← Chapters

အခန်း (၁၆၀၆-၁၆၁၀)

Vol. 65 Ch. 1606-1610

အခန်း (၁၆၀၆-၁၆၁၀)

Vol. 65 Ch. 1606-1610

အပိုင်း (၁၆၀၆)

သူ့ခေါင်းထဲ ထိုအတွေးများ ဖြတ်ပြေးနေစဉ် ရန်ကိုင်၏ အကြည့်သည် မွန်းစတားသားရဲ အရိုးခြောက်၏ ရင်ဘတ်ဆီသို့ ရောက်ရှိသွားခဲ့သည်။

ရန်ကိုင်၏ မျက်ဝန်းအစုံ ချက်ချင်း တောက်ပသွားခဲ့သည်။

အရိုးခြောက်၏ ရင်ဘတ်နေရာတွင် ဖရဲသီးအရွယ် အနက်နီရောင် သလင်းကျောက် လုံးလုံးလေးတစ်ခု ရှိနေခဲ့သည်။

ထိုအရာသည် သူရှာနေသည့် မူလအဆီအနှစ်ကျောက်တုံး ဖြစ်သလို မွန်းစတားဘုရင်၏ အမြူတေလည်း ဖြစ်ပေသည်။

နာမည်မတူသော်လည်း တစ်ခုတည်းကိုသာ ဆိုလိုခြင်း ဖြစ်သည်။

တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်နေသူများသာ မူလအဆီအနှစ်ကျောက်တုံးကို သိပ်သည်းနိုင်ပြီး တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်များပင် ထိုသို့ မလုပ်နိုင်ပေ။

မူလအဆီအနှစ်ကျောက်တုံးထဲတွင် ပိုင်ရှင်ဖြစ်သူ၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် ထိုးထွင်းနာလည်မှုများ ပါဝင်နေသလို နယ်ပယ်စွမ်းအားအပေါ် သိမြင်မှုများလည်း ပါဝင်နေခဲ့သည်။ ထို့ကြောင့် ထိုကျောက်တုံးသည် အလွန်ကိုမှ အဖိုးတန်သည့် ကျောက်တုံးတစ်တုံး ဖြစ်ပေသည်။

ချီယွဲ့ ဤမူလအဆီအနှစ်ကျောက်တုံးကို လိုချင်နေရခြင်းမှာ ဤအရာကိုသုံးပြီး တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်ရန် ကြိုးစားလိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ကြယ်စီရင်စုကြီး တစ်ခုလုံးကို ကြည့်ကြည့်လိုက်လျှင်ပင် တန်ခိုးရှင်ဘုရင် တတိယအဆင့်များ မည်မျှ ရှိလို့နည်း။ တန်ခိုးရှင်ဘုရင် တတိယအဆင့် အရေအတွက်ကို လက်ချိုးရေ၍၌ပင် ရကာ အများစုမှာ လူရှေ့သူရှေ့ ဘယ်သောအခါမှ ပေါ်လာလေ့မရှိချေ။ ထို့ကြောင့် တန်ခိုးရှင်ဘုရင် တတိယအဆင့် တစ်ယောက်ကို တွေ့ရန်မှာ ကောင်းကင်သို့ တက်ရသည်ထက်ပင် ပို၍ ခက်ခဲပေသည်။

သို့သော် ယခုတွင်မူ ထိုကဲ့သို့သော ပညာရှင်တစ်ဦး၏ ရုပ်အလောင်းသည် ရန်ကိုင်ရှေ့တွင် လဲလျောင်းနေခဲ့သည်။ ထိုအလောင်းသည် အကောင်းအတိုင်း ရှိနေသေးသော အရိုးခြောက်ကြီးတစ်ခု ဖြစ်နေရုံမက မူလအဆီအနှစ် ကျောက်တုံးပါ ပူးတွဲတည်ရှိနေသည့် အလောင်းဖြစ်သည်။

မူလအဆီအနှစ် ကျောက်တုံးကို စိုက်ကြည့်နေရင်း ရန်ကိုင်၏ အသက်ရှူသံ တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။

ရန်ကိုင်သည် မူလအဆီအနှစ်ကျောက်တုံးဆီသို့ ကောင်းကင်စိတ်အာရုံကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်၏။ သို့သော် သူ့ကောင်းကင်စိတ်အာရုံ မူလအဆီအနှစ် ကျောက်တုံးကို သွားမထိရသေးခင်မှာပင် အနီနက်ရောင် သလင်းကျောက်လုံးကြီးသည် ရုတ်တရက် တဖျက်ဖျက် တောက်ပလာခဲ့လေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ့ကောင်းကင်စိတ်အာရုံကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်၏။

ချီယွဲ့ ပြောသည်မှာ မှန်ပေသည်။ ဤမူလအဆီအနှစ် ကျောက်တုံးထဲတွင် မွန်းစတားဘုရင်၏ လက်ကျန်ဝိဥာဉ် အနည်းအပါး ကျန်ရှိနေသေးသည်။ ထို့ကြောင့်သာ မဟုတ်လျှင် ဤရုပ်အလောင်းကြီးနှင့် မူလအဆီအနှစ်ကျောက်တုံး ဘာကြောင့် ကျန်ရှိနေတော့မည်နည်း။ ယခင်ကတည်းက အခြားသူများ ယူသွားပြီးနေလောက်ပေပြီ။

ဤမူလအဆီအနှစ်ကျောက်တုံးကို ရယူလိုလျှင် အကြွင်းအကျန် ဝိဥာဉ်အမျှင်တန်းကို ဖိနှိပ်နိုင်မှ ရပေလိမ့်မည်။

သို့သော်လည်း သွေးအကျဉ်းထောင်ထဲသို့ ဝင်လာသူများထဲ၌ အာအးကောင်းဆုံးသည်ပင် တန်ခိုးရှင်တတိယအဆင့်သို့သာ ရောက်ထားလေရာ မည်သူကများ ထိုမွန်းစတားဘုရင်၏ အကြွင်းအကျန် ဝိဥာဉ်ကို ဖိနှိပ်နိုင်မည်နည်း။

ရွှေနဂါး အရင်းအမြစ်ကို ပိုင်ဆိုင်ထားသည့် ရန်ကိုင်သည်သာ ထိုကဲ့သို့ လုပ်နိုင်ပေလိမ့်မည်။

အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ရန်ကိုင်သည် သူ့စိတ်ငြိမ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး တန်ခိုးရှင် အဆီအနှစ် ကျောက်တုံးကို သေချာ အာရုံစိုက်လိုက်သည်။

သို့သော်ငြား အမှောင်ထုထဲတွင် သူ့အား ကျားချောင်း ချောင်းနေသော အရိပ်တစ်ခု ရှိနေသည်ကို ရန်ကိုင် မသိခဲ့ချေ။ ထိုအနက်ရောင် အရိပ်သည် မြေကြီးပေါ် ကပ်တွယ်ရင်း အရှိန်အဝါကို ကောင်းစွာ ဖုံးကွယ်လျက် ရန်ကိုင်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေခဲ့သည်။

အနက်ရောင် အရိပ်သည် ရန်ကိုင်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေခဲ့ရာ မကြာမီ ရန်ကိုင်နှင့် ငါးမီတာအကွာသို့ ရောက်လာခဲ့သည်။ ထိုနေရာသို့ ရောက်သည်နှင့် မြွေပုံစံသို့ သိပ်သည်းသွားခဲ့ပြီး ရန်ကိုင်အား ခုန်အုပ်ရန် ပြင်လိုက်၏။

ထိုစဉ် ရန်ကိုင်၏ ခန္ဓာကိုယ် မဆိုသလောက်လေး တုန်ခါသွားပြီး မိုးချိန်းသံမတတ် ကျယ်လောင်သော နဂါးဟိန်းသံတစ်သံ လှိုင်ဂူထဲ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်၏ လက်မောင်းတစ်ဖက်လုံး ရွှေရောင်အကြွေးခွံများဖြင့် လွှမ်းခြုံသွားခဲ့ပြီး သူ့လက်ငါးချောင်းသည်လည်း ရွှေရောင် တလက်လက် တောက်ပါလာခဲ့ကာ လက်သည်းများသည် ရှည်ထွက်လာခဲ့ပြီး သူ့လက်ချေင်းများသည် လက်သည်းတစ်ခု အသွင်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲသွားလေသည်။

နဂါးအသွင်ပြောင်းလဲခြင်းပင်…

မွန်းစတားသားရဲ အသွင်ပြောင်းလဲခြင်း၏ တစ်ဝက်ကို လေ့ကျင့်ပြီးနောက်တွင် ရန်ကိုင်သည် သူ့လက်မောင်း တစ်ဖက်ကိုသာ ရွှေနဂါးအဖြစ်သို့ အသွင်ပြောင်းလဲနိုင်သေး၏။

ရန်ကိုင်၏ လက်မောင်းဆီမှ ကြောက်မက်ဖွယ်‌ရာ အရှိန်အဝါတစ်ခု ဖြာထွက်လာခဲ့သည်။

အနက်ရောင်အရိပ်သည် ထိုအဖြစ်အပျက်ကြောင့် အံ့အားသင့်သွားပြီး ရန်ကိုင်အပေါ် ခုန်မအုပ်တော့ဘဲ မြေကြီးထဲသို့ ချက်ချင်း ပြန်ပုန်းဝင်လာကာ နောက်သို့ ပြန်ဆုတ်သွားလေ၏။

သူ့လက်အား နဂါးလက်အသွင်သို့ ပြောင်းလဲပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ထိုလက်ကို မူလအဆီအနှစ် ကျောက်တုံး ရှိရာဆီသို့ ဆန့်ထုတ်လိုက်သည်။

ထိုသို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် တန်ခိုးရှင်အဆီအနှစ် ကျောက်တုံးဆီမှ အရောင်တလက်လက် တောက်ပလာခဲ့၏။

ရန်ကိုင်ကမူ နှာခေါင်းသာရှုံ့လျက် မူလအဆီအနှစ် ကျောက်တုံးကို ဖမ်းဆုပ်လိုက်ပြီး တင်းတင်း ဖျစ်ညစ်လိုက်၏။ တစ်ချိန်တည်းတွင် ထိုသလင်းကျောက်ထဲသို့ သူတော်စင်ချီနှင့် စိတ်စွမ်းအင် အရူးအမူး ထည့်သွင်းလိုက်လေသည်။

မူလအဆီအနှစ် ကျောက်တုံးဆီမှ အသံသဲ့သဲ့ ထွက်ပေါ်လာပြီးနှင့် တလက်လက် တောက်ပနေသော အလင်းရောင်များလည်း ပြန်လည် မှိန်ကျသွားခဲ့လေသည်။

လက်သီးဆုပ်ကို ပြန်ဖွင့်လိုက်ပြီးနောက် သူ့လက်ထဲရှိ တန်ခိုးရှင် အဆီအနှစ်ကျောက်တုံးကို ကြည့်ကာ ရန်ကိုင် ပြုံးလိုက်လေ၏။

မူလအဆီအနှစ်ကျောက်တုံးထဲတွင် ရှိနေသော အကြွင်းအကျန် ဝိဥာဉ် ဖျက်စီးခံလိုက်ရလေပြီ။ ယခု မည်သူမဆို ဤတန်ခိုးရှင်အဆီအနှစ်ကျောက်တုံး သူ့ဘာသာ ဖောက်ခွဲသွားမည်ကို စိုးရိမ်စရာမလိုဘဲ ကိုင်နိုင်လေပြီ။

ဖြစ်စဉ်တစ်ခုလုံးသည် ရန်ကိုင် ထင်ထားသည်ထက် ပိုလွယ်ပြီး ရိုးရှင်းနေခဲ့သည်။

ချီယွဲ့သည် တန်ခိုးရှင် အဆီအနှစ်ကျောက်တုံးကို မယူခင် အန္တရာယ်များကို သတိထားသင့်ကြောင်း ထပ်တလဲလဲ သတိပေးခဲ့သဖြင့် မူလအဆီအနှစ် ကျောက်တုံးကို ယူဖို့ရာ အတော်လေး ခက်ခဲမည်ဟု ရန်ကိုင် ထင်ခဲ့သည်။ သို့သော်ငြား ဤမျှ လွယ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ဟန်” ရန်ကိုင်သည် မူလအဆီအနှစ်ကျောက်တုံးကို မျက်လုံးမှေးစဉ်းလျက် အနီးကပ် ဆွဲယူကြည့်လိုက်သည်။

ဤကျောက်တုံးကို တစ်နေရာရာတွင် သူမြင်ဖူးနေသလိုပင်။

သေချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် မူလအဆီအနှစ် ကျောက်တုံးတစ်ခုကို သူမြင်ဖူးခဲ့ကြောင့် ရန်ကိုင် ပြန်သတိရလိုက်၏။

သဲမီးတောက်နယ်ထဲသို့ ပထမဆုံးအကြိမ် ဝင်ခဲ့စဉ်ကပင်။

ထိုစဉ်က သဲမီးတောက်နယ်မြေထဲ၌ ဝိဥာဉ်သန့်စင်ရေကန် တစ်ကန်ကို တွေ့ခဲ့သည်။ ထိုရေကန်ထဲသို့ ဝင်ပြီးနောက် ထူးဆန်းသည့် သလင်းကျောက်ကဲ့သို့ ပစ္စည်းတစ်ခုကို ရခဲ့၏။ ထိုစဉ်က ထိုပစ္စည်းဘာမှန်း သူမသိခဲ့။ သူ့ကောင်းကင် စိတ်အာရုံကို သုံးပြီး စစ်ဆေးကြည့်လိုက်သည့်အခါ ထိုသလင်းကျောက်သည် မှော်ဆန်ဆန် ပျောက်ကွယ်သွားပြီး သူ့အသိစိတ်ပင်လယ်ထဲသို့ ရောက်သွားခဲ့ပေသည်။

နောက်ဆုံးတွင် ထိုထူးဆန်းသော သလင်းကျောက်သည် ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်းနှင့် ပေါင်းစပ်သွားခဲ့ရာ ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်းသည် ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းအဖြစ်သို့ အသွင်ပြောင်းလဲသွားနိုင်ခဲ့၏။

ဒီတော့ အဲ့ဒါက မူလအဆီအနှစ်ကျောက်တုံးပေါ့ ရန်ကိုင် နားလည်သွဦးခဲ့လေပြီ။

သူ့ဝိဥာဉ်ကြာပန်းကို ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း အဖြစ်သို့ ရောက်အောင် အဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်မှာ ဒါကြောင့်ပေကိုး။ ထိုမူလအဆီအနှစ်ကျောက်တုံးဆီမှ မည်သည့် နယ်ပယ်၏ စွမ်းအားကိုမှ နားမလည်နိုင်ခဲ့သည်မှာတော့ နှမြောစရာပင်။ ဝိဥာဉ်သန့်စင်ရေကန်တွင် သေသွားခဲ့သည် ပညာရှင်မှာ အနည်းဆုံး တန်ခိုးရှင်တတိယအဆင့်သို့ ရောက်ထားရပေလိမ့်မည်။

