← Chapters

အခန်း (၁၆၀၁-၁၆၀၅)

Vol. 65 Ch. 1601-1605

အခန်း (၁၆၀၁-၁၆၀၅)

Vol. 65 Ch. 1601-1605

အပိုင်း (၁၆၀၁)

ထိုစကားကိုကြားသော် ဦးဆောင်လာသည့်လူက မျက်မှောင်ကြုတ်၍ “ငါလည်း နယ်ပယ်ကျောက်တုံးတောင်ကနေ အဝေးကြီးမှာ နေရမှာမျိုး မလိုချင်ဘူး။ အဝေးကြီးမှာ သွားနေလို့ ဘာရမှာမို့လို့လဲ။ နေရာကောင်းကောင်လေး တစ်နေရာလောက် ရမှ အဆင်ပြေမှာ”

“အဲ့လိုဆို သွားလုကြတာပေါ့” ချိုင်ဖုန်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

“မင်းပစ်မှတ် ရှာထားပြီးပြီ မို့လို့လား”

“အင်း” ချိုင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်တို့ ရပ်နေသည့် နေရာဆီသို့ လှမ်းကြည့်၍ ပြောလိုက်လေသည် “ဟိုနေရာက တော်တော်လေးကောင်းတဲ့အထဲ ပါတယ်”

ဦးဆောင်လာသည့်လူက ရန်ကိုင် ထိုင်နေသည့် နေရာဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် ကျေနပ်သွားသည့် အမူအရာဖြင့် ခေါင်းညိတ်၍ ပြောလိုက်လေသည် “ဟုတ်တယ်။ အဲ့နေရာ တော်တော်လေးကောင်းတယ်။ အဲ့လိုဆိုမှတော့ အဲ့နေရာကိုပဲ သွားလုကြတာပေါ့”

“သူတို့ကြည့်ရတာ ပေးချင်တဲ့ပုံမပေါ်ဘူး” ရန်ကိုင် သူတို့အား စောင့်ကြည့်နေသည်ကို သတိပြုမိသော် ချိုင်ဖုန်းက ရယ်သွမ်းသွေး၍ ပြောလိုက်လေသည်။ ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် ပြန်စိုက်ကြည့်ပြလျက် နှာခေါင်းရှုံ့လိုက်၏ “အဲ့ကောင်လေး ငါတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေတဲ့ပုံပဲ”

“ငါတို့ သူတို့နေရာကို ယူဖို့ဆုံးဖြတ်ပြီးမှတော့ သူတို့ဘက်က ပေးဖို့ပဲကျန်တော့တယ်။ သူတို့ သဘောတူတူ၊ မတူတူ ဘာမှ မထူးဘူး” သူတို့ခေါင်းဆောင် ဖြစ်ဟန်တူသည့်လူက ရန်ကိုင် သူတို့အား ကြည့်နေသည်ကို မြင်သော် မကြောက်မရွံ့ ပြန်စိုက်ကြည့်လိုက်ပြီး ရန်ကိုင်တည့်တည့်ဆီသို့ လမ်းလျှောက်သွားလေသည်။

ကျန်ငါးယောက်သည်လည်း သူ့နောက်မှ အနီးကပ် လိုက်သွားကြ၏။

မကြာမီ ရန်ကိုင်တို့အဖွဲ့နှင့် မီတာတစ်ရာအကွာဆီသို့ ရောက်လာခဲ့ပြီး ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူက အထက်စီး လေသံဖြင့် ပြောလိုက်လေသည် “ကောင်လေး၊ မင်းဘယ်ကလဲ”

ရန်ကိုင်က ပြုံးဖြီး၍ ပြန်ပြောလိုက်၏ “အရိပ်ကြယ်”

“အရိပ်ကြယ်” ခေါင်းဆောင်ဖြစ်ဟန်တူသည့်လူ တစ်ခဏတာ မျက်မှောင်ကြုတ်သွားပြီးနောက် လှောင်ပြုံးပြုံးလျက် “မကြာဘူးဖူး။ ဒီဘုရင် မင်းနေရာကို လိုချင်နေတာမို့လို့ အခုချက်ချင်း ထွက်သွားလိုက်တော့။ မဟုတ်ရင် ငါတို့ကို မယဉ်ကျေးလို့ဆိုပြီး လာအပြစ်မတင်နဲ့”

ရန်ကိုင်သည် သူ့နားထဲမှ နားချေးကလော်ပြီး ထိုနားချေးကို ခြောက်ယောက်အဖွဲ့ဆီသို့ မှုတ်ထုတ်သည့် ပုံစံမျိုး လုပ်ပြလျက် ပြန်၍ ပြောလိုက်သည် “မင်းဘာပြောလိုက်တာလဲ။ ငါမင်းပြောတာ မကြားလိုက်လို့ နောက်တစ်ခေါက် ပြန်ပြောပြလို့ရမလား”

ခေါင်းဆောင်ဖြစ်ဟန်တူသည့်လူက “ကောင်လေး၊ အကောင်းပြောနေတုန်း အကောင်းလုပ်နော်။ မင်းပုံက နားပင်နေတာမှ မပေါက်ဘူး။ ဒီဘုရင်လည်း နောက်တစ်ကြိမ် ထပ်ပြောနေမှာ မဟုတ်ဘူး။ သွား၊ မင်းမသေချင်ရင် ထွက်သွားလိုက်တော့”

သူ့နောက်တွင် ရပ်နေသော လူငါးယောက်သည်လည်း လှောင်ပြုံးပြုံးလျက် သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်ကာ ရန်ကိုင်တို့အား ခြိမ်းခြောက်ရန် ကြိုးစားလိုက်လေသည်။

“ဒါဘာသဘောလဲ။ မင်းတို့ ပြောစရာရှိရှိရင် ညှိညှိနှိုင်းနှိုင်းနဲ့ ပြောလေ။ ဘာလို့ ချက်ချင်းကြီး လာခြိမ်းခြောက်နေတာလဲ”

ရန်ကိုင်သည် သူစောင့်ကြည့်ထားပေးမည်ဟု ပြောသော်ငြား ရန်ကိုင်စကားကို ယုံစားပြီး သူ့အသက်ကို ရန်ကိုင်လက်ထဲသို့ မည်သို့များ ထားခဲ့ပေးရဲခဲ့ပါမည်နည်း။ ထို့ကြောင့် ချင်းတုန်နှင့် လင်းယုရောင်တို့ ထိုကောင်လေးကို မည်မျှ ယုံနေပါစေ၊ ကျောင်းထျန်ကျဲ ရန်ကိုင်ကို မယုံရဲသေးခြင်း ဖြစ်သည်။

“ဒီတစ်ယောက်က တောင်စိမ်းကြယ်၊ ရေစိမ်းမြို့တော်ရဲ့ မြို့သခင် ကျောင်းထျန်ကျဲပါ။ မိတ်ဆွေတို့ကို တွေ့ရတာ ဝမ်းသာပါတယ်။ မိတ်ဆွေတို့ရဲ့ နာမည်ကို တစ်ချက်လောက် သိလို့ရမလား မသိဘူး” ကျောင်းထျန်ထဲက ခြောက်ကပ်ကပ် ရယ်မောရင်း ဦးညွှတ်ကာ ပြောလိုက်သည်။

ခေါင်းဆောင်ဖြစ်ဟန်တူသည် လူသည် ကျောင်းထျန်ကျဲအား တစ်ချက် ကြည့်လိုက်ပြီးနောက် ရန်ကိုင်အား လုံးဝ လျစ်လျူရှုထားလိုက်တော့သည်။ ရန်ကိုင်သည် တန်ခိုးရှင်ဒုတိယ အဆင့်သာ ရှိသေးသည့်အတွက် အဖွဲ့ထဲရှိ အခြားလူများ ပေးသော အမိန့်ကို နာခံနေရသည်ဟုသာ သူထင်သည်။ ထို့ကြောင့် ယုံကြည်ချက်အပြည့်ဖြင့် “ဒီဘုရင်က လှိုင်းနီကြယ်၊ မီးတောက်ဂိုဏ်းက ကျန်းချင်ပဲ။ ကျန်တဲ့လူတွေက လှိုင်းနီကြယ်က ငါ့ရဲ့ ရောင်းရင်းတွေ”

“လှိုင်းနီကြယ်၊ မီးတောက်ဂိုဏ်း” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ ထိုလူများ၏ ဝတ်စုံကို ဘာကြောင့်ရင်းနှီးနေမှန်း ယခုမှပဲ သူနားလည်သွားတော့သည်။

ဧကရာဇ်ဥယျာဉ်ထဲတွင် လှိုင်းနီကြယ်မှ ကျင့်ကြံသူများစွာနှင့် တွေ့ခဲ့ဖူးသည်။ အထူးသဖြင့် အဖွဲ့နှစ်ဖွဲ့နှင့် တွေ့ခဲ့ခြင်း ဖြစ်၏။

တစ်ဖွဲ့သည် မီးတောက်ဂိုဏ်းမှဖြစ်ပြီး ကျန်တစ်ဂိုဏ်းသည် ရေခဲနှလုံးသားတောင်ကြားမှ ဖြစ်သည်။ ထိုအဖွဲ့နှစ်ဖွဲ့သည့် ရှေးဟောင်းလိုဏ်ဂူတစ်လုံးကို ပိုင်ဆိုင်ရရေး အချင်းချင်း အချင်းများနေခဲ့ကြစဉ် ရန်ကိုင်မှ အနီးမှ ဖြတ်သွားမိခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က အမျိုးမျိုးသော အလှည့်အပြောင်းများကြောင့် ရန်ကိုင်သည် တိုက်ပွဲဝင်ပါမိခဲ့ပြီး အမျိုးသမီးတို့ အဖွဲ့ကို ကူညီကာ မီးတောက်ဂိုဏ်းမှ လူများကို သတ်ပစ်ခဲ့သည်။

ချိုင်ဖုန်းရဲ့ ဝတ်စုံကို ရင်းနှီးတယ်လို့ ခံစားမိနေတာ ဒါကြောင့်ကိုး ရန်ကိုင် ပြုံးဖြီးဖြီး ဖြစ်သွားခဲ့သည်။

“ဒီတော့ မိတ်ဆွေတို့က မီးတောက်ကြယ်ကပေါ့” ကျောင်းထျန်ကျဲ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန် ထပ်၍ ဦးညွှတ်လိုက်လေသည် “မလေးမစား ဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ကျောင်းထျန်ကျဲမှ အလွန်နှိမ့်ချနေသည်ကို မြင်သော် ကျန်းချင် ပို၍ စိတ်ကြီးဝင်သွားခဲ့ပြီး ခေါင်းညိတ်၍ “ရောင်းရင်းက ငါတို့ မီးတောက်ဂိုဏ်းနာမည်ကို ကြားဖူးမှတော့ ဒီကိစ္စကို မြန်မြန် ဖြေရှင်းလို့ရတာပေါ့။ မင်းရဲ့ အဖွဲ့သားတွေကို မြန်မြန် ထွက်သွားဖို့ ပြောလိုက်။ ဒီဘုရင် မရက်စက်ချင်ဘူး။ မင်းတို့သာ ထွက်သွားမယ်ဆိုရင် ဒီဘုရင် မင်းတို့ကို ဘာမှမလုပ်ဘူးလို့ အာမခံတယ်”

“ဒါက…” ကျောင်းထျန်ကျဲ၏ အမူအရာ ခါးသက်သွားခဲ့ပြီး ခဏမျှ တုန့်ဆိုင်းနေပြီးနောက် “ကျုပ်ကို ခွင့်လွှတ်ပေးပါ ရောင်းရင်းကျန်း၊ အခုကိစ္စက ကျုပ်တစ်ယောက်တည်း ဆုံးဖြတ်လို့ရတာ မဟုတ်တော့ ကျေးဇူးပြုပြီး ဒီကျန်းရဲ့ အဖွဲ့သားတွေနဲ့ ခဏလောက် ဆွေးနွေးခွင့်လေး ပေးလို့ရမလား”

“ဘာမှဆွေးနွေးနေစရာ မလိုဘူး။ ဒီနေရာက အစကတည်းက ကျွန်မတို့ ပိုင်ထားပြီးသား။ လိုချင်ရင် ရှင်တို့ဘာသာ အခြား တစ်နေရာ သွားရှာလိုက်” လင်းယုရောင်က လှမ်း၍ အော်ပြောလိုက်လေသည်။

သူမနှင့် ချင်းတုန်တို့ နှစ်ဦးစလုံး ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုသည်ကို သတိပြုမိပေသည်။ သို့သော်လည်း ဘာမှ မပြောသေးဘဲ စောင့်သာ ကြည့်နေခဲ့သည်။ သို့သော် ကျောင်းထျန်ကျဲ တစ်ဖက်မှ ပေးသည့် ဖိအားဒဏ်အား မခံနိုင်တော့သည်ကို မြင်သော် သူမလည်း ဤအတိုင်း ထိုင်မကြည့်နေနိုင်တော့ချေ

“မင်းတို့ လွန်မလာနဲ့နော်” ချင်းတုန်လည်း မျက်နှာပျက်သွားပြီး ကျန်းချင်တို့ အဖွဲ့အား‌ ဒေါသတကြီး စိုက်ကြည့်လိုက်လေ၏။

“လွန်မလာနဲ့” ကျန်းချင်က လှောင်ရယ်ရယ်လျက် “ငါဘက်က ဘယ်လို လွန်လို့လဲ။ ငါမင်းတို့ကို အခွင့်အရေး ပေးပြီးသွားပြီလေ။ မယူတတ်တာ မင်းတို့ သောက်သုံးမကျလို့ပေါ့”

“မင်းအဲ့လို ထပ်ပြောရဲပြောကြည့်၊ ငါမင်းတို့ အကုန်လုံးကို သတ်ပစ်မှာ” ချိုင်ဖုန်းက စိတ်မရှည်သည်ဟန်ဖြင့် လှမ်းအော်ပြောလေသည်။

“အကုန်လုံး ဒေါသမထွက်ကြပါနဲ့ဦး” ကျောင်းထျန်ကျဲက စိုးရိမ်တကြီး လှမ်းအော်ပြောလိုက်ရင်း ချင်းတုန်နှင့် လင်းယုရောင်တို့အား စကားဆက်မပြောရန် လှမ်း၍ အချက်ပြလိုက်လေသည်။ ထို့နောက် ကျန်းချင်ဘက်သို့ လှည့်၍ “အစက်ိုကျန်း၊ ခဏလောက် စောင့်ပေးပါနော်။ ကျွန်တော် ဒီကိစ္စကို သူတို့ကို တစ်ချက်လောက် သွားရှင်းပြလိုက်ဦးမယ်”

“ကောင်းပြီလေ။ ဒီနေရာက မင်းတို့ကြယ်ဆိုမှတော့ ဒီဘုရင် မင်းကို မျက်နှာသာပေးလိုက်မယ်။ ဒါပေမယ့် မင်းမှာ အချိန် အများကြီး မရှိဘူးနော်။ လက်ဖက်ရည် ခွက်တစ်ဝက်စာ အချိန်ပဲ ရမယ်” ကျန်းချင်က အေးစက်စက် လေသံဖြင့် သတိပေးလိုက်၏။

ကျန်းထျန်ကျဲက ခါးသက်စွာ ခေါင်းညိတ်လိုက်ပြီး ချင်းတုန်နှင့် လင်းယုရောင်တို့ဆီ အလျင်အမြန်သွားကာ ကူကယ်ရာမဲ့စွာ ပြောလိုက်၏ “ရောင်းရင်းတို့ မင်းတို့အားလုံး တကယ် ထွက်မသွားချင်တာလား”

ချင်းတုန်က ကျောင်းထျန်ကျဲအား ကြည့်၍ “ဘာဖြစ်လို့လဲ။ ရောင်းရင်းကျောင်းက ထွက်သွားချင်လို့လား”

ကျောင်းထျန်ကျဲက ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ဖြစ်နိုင်ရင်တော့ ဒီအတိုင်း ထွက်မသွားချင်ဘူး။ ဒါပေမယ့် သူတို့ဘက်က အရေအတွက် အရမ်း များလွန်းနေတယ်။ ဒီအတိုင်း ဆက်ပြီး တင်းခံနေမယ်ဆိုရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး”

ချင်းတုန် မျက်မှောင်ကြုတ်သွားခဲ့ပြီးနောက်တွင် အနည်းငယ် အံ့အားသင့်နေသည့် လေသံဖြင့် ပြန်မေးလိုက်လေသည် “ရောင်းရင်းကျောင်းက ဒီလောက် ကြောက်တတ်တဲ့လူ မဟုတ်ပါဘူး။ ရောင်းရင်းကျောင်း ကိုယ်တိုင်လည်း တန်ခိုးရှင် တတိယအဆင့် ပညာရှင်တစ်ယောက်ပဲကို။ ဘာလို့ ထွက်သွားချင်နေရတာလဲ။ မီးတောက်ဂိုဏ်းကို ရောင်းရင်းကျောင်း ကြောက်နေတာလား။ အဲ့မီးတောက်ဂိုဏ်းက ဘာမို့လို့လဲ”

