← Chapters

အခန်း (၁၅၈၆-၁၅၉၀)

Vol. 64 Ch. 1586-1590

အခန်း (၁၅၈၆-၁၅၉၀)

Vol. 64 Ch. 1586-1590

အပိုင်း (၁၅၈၆)

“ဒါပေမယ့် နင့်ကြည့်ရတာ ဒီရွှေနဂါးအရင်းအမြစ်ကို ဘယ်လို အသုံးပြုရမယ်မှန်း သိတဲ့ပုံမပေါ်ဘူး။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးက နင့်လက်ထဲရောက်မှ အသုံးမဝင် ဖြစ်နေတာပဲ” ချီယွဲ့က ရန်ကိုင်အား လှောင်ပြောင်လိုဟန်ဖြင့် ကြည့်လျက် “ဒါကြောင့်ပဲ ရွှယ့်လျန် သူ့မွန်းစတားအမြူတေကို အလွယ်တကူ ပြန်ယူနိုင်တာ။ မဟုတ်ရင် သူအခု အသက်ရှင်နေပါဦးမလား”

ချီယွဲ့၏ စကားကြောင့် ရန်ကိုင် အနည်းငယ် ရှက်သွားခဲ့သည်။

ထိုရွှေနဂါးအရင်းအမြစ်သည် ကောင်းကင်စံအိမ်တွင် ရှိစဉ်က စုယန်နှင့်အတူ ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲမှ ရရှိခဲ့သည့် အရာတစ်ခု ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ထိုအမွေအနှစ်သည် ထုန်းရွှမ်လောကကြီး၏ နဂါးဖီးနစ်နန်းတော်၏ တည်ထောင်သူများ ဖြစ်ကြသော နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရာဇ်တို့မှ ချန်ရစ်ခဲ့သည့် အမွေအနှစ်များဖြစ်ကြောင်း သိရှိခဲ့ရသည်။

သို့သော်လည်း ထိုအမွေအနှစ်ရပြီးသည့် နှစ်ပေါင်းများစွာအတွင်း ရန်ကိုင်သည် ထိုအရာကို သိပ်ပြီး အသုံးမပြုဖြစ်ခဲ့ချေ။ စုယန်နှင့် တူနှစ်ကိုယ်ကျင့်စဉ် ကျင့်ကြံသည့် အခါမှပဲ သူ့ကျောပေါ်၌ ထိုးထားသော တက်တူ အသက်ဝင်လှုပ်ရှားလာလေ့ရှိသည်။

အခွင့်အရေးကောင်းကြီးကို ဖြုန်းတီးပစ်နေသည်ဟု ချီယွဲ့ ပြောသည်မှာ မမှားချေ။

“အဲ့ကိစ္စကို အခု ဘေးဖယ်ထားကြရအောင်။ ရှေးနတ်ဘုရားဝိဥာဉ် တစ်ကောင်ချင်းစီတိုင်းက အရမ်းအားကောင်းပြီး မွန်းစတား မျိုးနွယ်စုရဲ့ ဧကရာဇ်တွေလည်း ဖြစ်တယ်။ အဲ့ရှေးနတ်ဘုရား ဝိဥာဉ်တွေထဲမှာမှ နဂါးနဲ့ဖီးနစ်က အားအကောင်းဆုံးပဲ။ ဒါပေမယ့် ဘာလို့မှန်းမသိဘူး။ ခေတ်တစ်ခုကို ရောက်တဲ့အချိန်မှာ ရှေးနတ်ဘုရား ဝိဥာဉ်တွေ အကုန်လုံး ပျောက်ကွယ်သွားတယ်။ တိုက်ပွဲကြီးတစ်ခုမှာ ရှေးနတ်ဘုရားဝိဥာဉ် (၉၉)ရာခိုင်နှုန်း ကျဆုံးသွားတယ်တဲ့။ ကျန်တဲ့ ရှေးနတ်ဘုရားဝိဥာဉ်တွေလည်း ခြေယောင်ဖျောက် ပုန်းကွယ်သွားကုန်ကြရော။ တကယ့် ဘာဖြစ်လို့ အဲ့လို ဖြစ်သွားရလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး”

“ရှေးနတ်ဘုရားဝိဥာဉ်တွေ ပျောက်ကွယ်သွားတဲ့နောက်ပိုင်းက မျိုးကွဲ ရှေးနတ်ဘုရားဝိဥာဉ်တွေက မွန်းစတားမျိုးနွယ်စုကို ပြန်ဦးဆောင်လာတယ်။ အဲ့မျိုးကွဲနတ်ဘုရားဝိဥာဉ်တွေက သွေးနဂါး၊ ကောင်းကင်လနတ်ဆိုးပင့်ကူ၊ တောင်ပံပါအရိပ်ကျားနဲ့ အခြားမျိုးနွယ်စုဝင်တွေပဲ။ အဲ့မျိုးကွဲ ရှေးနတ်ဘုရားဝိဥာဉ်တွေ ထဲက အချို့ရဲ့ ခွန်အားက အစစ်အမှန် ရှေးနတ်ဘုရာဝိဥာဉ်တွေရဲ့ ခွန်အားအောက် မနိမ့်ကျဘူး။ ပြီးတော့ အချို့ အသွင်ပြောင်း ရှေးနတ်ဘုရားဝိဥာဉ်တွေဆို အခုထိ အသက်ရှင်နေတုန်းပဲ။ ဒါပေမယ့် နှစ်တွေအများကြီး မျိုးဆက်အဆင့်ဆင့် လက်ဆင့် ကမ်းလာတော့ သွေးမျိုးဆက်တွေကတော့ ကျဲပါးလာတာတော့ပေါ့”

“ရွှယ့်လျန်ရဲ့ သွေးမျိုးဆက်နဲ့ ရှန်ချင်းလော့ စုပ်ယူလိုက်တဲ့ အရင်းအမြစ်က မျိုးကွဲတွေရဲ့ ဟာတွေမလား” ရန်ကိုင်က နှိမ့်နှိမ့်ချချဖြင့် မေးလိုက်သည်။

“ဟုတ်တယ်” ချီယွဲ့က ခေါင်းညိတ်လိုက်ပြီး “ဒါကြောင့်ပဲ ချင်းလော့က အနာဂတ်မှာ ဒီဘုရင်မကို ကျော်လွန်လိမ့်မယ်လို့ ပြောတာ။ ဒီဘုရင်မက ကောင်းကင်လနတ်ဆိုးပင့်ကူရဲ့ သွေးမျိုးဆက် နည်းနည်းလေးကိုပဲ အမွေရထားတာ။ သူကတော့ လုံးဝ ပြီးပြည့်စုံတဲ့ သွေးမျိုးဆက်ကို ရထားတာ။ ရှင်းရှင်းပြောရရင် ငါတို့ နှစ်ယောက်စလုံးက တစ်မိသားစုတည်းလို့တောင် ပြောလို့ရတယ်။ အခု ချင်းလော့ ဒီဘုရင်မအတွက် ဘယ်လောက် အရေးကြီးလဲ နင်သိပြီလား”

“ဂျူနီယာ နားလည်ပါပြီ” ရန်ကိုင် ရိုးရိုးသားသား ခေါင်းညိတ်လိုက်လေသည်။

“ဒါဆို ရှေးနတ်ဘုရားဝိဥာဉ်တွေဘက်ဆီ ပြန်သွားကြတာပေါ့” ရန်ကိုင်၏ ပြောဆိုပုံနှင့် ပက်သက်ပြီး ချီယွဲ့ အတော်လေးကိုမှ ကျေနပ်နေမိသည် “ရှေးနတ်ဘုးရားဝိဥာဉ်တွေထဲမှ နဂါးနဲ့ဖီးနစ်က ဧကရာဇ်တွေလို့ ပြောခဲ့တယ်နော်။ ဒါပေမယ့် အဲ့နဂါးကလန်ထဲမှာတောင် ရွှေနဂါးက ခေါင်းဆောင်ပဲ။ နင် အမွေရထားတာက ရွှေနဂါးရဲ့ အရင်းအမြစ်ပဲ”

“ရွှေနဂါး” ရန်ကိုင် မျက်လုံးမှေးစဉ်းသွားခဲ့သည်။

“ရှင်းရှင်းပြောရရင် နင်က ရှေးနတ်ဘုရား ဝိဥာဉ်တွေထဲမှာတောင် အားအကောင်းဆုံး ရှေးနတ်ဘုရား ဝိဥာဉ်ရဲ့ အရင်းအမြစ်ကို အမွေရထားတာ။ အခု နင့်ဟာက မွန်းစတားမျိုးနွယ်စု ခေါင်းဆောင်တွေကို ဘယ်လောက်တောင် ဆွဲဆောင်နိုင်လဲဆိုတာ နားလည်သွားပြီလား”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ပြုံးလျက် “ဒီလောက် ကောင်းမွန်တဲ့ အခွင့်အရေးကြီး ကိုယ့်ရှေ့ရောက်နေတာတောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားနိုင်တဲ့ စီနီယာရဲ့စိတ်ကို ဂျူနီယာ တကယ် လေးစားပါတယ်”

“ချင်းလော့သာ မရှိရင် ဒီဘုရင်မ နင်နဲ့ အပိုတွေ ပြောနေမယ်လို့ ထင်လား” ချီယွဲ့၏ အမူအရာ အေးစက်စက် သွားခဲ့ပြီး ယူကျုံးမရ ဖြစ်နေဟန်ဖြင့် ကြုံးဝါးလိုက်လေသည် “ချင်းလော့သာ မရှိရင် ဒီဘုရင်မ နင့်ကိုဖမ်းပြီး နင့်ဝိဥာဉ်ကို သန့်စင်နေလောက်ပြီ”

“ဟားဟား” ရန်ကိုင် ခြောက်ကပ်ကပ် ပြုံးလိုက်သည်။

“ဒါပေမယ့် ရွှေနဂါးအရင်းအမြစ် နင်ဘယ်လောက်လောက် အမွေဆက်ခံရထားလဲ ဆိုတာကိုတော့ ဒီဘုရင်မ သိချင်မိသား…” ချီယွဲ့က ရန်ကိုင်အား စိတ်ဝင်တစား စိုက်ကြည့်ရင်း သူမ၏ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။

“ဂျူနီယာလည်း မသိဘူး” ရန်ကိုင် ပခုံးတွန့်ပြလိုက်သည်။

“ထူးဆန်းတယ်” ရုတ်တရက် တစ်ခုခုကို ရှာတွေ့လိုက်သည့် အလား ချီယွဲ့သည့် ဝေခွဲနားမလည်နိုင် ဖြစ်နေဟန်ဖြင့် မျက်မှောင်ကြုတ်လျက် “ဘာလို့… နင့်ကိုယ်ထဲမှာ ရှေးနတ်ဘုရား ဝိဥာဉ်နှစ်မျိုးရဲ့ စွမ်းအားကို ခံစားမိနေတာလဲ။ တစ်ခုက ရွှေနဂါး၊ ဒါပေမယ့် နောက်တစ်ခုကလည်း…”

“စီနီယာ ဒါကို ပြောနေတာလား” ရန်ကိုင်သည် မျက်မှောင်ကြုတ်၍ နဂါးအရိုးဓါးကို ဆင့်ခေါ်ပြီး ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်လေသည်။ နဂါးဟိန်းသံကြီးနှင့်အတူ အစိမ်းရောင်နဂါးတစ်ကောင် ရန်ကိုင်၏ ဦးခေါင်းထက် ထွက်ပေါ်လာပြီး ချီယွဲ့အား အထက်စီးမှ စိုက်ကြည့်လိုက်လေသည်။

ချီယွဲ့၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့ပြီး အလန့်တကြား ထအော်တော့သည် “မဖြစ်နိုင်ဘူး။ နင့်မှာ ဘာလို့ ဒါမျိုးတောင် ရှိနေရတာလဲ”

ဤလက်နက်အား နဂါးအရိုးနှင့် နဂါးဓါတ်လုံးမှ လုပ်ထားမှန်း သူမ တွေ့ရှိလိုက်ရသည်။ ထို့အပြင် နဂါးဓါတ်လုံးထဲ မှိန်ဖျော့ဖျော့ နဂါးဝိဥာဉ်ပင် ရှိနေသေးသည်။

ရန်ကိုင် ရထားသည့် အခွင့်အရေးများကိုကြည့်ရင်း ချီယွဲ့၏ မျက်ဝန်းအစုံ နီရဲလာခဲ့သည်။

သူသည် လူသားတစ်ယောက်သာ ဖြစ်သော်လည်း သူ့တွင် မွန်းစတားမျိုးနွယ်များ အလွန်လိုချင်နေသည့် အရာများ ဘာကြောင့် ရှိနေရသနည်း။

“ဒါနင့်ရဲ့ ဝှက်ဖဲလား” ရုတ်တရက် ထွက်ပေါ်လာသည့် နဂါးဖိအားကြောင့် သူမကိုယ်တွင်းရှိ ကောင်းကင်လနတ်ဆိုးပင်ကူ သွေးမျိုးဆက် မတည်မငြိမ် ဖြစ်သွားသည်ကို ချီယွဲ့ သတိပြုမိလိုက်သည်။ ခဏအကြာတွင် သူမ မျက်နှာထက်ရှိ စိတ်လှုပ်ရှားမှုတို့ ပျောက်ကွယ်သွားခဲ့ပြီး ရှုပ်ထွေးမှုတို့က အစားထိုးဝင်ရောက်လာခဲ့ကာ “နင်ဒါကို အားကိုးနေတာ ဆိုရင်တော့ ကိုယ့်ကိုယ်ကို သိပ်အထင်မကြီးဖို့ ဒီဘုရင်မ သတိပေးလိုက်မယ်။ ဒါနဲ့ဆိုရင် တန်ခိုးရှင်ဘုရင်အဆင့် အတွင်းမှာ ပြိုင်ဘက်ကင်းချင် ကင်းလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက နင်ကိုယ်တိုင်လည်း တန်ခိုးရှင်ဘုရင်အဆင့်ကို‌ ရောက်နေမှရမှာ။ တန်ခိုးရှင်အဆင့်နဲ့ ဆိုရင်တော့ တန်ခိုးရှင်ဘုရင်အဆင့်ကို ဘာမှ သွားလုပ်လို့ ရမှာမဟုတ်ဘူး”

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ ပြုံးလိုက်သည်။

ဒီကောင်မှာ ဝှက်ဖဲတွေ ရှိနေသေးတာလား ချီယွဲ့ အမှန်တကယ် ထိတ်လန့်သွားခဲ့သည်။ ထို့ကောင်တွင် ဝှက်ဖဲ မည်မျှများ ရှိနေလေသနည်း။

ချီယွဲ့ ခံစားမိလိုက်သည့် အရာမှာ နဂါးအရိုးဓါး မဟုတ်ဘဲ ရေခဲဖီးနစ်မှန်း ရန်ကိုင် သိသည်။

သို့သော်လည်း ရေခဲဖီးနစ်သည် သူပိုင်ဆိုင်သည့် အရာမဟုတ်၊ စုယန် ပိုင်သည့်အရာ ဖြစ်သည်။ ရေခဲဖီးနစ်သည် သူ့ခန္ဓာကိုယ်ကို ယာယီနေစရာအဖြစ် ခေတ္တ အသုံးပြုနေခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ရေခဲဖီးနစ်၏ တည်ရှိမှုကို ထုတ်ဖော်မည့်အစား နဂါးအရိုးဓါးကိုသာ ဖော်ထုတ်လိုက်ပေမည်။ ချီယွဲ့သာ သူ့တွင် ရေခဲဖီးနစ်အကြောင်း သိသွားခဲ့လျှင် သူမ မည်ကဲ့သို့ တုန့်ပြန်မလဲ ရန်ကိုင် မပြောတတ်ချေ။

“မေ့လိုက်တော့။ နင်ဒီလို ပစ္စည်းတွေ ဆက်ပြီး ထုတ်ပြနေရင် ဒီဘုရင်မ ကိုယ့်စိတ်ကိုယ် ထိန်းနိုင်တော့မှာ မဟုတ်ဘူး”

ရန်ကိုင်လည်း နဂါးအရိုးဓါးကို ပြန်သိမ်းထားလိုက်လေသည်။

ချီယွဲ့သည် အချိန်ခဏကြာသည်အထိ ငြိမ်ငြိမ်လေး ထိုင်နေ၏။ လက်ရှိတွင် သူမ၏စိတ် အတော်လေး မတည်မငြိမ် ဖြစ်နေသည့် အတွက် တည်ငြိမ်သွားအောင် ပြန်လုပ်နေရခြင်း ဖြစ်သည်။ ရန်ကိုင်သည်လည်း သူမအား သွားရောက်မနှောင့်ယှတ်ဘဲ ငြိမ်သက်စွာသာ ရပ်စောင့်နေလိုက်သည်။

လက်ဖက်ရည် တစ်ခွက်စာ ကြာပြီးနောက်တွင် ချီယွဲ့သည် ခေါင်းမော့၍ ရန်ကိုင်အား ပြုံးကြည့်လျက် မေးလိုက်သည် “ကောင်လေး၊ နင့်ကိုယ်ထဲမှာ ရှိတဲ့ ရွှေနဂါးအရင်းအမြစ်ရဲ့ အစွမ်းကို သုံးတတ်ချင်လား”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး “စီနီယာမှာ နည်းလမ်း ရှိလို့လား”