အတိတ်ကို အတိတ်တွင်သာ ချန်ထားခဲ့ပေတော့မည်။ ရန်ကိုင်တွင် ထိုအကြောင်းများကို ထိုင်တွေးနေရန် အချိန်မရှိချေ။ မူလဝိဥာဉ် ကျောက်တုံးကိုသာ သိမ်းလိုက်လေသည်။

မူလဝိဥာဉ်ကျောက်တုံးသည် အဖိုးတန်သော်ငြား မွန်းစတား အသွင်ပြောင်းလဲခြင်း ပညာရပ်ကိုသာ ရန်ကိုင် ပိုစိတ်ဝင်စား၏။

ထို့ကြောင့် ဤအရာကို ချီယွဲ့အား ပြန်ပေးရပေမည်။

ထို့အပြင် ချီယွဲ့သည် ရှန်ချင်းလော့၏ မွေးစားအမေ ဖြစ်နေသေး၏။ သူမ ပိုအားကောင်းလာလျှင် ရှန်ချင်းလော့ကို ပိုပြီး ကာကွယ်ပေးနိုင်ပေလိမ့်မည်။

ရန်ကိုင် ထိုအချက်ကို ကောင်းကောင်း နားလည်ထားသည်။ ထို့ကြောင့် မူလအဆီအနှစ်ကျောက်တုံးကို ယူမထားဘဲ ချီယွဲ့ဆီ ပြန်ပေးရန်သာ စီစဉ်ထားသည်။ ထို့အပြင် သူ့အရည်အချင်းဖြင့် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ မရောက်စရာ ဘာအကြောင်း ရှိလို့နည်း။ တစ်နေ့နေ့တွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ကျိန်းသေ ရောက်လိမ့်မည်ဟူ သူ့စိတ်ထဲ တထစ်ချ ယုံကြည်နေမိသည်။

မူလအဆီအနှစ် ကျောက်တုံးကို သိမ်းပြီးသည့်နောက်တွင် မွန်းစတားဘုရင်၏ အရိုးခြောက်ကိုပါ သိမ်းလိုက်သည်။ မွန်းစတားဘုရင် ဝတ်ဆင်ထားသည့် သိုလှောင်လက်စွပ်ကိုလည်း ချန်မထားခဲ့ချေ။ တန်ခိုးရှင်ဘုရင် တတိယအဆင့်တစ်ဦး ဝတ်ဆင်ထားသည့် သိုလှောင်လက်စွပ်ထဲ အလွန်အဖိုးတန်သည့် ပစ္စည်းများ ရှိမနေမည်ကို စိုးရိမ်မနေစရာ မလိုပေ။

ဤတစ်ကြိမ်ခရီးတွင် သူအချီကြီး မြတ်လိုက်ပေသည်။

လိုဏ်ဂူအား နောက်ဆုံးအကြိမ် သေချာ စစ်ဆေးပြီးနောက် အထဲမှ ပြန်ထွက်လာခဲ့သည်။ မကြာမီ အပြင်ဘက်သို့ ရန်ကိုင် ပြန်ရောက်လာခဲ့လေသည်။

“မင်းနောက်ဆုံးတော့ ထွက်လာပြီပေါ့”

သူအပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရသည်။ တစ်ချိန်တည်းတွင် မြေအောက်ထဲမှ အနီရောင်အရိပ်တစ်ခု ထွက်လာပြီး သူ့အား မိုးသီးမိုးပေါက်သဖွယ် တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်တော့၏။

ဘုန်း… ဘုန်း… ဘုန်း…

“ရွှယ့်လျန်” နောက်ဆုံးတွင် သူ့အား ချောင်းတိုက်လိုက်သည့်လူ မည်သူမှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။

“ဟုတ်တယ်။ မင်းအဘိုး ရွှယ့်လျန်ပဲကွ” ရွှယ့်လျန်က ပြန်အော်ပြောလိုက်သည်။ သွေးနဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို အသုံးပြုထားသည့်အတွက် သူ့တစ်ကိုယ်လုံး သွေးနီရောင်အကြေးခွံများဖြင့် ပြည့်နေခဲ့သည်။ ရန်ကိုင် ထွက်လာသည်ကို မြင်သည်နှင့် စကားပင် မပြောတော့ဘဲ ချက်ချင်း ပြေးဝင်တိုက်ခိုက်လေသည်။

“မင်းသေချင်နေတာပဲ” ရန်ကိုင်က မဲ့ပြုံးပြုံးလျက် ရွှေရောင်သွေးမျှင် နှစ်မျှင်ကို ပစ်လွှတ်လိုက်လေသည်။ သွေးမျှင်နှစ်မျှင်သည် မိုးကြိုးမီးတောက်ဖွတ် နှစ်ကောင် အသွင်သို့ ပြောင်းလဲသွားပြီး ရွှယ့်လျန်ဆီသို့ ခုန်ဝင်သွားလေ၏။

“ဖွတ်လတတ်လေးကများ ငါ့နဂါးစွမ်းအားနဲ့ လာယှဉ်ချင်သေးတယ်” ရွှယ့်လျန်သည် ချီယွဲ့ နန်းတော်တွင် ခံစားခဲ့ရသည့် သင်ခန်းစာကို မေ့သွားသည့်အလား ရန်ကိုင်အား အကြောက်အလန့်မရှိ တိုက်ခိုက်နေခဲ့သည်။ အကြေးခွံများ ဖုံးနေသည့် လက်သီးဖြင့် လက်သီးအား ထိုးလိုက်သည့်အခိုက် သူ့လက်သီးထိပ်မှ သွေးနီရောင် နဂါးနှစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ထိုနဂါး နှစ်ကောင်သည် တိုးဝင်လာနေသည့် မိုးကြိုးမီးတောက်ဖွတ် နှစ်ကောင်ဆီသို့ ပြေးဝင်သွားကာ ထိုနှစ်ကောင်အား လှုပ်မရအောင် ဟန့်တားထားလိုက်လေသည်။

တစ်ချိန်တည်းတွင် ရွှယ့်လျန်သည် ဧရာမပုဆိန်ကြီး တစ်လက်ကို ထုတ်လျက် ရန်ကိုင်အား ပိုင်းချလိုက်သည်။

ရန်ကိုင်ကမူ ထိုတိုက်ကွက်ကို အသာအယာသာ ရှောင်တိမ်းသွားခဲ့သည်။

ရန်ကိုင် ရှောင်လိုက်သည့်အခိုက်တွင်၊ မြေကြီးထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး လက်ဝါးနှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ထူးဆန်းသော ဧကရာမပန်းပွင့်ကြီးတစ်ပွင့် ထွက်ပေါ်လာခဲ့၏။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး လေဟာနယ်စွမ်းအားကို သုံး၍ အခြားတစ်နေရာသို့ ခုန်ကူးသွားလိုက်လေသည်။

ပစ်မှတ်ပျောက်သွားသည့် နောက်တွင် ပန်းပွင့်ကြီးသည် ဒုတိယ ပေါ်လာသည့် လူဆီသို့ ပြန်လှည့်သွားလေ၏။

“မီထျန်း” ရန်ကိုင်က ပြုံးဖြီးလိုက်ပြီး “ကောင်းတယ်။ ကောင်းတယ်။ မင်းတို့ နှစ်ယောက်စလုံး ရောက်နေတာပါလား။ ငါဒီကို လာမယ်မှန်းသိလို့ ချုံခိုတိုက်ခိုက်ဖို့ စောင့်နေတာလား”

“အမှန်ပဲ” မီထျန်းက ယဲ့ယဲ့လေးပြုံးလျက် “မင်းမှာ ရွှေနဂါး အရင်းအမြစ်ရှိမှန်း ငါတို့သိတယ်။ ဒီမှာ မူလအဆီအနှစ် ကျောက်တုံး ရှိတယ်ဆိုတာ လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ဘူး။ စီနီယာချီယွဲ့ တန်ခိုးရှင်ဒုတိယအဆင့်ပဲ ရှိသေးတဲ့ မင်းကို ဘာလို့ သွေးအကျဉ်းထောင်ထဲ ပို့ရလဲဆိုတဲ့ ရည်ရွယ်ချက်ကို ငါတို့ မသိဘူးလို့ မင်းထင်နေတာလား”

“မဆိုးဘူး။ မင်းတို့ ဥာဏ်မရှိတဲ့ကောင်တွေ မဟုတ်ဘူးပဲ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

“မူလတန်ခိုးရှင်အဆီအနှစ် ကျောက်တုံးကော” မီထျန်း၏ အသက်ရှူသံ မြန်ဆန်လာခဲ့သည်။

“ငါထွက်လာမှတော့ အဲ့မူလအဆီအနှစ်ကျောက်တုံး ဘယ်ရောက်သွားပြီလို့ မင်းထင်လဲ” ရန်ကိုင်က ပြုံးလျက် ပြန်မေးလိုက်သည်။

“မင်းတကယ် ရသွားတာလား” မီထျန်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရန်ကိုင်အား မီးတောက်မတတ် အကြည့်ဖြင့် ကြည့်လိုက်သည်။

“လိုချင်တာလား” ရန်ကိုင်က လှောင်ရယ်ရယ်လျက် “မင်းတို့ နှစ်ယောက်တည်းနဲ့ ဆိုရင်တော့ ရမယ်မထင်းဘူး။ မူလအဆီအနှစ် ကျောက်တုံးကို မယူခင် မင်းတို့ဘာသာ မသေအောင် အရင် ဂရုစိုက်ဦး”

ရန်ကိုင် သူ့အား အထင်တသေး လှောင်ပြောင်ရှုံချနေသည်ကို မြင်သော် ရွှယ့်လျန်နှင့် မီထျန်းတို့ နှစ်ဦးစလုံး၏ မျက်နှာများ သံပုရာသီး ကိုက်လိုက်ရသည့်နှယ် မဲ့ရွဲ့ကုန်ကြလေသည်။

ဝန်မခံချင်ကြသော်လည်း တစ်ဦးချင်း တိုက်ပွဲတွင် သူတို့နှစ်ဦးစလုံး ရန်ကိုင်အား မနိုင်မှန်း သူတို့သာ အသိဆုံးပင်။ ချီယွဲ့ နန်းတော်တွင် ရှိစဉ်ကတည်းက ရန်ကိုင်သည် သူ့စွမ်းအားကို သက်သေ ပြပြီးသွားခဲ့လေပြီ။

“အဲ့ဒါ မင်းအကြောင်းမဟုတ်ဘူး” မီထျန်းက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

ရန်ကိုင်က ရယ်တော့မည်အပြု ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး သူ့ရှီစွမ်းအင်ကို ဖြန့်ကျက်လိုက်ရာ ချက်ချင်းဆိုသလို သူ့အနီးအနားပတ်လည်ရှိ လေဟာနယ် တစ်ခုလုံး အေးခဲသွားခဲ့လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၀၇)

ပျက်စီးပြိုကျပြီး ပရမ်းပတာဖြစ်နေသော လေဟာနယ်ထဲ၊ အေးစက်စက် အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းသည် ယခင်က ရန်ကိုင်ကို ချိန်ရွယ်ထားခြင်း ဖြစ်သော်လည်း တွန့်လိမ်သွားသော လေဟာနယ်ကြောင့် ပစ်မှတ်လွဲချော်သွားခဲ့ရလေ၏။

ခပ်သဲ့သဲ့ မြည်သံနှင့်အတူ တတိယပုံရိပ်တစ်ခု တစ္ဆေ တစ်ကောင်နှယ် ထွက်ပေါ်လာခဲ့၏။ ထို့နောက် အလေးအနက် အမူအရာဖြင့် ခေါင်းခါ၍ သက်ပြင်းချကာ ပြောလိုက်၏ “ဒီကောင် တကယ် ရင်ဆိုင်ရခက်တဲ့ကောင်ပဲ”

ရန်ကိုင်ကမူ အေးစက်စက် အမူအရာဖြင့် အလန့်တကြား ဖြစ်နေသည့် လေသံနှင့် မေးလိုက်လေ၏ “လဲ့ဖုန်း၊ မင်းလည်း ဒီရောက်နေတာလား”

သူ့အား တိုက်ခိုက်လာသည့် တတိယလူသည် လဲ့ဖုန်း ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ပိုင်နက်နယ်မြေသုံးခုမှ မွန်းစတားမျိုးနွယ်စု၏ တက်သစ်စ ကြယ်ပွင့်သုံးယောက် ဤနေရာတွင် စုဝေးနေခဲ့ကြသည်။

မီထျန်းနှင့် ရွှယ့်လျန် သူ့အား ချုံခိုတိုက်ခိုက်သည်ကို ရန်ကိုင် နားလည်နိုင်သည်။ သူတို့ကြားတွင် ရန်ငြိုးရန်စများ ရှိခဲ့သည် မဟုတ်ပေလော။ သို့သော်လည်း လဲဖုန်းကကော ဘာကြောင့် သူ့အား ချုံခိုတိုက်ခိုက်ရသနည်း။ သွေးအကျဉ်းထောင်ထဲသို့ ဝင်လာစဉ်က လဲ့ဖုန်းသည် သူ့အား အတူတကွ လှုပ်ရှားရန်ပင် ဖိတ်ခေါ်ခဲ့သေးသည်။ သို့သော်လည်း ရက်အနည်းငယ် ကြာပြီးသည့်နောက်တွင် ရန်သူတစ်ဦး အသွင်သို့ ပြောင်းကာ သူ့အား အလစ်ချောင်း တိုက်ခိုက်တော့လေ၏။

ဤတောင်ပေါ်တွင် မွန်းစတားချီသည် အတော်လေးကို သိပ်သည်းသည့်အတွက် သူတို့သုံးယောက်အနေဖြင့် သူတို့ကိုယ် သူတို့ ဖုံးကွယ်ရန် သိပ်မခက်ပေ။ ရန်ကိုင်သာ အာရုံ စူးရှခြင်း မရှိခဲ့လျှင် လဲ့ဖုန်း၏ အလစ်ချောင်းတိုက်ခိုက်မှု အောင်မြင်သွားလောက်ပေသည်။

“လဲ့ဖုန်း၊ မင်းနဲ့ငါ့ကြားမှ ဘာရန်စမှ မရှိဘူးမလား” ရန်ကိုင်က လဲ့ဖုန်းအား အေးစက်စက် လေသံဖြင့် မေးလိုက်၏။

လဲ့ဖုန်းက ခြောက်ကပ်ကပ် ရယ်မောလျက် အလျင်အမြန် ပြန်ပြောလိုက်လေသည် “မရှိပါဘူး”

“ဒါဆို မင်းဘာလို့ ဒီလို လုပ်တာလဲ” ရန်ကိုင်က မျက်လုံး မှေးစဉ်းလျက် ပြန်ပြောလိုက်သည်။