ကျောင်းထျန်ကျဲက ခါးသက်စွာပြုံးလျက် မျက်နှာ မသာမယာဖြင့် ပြန်ပြောလိုက်လေသည် "အကြီးအကဲချင်လည်း သတိထားမိတယ်ပေါ့။ ရိုးရိုးသားသား ပြောရရင် ကျုပ်သူတို့ နောက်ခံကို လန့်နေတာ။ မီးတောက်ဂိုဏ်းက လှိုင်းနီကြယ်မှာ အခြေတည်တာဆိုတော့ ကျုပ်အနေနဲ့ သူတို့ကို ဘာမှ လန့်နေစရာမလိုဘူး။ ဒါပေမယ့် သူတို့ရဲ့ အကြီးအကဲချုပ်က ကျုပ်တို့ တောင်စိမ်းကြယ်ရဲ့ ကြယ်သခင်နဲ့ ရင်းနှီးတယ်တယ်။ အဲ့ဒါကို ကျုပ်လန့်နေတာ”

“တောင်စိမ်းကြယ်ရဲ့ ကြယ်သခင်” ချင်းတုန်နှင့် လင်းယုရောင်တို့ နှစ်ဦးစလုံး မျက်လုံးမှေးစဉ်းသွားခဲ့သည်။

တောင်စိမ်းကြယ်တွင် သုံးနှစ်ခန့် နေလာပြီးနောက်တွင် ဤတောင်စိမ်းကြယ်၌ တန်ခိုးရှင်ဒုတိယအဆင့်သို့ ရောက်နေသော ကြယ်သခင်တစ်ဦးရှိကြောင်း သူတို့ သိလာခဲ့သည်။

“ဒီလောက် ရှင်းပြရင် အကြီးအကဲချင်းတို့ နားလည်လောက်မှာပေါ့” ကျောင်းထျန်ကျဲက စိုးရိမ်းနေသည့် အမူအရာဖြင့် ပြောလိုက်၏။

“ကျွန်မ နားလည်ပြီ။ ဒါပေမယ့် ထွက်သွားမယ်၊ မထွက်သွားဘူး ဂိုဏ်းချုပ်ပေါ်ပဲ မူတည်လိမ့်မယ်။ ဂိုဏ်းချုပ်က ထွက်သွားမယ်ဆိုရင် ကျွန်မတို့ သွားမယ်။ ဂိုဏ်းချုပ်က မသွားဘူး ဆိုရင်တော့ ကျွန်မတို့လည်း သွားမှာ မဟုတ်ဘူး” လင်းယုရောင်က ရန်ကိုင်ဘက်သို့ ကြည့်၍ ပြောလိုက်သည်။

“သူ့ပေါ် မူတည်တာလား…” ကျောင်းထျန်ကျဲ မျက်နှာ ပျက်သွားခဲ့သည်။ နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်သည် ရန်ကိုင် လက်ထဲတွင် ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။

“ရန်ကိုင်၊ မင်းဘယ်လိုလုပ်ချင်လဲ” ချင်းတုန်က ရန်ကိုင်ဘက်သို့ လှည့်၍ “မင်းဆုံးဖြတ်တဲ့အတိုင်း ငါတို့လုပ်မယ်”

“ဘာလို့ ထွက်သွားရမှာလဲ” ရန်ကိုင်က နှုတ်ခမ်းတွန့်ကွေးလျက် “ဒီလောက်ကောင်းတဲ့ အခွင့်အရေးကြီးကို လက်လွှတ်လိုက်ရရင် နှမြောစရာကြီး… စိတ်မပူနဲ့။ ဒီကောင်တွေ သေချင်တယ်ဆိုရင် ကျုပ်သူတို့ကို သေလမ်း ပို့ပေးလိုက်မယ်”

“မင်းက အဲ့လိုဆိုမှတော့ ငါတို့ဆက်နေကြတာပေါ့” ချင်းတုန်က သွားပေါ်အောင် ပြုံးဖြီးလိုက်လေသည်။

“မင်းတို့…” ကျောင်းထျန်သည် ဆွံ့အနေခဲ့လေပြီ။ ထို့နောက် ရန်ကိုင်ကို စိုက်ကြည့်၍ “မင်းအခြေအနေကို သဘော မပေါက်တာလား။ မင်းသေချင်တယ်ဆိုရင် အကြီးအကဲချင်နဲ့ အကြီးအကဲလင်းကိုပါ ဘာလို့ ဆွဲခေါ်နေတာလဲ။ သူတို့က သူတို့ အသက်တွေကို မင်းလက်ထဲ ပုံအပ်ထားတာ။ အဲ့ဒါကို မင်းက လုပ်ချင်သလိုလုပ်နေ။ နောက်ဆုံးကျ ခံရမယ့်လူက မင်းပဲ ဖြစ်မှာ”

“မြို့သခင် မနေချင်ရင် ထွက်သွားလို့ရတယ်နော်” ရန်ကိုင်က ကျောင်းထျန်ကျဲအား ကြည့်၍ “ကျုပ်ခင်ဗျားကို နေပါလို့ တွန်းအားပေးမနေဘူး”

ကျောင်းထျန်ကျဲ ဒေါသထွက်သွားပြီး ရန်ကိုင်အား လက်ညိုး ငေါက်ငေါက်ထိုးလျက် တစ်ခုခုပြောရန် လုပ်လိုက်သော်ငြား သူ့ပါးစပ်ထဲမှ မည်သည့်စကားလုံးမှ ထွက်မလာခဲ့ချေ။

ထိုအခြင်းအရာကို မြင်သော် ကျန်းချင်နှင့် သူတို့အဖွဲ့ ထရယ်ကုန်ကြလေသည်။

ထိုလေးယောက်အဖွဲ့သည် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကိုပင် စည်းလုံးမည်မရှိဘဲ အချင်းချင်း စကားများနေကြသည်။

“ဒီလူအိုကြီး မင်းနဲ့ လေကုန်ခံ ငြင်းမနေတော့ဘူး” ရန်ကိုင်၏ စကားကြောင်း ကျောင်းထျန်ကျဲ ဒေါသထွက်သွားပြီး ချင်းတုန်နှင့် လင်းယုရောင်တို့ဘက်သို့ လှည့်၍ “အကြီးအကဲချင်း၊ အကြီးအကဲလင်း ကျုပ်နဲ့ လိုက်ခဲ့ပါလား။ မဟုတ်ရင် ဒုက္ခ ရောက်ကုန်လိမ့်မယ်”

ချင်းတုန်က သက်ပြင်းသာချလျက် “ရောင်းရင်းကျောင်းနဲ့ နှစ်တွေအများကြီး အလုပ်တွဲလုပ်လာတာဆိုတော့ ရောင်းရင်းကျောင်း ဘယ်လိုလူမျိုးလဲ ဒီချင်း နားလည်တယ်။ မင်းအကောင်းဆုံး ယုံကြည်တာကို လုပ်နေမှန်းလည်း ဒီချင်း နားလည်တယ်။ ဒါပေမယ့် ငါထွက်သွားမှာမဟုတ်ဘူး”

လင်းယုရောင်က နှုတ်ခမ်းလေးကွေးလျက် ပြုံးကာ “အရမ်း ဝေးဝေးကြီးလည်း ထွက်မသွားနဲ့ဦးနော်။ ပြီးရင်း ပြန်လာရမှာပဲကို”

ကျောင်းထျန်ကျဲ မှင်သက်သွားခဲ့လေသည်။

လင်းယုရောင် ဘာပြောချင်နေသလဲ ဆိုသည်ကို သူနားလည်သော်ငြား သူမပြောသည့်စကားကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီးနောက် သက်ပြင်းချလျက် “အကြီးအကဲချင်းနဲ့ အကြီးအကဲလင်း ဘာလို့ မင်းကို ဒီလောက် ယုံကြည်နေလဲတော့ ငါမသိဘူး။ ဒါပေမယ့် မင်းဘာလုပ်နေလဲ မင်းသိဖို့တော့ ငါမျှော်လင့်တယ်”

ပြောပြီးသည့်နောက်တွင် အဝေးသို့ ပျံသန်း ထွက်ခွာသွားလေ၏။

သူတတ်နိုင်သလောက် နားချခဲ့ပြီးသွားလေပြီ။ ချင်းတုန်နှင့် လင်းယုရောင်တို့ နားမထောင်သည်မှာတော့ သူတို့သဘောပင်။

သူကတော့ ဆက်မနေရဲခဲ့။ ကျန်းချင်နှင့် အခြားသူများသည် သူ့အား အေးစက်စက် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သူရှင်းပြမနေလျှင်ပင် ကျန်ချင်တို့လည်း ဘာဖြစ်ခဲ့သည်ကို သိပြီးနေလေပြီ။

ပြောထားသည့်အတိုင်းပင် ကျန်းချင်သည် ကျောင်းထျန်ကျဲကို မတားဆီးဘဲ လွတ်လွတ်လပ်လပ် ထွက်သွားခွင့် ပြုလိုက်ပြီး ရန်ကိုင်တို့ သုံးယောက်ဆီသို့ လှမ်းကြည့်လိုက်သည်။

“မင်းကြည့်ရတာ အခေါင်းမမြင်သရွေ့ နောင်တရမယ့်ပုံ မပေါ်ဘူးပဲ” ကျန်းချင်က လှောင်ပြုံးပြုံးလျက် အေးစက်စက် အကြည့်ဖြင့် ကြည့်ရင်း “အဲ့လိုဆိုမှတော့ ဒီဘုရင်ကို ရက်စက်တယ်လို့ လာပြီး အပြစ်မတင်နဲ့ပေါ့ကွာ”

ပြောပြီးသည်နှင့် သူ့ဆီမှ အားကောင်းသော ရှီစွမ်းအင်တို့ ဖြာထွက်လာပြီး ရန်ကိုင်တို့ အဖွဲ့ကို လွှမ်းခြုံသွားလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၀၂)

သူ့ရှီစွမ်းအင်ထဲတွင် ထူးခြားသောစွမ်းအားတစ်မျိုး‌ ရောစပ်နေသည့်အလား ထိုရှီစက်ကွင်းထဲ ရောက်သွားသူ အားလုံးကို မီးတောင်တွင်းထဲသို့ ရောက်သွားသလို ခံစားရစေလေသည်။ ထိုရှီစွမ်းအင်ကို ခံစားမိသော် ချင်းတုန်နှင့် လင်းယုရောင်တို့၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူတို့ရှီကို ထုတ်လွှတ်၍ ထိုရှီစွမ်းအင်ကို ခုခံလိုက်လေသည်။

ရန်ကိုင်ကမူ မျက်ခုံးသာ ပင့်လိုက်သည်။

ကျန်းချင်ဆိုသည့်လူ မောက်မာချင်လည်း မောက်မာချင်စရာပင်။ သူ့ရှီသည် အသေးစား ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေသည်ကိုး။

ရှီစွမ်းအင်အား အသေးစား ပြီးမြောက်ခြင်းအဆင့်သို့ ရောက်ရှိရန် ရှီစွမ်းအင်ထဲသို့ ထူးခြားသော စွမ်းအင်တစ်မျိုးကို ပေါင်းစပ်ရပေမည်။

ဥပမာဆိုရသော် ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို သူ့ရှီစွမ်းအင်ထဲသို့ ပေါင်းစပ်ထားခဲ့ပေသည်။

ကျန်းချင်သည်လည်း မီးဓါတ်စွမ်းအင် တစ်မျိုးမျိုးကို သူ့ရှီစွမ်းအင်ထဲသို့ ပေါင်းစပ်ထားခဲ့ပေသည်။

တန်ခိုးရှင်တတိယအဆင့် ပညာရှင်များအနက် နှစ်ဆယ်ရာခိုင်နှုန်းလောက်သာ ထိုကဲ့သို့ လုပ်နိုင်ကြပြီး ကျန်းချင်သည် ထိုကဲ့သို့သော ပညာရှင်များအနက် တစ်ဦးအပါအဝင် ဖြစ်ပေသည်။

ချင်းတုန်နှင့် လင်းယုရောင်တို့သည်လည်း ထိုအဆင့်သို့ ရောက်ထားကြသည်။ ထို့ကြောင့် ကျန်းချင်၏ ရှီစွမ်းအင်ကို ခုခံရန် ပြဿနာ မရှိပေ။ ထိုအချက်ကြောင့်သာ ကျောင်းထျန်ကျဲသည် ချင်းတုန်နှင့် အခြားသူများလောက် မသန်မာခြင်း ဖြစ်သည်။

ရန်ကိုင်တို့ သုံးယောက်ရှေ့တွင် မမြင်နိုင်သော တံတိုင်းကြီးတစ်ခု ရှိနေသည့်အလား ကျန်းချင်၏ ရှီစွမ်းအင်ကို ရှေ့တက်မရအောင် တားဆီးနေခဲ့သည်။

ထိုအချက်ကို သတိပြုမိလိုက်သော် ကျန်းချင် ထိတ်လန့်သွားခဲ့၏။

ချင်းတုန်နှင့် လင်းယုရောင်တို့ သူ့ရှီစွမ်းအင်အား ခုခံနိုင်သည့် အချက်ကို သူလက်ခံနိုင်သည်။ ထိုနှစ်ယောက်သည်လည်း သူကဲ့သို့ပင် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူများပင် မဟုတ်လေလော။ သို့သော်လည်း ထိုကောင်လေးကကော သူ့ရှီစွမ်းအင်ကို မည်ကဲ့သို့ ခုခံလေသနည်း။ တန်ခိုးရှင်ဒုတိယ အဆင့်သို့သာ ရောက်သေးလျက်နှင့် ရှီစွမ်းအင်ကို အသေးစား ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်အောင် ကျင့်ကြံထားနိုင်ခြင်းလား။ လက်ရှိ မြင်ရသလောက် သုံးယောက်ထဲတွင် ထိုကောင်လေးကပင် သူ့ရှီကို အလွယ်တကူ ပိုခုခံနိုင်နေသလိုပင်။

ရှင်းရှင်းပြောရသော် ထိုကောင်လေးသည် သူ့ရှီစွမ်းအင်အား မရှိသလို သဘောထားနေခြင်း ဖြစ်သည်။

ထိုအချက်ကို သတိပြုမိသော် ကျန်းချင်စိတ်ထဲ အတော့်ကိုမှ အံ့အားသင့်မိသွားသည်။

“အသေးစားပြီးမြောက်ခြင်းအလား” ရန်ကိုင် ခေါင်းတညိတ်ညိတ် လုပ်လိုက်ပြီး ယဲ့ယဲ့လေးပြုံးလျက် “မဆိုးပါဘူး”

ပြောပြီးသည်နှင့် ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ ကျန်းချင်နှင့် သူ့အဖွဲ့ သူတို့ဆီသို့ ရောက်လာကတည်းက တိုက်ပွဲ ဖြစ်တော့မည်ကို စောင့်ကြည့်နေကြသည့် မြောက်မြားလှစွာသော အကြည့်ပေါင်းများစွာ ရှိနေခဲ့သည်။ ထိုထဲမှ အချို့သည် လှုပ်ရှားလို့ကောင်းမည့် အချိန်ကောင်းကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

သူသာ ယခုအကြိမ် နဂါးမှန်းသိအောင် အမောက်မထောင်ပြလျှင် ကျန်းချန်တို့ အဖွဲ့ကို နောက်ဆုတ်သွားအောင် လုပ်နိုင်မည် ဆိုလျှင်ပင် သူတို့အား လာနှောင့်ယှတ်မည့် အခြားအဖွဲ့များ ရှိနေဦးမည် ဆိုသည်ကို ရန်ကိုင် သိနေသည်။

လှောင်ပြုံးပြုံးလျက် ရန်ကိုင်သည် ကျန်းချင်နောက်ဘက်ရှိ ကျင့်ကြံသူအား လက်ညိုးထိုးလျက် မေးလိုက်လေသည် “မင်းတို့ ဒီကိုလာတဲ့လမ်းမှာ နတ်သမီးလေးတစ်ပါးကို တွေ့လိုက်တယ်ဆို ဟုတ်လား”

ထိုပညာရှင် ကြောင်သွားခဲ့သည်။ ယခုကဲ့သို့ အချိန်မျိုးတွင် ရန်ကိုင် ထိုကဲ့သို့ ထူးထူးဆန်းဆန်း မေးခွန်းကို ဘာကြောင့် လာမေးနေမှန်း သူနားမလည်နိုင် ဖြစ်နေခဲ့သည်။ “အဲ့တော့ ဘာဖြစ်လဲ”

