အခန်း (၁၅၉၆-၁၆၀၀)
Vol. 64 Ch. 1596-1600
အပိုင်း (၁၅၉၆)
ပြောပြီးသည့်နောက်တွင် ဆံပင်ဖြူဖြူနှင့် လူအိုကြီးသည် ရန်ကိုင်အား ကြည့်၍ ယဲ့ယဲ့လေးပြုံးလျက် မေးလိုက်လေသည် “ကောင်လေး၊ မင်းက လူသားမဟုတ်ဘူးလား။ ဘာလို့ ဒီမိန်းမပျက်မနဲ့ ပူးပေါင်းနေတာလဲ”
“သူနဲ့ ပူပေါင်းတာ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး “ခင်ဗျား နည်းနည်း တစ်ဖက်သတ် ဆန်မနေဘူးလား”
လူအိုကြီးက ခေါင်းခါ၍ “လူသားတွေက လူသား။ မွန်းစတားတွေက မွန်းစတားပဲ။ လူသားတွေက မွန်းစတားတွေကို အမဲလိုက်သလို မွန်းစတားတွေကလည်း လူသားတွေကို အမဲလိုက်တယ်။ ဒီမျိုးနွယ်စုနှစ်ခုက ဘယ်တော့မှ တည့်တာ မဟုတ်ဘူး။ ဒါပေမယ့် ဒီမိန်းမပျက် လက်အောက်မှာ ရှိနေတာ ပူးပေါင်းတာ မဟုတ်လို့ ဘာလဲ”
ရွှယ်စွန်း၏ မြင့်မားသော ကျင့်ကြံခြင်းကြောင့် ရန်ကိုင်အား နောက်လိုက်တစ်ယောက်ဟု သတ်မှတ်လိုက်သည့်ပုံပင်။
“ဒီလူအိုကြီးက မေးပဲမေးချင်တာ။ ငါတို့ ညီအစ်ကိုလီနဲ့ ညီမချူက အဲ့မိန်းမပျက်မ တကယ်ပဲ သတ်သွားတာလား” လူအိုကြီး၏ အမူအရာ ရုတ်တရက် လေးနက်တည်ကြည်သွားခဲ့လေသည်။
“ဟုတ်တယ်။ သူတို့ သေသွားတာကို ကျုပ်မျက်လုံးတပ်အပ်နဲ့ မြင်ခဲ့တာ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“မင်းလည်းပါလား” လူအိုကြီးက မျက်လုံးမှေးစဉ်းလျက် ထပ်မေးလိုက်သည်။
“ပါတယ်”
“ဘာလို့လဲ”
“လမ်းသွားနေရင်း မတရားတာမြင်လို့ ဝင်ကူညီလိုက်တာ” ရန်ကိုင်က ပြန်ပြောလိုက်၏။
ထိုစကားကိုကြားသော် ရွှယ်စွန်း လှောင်ပြုံးပြုံးလိုက်လေသည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်” လူအိုကြီးသည် ခေါင်းတညိတ်ညိတ်လုပ်ရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည် “လုပ်ရဲတယ်။ ဝန်ခံရဲတယ်။ ကောင်လေး မင်းသတ္တိက မသေးပါလား။ မင်းကို ဒီလူအိုကြီး သေချာ မှတ်ထားမယ်။ သွေးအကျဉ်းထောင်က မင်းသင်္ချိုင်း ဖြစ်ပြီသာမှတ်”
ရန်ကိုင်က တောက်ပစွာပြုံးလျက် “လူအိုကြီး၊ ထမင်းကို ကုန်အောင်စား၊ စကားကို ကုန်အောင်မပြောနဲ့တဲ့။ ကိုယ့်အရည်အချင်း ကိုယ်ပြန်ကြည့်ပြီးမှာ ကြွားတာ ကောင်းတယ်နော်။ လျှာအရိုးမရှိတိုင်း လျှောက်ကြွားနေတာ သိပ်တော့ မကောင်းဘူးဗျ”
လူအိုကြီးက ကြမ်းကြုတ်စွာ ပြုံးလျက် “ငါကြွားနေလား၊ မကြွားဘူးလား ငါကိုယ်တိုင် အသိဆုံးပဲ။ ဒီလူအိုကြီးမှာ မင်းနဲ့ ပြိုင်ငြင်းခုံနေဖို့ အချိန်မရှိတော့ဘူး။ ဒီနယ်ပယ်ကျောက်တုံးတွေကို ယူပြီးတာနဲ့ မင်းနဲ့လာစာရင်းရှင်းမယ်”
“နယ်ပယ်ကျောက်တုံးတွေကိုယူဖို့” ရန်ကိုင်သည် မျက်ခုံးပင့်လျက် မောက်မာသည့် လေသံဖြင့် ပြန်ပြောလိုက်လေသည် “နယ်ပယ် ကျောက်တုံးတွေက ကျုပ်အပိုင်ပဲ။ ယူဖို့ နည်းနည်းလေးတောင် မစဉ်းစားနဲ့”
ထိုစကားကို ကြားကြားချင်း လူအိုကြီးနှင့် သူ့အပေါင်းပါနှစ်ဦး ကြောင်သွားခဲ့သော်လည်း မကြာမီ ဝါးလုံးကွဲ ထရယ်တော့၏။
တစ်ဖက်ကန်းက လှောင်ပြုံးပြုံးလျက် “အမွှေးအမျှင်တောင် စုံအောင် မပေါက်သေးတဲ့ ကောင်လေးက နယ်ပယ်ကျောက်တုံးတွေကို လိုချင်နေတာလား။ မင်းအိမ်ပြန်ပြီး နှစ်တစ်ရာလောက် အရင် ပြန်လေ့ကျင့်နေလိုက်စမ်းပါကွာ။ တန်ခိုးရှင် ဒုတိယအဆင့်လေးနဲ့များ သွေးအကျဉ်းထောင်ထဲ ဝင်လာရဲတယ်”
“ခင်ဗျားတို့ သောက်ရူးတွေနဲ့ စကားဆက်ပြောနေလည်း လေကုန်တာပဲရှိမယ်။ တော်ပြီ ခင်ဗျားတို့နဲ့ စကား မပြောတော့ဘူး။ ကျုပ်ဘာသာ နယ်ပယ်ကျောက်တုံးတွေကိုပဲ သွားယူတော့မယ်” ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်ပြီးနောက် နယ်ပယ်ဝဲကတော့ထဲသို့ ခြေချလိုက်၏။
“သတိထားဦး” ရွှယ်စွန်းက အလျင်စလို လှမ်းသတိပေးလိုက်၏။
နယ်ပယ်ဝဲကတော့ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူမ သိပေသည်။
ဆံပင်ဖြူဖြူနှင့် လူအိုကြီးနှင့် သူ့အပေါင်းအပါ နှစ်ယောက်လည်း အံ့ဩနေခဲ့ကြသည်။ ထိုကောင်လေး နယ်ပယ်ဝဲကတော့ထဲသို့ မဆင်မခြင် ပြေးဝင်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ ထိုကောင် သေချင်နေသလော။
ထိုအခြင်းအရာကို ကြည့်ရင်း လူအိုကြီး၏ မျက်နှာထက် အထင်သေး၊ ရှုံ့ချသည့် အမူအရာတို့ ထွက်ပေါ်လာခဲ့သည်။
နယ်ပယ်ဝဲကတော့၏ စွမ်းအားကြောင့် ရန်ကိုင် မရှုမလှ ဖြစ်မည်ဟု သူကြိုသိနေလေပြီ။ သို့သော်ငြား ခဏအကြာတွင် သူ့မျက်နှာထက်ရှိ လှောင်ပြုံး ပျောက်ကွယ်သွားခဲ့ရလေ၏။
သူနှင့်သူ့အပေါင်းအပါများကို တားဆီးနိုင်ခဲ့သော နယ်ပယ်ဝဲကတော့သည် ထိုကောင်လေးကို နည်းနည်းလေးမှ တားဆီးနိုင်ခဲ့ခြင်း မရှိချေ။ ရန်ကိုင်သည် နယ်ပယ်ဝဲကတော့ထဲ အပျင်းပြေ လမ်းလျှောက်ထွက်သည့်နှယ် လမ်းလျှောက်ပြနေခဲ့၏။
ထိုအခြင်းအရာကို မြင်သော် လူအိုကြီး သက်ပြင်းတစ်ရှိုက် ရှူသွင်းမိလိုက်ပြီး ထိတ်လည်း ထိတ်လန့်မိသွားခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်ကိုလည်း သေချာ အာရုံစိုက်လိုက်၏။
ရန်ကိုင်ဆီမှ ဖြာထွက်နေသော ရှီစွမ်းအားသည် သူ့ရှီစွမ်းအားအောက် နည်းနည်းလေးမှ နိမ့်ကျခြင်း မရှိသည်ကို လူအိုကြီး တွေ့ရှိလိုက်ရသည်။ သူ့ရှီစွမ်းအားအောက် နိမ့်ကျခြင်း မရှိသည့်အပြင် ပို၍ပင် အားကောင်းလောက်သေးသည်။ ထိုရှီစွမ်းအင်ကြောင့်ပင် ရန်ကိုင်သည် နယ်ပယ်ဝဲကတော့ထဲ အပျင်းပြေလမ်းလျှောက်ထွက်သလို လမ်းလျှောက်နိုင်နေခြင်း ဖြစ်သည်။
ကံကောင်းစွာဖြင့် ထိုအခြေအနေမှာ အကြာကြီး မခံခဲ့ချေ။ ထိုလူငယ်လေးသည် ထိုအရှိန်နှုန်းဖြင့် မီတာနှစ်ရာခန့်လောက် သွားပြီးနောက်၌ သူ့အရှိန်မှာ တဖြည်းဖြည်း လျော့ကျလာခဲ့၏။ နောက်ထပ် မီတာတစ်ရာခန့် ကြာပြီးနောက်တွင် သူလုံးဝ ရပ်တန့်သွားခဲ့ရလေသည်။
ထိုနေရာတွင် ရပ်၍ မျက်လုံးပိတ်ကာ ရန်ကိုင်သည် နယ်ပယ်ဝဲကတော့၏ ဆန်းကြယ်မှုများကို စတင် ဆင်ခြင်တော့၏။
ထိုအခြင်းအရာကို မြင်လိုက်မှပဲ လူအိုကြီးတို့အဖွဲ့ သက်ပြင်းချနိုင်တော့သည်။
ရန်ကိုင်သည် နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုဆီသို့ ရောက်သည်အထိ ဤအတိုင်း လမ်းလျှောက်သွားပြီး နယ်ပယ်ကျောက်တုံးများကို ယူသွားခဲ့လျှင် လူအိုကြီး ဒေါသထွက်လွန်းသဖြင့် သွေးအန်ရလောက်ပေလိမ့်မည်။
ကံကောင်းစွာဖြင့် ထိုလူငယ်လေးသည် အတော်လေးကို ထူးခြားသော်ငြား နယ်ပယ်ဝဲကတော့၏ စွမ်းအားကို လုံးဝ လျစ်လျုရှုနိုင်သည့် အဆင့်တွင် ရှိမနေခဲ့ချေ။ နယ်ပယ်ဝဲကတော့၏ အတွင်းပိုင်းသို့ ရောက်ရန်အတွက် နယ်ပယ်ဝဲကတော့၏ ဆန်းကြယ်မှုများကို အရင်ဦးစွာ နားလည်အောင် လုပ်ရသေးသည်။
ငါ့မှာ အခွင့်အရေးရှိသေးတယ် လူအိုကြီး၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့သည်။ ထို့နောက် သူ့ကိုယ်ပေါ်သို့ ဖိချနေသည့် လေလံသည့် ဖိအားထုကြီး ရှိနေလင့်ကစား ရှေ့သို့ အနည်းငယ် တိုးလိုက်လေသည်။
ထိုအခြင်းအရာကို မြင်သော် ကျန်နှစ်ယောက်သည်လည်း နည်းနည်းမှ အောက်ကျမခံဘဲ ရှေ့သို့ အသီးသီး တိုးလိုက်ကြ၏။
နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုနှင့် နီးကပ်လာလေ။ သူတို့ ခံစားရသည့် ဖိအားမှာ ပို၍ ပြင်းထန်လာလေပင်။ ထိုဖိအားကို မခုခံနိုင်ပါက နယ်ပယ်ဝဲကတော့၏ ဖိအားကြောင့် တစ်ခါတည်း အသက်ထွက်သွားရပေလိမ့်မည်။
ထို့ကြောင့် ကျင့်ကြံသူများသည် နယ်ပယ်ဝဲကတော့၏ ဆန်းကြယ်နက်နဲမှုများကို လေ့လာရာတွင် သူတို့၏ အကန့်အသတ် ဘောင်အတွင်းမှသာ လေ့လာကြလေ့ရှိကြသည်။ အကန့်အသတ်ကို ကျော်လွန်ပြီး ဖိအားပေး လုပ်ဆောင်၍ အခပ်မသင့်ပါက ဆိုးရွားသော အကျိုးဆက်များနှင့် ရင်ဆိုင်ရနိုင်ပေသည်။
ရန်ကိုင် ရောက်မလာခင်က လူအိုကြီးနှင့် သူ့အဖွဲ့သည့် ဖြည်းဖြည်းနှင့်မှန်မှန်သာ လုပ်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ရန်ကိုင် ရောက်လာပြီး သူပြသသွားသည့် စွမ်းဆောင်ရည်ကို မြင်ပြီးနောက် လူအိုကြီးတို့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်ကြ၏။ သူတို့သာ ဖြည်းဖြည်းချင်း ဆက်လုပ်နေလျှင် နယ်ပယ်ကျောက်တုံးများကို လက်လွှတ်လိုက်ရတော့မည်မှန်း နားလည်လိုက်သည်။
နယ်ပယ်ဝဲကတော့ထဲ ရှိနေစဉ် တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။ ဤနေရာတွင် စီးဆင်းနေသော ပရမ်းပတာ ဖြစ်နေသည့် စီးကြောင်းများသည် သူတို့အား မတိုက်ခိုက်နိုင်အောင် တားဆီးနေခဲ့သည်။ တိုက်ခိုက်ခဲ့လျှင်မူကား သူတို့အား ဖိနှိပ်ထားသော နယ်ပယ်၏ တန်ပြန်တိုက်ခိုက်ခြင်း ခံရပေလိမ့်မည်။
ထို့ကြောင့်သာ မဟုတ်လျှင် လူအိုကြီးနှင့် သူ့တို့အဖွဲ့ ရန်ကိုင်အား အစောကြီးကတည်းက တိုက်ခိုက်ပြီးနေလောက်ပေပြီ။ ယခုမူ၊ နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုဆီသို့ အရင်ရောက်ပြီး နယ်ပယ်ကျောက်တုံးများကို ယူနိုင်သည့်လူသည် အောင်နိုင်သူ ဖြစ်လာပေလိမ့်မည်။
ရန်ကိုင်၏ ကျောပြင်ကို စိုက်ကြည့်ရင်း ရွှယ်စွန်း၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့သည်။
ထိုလူငယ်လေးသည် နယ်ပယ်ဝဲကတော့ထဲသို့ မီတာသုံးရာတိုင်တိုင် တစ်ချက်ကလေးမှ ရပ်တန့်ခြင်းမရှိဘဲ လမ်းလျှောက်သွားခဲ့သည်။ ထိုစွမ်းဆောင်ရည်ကို ကြည့်ရင်း ရွှယ်စွန်း အသက်ပင်မရှူနိုင် ဖြစ်သွားခဲ့ရလေသည်။
သူမသည် ဂဏန်းရိုင်းနယ်မြေရှိ တန်ခိုးရှင်အဆင့်များထဲတွင် အားအကောင်းဆုံးဖြစ်သည်။ ဂဏန်းရိုင်းနယ်မြေတွင် ရှိစဉ်က ဂဏန်းရိုင်းမျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာသာပေးမှု၊ အဆင့်တူအတွင်း ရှိနေသူများ၏ လေးစားမှုတို့သည် သူမအဖို့ ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်ခဲ့ရသည်။ အခြား မည်သည့် တန်ခိုးရှင် အဆင့် ကျင့်ကြံသူများထက်မဆို နိမ့်ကျခြင်း မရှိဟု သူမကိုယ်သူမ တွေးထားခဲ့သည်။
သို့သော်လည်း ယနေ့တွင် သူမ၏ မာန ရိုက်ချိုးခံလိုက်ရလေသည်။
ရန်ကိုင်၏ စွမ်းဆောင်ရည်သည် အဆင့်တူအတွင်း၌ သူမသည် အထွဋ်အထိပ်အဆင့်သို့ မရောက်သေးကြောင်း သူမအား နားလည်သွားစေခဲ့သည်။ အဆင့်တူအတွင်း၌ သူမထက် အများကြီး ပိုအားကောင်းသည့် ကျင့်ကြံသူများ ရှိနေပေသေးသည်။
အံကြိတ်လိုက်ပြီးနောက် ရွှယ်စွန်းသည် သူမ၏ရှီကို ဖြန့်ကျက်၍ နယ်ပယ်ဝဲကတော့ထဲသို့ ဝင်သွားလိုက်လေသည်။
နယ်ပယ်ဝဲကတော့ထဲသို့ ဝင်သွားလိုက်သည်နှင့် တစ်ပြိုင်နက် ရွှယ်စွန်း၏ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရီလာခဲ့သည်။ အဘက်ဘက်မှ မမြင်နိုင်သော ဖိအားမျာ သူအပေါ်သို့ ပြိုကျဆင်းလာခဲ့လေရာ မွန်းစတားချီကို အသည်းအသန် ထုတ်လွှတ်၍ သူမကိုယ်သူမ ကာကွယ်လိုက်ရလေသည်။
ဤသို့ဖြင့် ရှေ့ဆက်သွားလိုက်တာ မီတာ ငါးဆယ်လောက်သာ ဆက်သွားနိုင်ခဲ့ပြီး ရပ်တန့်သွားခဲ့ရလေသည်။
ထိုနေရာသို့ ရောက်ပြီးနောက် ရှေ့သို့ လှမ်းကြည့်လိုက်ရာ ဤအချိန်တိုလေးအတွင်း ရန်ကိုင် အတော်လေး ရှေ့ရောက်သွားကြောင်း တွေ့ရှိလိုက်ရသည်။