“အစ်ကိုရန်ကို ကျုပ်ကြိုပြီး တောင်းပန်ထားပါရစေ” လဲ့ဖုန်းက တောင်းတောင်းပန်ပန်ဖြင့် လက်သီးဆုပ်၍ “ရိုးရိုးသားသား ပြောရရင် ကျုပ်လည်း အစ်ကိုရန်နဲ့ ရန်သူမဖြစ်ချင်ဘူး။ ဒါပေမယ့် အခုကိစ္စက မူလအဆီအနှစ်ကျောက်တုံးကိစ္စ ဖြစ်နေတော့ ကျုပ်လည်း ဝင်မပါလို့ မရတော့ဘူး”

ရန်ကိုင်က ခေါင်းညိတ်လျက် “ငါနားလည်ပြီ”

“အစ်ကိုရန် နားလည်သွားပြီဆိုတော့ အဆင်ပြေသွားတာပေါ့။ မျိုးနွယ်စုခေါင်းဆောင်တိုင်း မူလအဆီအနှစ်ကျောက်တုံး ဒီမှာ ရှိတယ်ဆိုတာကို သိထားတဲ့ လူတွေချည်းပဲ။ ဒါပေမယ့် ဘယ်သူမှ မယူနိုင်လို့ မယူဘဲ ဒီအတိုင်း ထားထားတာ။ အခု အစ်ကိုရန်က အဲ့ဒါကို ယူနိုင်မှတော့ ဒီလဲ့ ဒီအတိုင်း ငြိမ်နေလို့ မရတော့ဘူးလေ။ အစ်ကိုရန် အဲ့မလူ အဆီအနှစ်ကျောက်တုံးကို ပေးမယ်ဆိုရင် ရွှယ့်လျန်နဲ့ မီထျန်းလည်း အစ်ကိုရန်ကို သွားခွင့်ပြုလော်ကတယ်”

“ငါပေးမယ်လို့ မင်းထင်လား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။

လဲ့ဖုန်းက ခဏလောက် စဉ်းစားပြီးနောက် အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်လေ၏ “မထင်ပါဘူး။ အစ်ကိုရန် နေရာမှာ ကျုပ်သာဆိုရင်လည်း ပေးမှာမဟုတ်ဘူး”

“ဘာလို့ ဒီကောင်နဲ့ အချိန်ကုန်ခံ ပြောနေသေးတာလဲ။ သူ့ကို မြန်မြန် သတ်ကြရအောင်။ ဒီကောင် ဘယ်လောက် အားကောင်း အားကောင်း ငါတို့ သုံးယောက်ကိုတော့ သူတစ်ယောက်တည်း တိုက်နိုင်မှာ မဟုတ်ဘူး” စိတ်အဆတ်ဆုံးဖြစ်သည့် ရွှယ့်လျန်သည် ရန်ကိုင်နှင့် လဲ့ဖုန်းတို့ ဤအတိုင်း စကားရပ်ပြောနေသည်ကို မြင်သော် စိတ်မရှည် ဖြစ်လာတော့သည်။ အော်ပြောလိုက်ပြီးနောက် ရွှယ့်လျန်သည် မြေပြင်အား ဆောင့်နင်းလျက် ရန်ကိုင်ဆီသို့ ခုန်ဝင်သွားလေ၏။

တစ်ချိန်တည်းတွင် ဧရာမသွေးနဂါးပုံရိပ်ကြီး တစ်ခုကို သူ့ကျောပြင်ထက် ဆင့်ခေါ်လိုက်သည်။ ရန်ကိုင်၏ ခွန်အား အကြောင်း ကောင်းကောင်း သိထားသည့်အတွက် စတိုက်ကတည်းက သူ့ခွန်းအား အကုန်အစင်ကို ထုတ်သုံးခဲ့၏။

မီထျန်းသည်လည်း အပိုစကားများ ပြောမနေတော့။ ရွှယ့်လျန် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်ထဲရှိ ပန်းပွင့်ကို သူ့ခေါင်းထက်သို့ ပစ်တင်လိုက်၏။ ပန်းပွင့်သည် စတင် လည်ပတ်လာပြီး ၎င်း၏ ပွင့်ချပ်များသည် တစ်ချပ်ချင်း တစ်ချပ် ကြွေကျလာကာ လေထုထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေ၏။

လဲ့ဖုန်းသည်လည်း ခြေရာလက်ရာမကျန် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြန်လေ၏။

“ကောင်းတယ်။ မင်းတို့ သုံးယောက်စလုံးက သေချင်နေမှတော့ ငါကလည်း သေလမ်း ပို့ပေးရတာပေါ့” သုံးယောက် တစ်ယောက် ရင်ဆိုင်နေရသော်လည်း ရန်ကိုင်သည် နည်းနည်းလေးမှပင် ကြောက်လန့်သွားခြင်း မရှိခဲ့ချေ။ ငါးရောင်ခြယ် အလင်းတို့ ရန်ကိုင်၏ ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့၏။ ထိုဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီသည် သူ့ခုခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရုံမက တိုက်ပွဲစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပေသည်။

ထို့နောက်တွင် သူ့ဆီ တိုးဝင်လာနေသည့် ရန်သူ သုံးယောက်သီး လက်သီးချက်သုံးချက် ပစ်သွင်းလိုက်လေ၏။

ထွက်ပေါ်လာသော ပေါက်ကွဲသံများကြောင့် ပတ်ပတ်လည် ဟင်းလင်းပြင်ပင် စတင် တုန်ခါလာခဲ့ရလေသည်။

တစ်ဦးချင်း ထိပ်တိုက်တွေ့ဆုံမှု အပြီးတွင် ရန်ကိုင်သည် ဘာမှ ဖြစ်မသွားခဲ့သော်လည်း ရွှယ့်လျန်ကမူ သုံးကြိမ်လောက် နောက်သို့ ကျွမ်းပစ်သွားခဲ့ပြီး သူ့လက်နှစ်ဖက်မှာလည်း ပျော့ခွေကျသွားခဲ့၏။

ရွှယ့်လျန်အား နည်းနည်းလေးမှ တုန့်ပြန်ချိန် မပေးတော့ဘဲ ရွှေရောင်သွေးမျှင်များကို သုံး၍ ရွှေရောင်လှံတစ်ချောင်း ဖန်တီးကာ ရွှယ့်လျန်ဆီသို့ ပစ်ထည့်လိုက်လေ၏။

ထိုအခြင်းအရာကို မြင်သော် ရွှယ့်လျန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေ၏။

ယခုတစ်ကြိမ် ထိပ်တိုက်တွေ့ဆုံမှုအပြီး လက်ရှိ ရန်ကိုင်သည် ချီယွဲ့ နန်းတော်တွင် သူရင်ဆိုင်တိုက်ခိုက်ခဲ့သည့် ရန်ကိုင်ထက် အများကြီး ပိုအားကောင်းကြောင်း ရွှယ့်လျန် နားလည်လိုက်၏။

ထိုစဉ်က ရန်ကိုင်သည် သူ့ထက် နည်းနည်းလောက်သာ သန်မာခြင်း ဖြစ်သော်လည်း လက်ရှိ ရန်ကိုင်သည် သူ့အား လုံးဝ ဖိနှိပ်နိုင်သည်အထိကို အားကောင်းနေသည်ဟု ရွှယ့်လျန် ခံစားနေရသည်။

သူရန်ကိုင်အား လုံးဝ မယှဉ်နိုင်ရတော့သည့် အကြောင်းအရင်း နှစ်ခုသာရှိသည်။ တစ်ခုမှာ ချီယွဲ့ နန်းတော်တိုက်ပွဲတွင် ရန်ကိုင်သည် အစွမ်းကုန် ထုတ်မသုံးခဲ့သည့် အတွက်ကြောင့် ဖြစ်သည်။ ဒုတိယတစ်ခုသည်ကား ရန်ကိုင်သည် သွေးအကျဉ်းထောင်ထဲတွင် အကျိုးအမြတ်များစွာ ရရှိခဲ့သည့် အတွက်ကြောင့် ဖြစ်၏။

ရွှေရောင်လှံတံထဲ ပါဝင်သော စွမ်းအားကို သတိပြုမိသော် ရွှယ့်လျန်သည် သူ့အကာအကွယ် မှော်ရတနာကို အလျင်အမြန် ဆင့်ခေါ်လိုက်ပြီး တစ်ချိန်တည်းတွင် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့ ကြက်ခြေခတ်သဏ္ဍာန် ကာထားလိုက်လေသည်။

ကလန်…

သတ္တုမြည်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ရွှယ့်လျန် ထုတ်ယူလိုက်သော အကာအကွယ် မှော်ရတနာသည် ရွှေရောင်လှံတံအား လုံးဝ တားဆီးနိုင်ခြင်းမရှိချေ။ ရွှေရောင်လှံတံသည် အကာအကွယ် မှော်ရတနာကို ထိုးဖောက်ပြီးသွားသည်နှင့် တစ်ပြိုင်နက် ရွှယ့်လျန်ဆီသို့ပါ ဆက်လက် တိုးဝင်လာခဲ့လေသည်။

ရွှေရောင်လှံတံသည် ရွှယ့်လျန် လက်မောင်းထက်ရှိ အကြေးခွံများကို ထိုးဖောက်သွားပြီး အရိုးထိသို့ ရောက်ရှိသွားခဲ့၏။ ရွှေရောင်လှံတံထဲ ကိန်းအောင်းနေသည့် အရှိန်ကြောင့်လည်း ရွှယ့်လျန်တစ်ကိုယ်လုံး လှိုင်ဂူထဲသို့ လွင့်ပျံထွက်သွားခဲ့လေ၏။

ဘုန်း… ဘုန်း… ဘုန်း…

လှိုင်ဂူထဲဆီမှ မြေပြင်နှင့် သွားရိုက်ခတ်သည့်အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ ရွှယ့်လျန် မည်သည့် နေရာအထိ ရောက်သွားခဲ့သလဲ၊ သူမည်မျှ ဒဏ်ရာရသွားလဲ မည်သူမှ မသိကြချေ။

ပြီးသည်နှင့် ရန်ကိုင်သည် ချက်ချင်းလှည့်၍ ရေပြင်ညီအတိုင်း ဖြတ်ဆွဲချကာ ဧရာမဟင်းလင်းပြင် အက်ကွဲကြော်ငးကြီး တစ်ခုကို ဖန်တီးလိုက်လေသည်။

ထိတ်လန့်တကြား အော်ဟစ်ရင်း လဲ့ဖုန်းသည် ရန်ကိုင်ဆီမှ အလျင်အမြန် ပြန်ဆုတ်လိုက်ရသည်။ ပြန်ဆုတ်ပြီးနောက်တွင် လခြမ်းကွေးပုံစံ ဟင်းလင်းပြင်အက်ကြောင်းကိုသာ အလေးအနက် အမူအရာဖြင့် စိုက်ကြည့်နေပြီး ရန်ကိုင်အား ချက်ချင်းကြီး နောက်တစ်ကြိမ် ထပ်မတိုက်ခိုက်ခဲ့ပေ။

ထူးဆန်းသော ပွင့်ချပ်များသည် စက်သွားများသဖွယ် လည်ပတ်ရင်း အဘက်ဘက်မှ ထွက်ပေါ်လာလျက် ရန်ကိုင်အား ဖြတ်တောက်ရန် ကြိုးစားကြလေသည်။ ထိုပွင့်ချပ်များနှင့်အတူ ရစ်မူးဖွယ်ရာ မွှေးရနံ့တစ်ခုသည်လည်း ပျံ့နှံ့လာခဲ့သည်။

ချက်ချင်းဆိုသလို မရေမတွက်နိုင်သော ပွင့်ချပ်များသည် ရန်ကိုင်အား ဖုံးလွှမ်းသွားခဲ့ပြီး ထူးဆန်းသော ပန်းပွင့်ပုံစံ အဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။

ထိုစဉ် ရန်ကိုင်သည်လည်း ထူးဆန်းသော ပန်းပွင့်၏ ဝါးမြိုခြင်း ခံလိုက်ရသည့်အလား အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။

သို့သော် မီထျန်း ပျော်နေခြင်းမရှိဘဲ မျက်မှောင်ကြုတ်၍သာ ပတ်ဝန်းကျင်အား သတိကြီးကြီးဖြင့် လှည့်ပတ်ကြည့်နေ၏။

နောက်ဆုံး အခိုက်အတန့်တွင် သူ့တိုက်ခိုက်မှုမှ ရန်ကိုင် လွတ်မြောက်သွားအောင်း မီထျန်း သတိပြုမိလိုက်သည်။

“ဒီလောက်လေးနဲ့ ငါ့ကို သတ်ချင်နေတာလား” အနီးနားဆီမှ ရန်ကိုင်၏ အသံ ထွက်ပေါ်လာသဖြင့် မီထျန်း မျက်လုံး မှေးစဉ်းသွားပြီး အလျင်အမြန် မော့ကြည့်လိုက်ရာ ဘာမှမဖြစ်ဘဲ လေထဲ အကောင်းအတိုင်း ရပ်နေသော ရန်ကိုင် တွေ့လိုက်ရ၏။

လဲ့ဖုန်းသည်လည်း မီထျန်းဘေးတွင် တိတ်တဆိတ် ပေါ်လာပြီး စကားတစ်ခွန်းမှ မပြောဘဲ ရန်ကိုင်အား အေးစက်စက် အမူအရာဖြင့်သာ စိုက်ကြည့်လိုက်သည်။

မွန်းစတားမျိုးနွယ်စု၏ တက်သစ်စ ကြယ်ပွင့် သုံးယောက်ပေါင်း၏ ခွန်အားသည် တန်ခိုးရှင်ဘုရင်အဆင့်ကို မယှဉ်နိုင်သော်လည်း အနည်းဆုံး တန်ခိုးရှင်အဆင့်တွင်တော့ ပြိုင်ဘက်ကင်းသင့်ပေ၏။ ထို့အပြင် သူတို့ သုံးယေဦက်စလုံးသည် သာမန် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ မဟုတ်ကြဘဲ မွန်းစတားဧကရာဇ်ကြယ်မှ ထိပ်တန်း လက်ရွေးစင် ပညာရှင်များ ဖြစ်ကြသည်။

သို့သော်လည်း ရန်ကိုင်နှင့် တိုက်ခိုက်ပြီးနောက်တွင် သူတို့၏ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးလာရသည်။

ရန်ကိုင်သည် သူတို့သုံးယောက်၏ တိုက်ခိုက်မှုများကို အလွယ်တကူ ခုခံ ရှောင်တိမ်းနိုင်ခဲ့ပြီး ရွှယ့်လျန်ကိုပင် ဒဏ်ရာရ၊ လွင့်ပျံထွက်သွားအောင် လုပ်နိုင်ခဲ့သည်။ ယခုအချိန်ထိတိုင် ရွှယ့်လျန် ပြန်ထမလာသေးဘဲ သူသေသည် ရှင်သည်ကိုပင် မသိရချေ။ ထိုအချိန်အတွင်း သူတို့ နှစ်ယောက်မှာတော့ ရန်ကိုင်၏ အပြည့်အဝ ဖိနှိပ်ခြင်းကို ခံနေခဲ့ရပေသည်။