“ဟဲဟဲ။ ဘာလို့ မရှိရမှာလဲ” ချီယွဲ့က ပြုံးလျက် “နင်နဲ့ ရွှယ့်လျန် တိုက်ပွဲကို ငါကြည့်ပြီးသွားပြီ။ နင့်ခန္ဓာကိုယ်ခွန်အားက ရွှယ့်လျန်ထက် ပိုသာတာ ငါတွေ့တယ်။ အဲ့လို ခန္ဓာကိုယ်မျိုး ရအောင် နင်ဘယ်လို လေ့ကျင့်ခဲ့လဲတော့ ငါမသိဘူး။ ဟိုငါးရောင်ခြယ် စွမ်းရည်နဲ့ ပက်သက်နေရလိမ့်မယ်လို့တော့ ငါထင်တယ်။ ဒါပေမယ့် ရွှေနဂါးရဲ့ စွမ်းအားကို သုံးလိုက်မယ် ဆိုရင်တော့ နင့်ခန္ဓာကိုယ်က လုံးဝကို ပိုမြင့်တဲ့ အဆင့်တစ်ခုကို ရောက်သွားလိမ့်မယ်။ အစစ်အမှန် နဂါးတစ်ကောင်နဲ့ ယှဉ်နိုင်တဲ့ ခန္ဓာကိုယ်မျိုးကိုတောင် ရလာမှာ”

ရန်ကိုင်၏ မျက်ဝန်းအစုံ ပို၍ တောက်ပလာခဲ့သည်။

“အဲ့လို ခန္ဓာကိုယ်မျိုးကိုမှ ဖျက်စီးလို့မရနိုင်တဲ့ အကြွင်းမဲ့ ခန္ဓာကိုယ်မျိုးလို့ခေါ်တာ” ချီယွဲ့၏ လေသံထဲ အလွန်ကိုမှ လိုချင်တောင့်တသည့် စိတ်ဆန္ဒတို့ ပြည့်နေခဲ့သည်။

ရန်ကိုင် မျက်နှာထက်ရှိ စိတ်လှုပ်ရှားနေသည့် အမူအရာ တစ်မုဟုတ်ချည်း‌ ပျောက်ကွယ်သွားပြီး ချီယွဲ့အား သတိထားကြည့်လျက် ခဏ တုန့်ဆိုင်းနေပြီးနောက် မေးကြည့်လိုက်လေသည် “စီနီယာ ပြောစရာရှိရင် တန်းပြောလိုက်တာ အကောင်းဆုံးပဲ။ စီနီယာပြောတာနဲ့ ပက်သက်ပြီး ဂျူနီယာ တကယ် စိတ်ဝင်စားမိတာ မှန်တယ်။ ဒါပေမယ့် အဲ့အတွက် ဂျူနီယာဘက်က ဘာပြန်ပေးရမလဲ ဆိုတာလည်း ရှိသေးတယ်မလား။ အဲ့လိုဆိုမှတော့ စီနီယာ တိုက်ရိုက် ပြောလိုက်တာ အကောင်းဆုံးပဲ။ ပေးရမယ့် တန်ဖိုးက အရမ်းများနေရင် အဲ့အခွင့်အရေးကို ဂျူနီယာ မယူတော့ဘူး”

“တည့်တိုးဆန်တယ်ဆိုတာ ဒါမျိုးကိုပြောတာ” ချီယွဲ့က ခေါင်းညိတ်၍ “ဥာဏ်ကောင်းတဲ့ လူတွေနဲ့ စကားပြောရတာ တကယ်ကို လေကုန်သက်သာရတယ်။ ဟုတ်တယ်၊ ဒီဘုရင်မလည်း နင့်အကူအညီကို လိုတယ်။ ဒါပေမယ့် ငါကမ်းလှမ်းချက်ကို နင်သဘောတူမတူ ဆိုတာကတော့ နင့်အပေါ်ပဲ မူတည်လိမ့်မယ်”

“ကျေးဇူးပြုပြီး ပြောပါ စီနီယာ”

“တောင်စိမ်းကြယ်ပေါ်က သွေးအကျဉ်းထောင် စမ်သပ်ပွဲ အကြောင်း နင်ကြားဖူးလား”

“ကြားဖူးတယ်” ရန်ကိုင်၏ အမူအရာ ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့သည်။ သွေးအကျဉ်းထောင်စမ်းသပ်ပွဲကို သူမကြားဖူးဘဲ နေမလား။ ချင်းတုန်နှင့် အခြားသူများကိုပင် ထိုနေရာ၌ စောင့်ခိုင်းထားခဲ့သေးသည် မဟုတ်လော။

ချီယွဲ့ ဘာကြောင့် ထိုအကြောင်း အစဖော်လာရသနည်း။

သွေးအကျဉ်းထောင်စမ်းသပ်ပွဲသည် အမှန်တကယ် ကျော်ကြာပြီး ကြယ်စီရင်စုကြီး တစ်ခုလုံးတွင် ရှိနေသော တန်ခိုးရှင်တတိယ အဆင့်သို့ ရောက်နေသည့် ပညာရှင်များကို ဆွဲဆောင်နိုင်သော်ငြား မွန်းစတားဧကရာဇ်ကြယ်မှ ပညာရှင်များသည် မွန်းစတား မျိုးနွယ်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့အနေဖြင့် တောင်စိမ်းကြယ်၌ ဒီအတိုင်းကြီး ပေါ်လာ၍ အဆင်ပြေလိမ့်မည် မဟုတ်ချေ။

သူတို့သာ ဤအတိုင်း ထွက်သွားလိုက်မည် ဆိုပါက ကျိန်းသေ ဒုက္ခရောက်ကြရပေလိမ့်မည်။ မွန်းစတားဧကရာဇ်ကြယ်တွင် လူသားမျိုးနွယ်များ ဖိနှိပ်ခံကြရသလို လူသားများ ကြီးစိုးသည့် နေရာမျိုးတွင်လည်း မွန်းစတားမျိုးနွယ်များ ဖိနှိပ်ခံရသည်။

“နင်ကြားဖူးရင် ရှင်းပြရတာ ပိုလွယ်သွားပြီ” ချီယွဲ့ ကျေနပ်စွာ ပြုံးလိုက်ပြီး “ဒီဘုရင်မ လုပ်စေချင်တာက နင်သွေးအကျဉ်းထောင် ထဲသွားပြီး တစ်ခုခုကိုရှာပြီး ဒီဘုရင်မကို ပြန်လာပေးစေချင်တာ”

“ဘာကိုရှာရမှာလဲ”

“မူလအဆီအနှစ် သလင်းကျောက်” ချီယွဲ့က ပြန်ပြောလိုက်သည်။

“ဘာကြီးလဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“တန်ခိုးရှင်ဘုရင် တတိယအဆင့်တွေပဲ သိပ်သည်းနိုင်တဲ့ ရတနာ တစ်မျိုးပဲ။ အဲ့ဒါကို တန်ခိုးရှင်တတိယအဆင့် ပညာရှင်တစ်ဦးရဲ့ စွမ်းအင်အဆီအနှစ်တွေ အခဲဖြစ်သွားတာလို့သာ တွေးလိုက်။ သူတို့အဆင့် ပညာရှင်တစ်ဦး သေသွားခဲ့ရင် မူလအဆီအနှစ် သလင်းကျောက်တွေ ကျန်ခဲ့လိမ့်မယ်။ ငါနင့်ကို ရှာစေချင်တာက မွန်းစတားမျိုးနွယ် တစ်ဦးရဲ့ မူလအဆီအနှစ် သလင်းကျောက်ပဲ။ အဲ့ဒါက သူ့ခန္ဓာကိုယ်ရဲ့ အမြူတေလို့ ပြောလို့ရတယ်”

“အမြူတေ”

“ဟုတ်တယ်။ သွေးအကျဉ်းထောင်စမ်းသပ်ပွဲ ဘယ်လို ဖြစ်လာတာလဲ ဆိုတာကိုလည်း နင်ကြားဖူးမှာပေါ့။ တန်ခိုးရှင်အဆင့် အယောက်နှစ်ဆယ်ကျော် တိုက်ခိုက်ပြီး သူတို့တွေ သေသွားခဲ့လို့ ဖြစ်လာရတာာပဲ။ အဲ့နေရာမှာ နယ်ပယ် အကြွင်းအကျန်းတွေ ရှိနေလို့ တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတွေအတွက် အရမ်းဆွဲဆောင်စရာ ဖြစ်နေတာ။ အဲ့တိုက်ပွဲမှာတုန်းက ငါတို့ မွန်းစတားဧကရာဇ်ကြယ်က အားကောင်းတဲ့ မျိုးနွယ်စုခေါင်းဆောင် တစ်ဦးလည်း ဝင်ပြီး တိုက်ခိုက်ခဲ့တယ်။ ကံမကောင်းစွာနဲ့ သူလည်း အဲ့တိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ်။ ငါနင့်ကို ပြန်ယူလာစေချင်တာ သူ့ရဲ့ မူလအဆီအနှစ် သလင်းကျောက်ပဲ”

“ကျုပ်အဲ့ဒါကို သွားယူရမှာလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဒီလိုဆိုတော့ မီထျန်းတို့၊ ရွှယ့်လျန်တို့ စီနီယာရဲ့ နန်းတော်ကို အခုအချိန် ရောက်လာတာ သွေးအကျဉ်းထောင်စမ်းသပ်ပွဲမှာ ဝင်ပြီး ယှဉ်ပြိုင်ချင်လို့ပေါ့”

ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့သည်။ အချိန်ကို ပြန်ရေတွက်ကြည့်လိုက်မည်ဆိုလျှင် မျက်လုံးတစ်ထောင် မျိုးနွယ်စုခေါင်းဆောင်၏ သားနှင့် သွေးနဂါးမျိုးနွယ်စု ခေါင်းဆောင်၏ သားတို့ နန်းတော်သို့ ရောက်လာသည့် အချိန်မှာ အတူတူလောက် ရှိကြသည်။ ယခု ချီယွဲ့ သွေးအကျဉ်းထောင် စမ်းသပ်ပွဲကို အစဖော်လာသည့်နောက် အခြေအနေကို ရန်ကိုင် နားလည်သွားခဲ့လေသည်။

“ဟုတ်တယ်။ သူတို့ ဝင်ပြိုင်ကြမှာ။ ဒါကြောင့် ဒီဘုရင်မ နန်းတော်ဆီ ရောက်လာခဲ့တာ။ ဘာလို့လဲဆိုတော့ ဒီဘုရင်မပဲ သူတို့ကို သွေးအကျဉ်းထောင်နန်းတော်ဆီ လုံလုံခြုံခြုံ ပို့ပေးနိုင်လို့ပဲ။ သူတို့တင် မဟုတ်ဘူး၊ ချင်းလော့၊ ဘဟဲနဲ့ ယုရှုန်းတို့လည်း ဝင်ပြိုင်ကြဦးမှာ၊ နင်မတွေ့ရသေးတဲ့ မွန်းစတား မျိုးနွယ် ဂျူနီယာနှစ်ယောက်လည်း ကျန်သေးတယ်”

“လူတွေအများကြီး ဝင်ပြိုင်နေတာကို ဘာလို့ ဂျူနီယာကိုပဲ သွားယူစေချင်ရတာလဲ” ရန်ကိုင်သည် ချီယွဲ့အား မျက်လုံး မှေးစဉ်းကြည့်လျက် မေးလိုက်လေသည် “အန္တရာယ်ရှိလို့မလား”

“သွေးအကျဉ်းထောင် စမ်းသပ်ပွဲမှာ ဝင်ပြိုင်မယ် ဆိုကတည်းက အန္တရာယ်ရှိပြီးသား။ သွေးအကျဉ်းထောင်ထဲ ဝင်သွားတဲ့ ပညာရှင် တစ်ဝက်လောက် ပြန်မထွက်လာနိုင်ဘူး ဆိုတဲ့အကြောင်း နင်မကြားဖူးဘူးလား။ မူလအဆီအနှစ် သလင်းကျောက်ကို ယူဖို့က နည်းနည်း အန္တရာယ်များတာ မှန်တယ်။ ဒါပေမယ့် နင့်စရိုက်နဲ့… အဲ့လောက် အန္တရာယ်လေးကို ကြောက်တယ်လို့တော့ ဒီဘုရင်မကို လာမပြောနဲ့နော်”

“ဂျူနီယာမှာ အသက်တစ်သက်ပဲ ရှိတာ။ ကိုယ့်အသက်ကို ကျိန်းသေ တန်ဖိုးထားရမှာပေါ့။ ဒါကြောင့် အခု ဂျူနီယာ မေးလိုက်တဲ့ မေးခွန်းကို စီနီယာ ဖြေပေးဖို့ တောင်းဆိုပါတယ်” ရန်ကိုင်သည် ချီယွဲ့အား အသေအချာ စိုက်ကြည့်၍ ပြောလိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၈၇)

ဒီကောင်က တကယ် စကားပြောရခက်တဲ့ကောင်ပဲ ချီယွဲ့စိတ်ထဲ ကြိတ်၍ ကျိန်ဆဲလိုက်သည်။

သို့သော်လည်း အစကတည်းက ရန်ကိုင် အလွယ်တကူ သဘောတူမည်ဟု မထင်းထားခဲ့ချေ။ ရန်ကိုင်ကဲ့သို့ လူပါး တစ်ယောက်သည် အကြောင်းစုံကို အသေးစိတ် မသိရသေးဘဲ အလျင်စလို သဘောတူလိမ့်မည် မဟုတ်ချေ။

“ကောင်းပြီလေ” ချီယွဲ့က သက်ပြင်းချလျက် “ဒီဘုရင်မ နင့်ကို ဘာလို့ သွားယူခိုင်းလဲဆိုတော့ အားလုံးထဲမှာ နင်တစ်ယောက်ပဲ သွားယူနိုင်တာ မို့လို့ပဲ။ အဲ့မွန်းစတားမျိုးနွယ် ပညာရှင် သေသွားတာ ကြာပြီဆိုပေမယ့် သူ့မူလအဆီအနှစ် သလင်းကျောက်က အလွယ်တကူ ရယူနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ အခပ်မသင့်ရင် သူ့ဘာသာ ပေါက်ကွဲသွားနိုင်တယ်”

“အသိစိတ်ရှိတာလား” ရန်ကိုင် ကြောင်သွားခဲ့သည်။

“မဟုတ်ဘူး။ သေသွားတဲ့ မွန်းစတားမျိုးနွယ် ပညာရှင်ရဲ့ ဝိဥာဉ် တစ်စိတ်တစ်ပိုင်းလောက်ပဲ ကျန်ရစ်ခဲ့တာ” ချီယွဲ့က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “တန်ခိုးရှင်တတိယအဆင့်ရဲ့ နက်နဲဆန်းကြယ်တဲ့ သဘောတရားတွေကို နားလည် သဘောပေါက်နိုင်ဖို့ အဲ့ဒါကို ငါလိုအပ်တယ်။ ပြီးတော့ အဲ့ဒါကို နင်တစ်ယောက်ပဲ ဖိနှိပ်နိုင်မှာ။ အဲ့ဒါကို တွေ့ပြီဆိုတာနဲ့ နင့်ရဲ့ ရွှေနဂါးအရင်းအမြစ်ကိုသုံးပြီး ဖိနှိပ်လိုက်ရင် အဆင်ပြေပြီ။ အခု ငါပြောတာ နားလည်ပြီလား”

“အင်း။ ဂျူနီယာ နားလည်ပါပြီ…” ရန်ကိုင်က ခေါင်းညိတ်၍ “ဒါပေမယ့် ဂျူနီယာ သိချင်နေတာ အဲ့ဒါကို စီနီယာ ဒီလောက် လိုချင်နေတာ စီနီယာကိုယ်တိုင် ဘာလို့ သွားမယူတာလဲ။ စီနီယာရဲ့ အစွမ်းနဲ့ဆို အဲ့ဒါကို အသာလေး ဖိလိုက်လို့ ရတယ်လေ။ မဟုတ်ဘူးလား”

“နင်လာပြောင်နေတာလား” ချီယွဲ့က ဒေါသတကြီး နှာခေါင်းရှုံ့လျက် “တောင်စိမ်းကြယ်မှာ ကြယ်သခင်တစ်ယောက် ရှိတယ်ဆိုတာ နင်မသိဘူးလား။ သွေးအကျဉ်းထောင်ထဲ ဂျူနီယာ အချို့ကို ခိုးဝင်ခိုင်းတာ ဘာပြဿနာမှ မရှိပေမယ့် ဒီဘုရင်မ ကိုယ်တိုင်သွားရင် အဲ့ခွေးအိုကြီး ထိုင်ကြည့်နေမယ်ထင်လား။ သူ့ပိုင်နက်ထဲမှာ သွားတိုက်ခိုက်ရလောက်တဲ့အထိ ဒီဘုရင်မ မရူးမိုက်သေးဘူး”

“အန်၊ တောင်စိမ်းကြယ်မှာ ကြယ်သခင်ရှိတာလား” ရန်ကိုင် ကြောင်သွားခဲ့လေသည် “ဒီတော့ တောင်စိမ်းကြယ်မှာ တန်ခိုးရှင် ဘုရင် တတိယအဆင့် ပညာရှင်တစ်ယောက် ရှိတယ်ပေါ့”

“အဲ့ခွေးအိုကြီး ဘယ်လိုလုပ်ပြီး အဲ့လောက်တောင် ကံကောင်းသွားလဲ ဘယ်သူသိမှာလဲ။ တန်ခိုးရှင်ဒုတိယ အဆင့်လေးနဲ့ ကြယ်အမြူတေကို သန့်စင်လိုက်တာ တကယ်ကြီး အောင်မြင်သွားတယ်လို့။ တကယ်ကို ကောင်းလိုက်တဲ့ကံ” ထိုတောင်စိမ်းကြယ်သခင်နှင့် သိနေသည့်အလား ထိုလူ အကြောင်း ပြောနေချိန် ချီယွဲ့၏ မျက်နှာကြီး ရှုံ့မဲ့သွားခဲ့သည်။

