည် လင်းယွင်အားကို ဝိုင်းဝန်း အားပေးလိုက်ကြလေသည်။ ယုဖုန်းသည်လည်း ပျော်ရွှင်စွာ ရယ်မောနေခဲ့သည်။
သူမ၏ ပြိုင်ဘက်ကို အနိုင်ယူလိုက်နိုင်ပြီးနောက် လင်းယွင်အားသည် ပျော်ရွှင်စွာ အော်ဟစ်ခုန်ပေါက်နေလေသည်။
သူမကို ကြည့်ရင်း ရန်ကိုင် အတွေးနက်သွားခဲ့သည်။
ဤတိုက်ပွဲသည် သူသေကိုယ်သေ တိုက်ပွဲဆိုလျှင် လင်းယွင်အာ အနေဖြင့် လူထွားကြီး၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့၏ ကျင့်ကြံခြင်းသည် အလွန်ကိုမှ ကွာခြားသည် မဟုတ်ပေလော။ သို့သော် ခန္ဓာကိုယ်ခွန်အား သက်သက်ဆိုလျှင် လူထွားကြီးသည် လင်းယွင်အား ပြိုင်ဘက် မဟုတ်ချေ။
သူမသည် ဆယ်နှစ်သာ ရှိသေးသော်လည်း ဤမျှ အားကောင်းနေသည်။ သူမကိုသာ ကောင်းကောင်း သင်ပေးလိုက်မည်ဆိုလျှင် သူမ၏ အနာဂတ်အောင်မြင်သည် အလွန်ကိုမှ ကြီးကျယ်လာပေလိမ့်မည်။
စိတ်ဝင်စားစရာပဲ၊ တကယ်ကို စိတ်ဝင်စားစရာပဲ… ရန်ကိုင် တွေးလိုက်သည်။
“ဟေး၊ အဲ့ဒါ ဦးလေးမလား” လင်းယွင်သည် ရုတ်တရက် ရန်ကိုင်ကို မြင်သွားပြီး လှမ်းအော်မေးလိုက်လေသည်။
ရန်ကိုင် မျက်နှာ သုန်မှုန်သွားခဲ့သည်။
“အာ၊ ဂိုဏ်းချုပ်ပါလား” လုဖုန်းသည်လည်း အလန့်တကြား ဆိုလိုက်သည်။ ထို့နောက် တစ်ခုခုကို ဖုံးကွယ်ချင်နေသည့်အလား၊ သူ့မျက်လုံးကို လက်ဖြင့် အလျင်အမြန် ဖုံးအုပ်လိုက်လေသည်။
ရန်ကိုင်လည်း လှည့်ပတ်ကြည့်လိုက်ရာ ဤနေရာတွင် စုဝေးနေသည့် လူအများစု မျက်လုံးများ ဖူးရောင်ညိုမည်းနေသည်ကို တွေ့လိုက်ရလေသည်။
“မင်းတို့အားလုံး အတီးခံထားရတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
“ဟဲဟဲ…” ယုဖုန်း ရှက်လွန်းသဖြင့် တွင်းတစ်တွင်း တူးပြီးတော့သော ပြေးပုန်းချင်နေမိတော့သည်။
တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ရန် ခြေတစ်လှမ်းလောက်သာ ဝေးကွာတော့သည့် သူတော်စင်ဘုရင် တတိယအဆင့်သို့ ရောက်နေသော်လည်း လင်းယွင်အာနှင့် ခွန်အားသက်သက်ချင်း ယှဉ်ပြိုင်သည့်အခါ အညိုအမဲစွဲအောင် အတီးခံလိုက်ရ၏။
ဤတိုက်ပွဲသည် သူ့အတွက် ရှက်စရာအကောင်းဆုံး တိုက်ပွဲတစ်ပွဲလည်း ဖြစ်ပေသည်။
“တကယ်ကို ကျက်သရေတုံးတယ်ကွာ” ရန်ကိုင်လည်း ရယ်မောလိုက်ပြီး လင်းယွင်အာကို လှမ်းခေါ်လိုက်လေသည် “ယွင်အာ၊ ဒီကိုလာဦး”
ရန်ကိုင် ခေါ်လိုက်သည်နှင့် ကောင်မလေးသည် ရန်ကိုင်ဆီသို့ အလျင်စလို ပြေးသွားလေသည်။ ထို့နောက် ခဏမျှ စဉ်းစားပြီးနောက် “တပည့် လင်းယွင်အာ၊ ဂိုဏ်းချုပ်၊ ဦးလေးကို နှုတ်ဆက်ပါတယ်”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပြုံးလျက် “နောက်တစ်ခါ အဲ့လိုတွေ ပြောနေစရာ မလိုဘူး”
“အင်း” ကောင်မလေး ခေါင်းညိတ်လိုက်သည်။
ရီရှီယွင်က သေချာ သင်ပေးထားတာပဲ ရန်ကိုင် ထိုမိန်းကလေးကို ကျေကျေနပ်နပ်ဖြင့် ကြည့်လိုက်မိသည်။
“သမီး ဒီနေရာကို ကြိုက်လား” ရန်ကိုင်က မေးလိုက်သည်။
“ကြိုက်တယ်” လင်းယွမ်အာက ချက်ချင်း ပြန်ဖြေလိုက်သည် “ဒီမှာ စားစရာတွေ အများကြီးပဲ။ ပြီးတော့ ဘယ်သူမှလည်း ယွင်အာကို အနိုင်မကျင့်ကြဘူး။ ဒေါ်လေးရီနှင့် အခြားဦးလေးတွေလည်း ယွင်အာအပေါ် ကောင်းကြတယ်”
“သမီးကြိုက်ရင်ပြီးရော” ရန်ကိုင်က ပြုံးလိုက်သည် “သမီးရဲ့ ဒေါ်လေးရီ သမီးအတွက် ဆရာတစ်ယောက် ရှာပေးထားတာလား”
လင်းယွင်အာ ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
“အိုဘာလို့လဲ” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
လင်းယွင်အာသည် အလွန်ငယ်သေးသော်လည်း ရှားပါးပါရမီရှင်တစ်ယောက် ဖြစ်သည်မှာ သံသယရှိစရာ မလိုချေ။ သူမအတွက် ကြယ်ဧကရာဇ်တောင်မှ ရောက်လာသည့် လူတစ်ယောက်ယောက်သည် သူမ၏ဆရာ ဖြစ်နိုင်သည်ဟု ရန်ကိုင် တွေးနေခြင်း ဖြစ်သည်။
ထိုလူအားလုံးသည် တပည့်ရွေးချယ်ခြင်းနှင့် ပက်သက်၍ အလွန်တင်းကြပ်သော်ငြား လင်းယွင်အာသည် သူတို့၏ လိုအပ်ချက်များနှင့် ပြည့်မှီသည့်လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် မည်သူမှ သူမအား တပည့်အဖြစ် လက်မခံသည်မှာ အတော်လေး ထူးဆန်းနေပေသည်။
“သူတို့ထဲက ဘယ်သူမှ သမီးကို သင်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဒေါ်လေးရီက ပြောတယ်” လင်းယွင်က ပြန်ပြောလိုက်သည်။ ထို့နောက် ခေါင်းလေးစောင်းလျက် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည် “ယွင်အာက ကျင့်ကြံဖို့အတွက် ဒေါ်လေးရီနောက် လိုက်နေတာဆိုတော့ ဘယ်သူ့ကိုမှ ဆရာတင်ဖို့ မလိုသေးဘူး”
“အဲ့ဒါကောင်းတယ်။ သမီးရဲ့ ဒေါ်လေးရီက အရမ်းအားကောင်းတာ။ သူ့နောက်လိုက်တာ သမီးအတွက် တကယ်ကောင်းတယ်”
“ဟုတ်ကဲ့”
“အင်း၊ ဆက်လုပ်ကြ” ရန်ကိုင်က လက်ဝှေ့ရမ်းလိုက်ပြီး လှည့်ထွက်သွားလေသည်။
လင်းယွင်အာကို မည်သူမှ မသင်ကြားပေးနိုင်ဟု ရီရှီယွင် ပြောခဲ့ခြင်းမှာ အနညး်ငယ် ထူးဆန်းနေခဲ့သည်။
ကြယ်ဧကရာဇ်တောင်သည် ကျင့်ကြံသူနှစ်ရာကျော်သာ ရှိသော်လည်း အကုန်လုံးသည် သူတို့နယ်ပယ်အသီးသီးတွင် ဆရာကြီးများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုလူအုပ်ထဲမှ လင်းယွင်အာကို သင်ကြားပေးနိုင်သည့် လူတစ်ယောက်ကို ရှာရန်မှာ သိပ်မခက်ခဲလောက်ချေ။
ရီရှီယွင် ထိုကဲ့သို့ လုပ်ရသည့် အကြောင်းအရင်း တစ်ချက်သာ ရှိပေသည်။
လင်းယွင်းအာ၏ အနာဂတ်နှင့် ပက်သက်၍ အတော်လေး အလေးထားနေသည့် အတွက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။ လင်းယွင်အာ၏ အနာဂတ်နှင့် ပက်သက်၍ မတော်တဆ နည်းနည်းလေးမှ အဖြစ်မခံလိုခြင်း ဖြစ်သဖြင့် သူမကိုယ်တိုင် လင်းယွင်အာကို သင်ကြားပေးမည်ဟု ဆုံးဖြတ်ထားခြင်းပေလော။
ဤကိစ္စနှင့် ပက်သက်၍ ရီရှီယွင်ကို ကိုယ်တိုင်သွားမေးရတော့မည့်ပုံပင်။ ထိုမိန်းကလေး ဘာကြောင့် ထိုမျှ အားကောင်းနေရသလဲ ဆိုသည်နှင့် ပက်သက်၍လည်း ရန်ကိုင် အတော်လေး သိချင်နေမိသည်။
လင်းယွင်အာကို သုံးနှစ်လောက် လေ့ကျင့်ပေးပြီးနောက်တွင် ရီရှီယွင်လည်း သူမဆီမှ တစ်ခုခု သိလောက်ပေပြီ။ ထိုအကြောင်းများကိုတွေးရင်း ပထမကောင်းကင်နန်းတော် ဆီသို့ ရန်ကိုင် ပြန်လာခဲ့သည်။
နန်းတော်ထဲသို့ ဝင်လာပြီးနောက် နန်းတော်အတွင်းပိုင်းမှ နဂါးဟိန်းသံသဲ့သံ ထွက်ပေါ်လာပြီး အစိမ်းရောင်အလင်းတန်းတစ်ခု ရန်ကိုင်ဆီသို့ ပျံသန်းလာခဲ့သည်။
ရန်ကိုင် ပြုံးလိုက်ပြီး ထိုအစိမ်းရောင်အလင်းတန်းကို သူ့လက်ဖြင့် လှမ်း၍ ဖမ်းလိုက်သည်။ အစိမ်းရောင်အလင်းတန်း ပျောက်ကွယ်သွားချိန် အသွားမရှိသော ဓါးတစ်ချောင်း ပေါ်လာခဲ့သည်။
သုံးနှစ်ကြာပြီးနောက်တွင် နဂါးအရိုးဓါး၏ အရှိန်အဝါသည် ယခင်ထက်ပို၍ အားကောင်းလာခဲ့သည်။ လွန်ခဲ့သော သုံးနှစ်ခန့်က လူများစွာကို သတ်ခဲ့သည့် အတွက် နဂါးအရိုးဓါးသည်လည်း လူများစွာ၏ အသက်စွမ်းအင်ကို စုပ်ယူခွင့် ရခဲ့ပေသည်။
ထိုစွမ်းအင်များကို သန့်စင်ပြီးနောက် သုံးနှစ်ကျော်အကြာတွင် နဂါးစိမ်းဓါးသည် ပို၍ အားကောင်းလာခဲ့ပေသည်။
သေချာစစ်ဆေးကြည့်ပြီး အခြားဘာမှ မမှားယွင်းမှန်း သေချာသွားအောင် အတည်ပြုပြီးနောက် နဂါးစိမ်းဓါးကို ပျော်ရွှင်စွာ ပြန်သိမ်းထားလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၄၃)
