← Chapters

အခန်း (၁၅၇၆-၁၅၈၀)

Vol. 64 Ch. 1576-1580

အခန်း (၁၅၇၆-၁၅၈၀)

Vol. 64 Ch. 1576-1580

အပိုင်း (၁၅၇၆)

“လူသား၊ ဆရာယုရှုန်းက စိတ်ရှည်တဲ့ လူစားမျိုးမဟုတ်ဘူးနော်။ မင်းအသက်ရှင်ချင်ရင် မင်းအမှားကို ဝန်ခံပြီး ဒူးထောက် တောင်းပန်လိုက်။ အဲ့ဒါဆို မင်းအသက်ချင်ရှင်ရှင်နိုင်လိမ့်မယ်” မွန်းစတားမျိုးနွယ်စုဝင် တစ်ဦးက အော်ပြောလိုက်သည်။

“ငါ့အမှားကို ဝန်ခံပြီး ဒူးထောက်တောင်းပန်ရမယ်…” ရန်ကိုင်သည် ကောင်းကင်နှင့်မြေပြင် မည်မျှ ဝေးကွာသလဲ ဆိုသည်ကို မသိသည့်အလား သူ့မေးစေ့ကိုပွတ်ရင်း စွဲမက်ဖွယ်ကောင်း‌သော အမျိုးသမီးအား မီးတောက်မတတ် အကြည့်ဖြင့် ဆက်၍ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ယဲ့ယဲ့လေးပြုံးလျက် မေးလိုက်လေသည် “အလှလေး၊ မင်းကော ငါ့ကို အဲ့လို လုပ်စေချင်လား”

ရန်ကိုင်၏ စကားကို ကြားလိုက်သည့်အခိုက်တွင် လူအုပ်ကြီး တစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။

အကုန်လုံးသည် ရန်ကိုင်အား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လာကြသည်။

ထိုလူသား… သူတို့ သခင်မလေးကို တကယ်ကြီး ‘အလှလေး’လို့ ခေါ်လိုက်တာလား။ ရိုင်းပြလိုက်လေခြင်း… ဤသည်မှာ သူတို့၏ သခင်မလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားလိုက်ခြင်း ဖြစ်သည်။

သူတို့၏ သခင်မလေးသည် လူသားတစ်ယောက်သာ ဖြစ်သော်ငြား သူမကို မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင်က မွေးစားသမီးအဖြစ် ခေါ်ယူမွေးစားခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်အတွင်းတွင် သူမအား မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် သင်ကြားပေးခဲ့သည်။ လူသားဖြစ်သော်လည်း သခင်မလေးသည် အလွန်ကိုမှ ပါရမီ မြင့်မားပြီး မွန်းစတားမျိုးနွယ်စု၏ လက်ရွေးစင်များပင်လျှင် သူမ၏ ခြေဖျားကို လိုက်မမှီချေ။

သို့သော်လည်း လူသားတစ်ယောက်သည် လူအများရှေ့တွင် သူတို့၏ သခင်မလေးကို လာပြီး ဖွန်ကြောင်နေရဲသည်။ ထိုကောင် သေချင်နေလေသလော။

“ရဲတင်းလိုက်တာ” မွန်းစတားမျိုးနွယ်စုဝင်တစ်ဦးက ဒေါသတကြီး ထအော်လေသည်။

သခင်မလေးကို စော်ကားလိုက်ခြင်းသည် လနီမွန်းစတား မျိုးနွယ်စုဝင်ကို စော်ကားလိုက်ခြင်း ဖြစ်သည်။

မည်သည့် မွန်းစတားမျိုးနွယ်စုဝင်မှ ရန်ကိုင်၏ စော်ကားမှုကို သည်းမခံနိုင်ဘဲ ချက်ချင်း ဒေါသတကြီး ထအော်ကုန်လေသည်။

ယုရှုန်းသည်လည်း ရန်ကိုင်ပြောသည်ကို ကြားပြီးနောက်တွင် လုံးဝကို မှင်သက်သွားခဲ့သည်။ သို့သော်လည်း ခဏအကြာ၌ ထိတ်လန့်အံ့အားသင့်နေရာမှ အသိပြန်ဝင်လာခဲ့ပြီး ဝါးလုံးကွဲ အော်ရယ်လျက် ရန်ကိုင်ကို လက်ညိုးထိုးရင်း သူ့ဘေးနားတွင် ရပ်နေသော အမျိုးသမီးဘက်သို့ လှည့်၍ ပြောလိုက်လေသည် “ညီမလေး၊ ဒီကောင်လေးက နင့်ကို အလှလေးတဲ့”

“မဟုတ်လို့လား” အမျိုးသမီးက ယုရှုန်းအား မျက်လုံးလေးမှေးစဉ်း၍ ပြန်ကြည့်လိုက်လေသည်။

ယုရှုန်း၏ ရယ်သံ ရုတ်တရက် တဆိတ်သွားခဲ့ပြီး အလျင်အမြန်ပဲ ပြန်လည် ငြင်းဆိုလိုက်လေသည် “အစ်ကိုကြီး အဲ့လိုပြောချင်တာ မဟုတ်ဘူး… ညီမလေးကို ဘယ်သူမှ အဲ့လို မခေါ်ကြဘူးလေ။ ဒီတော့ တစ်ယောက်ယောက်က အဲ့လိုခေါ်တာ ကြားလိုက်တော့ နည်းနည်း အံ့အားသင့်သွားတာ။ ပြီးတော့ ဒီကောင်လေးက အရမ်း အရှက်မဲ့လွန်းတယ်။ အစ်ကိုကြီး ညီမလေးအတွက် ဒီကောင့်ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်မယ်”

ပြောပြီးသည်နှင့် ရန်ကိုင်အား ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်၏။

လနီပိုင်နက်တွင် ယုရှုန်း၏ အဆင့်အတန်းသည် ထိပ်ဆုံးထဲတွင် ပါပေသည်။ သူသည် လနီမျိုးနွယ်စုခေါင်းဆောင်၏ မွေးစားသား ဖြစ်ပြီး သူသည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ယုရှုန်းသည် အဆင့်အတန်းကော၊ ခွန်းအားကောပါ မြင့်မားသူဟု ဆိုနိုင်ပေသည်။

ယုရှုန်းသည် တည့်တိုးဆန်ပြီး ရဲတင်းကာ သူ့အား အလျှော့ပေးအောင် လုပ်နိုင်သည့်လူဆို၍ နှစ်ယောက်သာ ရှိသည်။ တစ်ယောက်သည် မျိုးနွယ်စုခေါင်းဆောင် သခင်မ ဖြစ်ပြီး နောက်တစ်ဦးမှာ သူ့ဘေးတွင် ရပ်နေသော အမျိုးသမီး ဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင်ကို ကြောက်ရွံ့ရိုသေရသည်ဆိုလျှင် သူ့ညီမလေးကိုတော့ အမှန်တကယ် လေးစားမိခြင်း ဖြစ်သည်။ အရည်အချင်းကော၊ ပါရမီပိုင်းတွင် သူ့ညီမလေးသည် သူ့ထက် အများကြီး သာပေသည်။

သူ့ညီမလေးသည် ဘဟဲအပြင် လနီမျိုးနွယ်စု၏ အတောက်ပဆုံး ပါရမီရှင်တစ်ယောက် ဖြစ်လာပြီး အနာဂတ်တွင် တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်လိမ့်မည်ဟု မွေးစားအမေက သူ့အား ပြောခဲ့ဖူးသည်။

“မလိုပါဘူး” အလှလေးက ယုရှုန်း၏ ကမ်းလှမ်းချက်ကို ငြင်းဆိုလိုက်၏။

“နင်သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်ဖို့လား။ အဲ့ဒါ သက်ညှာလွန်းရာ မကျဘူးလား။ သူ့လုပ်ရပ်အတွက်တော့ ကျိန်းသေ ပြန်ပေးဆပ်ခိုင်းရမယ်လေ” ယုရှုန်းက အနည်းငယ် မကျေမနပ် ဖြစ်နေဟန်ဖြင့် ခေါင်းခါလိုက်သည်။

အမျိုးသမီးသည် ပြုံးသာပြုံးလိုက်သည်။ ထို့နောက် ထိုင်ခုံမှထ၍ ရှေ့သို့လမ်းလျှောက်သွားရင်း ရယ်ရယ်မောမောနှင့် ပြောလိုက်၏ “သူ့ကို လွှတ်ပေးရမှာလား။ ဘာလို့ လွှတ်ပေးရမှာလဲ။ ဒီလို နေရတကာ စုံသွားပြီး အိုင်တွေ့တိုင်း ခြေဆေးနေတဲ့ ကောင်မျိုးကို လွှတ်ပေးလိုက်လို့ ဘယ်လိုမှမဖြစ်ဘူး။ သူ့ကို ကျွန်မကိုယ်တိုင် အပြစ်ပေးရမယ်”

“အန်… ကောင်းပြီလေ” ယုရှုန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရန်ကိုင်အား လှောင်ပြုံးပြုံးကြည့်ရင်း “ကောင်လေး၊ မင်းတော့ သေပြီသာမှတ်။ ဒီအဖေသာ လှုပ်ရှားရင် မင်းမြန်မြန် သေရဦးမှာ။ အခု ငါ့ညီမလေးကိုယ်တောင် လှုပ်ရှားတာဆိုတော့ ဟဲဟဲဟဲ”

သူတို့၏ သခင်မလေးကိုယ်တိုင် ထိုလူသားကောင်လေးအား ကိုင်တွယ်တော့မည့်အကြောင်း ကြားလိုက်သော် ခန်းမ၏ တစ်ဖက် တစ်ချပ်စီတွင် ရပ်နေသော မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များ တပြုံးပြုံး ဖြစ်ကုန်ကြလေသည်။

ခဏအကြာတွင် ထိုစုန်းမလေး ရန်ကိုင်ရှေ့သို့ ရောက်လာပြီး ရန်ကိုင်၏ မျက်နှာကို မေးလေးမော့လျက သေချာ မော့ကြည့်လိုက်၏။ ရန်ကိုင်ကလည်း အကြောက်အလန့်မရှိ ပြုံး၍ ပြန်စိုက်ကြည့်လိုက်သည်။

ထိုအမျိုးသမီးသည် အံကြိတ်၍ သူမလက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ရင်း ရန်ကိုင်၏ ရင်ဘတ်ကို လက်ညိုးနှင့် ထိုးလိုက်၏။

ယုရှုန်းသည် လှောင်ပြုံးပြုံးလျက် ထိုလူသာကောင်လေးအား သူ့ညီမလေးမှ မည်ကဲ့သို့ နှိပ်စက်မည်လဲ ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။

အခြား မွန်းစတားမျိုးနွယ်စုဝင်များသည်လည်း လည်တိုင်ကို ရှည်နိုင်သမျှရှည်အောင် ဆန့်လျက် မျှော်လင့်တကြီး စောင့်ကြည့်နေကြ၏။

ရန်ကိုင်၏ ရင်ဘတ်ကို လက်ညိုးဖြင့်ထိုးထားလျက် အမျိုးသမီးက ပြောလိုက်လေသည် “နင်ဆုံးဖြတ်၊ နင့်နှလုံးကို ဖောက်ထုတ်ရမလား၊ အသည်းကို ဖောက်ထုတ်ရမလား… ဒါမှမဟုတ် နင့်ရင်ဘတ်ကိုခွဲပြီး နင့်ကိုယ်တွင်းအင်္ဂါတွေ ဖြူလား၊ မည်းလား ကြည့်ရမလား၊ ဘယ်လိုလုပ်ရမလဲ”

“ငါ့ကို အဲ့လောက်တောင် မုန်းတာလား” ရန်ကိုင်က သူ့နှာခေါင်းကို ပွတ်၍ မေးလိုက်သည်။

“ဟုတ်တယ်” အမျိုးသမီးက မေးလေးမော့လျက် “ငါနင့်ကို အရိုးထဲကကို မုန်းတာ… နင့်အလောင်းကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် လုပ်ပြီး နင့်တစ်ကိုယ်လုံးကို ပြာချပစ်ချင်လောက်အောင် မုန်းတာ…”

“ဟားဟား…” ရန်ကိုင် ခြောက်ကပ်ကပ် ရယ်လိုက်လေသည်။

စကားပြောနေစဉ်အတွင်း အမျိုးသမီးသည် ရန်ကိုင်အား အမှန်တကယ် မုန်းတီးနေသည့်နှယ် အံကို တင်းတင်းကြိတ်၍ သူမ၏ လက်ချောင်းသွယ်သွယ်လေးကို ရန်ကိုင်ရင်ဘတ် တစ်လျှောက် လျှောက်ဆွဲနေခဲ့သည်။

ထိုအခြင်းအရာကို ကြည့်ရင်း ယုရှုန်းမျက်နှာ စိတ်လှုပ်ရှားမှုကြောင့် ရဲတက်လာခဲ့သည်။

သူ့ညီမလေးသည် ဤကဲ့သို့ ထူးထူးခြားခြား ရက်စက်သည့် နည်းလမ်းမျိုးကို တစ်ခါမှ အသုံးမပြုဖူးချေ။ သို့သော်လည်း သူမ စွမ်းရည်ဖြင့် ထိုလူသားကောင်လေးကို ခံစားသွားအောင် လုပ်ရန်မှာ အလွန်ကိုမှ လွယ်ကူသော ကိစ္စတစ်ရပ် ဖြစ်သည်။

ထိုလူသားကောင်လေး၏ ကိုယ်တွင်းအင်္ဂါများကို သူ့ညီမလေးမှ ဆွဲထုတ်မည့်မြင်ကွင်းကို ယုရှုန်း မြင်ယောင်ကြည့်နေမိသည်။

သို့သော်လည်း… သူ့ညီမလေးကို ကြည့်ရင်သည်မှာ ဝမ်းနည်းနေသည့်ပုံစံ ဘာကြောင့် ပေါက်နေရနသည်း။ ယုရှုန်း နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်မိလိုက်သသည်။

“ပြဿနာ မရှာနဲ့” ရန်ကိုင်သည် စုန်းမလေး၏လက်ကို သူ့လက်ဖြင့် ဖမ်းချုပ်ကိုင်လိုက်သည်။ စုန်းမလေးမှာ ရုန်းရန် ကြိုးစားသော်လည်း ရန်ကိုင်၏ ချုပ်ကွင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။

တန်းစီရပ်စောင့်နေကြေသော မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများ မျက်လုံးများသည် ထိုမြင်ကွင်းကိုကြည့်ရင်း မီးထွက်လုမတတ် ဖြစ်လာခဲ့လေသည်။

ရိုင်းစိုင်းလိုက်လေခြင်း… ထိုလူသားကောင်လေးသည် သူတို့၏ သခင်မလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ရုံမက သခင်မလေး၏ လက်ကိုပင် အတင့်ရဲပြီး ကိုင်ရဲသည်။ ထိုလုပ်ရပ်သည် လုံးဝ သည်းခံ၍ရသည့် လုပ်ရပ်တစ်ခု မဟုတ်ချေ။

အကုန်လုံးသည် ရန်ကိုင်ဆီသို့ ပြေးဝင်ပြီး သင်ခန်းစာ ပေးတော့မည်အပြု သူတို့ သခင်မလေး၏ ထူးထူးဆန်းဆန်း အမူအရာကို မြင်ပြီး ပြေးထွက်ရန် ကြံနေသည့် ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သခင်မလေး၏ မျက်နှာသည် ရှက်သွေးဖြာနေသည့်နှယ် အနည်းငယ် နီမြန်းနေပြီး ခေါင်လေးကိုလည်း အနည်းငယ် ငုံ့ထားခဲ့သည်။

ဘာတွေများ ဖြစ်ပျက်သွားလေသနည်း။ သူတို့ သခင်မလေး ဘာကြောင့် ထိုကဲ့သို့ ပြုမူနေရသနည်း။

ခန်းမထဲတွင် ရှိနေကြသော မွန်းစတားမျိုးနွယ်စုဝင်အားလုံး မှင်သက်သွားခဲ့ကြလေသည်။

“အစုတ်ပလုတ်ကောင်” စုန်မလေးသည် မကျေမနပ်အမူအရာဖြင့် ကျိန်ဆဲလေတော့သည် “ငါမွန်းစတားဧကရာဇ်ကြယ်မှာ ရှိနေတယ်လို့ နင့်ကို ငါမပြောခဲ့ဘူးလား။ ဘာလို့ အခုမှ ရောက်လာတာလဲ”

“မတတ်နိုင်ဘူးလေ။ ကြယ်စီရင်စုကြီးတစ်ခုလုံးကို ဖြတ်ပြီး ဒီကို လာဖို့က ဖြစ်မှမဖြစ်နိုင်တာ” ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလိုက်လေသည် “ဒီတစ်ကြိမ် ရောက်လာတာတောင် ကံကောင်းသွားတာကြောင့်လို့ ပြောလို့ရတယ်။ ဘာပဲဖြစ်ဖြစ်၊ နောက်ဆုံး ငါရောက်လာခဲ့ပြီလေ။ ဒါကြောင့် ဒေါသ မထွက်တော့နဲ့နော် ချင်းလော့၊ အခြားလူတွေကြည့်နေတယ်။ ရှက်စရာတွေ ဖြစ်ကုန်မယ်”

“သူတို့ကြည့်နေတာ ဟိုးအစောကြီးကတည်းက” ရှန်ချင်းလော့က ရန်ကိုင်ဘက်သို့လှည့်၍ “နင်ပဲ အခုလို ဖြစ်စေချင်ခဲ့တာ မဟုတ်ဘူးလား။ နင်အခု ကျေနပ်ပြီလား”