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ထိုကဲ့သို့သာဆိုလျှင် ချီယွဲ့ ပြောသည့် အကြောင်းအရာ အကုန်လုံး ယုတ္တိရှိပေသည်။

တောင်စိမ်းကြယ်ကို ကြယ်သခင်တစ်ပါးမှ စောင့်ကြပ်နေသဖြင့် ချီယွဲ့ ထိုနေရာသို့ မသွားရဲသည်မှာ အထူးအဆန်း မဟုတ်တော့ပေ။ နှစ်ယောက်စလုံးသည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်များ ဖြစ်ကြသဖြင့် အခြား တစ်နေရာတွင်သာ တိုက်ခိုက်လျှင် သရေကျလျှင် ကျမည်ဖြစ်သော်လည်း တောင်စိမ်းကြယ်တွင်တော့ ချီယွဲ့ အနေဖြင့် ထိုပညာရှင်၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

“ဒီဘုရင်မ တောင်းဆိုချင်တာ အဲ့ဒါပဲ။ နင်သဘောတူမလား၊ သဘောမတူဘူးလား ဆိုတာကိုတော့ သေချာ အချိန်ယူပြီး စဉ်းစား။ ဘာပဲဖြစ်ဖြစ်၊ သွေးအကျဉ်းထောင် စမ်းသပ်ပွဲ စဖို့က အချိန်နည်းနည်း ကျန်သေးတယ်။ ဒီဘုရင်မ စောင့်လို့ရတယ်” ချီယွဲ့သည် ရန်ကိုင် သဘောတူလိမ့်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေသည့်အလား ရန်ကိုင်အား ပြုံးလျက် ကြည့်လိုက်၏။

“စဉ်းစားစရာ မလိုတော့ဘူး။ ဂျူနီယာ သဘောတူတယ်” ရန်ကိုင်သည် ချက်ချင်းလက်ငင်း သဘောတူလိုက်လေသည်။

“ဒါပေမယ့် ဂျူနီယာဘက်ကလည်း တောင်းဆိုစရာတစ်ခု ရှိတယ်” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။

“ဘာလဲ”

“ရွှေနဂါးအရင်းအမြစ်ရဲ့ စွမ်းအားကို ဘယ်လိုသုံးရမလဲ ဆိုတဲ့ နည်းလမ်း ပြောပြဖို့ပဲ”

“နင်ဒီဘုရင်မကို သုံးနှစ်သားကလေး မှတ်နေတာလား” ချီယွဲ့က အမောတကော အသက်ရှူလျက် “နင်အောင်မြင်မှပဲ ဆုကို ရမှာပေါ့။ ဘာလို့ ဒီဘုရင်မက နင့်ကို ကြိုပေးထားရမှာလဲ”

ရန်ကိုင်က ခေါင်းခါလျက် “စီနီယာ တွေးတာ မှားနေတယ်။ စီနီယာ ပြောတဲ့အတိုင်းဆို ဂျူနီယာအောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာ ရွှေနဂါးအရင်းအမြစ် အဲ့မူလအဆီအနှစ် သလင်းကျောက်ကို ဖိနှိပ်နိုင်လား၊ မဖိနိုင်ဘူးလား ဆိုတဲ့ အပေါ်မှာ မူတည်နေတယ်။ ဒါပေမယ့် ဂျူနီယာက ရွှေနဂါးအရင်းအမြစ်ရဲ့ စွမ်းအားကို ဘယ်လိုသုံးရမလဲမှ မသိတာ။ မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့ရင် အဲ့မူလအဆီအနှစ် သလင်းကျောက် သူ့ဘာသာ ဖောက်ခွဲသွားမှာကို ဂျူနီယာ မတားလိုက်နိုင်တာမျိုး ဖြစ်သွားနိုင်တယ်လေ။ အဲ့လိုမျိုးတော့ စီနီယာ မဖြစ်စေချင်ဘူးမလား”

ချီယွဲ့၏ မျက်နှာလှလှလေး ရှုံ့မဲ့သွားခဲ့ပြီး မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့လေသည်။

ရန်ကိုင် အပိုစကားတွေ လျှောက်ပြောနေမှန်း သူမသိသည်။ သို့သော် ယခုကဲ့သို့ အခြေအနေမျိုးတွင် ထိုကဲ့သို့သော မတော်ဆလေးကိုပင် သေချာထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။

“မတော်တဆတွေ မဖြစ်ရအောင်လို့ စီနီယာ အနေနဲ့ ဂျူနီယာကို အဲ့နည်းလမ်း ကြိုသင်ပေးထားသင့်တယ်လို့ ဂျူနီယာ ထင်တယ်။ စီနီယာ စိတ်ချထားလိုက်။ ဂျူနီယာက သဘောတူပြီးသွားပြီ ဆိုမှတော့ အဲ့မူလအဆီအနှစ် သလင်းကျောက်ကို ရအောင် အတတ်နိုင်ဆုံး ကြိုးစားပေးမှာ”

နင့်စကားကို ယုံရအောင် ငါ့ကို အရူးမှတ်နေလား ချီယွဲ့က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ခဏမျှ တုန့်ဆိုင်းနေပြီးနောက်တွင် ချီယွဲ့က ရုတ်တရက် ပြုံးလျက် “ဒီဘုရင်မက နင့်ကို အရင်ကြိုမပေးထားလို့ မရတာတော့ မဟုတ်ဘူး။ ဒီဘုရင်မ ကိုယ်တိုင်တောင် နင့်ကို သေချာညွှန်ကြား ပြသပေးလို့ ရသေးတယ်”

“အို” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး “စီနီယာရဲ့ ကြင်နာမှုကို ဒီဂျူနီယာ ငြင်းလိုက်ရင် မယဉ်ကျေးရာ ကျသွားမှာပေါ့”

“ဒါပေမယ့် ဒီဘုရင်မ နင့်ကို ပထမတစ်ပိုင်းပဲ သင်ပေးနိုင်မယ်။ ဒုတိယတစ်ပိုင်းကိုတော့ နင်အောင်မြင်မှပဲ ပေးမယ်”

“သဘောတူတယ်” ရန်ကိုင် ချက်ချင်း သဘောတူလိုက်သည်။ သို့သော် ပြောပြီးနောက်တွင် တစ်ခုခုကို တွေးမိသွားဟန်ရကာ ထပ်ပေါင်းပြောလိုက်လေသည် “အင်း၊ စီနီယာ ဂျူနီယာကို ပထမတစ်ပိုင်း သင်ပေးပြီး ကျန်တဲ့တစ်ပိုင်းကို ယုရှုန်းဆီ ပေးထားလိုက်လို့ မရဘူးလား။ အဲ့ဒါဆို မူလအဆီအနှစ် သလင်းကျောက်ကို ရတာနဲ့ ယုရှုန်းဆီမှာ သွားပြီး လဲလိုက်လို့ ရတယ်”

ချီယွဲ့ မျက်မှောင်ကြုတ်သွားပြီး ရန်ကိုင်ကာ သင်္ကာမကင်း အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

“ဟဲဟဲ၊ အဲ့လို ကျင့်စဉ်ကောင်းတစ်ခုကို ဂျူနီယာ အရမ်း လိုချင်နေတာ သဘာဝပဲလေ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

ချီယွဲ့သည် ရန်ကိုင်အား အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်၍ “ကောင်းပြီ။ ဒီဘုရင်မ သဘောတူတယ်။ ဒါပေမယ့် ဒီဘုရင်မကို လာပြီး လှည့်စားမယ်လို့တော့ မတွေးလိုက်နဲ့နော်။ မဟုတ်ရင် ချင်းလော့ရဲ့ ခံစားချက်ကို နည်းနည်းလေးမှ ထွက်မတွက်ဘူးဆိုပြီး ဒီဘုရင်မကို အပြစ်မတင်နဲ့”

“မလှည့်စားပါဘူး။ ဘာလို့ လှည့်စားရမှာလဲ။ ဂျူနီယာက ဖြောင့်မတ်တဲ့ လူတစ်ယောက်ပဲဟာကို” ရန်ကိုင်သည် သူ့ရင်ဘတ်ကို ပုတ်၍ အာမခံလိုက်လေသည်။

ဆွေးနွေးညှိနှိုင်းပြီးသွားသော် ချီယွဲ့သည် ရန်ကိုင်အား ကျင့်ကြံရေး အခန်းတစ်ခန်းဆီသို့ ခေါ်သွားပြီး ရွှေနဂါးအရင်းအမြစ်၏ စွမ်းအားကို ထုတ်ဖော်စေနိုင်သည့် ပညာရပ်၏ ပထမတစ်ပိုင်းကို သင်ပေးလိုက်လေသည်။

မူလအဆီအနှစ် သလင်းကျောက်ကို ရန်ကိုင် အောင်မြင်စွာ ရယူနိုင်စေရန်အတွက် ချီယွဲ့သည့် ပထမတစ်ပိုင်းနှင့် ပက်သက်၍ သူမ သိထားသမျှ အကြောင်းအရာ မှန်သမျှကို သင်ကြားပေးခဲ့၏။

ဤမွန်းစတား အသွင်ပြောင်းလဲခြင်း ပညာရပ်ရဲ သွေးမျိုးဆက်ထဲ ကိန်းအောင်နေသော စွမ်းအားကို ထုတ်ဖော်စေနိုင်သည့် ပညာရပ် တစ်မျိုး ဖြစ်သော်လည်ငြား ရှေးနတ်ဘုရားဝိဥာဉ်အဆင့်ရှိ အရင်းအမြစ်များပေါ်အတွင်လည်း အလုပ် ဖြစ်ပေသည်။

ရွှေနဂါးအရင်းအမြစ်ကို စရသည့်အချိန်မှစ၍ ရန်ကိုင်သည် ရွှေနဂါး၏ စွမ်းအားကို အပြည့်အဝ တစ်ခါမှ မထုတ်ဖော်နိုင်ခဲ့ပေ။ သို့သော်လည်း ချီယွဲ့၏ အကူအညီဖြင့် ရန်ကိုင်သည် ရွှေနဂါး၏ မယုံကြည်နိုင်စရာကောင်းလှသည့် စွမ်းအားကို ထုတ်ဖော်နိုင်လေပြီ။

ထိုပညာရပ်ကို လေ့ကျင့်လိုက်ခြင်းသည် သူ့ကျင့်ကြံခြင်းအား တိုးတက်လာစေခြငး မရှိသော်လည်း သူသာ ရွှေနဂါးအရင်းအမြစ်၏ စွမ်းအားကို အသုံးပြုနိုင်မည်ဆိုလျှင် ရန်ကိုင် ထုတ်ဖော်နိုင်သည့် စွမ်းအားသည် အကြီးအကျယ် တိုးတက်လာပေလိမ့်မည်။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ရာ မကြာမီ လဝက် ပြည့်သွားခဲ့လေသည်။

ရန်ကိုင်သည် ချီယွဲ့၏ နန်းတော်ထဲမှ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် လမ်းလျှောက် ထွက်လာခဲ့သည်။

ယခု သူရထားသည့် ရွှေနဂါးအရင်းအမြစ် မည်မျှ အဖိုးတန်ကြောင်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။ သို့သော်ငြား ချီယွဲ့သည် သူ့အား မွန်းစတား အသွင်ပြောင်းလဲခြင်း ပညာရပ်၏ ပထမ တစ်ပိုင်းကိုသာ သင်ပေးသွားခဲ့သည့်အတွက် ရန်ကိုင် ထုတ်ဖော်နိုင်သည့် စွမ်းအားသည် အနည်းငယ် လိုအပ်နေသေးသည်ဟု ပြော၍ရသည်။

“ဒီကောင်စုတ်လေး ဘာတွေ ကြံနေတာလဲ” ချီယွဲ့သည် သူမ၏ နန်းတော်ထဲတွင် ထိုင်နေရင်း ရေရွတ်လိုက်သည်။ ဒုတိယ အပိုင်းကို ယုရှုန်းဆီ ပေးထားရန် ရန်ကိုင် ပြောစဉ်က သူမစိတ်ထဲ ထိုကိစ္စနှင့် ပက်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရ၏။ သို့သော်လည်း ရန်ကိုင် ဘာကြံနေမှန်း သူမ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

ရန်ကိုင်သည် မွန်းစတားဧကရာဇ်ကြယ်သို့ ပြန်မလာတော့ရန် စဉ်းစားနေသလော။ ထိုသို့ ဖြစ်နိုင်လောက်ပေသည်။

သို့သော်လည်း သူ့စီနီယာမမလေး ဤနေရာတွင် ရှိနေလေရာ ဘာကြောင့် ဤနေရာသို့ ပြန်မလာရမည်နည်း။ သူ့ပုံစံကို ကြည့်ရသလောက် သူချစ်ရသည့် လူများ၏ လုံခြုံရေးကို ဂရုမစိုက်သည့် လူတစ်ယောက်နှင့် မတူချေ။ မဟုတ်လျှင် ချင်းလော့ သူ့အား စွန့်ပစ်သွားခဲ့သည်မှာ ကြာလောက်ပေပြီ။

ထို့ကြောင့် ရန်ကိုင် ဘာကြံနေလဲ ချီယွဲ့ မစဉ်းစားတတ်ခြင်း ဖြစ်သည်။

ခဏကြာအောင် ထပ်ပြီး စဉ်းစားနေသည့်တိုင် ရန်ကိုင်၏ အကြံအစဉ်ကို မစဉ်းစားနိုင်သဖြင့် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။

ရှနင်းချန်သာ သူမလက်ထဲ ရှိနေသရွေ့ ရန်ကိုင် ပြဿနာ ရှာမည်ကို ကြောက်နေစရာ မလိုချေ။

ထိုအချိန်အတောအတွင်း၌၊ ရှန်ချင်းလော့နှင့် ရှနင်းချန်သည် ရှနင်းချန် ဆေးဖော်စပ်သည့် အခန်းထဲတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြလေသည်။

ရန်ကိုင်နှင့် ရွှယ့်လျန်တို့ တိုက်ခိုက်ပြီး ရန်ကိုင်ကို ချီယွဲ့မှာ ခေါ်သွားသည်မှာ လဝက် ရှိနေခဲ့လေပြီ။ သို့သော် ယနေ့ထိတိုင် ပြန်ရောက်မလာသေးသဖြင့် မိန်းကလေး နှစ်ဦးစလုံး အလွန်ကိုမှ စိုးရိမ်ပူပန်မိနေခဲ့ကြသည်။

ရှန်ချင်းလော့သည် ချီယွဲ့၏ နန်းတော်ဆီသွားပြီး အကြိမ်များစွာ သွားတွေ့သော်လည်း သူမ၏ မွေးစားအမေနှင့် တွေ့ခွင့်မရခဲ့ပေ။

“နင်းချန်၊ စိတ်မပူနဲ့။ မွေးစားအမေ သူ့ကို ဘာမှလုပ်မှာ မဟုတ်ဘူး” ရှန်ချင်းလော့သည် သူမကိုယ်တိုင် မီးခဲဖင်ခုထိုင်နေရသလို စိတ်ဂနာမငြိမ် ဖြစ်နေသော်လည်း ရှနင်းချန်ကိုမူ နှစ်သိမ့်ပေးလိုက်ပေသေးသည်။

“အစ်မချင်းလော့၊ လနီမျိုးနွယ်စုခေါင်းဆောင် ဂျူနီယာ မောင်လေးကို ဘာမှ မလုပ်တာ သေချာပါတယ်နော်” ရှနင်းချန်သည် အတည်ပြုလိုသည့် အကြည့်မျိုးဖြင့် ကြည့်လျက် ရှန်ချင်းလော့အား မေးလိုက်လေသည်။

ထိုရိုးသားအပြစ်ကင်းစင်သည့် မျက်ဝန်းလေးကို ကြည့်ရင်း ပြန်ဖြေဖို့ရာ သူမစိတ်ထဲ အတော်လေးကိုမှ ဖိအားများနေသည်။ ရန်ကိုင် ဘာမှမဖြစ်ပါဟု အာမမခံရဲသော်လည်း ရှနင်းချန် စိတ်သက်သာသွားစေရန် ယုံကြည်ချက်အပြည့်ဖြင့် အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပေသေးသည်။

ထိုစဉ် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသဖြင့် အမျိုးသမီး နှစ်ဦးစလုံး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ နှစ်ဦးစလုံး ဝမ်းသာပျော်ရွှင်သွားခဲ့ပြီး ချက်ချင်း ထိုင်ရာမှထ၍ တံခါးပေါက်ဆီသို့ ပြေးထွက်သွားလေသည်။

မကြာမီ ရန်ကိုင် တံခါးပေါက်ကိုဖွင့်၍ အထဲသို့ ဝင်လာလေသည်။

“နင်တို့ ငါ့ကို စောင့်နေတာလား” ရန်ကိုင်က အမျိုးသမီးနှစ်ဦးကို ကြည့်၍ မေးလိုက်ပြီးနောက် စားပွဲခုံဆီသို့ လျှောက်သွားလိုက်ပြီး လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့လိုက်လေသည်။

“နင်အဆင်ပြေလား” ရှန်ချင်းလော့က စိုးရိမ်တကြီး မေးလိုက်သည်။

“ငါလား၊ ပြေတာပေါ့” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “စိတ်မပူနဲ့။ စီနီယာချီယွဲ့ ငါ့ကို ဘာမှမလုပ်ဘူး။ ငါနဲ့ သဘောတူညီချက် တစ်ခုပဲ လုပ်ခဲ့တာ”

“သဘောတူညီချက်” ရှန်ချင်းလော့ မျက်မှောင်ကြုတ်သွားပြီး “ဘယ်လို သဘောတူညီချက်မျိုးလဲ”

“အင်၊ အသေးစိတ်ရှင်းပြဖို့တော့ နည်းနည်း ခက်လိမ့်မယ်။ ဒါပေမယ့် တိုတိုပြောရရင်တော့ ငါလည်း နင်တို့နဲ့အတူ တောင်စိမ်းကြယ်ဆီ လိုက်ရလိမ့်မယ်”