ပထမကောင်းကင်နန်းတော်သည် ယခင်အတိုင်း ရှိနေဆဲပင်။
ရန်ကိုင် သုံးနှစ်ပျောက်နေခဲ့သော်လည်း မည်သူမှ အထက်စကြာဝဠာဂိုဏ်း၏ ဂိုဏ်းချုပ်နေသည့် သီးသန့်ခန်းထဲသို့ စိတ်ရှိတိုင်း ဝင်မလာရဲခဲ့ကြချေ။ ရီရှီယွင်မှ ဤနေရာကို သန့်ရှင်းထားခိုင်းသည့် တပည့်အချို့မှလွဲ၍ မည်သူမှ ပထမ ကောင်းကင်နန်းတော်ထဲသို့ ဝင်မလာခဲ့ကြချေ။
တစ်ခန်းလုံးကို လှည့်ပတ်ကြည့်ပြီးနောက် အနားယူတော့မည်အပြု သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး လှမ်းအော်လိုက်လေသည် “ဘယ်သူလဲ”
တစ်ချိန်တည်းတွင် တစ်ခုသော နေရာဆီသို့ သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်လေသည်။ အစောပိုင်းက သူ့အား တစ်ယောက်ယောက်မှ စောင့်ကြည့်နေသလို ခံစားလိုက်ရ၏။
တန်ခိုးရှင်တတိယအဆင့်ပင် ထိပ်တိုက်ရင်ဆိုင်ရန် ခက်ခဲလှသည့် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကြောင့် လေဟာနယ် တွန့်လိမ်သွားခဲ့သည်။
သို့သော်လည်း တွန့်လိမ်သွားသော လေဟာနယ်သည် တစ်ခဏအတွင်း အကောင်းပကတိ ပြန်ဖြစ်သွားလေသည်။
ရန်ကိုင်၏ တိုက်ခိုက်မှု အလဟဿ ဖြစ်သွားခဲ့သည်။
မြင်နိုင်သော်ငြား ရှင်းပြရန်ခက်ခဲလှသော စွမ်းအင်တစ်မျိုး ထွက်ပေါ်လာပြီး ဆန်းကြယ်စွာ တွန့်လိမ်ပြောင်းလဲနေခဲ့သည်။
“ကောင်းကင်စိတ်အာရုံ အသွင်ပေါ်တာလား” ရန်ကိုင် အလန့်တကြား ထအော်မိသည်။ တစ်ချိန်တည်းတွင် အတော်လေးလည်း စိတ်သက်သာရာ ရမိသွားခဲ့သည်။ သူအစောပိုင်းက ခံစားမိနေသော ခံစားချက်သည် ထိုစိတ်စွမ်းအင်မှ လာနေခြင်း ဖြစ်ပေသည်။
ရန်ကိုင်၏ အသံ ဆုံးသွားသည်နှင့် ကောင်းစိတ်အာရုံ အသွင်ဖြစ်ပေါ်ခြင်းသည် ပုံရိပ်တစ်ခုသို့ ပြောင်းလဲသွားခဲ့သည်။
ထိုပုံရိပ်သည် အနည်းငယ် ဝေဝါးဝါး ဖြစ်နေသော်လည်း ထိုလူသည် မျက်လုံးကိုသာ ဖော်ထားပြီး ခေါင်းနှင့်မျက်နှာတစ်ခုလုံးအား ခြုံထားသည် အနက်ရောင် ဝတ်ရုံရှည်ကြီးအား ဝတ်ဆင်ထားသည်ကို ရန်ကိုင် မြင်နေရသည်။ ထို့အပြင် ကိုယ်လုံးကိုယ်ပေါက်မှာလည်း အတော်လေးကို အချိုးအစား ပြေပြစ်လှ၏။
ထိုပုံရိပ်ကို ကြည့်နေရင်း ရန်ကိုင် ရင်တဒုံးဒုံး ခုန်လာခဲ့သည်။
တစ်ဖက်လူသည်လည်း ရန်ကိုင်အား စကားတစ်ခွန်းမှမဆိုဘဲ မျက်နှာသေဖြင့် ပြန်စိုက်ကြည့်နေခဲ့သည်။
အချိန်အတော်ကြာအောင် အပြန်အလှန် စိုက်ကြည့်နေပြီးနောက် ရန်ကိုင်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် အလေးအနက် လေသံဖြင့် မေးလိုက်၏ “နင်က ယန်ယန်လား… မဟာဧကရာဇ်ကလား”
ယခု ပေါ်လာသောလူသည် ယန်ယန်သာ ဖြစ်လေသည်။ ဤကောင်းကင်စိတ်အာရုံ အသွင်ဖြစ်ပေါ်ခြင်းသည် သဲမီးတောက်နယ်မြေ၏ ခြောက်လွှာမြောက်တွင် အိပ်စက်နေသော လူ၏ ကောင်းကင်စိတ်အာရုံ ဖြစ်သည်။ သို့သော်လည်း သူမသည် ယန်ယန်လား၊ ကြယ်တာရာကောင်းကင်မဟာဧကရာဇ်လား ဆိုသည်ကိုတော့ ရန်ကိုင် မသိပါချေ။
သူမသာ ယန်ယန်ဆိုလျှင်တော့ ဘာမှကိစ္စမရှိပါချေ။
ယန်ယန်မဟုတ်ဘဲ မဟာဧကရာဇ်သာဆိုလျှင်တော့ ရန်ကိုင် အနေဖြင့် သေချာသတိထား စကားပြောရန် လိုအပ်ပေသည်။
ရန်ကိုင်၏ မေးခွန်းကိုကြားသည့်အခါ ထိုပုံရိပ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ခဏအကြာမှ ပြန်ပြောလာခဲ့သည် “နှစ်ယောက်စလုံး”
“တကယ်လား…” ရန်ကိုင်က သက်ပြင်းတစ်ချက်ချလျက် “ကြည့်ရတာ နင်တို့ နှစ်ယောက် ပေါင်းတောင် ပေါင်းစပ်ပြီးသွားတဲ့ပုံပဲ”
“ဟုတ်တယ်။ ဒါပေမယ့် ပြီးဖို့တော့ နောက်ထပ် နှစ်နည်းနည်းလောက် ထပ်လိုဦးမယ်”
“ဒါဆို ငါနင့်ကို ဘယ်လိုခေါ်ရမလဲ”
“နင်သိတဲ့လူကော၊ မဟာဧကရာဇ်ဆိုတဲ့လူကော၊ နှစ်ယောက်စလုံးရဲ့ နာမည်က ယန်ယန်ပဲ” ထိုပုံရိပ်က ပြန်ပြောသည်။
ရန်ကိုင်က အသာအယာ ခေါင်းညိတ်လျက် “ဒါဆို အေးအေးဆေးဆေး မအိမ်ဘဲ နင့်ကောင်းကင်စိတ်အာရုံကို ဘာလို့ ဒီနေရာဆီ ပို့လိုက်တာလဲ”
“နင်စိတ်ဝင်စားစရာ တစ်ခုခု ပြန်သယ်လာတာကို ခံစားမိလိုက်လို့။ ဒါကြောင့် ငါတစ်ချက် လာကြည့်တာ” ယန်ယန်က အသာအယာပြုံးလျက် ပြန်ပြောလိုက်၏။
“စိတ်ဝင်စားစရာတစ်ခုခု” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဒါပဲ…” ယန်ယန် သူ့လက်ကို ရန်ကိုင်ဆီ ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲမှ တစ်ခုခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရ၏။
မျက်တောင်တစ်ခတ်အတွင်း ယန်ယန်၏ လက်ထဲတွင် ဓါတ်လုံးလေးတစ်လုံး ပေါ်လာခဲ့သည်။
“ကမ္ဘာငယ်ဓါတ်လုံးလား” ရန်ကိုင် မျက်လုံးမှေးစဉ်းသွားပြီး ဓါတ်လုံးအား စိုက်ကြည့်လိုက်သည်။
“ဟုတ်တယ်။ ဒီကမ္ဘာငယ်ဓါတ်လုံးပဲ” ယန်ယန်က ခေါင်းညိတ်လိုက်ပြီး တစ်ခုခုကို အာရုံခံနေသည့်နှယ် သူမ၏ မျက်လုံးလေးကို ပိတ်လိုက်သည်။ ခဏအကြာတွင် ပြန်လုံး ပြန်ပွင့်လာခဲ့ပြီး တိုးတိုးလေး ပြောလိုက်၏ “နင်ဒါကို တကယ်ကြီး သန့်စင်နိုင်ခဲ့တာပဲ”
ရန်ကိုင် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားမှန်း ရန်ကိုင် သိသည်။
ကမ္ဘာငယ်ဓါတ်လုံးကို သန့်စင်နိုင်ရန်အတွက် အဓိက လိုအပ်ချက်မှာ လေဟာနယ်စွမ်းအားကို နားလည်ထားရန် ဖြစ်သည်။ ထို့ကြောင့် ထိုကမ္ဘာငယ် ဓါတ်လုံးကို နှစ်ပေါင်းသောင်းပေါင်းများစွာ ကြာသွားသည့်တိုင် ကြယ်ဧကရာဇ်တောင်မှ မည်သူမှ မသန့်စင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ချီထျန်ချဲ လက်ထပ်သို့ ရောက်သည့်အခါမှသာ ကမ္ဘာငယ်ဓါတ်လုံးကို သန့်စင်နိုင်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ထိုအရာသည် ရန်ကိုင်လက်ထဲသို့ ရောက်လာခဲ့ရသည်။
“မိုင်တစ်ရာတောင် ချဲ့နိုင်ခဲ့တာလား။ နင့်ကျင့်ကြံခြင်း အဆင့်လေးနဲ့ ဒီလို လုပ်နိုင်တာ တကယ်ကို အံ့ဩဖွယ်ရာလို့ ပြောရမယ်” ယန်ယန်သည် ပြောလိုက်၏။
ရဣ်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် “ဒီဓါတ်လုံးကို နင်ပိုင်မှန်းငါသိတယ်။ ဒါပေမယ့် ဒီထဲကနေ လွတ်နိုင်ဖို့ ဒါကို သန့်စင်ရုံကလွဲပြီး ငါ့မှာ အခြားရွေးချယ်စရာ မရှိခဲ့ဘူး။ နင်ပြန်ယူမယ်ဆိုလည်း ငါဘာမပြောဘူး။ ဒါပေမယံ် ငါ့ကို ခဏလောက် ငှားပေးလို့ရမလား။ ငါလူနည်းနည်းလောက် သယ်ချင်လို့”
“နင့်ကိုငှားဖို့လား” ယန်ယန်က ရန်ကိုင်အားကြည့်၍ ပြုံးကာ “နင့်ကို ငှားပေးဖို့ ဘာလို့ ပြောနေတာလဲ။ နင်ပိုင်နေပြီပဲဟာကို။ ငါပြန်မယူပါဘူး”
ပြောပြီးသည့်နောက် ကမ္ဘာငယ်ဓါတ်လုံးကို ရန်ကိုင်ဆီသို့ ပြန်ပစ်ပေးလိုက်သည်။
ရန်ကိုင်လည်း ထိုဓါတ်လုံးကို ဖမ်းလိုက်ပြီး ယန်ယန်အား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။ ထိုအရာသည် ဧကရာဇ်မှော်ရတနာတစ်ခု ဖြစ်သည့်အတွက် မဟာဧကရာဇ်အတွက်လည်း အတော်လေးကို အသုံးဝင်သည့် ရတနာတစ်ခု ဖြစ်သည်။ သို့တိုင်း ထိုကမ္ဘာငယ်ဓါတ်လုံးကို သူ့ဆီသို့ ဒီအတိုင်း ပေးပစ်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူကမ္ဘာငယ်ဓါတ်လုံးကို သုံးချင်သည်မှာ ထုန်းရွှမ်လောကကြီးမှ သူ့မိတ်ဆွေများနှင့် မိသားစုဝင်များကို ထိုထဲသို့ ထည့်၍ ပြန်ခေါ်လာချင်သည့် အတွက် ဖြစ်ပေသည်။
ကမ္ဘာငယ်ဓါတ်လုံးသာ မရှိလျှင် လူအများကြီးကို တစ်ခါတည်း ပြန်ခေါ်လာနိုင်လိမ့်မည် မဟုတ်ချေ။