“ဟားဟား” ရန်ကိုင်က ပြုံးလျက် “တကယ်တော့ ငါနဲ့ စီနီယာ မမလေးကို လာတွေ့မယ်လူက နင်ဖြစ်နေလိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး။ တကယ်ကြောင်သွားတဲ့လူကို ပြောခိုင်းရင် ငါ့ကိုယ်ငါပဲ ပြောရမှာ”

“အဲ့လိုဆိုမှတော့ ဒီတစ်ကြိမ် ငါနင့်ကို လွှတ်ပေးလိုက်မယ်” ရှန်ချင်းလော့က နှာခေါင်းရှုံ့လိုက်လေသည်။

ထိုနှစ်ယောက် သမီးရည်းစားသဖွယ် တရင်းတနှီး ပြုမူနေသည်ကို ကြည့်ရင်း ခန်းမထဲတွင် ရှိနေသော မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူအားလုံး မှင်သက်နေခဲ့ကြလေသည်။

သူတို့ ပြောဆိုဆက်ဆံနေပုံကို ကြာပြီး၊ မြင်ပြီးနောက်တွင် ထိုလူသားကောင်လေးနှင့် သူမတို့၏ သခင်မလေးမှာ အသိအကျွမ်းများ ဖြစ်နေကြောင်းကို သူတို့ သိလိုက်ကြလေပြီ။ ထို့အပြင် သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးသည် ရိုးရိုး ဆက်ဆံရေးပင် မဟုတ်။ မဟုတ်လျှင် ယခုကဲ့သို့ လူမြင်ကွင်း၌ ရင်းရင်းနှီးနှီး ပြုမူနေကြလိမ့်မည် မဟုတ်ပေ။

သို့သော် ထိုအချက်သည် အကုန်လုံးကို ပို၍ လက်ခံရ ခက်သွားစေ၏။

ယုရှုန်းသည်လည်း ထိုမြင်ကွင်းကို မျက်လုံး အပြူးသားဖြင့် ရပ်ကြည့်နေလေသည်။

သူ့ညီမလေး ဤကဲ့သို့ သိမ်သိမ်မွေ့မွေ့နှင့် ပြည့်နေသည်ကို သူတစ်ခါမ မမြင်ဖူးချေ။ ထိုအပြင် လက်ရှိ သူ့ညီမလေးသည် အတော်လေးကို ကျေနပ်ပြုံးပျော်ရွှင်နေခဲ့သည်။

ယခင်ကဆိုလျှင် သူ့ညီမလေးသည် အမြဲတမ်း တွေတွေငိုင်ိုင်နဲ့ ရှိနေတတ်လေ့ရှိသူ တစ်ဦးဖြစ်သည်။

“နင့်အဆင့်အတန်းက အရမ်းမြင့်တဲ့ပုံပဲ” ရန်ကိုင်က မှတ်ချက်ပေးလိုက်သည်။

ရှင်းရှင်းပြောရလျှင် ရှန်ချင်းလော့ကို ခန်းမထိပ်ပိုင်းတွင် မြင်လိုက်စဉ်က သူတကယ်ကို အံ့အားသင့်သွားခဲ့သည်။ ရှန်ချင်းလော့ကို လနီမျိုးနွယ်စုခေါင်းဆောင်မှ မွေးစားသမီးအဖြစ် ခေါ်ယူမွေးစားခဲ့သော်လည်း သူမသည် လူသားတစ်ယောက် ဖြစ်နေဆဲ။ ထို့ကြောင့် ရှန်ချင်းလော့ အနေဖြင့် ဤနေရာ၌ အခြေကျရန် ခက်ခဲလိမ့်မည်ဟု ရန်ကိုင် တွေးထင်မိခဲ့ဖူးသည်။ ယနေ့ လက်ရှိ လူတွေ့မြင်လိုက်ရမှပဲ သူထင်ထားသလို မဟုတ်မှန်း သိလိုက်ရတော့သည်။

“အင်း၊ မွေးစားအမေက ငါ့ကို အရမ်းတန်ဖိုးထားတာလေ။ ဒါကြောင့် မွန်းစတားမျိုးနွယ်စုက ဘယ်သူမှ ငါ့ကို မလေးမစား မလုပ်ရဲဘူး” ရှန်ချင်းလော့က ပြန်ပြောလိုက်သည်။

“ဒါနဲ့ သူကဘယ်သူလဲ” ရန်ကိုင်က ယုရှုန်းအားကြည့်၍ မေးလိုက်၏။

“သူက ငါ့လိုပဲ။ မွေးစားအမွေက ခေါ်မွေးစားထားတဲ့ မွေးစားသား တစ်ယောက်။ နာမည်အရတော့ ငါ့အစ်ကိုပေါ့။ ဒါပေမယ့် သူက တကယ့် မွန်းစတားမျိုးနွယ်စုဝင်တစ်ဦးပဲ” ရှနင်းချန်က ရှင်းပြလိုက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ် ယောက်ဖ” ရန်ကိုင်က ရုတ်တရက် ခေါင်းမော့၍ ယုရှုန်းအား လှမ်းအော်ခေါ်လိုက်သည်။

ရန်ကိုင်စကားကြောင့် ယုရှုန်း ဖင်ထိုင်လျက် လဲကျလုမတတ် ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်နှင့် သူ့ညီမလေး တရင်းတနှီးဆက်ဆံနေပုံကိုကြည့်ပြီး သူတို့ကြားရှိ ဆက်ဆံရေးကို အနည်းငယ် မယုံသင်္ကာ ဖြစ်နေသေးလျှင်ပင် ယခု ရန်ကိုင်သူ့အား ခေါ်လိုက်ပုံကို ကြားပြီးနောက် သူ့စိတ်ထဲရှိ သံသယအားလုံး ပျောက်ကွယ်သွားရတော့သည်။

သူ့ညီမလေးနှင့် ထိုမိန်းမအားကိုး ကောင်လေးသည်… သမီးရည်းစားများ ဖြစ်နေကြသည်။

မည်သို့ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ယုရှုန်းသည် ရှန်ချင်းလော့အား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်သည်။ သို့သော်လည်း ရှန်ချင်းလော့၏ ငြင်းပယ်မည့်ပုံမပြပဲ ရှက်ပြုံးပြုံး၍သာ သူ့အား ပြန်ကြည့်နေခဲ့သည်။

တကျိကျိ မြည်သံများကြားသဖြင့် လှည့်ကြည့်လိုက်ရာ မခံမရပ်နိုင်သာ ဖြစ်နေကြသော မွန်းစတားမျိုးနွယ်စုဝင်များကို တွေ့လိုက်ရသည်။ မွန်းစတားမျိုးနွယ်စုဝင်များသည် ရန်ကိုင်အား အစိမ်းလိုက် ဝါးစားပစ်ချင်နေသည့်နှယ် မုန်းတီးစွာ စိုက်ကြည့်နေကြ၏။

“အန်…” လက်ရှိ အဖြစ်အပျက်ကို ကြည့်ရင်း ယုရှုန်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတော့သည်။ သို့သော်လည်း ရုတ်တရက် သူ့အကြည့်သည် ရန်ကိုင်ဘေးနားတွင် တစ်ချိန်လုံး ငြိမ်သက်စွာ ရပ်နေသော ရှနင်းချန်ဆီသို့ ရောက်သွားခဲ့ပြီး မနေနိုင်ဘဲ မေးကြည့်လိုက်သည် “အဲ့ဒါဆို ဒီက မိန်းကလေးကော ဘယ်လိုပက်သက်လဲ”

“စီနီယာမမလေးကလည်း ကျုပ်အမျိုးသမီးပဲ” ရန်ကိုင်က ပြုံး၍ လက်တစ်ဖက်ဖြင့် ရှနင်းချန်၏ ခါးကို ဖက်လိုက်ပြီး ကျန်တစ်ဖက်ဖြင့် ရှန်ချင်းလော့၏ခါးကို ဖက်လိုက်လေသည်။

ရှန်ချင်းလော့သည် အနည်းငယ် ရုန်းကန်ဟန် လုပ်လိုက်သော်ငြား နောက်ပိုင်းတွင် ဆက်၍ ရုန်းကန်မနေတော့ချေ။

ယုံကြည်ချက်အပြည့်ဖြင့် ပြုံးကာ သူ့ရှေ့တွင် ရပ်နေသော လူငယ်လေးကို ကြည့်ရင်း ယုရှုန်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့၏။ တစ်ချိန်တည်းတွင် ထိုလူငယ်လေးအပေါ် လေးစားစိတ်တို့ သူ့စိတ်ထဲ တဖွားဖွား ထွက်ပေါ်လာခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၇၇)

ရန်ကိုင်နှင့် ရှနင်းချန်တို့ နှစ်ဦးစလုံး နန်းတော်ထဲသို့ ချောချောမွေ့မွေ့နှင့် ဝင်ရောက်လာနိုင်ခဲ့သည်။

ခန်းမထဲရှိ အဖြစ်အပျက်ကို မြင်တွေ့ပြီးနောက် ရန်ကိုင်နှင့် ရှန်ချင်းလော့တို့ နှစ်ဦးသားကြားရှိ ဆက်ဆံရေးကို အကုန်လုံး သတိပြုမိသွားခဲ့ကြပြီး မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များစွာ၏ ရင်ထဲကြိတ်ပြီး မနာလို ဖြစ်သွားခဲ့ကြရလေသည်။

ရှန်ချင်းလော့သည် ရန်ကိုင်နှင့် ရှန်ချင်းလော့တို့ နားနေသည့် အခန်းထဲသို့ ပီလော့အား ခေါ်ကာ ရောက်လာခဲ့သည်။

အစောပိုင်းတွင် လူအများကြီး ရှိနေသဖြင့် ရန်ကိုင်နှင့် စကား အများကြီး မပြောလိုက်ခဲ့ရချေ။ သို့သော် ယခုမူ သူမတွင် အခွင့်အရေး ရှိနေပြီဖြစ်သဖြင့် ရန်ကိုင်နှင့် သူမစိတ်ကြိုက် စကားပြော၍ ရပေပြီ။

ရန်ကိုင်သည် ပီလော့ဆီမှ အကြောင်းအရာများစွာကို သိခဲ့ရသော်ငြား သူမသိသေးသည့် အကြောင်းအရာများစွာ ရှိနေပေသေးသည်။ ရှန်ချင်းလော့နှင့် စကားပြောပြီးနောက်တွင် သူမတို့ မွန်းစတားဧကရာဇ်ကြယ်သို့ ရောက်လာပြီးနောက် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ကြောင်း သိလိုက်ရသည်။

ရှန်ချင်းလော့သည် အလွန်အမင်းကိုမှ လှပလှပြီး ညို့ဓါတ်လည်း ပြင်းလှသလို သူမ၏ ခွန်အားမှာလည်း သိပ်ပြီး မြင့်မားခြင်း မရှိသည့်အတွက် မွန်းစတားဧကရာဇ်ကြယ်သို့ ရောက်စဉ်က တဏှာကြီးသည့် လူများ၏ ပစ်မှတ် ပစ်ခဲ့ရသည်။

လနီမျိုးနွယ်စုခေါင်းဆောင်နှင့် မတော်တဆ တွေ့ဆုံပြီး မွေးစားသမီးအဖြစ် မွေးစားခြင်း ခံလိုက်ရသည့် အတွက်သာ မဟုတ်လျှင် သူမဘဝ မည်ကဲ့သို့ ရှိနေမည်လဲ ဆိုသည်ကို ရှန်ချင်းလော့ တွေးပင်မတွေးရဲခဲ့ပေ။

ထို့ကြောင့် လနီမျိုးနွယ်စုခေါင်းဆောင်ကို သူမ အလွန် ကျေးဇူးတင်မိသည်။ ထို့အပြင် သူမအား မွေးစားသမီးအဖြစ် ခေါ်ယူမွေးစားပြီးနောက်တွင် ချီယွဲ့သည့် သူ့အား ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ ထိုအချက်ကို လက်ရှိ လနီမျိုးနွယ်စုထဲရှိ ရှန်ချင်းလော့၏ အဆင့်အတန်းကို ကြည့်ရုံဖြင့် သိနိုင်၏။ အမှန်တရားကို မသိသောသူများမှာမူ သူမအား သွေးသန့် မွန်းစတားသားရဲ တစ်ကောင်ဟုပင် ထင်သွားနိုင်ပေသည်။

လနီမျိုးနွယ်စုထဲ ထိုမျှ ရာထူးအဆင့်အတန်း မြင့်မားသည့် လူသားတစ်ယောက် ရှိနေသည်ကို ကြည့်လျှင် လနီမျိုးနွယ်စု ခေါင်းဆောင်၏ လူသားများပေါ် အထင်အမြင်ကို ကြည့်နိုင်ပေသည်။

ရှန်ချင်းလော့ ပြောသည်ကို ကြားပြီးနောက် ရန်ကိုင်လည်း လနီမျိုးနွယ်စုခေါင်းဆောင်ကို ကျေးဇူးတင်မိသွားသည်။

“တိုတိုပြောရရင်တော့ မွေးစားအမေက ငါ့အပေါ် အရမ်း ကောင်းတယ်။ ပြီးတော့ ငါက ကောင်းကင်လနတ်ဆိုးပင့်ကူရဲ့ အရင်းအမြစ်ကို သန့်စင်လိုက်တာဆိုတော့ ငါ့ကိုယ့်ငါ လူသား စစ်လို့ ပြောလို့မရတော့ဘူး။ ဒါပေမယ့် ငါက မွန်းစတား မျိုးနွယ်စုရဲ့ မျိုးနွယ်စုဝင်လည်း မဟုတ်ပြန်ဘူး” ရှန်ချင်းလော့က ယဲ့ယဲ့လေးပြုံးလျက် မေးလိုက်သည်။

“အဲ့ဒါဆို နင်က ဘာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

“လူသားတစ်ဝက်၊ မွန်းစတားတစ်ဝက်ပဲ။ မွန်းစတားဧကရာဇ် ကြယ်မှာ လူသားတစ်ဝက်၊ မွန်းစတားတစ်ဝက်လို့ ပြောတဲ့ အဖွဲ့တွေရှိတယ်။ သူတို့ရဲ့ အဆင့်အတန်းတွေက လူသားတွေထက် နည်းနည်း ပိုမြင့်တယ်”

“လူသားတစ်ဝက်၊ မွန်းစတားတစ်ဝက်…” ရန်ကိုင် ကြောင်သွား၏။

“ဟုတ်တယ်။ လူသားတစ်ဝက်၊ မွန်းစတားတစ်ဝက် မျိုးနွယ်စုတွေက မွန်းစတားမျိုးနွယ်စုနဲ့ လူသားမျိုးနွယ်စုတွေ ပေါင်းဖက်ပြီး မွေးလာကြတဲ့လူတွေ၊ သူတို့ကို လူသားမျိုးနွယ်ကလည်း လက်မခံဘူး။ မွန်းစတား မျိုးနွယ်စုဝင်တွေကလည်း အသိမပြတ်ဘူး။ ဒါကြောင့် သူတို့ရဲ့ အဆင့်အတန်းက အနည်းငယ် ကိုးယိုးကားယား ဖြစ်နေတာ” ရှန်ချင်းလော့က ရှင်းပြလိုက်သည်။

“လူသားနဲ့ မွန်းစတားမျိုးနွယ်စုဝင် ပေါင်းဖက်တာ။ မွန်းစတား ဧကရာဇ်ကြယ်မှာ အဲ့လိုမျိုးကို ခွင့်ပြုလို့လား”

“ဘယ်ခွင့်ပြုပါ့မလဲ။ မွန်းစတားဧကရာဇ်ကြယ်လို မွန်းစတား မျိုးနွယ်စုတွေ ကြီးစိုးတဲ့ နေရာမှာ သူတို့သွေးကို လူသားသွေးတွေ စွန်းထင်းသွားမှာ ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ လူနှစ်ယောက်ကြားက အချစ်ဆိုတာ ဘယ်လိုမှထိန်းချုပ်လို့ မရတဲ့ အရာမျိုးလေ။ ဒါကြောင့် လူသားတစ်ဝက်၊ မွန်းစတားတစ်ဝက် မျိုးနွယ်စုဆိုတာ ဖြစ်လာတာ”

ချင်းလော့က အသာအယာပြုံးလျက် ပြန်ပြောလိုက်သည် “ရိုးရိုးသားသားပြောရရင် အဲ့လူတွေကို ငါတော်တော်လေး လေးစားတယ်။ ဥပမာပြောရရင် နင်နဲ့လာခဲ့တဲ့ စီနီယာဘဟဲပေါ့… သူလည်း အဲ့လိုကိစ္စ ကြုံခဲ့တာလေ”

“ဘဟဲကို နင်သိတာလား” ရန်ကိုင်၏ မျက်ဝဣ်းအစုံ တောက်ပသွား၏။

“အင်း။ အစကတော့ မသိဘူး။ ဟိုတစ်ခါ ယုရှုန်းပြောတာကို ကြားလိုက်မှပဲ သိရတာ”

“ငါကိုပြောပြပါလား။ အဲ့လူအိုကြီးအကြောင်း ငါတော်တော်လေး သိချင်လို့” ရန်ကိုင်က အလျင်အမြန် ပေးလိုက်သည်။

ရှန်ချင်းလော့လည်း အများကြီး မသိချေ။ သို့သော်လည်း ဘဟဲ လစန္ဒမြို့တွင် ပုန်းကွယ်နေနေရခြင်းမှာ လူသားအမျိုးသမီး တစ်ဦးကြောင့် ဖြစ်နေခဲ့သည်။