“နင်လည်း တောင်စိမ်းကြယ်ကို သွားမှာလား။ ဒီတော့ သွေးအကျဉ်းထောင်စမ်းသပ်ပွဲမှာ နင်ဝင်ပြိုင်မှာပေါ့” ရှန်ချင်းလော့ သူမ၏ ပါးစပ်လေးကို အုပ်လိုက်သည်။

“ဟုတ်တယ်”

“ဒါပေမယ့် နင်က တန်ခိုးရှင်ဒုတိယအဆင့်ပဲ ရှိသေးတာလေ” ရှန်ချင်းလော့က စိုးရိမ်နေသည့် အမူအရာဖြင့် “အဲ့ကိုသွားတဲ့ လူတိုင်းက တန်ခိုးရှင်တတိယအဆင့်တွေချည်းပဲ”

“ပြဿနာမရှိဘူး” ရကနန်ကိုင်က ရယ်သွမ်းသွေးလျက် “အဲ့ထဲ ဝင်ဖို့ တန်ခိုးရှင်တတိယအဆင့် ဖြစ်နေရမယ်လို့ ဘယ်သူမှ မသတ်မှတ်ထားဘူး။ ဘာပဲဖြစ်ဖြစ်၊ ငါချီယွဲ့ကို ကတိ ပေးပြီးသွားပြီဆိုတော့ အခုမှ ပြန်ရုတ်သိမ်းလို့ မရတော့ဘူး”

“ဟုတ်တယ်ဆိုပေမယ့်…”

“စိတ်ပူမနေနဲ့” ရန်ကိုင်က ခေါင်းခါရမ်းလျက် “ဒါပေမယ့် ငါနားမလည်တာ တစ်ချက်ရှိတယ်။ ငါတွက်ကြည့်သလောက် သွေးအကျဉ်းထောင်စမ်းသပ်ပွဲက နောက်ထပ် တစ်လ၊ နှစ်လလောက် နေရင် စတော့မှာ။ ငါတို့အဲ့ကို ဘယ်လို အချိန်မှီရောက်အောင် သွားကြမှာလဲ”

ရှန်ချင်းလော့က ပြုံးလျက် “ဒီအတိုင်း သွားမှာမှ မဟုတ်တာ။ ဟင်းလင်ပြင်အစီအရင် သုံးပြီး သွားမှာလေ။ အဲ့ဟင်းလင်းပြင် အစီအရင်နဲ့ဆို သွေးအကျဉ်းထောင်ဆီ တန်းရောက်တယ်။ သွေးအကျဉ်းထောင် ပွင့်လာမယ့်အချိန်ကို စောင့်နေဖို့ပဲ လိုတာ”

ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး “ဒီမှာ ကြယ်ချင်း ဆက်သွယ်ထားတဲ့ ဟင်းလင်းပြင်အစီအရင် ရှိတယ်ပေါ့”

“ဟုတ်တယ်” ရှန်ချင်းလော့က ခေါင်းညိတ်၍ “ပြောရရင်တော့ အဲ့အစီအရင်က အရင်ခေတ်က ကျန်ခဲ့တဲ့ အစီအရင်တစ်ခုပဲ။ သွေးအကျဉ်းထောင် စမ်းသပ်ပွဲက အရမ်းနာမည်ကျော်တော့ ငါတို့ မွန်းစတားဧကရာဇ်ကြယ်က ပါရမီရှင်တွေကလည်း အဲ့စမ်းသပ်ပွဲ သွားပြီး ဝင်ပြိုင်ချင်ကြတယ်။ ဒါပေမယ့် ဒီအတိုင်း သွားလို့တော့ အဆင်မပြေဘူးလေ။ ဒါကြောင့် အရင် လနီမျိုးနွယ်စု ခေါင်းဆောင်က ပန်းပဲပညာရှင်တွေ၊ အစီအရင် ပညာရှင်တွေ ခေါ်ပြီး ကြယ်ချင်း သွားလာနိုင်တဲ့ ဟင်းလင်းပြင် အစီအရင် တစ်ခု လွန်ခဲ့တဲ့ နှစ်နှစ်ထောင်လောက်က တည်ဆောက်ခဲ့တာ။ သွေးအကျဉ်းထောင်ဖွင့်တဲ့ အချိန်တိုင်း ငါတို့ မွန်းစတားဧကရာဇ်ကြယ်က တက်သစ်စ လက်ရွေးစင် အဖွဲ့တစ်ဖွဲ့ကို တိတ်တဆိတ် စေလွှတ်လေ့ရှိတယ်”

“လတ်စသတ်တော့ အဲ့လိုကိုး” ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့သည် “အချိန်ဒီလောက် ကပ်နေတာတောင် စီနီယာချီယွဲ့ ပျာယာခတ်မနေတာ ဒါကြောင့်ကိုး”

“ဟုတ်တယ်။ မဟုတ်ရင် မီထျန်းနဲ့ အခြားသခင်လေးတွေ ဘာလို့ ဒီကိုလာတယ်လို့ နင်ထင်လဲ။ သူတို့လည်း သွေးအကျဉ်းထောင် စမ်းသပ်ပွဲမှာ ဝင်ပြိုင်ဖို့ ရောက်လာခဲ့တာ” ရှန်ချင်းလော့က ပြုံး၍ ရှင်းပြလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၈၈)

ရှန်ချင်းလော့ ပြောသည်ကို ကြားပြီးနောက် အခြားပိုင်နက် နယ်ပယ်များမှ မွန်းစတားမျိုးနွယ် ပညာရှင်များ လနီနန်းတော်ဆီသို့ ဘာကြောင့် လာကြမှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။ လနီပိုင်နက်နယ်ပယ်ထဲတွင် ရှိနေသော ဟင်းလင်းပြင် အစီအရင်ကို အသုံးပြုချင်နေသည့် အတွက်ကြောင့် ဖြစ်သည်ကိုး။

“ဒါနဲ့၊ ရှန်ချင်းလော့၊ သွေးအကျဉ်းထောင်စမ်းသပ်ပွဲက လွယ်မှာ မဟုတ်ဘူး။ ဒါကို ယူထားလိုက်” ရန်ကိုင်သည် ရုတ်တရက် တစ်ခုခု စဉ်းစားမိလိုက်သည့်နှယ် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်း တစ်ခုခုကို ထုတ်ယူလိုက်ပြီး ရှန်ချင်းလော့ကို ပေးလိုက်လေသည် “အချိန်အများကြီး မရှိတော့ပေမယ့် သန့်စင်ဖို့ လုပ်ကြည့်လိုက်။ ဒါနဲ့ဆို နင့်အတွက် အတော်လေး အဆင်ပြေသွားပြီ”

“ဒါက…” ရှန်ချင်းလော့သည် ရန်ကိုင်သူမကို ပေးလာသည့် ပစ္စည်းအား မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။ မကြာမီ သူမ၏ မျက်ဝန်းများ တဖျက်ဖျက် တောက်ပလာခဲ့ပြီး တိုးတိုးလေး ပြောလိုက်လေသည် “တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာလား”

ဤမှော်ရတနာမှ ဖြာထွက်နေသော အားကောင်းလှသည့် စွမ်းအင်လှိုင်းများကို ချက်ချင်း သတိပြုမိလိုက်သည်။ ထိုကဲ့သို့သော စွမ်းအင်လှိုင်းမျိုးသည် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများတွင်သာ ရှိသည့် စွမ်းအင်လှိုင်းမျိုး ဖြစ်သည်။

“အင်း” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဒါကို ငှက်မျိုးခုနှစ်ကောင် မိုးကြိုးမီးတောက်ကြာပွတ်လို့ ခေါ်တယ်။ နင်နဲ့ လိုက်လောက်မယ်လို့ ငါထင်တယ်”

ရှန်ချင်းလော့သည် နှုတ်ခမ်း နားရွက်တက်ချိတ်လုမတတ် ပြုံးဖြီးသွားခဲ့လေသည်။ ကြာပွတ်အား ချက်ချင်း ယူလိုက်ပြီး သူတော်စင်ချီ ထည့်သွင်းလိုက်ရာ ကြာပွတ်ဆီမှ တစီစီ မြည်သံတို့ ထွက်ပေါ်လာခဲ့လေသည်။ ထိုတဝီဝီ မြည်သံသည် သူမ၏ သူတော်စင်ချီနှင့် ပဲ့တင်ထပ်နေသည့်နှယ်…

“ငါနဲ့ တကယ် လိုက်တဲ့ပုံပဲ…” ရှန်ချင်းလော့ အတွေးနက်သွားပြီး “အရင်ပိုင်ရှင်က လူသားတစ်ယောက်မလား။ ဒီကြာပွတ်ပေါ်မှာ ကျန်ရစ်ခဲ့တဲ့ ဝိဥာဉ်အမှတ်အသားက အဲ့ဒါနဲ့ သိပ်ပြီး သဟဇာတ မဖြစ်ဘူး ဖြစ်နေတယ်… ကြည့်ရတာ ဒီမှော်ရတနာရဲ့ စွမ်းအား အကုန်ကို ထုတ်သုံးချင်တယ်ဆိုရင် မွန်းစတားချီကို သုံးမှ ရမယ်နဲ့တူတယ်”

“တကယ်ကြီးလား” ရန်ကိုင် ကြောင်သွားခဲ့သည်။

ထိုအကြောင်းကို သူမသိခဲ့ချေ။

ခုနှစ်မျိုးငှက်မိုးကြိုးကြာပွတ်သည် မိုးကြိုးမုန်တိုင်းဂိုဏ်း၏ မှော်ရတနာတစ်ခု ဖြစ်သည်။ ကမ္ဘာငယ်လေးထဲတွင် ဖန်ဖုန်းကို သတ်ပြီးနောက် ထိုမှော်ရတနာကိုပါ သိမ်းယူလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မှော်ရတနာသည် ကြာပွတ်ဖြစ်နေသည့်အတွက် သိပ်စိတ်မဝင်စားသည့် အတွက်ကြောင့် သေချာ မစစ်ဆေးခဲ့ချေ။ ရှန်ချင်းလော့နှင့် လိုက်မည်ဟု ထင်သည့်အတွက်ကြောင့်သာ ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။

ကြာပွတ်ထဲသို့ မွန်းစတားချီကို ထည့်သွင်းပြီးနောက်တွင် ရှန်ချင်းလော့သည် ကြာပွတ်အား စတင် ဝှေ့ရမ်းကြည့်လေသည်။ သူမ ကြာပွတ်ဝှေ့ရမ်းနေသည့် ပုံစံမှာ အကမယ်လေးတစ်ပါး ကိုယ်ခန္ဓာကိုယ်ကို ယိမ်းနွှဲ့လျက် ကကြိုးဆင်နေသည့်နှယ် အလွန်ကိုမှ လှပလှသည်။

“ဒါကို ခုနှစ်မျိုးငှက်မိုးကြိုးကြာပွတ်လို့ ခေါ်တယ်မလား” ရှန်ချင်းလော့သည် ကြာပွတ်ား ပျော်ရွှင်စွာ ဝှေ့ရမ်းနေရင်းမှ မေးကြည့်လိုက်သည်။

“ဟုတ်တယ်”

“ငါသိပြီ။ ဒါကို အရင်က မွန်းစတားမျိုးနွယ်တွေ ပိုင်ခဲ့တာ ဖြစ်ရမယ်။ နောက်မှ လူသားတွေလက်ထဲ ရောက်သွားခဲ့တာ”

“နင်ပြောမှလည်း ငါလည်း စဉ်းစားကြည့်မိတယ်။ အဲ့လို ဖြစ်လောက်မယ်” ရန်ကိုင်က မျက်မှောင်ကြုတ်လျက် “ဒီကြာပွတ်ရဲ့ အရင်ပိုင်ရှင်နဲ့ တိုက်ခိုက်တုန်းက ကြာပွတ် အစွမ်းက ဒီလောက် မရှိဘူး။ အခု နင့်လက်ထဲ ရောက်လာပြီ ဆိုတော့ ကြာပွတ်လည်း သူ့အစွမ်းအစကို ထုတ်ပြနိုင်ပြီပေါ့”

“သေချာတာပေါ့၊ ကျေးဇူးပဲ ရန်ကိုင်” ရှန်ချင်းလော့သည် ရန်ကိုင်အား ရှက်သွေးဖြာနေသည့် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

သူမဘဝတွင် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာကို တစ်ခါမှ မပိုင်ဆိုင်ဖူးချေ။ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာကို ပိုင်ဆိုင်ထားသူ အားလုံးသည် မျိုးနွယ်စုခေါင်းဆောင်များသာ ဖြစ်ကြသည်။

တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ မည်မျှ အဖိုးတန်ကြောင်း သူမ ကောင်းကောင်း သိသည်။ သို့သော်လည်း ထိုကဲ့သို့သော မှော်ရတနာ တစ်ခုကို ရန်ကိုင်သည် သူမအား မျက်တောင် မခတ်ဘဲ ပေးလာခဲ့သည်။ ရှန်ချင်းလော့ မပျော်ဘဲ ဘယ်နေမည်နည်း။

“ငါထွက်သွားပေးရမလား” ရှနင်းချန်က အားမရှိသည့် လေသံဖြင့် မေးလာခဲ့သည်။

ရှန်ချင်းလော့ အံ့အားသင့်သွားခဲ့သော်လည်း ချက်ချင်း တခစ်ခစ် ရယ်မောလိုက်လေသည်။ ထို့နောက် ရှနင်းချန်ဆီ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားလိုက်ပြီး သူမရှေ့သို့ ရောက်သည်နှယ့် သူမ၏ လက်သွယ်သွယ်လေးဖြင့် ရှနင်းချန်၏ မေးလေးကို ကိုင်ကာ အပေါ်သို့ မော့လိုက်သည်။

ထို့နောက် ခါးကိုကိုင်းလျက် သူမ၏ နှုတ်ခမ်းအစုံဖြင့် ရှနင်းချန်၏ နှုတ်ခမ်းကို ဖိနမ်းချလိုက်လေသည်။

“အစ်မချင်းလော့၊ နင်ဘာလုပ်နေတာလဲ…”

ရှနင်းချန် စကားဆုံးအောင် မပြောနိုင်သေးခင်မှာပင် ရှန်ချင်းလော့၏ သူမ၏ နှုတ်ခမ်းဖြင့် ရှနင်းချန်၏ နှုတ်ခမ်းကို ပိတ်ချလိုက်သည်။ နှုတ်ခမ်းချင်း ဆုံသွားချိန် သူမ၏ ပါးစပ်ထဲသို့ တစ်ခုခု တိုးဝင်လာသည်ကို ရှနင်းချန် ခံစားမိလိုက်သည်။

ချက်ချင်း မျက်လုံးပြူးသွားပြီး ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်သွားလေသည်။

ရန်ကိုင်သည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း မှင်သက်နေခဲ့သည်။

ခဏအကြာမှ ရှန်ချင်းလော့သည် ရှနင်းချန်ဆီ ပြန်ခွာလိုက်ပြီး သူမ၏ အပေါ်နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ အောက်နှုတ်ခမ်းကို ကိုင်၍ ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာ၏။ ထို့နောက် တခစ်ခစ် ရယ်မောလျက် အခန်းထဲမှ တစ်လှမ်းချင်း လျှောက်ကာ ထွက်သွားခဲ့လေသည်။

ရန်ကိုင်နှင့် ရှနင်းချန်တို့ နှစ်ဦးစလုံး၏ ရင်အစုံ ဖားဖိုကြီးနှယ် နိမ့်ချည်မြင့်ချည် ဖြစ်ကျန်ရစ်ခဲ့ကြလေသည်။

“ချင်းလော့ လူမှားပြီး ကျေးဇူးတင်မိသွားတာလား” ရန်ကိုင်သည် တံခါးပေါက်ဆီသို့ ကြည့်ရင်း တံတွေးကို တစ်လုတ်ပြီးတစ်လုတ် မြိုချနေခဲ့သည်။ ရှန်ချင်းလော့ ထွက်မသွားခင် သူ့အား ကြည့်သွားသည့် အကြည့်သည် သူ့ဝိဥာဉ်ကိုပင် သိမ်းကျုံး ဆွဲယူသွားတော့မတတ် ဆွဲဆောင်မှုရှိလွန်းလှသည်။

“အင်း…” ရှနင်းချန် ချက်ချင်း ခေါင်းငုံသွားခဲ့သည်။ ဒီတစ်သက် နောက်မည်သူ့ကိုမှ အကြည့်ချင်း မဆိုင်ရဲတော့သည့်အလား ခေါင်းကိုသာ ငုံ့နေခဲ့သည်။ သူမ၏ နားသီးလေးများဆိုလျှင်လည်း မီးဖိုထဲ ထည့်ကင်ထားခံရသည့်အလား ရဲရဲတောက်နီမြန်းနေခဲ့၏။

ရှနင်းချန်ကို ကြည့်လိုက်သည့်အခိုက် ရန်ကိုင်စိတ် ဂနာမငြိမ် ဖြစ်လာခဲ့သည်။ ဘာကြောင့်မှန်းတော့ မသိသော်ငြား ရှန်ချင်းလော့ လူမှားကျေးဇူးတင်မိခဲ့သော်လည်း၊ ထိုနှစ်ယောက် နမ်းရှိုက်နေသည်ကို ကြည့်ရင်း သူ့သွေးများ ဆူပွက်လာရပြီး ရာဂစိတ် ငယ်ထိပ်သို့ ဆောင့်တက်လာခဲ့ရသည်။

ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ရှနင်းချန်၏ ဘေးဘက်ဆီသို့ လမ်းလျှောက်သွားကာ သူမအား လှမ်းကိုင်လိုက်ည်။