“နင်တစ်ခုခုနဲ့ ပက်သက်ပြီး မှားနေတာလား” ယန်ယန်က ပြောလိုက်သည်။
“အန်”
“ဒီကမ္ဘာငယ်ဓါတ်လုံးက ငါ့ဟာ မဟုတ်ဘူး”
“ဟန်”
“ရှင်းရှင်းပြောရရင် ဒီကမ္ဘာငယ်ဓါတ်လုံးကို ငါတစ်ခါမှ မသန့်စင်ဖူးဘူး။ ဒီအတိုင်း ယူရုံပဲ ယူထားတာ။ အဲ့ဒါကို ငါ့မိတ်ဆွေတစ်ယောက်ဆီကနေ ရထားတာ”
“နင့်မိတ်ဆွေလား” ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။
ယန်ယန်၏ အစစ်အမှန်ခန္ဓာကိုယ်သည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ် ဖြစ်သည့်အတွက် သူ့မိတ်ဆွေသည် မဟာဧကရာဇ်နှင့် ယှဉ်နိုင်သော လူတစ်ယောက် ဖြစ်ပေလိမ့်မည်။
“ဟုတ်တယ်။ ငါ့မိတ်ဆွေတစ်ယောက်ပဲ” ယန်ယန် ခေါင်းညိတ်လိုက်သည် “ငါ့မိတ်ဆွေနဲ့ နင်နဲ့ တူတာ နည်းနည်းရှိတယ်။ အဲ့ဒါဘာလဲသိလား”
ရန်ကိုင် ခဏလောက် စဉ်းစားပြီးနောက် “လေဟာနယ်စွမ်းအားကို ကျင့်ကြံထားတာလား”
“ဟုတ်တယ်။ သူလည်း လေဟာနယ်စွမ်းအားကို ကျင့်ကြံထားတယ်။ ဒါပေမယ့် သူက လေဟာနယ်တာအိုကို နင့်ထက် ပိုကျွမ်းကျင်တယ်။ ဒီကမ္ဘာငယ်ဓါတ်လုံးက လေဟာနယ်စွမ်းအားအပေါ် သူ့ထိုးထွင်းနားလည်မှုတွေကို သုံးပြီး သန့်စင်ခဲ့တဲ့ အရာပဲ။ ငါ့ခွန်အားက သူ့ထက် မနိမ့်ကျပေမယ့် ငါက လေဟာနယ်တာအိုကို မကျင့်ကြံထားတော့ ဒီကမ္ဘာငယ် ဓါတ်လုံးက ငါ့အတွက် အသုံးမဝင်ဘူး။ အနည်းဆုံးပြောရရင် ဒီကမ္ဘာငယ် ဓါတ်လုံးထဲက လေဟာနယ်ကို ငါအပြည့်အဝ မဖွင့်နိုင်ဘူး။ ဒါပေမယ့် နင်ကတော့ မတူဘူး။ နင်က လေဟာနယ်တာအိုကို ကျင့်ကြံထားတဲ့လူ။ နင်လည်း တစ်နေ့ သူ့အဆင့်ကို မရောက်နိုင်ဘူးလို့ ဘယ်သူပြောနိုင်လို့လဲ”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ယန်ယန် သူ့အား ချီးမွမ်းနေသည့် အတွက်ကြောင့် မဟုတ်ဘဲ ကမ္ဘာငယ်ဓါတ်လုံး၏ ပိုင်ရှင်ကြောင့် ဖြစ်သည်။
လေဟာနယ်ဓါတ်လုံးကို မဟာဧကရာဇ်နှင့် အဆင့်တူ ကျင့်ကြံသူတစ်ယောက်မှ သူ၏ ထိုးထွင်းနားလည်မှုများကို အသုံးပြု၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် လှုပ်ရှားသည်ကို ရန်ကိုင် တစ်ခါမှ မမြင်ဖူးသော်လည်း တန်ခိုးရှင်ဘုရင်အဆင့်တွင်ပင် ထိုကဲ့သို့သော စွမ်းရည် ရှိလိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိသည်။
မဟာဧကရာဇ်သည် တန်ခိုးရှင်ဘုရင်အဆင့်ထက် ပိုမြင့်သည့် အဆင့်တစ်ဆင့် ဖြစ်ပေသည်။
တန်ခိုးရှင်ဘုရင်အဆင့် နောက်ထပ်ပိုမြင့်သည့် အဆင့်တစ်ဆင့် ရှိနေသေး၏။ ထင်ထားသည့်အတိုင်းပင်၊ သိုင်းတာအိုကြီးသည် တကယ်ကို အဆုံးမရှိချေ။
“နင်က အရင်ယန်ယန်ကို သိထားတာဆိုတော့ ငါတို့ ရေစက်ပါတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ကမ္ဘာငယ်ဓါတ်လုံးကို နင်ပဲ သိမ်းထားလိုက်တော့။ နင့်သန့်စင်ပြီးသားဆိုတော့။ အဲ့ဒါကို ထပ်ချဲ့ဖို့ကြိုးစားဦး။ တစ်နေ့ကျရင် စိတ်ဝင်စားစရာ တစ်ခုခုကို ရှာမတွေ့ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး” ယန်ယန်က အဆန်းတကြယ် ပြုံးလိုက်သည်။
ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။
ယန်ယန်ပြောသလိုသာဆိုလျှင် ကမ္ဘာငယ်ဓါတ်လုံးနှင့် ပက်သက်၍ လျှို့ဝှက်ချက် တစ်ခုခု ရှိနေသည့်ပုံပင်။
ရန်ကိုင် ဘာမှ ထပ်မေးမနေခဲ့ချေ။ ထပ်မေးနေ၍လည်း ဘာမှထူးမည် မဟုတ်မှန်း သူသိသည်။ ထို့ကြောင့် ခဏမှ စဉ်းစားပြီးနောက် “နင့်မိတ်ဆွေက…”
“သူအခု ဘယ်ရောက်နေလဲ ငါမသိဘူး။ ငါသူ့ကို မတွေ့တာ နှစ်ပေါင်း သောင်းနဲ့ချီနေပြီ။ သူလျှောက်သွားနေတာလည်း ဖြစ်နိုင်တယ် ဒါမှမဟုတ် သူသေသွားတာလည်း ဖြစ်နိုင်တယ်။ ငါမသိဘူး”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ကမ္ဘာငယ်ဓါတ်လုံးကို ချဲထွင်ခြင်းဖြင့် လေဟာနယ်တာအိုကို ပို၍ နက်နက်နဲနဲ သူသဘောပေါက်လာရသည်။ ထို့ကြောင့် ယန်ယန် မပြောလျှင်ပင် ရန်ကိုင်သည် ကမ္ဘာငယ်ဓါတ်လုံးကို ချဲ့ထွင်ရန် အတတ်နိုင်ဆုံး ကြိုးစားမည်သာ။
ယခု ကမ္ဘာဓါတ်လုံးထဲတွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေမှန်း သူသိသွားခဲ့လေပြီ။ ထို့ကြောင့် ကမ္ဘာငယ်ဓါတ်လုံးကို ချဲ့ထွင်ရန် ပို၍ ကြိုးစားတော့ပေမည်။
“ကောင်းပြီ။ ဒါနဲ့ နောက်ရက်နည်းနည်းလောက်ကြာရင် ငါကြယ်စီရင်စုထဲ ခရီးထွဥ◌်တော့မှာ။ နင်က အဲ့အိမ်ထဲမှာ အိပ်နေတာဆိုတော့ လုံခြုံမှာပါ။ နင့်နေရာကို လူအချို့ကို ငါစောင့်ကြည့်ထားခိုင်းလိုက်မယ်” ရန်ကိုင်က ပြောလိုက်၏။
ယန်ယန်သည် တစ်ခုခုကို ပြောချင်နေသည့်နှယ် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံး၌ ဘာမှမပြောထွက်ခဲ့ဘဲ “ကြယ်စီရင်စုကြီးက အန္တရာယ်များတယ်။ သွားတာ သတိထားသွားဦး”
ပြောပြီးသည်နှင့် သူမ၏ပုံရိပ် ပျောက်ကွယ်သွားခဲ့လေသည်။
ရဣ်ကိုင် မျက်မှောင်ကြုတ်၍ ရပ်နေခဲ့သည်။ အချိန်အတော်ကြာအောင် အတွေးနက်နေပြီးနောက် ကုတင်ပေါ်တွင် တင်ပလင်ခွေ ထိုင်ချလျက် သူ့စိတ်ကို ငြိမ်အောင် လုပ်လိုက်သည်။
…………
နောက်တစ်နေ့၊ ပန်းတစ်ရာတောင်ထွတ်တွင်၊
ရန်ကိုင်သည် လင်းယွင်အာအကြောင်းမေးရန် ရီရှီယွင်ကို သွားရှာခဲ့သည်။
သုံးနှစ်ကြာပြီးနောက်တွင် ရီရှီယွင်သည် လင်းယွင်အာ၏ ခန္ဓာကိုယ်နှင့် ပက်သက်၍ တစ်ခုခုကို သိခဲ့ရသည်။
“ယွင်အာက အထူးခန္ဓာကိုယ်တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတယ်”
“ဘယ်လိုခန္ဓာကိုယ်မျိုးလဲ” သူထင်ထားသလိုပင်။
ဤလောကကြီးတွင် အချိုသောလူများသည် ကောင်းချီပေးခံရပြီး အထူး ခန္ဓာကိုယ် တည်ဆောက်ပုံများဖြင့် မွေးဖွားလာကြသည်။
ဥပမာပြရသော် သူ့စီနီယာမမလေး ရှနင်းချန်သည် ထွတ်မြတ်ဝိဥာဉ်ဆေးခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားပေသည်။ ထို့အတွဝက်ကြောင့် သူမသည် ဆေးပညာနှင့် ပက်သက်သည့် အရာမှန်သမျှကို ကျွမ်းကျင်ပေသည်။ ဆေးဖော်စပ်ရင်းနှင့်လည်း ကျင့်ကြံ၍ရသည်။ ဆိုသည်ကား ဆေးလုံးများများကို သူမ သန့်စင်လေလေ၊ သူမ၏ ခွန်အား ပိုတိုးလာလေပင်။
ရှန်ချင်းလော့၏ အဆိပ်မုဆိုးမ ခန္ဓာကိုယ်သည်လည်း အထူးခန္ဓာကိုယ် တည်ဆောက်ပုံတစ်မျိုး ဖြစ်သည်။ ထို့ကြောင့် သူမ၏ အလွန်အမင်း စိတ်လှုပ်ရှားလာသည့် အချိန်မျိုးတွင် သူမ၏ ခန္ဓာကိုယ်သည် အလွန်အမင်း အဆိပ်သင့်လာတတ်သည်။
နဂါးခြင်ဆီဖီးနစ်ခန္ဓာကိုယ်ကြောင့် အလွန်အမင်း သိပ်သည်းများပြားလှသော အပျိုစင်ယင်ဓါတ်ကို ပိုင်ဆိုင်ထားပြီး ထိုယင်ဓါတ်ကို ရရှိသည့်လူအဖို့ သူတို့၏ ကျင့်ကြံခြင်းကို မည်သည့် ဘေးထွက်ဆိုးကျိုးမှ မကြုံရဘဲ မြင့်တင်နိုင်သည်။
လင်းယွင်အာသည် အသက်ငယ်ငယ်လေးသာ ရှိသော်ငြား ဘာကြောင့် အလွန်အမင်း အားကောင်းနေရသနည်း။ ထို့ကြောင့် ရန်ကိုင် တစ်ချက်ကို စဉ်းစားမိသွား၏။
သူမလည်း အထူးခန္ဓာကိုယ်တည်ဆောက်ပုံကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
“သူ့မှာ ဘယ်လိုအထူးခန္ဓာကိုယ် တည်ဆောက်ပုံမျိုး ရှိနေတာလဲ” ရန်ကိုင်က အနားတွင် ထိုင်လျက် သစ်သီးဝလံများကို တဝတပြဲ ထိုင်ကြိတ်နေသော ကောင်မလေးကို ကြည့်ရင်း မေးလိုက်သည်။
“ရှေးဟောင်းစာအုပ်တွေမှာ လိုက်ရှာကြည့်ရသလောက် တွေ့ရတာကတော့ မဟာခွန်အားခန္ဓာကိုယ်ဆိုလားပဲ။ သိပ်တော့မသေချာဘူး” ရီရှီယွင်က ပြန်ပြော၏။