သူမည်ကဲ့သို့ လုပ်သွားခဲ့သနည်း။ ရွှယ်စွန်း လုံးဝ နားမလည်နိုင်ပေ။
သွေးအကျဉ်းထောင်ထဲ သူမ ရန်ကိုင်နှင့် တွေ့သည်မှာ နေ့တစ်ဝက်ပင် မရှိတတ်သေးသော်ငြား သူ့ကြောင့် သူမ၏ ယုံကြည်မှုတို့ လှုပ်ခါလာခဲ့ရသည်။ သူမကိုယ်သူမ ဤလူသားနှင့် မယှဉ်နိုင်တော့သလို ခံစားလာခဲ့ရသည်။
ရွှယ့်လျန်နှင့် မီထျန်းတို့သည်ပင် သူ့ထက် ပိုသာနေခြင်း မရှိခဲ့ပေ။
မွန်းစတားဧကရာဇ်ကြယ်တွင် ရွှယ့်လျန်နှင့် မီထျန်းသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီး နယ်ပယ်ခေါင်းဆောင်များ ဖြစ်လာနိုင်ချေ အများဆုံး ဂျူနီယာနှစ်ဦး ဖြစ်ကြသည်။
သို့သော်လည်း ရွှယ့်လျန်နှင့် မီထျန်းပင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်ချေ ရှိလျှင် ရန်ကိုင်ကတော့ လုံးဝကို တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပေလိမ့်မည်။
သူပြသသွားသော စွမ်းဆောင်ရည်အရ ရန်ကိုင်၏ ရှီသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူအားလုံးနီးပါး နားလည်ထားသည့် ရှီစွမ်းအားကို ကျော်လွန်းနေကြောင်း သိသာနေသည်။ သူ့ရှီသည် နယ်ပယ်၏ အစွန်းဖျားကိုပင် ထိမိကောင်း ထိမိနေလောက်၏။
အခြား တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးကြောင် အံ့ဩရသည်မှာ ရွှယ်စွန်း၏ ဘဝတွင် ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။
“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး” တစ်ဖက်ကန်းသည် ရန်ကိုင်မှ နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားနေသည်ကို ကြည့်ရင်း အလန့်တကြား ထအော်လေ၏။ ရန်ကိုင်သည် တောက်လျှောက်ကြီး မသွားနိုင်ဘဲ နားနားပြီးမှ သွားရသည်ဆိုသည့်တိုင် သူနားသည့် အချိန်သည် အလွန်ကိုမှ တိုတောင်းလှသည်။
ဤအားကောင်းသော နယ်ပယ်ဝဲကတော့ကြီးသည် သူ့အား လုံးဝ မတားဆီးနိုင်သည့်နှယ်။
“စိတ်ငြိမ်ငြိမ်ထား” ဆံပင်အဖြူနှင့် လူအိုကြီးက ရုတ်တရက် လှမ်းအော်ပြောလိုက်သည် “ဒီကောင်လေး ထူးခြားတာ မှန်တယ်။ ဒါပေမယ့် ငါတို့က သူ့ထက် အရင်စောပြီး ဒီထဲကို ဝင်ခဲ့တာ။ ဒီကောင် ငါတို့ထက် နည်းနည်း နောက်ကျနေသေးတယ်။ ကိုယ့်ကိစ္စအပေါ်မှာပဲ အာရုံစိုက်၊ ဒီကောင့်ကို အောင်မြင်ခွင့်ပေးလို့ မဖြစ်ဘူး”
လူအိုကြီးပြောသည်ကို ကြားသည့်အခါ တစ်ဖက်ကန်း အသိပြန်ဝင်လာပြီး အသက်ပြင်းပြင်း ရှူသွင်းလျက် ခေါင်းညိတ်၍ “ကျုပ်သိပြီ”
“တကယ်လား” ရန်ကိုင်က ရုတ်တရက် ပြုံးလျက် ဆံပင်ဖြူဖြူနှင့် လူအိုကြီးကို စောင်းကြည့်ကာ ပြောလိုက်လေသည် “ကျုပ်က တကယ်ကြီး ခင်ဗျားတို့နောက်မှာ ရှိနေသေးတာလား။ ခင်ဗျား သေချာ ပြန်စစ်ဆေးဖို့ လိုနေပြီထင်တယ်နော်၊ ခွေးအိုကြီးရဲ့”
ထိုစကားသံ ဆုံးသွားသည်နှင့် ထိုနေရာတွင် ခဏကြာအောင် ရပ်နေသော ရန်ကိုင် ရုတ်တရက် ရှေ့သို့ အသာအယာ တိုးလိုက်၏။
တစ်လှမ်း… နှစ်လှမ်း… သုံးလှမ်း… ရန်ကိုင်သည် နည်းနည်းလေးမှ ရပ်တန့်သွားမည့် အရိပ်အယောင် မပြဘဲ တသွင်သွင် စီးဆင်းနေသော ရေအလျင်နှယ် နယ်ပယ် ဝဲကတော့ဆီသို့ လျင်အမြန်သော အမြန်နှုန်းဖြင့် တရွေ့ရွေ့ လျှောက်သွားနေခဲ့လေသည်။
ထိုမြင်ကွင်းကိုမြင်သော် လူအိုကြီးတို့အဖွဲ့ မှင်သက်သွားခဲ့လေ၏။
ရွှယ်စွန်းသည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း သူမ၏ ပါးစပ်ကို အံ့ဩတကြီး အုပ်မိလိုက်သည်။
ရန်ကိုင်သည် ရုတ်တရက် တစ်ခုခုကို နားလည်သွားသည့်နှယ် သူ့ရှီစွမ်းအင်သည် နယ်ပယ်ဝဲကတော့မှ သက်ရောက်နေသည့် ဖိအားအားလုံးကို တွန်းလှန်နိုင်စွမ်း ရှိလာခဲ့သည်။ နယ်ပယ် ဝဲကတော့၏ စွမ်းအားသည် ရန်ကိုင်အား လုံးဝ မတားနိုင်တော့ပေ။
ဤနည်းဖြင့် ရန်ကိုင်သည် နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုသို့ အချိန်တိုအတွင်း ရောက်ရှိလာခဲ့သည်။
လူအိုကြီးတို့ သုံးယောက်စလုံး ထိုမြင်ကွင်းကို ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေခဲ့ကြလေသည်။
လက်ရှိတွင် သူတို့သုံးယောက်စလုံး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေကုန်ကြလေပြီ။ အခြားတစ်နေရာတွင်သာ ဆိုလျှင်တော့ ရန်ကိုင်ကို သွားတားကြမည် ဖြစ်သော်လည်း ဤနေရာသည် နယ်ပယ်ဝဲကတော့ ဖြစ်နေသဖြင့် ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။
ထိုမြင်ကွင်းကို ကြည့်နေသည့် လူအိုကြီးတို့ သုံးယောက်၏ မျက်နှာများသည် သံပုရာသီး ကိုက်လိုက်ရသည့်နှယ် မဲ့တဲ့တဲ့ ဖြစ်လာကုန်ကြလေ၏။
သို့သော်လည်း ရုတ်တရက် တစ်ခုခုကို တွေ့ရှိသွားသည့်အလား လူအိုကြီး၏ မျက်ဝန်းအစုံ တောက်ပလာခဲ့သည်။
ဝဲကတော့၏ အလယ်ဗဟိုသို့ရောက်သည် ရန်ကိုင်သည် သူ့ခြေလှမ်းကို လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်လေသည်။ သူ့ကြည့်ရသည်မှာ နောက်ဆုံးခြေလှမ်းကို မဆက်မလှမ်းနိုင်တော့သည့်ပုံပင်။
ထိုကောင်လေး ပြဿနာ တစ်ခုခုနှင့် ရင်ဆိုင်တွေ့နေရလေပြီ။ လူအိုကြီးစိတ်ထဲ ပျော်သွားပြီး ထိုကောင်းလေ ထိုနေရာတွင်သာ ရပ်နေပါစေတော့ဟု ကြိတ်၍ ဆုတောင်းနေလိုက်သည်။ နယ်ပယ်ဝဲကတော့၏ စွမ်းအားကြောင့် ထိုကောင်လေး တစ်စစီ ဖြစ်သွားလျှင် ပို၍ပင် ကောင်းသေးသည်။
ယခု နယ်ပယ်ဝဲကတော့၏ စွမ်းအား တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်ကို လူအိုကြီး ရုတ်တရက် ခံစားမိလိုက်၏။ နယ်ပယ်ဝဲကတော့၏ စွမ်းအားအများစုသည် လက်ရှိတွင် ရန်ကိုင်ပေါ်သို့သာ စုပြုံကျရောက်လာခဲ့လေသည်။
ရန်ကိုင်၏ အမူအရာ တဖြည်းဖြည်း လေးနက်လာခဲ့ပြီး ချွေးသီးတို့ သူ့နဖူးထက် ဝေ့သီလာခဲ့သည်။
လူအိုကြီးနှင့် သူ့အပေါင်းအပါတို့ ခံစားနေရသည့် ဖိအား ရုတ်တရက် လျော့နည်းသွားကုန်ကြလေသည်။ ထိုအခြင်းအရာကို သတိပြုမိသော် လူအိုကြီးတို့သုံးယောက် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ရှေ့သို့ အလျင်အမြန် ပြေးတက်သွားကြလေတော့၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၉၇)
လက်ရှိ အဖြစ်အပျက်ကြောင့် အကုန်လုံး အတော်လေး အံ့အားသင့်နေမိခဲ့သည်။ သူတို့အားလုံး ယခုကဲ့သို့ အဖြစ်အပျက်မျိုးနှင့် တစ်ခါမှ မကြုံဖူးသလို ဤကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်ခဲ့ဖူးသည့် အကြောင်းလည်း တစ်ခါမှ မကြားဖူးချေ။
နယ်ပယ်ဝဲကတော့ထဲတွင် လူငါးယောက် ရှိနေသော်လည်း နယ်ပယ်၏ စွမ်းအားအများစုသည် ရန်ကိုင်ဆီသို့သာ စုပြုံ ရောက်ရှိနေခဲ့သည်။ နယ်ပယ်ဝဲကတော့သည် ရန်ကိုင်အား အလယ်ဗဟိုဆီသို့ မရောက်အောင် တားဆီးချင်နေသည့်ပုံပင်။
ထို့အတွက်ကြောင့် လူအိုကြီးနှင့် သူ့အဖွဲ့ ခံစားနေရသည့် ဖိအားသည် သိသိသာသာ လျော့ကျသွားခဲ့လေသည်။ မျှော်လင့်ချက် အလင်းရောင်ကို ပြန်မြင်လိုက်ရသည့်အခိုက် လူအိုကြီးတို့ စိတ်အားတက်သွားပြီး နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုဆီသို့ အလျင်အမြန် ပြေးဝင်သွားကြလေသည်။
လူသုံးယောက်သည် သတ်ဖြတ်လိုစိတ်အပြည့် ထုတ်လွှတ်ရင်း ရန်ကိုင်အား ညစ်ကျယ်ကျယ်ကြည့်လျက် နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုဆီသို့ အလျင်အမြန် သွားနေကြသည်။
ထိုအခြင်းအရာကို မြင်သော် ရွှယ်စွန်း၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား လှမ်းအော်ဟစ် သတိပေးပြီးနောက် သူမကိုယ်တိုင်လည်း အထဲသို့ အလျင်အမြန် ပြေးဝင်ရန် လုပ်လိုက်လေသည်။
“မသေချင်ရင် အဲ့မှာပဲနေ” ရန်ကိုင်၏ အသံ သူမနားထဲ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ရွှယ်စွန်း၏ ခြေလှမ်းတို့ လမ်းတစ်ဝက်၌ ရပ်တန့်သွားခဲ့ပြီး မျက်မှောင်ကြုတ်၍ ရန်ကိုင်အား နားမလည်နိုင်သည့် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
သို့သော်လည်း ခဏမျှသာ တုန့်ဆိုင်းနေခြင်းဖြစ်ပြီး ရန်ကိုင်၏ စကားကိုသာ ယုံရန်သာ ဆုံးဖြတ်လိုက်ကာ သူမ၏ မြှောက်လက်စ ခြေထောက်ကို ပြန်ချလိုက်လေသည်။
ပြင်းထန်လှသော နယ်ပယ်စွမ်းအင်များ၏ စွမ်းအင်အားလုံး စုပြုံသက်ရောက်ခံရခြင်းသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူ ခုခံနိုင်သည့် အရာမျိုး မဟုတ်လေရာ ရန်ကိုင်၏ အခြေအနေမှာ အလွန် အန္တရာယ်များသည်ဟု ပြောနိုင်ပေသည်။ ယခုအချိန်ထိတိုင် သူမတ်တပ်ရပ်နေနိုင်သည်မှာ အတော်လေး အဆန်းတကြယ် ဖြစ်နေပြီဟု ပြော၍ရသည်။
ရန်ကိုင်၏ရှီစွမ်းအင်သည် ထိုနယ်ပယ်၏ စွမ်အားကို မခုခံနိုင်ဘဲ အပြင်းအထန် ဖိနှိပ်ခံနေရသည်ကို ရွှယ်စွန်း ခံစားမိနေသည်။
ထိုအခြင်းအရာကို ကြည့်ရင်း ရွှယ်စွန်း စိုးရိမ်စိတ်ဝင်မိသွား၏။ ရန်ကိုင်၏ရှီသာ အပြည့်အဝ ဖိနှိပ်ခံလိုက်ရလျှင် မည်ကဲ့သို့ ဖြစ်သွားလေမလဲဟုလည်း တွေးမိလိုက်သည်။ ထိုနေရာတွင်ပင် တစ်ခါတည်း တန်းသေသွားလောက်ပေသည်။
ထိုသို့သာ ဖြစ်ခဲ့လျှင် သူညီမချင်းလော့ အလွန်ကိုမှ ဝမ်းနည်းသွားရပေလိမ့်မည်။ ရှန်ချင်းလော့အား ရန်ကိုင်အား မည်မျှ ချစ်သလဲဆိုသည့်အကြောင်း သူမလည်း ကြားပေသည်။
သူမ ထိုအကြောင်းနှင့် ပက်သက်၍ စိုးရိမ်နေစဉ် ရန်ကိုင်၏ရှီသည် သူ့အပေါ် တဝုန်းဝုန်း စီးပြိုကျဆင်းလာနေသော နယ်ပယ်၏ စွမ်းအားကို ပြန်လည် ရင်ဆိုင်တိုက်ခိုက်နေခဲ့လေသည်။ သို့သော်ငြား မြင်တတ်သူတိုင်း ရန်ကိုင် အောက်စည်းသို့ ရောက်နေသည်ကို တွေ့နိုင်ပေသည်။
ရန်ကိုင်၏ စွမ်းအင်စက်ကွင်းသည် တဖြည်းဖြည်း ကျုံ့လာနေခဲ့ရာ မကြာမီ သူ့ခန္ဓာကိုယ်ကို ဖုံးထားရုံလောက်သာ ကျယ်တော့လေ၏။
နယ်ပယ်ဝဲကတော့ထဲရှိ စွမ်းအား အကုန်လုံးလိုလိုမှာ ရန်ကိုင်ဆီသို့ စုပြုံလာနေသဖြင့် ရန်ကိုင်အား ဖိနှိပ်နေသည့် နယ်ပယ်ဝဲကတော့၏ စွမ်းအားသည် တဖြည်းဖြည်း ပိုပို၍ ပြင်းထန်လာနေခဲ့လေသည်။ ရုတ်တရက် ရိုက်ခတ်လာသော အလွန်ပြင်းထန်သည့် စွမ်းအင်လှိုင်းကြောင့် ရန်ကိုင်၏ရှီ လုံးဝ ပျက်စီးသွားခဲ့ပြီး ရန်ကိုင် တစ်ကိုယ်လုံး နယ်ပယ်ထဲသို့ အကာအကွယ်မရှိ ကျရောက်သွားခဲ့ရလေသည်။
ရွှယ်စွန်း အလန့်တကြား ထအော်မိလိုက်ပြီး ရန်ကိုင် တစ်ကိုယ်လုံး ပေါက်ကွဲသွားမည်ကို မကြည့်ရက်သည့်အလား ချက်ချင်း အကြည့်လွှဲလိုက်လေသည်။
သို့သော်လည်း အသားစများ ပေါက်ကွဲထွက်သံများ နည်းနည်းမျှ ထွက်မလာခဲ့သဖြင့် ရွှယ်စွန်း ကြောင်သွားခဲ့လေသည်။ ခဏအကြာ၌ ရန်ကိုင်၏ သည်းလှိုက်အူလှိုက် ရယ်မောသံတို့သာ ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်ဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည့်အခိုက် အံ့အားသင့်စွာပင် ရန်ကိုင်သည် ဘာမှဖြစ်သွားခြင်း မရှိဘဲ နယ်ပယ်၏ စွမ်းအားအောက်ဝယ် အကောင်းအတိုင်း ရပ်နေသည်ကို ရွှယ်စွန်း တွေ့ရှိလိုက်ရလေသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ရွှယ်စွန်း ကြောင်သွားခဲ့လေ၏။