ဘဟဲသည် လနီမျိုးနွယ်စုခေါင်းဆောင်အောက်တွင် အားအကောင်းဆုံး ပညာရှင်တစ်ဦး ဖြစ်သလို ပါရမီမှာလည်း အလွန် မြင့်မားသည်။ တန်ခိုးရှင်တတိယအဆင့်သို့ သူရောက်ထားသည်မှာ ကြာနေခဲ့လေပြီ။ သူ့ရှီအပေါ် နားလည်နိုင်စွမ်းအရ မည်သည့် တန်ခိုးရှင်အဆင့် ပညာရှင်မှ သူ့ပြိုင်ဘက် မဟုတ်တော့ချေ။

ထိုစဉ်က သူသည် မွန်းစတားဧကရာဇ်ကြယ်၌ တန်ခိုးရှင်ဘုရင် အဆင့်အောက် ပြိုင်ဘက်ကင်းဟု ကျော်ကြားခဲ့ဖူးသည်။

တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်သည့် မွန်းစတားဧကရာဇ် ကြယ်၏ ကြယ်ပွင့်များထဲမှလည်း တစ်ဦးဖြစ်သည်။ သူသာ ထိုအဆင့်သို့ ရောက်သည်နှင့် ချီယွဲ့နှင့် တန်းယှဉ်ကာ ရပ်တည်နိုင်ပြီး မျိုးနွယ်စုခေါင်းဆောင်အဆင့်ရှိ တည်ရှိမှုမျိုး ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ဘဟဲသည် လူသားတစ်ဦးနှင့် သွားချစ်ကျွမ်းဝင်မိခဲ့သည်…

မွန်းစတားမျိုးနွယ်စုဝင်များသည် လူသားများနှင့် မွန်းစတားများ ပေါင်းဖက်ခြင်းကို ငြင်းဆိုကြသည်။ ထိုသို့ဖြစ်လေရာ အနာဂတ် ကြယ်ပွင့်တစ်ဦးဖြစ်သည့် ဘဟဲကဲ့သို့သော လူမျိုးကို မည်ကဲ့သို့ လူသားတစ်ဦးနှင့် ပေါင်းဖက်ခွင့်ပြုမည်နည်း။ သူကြုံတွေ့ရသည့် အခက်အခဲသည် သာမန်ထက် အများကြီး ပိုကြီးမားပေသည်။ အထူးသဖြင့် လနီမျိုးနွယ်စုခေါင်းဆောင် ကိုယ်တိုင်ပါက တားဆီးလာသည့်အခါ ဘဟဲဘဝ ပို၍ ဒုက္ခရောက်ရတော့၏။

အခြေအနေသာ ဤအတိုင်း ဆက်သွားနေခဲ့လျှင် ဘဟဲ၏ မောက်မာသော စိတ်နေစိတ်ထားအရ မွန်းစတားမျိုးနွယ်စု တစ်ခုလုံးကို ကျောခိုင်းသွားမည်မှာ သေချာသလောက်ရှိ၏။ ထိုအခါ သူသည် မွန်းစတားမျိုးနွယ်စုဝင် တစ်ခုလုံး၏ ပစ်မှတ် ဖြစ်လာရပေလိမ့်မည်။

လနီမျိုးနွယ်စုခေါင်းဆောင်သည်လည်း ထိုကိစ္စနှင့် ပက်သက်၍ အကြီးအကျယ် ခေါင်းစားခဲ့ရသည်။ သူမ၏ နံပါတ်တစ်ဗိုလ်ချုပ် ထိုကဲ့သို့ ကူကယ်ရာမဲ့ အခြေအနေထဲ ရောက်သွားမည်ကို ချီယွဲ့လည်း မမြင်ချင်ချေ။

ဘဟဲ၏ ပါရမီကို လေးစားသောအားဖြင့် သူနှင့် ထိုအမျိုးသမီးကို ပေါင်းဖက်ခွင့်ပြုရန်ပင် စဉ်းစားတွေးတောခဲ့ဖူးသည်။

မျိုးနွယ်စုဝင်နှစ်ဦးသည် အတူတကွ မတည်ရှိနိုင်သော်လည်း မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်အချို့သည် အလှလေးအချို့ကို သူတို့နှင့်အတူ ထားရှိသည်မှာ သဘာဝသာ ဖြစ်သည်။ မည်သည့် မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များအိမ်တွင် လူသား မိန်းမလှလေးများ မရှိလို့နည်း။ အကုန်လုံးသည် ထိုအချက်ကို သတိပြုမိကြသော်လည်း မည်သူမှ လူသိရှင်ကြား ထုတ်မပြောကြပေ။

ဘဟဲသာ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်သရွေ့ သူနှင့် ထိုအမျိုးသမီး ပေါင်းဖက်လိုက်လျှင်ပင် မည်သည့် အကျိုးဆက်မှ ရင်ဆိုင်ရတော့မည် မဟုတ်ချေ။

သို့သော်လည်း ချီယွဲ့မှ အကြောင်းစုံကို သေချာ မရှင်းပြရသေးခင် ဆိုးရွားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားခဲ့သည်။

ဘဟဲ ချစ်ကြိုက်နေသည့် လူသားအမျိုးသမီးသည် အဆင့်သေး တစ်ဆင့် ချိုးဖျက်ရန် ကြိုးစားနေစဉ်အတောအတွင်း ကျင့်ကြံခြင်း လမ်းကြောင်း သေဖယ်သွားခဲ့ပြီး သေဆုံးသွားခဲ့သည်။

ထိုအကြောင်းကို သိလိုက်ရချိန် ဘဟဲ အလွန်ကိုမှ ဝမ်းနည်းသွားပြီး ယူကြုံးမရ ဖြစ်သွားခဲ့သည်။

သူ့အမျိုးသမီး ကျင့်ကြံခြင်းလမ်းကြောင်း သွေဖယ်သွားပြီး သေသွားရခြင်းမှာ လနီမျိုးနွယ်စုခေါင်းဆောင်မှ ဝင်ရှုပ်သည့် အတွက်ကြောင့် ဖြစ်သည်ဟု အထင်ရောက်သွားခဲ့၏။

ဒေါသထွက်ထွက်နှင့် ဘဟဲသည် လခြမ်းတောင်ပေါ်သို့ တက်ပြီး ချီယွဲ့နေထိုင်သည့် အခန်းဆီသို့သွားကာ မေးခွန်းထုတ် သောင်းကျန်းတော့၏။

ထိုနေ့မှစ၍ ဘာတွေဖြစ်ပျက်ခဲ့မှန်း မည်သူမှမသိကြ။ နောက်တစ်နေ့တွင် သခင်မချီယွဲ့မှ ဘဟဲ၏ ခေါင်းဆောင်အပေါ် မလေးစားမှု၊ မနာခံမှုတို့ကြောင့် သူမကိုယ်တိုင် ကွပ်မျက်ပစ်လိုက်သည်နှင့် ကြေညာခဲ့သည်။

ထိုအချိန်မှစ၍ နောက်နှစ်ပေါင်း နှစ်ရာတိတိ ဘဟဲနှင့် ပက်သက်သည့် မည်သည့် သတင်းမှ မထွဥ◌်ပေါ်လာခဲ့။

“ဒီတော့… လနီမျိုးနွယ်စုခေါင်းဆောင်က ဘဟဲကို မသတ်ဘဲ လွှတ်ပေးလိုက်တာပေါ့” ရန်ကိုင်က ပြောလိုက်သည်။

“ဟုတ်လောက်တယ်” ရှန်ချင်းလော့က အသာအယာ ခေါင်းညိတ်၍ “မွေးစားအမေက တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ရောက်နေတဲ့ ပညာရှင်တစ်ယောက်။ သူသာ ဆန္ဒရှိရင် ဘဟဲကို အသာလေး သတ်ပစ်လိုက်လို့ရတယ်။ သူလုံးဝ အသက်ရှင်စရာအကြောင်း မရှိဘူး”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“ရန်ကိုင်…” ရှန်ချင်းလော့က ရုတ်တရက် မေးလိုက်သည်။

“အန်”

“အဲ့လူသားမိန်းကလေး… ကျင့်ကြံခြင်းလမ်းကြောင်း သွေဖယ်သွားတာ မွေးစားအမေနဲ့ ဆက်စပ်နေလိမ့်မယ်လို့ နင်ထင်လား”

“ငါဘယ်လိုလုပ်ပြီး သိမှာလဲ။ ကာယကံရှင် ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ သိမှာမဟုတ်ဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်သည်။ ရှန်ချင်းလော့ မျက်နှာထက်ရှိ စိုးရိမ်နေသည့် အမူအရာကို မြင်သော် ရန်ကိုင် မျက်မျောင်ကြုတ်သွားခဲ့ပြီး ပြန်မေးလိုက်လေသည် “နင်ဘာတွေ စိုးရိမ်နေတာလဲ”

ရှန်ချင်းလော့က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး အားတင်းပြုံးလျက် “ဘာမှမဟုတ်ဘူး။ မီထျန်းဆိုတဲ့ကောင်ကို နင်သတိထားနော်။ နင်သူနဲ့ အချင်းများခဲ့တယ်လို့ ငါငသတင်းကြားတယ်။ မီထျန်းက အရမ်း မာနာကြီးတာ၊ နင်သူ့ကို ရန်သွားစလိုက်ပြီဆိုတော့ သူနင့်ကို လုံးဝ အလွတ်ပေးတော့မှာ မဟုတ်ဘူး”

“စိတ်မပူနဲ့။ သူငါ့ကို ဘာမှမလုပ်နိုင်ဘူး” ရန်ကိုင်က ယုံကြည်ချက် အပြည့်ဖြင့် ပြုံးကာ ပြန်ပြောလိုက်သည်။

နှစ်ယောက်သား ခဏမျှ ဆက်စကားပြောနေပြီးနောက်တွင် ရှန်ချင်းလော့နှင့် ပီလော့ ပြန်ထွက်သွားလေသည်။

“ဂျူနီယာမောင်လေး၊ ငါတို့ နောက်ဘာဆက်လုပ်ကြမလဲ” ရှန်ချင်းလော့ ထွက်သွားပြီးနောက်တွင် ရှနင်းချန်က မေးလိုက်၏။

“မစဉ်းစားရသေးဘူး” ရန်ကိုင် ကိုးယိုးကားယား အမူအရာဖြင့် ပြုံးလိုက်သည်။ ရှန်ချင်းလော့၏ အခြေအနေကို သိရအောင် နန်းတော်ထဲဝင်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ယခုသူမ အဆင်ပြေပြေနှင့် ရှိနေကြောင်း သိလိုက်ရသည့်နောက်တွင် သူစိတ်အေးသွားခဲ့ရလေပြီ။

“အဲ့ဒါဆို အစ်မချင်းလော့ကို ခေါ်သွားမှာလား” ရှနင်းချန်က မေးလိုက်သည်။

“မသိဘူး။ သူဘာလုပ်ချင်လဲ အရင်မေးကြည့်ရင် အကောင်းဆုံးပဲ။ သူဒီမှာ ဆက်နေရင် ပိုကောင်းမယ်လို့တော့ ထင်တာပဲ။ မွန်းစတား ဧကရာဇ်ကြယ်ရဲ့ အနေအထားက သူ့ကျင့်ကြံရေးအတွက် အရမ်း အကျိုးရှိတယ်လေ”

“အင်း” ရှနင်းချန် ခေါင်းညိတ်လိုက်သည်။

ဘဟဲ အဖြစ်အပျက်ကို ကြားပြီးနောက်တွင် ရန်ကိုင် အနေဖြင့် ရှန်ချင်းလော့ကို ဤနေရာမှ ခေါ်သွားချင်သည် ဆိုပါက သူ့အတွက် အတော်လေး ခက်ခဲပေလိမ့်မည်။ ဘဟဲနှင့် ချစ်ကြိုက်ခဲ့သည့် အမျိုးသမီး သေသွားရခြင်းမှာ လနီမျိုးနွယ်စုခေါင်းဆောင်နှင့် ပက်သက်နေသလား၊ မပက်သက်ဘူးလား မည်သူမှ မသိကြပေ။ လနွယ်မျိုးနွယ်စုခေါင်းဆောင်၏ စနက်ကြောင့်သာ ဆိုလျှင်တော့…

ရှန်ချင်းလော့ ဘာကြောင့် စိုးရိမ်သွားသလဲဆိုသည်ကို ရှနင်းချန် နားလည်ပေသည်။ သူမသည်လည်း ရန်ကိုင်နှင့် ပက်သက်၍ ထိုကဲ့သို့ တူညီသည့် ဖြစ်ရပ်မျိုး ထပ်ဖြစ်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

မွေးစားသမီး၏ အနာဂတ်အတွက် လူသားတစ်ယောက် သေသွားသည်ကို လနီမျိုးနွယ်စုခေါင်းဆောင် ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။

“ဒါပေမယ့် ဒီရောက်ပြီဆိုတော့ ပစ္စည်းကောင်းကောင်းလေးတွေ တတ်နိုင်သလောက် စုဆောင်းကြတာပေါ့” ရန်ကိုင်က ရှနင်းချန်အား အပြုံးဖြင့်ကြည့်ရင်း “ဒီကိစ္စကိုတော့ စီနီယာ မမလေးအပေါ် အားကိုးမယ်နော်”

…………

ရှန်ချင်းလော့သည် ဧည့်သည်ဆောင်မှ ထွက်လာပြီးနောက် ပီလော့နှင့်အတူ ချီယွဲ့၏ နားနေဆောင်ထဲသို့ ချက်ချင်း တန်းသွားလိုက်သည်။

ရှန်ချင်းလော့ကို ချီယွဲ့မှ အလွန်တန်ဖိုးထားပြီး သူမ၏ အနာဂတ် ဆက်ဆံသူအဖြစ် သတ်မှတ်ထားခဲ့သည်။ ထို့ကြောင့် နန်းတော်ထဲ၌ မည်သူမှ ရှန်ချင်းလော့ကို မတားဆီးရဲကြပေ။ သူမကို မြင်သည့် မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူအားလုံး ဦးညွှတ်အလေးပြုကြရ၏။

ချီယွဲ့၏ နားနေဆောင်အပြင်ဘက်သို့ ရောက်သော် ထိုနေရာတွင် လူထွားကြီးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူသည် တံခါးပေါက်အပြင်ဘက်တွင် ရပ်လျက် တစ်ခုခုကို ချောင်းနားထောင်နေသည့်အလား မျက်မှောင်ကြုတ်လျက် တံခါးပေါက်ဆီ နားနားကပ်ကပ်ထားခဲ့သည်။

“ယုရှုန်း” ရှန်ချင်းလော့ လမ်းလျှောက်လာပြီး အော်မေးလိုက်၏။

ထိုအော်သံကိုကြားသော် ယုရှုန်း အလျင်အမြန် လှည့်လိုက်ပြီး နားကပ်နား လက်ညိုးကပ်ပြကာ တိုးတိုးနေရန် ပြောလိုက်၏။

“မွေးစားအမေ နားနေဆောင်မှာ နင်ဘာတွေ ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ။ မွေးစားအမေ မိသွားရင် အပြစ်ပေးခံရမှာ နင်မကြောက်ဘူးလား” ရှန်ချင်းလော့က မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။

“အထဲမှာ စီနီယာဘဟဲ နှိပ်စက်ခံနေရတဲ့ပုံပဲ။ နားထောင်ကြည့်” ယုရှုန်းသည် အခန်းထဲသို့ လက်ညိုးထိုးပြလိုက်ပြီး စိတ်ဝင်တစား အမူအရာဖြင့် တိုးတိုးလေး ပြောလိုက်သည်။

ရှန်ချင်းလော့ အံ့အားသင့်သွားခဲ့သော်ငြား သေသေချာချာ နားထောင်ကြည့်လိုက်သည့်နောက်တွင် အခန်းထဲမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်နေသည်ကို တွေ့ရှိလိုက်ရသည်။

ထိုအော်သံများကိုကြားသော် ရှန်ချင်းလော့မျက်နှာ အနည်းငယ် ဖြူလျော်သွားခဲ့ပြီး အံ့အားတသင့် လေသံဖြင့် မေးလိုက်လေ၏ “ဒီတော့ မွေးစားအမေက စီနီဘာဘဟဲကို ခွင့်မလွှတ်ဘူးပေါ့”

ဘဟဲကို တစ်ခါမှမတွေ့ဖူးသော်လည်း ဘဟဲနှင့် သူမ၏ အခြေအနေသည် အတော်လေး တူညီနေခဲ့သည်။ ထို့ကြောင့် မျိုးနွယ်စုခေါင်းဆောင်သည် ဘဟဲကို ခွင့်လွှတ်မပေးခဲ့လျှင် ရန်ကိုင်ကိုလည်း လွှတ်ပေးလောက်မည် မဟုတ်ချေ။

ထို့ကြောင့် ဘဟဲ၏ အဖြစ်အပျက်ကို မြင်ပြီးနောက် သူမစိတ်ထဲ စိုးရိမ်မိသွားခဲ့ခြင်း ဖြစ်သည်။ ဘဟဲ နှိပ်စက်ခံနေရသည့် အသံများကို နားထောင်ရင်း ရန်ကိုင် နှိပ်စက်ခံနေရသည်ဟု တဖြည်းဖြည်း မြင်ယောင်မိလာသည်။

“ငါမသိဘူး။ မွေးစားအမေက ပုံမှန်ဆို ဒေါသထွက်ခဲတယ်။ တစ်ယောက်ယောက် အမှားလုပ်ရင်တောင် အပြစ်တင်တာပဲ ရှိတယ်။ ပြင်းပြင်းထန်ထန် အပြစ်ပေးလေ့မရှိဘူး။ စီနီယာဘဟဲ အခုလို ဖြစ်နေတာကိုကြည့်ရင် မွေးစားအမေ တကယ် ဒေါသထွက်နေလို့ ဖြစ်လိမ့်မယ်” ယုရှုန်က ချောင်းနားထောင်ရင်း ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ရှန်ချင်းလော့၏ မျက်နှာအမူအရာ ပို၍ ပျက်ယွင်းသွားခဲ့ရသည်။ မွေးစားအမေနှင့် တွေ့သည့်အခါ မည်ကဲ့သို့ပြောလျှင် ကောင်းမလဲ စဉ်းစားနေရင်း သူမရင်ထဲရှိ စိုးရိမ်စိတ်တို့ ပိုပို၍ ကြီးထွားလာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၇၈)