“မဟာခွန်အားခန္ဓာကိုယ်” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
“အဲ့လို ခန္ဓာကိုယ်တွေနဲ့ မွေးလာတဲ့လူတွေကလည်း ငယ်ငယ်လေးကတည်းက အရမ်းအားကောင်းတဲ့ ကာယစွမ်းအားကို ပိုင်ဆိုင်ထားလေ့ရှိတယ်။ သူ့တို့ အသက်ကြီးလာပြီး ကျင့်ကြံခြင်းအဆင့် မြင့်တက်လာလာနဲ့ အဲ့ကာယာ ခွန်အားကလည်း တဖြည်းဖြည်း မြင့်တက်လာလိမ့်မယ်။ ဒါကြောင့် သူတို့သာ အတိုင်းအတာတစ်ခုအထိ ကြီးထွားလာပြီပြီးဆိုရင် သူတိုနဲ့ အဆင့်တူ ကျင့်ကြံသူတွေကို ခန္ဓာကိုယ်ခွန်အား သက်သက်နဲ့တင် ယှဉ်ပြိုင်လို့ရတယ်”
ရန်ကိုင်၏ မျက်ဝန်းအစုံ စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်သွားခဲ့သည်။
“ဒါပေမယ့်…” ရီရှီယွင်က ရုတ်တရက် မျက်မှောင်ကြုတ်ကာ လင်းယွမ်အားကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။
“ဒါပေမယ့် ဘာဖြစ်လဲ”
“ဒါပေမယ့် ဒီလို အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့လူတွေက သူတို့ ခန္ဓာကိုယ်တောင် တောင့်မခံနိုင်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားတာဆိုတော့ တိုက်ခိုက်တဲ့အချိန်မျိုးမှာ ခွန်အားအပြည့် ထုတ်သုံးနိုင်မှာ မဟုတ်ဘူး။ ယွင်အာက ငယ်သေးတော့ သိပ်မသိသာပေမယ့် သူမသာ ကြီးလာပြီး ကျင့်ကြံခြင်း အဆင့်လည်း မြင့်လာမယ်ဆိုရင် အဲ့အားနည်းချက်က ပိုပြီး သိသာလာလိမ့်မယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၄၄)
အထူးတည်ဆောက်ပုံ ခန္ဓာကိုယ်များသည် အချို့သော နေရာများတွင် အလွန်ကိုမှ ထူးချွန်သော်လည်း သူတို့တွင် လျစ်လျုရှုမရနိုင်သည့် အားနည်းချက်များ ရှိပေ၏။
ရှနင်းချန်၏ ထွတ်မြတ်ဆေးခန္ဓာကိုယ်သည် သူမအား ဆေးပညာကို အလွယ်တကူ နားလည်အောင် ကူညီပေးနိုင်ပြီး သူမ၏ ခွန်အားကိုလည်း ဆေးဖော်စပ်ခြင်းဖြင့် တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်သည်။ သို့သော် အခြားသူများကဲ့သို့ သမားရိုးကျ ကျင့်ကြံခြင်းနည်းလမ်းဖြင့် ကျင့်ကြံမည်ဆိုပါက ထိုမျှ အကျိုးသက်ရောက်မှု ရှိတော့လိမ့်မည် မဟုတ်ချေ။
ရှန်ချင်းလော့၏ အဆိပ်မုဆိုးမခန္ဓာကိုယ်ကဲ့သို့ အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူများသည် ချစ်ရသူများကို ဆုံးရှုံးရမည့်ကံကြမ္မာ ပါလာကြ၏။ အကျိုးဆက်အနေဖြင့် ချစ်ရသူအား ကိုယ်တိုင် သတ်ခဲ့မိသည့်အတွက်ကြောင့် ဖျောက်ဖျက်မရနိုင်သော နောင်တတရားကို နေ့စဉ်နှင့်အမျှ ခံစားရတော့သည်။
ထိုအရာသည် မည်သူ့အတွက်မဆို အလွန်ကိုမှ နာကျင်စရာကောင်းလှသော နှိပ်စက်မှုတစ်မျိုးပင် ဖြစ်လေသည်။
ရွှယ့်ယွယ်၏ နဂါးခြင်ဆီဖီးနစ်ခန္ဓာကိုယ်သည် သူမအား အံ့အားသင့်ဖွယ်ရာ အရည်အချင်းနှင့် ခွန်အားကို ပေးစွမ်းနိုင်သော်လည်း ထိုလက်ဆောင်များသည် အဆုံးတွင် သူမကိုယ်တိုင်ထက် အခြားတစ်ယောက်အတွက် ဖြစ်သွားရသည်။
လင်းယွင်အာ၏ မဟာခွန်အား ခန္ဓာကိုယ်သည်လည်း ချွင်းချက်မဟုတ်ချေ။
သူမ၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော မယုံကြည်နိုင်စရာ စွမ်းအားသည် လင်းယွင်အာ ကိုယ်တိုင်ပင် မတောင့်ခံနိုင်တော့သည်အထိ တဖြည်းဖြည်းနှင့် အားကောင်းလာပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ သူမ၏ ခွန်အားကို ထုတ်သုံးရန် ကြိုးစားသည်နှင့် ကိုယ့်ကိုယ်ကို ထိခိုက်စေလျှင် ထိခိုက်၊ မဟုတ်လျှင် သေခြင်းတရားနှင့် ကြုံတွေ့ရပေလိမ့်မည်။
“အဖြေရှိလား” ရန်ကိုင်က စိုးရိမ်တကြီး မေးလိုက်သည်။
“ရှိတယ်” ရီရှီယွင်က ခေါင်းညိတ်ပြလိုက်သည်။
“ဘယ်လို၊ ဘယ်လိုဖြေရှင်းရမှာလဲ. အဖြေရှိပြီဆိုမှတော့ အဲ့အဖြေအတိုင်း လိုက်လုပ်ရုံပေါ့” ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။ လင်းယွင်အာသည် ငယ်ငယ်လေးသာ ရှိသေးပြီး သူမတွင် ရှည်လျားလှသော အနာဂတ်ရှည်ကြီး ကျန်ရှိနေပေသေးသည်။ သူမ၏ ခွန်အားကို သူမကိုယ်တိုင် ပြန်မတောင့်ခံနိုင်သည့် အတွက် သူမ၏ အနာဂတ် ပျက်စီးသွားရမည်ကို သူမမြင်ချင်ချေ။
“အဖြေက ရှင်းရှင်းလေးပဲ၊ ဒါပေမယ့် လုပ်ဖို့က…” ရီရှီယွင်က မဲ့ပြုံးပြုံးလျက် “သူမ ခန္ဓာကိုယ်ရဲ့ အားနည်းချက်က အရမ်းသိသာလွန်းတယ်။ ဒါကြောင့် သူ့ခန္ဓာကိုယ်ကိုသာ အားကောင်းအောင် ကျင့်ကြံထားလိုက်မယ်ဆိုရင် အဲ့ပြဿနာကို ဖြေရှင်းလို့ ရသွားပြီး။ နောက်တစ်မျိုး ပြောရရင်တော့ သူ့ခန္ဓာကိုယ်ကိုကို ပိုအားကောင်းလာအောင် ကျင့်ကြံဖို့ပဲ။ ဒါပေမယ့် အဲ့လိုလုပ်ဖို့က သင့်တော်တဲ့ ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်တစ်ခုလိုတယ်။ ပြီးတော့ အဲ့ကျင့်စဉ်ရဲ့ အဆင့်ကလည်း နိမ့်လို့မဖြစ်ဘူး”
“ခန္ဓာသန့်စင်ခြင်းကျင်စဉ်လား” ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားခဲ့သည်။
“အသေအချာပဲ။ ကြယ်ဧကရာဇ်တောင်မှာ ခန္ဓာသန့်စင်ခြင်းကျင့်စဉ်အချို့ ရှိပေမယ့် ယွင်အာနဲ့ ကိုက်ညီတဲ့ဟာ တစ်ခုမှမရှိဘူး။ သူနဲ့ သင့်တော်လောက်မယ့် ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်တစ်ခုလောက်ကို လိုက်ရှာနေတာ နှစ်နဲ့ချီနေပြီ။ ဒါပေမယ့် အခုထိ မတွေ့သေးဘူး။ တွေ့တဲ့ဟာတွေကလည်း ကြယ်ဧကရာဇ်တောင်က ဟာတွေလောက်တောင် မကောင်းဘူး” ရီရှီယွင်က အနည်းငယ် ဝမ်းနည်းနေသည့် အမူအရာဖြင့် “ယွင်အာဂိုဏ်းကို ရောက်လာတာ သုံးနှစ်ပဲ ရှိသေးတယ်ဆိုပေမယ့် သူတိုးတက်နှုန်းက အရမ်း မြန်လွန်းတယ်။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဆယ်နှစ်အတွင်းမှာပဲ…”
“ခန္ဓာသန့်စင်ခြင်းကျင့်စဉ်ကောင်းကောင်း တစ်ခုလိုတာလား။ ကျုပ်မှာရှိတယ်”
“ဂိုဏ်းချုပ်မှာရှိတာလား” ရီရှီယွင် ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်၏။
“ဟုတ်တယ်” ရန်ကိုင်သည် သူ့သိုလှောင်လက်စွပ်ထဲမှ ရှေးဟောင်းစာအုပ် တစ်အုပ်ကို ထုတ်လိုက်ပြီး ရီရှီယွင်ဆီသို့ ပေးလိုက်သည် “ကြည့်ကြည့်လိုက်”
ရီရှီယွင်သည် ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လျက် သူ့လက်ထဲမှ စာအုပ်ကို ယူလိုက်ပြီး ကျင့်စဉ်ကို စတင် ဖတ်ရှုတော့သည်။
ရန်ကိုင်သည် သူမအား သွားမနှောင့်ယှတ်ဘဲ လင်းယွင်အာနှင့်သာ ဆော့ကစားနေ၏။ ဤကောင်မလေးသည် အရမ်းကို ငယ်ပေသေးသည်။ ဟွမ်ကျွမ်းနှင့် နေစဉ်က အိမ်ထဲတွင်သာ အမြဲလိုလို နေခဲ့ရသည်။ သို့သော်လည်း လွန်ခဲ့သော သုံးနှစ်ခန့်က ရန်ကိုင်၏ အကူအညီဖြင့် ဟွမ်ကျွမ်းနှင့်အတူ အထက်စကြာဝဠာဂိုဏ်းသို့ ရောက်လာခဲ့လေသည်။
သူမ တစ်ဘဝလုံးလုံးလိုလို အပြင်လောကကြီးနှင့် ထိတွေ့ခဲ့ရခြင်း မရှိချေ။ ထို့ကြောင့် ဤကောင်မလေးသည် အခြားကလေးငယ်များကဲ့သို့ ရိုးသား အပြစ်ကင်းစင်ပြီး အဆော့မက်၏။
နှစ်နာရီကြာပြီးနောက် ရီရှီယွင်သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး စာအုပ်ကို စာပွဲခုံပေါ်တွင် တင်လိုက်ပြီးနောက် တောက်ပစွာ ပြုံးလိုက်လေသည်။
“အဆင်ပြေလား အကြီးအကဲချုပ်” ရန်ကိုင်က ခေါင်းမော့၍ လှမ်းမေးလိုက်သည်။
“ပြေတယ်” ရီရှီယွင်က စိတ်လှုပ်ရှားနေသည့်ေ လသံဖြင့် “ယွင်အာကျင့်ကြံလို့ အဆင်ပြေတယ်။ ပြောရရင် ဒီကျင့်စဉ်က တော်တော်လေး ထူးခြားတယ်လို့ ပြောရမယ်။ ကျင့်စဉ်ရဲ့ အဆင့်က ဒီလောက်မြင့်တာ မဟုတ်ဘူး။ ဒါပေမယ့် ဒါကို ကျင့်လို့ရလာမယ့် ခွန်အားက ကျင့်စဉ်ရဲ့ အဆင့်နဲ့ သွားမပက်သက်ဘဲ အရင်းအမြစ်နဲ့ သွားပြီး ပက်သက်နေတယ်”