ရန်ကိုင်၏ ရှီကို သူမ နည်းနည်းလေးပင် မခံစားမိ။ သို့တိုင် ရန်ကိုင်သည် နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုတွင် အန္တရာယ်ကင်းကင်းဖြင့် ရပ်နေနိုင်ခဲ့သည်။
ရန်ကိုင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်နေသော စွမ်းအားသည် ရန်ကိုင်အား နယ်ပယ်ဝဲကတော့နှင့် ပေါင်းစပ်သွားနေစေခဲ့သည်။ မျက်လုံးဖြင့်သာ မကြည့်လျှင် ရန်ကိုင် ရှိနေသည်ကို သူမ သတိပြုမိလိမ့်မည် မဟုတ်။ လက်ရှိရန်ကိုင်သည် နယ်ပယ် ဝဲကတော့နှင့် ပေါင်းစပ်သွားပြီး ၎င်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားသလို ဖြစ်နေခဲ့သည်။
ထိုစဉ် မြှောက်ထားသော ရန်ကိုင်၏ခြေထောက် နောက်ဆုံးတွင် အောက်သို့ ကျလာခဲ့သည်။ နောက်ဆုံးတွင် နယ်ပယ်ဝဲကတော့၏ အလယ်ဗဟို အကျဆုံးနေရာသို့ သူခြေချလိုက်နိုင်ခဲ့လေပြီ။
သူခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာနေသော နယ်ပယ်စွမ်းအင်များ ရုတ်တရက် ရပ်တန့်သွားပြီး မူလနေရာသို့ ပြန်ရောက်သွားကြလေကုန်သည်။ ပျောက်ကွယ်သွားသည့် ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိအား ရုတ်တရက် ပြန်ပေါ်လာသည့်အတွက် ရွှယ်စွန်း တစ်ချက် ညည်းတွားမိလိုက်ပြီး ထိုစွမ်းအားကို ကပျာကယာ ပြန်လည် ခုခံလိုက်ရလေသည်။
လူအိုကြီးနှင့် သူ့အဖွဲ့မှာတော့ ထိုမျှ ကံမကောင်းခဲ့။
နယ်ပယ်ဝဲကတော့၏ ရန်ကိုင် ရှိနေသည့်နေရာမှလွဲ၍ အခြား နေရာများ အားပျော့နေချိန် လူအိုကြီးတို့ အဖွဲ့သည် နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုဆီသို့ အလျင်အမြန် ပြေးဝင်လာခဲ့ရာ ယခုဆိုလျှင် သူတို့ ရှိနေသည့် နေရာသည် ရန်ကိုင် ရှိနေခဲ့သည့် နေရာနှင့် မီတာတစ်ရာသာ ဝေးတော့သည်။
သို့သော်ငြား နယ်ပယ်ဝဲကတော့၏ ဖိအားနှင့် အသားကျခြင်း မရှိသေးဘဲ အထဲသို့စွတ်ပြီး တိုးဝင်လာခဲ့သဖြင့် နယ်ပယ်ဝဲကတော့၏ ပုံမှန်ပြန်ဖြစ်လာသည့် ဖိအားကို သူတို့ မခုခံနိုင်တော့ချေ။
ရုတ်တရက် ပြန်ပေါ်လာသော နယ်ပယ်စွမ်းအားကြောင့် လူအိုကြီးတို့ သုံးယောက် အရူးမီးဝိုင်း ဖြစ်ကုန်ကြပြီး အလန့်တကြား ထအော်ကြရင်း သူတော်စင်ချီကို အသည်းအသန် လှည့်ပတ်၍ အကာအကွယ်မှော်ရတနာများကိုပါ ထုတ်ကာ နယ်ပယ်စွမ်းအားကို တွန်းလှန်ရင်း ပြန်ဆုတ်ရန် ကြိုးစားလိုက်ကြသည်။
ဤနေရာသည် သူတို့ နေနိုင်သည့်နေရာ မဟုတ်ချေ။ နယ်ပယ်ဝဲကတော့၏ စွမ်အားအများစု ရန်ကိုင်ဆီသို့ စုပြုံ ရောက်ရှိသွားခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဤနေရာသို့ သူတို့ ရောက်လာနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား ယခုမှ ပြန်ဆုတ်ရန် နောက်ကျလွန်းနေခဲ့လေပြီ။
အလွန်ပြင်းထန်သော နယ်ပယ်စွမ်းအားကို လူအိုကြီးတို့ သုံးယောက် မည်သို့မှ မခုခံနိုင်ခဲ့ကြချေ။ တစ်ခဏအတွင်းပင် သူတို့ ထုတ်သုံးထားသည့် အကာအကွယ်မှော်ရတနာအားလုံး တစ်စစီ ပျက်စီးကုန်လေသည်။ ကြောက်မလန့်တကြား အော်ဟစ်သံများနှင့် အတူ လူအိုကြီးတို့ သုံးယောက်စလုံး တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲသွားကုန်ကြလေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါမှပဲ ရန်ကိုင် သူမအား ရှေ့တက်မလာရန် သတိပေးခဲ့သည်ကို ရွှယ်စွန်း ပြန်သတိရသွားခဲ့၏။
သူမသာ ရန်ကိုင်၏စကားကို နားမထောင်ဘဲ ရှေ့တက်သွားခဲ့လျှင် သူမ၏ ကံကြမ္မာသည်လည်း ထိုလူအိုကြီးတို့ သုံးယောက် ကြုံရသည့် ကံကြမ္မာနှင့် အလားတူ ဖြစ်သွားပေလိမ့်မည်။
သေမင်းခံတွင်းဝမှ ကပ်သီသီလေး လွတ်မြောက်လာသလို ခံစားလိုက်ရသည့်နောက်တွင် ရွှယ်စွန်း ရင်တဒိန်းဒိန်း ခုန်လာပြီး သူမ၏ မျက်နှာလေးမှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့၏။
ဒါ… ဒါတွေအကုန်လုံးကို သူစီစဉ်ထားတာလား။ နယ်ပယ်ဝဲကတော့ သူ့ကို ဘာမှမလုပ်နိုင်တော့အောင် သူ့ကိုယ်သူ နယ်ပယ်ဝဲကတော့နဲ့ တစ်သားတည်း ဖြစ်သွားအောင် ကြိုးစားခဲ့တာလား။ ဒီလိုလုပ်ဖို့ သူဘယ်ကနေ ယုံကြည်ချက် ရလာတာလဲ။ ရှီကို သူဘယ်လောက်တောင် နားလည်ထားတာလဲ။ နယ်ပယ်စွမ်းအားကို သူတကယ်ပဲ နားလည်သွားတာလား
ရွှယ်စွန်း၏ခေါင်းထဲ မရေမတွက်နိုင်သည့် မေးခွန်းပေါင်းစုံ ဖြတ်ပြေးသွားခဲ့သည်။ သို့သော် မည်သည့် မေးခွန်းအတွက်မှ သူမတွင် အဖြေ ရှိမနေခဲ့ချေ။ ဤလူသားသည် သိုင်းတာအိုတွင် သူမ မော်သာကြည့်ရမည့် အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်ကြောင်းကိုသာ သူမ နားလည်လိုက်တော့သည်။
အမှန်အတိုင်း ပြောရလျှင်၊ ဤနယ်ပယ်ဝဲကတော့ အတော်လေး အားကောင်းသည်မှာ အမှန်ဖြစ်သော်ငြား လူအိုကြီးနှင့် သူတို့ အဖွဲ့သာ နယ်ပယ်၏ စွမ်းအားကို နားလည်အောင် ဆင်ခြင်ပြီး ဖြည်းဖြည်းနှင့်မှန်မှန် ရှေ့တက်သွားခဲ့မည်ဆိုလျှင် ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံရလိမ့်မည်မဟုတ်ဘဲ နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုသို့ပင် ရောက်ကောင်း ရောက်နိုင်ပေသည်။
ကံမကောင်းစွာဖြင့် သူတို့တွင် ထိုကဲ့သို့ အခွင့်အရေး မရှိတော့ပေ။ ရန်ကိုင်သည် သူတို့အား မျှော်လင့်ချက်ပေးပြီး ထိုမျှော်လင့်ချက်ကို သူတို့ ဖမ်းဆုပ်ခါနီးနေမှ ဖျက်စီးပစ်လိုက်လေသည်။
ရန်ကိုင်သည် အားသိပ်မစိုက်ထုတ်ရဘဲ နယ်ပယ်စွမ်းအားကို သုံး၍ လူတိုကြီးတို့ သုံးယောက်စလုံးကို သတ်ပစ်လိုက်နိုင်ခဲ့သည်။
ဤသည်မှာ ရန်ကိုင်၏ အကြံအစည် ဖြစ်သည်ဆိုပါက ထိုကောင်သည် အလွန်ကိုမှ ဥာဏ်နီဥာဏ်နက်များသည့် လူတစ်ယောက် ဖြစ်သည်ဟုသာ ပြောရပေတော့မည်။
တိုက်ဆိုင်သွားတာပဲ ဖြစ်လောက်မှာပါ ဟုတ်တယ်မလား ရွှယ်စွန်း သူ့မကိုယ်သူမ ပြန်မေးခွန်းထုတ်လိုက်သည်။
“နင်ဘာတွေ ကြောင်နေတာလဲ။ သွားကြမယ်” ရန်ကိုင်၏ အသံကြောင့် ရွှယ်စွန်း မိန်းမောနေရာမှ အသိပြန်ဝင်လာခဲ့သည်။ အသိပြန်ဝင်လာသည့် အချိန်တွင် ရန်ကိုင်သည် ထူးဆန်းပြီး ရွှန်းစိုတောက်ပသော ကျောက်တုံးနှစ်တုံးကို ကိုင်လျက် သူမ ရှေ့သို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။
ရွှယ်စွန်း အသိပြန်ဝင်လာသည်ကို မြင်သော် ရန်ကိုင်သည် ကျောက်တုံး တစ်တုံးကို သူမဆီသို့ ပစ်ပေးလိုက်လေသည်။
ရွှယ်စွန်းသည် ထိုကျောက်တုံးကို လှမ်းဖမ်းလိုက်ပြီး ရန်ကိုင်အား မယုံသင်္ကာ အကြည့်ဖြင့် ကြည့်လျက် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည် “နင်ဘာလို့ ငါ့ကို လာပေးနေတာလဲ။ ငါဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည် “နင်ငါ့ကို ဒီခေါ်လာပေးတယ်လေ။ ပြီးတော့ ဒီနယ်ပယ်ကျောက်တုံးတွေကို နင်အရင် ရှာတွေ့ခဲ့တာဆိုတော့ နင့်နဲ့ဝေမျှသင့်တယ်ထင်လို့။ ဘာလဲ၊ နင်မလိုချင်လို့လား။ မလိုချင်ရင် ပြန်ပေးလို့ ရတယ်နော်”
ရွှယ်စွန်းသည် နယ်ပယ်ကျောက်တုံးကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်သိမ်းလိုက်လေ၏။
သူက လာပေးနေမှဖြင့် သူမက ဘာကြောင့် မယူရမည်နည်း။ မယူလျှင် သူမလောက် မိုက်သည့်လူ ရှိတော့လိမ့်မည မဟုတ်ပေ။
ရန်ကိုင်က ပြုံးဖြီးလျက် “နယ်ပယ်ကျောက်တုံးကို နင်နဲ့ခွဲယူမယ် ဆိုပေမယ့် ဟိုသုံးယောက်ရဲ့ သိုလှောင်လက်စွပ်တွေကိုတော့ ငါပဲ ယူမယ်။ အဲ့သိုလှောင်လက်စွပ်တွေက ဘာမှ ဒီလောက်ကြီး အဖိုးတန်တာ မဟုတ်ပေမယ့် အဖိုးတန်တာကတော့ အဖိုးတန်သေးတာပဲ”
“နင်ယူချင်ယူပေါ့။ ငါလည်း သူတို့သိုလှောင်လက်စွပ်တွေကို စိတ်မဝင်စားဘူး” ရွှယ်စွန်းက ပြန်ပြောလိုက်သည်။ ခဏမျှ ရပ်နေပြီးနောက် ဆက်၍ ပြောလိုက်လေသည် “ဒါဆိုရင် ဒီမှာပဲ လမ်းခွဲကြတာပေါ့”
“နင်သွားတော့မှာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
“မသွားသေးဘူး။ ဒီမှာနေပြီး ဆက်ကျင့်ကြံဦးမှာ”
ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်၏ “အဲ့ဒါဆိုရင်တော့ ကံကောင်းပါစေ။ ငါကတော့ သွားတော့မယ်”
ပြောပြီးသည်နှင့် နယ်ပယ်ဝဲကတော့၏ အပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားခဲ့လေည်။
“ရန်ကိုင်” ရွှယ်စွန်းက ရုတ်တရက် လှမ်းအော်ခေါ်လိုက်သည်။
“ဟန်” ရန်ကိုင် ပြန်လှည့်ကြည့်လာခဲ့သည်။
“နယ်ပယ်ဝဲကတော့နဲ့ တစ်သားတည်းဖြစ်အောင် နင်ဘယ်လို လုပ်လိုက်တာလဲ ငါသိလို့ရမလား” ရွှယ်စွန်းက သိချင်စိတ် အပြည့်ဖြင့် မေးလိုက်သည်။
ရန်ကိုင်သည် သူ့မေးစေ့ကိုပွတ်၍ ခဏမျှ စဉ်းစားနေပြီးနောက် ယဲ့ယဲ့လေး ပြုံးကာ ပြန်ပြောလိုက်လေ၏ “ငါ့ရှီစွမ်းအား စီးဆင်းတဲ့ လမ်းကြောင်းအတိုင်းပဲ လိုက်သွားလိုက်တာ”
“နင့်ရှီစွမ်းအင် လမ်းကြောင်းအတိုင်း လိုက်သွားတာ” ရွှယ်စွန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုစာကြောင်း၏ အဓိပ္ပါယ်ကို သေချာစဉ်းစားကြည့်နေပြီးနောက် ခဏအကြာ၌ သူမ၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ ကျေးဇူးတင်စကား ဆိုလိုက်လေသည် “ကျေးဇူးပဲ”
“ဘာမှမဟုတ်ပါဘူး” ရန်ကိုင်က လက်ဝှေ့ရမ်း၍ နယ်ပယ်ဝဲကတော့ အပြင်ဘက်သို့ လျှောက်ထွက်သွားလေသည်။
…
နောက်ရက်များအတွင်း ရန်ကိုင်သည် သွေးအကျဉ်းထောင်ထဲ လှည့်ပတ်သွားလာနေခဲ့သည်။ သူ့လိုအပ်ချက်နှင့် ကိုက်ညီသော နယ်ပယ်ဝဲကတော့ကို တွေ့လျှင် ထိုနယ်ပယ်ဝဲကတော့ထဲ ဝင်ပြီး ထိုအရာ၏ ဆန်းကြယ်မှုများကို လေ့လာသည်။
နယ်ပယ်ဝဲကတော့များထဲ ကိန်းအောင်းနေသော ဆန်းကြယ်မှုများကို အဆက်မပြတ် လေ့လာနေရင်းနှင့်မှ ရန်ကိုင်၏ ရှီစွမ်းအင်သည် ကြောက်မက်ဖွယ်ရာအဆင့်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့လေသည်။
ယခုဆိုလျှင် မည်သည့်နယ်ပယ်ဝဲကတော့မှ ရန်ကိုင်အား ထိုင်ပြီး ဆင်ခြင်သုံးသပ်ရအောင် မလုပ်နိုင်တော့ချေ။ အမှန်အတိုင်း ပြောရသော် နယ်ပယ်ဝဲကတော့ အများစုကို ရန်ကိုင် သူ့စိတ်ကြိုက် ဝင်ထွက်နိုင်နေလေပြီ။ အားကောင်းသော နယ်ပယ်ဝဲကတော့များနှင့် ကြုံရလျှင်ပင် ထိုနယ်ပယ်ဝဲကတော့များကို ခဏမျှလောက်သာ လေ့လာရပြီး မကြာမီ ထိုနယ်ပယ်ဝဲကတော့များနှင့် တစ်သားတည်း ဖြစ်သွားအောင် လုပ်နိုင်လာခဲ့သည်။
ရှုတင်းယန် သူ့အား သင်ပေးသွားသည့် နည်းလမ်းသည် အနည်းငယ် မှားယွင်းနေမှန်း နောက်ဆုံးတွင် ရန်ကိုင် နားလည်သွားလိုက်လေပြီ။
နယ်ပယ်ဝဲကတော့များ၏ နက်နဲဆန်းကြယ်မှုများကို လေ့လာဆင်ခြင်ရာတွင် ရှီစွမ်းအင်ကိုသုံး၍ နယ်ပယ်၏ စွမ်းအားကို ခုခံခြင်းထက် ရှီစွမ်းအင်စီးကြောင်းအတိုင်း စီးမျောသွားပြီး နယ်ပယ်ဝဲကတော့၏ စွမ်းအားကို လေ့လာခြင်းသည် ပို၍ အကျိုးသက်ရောက်မှု ရှိသည်။
ထို့ကြောင့်ပဲ ရွှယ်စွန်းကို ထိုကဲ့သို့ ပြောပြခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့လုပ်နိုင်ဖို့ရာ ရှီစွမ်းအင်ကို ကောင်းကောင်း နားလည်ထားရန် လိုအပ်သည်။ သို့မှသာ ဒုက္ခလှလှနှင့် မတွေ့ရဘဲ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေလိမ့်မည်။