“ဒီကောင် လူကော ဟုတ်သေးရဲ့လား” လဲ့ဖုန်း မျက်မှောင်ကြုတ်နေခဲ့သည်။ ရန်ကိုင်အား တိုက်ခိုက်ရန် ကြိုးစားမိသည်ကိုပင် နောင်တရနေမိလေပြီ။

ရန်ကိုင် အလွန်အားကောင်းမှန်း သူသိသည်။ မဟုတ်လျှင် ချီယွဲ့ နန်းတော်၌ ရွှယ့်လျန်အား သင်ခန်းစာ ပေးနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သွေးအကျဉ်းထောင်ထဲ၌ ရန်ကိုင်နှင့် တွေ့စဉ်က အတူပူးပေါင်းလှုပ်ရှားရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မီထျန်းနှင့် ရွှယ်လျန်ဆီမှ မူလအဆီအနှစ် ကျောက်တုံးအကြောင်း ကြားသိလိုက်ရသည့်နောက်တွင် သူဤအတိုင်း မနေနိုင်တော့ချေ။

မူလ အဆီအနှစ်ကျောက်တုံးသည် အလွန်ကိုမှ အဖိုးတန်လှသည့် အတွက် စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ရွှယ့်လျန်၊ မီထျန်းတို့နှင့် အတူပူးပေါင်းလျှင် ရန်ကိုင်အား ဖိနှိပ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား တကယ်တမ်း သူတို့သာ ဒုက္ခရောက်ရလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

ထိုလူသားသည် အလွန်ကိုမှ အားကောင်းလွန်းသည်။ တန်ခိုးရှင် ဒုတိယအဆင့်သာ ရှိသေးသည့်တိုင် သူတို့ သုံးယောက်ပေါင်းကို အလွယ်တကူ ဖိနှိပ်နေနိုင်ခဲ့သည်။ တန်ခိုးရှင်အဆင့်ထဲတွင် မည်သူကများ သူ့ကို ယှဉ်တိုက်နိုင်တော့မည်နည်း။

“လဲ့ဖုန်း။ အာရုံစိုက်ထား။ ဒီလောကမှာ နောင်တအတွက် ဆေးမရှိဘူး။ အခုအချိန် သူသေရင်သေ၊ မသေရင် ငါတို့သေပဲ” မီထျန်းက ရန်ကိုင်အား မှုန်ကုတ်ကုတ် အမူအရာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

လဲ့ဖုန်းက ခေါင်းခါ၍ “ငါသိတယ်။ လျှောက်ပြီးပြီဆိုမှတော့ ဘယ်လိုမှ ပြန်လှည့်လို့ မရတော့ဘူး။ အစ်ကိုရွှယ့်လျန် ပြန်လာတာနဲ့ ငါတို့သုံးယောက် သူ့ကို တစ်ပြိုင်တည်း တိုက်ခိုက်မယ်။ အဲ့လိုမှပဲ အဆင်ပြေရင် ပြေလိမ့်မယ်”

မီထျန်း ပြန်မပြောခဲ့ချေ။ ရန်ကိုင်နှင့် ရင်ဆိုင်ရရာတွင် သူ့မာနကိုလည်း ဘေးဖယ်ထားရတော့သည်။

မီထျန်းနှင့် လဲ့ဖုန်းသည် ဘေးချင်းယှဉ်ရပ်လျက် ရန်ကိုင်ကို စောင့်ကြည့်ရင်း လှိုင်ဂူဆီသို့ စိုးရိမ်တကြီး လှမ်းလှမ်း ကြည့်နေ၏။

ရွှယ့်လျန်သည် ရန်ကိုင်၏ လက်ချက်ကြောင့် အသက်ပျောက်သွားသည့်နှယ် ယခုအချိန်ထိ တိတ်ဆိတ်နေခဲ့၏။

သို့သော်လည်း ထိုကဲ့သို့ မဖြစ်သင့်ချေ။ ရန်ကိုင်၏ တိုက်ကွက် မည်မျှ အားကောင်းစေကာမူ ရွှယ့်လျန်သည် သွေးနဂါး အသွင်ပြောင်းလဲခြင်းကို အသုံးပြုထားသည် မဟုတ်ပေလော။ ထိုအချိန်အတာအတွင်း သူ့ခုခံနိုင်စွမ်းသည် အလွန်ကိုမှ မြင့်မားနေလေရာ မည်သို့များ ထိုမျှအလွယ်တကူ သေသွားရသနည်း။

ရွှယ့်လျန် ဘာလုပ်နေသလဲ သူတို့နှစ်ဦး မသိကြသော်ငြား သူတို့ရင်ထဲ မြန်မြန် ထွက်မလာနိုင်သေးသော ရွှယ့်လျန်ကို ကြိတ်၍ ကျိန်ဆဲနေခဲ့လေသည်။

ရုတ်တရက် လှိုင်ဂူထဲတွင် နားပင်မတတ် ကျယ်လောင်သော ချောက်ခြားဖွယ်ရာ ဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ရွှယ့်လျန်ပဲ” မီထျန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ရွှယ့်လျန် ဘာကြောင့် အရူးတစ်ယောက်နှယ် အော်ဟစ်နေမှန်း သူနားမလည်။ ရန်ကိုင်အား အလွန်ဒေါသထွက်သည့် အတွက်ကြောင့် အော်ဟစ်နေသည် ဆိုလျှင်လည်း ထိုသို့ အော်ဟစ်နေမည့်အစား ဘာကြောင့် အပြင်ထွက်လာပြီး ရန်ကိုင်အား မတိုက်ခိုက်ရသနည်း။ သူဘာများ လုပ်နေလေသနည်း။

“တစ်ခုခု မှားနေပြီ” လဲ့ဖုန်းစိတ်ထဲ ရုတ်တရက် မကောင်းသည့် ခံစားချက်တို့ ရလာခဲ့သည်။ သူ့မသိစိတ်သည် သူ့အား ဤနေရာမှ ချက်ချင်း ထွက်ပြေးရန် ပြောနေခဲ့သည်။

မီထျန်းနှင့် လဲ့ဖုန်းတို့ကဲ့သို့ ရန်ကိုင်သည်လည်း လှိုင်ဂူအား အလေးအနက် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

သို့သော်လည်း သူ့စိတ်ထဲ လှိုင်ဂူထဲတွင် ဖြစ်ပျက်နေသည့် အရာအား စိုးရိမ်သည်ဟု ပြောရမည့်အစား စိတ်ဝင်စားနေမိသည်ဟု ပြောလျှင် ပိုမှန်နေပေလိမ့်မည်။ ရွှယ့်လျန် ဘာလုပ်နေလဲ သူမသိ၊ အလွန်ကိုမှ ကြီးကျယ်ခမ်းနားသည့် လျှို့ဝှက်ပညာရပ်ကြီး တစ်ခုကို ထုတ်သုံးရန် ကြံနေသည် ဆိုလျှင်ပင် သူမကြောက်ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၀၈)

ခဏအကြာတွင် ရွှယ့်လျန်၏ အော်ဟစ်သံတို့ တစ်ဖန်ပြန်လည် တဆိတ်သွားခဲ့လေသည်။

သို့သော်ငြား သူအော်သံ ရပ်တန့်သွားသည့် အခိုက်တွင် လှိုင်ဂူတွင်းရှိ မွန်းစတားချီတို့မှာ ကသောင်းကနင်း ဖြစ်လာ၏။ အနီးအနားတွင် ရှိနေသော မွန်းစတားချီတို့သည်လည်း တစ်ခုခု၏ ဆင့်ခေါ်ခြင်း ခံလိုက်ရသည့်နှယ် လှိုင်ဂူထဲဆီသို့ တစ်ဟုန်ထိုး စီးဝင်ကုန်ကြလေသည်။

လှိုင်ဂူသည် ဧရာမသားရဲကြီး တစ်ကောင်နှယ် မွန်းစတားချီများကို အငမ်းမရ ဝါးမြိုနေခဲ့ရာ အသက်ဆယ်ရှိုက်စာအတွင်း တောင်တစ်ခုလုံး ကြီးစိုးနေသော မွန်းစတားချီများ ပျောက်ကွယ်သွားခဲ့ရသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။

မီထျန်းနှင့် လဲ့ဖုန်းသည်လည်း အူတူတူ ကြောင်တောင်တောင် အကြည့်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ဘာတွေ ဖြစ်နေမှန်း သူတို့ နားမလည်ကြချေ။

ငြိမ်သက်နေသော လှိုင်ဂူအတါင်းမှ အရှိန်အဝါတစ်ခုသည် တဖြည်းဖြည်းချင်း မြှင့်တက်အားကောင်းလာနေခဲ့သည်။

ရှပ်… ရှပ်… ရှပ်…

ခြေသံတို့နှင့်အတူ ရွှယ့်လျန်၏ ပုံရိပ် လှိုင်ဂူထဲမှ ထွက်လာခဲ့၏။ လက်ရှိ ရွှယ့်လျန်သည် ပုံပန်းပန်းပျက် ဖြစ်နေသည့် ရွှယ်လျန် မဟုတ်တော့သလို ဒေါသထွက်နေသည့် ရွှယ့်လျန်လည်း မဟုတ်တော့ချေ။ အပြင်သို့ ရောက်သည်နှင့် သူ့လက်ကို ဆန့်ထုတ်၍ သူ့ကိုယ်သူ စစ်ဆေးကြည့်နေသည့်နှယ် စစ်ဆေးကြည့်လိုက်၏။ သူ့မျက်ဝန်း အနက်တွင်းပိုင်းထဲ ဝမ်းသာသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

“ရွှယ့်လျန်၊ မင်းဘာလုပ်နေတာလဲ” မီထျန်းက ဒေါသတကြီး လှမ်းအော်ဟစ်လိုက်သည်။ သေရေးရှင်ရေးနှင့် ရင်ဆိုင်နေရသည် ဆိုပါမှ ရွှယ့်လျန်သည် ရူးကြောင်ကြောင် အပြုအမူများ လုပ်နေသည်ကို မြင်သော် မီထျန် ဒေါသအကြီးအကျယ် ထွက်သွားခဲ့လေသည်။

ရန်ကိုင်သည် အလွန်အားကောင်းလွန်း၏။ သူတို့ သုံးယောက် ပေါင်းတိုက်လျှင်ပင် သူ့အား နိုင်လိမ့်မည်ဟု မသေချာလေရာ သူတို့အနေဖြင့် နည်းနည်းလေးမှ အမှားခံ၍ မဖြစ်ချေ။

“သူ့ကြည့်ရတာ အရင်နဲ့ မတူတော့သလိုပဲ” လဲ့ဖုန်းက မျက်လုံးမှေးစဉ်း၍ ပြောလိုက်သည်။

“အဲ့အကြောင်း နောက်မှပြော။ အခုအရေးကြီးဆုံးက ရန်ကိုင်ကို အရင်သတ်ဖို့ပဲ” မီထျန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ထူးဆန်းသော ပန်းပွင့်ကို ရန်ကိုင်ဆီသို့ လှမ်းပစ်လိုက်လေသည်။

ရွှယ့်လျန်နှင့် ပက်သက်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု သူ့စိတ်ထဲ ခံစားနေရသော်ငြား လက်ရှိအချိန်တွင် ထိုအကြောင်းကို တွေးပူနေရန် အချိန်မရှိသဖြင့် လဲ့ဖုန်းလည်း ရန်ကိုင်အား တိုက်ခိုက်ရေးတွင်သာ ပြန်အာရုံစိုက်လိုက်လေသည်။

ရန်ကိုင်ကမူ ရွှယ့်လျန်ကိုသာ အာရုံစိုက်နေခဲ့သည်။ လက်ရှိ ရွှယ့်လျန်သည် အစောပိုင်းက ရွှယ့်လျန်နှင့် အပြတ်အသတ်ကို ကွားခြားနေခဲ့သည်။ လက်ရှိ ရွှယ့်လျန်ဆီမှ အားကောင်းသော ဖိအားတစ်ရပ်ကို သူခံစားနေမိ၏။

ရွှယ့်လျန်သည်လည်း ထိုအခါမှ အသိပြန်ဝင်လာခဲ့သည်။ သူ့သွေးနီရောင် မျက်ဝန်းအစုံသည် တစ်နေရာဆီသို့ သေချာ စူးစိုက်ကြည့်နေပြီးနောက် “အရိပ်သိမ်းငှက် သွေးမျိုးဆက်ပါလား။ စိတ်ဝင်စားစရာပဲ။ ငါ့မိတ်ဆွေဟောင်းကြီးရဲ့ မျိုးဆက် တစ်ယောက်ကို ဒီမှာ လာတွေ့မယ်လို့ မထင်ထားဘူး”

ပြောပြီးသည်နှင့် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်၏။

သူပြန်ပေါ်လာသည့် အချိန်တွင် မီတာတစ်ရာအကွာဆီသို့ ရောက်နေခဲ့လေပြီ။ သူမည်ကဲ့သို့ လှုပ်ရှားသွားလိုက်သလဲ မည်သူမှ မမြင်လိုက်ရ။ ရန်ကိုင်ပင်လျှင် နည်းနည်းလောက်သာ သတိပြုမိ၏။

ရွှယ့်လျန်သည် လေဟာနယ်ကို ခုန်ကျော်သွားခဲ့ခြင်း မဟုတ်ဘဲ သူ့အရှိန်သည် အလွန်ကိုမှ မြန်လွန်းသည့်အတွက် ကောင်းကင် စိတ်အာရုံပင် အမှီမလိုက်နိုင်ခြင်း ဖြစ်သည်။

ရွှယ့်လျန်သည် သူ့လက်ကို ဆန့်ထုတ်၍ ဗဟာဟင်းလင်း ဖြစ်နေသော လေဟာနယ်ကို ဖမ်းဆွဲလိုက်သည်။ သူထိုသို့ ဆွဲလိုက်သည့်အခိုက် အနီးအနား ဟင်းလင်းပြင် တစ်ခုလုံး ရုတ်တရက် အေးခဲသွားခဲ့လေသည်။

အေးခဲသွားသော ဟင်းလင်းပြင်နှင့်အတူ ယခုလေးတင် ပျောက်ကွယ်သွားခဲ့သော လဲ့ဖုန်း ပျာသလဲလဲ အမူအရာဖြင့် ပြန်ပေါ်လာခဲ့သည်။

လဲဖုန်း ထိတ်လန့်သွားခဲ့သလို ဒေါသလည်း ထွက်သွားခဲ့၏။ သို့သော်ငြား သူ့အဖို ရွှယ့်လျန် ဘာကြောင့် အချင်းချင်း ပြန်၍ တိုက်ခိုက်နေရသနည်းမှာ မမေးရသေးခင်မှာပဲ ရွှယ့်လျန်သည် သူ့အား အခွင့်အရေးပင် မပေးတော့ဘဲ သူ့လက်ဖြင့် လဲ့ဖုန်း၏ လည်ပင်းကို ဖမ်းကိုင်လိုက်သည်။

ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့သလို မီထျန်းသည်လည်း အံ့အားသင့်သွားခဲ့သည်။