“ဟုတ်တယ်။ ကျုပ်လည်း အဲ့ကျင့်စဉ်ကို ကျင့်ကြံထားတယ်။ အဆင့်မြင့်တဲ့ ပစ္စည်းတွေသုံးပြီး ကျင့်လေ၊ ပိုအကျိုးရှိလေပဲ။ ခန္ဓာကိုယ် ဘယ်လောက်အထိ အားကောင်းလာနိုင်မလဲ ဆိုတာက ကျင့်စဉ်နဲ့ အဆင့်နဲ့ ဘာမှမဆိုင်ဘူး” ရန်ကိုင်က သွားပေါ်အောင် ပြုံးဖြီးလျက် “အရှားပါးဆုံးအချက်က အဲ့ကျင်စဉ်ကို ကျင့်ကြံဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို အခြား တူရာတူရာတွေနဲ့ အစားထိုးလို့ရတာပဲ”
ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာကိုယ်ကို ကျင့်ကြံချင်သည်ဆိုပါက ဒြပ်ကြီးငါးပါး စွမ်းအင်အရင်းအမြစ်များကို လိုက်လံရှာဖွေရပေမည်။
ရတနာတစ်ခုချင်းစီတိုင်းသည် အဆင့်တစ်ဆယ် မွန်းစတားသားရဲတစ်ကောင်၏ အမြူတေအောက် အရည်အသွေး နိမ့်ကျနေ၍ မဖြစ်ချေ။
ရန်ကိုင်သည် လိုအပ်သော ပစ္စည်းများကို ရရှိရန်အတွက် အတော်လေး အချိန်ပေး စုဆောင်းခဲ့ရသည်။
သို့သော် ယခုမူ အထက်စကြာဝဠာဂိုဏ်းသည် အရိပ်ကြယ်ပေါ်တွင် အလွန်ကိုမှ နာမည်ဂုဏ်သတင်း ကျော်ကြားနေပြီ ဖြစ်သည့်အတွက် ဒြပ်ကြီးငါးပါးရတနာများကို စုဆောင်းရန်အတွက် သိပ်မခက်တော့ချေ။ သူတို့ စုဆောင်းရရှိလာသော ရတနာများသည် ရန်ကိုင်တွင် ရှိသော နေမီးလျှံအမြူတေ သို့မဟုတ် ဓါတ်ပြယ်ကျောက်တုံးလောက် အဆင့်မမြင့်လျှင်ပင် ဆန်းယင်ရွှေ အဆင့်လောက်တော့ ရှိပေလိမ့်မည်။
ရတနာများကို စုဆောင်းပြီးသွားသည့်အခါ လင်းယွင်အာ အနေဖြင့် ထိုကျင့်စဉ်ကို စတင် ကျင့်ကြံနိုင်လေပြီ။ နောက်ပစ္စည်းကောင်းများ ရှာတွေ့သည့်အခါ ထိုပစ္စည်းကောင်းများနှင့် ပြန်အစားထိုး၍လည်း အဆင်ပြေပေသည်။
“ဂိုဏ်းချုပ် စိတ်ချထားလိုက်။ ဒီကကျင့်စဉ်ကို ယွင်အာကိုပဲ လေ့ကျင့်ခိုင်းမှာ။ အခြားဘယ်သူ့ကိုမှ ပေးမပြဘူး” ရီရှီယွင်က ပြောလိုက်သည်။
“ဘာမှမဖြစ်ဘူး။ ပြန့်သွားရင်တောင် ဒီကျင့်စဉ်ကို ကျင့်ကြံနိုင်တဲ့လူက လက်တစ်ဆုပ်လောက်ပဲရှိမှာ” ရန်ကိုင် ရယ်သွမ်းသွေးလိုက်သည်။
အဆင့်တစ်ဆယ် မွန်းစတားသားရဲ အမြူတေသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ယောက်၏ နှလုံးသားနှင့် တူပေသည်။ မည်သူကများ ထိုကဲ့သို့သော သားရဲတစ်ကောင်ကို အမဲလိုက်နိုင်မည်နည်း။ ထို့ကြောင့် ထိုကျင့်စဉ် အပြင်သို့ ပြန့်သွားလျှင်ပင် ကိစ္စမရှိချေ။
“ဒါပေမယ့် ဒီကျင့်စဉ်ကို ကျင့်ကြံဖို့ အားကောင်းတဲ့ ဝိဥာဉ်လည်း လိုသေးတယ်။ မဟုတ်ရင် နာကျင်မှုကို တောင့်ခံနိုင်မှာ မဟုတ်ဘူး” ရီရှီယွင် လင်းယွင်အာကို ဂရုဏာသက်စွာ ကြည့်လိုက်သည်။
ထိုကောင်မလေးသည် လောကကြီးအကြောင်း မဆိုထားနှင့်၊ သူမအကြောင်းပင် ကောင်းကောင်း မသိပါချေ။ အလွန်အားကောင်းသော ကာယခွန်အားကို ပိုင်ဆိုင်ထားမှန်း သိသော်လည်း ထိုအရာသည် သူမ၏ လည်ပင်းအား တတိတိနှင့် ရစ်ပတ်လာနေသော ကြိုးကွင်း တစ်ကွင်း ဖြစ်မှန်းကိုတော့ မသိချေ။
“သူ့ကို လေ့ကျင့်ဖို့ကတော့ အကြီးအကဲချုပ်ပေါ်ပဲ မူတည်သွားပြီ” ရန်ကိုင်က ပြုံးလိုက်သည်။
“အင်း၊ ကျွန်မ သူ့ဝိဥာဉ်ခွန်အားကို မြန်နိုင်သမျှ မြန်မြန် တိုးတက်လာအောင် လေ့ကျင့်ပေးရတော့မယ်”
“ယွင်အာကိစ္စကို ခဏလောက်ထားလိုက်ဦး၊ အကြီးအကဲချုပ်ကို ကျုပ်မေးစရာ တစ်ခုရှိသေးတယ်” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် သူမအား ကြည့်လိုက်သည်။
“ပြောလေ ဂိုဏ်းချုပ်”
“ကျုပ်မကြာခင် ကြယ်စီရင်စုထဲ စထွက်တော့မှာ။ ကျုပ်နဲ့အတူ ဂိုဏ်းက တပည့်အချို့ကိုလည်း ခေါ်သွားဖို့ရှိတယ်။ မဟုတ်ရင် ကြယ်သင်္ဘောကို လည်ပတ်ဖို့ လူအလုံအလောက်ရှိမှာ မဟုတ်ဘူး။ အကြီးအကဲ ရန်ရှုကျို၊ ချူဟန်ရီနှင့် လင်းယုရောင်တို့လည်း ကျုပ်နဲ့အတူ လိုက်မှာ။ အကြီးအကဲချုပ်ကော ဘယ်လိုလဲ၊ ကျုပ်နဲ့ လိုက်ချင်လား”
“ကျွန်မလား” ရီရှီယွင်စိတ်ထဲ မျှော်လင့်ချက် အရိပ်အယောင်တို့ ဖြတ်ပြေးဿွားခဲ့၏။ သို့သော် မကြာမီ ခေါင်းခါလျက် “အခုလိုမျိုး စဉ်းစားပေးတဲ့အတွက် ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မ မလိုက်တော့ဘူး”
“ထင်ထားတဲ့အတိုင်းပဲ…” ရန်ကိုင် သက်ပြင်းချလိုက်သည်။
ရီရှီယွင်သည်၏ အရည်အချင်းနှင့် ခွန်အားသည် တကယ်ကို မြင့်မားလှသည်။ အရိပ်ကြယ်ပေါ်တွင် အားအကောင်းဆုံးလူမှာ သူမ ဖြစ်သည်ဟု ပြောလျှင်ပင် အမှား မဟုတ်ချေ။ သူမ၏ ရှီသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေခဲ့ပြီး နယ်ပယ်အဆင့်အား ထိတွေ့စပင် ပြုနေခဲ့လေပြီ။ ထို့ကြောင့် အရိပ်ကြယ်၏ လောကနိယာမများကြောင့်သာ မဟုတ်ပါက တန်ခိုးရှင်ဘုရင်အဆင့်သို့ သူမ ရောက်သည်မှာ ကြာပြီ ဖြစ်ပေလိမ့်မည်။
ထိုတစ်ချက်တည်းနှင့်ပင် အရိပ်ကြယ်ပေါ်ရှိ မည်သူမှ သူမနှင့် မယှဉ်နိုင်တော့ပေ။
သို့သော်လည်း…
မဟာဧကရာဇ်သည် ခြောက်လွှာမြောက်တွင် အိပ်စက်နေသေးသည့်အတွက် ရီရှီယွင်သည် အရိပ်ကြယ်မှ မထွက်သွားနိုင် ဖြစ်နေခဲ့သည်။
သူမအဖြေသည် ထိုကဲ့သို့ ဖြစ်လိမ့်မည်ဟု ရန်ကိုင် အစကတည်းက မျှော်လင့်ထားပြီးသားပင်၊ သို့သော် မေးကြည့်လိုက်သေးသည်။ ယခု အဖြေ ရပြီးသွားပြီ ဖြစ်သဖြင့် သူမအား ထပ်ပြီး ဖျောင်းဖျမနေတော့ချေ။
“အဲ့လိုဆိုမှတော့ ဂိုဏ်းကို အကြီးအကဲချုပ်လက်ထဲ အပ်ထားခဲ့မယ်နော်” ရန်ကိုင်က ပြောလိုက်သည်။
“ဂိုဏ်းချုပ် မရှိတုန်း ဒီဘုရင်မက ဂိုဏ်းကို သေချာ စောင့်ရှောက်ထားလိုက်ပါ့မယ်”
“အကြီးအကဲချုပ် ရှိနေမှတော့ ကျပ်စိတ်မပူတော့ဘူး” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး “အချိန်ရှိတယ်ဆိုရင် ကျုပ်အတွက် တစ်ယောက်ယောက်ကို ရှာထားပေးပါလား”
“ဘယ်သူ့ကိုလဲ” ရီရှီယွင် ရန်ကိုင်အား စိတ်ဝင်တစားကြည့်လိုက်သည်။
“တိမ်မီးတောက်တောင်ကြားက လူရီဆိုတဲ့လူပဲ” ရန်ကိုင်က ပြုံးလျက် “သူ့ကို တွေ့ရင်း ဘာမှလုပ်မနေနဲ့။ သတ်သာ သတ်ပစ်လိုက်”
“ကောင်းပြီလေ” ရီရှီယွင် ခေါင်းညိတ်လိုက်သည်။
ရန်ကိုင် ဘာကြောင့် ထိုလူကို သတ်ချင်နေမလဲ သူမ မသိသော်ငြား ဂိုဏ်းချုပ်၏ အမိန့်ဖြစ်သည့်အတွက်ကြောင့် ဘာမှ ပြန်မေးမနေခဲ့ချေ။
ထို့နောက် ရန်ကိုင်သည် ထိုင်ရာမှထ၍ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရန် ပြန်ထွက်သွားလေသည်။
ရီရှီယွင်အား လူရီကို ရှာခိုင်းခြင်းမှာ ထိုကောင်နှင့် ပက်သက်၍ သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရနေသည့် အတွက်ကြောင့် ဖြစ်သည်။
လူရီနှင့် ပက်သက်၍ တစ်ခုခု မှားယွင်းနေမှန်း ရန်ကိုင် ဝိုးတဝါးတား ခံစားမိနေသည်။ ထို့အပြင် သူတို့နှစ်ယောက်သည် ရန်သူအဖြစ် တစ်ကြိမ်မက ထိပ်တိုက်တွေ့ဖူးသေး၏။ ရန်ကိုင်မှ လူရီကို လွှတ်ပေးချင်သည်မဟုတ်ဘဲ လူရီကကို အလွန်သတ်ရခက်သည့် လူတစ်ယောက် ဖြစ်နေသည့်အတွက်ကြောင့်သာ တစ်ကြိမ်ပြီး တစ်ကြိမ် သူ့လက်မှ လွတ်လွတ်သွားခဲ့ခြင်း ဖြစ်သည်။ ထိုကောင်နှင့် ပက်သက်၍ ရန်ကိုင်စိတ်ထဲ အနည်းငယ် ထူးဆန်းနေသလို ခံစားမိသည်။
လူရီသည် အလွန်ကိုမှ အန္တရာယ်များသည့် လူတစ်ယောက်နှယ် ရန်ကိုင်၏စိတ်ကို မသက်မသာ ဖြစ်စေသည်။
………..