“နတ်သမီးလေးက အနီရောင်ဝတ်စုံကို ဝတ်ထားတာလား”

“ဟုတ်တယ်”

“မင်းသူ့ကို ဒဏ်ရာရအောင် လုပ်လိုက်တာလား” ရန်ကိုင်၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့လေသည်။

“မင်းမှားသွားပြီ။ ငါသူ့ကို ဒဏ်ရာရအောင် လုပ်လိုက်နိုင်တာ။ ကံဆိုးသွားလို့သာ မဟုတ်ရင် သူ့အသက်ကိုပါ ယူလိုက်နိုင်မှာ” ထိုကျင့်ကြံသူက လှောင်ပြုံးပြုံးလိုက်တယ်”

“ကောင်းတယ်၊ ကောင်းတယ်” ရန်ကိုင် ခေါင်းတညိတ်ညိတ် လုပ်လိုက်ပြီး ရုတ်တရက် သူ့ပုံရိပ် အားလုံး၏ မြင်ကွင်းမှ ပဥ္စလက်ဆန်ဆန် ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင် ရုတ်တရက်ကြီး ပျောက်ကွယ်သွားသည်ကို မြင်သော် ကျန်းချင်တို့အဖွဲ့ မျက်လုံးပြူးပြဲပြီး ပတ်ပတ်လည်ကို လှည့်ပတ် ရှာကြည့်ကြလေတော့သည်။ သို့သော် ရန်ကိုင်၏ အရိပ်အယောင်ကို မည်သို့မှ ရှာမတွေ့ခဲ့ချေ။

ချက်ချင်းဆိုသလို ရန်ကိုင်သည် ကျန်းချင်တို့ အဖွဲ့ကြားထဲ၌ တစ္ဆေသရဲတစ်ကောင်သဖွယ် ပြန်ပေါ်လာခဲ့ပြီး အေးစက်စက် အမူအရာဖြင့် အစောပိုင်းက စကားပြောခဲ့သည့် ကျင့်ကြံသူ၏ ခေါင်းကို ဖမ်းကိုင်လိုက်လေသည်။

“သတိထား” အနားမှ တစ်ယောက်က လှမ်းအော်ဟစ် သတိပေးလိုက်သည်။

ထိုကျင့်ကြံသူ ဒေါသထွက်သွားပြီး ပြန်တိုက်ခိုက်တော့မည်အပြု ရန်ကိုင်သည် သူ့လက်ကို လှမ်းဖမ်ကိုင်လိုက်ပြီး သူတော်စင်ချီကို ထုတ်လွှတ်လိုက်၏။ သူတော်စင်ချီသည် ထိုလူ၏ အကာအကွယ်များကို စက္ကူရွက်ကို ဖောက်ထွက်သွားသည့်နှယ် သူ့ကိုယ်ထဲသို့ တစ်ဟုန်ထိုး စိမ့်ဝင်လာပြီး ကိုယ်တွင်းအင်္ဂါများကို လာရောက် ရိုက်ခတ်လေသည်။

ထို့နောက်တွင် ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်ပျံထွက်သွားခဲ့သည်။

ထိုသို့လွင့်ထွက်သွားနေစဉ် အတွင်း အလွန်ကိုမှ နာကျင်သော ဝေဒနာကို ခံစားနေရသည့်အလား ခြောက်ခြားဖွယ်ကောင်းစွာ အော်ဟစ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်နှင့် မြေပြင် သွားရောက် ရိုက်ခတ်သည့်အချိန်တွင် သူ့တစ်ကိုယ်လုံး ပေါက်ကွဲ ထွက်သွားခဲ့လေသည်။

သွေးစ၊ အသားစများ အဘက်ဘက် ပျံ့နှံ့ဖြာထွက်လာခဲ့သည်။

“ငါကြိုပြောထားခဲ့သင့်တာ။ အဲ့နတ်သမီးက ငါ့မိန်းမကွ” ရန်ကိုင်က ပြောလိုက်လေသည်။

အကုန်လုံး မှင်သက်နေခဲ့သည်။

ကောင်းကင်ထက်မှ ရေပန်းကျလာသည့်နှယ် ဖြာကျနေသော သွေးစက်များကိုကြည့်ရင်း သူတို့ကိုယ်သူတို့ ကျားလိုဏ်ဂူထဲ ရောက်သွားသည့်နှယ် ခံစားလိုက်ရပြီး အကုန်လုံး ရန်ကိုင်အား ခြောက်ချားစွာ ကြည့်လိုက်ကြလေသည်။ အချို့ဆိုလျှင် အသက်ရှူဖို့ကိုပင် မေ့လျော့နေကြသည်။

ထိုကောင်လေးသည် တန်ခိုးရှင်တတိယအဆင့် ပညာရှင် တစ်ယောက်ကို တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်။ မည်သည့် တန်ခိုးရှင်အဆင့်မှ ထိုကဲ့သို့ မလုပ်နိုင်ချေ။ တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူမှသာ လုပ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုမဖြစ်နိုင်စရာကြီးကို တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသော ကျင့်ကြံသူတစ်ယောက်မှ လုပ်ပြသွားခဲ့သည်။ တန်ခိုးရှင် ဒုတိယအဆင့် ကျင့်ကြံခြင်းသည် ဤနေရာတွင် ရှိနေသည့်လူများအနက်တွင် အနိမ့်ဆုံး ကျင့်ကြံခြင်းအဆင့် ဖြစ်သည်။

ထိုကောင်လေး၏ ကျင့်ကြံခြင်းအဆင့်နှင့် သူပြသသွားသော စွမ်းဆောင်ရည်သည် နည်းနည်းလေးမှ မအပ်စပ်လေသဖြင့် သူ့စွမ်းရည်ကို မြင်လိုက်သည့်လူအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။

ရန်ကိုင်တို့ အဖွဲ့အား အခွင့်အရေးရလျှင် ဝင်နှိုက်ရန် ချောင်းမြောင်းနေသော လူများပင်လျှင် ရန်ကိုင် ပြသသွားသော စွမ်းဆောင်ရည်ကို မြင်ပြီး ချွေးစေးများ ပျံကုန်ကြလေသည်။ အလျင်စလို မလှုပ်ရှားမိသည့် သူတို့ကိုယ်သူတို့လည်း ကျေးဇူးပင်တင်မိနေကြသည်။ သူတို့သာ ရန်ကိုင်တို့အား အရင် သွားစိန်ခေါ်သူ ဖြစ်လျှင် သေသွားရမည့်လူသည် သူတို့သာ ဖြစ်သွားပေလိမ့်မည်။

“ကောင်လေး၊ မင်းလုပ်ရဲတယ်လား” မှင်သက်နေရာမှ အသိပြန်ဝင်လာပြီးနောက်တွင် ကျန်းချင်သည် ဒေါသတကြီး အော်ဟစ်လျက် ရန်ကိုင်အား လက်သီးဖြင့် ထိုးချလိုက်လေသည်။

ကျန်းချင် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နှက် ကြက်သေသေနေကြသော သူ့အပေါင်းအပါတို့သည်လည်း သူတို့၏ မှော်ရတနာ အသီးသီးကို ထုတ်ဖော်လိုက်ကြလေသည်။

တစ်ချိန်တည်းတွင် အလွန်ကိုမှအားကောင်းလှသော ရှီစွမ်းအင်သည် ကျန်းချင်၏ ရှီစွမ်းအင်ကို ချိုးဖျက်ပြီး သူတို့ အားလုံးကို ဖိနှိပ်လာခဲ့သည်။

ထိုရှီစွမ်းအင်၏ ဖိနှိပ်မှုအောက်တွင် သူတို့တစ်ဖွဲ့လုံး နွံအိုင်ကြီး တစ်ခုထဲ ကျဆင်သွားသလို ကျန်းချင်တို့အဖွဲ့ ခံစားလိုက်ရ၏။

ထိုမျှသာလျှင် မဟုတ်သေး၊ သူတို့ အနီးအနား ပတ်လည်ရှိ လေဟာနယ်သည်ပင် အေးခဲသွားသလို ဖြစ်လာသည့် အတွက် လမ်းလျှောက်ရန်ပင် အလွန်အမင်း ခက်ခဲသွားရသည်။ သူတော်စင်ချီ လှည့်ပတ်နှုန်းသည်လည်း သိသိသာသာ ကျဆင်းသွားလေရာ သူတို့ မှော်ရတနာများမှ ထွက်ပေါ်နေသော အရောင်အဝါတို့မှာလည်း မှိန်ကျသွားကုန်ကြရလေသည်။

ရှီစွမ်းအင် ဖိနှိပ်ခြင်းပင်…

သူတို့အား တစ်ယောက်ယောက် တစ်ယောက်ယောက်မှ ရှီစွမ်းအင်သုံး၍ ဖိနှိပ်နေမှန်း ကျန်းချင်တို့ အဖွဲ့သားအားလုံး သိလိုက်ကြသည်။ ရန်ကိုင်၏ ရှီစွမ်းအင် စက်ကွင်းအတွင်း ပိတ်မိသွားသည့်နောက်တွင် သူတို့အားလုံး မလှုပ်ရှားနိုင် ဖြစ်ကုန်ကြလေပြီ။ ယခင်က အားနည်းသည့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ခဲ့ရာတွင် ဤနည်းလမ်းကို သုံးလေ့ရှိသဖြင့် သူတို့အား ဖိနှိပ်ထားသည်မှာ ရှီစွမ်းအင်မှန်း အကုန်လုံး ကောင်းကောင်း နားလည်ထားကြသည်။

ယခုတစ်ကြိမ်တွင်တော့ သူတို့က မဖိနှိပ်ရဘဲ သူတို့ကသာ ပြန်ပြီး ဖိနှိပ်ခံနေရသည်။ ထို့အပြင် သူတို့ကို ဖိနှိပ်နေသည့်လူမှာလည်း တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသည့် လူငယ်လေးတစ်ဦး ဖြစ်သည်။

ကိုယ်တိုင်သာ မကြုံရလျှင် ဤလောကကြီး၌ ဤကဲ့သို့သော လူတစ်ဦး ရှိနေသည် ဆိုသည်ကို သူတို့ ယုံနိုင်လိမ့်မည် မဟုတ်။

အကုန်လုံးသည် သူတို့၏ သူတော်စင်ချီကို အားကုန်သုံး လှည့်ပတ်၍ ရန်ကိုင်၏ ရှီစွမ်းအင် ဖိနှိပ်မှုမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ချင်းတုန်နှင့်လင်းယုရောင်တို့က သူတို့အား မည်ကဲ့သို့ ထိုကဲ့သို့ အခွင့်အရေး ပေးနိုင်မည်နည်း။

ချင်းတုန်သည် တလက်လက် တောက်ပနေသေည့် ဒင်္ဂါးပြား ကဲ့သို့သော မှော်ရတနာကို ထုတ်၍ လေထဲသို့ ပစ်ထည့်လိုက်ရာ ထိုဒင်္ဂါးပြားသည် တစ်ပြားမှ နှစ်ပြား၊ နှစ်ပြားမှ လေးပြား၊ လေးပြားမှ ရှစ်ပြား စသဖြင့် အဆင့်ဆင့် ကွဲထွက်သွားလေ၏။

ချက်ချင်းဆိုသလို ကောင်းကင်တစ်ခုလုံး ရွှေရောင်ဒင်္ဂါးပြားများဖြင့် ပြည့်နှက်သွားခဲ့ပြီး ထိုဒင်္ဂါးပြားအားလုံးသည် မိုးသီးမိုးပေါက်များနှယ် ကျန်းချင်တို့ အဖွဲ့သားများပေါ်သို့ တစ်ပြိုင်နက် ကျဆင်းလာခဲ့လေသည်။

လင်းယု‌ရောင်ကမူ ဖဲကြိုးတစ်ချောင်းကို ထုတ်၍ လှုပ်မရ ဖြစ်နေသော မီးတောက်ဂိုဏ်းမှ ကျင့်ကြံသူများကို ချုပ်နှောင်ကာ အရိုးကျိုးသံများ ထွက်ပေါ်လာသည်အထိ ဖျစ်ညစ်သတ်ပစ်လေ၏။

ဖဲကြိုး သူမဆီ ပြန်ရောက်လာသည့် အချိန်၌ ပစ်မှတ်ထားခံရသော ကျင့်ကြံသူမှာမူ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျနေပြီး အသက်မေ့မေ့သာ ကျန်ရှိတော့လေသည်။

ရန်ကိုင်ကမူ ဝါးလုံးကွဲသာ ရယ်မောလျက် ကျန်းချင်ကိုသာ အာရုံစိုက်နေခဲ့သည်။ ချင်းတုန်နှင့် လင်းယုရောင်တို့သည် ကျန်းချင်အောက် အားနည်းခြင်း မရှိသည့်အတွက် ကျန်းချင်၏ အဖွဲ့သားများကို သူတို့နှစ်ယောက်ပေါင်း ကိုင်တွယ်နိုင်ပေသည်။

စူးရှသော အော်မြည်သံနှင့်အတူ မီးငှက်ဝိဥာဉ် ရန်ကိုင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

“သူ့ကိုသတ်” အမိန့်ပေးရင်း တစ်ချိန်တည်းတွင်း ရန်ကိုင်သည် ကျန်းချင်ဆီသို့ ပြေးဝင်သွားလေသည်။ မီးငှက်သည် ဘုံကိုးဆင့်မှ ကျဆင်းလာသော ကြယ်ပျံတစ်စင်းနှယ် ကျန်းချင်းဆီသို့ ထိုးဆင်းသွားပြီး ၎င်း၏ ပါးစပ်ကိုဟလျက် မီးဘောလုံးများကို ပစ်လွှတ်လိုက်လေသည်။

ကျန်းချင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ အခြေအနေသည် ဤကဲ့သို့ အထက်အောက်ပြောင်းပြန် လှန်လိုက်သလို ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင်နှင့် မီးငှက်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်ဆိုပါက သူ့အပေါင်းအပါများ၏ အော်ဟစ်သံများကြောင့် ကျန်းချင်မှာ တိုက်ပွဲအပေါ်တွင် အပြည့်အဝ အာရုံမစိုက်နိုင် ဖြစ်နေခဲ့ရလေသည်။

အသက်သုံးရှိုက်စာအတွင်း၌ ကျန်းချင်သည် သူ့ဝမ်းဗိုက်အား ရန်ကိုင်၏ ကောင်းကင်အပြစ်ပေးလှံတံဖြင့် ထိုးစိုက်ခြင်း ခံလိုက်ရသည်။ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ မီးငှက်သည် ကျန်းချင်ခေါင်းပေါ်သို့ မီးဘောလုံးတစ်လုံး ပစ်လွှတ်လိုက်လေသည်။

ကျန်းချင်ဆံပင် မီးကျွမ်းသွားပြီး သူ့တစ်ကိုယ်လုံးလည်း စုတ်ပြတ်သွားခဲ့သည်။ ကျန်းချင်သည် ရန်ကိုင်အား အံကြိတ်၍ မုန်းတီးစွာ စိုက်ကြည့်နေရင်း ရုတ်တရက် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ဆီမှ လျှပ်ပန်းလျှပ်နွယ်တို့ ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်သည် ကျန်းချင် အကာအကွယ် လစ်ဟင်းနေသည်ကို အခွင့်ကောင်းယူ၍ ရွှေရောင်သွေးမျှင်ကိုသုံးကာ ကျန်းချင်အား ဖမ်းဆီးလိုက်လေသည်။

ကျန်းချင်အား လှောင်ပြုံးပြုံးကြည့်ရင်း ပြုံးလျက် ရန်ကိုင်က လေသံတိုးတိုးဖြင့် ပြောလိုက်လေသည် “မင်းအာကာယံ မိုးကြိုးမီးတောက်ကို သုံးပြီး ငါ့ကိုပါ ဆွဲခေါ်သွားဖို့ လုပ်နေတာ ငါမသိဘူးများ မှတ်နေလား”

“မင်းဘယ်လိုသိတာလဲ” ကျန်းချင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေ။

“ဧကရာဇ်ဥယျာဉ်ထဲမှ မင်းတို့ဂိုဏ်းက ကောင်တွေကို သတ်ဖူးတာပဲဟာကို၊ ငါဘာလို့ မသိရမှာလဲ” ရန်ကိုင်က လှောင်ရယ်ရယ်လိုက်ပြီး ကျန်းချင်အား ချုပ်နှောင်ထားသည့် ရွှေရောင်သွေးမျှင်အား တင်းအားကို ရုတ်တရက် မြှင့်ချလိုက်လေသည်။

ခရက်…

အက်ကွဲသံနှင့်အတူ ကျန်းချင်ပတ်လည်ရှိ သူတော်စင်ချီ အကာအကွယ် ပျက်စီးသွားပြီး ရွှေရောင်သွေးမျှင်၏ ဖြတ်တောက်မှုအောက်တွင် သူ့တစ်ကိုယ်လုံး အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့လေသည်။