တစ်နာရီကျော်လောက် ကြာပြီးသည့်နောက်တွင် နန်းတော်ထဲရှိ အော်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။

ကြမ်းကြုတ်ခက်ထန်ပြီး သွေးရဲသော ယုရှုန်းပင်လျှင် ထိုအခိုက် အနည်းငယ် စိုးရိမ်ပူပန်မိနေသည်။

နန်းတော်တံခါး ရုတ်တရက် ပွင့်သွားပြီး ပုံရိပ်တစ်ခု ထိုထဲမှ ဒယီးဒယိုင်နှင့် ထွက်လာခဲ့သည်။ ထိုလူ တစ်ကိုယ်လုံး သွေးသံတရဲရဲ ဖြစ်နေပြီး သူ့အရှိန်အဝါမှာလည်း အတော်လေးကို ပရမ်းပတာ ဖြစ်နေခဲ့သည်။

ထိုအခြင်းအရာကို မြင်သော် ရှန်ချင်းလော့၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့လေ၏။

ထွက်လာသည့်လူမှာ ဘဟဲပင် ဖြစ်လေသည်။

ဘဟဲပုံကို ကြည့်ရသလောက် ယခုတစ်ကြိမ် သူမ၏ မွေးစားအမေ တကယ်ကြီး ဒေါသထွက်သွားသည့်ပုံပင်။ ဘဟဲအား ခွင့်လွှတ်ခဲ့သလား ဆိုသည်နှင့်ပက်သက်၍မူ မရှင်းမရှင်းပင် ရှိနေသေးသည်။

“စီနီယာ အဆင်ပြေလား” ယုရှုန်းက ဘဟဲဆီသို့ လမ်းလျှောက်သွားပြီး ထမပေးလိုက်သည်။

“ရတယ်… ငါအဆင်ပြေတယ်။ အနည်းဆုံးတော့ မသေသေးဘူး” ဘဟဲက ဖြည်းဖြည်းချင်း လက်ဝှေ့ရမ်း၍ ပြန်ပြောလိုက်သည်။

ယုရှုန်း တစ်ခုခု ပြောရန် လုပ်လိုက်သော်လည်း ဘဟဲအား မည်ကဲ့သို့ နှစ်သိမ့်ပေးရမလဲမသိသဖြင့် သူ့ပါးစပ်မှ ဘာစကားမှ မထွက်လာခဲ့ချေ။

ဘဟဲသည် ရုတ်တရက် ခေါင်းမော့၍ ရှန်ချင်းလော့အား ကြည့်လိုက်သည်။ ရှန်ချင်းလော့ကို မြင်လိုက်သည့်နောက် သူ့မျက်ဝန်းအစုံ ရုတ်တရက် တောက်ပသွားခဲ့လေသည်။

ခေါင်းတညိတ်ညိတ်ဖြင့် ဘဟဲက ပြောလိုက်သည် “ဒီတော့ ဒီက သခင်မလေးရှန်ပေါ့”

“ချင်းလော့ စီနီယာကို နှုတ်ဆက်ပါတယ်” ရှန်ချင်းလော့က ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။

“သခင်မလေးရှန်က အရမ်း ယဉ်ကျေးနေတာပဲ။ မွန်းစတား မျိုးနွယ်စုက တကယ့် ပါရမီရှင်တစ်ယောက်ကို ရှာတွေ့သွားတာပဲ” ဘဟဲက ပြုံး၍ ပြောလိုက်သည် “ဒီလူအိုကြီး အလှည့်တုန်းက စိတ်အလိုလိုက်မိလိုက်လို့ မျိုးနွယ်စုခေါင်းဆောင် သခင်မရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျှော်သွားခဲ့ရတယ်။ သခင်လေးရှန် ကတော့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ မျှော်လင့်အချက်အတိုင်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

“စီနီယာ ပြောတာကို ဂျူနီယာ မှတ်ထားလိုက်ပါ့မယ်…” ရှန်ချင်းလော့က အနည်းငယ် ရှုပ်ထွေးသည့် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။

“အင်း၊ ဝင်သွားတော့လေ။ မျိုးနွယ်စုခေါင်းဆောင် သခင်မ စောင့်နေတယ်” လက်ဝှေ့ရမ်း၍ ပြောလိုက်ပြီးနောက် အားနည်းနေသော သူ့ခန္ဓာကိုယ်ကို သယ်မရင်း တစ်လှမ်းချင်း တစ်လှမ်းချင်း လမ်းလျှောက်ထွက်သွားလေသည်။

တဖြည်းဖြည်း ပျောက်ကွယ်သွားနေသော ဘဟဲ၏ ကျောပြင်ကို ကြည့်ရင်း ရှန်ချင်းလော့နှင့် ယုရှုန်းတို့ နှစ်ဦးစလုံး သက်ပြင်း အသီးသီး ချလိုက်ကြသည်။ တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်လာရန် ရေပန်းအစားဆုံး၊ တန်ခိုးရှင်ဘုရင်အဆင့်အောက်တွင် နံပါတ်တစ် ဖြစ်သော ပညာရှင်ကို သူတို့ မွေးစားအမေမှ ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်သည်။

“ချင်းလော့လား၊ ဝင်လာခဲ့လေ” အထဲမှ ချီယွဲ့၏အသံ ထွက်ပေါ်လာခဲ့သည်။

သူမ၏ မွေးစားအမေ ခေါ်သံကိုကြားသော် ရှန်ချင်းလော့ရင်ထဲ စိတ်ပူမိသွဦးခဲ့သည်။ သို့သော် နှုတ်ခမ်းလေးကို ကိုက်၍ ရဲဆေးတင်ကာ အထဲသို့ ဝင်သွားလိုက်လေသည်။

“အင်း၊ ငါအရင် ပြန်နှင့်လိုက်မယ်နော်…” ပြောပြီးသည်နှင့် လှည့်ထွက်ပြေးရန် ပြင်လိုက်လေသည်။

“ယုရှုန်း၊ နင်လည်း ဝင်လာခဲ့” ချီယွဲ့၏ အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

ယုရှုန်း လည်ပင်း ကျုံ့သွားခဲ့ပြီး ထွက်ပြေးရန် မြှောက်ထားသော ခြေထောက်ကို ပြန်ချလိုက်သည်။ မိဘနှစ်ပါး သေသွားသဖြင့် ပူဆွေးသောက ရောက်နေသည့် သားတစ်ယောက်နှယ် မသွားချင် သွားချင်ဖြင့် ရှန်ချင်းလော့နောက် လိုက်သွားလေသည်။

ငါအစောကြီးကတည်းက ထွက်သွားလိုက်သင့်တာ ယုရှုန်းရင်ထဲ နောင်တ ကြိတ်ရနေခဲ့သည်။

မီးထိန်ထိန်ညီးအောင် ထွန်းညှိထားသော ကျယ်ပြောလှသည့် နန်းတော်ထဲတွင် ဝတ်ရုံရှည်ဝတ်ထားသော ချောမောလှပသည့် အမျိုးသမီးတစ်ဦး ငြိမ်သက်တည်ငြိမ်စွာ ထိုင်နေခဲ့သည်။

ထိုအမျိုးသမီးသည် အရွယ်ရောက်ပြီးသော အမျိုးသမီးတစ်ဦး၏ ကိုယ်လုံးကိုယ်ပေါက် အချိုးစားကို ပိုင်ဆိုင်ထား၏။ ခါးအစုံမှာလည်း သေးကျဉ်လှသည်။ သူမဆီမှ မည်သည့် စွမ်းအင် အရှိန်အဝါမှ ဖြာထွက်နေခြင်းမရှိသဖြင့် ထိုအမျိုးသမီးသည် မည်သည့်အခါမှ ကျင့်ကြံဖူးခြင်းမရှိသော သာမန်သေမျိုး တစ်ဦးနှင့်ပင် တူနေသေးသည်။

ထိုအမျိုးသမီးသည် မွေးကတည်းက အလွန် ချောမောလှပမည်မှန်း သိသာလှသည်။ ပတ္တမြားရောင် တောက်ကာ ရွှန်းစိုနေသော နီစွေးစွေး နှုတ်ခမ်းအစုံသည် လာနမ်းလှည့်ပါဟု ဖိတ်ခေါ်နေသလိုလို၊ အသားအရေမှာလည်း နှင်သားကဲ့သို့ ဖြူဖွေးဥနေခဲ့သည်။

ဆွဲဆောင်မှုပိုင်းတွင် သူမသည် ရှန်ချင်းလော့အောက် မနိမ့်ကျချေ။ သို့သော် သူမတွင် ရှန်ချင်းလော့ကဲ့သို့ မွေးရာပါညို့ဓါတ်မျိုး ရှိမနေခဲ့ချေ။ ထို့အစား အဆပေါင်းများစွာ ပိုအားကောင်းသော တော်ဝင်အရှိန်အဝါတစ်မျိုးကို ပိုင်ဆိုင်ထားသည်။

ထိုအမျိုးသမီးသည် မွန်းစတားဧကရာဇ်ကြယ်၏ မျိုးနွယ်စုခေါင်းဆောင် ဆယ်ယောက်အနက်မှ တစ်ယောက်ဖြစ်ပြီး ရှန်ချင်းလော့နှင့် ယုရှုန်းတို့၏ မွေးစားအမေ ချီယွဲ့ ဖြစ်သည်မှာ အနည်းငယ် မယုံချင်စရာ ကောင်းနေခဲ့သည်။

နန်းတော်ထဲသို့ ဝင်လာပြီးနောက် ဝမ်းကွဲနှစ်ယောက် ချီယွဲ့အား နှုတ်ဆက်လိုက်ကြသည်။ ချီယွဲ့ ခေါင်းညိတ်ပြသည်ကို မြင်မှ သတိကြီးကြီးဖြင့် ထိုင်လိုက်လေသည်။

“လစန္ဒာမြို့ကနေ ရောက်လာတဲ့ ဆေးဝိဇ္ဇာအတွက် ပြင်စရာ ရှိတာတွေ ပြင်ဆင်ပြီးသွားပြီလား” ချီယွဲ့က မေးလိုက်သည်။

“အကုန်လုံး ပြင်ဆင်ပြီးသွားပါပြီ မွေးစားအမေ၊ မွေးစားအမေ သူ့ကို တွေ့ချင်လို့လား” ရှန်ချင်းလော့က ပြန်မေးလိုက်သည်။

“ထားလိုက်ဦး။ သူက ဆေးတိမ်တိုက်ပါတဲ့ တန်ခိုးရှင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်တယ်ဆိုတော့ တကယ်ကို ပါရမီရှိလို့ပဲ ဖြစ်ရလိမ့်မယ်။ ဒါပေမယ့် သူနဲ့ယှဉ်လိုက်ရင် သူနဲ့အတူ ပါလာတဲ့ လူသားကောင်လေးကို ငါပိုစိတ်ဝင်စားတယ်။ သူနဲ့ ပက်သက်တဲ့ မယုံနိုင်စရာ သတင်းတွေ ငါကြားလိုက်ရတယ်။ ချင်းလော့၊ နင်ငါ့ကို ပြောချင်တာများ ရှိလား” ချီယွဲ့က ရှန်ချင်းလော့ဘက်သို့ လှည့်၍ မေးလိုက်သည်။

ရှန်ချင်းလော့၏ ခန္ဓာကိုယ်လေး တုန်ရီသွားခဲ့ပြီး အလျင်စလို ဒူးထောက်လိုက်ကာ အံကြိတ်၍ တောင်းဆိုလိုက်လေသည် “မွေးစားအမေ၊ ကျေးဇူးပြုပြီး ညှတာပေးပါနော်။ အဲ့လူက…”

“နင်ဘာတွေ ဒီလောက်တောင် စိုးရိမ်နေတာလဲ။ မွေးစားအမေက သူ့ကို ကိုက်မစားပါဘူး။ အရင်ထလိုက်။ ထပြီးမှ ပြောကြတာပေါ့” ချီယွဲ့က လက်ဆန့်ကာ ရှန်ချင်းလော့ကို ထူမပေးလိုက်သည်။

ချီယွဲ့ ဒေါသမထွက်သည်ကို မြင်မှပဲ ရှန်ချင်းလော့ စိတ်ထဲ အနည်းငယ် စိုးရိမ်စိတ် ပြေသွားခဲ့သည်။

“ငါ့ကိုပြော၊ ကောလဟာလတွေက အမှန်ပဲလား” ချီယွဲ့က ဆက်မေးလိုက်သည်။

“အမှန်ပါပဲ” ရှန်ချင်းလော့က အံကြိတ်၍ ပြန်ပြောလိုက်သည်။

“အို၊ အဲ့တော့ ဒီလော့က နင့်ကြိုက်နေတဲ့လူပေါ့” ချီယွဲ့က ယဲ့ယဲ့လေး ရယ်မောလိုက်သည်။

“ဟုတ်ပါတယ်”

“သူဘာတွေ ဒီလောက်ကြီးကျယ်နေလို့ နင့်လို လူတစ်ယောက်က သူ့ကို ဒီလောက် ကြိုက်နေရတာလဲ။ ယုရှုန်းပြောတော့ သူက မိန်းမအားကိုးနဲ့ သာယာနေတဲ့ကောင်ဆို”

“ဘာမှမဟုတ်ဘူး။ ယုရှုန်း မဟုတ်တုတ်ကတွေ လျှောက်ပြောနေတာ” ရှန်ချင်းလော့က ယုရှုန်းအား စားတော့ဝါးတော့မတတ် အကြည့်ဖြင့် စိုက်ကြည့်လိုက်ရာ ယုရှုန်း ခေါင်းလေး ပုဝင်သွားခဲ့ပြီး ရူးချင်းယောင်ဆောင်လျက် အပေါ်သို့သာ မော့ကြည့်နေတော့သည်။

“အဲ့ဒါဆို ငါ့ကို သူအကြောင်းပြောပြ။ နင်ဘာသို့ သူ့ကို ဘယ်တော့မှ မေ့မရ ဖြစ်နေလဲဆိုတာ ပြောပြ” ချီယွဲ့သည် ထိုအကြောင်းကို စိတ်ဝင်စားနေသည့်အလား ဆက်မေးလိုက်၏။

ရှန်ချင်းလော့က ရှက်ပြုံးပြုံးလျက် “ကျွန်မတို့ ပထမဆုံး စတွေ့တဲ့ အကြိမ်တုန်းက သူအရမ်းအားနည်းနေတဲ့ အချိန်ပဲ။ အဲ့တုန်းက သမီးက အင်မော်တယ်တက်လှမ်းခြင်း အဆင့်ကိုးမှာ၊ သူကတော့ အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်ခါစပဲ ရှိသေးတယ်”

“တော်တော်ကွာတာပဲ” ချီယွဲ့ မျက်ခုံးပင့်သွားခဲ့ပြီး “ဒါပေမယ့် သူက အခု တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ။ သူ့ကျင့်ကြံခြင်း အမြန်နှုန်းက သမီးလိုပဲ”

ထိုအချက်ကို သိလိုက်သော် ချီယွဲ့ အနည်းငယ် အံ့အားသင့်သွား၏။

ရှန်ချင်းလော့၏ ကျင့်ကြံနှုန်းသည် အလွန်ကိုမှ မြန်ဆန်ပေသည်။ ထိုလူသားကောင်းလေ၏ ကျင့်ကြံနှုန်းသည် သူမ မွေးစားသမီး၏ ကျင့်ကြံနှုန်းအောက် လျော့ကျခြင်းမရှိသည်ကို မြင်သော် ချီယွဲ့ အနည်းငယ် အံ့အားသင့်သွားလေသည်။

“အင်း။ အရင်နှစ်တွေတုန်းက သူဘယ်တွေရောက်နေလဲ၊ ဘာလုပ်နေလဲတော့ သမီး မသိဘူး။ ဒါပေမယ့် ဧကရာဇ်ဥယျာဉ်ထဲ ဝင်တုန်းက သူနဲ့ မတော်တဆ သွားတွေ့တယ်။ အခု သမီးကို ရှာဖို့အတွက် မွန်းစတားဧကရာဇ်ကြယ်ဆီ အထူးတလည် လာခဲ့တာ”

“သူလည်း ဧကရာဇ်ဥယျာဉ်ထဲ ရောက်ဖူးတာလား” ချီယွဲ့ ပို၍ စိတ်ဝင်စားမိသွားသည်။

“အင်း။ အဲ့တုန်းက သမီး၊ သူနဲ့ပေါင်းပြီး ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက အဖွဲ့တစ်ဖွဲ့ကို ပြန်တိုက်ခိုက်ခဲ့တာ။ ဒါပေမယ့် သမီးတို့ စကားတောင် မပြောရသေးဘူး၊ ဧကရာဇ်ဥယျာဉ်က ပိတ်သွားရော”

“ဟန့်၊ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း” ချီယွဲ့ အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ အထင်းသေးသည့် အရိပ်အယောင်တို့ သူမ၏ မျက်နှာထက် ဖြတ်ပြေးသွားသည့်နောက် “သူနဲ့ အတူပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဆိုတော့ သူဘယ်လောက်သန်မာလဲ သမီး သိလား”