ကြယ်သင်္ဘောနှင့် ခရီးဝေးမသွားခင် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်သွားရပေမည်။
လိုအပ်သည့် ကုန်ပစ္စည်းများကို သယ်သွားရန် လိုအပ်သလို သင်္ဘာအား လည်ပတ်ရန်အတွက် လုံလောက်သည့် လူအရေအတွက်ကို ပြင်ဆင်သွားရန်လည်း လိုအပ်ပေသည်။
ရက်အနည်းငယ်အတွင်း အားလုံး ပြင်ဆင်လို့ ပြီးသွားခဲ့သည်။
ငါးရက်ကြားပြီးနောက်တွင် သတင်းရလိုက်သည့်အတွက် ချင်းတုန်သည် အထက်စကြာဝဠာဂိုဏ်းဆီသို့ အပြေး ရောက်လာခဲ့သည်။
ဖေးကျီတုကမူ ကျဆုံးဧကရာဇ်တောင်တွင် မတောတဆ ဖြစ်ပြီးနောက်ပိုင်း သူ့ကျင့်ကြံခြင်း တန်ခိုးရှင်ဒုတိယအဆင့်သို့ လျှောကျသွားသဖြင့် ယခုတစ်ကြိမ် ခရီးစဉ်တွင် မလိုက်ခဲ့တော့ချေ။ မြို့သခင်ဖေးသည် သူတို့နှင့်အတူ အရိပ်ကြယ်မှ ထွက်လာခဲ့မည် ဆိုလျှင်ပင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ချေ သိပ်မရှိလှချေ။
ကြည်လင်ကောင်းကင်ဂိုဏ်းမှ မိုယုသည်လည်း ရောက်လာခဲ့သည်။
ယခုတစ်ကြိမ် ခရီးစဉ်တွင် မိုယု၊ ဖေးကျီတုတို့အပြင် အထက်စကြာဝဠာဂိုဏ်းမှ ရန်ရှုကျို၊ ချူဟန်ရီနှင့် လင်းယုဟောင်တို့လည်း ပါပေမည်။ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ရန်အတွက် သူတို့ မျှော်လင့်ခဲ့ရသည်မှာ အနှစ်နှစ်အလလ ရှိနေခဲ့လေပြီ။ ယခု တန်ခိုးရှင်ဘုရင်အဆင်သို့ ချိုးဖျက်နိုင်မည့် အခွင့်အရေး သူတို့ ရလာခဲ့လေပြီ။ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်မည်လား မချိုးဖျက်နိုင်ဘူးလား ဆိုသည်မှာတော့ သူတို့၏ ကြိုးစားအားထုတ်မှုနှင့် အခွင့်အလမ်းပေါ်တွင်သာ မူတည်နေတော့ပေသည်။
တန်ခိုးရှင်အဆင့်မှ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ဖို့ရာ မလွယ်ကူသည်မှာ ရှေးယခင်အချိန်ကတည်းက ဖြစ်သည်။ ကြယ်စီရင်စုကြီး တစ်ခုလုံးတွင်ပင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသည့်လူ အနည်းငယ်သာရှိပြီး ထိုလူ အားလုံးသည် ကျင့်ကြံရေးကြယ်များကို အုပ်ချုပ်နေကြသည့် နာမည်ကျော် ပညာရှင်များ ဖြစ်ကြသည်။
ထို့ကြောင့် သူတို့ငါးယောက်စလုံးတွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်မည့် အခွင့်အရေး ရှိနေလျှင်ပင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ကျိန်းသေကြီး ချိုးဖျက်နိုင်မည် မဟုတ်ချေ။
အကုန်လုံး တန်ခိုးရှင်ဘုရင်အဆင့်သို့ မချိုးဖျက်နိုင်သည်မျိုးလည်း ဖြစ်သွားနိုင်၏။
လဝက်ကြာပြီးနောက်တွင် ပထမကောင်းကင်နန်းတော်ထဲတွင် ရှိနေသော ရန်ကိုင် တင်ပလင်ခွေထိုင် ကျင့်ကြံနေရာမှ မျက်လုံးပြန်ပွင့်လာခဲ့ပြီး ထိုင်ရာမှထ၍ နန်းတော်အပြင်သို့ ထွက်သွားလေသည်။
နန်းတော် အပြင်ဘက်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး သူ့အား ရပ်စောင့်နေခဲ့သည်။
ရန်ကိုင် ထွက်လာသည်ကို မြင်သော် ထိုအမျိုးသမီးသည် စိတ်လှုပ်ရှားမှုအစုံဖြင့် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းမိလိုက်သည်။ သူမစိတ်ထဲ အတော်လေးကို စိတ်လှုပ်ရှားနေမိသလို အတော်လေးလည်း စိတ်ပူနေမိသည်။
ထိုအမျိုးသမီးသည် ချင်းယွဲ့ ဖြစ်ပေသည်။
ယခုတစ်ကြိမ် ခရီးတွင် ချင်းယွဲ့ကိုပါ သူနှင့်အတူ ခေါ်ခဲ့သည်။
နှစ်ယောက်စလုံး မွေးရပ်မြေ တူညီကြသဖြင့် ချင်းယွဲ့သည်လည်း ဂိုဏ်းချုပ်ချင်းယ၊ စုယန်နှင့် ရေခဲဂိုဏ်းမှ သူမ၏ အကြီးအကဲများနှင့် ပြန်တွေ့ချင်နေမိသည်။
“အကုန်လုံး ပြင်ဆင်ပြီးပြီလား” ရန်ကိုင်က မေးလိုက်၏။
ချင်းယွဲ့က ခေါင်းညိတ်လျက် “ပြင်ဆင်ပြီးသွားပြီ။ နင့်ကိုပဲ စောင့်နေတာ”
“အဲ့ဒါဆို… သွားကြရအောင်” ပြောပြီးသည်နှင့် ထွက်သွားလေသည်။
သူ၏ တင်းတင်းဆုပ်ထားသော လက်သီးဆုပ်ထဲတွင် အနည်းငယ် အေးစက်စက် ဖြစ်နေသော သလင်းကျောက် အလုံးလေးတစ်လုံး ရှိနေခဲ့သည်။
ထိုအရာသည် စုယန်၏ ရေခဲဝိဥာဉ်လုံးဖြစ်ပေသည်။ နာရီဝက်ကြာပြီးနောက် ကြယ်သင်္ဘောသည် အထက်စကြာဝဠာဂိုဏ်းမှ လက်ပြနှုတ်ဆက်နေကြသော တပည့်များ၏ အကြည့်အောက်တွင် ကောင်းကင်ပေါ်သို့ တဖြည်းဖြည်း ပျံတက်သွားခဲ့၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၄၅)
အဆုံးအစမရှိ ကျယ်ဝန်းသော ကြယ်စီရင်စုကြီးထဲ အနက်ရောင် ကြယ်သင်္ဘော တစ်စင်း ခုတ်မောင်းသွားလာနေခဲ့သည်။ ကြယ်သင်္ဘော၏ အရှိန်အသည် လျှပ်စီးတန်းကဲ့သို့ မြန်ဆန်လှပြီး မျက်တောင်တစ်ခတ်အတွင်း မိုင်ရာပေါင်းများစွာ နှုန်းဖြင့် သွားလာနေခဲ့သည်။
ဖောက်ထွင်းမြင်ရသော ပြတင်းပေါက်ကြီးမှတစ်ဆင့် အကုန်လုံးသည် ကြယ်သင်္ဘော၏ နောက်ဘက်တွင် ကျန်ရစ်ခဲ့သော ကြယ်ကြီးကို အံ့ဩတကြီး ငေးမောကြည့်နေကြသည်။
အကုန်လုံးသည် အရိပ်ကြယ်အား ဤသို့သော ရှုထောင့်မှ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ယခုမှသာ ဤမျှကြီးကျယ်ခမ်းနားသော ကြယ်ကြီးပေါ်တွင် သူတို့ မွေးဖွားခဲ့မှန်း အကုန်လုံး နားလည်သွားခဲ့ကြရသည်။
ကြယ်သင်္ဘောသည် အလွန်ကိုမှ လျင်မြန်သော အမြန်နှုန်းဖြင့် သွားနေသော်ငြား သင်္ဘောမှာ အလွန်ကိုမှ တည်ငြိမ်လှသဖြင့် အထဲတွင် လိုက်ပါစီးနင်နေကြသော လူအားလုံး အနည်းငယ်မျှပင် မသက်မသာ မခံစားရချေ။
ကြယ်သင်္ဘောဖြင့် သွားလာနေရင်း လွင့်မျောနေသော ဥက္ကာခဲများ၊ အသက်စွမ်းအင် မရှိတော့သည့် ကြယ်သေကြီးများကို သူတို့ မြင်တွေ့ခဲ့ရသည်။
ဤနေရာသည် အရိပ်ကြယ်မှ မိုင်ပေါင်းသန်းနှင့်ချီ ဝေးကွာသော လုံခြုံသောဇုံအဖြစ် သတ်မှတ်၍ရသည့် နေရာတစ်ခုဖြစ်သည်။
အရိပ်ကြယ်ပေါ်ရှိ အင်အားစုကြီးများသည် ကြယ်သင်္ဘောများဖြင့် ဤနေရာ၌ တွင်းထွက်သတ္တုများ လာရောက်ရှာဖွေတတ်သည်။ လိုချင်သလောက် မရသော်ငြား တစ်ခါတစ်ရံ ဥက္ကာခဲနှင့် ကြယ်သေကြီးများမှ ရှားပါးသော ရတနာများကို ရရှိတတ်ကြသဖြင့် ကြယ်သင်္ဘောများကို မကြာခဏစေလွှတ်၍ ဤနေရာတွင် တွင်းထွက်များ တောက်လျှောက်လာရှာလေ့ ရှိပေသည်။
သူတို့ ရရှိသည့် ရှားပါးရတနာများသည် အရိပ်ကြယ်ပေါ်တွင် မတွေ့နိုင်သည့် ရတနာများ ဖြစ်ကြပေသည်။
သို့သော်လည်း မိုင်ဆယ်သန်းကျော်အကွာ၌ ရှိနေသော နေရာသည် အန္တရာယ်ဇုံအဖြစ် သတ်မှတ်၍ ရသည့်နေရာတစ်ခု ဖြစ်သည်။
ထိုအန္တရာယ်ဇုံထဲတွင် စကြာဝဠာလေပြင်းများ တိုက်ခတ်နေလေ့ရှိသည်။ ထိုစကြာဝဠာလေပြင်းများသည် အဆင့်နိမ့် ကြယ်သင်္ဘောတစ်စင်းကို အလွယ်တကူ ဖျက်စီးပစ်နိုင်ပြီး ၎င်းတို့နှင့် ထိတွေ့သည့် အရာများကို တစ်စစီဖြစ်အောင် လုပ်ပစ်နိုင်ပေသည်။ ဥက္ကာခဲများပင်လျှင် ထိုလေပြင်းထဲ ရောက်သည်နှင့် အမှုန်အမွှားများ ဖြစ်ကုန်ကြရသည်။
ဤနေရာသည် သေခြင်းတရားဇုံအဖြစ် နာမည်ကြီးသည့် နေရာတစ်ခု ဖြစ်သည်။
ဤနေရာသည် အရိပ်ကြယနှင့် ပြင်ပလောကကြီးကို ပိုင်းခြားထားသည့် ပထမဆုံး အရံအတားတစ်ခုလည်း ဖြစ်သည်။ အကာအကွယ်တံတိုင်းတစ်ခုနှယ် အရိပ်ကြယ်ရှိ ကျင့်ကြံသူများစွာအား ပြင်ပလောကကြီးထဲသို့ ဝင်ထွက်ခွင့်မရအောင် တားဆီးထား၏။
လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာအတွင်း အရိပ်ကြယ်မှ မည်သူမှ ပြင်ပလောကကြီးသို့ မထွက်သွားနိုင်ကြခြင်း မဟုတ်ဘဲ ထွက်သွားနိုင်ခဲ့ကြပြီး ဤသေခြင်းတရားဇုံကို မကျော်ဖြတ်နိုင်ခဲ့ကြခြင်းသာ။
ကြယ်သင်္ဘော ထိုနယ်ပယ်ထဲသို့ ရောက်သည့်အခါ အကုန်လုံး လက်သီးတင်းတင်း ဆုပ်လိုက်ကြသည်။
ရန်ကိုင်သည် ကြယ်သင်္ဘောထဲရှိ တပည့်များအား အကာအရံအလွှာအား အမြင့်ဆုံးထိတင်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
စကြာဝဠာလေပြင်းများသည် မမြင်နိုင်သော သားရဲများမှ သူတို့၏ လက်သည်းဖြင့် ကြယ်သင်္ဘောအား ကုတ်ခြစ်နေသည့်အလား ကြယ်သင်္ဘောကို တစ်စစီဖြစ်အောင် လုပ်ရန် ကြိုးစားနေခဲ့သည်။
ထိုပြင်းထန်သော စကြာဝဠာလေပြင်များကြောင့် တည်ငြိမ်နေသော ကြယ်သင်္ဘောသည် စတင်၍ မတည်မငြိမ် ဖြစ်လာခဲ့ရသည်။ ထိုအဖြစ်အပျက်ကြောင့် ကြယ်သင်္ဘောထဲတွင် ရှိနေသူများ မျက်စိပျက် မျက်နှာပျက် ဖြစ်ကုန်ကြလေသည်။
ထိုစဉ် စကြာဝဠာလေပြင်းများကြောင့် ပျက်စီးသွားခြင်း မရှိသေးသည့် ဥက္ကာခဲကြီး တစ်လုံးသည် ကြယ်သင်္ဘောအား အရှိန်အဟုန်ပြင်းပြင်းနှင့် လာဆောင့်လေ၏။
မုန်းတိုင်းကြားထဲ ရောက်နေသည့် လှေငယ်တစ်စင်းနှယ် ကြယ်သင်္ဘောကိုယ်ထည် တစ်ခုလုံး လူးခါသွားခဲ့သည်။ အထဲတွင် ရှိနေသော တပည့်များလည်း ကြယ်သင်္ဘောအား မထိန်းချုပ်နိုင်တော့ဘဲ လွင့်စင်ထွက်သွားသည့် အရှိန်အတိုင်းသာ လိုက်ပါစီးမျောသွားရတော့သည်။
ကြယ်သင်္ဘောထဲမှ အလန့်တကြား အော်ဟစ်သံများ မကြာခဏ ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်သည် အပြင်ဘက်ရှိ အခြေအနေကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးရင်း တပည်များကို ဘာလုပ်ညာလုပ်ရန် အလျင်အမြန် အမိန့်ပေးလိုက်သည်။
ရန်ရှုကျိုနှင့် အခြား တန်ခိုးရှင်တတိယ အထွဋ်အထိပ်အဆင့် ပညာရှင်များသည် ရန်ကိုင်၏ ညွှန်ကြားချက်အတိုင်း ကြယ်သင်္ဘော၏ စွမ်းအင်ခန်းထဲသို့ အလျင်အမြန် ပြေးသွားကြပြီး သူတို့၏ သူတော်စင်ချီကို ခင်းကျင်းထားသည့် အစီအရင်ထဲ ထည့်သွင်းကြလေတော့သည်။
ယခုကဲ့သို့ အချိန်မျိုးတွင် အကုန်လုံးကို သတိထားနေရသည်။ အမှားလေး တစ်ချက်ပင် လုပ်မိလိုက်၍ မဖြစ်ချေ။ အမှားတစ်ချက်သည် သူတို့အားလုံးကို သေတွင်းထဲသို့ ရောက်ရှိသွားနိုင်သည်။
ဤနေရာထဲတွင် ရှိနေသော အဖျက်စွမ်းအားကို သူတို့၏ ခန္ဓာကိုယ်သက်သက်ဖြင့် ခုခံနိုင်ရန်အတွက် အလွန်ကိုမှ ခဲယဉ်းလှသည်။ ဤနေရာရှိ လေပြင်းများ မည်မျှ ပြင်းထန်သလဲဆိုလျှင် တန်ခိုးရှင်အဆင့် မဆိုထားနှင့်၊ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များဆိုကိုပင် တစ်စစီဖြစ်သွားအောင် လုပ်နိုင်ပေသည်။
အတူတကွ စုပေါင်းလုပ်ဆောင်မှသာ ဤအဖျက်စွမ်းအား လေပြင်များကို ကျော်ဖြတ်နိုင်ပေလိမ့်မည်။
ခဏအကြာတွင် ပရမ်းပတာ ဖြစ်နေသော အခြေအနေကြီး စတင်၍ တည်ငြိမ်စ ပြုလာခဲ့သည်။ ကြယ်သင်္ဘောတစ်စင်းလုံး လူးလှိမ့်သွားခဲ့ရသော်လည်း စိုးစဉ်မျှပင် ထိခိုက်သွားခြင်း မရှိကြောင်း သိလိုက်ရပြီးနောက် ထိတ်လန့်တုန်လှုပ်နေသော လူအားလုံး တဖြည်းဖြည်း တည်ငြိမ်သွားပြီး သူတို့လုပ်ရမည့် တာဝန်အသီးသီးကို တည်တည်ငြိမ်ငြိမ်၊ မှန်မှန်ကန်ကန်နှင့် စတင် လုပ်ဆောင်ကြတော့လေသည်။
ယန်ယန်ကိုယ်တိုင် သန့်စင်ထားသည့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောသည် သူတို့အားလုံးကို ဤနေရာမှ သယ်ထုတ်သွားနိုင်သည်အထိ အားကောင်းပေသည်။
တစ်လကြာပြီးနောက် အထက်စကြာဝဠာဂိုဏ်း၏ ကြယ်သင်္ဘောသည် သေခြင်းတရားဇုံကို ကျော်ဖြတ်လာခဲ့ပြီး ကျယ်ပြောလှသော ကြယ်စီရင်စုထဲသို့ ဆက်လက် ရွက်လွှင့်လာခဲ့သည်။
အပြင်ဘက်မှ မည်သည့် ဆူညံသံများကို မကြားရတော့သလို ကြယ်သင်္ဘောသည်လည်း ယိမ်းထိုးနေခြင်း မရှိတော့ချေ။ အရိပ်ကြယ်၏ နာမည်ကျော် သေခြင်းတရားဇုံကို ကျော်ဖြတ်လာနိုင်မှန်း သိလိုက်သည့်နောက်တွင် သင်္ဘောထဲရှိ တပည့်များ ပျော်ရွှင်စွာ ထခုန်ကြတော့လေသည်။
မကြာခင် ရန်ရှုကျိုနှင့် အခြားသူများ ဖြူဖတ်ဖြူလျော် မျက်နှာအမူအရာဖြင့် ရန်ကိုင် ရှေ့တွင် ပေါ်လာခဲ့ကြသည်။ အစီအရင်ထဲသို့ သူတော်စင်ချီ အဆက်မပြတ် ဖြည့်သွင်းပေးခဲ့ရသည့်အတွက် အကုန်လုံး အလွန်ကိုမှ ပင်ပန်းနွမ်းနေခဲ့သည့် အပြင်ကိုမှ သူတို့၏ အရှိန်အဝါများလည်း မတည်မငြိမ် ဖြစ်နေခဲ့ကြလေသည်။
“ခင်ဗျားတို့ သွားနားကြတော့လေ” ရန်ကိုင်က ပြောလိုက်သည်။
“ရန်ကိုင်၊ မင်းခံစားရလား” ချင်းတုန်က အလေးအနက် အမူအရာဖြင့် မေးလိုက်သည်။
ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။
ကြယ်သင်္ဘော သေခြင်းတရားဇုံထဲသို့ ဝင်လာသည့် အချိန်ကတည်းက သတိပြုမိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့် တစ်လလုံးလုံး သေခြင်းတရားဇုံမှ လွတ်မြောက်နိုင်ရေးကိုသာ အာရုံစိုက်နေခဲ့သဖြင့် ထိုအကြောင်းနှင့် ပက်သက်၍ သေချာစဉ်းစားချိန် မရှိခဲ့ချေ။
ယခု သေခြင်းတရားဇုံမှ ထွက်လာပြီးသည့်အခါ၊ သူခံစားမိလိုက်သည့် အရာကို သေချာခံစားကြည့်ရန် အချိန်ရလာခဲ့သည်။
“မင်းလည်း သတိပြုမိတယ်ဆိုတာ ငါအထင်မှားနေတာသက်သက် မဟုတ်တော့ဘူး” ချင်းတုန်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။
“ဧကရာဇ်ဖိအား” မိုယုက မှတ်ချက်ပေးလိုက်သည် “သေခြင်းတရားဇုံတစ်ခုလုံး ဧကရာဇ်ဖိအားတွေနဲ့ ပြည့်နေတယ်။ ပြီးတော့ ဧကရာဇ်ဖိအားက တစ်ခုတောင် မဟုတ်ဘူး”
“ဟုတ်တယ်။ ဧကရာဇ်ဖိအားက နှစ်ခုတောင် ရှိနေတာ” ချင်းတုန်က ခေါင်းညိတ်၍ “တစ်ခုက ဧကရာဇ်ဥယျာဉ်က ခံစားမိတဲ့ဟာနဲ့ အတူတူပဲ။ နောက်တစ်ခုကတော့ လုံးဝ မတူဘူး။ အဲ့ဒါဘယ်သူ့ရဲ့ ဧကရာဇ်ဖိအားလဲ”
“ငါစဉ်းစားမိတာတော့ ရှိပေမယ့် သိပ်တော့ မသေချာဘူး…” မိုယုက တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
အကုန်လုံး သူ့အား လှည့်ကြည့်လာခဲသည်။
မိုယုမျက်နှာ မဲ့သွားခဲ့ပြီး ချက်ချင်း အကြည့်လွှဲလျက် ခြောက်ကပ်ကပ် လေသံဖြင့် ပြောလိုက်၏ “ငါပြောလိုက်ရင် မင်းတို့အားလုံး ငါ့ကို ရူးနေတယ်ဆိုပြီး ထင်သွားကြမှာ”
“ဘယ်လိုလုပ်ပြီး ထင်ရမှာလဲ” ချင်းတုန်က ခေါင်းခါ၍ “စိတ်ချပြီးတော့သာ ပြောလိုက်”
ရန်ကိုင်လည်း ခေါင်းညိတ်၍ “ဟုတ်တယ်။ အကုန်လုံးလည်း အကြီးအကဲမိုရဲ့ အတွေးကို ကြားချင်နေတာ”
မိုယုက ခါးသက်စွာပြုံးလျက် “ဒီလူအိုကြီး ကိုယ့်ကိုယ်ကို အတော်လေး အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ဝတယ်လို့ ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီသေခြင်းတရာဇုံကို ဖြတ်လာပြီးတော့မှပဲ ငါ့ကိုယ်ငါ ရေတွင်းထဲက ဖားသူငယ်လေး တစ်ကောင်ပဲ ဖြစ်နေသေးမှန်း သိလိုက်တယ်။ တကယ်တော့ ငါထင်တာက ငါ့အထင် သက်သက်ပဲဆိုပေမယ့် ထောက်ပြလို့ရတဲ့ တကယ့် သက်သေလည်း ရှိတယ်…”