ဤသို့ဖြင့် တိုက်ပွဲ ပြီးဆုံးသွားခဲ့လေသည်။

တိုက်ပွဲစသည့်အချိန်မှ ဆုံးသည့်အချိန်ထိ အသက် ဆယ်ရှိုက်စာခန့်သာ ကြာမြင့်ခဲ့သည်။ တိုက်ပွဲကို ကြည့်နေသည့် လူများမှာမူ ယခုအချိန်ထိ ဘာဖြစ်လို့ ဖြစ်သွားမှန်းကို သေချာ နားမလည်နိုင်ကြသေး။

မီးတောက်ဂိုဏ်းမှ ခြောက်ယောက်စလုံး အသတ်ခံလိုက်ရချိန် ရန်ကိုင်တို့ သုံးယောက်မှာမူ အကောင်းအတိုင်း ရှိနေကြသေး၏။

တိုက်ပွဲကို စောင့်ကြည့်နေသူအားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကုန်ကြလေပြီ။

ရန်ကိုင်ကို ကြည့်နေကြသည့် သူတို့အား အကြည့်များမှာလည်း မယုံကြည်နိုင်စရာ မွန်းစတားတစ်ကောင်ကောင်ကို ကြည့်နေသည့် အကြည့်များနှယ် ဖြစ်ကုန်ကြလေတော့သည်။

ဤတိုက်ပွဲတွင် ရန်ကိုင်၏ အခန်းကဏ္ဍ မည်မျှ အရေးပါကြောင်း သူတို့ကောင်းကောင်း သိပေသည်။

ရန်ကိုင် တစ်ယောက်တည်းဖြင့် ကျန်းချင်တို့ တစ်ဖွဲ့လုံးကို ဖိနှိပ်သွားခဲ့သည်ဟု ပြောလျှင်ပင် မမှားချေ။ သူ့ရှီကြောင့်သာ မဟုတ်လျှင် ချင်းတုန်နှင့် လင်းယုရောင်တို့ ကျန်လေးယောက်ကို အလွယ်တကူ သတ်နိုင်ခဲ့လိမ့်မည် မဟုတ်။

ရန်ကိုင်ရှီ၏ ဖိနှိပ်မှုအောက်တွင် ကျန်းချင်တစ်ယောက်သာ သူ့ရှီအား အနည်းငယ် ထုတ်ဖော်နိုင်ပြီး ကျန်းလေးယောက်မှာ သူတို့၏ ရှီကို အရှင်း မထုတ်ဖော်နိုင်ကြပေ။

ရှီစွမ်းအင်အား အသုံးမပြုနိုင်သော တန်ခိုးရှင်အဆင့် တစ်ယောက်ကို တန်ခိုးရှင်အဆင့် ပညာရှင်တစ်ဦးဟုပင် ခေါ်၍ ရပါသေးသလော။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၀၃)

ကျန်းချင်တို့ တစ်ဖွဲ့လုံး တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဟု မခံစားရဘဲ တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဟုပင် ခံစားလာရသည်။

နယ်ပယ်ကျောက်တုံးတောင် တစ်ဝိုက်တွင် စုဝေးနေသူများလည်း ရန်ကိုင်ကိုသာ အာရုံစိုက်နေကြတော့လေသည်။

ထိုတန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသည့် လူငယ်လေးသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းသည့် ပညာရှင်တစ်ဦး ဖြစ်နေမှန်းကို အကုန်လုံး နားလည်လိုက်ကြလေပြီ။

ရန်ကိုင်တို့နားတွင် စုဝေးကြသော အဖွဲ့တော်တော်များများသည် သူနှင့် ခပ်ဝေးဝေးမှ ဆုတ်သွားကုန်ကြလေသည်။

ကျန်းချင်၏ အလောင်းထက် ခရမ်းရောင်မိုးကြိုးမီးတောက်တစ်ခု လွင့်မျောနေခဲ့သည်။ ထိုမိုးကြိုးမီးတောက်ထဲတွင် ချစ်ချစ်တောက် ပူလောင်သော အပူဓါတ်တို့ ကိန်းအောင်နေရုံမ ပြင်းထန်လှသော မိုးကြိုးစွမ်းအင်တို့လည်း ကိန်းအောင်းနေပေသေည်။

ထိုမိုးကြိုးမီးတောက် ပေါ်လာသည်နှင့် တစ်ပြိုင်နက် မီးငှက်သည် အရသာရှိသည့် စားစရာတစ်ခုကို တွေ့လိုက်သည့်နှယ် ချက်ချင်း အောက်သို့ ထိုးဆင်းသွားပြီး ထိုမိုးကြိုးမီးတောက်ကို ဝါးမြိုပစ်လိုက်လေသည်။

“ပြန်လာခဲ့” ရန်ကိုင်မှ လှမ်းခေါ်လိုက်သည့်အခါ မီးငှက်သည် မီးတောက်အသွင်သို့ ပြောင်းလျက် ရန်ကိုင်၏ ကိုယ်ထဲသို့ ပြန်လည် တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။

ထို့နောက် ဘေးဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ လူအုပ်ကြီး တစ်ခုလုံးသည် သူ့အား မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သို့သော် ရန်ကိုင် သူတို့ကို ကြည့်လာမှန်း သတိပြုမိလိုက်သည်နှင့် လူတော်တော် များများသည် ရန်ကိုင်၏ ပစ်မှတ်ထားခြင်း ခံရမည်ကို ကြောက်ရွံ့သည့်အလား သူ့အကြည့်ကို အလျင်အမြန် ရှောင်ဖယ်သွားကြလေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင်က ရယ်မောလျက် အော်ပြောလိုက်လေသည် “စိတ်ပူမနေနဲ့။ ကျုပ်ကို လာရန်မစရင် ကျုပ်ကလည်း ဘယ်သူ့ကိုမှ သွားရန်စမှာ မဟုတ်ဘူး။ ကျုပ်က နေရာလေးတစ်ခု လိုချင်ရုံပဲ။ ကျန်တဲ့ နေရာတွေကိုတော့ ခင်ဗျားတို့ဘာသာ ကြိုက်တာလုပ်”

ထိုစကားကို ကြားလိုက်သည့်အခါမှပဲ ကျင့်ကြံသူများစွာ စိတ်သက်သာရာ ရသွားခဲ့ကြလေသည်။

ရန်ကိုင် ပြသသွားသည့် ခွန်အားအရ သူ၏ ပစ်မှတ်ထားခြင်း ခံရသည့် မည်သည့်အဖွဲ့မဆို အဆုံးသတ် ကောင်းလိမ့်မည် မဟုတ်ချေ။ ကျန်းချင်တို့ အဖွဲ့တွင် စုစုပေါင်း တန်ခိုးရှင် တတိယ အဆင့် ပညာရှင် ခြောက်ယောက်ရှိခဲ့သော်လည်း ခြောက်ယောက်စလုံး ဘာမှလုပ်ချိန်ပင် မရလိုက်ဘဲ သေသွားခဲ့ကြရသည်။ ဤနေရာတွင် အားအကောင်းဆုံး အဖွဲ့လျှင်ပင် စုစုပေါင်းမှ ကိုးယောက်သာ ရှိလေရာ မည်သည့် အဖွဲ့မှ ရန်ကိုင်၏ အားကောင်းသော တိုက်ခိုက်မှုနှင့် ရှီစွမ်းအင်၏ လက်အောက်မှ အသက်ရှင်လျက် လွတ်မြောက်နိင်လိမ့်မည်ဟု ယုံကြည်ချက် မရှိကြချေ။

“ခင်ဗျားတို့ဘာသာ ဆက်ပြီးကျင့်ကြံနေနှင့်။ အခု ဘယ်သူမှ ကျုပ်တို့ကို လာပြီး ပြဿနာ မရှာရဲလောက်တော့ဘူး” ရန်ကိုင်က ချင်းတုန်နှင့် လင်းယုရောင်တို့ကို ပြောလိုက်သည်။

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ပင်လျှင် ဘာဖြစ်လို့ဖြစ်သွားမှန်းကို သေချာ နားမလည်နိုင် ဖြစ်နေပေသေးသည်။

ရန်ကိုင် လှုပ်ရှားလိုက်သည်ကို မြင်သည့်အတွက် သူတို့လည်း ချက်ချင်း တိုက်ပွဲထဲ ဝင်ပါခဲ့သည်။ သို့သော် တိုက်ပွဲသည် ဤမျှ လွယ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။ အတော့်ကိုမှ ခက်ခက်ခဲခဲနှင့် တိုက်ခိုက်ရလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အဆုံးသတ်ရလဒ်သည်ကား ရန်သူ ခြောက်ယောက်အား ဘာမှသိပ်ပြီး အာမစိုက်လိုက်ရဘဲ သတ်လိုက်နိုင်ခြင်းပင်။

“ရန်ကိုင်၊ မင်းထပ်အားကောင်းလာပြန်ပြီပဲ။ သွေးအကျဉ်းထောင်ထဲမှာ တော်တော်လေး ရလိုက်တယ်နဲ့ တူတယ်” ချင်းတုန်သည် ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်၍ ပြောလိုက်သည်။

ရန်ကိုင် အရိပ်ကြယ်ပေါ်ရှိ အင်အားစုကြီးသုံးခုကို တိုက်ခိုက်စဉ်က သူလည်း ရှိနေခဲ့သည်။ ထိုစဉ်က ရန်ကိုင်သည် ဤမျှ အားကောင်းခြင်း မရှိသေးချေ။ သို့သော်လည်း ယနေ့တွင် ရန်ကိုင်၏ ခွန်အားသည် ယခင်နှင့်စာလျှင် သိသိသာသာ တိုးတက်လာသည်ဟု ခံစားနေမိသည်။ သူပင်လျှင် ရန်ကိုင် မည်မျှ အားကောင်းမှန်း မပြောနိုင်တော့ချေ။

“အဲ့လိုမျိုးပေါ့” အသေးစိတ် ရှင်းပြမနေချင်တော့သည့်အတွက် ရန်ကိုင်သည် လိုတိုရှင်းသာ ပြန်ပြောလိုက်သည်။

ချင်းတုန်သည် ခေါင်းညိတ်လိုက်ပြီး ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ သူ့ဘာသာ ပြန်ကျင့်ကြံတော့မည်အပြု ရုတ်တရက် ပြောလိုက်လေသည် “ဒါနဲ့ရန်ကိုင်၊ ရောင်းရင်းကျောင်းကို…”

“ခင်ဗျားတို့ပဲ ဆုံးဖြတ်လိုက်” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်ပြီးနောက် တင်ပလင်ခွေ ထိုင်ချလိုက်၏။

ချင်းတုန်သည် ခေါင်းညိတ်လိုက်ပြီး ခဏမျှ စဉ်းစားပြီးနောက် ကျောင်းထျန်ကျဲ ရပ်နေရာဆီသို့ လမ်းလျှောက်သွားလိုက်လေ၏။

ခဏအကြာတွင် ကျောင်းထျန်ကျဲ အနည်းငယ် ခပ်ရှက်ရှက် အမူအရာဖြင့် ပြန်ရောက်လာခဲ့သည်။ နေရာလပ်တစ်ခုရှာ၍ ထိုင်လို်ပြီးနောက် ရန်ကိုင်အား ရှုပ်ထွေးသည့် အမူအရာဖြင့် လှမ်းကာ ကြည့်လိုက်လေသည်။

သူတကယ်ကို ရှက်နေမိလေပြီ။ အစောပိုင်းက သေမှာကို ကြောက်သည့်အတွက် ထွက်ပြေးခဲ့သည်။ ယခု ရန်သူအားလုံး အသတ်ခံလိုက်ရချိန် ဘာမှမကူညီလိုက်ဘဲ အကျိုးအမြတ်ကို လာရောက်ခံစားနေသည်။ သူ့အပြုအမူနှင့် ပက်သက်၍ သူ့ကိုယ်သူ တကယ် ရှက်မိနေခဲ့သည်။

အခြား တစ်ခုခုသာ ဆိုလျှင်တော့ သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ငြင်းလိုက်မိမည်မှာ အမှန်ပင်။

သို့သော်လည်း နယ်ပယ်ကျောက်တုံးတောင်သည် အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းလွန်းနေသည်။ ထို့ကြောင့် သူ့အပြုအမူနှင့် ပက်သက်ရှင် ရှက်နေသည်ဆိုလျှင်ပင် အံကြိတ်၍ ပြန်လာခဲ့ခြင်း ဖြစ်သည်။ တင်ပလင်ခွေ ထိုင်ချလိုက်သည်နှင့် တစ်ပြိုင်နက် ရှက်ရွံ့မှုကြောင့် သူ့မျက်နှာတစ်ပြင်လုံး ရဲတက်သွားခဲ့လေ၏။

“ရောင်းရင်းကျောင်း အဲ့အကြောင်းကို သိပ်တွေးမနေနဲ့။ ရန်ကိုင် အကြောင်း မသိတဲ့လူတိုင်း အဲ့လို ဆုံးဖြတ်ချမိမှာပဲ။ ရောင်းရင်းကျောင်း ဘာမှ တောင်းပန်နေစရာမလိုဘူး။ ရောင်းရင်းကျောင်း စိတ်ဓါတ်ကို ငါသိပြီးသား” ချင်းတုန်က နှစ်သိမ့်ပေးလိုက်လေသည်။

ကျောင်းထျန်ကျဲ ခါးသက်စွာပြုံးလိုက်ပြီး ရန်ကိုင်အား လှမ်း၍ ကြည့်လိုက်သည်။ သို့သော်ငြား ရန်ကိုင်သည် စကားပြောမည့်ပုံ မရဘဲ သူ့ဘာသာ မလှုပ်မယှတ် ထိုင်နေသည်ကို မြင်သော် သက်ပြင်းသာချ၍ ပြောလိုက်လေသည် “ဒီကျန်း ဒီအတွက် မင်းတို့ကို တကယ် ကျေးဇူးတင်တယ်”

စကားများများပြောရန်ပင် ရှက်မိနေလေပြီ။ ချင်းတုန်ကမူ ဘာမှ ကိစ္စမရှိကြောင်း ပြောလိုသည့်နှယ် ကျောင်းထျန်ကျဲ၏ ပခုံကိုသာ ပုတ်ပေးလိုက်သည်။

လက်ရှိ နယ်ပယ်ကျောက်တုံးတောင် တစ်ဝိုက်ရှိ အဖွဲ့များ သိမ်းယူထားသည့် နေရာလွတ်များထဲတွင် ရန်ကိုင်တို့ အဖွဲ့၏ နေရာလွတ်သည် အကြီးဆုံး ဖြစ်နေခဲ့လေပြီ။ သူတို့ အဖွဲ့ အရေအတွက်မှာ လေးယောက်သာ ရှိသော်ငြား မည်သူမှ သူတို့နားသို့ မချဉ်းကပ်လာရဲကြ။ လောလောလတ်လတ်ကမှ သေသွားသည့် အလောင်းများသည် ရန်ကိုင်တို့ နေရာအား မျက်စောင်းထိုးချင်နေသည့် လူများအား လက်တွန့်သွားစေနိုင်၏။

နယ်ပယ်ကျောက်တုံးတောင်သို့ လူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ကြသည်။ အသစ်ရောက်လာသည့် လူများသည် ရန်ကိုင်တို့ အဖွဲ့အရေအတွက်နှင့် သူတို့ ယူထားသည့် နေရာလပ်ကြီးကို မြင်သော် ထိုနေရာကို လုယူချင်သွားကြ၏။ သို့သော်လည်း ရန်ကိုင်တို့ အနားပတ်လည်ရှိ အလောင်းများကို မြင်လိုက်သည့်အခါတွင်မူ ထိုအကြံကို လက်လျှော့လိုက်ကြတော့သည်။

နေ့တစ်ဝက်ကြာပြီးနောက်တွင် နယ်ပယ်ကျောက်တုံးတောင် ပတ်လည်ရှိ ကျင့်ကြံသူ အရေအတွက်မျာ နှစ်ရာခန့် အထိပင် ရောက်ရှိလာခဲ့သည်။ သို့သော်ငြား ထိုမျှနှင့်ပင် ရပ်တန့်သွားခြင်း မရှိသေးဘဲ လူအရေအတွက်မှာ တရိပ်ရိပ် ထပ်တိုးလာနေသေး၏။

လူများများ ရောက်လာသည့်အလောက် ပဋိပက္ခများလည်း ပိုဖြစ်လာကြသည်။

လူအရေအတွက်များသည့် လူများသည် နေရာကောင်းများကို လုယူချင်ကြသလို အရင်နေရာဦးထားသည့် လူများကလည်း သူတို့၏ နေရာကို မပေးချင်ကြချေ။ ထိုသို့ဖြင့် နေရာလုပွဲများ ဖြစ်ပွားကုန်ကြလေသည်။