“အဲ့ဒါက….” ရှန်ချင်းလော့ ရှက်သွားခဲ့သည်။

“မသိဘူးလား” ချီယွဲ့ မျက်နှာပျက်သွား၏။

“ခွင့်လွှတ်ပေးပါ မွေဂစားအမေ။ တိုက်ပွဲက ခဏလေးပဲ တိုက်ခိုက်ခဲ့ရတာ ဆိုတော့ သူဘယ်လောက်အားကောင်းလဲ သမီး သတိမပြုမိလိုက်ဘူး။ ဒါပေမယ့် သူအားမနည်းတာတော့ လုံးဝ ကျိန်းသေတယ်”

ချီယွဲ့က ဖွဖွလေးရယ်မောလျက် “သမီးက သေချာနေမှတော့ မွေးစားအမေ အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ သမီးကို ရှာဖို့အတွက် မွန်းစတားဧကရာဇ်ကြယ်ဆီ လာခဲ့တာ တကယ်ကို လေးစားဖို့ကောင်းတယ်ဆိုတော့ သူက လူသားတစ်ယောက်ပဲ။ ပြီးတော့ သူ့မှာ အခြားမိန်းမတစ်ယောက်လည်း ရှိနေသေးတယ်။ ဒီချီယွဲ့သမီးက ဘယ်လိုလုပ်ပြီး ယောကျာ်းတစ်ယောက်ကို အခြား မိန်းမတစ်ယောက်နဲ့ မျှသုံးရမှာလဲ။ အခုတော့ ဒီအတိုင်းလေးပဲ နေလိုက်ဦး။ စိတ်အလို မလိုက်နဲ့ဦး။ မွေးစားအမေ သူ့ကို အရင် စမ်းသပ်ကြည့်မယ်။ ထိုက်တန်တယ်ဆိုရင် သူမနဲ့သူ့ကြား ဆက်ဆံရေးကို မွေးစားအမေ ဝင်မရှုပ်ဘူး။ မဟုတ်ဘူး ဆိုရင်တော့ မွေးစားအမေကိုယ်တိုင် သူ့ကို သတ်ပစ်မယ်”

ပြောပြီးနောက် ရှန်ချင်းလော့များ ထိတ်လန့်သွားမလား အထင်ဖြင့် ရှန်ချင်းလော့ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ရှန်ချင်းလော့သည် ထိတ်လန့်သွားခြင်း မရှိသည့်အပြင် ပျော်ပင် ပျော်နေသည်ကို တွေ့ရှိလိုက်ရလေသည်။

“သူ့ကို အဲ့လောက်တောင် ယုံကြည်တာလား” ချီယွဲ့ အံ့အားသင့်သွား၏။

“သမီး သူ့ကို မတွေ့ရတာ နှစ်တွေအများကြီး ကြာပြီဆိုပေမယ့် သူက အဆန်းတကြယ်တွေကို အမြဲလုပ်ပြနိုင်တဲ့ လူတစ်ယောက်ပဲ။ ဒီတော့ သူသမီးကို စိတ်ပျက်အောင် မလုပ်ဘူးလို့ သမီးယုံတယ်” ရှန်ချင်းလော့က အလျင်အမြန် ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ။ သမီးက အဲ့လိုတွေးမှတော့ မွေးစားအမေလည်း စမ်းသပ်ကြည့်ရတာပေါ့” ချီယွဲ့က ခေါင်းညိတ်လိုက်သည်။ ထို့နောက် လေသံတိုးတိုးဖြင့် “ယုရှုန်း”

“ဟုတ်ကဲ့” ယုရှုန်း ချက်ချင်း ထရပ်လိုက်သည်။

“အဲ့ကောင်လေးကို စမ်းသပ်ဖို့ တာဝန်ကို နင့်ဆီ ပေးလိုက်မယ်။ သူက သာမန်လူသားတစ်ယောက်ဆိုတာ သတ်သာ သစ်ပစ်လိုက်” ချီယွဲ့က သူ့လက်ကိုဝှေ့ရမ်း၍ ပြောလိုက်သည်။

“ဟုတ်ကဲ့”

“နင်တို့ ထွက်သွားလို့ရပြီ”

ထိုသို့ဖြင့် အစ်ကိုနှင့်ညီမအတွဲ ချီယွဲ့၏ နန်းတော်ထဲမှ ပြန်ထွက်လာခဲ့သည်။ အပြင်သို့ ရောက်ပြီးနောက် ယုရှုန်းသည် တိုက်ပွဲကြီးတစ်ရပ်ကို ဆင်နွှဲရတော့မည့်အလား စိတ်လှုပ်ရှားနေသည့်ဟန်ဖြင့် အင်္ကျီလက်စကို စလိပ်တော့၏။

သူ့ကိုပင်ယောက်ဖဟု ခေါ်ရဲသဖြင့် ရန်ကိုင်သည် အတော်လေး သတ္တိရှိသည့် လူတစ်ယောက်ဟု ပြော၍ရသော်ငြား ထိုကောင်သည် လူသားတစ်ယောက်သာ ဖြစ်နေသေးသည်။ သူ့တွင် မိန်းမတစ်ယောက် ရှိနေသေးသော်လည်း ထိုမိန်းမအားကိုး ပုဆိန်ရိုးကောင်သည် သူ့ညီမလေးကို လာလိုချင်နေသေး၏။ ထိုကဲ့သို့ ငန်းသားစားချင်နေသည့် ဖားပြုပ်ကို ယုရှုန်း တစ်ခါမှ မမြင်ဖူးချေ။

ယခု ချီယွဲ့ဆီမှ ခွင့်ပြုချက်ရလိုက်ပြီး ဖြစ်သဖြင့် ထိုရန်ကိုင်ဆိုသည့် ကောင်လေးကို ချက်ချင်း သွားစပ်တော့ပေမည်။ သူ့ခေါင်းထဲ ရန်ကိုင်အား စမ်းသပ်ရန် အတွက် အခြားဘာရှုပ်ရှုပ်ယှတ်ယှတ်ကိုမှ မတွေးနိုင်၊ ထိုလူသားကောင်လေးအား ထိုးကြိတ်မည့် အတွေးသာရှိသည်။

“ယုရှုန်း” ရှန်ချင်းလော့က ရုတ်တရက် အော်ခေါ်လိုက်သည်။

“အန်” ယုရှုန်း ရှန်ချင်းလော့ဘက်သို့ လှည့်ကြည့်လိုက်၏။

ရှန်ချင်းလော့သည် ယုရှုန်းအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လျက် “နင်သူ့ကို ကိုယ်တိုင် သွားတိုက်ခိုက်မယ် ဆိုရင် ငါနဲ့ တွေ့ပြီသာမှတ်”

“အန်…” ယုရှုန်း မှင်သက်သွားလေပြီ။ ထို့နောက် မှုန်ကုတ်ကုတ် အမူအရာဖြင့် “ညီမလေး၊ ဒီကိစ္စက အစ်ကိုကြီး လုပ်ချင်လို့ လုပ်တာ မဟုတ်ဘူးလေ။ မွေးစာအမေးခိုင်းလို့ လုပ်ရတာလေ။ မွေးစာအမေ ခိုင်းတဲ့အတိုင်း မလုပ်ရင် အပြစ်ပေးခံရမှာကို ညီမလေးလည်း မသိဘူး”

“ဘာပဲဖြစ်ဖြစ် နင်ကိုယ်တိုင် လှုပ်ရှားလို့မရဘူး။ လှုပ်ရှားမယ် ဆိုရင် ညီမလေးကို ဘယ်တော့မှ ညီမလေးကို လာမခေါ်နဲ့” ပြောပြီးသည်နှင့် ယုရှုန်းအား တစ်ချက်လေးပင် ပြန်ပြောခွင့် မပေးဘဲ ချက်ချင်း လှည့်ထွက်သွားလေသည်။

“ညီမလေး… ဒေါ်လေး…” ယုရှုန်း လှမ်းအော်ခေါ်သော်ငြား မည်သည့် ပြန်ထူးသံမှ မကြားခဲ့ရချေ။

ရုတ်တရက် သူ့ကိုယ်သူ ဆုပ်လည်းစူး၊ စားလည်းရူး အခြေအနေထဲသို့ ရောက်သွားကြောင်း ယုရှုန်း တွေ့ရှိလိုက်ရ၏။

………

နန်းတော်ထဲတွင် သုံးရက်ကြာအောင် နေပြီးနောက်၌ ချီယွဲ့သည် ရှနင်းချန်အား ခေါ်တွေ့ခဲ့သည်။ ဆေးတိမ်တိုက်ပါသော ဆေးလုံးအား‌ ဖော်စပ်နိုင်သည့် လူတစ်ယောက်ကို သူမအဖို့ ခေါ်တွေ့ဖို့ ထိုက်တန်ပေသည်။

ရန်ကိုင်ကိုမူ မဖိတ်ခေါ်ခဲ့ချေ။ တွေ့ရန်လည်း မစဉ်းစားထားပေ။

ရှနင်းချန်အပေါ် ချီယွဲ့၏ အမြင်သည် အတော်လေး ကောင်းသည်ဟု ပြော၍ရသည်။ ဤလူသား ကောင်မလေးသည် သိမ်မွေ့ပြီး၊ ကြင်နာသည်။ မျက်ဝန်းအစုံမှာလည်း မည်သည့် အညစ်အကြေးမှ စွန်းထင်းခြင်းမရှိဘဲ သန့်စင်လှသည်။ ထို့အပြင် ကောင်းမွန်သော ကျင့်ကြံခြင်းကိုလည်း ပိုင်ဆိုင်ထားသေးပြီး ဆေးပညာကိုလည်း အဆင့်မြင့်မြင့် နားလည်ထားသေး၏။

ရှနင်းချန်ကို ဆင့်ခေါ်ပြီးနောက်တွင် နန်းတော်ထဲရှိ ဆေးပညာရှင်များကို ခေါ်၍ ရှနင်းချန်၏ အရည်အချင်းကို စမ်းသပ်ကြည့်စေသည်။

ရလဒ်သည်ကား ချီယွဲ့အား တကယ်ကို ကျေနပ်သွားစေခဲ့သည်။ ဆေးပညာပိုင်းတွင် ရှနင်းချန်၏ အရည်အချင်းသည် တစ်သက်လုံး ဆေးပညာလမ်းကြောင်းအပေါ် အချိန်ပေးလာသော ဆံဖြူလူအိုကြီးများအောက် နိမ့်ကျခြင်းမ ရှိချေ။

လူအများရှေ့တွင် ကျင်းပသည့် ဆေးပညာပြိုင်ပွဲကိုလည်း ရှနင်းချန်မှသာ အနိုင်ရသွားခဲ့သည်။

ရှနင်းချန်၏ ပါရမီကို မြင်ပြီးနောက်တွင် ချီယွဲ့ အလွန်ကိုမှ ကျေနပ်မိသွားခဲ့သည်။ ထို့နောက် သူမအား နန်းတော်ထဲတွင် နေ၍ ဆေးဖော်စပ်ပေးရန်အတွက် အလွန်ကောင်းမွန်သော ကမ်းလှမ်းချက်များဖြင့် ကမ်းလှမ်းခဲ့လေသည်။

ရှနင်းချန်သည် ငယ်ရွယ်သေးပြီး အခြား ဆေးပညာရှင်များကဲ့သို့ ဂုဏ်သတင်းကျော်ကြားခြင်း မရှိသေးသည့် အတွက်ကြောင့်သာ မဟုတ်လျှင် နန်းတော်ထဲရှိ ဆေးပညာရှင်ခေါင်းဆောင်ဟူသော ရာထူးသည် သူမလက်ထဲသို့ ရောက်နေလောက်ပေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၇၉)

(ဆေးဝိဇ္ဇာရှအတွက်လည်း ခက်ခဲခဲ့မှာပေါ့)

သီးသန့်နန်းတော်ဆောင်၊ နေ့တစ်ဒူဝကိစ္စများကို ဆောင်ရွက်ပေးရန်အတွက် အစေခံမလေးများလည်း ရရှိလိုက်သည့် အတွက်ကြောင့် ရှနင်းချန်၏ နေထိုင်မှုဘဝသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ရလေသည်။ သူမအဖို့ ဘာမှလုပ်စရာ မလိုတော့ဘဲ ချီယွဲ့အတွက်သာ ဆေးဖော်စပ်ပေးရန် လိုအပ်တော့ပြီး လိုအပ်သော အရင်းအမြစ်များအားလုံးကို ချီယွဲ့မှ ထောက်ပံ့ပေး၏။

အရာအားလုံးသည် ရန်ကိုင် မျှော်လင့်ထားသကဲ့သို့ပင် ဖြစ်လာ၏။

“ဆေးဝိဇ္ဇာရှအတွက် မျိုးနွယ်စုခေါင်းဆောင်သခင်မ ပို့လိုက်တဲ့ ပစ္စည်းတွေ ရောက်လာပါပြီ။ မျိုးနွယ်စုခေါင်းဆောင်သခင်မက ဆေးလုံးတွေကို တစ်လအတွင်း လိုချင်ပါတယ်တဲ့” ရှနင်းချန်၏ နန်းတော်ဆောင် အပြင်ဘက်သို့ အစိမ်းရောင်ဝတ်ရုံ ဝတ်ထားသော အစေခံမလေးတစ်ယောက် ရောက်လာပြီး သိုလှောင်လက်စွပ် တစ်ကွင်း လာပေးသည်။

“ကျုပ်ယူထားလိုက်မယ်” ရန်ကိုင်က ပြုံးလိုက်ပြီး သိုလှောင်လက်စွပ်ကို လှမ်းယူလိုက်သည်။

ရန်ကိုင်၏ လုပ်ရပ်ကြောင့် အစေခံမလေး မျက်မှောင်ကြုတ်သွားခဲ့သော်ငြား သိုလှောင်လက်စွပ်ကိုတော့ ပေးလိုက်ပေသည်။

သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက်တွင် ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ဘာလို့ ပစ္စည်းနည်းနည်းလေးပဲ ပါတာလဲ”

“နည်းနည်းလေး၊ ဟုတ်လား။ အဲ့ပမာဏက တန်ခိုးရှင်အဆင့် ဆေးလုံး အလုံးလေးဆယ် ဖော်စပ်ဖို့ လုံလောက်နေပြီလေ” အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အစေခံမလေး မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဟုတ်တယ်။ တကယ်ကို နည်းလွန်းတယ်။ နောက်ထပ် ထပ်ယူလာပေးလို့ မရဘူးလား” ရန်ကိုင်က ထပ်မေးလိုက်၏။

“ယူလာလို့ရတယ်။ ဒါပေမယ့်… အခြား ဆေးဝိဇ္ဇာတွေလည်း တစ်လကို အဲ့လောက်ပဲ သုံးကြတာ။ နောက်ထပ် ပိုယူလာရင် ဆေးဝိဇ္ဇာရှ ဆေးလုံးတွေကို အချိန်မှီအောင် ဖော်စပ်နိုင်တော့မှာ မဟုတ်ဘူး”

“အဲ့လူတွေကို ငါ့စီနီယာမမလေးနဲ့ ဘယ်လိုလုပ်ပြီး လာယှဉ်နေတာလဲ” ရန်ကိုင်က အထင်တသေးဖြင့် “သွားယူသာ ယူလာခဲ့။ များလေ ပိုကောင်းလေပဲ”

အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အစေခံမလေးသည် ရှနင်းချန်အား ကိုးယိုးကားယား အမူအရာဖြင့် ကြည့်လိုက်၏။ ရန်ကိုင်သည် သူ့နေထိုင်ရေးအတွက် မိန်းမအပေါ် အားကိုးနေရသည့် လူတစ်ယောက် ဖြစ်သည်ဟူသော ကောလဟာလသည် နန်းတော်တစ်ခုလုံး ပျံ့နေခဲ့လေပြီ။

ထိုကဲ့သို့သော ယောကျာ်းတစ်ယောက်ကို မည်သည့် မိန်းမမှ ကြည့်မရချေ။

ပိုဆိုသည်ကား သူသည် ဆေးဝိဇ္ဇာရှကို လှည့်စားရုံဖြင့် မကျေနပ်နိုင်သေးဘဲ သူတို့၏ သခင်မလေး ရှန်ချင်းလော့ကိုပါ ပစ်မှတ်ထားရန် ကြိုးစားနေခဲ့ခြင်းပင်။ ကံဆိုးစွာဖြင့် ရှန်ချင်းလော့သည်လည်း ထိုလူ မည်မျှ အရှက်မဲ့ပြီး အကျင့်မကောင်းလဲ ဆိုသည်ကို မမြင်နိုင်ခဲ့ဘဲ သူ့လက်တွင်းသို့ ကျဆင်းသွားခဲ့လေ၏။

နန်းတော်ထဲတွင် ရှိနေသူအားလုံး နွားချီးပုံပေါ် ပေါက်နေသည့် ရှန်ချင်းလော့ကဲ့သို့ လှပသော ပန်းပင်လေးတစ်ပင်အတွက် ဝမ်းပန်းတနည်း ဖြစ်နေခဲ့ကြလေသည်။

ယခု ရန်ကိုင် သူမရှေ့တွင် အရှက်မရှိ လာကြွားနေသည်ကို မြင်သော် အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အစေမခံလေး ရန်ကိုင်အားပို၍ အမြင်မကြည် ဖြစ်သွားခဲ့ရလေသည်။

သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင်သခင်မသည် ဤဆေးဝိဇ္ဇာ အသစ်ကို အတော်လေး နှစ်သက်သဘောကျပြီး သူမ တောင်းဆိုသည်ကို ဖြည့်ဆည်းပေးရန် အမိန့်ပေးထားခဲ့သည့် အတွက် အစေခံမလေးအဖို့ ငြင်းဆိုရန် ခက်ခဲနေခဲ့သည်။ ထို့ကြောင့် ရှနင်းချန်၏ အထင်အမြင်ကိုသာ လှမ်းမေးရတော့၏။