နယ်ပယ်ကျောက်တုံးများမှာ အလွန်ကိုမှ ရှားပါးလှသဖြင့် ရန်ကိုင်လည်း ထိုကျောက်များကို များများစားစား မရရှိခဲ့ချေ။ ရွှယ်စွန်းဆီမှ ထွက်ခွာလာခဲ့သည်မှာ လဝက်ခန့် ရှိနေပြီး နယ်ပယ်ဝဲကတော့များစွာထဲသို့ ဝင်ခဲ့သော်ငြား နောက်ထပ် နယ်ပယ်ကျောက်တုံး နှစ်တုံးသာ ထပ်ရထားသေးသည်။
လျှောက်သွားနေရင်း ရန်ကိုင်သည် နယ်ပယ်ကျောက်တုံးများကို လေ့လာကြည့်သွားခဲ့သည်။
ထိုကျောက်တုံးများထဲတွင် နယ်ပယ်၏ စွမ်းအားတို့ ကိန်းအောင်းနေသည့်အတွက် နယ်ပယ်ဝဲကတော့များသည် နယ်ပယ်ဝဲကတော့များနှင့် ဆင်သည်ဟု ပြော၍ရသည်။
သို့သော်ငြား နယ်ပယ်ကျောက်တုံးများထဲတွင် ပါဝင်သော နယ်ပယ်စွမ်းအားမှာ အလွန်ကိုမှ သိမ်မွေ့ညင်သာပြီး နယ်ပယ်ဝဲကတော့ထဲရှိ စွမ်းအားကဲ့သို့ ပြင်းထန်ခြင်း မရှိပေ။
မည်သည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူမဆို နယ်ပယ်ကျောက်တုံးထဲ ပါဝင်သော စွမ်းအားကို အလွယ်တကူ စုပ်ယူနိုင်ပြီး သူတို့၏ ရှီစွမ်းအင်ကို ပို၍ အားကောင်းလာအောင် လုပ်နိုင်ပေသည်။
ထို့ကြောင့်ပဲ နယ်ပယ်ကျောက်တုံးများ အလွန် အဖိုးတန်နေရခြင်း ဖြစ်သည်။
ရွှယ်စွန်းမှလွဲ၍ အခြား မည်သည့် အသိအကျွမ်းများနှင့် ရန်ကိုင် ထပ်မတွေ့ခဲ့ရပေ။ မွန်းစတားဧကရာဇ်ကြယ်မှ သူနှင့်အတူ လာခဲ့သူများ ဖြစ်စေ၊ ချင်းတုန်တို့အဖွဲ့မှ ဖြစ်စေ၊ မည်သူ့နှင့်မှ ထပ်မတွေ့ခဲ့ရပေ။
ချင်းတုန်နှင့် အခြားသူများ သွေးအကျဉ်းထောင်ထဲသို့ ဝင်လာလား၊ မဝင်လာဘူးလား ဆိုသည်ကို ရန်ကိုင် မသိသော်ငြား သူတို့ တောင်စိမ်းကြယ်တွင် နေခဲ့ရခြင်း၏ အဓိက အကြောင်းအရင်းမှာ သွေးအကျဉ်းထောင် စမ်းသပ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖြစ်သည့်အတွက် သွေးအကျဉ်းထောင်ထဲသို့ ဝင်လာနိုင်ချေ အလွန်ကို များပေသည်။
သူတို့ ဝင်လာခဲ့လောက်၏။ သူတို့ မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို သူမသိခြင်းသာ ဖြစ်ရပေလိမ့်မည်။
ရန်ကိုင်သည် ဆက်သွယ်ရေး မှော်ရတနာများကို ရံဖန်ရံခါထုတ်၍ ချင်းတုန်နှင့် အခြားသူများကို ဆက်သွယ်ရန် ကြိုးစားကြည့်သည်။
ကံမကောင်းစွာဖြင့် ရက်ပေါင်းများစွာ ကြာသွားသည့်တိုင် မည်သူကမှ ပြန်တုန့်ပြန်မလာခဲ့ချေ။
တစ်ရက်၊ ရန်ကိုင်သည် ချောင်ကျသည့် နေရာတစ်ခုတွင် ထိုင်၍ အားပြန်ဖြည့်နေစဉ် သူ့ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ကြည့်လိုက်သည်။
ဤအတိုင်း ထုတ်ကြည့်လိုက်ခြင်းသာ ဖြစ်ပြီး ဘာမှ မျှော်လင့်ချက် မထားခဲ့ချေ။ သို့သော်လည်း ဆက်သွယ်ရေး မှော်ရတနာထဲသို့ သူ့ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်ချိန် တစ်ယောက်ယောက်မှ တကယ်ကြီး တု့န်ပြန်လာမည်ကို ရန်ကိုင် မထင်ထားခဲ့။
တုန့်ပြန်လာသူမှ အခြားမဟုတ်ဘဲ ချင်းတုန် ဖြစ်နေခဲ့သည်။
ထို့အပြင် ချင်းတုန်သည် သူ့အား တစ်နေရာရာသို့ လာရန်ပင် ပြောနေခဲ့သည်။
ချင်းတုန် စိတ်ဝင်စားစရာတစ်ခုခု ရှာတွေ့ထားသည့်ပုံပင်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၉၈)
သွေးအကျဉ်းထောင်မှ မီတာတစ်ရာအကွာတွင် ရှိနေသော တောင်တစ်လုံးပေါ်ရှိ ကျောက်တုံးစံအိမ်ထဲတွင် လော့ဟိုင်သည် မျက်လုံးပိတ်ကာ ထိုင်နေခဲ့သည်။
အခြားသော တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်အားလုံးသည် လော့ဟိုင်အား သေချာအာရုံစိုက်နေခဲ့ကြသည်။
ကြယ်သခင်တစ်ယောက်ဖြစ်သည့် လော့ဟိုင်တစ်ယောက်သာ သွေးအကျဉ်းထောင်ထဲ၌ မည်သည့်အရာများ ဖြစ်ပျက်နေသလဲ ဆိုသည်ကို သိနိုင်သဖြင့် အကုန်လုံး သွေးအကျဉ်းထောင်ထဲရှိ အကြောင်းအရာများကို သိနိုင်ရန်အတွက် လော့ဟိုင်ကိုသာ အာကိုးနေရလေသည်။
အချိန်အတော်ကြာသွားသည့်နောက်တွင် လော့ဟိုင် မျက်လုံးပွင့်လာခဲ့ပြီး ပြုံးလိုက်လေသည်။
“လူကြီးမင်းလော့ဟိုင် စိတ်ဝင်စားစရာ တစ်ခုခု ရှာတွေ့သွားလို့လား” ဓါးအဖွဲ့အစည်းမှ အဘွားအိုကြီးက အလျင်အမြန် မေးလိုက်သည်။
“မထင်မှတ်ထားတဲ့ ကောင်းချီးပေး အဖြစ်အပျက်တစ်ခု ဖြစ်လာလို့” လော့ဟိုင်က ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းချီးပေး အဖြစ်အပျက်” ခရမ်းကြယ်မှ အမျိုးသမီးက မျက်ခုံးပင့်လျက် လော့ဟိုင်အား ကြည့်လိုက်သည်။ ထို့နောက် တစ်ခုခုကို စဉ်းစားမိသွားဟန်ဖြင့် “အစ်ကိုလော့ဟိုင် ပြောချင်တာက…”
“ဟဲဟဲ၊ ဟုတ်တယ်။ သွေးအကျဉ်ထောင်ထဲမှ ကောင်းချီးပေး အဖြစ်အပျက်လို့ ပြောရလောက်တဲ့ အဖြစ်အပျက်တစ်ခုပဲ ရှိတယ်။ နင်ထင်နေတာအမှန်ပဲ” လော့ဟိုင်က ခေါင်းညိတ်၍ “နယ်ပယ်ကျောက်တုံးတောင် ပေါ်လာပြီ”
“နယ်ပယ်ကျောက်တုံးတောင် ပေါ်လာတာလား” အကုန်လုံး စိတ်လှုပ်ရှားသွားကြသည်။
“ဟုတ်တယ်”
“တကယ်ကို ကောင်းချီးပေး အဖြစ်အပျက်ပဲ” အဘွားအိုကြီးက တောက်ပစွာပြုံးလျက် “ဒီတစ်ကြိမ် သွေးအကျဉ်းထောင်ထဲ ဝင်သွားတဲ့ ကောင်လေးတွေ တကယ် ကံကောင်းတာပဲ”
“စီနီယာအစ်မလဲ့ ဘာတွေ မနာလိုနေတာလဲ။ စီနီယာအစ်မလဲ့ သွေးအကျဉ်းထောင်ထဲ ဝင်သွားတုန်းကလည်း အဲ့အဖြစ်အပျက်နဲ့ ကြုံခဲ့တာပဲ မဟုတ်ဘူးလား” အမျိုးသမီးချောလေးက သူမ၏ နှုတ်ခမ်းကိုကွေးလျက် ပြုံးကာ ပြောလိုက်လေသည်။
“ဟဲဟဲ။ အင်း။ နှစ်တစ်ထောင်ဆိုတာလည်း မျက်စိတစ်မှိတ် လိုပါပဲလား” အဘွားအိုကြီးသည် အတိတ်အကြောင်းကို ပြန်လည်တွေးတောရင်း ပြောလိုက်လေသည် “အဲ့တုန်းက ပေါ်လာတဲ့ နယ်ပယ်ကျောက်တုံးတောင်ကြောင့်သာ မဟုတ်ရင် ဒီအဘွားကြီး တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်ခဲ့လောက်မှာ မဟုတ်ဘူး”
“စီနီယာအစ်မလဲ့ နယ်ပယ်ကျောက်တုံးတောင်နဲ့ ကြုံခဲ့ရတာလား” အကုန်လုံး အံ့အားသင့်သွားကုန်ကြပြီး အချို့သည် သူတို့၏ ကံကြမ္မာအပေါ် စတင် ညည်းတွားကုန်ကြလေသည် “ငါကံကျတော့ ဘာလို့ အဲ့လောက် မကောင်းရတာလဲ။ ငါသွေးအကျဉ်းထောင်ထဲ ဝင်သွားတုန်းက နယ်ပယ်ကျောက်တုံးတောင်က အားကောင်းတဲ့ နယ်ပယ်စက်ကွင်းတစ်ခုနောက်မှာ ပုန်းနေတာ။ ငါ့မှာ တစ်ချက်ကလေးတောင် မမြင်လိုက်ရဘူး”
“ဒါကတော့ ကံပဲပေါ့” လော့ဟိုင်က ရယ်သွမ်းသွေးလျက် “နယ်ပယ်ကျောက်တုံးတောင်က သွေးအကျဉ်းထောင်ရဲ့ ရတနာတစ်ပါးပဲ။ အရမ်းလည်း အားကောင်းတယ်။ တန်ခိုးရှင်ဘုရင်အဆင့်တွေတောင် အဲ့တောင်ကို ဘာမှ မလုပ်နိုင်ဘူး။ အပြင်သယ်ဖို့ကျတော့လည်း ကြီးလွန်းနေပြန်ရော။ ဆိုးသွားတာက အဲ့နယ်ပယ်ကျောက်တုံးတောင် တစ်ခုလုံးကို ပရမ်းပတာ နယ်ပယ်တွေက အမြဲလိုလို လွှမ်းခြုံနေတာပဲ။ အဲ့လို ဖြစ်နေတော့ တစ်ခါတစ်လေလောက်မှပဲ နယ်ပယ်ကျောက်တုံးတောင်ကို မြင်ရလေ့ရှိတယ်။ သွေးအကျဉ်းထောင်က နှစ်တစ်ထောင်ကြာမှ တစ်ခါ ဖွင့်တာဆိုပေမယ့် နယ်ပယ်ကျောက်တုံးတောင်က အဲ့နှစ်တစ်ထောင်ကြာတဲ့ အခါတိုင်းတောင် ပေါ်လာလေ့မရှိဘူး။ ဒါကြောင့် မင်းတို့ နယ်ပယ်ကျောက်တုံးတောင်နဲ့ မတွေ့ခဲ့ရတာ။ ဒါပေမယ့် ညီမလဲ့ရဲ့ကံကို သွားအားကျနေရအောင် မင်းတို့လည်း တန်ခိုးရှင်ဘုရင်အဆင့်တွေ ဖြစ်နေပြီ မဟုတ်ဘူးလား”
“ဟုတ်တယ်ဆိုပေမယ့် ကျုပ်သာ နယ်ပယ်ကျောက်တုံးတောင်နဲ့ တွေ့ခဲ့ရင် တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်ဖို့ နှစ်သုံးရာလောက် အချိန်ဖြုန်းနေခဲ့ရမှာ မဟုတ်ဘူး” အစောပိုင်းက ပြောလိုက်သည့် လူက သက်ပြင်းချရင်း ညည်းတွားလိုက်ပြန်လေသည်။
အဘွားအိုကြီးကမူ ပြုံးလျက် “နင်ဘာတွေ သက်ပြင်းချနေတာလဲ။ ဒီအဘွားကြီး အဲ့တစ်ကြိမ် နောက်ဆုံးကံကောင်းခဲ့တာပဲ။ တန်ခိုးရှင်ဘုရင်အဆင့် ရောက်ပြီးတဲ့နောက်ပိုင်း ဒီအဘွားကြီး ဘယ်လိုမှကို အဆင့်ထပ်မတက်နိုင်တော့ဘူး။ ဒီအဆင့်မှာတင် ငါလမ်းဆုံးသွားပြီလို့တောင် ပြောလို့ရနေပြီ”
“စီနီယာအစ်မလဲ့ စိတ်အားငယ်နေစရာ မလိုဘူး။ အနာဂတ် ကျင့်ကြံရေး လမ်းကြောင်းက ခန့်မှန်းလို့ရတာမှ မဟုတ်တာ။ ကံကြမ္မာဖေးမလို့ စီနီယာအစ်မလဲ့ ဥာဏ်အလင်းပွင့်သွားပြီး တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ကို ချိုးဖျက်သွားရင်လည်း ချိုးဖျက်သွားနိုင်တာပဲ၊ ဘယ်သူပြောနိုင်တာမှတ်လို့” အမျိုးသမီးချောလေးက နှစ်သိမ့်ပေးလိုက်သည်။
“ငါလည်း အဲ့လိုမျှော်လင့်ရတာပဲ” အဘွားကြီးက မပြုံးချင်ပြုံးချင်ဖြင့် ပြုံးကာ ပြန်ပြောလိုက်ပြီးနောက်တွင် မျက်မှောင်ကြုတ်၍ စိုးရိမ်နေသည့် အမူအရာဖြင့် ပြောလိုက်လေသည် “နယ်ပယ်ကျောက်တုံးတောင် ပေါ်လာတာ ကောင်းချီးပေး အဖြစ်အပျက်ဆိုပေမယ့် အဲ့တောင်ကြောင့် ဒီတစ်ကြိမ် လူတွေ ဘယ်လောက် သေကြဦးမလဲ မသိဘူး။ ဒီအဘွားကြီး အလှည့်တုန်းက အဲ့တောင်နားမှာ နေရာ တစ်နေရာရဖို့ တိုက်ခိုက်လိုက်ရတာ သေခါနီးပဲ”
“ကံကောင်းတာလား ကံဆိုးတာလား ဆိုတာကတော့ ကိုယ်ကံပေါ်ပဲ မူတည်လိမ့်မယ်။ ဒီကနေထိုင်ပြီး စိုးရိမ်နေလို့လည်း အပိုပဲ” ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူအိုကြီးက ဖြည်းဖြည်းချင်း ခေါင်းခါရင်း ပြောလိုက်လေသည်။
“အမှန်ပဲ။ ဒါနဲ့ လူကြီးမင်း လော့ဟိုင်၊ ဟိုတန်ခိုးရှင် ဒုတိယအဆင့် ကောင်လေးရော အခြေအနေ ဘယ်လိုရှိလဲ။ သူအသက်ရှင်နေသေးလား” အဘွားကြီး ရန်ကိုင်ကို ရုတ်တရက် ပြန်သတိရသွားခဲ့သည်။
အကုန်လုံး၏ အကြည့်သည် လော့ဟိုင်ဆီသို့ ရုတ်ချည်း စုပြုံရောက်ရှိလာခဲ့လေသည်။
လော့ဟိုင်ကပြုံး၍ ပြန်ပြောလိုက်သည် “အသက်ရှင်နေသေးတယ်”
“အသက်ရှင်နေသေးတာလား” အဘွာကြီး ဝမ်းသာသွားပြီး “အံ့ဩစရာပဲ။ အဲ့ကောင်လေး ကံဆိုးသွားပြီး တစ်ယောက်ယောက် သတ်တာ ခံရမှာကို ဒီအဘွားကြီး စိုးရိမ်နေတာ။ ကြည့်ရတာ သူ့ကံက ဒီအဘွားကြီး ထင်ထားတာထက် ပိုကောင်းနေတာပဲ။ အဲ့ကောင်လေး သွေးအကျဉ်းထောင်ထဲက ထွက်လာမှ သေချာ ကြည့်ကြည့်ရမယ်။ သူ့မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက်များ ရှိနေလားမသိဘူး”
“ခေါင်းသုံးလုံး လက်ခြောက်ဖက် မရှိတာတော့ သေချာတယ်။ သူ့ကိုယ်ကကို ရဲလွန်းတာ။ သူ…” ပြောနေရင်း လော့ဟိုင် ရုတ်တရက် ရပ်သွားခဲ့ပြီး မျက်မှောင်ကြုတ်သွားခဲ့လေသည်။ မကြာမီ သူ့မျက်နှာထက် အံ့အားသ့င်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။
“ဘာဖြစ်လို့လဲ လူကြီးမင်းလော့ဟိုင်၊ အဲ့ကောင်လေး တစ်ခုခု ဖြစ်သွားလို့လား” ခရမ်းကြယ်မှ အမျိုးသမီးက မေးလိုက်၏။
အကုန်လုံးသည် ရန်ကိုင်အား သူတို့ ခေါ်ယူမည့် ကြယ်ပွင့်လောင်းတစ်ပွင့်အဖြစ် မှတ်ယူထားသည့်အတွက် ရန်ကိုင် တစ်ခုခု ဖြစ်သွားမည်ကို မည်သူမှ မမြင်ချင်ကြချေ။ အကုန်လုံးသည် ရန်ကိုင် သွေးအကျဉ်းထောင်ထဲမှ ထွက်လာလျှင် သူ့အား သူတို့အဖွဲ့အစည်းသို့လာရန် ရက်ရက်ရောရာ ကမ်းလှမ်း၍ ဖိတ်ခေါ်မည်ဟု စိတ်ကူးထားကြသည်။
“သူဘာမှမဖြစ်ဘူး။ ဒါပေမယ့် သူကိုယ်တိုင်က ပြဿနာတွင်းထဲ ခေါင်းတိုးဝင်နေသလိုပဲ” လော့ဟိုင်က အနည်းငယ် ထူးဆန်းသည့် လေသံဖြင့် ပြောလိုက်သည်။