ဤသို့ဖြင့် နယ်ပယ်ကျောက်တုံးတောင်၏ ပတ်ပတ်လည်သည် တန်ခိုးရှင်တတိယအဆင့်များ ကျဆုံးရာ သင်္ချိုင်းတစ်ခု ဖြစ်လာတော့၏။

သို့သော်လည်း အခြားနေရာများတွင် မည်မျှ တိုက်ပွဲ ပြင်းထန်နေစေကာမူ ရန်ကိုင်တို့ ရှိနေသည့် နေရာမှာမူ လုံးဝကို ငြိမ်းချမ်းနေခဲ့သည်။ မည်သူမှ သူတို့နေရာကို လာမလုရဲကြပေ။

လူနည်းနည်းလေးနှင့် နေရာအကျယ်ကြီး ယူထားသည့်အပြင် သူတို့နှင့် အနီးတစ်ဝိုက်၌ မည်သူမှ မရှိသည်ကို ထောက်ရှုကြည့်ချင်းဖြင့် သွားမရှုပ်သင့်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း သိနိုင်ပေသည်။ ဦးနှောက်ရှိသည့် လူတိုင် ထိုမျှလောက်တော့ သိကြပေသည်။

ထို့အတွက်ကြောင့် ချင်းတုန်၊ လင်းယုရောင်နှင့် ကျောင်းထျန်ကျဲတို့သည့် နယ်ပယ်ကျောက်တုံးတောင်မှ နယ်ပယ်၏ စွမ်းအားကို စိတ်အေးလက်အေးဖြင့် နားလည်ဆင်ခြင်နိုင်နေတော့၏။

ရန်ကိုင်ကမူ တင်ပလင်ခွေထိုင်သာ ချင်းတုန်တို့အား စောင့်ကြပ်ပေးနေခဲ့သည်။ သို့သော်လည်း နယ်ပယ်ကျောက်တုံးတောင်ကို ကြည့်နေသည့် သူ့မျက်နှာထက်၌ ထူးဆန်းသော အပြုံးတစ်ပွင့် ရှိနေသည်ကို မြင်တွေ့နိုင်ပေသည်။

ထိုအပြုံးမှာ သူ့အိပ်ကပ်ထဲ ရောက်နှင့်နေပြီ ဖြစ်သည့် အရာတစ်ခုကို ကြည့်နေသည့် အပြုံးမျိုးဖြစ်သည်။

တစ်ရက်ကြာပြီးနောက်တွင် ကျင့်ကြံနေကြသည့် ကျင့်ကြံသူများ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ နယ်ပယ်ကျောက်တုံးတောင်မှ ထွက်ပေါ်နေသည့် အရှိန်အဝါ တဖြည်းဖြည်း အားနည်းလာသည်ကို သူတို့ သတိပြုမိလိုက်ကြသည်။ အစပိုင်းတွင် သူတို့ အထင်မှားနေခြင်း ဖြစ်လောက်မည်ဟုသာ ထင်မိကြသော်ငြား သေချာစစ်ဆေးကြည့်လိုက်သည့်နောက် သူတို့ အထင်မှားနေခြင်း မဟုတ်မှန်း တွေ့ရှိလိုက်ရသည်။

နယ်ပယ်ကျောက်တုံးဆီမှ ဖြာထွက်နေသော နယ်ပယ်၏ စွမ်းအားသည် တဖြည်းဖြည်းချင်း အားနည်းလာနေခဲ့သည်။

နှစ်ရက်ကြာပြီးနောက်တွင် ကျင့်ကြံသူများစွာ ထိုအချက်ကို သတိပြုမိလာခဲ့လေ၏။

ထိုအခါ တီးတိုးသံများ လူအုပ်ကြားထဲ ထွက်ပေါ်လာခဲ့လေသည်။

“ဘာတွေဖြစ်နေတာလဲ။ အခုမှ ရက်နည်းနည်းလေပဲ ရှိသေးတာ မဟုတ်ဘူးလား။ ဘာလို့ နယ်ပယ်ကျောက်တုံးတောင်ရဲ့ အရှိန်အဝါက ဒီလောက်တောင် အားနည်းလာတလဲ”

“မင်းလည်း သတိပြုမိတာလား။ ငါအထင်မှားတာပဲလို့တောင် ထင်နေတာ။ တကယ်ကြီး ဖြစ်နေလိမ့်မညလို့ မထင်ထားဘူး”

“လူတွေအများကြီး စုပြုံစုပ်ယူနေလို့များ ဖြစ်မလား”

“ဘာမှမဆိုင်ဘူး။ နယ်ပယ်ကျောက်တုံးတောင် ပေါ်လာတိုင်း လူတွေအများကြီး လာကြတာချည်းပဲ။ အရင်တုန်းကဆို ဒီထက်တောင် လူများသေးတယ်။ နယ်ပယ်ကျောက်တုံးတောင် တစ်ခုခု ဖြစ်သွားတဲ့အကြောင်း မင်းကြာဖူးလို့လား။ အခုကျမှ ဘာလို့ ဒီလို လာဖြစ်နေမှန်းမသိဘူး”

“နယ်ပယ်ကျောက်တုံးတောင် အလုပ်မလုပ်လုပ်တော့တာလား”

“အပိုတွေ လျှောက်တွေးမနေနဲ့တော့။ အချိန်ရှိတုန်းလေးသာ မြန်မြန် လေ့ကျင့်ထားလိုက်”

နယ်ပယ်ကျောက်တုံးတောင်၏ ထူးဆန်းသော ပြောင်းလဲမှုကြောင့် ကျင့်ကြံသူများစွာ ရင်တထိတ်ထိတ် ဖြစ်လာကြပြီး နယ်ပယ်၏ စွမ်းအားကို နားလည်နိုင်ရန် မီးကုန်လမ်းကုန် ကြိုးစားကြတော့၏။

တတိယမြောက်နေ့သို့ ရောက်လာသည့်အခါတွင်မူ အပြင်ဘက်ပိုင်းတွင် ရှိနေသော ကျင့်ကြံသူအားလုံး နယ်ပယ်ကျောက်တုံးတောင်မှ မည်သည့် အရှိန်အဝါကိုမှ မခံစားရတော့ချေ။ အတွင်းပိုင်းတွင် ရှိနေသော လူများသာ နယ်ပယ်ကျောက်တုံးတောင်၏ အရှိန်အဝါကို ခံစားနိုင်ကြတော့သည်။

လေးရက်မြောက်သို့ ရောက်လာသည့်အခါတွင်မူ အတွင်းပိုင်၌ ရှိနေသော လူများပင်လျှင် နယ်ပယ်ကျောက်တုံးတောင်၏ အရှိန်အဝါကို သိပ်မခံစားနိုင် ဖြစ်လာကြသည်။

နယ်ပယ်ကျောက်တုံးတောင်၏ အရှိန်အဝါသည် အောက်ဆုံး အခြေအနေသို့ ထိုးကျနေခဲ့လေပြီ။ ယခင်က ဤကဲ့သို့ တစ်ခါမှ မဖြစ်ဖူးချေ။ ယခုကျမှ ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေမှန်း သူတို့ လုံးဝ နားမလည်နိုင် ဖြစ်နေကြသည်။

ထိုအဖြစ်အပျက်ကို ကြည့်ရင်း ရန်ကိုင်၏ မျက်နှာကြီးမှာမူ ပိုပို၍ ပြုံးဖြီးလာနေခဲ့လေသည်။

ရုတ်တရက် အက်သံတိုးတိုးလေးတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုအသံမှာ အလွန်ကိုမှ တိုးသော်လည်း အကုန်လုံး သေသေချာချာ ကြားလိုက်ရသည်။ အသံကြားရာဆီသို့ လှမ်းကြည့်လိုက်သည့် အခိုက်တွင် အကုန်လုံး မျက်လုံးအပြူးသား ဖြစ်ကုန်ကြလေသည်။

“နယ်ပယ်ကျောက်တုံးတောင်မှာ ဘယ်လိုလုပ်ပြီး အက်ရာ ပေါ်လာရတာလဲ” တစ်ယောက်ယောက်က အလန့်တကြား အော်ပြောလိုက်သည်။

“ဘယ်လို၊ နယ်ပယ်ကျောက်တုံးတောင် အက်သွားတာလား။ မဖြစ်နိုင်ဘူး” လူအချို့ကမူ ထိုစကားကို မယုံကြချေ။

နယ်ပယ်ကျောက်တုံးတောင် ဆိုသည်မှာ မည်သည့် အရာနည်း။ ထိုတောင်သည် အလွန်ကြီးမားလှသော နယ်ပယ်ကျောက်တုံးကြီး ဖြစ်သည်။ ထိုကျောက်တုံးတောင် တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းသန်းနှင့်ချီ ကြာမြင့်နေခဲ့ပြီ ဖြစ်လေရာ ဘာကြောင့် ရုတ်တရက်ကြီး ထအက်ရမည်နည်း။

သို့သော်လည်း အချို့မှာ ထိုအမှန်တရာကို မယုံချင်ကြသော်ငြား နယ်ပယ်ကျောက်တုံးတောင်တွင်မူ အက်ရာများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေခဲ့လေသည်။ ထိုအက်ရာလေးများသည် မကြာမီ တောင်မျက်နှာပြင်တစ်လျှောက် ပင့်ကူအိမ်တစ်ခုနှယ် ပျံ့နှံ့လာခဲ့သည်။

ခရက်… ခက်…

“မကောင်းတော့ဘူး၊ နယ်ပယ်ကျောက်တုံးတောင် ပျက်စီးတော့မယ်”

“နယ်ပယ်ကျောက်တုံးတောင်ကြီး တကယ် ပျက်စီးတော့မှာလား။ ဟားဟား၊ ကောင်းလိုက်တဲ့ကံကွာ။ ဒီအဖေ ဒီနေရာကနေ ဘာမှ မရတော့ဘူး ထင်နေတာ။ ကောင်းကြီးက ငါ့ကို ကူညီပေးနေတာပဲ”

အကုန်လုံးသည် နယ်ပယ်ကျောက်တုံးတောင် ပျက်စီးရာမှ မည်သို့ အမြတ်ထွက်အောင် လုပ်ရမလဲ ကြံနေကြလေပြီ။

နယ်ပယ်ကျောက်တုံးတောင် တစ်ဝိုက်ရှိ အခြေအနေသည် ရုတ်ချည်းဆိုသလို တင်းမာလာခဲ့လေသည်။

ရန်ကိုင်၊ ငါတို့…” ချင်းတုန်သည် နယ်ပယ်ကျောက်တုံးတောင်ကို မီးတောက်မတတ် အကြည့်ဖြင့် စိုက်ကြည့်ရင်း တံတွေးတစ်လုတ် မျိုချလိုက်လေသည်။

သို့သော်လည်း ရန်ကိုင်ကမူ မျက်မှောင်သာကြုတ်၍ သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည်။ ချက်ချင်းဆိုသလို သူ့မျက်နှာအမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး အလန့်တကြား ထအော်တော့လေ၏ “ပြန်ဆုတ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၀၄)

“ပြန်ဆုတ်ရမှာလား” ချင်းတုန် အံ့အားသင့်သွားခဲ့သည်။

“ဟုတ်တယ်။ အခုပြန်ဆုတ်။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်” ရန်ကိုင်သည် အသေးစိတ် ရှင်းပြမနေတော့ဘဲ လင်းယုရောင်ကို ဆွဲခေါ်လျက် အလျင်အမြန် နောက်သို့ ပြန်ဆုတ်သွားလေသည်။

ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့ လုပ်နေမှန်း လင်းယုရောင် နားမလည်သော်ငြား ခုခံနေခြင်းမပြုဘဲ ရန်ကိုင် ခေါ်သွားရာအတိုင်း အလိုက်သင့် လိုက်သွားခဲ့သည်။

“ရောင်းရင်းချင်း…” ကျောင်းထျန်ကျဲသည် အံ့အားသင့်နေသည့် အမူအရာဖြင့် ချင်းတုန်အား လှမ်းကြည့်လိုက်သည်။

“ရန်ကိုင် ပြောတာကို နားထောင်လိုက်” ချင်းတုန်သည်လည်း အလင်းတန်းတစ်ခု အသွင်သို့ပြောင်းလျက် ရန်ကိုင်နောက်သို့ လိုက်သွားလေသည်။

ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့ပြောမှန်း သူမသိသော်ငြား ရန်ကိုင်ကို ယုံကြည်ရန်သာ ဆုံးဖြတ်လိုက်လေသည်။

သူတို့သုံးယောက် ပြန်ဆုတ်သွားသည်ကို မြင်သော် ကျောင်းထျန်ကျဲသည် ခဏမျှ တုန့်ဆိုင်းနေပြီးနောက် စိတ်ပိုင်းဖြတ်လျက် သူတို့နောက်သို့ ပြေးလိုက်သွားလေသည်။

နယ်ပယ်ကျောက်တုံးတောင်၏ မျက်နှာပြင်ထက်တွင် အက်ရာများ တစ်စတစ်စ တိုးများလာနေခဲ့သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နယ်ပယ်ကျောက်တုံး အပိုင်းအစများကို ရရှိနိုင်ရန်အတွက် နယ်ပယ်ကျောက်တုံးတောင်ဆီသို့ သူ့ထက်ငါ အလျင် ပြေးသွားကြနေလေသည်။

သို့သော်လည်း ရန်ကိုင်၏ အော်သံကို ကြားလိုက်သည့် လူအချို့မှာ တစ်ခုခု မှားယွင်းနေသည်အထင်ဖြင့် ရန်ကိုင်တို့ လုပ်သည့်အတိုင်း နယ်ပယ်ကျောက်တုံးတောင်ဆီသို့ ပြေးဝင်သွားကြခြင်း မပြုဘဲ နောက်သို့သာ ပြန်ဆုတ်နေလိုက်ကြ၏။

ရှင်းပြမရသည် တစ်ခုခု ဖြစ်နေသည်မှာတော့ သေချာသည်။ နယ်ပယ်ကျောက်တုံးတောင် ပျက်စီးသွားခဲ့လျှင် ဘာတွေ ဖြစ်လာမလဲ မည်သူမှ မပြောနိုင်ချေ။

သို့သော်လည်း နယ်ပယ်ကျောက်တုံး အပိုင်းအစ၏ ဆွဲဆောင်မှုကို လွန်ဆန်နိုင်သည့်လူ များများစားစား မရှိကြချေ။ အနည်းစုသာ နောက်သို့ ပြန်ဆုတ်နေကြခြင်း ဖြစ်ပြီး အများစုမှာမူ နယ်ပယ်ကျောက်တုံးတောင်ဆီသို့သာ ပြေးဝင်သွားနေကြသည်။

ခရက်…

နယ်ပယ်ကျောက်တုံးတောင် ပျက်စီးလုခါနီး ဖြစ်လာသည်နှင့်အမျှ အက်သံများ တစ်စတစ်စ ကျယ်လောင်လာခဲ့သည်။ အကုန်လုံး၏ မျက်စိရှေတည့်တည့်အောက်တွင် အက်ကြောင်းရာများသည် တဖြည်းဖြည်း ရှည်လျား ကြီးမားလာခဲ့လေသည်။

မကြာမီ နယ်ပယ်ကျောက်တုံးတောင် တစ်ခုလုံး ပြိုကျသွားပြီး မရေမတွက်နိုင်သော နယ်ပယ်ကျောက်တုံး အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

သို့သော်လည်း အကုန်လုံးအား ကြောင်သွားစေသည်မှာ ထိုတစ်ပိုင်းတစ်စ ဖြစ်နေသော နယ်ပယ်ကျောက်တုံး အပိုင်းအစများသည် နယ်ပယ်ဝဲကတော့များထဲတွင် တွေ့ရသော နယ်ပယ်ကျောက်တုံးများနှင့် တူညီမနေသည့် အချက်ပင်။ နယ်ပယ်ကျောက်တုံးတောင် ပျက်စီးသွားရာမှ ဖြစ်ပေါ်လာသော နယ်ပယ်ကျောက်တုံး အပိုင်းအစများသည် ပုစဉ်းရင်ကွဲ၏ တောင်ပံကဲ့သို့ ပါးလျလွန်းနေခဲ့သည်။

“မဖြစ်နိုင်ဘူး။ ဒါဆို နယ်ပယ်ကျောက်တုံးတောင်က တစ်ချိန်လုံး ဟောင်းလောင်းကြီး ဖြစ်နေတာပေါ့” တစ်ယောက်ယောက်က အလွန်အမင်း အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည်။