ရန်ကိုင်ကို ဆက်ဂရုမစိုက်နိုင်တော့ဘဲ မီထျန်းသည် ရွှယ့်လျန်ဘက်သို့ လှည့်၍ အော်ပြောလိုက်လေသည် “မင်းဘာတွေ လုပ်နေတာလဲ”

သုံးယောက်ပေါင်း၍ ရန်ကိုင်ကို ချုံခိုတိုက်ခိုက်ခဲ့သော်ငငြား သူတို့ ရန်သူ ဘာမှဖြစ်မနေသေးချိန် ရွှယ့်လျန်သည် စိတ်ရူးပေါက်ပြီး သူတို့လူ အချင်းချင်းကို ပြန်၍ တိုက်ခိုက်နေခဲ့သည်။

သို့သော်လည်း ရွှယ့်လျန်သည် မီထျန်း၏ အော်ဟစ်သံကို ဂရုမစိုက်ဘဲ လဲ့ဖုန်းကို မြှင့်မြှင့်သို့ ဆွဲမလျက် မေးလိုက်လေ၏ “ခွေးအိုကြီး ထျန်းကျိုက မင်းနဲ့ ဘာတော်လဲ”

တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိသည့်အတွက် လဲ့ဖုန်းသည် မွန်းစတားချီကို အသည်းအသန် လှည့်ပတ်၍ ရွှယ့်လျန်၏ ထိန်းချုပ်မှုအောက်မှ ရုန်းထွက်ရန် ကြိုးစားခဲ့သော်ငြား သူမည်မျှပင် ကြိုးစားနေစေကာမူ ရုန်းမထွက်နိုင် ဖြစ်နေခဲ့သည်။

“မင်းရွှယ့်လျန် မဟုတ်ဘူး” လဲ့ဖုန်းက အလန့်တကြား ပြန်ပြော၏။

ရွှယ့်လျန်သာဆိုလျှင် သူ့အား ဤကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ မွန်းစတားချီ ပြောင်းလဲသွားခြင်းနှင့် ရွှယ့်လျန်၏ အော်ဟစ်သံကို ပြန်ပေါင်းစပ်ကြည့်လိုက်သည့်နောက် ဘာဖြစ်နေလဲ လဲဖုန်း ရုတ်တရက် နားလည်သွားခဲ့သည်။

“ခန္ဓာကိုယ် ဝင်စီးထားတာလား” ရန်ကိုင်နှင့် မီထျန်းတို့ နှစ်ဦးစလုံး ဘာဖြစ်နေလဲ နားလည်သွားခဲ့ကြလေပြီ။

“မင်းတို့ကောင်လေးတွေ မြင်တတ်သားပဲ” ရွှယ့်လျန်က ခြောက်ကပ်ကပ်သာ ရယ်မောလိုက်ပြီး ငြင်းဆန်ရန် ကြိုးစားမနေခဲ့ချေ။ ထို့နောက် ရန်ကိုင်အား လောဘမီးတောက်တို့ လောင်မြိုက်နေသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်၏။

ရွှယ့်လျန်၏ အကြည့်နှင့် ရင်ဆိုင်ရချိန် ရန်ကိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။

ထို့နောက်တွင် ရွှယ့်လျန်သည် ရန်ကိုင်ကို အာရုံစိုက်မနေတော့ဘဲ ဆက်၍သာ မေးလိုက်သည် “ထျန်းကျို မင်းနဲ့ ဘာတော်လဲ”

“ကျုပ်တို့ရဲဘိုးဘေး” လဲ့ဖုန်းက အံကြိတ်၍ ပြန်ဖြေလိုက်သည်။

“သူအသက်ရှင်နေသေးလား” ရွှယ့်လျန်က ခေါင်းစောင်းလျက် ထပ်မေးလိုက်သည်။

“သူသေသွားတာ အကြာကြီးရှိနေပြီ။ စီနီယဦ မသိဘူးလား” လဲ့ဖုန်းက အသက်အက်အက်ဖြင့် ပြန်မေးလိုက်၏။

ထျန်းကျို အသက်ရှင်စဉ်က သူသည် အလွန်အားကောင်းသော မွန်းစတားဘုရင်တစ်ပါး ဖြစ်ခဲ့သည်။ ကံမကေငါင်းစွာဖြင့် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာခန့်က ထျန်းကျို သေဆုံးသွားခဲ့လေ၏။

“သူတကယ် သေသွားတာပဲ။ ငါသူနဲ့ အကြွေးရှင်းချင်သေးတာကို” ရွှယ့်လျန် အနည်းငယ် စိတ်ပျက်သွားသည့်ပုံပင်။ သို့သော်ငြား မကြာမီ အပြုံးကြီးပြုံးလျက် “ဒါပေမယ့် ကိစ္စမရှိတော့ဘူး။ အဲ့ဒါတွေ အားလုံးက အတိတ်မှာ ကျန်ခဲ့ဘူး။ အခု ဒီဘုရင်က သူ့ခွေးမျိုးဆက်လေးတွေနဲ့ လာတိုးမှတော့ ငါ့ဒေါသကို မင်းတို့ အပေါ်ပဲ ပုံချရတော့တာပေါ့”

“စီနီယာဘယ်သူလဲ ကျုပ်သိလို့ရမလား” လဲ့ဖုန်းက တုန်ရီနေသည့် အသံဖြင့် ပြန်မေးလိုက်သည်။ သူ့လည်ပင်းကို ဖျစ်ညစ်ထားသည့် ရွှယ့်လျန်၏လက် တဖြည်းဖြည်း တင်းကြပ်လာသည်ကို လဲ့ဖုန်း ခံစားမိနေခဲ့သည်။

“ဒီဘုရင်နဲ့ ထျန်းကျိုက တစ်ခေတ်ထဲမှာ မွေးလာတာ။ ပြီးတော့ သူနဲ့ ငါ့ကြားမှ မကျေနပ်ချက်တွေ အများကြီးရှိတယ်။ ငါဘယ်သူလို့ မင်းထင်လဲ” ရွှယ့်လျန်က ယဲ့ယဲ့လေး ရယ်မောလျက် ပြန်မေးလိုက်သည်။

လဲ့ဖုန်းမျက်နှာ ဖြူလျော်သွားပြီး တုန်တုန်ရီရီဖြင့် “ခင်ဗျားက ဒီမှာ သေသွားတဲ့ အရူးမိကျောင်းဘုရင်ပေါ့”

သူတို့ မိသားစုသမိုင်းကျောင်း လဲ့ဖုန်း သိပေသည်။ လွန်ခဲ့သော နှစ်တစ်သောင်းခန့်၊ ကောင်းကင်သိမ်းငှက်ဘုရင် အသက်ရှင်စဉ်က သူတို့ အရိပ်သိမ်းငှက် မျိုးနွယ်စုသည် မွန်းစတားကြယ်ပေါ်တွင် အားအကောင်းဆုံး အင်အားစုတစ်ခု ဖြစ်ခဲ့သည်။ သို့သော်ငြား သူတို့နှင့် ခေတ်ပြိုင် အားကောင်းသည့် အခြား ပညာရှင် တစ်ဦးလည်း ရှိနေသဖြင့် မွန်းစတားဧကရာဇ်ကြယ် တစ်ခုလုံးကို သူတို့ လက်အောက်သို့ မသိမ်းသွင်းနိုင်ခဲ့ချေ။

ထိုပညာရှင်မှာ အရူးမိကျောင်းမွန်းစတားဘုရင် ဖြစ်ပေသည်။

ရွှယ့်လျန်၏ စကားကို ကြားပြီးသည့်နောက်တွင် ရွှယ့်လျန်၏ ခန္ဓာကိုယ်ကို ဝင်စီးထားသည့်လူ မည်သူမှန်း လဲ့ဖုန်း နားလည်သွားခဲ့သည်။

အရူးမိကျောင်းဘုရင်သည် အလွန်ကို အားကောင်းပြီး အလွန်ကိုမှလည်း ရက်စက်သည်။ သူ့လက်ထဲတွင် သေသွားသည့် မွန်းစတားမျိုးနွယ်နှင့် လူသားမျိုးနွယ် အရေအတွက်မှာ မရေမတွက်နိုင်အောင်ကို များပြားလှပြီး မွန်းစတားဧကရာဇ်ကြယ် တစ်ခုလုံးက သူ့အား ရွံရှာစက်ဆုပ်ကြသည်။ ထို့ကြောင့်ပင် သူ့အား အရူးမိချောင်းမွန်းစတားဘုရင်ဟု ခေါ်ခဲ့ကြခြင်း ဖြစ်၏။

ထျန်းကျိုသည် သူ့အားသတ်ရန် ကြိုးစားခဲ့သော်ငြား တစ်ကြိမ်မှ မအောင်မြင်ခဲ့ဘဲ သူတို့ကြားရှိ ရန်ကြွေးသာ တဖြည်းဖြည်း ကြီးမားလာရသည်။

သို့သော်ငြား တစ်နေ့တွင် အရူးမိကျောင်းမွန်းစတားဘုရင်သည် မွန်းစတားဧကရာဇ်ကြယ်မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။

ချီယွဲ့နှင့် အခြားမျိုးနွယ်စုခေါင်းဆောင်များသည် အရူးမိကျောင်း မွန်းစတားဘုရင် သွေးအကျဉ်းထောင်ထဲ သေသွားကြသည်ကို သိကြပြီး လူငယ်မျိုးဆက်များကတော့ မသိကြပေ။ဓ

ယခု သူ့လည်ပင်းကို ညစ်ထားသည့်လူ မည်သူမှန်း သိလိုက်သည့်နောက် လဲ့ဖုန်း မျှော်လင့်ချက် မဲ့သွားခဲ့သည်။ ဤကဲ့သို့သော ပညာရှင်တစ်ယောက်ကြီး ဖမ်းဆီးခြင်း ခံလိုက်ရမှဖြင့် သူမည်ကဲ့သို့ လွတ်နိုင်တော့မည်နည်း။

“ဒီဘုရင် ဒီမှာ သေသွားခဲ့ရတယ် ဆိုပေမယ့် ဒီနေ့ကစပြီး ဒီဘုရင် ပြန်လာနိုင်ပြီကွ။ ဟဲဟဲ၊ မင်းက ထျန်းကျိုရဲ့ မျိုးဆက်ဖြစ်မှတော့ ဒီဘုရင်နဲ့ လာတွေ့ခိုင်းတဲ့ မင်းကံကိုပဲ အပြစ်တင်လိုက်ပေတော့” ရွှယ့်လျန်သည် ကြမ်းကြုတ်စွာပြုံးရင် လဲ့ဖုန်း၏ လည်တိုင်ကို ချိုးဖျက်လိုက်သည်။ ခရက်ဟူသော မြည်သံနှင့်အတူ လဲ့ဖုန်း၏ ခေါင်း ဘေးဘက်သို့ စောင်းကျသွားလေသည်။

လဲ့ဖုန်း သေသွားသည်နှင့် တစ်ပြိုင်နက် မီထျန်းသည်လည်း ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားတော့သည်။

“ဒီဘုရင် ခွင့်မပြုဘဲနဲ့ မင်းထွက်သွားနိုင်မယ် ထင်နေလား” ရွှယ့်လျန်သည် ရုတ်တရက် မီထျန်း ထွက်ပြေးသွားရာဘက်သို့ လှည့်၍ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

မီထျန်းရှေ့ရှိ ဟင်းလင်းပြင်သည် အေးခဲသွားသည့်နှယ် မီထျန်း နည်းနည်းမှ ရှေ့ဆက်တိုး၍ မရတော့ချေ။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် မျက်လုံးပြူးသွားခဲ့ပြီး တစ်ခုခုကို နားလည်သွားလိုက်သလို ခံစားလိုက်ရသည်။

ရွှယ့်လျန် အသုံးပြုလိုက်သော စွမ်းအားသည် နယ်ပယ်၏ စွမ်းအား ဖြစ်ပေသည်။ ရွှယ့်လျန်သည် တန်ခိုးရှင်တတိယအဆင့်သာ ရှိသေးသော်ငြား အရူးမိကျောင်း မွန်းစတားဘုရင်သည် တန်ခိုးရှင် ဘုရင် တတိယအဆင့်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် နယ်ပယ်၏ စွမ်းအားကို ဤအတိုင်းအတာအထိ အသုံးပြုနိုင်သည်မှာ အထူးအဆန်းတော့ မဟုတ်။

ဒီတော့ နယ်ပယ်ရဲ့စွမ်းအားကို ဒီလိုလည်း သုံးလို့ရတယ်ပေါ့ ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့သည်။

မီထျန်းသည် ထိုလမ်းကြောင်းအတိုင်း ထွက်မပြေးနိုင်သည်ကို မြင်သော် လမ်းကြောင်းပြောင်းပြီး ထွက်ပြေးရန် ပြင်သည်။ သို့သော်ငြား ရွှယ့်လျန်သည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ သွေးနဂါးတစ်ကောင် ထွက်ပေါ်လာပြီး ထိုသွေးနဂါးသည် ကြိုးတစ်ချောင်းအသွင်သို့ ပြောင်းလျက် မီထျန်းဆီသို့ တိုးဝင်သွားလေသည်။

ထိုအခါ မီထျန်းက မာန်သွင်းအော်ဟစ်၍ ရွှယ့်လျန်အား သူ့ပန်းပွင့် မှော်ရတနာ၏ ပွင့်ချပ်များဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းတွင် သူ့မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာပြီး ရွှယ့်လျန်အား စိုက်ကြည့်လိုက်လေ၏။

ရွှယ့်လျန်ကမူ လှောင်ပြုံးသာပြုံးလျက် “ဝိဥာဉ်ဝါးမြိုမိစ္ဆာမျက်လုံး၊ ဘာမဟုတ်တဲ့ ဒီပညာရပ်လေးနဲ့ ဒီဘုရင်ကို လာရင်ဆိုင်နေတာ မင်းကိုယ်မင်း အထင်ကြီးနေတာပဲ ကောင်လေး”

ပြောပြီးသည်နှင့် သူ့အနီရောင်မျက်လုံး နှစ်လုံးစလုံး ရုတ်ချည်း မည်းနက်သွားပြီး မီထျန်း၏ မျက်လုံးစွမ်းအားကို ဆွဲယူလိုက်၏။ တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ်ကောင်းသည့် စိတ်စွမ်းအင်တို့လည်း ဖြာထွက်လာခဲ့လေသည်။

အလွန်ကိုမှ ပြင်းထန်သည့် ဝေဒနာကို ခံစားနေရသည့်အလား မီထျန်းသည် နာနာကျင်ကျင် ထအော်ဟစ်တော့သည်။ သူ့အရှိန်အဝါသည်လည်း လေလျှော့ခံလိုက်ရသည့် ပူးပေါင်း တစ်လုံးနှယ် အလျင်အမြန် ထိုးကျလာခဲ့လေသည်။

မီထျန်း၏ မိစ္ဆာမျက်လုံးသည် သူ့အား နည်းနည်းလေးမှ အကူအညီ မပေးနိုင်ရုံမက ရွှယ့်လျန်၏ တန်ပြန် တိုက်ခိုက်ခြင်း ခံလိုက်ရကာ သူ့ဝိဥာဉ်ပင် အပြင်းအထန် ဒဏ်ရာရသွားခဲ့ရလေသည်။