ရှနင်းချန်၏ ခန္ဓာကိုယ်လေး မီးမြိုက်ခံထားရသည့်နှယ် ပူလောင်နေသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။

…

မွန်းစတားဧကရာဇ်ကြယ်မှ သွေးအကျဉ်းထောင်စမ်းသပ်ပွဲသို့ သွားရန် ရည်ရွယ်ထားသည့် လူအရေအတွက်မှာ စုစုပေါင်း ခြောက်ယောက်သာ ဖြစ်သည်။

နှစ်ယောက်သည် ရှန်ချင်းလော့နှင့် ယုရှုန်းတို့ ဖြစ်ကြသည်။

သူတို့နှစ်ဦးအပြင် မီထျန်းနှင့် ရွှယ့်လျန်တို့ နှစ်ဦးလည်း ပါကြ၏။ သူတို့ နှစ်ဦးအပြင် တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသော အခြား မွန်းစတားမျိုးနွယ် နှစ်ဦးလည်း ထပ်ရှိသေးသည်။

သို့သော်လည်း ယခုမူ ဘဟဲ ပြန်လာပြီဖြစ်သည့်အတွက် သူ့ကိုလည်း သွေးအကျဉ်းထောင်စမ်းသပ်ပွဲသို့ ပိုရပေမည်။

ဘဟဲသည် ချီယွဲ့ဆီသို့ ပြန်လာပြီး သူ့အမှားကို ဝန်ခံခဲ့သည်။ တစ်ချိန်တည်းတွင် သွေးအကျဉ်းထောင်စမ်းသပ်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးကိုလည်း လိုချင်နေမိသည်။ သို့မှသာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နိုင်ချေ ရှိပေလိမ့်မည်။

ရန်ကိုင်အပါအဝင် မွန်းစတားဧကရာဇ်ကြယ်မှ သွေးအကျဉ်းထောင် စမ်းသပ်ပွဲသို့ သွားမည့်လူ စုစုပေါင်း ရှစ်ယောက် ရှိပေသည်။ ထို့ကြောင့် ပုံမှန် သတ်မှတ်ထားသည့် လူအရေအတွက်ထက် နှစ်ယောက် ပိုများလာသည်ဟု ပြော၍ရသည်။

အချို့သည် အသက်ရှင်လျက် ပြန်လာနိုင်ကြသော်ငြား အချို့မှာမူ ထိုကဲ့သို့ မဟုတ်ကြ။ သွေးအကျဉ်းထောင်ထဲသို့ ဝင်သွားပြီးသည်နှင့် မည်သူမှ သူတို့အသက်အပေါ် အာမခံချက် မရှိတော့ချေ။

သွေးအကျဉ်းထောင်စမ်းသပ်ပွဲအတွင်းမှ အသေအပျောက်များသည် သွေးအကျဉ်းထောင်ထဲတွင် ရှိနေသော နယ်ပယ်များ၏ စွမ်းအားကြောင့် ဖြစ်သလို အမျိုးမျိုးသော ကျင့်ကြံရေးကြယ်များမှ ရောက်လာသည့် ယှဉ်ပြိုင်သူများကြောင့်လည်း ဖြစ်ပေသည်။

ပညာရှင်အများစုသည် အချင်းချင်း ပြိုင်ဆိုင်ကြရင်း သေဆုံးသွားကြခြင်း ဖြစ်သည်။

သို့သော်လည်း မည်မျှပင် အန္တရာယ်များနေစေကာမူ။ သွေးအကျဉ်းထောင် စမ်းသပ်ပွဲသို့ လူပေါင်း မရေမတွက်နိုင်အောင် လာရောက်နေကြဆဲ။ ပုံမှန်အားဖြင့် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ဖို့ရာ အလွန်ကိုမှ ခက်ခဲလှလေရာ ဤကဲ့သို့ သူတို့အား တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်အောင် ကူညီပေးသော ပွဲတော်ကြီးတစ်ခုကို မည်သူကများ လက်လွှတ်နိုင်မည်နည်း။

သို့သော်လည်း သွေးအကျဉ်းထောင်တွင်းရှိ နယ်ပယ်များ၏ အကူအညီနှင့်ပင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်သွားနိုင်သူမှာ မရှိသလောက်ကို နည်းပါးလွန်းလှသည်။ သွေးအကျဉ်းထောင် စမ်သပ်ပွဲသို့ ရောက်လာသူ တန်ခိုးရှင်တတိယအဆင့် အယောက် တစ်ရာအနက်တွင် ရှီအား ပြီးပြည့်စုံခြင်း အဆင့်သို့ရောက်အောင် ကျင့်ကြံထားနိုင်သည့် လူအရေအတွက်မှာ နှစ်ယောက်၊ သုံးယောက်ပင် မရှိတတ်ချေ။ ထိုနှစ်ယောက်၊ သုံးယောက်ပင်လျှင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်သွားလိမ့်မည်ဟု တရားသေ မည်သူမှ မပြောနိုင်။

ထို့ကြောင့် ကြယ်စီရင်စုကြီး တစ်ခုလုံးတွင်ပင် တန်ခိုးရှင်ဘုရင် အဆင့် ပညာရှင်များ အလွန်ရှားပါးနေရခြင်း ဖြစ်သည်။

သွေးအကျဉ်းထောင်ထဲသို့ ဝင်သွားခြင်းအားဖြင့် ကျင့်ကြံသူ တစ်ယောက်သည် လွန်ခဲ့သော နှစ်သောင်းနှင့်ချီက ကျန်ရစ်ခဲ့သည် နယ်ပယ်၏ စွမ်းအားကို သိမြင်နိုင်ရုံသာမက ထူးခြားသော အရာ တစ်ခုခုကိုလည်း ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေသည်။

ထိုအရာမှာ နယ်ပယ်ကျောက်တုံး ဖြစ်သည်။

နယ်ပယ်ကျောက်တုံး ဖြစ်ပေါ်လာရခြင်းမှာ သေဆုံးသွားသော တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များနှင့် သက်ဆိုင်နေသည်။ သူတို့ သေဆုံးသွားပြီးနောက် ပေါက်ကွဲထွက်လာသော စွမ်းအားများကို သွေးအကျဉ်းထောင်ထဲရှိ ထူးခြားသော ကျောက်စိမ်းအချို့မှ စုပ်ယူသွားခဲ့သည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် အနည်ထိုင်၊ စုဝေးလာပြီးသည့်နောက်တွင် ထိုကျောက်များသည် ထူးခြားသော နယ်ပယ်ကျောက်တုံးဟု ခေါ်သည့် အရာများအဖြစ်သို့ အသွင် ပြောင်းလဲလာခဲ့သည်။

နယ်ပယ်ကျောက်တုံးထဲတွင် ကိန်းအောင်းနေသော နယ်ပယ်အဆင့်၏ ဆန်းကြယ်မှုများကို ကျင့်ကြံသူများ အချိန်မရွေး၊ နေရာမရွေး နားလည်ဆင်ခြင်နိုင်ပေသည်။

တန်ခိုးရှင်တတိယအဆင့် ပညာရှင် အများစုသည် နယ်ပယ် ကျောက်တုံးကို ရှာရန်အတွက် သွေးအကျဉ်းထောင်ဆီသို့ လာခဲ့ကြခြင်း ဖြစ်သည်။

သွေးအကျဉ်းထောင်ထဲသို့ဝင်ပြီး တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားကြ။ နယ်ပယ် ကျောက်တုံးများကို ရှာပြီး ထိုကျောက်တုံးထဲတွင် ရှိနေသော ဆန်းကြယ်မှုများကို လေ့လာကာ သူတို့၏ သိုင်းတာအိုအပေါ် ထိုးထွင်းနားလည်မှုများကို တိုးတက်အောင် လုပ်လိုခြင်းသာ။

သွေးအကျဉ်းထောင်ထဲသို့ ဝင်လာသည့် ကျင့်ကြံသူများအစု၏ ရည်ရွယ်ချက်မှာ ထိုကဲ့သို့ ဖြစ်ပေသည်။ ထိုအကြောင်းအရင်းသည် လူအသေအပျောက် များရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ကျင့်ကြံသူအချင်းချင်း အပြန်အလှန် သည်းကြီးမည်းကြီး တိုက်ခိုက်နေကြလိမ့်မည် မဟုတ်ချေ။

ရှန်ချင်းလော့သည် ရန်ကိုင်ထက် သွေးအကျဉ်းထောင်အကြောင်း အများကြီး ပိုသိထားခဲ့သည်။ သွေးအကျဉ်းထောင်ထဲတွင် နယ်ပယ်ကျောက်တုံးကဲ့သို့သော အရာများရှိကြောင်း သိပြီးနောက် ရန်ကိုင် ထိုအရာကို စိတ်ဝင်စားသွားခဲ့သည်။

သူသည် တန်ခိုးရှင်ဒုတိယအဆင့်သို့သာ ရောက်သေးသော်လည်း တစ်နေ့နေ့တွင် တန်ခိုရှင်းတတိယအဆင့်သို့ ကျိန်းသေ ရောက်လာပေလိမ့်မည်။ ထိုအခါ သူသည် အခြားသော ကျင့်ကြံသူများ ရင်ဆိုင်ရသည့် အတားအဆီးကို ရင်ဆိုင်ရပေလိမ့်မည်။

နယ်ပယ်ကျောက်တုံးသည် ထိုအချိန်မျိုးသို့ ရောက်လာသည့်အခါ သူ့အား အတော်လေး အကူအညီ ပေးနိုင်လောက်၏။

အင်္ကျီလက်ကို ခေါက်တင်လပ် သွေးအကျဉ်းထောင်စမ်းသပ်ပွဲ စမည့်နေ့ကို စောင့်ဆိုင်းနေလိုက်လေသည်။

သွေးအကျဉ်းထောင် စမ်းသပ်ပွဲ မစသေးခင်တွင်မူ ရှနင်းချန်သည် ဆေးလုံးများကို ဖော်စပ်အချိန်ဖြုန်းနေပြီး ရန်ကိုင်မူ ချီယွဲ့ သင်ကြားပေးခဲ့သည့် ပညာရပ်ကို သေချာ လေ့လာနေခဲ့သည်။

တစ်လခွဲကျော် ကြာပြီးနောက်၊ ရုတ်တရက် တံခါးခေါက်သံကို ရန်ကိုင် ကြားလိုက်ရသည်။ တံခါးသွားဖွင့်ကြည့်လိုက်သည့် အခါ အပေါက်ဝတွင် ရပ်နေသော ရှန်ချင်းလော့ကို တွေ့လိုက်ရ၏။

“အချိန်ကျပြီလား” ရန်ကိုင်က မေးလိုက်သည်။

“အင်း” ရှန်ချင်းလော့က ခေါင်းညိတ်၍ “မွေးစားအမေက အားလုံးကို လူစုဖို့ ပြောနေပြီ”

“ကောင်းပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ခဏစောင့်၊ ငါအခုပဲ ပြန်လာခဲ့မယ်”

ထို့နောက် အခန်းထဲသို့ ပြန်လျှောက်ဝင်သွားလိုက်သည်။ ခဏအကြာ၌ ရှန်ချင်းလော့ရှေ့ ပြန်ပေါ်လာပြီး သူမနှင့်အတူ နန်းတော်ဆီသို့ ထွက်သွားလေသည်။

နန်းတော်ထဲတွင် ပညာရှင်ပေါင်းများစွာ စုဝေးနေခဲ့ကြသည်။ ထိုနေရာတွင် မွန်းစတားမျိုးနွယ်စု၏ ကြယ်ပွင့်လေးများသာ ရှိနေရုံတင်မဟုတ်ဘဲ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များလည်း စုဝေးနေခဲ့ကြသည်။

သို့သော်ငြား အကုန်လုံးသည် တစ်ခုခုကို စောင့်ဆိုင်းနေသည့် အလား နန်းတော်တစ်ခုလုံး ပကတိ တိတ်ဆိတ်နေခဲ့ကြသည်။ .

…

မွန်းစတားမျိုးနွယ်များ တစ်ယောက်ပြီးတစ်ယောက် တောက်လျှောက် ရောက်လာနေခဲ့ကြသည်။ ရောက်လာသည်နှင့် အမြင့်တွင် ထိုင်နေသော မျိုးနွယ်စုခေါင်းဆောင် သုံးဦးကို ဦးညွှတ်လိုက်ပြီး ထိုင်စရာနေရာတစ်ခုရှာကာ မျက်လုံးပိတ်၍ တင်ပလင်ခွေထိုင်နေလိုက်လေသည်။

နောက်ဆုံးတွင် ရန်ကိုင်နှင့် ရှန်ချင်းလော့တို့လည်း ရောက်လာခဲ့သည်။ နန်းတော်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့ပြီး သူ့သွေးကြောထဲရှိ သူတော်စင်ချီကိုလည်း အလိုလို လှည့်ပတ်မိလိုက်သည်။

ဤနန်းတော်ထဲတွင် တန်ခိုးရှင်ဘုရင် တတိယအဆင့် ပညာရှင် သုံးဦးပင် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ချီယွဲ့အပြင် သူမတွေ့ဖူးသည့် နောက်ထပ် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် နှစ်ဦး ရှိနေခဲ့သည်။

ထိုနှစ်ဦး၏ အကြည့်ကြောင့် ရန်ကိုင့် ဦးရေပြား ထုံသွားခဲ့သည်။

“ဟေး၊ ချီယွဲ့၊ ဒီမှာဘာလို့ လူသားတစ်ယောက် ရှိနေတာလဲ” ဘယ်ဘက်တွင် ရှိနေသော ဆံပင်နီနီနှင့် လူအိုကြီးက ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

“ဟုတ်တယ်။ ချီယွဲ့၊ နင်ငါ့တို့ကို ဒီအကြောင်း တစ်ခါမှ မပြောဘူး။ ဒါဘာသဘောလဲ” ညာဘက်တွင် ရှိနေသော ကြေးနီရောင် အသားအရေနှင့် လူထွားကြီးကလည်း ပြောလိုက်သည်။

ချီယွဲ့က ရယ်သွမ်းသွေးလျက် “လူသားတစ်ယောက်ပဲဟာကို၊ ဘာတွေ ဒီလောက် ဖြစ်နေကြတာလဲ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၈၉)

အနီရောင်ဆံပင်နှင့် လူအိုကြီးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “လူသားတစ်ယောက်ကို ဘာမှ ဂရုစိုက်နေစရာ မရှိတာ ဟုတ်တယ်။ ဒါပေမယ့် နင်မှားနေတာလား။ ဒီနေ့ လူတွေ စုဝေးလိုက်ရတာ ငါတို့ မွန်းစတားမျိုးနွယ်ရဲ့ လူငယ်ပါရမီရှင်တွေကို သွေးအကျဉ်းထောင်ဆီ ပို့ဖို့လေ။ သူလည်း ဒီရောက်နေတယ်ဆိုတော့ သူ့ကိုလည်း သွေးအကျဉ်းထောင်ဆီ စေလွှတ်ဖို့ လုပ်ထားတာလား”

“ဟုတ်တယ်” ချီယွဲ့က ခေါင်းညိတ်လိုက်သည်။

အနီရောင်ဆံပင်နှင့် လူအိုကြီး မျက်နှာပျက်သွားပြီး သူ့မျက်ဝန်းထဲ ဒေါသရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ လူထွားကြီးကမူ အေးစက်စက် လေသံဖြင့် ပြန်မေးခွန်းထုတ်လိုက်လေသည် “ဒီအကြောင်းကို အစ်ကိုခွမ်းရှီနဲ့ငါ ဘာလို့ မသိရတာလဲ”

“ဒီလို ကိစ္စလေးကို ဘာလို့ လူတကာ လျှောက်ပြောနေရမှာလဲ” ချီယွဲ့က မကျေမနပ် ဖြစ်သွားသည့် အမူအရာဖြင့် “အဲ့ကောင်လေးနဲ့ ငါ့ချင်းလော့က အသိတွေပဲ။ သူက ဒီဘုရင်မရဲ့ ဟင်းလင်းပြင်အစီအရင်ကို သုံးပြီး တောင်စိမ်းကြယ်ဆီ သွားချင်ရုံပဲ၊ နင်တို့နှစ်ယောက် ဝင်ရှုပ်စရာ မလိုဘူး”

လူထွားကြီးက မျက်မှောင်ကြုတ်လျက် ချီယွဲ့အား စိုက်ကြည့်နေပြီးနောက်တွင် လေသံတိုးတိုးဖြင့်‌ မေးလိုက်၏ “ချီယွဲ့၊ နင်ဘာတွေ ကြံနေတာလဲ”

“ဒီဘုရင်မ ဘယ်တုန်းက ဘာတွေကြံဖူးလို့လဲ။ အဲ့ကောင်လေး တန်ခိုးရှင်ဒုတိယအဆင့်ပဲ ရှိသေးတာ နင်တို့ မတွေ့ဘူးလား။ ဒီကောင်လေးက အရမ်းမောက်မာတဲ့ကောင်၊ သူ့အဆင့်နဲ့ ငါတို့ ချင်းလော့ကိုများ လာလိုချင်နေသေးတယ်။ ချင်းလော့ကြောင့် ငါသူ့အသက်ကို ချမ်းသာပေးလိုက်တယ်။ ပြီးတော့ သူသာ သွေးအကျဉ်းထောင်စမ်းသပ်ပွဲမှာ အသက်ရှင်နိုင်မယ်ဆိုရင် ချင်းလော့နဲ့သူ့ကြား ကိစ္စကို ဝင်မရှုပ်တော့ဘူးလို့လည်း ကတိပေးလိုက်တယ်။ သူက သေချင်နေမှတော့ ဒီဘုရင်မကလည်း ဘာလို့ တားနေရဦးမှာလဲ။ ဒီလောက်ဆို ကျေနပ်ပြီလား”