ထိုစက္ကူရွက်ကဲ့သို့ ပါးလျလွန်းလှသော နယ်ပယ်ကျောက်တုံး အပိုင်းအစများသည် နယ်ပယ်ကျောက်တုံးတောင် ဟောင်းလောင်း ဖြစ်နေခြင်းကို သက်သေသာဓက ပြုနေခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ထိုအပိုင်းအစများ ဘာကြောင့် ထိုမျှ ပါးနေမည်နည်း။ လက်ရှိ သူတို့ရှေ့ရှိ မြင်ကွင်းသည် အလယ်တွင် ဟောင်းလောင်း ဖြစ်နေသော ကြွေအိုတစ်လုံး ပြုတ်ကျကွဲနေကြသွားသည်နှင့်ပင် တူနေပေသည်။

ထိုမယုံကြည်နိုင်စရာ အမှန်တရားကို အကုန်လုံး လက်ခံရန် ခက်ခဲနေကြသည်။

သို့သော်ငြား ထိုအပိုင်းအစလေးများ မည်မျှပင် ပါးနေစေကာမူ ထိုအရာများသည် နယ်ပယ်ကျောက်တုံးများ ဖြစ်နေဆဲ။

ခဏမျှ မှင်သက်နေပြီးနောက်တွင် လူအုပ်ကြီးသည် ထိုအပိုင်းအစများ ရှိရာဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြပြန်၏။

နယ်ပယ်ကျောက်တုံးတောင် တစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်လေပြီ။

မှော်ရတနာမှ အလင်းရောင်းများ၊ သိုင်းပညာရပ်များမှ ထွက်ပေါ်လာသော အလင်းရောင်များသည် နယ်ပယ်ကျောက်တုံးတောင် တစ်ဝိုက် မီတာတစ်ရာ ပ တ်လည်သည် မျက်စိကျိန်းမတတ် လင်းထိန်းနေခဲ့လေ၏။ အော်ဟစ်သံများ အဆက်မပြန် ထွက်ပြေနေပြီး အနီရောင် သွေးစီးကြောင်းတို့မှာလည်း မြေပြင်တစ်လျှောက် အလျင်မပြတ် စီးကျနေခဲ့သည်။

ထိုပရမ်းပတာ အဖြစ်အပျက်ကြားဝယ်၊ ဘာမှန်းမသိရသော လှိုင်းတစ်လှိုင်းသည် နယ်ပယ်ကျောက်တုံးတောင် ရှိခဲ့ဖူးသည့် နေရာဆီမှ အလွန်တရာကိုမှ မြန်ဆန်သော အမြန်နှုန်းဖြင့် ရုတ်တရက် ဖြာထွက်လာခဲ့လေသည်။

ထိုစွမ်းအင်လှိုင်း၏ ရိုက်ခတ်ခြင်း ခံလိုက်ရသော ကျင့်ကြံသူ အားလုံးတို့၏ လှုပ်ရှားမှုအားလုံး ရပ်တန့်သွားကုန်ကြပြီး သူတို့၏ အမူအရာသည်လည်း တုန်လှုပ်နေရာမှ အလွန်ကိုမှ ခြောက်ချားထိတ်လန့်သွားသည့် အမူအရာ အဖြစ်သို့ ပြောင်းလဲသွားကုန်ကြလေသည်။

ထိုစွမ်းအင်လှိုင်း ရိုက်ခတ်ခံလိုက်ရချိန် သူတို့စိတ်ထဲ အလွန်ကိုမှ ရင်းနှီးကျွမ်းဝင်နေပြီး အန္တရာယ်များလွန်းသည့် အရှိန်အဝါတစ်ခုကို ခံစားမိလိုက်သည်။ နယ်ပယ်၏ စွမ်းအားပင်…

ထို့အပြင် ထိုနယ်ပယ်စွမ်းအားသည် အလွန်ကိုမှ အားကောင်းသည့် နယ်ပယ်တစ်မျိုး ဖြစ်သည်။

နယ်ပယ်ကျောက်တုံးတောင်၏ ထူးခြားသော နယ်ပယ်စွမ်းအားသည် ယခုအခါမှ ရုတ်တရက်ကြီး ပြန်ပေါ်လာသည့်နှယ်။

“မကောင်းတော့ဘူး။ ပြေးကြတော့” တစ်ယောက်ယောက်က ထအော်လိုက်လေသည်။

မည်သူမှ နယ်ပယ်ကျောက်တုံး အပိုင်းအစများကို လုယူရန် စိတ်ထဲထားမနေတော့ဘဲ သူတော်စင်ချီကို အဆုံးစွန်ထိ မြှင့်တင်၍ ခြေကုန်သုတ် ပြေးကြတော့လေသည်။

သို့သော်လည်း ယခုမှ ပြေးမှတော့ ဘယ်မှီပါတော့မည်နည်း။

ပထမတစ်လှိုင်း ပေါ်လာပြီးနောက်သည် နောက်တစ်လှိုင်း ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် တတိယ… တစ်လှိုင်းချင်း တစ်လှိုင်းချင်းစီသည် ယခင် တစ်လှိုင်းထက် ပိုပို၍ မြန်လာခဲ့လေသည်။

ချက်ချင်းဆိုသလို မရေမတွက်နိုင်သော လှိုင်းများသည် နယ်ပယ်ကျောက်တုံးတောင်၏ မီတာတစ်ထောင် ပတ်လည်ကို လွှမ်းခြုံသွားခဲ့လေသည်။

နယ်ပယ်ကျောက်တုံးတောင်၏ အစစ်အမှန် နယ်ပယ်စွမ်းအား ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ဟင်းလင်းပြင်ပါ စတင် တွန့်လိမ်လာခဲ့သည်။ ထိုနယ်ပယ်စွမ်းအားသည် တန်ခိုးရှင် တတိယအဆင့်သို့ ရောက်နေသော ပညာရှင် နှစ်ရာနီးပါးကို ဝါးမြိုရန် ကြိုးစားနေသည့် သားရဲကြီးတစ်ကောင်နှယ် စတင် ဝါးမြိုဖျက်စီးပစ်တော့လေသည်။

အဘက်ဘက်မှ ထွက်ပေါ်လာနေသော ကြောက်လန့်တကြား‌ အော်ဟစ်သံများသည် ကြားလိုက်သည့် လူတိုင်းအား ရင်တုန်ပန်းတုန် ဖြစ်သွားစေနိုင်သည်။ မည်သည့် တန်ခိုးရှင် အဆင့် ကျင့်ကြံသူမှ ထိုပြင်းထန်လှသော နယ်ပယ်စွမ်းအားကို မခုခံနိုင်ဘဲ ကြောက်မက်ဖွယ်ကောင်းသော နယ်ပယ် စွမ်းအားအောက်တွင် ချွင်းချက်မရှိ အသက်ပျောက်ကုန်ကြရ၏။

နယ်ပယ်စွမ်းအင်လှိုင်းများ၏ စက်ကွင်းအတွင်း၌ ရှိနေသော တန်ခိုးရှင်အဆင့် ကျင့်ကြံသူအားလုံး သွေးနီရောင်ပန်းများ အဖြစ်သို့ တဖောင်းဖောင်း ပေါက်ကွဲ ထွက်ကုန်ကြလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရချိန် နယ်ပယ်ကျောက်တုံးတောင်နှင့် မီတာထောင်နှင့်ချီအကွာမှ စောင့်ကြည့်နေသော ရန်ကိုင်တို့အဖွဲ့ သွေးဆုတ်ဖြူလျော်သွားကြလေသည်။

ကျောင်းထျန်ကျဲသည်သည် ထိုမြင်ကွင်းကိုကြည့်ရင်း တုန်တုန်ရီရီ ဖြစ်နေခဲ့သည်။

သူသာ လောဘနောက် လိုက်ခဲ့လျှင် မည်ကဲ့သို့ ဖြစ်မည်ကို အလွယ်တကူ မြင်ယောင်မိနေလေပြီ။ သူ့စိတ်ထဲ ရန်ကိုင်ကိုပင် ကျေးဇူးတင်မိသွားသည်။

ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် ဤနေရာသည် သူခေါင်းချရမည့် နေရာ ဖြစ်သွားရပေလိမ့်မည်။

ချင်းတုန်နှင့် လင်းယုရောင်တို့မှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း မျက်စိပျက် မျက်နှာပျက် ဖြစ်နေခဲ့ကြသည်။

တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် အခွင့်အလမ်း ရှိကြသည့် သူတို့နှင့် အဆင့်တူ ကျင့်ကြံသူများစွာတို့သည် ဤနေရာတွင် တစ်ချီတည်း ကျဆုံးသွားကုန်ကြလေသည်။

ထိုလူများသည် ပုရွတ်ဆိတ်များနှယ် ဘာမှ မခုခံနိုင်ဘဲ အသတ်ခံလိုက်ရခြင်းပင်…

တစ်ချိန်တည်းတွင် သွေးအကျဉ်းထောင်ထဲရှိ အခြေအနေကို ဇိမ်ပြေနေပြေဖြင့် စောင့်ကြည့်နေသော လော့ဟိုင်သည် မျက်နှာကြီးမဲ့လျက် ရုတ်တရက် ထရပ်လိုက်လေသည်။

“လူကြီးမင်းလော့ဟိုင်၊ ဘာဖြစ်လို့လဲ” လော့ဟိုင်၏ အမူအရာကို မြင်သော် အဘွားအိုကြီးက စိုးရီမ်တကြီး လှမ်းမေးလိုက်လေသည်။

“ဟုတ်တယ်။ အစ်ကိုလော့ဟိုင် ဘာတွေ ဒီလောက်တောင် စိုးရိမ်နေတာလဲ” လူအိုကြီးတစ်ဦးကလည်း မေးလိုက်လေသည်။

တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်လာသည့် လူတိုင်းသည် အလွန်ကိုမှ တည်ငြိမ်သော စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် သူတို့အား ထိတ်လန့်အံ့အားသင့်သွားအောင် လုပ်နိုင်သည့် အရာတစ်ခုမှာ လုံးဝ ပေါ့သေးသေး မဟုတ်နိုင်ချေ။ ထို့အပြင် လော့ဟိုင်သည် သာမန် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် တစ်ဦးပင် မဟုတ်ဘဲ ရှားမှရှားသည့် ကြယ်သခင်တစ်ဦးလည်း ဖြစ်သည်။ ကြယ်စီရင်စုကြီး တစ်ခုလုံးကို ထည့်တွက်လျှင်ပင်၊ လူရှေ့သူရှေ့ မည်သည့်အခါမှ ထွက်ပေါ်လာလေ့ မရှိတော့ဘဲ သက်တော်ရှည် အဘိုးအိုကြီးများမှလွဲ၍ လော့ဟိုင်ထက် သန်မာသည့်လူ လက်ချိုးရေ၍ ရပေသည်။

လော့ဟိုင်၏ ပြောင်းလဲသွားသော အမူအရာကို ကြည့်ရင်း သွေးအကျဉ်းထောင်ထဲ ဆိုးရွားသည့်ကိစ္စတစ်ခုခု ဖြစ်နေပြီမှန်း အကုန်လုံး သိလိုက်ကြသည်။

“နယ်ပယ်ကျောက်တုံးတောင် ပျက်စီးသွားပြီ”

“ဘယ်လို၊ အစ်ကိုလော့ဟိုင် နောက်နေတာတော့ မဟုတ်ပါဘူးနော်”

“ဟုတ်တယ်။ နယ်ပယ်ကျောက်တုံးတောင် ဘယ်လိုလုပ်ပြီး ပျက်စီးမှာလဲ”

“ဘယ်သူလုပ်တာလဲ။ အဲ့ဂျူနီယာတွေမှာ နယ်ပယ်ကျောက်တုံးတောင်ကို ဖျက်စီးနိုင်လောက်အောင် အစွမ်းထက်တဲ့ ဘယ်သူရှိလို့လဲ။ မရှိလောက်ဘူးလားလို့”

“လူကြီးမင်းလော့ဟိုင်၊ အဲ့ဒါ အမှန်ပဲလား” အဘွားအိုကြီးက လော့ဟိုင်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

“ဒီဘုရင် ဘာလို့ နောက်ရမှာလဲ’ လော့ဟိုင်က မျက်မှောင်ကြုတ်၍ “နယ်ပယ်ကျောက်တုံးတောင် ဘယ်လို ပျက်စီးသွားလဲတောာ့ ငါလည်း မသိဘူး။ ဒါပေမယ့် ပျက်စီးသွားတာတော့ သေချာတယ်”

အကုန်းလုံး အကြည့်ချင်းသာ ဖလှယ်လိုက်ကြပြီး လော့ဟိုင်ကို ပြန်၍ မေးခွန်းထုတ်မနေတော့ပေ။

လော့ဟိုင်သည် ဤနေရာ၏ ကြယ်သခင်တစ်ဦး ဖြစ်သည့်အတွက် အထဲတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို သူသေချာ သိလောက်သည်။ သူနောက်နေခြင်း မဟုတ်လောက်ပေ။

“ဟူး၊ နှမြောစရာကောင်းလိုက်တာ။ နယ်ပယ်ကျောက်တုံးတောင် ရှိနေတာ နှစ်ပေါင်းသောင်းနဲ့ချီနေပြီ။ အခုတော့ ပျက်စီးသွားပါပြီလား” အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၌ လူအိုကြီးက သက်ပြင်းချလိုက်လေ၏။ နယ်ပယ်ကျောက်တုံးတောင်သည် တောင်စိမ်းကြယ်တွင် ရှိနေခြင်း ဖြစ်သော်လည်း ထိုအရာသည် ကြယ်စီရင်စု တစ်ခုလုံးရှိ ကျင့်ကြံသူများအတွက် ရတနာကြီး တစ်ခုဖြစ်ပေသည်။ ထို့ကြောင့် ထိုကဲ့သို့သော ရတနာတစ်ခု ပျက်စီးသွားသည့်အပေါ် အကုန်လုံး နှမြောတသ ဖြစ်မိသည်မှာ သဘာဝသာ ဖြစ်သည်။

ထိုရတနာ ပျက်စီးသွားသည့်အတွက် အနာဂတ်တွင် ဤကြယ်စီရင်စုထဲ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ ထွက်ပေါ်လာနှုန်း လျော့ကျကောင်း လျော့ကျသွားနိုင်ပေသည်။

“လူကြီးမင်းလော့ဟိုင်၊ နယ်ပယ်ကျောက်တုံး ပျက်စီးသွားတာ ဆိုတော့လေ အဲ့နားမှာ ကျင့်ကြံနေတဲ့ ကျင့်ကြံသူတွေကကော” အဘွားအိုကြီးက ပိုပြီး လေးနက်သည့် ပြဿနာကို ထောက်ပြလိုက်လေသည်။

ထိုစကားကို ကြားသည့်အခါ အကုန်လုံး၏ အကြည့်သည် လော့ဟိုင်ဆီသို့ စုပြုံရောက်ရှိလာခဲ့လေသည်။

“တော်တော် သေသွားတယ်။ ဘယ်လောက်သေသွားလဲတော့ မပြောတတ်ဘူး။ ဒါပေမယ့် အနည်းဆုံး နှစ်ရာလောက်တော့ ရှိလိမ့်မယ်”

“နှစ်ရာတောင်” အဘွားအိုကြီး၏ မျက်နှာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ခါးသက်စွာပြုံးလျက် “ကြည့်ရတာ ဒီတစ်ကြိမ်တော့ အင်အားစုကြီးတွေ အဆုံးအရှုံး များပြီနဲ့တူတယ်”

သွေးအကျဉ်းထောင်သည် ယခင်ကတည်းက လူအသေအပျောက် များသည့်နေရာတစ်ခု ဖြစ်သည်။ အထဲသို့ ဝင်သွားသည့် လူတိုင်း လိုလိုသည် တန်ခိုးရှင်တတိယအဆင့်များသာ ဖြစ်ကြသည့်အတွက် ရတနာများ ရယူရေးအတွက် ပြိုင်ဆိုင်ရာတွင် တစ်ယောက်နှင့် တစ်ယောက် ကြောက်ရွံ့နေခြင်း မရှိကြဘဲ အချင်းချင်း သတ်ဖြတ်ရန် ကြိုးစားကြသည်။

သို့သော်လည်း ယနေ့အဖြစ်အပျက်ကြောင့် သွေးအကျဉ်းထောင်ထဲသို့ ဝင်သွားသည့် ကျင့်ကြံသူ အယောက် နှစ်ရာပတ်လည် အသတ်ခံလိုက်ရသည်။ ဤအဖြစ်အပျက်ကြောင့် ကြယ်စီရင်စုထဲ ဂိုဏ်းများစွာ ပျက်စီးမည့် လှိုင်းဂယက်တို့ ထွက်ပေါ်လာပေတော့မည်။ သွေးအကျဉ်းထောင်ထဲသို့ လာကြသည့် ကျင့်ကြံသူ တော်တော်များများသည် သူတို့ ဂိုဏ်းအသီးသီး၏ ထောက်တိုင်များ ဖြစ်ကြပေသည်။