“လူကြီးမင်းလော့ဟိုင် ဘာပြောချင်တာလဲ” အဘွားအိုကြီးက မေးလိုက်သည်။
“သူနယ်ပယ်ကျောက်တုံးတောင် ရှိနေတဲ့ဘက်ကို တကယ်ကြီး သွားနေတာပဲ” လော့ဟိုင်က ရေရွတ်လိုက်၏။
“အန်” အကုန်လုံး ထိတ်လန့်သွားကုန်ကြလေသည်။
“သူဘာလို့ အဲ့ကိုသွားတာလား” အဘွားအိုကြီးက အံကြိတ်၍ စိတ်ပေါက်ပေါက်ဖြင့် “အဲ့သွားတာ ကိုယ့်သေးလမ်း ကိုယ်ရှာတာနဲ့ အတူတူပဲဆိုတာ သူမသိဘူးလား။ အဲ့နေရာက သူသွားနိုင်တဲ့ နေရာ မို့လို့လား။ ဟိုက တိုက်ပွဲကြားထဲသာ ပါသွားခဲ့ရင်တော့…”
“ဒီကောင်လေးက ငါတို့ကို ဘယ်လို စိတ်ပူအောင် လုပ်ရမလဲ တကယ် သိတာပဲ” မိန်းမလှလေးက ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ပြောလိုက်သည်။
ရန်ကိုင်သည် သွေးအကျဉ်းထောင်ထဲတွင် ရှိနေသည့်အတွက် သူတို့လည်း သူ့အား သွားတား၍မရ။ မဟုတ်လျှင် ရန်ကိုင်ကို ကိုယ့်အသက်ကို တန်ဖိုးမထားရကောင်းလား ဆိုလျက် သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ပေပြီ။
“ပိုပြီးတော့တော့ စိတ်ဝင်စားစရာ ကောင်းလာနေပြီ။ ဒီကောင် တကယ်ရဲတဲ့ကောင်ပဲ” လော့ဟိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်သည်။
“လူကြီးမင်းလော့ဟိုင်၊ အဲ့ကောင်လေးကို ကျေးဇူးပြုပြီး သေချာ အာရုံစိုက်ထားပေးလို့ရမလား…” အဘွားကြီးက ပြောလိုက်၏။
“ကိစ္စမရှိဘူး။ သူနဲ့ပက်သက်ပြီး အသေးစိတ် မစစ်ဆေးနိုင်ပေမယ့် သူသေလား၊ ရှင်လားတော့ ကြည့်လို့ရတယ်။ သူတစ်ခုခုဖြစ်သွားရင် ဒီဘုရင်ပြောပြပေးမယ်” လော့ဟိုင်က ခေါင်းညိတ်၍ ပြောလိုက်သည်။
သူကိုယ်တိုင်လည်း ရန်ကိုင်အား အတော်လေး စိတ်ဝင်စားနေမိ၏။
“အဲ့လိုဆို လူကြီးမင်း လော့ဟိုင်ကို အလုပ်ရှုပ်စေရတော့မှာပေါ့”
…
သွေးအကျဉ်းထောင်ထဲရှိ တစ်နေရာတွင် တောင်တစ်လုံး ရှိနေခဲ့သည်။
ထိုတောင်သည် တောင်တစ်လုံးဖြစ်သော်ငြား အတော်လေး သေးသည့် တောင်တစ်လုံးဖြစ်သည်။
တောင်ဆိုသော်ငြား မီတာတစ်ရာပင် မမြင့်တတ်ဘဲ တစ်ဖက်နှင့် တစ်ဖက် အကျယ်မှာလည်း မီတာတစ်ရာလောက်သာရှိသည်။ သို့သော်ငြား တောင်တစ်လုံးလုံးသည် ထူးခြားသော အလင်းရောင်တို့ဖြင့် တောက်ပနေပြီး နယ်ပယ်စွမ်းအားတို့သည် ထိုတောင်မှ ဖြာထွက်နေခဲ့သည်။
ဤတောင်သည် သွေးအကျဉ်းထောင်၏ ရတနာတစ်ပါးဖြစ်သော နယ်ပယ်ကျောက်တုံးတောင်ပင် ဖြစ်လေသည်။
ဤတောင်ကိုယ်တိုသ်ည် နယ်ပယ်ကျောက်တုံးကြီး ဖြစ်သည်။ ဤတောင် မည်ကဲ့သို့ ဖြစ်ပေါ်လာသလဲ ဆိုသည်ကို မည်သူမှ မသိကြဘဲ ဤတောင်ကို သွေးအကျဉ်းထောင်၏ ရတနာတစ်ပါးဟုသာ သိထားကြသည်။
တစ်နှစ်ပတ်လုံး ကြောက်မက်ဖွယ်ရာ နယ်ပယ်စက်ကွင်းများ ဝိုင်းရံထားခြင်း ခံရသည့်အတွက် တောင်အနားသို့ မည်သူမှ မချဉ်းကပ်နိုင်ကြဘဲ နယ်ပယ်ကျောက်တုံးတောင် မည်သို့ မည်ပုံ ရှိသည်ကိုပင် မသိနိုင်ကြချေ။
နယ်ပယ်ကျောက်တောင် ပတ်လည်တွင် ရှိနေသော နယ်ပယ်သည် သွေးအကျဉ်းထောင်ထဲတွင် အားအကောင်းဆုံး နယ်ပယ်တစ်ခု ဖြစ်ပေသည်။ မည်သည့် တန်ခိုးရှင်အဆင့်မှ ထိုနယ်ပယ်၏ စွမ်းအားကို သွားရောက် မစိန်ခေါ်ရဲကြချေ။ စိန်ခေါ်သည့် လူတိုင်းလည်း သေပွဲဝင်ရသည့် လူချည်းသာ။
အားကောင်းသော နယ်ပယ်များ၏ အစဉ်မပြတ် လွှမ်းခြုံခြင်း ခံရသော်ငြား ထိုနယ်ပယ်များ အားနည်းသွားပြီး နယ်ပယ်ကျောက်တုံးတောင် ပေါ်လာသည့် အချိန်အချို့လည်း ရှိတတ်ပေသည်။
မည်သည့် အချိန်မျိုးတွင် အားနည်းတတ်သည် ဆိုသည်မျိုး မရှိတတ်ဘဲ သူ့ဘာသာ အားနည်းချင်သည့် အချိန်မျိုးတွင် အားနည်းသွားတတ်ပေသည်။ သွေးအကျဉ်းထောင် စဖွင့်သည့် အချိန်မှစ၍ ယခုအချိန်အထိ နယ်ပယ်ကျောက်တုံးတောင် ပေါ်လာသည်မှာ လေးငါးကြိမ်လောက်သာ ရှိပေသေးသည်။ ထိုအချိန်များအတွင်း နယ်ပယ်ကျောက်တုံးတောင် ပေါ်လာပြီ ဆိုသည့်အကြောင်း ကြားလိုက်သည်နှင့် တစ်ပြိုင်နက် သွေးအကျဉ်းထာင်၏ နေရာအနှံ့တွင် ရှိနေကြသော ကျင့်ကြံသူများသည် ငါးနံ့ရလိုက်သည့် ကြောင်များနှယ် နယ်ပယ်ကျောက်တုံးတောင် ရှိရာဆီသို့ ခြေကုန်သုတ်ကာ ပြေးလာကြတော့လေသည်။
နယ်ပယ်ကျောက်တုံးတောင်မှ နယ်ပယ်၏စွမ်းအားကို လေ့လာဆင်ခြင်ရခြင်းမှာ နယ်ပယ်ဝဲကတော့ထဲသို့ ဝင်ပြီး နယ်ပယ်၏ စွမ်းအားကို လေ့လာဆင်ခြင်ရခြင်းထက် အများကြီးပိုပြီး အန္တရာယ်ကင်းပေသည်။
အချို့ တန်ခိုးရှင်ဘုရင်အဆင့်သို့ မည်သည့်အခါမှ မရောက်နိုင်တော့ဘူးဟု ထင်ထားကြသည့် လူများပင် နယ်ပယ်ကျောက်တုံးတောင် ကျေးဇူးကြောင့် တန်ခိုးရှင်ဘုရင် အဆင့်သို့ ရောက်သွားခဲ့ကြဖူးသည်။
လက်ရှိတွင် တန်ခိုးရှင်အဆင့် အယောက်တစ်ရာကျော်သည် နယ်ပယ်ကျောက်တုံးတောင် အနီးတစ်ဝိုက်တွင် စုဝေးနေခဲ့ကြ၏။ ထိုလူအားလုံးသည် ကြယ်စီရင်စု၏ နေရာအသီးသီးမှ ရောက်လာကြသည့် လူများဖြစ်ပြီး နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့၊ ခုနှစ်ယောက်တစ်ဖွဲ့၊ ရှစ်ယောက်တစ်ဖွဲ့ စသဖြင့် အဖွဲ့များဖွဲ့လျက် နယ်ပယ်ကျောက်တုံးတောင်၏ အနီးပတ်လည် မတူကွဲပြားသာ နေရာအသီးသီးကို နေရာဦးထားကြလေသည်။
အကုန်လုံးသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ခပ်ခွာခွာ ခွဲနေကြသည်။
ထိုအဖွဲ့များအနက် အရေအတွက်အများဆုံး အဖွဲ့သည့် အကောင်းဆုံးနေရာကို ဦးထားပြီး သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်၍ ပတ်ပတ်လည်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
မည်သူမှ ထိုအဖွဲ့ကို သွားရန်မစရဲချေ။ သူတို့၏ လူအရေအတွက်ကြောင့် ဖြစ်သလို သူတို့၏ နောက်ခံကြောင့်လည်း ဖြစ်ပေသည်။
လက်ကျန်အဖွဲ့များမှာမူကား သူတို့၏ ခွန်အားအလျောက် မတူကွဲပြားသော နေရာအသီးသီးကို ရယူထားကြသည်။
လူတစ်ရာကျော်လောက် ရှိနေသည့်အတွက်ကြောင့် ဟိုဘက်သည်ဘက် အကျယ် မီတာတစ်ရာလောက်သော ရှိသော နယ်ပယ်ကျောက်တုံးတောင်တစ်ခုလုံး ပြည့်လုနီးပါး ဖြစ်နေခဲ့ရလေပြီ။ နေရာလပ်အချို့ ကျန်နေသေးသော်ငြား ကျင့်ကြံသူများသည် မစဲတော့သည့်မိုးနှယ် တဖွဲဖွဲ ရောက်လာနေဆဲ။
ထိုလစ်လပ်နေသည့် နေရာအချို့သည်လည်း မကြာခင် ကျိန်းသေ ပြည့်သွားပေတော့မည်။
နောက်ကျမှ ရောက်လာသည့်အတွက် နေရာကောင်း မရကြသူ အချို့သည် အားနည်းသည့် အဖွဲ့များကို စိန်ခေါ်ကာ သူတို့၏ နေရာကို ဝင်လုကြလေသည်။
နယ်ပယ်ကျောက်တုံး၏ ဆိုးလည်းမဆိုး ကောင်လည်း မကောင်းလှသော နေရာတစ်ခုတွင် တန်ခိုးရှင်တတိယအဆင့် ပညာရှင် သုံးယောက် စုဝေးနေခဲ့ကြသည်။
ထိုသုံးယောက်အနက် နှစ်ယောက်မှာ ရန်ကိုင် သိနေသည့် လူများ ဖြစ်ကြသည်။ တစ်ယောက်သည် ချင်းတုန်ဖြစ်ပြီး နောက်တစ်ယောက်မှာ ကြယ်ဧကရာဇ်တောင်မှ လင်းယုရောင် ဖြစ်ကာ နောက်ဆုံးတစ်ယောက်မှာမူ ရန်ကိုင် တစ်ခါမှ မတွေ့ဖူးသည့် လူတစ်ဦး ဖြစ်ပေသည်။
လက်ရှိတွင် သူတို့သုံးယောက်သည် သူတော်စင်ချီကို တိတ်တဆိတ် စုဝေးလျက် မှော်ရတနာများကို အဆင်သင့် ထုတ်ထားရင်း သူတို့၏ ပတ်ဝန်းကျင်ကို သတိကြီးကြီးထား၍ စောင့်ကြည့်နေကြသည်။
သူတို့ သုံးယောက် ဤနေရာသို့ ရောက်လာသည်မှာ အတော်လေး စောသည့်အတွက် သူတို့ရထားသည့် နေရာမှာ မဆိုးလှဟု ပြော၍ရသည်။ သို့သော်လည်း ကျင့်ကြံသူ အရေအတွက် ပိုပို များလာသည်နှင့် အချို့သည် သူတို့၏ နေရာကို စတင် မျက်စိကျလာကြလေသည်။
သူတို့သုံးယောက်သာ ဟိတ်ဟန်ထုတ်မပြထားလျှင် ဤနေရာကို ကျိန်းသေ လက်လွှတ်လိုက်ရပေလိမ့်မည်။
သို့သော်လည်း ဤအတိုင်း ဆက်သွားနေခြင်းသည် အဖြေတစ်ခု မဟုတ်ချေ။ နယ်ပယ်ကျောက်တုံးတောင်မှာ ပေါ်လာပြီးနေလေပြီ။ သူတို့သာ ဤအတိုင်းဆက်နေရလျှင် နယ်ပယ်ကျောက်တုံးတောင်မှ ဖြာထွက်နေသည့် နယ်ပယ်၏ စွမ်းအားကို ဆင်ခြင်သုံးသပ်နိုင်တော့မည် မဟုတ်ဘဲ အချိန်ကုန် လူပင်ပန်းရုံသာ အဖတ်တင်ပေတော့လိမ့်မည်။
ထိုအချက်ကို သေချာနာလည်ထားကြသော်လည်း နည်းနည်းလေးမှ သတိလျှော့ပေါ့လိုက်၍ မဖြစ်သည့် အတွက်ကြောင့် သုံးယောက်စလုံး အတော်လေး စိတ်ထဲ အစာမကြေ ဖြစ်နေခဲ့ကြသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၉၉)
“အကြီးအကဲချင်း၊ အကြီးအကဲယန်နဲ့ အကြီးအကဲမိုတို့ ပြန်ပြောလာလား” လူသုံးယောက်အနက်တွင် အညိုရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူအိုကြီးက ချင်းတုန်အား လေသံတိုးတိုးဖြင့် လှမ်းမေးလိုက်သည်။
“ဟင့်အင်း” ချင်းတုန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “သူတို့ ဘယ်ရောက်နေလို့လည်း မသိဘူး။ ဆက်သွယ်ရေး မှော်ရတနာက သူတို့ဆီ မရောက်နိုင်ဘူး ဖြစ်နေတယ်။ ဒုမြို့သခင်နင်းကော၊ မင်းတို့ သူ့ကို ဆက်သွယ်လို့ ရကြလား”
အညိုရောင်ဝတ်ရုံဝတ် လူအိုကြီးက သက်ပြင်းချလျက် “သူ့ကိုလည်း ဆက်သွယ်လို့မရဘူး။ ရောင်းရင်းနင်း ဘယ်တွေ သွားနေလည်းမသိဘူး”
မီးခိုးရောင်ဝတ်ရုံဝတ် လူအိုကြီးသည် တောင်စိမ်းကြယ်၏ ရေစိမ်းမြို့တော်မှ မြို့သခင် ဖြစ်ပေသည်။ ရန်ကိုင် တောင်စိမ်းကြယ်မှထွက်ပြီး ထုန်းရွှမ်လောကကြီးသို့ ပြန်သွားစဉ်က ချင်းတုန်နှင့် သူ့အဖွဲ့သားများသည် သွေးအကျဉ်းထောင် စမ်းသပ်ပွဲတွင် ဝင်ပြိုင်ရန်အတွက် မြို့သခင်စံအိမ်တွင် နေခဲ့သည်။
သွေးအကျဉ်းထောင်စမ်းသပ်ပွဲ စသည်နှင့် သူတို့အားလုံး သွေးအကျဉ်းထောင်ထဲသို့ မြိုသခင်၊ ဒုမြို့သခင်နှင့်အတူ ဝင်ခဲ့သည်။
အကန်လုံးသည် တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသူများ ဖြစ်ကြပြီး နယ်ပယ်၏ ဆန်းကြယ်မှုများကို လေ့လာရန်အတွက် ဤနေရာသို့ ဝင်လာခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် အတူသွားရန် သိပ်အဆင်မပြေလှချေ။
ထို့ကြောင့် လူခွဲခဲ့ကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က မြို့သခင်သည် နယ်ပယ်ကျောက်တုံးတောင် ပေါ်လာသည့်အကြောင်း သတင်း ကြားလိုက်ရသည်။ ထို့ကြောင့် ဆက်သွယ်ရေးမှော်ရတနာကို သုံး၍ သူ့အပေါင်းအပါများကို ဆက်သွယ်လိုက်သော်ငြား ချင်းတုန်နှင့် လင်းယုရောင်တို့သာ ရောက်လာပြီး ယန်ရှုကျု၊ ချူဟန်းရီနှင့် မိုယုတို့မှာမူ ရောက်မလာခဲ့ကြပေ။ ရေစိမ်းမြို့တော်၏ ဒုမြို့သခင်နင်းကိုလည်း ဆက်သွယ်၍ မရခဲ့ပေ။
လူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာနေသည်ကို မြင်သော် ချင်းတုန် ပိုပို၍ စိတ်ပူလာခဲ့သည်။
သူတို့နှင့် မလှမ်းမကမ်းတွင် နေရာကောင်းကောင်း မရထားသည့် အဖွဲ့တစ်ဖွဲ့ ရှိနေခဲ့သည်။ ထိုအဖွဲ့သည် လက်ရှိတွင် သူတို့ နေရာကို မျက်စောင်းထိုးနေခဲ့သည်။ သို့သော် သူတို့အဖွဲ့တွင် လူနှစ်ယောက်သာ ရှိသေးသည့်အတွက် အလျင်စလို မလှုပ်ရှားသေးခြင်း ဖြစ်လောက်သည်။ သူတို့ အဖော်များ ရောက်လာမည့် အချိန်ကို စောင့်နေသည့်ပုံပင်။
သူတို့ အဖော်များ ရောက်လာပြီဆိုသည်နှင့် ချင်းတုန်တို့ နေရာကို လာလုလောက်သည်။
“အကြီးအကဲလင်း၊ တစ်ယောက်ယောက် ပြန်ထူးပြီလား” မြို့သခင်က လင်းယုရောင်ဘက်သို့ လှည့်၍ မေးလိုက်သည်။
လင်းယုရောင်ကမူ ခေါင်းသာခါလိုက်လေသည်.