ဆံပင်အနီရောင် လူအိုကြီးနှင့် လူထွားကြီးတို့သည် တိတ်တဆိတ် အကြည့်ချင်း တစ်ချက် ဖလှယ်လိုက်ကြသည်။ ချီယွဲ့ပြောသည့် စကား အကုန်လုံးကို မယုံရဲသော်လည်း ဤကိစ္စကို ဆက်မေးနေ၍ မသင့်တော်မှန်း သိလိုက်သည့်အတွက်ကြောင့် ထိုနေရာတွင်သာ ရပ်တန့်လိုက်လေတော့သည်။

သွေးအကျဉ်းထောင်ဆီ ဦးတည်နေသော ဟင်းလင်းပြင် အစီအရင်အား ယခင်လနီမျိုးနွယ်စုခေါင်းဆောင်မှ လွန်ခဲ့သည့် နှစ်တစ်သောင်းခန့်က ခင်းကျင်းခဲ့ခြင်း ဖြစ်သည်။ ထိုအစီအရင်သည် လနီမျိုးနွယ်စု၏ အပိုင်ဖြစ်သည့်အတွက် ချီယွဲ့ကသာ သူတို့ပိုင်နက်နယ်မြေမှ ပါရမီရှင်များကို သွေးအကျဉ်းထောင်ဆီ ပို့ပေးနိုင်ခြင်း ဖြစ်သည်။

သူတို့သာ ခေါင်းမာနေလျှင် အဆုံးတွင် ဖွတ်မရ ဓါးမဆုံး ဖြစ်သွားနိုင်သည်။ ချီယွဲ့သာ ဒေါသထွက်သွားပြီး သူတို့၏ မျိုးဆက်တပည့်များကို ဟင်းလင်းပြင်အစီအရင်အား အသုံးပြုခွင့် မပေးတော့ပါ နောက်တစ်ကြိမ်ကျလျှင် သူတို့လည်း သွေးအကျဉ်းထောင်ဆီ သွားနိုင်တော့လိမ့်မည် မဟုတ်ချေ။

“ဒီကောင်လေးက တကယ် ရူးနေတာပဲ” ဆံပင်အနီရောင်နှင့် လူအိုကြီးက ရန်ကိုင်အား အထင်တသေးဖြင့် ကြည့်လျက် “တကယ် လေလုံးထွားတဲ့ကောင်။ သူက သေချင်နေမှတော့ ဒီလူအိုကြီးလည်း ခွင့်ပြုပေးရမှာပေါ့။ ဒါပေမယ့် ချီယွဲ့၊ နောက်တစ်ကြိမ်ကျရင်တော့ ငါတို့ကို ကြိုပြီး အကြောင်းကြားပေး”

“ဟုတ်တယ်” လူထွားကြီးက ခေါင်းညိတ်ထောက်ခံလိုက်သည်။

ချီယွဲ့က ပြုံးလျက် “ဒီဘုရင်မ ဒီတစ်ကြိမ် ကတိုက်ကရိုက် ဖြစ်သွားတယ်။ နောက်တစ်ကြိမ်ကျရင် အကုန်လုံးကို အကြောင်းကြားမယ်လို့ ဒီဘုရင်မ ကတိပေးတယ်”

ချီယွဲ့က ထိုကဲ့သို့ ပြောလာသဖြင့် လူအိုကြီး နှစ်ယောက်လည်း ဘာမှ ထပ်ပြောမနေတော့ချေ။ မသိချင်ယောင်သာ ဆောင်နေပေးလိုက်တော့သည်။

“ချင်းလော့၊ စီနီယာခွမ်းရှီနဲ့ စီနီယာနူရှယ်တို့ကို လာနှုတ်ဆက်လိုက်ဦး” ချီယွဲ့က ရှန်ချင်းလော့ကို အချက်ပြလိုက်၏။

ရှန်ချင်းလော့သည် ချီယွဲ့ပြောသည့်အတိုင်း ထိုလူအိုကြီး နှစ်ဦးကို သွားနှုတ်ဆက်လိုက်လေသည်။

ထိုလူအိုကြီးနှစ်ဦးသည် ခြင်္သေရိုင်း မျိုးနွယ်စုခေါင်းဆောင်နှင့် ဂဏန်းရိုင်းမျိုးနွယ်စုခေါင်းဆောင်တို့ ဖြစ်ရမည်မှန်း ရန်ကိုင် သိလိုက်သည်။ သို့သော် သူတို့နှစ်ဦး ဤနေရာတွင် ဘာကြောင့် ပေါ်လာရသလဲ ဆိုသည်ကိုတော့ ရန်ကိုင် မသိပါချေ။

ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် သူ့အား စူးရဲ စိုက်ကြည့်နေသည့် အကြည့်တစ်ခုကို ခံစားမိလိုက်သည့်အတွက် လှည့်ကြည့်လိုက်ရာ မီးတောက်မတတ် အကြည့်ဖြင့် သူ့အား စိုက်ကြည့်နေသော ရွှယ့်လျန်ကို တွေ့လိုက်ရလေသည်။ ရန်ကိုင်က ပြုံးပြလိုက်ရာ ရွှယ့်လျန် မျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေသည်။ ရန်ကိုင်လက်၌ ကောင်းကောင်း တီးခံလိုက်ရသည့် အကြောင်းကို ပြန်စဉ်းစားမိသွားည့်ပုံပင်။

“ရန်ကိုင်၊ ဒီမှာ” ဘဟဲက ရန်ကိုင်အား လှမ်းခေါ်လိုက်သည်။

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး ဘဟဲဘေးနားရှိ ထိုင်ခုံဆီသို့ လျှောက်သွားလိုက်လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဘဟဲသည် သူ့စီနီယာမမလေးဆီ ရောက်လာပြီး ဆေးလုံး ဖော်စပ်ပေးရန် တောင်းဆိုခဲ့သည်။ သူတောင်းဆိုခဲ့သည့် ဆေးလုံးကိုလည်း သူ့စီနီယာမမလေးမှ အောင်မြင်စွာ ဖော်စပ်ပေးနိုင်ခဲ့ပေသည်။

ထို့ကြောင့် ဘဟဲသည် ရှနင်းချန်အပေါ် အလွန် ကျေးဇူးတင်သွားပြီး ရန်ကိုင်အပေါ်လည်း ပို၍ ရင်းနှီးလာခဲ့သည်။

“ရန်ကိုင်၊ သွေးအကျဉ်းထောင်ဆီသွားရင် သတိထားနော်။ ဒီမှာ ရှိနေတဲ့ လူတွေအကုန်လုံးက မင်းထက် အဆင့်တစ်ဆင့် မြင့်တဲ့ လူတွေချည်းပဲ” ဘဟဲက တိုးတိုးလေး သတိပေးလိုက်သည်။

“ဂျူနီယာ အမြဲတမ်း နှိမ့်နှိမ့်ချချပဲ နေတာပါ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။

ဘဟဲ မျက်နှာကြီးမဲ့လျက် ရန်ကိုင်အား စောင်းကြည့်လိုက်လေ၏။

“ဒါနဲ့ စီနီယာ၊ အဲ့နှစ်ယောက်က ဘယ်သူတွေလဲ” ရန်ကိုင်သည် သူတစ်ခါမှ မတွေ့ဖူးသည့် မွန်းစတားမျိုးနွယ် နှစ်ဦးကို ညွှန်ပြရင်း မေးလိုက်သည်။

ဘဟဲလည်း ထိုနှစ်ယောက်အကြောင်းကို လေသံတိုးတိုးဖြင့် ရှင်းပြလိုက်လေသည်။

တစ်ယောက်မှာ ဂဏန်းရိုင်းမျိုးနွယ်စုမှ ပျိုးထောင်ပေးထားသည့် ဂဏန်းရိုင်းမျိုးနွယ်စု ခေါင်းဆောင်၏ အားအကောင်းဆုံး လက်အောက်ငယ်သား တစ်ဦး ဖြစ်ပြီး အခြား တစ်ယောက်မှာ ခြင်္သေရိုင်းမျိုးနွယ်စုခေါင်းဆောင်၏ အားအကောင်းဆုံး လက်အောက်ငယ်သား တစ်ဦးဖြစ်သည့် လဲ့ဖုန်း ဖြစ်ပေသည်။

ခြင်္သေ့ရိုင်းမျိုးနွယ်စုခေါင်းဆောင်နှင့် ဂဏန်းရိုင်း မျိုးနွယ်စု ခေါင်းဆောင်တို့၏ အမွေခံများသည် ကျေနပ်လောက်စရာ စွမ်းအားကို ပိုင်ဆိုင်ထားခြင်း မရှိသဖြင့် သူတို့၏ လက်အောက် ငယ်သားများကို အစားထိုး စေလွှတ်ရခြင်း ဖြစ်သည်။

ထိုမွန်းစတားမျိုးနွယ် နှစ်ဦးသည်လည်း ရန်ကိုင်အား အတော်လေး စိတ်ဝင်စားဟန်ရကာ မကြာမကြာ သူ့ဆီ လှမ်းလှမ်းကြည့်နေပြီး လဲ့ဖုန်းဆိုလျှင် ရန်ကိုင်အား ပြုံးပင်ပြုံးပြနေသေးသည်။

ဒီကောင်ကြည့်ရတာ ပေါင်းလို့သင်းလို့ ကောင်းမယ့်ပုံပဲ ရန်ကိုင် စိတ်ထဲ ကြိတ်တွေးလိုက်သည်။

ခန်းမကြီးတစ်ခုလုံးသည် ထူးထူးခြားခြားကို တိတ်ဆိတ်နေခဲ့သည်။ လူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့သော်လည်း ဆူညံ့သွားခြင်း မရှိချေ။

ရန်ကိုင်သည် အဓိကခန်းမထဲတွင် ရှိနေသော ဟင်းလင်းပြင် အစီအရင်အား သူ့ကောင်းကင်စိတ်အာရုံဖြင့် အဆက်မပြတ် စစ်ဆေးကြည့်သည်။ စစ်ဆေးကြည့်ပြီးနောက်၌ ထိုဟင်းလင်းပြင် အစီအရင်သည် မွန်းစတားဧကရာဇ်ကြယ်နှင့် ပင့်ကူအမေကြီး၏ အသိုက်ကို ဆက်သွယ်ထားသည့် ဟင်းလင်းပြင် အစီအရင်နှင့် တူညီနေကြောင်း တွေ့ရှိလိုက်ရသည်။ ထိုနှစ်ခု မည်သို့များ ပက်သက်နေသလဲ ဆိုသည်နှင့် ပက်သက်၍ ရန်ကိုင် အတွေး များမိသွားသည်။

တစ်ရက်ကြာပြီးနောက်တွင် ချီယွဲ့နှင့် အခြားမျိုးနွယ်စု ခေါင်းဆောင်နှစ်ယောက် မျက်လုံးပွင့်လာခဲ့သည်။

“အချိန်ကျပြီ” ခြင်္သေရိုင်းမျိုးနွယ်စုခေါင်းဆောင်က ပြောလိုက်၏။

သွေးအကျဉ်းထောင်စမ်းသပ်ပွဲဆီ သွားမည့် တန်ခိုးရှင်အဆင့် ပညာရှင် ရှစ်ယောက်စလုံး မတ်တပ်ရပ်လိုက်ကြသည်။

မွန်းစတားမျိုးနွယ်စုခေါင်းဆောင် သုံးယောက်သည် ဟင်းလင်းပြင် အစီအရင်ဘေးနားသို့ ရောက်သွားပြီး သုံးထောင့်ကွက်ပုံစံဖြင့် ရပ်လိုက်ကြသည်။

“စတော့” ချီယွဲ့က အော်ဟစ်လိုက်ပြီး တစ်ချိန်တည်းတွင် ရှုပ်ထွေးသော လက်ကွက်များကို ထုတ်ဖော်လိုက်လေသည်။

နူရှယ်နှင့် ခွမ်းရှီတို့သည်လည်း တစ်ချိန်တည်း လှုပ်ရှားလိုက်ကြ၏။ အားကောင်းလှသော စွမ်းအင်လှိုင်းတို့သည် သူတို့ခန္ဓာကိုယ်ဆီမှ ဖြာထွက်လာခဲ့ကြလေသည်။

ချီယွဲ့၊ နူရှယ်နှင့် ခွမ်းရှီတို့ သုံးဦးစလုံး ဟင်းလင်းပြင် အစီအရင်ထဲသို့ သူတို့၏ သူတော်စင်ချီများကို စတင် ထည့်သွင်းကြတော့သည်။

အစီအရင်တစ်ခုလုံး တဝီဝီ မြည်လာပြီး အစီအရင်၏ မြောင်းပေါက်များထဲ ထည့်သွင်းထားသော သူတော်စင် သလင်းကျောက်များ အားလုံး တဖျက်ဖျက် တောက်ပလာခဲ့လေသည်။

“နင်တို့အားလုံး သေချာနားထောင်။ တောင်စိမ်းကြယ်က ဒီနေရာနဲ့ အဝေးကြီးပဲ။ ဒီအစီအရင်က နင်တို့ကို သွေးအကျဉ်းထောင်ထဲ ပို့ပေးနိုင်တယ် ဆိုပေမယ့် နင်တို့ ဘယ်နေရာမှာ ပေါ်လာမလဲ ဆိုတာတော့ မပြောနိုင်ဘူး။ ဒါကြောင့် သေသေချာချာ သတိနဲ့ လှုပ်ရှားကြ” ချီယွဲ့က အားလုံးကို အော်ဟစ် သတိပေးလိုက်သည် “သွေးအကျဉ်းထောင်ထဲ ဝင်နိုင်တဲ့လူတွေ အကုန်လုံးက အဆင့်မြင့် ပညာရှင်တွေချည်းပဲ။ အဲ့ရောက်ရင် ပြဿနာမဖြစ်အောင် နေကြ။ နင်တို့ အဓိက ပန်းတိုင်က နယ်ပယ်ကို နားလည်ဖို့နဲ့ နယ်ပယ် ကျောက်တုံးကို ရနိုင်ဖို့ပဲ။ နင်တို့အားလုံး အသက်ရှင်လျက် ပြန်လာနိုင်မယ်လို့ ဒီဘုရင်မ မျှော်လင့်တယ်”

“ကြားကြလား” လူအုပ်ကြီး ငြိမ်သက်နေသည်ကို မြင်သော် ခွမ်းရှီက အော်မေးလိုက်လေသည်။

“ဟုတ်ကဲ့” မွန်းစတားမျိုးနွယ် ဂျူနီယာအားလုံး ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။

ထိုအခါမှ ခွမ်းရှီ ကျေနပ်သွားတော့သည်။

“ဒီဘုရင်ကတော့ ဘာမှ ပြောမနေတော့ဘူး” နူရှယ်က ရယ်သွမ်းသွေးလျက် “မင်းတို့သာ အသက်ရှင်လျက် ပြန်လာနိုင်ရင် အနာဂတ်ကျရင် မွန်းစတားဧကရာဇ်ကြယ်မှာ နေရာတစ်နေရာ ရလာမယ် ဆိုတာတော့ သေချာတယ်”

“စီနီယာတို့ ညွှန်ကြားပြသတာကို သေချာ လိုက်နာပါ့မယ်”

ထိုစဉ် နန်းတော်တစ်ခုလုံး တုန်ခါလာပြီး ဟင်းလင်းပြင် အစီအရင်မှ တဝုန်းဝုန်း မြည်သံများနှင့် အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့လေသည်။

မိုင်ထောင်ပေါင်းများစွာ အဝေးမှပင် ထိုအဖြူရောင် အလင်းတန်းများကို လှမ်းမြင်နိုင်ပေသည်။

တုန်ခါမှုများ ပျောက်ကွယ်သွားပြီး အဖြူရောင်အလင်းတန်းများ မရှိတော့သည့်နောက်တွင် ဟင်းလင်းပြင် အစီအရင်ပေါ်၌ ဘဲဥပုံစံ ဂိတ်ပေါက်ဝလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“သွားပေတော့” ချီယွဲ့က အလေးအနက် အမူအရာဖြင့် အော်ပြောလိုက်သည်။

ဘဟဲသည် ရှေ့ဆုံးမှနေ၍ ဦးဆောင် ထွက်သွားလိုက်သည်။ မသွားခင် ချီယွဲ့အား ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် နောက်ပင် ပြန်လှည့်မကြည့်တော့ဘဲ ဘဟဲပုံစံ ဂိတ်ပေါက်ဝထဲသို့ ပြေးဝင်သွားတော့လေသည်။

ဘဟဲ ဝင်သွားပြီးသည်နှင့် တစ်ယောက်ပြီးတစ်ယောက် လိုက်ဝင်သွားသည်။

ရန်ကိုင်ကမူ အကုန်လုံး ဝင်သွားပြီးသည့်အချိန်ထိ စောင့်နေလိုက်၏။ အကုန်လုံး ဝင်သွားပြီးသည့် နောက်မှသာ ဂိတ်ပေါက်ထဲသို့ ဝင်သွားလေသည်။ သို့သော် ဂိတ်ပေါက်သို့ ရောက်ချိန် ချီယွဲ့အား လက်ဝှေ့ရမ်း၍ ပြုံးပြလျက် “စီနီယာချီယွဲ့၊ ရေစက်မကုန်သေးရင် ပြန်ဆုံကြတာပေါ့”

ထိုစကားကို ကြားလိုက်ချိန် ချီယွဲ့ မျက်နှာပျက်သွားပြီး မျက်မှောင်ကြုတ်သွားခဲ့လေသည်။

သို့သော်လည်း သူမ ဘာမှ ပြန်မပြောရသေးခင်မှာပင် ရန်ကိုင်သည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