“တတိယသခင်လေး မလာလိုက်တာ ကံကောင်းသွားတယ်။ မဟုတ်ရင်…” ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ အဘိုကြီးက ဇောချွေးပျံနေသည့် အမူအရာဖြင့် ဆိုလိုက်၏။

တတိယသခင်လေး ရွှယ့်ရွယ်သည် သွေးအကျဉ်းထောင်သို့ လာရောက်ပြီး ယှဉ်ပြိုင်ခဲ့၍ နယ်ပယ်ကျောက်တုံးတောင် ဆီသို့သာ သွားခဲ့ပါက…

လူအိုကြီး ဆက်မတွေးရဲတော့ချေ။

တတိယသခင်လေး ရွှယ့်ယွယ်သည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ အနာဂတ် မျှော်လင့်ချက် ဖြစ်သည်။

သွေးအကျဉ်းထောင်ထဲ၌… အစောပိုင်းက ဖြစ်ပျက်ခဲ့သော လှိုင်းဂယက် တစ်ဖန်ပြန်လည် ငြိမ်သက်သွားခဲ့လေပြီ။ သို့သော်ငြား အချိန်မှီ ပြန်မဆုတ်နိုင်ခဲ့သော ကျင့်ကြံသူများမှာ နယ်ပယ်စွမ်းအင်လှိုင်းအတွင် သေဆုံးသွားခဲ့သည့် အတွက် လက်ရှိတွင် စုစုပေါင်းမှ ကျင့်ကြံသူ သုံးဆယ်လောက်သာ ကျန်ရစ်တော့သည်။

ထိုလူများသည် ရန်ကိုင်၏ အော်သံကိုကြားပြီး လောဘဇောကို ချွန်းဖြင့်အုပ်၍ အချိန်မှီ နောက်ပြန်ဆုတ်ခဲ့ကြသူများ ဖြစ်ကြသည်။

ထိတ်လန့်တုန်လှုပ်နေရာမှ အသိပြန်ဝင်လာပြီးနောက်တွင် ရန်ကိုင်ဘက်သို့ လက်သီးဆုပ်၍ ကျေးဇူးတင်ကြောင်း ပြလိုက်၏။

နယ်ပယ်ကျောက်တုံးတောင်ကြီး မရှိတော့သဖြင့် မည်သူမှ ဤနေရာ၌ ဆက်မနေချင်ကြတော့ချေ။ အကုန်လုံးသည် လမ်းကြောင်းရွေးကာ သူတို့ သွားလိုသည့် နေရာများဆီသို့ အသီးသီး ခွဲထွက်သွားကုန်ကြလေသည်။

မကြာမီ ရန်ကိုင်တို့ လေးယောက်သာ ကျန်ရစ်ခဲ့တော့သည်။

“ဒီလူအိုကြီး အသက်ရှင်နိုင်ခဲ့တာ ဂိုဏ်းချုပ်ရန်ကြောင့်ပဲ။ ဂိုဏ်းချုပ်ရန်ကို ဘယ်လို ကျေးဇူတးင်လို့ ကျေးဇူးတင်ရမှန်းတောင် မသိဘူး။ သွေးအကျဉ်းထောင်ထဲကနေ ထွက်လာခဲ့ရင် ကျုပ်တို့ တောင်စိမ်းမြို့ဆီ လာနိုင်ရင် လာခဲ့ပါ ဂိုဏ်းချုပ်ရန်၊ ဂိုဏ်းချုပ်ရန်ကို ဒီကျောင်း အကောင်းမွန်ဆုံး ဧည့်ခံပေးပါ့မယ်” ကျောင်းထျန်ကျဲက ရန်ကိုင်အား လေးလေးစားစား ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

ရန်ကိုင်ကမူ ပြုံးလျက် “မြို့သခင်ကျောင်း ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး။ ကျုပ်ဘာမှ ဒီလောက်ကြီး လုပ်လိုက်တာမှ မဟုတ်တာ။ ဒါတွေအားလုံး ပြီးသွားရင်တော့ ရေစိမ်းမြို့တော်ဆီ ကျိန်းသေ လာဖြစ်လိမ့်မယ်။ အဲ့အခါကျမှ မြို့သခင်ကျောင်း စိတ်ညစ်မသွားနဲ့နာ်”

ချင်းယွဲ့သည် စုယန်တို့အကြောင်း စုံစမ်းရန်အတွက် ရေစိမ်းမြို့တွင် နေခဲ့သည့်သဖြင့် ဤကိစ္စကြီး ပြီးသွားလျှင် ရန်ကိုင် သူမကို သွားပြန်ခေါ်ရပေဦးမည်။

“ဘယ်ကသာ” ကျောင်းထျန်ကျဲက အလျင်အမြန် လက်ဝှေ့ရမ်းလိုက်ပြီး ပြုံးလျက် “ဂိုဏ်းချုပ်ရန် လာလည်တာ ဒီကျောင်းအတွက် ဂုဏ်ယူတောင် ရှိသေးတာကို ဘယ်လိုလုပ်ပြီး စိတ်ညစ်ရမှာလဲ”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ချင်းတုန်နှင့် လင်းယုရောင်တို့ ဘက်သို့ လှည့်၍ “သွားရင် သေချာသတိထားသွားဦးနော်”

ထိုစကားကို ကြားသည့်အခါ လင်းယုရောင်က အနည်းငယ် စိတ်ပျက်သွားသည့် လေသံဖြင့် “ဂိုဏ်းချုပ် ကျွန်မတို့နဲ့ မလိုက်ဘူးလား”

“မလိုက်တော့ဘူး။ ကျုပ်မှာ လုပ်စရာရှိသေးတယ်” ရန်ကိုင် ခေါင်းခါလိုက်သည်။ ချီယွဲ့ တောင်းဆိုထားသည့် တန်ခိုးရှင် အဆီအနှစ် ကျောက်တုံးကို သူမယူရသေးချေ။ မွန်းစတား အသွင်ပြောင်းလဲခြင်း ပညာရပ်၏ အခြားတစ်ဝက်သည် ယုရှုန်း၏ လက်ထဲတွင် ရှိနေသဖြင့် ရန်ကိုင်အဖို့ တန်ခိုးရှင်အဆီအနှစ် ကျောက်တုံးအား သွားရှာကို ရှာရပေဦးမည်။

သူ့ကိုယ်ထဲရှိ စွမ်းအားကို ရန်ကိုင် တကယ်ကို အသုံးပြုချင်နေမိ၏။ မွန်းစတားအသွင်ပြောင်းလဲခြင်း ပညာရပ်ဖြင့်သာ ထိုစွမ်းအားကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်သဖြင့် မွန်းစတား အသွင်ပြောင်းလဲခြင်း ပညာရပ်ကို ရအောင် ယူရပေလိမ့်မည်။

“အဲ့ဒါဆို မင်းလည်း သတိထားဦးနော်။ ဒီကို လာတဲ့လူတွေထဲမှ မင်းပြိုင်ဘက် ဖြစ်နိုင်တဲ့လူ တစ်ယောက်မှ မပါဘူးဆိုပေမယ့် နယ်ပယ်ဝဲကတော့တွေကိုတော့ သတိထားဦး” ချင်းတုန်က သတိပေးလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၀၅)

“ကျုပ်သိတယ်” ရန်ကိုင်က ပြုံးလျက် “ဒါဆို ဒီမှာပဲ လမ်းခွဲကြတာပေါ့။ ဒါတွေအားလုံး ပြီးသွားရင်း ရေစိမ်းမြို့မှာ ပြန်တွေ့ကြတာပေါ့”

ရန်ကိုင်သည် လက်သီးဆုပ်နှုတ်ဆက်ပြီးနောက် အလင်းတန်း တစ်ခုအသွင်သို့ ပြောင်း၍ ချင်းတုန်နှင့် အခြားသူများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

“သွားကြရအောင်” ချင်းတုန်က ပြောလိုက်သည် “ဒီတစ်ကြိမ် လူတွေအများကြီး သေသွားတာဆိုတော့ အရင်ကလောက် အန္တရာယ် သိပ်မများလောက်တော့ဘူး။ ဒီအချိန်က အခွင့်အလမ်းတွေ ရှာလို့အကောင်းဆုံး အချိန်ပဲ”

“ရောင်းရင်းချင်း ပြောတာမှန်တယ်” ကျောင်းထျန်ကျဲ၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့လေသည်။

နယ်ပယ်ကျောက်တုံးတောင်မှ မိုင်တစ်ရာအကွာခန့်၊ မည်သည်မှ မရှိသည့် နေရာတစ်ခုတွင် ရန်ကိုင် ဆင်းသက်လိုက်ပြီး ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ထပ်စစ်ဆေးကြည့်ပြီးနောက် ပြုံးကာ ပြောလိုက်လေသည် “ထွက်လာတော့”

ချက်ချင်းဆိုသလို သူ့ရှေ့တွင် ခေါင်းသေးသေးလေးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ အပြင်သို့ ရောက်သည်နှင့် ထိုအရာလေးသည် ရန်ကိုင်ဆီသို့ ချက်ချင်း ပြေးဝင်သွားလေ၏။

ကျောက်တုံးရုပ်သေးရုပ် ရှောင်ရှောင်ပင်…

ရနက်ိုင်သည် ကျန်းချင်တို့အဖွဲ့နှင့် တိုက်ခိုက်နေစဉ် အတောအတွင်း မည်သူမှ သတိမပြုမိအောင် ကျောက်တုံး ရုပ်သေးရုပ်ကို တိတ်တဆိတ် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

အကုန်လုံးသည် သူ့အစီအစဉ်အတိုင်း ချောချောမွေ့မွေ့နှင့် ပြီးဆုံးသွားခဲ့သည်။

“ဘယ်လိုလဲ” ရန်ကိုင်က ကျောက်တုံးရုပ်သေးရုပ်ကို ငုံ့ကြည့်၍ မေးလိုက်သည်။

ရန်ကိုင်က သူ့လက်ကို ဆန့်ထက်၍ ကျောက်တုံးရုပ်သေးရုပ်ကို မကိုင်လိုက်ပြီးနောက် ရုတ်တရက် ဝါးလုံးကွဲအော်ရယ်မောလျက် ရှောင်ရှောင်၏ ခေါင်းကိုပုတ်ရင်း ချီးကျူးလိုက်လေသည် “မင်းတော်တယ်”

ကျောက်တုံးရုပ်သေးရုပ်၏ ဝမ်းဗိုက်ထဲတွင် နယ်ပယ်ကျောက်တုံး မည်မျှရှိနေသလဲ သူမပြောတတ်သော်ငြား တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များပင် မနာလိုရလောက်အောင်ကို များပြားမှန်းတော့ ရန်ကိုင် ပြောနိုင်သည်။

နယ်ပယ်ကျောက်တုံးတောင် ပျက်စီးသွားရခြင်း၏ အဓိက အကြောင်းအရင်းမှာ ရှောင်ရှောင်ကြောင့် ဖြစ်သည်ဟု ပြောလျှင်ပင် မမှားချေ။

ရှောင်ရှောင်သည် နယ်ပယ်ကျောက်တုံးတောင် အောက်ထဲသို့ လျှိုဝင်သွားပြီး နယ်ပယ်ကျောက်တုံးတောင်ကို တဖြည်းဖြည်းချင်း ဟောင်းလောင်းပေါက်ဖြစ်အောင် ဝါးမြိုသွားခဲ့သည်။ ထို့ကြောင့်ပဲ နယ်ပယ်ကျောက်တုံးတောင်သည် တဖြည်းဖြည်းချင်း အားနည်းလာပြီး အဆုံးတွင် ပျက်စီးသွားခဲ့ရခြင်း ဖြစ်လေသည်။

နယ်ပယ်ကျောက်တုံးတောင်သည် သာမန်လူများအတွက် အလွန် မာသည့်သတ္တတစ်မျိုး ဖြစ်နိုင်သော်ငြား ရှောင်ရှောင်အတွက်တော့ ဟုတ်မနေခဲ့ချေ။ ရှောင်ရှောင်သည် ပုံရိပ်တစ်ထောင်ဖန်ကိုပင် အပေါက်ဖောက်ခဲ့ဖူးသူ ဖြစ်လေရာ နယ်ပယ်ကျောက်တုံးတောင်ကို အပေါက်ဖောက်နိုင်သည်မှာလည်း အံ့ဩစရာတော့ မဟုတ်ပါချေ။

နယ်ပယ်ကျောက်တုံးတောင်ကို မြင်လိုက်စဉ်ကတည်းက ရန်ကိုင် ထိုကဲ့သို့လုပ်ရန် တွေးနေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အကျိုးဆက်အနေဖြင့် နယ်ပယ်ကျောက်တုံးတောင် တစ်ခုလုံး ပျက်စီးသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ထို့ကြောင့် တစ်ခုခု မှားယွင်းနေသည်ဟု သတိပြုမိလိုက်စဉ် အကုန်လုံးကို ပြန်ဆုတ်ရန် သတိပေးအော်ဟစ်လိုက်ခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် လောဘဇောကပ်နေသည့် ကျင့်ကြံသူများသည် သူတို့ရှေ့ရှိ အန္တရာယ်ကို မမြင်နိုင်တော့ဘဲ ရတနာများဆီသို့သာ ပြေးဝင်သွားကြလေ၏။

ကျေက်တုံးရုပ်သေးရုပ်ကို သူ့နောက်သို့ လိုက်လာရန် အချက်ပြလိုက်ပြီးနောက် ချောင်ကျသည့် နေရာတစ်ခုကိုရှာ၍ နယ်ပယ်ကျောက်တုံးများကို ထွေးထုတ်ခိုင်းလိုက်လေသည်။

နယ်ပယ်ကျောက်တုံးများကို မြင်ပြီးနောက် ရန်ကိုင် အလွန်ကိုမှ ပျော်သွားခဲ့သည်။

ကျောက်တုံးရုပ်သေးရုပ် တူးလာသည့် နယ်ပယ်ကျောက်တုံး အရေအတွက်မှာ သုံးထောင်ခန့်ပင် ရှိလေသည်။

နယ်ပယ်ကျောက်တုံးတောင် မပေါ်လာစဉ်က ရန်ကိုင်ရခဲ့သည့် စုစုပေါင်း နယ်ပယ်ကျောက်တုံးမှ သုံးတုံးသာ ရှိခဲ့သည်။ ထိုပမဏသည် ဤသုံးထောင်ဆိုသော ပမာနှင့် ယှဉ်လိုက်လျှင် အလွန်ကိုမှ နည်းပါးလွန်းပေသည်။

ဤသုံးထောင်သည် သွေးအကျဉ်းထောင်ထဲသို့ ဝင်လာသည့် လူအားလုံး စုဆောင်းထားသည့် ပမာဏထက်ပင် ပိုများသေး၏။

ဤနယ်ပယ်ကျောက်တုံးများနှင့်ဆိုပါက နယ်ပယ်၏စွမ်းအားကို နားလည်ဖို့ရာ သိပ်မခက်ခဲတော့ပေ။ သူ့အနာဂတ်သည် တကယ်ကို တောက်ပနေခဲ့လေပြီ။

နယ်ပယ်ကျောက်တုံး သုံးထောင်လောက် ရလိုက်သည့်အတွက် ရန်ကိုင် အတော်လေးကို ပျော်နေခဲ့သည်။

ကျင့်ကြံသူများ သွေးအကျဉ်းထောင်သို့ ဝင်လာရခြင်းမှာ နယ်ပယ်ဝဲကတော့၏ စွမ်းအားကိုသုံးပြီး သူတို့၏ ရှီစွမ်းအင်ကို တိုးတက်အောင် လုပ်ရန်နှင့် နယ်ပယ်ကျောက်တုံးများကို ရှာရန် ဖြစ်ပေသည်။

ရန်ကိုင်သည် ထိုရည်ရွယ်ချက် နှစ်ခုစလုံးကို ပြီးမြောက်သွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။

လက်ရှိ နယ်ပယ်ကျောက်တုံးများကို ထည့်မတွက်လျှင်ပင် သူ့ရှီစွမ်းအင်သည် မည်သည့်နယ်ပယ်ဝဲကတော့မှ သူ့အား မတားဆီးနိုင်တော့သည့် အဆင့်ကို ရောက်ရှိနေခဲ့လေပြီ။ လက်ရှိ သူ့ရှီသည် ပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်သေးသော်လည်း ထိုအဆင့်နှင့် သိပ်မဝေးတော့ချေ။