“ပြောမှာသာ ပြောစမ်းပါကွာ” ရန်ရှုကျိုက စိတ်မရှည်ဟန်ဖြင့် ဝင်ပြောလိုက်သည်။
“သေခြင်းတရားဇုံထဲမှာ ဧကရာဇ်ဖိအား နှစ်ခု ရှိနေတယ်။ ပြီးတော့ အဲ့ဧကရာဇ် ဖိအားနှစ်ခုက တစ်ခုနဲ့တစ်ခု တိုက်ခိုက်နေကြတာ။ တစ်ခုက ဧကရာဇ်ဥယျာဉ်နဲ့ ဧကရာဇ်ဖိအားနဲ့ တူတာဆိုတော့ အဲ့ဧကရာဇ်ဖိအား ကြယ်တာရာကောင်းကင် မဟာဧကရာဇ်ရဲ့ ဧကရာဇ်ဖိအား ဖြစ်ရမယ်။ အခြား ဧကရာဇ်ဖိအားကျတော့ မဟာဧကရာဇ်နဲ့ အဆင့်တူ ပညာရှင်တစ်ယောက်ရဲ့ဟာ ဖြစ်လောက်တယ်” မိုယုက အလေးအနက်အမူအရာဖြင့် “ဒီသေခြင်းတရားဇုံက… သူတို့ နှစ်ယောက် တိုက်ခိုက်ကြလို့ ဖြစ်လာတာတောင် ဖြစ်နိုင်တယ်”
သူ့အတွေးကို ထုတ်ဖော်ပြောပြီးနောက် မိုယု တိတ်ဆိတ်သွားခဲ့သည်။
ချင်းတုန်သည် မိုယုအား ပါးစပ်အဟောင်းသားဖြင့် ကောင်ကြည့်နေခဲ့လေသည်။
ရန်ကိုင်၊ ရန်ရှုကျိုနှင့် အထက်စကြာဝဠာဂိုဏ်းမှ အခြားအကြီးအကဲများမှာမူ အချင်းချင်း တည်တည်ငြိမ်ငြိမ်ဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“ဟားဟား၊ မဖြစ်နိုင်ဘူးမလား။ ငါပြောသားပဲ၊ ငါပြောတာကို မင်းတို့ ယုံမှာ မဟုတ်ပါဘူးလို့၊ ဒါကလည်း ငါ့ထင်မြင်ချက် သက်သက်ပဲလေ” မိုယုက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
မဟာဧကရာဇ်မှာ အမှန်တကယ် ရှိမရှိ မည်သူမှ မသိကြသည့် ဒဏ္ဏာရီလာ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ သို့သော်လည်း မိုသည် မဟာဧကရာဇ်ကဲ့သို့သော အဆင့်တူ ပုဂ္ဂိုလ်တစ်ယောက်က မဟာဧကရာဇ်နှင့် တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲခဲ့သည်ဟု ပြောလာခဲ့သည်။
“စီနီယာမိုပြောတာ မှန်လောက်တယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။
“အန်” မိုယု ရန်ကိုင်အား သင်္ကာမကင်း အမူအရာဖြင့် ကြည့်လိုက်ပြီး ရုတ်တရက် ကောက်မေးလိုက်လေသည် “ရန်ကိုင်၊ မင်းတစ်ခုခု သိထားတာလား”
ချင်းတုန်လည်း ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “အရမ်းကြီးတော့ မသိထားဘူး။ ဒါပေမယ့် ကျုပ်သိသလောက်ဆို မဟာဧကရာဇ်မှာ သူလို အားကောင်းတဲ့ ရန်သူတစ်ယောက် ရှိခဲ့ဖူးတယ်။ ပြီးတော့ အဲ့ရန်သူနဲ့လည်း တိုက်ခိုက်ခဲ့သေးတယ်”
ရန်ရှုကျိုနှင့် အခြားအကြီးအကဲများသည် ထိုအကြောင်းကို ယခင်ကတည်းက သိထားခြင်း ဖြစ်ကြသော်လည်း ချင်းတုန်နှင့် မိုယုမှာမူ ယခုမှသာ ထိုအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
နှစ်ယောက်စလုံး မှင်သက်နေကြပြီး ရန်ကိုင်ကိုသာ ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေခဲ့ကြလေသည်။
“အရိပ်ကြယ်ကြီးကို ပြင်ပလောကကြီးနဲ့ အဆက်အသွယ်ပြတ်အောင် လုပ်တဲ့ တရားခံက သူဖြစ်နေတာပါလား” ရန်ကိုင် ရေရွတ်လိုက်သည်။
နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်နေသော်လည်း ယခုအချိန်ထိ အနိုင်အရှုံး မပေါ်သေးသည့် ဧကရာဇ်ဖိအားနှစ်ခု တိုက်ခိုက်နေသည့် သေခြင်းတရားဇုံသည် အကောင်းဆုံး သက်သေ ဖြစ်ပေသည်။
ယန်ယန်နှင့် သူမ၏ ရန်သူသည် ကြယ်စီရင်စုထဲတွင် တိုက်ခိုက်ခဲ့ကြရာမှ အရိပ်ကြယ်၏ ပတ်ဝန်းကျင်တစ်ခုလုံး အန္တရာယ်များသည့် နေရာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်လောက်သည်။
ချင်းတုန်နှင့် မိုယုသည် ရန်ကိုင်အား တစ်ခုခု မေးချင်နေသော်လည်း ရန်ကိုင်မှ စကားဖြတ်လိုက်သဖြင့် သူတို့လည်း ဘာမှမမေးနိုင် ဖြစ်သွားခဲ့ရသည် “အရင် တစ်လလုံး တောက်လျှောက် အလုပ်လုပ်လာခဲ့ရတာဆိုတော့ အကုန်လုံးလည်း ပင်ပန်းနေလောက်ရောပေါ့။ အခု သေခြင်းတရားဇုံကနေ ထွက်လာပြီး အေးအေးဆေးဆေး နားလို့ရပြီ။ သေခြင်းတရားဇုံကို ဖြတ်ကျော်ပြီးသွားပြီ ဆိုတော့ နောက်နှစ်နည်းနည်းလောက် ကြာတဲ့အထိ ဘာမှတ်သားလောက်စရာကိုမှ တွေ့ရဦးမှာ မဟုတ်ဘူး။ ဒီအချိန်က တံခါးပိတ်ကျင့်ကြံဖို့ အကောင်းဆုံး အချိန်ပဲ”
ရန်ကိုင် ပြောသည်ကို ကြားသည့်အခါ ချင်းတုန်နှင့် အခြားသူများသည် မည်သည့် မေးခွန်းကိုမှ ထပ်မမေးကြတော့ဘဲ ခေါင်းညိတ်၍သာ သူတို့ နေထိုင်သည့် အခန်း အသီးသီးထဲသို့ ပြန်သွားကြလေသည်။
ရန်ကိုင်သည် နေရာတွင်ရပ်လျက် ကြယ်စီရင်စုကြီးအား စိုက်ကြည့်နေခဲ့သည်။ ခဏအကြာ၌ ထိန်းချုပ်ခန်းထဲသို့ လျှောက်သွားလိုက်ပြီး သူ့အသိစိတ်ပင်လယ်ထဲသို့ သူ့အသိစိတ်ကို ပို့လွှတ်လိုက်လသည်။
သူ့အသိစိတ်ပင်လယ်ပေါ်တွင် မရေမတွက်နိုင်အောင် အကျုံးချုံ့ထားသော ကျယ်ပြောလှသည့် ကြယ်တာရာကောင်းကင်ကြီးတစ်ခု တိတ်တဆိတ် လွင့်မျောနေခဲ့သည်။
ထိုအရာသည် ရန်ကိုင်၏ ကြယ်မြေပုံ ဖြစ်ပေသည်။
အရိပ်ကြယ်မှ ထွက်ခွာလိုလျှင် ကျင့်ကြံသူတစ်ယောက် အနေဖြင့် ပထမဦးစွာ သေခြင်းတရားဇုံကို ဖြတ်ကျော်ရပေမည်။ သို့သော် မည်သူမှ ထိုနယ်မြေကြီးကို မဖြတ်ကျော်ရဲခဲ့ချေ။
ဒုတိယအနေဖြင့် သေခြင်းတရားဇုံအား မည်ကဲ့သို့ ဖြတ်သွားရမည်လဲ ဆိုသည်ကို သိထားရမည်။
ကြယ်စီရင်စုထဲတွင် အန္တရာယ်များစွာရှိသည့်အတွက် ကြယ်သင်္ဘောများ ရွက်လွှင့်ကြသည့်အခါ ကြယ်သင်္ဘောထဲတွင် အတွေ့အကြုံ ကြယ်ဝသည့် မြေပုံသခင် တစ်ယောက်ယောက်ကို ခေါ်သွားလေ့ရှိသည်။
မြေပုံသခင်များသည် ကျင့်ကြံသူများ၊ သို့မဟုတ် ကြယ်သင်္ဘောများ ကြယ်စီရင်စုထဲ လုံလုံခြုံခြုံနှင့် သွားလာနိုင်အောင် ကြယ်မြေပုံများကို ဆွဲသားပေးနိုင်ကြသည်။
ကြယ်သခင်တစ်ယောက် ဆွဲထားသည့် ကြယ်မြေပုံ မရှိဘဲနှင့် ကြယ်စီရင်စုထဲ ခရီးထွက်မည်ဆိုပါက ကျယ်ပြောလှသော ကြယ်စီရင်စုကြီးထဲ လမ်းပျောက်သွားနိုင်ပေသည်။ မြေပုံသခင်များသည် ကျင့်ကြံရေးကြယ် အသီးသီးတွင် လူလေးစားခံရသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့၏ အဆင့်အတန်းသည် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် သို့မဟုတ် ပန်းပဲပညာရှင် တစ်ယောက်၏ အဆင့်အတန်းအောက် မနိမ့်ကျချေ။
ရန်ကိုင်သည် သူ့အသိစိတ်ပင်လယ်ထဲရှိ ကြယ်မြေပုံကို ကြယ်စီရင်စုထဲသို့ ပထမဆုံးအကြိမ် စဝင်လာစဉ်က တွေ့ခဲ့သည့် မြေပုံသခင်ဖြစ်သော ဝူဆွော့ဆီမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ကြယ်မြေပုံနှင့်သာဆိုပါက ရန်ကိုင် အနေဖြင့် ဘာမှ လေ့ကျင့်နေစရာမလိုဘဲ မြေပုံသခင်တစ်ယောက် ဖြစ်လာနိုင်ပေသည်။ ကြယ်မြေပုံကြီးတစ်ခုလုံးကို သူကြည့်ချင်သည့် အချိန်တိုင်း သွားကြည့်နိုင်ပေသည်။ ထုန်းရွှမ်လောကကြီး ရှိသည့်နေရာကိုပင် ကြယ်မြေပုံထဲတွင် လှမ်းမြင်နေရသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ဤကြယ်မြေပုံကို သူနောက်တစ်ကြိမ် ပြန်အသုံးပြုနိုင်ခဲ့လေပြီ။
ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် ကြယ်မြေပုံထဲ ရွေ့လျားသွားလာနေပြီးနောက် မကြာမီ နေရာတစ်ခုတွင် ရပ်တန့်သွားခဲ့သည်။
ထိုနေရာသည် ချင်းယွဲ့နှင့် စုယန်တို့ ကွဲသွားသည့်နေရာ ဖြစ်ပေသည်။ ရန်ကိုင် သွားရန် ရည်ရွယ်ထားသည့် နေရာလည်း ဖြစ်သည်။