ထိုစဉ် သွေးနီရောင်ကြိုးသည် မီထျန်းအား မပြေးနိုင်အောင် ချုပ်နှောင်ထားလိုက်လေတော့သည်။

ရွှယ့်လျန်က သွားပေါ်အောင်ပြုံးလျက် လက်ကို မြှင့်မြှင့်မြောက်ကာ ဖြည်းဖြည်းချင်း လက်သီး ဆုပ်လိုက်သည်။

သူ့လှုပ်ရှားမှုအတိုင်း ရွှယ့်လျန်အား ချုပ်နှောင်ထားသည့် ကြိုးသည်လည်း တဖြည်းဖြည်း တင်းကြပ်လာခဲ့လေသည်။

“မဟုတ်ဘူး” မီထျန်း အသံကုန် အော်ဟစ်လိုက်သော်ငြား အချည်းနှီးသာ။ သွေးနီရောင်ကြိုးသည် သူ့ခန္ဓာကိုယ်နှင့်တကွ အရိုးများကိုပါ အလျင်အမြန် စတင် ဖျက်စီးနေခဲ့လေပြီ။

ဘုန်းဆိုသော မြည်သံနှင့်အတူ မီထျန်းတစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားခဲ့သည်။

မီထျန်းကို သတ်ပြီးနောက်တွင် ရွှယ့်လျန်သည် သူ့လက်ကို ငုံကြည့်၍ ကျေနပ်နေသည့် အမူအရာဖြင့် “မဆိုဘူး။ ရှေးဟောင်း သွေးနဂါးမျိုးဆက်ဆိုတဲ့အတိုင်းပဲ၊ အားသာချက်တွေတော့ ရှိသားပဲ”

ခန္ဓာကိုယ်အသစ်နဲ့ ပက်သက်၍ အတော်လေး ကျေနပ်နေသည့်ပုံပင်။

သို့သော် မကြာမီ ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ မီးတောက်အကြည့်ဖြင့် ကြည့်လိုက်၏။

“မင်းထွက်မပြေးဘူးလား” ရွှယ့်လျန်က အနည်းငယ် မှင်သက်နေသည့် အမူအရာဖြင့် မေးလိုက်သည်။ မီထျန်းနှင့် လဲ့ဖုန်းတို့အား တိုက်ခိုက်နေသသော်လည်း ရန်ကိုင် ထွက်မပြေးနိုင်စေရန်အတွက် သူသည် ရန်ကိုင်အား တစ်ချိန်လုံး အာရုံစိုက်ထားခဲ့သည်။

သို့သော်ငြား တိုက်ပွဲ စတင်ချိန်မှ ပြီးဆုံးသွားသည့် အချိန်ထိ ထိုလူသား ကောင်လေးသည် ထွက်ပြေးမြည့် အရိပ်အယောင် နည်းနည်းလေးမှ မပြဘဲ တိုက်ပွဲကိုသာ စိတ်ဝင်တစား ရပ်ကြည့်နေသဖြင့် ရွှယ့်လျန် အလွန်ကိုမှ အံ့အားသင့်နေရသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၀၉)

“ဘာလို့ ပြေးရမှာလဲ” ရန်ကိုင်က ပြုံးဖြဲလျက် မျက်ခုံးပင့်ရင်း ပြန်မေးလိုက်သည်။

“မင်းသေမှာကို မကြောက်ဘူးလား။ ဒီဘုရင် မင်းကို သတ်မှာလေ” ရွှယ့်လျန်က ပြန်မေးလိုက်၏။

“တိုက်တောင် မတိုက်ရသေးဘဲနဲ့ ခင်ဗျားနိုင်မယ်ဆိုပြီး ဘယ်လို ကြိုသိနေတာလဲ။ စီနီယာ စကားကို နည်းနည်း သတိထားပြီး ပြောသင့်တယ်” ရန်ကိုင်က ရယ်သွမ်းသွေး၍ ပြန်ပြောလိုက်၏။

ရွှယ့်လျန်သည် မျက်လုံးမှေးစဉ်းလျက် ရန်ကိုင်အား ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်၍ “ဝန်မခံချင်ပေမယ့် မင်းငါ့မွန်းစတားမျိုးနွယ်စုက ဟိုကောင်တွေထက် အများကြီး ပိုသာတယ် ဆိုတာကိုတော့ ကျိန်းသေ ဝန်ခံရမယ်။ ကြည့်ရတာ ငါတို့ မွန်းစတား မျိုးနွယ်စုက တကယ်ကို နိမ့်ကျနေပြီပဲ”

“စီနီယာ အခုလိုတွေ ချီးကျူးနေစရာ မလိုဘူး” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် “စီနီယာ အခုလိုမျိုးတွေလည်း ဟန်ပြလုပ်နေစရာ မလိုဘူး။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက စီနီယာ မွန်းစတားဘုရင် ဖြစ်ခဲ့တယ် ဆိုရင်တောင် အခု အဲ့ခန္ဓာကိုယ် သိမ်ပြီး ဘယ်လောက် စွမ်းအား ထုတ်သုံးနိုင်မှာ မို့လို့လဲ။ စီနီယာ သတိထားသင့်နော်။ ပေါ်ပေါ်လာချင်း ပြန်သေသွားရင် သိပ်ပြီး မကောင်းဘူး”

ရွှယ့်လျန် ကြောင်သွားခဲ့သော်ငြား မကြာမီ ဝါးလုံးကွဲရယ်မော၍ ခေါင်းညိတ်ကာ “ကောင်းတယ်၊ ကောင်းတယ်။ ဒီဘုရင် ဘယ်သူမှန်း သိတာတောင် နည်းနည်းလေးမှ မကြောက်ဘဲ ဒီလို ပြန်ပြောနေရဲသေးတယ် ဆိုတော့ မင်းသတ္တိကိုတော့ ငါချီးကျူးတယ်၊ လူသားကောင်လေး။ ဒီခန္ဓာကိုယ်က ငါ့ခန္ဓာကိုယ် မဟုတ်တော့ အရင်လို စွမ်းအားမျိုး မသုံးနိုင်တော့ပေမယ့်… အခုစွမ်းအားက မင်းကို သတ်ဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်။ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ထဲက ရွှေနဂါးအရင်းအမြစ်ကိုလည်း လိုချင်တယ်။ အဲ့ဒါတော့ မင်းသေကို သေရမယ်။ မင်းဆိုးဆိုးရွားရွား မသေချင်ရင် မင်းခန္ဓာကိုယ်ထဲက ရွှေနဂါးအရင်းအမြစ်ကို အသာတကြည် ထုတ်ပေးလိုက်၊ ဒီဘုရင် မင်းကို မြန်မြန် သေအောင် လုပ်ပေးမယ်”

“ရွှေနဂါးအရင်းအမြစ်လား” ရန်ကိုင်က မျက်မှောင်ကြုတ်၍ “စီနီယာက ကျုပ်ကို လိုဏ်ဂူထဲမှာကတည်းက တိုက်ခိုင်ချင်နေတာကိုး။ အဲ့တုန်းက တစ်ခုခု မှားနေတယ်လို့ ဘာလို့ ခံစားနေရလဲမှတ်တယ်။ စီနီယာကြောင့် ဖြစ်နေတာကိုး”

“မင်းက တကယ် အာရုံစူးရှတဲ့ကောင်ပဲ” ရွှယ့်လျန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “မဟုတ်တာတွေ တော်လိုက်ပေတော့။ မတိုက်ခိုက်ဘဲ လက်လျှော့မယ်ဆိုရင် ဒီဘုရင် မင်းကို သက်ညှာပေးလိုက်မယ်။ မဟုတ်ဘူး ဆိုရင်တော့…”

“ကျုပ်လက်မလျှော့ဘူး ဆိုရင်ကော” ရန်ကိုင်က နှာခေါင်းရှုံ့၍ ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

“ဒါက…” ရွှယ့်လျန် မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင် ပျောက်ကွယ်သွားသည့် အခိုက်တွင် ထူးဆန်းသော စွမ်းအင်လှိုင်း တစ်မျိုး ဖြာထွက်လာသည်ကို သူသတိပြုမိလိုက်သည်။ ထိုစွမ်းအားကို သူရင်းနှီးသလိုလို၊ မရင်းနှီးသလိုလို ခံစားနေရ၏။ ခဏမျှ စဉ်းစားကြည့်ပြီးနောက်တွင် “လေဟာနယ်စွမ်းအားလား”

ရွှယ့်လျန်၏ မျက်ဝန်းအစုံ စိတ်လှုပ်ရှားမှုဖြင့် တဖျက်ဖျက် လင်းလက်တောက်ပလာခဲ့သည်။

ထိုလူသား၏ ခန္ဓာကိုယ်ထဲတွင် သူလိုချင်နေသည့် ရတနာများစွာ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ရွှေနဂါးအရင်းအမြစ်ကို ထည့်မပြောလျှင်ပင် ထိုကောင်လေး နားလည်ထားသည့် လေဟာနယ်စွမ်းအားသည် သာမန်လူများ နားလည်နိုင်သည့် အရာမျိုး မဟုတ်ချေ။

သူသာ ထိုလူငယ်လေး၏ ခန္ဓာကိုယ်ကို ဝင်စီးလိုက်နိုင်မည်ဆိုလျှင် ရွှေနဂါးအရင်းအမြစ်နှင့် လေဟာနယ်တာအိုအပေါ် နားလည်မှု နှစ်ခုစလုံးကို သူ့အပိုင် ဖြစ်လာပေလိမ့်မည်။ သူ့မူလ ခန္ဓာကိုယ်သည် ရှေးဟောင်းမျိုးဆက်သွေးကို ပိုင်ဆိုင်ထားသော်ငြား ထိုသွေးမျိုးဆက်သည် သန့်စင်ခြင်း မရှိသည့် မျိုးကွဲသွေးမျိုးဆက်တစ်ခု ဖြစ်ပြီး ရွှေနဂါး သွေးမျိုးဆက်နှင့် ယှဉ်နိုင်ခြင်း မရှိချေ။ သူသာ ရန်ကိုင်၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းလိုက်နိုင်မည် ဆိုပါက ယခင် အဆင့်ထက် ပိုမို သာလွန်မြင့်မားသော အဆင့်ကိုပင် ရောက်နိုင်ပေလိမ့်မည်။

“ကောင်းလိုက်တာ။ ကောင်းကင်က ဒီဘုရင်ကို ကူညီပေးနေတာပါလားကွ။ ဟားဟား” ရွှယ့်လျန်က ရန်ကိုင်အား လောဘတကြီး စိုက်ကြည့်ရင်း အော်ဟစ်ရယ်မောလိုက်၏။

အက်ကွဲသံနှင့်အတူ ရွှယ့်လျန်နှင့် မီတာများစွာအကွာ၌ လခြမ်းကွေးပုံစံ ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအက်ကွဲကြောင်းသည် ဆယ်မီတာခန့် အရှည်ရှိပြီး အက်ကွဲကြောင်းတွင်းမှ ပရမ်းပတာ ဖြစ်နေသော အရှိန်အဝါတို့ ဖြာထွက်နေခဲ့လေ၏။

“မင်းရဲ့ လေဟာနယ်တာအိုကို ဒီအဆင့်ထိတောင် ရောက်နေတာလား” ရွှယ့်လျန် အံ့အားသင့်တကြီး ဆိုလိုက်၏။

ရွှယ့်လျန်သည် ရပ်နေမြဲရပ်လျက် သူ့လက်အား ရှေ့သို့ ဆန့်ထုတ်သည့် ဆွဲညစ်သည့် ပုံစံလုပ်လိုက်သည်။

ထိုသို့ လုပ်လိုက်သည်နှင့် သူ့ဆီ တိုးဝင်လာနေသော ဟင်းလင်းပြင် အက်ကွဲကြောင်းသည် တစ်ခုခု၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည့်နှယ် ရှေ့သို့ ဆက်မတိုးနိုင်တော့ဘဲ လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။

ရွှယ့်လျန် မျက်မှောင်ကြုတ်လိုက်ပြီး အားစိုက် ညစ်ချလိုက်လေ၏ “ပျက်စီးလိုက်စမ်း”

သူ့အော်သံနှင့်အတူ ဟင်းလင်းပြင်အက်ကွဲကြောင်း ပျက်စီးသွားပြီး တွန့်လိမ်နေသော လေဟာနယ်သည် သူ့အလိုလို ပြန်လည် ကောင်းမွန်သွားခဲ့လေသည်။

ထိုစဉ် ရွှယ့်လျန်၏ ခြေထောက်အောက်ဆီမှ မီးခိုရောင် ပုံရိပ်လေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ့အား အနက်ရောင် တုတ်ချောင်းဖြင့် လွှဲရိုက်ချလိုက်သည်။

“ဘာကြီးလဲ” ရွှယ့်လျန် မှင်သက်မိနေခဲ့လေပြီ။ ထိုကောင်လေး သူ့အောက် မည်ကဲ့သို့ ရောက်နေသလဲ ဆိုသည်ကို သူလုံးဝ အာရုံခံနိုင်ခြင်း မရှိခဲ့ချေ။ ပေါ်လာသည့် အခါမှပဲ သူ့ခြေထောက် အောက်တွင် တစ်ယောက်ယောက် ရောက်နေကြောင်း သိလိုက်ရခြင်း ဖြစ်သည်။

မြေကြီးထဲမှ ပေါ်လာသည်မှာ လူ့အရပ် တစ်ဝက်စာလောက်သာ ရှိသည့် လူသားပုံစံ ကျောက်တုံးလူသားလေး တစ်ကောင် ဖြစ်သည်။

ထိုကောင်မှာ အတော်လေး သေးသော်လည်း သူကိုင်ပြီး လွှဲရမ်းနေသည့် အနက်ရောင်တုတ်ချောင်း၏ အားကို ခံစားမိလိုက်သည့်နောက် ရွှယ့်လျန်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။

ထိုတုတ်ချောင်းဖြင့် ရိုက်ခံလိုက်ရပါ သူလုံးဝ သက်သာလိမ့်မည် မဟုတ်မှန်း သူ့မသိစိတ်က ပြောနေခဲ့သည်။

ထို့ကြောင့် ချက်ချင်းပဲ သူ့ခန္ဓာကိုယ်မှ သွေးမြူများကို ထုတ်လွှတ်၍ သူ့ပတ်ပတ်လည်တွင် အကာအရံတစ်ခု ဖန်တီးလိုက်လေ၏။

အကာအရံ ဖန်တီးတီးပြီးချင်းမှာပင် အနက်ရောင် တုတ်ချောင်း အကာအရံပေါ်သို့ စီးကျလာခဲ့လေသည်။

အက်ကွဲသံကျယ်ကြီးနှင့်အတူ အနက်ရောင်တုတ်ချောင်း၏ စွမ်းအား အောက်တွင် ရွှယ့်လျန် ဖန်တီးထားသည့် အကာအကွယ် ပျက်စီးသွားခဲ့ရသည်။