“ဒီလူသားက တကယ်ကို စည်းမရှိကမ်းမရှိတဲ့ကောင်ပဲ” ခွမ်းရှီက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“ဂိတ်ပေါက်ကို မြန်မြန် ပိတ်လိုက်တော့” နူရှယ့်က အလျင်စလို ပြောလိုက်သည် “တော်ကြာ တောင်စိမ်းကြယ်က ခွေးအိုကြီး သတိပြုမိသွားဦးမယ်”

သို့သော်လည်း ချီယွဲ့ကမူ ဘာမှ ပြန်မပြော၍ တစ်ခုခု စဉ်းစားနေဟန်ဖြင့်သာ မတ်တပ်ရပ်နေခဲ့သည်။ တစ်ခုခုကို နားလည်သွားသည့်နှယ် ချီယွဲ့သည် ရှနင်းချန်နေသည့် နန်းဆောင်အား သူမ၏ ကောင်းကင်စိတ်အာရုံဖြင့် လှမ်း၍ စစ်ဆေးကြည့်လိုက်သည်။

ထို့နောက်တွင် ချီယွဲ့မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး အံကိုတင်းတင်း ကြိတ်၍ သွားကြားထဲမှ ထွက်သည့် လေသံဖြင့် ရေရွတ်လိုက်၏ “ခွေးကောင်လေး၊ နင်ဒီဘုရင်မကို လှည့်စားရဲတယ်ပေါ့”

ရှနင်းချန် သူမ၏ နန်းဆောင်ထဲ မရှိတော့ချိန် ရန်ကိုင် ဘာကြံနေသလဲ ဆိုသည်ကို ချီယွဲ့ ချက်ချင်း နားလည်လိုက်၏။

ရန်ကိုင်သည် မွန်းစတားဧကရာဇ်ကြယ်သို့ ပြန်လာရန် မစီစဉ်ထားခဲ့ပေ။

ရှနင်းချန်ကိုသာ ခေါ်ထားခဲ့လျှင် ထိုလူသားကောင်လေးကို ထိန်းချုပ်ထားနိုင်မည်ဟု ထင်ထားခဲ့သော်လည်း ထိုလူသား ကောင်လေးသည် သူမအား တစ်ဖက်လှည့်နားရိုက်သွားခဲ့၏။

သို့သော်လည်း သူမ မည်သို့ပင် တွေးစေကာမူ ရှနင်းချန် မည်ကဲ့သို့ ပျောက်ကွယ်သွားသလဲ သို့မဟုတ် ရန်ကိုင် ရှနင်းချန်ကို မည်ကဲ့သို့ ခေါ်သွားသလဲ ဆိုသည်ကို လုံးဝ မစဉ်းစားနိုင်ခဲ့ပေ။

လွန်ခဲ့သော ရက်အနည်းငယ်ခန့် ထိုမျိုးရိုးနာမည်ရှနှင့် အမျိုးသမီး နန်းတော်ထဲတွင် ရှိနေခဲ့ပေသေးသည်ကို ယနေ့ကျမှ ဘာကြောင့် ပျောက်ကွယ်သွားရသနည်း။

“ချီယွဲ့ နင်ဘာတွေလုပ်နေတာလဲ” နူရှယ့်နှင့် ခွမ်းရှီတို့ နှစ်ဦးစလုံး ချီယွဲ့ ဘာကြောင့် ရုတ်တရက်ကြီး အရမ်း ဒေါသထွက်လာမှန်း နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

“ဘာမှမဟုတ်ဘူး” ချီယွဲ့က ခေါင်းခါလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် “ဂိတ်ပေါက်ကို ပိတ်လိုက်တော့”

လူသားတစ်ယောက်၏ လှည့်စားခြင်း ခံလိုက်ရသည့် အကြောင်းကို လူသိရှင်ကြား ကြေညာနေလိမ့်မည် မဟုတ်ချေ။ သူမသာ ထိုနှစ်ယောက်ကို ပြောပြလိုက်လျှင် အလှောင်ပြောင်ခံရမည်မှာ လုံးဝ ကျိန်းသေသည်ကို ဘာကြောင့် ထုတ်ပြောနေရမည်နည်း။

သူမသည် ကိုယ့်သေတွင်း ကိုယ်တူမည့်လူ မဟုတ်ချေ။

ဒီကောင်လေးမှာ နည်းလမ်းကောင်းတွေ ရှိနေတာပဲ။ ယုရှုန်းဆီ မွန်းစတားအသွင်ပြောင်းလဲခြင်း ပညာရပ်ကို သွားပေးခိုင်းတာ ဒါကြောင့်ကိုး

ထိုသို့ဆိုလျှင် ချင်းလော့ကော။ ချင်းလော့ကိုပါ သူနှင့်အတူ ခေါ်သွားမည်လား။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက် ချီယွဲ့မျက်နှာ အရုပ်ဆိုးသွားခဲ့ရသည်။

ရန်ကိုင်၏ လှည့်စားခြင်း ခံလိုက်ရလျှင်ပင် မူလအဆီအနှစ် သလင်းကျောက်ကို ရလိုက်နိုင်သရွေ့ ဘာမှ ဆုံးရှုံးသွားလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ချင်းလော့ကိုပါ သူနှင့်အတူ ခေါ်သွားခဲ့လျှင်တော့ သူမ အရှုံးကြီး ရှုံးရပေလိမ့်မည်။ ထိုနှစ်ယောက်ကို ကြယ်စီရင်စုကြီးထဲ မည်ကဲ့သို့ လိုက်ရှာမည်နည်း။ ထိုကဲ့သို့ လိုက်ရှာရမည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်ထက်ပင် ပိုဆိုးနေပေလိမ့်မည်။

နင်လုပ်ရဲလုပ်ကြည့် ဒီဘုရင်မ ကြယ်စီရင်စုတစ်ခုလုံး လိုက်ရှာရမယ် ဆိုရင်တောင် လိုက်ရှာပြီး နင့်ကို သတ်ပစ်မယ်

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၉၀)

လေဟာနယ်တစ်ခုလုံး သူ့ခေါင်းပေါ် ပြိုကျလာသည့်အလား ရန်ကိုင်ခေါင်း အနည်းငယ် ရီဝေဝေ ဖြစ်သွားခဲ့သည်။ ဤသို့ ဖြစ်ရခြင်းမှာ ဟင်းလင်းပြင် ဆုတ်ဖြဲခံလိုက်ရခြင်းကြောင့် ဖြစ်ပေသည်။

တာတိုတည်နေရာ ခုန်ကူးခြင်းသည် ရန်ကိုင်အပေါ် အကျိုး သက်ရောက်မှု မရှိတော့သော်ငြား အလွန်ကိုမှ ဝေးကွာသော နေရာတစ်ခုမှ တစ်ခုသို့ တည်နေရာခုန်ကူးခြင်း၊ ကြယ်တစ်လုံးမှ အခြားတစ်လုံးသို့ ဟင်းလင်းပြင်ဆုတ်ဖြဲ၍ သွားလာခြင်းသည် ရန်ကိုင်အပေါ် အနည်းငယ် ဝန်ပိစေပေသေးသည်။

ကံကောင်းစွာဖြင့် လေဟာနယ်ကို ဆုတ်ဖြဲ၍ ဟင်းလင်းပြင်ထဲ သွားနေကျသူ တစ်ဦး ဖြစ်သည်မို့ ယခုခံစားချက်သည် သူ့အတွက် သိပ်ပြီး မပြင်းထန်လှချေ။

သူ့မြင်ကွင်းထဲ အလင်းတစ်ချက် လက်သွားပြီးနောက်တွင် ထူးဆန်းသော ကုန်းမြေတစ်ခုဆီသို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

လှည့်ပတ်မစူးစမ်းရသေးခင်မှာပင် သူ့အနီးအနား ဝန်းကျင်၌ အသက်စွမ်းအင် အရှိန်အဝါတစ်ခုရှိနေကြောင်း တွေ့ရှိလိုက်ရ၏။

သတိထားလျက် လှည့်ကြည့်လိုက်ရာ သူနှင့်အတူ သွေးအကျဉ်းထောင်သို့ လာခဲ့သော ခြင်္သေ့ရိုင်းပိုင်နက်မှ လဲ့ဖုန်းဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

လဲ့ဖုန်းသည် ဟင်းလင်းပြင် အစီအရင်ထဲသို့ သူ့ထက်ဦးစွာ စောဝင်သွားခဲ့ခြင်း ဖြစ်သည်။ ဟင်းလင်းပြင်ထဲ ဝင်သွားခြင်းသာ ဖြစ်သော်လည်း ရန်ကိုင်ကဲ့သို့ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားခြင်း မရှိသည့်အတွက် ရန်ကိုင်က အဆင်ပြေနေသော်ငြား သူ့မှာတော့ ဟင်းလင်းပြင် အစီအရင်ထဲမှ ထွက်လာပြီးနောက် အတော်လေး ဒုက္ခရောက်နေခဲ့လေသည်။

သို့သော်ငြား မွန်းစတားဧကရာဇ်ကြယ်၏ ပါရမီရှင်တစ်ဦး ဖြစ်သည်နှင့်အညီ ဟင်းလင်းပြင် အစီအရင်ဖြင့် သွားလာခြင်းမှ ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးသည် သူ့အား အချိန် အကြာကြီး အနှောင့်အယှတ် ပေးနိုင်ခဲ့ခြင်း မရှိချေ။ အသက် သုံးရှိုက်စာအတွင်း လဲ့ဖုန်း မျက်လုံး ပြန်ပွင့်လာပြီး ပုံမှန်အတိုင်း ဖြစ်သွားခဲ့သည်။ ထို့နောက် သူတော်စင်ချီကို စုစည်းလျက် ရန်ကိုင်ကဲ့သို့ပင် ပတ်ဝန်းကျင်အား သတိထားကာ စတင် စစ်ဆေးတော့လေသည်။

ထို့နောက် ရန်ကိုင်ကို တွေ့သွားခဲ့သည်။

“အို…” လဲ့ဖုန်း တစ်ခဏမျှ အံ့အားသင့်သွားခဲ့ပြီးနောက် ပြုံးလျက် ရန်ကိုင်ဆီသို့ လမ်းလျှောက်လာပြီး မေးလိုက်လေသည် “မင်းနာမည်က ရန်ကိုင်ဆို၊ ဟုတ်လား”

“ဟုတ်တယ်”

“မင်းရွှယ့်လျန်ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်သေးတယ်ဆို” လဲဖုန်းသည် ရန်ကိုင်အပေါ် အတော်လေး စိတ်ဝင်စားနေသည့်ပုံပင်။

ဤမေးခွန်းကိုတော့ ရန်ကိုင်ကမူ ပြန်မဖြေခဲ့ချေ။

လဲ့ဖုန်းက ပခုံးတွန့်၍သာ “ယုရှုန်းဆီကနေ ကြားခဲ့တာ။ ငါလနီပိုင်နက်ဆီ စောမရောက်လာခဲ့တာ ဆိုးသွားတယ်။ မဟုတ်ရင် ပွဲကြီးပွဲကောင်း ကြည့်လိုက်ရမှာ။ ဟဲဟဲ၊ အမှန်အတိုင်း ပြောရရင် အဲ့ရွှယ့်လျန်ဆိုတဲ့ကောင်ကို ငါလည်း ကြည့်ရတာ မဟုတ်ဘူး။ ဒါပေမယ့် မင်းအဲ့ကောင်ကို ဆုံးမနိုင်တာ ငါတကယ် အံဩတယ်။ ကြည့်ရတာ လူသားတွေလည်း အထင်သေးလို့ မရဘူးနဲ့တူတယ်။ အင်း၊ ငါမင်ကို ကမ်းလှမ်းချင်တယ်”

“ဘာကမ်းလှမ်းမှာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

လဲဖုန်းသည် သူ့အပေါ် ရင်းရင်းနှီးနှီး လာပြောနေသဖြင့် ရန်ကိုင်ကလည်း အေးစက်စက် ပြန်လုပ်မနေခဲ့ချေ။

“အတူတူ လှုပ်ရှားဖို့လေ” လဲ့ဖုန်းက ပြုံး၍ “မင်းလည်း သိတာပဲ ရောင်းရင်းရန်၊ ဒီနေရာက တောင်စိမ်းကြယ်လေကွာ။ ငါတို့ မွန်းစတား မျိုးနွယ်တွေက ဒီနေရာကို ခိုးဝင်လာတာဆိုတော့ အခြားသူတွေက ငါတို့ကို ကြည့်ရမှာ မဟုတ်ဘူး။ ပြီးတော့ ကြည့်ရသလောက် ဒီနေရာမှာ ပေါ်လာတာ မင်းနဲ့ငါပဲ ရှိတယ်။ ငါတို့သာ အတူပူးပေါင်းမယ်ဆိုရင် ပိုပြီး လုံခြုံနိုင်တယ်လေ”

“ငြင်းရမှာ စိတ်မကောင်းပေမယ့် စိတ်မဝင်စားဘူး” ရန်ကိုင်က ခေါင်းခါလိုက်သည်။

“ဘာလို့လဲ” လဲ့ဖုန်း မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဘာလို့လဲဆိုတော့ ငါက လူသားလေ။ မွန်းစတားမျိုးနွယ်မှ မဟုတ်တာ။ မင်းတို့လို ဆက်ဆံခံရမှာ မဟုတ်ဘူး” ရန်ကိုင်က သူ့ကိုယ်သူ လက်ညိုးအရင်ထိုးလိုက်ပြီးနောက် လဲ့ဖုန်းကို လက်ညိုးထိုး၍ “မင်းက မွန်းစတားမျိုးနွယ်၊ မွန်းစတား မျိုးနွယ်ဝင်တွေကို မုန်းတဲ့ တစ်ယောက်ယောက်သာ မင်းနဲ့ငါ့ အတူရှိနေတာကို မြင်သွားရင် ဘာလုပ်မယ်ထင်လဲ။ ငါ့ကိုလည်း တိုက်မှာပေါ့။ ငါပါ အလကားသက်သက် အတိုက်ခိုက်ခံရမယ့် အဖြစ်မျိုး မလိုချင်ဘူး”

“အန်…” လဲ့ဖုန်း ကြောင်သွားခဲ့ပြီး သူ့ခေါင်းကိုကုတ်လျက် “အဲ့ဒါလည်း ဟုတ်သား။ ရောင်းရင်းရန်က အဲ့လိုတွေးမှတော့ ငါမပြောလိုက်ဘူးလို့ပဲ သဘောထားလိုက်တော့”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“အဲ့လိုဆို ရောင်းရင်းရန် ကံကောင်းပါစေဗျာ” လဲဖုန်းသည် ရန်ကိုင် ငြင်းလိုက်သည့်အတွက် ဒေါသထွက်သွားဟန် မရဘဲ ရယ်ရယ်မောမောဖြင့်သာ လမ်းကြောင်းတစ်ခုရွေးပြီး ထွက်သွားလေသည်။

လဲ့ဖုန်း ထွက်သွားပြီးနောက်တွင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်အား သေချာ စစ်ဆေးကြည့်လိုက်၏။

ခဏအကြာတွင် ရန်ကိုင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ့ကောင်းကင်စိတ်အာရုံကို အလျင်အမြန် ပြန်ရုတ်လိုက်၏။

ရှန်ချင်းလော့ ပြောခဲ့သည်မှာ မမှားချေ။ သွေးအကျဉ်းထောင်ထဲ၌ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ချင်တိုင်း မဖြန့်ကျက်သင့်ပေ။

သွေးအကျဉ်းထောင်ထဲ၌ ကောင်းကင်စိတ်အာရုံကို ကန့်သတ်သည့် အကန့်အသတ်များ၊ ဖိနှိပ်သည့် စွမ်းအားများ မရှိသော်လည်း ဤနေရာတွင် မရေမတွက်နိုင်သော နယ်ပယ်ဝဲကတော့များ ရှိနေသည်။

ထိုနယ်ပယ် ဝဲကတော့များသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ ကြာမှ တိုက်ပွဲ၏ နောက်ဆက်တွဲရလဒ်များ ဖြစ်ကြသည်။ အချို့ နယ်ပယ်များမှာ ပျောက်ကွယ်သွားကြသော်ငြား အချို့မှာမူ အချိန်နှင့်အမျှ ပို၍ အားကောင်းလာခဲ့သည်။

ထိုနယ်ပယ်ဝဲကတော့များသည် ကောင်းကင်စိတ်အာရုံ အပါအဝင် အရာအားလုံးကို ဝါးမြိုနိုင်စွမ်း ရှိပေသည်။

ယခုပင် ရန်ကိုင် တစ်ချက် ခံလိုက်ရသေးသည်။ သူ့ကောင်းကင်စိတ်အာရုံကိုသာ အချိန်မှီ ပြန်မရုတ်သိမ်းခဲ့လျှင် သူ့ဝိဥာဉ်ပင် ထိခိုက်သွားနိုင်သည်အထိ အခြေအနေ ဆိုးသွားနိုင်၏။ ယခုထိတိုင် သူ့ခေါင်းတစ်ခုလုံး အပ်တစ်ချောင်းဖြင့် စိုက်ခံနေရသည့်နှယ် တဆစ်ဆစ် ကိုက်နေဆဲ။

ဤသို့ဖြစ်ရခြင်းမှာ သူ့ကောင်းကင်စိတ်အာရုံ ထိခိုက်သွားသောကြောင့် ဖြစ်သည်။ သို့သော်ငြား သူ့ဝိဥာဉ်ကို အားပြန်ဖြည့်ပေးနေသည့် ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း ရှိနေသည့်အတွက် ထိုမျှလောက်သော ဒဏ်ရာလေးကို ရန်ကိုင် ဂရုမစိုက်ပါချေ။