“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ” မြို့သခင်က စိုးရိမ်နေသည့် လေသံဖြင့် ပြောလိုက်သည်။ သူတို့ရှေ့တွင် ရတနာပုံကြီး ရှိနေသော်လည်း ထိုရတနာပုံကြီးကို မယုံနိုင်ဘဲ စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
“နောက်ထပ် နေ့ဝက်လောက် ထပ်စောင့်ကြည့်တာပေါ့။ နေ့ဝက်လောက်မှ အခြားသူတွေ ရောက်မလာဘူးဆိုရင်တော့… ငါတို့ သွားကြမယ်” မြို့သခင်က အံကြိတ်၍ ပြောလိုက်သည်။
နယ်ပယ်ကျောက်တုံးတောင်သည် အလွန်ကိုမှ ကြီးမားသည့် အခွင့်အလမ်းတစ်ခု ဖြစ်သော်လည်း သူ့အသက်ကို ဤနေရာ၌ မဆုံးရှုံးချင်ပေ။ လက်ရှိ နယ်ပယ်ကျောက်တုံးတောင် တစ်ဝိုက်သည် ထူးထူးခြားခြားကို ငြိမ်သက်နေသေးသော်ငြား မကြာမီ ဤနေရာတစ်ခုလုံး ပရမ်းပတာ ဖြစ်လာပေတော့မည်။
“ထွက်သွားဖို့…” ချင်းတုန် မျက်နှာ မှုန်ကုတ်သွားခဲ့သည်။
အရိပ်ကြယ်မှ လူတစ်ယောက်ဖြစ်သည်မို့ သူသည် တန်ခိုးရှင်ဘုရင် အဆင့်နှင့် ပက်သက်သည့် နက်နဲဆန်းကြယ်မှုများကို အလွန်တရာမှ ဆင်ခြင်သုံးသပ်လိုသည်။
ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် ချင်းတုန် အနေဖြင့် အရိပ်ကြယ်တွင်သည် အသက်သေသည်အထိ တန်ခိုးရှင်အဆင့်ဖြင့် အရိုးထုတ်သွားရပေလိမ့်မည်။
ရန်ကိုင်က သူ့ကို အခွင့်အရေးပေးခဲ့လေပြီ။ ယခု အလွန်ကိုမှ မက်မောစရာကောင်းလှသည့် အခွင့်အလမ်းတစ်ု သူ့ရှေ့ ရောက်နေသော်ငြား မယူနိုင်ဘဲ ထွက်သွားရမည့်အကြောင်း စဉ်းစားမိလိုက်သည့်အခိုက် ချင်းတုန်ရင်ထဲ အလွန်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေမိလေသည်။
“ဟန်…” ထိုစဉ် ဆက်သွယ်ရေးမှော်ရတနာမှ တု့န်ပြန်လာသဖြင့် ချင်းတုန်၏ အမူအရာ ပြောင်းလဲသွားပြီး ဆက်သွယ်ရေး မှော်ရတနာထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်၏။
“တစ်ယောက်ယောက် တုန့်ပြန်လာတာလား” ထိုအခြင်းအရာကို မြင်သော် မြို့သခင်က ဝမ်းသာတကြီး မေးလိုက်လေသည်။
လင်းယုရောင်သည်လည်း ချင်းတုန်အား မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။
ချင်းတုန်သည် ပြန်မဖြေဘဲ ဆက်သွယ်ရေးမှော်ရတနာကိုသာ အာရုံစိုက်နေခဲ့သည်။ ခဏအကြာတွင် သည်းလှိုက်အူလှိုက် ရယ်မောရင်း ပြောလိုက်လေ၏ “တစ်ယောက်ယောက် ရောက်လာပြီ”
“ဘယ်သူလဲ၊ အကြီးအကဲရန်လား၊ အကြီးအကြချူလား။ ဒါမှမဟုတ် အကြီးအကဲမိုလား”
“တစ်ယောက်မှ မဟုတ်ဘူး” ချင်းတုန် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
“တစ်ယောက်မှ မဟုတ်ဘူး။ ဒါဆို ရောင်းရင်းနင်းလား” မြို့သခင်၏ အမူအရာ ပြောင်းလဲသွားပြီး ခေါင်းညိတ်၍ “မြို့သခင်နင်လည်း အဆင်ပြေတယ်။ သူလည်း အားမနည်းဘူး”
“ရောင်းရင်းနင်းလည်း မဟုတ်ဘူး”
“ဒါဆိ ဘယ်သူလဲ” မြို့သခင် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။ ချင်းတုန်တို့ အဖွဲ့တွင် လူငါးယောက်သာရှိသည်။ နှစ်ယောက်သည် ဤနေရာ၌ ရှိနေလေရာ ကျန်သုံးယောက် မဟုတ်လျှင် မည်သူများ ဖြစ်မည်နည်း။
လင်းယုရောင်သည်လည်း ချင်းတုန်အား နာမလည်နိုင်စွာ စိုက်ကြည့်နေမိသည်။
ချင်းတုန်က ရယ်သွမ်းသွေးလျက် လင်းယုရောင်ဘက်သို့ လှည့်၍ ပြောလိုက်လေသည် “ရန်ကိုင် ရောက်လာတာ”
လင်းယုရောင်၏ မျက်ဝန်းအစုံ တောက်ပသွားပြီး အံ့အားသင့်နေသည့် လေသံဖြင့် “ဂိုဏ်းချုပ် ဒီကို ရောက်နေတာလား။ သူဘာလို့ ရောက်နေတာလဲ။ သူ့မွေးရပ်မြေကို ပြန်သွားတာ မဟုတ်ဘူးလား”
“အဲ့ဒါတော့ ငါလည်းမသိဘူး” ချင်းတုန်က ပြုံးလျက် စိတ်သက်သာရာ ရသွားဟန်ဖြင့် “အချိန်မှီရောက်အောင် သူအမှီ ပြန်ပြေးလာခဲ့တာ ဖြစ်မှာပေါ့။ တောင်စိမ်းကြယ်က ထွက်သွားတုန်းက အချိန်မှီရင် ပြန်လာခဲ့မယ်လို့ ပြောသွားတယ် မဟုတ်ဘူးလား”
“အကြီးအကဲချင်း၊ မင်းသေချာလား။ အခု ပြန်ပြောလာတဲ့ တစ်ယောက် မင်းတို့ ဂိုဏ်းချုပ်ဆိုတာ သေချာလား”
“ဘယ်လိုလုပ်ပြီး မသေချာရမှာလဲ” ချင်းတုန်က ခေါင်းခါလျက် “ဒီလူအိုကြီဂ အသက်သာကြီးလာချင် ကြီးလာမယ်။ အတိတ်တော့ မမေ့သေးဘူး”
“အဲ့ဒါဆို ကောင်းသွားပြီ” လင်းယုရောင်က ပျော်ရွှင်စွာဖြင့် ပြောလိုက်လေသည် “ဂိုဏ်းချုပ် ရှိနေမှတော့ အားလုံး အဆင်ပြေသွားပြီလို့ ပြောလို့ရတယ်”
ရန်ကိုင်အကြောင်း ပြောရာတွင် နှစ်ယောက်စလုံး၏ လေသံထဲ လေးစားမှုတို့ ပြည့်နေခဲ့သည်။ ရန်ကိုင် မည်သူဆိုသည်ကို မြို့သခင် မသိသော်လည်း ချင်းတုန်နှင့် လင်းယုရောင်တို့၏ တုန့်ပြန်ပုံအရ၊ အားကောင်းသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လောက်သည်။
ထို့ကြောင့် မြို့သခင်လည်း စိတ်အေးသွားပြီး ရယ်မောလျက် လင်းယုရောင်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည် “အကြီးအကဲလင်း၊ မင်းတို့ဂိုဏ်းချုပ်အကြောင်း ဒီမြို့သခင်ကို နည်းနည်းလောက် ပြောပြလို့ရမလား။ ဒီမြို့သခင်က သူနဲ့ တစ်ခါမှ မတွေ့ဖူးတော့ သူနဲ့တွေ့တဲ့အခါက ပြောမှားဆိုမှားတာတွေ မဖြစ်ချင်လို့”
လင်းယုရောင်သည် သူ့ထက်ပင် ပိုအားကောင်းသည့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။
လင်းယုရောင်တင်မဟုတ်၊ သူမတို့ အဖွဲ့ထဲရှိ လူအားလုံးသည် သာမန် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူများထက် အများကြီး ပိုအားကောင်းပေသည်။ ရှီအပေါ် သူတို့၏ နားလည်ထားမှုသည် အတော့်ကိုမှ မြင့်မားလှပြီး သူတို့၏ သူတော်စင်ချီမှာလည်း သာမန် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူများထက် အများကြီး ပိုပြီး သန့်စင်သိပ်သည်းသည်။
အစပိုင်းတွင် ဘာကြောင့် ထိုသို့ ဖြစ်နေရမှန်း မြို့သခင် နားမလည်ခဲ့။ သို့သော် သူတို့နှင့် စကားပြောကြည့်ပြီးနောက် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ ချင်းတုန်နှင့် သူတို့အဖွဲ့ ရောက်လာသည့် ကြယ်ရှိ လောကနိယာမများသည် သူတို့အား တန်ခိုးရှင်ဘုရင်အဆင့်သို့ မချိုးဖျက်နိုင်အောင် တားဆီးထား၏။ တန်ခိုးရှင်ဘုရင်အဆင့်သို့ မချိုးဖျက်နိုင်ကြသည် သူတို့၏ သူတော်စင်ချီနှင့် ရှီစွမ်းအင်ကို ပိုမို အားကောင်းအောင် လုပ်ရုံသာ ရှိတော့လေသည်။
ထိုအကြောင်းကြောင့်သာ တန်ခိုးရှင်တတိယအဆင့်ချင်း တူသော်လည်း သူတို့၏ ခွန်အားသည် သာမန် တန်ခိုးရှင်တတိယ အဆင့်များထက် ပိုမြင့်မားနေရခြင်းပင်။
လင်းယုရောင်တို့ကပင်လျှင် ဂိုဏ်းချုပ်ဟု ခေါ်ရသောလူသည် သူ့ထက်တော့ ပိုသန်မာရပေလိမ့်မည်။ ရန်ကိုင်ဆိုသည့်လူသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ခြေလှမ်းတစ်ဝက် ရောက်နေသည့် လူပင် ဖြစ်နိုင်သေးသည်။
ထိုကဲ့သို့ အားကောင်းသည့် ကျင့်ကြံသူတစ်ယောက် ရောက်လာသည့် အတွက်ကြောင့် ရေစိမ်းမြို့သခင် အတော်လေး ဝမ်းသာသွားခဲ့သည်။
“ငါသူ့ကို ဘယ်လိုပြောရမလဲ….” လင်းယုရောင် အနည်းငယ် ရှက်ပြရ ခက်နေခဲ့လေသည်။
“ငါလည်း ဘယ်လိုပြောရမလဲ မသိဘူး။ ဒါပေမယ့် အစ်ကိုကျောင်း သူ့ကိုတွေ့ပြီးရင် နားလည်လာလိမ့်မယ်” ချင်းတုန်ကလည်း ပြုံး၍ ဝင်ပြောလိုက်သည်။
“အင်း၊ ဟုတ်ပါပြီလေ” မြို့သခင် ခေါင်းသာညိတ်လိုက်ပြီး ထိုအကြောင်း ဆက်ပြောမနေတော့ချေ။ မည်သိုပင်ဖြစ်ဖြစ် မကြာခင် ထိုပညာရှင်နှင့် တွေ့ရတော့မည် မဟုတ်ပေလော။
“ဒါပေမယ့်၊ ရောင်းရင်းကျောင်း၊ ဒီချင် တစ်ချက်တော့ ကြိုပြောထားဦးမယ်။ ဂိုဏ်းချုပ်က အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်လို့ရတဲ့ လူတစ်ယောက် မဟုတ်ဘူးနော်” ချင်းတုန်က သတိပေးလိုက်လေသည်။
“အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့မရဘူး” မြို့သခင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
“သူရောက်လာပြီ” ချင်းတုန်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်၏။
ထိုစကားကို ကြားသည့်အခါ ရေစိမ်းမြို့သခင်လည်း စိတ်အားတက်သွားပြီး ချင်းတုန်ကြည့်သည့် ဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။
ချင်းတုန် ကြည့်နေသည့် ဘက်ဆီမှ လူတစ်ယောက် သူတို့ဆီသို့ အလွန်လျင်မြန်စွာ လာနေခဲ့သည်။
ချင်းတုန် ပြောလိုက်စဉ်က ထိုပုံရိပ်သည် အနက်ရောင် အစက်လေး တစ်စက် အရွယ်သာ ရှိသော်ငြား အသက်သုံးရှိုက်စာအတွင်း အပြည့်အဝ လူလုံးပေါ်လာခဲ့လေသည်။
“ရန်ကိုင်၊ ဒီမှာ” ချင်းတုန်က လှမ်းအော်ခေါ်လိုက်သည်။
နယ်ပယ်ကျောက်တုံးတောင် တစ်ဝိုက်တွင် ရှိနေသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများအားလုံး သူ့အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။
ချင်းတုန် ခြောက်ကပ်ကပ် ရယ်မောမိလိုက်ပြီး ချက်ချင်း သူ့ပါးစပ်ကို ပြန်ပိတ်လိုက်လေသည်။
နယ်ပယ်ကျောက်တုံးတောင်ကို တစ်ချက် လှမ်းကြည့်လိုက်သည့် အခိုက် ရန်ကိုင်၏ မျက်ဝန်းထဲ အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် ချင်းတုန်တို့ ရှိနေသည့် နေရာဆီသို့သည် ပျံသန်းသွားပြီး နှုတ်ဆက်လိုက်လေ၏ “အကြီးအကဲချင်း၊ အကြီးအကဲလင်း”
“ဂိုဏ်းချုပ်” လင်းယုရောင်က ဦးညွှတ်နှုတ်ဆက်လိုက်သည်။
ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ အရမ်းကြီး ယဉ်ကျေးပြမနေရင် အချက်ပြလိုက်ပြီးနောက် ပြန်မေးလိုက်လေသည် “ဘာလို့ ခင်ဗျားတို့ နှစ်ယောက်တည်း ရှိနေတာလဲ။ ကျန်တဲ့ လူတွေကော”
“သူတို့ကို ဆက်သွယ်ကြည့်ပေမယ့် ဆက်သွယ်လို့ မရဘူး” ချင်းတုန်က ကူကယ်ရာမဲ့စွာပြုံးလျက် “ဂိုဏ်းချုပ် မွေးရပ်မြေက ပြန်လာပြီလား”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“အချိန်မီသွားတယ်ပေါ့။ မင်း သွေးအကျဉ်းထောင်ဆီ အချိန်မှီ ပြန်ရောက်မလာမှာကို ငါစိုးရိမ်နေတာ” ချင်းတုန်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေသည်။