“ဂျူနီယာမောင်လေး ပြောတဲ့အတိုင်း လုပ်လိုက်” ရှနင်းချန်က ပြောလိုက်၏ “မျိုးနွယ်စုခေါင်းဆောင် သခင်မမေးရင် ငါတောင်းတယ်လို့သာ ပြောလိုက်။ သူငြင်းမှာ မဟုတ်ဘူး”

“ဟုတ်ကဲ့” ရှနင်းချန်ကိုယ်တိုင်က ပြောလာပြီ ဖြစ်သဖြင့် အစေမခံလေးသည် မတတ်သာသည့်အဆုံး ခေါင်းညိတ်ရတော့၏။

“ဒါနဲ့ နန်းတော်ထဲက ဆေးဝိဇ္ဇာတွေ ဆေးတစ်ခါဖော်စပ်ရင် ဘယ်လောက်‌ အောင်မြင်နိုင်ချေရှိလဲ” ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်သည်။

“နှစ်ဆယ်ရာခိုင်နှုန်းလောက်” အစေခံမလေးက ထူးမခြားနားဟန်ဖြင့် “ဆယ်စုံစာ ဆေးဖော်စပ်ရင် နှစ်စုံစာလောက်တော့ အောင်မြင်တယ်”

“နားလည်ပြီ။ ကျေးဇူးပဲ” ရန်ကိုင်က ပြုံး၍ လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

အစေခံမလေးသည် တစ်ခုခု ထပ်ပြောချင်နေသည့်အလား ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်လိုက်၏။ သို့သော် ခဏကြာသည့်တိုင်အောင် မည်သည့် စကားလုံးမှ ထွက်မလာနိုင်ခဲ့ဘဲ နောက်ဆုံး၌ ရှနင်းချန်ကို ခေါင်းညိတ်ပြ၍သာ လှည့်ထွက်လာခဲ့လေသည်။

“အဲ့မိန်းကလေးကို ကြည့်ရတာ ကျွန်တော့်ကို သိပ်ကြည့်ရတဲ့ပုံ မပေါ်ဘူး” ရန်ကိုင်က အစေခံမလေး၏ ကျောပြင်ကို ကြည့်ရင်း ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ တစ်ဖက်လူ သူ့အား ဘာကြောင့် ကြည့်မရ ဖြစ်နေသလဲ ဆိုသည်ကို သိသော်လည်း စိတ်ထဲ မထားခဲ့ချေ။

“ဂျူနီယာမောင်လေး၊ ဒါသင့်တော်ပါ့မလား” ရှနင်းချန်က ရန်ကိုင်အား စိုးရိမ်တကြီးကြည့်ကာ မေးလိုက်သည်။

“ဘယ်လိုလုပ်ပြီး မသင့်တော်ရမှာလဲ”

“ဒါက တန်ခိုးရှင်အဆင့် ဆေးအမယ်တွေနော်။ သူတို့ တန်ဖိုးက သေးတာမဟုတ်ဘူး။ ဒီလိုလုပ်တာက လနီမျိုးနွယ်စု ခေါင်းဆောင်ဆီက ဆေးအမယ်တွေကို ခိုးယူနေသလို ဖြစ်မနေဘူးလား…” ရှနင်းချန်စိတ်ထဲ လိပ်ပြာမလုံသလို ခံစားနေရသည်။

“အဲ့လိုမျိုး မဟုတ်ဘူးလေ” ရန်ကိုင်က ခေါင်းခါလျက် “သေချာစဉ်းစားကြည့်၊ စီနီယာမမလေးရယ်၊ အဲ့ကောင်မလေး ပြောသွားတာ နန်းတော်ထဲက ဆေးဝိဇ္ဇာတွေ ဆေးဖော်စပ်ရင် နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ အောင်မြင်တယ်တဲ့။ ဆိုလိုတာက ရှစ်ဆယ်ရာခိုင်နှုန်းက အမှိုက်ဖြစ်သွားတယ်ပေါ့။ ဒါပေမယ့် စီနီယာမမလေးက သူတို့နဲ့ မတူဘူးလေ။ စီနီယာမမလေးသာ အကောင်းဆုံး ကြိုးစားရင် ရှစ်ဆယ်၊ ကိုးဆယ် ရာခိုင်နှုန်းလောက်ကို အသာလေး ဆေးလုံး ပြောင်းနိုင်တယ်။ တစ်ခါတစ်လေ မအောင်မြင်ဘူး ဆိုရင်တောင် တစ်ကြိမ်၊ နှစ်ကြိမ်လောက်က ဘာမှ ထည့်တွက်နေစရာ မလိုဘူး။ ဒီတော့ ကျွန်တော်တို့ဘက်က သုံးဆယ်ရာခိုင်နှုန်းလောက်ကိုပဲ ပြန်ပို့မယ်ဆိုရင်တောင် လနီမျိုးနွယ်စုခေါင်းဆောင်အတွက် အတော်လေး မြတ်နေပြီလို့ ပြောလို့ရတယ်။ သူမြတ် ကိုယ်မြတ်ပဲလေ။ ဘာတွေ မသင့်တော်တာ ရှိလို့လဲ”

“ဂျူနီယာမောင်လေး ပြောတာ ဟုတ်တယ်ဆိုပေမယ့် အဲ့လို လုပ်ရမှာ ငါ့စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေတယ်” ရှနင်းချန်က သူမ၏ နှုတ်ခမ်းလေးကို တွန့်ကွေးလျက် ပြန်ပြောလိုက်သည်။

သူမ၏ ဂျူနီယာမောင်လေး ပြောသည့်အစီအစဉ်အရ သူမကိုယ်သူမ သူခိုးတစ်ယောက်ဟု ခံစားနေရသည်။ သို့သော် ရန်ကိုင်က ပြောနေခြင်းဖြစ်သဖြင့် နောက်ဆုံးတွင် ရှနင်းချန်လည်း သဘောတူလိုက်လေသည်။

ရှနင်းချန်အတွက် ဆေးဖော်စပ်ခြင်းသည် ကျင့်ကြံခြင်းဖြစ်ပြီး ပျော်စရာအလုပ်တစ်ခုလည်း ဖြစ်သည်။ ထို့အပြင် လက်ရှိ သူမသည် တန်ခိုးရှင်ပထမအဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေခဲ့လေပြီ။ အစစ်အမှန် ဆေးပညာကျမ်းကို လေ့လာပြီးနောက် ဆေးပညာလမ်းစဉ်အပေါ် သူမ၏ နားလည်မှုတို့ တစ်ဟုန်ထိုး မြင့်မားတိုးတက်လာခဲ့ရသည်။

ထို့အပြင် မကြာသေးခင်ကလည်း ဆေးတိမ်တိုက်ပါသော တန်ခိုးရှင်အဆင့် ဆေးလုံးတစ်လုံးကို‌ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သေးသည်။ ထိုသို့ ဖော်စပ်နိုင်ခဲ့သည့်အတွက် ဆေးပညာလမ်းစဉ်အပေါ် ပို၍ နက်နက်နဲနဲ လာခဲ့ရသည်။ ဆေးပညာနှင့် ပက်သက်လျှင် ရှနင်းချန်၏ ပါရမီကို ရန်ကိုင်ပင်လျှင် လေးစားရသည်။

ဆေးအမယ်များသည် အလွန်ကိုမှ မြင့်မားသောနှုန်းဖြင့် ဆေးလုံး အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲနေခဲ့သည်။

ရန်ကိုင်လည်း အားအားယားယား ထိုင်မနေခဲ့ချေ။ အစစ်အမှန် ဆေးပညာကျမ်းထဲတွင် ဖော်ပြထားသော ဆေးအမယ်တစ်စုံဖြင့် ဆေးလုံးဆယ်လုံးက ဖော်စပ်နိုင်သော ဆေးဖော်စပ်နည်းကို စမ်းသပ်လေ့ကျင့်နေခဲ့လေသည်။

သူသာ ထိုနည်းလမ်းကို အောင်မြင်သွားခဲ့လျှင် ကြယ်စီရင်စု၏ ဆေးပညာလောကကြီးတစ်ခုလုံးကို ပြောင်းလဲနိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုနည်းလမ်းကို မည်သို့ အောင်မြင်အောင် လုပ်ရမလဲ ဆိုသည်နှင့် ပက်သက်၍ ရန်ကိုင်တွင် သဲလွန်စ နည်းနည်းလေးပင် မရှိချေ။ ထို့ကြောင့် ဆေးလုံးများကို ဖော်စပ်လေ့လာရင်း ထိုနည်းလမ်းအား ဖော်ထုတ်နိုင်မည့် အဖြေကို စမ်းတဝါးဝါးဖြင့် ရှာကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

သူတို့နှစ်ယောက် အတိုင်အဖောက်ညီညီဖြင့် ဖော်စပ်နေလိုက်ရာ ရက်အနည်းငယ်အတွင်း အစေခံမလေး လာပို့ထားသည့် ဆေးအမယ်အားလုံး ကုန်ဆုံးသွားခဲ့လေသည်။

ရက်အနည်းငယ်ကြာပြီးနောက် အစေခံမလေးသည် ဆေးအမယ် အသစ်တစ်သုတ် ထပ်မံ ယူဆောင်လာခဲ့သည်။ ရှနင်းချန်ကလည်း သူမ ဖော်စပ်ထားသည့် ဆေးလုံးဆယ်နှစ်လုံးပါ ဆေးပုလင်းကို အစေမခံမလေးကို ပြန်ပေးလိုက်လေသည်။ ဆေးပုလင်းထဲရှိ ဆေးလုံး အရေအတွက်ကို မြင်ပြီးနောက် အစေခံမလေး ထိတ်လန့်တုန်လှုပ်သွားခဲ့၏။

သူမ ဆေးအမယ်များကို လာပို့ထားခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ဆေးဝိဇ္ဇာရှသည် ထိုဆေးအမယ်အားလုံးကို ရက်အနည်းငယ်အတွင်း ကုန်စင်အောင် ဆေးဖော်စပ်ပြသွားခဲ့၏။ ထို့အပြင် သူမ ဖော်စပ်ထားသည့် ဆေးလုံး အရေအတွက်သည် နန်းတော်ထဲရှိ အခြား ဆေးဝိဇ္ဇာများသည် ဖော်စပ်လေ့ရှိသည့် ဆေးလုံး အရေအတွက်ထက် တစ်ဆယ်ရာခိုင်နှုန်းပင် ပိုများနေသေး၏။

အစိမ်းရောင်ဝတ်ရုံ ဝတ်ထားသည့် အစေခံမလေး သူ့မျက်လုံးသူ မယုံနိုင်အောင် ဖြစ်နေခဲ့သည်။

ဆေးပုလင်းထဲရှိ ဆေးလုံးများသည် သူမ လာပို့ထားခဲ့သည့် ဆေးအမယ်များသုံး၍ ဖော်စပ်ရသည့် ဆေးလုံးများနှင့် တူညီနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရှနင်းချန်သည် သူမ ဖော်စပ်ပြီးသာ ဆေးလုံးများကို ပေးလိုက်သည်ဟု အထင်မှားမိမည်သာ။

မျိုးနွယ်စုခေါင်းဆောင် သူမအား တန်ဖိုးထားနေသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ သူမတွင် ထိုကဲ့သို့ အရည်အချင်း ရှိနေသည်ကိုး။

ထိုအကြောင်းကို သိလိုက်ရချိန် အစေခံမလေးသည် ရန်ကိုင်အား ပို၍ ကြည့်မရ ဖြစ်သွားခဲ့လေသည်။ ထိုကောင်လေးသည် ဘာမှ မလုပ်ဘဲ အေးအေးဆေးဆေး နေပြီး ရိုးသားအပြစ်ကင်းစင်သည့် မိန်းကလေးကို သူ့ဘေးနား၌ တစ်ချိန်ကုန် ခေါ်ထားရဲသည်။ ဆေးဝိဇ္ဇာရှကို တစ်ယောက်ယောက်မှ လုယူသွားမည်ကို ကြောက်နေသည့် ပုံစံမျိုးပင်။

သို့သော်လည်း ဤကိစ္စနှင့်ပက်သက်၍ သူ့ကိုချည်း သွားအပြစ်တင်၍ မရချေ။ တကယ်တော့ သူ့ကိုယ်တိုင်တွင် ဘာစွမ်းရည်မှ မရှိလေဘဲ။ အသက်ရှင်နေဖို့ရာ မိန်းမတစ်ယောက် အပေါ် အားကိုးနေရသည့် ဘဝသည် သူအားကိုးအားထားရာ ဖြစ်သော အမျိုးသမီးကို အခြားတစ်ယောက်မှ လုယူသွားမည်ကို မစိုးရိမ်ဘဲ ဘယ်နေမည်နည်း။ ထို့အပြင် ဆေးဝိဇ္ဇာရှကဲ့သို့သော အမျိုးသမီးကို မလိုချင်သည့်လူ မည်သူမှ မရှိပေ။

“ဆေးဝိဇ္ဇာရှ၊ ဒီထဲမှ ဆေးအစုံတစ်ရာအတွက် တန်ခိုးရှင်အဆင့် ဆေးအမယ်တွေပါ။ လိုအပ်တဲ့ ဆေးအမယ်တွေ ရှိသေးရင် ကြိုက်တဲ့ အစေခံကို တောင်းလိုက်ပါတဲ့။ နန်းတော်က ဆေးဝိဇ္ဇာရှ လိုအပ်တာတွေကို ဖြည့်ဆည်းပေးပါမယ်လို့ မျိုးနွယ်စုခေါင်းဆောင် သခင်မက ပြောလိုက်ပါတယ်” အစေခံမလေးက ဆေးအမယ် အသစ်များပါသည့် သိုလှောင်လက်စွပ်ကို လေးလေးစားစား ပေးရင်း ပြောလိုက်လေသည်။

“ကျေးဇူးပဲ” ရှနင်းချန်က ပြုံး၍ ပြန်ပြောလိုက်သည်။

“အဲ့နားမှာ ချထားလိုက်” ရန်ကိုင်က ပြောလိုက်သည်။

အစေခံမလေးသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး သိုလှောင်လက်စွပ်ကို ချထားလိုက်ပြီးနောက် ရုတ်တရက် အော်ပြောလိုက်လေသည် “ဆေးဝိဇ္ဇာရှကို ကောင်းကောင်း ဆက်ဆံပါ အရှက်မရှိတဲ့ မိန်းမအားကိုးကောင်ရဲ့”

ပြောပြီးသည်နှင့် ဒေါသတကြီး ထွက်သွားလေသည်။

ရန်ကိုင်မှာမူ ကြောင်တောင်တောင် အမူအရာဖြင့် ကျန်ခဲ့လေသည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် သူ့ဘာသာ ရေရွတ်လိုက်လေ၏ “ငါသူ့ကို ဘာလုပ်လိုက်မိလို့ ငါ့ကို လာဒေါသထွက်နေရတာလဲ”

ထိုအခြင်းအရာကိုကြည့်ရင်း ရှနင်းချန်က တခစ်ခစ် ရယ်မောလျက် ပြန်ပြောလိုက်သည် “အခြားသူတွေရဲ့ အထင်အမြင်တွေကို ဂရုစိုက်မနေနဲ့ ဂျူနီယာမောင်လေး၊ ဂျူနီယာမောင်လေး ဘယ်လောက် တော်တယ်ဆိုတာကို ငါသိရင် အဆင်ပြေတယ်”

ရှနင်းချန်စကားကို ကြားပြီးနောက် ရန်ကိုင်ရင်ထဲ နွေးထွေးသွားခဲ့ရသည်။

ထို့နောက် ရှနင်းချန်က ခေါင်းလေးညိတ်၍ တိုးတိုးလေး ပြောလိုက်လေသည် “တကယ်တမ်း ပြောရရင် သူတို့ ဒီလို ထင်တာလည်း ကောင်းတယ်။ မဟုတ်လို့ ဂျူနီယာမောင်လေး နောက်ကို မိန်းမတွေအများကြီး လိုက်လာနေကြမှာ”

“စီနီယာမမလေးက အဲ့လိုပြောနေမှတော့ ဒီမိန်းမအားကိုး ကောင်လေးကို စောင့်ရှောက်ပေးဖို့ စီနီယာမမလေးကိုပဲ အားကိုးတော့မယ်နော်” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။

မိန်းမအားကိုးကောင်လေး ဆိုသောစကားသည် သူမစိတ်ထဲရှိ ရှက်စရာ အတိတ်ဖြစ်ရပ်အချို့ကို ပြန်အမှတ်ရစေသဖြင့် ရှနင်းချန်၏ မျက်နှာလေး ရဲတက်သွားခဲ့ရလေသည်။

လနီပိုင်နက်သည် မွန်းစတားဧကရာဇ်ကြယ်ပေါ်ရှိ အားအကောင်းဆုံး ပိုင်နက်ဆယ်ခုအနက်တွင် ထိပ်ဆုံးသုံးခုထဲ ပါဝင်ပြီး အရင်းအမြစ်များ ပေါကြွယ်ဝသည့် နေရာတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် မွန်းစတားဧကရာဇ်ကြယ် ဖြစ်သည့် အလျောက် မရေမတွက်နိုင်သော မွန်းစတားသားရဲများကို ဤနေရာတွင် နေရာတိုင်း၌ မြင်တွေ့နိုင်ပေသည်။ ထို့ကြောင့် နန်းတော်ထဲတွင် ဆေးဖော်စပ်ရာ၌ လိုအပ်သော ဆေးအမယ်များ ဖြစ်ကြသည့် ဆေးပင်များ၊ မွန်းစတား အစိတ်အပိုင်းများနှင့် မွန်းစတား အမြူတေများ ပေါပေါသောသော ရှိနေခဲ့သည်။