“တကယ်ကြီး သွေးအကျဉ်းထောင်ထဲကို ရောက်လာတာပဲ” ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက်တွင် ရန်ကိုင်က ရေရွတ်လိုက်၏။

သွေးအကျဉ်းထောင်ထဲတွင်သာ ထိုကဲ့သို့ ထူးဆန်းသည့် နယ်ပယ် ဝဲကတော့များ တည်ရှိပေသည်။

သွေးအကျဉ်းထောင်နှင့် မွန်းစတားဧကရာဇ်ကြယ်ကို ဆက်သွယ်ပေးနိုင်သည့် ကမ္ဘာခြား ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းပေးနိုင်သည့် ယခင်လနီမျိုးနွယ်စုခေါင်းဆောင်သည် တကယ့်ကို ပါရမီရှင်ကြီးတစ်ယောက် ဖြစ်ရပေမည်။

သို့သော်လည်း အလွန်ကိုမှ ဝေးကွာသော နေရာနှစ်ခုကို ဆက်သွယ်ထားရသည့် အတွက်ကြောင့် ပုံမှန် နေရာ မသတ်မှတ်နိုင်တော့ဘဲ အစီအရင်အား အသုံးပြုသည့်လူအားလုံး ရောက်ချင်သည့်နေရာ ရောက်ကုန်တော့သည်။ ဤအနီးအနား၌ သူနှင့် လဲဖုန်း နှစ်ယောက်တည်း ရှိနေသည်ကို ကြည့်လျှင် သိနိုင်ပေသည်။

ရှန်ချင်းလော့၏ ခွန်အားကို ရန်ကိုင် ယုံကြည်ပေသည်။ ကောင်းကင်လနတ်ဆိုးပင့်ကူ၏ အရင်းအမြစ်ကို စုပ်ယူထားသည့် အတွက် သာမန်တန်ခိုးရှင်တတိယအဆင့်များအဖို့ သူမအား မည်သို့မှ ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

သူပေးထားသည့် တန်ခိုးရှင်ဘုရင်အဆင့် ကြာပွတ်ပါ ရှိနေသည့် အတွက် ရှန်ချင်းလော့ကို ယှဉ်နိုင်သည့် တန်ခိုးရှင်တတိယအဆင့် ပညာရှင် အတော်လေး ရှားသွားပြီဟု ပြော၍ရသည်။

သို့သော်ငြား တကယ် ခေါင်းစားစရာ ပြဿနာသည်ကား မြင်သူတိုင်း အကြည့်မလွှဲနိုင်လောက်အောင် စွဲမက်ဖွယ် ကောင်းလွန်းလှသည့် သူမ၏ ရုပ်ရည်ရူပကာပင်။ သူမ၏ ရုပ်ရည်သည် အခြားသူများ သူမအား ပစ်မှတ်ထားရသည့် အကြောင်းအရင်း တစ်ခု ဖြစ်လာနိုင်ပေသည်။

သူ့ညို့ဓါတ်ကို ဘယ်ယောကျာ်းသားမှ မခုခံနိုင်ဘူး…

ခဏလောက် စဉ်းစားနေပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါလျက် ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ထားလိုက်သည်။

ချင်းလော့ သူ့နည်းသူ့ဟန်နဲ့ အဆင်ပြေလောက်ပါတယ် သူအနေဖြင့် ရှန်ချင်းလော့အား အချိန်တိုင်းလိုက်ပြီး စောင့်ရှောက်မပေးနိုင်ချေ။ ထို့အပြင် သူတို့ နှစ်ပေါင်းများစွာ ကြာအောင် ခွဲခွာခဲ့ရသော်လည်း သူမသည် သူမဘာသာ အဆင်ပြေပြေနှင့် ရှိနေဆဲ။ ထို့ကြောင့် နောင်အနာဂတ်တွင်လည်း သူမနည်း သူမဟန်ဖြင့် အဆင်ပြေလိမ့်မည်ဟု သူယုံကြည်နေမိ၏။

ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ပြီးနောက် ကြုံရာလမ်းကြောင်း တစ်ခု ရွေးကာ စတင် ခရီးထွက်တော့သည်။

သွားသာသွားနေသော်ငြား ခပ်မြန်မြန်ကြီးတော့ မသွားရဲ။ သွေးအကျဉ်းထောင်၏ အန္တရာယ်များအကြောင်းကို ကြားသာ ကြားဖူးပြီး ကိုယ်တိုင် တစ်ခါမှ မကြုံဖူးသော်ငြား ဤနေရာသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် မြောက်မြားစွာ၏ သင်္ချိုင်း ဖြစ်သည်မှာ ငြင်း၍မရသည့် အမှန်တရား ဖြစ်သည် မဟုတ်လော။

တန်ခိုးရှင်ဘုရင်အဆင့်အောက်၌ မည်သူ့ကိုမှ မကြောက်သော်ငြား တန်ခိုးရှင်ဘုရင်အဆင့် တစ်ဦး၏ နယ်ပယ်စွမ်းအားနှင့် ရင်ဆိုင်ရချိန် သတိထားရန်တော့ လိုပေသည်။ မဆင်မခြင် လှုပ်ရှား၍ သေရမည့် အဖြစ်မျိုးနှင့် သူမကြုံချင်ပေ။

လမ်းတစ်လျှောက်တွင် မည်သည့် အန္တရာယ်၊ အခက်အခဲနှင့်မှ မကြုံခဲ့ရသော်ငြား နယ်ပယ်ဝဲကတော့ နှစ်ခုနှင့်တော့ ကြုံတွေ့ခဲ့ရသည်။

ကံမကောင်းစွာဖြင့် ထိုဝဲကတော့နှစ်ခုသည် သိပ်ပြီး အားကောင်းခြင်း မရှိဘဲ ၎င်းတို့ထဲတွင် ကိန်းအောင်းနေသော နိယာမသဘောတရားတို့မှာ အတော်လေး ဝေဝေဝါးဝါး ဖြစ်နေခဲ့သည့်အတွက် ရန်ကိုင်သည် အချိန်အတော်လေးပေးပြီး ထိုအရာများကို လေ့လာကြည့်ခဲ့သည့်တိုင် အဖိုးတန်သည့် မည်သည့် အချက်အလက်ကိုမှ မရရှိနိုင်ခဲ့ချေ။ ထို့ကြောင့် နောက်ဆုံးတွင် လက်လျှော့ပြီးတော့သာ ထွက်လာခဲ့လိုက်၏။

သို့သော်လည်း နည်းနည်းလေးမှ သတိပေါ့လျော့မသွားရဲခဲ့။ နေရာတိုင်းတွင် သေခြင်းထောက်ချောက်များနှင့် ပြည့်နေမှန်း သူသိသည်။ ပထမဆုံး တွေ့ခဲ့သည့် နယ်ပယ်ဝဲကတော့ နှစ်ခုသည် အားနည်းပြီး သေးငယ်သည့်အတွက် သွေးအကျဉ်းထောင်ကို သွားလျှော့တွက်လျှင် အမှားအကြီးကြီး မှားသွားနိုင်ပေသည်။

လမ်းတစ်လျှောက်တွင် အသက်အရှိန်အဝါများစွာကို အာရုံခံမိပြီး သူနှင့် မီတာတစ်ထောင်အကွာမှ ဖြတ်သွားသော တန်ခိုးရှင် တတိယအဆင့် ပညာရှင်တစ်ဦးကိုပင် တွေ့လိုက်သေးသည်။

ကံကောင်းစွာဖြင့် သွေးအကျဉ်းထောင်သည် ဖွင့်ခါစသာ ရှိသေးသည့်အတွက် မည်သူမှ ပြဿနာ မရှာချင်ကြသေးပေ။ အကုန်လုံးသည် အခြားသူများနှင့် အတတ်နိုင်ဆုံး ပြဿနာ မဖြစ်မိအောင် ထိန်းထိန်းသိမ်းသိမ်း နေကြခြင်း အခွင့်အလမ်းများကိုသာ ရှာဖွေနေကြသည်။ ထို့ကြောင့် ထိုကျင့်ကြံသူသည် ရန်ကိုင်ကို သတိပြုမိသော်လည်း သူ့အား ဘာမှလာမလုပ်ခဲ့ဘဲ အခြားလမ်းကြောင်း တစ်ခုကို ရွေးပြီးတော့သာ ထွက်သွားလိုက်သည်။

တစ်ရက်ကြာပြီးနောက်တွင်၊ ရန်ကိုင်သည် တစ်ခုသော နေရာတွင် ရပ်လျက် သူ့ရှေ့ဘက် မီတာတစ်ထောင်အကွာရှိ‌ နေရာအား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

သူကြည့်နေသည့် အရပ်တွင် သွေးချင်းနီနေသည့် အပြာရောင် ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးတစ်ဦး ရှိနေခဲ့သည်။ ထိုလူအိုကြီးသည် သူတော်စင်ချီကို အဆက်မပြတ် ထုတ်လွှတ်ရင်း သူ့ပတ်လည်ရှိ အကာအကွယ် မှော်ရတနာတစ်ခု ဖြစ်သော ရေအကာအရံကို အသက်သွင်းနေခဲ့သည်။

ထိုလူအိုကြီးသည် ရှီကို အဆက်မပြတ် ထုတ်လွှတ်ပြီး အမျိုးမျိုးသော နည်းစနစ်များကို ထုတ်သုံးနေသည့်တိုင် သူပိတ်မိနေသည့် နေရာမှ မည်သို့မှ မရုန်းထွက်နိုင်ခဲ့ချေ။ သူမည်မျှ ကြိုးစားနေစေကာမူ အချည်းနှီးသာ။ သာမန် ဟင်းလင်းပြင်ထက် ပို၍ သိပ်သည်းကျစ်လစ်ဟန်ရသော သူ့အနီးတစ်ဝိုက်ရှိ ဟင်းလင်းပြင်ကြောင့် သက်လတ်ပိုင်းလူကြီးမှာ ရှေ့လည်း မတိုးနိုင်၊ နောက်လည်း မဆုတ်နိုင် ဖြစ်နေခဲ့သည်။

သက်လတ်ပိုင်းလူကြီး၏ ပတ်လည်တွင်မူ အလင်းတန်းများ ရှိနေခဲ့ပြီး ထိုအလင်းတန်းများသည် ဓါးသွားများနှယ် သူ့အကာအကွယ် အရံအတားကို အဆက်မပြတ် ဖြတ်တောက်နေခဲ့၏။

ထိုလူသည် နယ်ပယ်ဝဲကတော့တစ်ခုထဲသို့ မတော်တဆ ပြေးဝင်သွားမိခဲ့ခြင်း ဖြစ်သည်။

ပိုဆိုးသည်ကား သူကြုံနေရသည့် တန်ခိုးရှင်တတိယအဆင့် ပညာရှင် တစ်ဦးကိုပင် အလွယ်တကူ ပိတ်လှောင်ထားနိုင်သည့် အလွန်အားကောင်းသော နယ်ပယ်ဝဲကတော့တစ်ခု ဖြစ်သည်။

သေခြင်းတရားသည် သူနှင့်နီးကပ်လာနေပြီမှန်း သိသော်ငြား သက်လတ်ပိုင်းလူကြီးသည် သူတော်စင်ချီကို လှည့်ပတ်၍ အပြင်းအထန် ကြိုးစားနေခဲ့သည်။

ရုတ်တရက် သူအား အနီးအနားတစ်နေရာမှ စောင့်ကြည့်နေသော ရန်ကိုင်ကို တွေ့သွားခဲ့သည်။ အသက်ကယ် ကောက်ရိုးမျှင် တစ်မျှင်ကို တွေ့လိုက်ရသည့်အလား လှမ်းအော်ဟစ် အကူအညီ တောင်းတော့လေသည် “ရောင်းရင်း၊ ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးလို့ရမလား။ ငါနယ်ပယ်ဝဲကတော့မှာ ပိတ်မိနေလို့။ ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါကွာ”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ပြန်လည်း မပြောခဲ့ချေ။

သက်လတ်ပိုင်းလူကြီးကို မကြောက်သော်ငြား ထိုလူကို ပိတ်လှောင်ထားသည့် နယ်ပယ်ဝဲကတော့ကိုတော့ အနည်းငယ် လန့်မိသည်။ ကိုယ်နှင့် ဘာမှမပက်သက်သည့် သူစိမ်း တစ်ယောက်ကို ကိုယ့်အသက်ကို မစွန့်စားချင်ပေ။

ရန်ကိုင် ရပ်ကြည့်နေရသည်မှာလည်း ထိုနယ်ပယ်ဝဲကတော့၏ ဆန်းကြယ်မှုများကို နားလည်လိုသည့်အတွက် ဖြစ်သည်။

ရန်ကိုင် ပြန်မဖြေသည်ကို မြင်သော် သက်လတ်ပိုင်းလူကြီး ပို၍ စိုးရိမ်မိလာခဲ့သည်။ သို့သော်လည်း အကူအညီဆို၍ ရန်ကိုင်သာ ရှိသဖြင့် နောက်တစ်ကြိမ် ထပ်အကူအညီ တောင်းပြန်လေ၏ “ရောင်းရင်း၊ ဒီတစ်ယောက်က လှိုင်းနီကြယ်၊ ငှက်မွှေးပြာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှုတင်းယန်ပါ။ ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါကွာ။ ငါ့ကို ကယ်ပေးနိုင်ရင် ငါမင်းကို ကောင်းကောင်း ကျေးဇူးဆပ်မှာပါ။ ငါတို့ ငှက်မွှေးပြာဂိုဏ်းကလည်း မင်းအပေါ် တကယ် ကျေးဇူးတင်မှာပါ”

“လှိုင်းနီကြယ်” ရန်ကိုင် မျက်ခုံးပင့်လိုက်မိသည်။ ထိုနာမည်ကို သူကြားဖူးနေသလို ခံစားနေရသော်ငြား မည်သည့်နေရာတွင် ကြားဖူးခဲ့မှန်း မမှတ်မိခဲ့။ သို့သော် ခေါင်းခါ၍ “ရောင်းရင်း၊ ကျုပ်မကူညီပေးချင်တာ မဟုတ်ဘူး။ ဒီနယ်ပယ်ဝဲကတော့ရဲ့ စွမ်းအားက တော်တော်လေး ကြောက်ဖို့ကောင်းလွန်းလို့ကို အဆင်မပြေ ဖြစ်နေတာ”

ရှုတင်းယန် မျက်နှာပျက်သွားခဲ့သည်။ သူ့စိတ်ထဲ အတော်လေး စိတ်ဓါတ်ကျသွားခဲ့သော်ငြား ရန်ကိုင် အမှန်ကို ပြေ‌နေမှန်း သူသိည်။

“ခဏတောင့်ခံထား၊ ကျုပ်တစ်ချက် နည်းလမ်းရှာကြည့်မယ်” ရန်ကိုင်က ပြောလိုက်သည်။

ရန်ကိုင်သည် သဘောမနောကောင်းနေသည့် အတွက်ကြောင့် ကူညီပေးခြင်းမဟုတ်၊ ရှုတင်းယန် မည်သို့သော လူစားမှန်း သူမသိ။ သို့သော် ရှုတင်းယန်သည် လူကောင်းတစ်ယောက် ဖြစ်လျှင်ပင် သွေးအကျဉ်းထောင်ထဲသို့ ဝင်လာကတည်းက သူ့ကိုယ်သူ သေဖို့ရာ ပြင်ဆင်ထားသင့်ပေသည်။

ဤနေရာ၌ သူသေသွားခဲ့လျှင် မည်သူ့ကိုမှ အပြစ်တင်နေ၍ မရချေ။ ရန်ကိုင်ဘက်က ကူညီပေးရခြင်းမှာလည်း ဤနေရာသို့ သူလာခဲ့သည်မှာ နယ်ပယ်ဝဲကတော့ကို လေ့လာချင်သည့် အတွက်ကြောင့် ဖြစ်သည်။ အားကောင်းသည့် နယ်ပယ် ဝဲကတော့ တစ်ခု သူရှေ့ရောက်နေသည်ကို ရန်ကိုင် အနေဖြင့် မည်ကဲ့သို့ ဤအတိုင်း ထွက်သွားနိုင်မည်နည်း။

ရန်ကိုင် စကားကို ကြားသည့်အခါ ရှုတင်းယန် ပျော်သွားပြီး “ဒီရှု ကြိုပြီး ကျေးဇူးတင်ပါရစေ ရောင်းရင်း။ ရောင်းရင်းလည်း သတိထားဦးနော်။ ဒီဝဲကတော့က နယ်ပယ်တွေ အများကြီး ပေါင်းစပ်နေတာ။ အဲ့ဒါကြောင့်မို့လို့ ဖျက်စီးဖို့ ခက်တာ”

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။

ချက်ချင်းဆိုသလို ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ ရှေ့သို့ တိုးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရသည်။ အလွန်အားကောင်းသည့် စွမ်းအားအမျိုးမျိုးသည် သူ့အပေါ် ဆင့်ကာဆင့်ကာ ထပ်လာသလို ခံစားလိုက်ရသည်။

သူတော်စင်ချီကို လှည့်ပတ်၍ ခုခံလိုက်သည့်တိုင် သူ့အင်္ကျီစများ စုတ်ပြဲကုန်ရသည်။ ဤမမြင်နိုင်သော ဝဲကတော့သည် အထဲသို့ ဝင်လာသည့် သက်ရှိမှန်သမျှကို သတ်ပစ်နိုင်သည့်ပုံပင်။

တုန့်ဆိုင်းမနေရဲတော့သည်နှင့် ရန်ကိုင်သည် ခရမ်းရောင်ဒိုင်းကို ချက်ချင်းထုတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ ခရမ်းရောင်ဒိုင်းသည် အလင်းအကာအရံတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကိုင် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေ၏။

All Chapters