သူဖန်တီးထားသည့် အကာအကွယ်သည် အနက်ရောင် တုတ်ချောင်းအား တားဆီးနိုင်ခြင်း မရှိသည်ကို မြင်သော် ရွှယ့်လျန်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ သွေးနဂါးအသွင်ပြောင်းလဲခြင်းကို ထုတ်သုံး၍ အနက်ရောင် တုတ်ချောင်းအား သူ့လက်သီးဖြင့် ပြန်ထိုးချလိုက်သည်။ သူ့လက်သီးချက်ထဲ ကာယစွမ်းအာသာလျှင် မဟုတ်ဘဲ နယ်ပယ်၏ စွမ်းအားပါ ပါဝင်နေခဲ့သည်။

အနီရောင်အလင်းနှင့် အနက်ရောင်အလင်းတို့ ထိပ်တိုက် တွေ့သွားခဲ့သည်။ ရွှယ့်လျန် ခန္ဓာကိုယ် မြေပြင်နှင့် မိတ်ဆက်သွားပြီး ရှောင်ရှောင်မှာလည်း လွင့်ပျံထွက်သွားခဲ့၏။ သို့သော်လည်း ရှောင်ရှောင်သည် ဘာမှမဖြစ်သည့်အလား ခေါင်းတစ်ချက်လောက် ရမ်းပြီးတော့သာ ပြန်ထလာခဲ့သည်။

ထိုစဉ် စူးရှသော ငှက်အော်သံနှင့်အတူ ဧရာမ မီးငှက်ကြီး တစ်ကောင် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။

မီးငှက်သည် ၎င်း၏ တောင်ပံများကို တဖျတ်ဖျတ်ခတ်လျက် ရွှယ့်လျန် ရှိနေသည့် နေရာဆီသို့ မီးလုံးများ မှုတ်ထုတ်လိုက်၏။

ပေါက်ကွဲထွက်သွားသော မီးလုံးများထဲမှ ရွှယ့်လျန်၏ အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုစဉ် ရန်ကိုင်သည် နဂါးစိမ်းဓါးထဲကို ကိုင်ကာ ကောင်းကင်ထက်မှ အောက်သို့ ထိုးဆင်းသွားလေသည်။ ဓါးထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်နှင့် အစိမ်းရောင်နဂါး တစ်ကောင် ထွက်ပေါ်လာပြီး ၎င်း၏ ပါးစပ်ကိုဟလျက် ရွှယ့်လျန်ဆီသို့ တိုးဝင်သွားလေသည်။

ရန်ကိုင်သည် သူ့ခွန်အားကို နည်းနည်းလေးမှ ထိန်ချန်ခြင်းမပြုဘဲ ခွန်အားကုန်သုံးကာ တိုက်ခိုက်နေခဲ့သည်။

သူ့ပြိုင်ဘက်သည် အလွန်ကိုမှ အားကောင်းသည့်အတွက် ရန်ကိုင် အနေဖြင့် သူ့ခွန်အားကို ထိန်ချန်နေ၍ မဖြစ်ချေ။ နဂါးပါးစပ်နှင့် မြေပြင် ရိုက်ခတ်မိသည့်အခိုက် ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်သည် ရွှေရောင်သွေးမျှင်များစွာကို ထုတ်လွှတ်၍ ပတ်ပတ်လည် ဟင်းလင်းပြင်ကို စတင် ခုတ်ပိုင်းပစ်တော့လေသည်။

“ကောင်လေး၊ မင်းသေချင်နေတာပဲ” ရွှယ့်လျန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ နှစ်ပေါင်းများစွာကြာပြီးမှ နေ့ကို ပြန်မြင်ရသည့်နေ့တွင် လူငယ်လေးတစ်ယောက်နှင့် ရင်ဆိုင်ရပြီး ဤသို့ အဖြစ်မျိုးနှင့် ကြုံရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

ရန်ကိုင်သည် သူသတ်ခဲ့သည့် မီထျန်းနှင့် လဲဖုန်းတို့ထက် ပိုအားကောင်းလျှင်ပင် အရမ်းကြီး ပိုအားမကောင်းလောက်ဟု ထင်ထားခဲ့သော်ငြား သူ့အထင်အတိုင်း မဟုတ်သည်ကို ယခုမှသာ နားလည်လိုက်တော့သည်။

ရွှယ့်လျန်သည် နယ်ပယ်ကို ဖြန့်ကျက်ကာ သူ့ဆီ တိုးဝင်လာနေသည့် မီးလုံးများကို အနားသို့ မကပ်နိုင်အောင် တားဆီးလိုက်ပြီး သူ့ဆီသို့ မရောက်မီ ပေါက်ကွဲသွားအောင် လုပ်ပစ်လိုက်သည်။ ထို့နောက် နဂါးစိမ်းကို လက်သီးချက်ဖြင့် ပြန်ထိုးထုတ်လိုက်သည်။ ရွှေရောင်သွေးမျှင်များကမူ သူ့အား ဒဏ်ရာပြင်းပြင်ထန်ထန် ရအောင် မလုပ်နိုင်ခဲ့ဘဲ သူ့ကိုယ်ထက် ခြစ်ရာလေးများသာ ထင်ကျန်ရစ်စေခဲ့သည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် မျက်လုံးမှေးစဉ်းသွားပြီး ခရမ်းရောင်ဒိုင်းကိုထုတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်၏။

ချက်ချင်းဆိုသလို သွေးနီရောင် ဧရာမလက်သီးချက်ကြီး သူ့ဒိုင်းအား လာရောက် ထိမှန်လေသည်။

ဘုန်း… ထိုလက်သီးချက်နှင့် အတွေ့တွင် ရန်ကိုင်အား နှစ်ပေါင်းများစွာ အဖော်ပြုလာပေးခဲ့သော ယန်ယန်မှ သန့်စင်ပေးထားခဲ့သည့် ခရမ်းရောင်ဒိုင်း ပျက်စီးသွားခဲ့ရ၏။

ခရမ်းရောင်ဒိုင်း ပျက်စီးသွားသည့်အခါ ရန်ကိုင်သည် ရွှယ့်လျန်၏ လက်သီးကို သူ့လက်သီးဖြင့် ပြန်ထိုးချလိုက်လေသည်။

လက်သီးချင်း ထိပ်တိုက်တွေ့သွားသည့်အခိုက်တွင်၊ အလွန်မှ ပြင်းထန်သော အားတစ်ရပ် သူ့အား လာရောက် ရိုက်ခတ်သည်ကို ရန်ကိုင် ခံစားမိလိုက်သည်။ သူ့လည်ချောင်းတစ်လျှောက် ပူဆင်းသွားခဲ့ပြီး မီတာထောင်ပေါင်းများစွာ အကွာသို့ လွင့်ထွက်သွားပြီးမှ ခြေငြိမ်အောင် ပြန်ရပ်လိုက်နိုင်၏။

ခြေငြိမ်အောင် ရပ်ပြီးနောက် ဖုန်များ ရှင်းသွားသည့်အခါ ဖရိုဖရဲဖြစ်နေသော ရွှယ့်လျန်မှ သူ့အား ကြောက်မက်ဖွယ် ကောင်းသည့် အမူအရာဖြင့် စိုက်ကြည့်နေသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။

ရွှယ့်လျန် တကယ် ဒေါသထွက်သွားသည့်ပုံပင်။

သို့သော် ရန်ကိုင်သည် ကြောက်ရွံ့သွားခြင်း မရှိဘဲ ပြန်၍သာ ပြုံးဖြီးပြလိုက်သည်။ အစောပိုင်းက တိုက်ပွဲသည် ရွှယ့်လျန်၏ ခွန်အားကို စမ်းသပ်လိုက်ခြင်း ဖြစ်သည်။ ရွှယ့်လျန်သည် အားကောင်းသော်လည်း ပြိုင်ဘက်ကင်းသူတစ်ဦး မဟုတ်။ ရွှေရောင်သွေးမျှင်၊ နဂါးစိမ်းဓါး၊ မီးငှက်နှင့် ရှောင်ရှောင်၏ အနက်ရောင်တုတ်သည် သူ့အား ထိခိုက်အောင် လုပ်နိုင်ပေသည်။

ထိုမျှနှင့်ပင် လုံလောက်နေလေပြီ။ သူမည်သို့ပင် တိုက်ခိုက်နေစကာမူ ရွှယ့်လျန် ဒဏ်ရာမရမည်ကို ယခင်က စိုးရိမ်ခဲ့သည်။ ထိုသို့သာ ဆိုလျှင်တော့ မတိုက်ခိုက်တော့ဘဲ ကျိန်းသေ ထွက်ပြေးပေမည်။ သူ့ပြိုင်ဘက်၏ အကာအကွယ်ကို မထိုးဖောက်နိုင်မှဖြင့် တိုက်ခိုက်နေလို့ကော ဘာအကျိုးရှိမည်နည်း။

ရန်ကိုင်စိတ်ထဲ ထိုအတွေးများ ဖြတ်ပြေးသွားစဉ် ရွှယ့်လျန်၏ ဒေါသထွက်နေသည့် အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ချောက်လန့်ရိပ်တို့ သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့လေ၏။

နောက်ဆုံးတွင် လက်ရှိ အခြေအနေကို သူသေချာ နားလည်သွားခဲ့လေပြီ။ ရန်ကိုင်သည် သူအလွယ်တကူ သတ်ဖြတ်သွားခဲ့သည့် မီထျန်းနှင့် လဲဖုန်းတို့နှင့် လုံးဝ မတူညီချေ။ ထိုကောင်လေးသည် ထူးထူးဆန်းဆန်းကို အားကောင်းလွန်း၏။

မီးငှက်၊ ကျောက်တုံးရုပ်သေးရုပ်နှင့် နဂါးစိမ်းကို ဝေ့ကြည့်လိုက်ပြီးနောက် ရွှယ့်လျန်က ရုတ်တရက် အော်ပြောလိုက်၏ “ကောင်လေး၊ မင်းက တကယ်ကို အထင်းကြီးစရာပါပဲလားကွ။ မင်းလို လေဟာနယ်တာအို ကျင့်ကြံထားတဲ့လူကို တကယ် သတ်ဖို့ခတ်တာပဲ။ ဒီတော့ ဒီဘုရင်မင်းကို မသတ်တော့ဘူး။ ငါတို့ အပေးအယူတစ်ခု လုပ်ကြရအောင်၊ ဒီဘုရင်ရဲ့ မူလအဆီအနှစ်ကျောက်တုံးကို ထားခဲ့လိုက်။ ငါတို့ကြားမှ ဘာမှမဖြစ်ခဲ့သလို သဘောထားလိုက်မယ်”

“မူလအဆီအနှစ် ကျောက်တုံးကို လိုချင်တာလား” ရန်ကိုင်က ပြုံးဖြီးဖြီးလုပ်လိုက်၏။

“ယူရမှာပေါ့။ ဒီဘုရင်ရဲ့ အမြူတေပဲကို။ ဘာလို့ ဒီဘုရင်မက အခြားလူကို ပေးပစ်ရမှာလဲ”

“အိမ်မက်မက်နေလိုက်” ရန်ကိုင်က ရယ်မောလျက် “မူလအဆီအနှစ်ကျောက်တုံးက အခု ကျုပ်အပိုင် ဖြစ်နေပြီ ဘာလို့ ခင်ဗျားဆီ ပြန်ပေးရမှာလဲ။ လိုချင်ရင် ကိုယ့်ဘာသာ လာယူလေ”

“ကောင်လေး၊ ငါအကောင်းပြောနေတုန်း ရောင့်တက်မလာနဲ့နော်။ ဒီဘုရင်က မင်းအရည်အချင်းကို လေးစားလို့၊ အားနည်သူကိုလည်း အနိုင်မကျင်ချင်လို့ နောက်တစ်လှမ်း ဆုတ်ပေးနေတာ”

“ဘယ်လိုဘယ်လို၊ အားနည်းသူကို အနိုင်မကျင့်ချင်လို့ ဟုတ်လား။ ကျုပ်ကြည့်ရသလောက် စီနီယာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိ ဖြစ်နေတာပါ။ စီနီယာ ကျုပ်ရွှေနဂါးအရင်းအမြစ်ကို လိုချင်နေတာ မဟုတ်ဘူးလား။ ကျုပ်ကို သတ်လိုက်ရင် ကျုပ်မှာရှိသမျှ အရာ အားလုံးကို ရမှာကို ဘာလို့ လေကုန်ခံနေတာလဲ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၁၀)

ရွှယ့်လျန် မျက်နှာပျက်သွားခဲ့သည် “ကောင်လေး၊ မင်းဒီဘုရင်ကို တကယ်ကြီး မျက်နှာသာမပေးချင်တာလား”

“မျက်နှာသာပေးရအောင် ခင်ဗျားက ဘာမို့လို့လဲ” ရန်ကိုင်က အထင်တသေးပြုံးရင်း ပြန်မေးလိုက်၏။

“ကောင်းတယ်။ ဒီဘုရင်ကို ဒီလို ပြောရဲတဲ့လူတွေထဲမှာ ထျန်းကျိုကြီးပြီးရင် မင်းပထမဆုံးပဲ။ ဒါပေမယ့် မင်းဒီနေ့ သေရမှာဆိုတော့ အဲ့ဒါတွေ ကိစ္စမရှိတော့ဘူး” ထိုသို့ အော်ပြောလိုက်ပြီးသည့်နောက်တွင် ရွှယ့်လျန် တစ်ကိုယ်လုံးကို သွေးနီရောင်မြူခိုးများမှ ဖုံးလွှမ်းသွားခဲ့ပြီး သူရပ်နေသည့် နေရာတွင်လည်း သွေးနီရောင် မြူခိုးထုကြီးသာ ကျန်ရစ်ခဲ့တော့လေသည်။

ထို့နောက်တွင် ထိုအနီရောင် တိမ်တိုက်ကြီးသည် အလွန်ကိုမှ မြန်ဆန်သော အမြန်နှုန်းဖြင့် ရန်ကိုင်ဆီသို့ တိုးဝင်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။

သွေးနီရောင်မြူခိုထုတွင်းဆီမှ အနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအရာများသည် အသက်ရှိနေသည့် အကောင်များနှယ် ရန်ကိုင်အား ချုပ်နှောင်ရန် ကြိုးစားတော့၏။

တစ်ချိန်တည်းတွင် ထူးဆန်းသော စွမ်းအားတစ်မျိုးမှ ရန်ကိုင်အား လာရောက်ရစ်ပတ်လေသည်။

နယ်ပယ်စွမ်းအားပင်…

ရန်ကိုင်သည် တိုးဝင်လာနေသော နယ်ပယ်၏ စွမ်းအားကို ခုခံရန်အတွက် သူ့ရှီစွမ်းအင်ကို အသန်းအသန် ထုတ်လွှတ်လိုက်သော်ငြား သူထုတ်လွှတ်လိုက်သည့် ရှီစွမ်းအင်သည်သာ နယ်ပယ်စွမ်းအား ပြန်လည် ဖိနှိပ်ခြင်း ခံလိုက်ရလေသည်။