ထို့ကြောင့်အတွက် နန်းတော်သည် ရှနင်းချန် မည်မျှပင် တောင်းဆိုနေစေကာမူ သူမ၏ တောင်းဆိုမှုများကို ချွင်းချက်မရှိ ဖြည့်ဆည်းပေးနိုင်ပေသည်။

အကျိုးအမြတ်များများ ရနိုင်ရန်အတွက် ရန်ကိုင်သည် ရှနင်းချန်နှင့် အတူပူးပေါင်း၍ ဆေးလုံးများကို ဖော်စပ်ပေးလေသည်။ ဆေးတစ်သုတ် ရောက်လာပြီးနောက်တွင် သုံးဆယ်ရာခိုင်နှုန်းကို ဆေးလုံးများအဖြစ် ဖော်စပ်ပြီး အစေမခံလေးဆီ ပြန်ပေး၏။ ကျန်ခုနှစ်ဆယ် ရာခိုင်နှုန်းမှာမူ ရန်ကိုင်၏ အိတ်ကပ်ထဲသို့ ရောက်သွားခဲ့လေသည်။

အဆင့်မြင့် ဆေးအမယ်များကို အလကားရနိုင်သည့် ဤကဲ့သို့ အခွင့်အရေးမျိုးသည် ရခဲလှသဖြင့် ရန်ကိုင်သည် ဤအခွင့်အရေးကို အကျိုးရှိရှိ အသုံးချနေခြင်း ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် ဤတန်ခိုးရှင်အဆင့် ဆေးအမယ်များသည် သူ့အတွက် သိပ်ပြီး အဖိုးမတန်တော့ချေ။ တန်ခိုးရှင်အဆင့် ဆေးလုံးမည်မျှကို သူထပ်ပြီး ဖော်စပ်နေပါစေ သူ့ဆေးပညာအဆင့်ကို တိုးတက်လာအောင် လုပ်နိုင်တော့မည် မဟုတ်ဘဲ ဆေးလုံး ဖော်စပ်ခြင်းကို ပိုမို ကျွမ်းကျင်သွားအောင်သာ လုပ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ရှနင်းချန်ကတော့ မတူချေ။ ရှနင်းချန်သည် သူမ၏ ကျင့်ကြံခြင်းကို တိုးတက်ရန်အတွက် ဆေးလုံးများများ ဖော်စပ်ရန် လိုအပ်သည် ဆေးအမယ်များစွာ လိုအပ်ပေသည်။

ထုန်းရွှမ်လောကကြီး၏ ကြယ်သခင် ဖြစ်သည့်အလျောက် သူမ၏ မွေးရပ်ဖြစ်သည့် ထုန်းရွှမ်လောကကြီးကို တိုးတက်လာအောင် လုပ်နိုင်ရန်အတွက် ရှနင်းချန် အနေဖြင့် သူမ၏ ကျင့်ကြံခြင်းကို မြန်နိုင်သမျှ မြန်မြန် မြှင့်တင်ရန် လိုအပ်ပေသည်။

နန်းတော်ထဲရှိ ရရှိလိုက်သည့် ဆေးအမယ်းများသည် ရှနင်းချန်၏ ကျင့်ကြံခြင်းကို တိုးတက်အောင်လုပ်ရန်အတွက် လိုအပ်သည့် ပစ္စည်းများသာ ဖြစ်ကြပေသည်။

ရှနင်းချန်၏ ထူးချွန်ပြောင်မြောက်သော စွမ်းရည်ဆောင်ကို မြင်ပြီး ချီယွဲ့ အလွန် ကျေနပ်မိနေသည်။

နန်းတော်ထဲတွင် အခြားသော ဆေးဝိဇ္ဇာများ ရှိနေသော်ငြား ထိုဆေးပညာရှင် အားလုံး ပေါင်းလျှင်ပင် ရှနင်းချန်၏ ခြေဖျားကို မမှီချေ။ ချီယွဲ့အတွက် ရှနင်းချန် တစ်ယောက်တည်းသည် ထိုဆေးပညာရှင် အားလုံးထက် ပိုပြီး အသုံးဝင်ပေသည်။

ရှနင်းချန်သာ လနီမျိုးနွယ်စုအတွက် ဆယ်နှစ်လောက် အလုပ်လုပ်ပေးနိုင်လျှင် လနီမျိုးနွယ်စု အနေဖြင့် နောက်ထပ် တန်ခိုးရှင်အဆင့် အယောက် တစ်ရာလောက်ကို ဖန်တီးနိုင်ပေလိမ့်မည်။

ထိုစကားမှာ ချဲ့ကားပြောနေခြင်း မဟုတ်ချေ။ ဆယ်နှစ်အတွင်း ရှနင်းချန် ဖော်စပ်ခဲ့သည့် ဆေးလုံးများကိုသာ ပါရမီမြင့်မားသော မွန်းစတားမျိုးနွယ်စုဝင်များကိုသာ ပေးလိုက်မည်ဆိုလျှင် ထိုပါရမီရှင်များသည် အလွန်ကိုမှ လျင်မြန်သော အမြန်နှုန်းဖြင့် အားကောင်းလာကြပေလိမ့်မည်။

ထို့ကြောင့် ချီယွဲ့သည် ရှနင်းချန်၏ တောင်းဆိုချက်မှန်သမျှကို နှောင့်နှေးခြင်းမရှိ ချက်ချင်း ဖြည့်ဆည်းပေးလေသည်။ သူမက ထိုကဲ့သို့ ဖြည်းဆည်းပေးနေသည့် အတွက် ရန်ကိုင်လည်း ဆေးအမယ် မြောက်မြားစွာကို သူ့အိတ်ကပ်ထဲသို့ ထည့်နေနိုင်ခဲ့သည်။

တန်ခိုးရှင်ဘုရင်အဆင့် ဆေးအမယ်များကို ချီယွဲ့ဆီမှ သွားတောင်းကြည့်လျှင် ကောင်းမလားဟုပင် တွေးမိနေလေပြီ။

မွန်းစတားဧကရာဇ်ကြယ်တွင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် တစ်ယောက်မှ ပေါ်မလာခဲ့ဖူးချေ။

ထို့ကြောင့် နန်းတော်ထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးအမယ် အမြောက်အများ ရှိလောက်ပေသည်။

ရန်ကိုင်သည် ထိုအကြောင်းနှင့် ပက်သက်၍ ရှန်ချင်းလော့အား တိတ်တဆိတ် မေးကြည့်လိုက်ရာ ချီယွဲ့တွင် တန်ခိုးရှင်ဘုရင် အဆင့် ဆေးအမယ်များအပါအဝင် အဖိုးတန် ပစ္စည်းများစွာကို သိမ်းဆည်းထားသော အထူးဂိုဒေါင်တစ်ခုရှိကြောင်း သိရှိလိုက်ရသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၈၀)

(ရွှယ့်လျန်)

ရှနင်းချန် ဆေးဖော်စပ်နေစဉ် အတောအတွင်း၌ ရန်ကိုင်သည် ချီယွဲ့၏ ဂိုဒေါင်ထဲမှ ဆေးပင်များကို မည်ကဲ့သို့ ရယူရမည်လဲ ဆိုသည်နှင့် ပက်သက်၍ အကြံထုတ်နေခဲ့သည်။

နည်းလမ်းတစ်ခုသာ ရှိပေသည်။ ကျောက်တုံးရုပ်သေးရုပ်ကို သုံးရန်ပင်။

ကျောက်တုံးရုပ်သေးရုပ်သည် မြေအောက်ထဲတွင် တိုးတိတ်စွာ သွားလာနိုင်ဖြင့် ၎င်း၏ ထူးခြားသော စွမ်းရည်ကြောင့် အခြားလူများ အနေဖြင့် သူ့အား သတိထားမိရန် အလွန် ခက်ခဲ၏။ အရိပ်ကြယ်ပေါ်တွင် ရှိစဉ်က ပုံရိပ်တစ်ထောင်ဖန်ဂိုဏ်းဆီသို့ ဧည့်သည်အဖြစ် သွားရောက်စဉ်က ကျောက်တုံးရုပ်သေးရုပ်ကို သုံး၍ ပုံရိပ်တစ်ထောင်ဖန်များကို ခိုးယူခဲ့ဖူးပေသည်။

သို့သော်လည်း လက်ရှိ အခြေအနေသည် ထိုစဉ်က အခြေအနေနှင့် ယှဉ်လိုက်လျှင် အနည်းငယ် ကွာခြားနေပေသည်။

ပုံရီပ်တစ်ထောင်ဖန်တောင်ကို ပုံရိပ်တစ်ထောင်ဖန်ဂိုဏ်းမှ တင်းတင်းကြပ်ကြပ် ကာကွယ်ထားသော်လည်း ထိုဂိုဏ်းမှ ပညာရှင်များသည် ကျောက်တုံးရုပ်သေးရုပ်ကဲ့သို့သော ထူးဆန်းသည့် သက်ရှိတစ်မျိုး တည်ရှိလိမ့်မည်ဟု မထင်ထားသည့် အတွက် သူတို့၏ စောင့်ကြည့်မှုအောက်မှ ပုံရိပ်တစ်ထောင်ဖန်ကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့သည်။

သို့သော်လည်း ချီယွဲ့၏ ရတနာဂိုဒေါင်သည် ပုံရိပ်တစ်ထောင် ဖန်တောင်ထက် ပိုပြီး အကာအကွယ် တင်းကြပ်ပေသည်။

ကျောက်တုံးရုပ်သေးရုပ်တွင် အသုံးဝင်သော စွမ်းရည်များစွာ ရှိသော်လည်း ၎င်း၏ အသိဥာဏ်မှာ အတော်လေး နိမ့်ကျ၏။ ရန်ကိုင်သာ ကျောက်တုံးရုပ်သေးရုပ်ကို မဆင်မခြင် လွှတ်လိုက်လျှင် တစ်ဖက်လူများ သတိပြုမိသွားနိုင်ပေသဖြင့် သူကိုယ်တိုင် လုပ်ရန်သာ ရှိတော့လေ၏။

ထိုသို့ ဆုံးဖြတ်ပြီးသော် ဆက်ပြီး တွေဝေတုန့်ဆိုင်းမနေတော့ဘဲ ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်ကို ထုတ်လိုက်လေသည်။ ဤကျောက်တုံးရုပ်သေးရုပ်သည် ရှောင်ရှောင်နှင့် မျိုးနွယ်တူ ဖြစ်သော်လည်း မွေးခါစတွင် ဝိဥာဉ် ဖြစ်ပေါ်လာခြင်း မရှိသည့် အတွက် အသိဥာဏ်မရှိသော သက်ရှိတစ်မျိုး ဖြစ်လာခဲ့၏။

အကျိုးဆက်အနေဖြင့် ဤကျောက်တုံးရုပ်သေးရုပ်သည် ရန်ကိုင်၏ ဝိဥာဉ်ကိုယ်ပွား နေထိုင်ရန်အတွက် အသင့်တော်ဆုံး ခန္ဓာကိုယ် တစ်ခု ဖြစ်လာခဲ့ရလေသည်။ ရှောင်ရှောင်နှင့်မတူ ရွှေရောင် ဖြစ်နေရခြင်းမှာမူ ရန်ကိုင်၏ ရွှေရောင်သွေးစက်များစွာကို စုပ်ယူထားသည့် အတွက်ကြောင့် ဖြစ်ပေသည်။

သူ့ရှေ့ရှိ ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်ကို ကြည့်ရင်း ရန်ကိုင် ခေါင်းတညိတ်ညိတ် လုပ်လိုက်ပြီး အသိစိတ်ပင်လယ်ထဲမှ ဝိဥာဉ်ကိုယ်ပွားကို ထုတ်ကာ ကျောက်တုံးရုပ်သေးရုပ်ထဲသို့ ထည့်သွင်းလိုက်လေသည်။

မကြာမီတွင် ပိတ်နေသော ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်၏ မျက်ဝန်းအစုံ တဖြည်းဖြည်း ပွင့်လာခဲ့လေသည်။ လက်ရှိ မျက်လုံးများသည် အသိစိတ်မရှိသည့် မျက်လုံးများနှင့် မတူဘဲ အသိဥာဏ်ရှိသော သက်ရှိတစ်ကောင်၏ မျက်လုံးများနှင့် ဆင်တူပေသည်။

ရန်ကိုင်သည် သူ့မျက်လုံးများကို ပိတ်လိုက်လေသည်။ သူ့အမူအရာလည်း မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ရလေသည်။

အကြိမ်မည်မျှ ခံစားခဲ့ရပါစေ ဤကဲ့သို့လုပ်လိုက်တိုင်း သူ့စိတ်ထဲ အမြဲတမ်း အဆန်းတကြယ် ခံစားခဲ့ရသည်။ ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်ထဲသို့ သူ့ဝိဥာဉ်ကိုယ်ပွားကို ထည့်လိုက်ခြင်းသည် သူ့ကိုယ်သူ နှစ်ကိုယ်ခွဲလိုက်သလို ခံစားရစေသည်။

မူရင်း ခန္ဓာကိုယ်၏ ခံစားချက်များ၊ အာရုံခံစားမှုများကို ခံစားနိုင်ရုံမက ရွှေရောင်ကျောက်တုံးရုပ်သေးရုပ် မြင်သမျှ၊ ကြားသမျှ၊ ခံစားရသမျှ အားလုံးကို မြင်ကြားခံစားနိုင်ပေသည်။

တကယ်ကို ထူးဆန်းပြီး ရှင်းပြရခက်ခဲသည့် ခံစားချက်မျိုးပင်။

ရန်ကိုင်သည် ချက်ချင်း မလှုပ်ရှားသေးဘဲ ခန္ဓာကိုယ်အသစ်နှင့် အသားကျသွားအောင် အရင် လှုပ်ရှားကြည့်လိုက်သည်။ ခန္ဓာကိုယ် အသစ်နှင့် ရင်းနှီးသွားပြီဆိုမှ မြေအောက်ထဲသို့ တူးဝင်သွား၏။

ကျောက်တုံးရုပ်သေးရုပ်သည် ငါးတစ်ကောင် ရေထဲတွင် ကူးခတ်သွားလာနိုင်သကဲ့သို့ မြေကြီးထဲသို့ သွားလာနိုင်ပေ၏။ ထို့အပြင် ၎င်း၏ တစ်မူထူးခြားသော ခန္ဓာကိုယ်ကြောင့် သူ့ကိုယ်သူ မြေထုနှင့် တစ်သားတည်း ထင်သွားအောင် ကိုယ်ယောင်ဖျောက်ထားနိုင်ပေသည်။

ကျောက်တုံးရုပ်သေးရုပ်ကို မည်သူမှ သတိမပြုမိခဲ့ချေ။

သွားရမည့် လမ်းကြောင်းနှင့် ပက်သက်၍မူ ရှန်ချင်းလော့ကို ကြိုတင် မေးမြန်းထားပြီးသား ဖြစ်သဖြင့် ဦးတည်ရာမဲ့ လိုက်ပြီး ရှာနေစရာ မလိုတော့ချေ။

ခဏလောက် ကူးခတ်သွားလာပြီးနောက် မကြာခင်တွင် ရတနာဂိုဒေါင် အောက်ခြေသို့ ရောက်ရှိလာခဲ့သည်။ အောက်သို့ ရောက်သည်နှင့် ကောင်းကင်စိတ်အာရုံကို အပေါ်ဘက်သို့ ဖြန့်ကျက်ကြည့်လိုက်သည်။

သူထင်ထားသည့်အတွက် ရတနာဂိုဒေါင်၏ အောက်ခြေအား အစီအရင်တစ်ခုဖြင့် ကာကွယ်ထားသည်ကို တွေ့ရှိလိုက်ရသည်။ သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ချိန် မမြင်နိုင်သော အကာအရံတစ်ခုနှင့် သွားရိုက်ခတ်မိပြီး ရှေ့ဆက် မတိုးနိုင်တော့သည်ကို တွေ့ရှိလိုက်ရသည်။

သို့သော်လည်း ထိုမမြင်နိုင်သော အကာအရံသည် သိပ်ပြီး အားကောင်းခြင်းမရှိပေ။ ထို့ကြောင့် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို စုစည်းလျက် ထိုအကာအရုံကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။

ထိုအကာအရံကို ထိုးဖောက်ရန်မှာ အလွယ်လေး ဖြစ်သော်ငြား အခြားသူများ သတိပြုမိသွားမည်ကို စိုးရိမ်သဖြင့် သူ့ခွန်အားကို အရမ်းကြီး မသုံးရဲခဲ့ချေ။

သို့သော်ငြား သူ့ကောင်းကင်စိတ်အာရုံ မမြင်နိုင်သော အကာအရံကို ထိုးဖောက်ရန် ကြိုးစားလိုက်ချိန် နန်းတော်ထဲရှိ တစ်နေရာဆီမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ရပ် ရုတ်တရက် ဖြာထွက်လာခဲ့လေသည်။ ထိုအရှိန်အဝါကို ခံစားမိလိုက်သည့်လူအားလုံး ဖြူဖတ်ဖြူလျော် ဖြစ်သွားကြ၏။

ဟင်းလင်းပြင်တွင်းမှ မမြင်နိုင်သော မျက်လုံးတစ်စုံ ပွင့်လာပြီး နန်းတော်တစ်ခုလုံးကို စီးမိုးကြည့်၍ အားလုံး၏ လှုပ်ရှားမှုကို စောင့်ကြည့်နေသည့်နှယ်၊ မည်သူမှ ထိုအကြည့်အောက်တွင် မဆင်မခြင် မလှုပ်ရှားရဲကြတော့ပေ။