“ကံကောင်းသွားတယ်လို့ပဲ ပြောရမလား” ရန်ကိုင်က အလိုက်သင့်သာ ပြန်ပြောလိုက်ပြီး အသေးစိတ်တော့ ရှင်းပြမနေခဲ့ပေ။
တကယ်လည်း ကံကောင်းသွားသဖြင့် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ချီယွဲ့တွင် သူ့အား ခိုင်းစရာ ရှိနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူလည်း သွေးအကျဉ်းထောင်စမ်းသပ်ပွဲသို့ ရောက်လာနိုင်လိမ့်မည် မဟုတ်ချေ။
အပြန်အလှန် နှုတ်ဆက်စကား ဆိုပြီးနောက်တွင် ရန်ကိုင်သည် မီးခိုးရောင်ဝတ် လူအိုကြီးဘက်သို့လှည့်၍ မေးလိုက်လေသည် “ဒီလူက…”
“အို၊ သူ့ကို မိတ်ဆက်ပေးဖို့ မေ့နေတာ။ သူက ရေစိမ်းမြို့ရဲ့ မြို့သခင် ကျောင်းထျန်ကျဲ။ ရောင်းရင်းကျောင်း၊ ဒါက ကျုပ်ပြောနေတဲ့ ရန်ကိုင်လေ”
ကျောင်းထျန်ကျဲသည် ရန်ကိုင်အား ထူးထူးဆန်းဆန် အမူအရာဖြင့် မှင်သက်စွာ စိုက်ကြည့်နေခဲ့သည်။ ရန်ကိုင် ပေါ်လာသည့် အချိန် ကတည်းက ကျောင်းထျန်ကျဲ သူ့အား စိုက်ကြည့်နေခဲ့ခြင်း ဖြစ်၏။
တကယ်တော့ ချင်းတုန်နှင့် လင်းယုရောင်သည် သူ့အား အတော့်ကိုမှ လေးစားနေသည်ကိုး။ ထို့ကြောင့် ရန်ကိုင်သည် အဆင့်အတန်းရော ခွန်အားပါ အလွန်မြင့်သည့် လူတစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။
ရန်ကိုင်သည် အထွဋ်အထိပ် တန်ခိုးရှင်တတိယအဆင့် ပညာရှင် တစ်ဦး ဖြစ်လိမ့်မည်ဟု သူထင်ခဲ့သည်။ ရောက်လာသည့်လူသည် ချင်းတုန်နှင့် လင်းယုရောင်တို့ထက်ပင် အားကောင်းလိမ့်မည်ပေါ့။
သို့သော်ငြား လူချင်း တွေ့လိုက်သည့်နောက် သူ့ခန့်မှန်းချက် အားလုံး တက်တက်စင်အောင် လွဲပါလေတော့သည်။
ရောက်လာသည့်လူသည် လူငယ်လေး တစ်ယောက် ဖြစ်နေရုံမက၊ တန်ခိုးရှင်တတိယအဆင့်သို့ပင် မရောက်သေးသည့် လူတစ်ဦး ဖြစ်နေခဲ့လေသည်။ လူငယ်ဖြစ်နေသည်မှာ ကိစ္စမရှိသော်ငြား တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသည်မှာ ပြဿနာဖြစ်သည်။
သူများ အမြင်လွဲသွားသလားဟု တွေးလျက် အကြိမ်ကြိမ် အခါခါ ထပ်စစ်ဆေးကြည့်သေးသည်။ သို့တိုင် ရန်ကိုင်၏ ကျင့်ကြံခြင်းသည် ပြောင်းလဲသွားခြင်း မရှိဘဲ တန်ခိုးရှင်ဒုတိယ အဆင့်တွင်သာ ရှိနေမြဲ ရှိနေခဲ့ပေသည်။
နောက်ဆုံးတွင် ဤရန်ကိုင်ဆိုသည့် လူငယ်လေးသည် တန်ခိုးရှင် ဒုတိယအဆင့်သာ ရှိသေးသည့် လူငယ်လေးတစ်ဦး ဖြစ်မှန်း ကျောင်းထျန်ကျဲ နားလည်သွားလိုက်၏။ ထိုအချက်ကို နားလည်လိုက်သော် ကျောင်းထျန်ကျဲ သွေးအန်လုမတတ် ဖြစ်သွားခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၀၀)
မျှော်လင့်ချက်ကြီးကြီးထားလေ၊ ပိုပြီး စိတ်ပျက်ရလေပင်။
ရန်ကိုင်ဆိုသည့်လူကို အပြင်ပန်းကြည့်ပြီး သွားဆုံးဖြတ်၍ မရကြောင်း ချင်းတုန်ဘာကြောင့် ပြောခဲ့ရသလဲ ဆိုသည်ကို ယခုမှပဲ ကျောင်းထျန်ကျဲ နားလည်သွားလေတော့သည်။
သို့သော်လည်း တန်ခိုးရှင်ဒုတိယအဆင့်လေး တစ်ယောက်က ဘာများ လုပ်နိုင်မှာမို့လို့နည်း။ သူ့ထက် အဆင့်မြင့်သည် ကျင့်ကြံသူများကို ယှဉ်တိုက်နိုင်သည် ဆိုလျှင်ပင် သူတို့၏ လက်ရှိ အခြေအနေကို ပြောင်းလဲသွားအောင်တော့ ကူညီပေးနိုင်လိမ့်မည် မဟုတ်ပေ။ ရန်ကိုင် ရောက်လာသည့် အတွက်ကြောင့် သူတို့၏ အခြေအနေ ထူးထူးခြားခြားကြီး ပြောင်းလဲသွားခြင်းမရှိ။ အများဆုံး အကူအညီ တစ်ယောက် ထပ်ရလိုက်သည်သာ ထူးသွားသည်။
ကျောင်းထျန်ကျဲ အတော်လေး စိတ်ဓါတ်ကျသွားသည်။
မည်သို့ပင်ဖြစ်စေကာမူ၊ သူသည် မြို့သခင်တစ်ယောက် ဖြစ်သည့်အပြင် ချင်းတုန်နှင့် လင်းယုရောင်တို့နှင့်လည်း ရင်းနှီး၏။ ထို့ကြောင့် တစ်ဖက်လူ မျက်နှာပျက်သွားစေမည့် အဖြစ်မျိုး မဖြစ်ရလေအောင် သူစိတ်ပျက်သွားသည်ကို မျက်နှာထက် မပေါ်စေအောင် အတတ်နိုင်ဆုံးထိန်းရင်း အားတင်းပြုံးလျက် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏ “ဒီကျောင်း ဂိုဏ်းချုပ်ရန်ကို နှုတ်ဆက်ပါတယ်။ ဂိုဏ်းချုပ်ရန်က… ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါပဲလား”
သူ့စကား၏ အဓိပ္ပါယ်မှာ သိသာနေသော်ငြား ရန်ကိုင်ကမူ ဒေါသထွက်သွားခြင်း မရှိဘဲ ယဉ်ယဉ်ကျေးကျေးသာ ပြန်၍ ပြောလိုက်သည်။ ချင်းတုန်နှင့် လင်းယုရောင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်သော်ငြား အလုပ်ရှုပ်ခံပြီး ရှင်းပြမနေတော့ချေ။
ရန်ကိုင် မည်မျှအားကောင်းကြောင်းကို သူတို့သာ သိသည်။ ရန်ကိုင် ရှိနေခြင်းသည် သူတို့အား ကူညီပေးမည့် အထွဋ်အထိပ် တန်ခိုးရှင်တတိယအဆင့် တစ်ယောက် ရှိနေသလိုပင်။
“ဟတ်။ တန်ခိုးရှင်ဒုတိယအဆင့်လေးပဲလားကွ”
“ဒီကောင် ဒီအချိန်ထိတောင် အသက်ရှင်နိုင်သေးတာဆိုတော့ သူ့ကံ တော်တော်ကောင်းလို့ ဖြစ်ရမယ်”
“သူဘာသာ ကံဘယ်လောက်ကောင်းခဲ့ကောင်းခဲ့၊ ဒီရောက်လာပြီ ဆိုမှတော့ ကံထပ်ကောင်းဖို့ မစဉ်းစားတော့နဲ့။ သူဒီနေ့ထက် ကျော်ပြီး အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။ ငါလောင်းရဲတယ်”
“ဟန့်၊ ကိုယ့်နေရာ ကိုယ်မသိတဲ့ကောင်။ တန်ခိုးရှင်ဒုတိယ အဆင့်လေးနဲ့ နယ်ပယ်ကျောက်တုံးတောင်ဆီ လာရဲတယ်။ ဒီကောင် တကယ် သေချင်နေတာပဲ”
မရေမတွက်နိုင်သော ကျင့်ကြံသူများကြား တီးတိုးပြောသံများစွာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်အား ကြည့်နေသည့် လူများစွာတို့၏ အကြည့်ထဲ အထင်သေး လှောင်ပြောင်မှုတို့ဖြင့် ပြည့်နေခဲ့လေသည်။
နယ်ပယ်ကျောက်တုံးတောင် တစ်ဝိုက်တွင်၊ တန်ခိုးရှင်အဆင့် အယောက်တစ်ရာကျော်ရှိပြီး အကုန်လုံး တန်ခိုးရှင် တတိယအဆင့်များ ဖြစ်ကြသည်။
ရန်ကိုင်သည် တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသည့်အတွက် ကြက်အုပ်ထဲ ရောက်နေသည့် ဗျိုင်းတစ်ကောင်နှယ် ထင်းထင်းကြီး ဖြစ်နေခဲ့သဖြင့် လူအများပြောစရာ ခေါင်းစီးတစ်ခု ဖြစ်လာရခြင်း ဖြစ်ပေသည်။
ရန်ကိုင်မူ ထိုလူများ၏ ပြောစကား၊ အကြည့်များကြောင့် ထိတ်လန့်ကြောက်လန့်သွားခြင်းမျိုး မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။ သို့ရာတွင် ကျောင်းထျန်ကျဲမှာမူ သူ့ကဲ့သို့မဟုတ်ဘဲ ပိုပို၍ မျက်နှာ မသာမယာ ဖြစ်လာခဲ့လေသည်။
အစက ချင်းတုန်၊ လင်းယုရောင်တို့နှင့် ရှိနေစဉ်က လူအချို့သာ သူတို့အား ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ သို့သော် ရန်ကိုင် ရောက်လာပြီးနောက်တွင် သူတို့အဖွဲ့သည် အားလုံး အာရုံစိုက်စရာ အဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။ ယခုဆိုလျှင် သူတို့အား လူများ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးနေကြကုန်လေပြီ။
ရန်ကိုင် ရောက်လာသည့်အတွက် သူတို့ ရင်ဆိုင်နေရသည့် အခက်အခဲ လျော့ပါးသွားခြင်း မရှိရုံသာမက သူတို့၏ အခြေအနေ ပို၍ပင် ဆိုးရွားလာခဲ့ရလေသည်။
သူ့ဘေးပတ်လည်ကို ကြည့်ရင်း ကျောင်းထျန်ကျဲ၏ နဖူးထက် ချွေးသီးများ ဝေ့သီလာခဲ့သည်။
“ရန်ကိုင်၊ ဟိုနှစ်ယောက်ကို တွေ့လား။ အဲ့ကောင်တွေ ငါတို့နေရာကို တစ်ချိန်လုံး မျက်စောင်းထိုးနေတာ” ချင်းတုန်က ရန်ကိုင်ဘေးနားသို့ ကပ်သွားပြီး တိုးတိုးလေး ကပ်ပြောလိုက်၏။
ရန်ကိုင်လည်း ချင်းတုန်ပြောသည့် နေရာဆီသို့ လိုက်ကြည့်လိုက်ရာ သူတို့အား အဆက်မပြတ် စောင့်ကြည့်နေသည့် တန်ခိုးရှင်တတိယအဆင့် ပညာရှင် နှစ်ဦးကို တွေ့လိုက်ရလေသည်။ တစ်ဦးဆိုလျှင် သူအား ပြုံးဖြဲဖြဲနှင့်ပင် ပြန်ကြည့်နေလိုက်သေးသည်။
အခြားလူကမူ ဆက်သွယ်ရေး မှော်ရတနာကို ကိုင်လျက် တစ်ယောက်ယောက်နှင့် ဆက်သွယ်ရန် ကြိုးစားနေခဲ့သည်။
“ကျုပ်သိပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့မျက်ဝန်းထဲ သင်္ကာမကင်းသည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်။
ထိုနှစ်ဦး ဝတ်ထားသည့် ဝတ်စုံကို တစ်နေရာရာတွင် မြင်ဖူးနေသလိုလို သူခံစားရသည်။
သို့သော်လည်း တစ်ချိန်လုံးလိုလို အချိန်ရိပ်ကြယ်ပေါ်တွင်သာ နေပြီး အခြားကျင့်ကြံရေးကြယ်များမှ ကျင့်ကြံသူများနှင့် ဆက်သွယ်ပြောဆိုခြင်း မရှိလှသဖြင့် ထိုဝတ်စုံများကို မည်သည့် နေရာတွင် မြင်ဖူးနေခဲ့မှန်း မမှတ်မိတော့ချေ။
ဧကရာဇ်ကဥယျာဉ်မှာတုန်းကလား အရိပ်ကြယ်တွင် နေစဉ်က အခြားကျင့်ကြံရေး ကြယ်များမှ ကျင့်ကြံသူများနှင့် တောက်လျှောက် တွေ့ဆုံခဲ့ရသည့် နေရာဆို၍ ဧကရာဇ်ဥယျာဉ် တစ်ခုသာ ရှိပေသည်။
“ဒါနဲ့ ဒီမှာဘာလို့ လူတွေအများကြီး ရှိနေရတာလဲ။ အဲ့နယ်ပယ် ကျောက်တုံးကြီးကကော ဘာကြီးလဲ” ရန်ကိုင်သည် ချင်းတုန် ပြောသည့် လူနှစ်ဦးကို ထပ်ကြည့်မနေတော့ဘဲ နယ်ပယ်ကျောက်တုံးတောင်ကြီးကို ကြည့်၍သာ မေးလိုက်၏။
သူဤနေရာသို့ ရောက်လာသည်မှာ ချင်းတုန်ဆီမှ သတင်း လက်ခံရရှိလိုက်သည့် အတွက်ကြောင့်သာ ဖြစ်ပြီး နယ်ပယ်ကျောက်တုံးတောင်အကြောင်း တစ်လုံးတစ်ဗျာဒမှ သူမသိပါချေ။
“ဒါက နယ်ပယ်ကျောက်တုံးတောင်လေ” ချင်းတုန်က ရှင်းပြလိုက်သည် “ငါတို့လည်း သွေးအကျဉ်းထောင်ထဲမှာ နယ်ပယ်ကျောက်တုံးတောင် ရှိတဲ့အကြောင်းပဲ သိတာ။ အဲ့တောင် အကြောင်းကိုတော့ သေချာမသိဘူး။ သိချင်ရင် ရောင်းရင်းကျောင်းကို မေးကြည့်မှပဲ ရလိမ့်မယ်”
“အဲ့လိုဆို မြို့သခင်ကျောင်းကိုပဲ အကူအညီတောင်းရတော့မှာပေါ့” ရန်ကိုင်က ကျောင်းထျန်ကျဲအား လက်သီးဆုပ် ဦးညွှတ်၍ ပြောလိုက်လေသည်။
“ဂိုဏ်းချုပ်ရန် ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး” ကျောင်းထျန်ကျဲက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ သူ့စိတ်ထဲ အနည်းငယ် မသက်မသာ ဖြစ်နေမိသော်လည်း နယ်ပယ်ကျောက်တုံးတောင်အကြောင်း ရှင်းပြဖို့ရာ ပြဿနာတော့ မရှိပေ။
ကျောင်းထျန်ကျဲ ရှင်းပြသည်ကို ကြားပြီးနောက်တွင် နယ်ပယ်ကျောက်တုံးတောင်ကို ရန်ကိုင် အတော်လေး စိတ်ဝင်စားလာခဲ့လေသည်။