သူတန်ခိုးရှင်တတိယအဆင့်ကို ချိုးဖျက်သွားနိုင်သည့်တစ်နေ့ သူ့ရှီသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပြီး တန်ခိုးရှင် ဘု၇◌င်အဆင့်များနှင့် ယှဉ်ပြိုင်နိုင်သည့် အဆင့်သို့ ရောက်သွားနိုင်ပေသည်။

ရန်ကိုင် အချိန်ဆက်ဖြုန်းရန် မစီစဉ်ထားပေ။ လက်ရှိ သူ့အစီအစဉ်သည် လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ဤနေရာ၌ သေသွားခဲ့သော မွန်းစတားဘုရင်၏ မူလအဆီအနှစ် ကျောက်တုံးကို သွားရှာရန် ဖြစ်သည်။

မွန်းစတားဧကရာဇ်ကြယ်တွင် မျိုးနွယ်စုခေါင်းဆောင် ဆယ်ဦး ရှိသော်လည်း မည်သူကမှ မွန်းစတားဘုရင် ဖြစ်မနေခဲ့ပေ။

မွန်းစတားဘုရင်တစ်ပါး ဖြစ်လာရန်အတွက် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်ရှိထားရန် လိုအပ်သည်။ ထို့ကြောင့် မွန်းစတားဧကရာဇ်ကြယ်တွင် မွန်းစတားဘုရင်အဆင့်သို့ ရောက်ရှိခဲ့သူ လက်တစ်ဆုပ်စာလောက်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်သောင်းခန့်က မွန်းစတားဧကရာဇ်ကြယ်၌ မွန်းစတားဘုရင်တစ်ဦး ရှိခဲ့သည်။ သို့သော်ငြား ကံမကောင်း အကြောင်းမလှစွာဖြင့် ထိုမွန်းစတားဘုရင်သည် တောင်စိမ်းကြယ် တိုက်ပွဲတွင် ဒဏ်ရာရသွားပြီး သွေးအကျဉ်းထောင်ထဲ၌ သေဆုံးသွားခဲ့ရပေသည်။

မွန်းစတားဘုရင် သေဆုံးသွားသည့် နေရာနှင့် ပက်သက်၍ ချီယွဲ့ သူ့အား ပြောပြထားခဲ့သည်။ မွန်းစတားဧကရာဇ်ကြယ်မှ သွေးအကျဉ်းထောင်သို့ ကျင့်ကြံသူများ ပို့နေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် သတင်း အချက်အလက် ကောင်းကောင်း စုစည်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား သူတို့ထဲ၌ မူလတန်ခိုးရှင် အဆီအနှစ် ကျောက်တုံးကို ယူနိုင်သည့်လူ တစ်ဦးမှ ရှိမနေခဲ့ပေ။

ရန်ကိုင်သည် ချီယွဲ့ ပြောပြသည့် နေရာဆီသို့ တိုက်ရိုက် ပျံသန်းသွားလေသည်။

နယ်ပယ်ကျောက်တုံးတောင်တွင် လူပေါင်းများစွာ သတ်ခံလိုက်ရသည့်အတွက် သွေးအကျဉ်းထောင်ထဲတွင် ရှိနေသော ကျင့်ကြံသူအရေအတွက် များစွာ လျော့ကျသွားခဲ့ရသည်။ ရက်အနည်းငယ် ပျံသန်းပြီးသည့်တိုင် ရန်ကိုင် မည်သူတစ်ဦးတစ်ယောက်နှင့်မှ မတွေ့ရသေးပေ။

လက်ရှိ ရန်ကိုင် ရပ်နေသည့် နေရာမှ အရှေ့ဘက်စူးစူးတွင် သစ်ပင်ပန်းပင် တစ်ပင်တစ်လေမှ ပေါက်ရောက်ခြင်း မရှိသည့် မီတစ်ထောင်ပင် အမြင့်မရှိတတ်သော တောင်ကတုံး တစ်ခု ရှိနေခဲ့သည်။

သို့သော်လည်း ထိုတောင်ဆီမှ အလွန် ထူးခြားသော အရှိန်အဝါ တစ်ခု ဖြာထွက်နေခဲ့ပေသည်။

မွန်းစတားချီပင်… ရိုးရိုးမွန်းစတားချီပင် မဟုတ်ဘဲ အလွန် အားကောင်းသော မွန်းစတားချီပင် ဖြစ်သည်။

တန်ခိုးရှင် တတိယအဆင့် ပညာရှင်တစ်ဦးပင်လျှင် ဤတောင်ပေါ်သို့ အလွယ်တကူ ခြေချရဲလိမ့်မည် မဟုတ်ချေ။ အကြောင်းမှာ ဤနေရာမှ ထွက်ပေါ်နေသော မွန်းစတားချီထဲ အချိန်အကြာကြီး နေမိလျှင် ထိုမွန်းစတားချီ မိမိကိုယ်ထဲသို့ စိမ့်ဝင်ပျံ့နှံ့လာနိုင်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

ဤမွန်းစတားချီသည် မွန်းစတားဘုရင် သေဆုံးရာမှ ကျန်ရစ်ခဲ့သည့် မွန်းစတားချီသာ ဖြစ်သော်လည်း သာမန် တန်ခိုးရှင်တတိယအဆင့် ပညာရှင်တစ်ဦး တောင့်ခံနိုင်သည့် အရာမျိုး မဟုတ်ချေ။ ဤမွန်းစတားချီထဲ အချိန်အကြာကြီး နေမိပါက မွန်းစတားချီ၏ တိုက်စားခြင်း ခံရကာ အသိစိတ် လွတ်နေသည့် လူတစ်ဝက်၊ မွန်းစတားသားရဲ တစ်ဝက်၊ သက်ရှိတစ်မျိုး ဖြစ်သွားနိုင်ပေသည်။

ထို့ကြောင့် သွေးအကျဉ်းထောင် ဖွင့်သော်ငြား ဤနေရာသို့ လာရဲသည့်လူ သိပ်မရှိရခြင်း ဖြစ်သည်။ အများစုသည် မွန်းစတားချီ၏ တိုက်စားခြင်း ခံရမည်ကို စိုးရွံ့သည့် အတွက်ကြောင့် ဤနေရာကို ရှောင်ဖယ်သွားလေ့ ရှိကြသည်။

“ဒီနေရာ ဖြစ်လောက်မယ်” သူ့ရှေ့ရှိ တောင်ကုန်းကို မော့ကြည့်ရင်း ရန်ကိုင်က ရေရွတ်လိုက်သည်။ သူ့ရှေ့ရှိတောင်သည် ချီယွဲ့ ပြောပြသည့် တောင်နှင့် တစ်ထေရာတည်း ဆင်ပေသည်။

ခဏမျှ စစ်ဆေးကြည့်ပြီးနောက် တောင်ကုန်းဆီသို့ လျှောက်သွားလိုက်လေသည်။

ခဏအကြာတွင် တောင်ခြေဆီသို့ ရန်ကိုင် ရောက်လာခဲ့၏။ တောင်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သိပ်သည်းလှသော မွန်းစတားချီသည် ငါးအနံ့ ရလိုက်သည့် ကြောင်တစ်ကောင်နှယ် အဘက်ဘက်မှ သူ့ဆီသို့ ပြေးဝင်လာပြီး သူ့ကိုယ်ထဲသို့ အတင်းတိုးဝင်ရန် ကြိုးစားတော့သည်။

ရန်ကိုင်သည် တိုးဝင်လာသော မွန်းစတားချီအား သူတော်စင်ချီကို လှည့်ပတ်ကာ ပြန်၍ ခုခံလိုက်လေသည်။

မွန်းစတားဘုရင် တစ်ဦးသေရာမှ ကျန်ခဲ့သည့် မွန်းစတားချီ ဆိုသည့်အတိုင်းပင်၊ နှစ်ပေါင်း တစ်သောင်းကျောင် ကြာသွားသည့်တိုင် တန်ခိုးရှင်တတိယအဆင့် ပညာရှင်တစ်ဦး အလွယ်တကူ ခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။

ကံကောင်းစွာဖြင့် ရန်ကိုင်တွင် ရွှေနဂါးအရင်းအမြစ် ရှိနေခဲ့သည်။ ထို့ကြောင့် မွန်းစတားချီ သူ့ကိုယ်ထဲ ဝင်ရောက်လာလျှင်ပင် သူ့အား သိပ်ပြီး အကျိုးမသက်ရောက်နိုင်ပေ။ ရန်ကိုင်သာ အခြား လူသားပညာရှင်တစ်ဦး ဖြစ်နေပါက ဤနေရာမှ ချက်ချင်း ပြန်ဆုတ်သွားရလောက်ပေလိမ့်မည်။

မည်သည့် ပြဿနာမှ မရှိမှန်း သေချာသွားသည့်နောက်တွင် ရှေ့သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း ဆက်သွားတော့လေသည်။

မကြာမီ တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့သည်။ သို့သော်လည်း တောင်ထိပ်တစ်ဝိုက် လှည့်ပတ်ကြည့်လိုက်ပြီးနောက် ဘာမှ ရှာမတွေ့သဖြင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေ၏။

တန်ခိုးရှင်အဆီအနှစ် ကျောက်တုံးတောင်သည် ဤတောင်ပေါ်ရှိ တစ်နေရာရာတွင် ရှိသည်ဟုသာ ချီယွဲ့ ပြောသွားခဲ့ပြီး မည်သည့် နေရာတွင် ရှိသလဲ ဆိုသည်ကိုမူ ပြောမသွားခဲ့ပေ။

အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက်တွင် တောင်နောက်ဘောက်ရှိ လှိုင်ဂူတစ်ခုရှေ့သို့ ရန်ကိုင် ရောက်လာခဲ့သည်။ လှိုင်ဂူအတွင်းပိုင်း တစ်ခုလုံး မည်းမှောင်နေ၏။ လိုဏ်ဂူသည် သာမန်လှိုင်ဂူတစ်လုံးဟုသာ ထင်ရသော်လည်း ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ အထဲသို့ တိုးဝင်သွားချိန် အပြင်သို့ ပြန်ကန်ထွက်လာခဲ့လေသည်။

တောင်တစ်ခုလုံးတွင် ဤနေရာသည် မွန်းစတားချီ အသိပ်သည်းဆုံး နေရာဖြစ်သည့်အတွက် ဤနေရာသည် မွန်းစတားဘုရင် သေသွားသည့်နေရာ ဖြစ်လောက်သည်။

ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ အလင်းကျောက်တုံး တစ်တုံးကိုထုတ်ကာ လှိုင်ဂူထဲသို့ ဝင်သွားလေသည်။

အထဲသို့ ဝင်လာသည်နှင့်အမျှ မွန်းစတားချီသည် ပိုပို၍ တိုးလာခဲ့သည်။

ခဏအကြာတွင် လိုဏ်ဂူ အတွင်းပိုင်း နေရာဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ လှိုင်ဂူအပြင်ပိုင်းသည် ကျဉ်းသော်ငြား အတွင်းပိုင်းသည် အတော်လေးကိုမှ ကျယ်လှသည်။ လှိုင်ဂူ၏ အတွင်းဘက်ဆုံး နေရာတွင် သိပ်သည်းလှသော မွန်းစတားချီ ဖြာထွက်နေသည့် ဧရာမ အရာဝတ္ထုကြီးတစ်ခု ရှိနေခဲ့သည်။

ရန်ကိုင်သည် အလင်းကျောက်တုံးများကို ထပ်ထုတ်ယူ၍ ပတ်ပတ်လည် ကျောက်တုံးနံရံများပေါ် ထိုးထွင်းထားသော မြောင်းငယ်လေးများထဲသို့ ပစ်သွင်းလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်း မည်းမှောင်နေသော လှိုင်ဂူ လင်းထိန်လာခဲ့လေသည်။

ရှေ့သို့ ပြန်ကြည့်လိုက်သည့်အခိုက် ရန်ကိုင်၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့လေသည်။ သူ့ရှေ့ရှိ ရှိနေခဲ့သည်မှာ အခြားမဟုတ်ဘဲ ဧရာမ အရိုးခြောက်ကြီး ဖြစ်နေခဲ့သည်။

ဧရာမ မွန်းစတားသားရဲ အရိုးခြောက်ကြီးပင်။

ဤအရိုးခြောက်သည် မီတာနှစ်ဆယ်ကျော် အရှည်ရှိပြီး မိကျောင်း တစ်ကောင်နှင့် ဆင့်တူသည်။ အရိုးသက်သက် ဆိုသည့်တိုင် ထိုအရိုးများဆီမှ အံ့ဩဖွယ်ရာ စွမ်းအားကို ထုတ်လွှတ်နေဆဲ။

ဤအရိုးခြောက်ကြီးသည် မွန်းစတားဘုရင်၏ အရိုးခြောက် ဖြစ်လောက်သည်။ မွန်းစတားဘုရင်သည် မသေခင် မွန်းစတား သားရဲ အသွင်ပုံစံသို့ ပြန်ပြောင်းသွားခဲ့သည့်ပုံပင်။

ပုံမှန်အားဖြင့် လူသားအသွင်နှင့် မွေးလာသည့် မွန်းစတားသားရဲ တစ်ကောင်သည် လူသားအသွင်ဖြင့်သာ သေလေ့ရှိကြသည်။ သို့သော်လည်း မွန်းစတားသားရဲ သွေးမျိုးဆက်ကို နှိုးဆပေးနိုင်သော အချို့သော ကျင့်စဉ်များသည် သူတို့၏ မွန်းစတားသားရဲ အသွင်ပုံစံသို့ ပြန်ပြောင်းလဲစေနိုင်ပြီး သူတို့၏ ခွန်အားကို ထပ်မံ မြင့်မားလာစေနိုင်ပေသည်။

ဤမွန်းစတားသားရဲသည် အလွန်ကိုမှ သန့်စင်သည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် မွန်းစတားသားရဲ တစ်ကောင် ဖြစ်ရုံမက တန်ခိုးရှင်တတိယအဆင့် မွန်းစတားသားရဲ တစ်ကောင်လည်း ဖြစ်သည်။

နှစ်ပေါင်းတစ်သောင်းကျော် ကြာသွားသည့်တိုင် အရိုးများသည် အလွန်ကိုမှ အားကောင်းနေသေးသလိုပင်။ ဤအရိုးများသည် မှော်ရတနာ ပြုလုပ်ရာတွင် အလွန်ကိုမှ ကောင်းမွန်သည့် ကုန်ကြမ်း ပစ္စည်းများ ဖြစ်မည်မှာ မေးခွန်းထုတ်စရာ မလိုချေ။

ထိုအရိုးများကိုကြည့်ရင်း ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့သည်။

ချီယွဲ့သည့် တန်ခိုးရှင်အဆီအနှစ် ကျောက်တုံးကိုသာ လိုချင်ပြီး မွန်းစတားဘုရင်၏ ရုပ်အလောင်းကိုပါ ပေးရမည်ဟု မပြောခဲ့ချေ။ ဆိုလိုသည်ကား ဤအရိုးခြောက်ကို သူယူချင်လျှင် ယူနိုင်ပေသည်။

အထက်စကြာဝဠာဂိုဏ်းသည် တိုးဆက်နေဆဲ အဆင့်တွင်သာ ရှိသေးသည်။ ဂိုဏ်းထဲတွင် အတော်လေးကိုမှ ကျွမ်းကျင်သည့် ပန်းပဲပညာရှင်များ ရှိပေသည်။ ထိုပန်းပဲပညာရှင်များသည် ယန်ယန်ကို မမှီသော်လည်း ကြယ်ဧကရာဇ်တောင်မှ လာသူများ ဖြစ်သည့်အလျောက် သူတို့သာ တတိယဆိုလျှင် ဒုတိယဖြစ်နိုင်သည့် ပန်းပဲပညာရှင် အရိပ်ကြယ်တွင် မရှိတော့ချေ။ ရန်ကိုင်သာ ဤအရိုးခြောက်ကြီးကို ပြန်ယူသွားခဲ့လျှင် အထက်စကြာဝဠာဂိုဏ်းအတွက် တန်ခိုးရှင် အဆင့်မြင့် မှော်ရတနာ များစွာကို ဖန်တီးနိုင်ပေလိမ့်မည်။

သို့သော် ဤတန်ခိုးရှင်ဘုရင် တတိယအဆင့်နှင့် ယှဉ်နိုင်သော မွန်းစတားဘုရင် တစ်ယောက်၏ အရိုးကိုသုံး၍ တန်ခိုးရှင်အဆင့်မြင့် မှော်ရတနာများ ဖန်တီးခြင်းသည် ကောင်းကင်မှပေးသည့် လက်ဆောင်ကို ဖြုန်းတီးခြင်း မြည်ပေသည်။ တကယ်တော့ ဤအရိုးသည် တန်ခိုးရှင်ဘုရင် အဆင့် မှော်ရတနာများကိုပင် ပြုလုပ်နိုင်သည့် အရိုး မဟုတ်ပေလော။

All Chapters