အားကောင်းလှသော အရှိန်အဝါသည် နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားပြီးနောက် ဒီရေကျသည့်နှယ် တဖြည်းဖြည်း ပြန်လည်း ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအရှိန်အဝါ ပျောက်ကွယ်သွားသည်နှင့် လူပေါင်းများစွာသည် ချွေးသီးချွေးပေါက်များကျလျက် မြေကြီးပေါ်သို့ အားမရှိသည့်နှယ် လဲပြိုကျကုန်လေသည်။ နန်းတော်ထဲရှိ တန်ခိုးရှင်အဆင့် ပညာရှင်များသည် သူတို့တစ်ကိုယ်လုံး အားမရှိတော့သည့်နှယ် ပျော့ခွေချင်လာခဲ့သည်။

“မျိုးနွယ်စုခေါင်းဆောင်သခင်မ ဘာကိုရှာနေတာလဲ”

“ငါလည်မသိဘူး။ တစ်ယောက်ယာက် မျိုးနွယ်စုခေါင်းဆောင် သခင်မကို ဒေါသထွက်အောင်များ လုပ်လိုက်တာလား”

အကုန်လုံး နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။

အစောပိုင်းက ရုတ်တရက် ထွက်ပေါ်လာခဲ့သော အရှိန်အဝါသည် မျိုးနွယ်စုခေါင်းဆောင် သခင်မ၏ အရှိန်အဝါ ဖြစ်ပေသည်။

ရန်ကိုင်သည်လည်း အံ့အားသင့်နေခဲ့သည်။ ချီယွဲ့၏ တုန့်ပြန်မှု ဤမျှ မြန်ဆန်လိမ့်မည်ဟု သူလည်း မထင်ထားခဲ့ချေ။ ကျောက်တုံး ရုပ်သေးရုပ်၏ မြေထုနှင့်ရောပြီး ကိုယ်ယောင်ဖျောက်နိုင်သည့် စွမ်းရည်ကြောင့်သာ မဟုတ်လျှင် လနီမျိုးနွယ်စုခေါင်းဆောင် သခင်မ သူ့အား တွေ့သွားလောက်ပေပြီ။

ထိုကဲ့သို့ ဖြစ်ပြီးနောက်ပိုင်း ရန်ကိုင်သည် ရတနာဂိုဒေါင်ထဲမှ ရတနာများအား ခိုးယူမည့်အကြံကို စွန့်ပယ်ပြီး သူနေထိုင်သည့် နေရာဆီသို့ ချက်ချင်း ပြန်လှည့်ပြေးလာခဲ့လေသည်။

ချီယွဲ့၏ နန်းတော်ဆောင်ထဲတွင်၊ ချီယွဲ့သည် မျက်မှောင်ကြုတ်၍ ဇဝေဇဝါ ဖြစ်နေဟန်ဖြင့် “ရတနာဂိုဒေါင်ရဲ့ အကာအရံကို တစ်ယောက်ယောက် ထိသွားတာ သေချာပါတယ်။ ဘာလို့ ဘာမှ ရှာမတွေ့ရတာလဲ”

သူမ၏ နယ်ပယ်အတွင်း၊ သူမ စောင့်ကြည့်နေသည့် စက်ကွင်းအတွင်း မည်သူမှ ပုန်းကွယ်နိုင်လိမ့်မည် မဟုတ်ဟု ထင်သဖြင့် တစ်ယောက်ကိုမှ ရှာမတွေ့ရခြင်းမှာ ရတနာဂိုဒေါင်၏ အကာအရံသည် အချိန်ကြာသဖြင့် တစ်နေရာရာ ချို့ယွင်းသွားခြင်း ဖြစ်မည်ဟုသာ ကောက်ချလိုက်လေသည်။

ထိုကဲ့သို့ တွေးလိုက်ပြီးနောက် ထိုအကြောင်းကို ဆက်ပြီး စဉ်းစားမနေတော့ဘဲ စိတ်ဝင်တစားပြုံး၍သာ ရေရွတ်လိုက်၏ “ဒီတစ်ကြိမ်တော့ ယုရှုန်း ခေါင်းသုံးတတ်သွားပြီပဲ။ ဓါးငှားပြီးတော့ လုပ်ကြံတတ်နေပြီ။ လူသားကောင်လေး၊ နင့်မှာ ဘယ်လို အရည်အချင်းရှိလဲ ဒီဘုရင်မ ကြည့်ကြည့်ရတာပေါ့”

ထိုကဲ့သို့ ရေရွတ်ပြီးနောက်တွင် ရှနင်းချန် နေနေသည့် နေရာဆီသို့ ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်လိုက်လေသည်။

ရွှေရောင်ကျောက်တုံးရုပ်သေးရုပ်ကို အနက်ရောင်စာအုပ်ထဲသို့ ပြန်ထည့်လိုက်ပြီးရုံတင် ရှိသေးသော ရန်ကိုင်သည် တစ်ခုခုကို ခံစားမိလိုက်သည့်အလား မျက်မှောင်ကြုတ်လျက် တစ်ခုသော ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။

ယခု တစ်ယောက်ယောက်မှ သူ့အား စောင့်ကြည့်နေသလို ခံစားလိုက်ရသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သေချာ စစ်ဆေးကြည့်လိုက်သော်ငြား ဘာကိုမှ မတွေ့ခဲ့ရချေ။

အစောပိုင်းက အဖြစ်အပျက်နှင့် ပက်သက်၍ ချီယွဲ့ တစ်ခုခုများ ရှာတွေ့သွားပြီး သူ့အား သံသယဝင်သွားခြင်းပေလား။

ရန်ကိုင် မျက်နှာပျက်သွားခဲ့သည်။

“အို… ဒီကောင်လေး အာရုံစူးရှသားပဲ” ချီယွဲ့ ပြုံးလိုက်၏။

တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ရောက်နေသည့် သူမအဖို့ တန်ခိုးရှင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို တစ်ဖက်လူ သတိမထားမိဘဲ စောင့်ဖို့ရာ အလွယ်လေးပင်။ သို့သော် ရန်ကိုင်သည် သူ့အား တစ်ယောက်ယောက်မှ စောင့်ကြည့်နေသည်ကို ချက်ချင်း သတိပြုမိသွားခဲ့သည်။

သတိပြုမိလိုက်သော်လည်း သူ့အကန့်အသတ်သည် သတိပြုမိရုံသာ ဖြစ်ပြီး သူ့အား စောင့်ကြည့်နေသော ကောင်းကင်စိတ်အာရုံကို အာရုံမခံမိခဲ့ချေ။

စိတ်ဝင်စားစရာတော့ ကောင်းသွားပြီ ချီယွဲ့ သူမဘာသာ တွေးလိုက်သည်။

ရန်ကိုင်ကမူ တင်ပလင်ခွေထိုင်လျက် မျက်မှောင်ကြီးကြုတ်ကာ ထိုင်စဉ်းစားနေခဲ့သည်။ ခဏမျှ စဉ်းစားနေပြီးနောက် မျက်လုံး ပိတ်၍ စိတ်ငြိမ်အောင် ကြိုးစားလိုက်လေသည်။

“တောင်းပန်ပါတယ် သခင်လေးတို့။ ဒီနေရာက ဆေးဝိဇ္ဇာရှဲ့ရဲ့ ကိုယ်ပိုင်နားနေဆောင်ပါ။ သူ့ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ဆေးဖော်စပ်နေတာကို နှောင့်ယှတ်ခွင့်မရှိဘူးလို့ မျိုးနွယ်စု ခေါင်းဆောင် သခင်မက အမိန့်ပေးထားပါတယ်။ သခင်လေးတို့ ကျေးဇူးပြုပြီး ပြန်လှည့်သွားပေးကြပါ”

ထိုစကားသံကို ကြားလိုက်သည့်အခါ ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ စကားပြောလိုက်သည့်လူမှာ သူတို့ဆီသို့ ဆေးအမယ်များ လာပို့ပေးသော အစိမ်းရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် အစေခံမလေး ဖြစ်ပေသည်။ လက်ရှိတွင် သူမသည် တစ်ယောက်ယောက် ဤနေရာသို့ ဝင်လာမည်ကို တားဆီးနေသည့်ပုံပင်။

“ဒီနေရာက ဆေးဝိဇ္ဇာရှဲ့နေတဲ့ နေရာမှန်း ဒီသခင်လေး သိတယ်။ မဟုတ်ရင် ငါ့အဆင့်နဲ့ ဒီလို ချောင်ကျတဲ့နေရာဆီ လာမယ် ထင်နေလား။ ဘေးဖယ်စမ်း၊ ဒီသခင်လေး ဆေးဝိဇ္ဇာရှဲ့နဲ့ ဆွေးနွေးစရာ ရှိတယ်” ခပ်အောအော်အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“သခင်လေးတို့ နှစ်ယောက် သေချာပြန်စဉ်းစားပေးပါ။ မျိုးနွယ်စုခေါင်းဆောင် ပေးထားတဲ့အမိန့်မို့လို့ပါ။ ကျေးဇူးပြုပြီး ဒီအစေခံကို ဒုက္ခရောက်အောင် မလုပ်ပါ့နဲ့” အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အစေခံမလေးသည် ချီယွဲ့၏ နာမည်ကို နောက်တစ်ကြိမ် အသုံးပြုရင်း ထပ်မံ တောင်းပန်လိုက်သည်။

“ထွက်သွားစမ်း” အစောပိုင်းက စကားပြောလိုက်သည့်လူက ဒေါသတကြီး ပြန်ပြောလိုက်သည် “စီနီယာချီယွဲ့ နာမည်နဲ့ ဒီသခင်လေးကို လာမခြိမ်းခြောက်နဲ့။ စီနီယာချီယွဲ့ မေးရင် ဒီသခင်လေးကိုယ်တိုင် ရှင်းပြပေးလိုက်မယ်။ နင့်ကို ရှင်းပြရမှာ မဟုတ်ဘူး။ အစေခံတစ်ယောက်ကများ ဒီသခင်လေးရဲ့ လမ်းကို လာပိတ်ရဲတယ်”

“မိန်းကလေး နင်ဖယ်ပေးသင့်တယ်။ ငါတို့လာတာ ဆေးဝိဇ္ဇာရှဲ့ကို ဆေးလုံးတစ်လုံး ဖော်စပ်ခိုင်းမလို့၊ သူ့ကို နှောင့်ယှတ်မလို့ မဟုတ်ဘူး။ ငါပြောနေတုန်း ဖယ်ပေးလိုက်ရင် ကောင်းမယ်။ အစ်ကိုရွှယ့်လျန်က စိတ်ရှည်တဲ့လူ မဟုတ်ဘူး။ ငါတို့ဘက်က နင့်ကို ရန်စမိလိုက်သလို ဖြစ်သွားခဲ့ရင် သူ့ကိုယ်စား ဒီသခင်လေးကပဲ တောင်းပန်လိုက်မယ်” နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုအသံကို ကြားလိုက်သည့်အခိုက် ရန်ကိုင် လှောင်ပြုံးပြုံးလိုက်လေသည်။

အသံပိုင်ရှင်သည် မီထျန်းဆိုသည့်ကောင်မှလွဲ၍ အခြား မဟုတ်ချေ။

နန်းတော်ထဲသို့ ဝင်လာကတည်းက ထိုသကောင့်သားကို နောက်တစ်ကြိမ် ထပ်မတွေ့ရတော့ချေ။ သို့သော်လည်း မွေးကတည်းက ခြေမွေးမီးမလောင်၊ လက်မွှေးမီးမလောင်၊ လူအားလုံး၏ မြောက်စားခြင်း ခံလာရသည့် လူတစ်ယောက်သည် သူ့အား ရန်စသွားသည့် ရန်ကိုင်ကဲ့သို့ လူတစ်ယောက်ကို မည်သို့မှ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ မီထျန်းအား သတိထားရန် ရှန်ချင်းလော့သည် သူ့အား သတိပေးပြီးသား ဖြစ်သည်။

မီထျန် ဤနေရာသို့ ကောင်းသော လာခြင်းနှင့် လာခြင်း မဟုတ်မှန်း ရန်ကိုင် ခန့်မှန်းမိနေလေပြီ။

သို့သော်လည်း သူနှင့် ပါလာသည့်လူမှာ မည်သူနည်း။ မီထျန်းသည် ထိုလူအား အစ်ကိုရွှယ့်လျန်ဟု ခေါ်ဝေါ်နေပုံကိုကြည့်လျှင် တစ်ဖက်လူ၏ အဆင့်အတန်းသည်လည်း မနိမ့်လောက်ချေ။

ရန်ကိုင် သိချင်မိသွားခဲ့သည်။

“ဆေးဝိဇ္ဇာရှဲ့ကို ဆေးဖော်စပ်ခိုင်းဖို့” အစေခံမလေးသည် တစ်ချက် ကြောင်သွားသော်လည်း ချက်ချင်း ခေါင်းခါလိုက်ပြီး “အဲ့လိုလည်း မဖြစ်ဘူး။ ဆေးဝိဇ္ဇာရှဲ့ကို မျိုးနွယ်စုခေါင်းဆောင် အရမ်း တန်ဖိုးထားတာ။ မျိုးနွယ်စုခေါင်းဆောင်ရဲ့ ခွင့်ပြုချက် မပါဘဲ ဘယ်သူမှ ဆေးဝိဇ္ဇာရှဲ့ကို ဆေးဖော်စပ်ပေးဖို့ တောင်းဆိုလို့ မရဘူး”

“မရဘူး” ရွှယ့်လျန်ဆိုသော မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူက နှာခေါင်းရှုံ့လျက် “ဘာလို့ မရရတာလဲ။ သူ့လို လူသားတစ်ယောက် အနေနဲ့ ဒီသခင်လေးက ဆေးဖော်စပ်ပေးဖို့ လာပြီး တောင်းဆိုတာကိုတောင် ဂုဏ်ယူနေသင့်တာ။ ဘယ်လိုလုပ်ပြီး ငြင်းရဲတာလဲ။ သူငြင်းရဲရင် ဒီသခင်လေး သူ့ကို ချက်ချင်း သတ်ပစ်မှာ”

အစေခံမလေး ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့သည်။ သူမစိတ်ထဲ ကြောက်လန့်သွားခဲ့သော်ငြား လမ်းမဖယ်ပေးသေးဘဲ ခေါင်းမာမာဖြင့် ဆက်၍ ရပ်နေဆဲ။

“ငါနင့်ကို အသက်သုံးရှိုက်စာအ ချိန်ပေးမယ်။ အဲ့တော့မှ လမ်းမဖယ်ပေးဘူးဆိုရင် သေဖို့ ပြ်ငထားပေတော့။ နင့်လို့ အစေမခံလေး တစ်ယောက်ကို သတ်လိုက်ရင်တောင် စီနီယာ ချီယွဲ့ ဒီသခင်လေးကို အပြစ်တင်မှာ မဟုတ်ဘူး။ နင်သေချာစဉ်းစား” ရွှယ့်ယွယ်သည် အစေခံမလေးအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ ပြောလိုက်သည်။

“ကောင်မလေး၊ နင်ဘေးဖယ်လိုက်တာ ပိုကောင်းမယ်နော်။ နင့်အသားတွေ စုတ်ပြဲသွားခဲ့ရင် နင့်ရုပ်ရည်က အခုလို ကြည့်ကောင်းနေတော့မှာ မဟုတ်ဘူးနော်” မီထျန်းက ယဲ့ယဲ့လေး ပြုံးလျက် အစေခံမလေးကို ပြောလိုက်သည်။

မီထျန်း၏ မျက်လုံးနှင့် အကြည့်ချင်း ဆုံးသွားချိန် အစေခံမလေး၏ မြင်ကွင်းတစ်ခုလုံး ဝေဝါးလားပြီး သူမ၏ ပါးပြင်တစ်ခုလုံး တဖြည်းဖြည်း ရဲတက်လာခဲ့လေသည်။ ထို့နောက် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ခေါင်းညိတ်၍ ဘေးဖယ်ပေးလိုက်လေ၏။

အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ ရွှယ့်လျန်သည် အစေခံမလေးကို ဘေးသို့ တွန်းဖယ်လိုက်ပြီး နန်းတော်ထဲသို့ ဝင်သွားလိုက်လေသည်။

မီထျန်းသည် ပြုံးလျက်သာ ရွှယ့်လျန်နောက်မှ လိုက်သွားခဲ့၏။

နန်းတော်မှ ဆယ်မီတာ အကွာသို့ ရောက်လာသော် နန်းတော်တံခါး ရုတ်တရက် ပွင့်လာပြီး ထိုထဲမှ လူတစ်ယောက် ထွက်လာသည်ကို နှစ်ဦးစလုံး မြင်တွေ့လိုက်ရသည်။

ရွှယ့်လျန်နှင့် မီထျန်းတို့ နှစ်ဦးစလုံးလည်း သွားနေရင်း ရပ်လိုက်ပြီး ရွှယ့်လျန်သည် ရန်ကိုင်အား အထင်တသေး စိုက်ကြည့်လိုက်၏။

ရန်ကိုင်၏ မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မီထျန်း၏ မျက်လုံးထဲ ချောက်ခြားရိပ်၊ ဒေါသရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။

လစန္ဒာမြို့တွင် ပြဿခဲ့သော ရန်ကိုင်၏ စွမ်းဆောင်ရည်ကို ယနေ့ထိတိုင် မမေ့သေးချေ။ ရန်ကိုင်သည် လူသားတစ်ယောက် ဖြစ်သော်လည်း လျှော့တွက်သင့်သည့် လူတစ်ယောက် မဟုတ်ပေ။

All Chapters