“ဒီတော့ နယ်ပယ်ကျောက်တုံးတောင် ပေါ်လာနိုင်ချေက အရမ်း နည်းတာပေါ့”
“ဟုတ်တယ်။ သွေးအကျဉ်းထောင် ပွင့်ကတည်းက နယ်ပယ်ကျောက်တုံးတောင် ပေါ်လာတာ လေးငါးကြိမ်လောက်ပဲ ရှိသေးတယ်။ အမြဲတမ်းလိုလို အားကောင်းတဲ့ နယ်ပယ်တွေက ဝန်းရံထားတော့ နယ်ပယ်ကျောက်တုံးတောင်ဆီ ဘယ်လိုမှ ချဉ်းကပ်လို့ မရဘူး ဖြစ်နေတာ” ကျောင်းထျန်ကျဲက ခေါင်းညိတ်လိုက်သည်။
“ဒါကို ယူသွားဖို့ ဘယ်သူမှ မကြိုးစားကြည့်ဘူးလား” ရန်ကိုင်သည် နယ်ပယ်ကျောက်တုံးတောင်ကြီးကို မီးတောက်မတတ် အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။
ဤကဲ့သို့သော နယ်ပယ်ကျောက်တုံးကြီးဆိုလျှင် တန်ခိုးရှင်ဘုရင် အဆင့်ပင် ဖင်ငြိမ်ငြိမ် ထိုင်နေနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့သာ ဤကဲ့သို့သော ရတနာကြီးကို ဂိုဏ်းထဲတွင် ထားလိုက်မည် ဆိုပါက တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် မြောက်များစွာကို ဖန်တီးနိုင်ပေလိမ့်မည်။
“ဂိုဏ်းချုပ်ရန် တကယ် နောက်တတ်တာပဲနော်” ကျောင်းထျန်ကျဲ၏ နှုတ်ခမ်းအစုံ တွန့်ကွေးသွားခဲ့သည် “ဒီလောက်ကြီးတဲ့ နယ်ပယ်ကျောက်တုံးကြီး ဘယ်လောက် လေးမလဲဆိုတာကို အသာထားဦး။ ဒါကြီးကို မလို့ရမယ် ဆိုရင်တောင် ဘယ်သူမှ သွားမရဲမှာ မဟုတ်ဘူး”
“ဘာလို့လဲ” ရန်ကိုင် ကြောင်သွားခဲ့လေသည်။
“အဲ့ဒါကို သွားမလို့ အားကောင်းတဲ့ နယ်ပယ်စွမ်းအင်လှိုင်းတွေ ပြန်ထွက်လာခဲ့ရင်း ဘယ်လိုလုပ်မှာလဲ’ ကျောင်းထျန်ကျဲက ရန်ကိုင်အား အထူးအဆန်း အမူအရာဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
ဤကဲ့သို့သော အကြောင်းအရာလေးကိုပင် မသိသည့် ရန်ကိုင်အပေါ် သူသိပ်နားမလည်နိုင် ဖြစ်နေခဲ့သည်။ သို့သော်ငြား ထိုကဲ့သို့ ပြန်ပြောဖို့ရာလည်း မသင့်တော်ပြန်။
“အဲ့ကိုလိုး” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ နောက်ဆုံးတွင် နယ်ပယ်ကျောက်တုံးတောင်၏ ထူးခြားဆန်းကြယ်မှုများကို သူနားလည်သွားခဲ့လေပြီ။ ရုတ်တရက် ရန်ကိုင်က ပြုံးလျက် “ဒါဆိုရင် ဒါက ကောင်းကင်ကပေးတဲ့ အခွင့်အရေးပဲ။ နေရာကောင်း တစ်ခု ရပြီးပြီဆိုမှတော့ အချိန်မဖြုန်းတော့ဘဲ မြန်မြန် ကျင့်ကြံကြတာပေါ့။ သူများတွေတောင် ကျင့်ကြံနေကြပြီ”
“ကျုပ်တို့ နည်းနည်းလေးနဲ့လား” ကျောင်းထျန်ကျဲ အံ့အားသင့်သွားခဲ့သည်။
“အခြားသူတွေကို ထပ်စောင့်နေသေးတာလား”
“မဟုတ်ဘူး။ ဒါပေမယ့် လူနည်းနည်းလေးနဲ့ဆို ကျုပ်တို့အားလုံး အတူတူ ထိုင်ပြီး ကျင့်ကြံမယ်ဆိုရင် ကျုပ်တို့ ကျင့်ကြံခြင်းထဲ ဈာန်ဝင်စားနေတဲ့အချိန် အလစ်ချောင်း တိုက်ခိုက်ခံရနိုင်တယ်။ အဲ့လိုဆိုရင် အကျိုးဆက်က…” ထို့နောက် ကျောင်းထျန်ကဲသည် လူအများဆုံး အဖွဲ့ကို ညွှန်ပြလိုက်ပြီး “ဂိုဏ်းချုပ်ရန် အဲ့ဘက်ကို ကြည့်ကြည့်လိုက်။ သူတို့မှာ လူအများကြီးပဲ။ ဒီတော့ သူတို့ အနေနဲ့ နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့ကိုတစ်ဖွဲ့ စောင့်ကြပ်ပေးလို့ရတယ်။ ဒါပေမယ့် ကျုပ်တို့မှာက…”
“ဒါဆိုရင် ကျုပ်စောင့်နေပေးမယ်။ ခင်ဗျားတို့သုံးယောက် ကျင့်ကြံနှင့်” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
“ဒါက…” ကျောင်းထျန်ကျဲ ကြောင်သွားခဲ့ပြီး ရန်ကိုင်အား ကျေးဇူးတော့ တင်မိသွားခဲ့သည်။ ရန်ကိုင် ရောက်လာပြီး နောက်ပိုင်း သူအတော်လေး စိတ်ညစ်သွားရသော်ငြား ရန်ကိုင်သည် သူကိုယ်တိုင် မကျင့်ကြဘဲ သူတို့အား စောင့်ကြပ်ပေးနေမည်ဟု ပြောလာခဲ့လေသည်။
သူ့ခွန်အား မည်သို့ပင် ဖြစ်ပါစေ ဤလူငယ်လေးသည် လေးစားထိုက်သည့် လူတစ်ဦး ဖြစ်သည်။
“ဂိုဏ်းချုပ်၊ ကျွန်မ စောင့်ပေးထားလို့ရတယ်” လင်းယုရောင်က ဝင်ပြောလိုက်သည်။
“မလိုဘူး။ ကျုပ်ပြောတဲ့အတိုင်းသာ လုပ်လိုက်။ အချိန်တွေ ဖြုန်းမနေနဲ့” ရန်ကိုင်က လက်ဝှေ့ရမ်းလိုက်ပြီး “ခင်ဗျားတို့ မြန်မြန်စလေ၊ အကျိုးအမြတ်များများ ရလေပဲ”
“ကောင်းပြီလေ” ချင်းတုန်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်၍ “မင်းက အဲ့လို ဆုံးဖြတ်မှတော့ ငါလည်း ကန့်ကွက်မနေတော့ဘူး။ ငါတို့လည်း ကျင့်ကြံခြင်းထဲ အရမ်းကြီး နစ်မြောသွားနေမှာမဟုတ်ဘူး။ ချက်ချင်း နိုးလာနိုင်အောင် အချိန်ပြည့် သတိရှိနေမှာ။ ဒါတွေကို နားလည်ဆင်ခြင်တာ အတော်လေး ခရီးပေါက်သွားပြီ ဆိုရင်တော့ မင်းနဲ့ငါ နေရာ လဲကြတာပေါ့”
“အင်း” ချင်းတုန်နှင့် လင်းယုရောင်တို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး တင်ပလင်ခွေ ထိုင်လိုက်ကြလေသည်။
ကျောင်းထျန်ကျဲမှာမူ တုန့်ဆိုင်းနေခဲ့လေသည်။ ချက်ချင်းပဲ ချင်းတုန်နားသို့ တိုးကပ်သွားပြီး လေသံတိုးတိုးဖြင့် “အကြီးအကဲချင်း၊ ကျုပ်တို့ ဒီလိုလုပ်လို့ အဆင်ပြေပါ့မလား”
ရန်ကိုင်အား အစောင့်အဖြစ် ထားရမည်ကို သူ့စိတ်ထဲ စိတ်မချ ဖြစ်နေခဲ့သည်။ ရန်ကိုင်ကို အစောင့်အဖြစ် ထားမည့်အစား ချင်းတုန်နှင့် လင်းယုရောင်တို့ကို အစောင့်အဖြစ် ထားလျှင် သူ့စိတ်ထဲ ပို၍ အဆင်ပြေပေလိမ့်မည်။
“စိတ်မပူနဲ့။ ရန်ကိုင် ကိုယ်တိုင် စောင့်ကြပ်နေပြီဆိုမှတော့ ရောင်းရင်းကျောင်း စိတ်အေးအေးနဲ့ ကျင့်ကြံလို့ရပြီ” ချင်းတုန်သည် မြို့သခင်ကျောင်း၏ ပခုံးကို ပုတ်ရင်း နှစ်သိမ့်စကား ဆိုလိုက်လေသည်။
ကျောင်းထျန်ကျဲမှာမူ ခါးသက်သက်သာ ပြုံးလိုက်လေသည်။ ချင်းတုန်နှင့် လင်းယုရောင်တို့ ရန်ကိုင်ကို ဘာကြောင့် ထိုမျှ ယုံကြည်နေမှန်း သူတကယ် နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။ သို့သော်ငြား လင်းယုရောင်သည် မျက်လုံးပိတ်ပြီး စ၍ပင် ကျင့်ကြံနေသည်ကို မြင်သော် သူလည်း ထိုအကြောင်းကို ဆက်ပြီး တွေးပူမနေတော့ဘဲ အံကြိတ်၍သာ တင်ပလင်ခွေထိုင်ကာ စတင် ကျင့်ကြံလိုက်တော့လေသည်။
သို့သော်လည်း ကျင့်ကြံခြင်းထဲ တစ်ရာရာခိုင်နှုန်း အာရုံ စိုက်မထားရဲသေးဘဲ ပတ်ဝန်းကျင်ကိုလည်း သတိမပြတ် စောင့်ကြည့်နေပေသေးသည်။
သုံးယောက်စလုံး စတင် ကျင့်ကြံနေသည်ကို မြင်သော် ရန်ကိုင်သည် တင်ပလင်ခွေထိုင်ချလိုက်ပြီး နယ်ပယ်ကျောက်တုံးတောင်ကို စိတ်ဝင်တစား စတင် လေ့လာကြည့်တော့သည်။
သွေးအကျဉ်းထောင်ထဲတွင် ဤမျှကြီးမားသည် နယ်ပယ်ကျောက်တုံးကြီး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ နယ်ပယ်ဝဲကတော့များစွာထဲသို့ သူဝင်ခဲ့ဖူးသော်လည်း နယ်ပယ်ကျောက်တုံး လေးတုံးသာ ရခဲ့ပြီး တစ်တုံးကို ရွှယ်စွန်းဆီသို့ ပေးခဲ့သည်။
ဤနယ်ပယ်ကျောက်တုံးကြီးကိုသာ အပြင်ယူသွားခွင့် ရလျှင်…
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ရန်ကိုင် အလွန် စိတ်လှုပ်ရှားလာပြီး သူ့မျက်ဝန်းအစုံ တဖျက်ဖျက် လင်းလက် တောက်ပလာခဲ့လေသည်။
ထိုအကြံကို မည်ကဲ့သို့ အကောင်အထည်ဖော်လျှင် ကောင်းမလဲ စဉ်းစားနေစဉ်မှာပဲ၊ ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ဘေးဘက်သို့ လှည့်ကြည့်လိုက်လေသည်။
အရပ်တစ်ခုဆီမှ လူလေးယောက်အဖွဲ့သည် သူတို့ ရှိနေသည့် နေရာဆီသို့ ပျံသန်းလာနေခဲ့ကြသည်။ ခဏကြာပြီးနောက် ထိုလေးယောက်သည် သူတို့နားတွင် ဆင်းသက်လိုက်ကြပြီး နယ်ပယ်ကျောက်တုံးတောင်အား စိတ်လှုပ်ရှားနေသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်ကြ၏။
“မင်းတို့ ရောက်လာပြီပေါ့” တစ်ယောက်ယောက်မှ ထိုလေးယောက်ကို အနည်းငယ်ကို မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။
စကားပြောသည့်လူအား လှမ်းကြည့်လိုက်ရာ သူတို့နေရာကို မျက်စောင်းထိုးနေသည့်လူဖြစ်မှန်း ရန်ကိုင် တွေ့ရှိလိုက်ရ၏။ သူနှင့်သူ့အဖော်သည် ရန်ကိုင် ရောက်မလာခင်ကတည်းက သူတို့ အဖွဲ့သားများကို ဆက်သွယ်ရင်း ချင်းတုန်တို့ နေရာကို မျက်စောင်းထိုးနေကြခြင်း ဖြစ်သည်။
ထိုလေးယောက်သည် သူတို့ ဆက်သွယ်နေသည့်လူ ဖြစ်ရပေမည်။
“နတ်မိမယ်လေး တစ်ယောက်ကြောင့် လမ်းမှာ နည်းနည်း ဒုက္ခရောက်နေလို့ကွ” ဦးဆောင်လာသည့်လူက လေးသံအက်အက်ဖြင့် ပြန်ပြောလိုက်သည်။
“နတ်မိမယ်” မေးလိုက်သည့်လူ မျက်ခုံးပင့်သွားခဲ့သည်။
“ဟုတ်တယ်။ သူဘယ်ကလည်းတော့ မသိဘူး။ ဒါပေမယ့် သောက်ရမ်း အားကောင်းတယ်ကွ။ ငါတို့ လေးယောက်အတူ ရှိနေလို့ပေါ့။ မဟုတ်ရင် သူ့ကို ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ငါတို့လေးယောက် အတူပေါင်းပြီး သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်နိုင်သွားတယ်။ ဒါပေမယ့် ကံဆိုးတာကတော့ ဆိုသွားတာပဲ။ သူ့ကို မဖမ်းမိလိုက်ဘူး” ဦးဆောင်လာသည့်လူက ဒေါသတကြီး ပြောလိုက်သည်။
“အဲ့နတ်မိမယ်လေးက သောက်ရမ်း လှတာကွာ။ အစ်ကိုချိုင်၊ မင်းမမြင်လို့။ မြင်ခဲ့ရင် သူ့အလှကြောင့် မင်းရူးတောင် ရူးသွားဦးမယ်” အခြားတစ်ယောက်က ဝင်ပြောလိုက်လေ၏။
“မင်းတို့ ပိုပြောလွန်းနေတာတော့ မဟုတ်ပါဘူးနော်” မျိုးရိုးနာမည်ချိုင်နှင့် လူက သူ့နှုတ်ခမ်းကို တွန့်ကွေးလျက် ပြန်ပြောလိုက်လေသည်။
“ဘယ်က ပိုပြောရမှာလဲ။ အမှန်အတိုင်း ပြောနေတာကွ။ တကယ်တမ်း ပြောရရင် အဲ့နတ်မိမယ်လေးက ငါမြင်ဖူးသမျှ မိန်းမတွေထဲမှာ အလှဆုံးပဲ။ ဒါပေမယ့် သူ့အရှိန်အဝါက နည်းနည်းတော့ ထူးဆန်းတယ်ဟ၊ မွန်စတားချီနဲ့ သူတော်စင်ချီ ပေါင်းစပ်ထားသလိုပဲ”
“မေ့လိုက်တော့။ အဲ့နတ်မိမယ်လေးအကြောင်း ထပ်မပြောနဲ့တော့” ဦးဆောင်လာသည့်လူက သူ့လက်ကို ဝှေ့ရမ်း၍ ဖြတ်ပြောလိုက်၏ “အစ်ကိုချိုင်၊ ဒီက အခြေအနေ ဘယ်လိုရှိလဲ”
“ဘာမှဒီလောက်ကြီး မဟုတ်ဘူး” ချိုင်ဖုန်းက ပခုံးတွန့်လျက် “ဒီနယ်ပယ်ကျောက်တုံးတောင် ပတ်လည်မှာ နေရာလွတ် သိပ်မရှိတော့တာ မင်းတို့လည်း မြင်မှာပေါ့။ အတွင်းပိုင်း နေရာကိုတော့ အရင်ရောက်တဲ့လူတွေ ဦးသွားကြပြီ။ ဒါပေမယ့် အပြင်ပိုင်းမှာတော့ နေရာကောင်းအချို့ ရှိနေသေးတယ်”