“မင်းရှီက ပြီးပြည့်စုံခြင်း အဆင့်ကိုတောင် ရောက်ခါနီးနေပြီပဲ” ရွှယ့်လျန်က အံ့အားသင့်နေသည့် လေသံဖြင့် “မင်းမောက်မာချင်လည်း မောက်မာချင်စရာပဲ။ တန်ခိုးရှင်ဒုတိယ အဆင့်လေးနဲ့ ဒီအထိတောင် ရောက်နေတာကိုး… ဒါပေမယ့် ငါနဲ့ ပြိုင်ချင်ရင် ဒီလောက်နဲ့ မလုံလောက်သေးဘူးကွ”

ရွှယ့်လျန်သည် အပြုံးကြီးပြုံးလျက် သွေးချီများစွာကို ထုတ်လွှတ်ကာ သွေးနဂါးများ ဖန်တီး၍ ရန်ကိုင်အား တိုက်ခိုက်လေသည်။

ထိုမိစ္ဆာချီစွမ်းအင်ထဲတွင် အရူးမိကျောင်းမွန်းစတားဘုရင်၏ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါများ စွဲကပ်နေသဖြင့် ထိုစွမ်းအားဖြင့် ထိခံလိုက်ရပါက စိတ်ကယောင်ချောက်ခြား ဖြစ်သွားနိုင်ပေသည်။

ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲ ဆိုသည်ကို သူမနားလည်သော်ငြား ရန်ကိုင် အနေဖြင့် ထိုအရာများကို သူ့နားကပ်ခွင့်ပေး၍ မဖြစ်မှန်းတော့ နားလည်ပေသည်။

သူ့ကိုယ်ထဲမှ ရွှေရောင်သွေးမျှင် မြောက်များစွာ ထွက်ပေါ်လာပြီး သူ့အနီးပတ်လည်ကို လှည့်ပတ်ခုတ်ပိုင်းတော့လေရာ ရန်ကိုင် ခံစားနေရသည့် နယ်ပယ်၏ ဖိအားမှာ ချက်ချင်းကို လျော့ကျသွားခဲ့ရလေသည်။

ရွှေရောင်သွေးမျှင်များသည် ရှီစွမ်းအင်အား ဖြတ်တောက်နိုင်သည့် အထူးစွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထား၏။ နယ်ပယ်သည် ရှီစွမ်းအင်မှ ဆင့်ကဲပြောင်းလဲလာသည့် စွမ်းအားတစ်မျိုး ဖြစ်သည်။ ရွှေရောင်သွေးမျှင် တစ်မျှင်နှစ်မျှင်သည် နယ်ပယ်၏ ဖိနှိပ်မှုကို ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်သော်ငြား ရွှေရောင်သွေးမျှင် မြောက်မြားစွာ ပေါင်းစပ်လိုက်သည့်အခါ နယ်ပယ်၏ စွမ်းအားကို အနည်းနှင့်အများ ခုခံနိုင်လာတော့လေသည်။

နယ်ပယ်၏စွမ်းအား လျော့ကျသွားသည်နှင့် ဖိနှိပ်ခံနေရသည့် ရန်ကိုင်၏ ရှီစွမ်းအားသည် ချက်ချင်း ပျံ့ထွက်လာခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ နဂါးစိမ်းကို ပြန်ခေါ်လိုက်ရာ နဂါးစိမ်းသည် သူ့လက်ထဲသို့ ပြန်လာပြီး နဂါးအရိုးဓါးအသွင်သို့ ပြန်ပြောင်းလိုက်လေသည်။

နဓါးအရိုးဓါး သူ့လက်ထဲသို့ ပြန်ရောက်လာသည်နှင့် ရန်ကိုင်သည် ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်း၍ သူ့ရှေ့တည့်တည့်အား ပိုင်းချလိုက်သည်။ ဓါးလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့ပြီး ထိုဓါးလှိုင်းသည် ရန်ကိုင်အား ဝိုင်းရံထားသော သွေးနီရောင် မြူခိုးထုကြီးကို ဖြတ်တောက်၍ မြူခိုးထဲတွင် ပုန်းအောင်းနေသော ရွှယ့်လျန်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

ရွှယ့်လျန်လည်း ထိုဓါးချက်ကို ထိပ်တိုက် မရင်ဆိုင်ရဲသည့်အတွက် ချက်ချင်းပဲ ဘေးသို့တိမ်းရှောင်လိုက်သည်။ သို့သော် ခြေငြိမ်ငြိမ်ပင် ပြန်မရပ်နိုင်သေးခင်မှာပဲ မြေကြီးထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျောက်တုံးရုပ်သေးရုပ်ပင်…

လက်ရှိတွင် ကျောက်တုံးရုပ်သေးရုပ်သည် ကျောက်ဘီလူးကြီး အသွင်သို့ ပြောင်းလဲထားသဖြင့် အနက်ရောင်တုတ်မှာလည်း သူ့အရွယ်အစားအတိုင်း ကြီးမားနေခဲ့ကာ ငါးမီတာ အရှည်မျှပင် ရှိနေခဲ့လေသည်။ ထိုအနက်ရောင်တုတ်သည် အလွန်ကိုမှ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရွှယ့်လျန်ဆီသို့ တိုးဝင်လာခဲ့၏။

အခြားတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရလျှင် ရင်ဆိုင်ရနိုင်သော်ငြား ထိုတုတ်ချောင်း၏ ရိုက်ချက်ကို မည်သို့မှ ထိပ်တိုက်ရင်ဆိုင်၍ မဖြစ်သည့်အတွက် ရွှယ့်လျန် နောက်တစ်ကြိမ် ထပ်ရှောင်တိမ်းရပြန်လေသည်။ ထိုသို့ ရှောင်တိမ်းရင်းမှ လက်သီးတစ်ချက်လည်း ပစ်ကျွေးသွားခဲ့၏။

သူ့လက်သီးချက်သည် ကျောက်တုံးရုပ်သေးရုပ်၏ ရင်ဘတ်ကို သွားရောက်ထိမှန်ခဲ့သည်။ ထိုလက်သီးချက်ကြောင့် ကျောက်တုံး ရုပ်သေးရုပ် ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်လိုက်ရပြီး ကျောက်တုံး၊ ကျောက်စများ ၎င်း၏ ရင်ဘတ်မှ ပဲ့ကြွေကျလာခဲ့လေ၏။

ထိုအဖြစ်အပျက်ကြောင့် ကျောက်တုံး ရုပ်သေးရုပ် လုံးဝကို မှင်သက်သွားခဲ့ရ၏။

သူစတင် မွေးဖွားလာသည့် အချိန်မှစ၍ သူ့အား မည်သူမှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။ ယခုအကြိမ်သည် သူပထမဆုံး ထိခိုက်သွားရသည့် အကြိမ်ဖြစ်သည်။ ကျောက်တုံး၊ ကျောက်စ နည်းနည်းလောက်သာ ပဲ့ကြွေကျသွားသည် ဆိုလျှင်ပင် ထိုအရာသည် ဒဏ်ရာတစ်ခု ဖြစ်နေဆဲ။

ရှောင်ရှောင်၏ မျက်လုံးထဲ ခက်ထန်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာပြီး ၎င်း၏ လက်ဖြင့် ရင်ဘတ်ကို တဘုန်းဘုန်း ထုရိုက်တော့၏။ ချက်ချင်းဆိုသလို ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ်မှ အလွန်ပြင်းထန်သော အပူဓါတ်တို့ ဖြာထွက်လာခဲ့လေသည်။

ကျောက်တုံးရုပ်သေးရုပ်၏ ကျောက်ခန္ဓာကိုယ်သည် အရည်ပျော်ကျလာသလို ဖြစ်သွားကာ တစ်ကိုယ်လုံးမှာလည်း မီးနီရောင်ရဲတောက်လာခဲ့လေသည်။

ထိုမြင်ကွင်ကိုကြည့်ရင်း ရန်ကိုင်လည်း မှင်သက်နေမိလေ၏။ ကျောက်တုံးရုပ်သေးရုပ် ဘာဖြစ်လို့ဖြစ်နေမှန်း သူမသိ၊ ကျောက်တုံးရုပ်သေးရုပ် ဤကဲ့သို့ အသွင်ပြောင်းသည်ကိုလည်း သူတစ်ခါမှ မမြင်ဖူး၊ သူ့စိတ်ထဲ ဤပြောင်းလဲမှုကြောင့် ရှောင်ရှောင် ဘာမှ ဆိုးဆိုးရွားရွား မဖြစ်ပါစေနှင့်ဟုသာ ဆုတောင်းနေရတော့သည်။

မကြာမီ ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချော်ရည်ကဲ့သို့သော အရာများက ဖုံးလွှမ်းသွားတော့လေသည်။

လက်ရှိရှောင်ရှောင်သည် ချော်ရည်ချပ်ဝတ်ကြီးကို ဝတ်ထားသည်နှင့်ပင် တူနေ၏။ ထိုချော်ရည်ချပ်ဝတ်ဆီမှ ဖြာထွက်နေသည့် အပူစွမ်းအင်သည် အလွန်ကိုမှ ပြင်းထန်သဖြင့် ရန်ကိုင်ပင် ကျောက်တုံးရုပ်သေးရုပ်နားသို့ အလွယ်တကူ မချဉ်းကပ်သွားရဲတော့ချေ။

“ငါသိပြီ။ နေမီးလျှံအမြူတေပဲ” ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။

ချော်ရည်ချပ်ဝတ်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် သူရင်းနှီးနေသည့် နေမီးလျှံအမြူတေ၏ အရှိန်အဝါ ဖြစ်ပေသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာအခါ ရှောင်ရှောင်သည် နေမီးလျှံအမြူတေကို ဝါးမြိုခဲ့ဖူး၏။ သို့သော်ငြား ရှောင်ရှောင်သည် ဤစွမ်းအားကို တစ်ခါမှ ထုတ်မသုံးသဖြင့် ရှောင်ရှောင်တွင် ဤကဲ့သို့သော စွမ်းရည်တစ်မျိုး ရှိနေမှန်း ရန်ကိုင်ပင် မသိခဲ့ပေ။

သို့သော်လည်း ရွှယ့်လျန်၏ လက်သီးချက်သည် ရှောင်ရှောင်၏ အားအကောင်းဆုံး စွမ်းရည်ကို ထုတ်သုံးလာအောင် တွန်းအားပေးသလို ဖြစ်သွားခဲ့သည်။

ချော်ရည်ချပ်ဝတ်ကို ဝတ်ဆင်ပြီးနောက်တွင် ရှောင်ရှောင်သည် ချော်ရည်ဘီလူကြီးအသွင်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ အနက်ရောင်တုတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ရင်း ကျန်လက်တစ်ဖက်ကို တင်းတင်းဆုပ်၍ မိစ္ဆာဆန်ဆန် ပြုံးလိုက်၏။ ပုံမှန်ရိုးသားပြီး ဘာမှမသိနားမလည်ဟန်ရသည့် ရှောင်ရှောင်၏ ပုံစံနှင့်ယှဉ်လျှင် လက်ရှိ မျက်နှာအမူအရာမှာ အတော်လေးကို ထူးဆန်းနေခဲ့လေသည်။

ထို့နောက်တွင် ရှောင်ရှောင်သည် သွေးမြူထဲသို့ အကြောက်အလန့်မရှိ ပြေးဝင်သွားပြီး ရွှယ့်လျန်အား သူ့မီးတောက်နေသည့် လက်သီးဖြင့် ထိုကြိတ်တော့၏။

နေမီးလျှံအမြူတေ၏ စွမ်းအားကြောင့် သူဖန်တီးထားသည့် သွေးမြူများ စတင် အငွေ့ပျံ့လာသဖြင့် ရွှယ့်လျန် စူးစူးဝါးဝါး ထအော်တော့လေသည်။

ဆယ်ချက်ကျော်လောက် ထိုးပြီးနောက်တွင် ရွှယ့်လျန်၏ ပုံရိပ် ရန်ကိုင်၏ မြင်ကွင်းထဲ ထွက်ပေါ်လာခဲ့သည်။

ရွှယ့်လျန်သည် သူ့ဆီသို့ တောက်လျှောက် ပြေးဝင်လာနေသည့် ချော်ရည်ဘီလူးကြီးအား ကြောက်လန့်မှုအပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

ဤလောကကြီးတွင် ဤကဲ့သို့သော သက်ရှိမျိုးရှိမှန်း သူလုံးဝ မသိခဲ့ချေ။

ထိုကောင်လေး သူ့အား ပထမတစ်ကြိမ် တိုက်ခိုက်စဉ်က ပုံမှန် လူတစ်ယောက်၏ အရပ်တစ်ဝက်လောက်သာ ရှိသည်။ ဒုတိယ အကြိမ် တိုက်ခိုက်လာချိန်တွင်တော့ ကျောက်ဘီလူးကြီး အဖြစ်သို့ အသွင်ပြောင်းလဲနေခဲ့၏။ ယခုတစ်ကြိမ် တိုက်ခိုက်လာချိန်တွင်မူ ချော်ရည်ဘီလူးကြီး အဖြစ်သို့ အသွင်ပြောင်းလဲနေခဲ့လေပြီ။

ရှောင်ရှောင်၏ လက်သီးချက်ကို မည်သို့မှ ထိပ်တိုက် မရင်ဆိုင်ရဲသည့်အတွက် ရွှယ့်လျန် အနေဖြင့် နောက်သို့သာ တောက်လျှောက် ဆုတ်နေခဲ့ရလေသည်။

မီးငှက်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ရွှယ့်လျန်ဆီသို့ မီးဘောလုံးများ အဆက်မပြတ် ကြဲချပေးလိုက်၏။

ထိုမီးတောက်ဘောလုံးများထဲတွင် အပူစွမ်းအင်သာမက လျှပ်စီးစွမ်းအင်များပါ ပါဝင်နေခဲ့လေသည်။

မီးငှက်သည် နေမီးလျှံမီးတောက် အမျှင်တန်းလေးများကို စုပ်ယူခဲ့သဖြင့် ၎င်း၏ မီးတောက်သည် အလွန်ကိုမှ ပူပြင်းသည်ဟု ပြော၍ရသည်။ ထိုမျှပင်မဟုတ်သေးဘဲ အာကာယံမိုးကြိုး မီးတောက်ကိုပါ ထပ်မံ စုပ်ယူထားခဲ့လေသဖြင့် မီးငှက်၏ မီးတောက်ထဲတွင် မိုးကြိုးစွမ်းအားပါများပါ ပါဝင်နေတော့၏။

မီးငှက်၏ မီးတောက်များသည် ရှောင်ရှောင်၏ လက်သီးမှ မီးတောက်များထက် ပိုကြောက်မက်ဖွယ်ကောင်းပေ၏။ ခွန်အားချင်း ရှောင်ရှောင်ကို မယှဉ်ပြိုင်နိုင်သော်လည်း မီးငှက်သည် ရှောင်ရှောင်ထက် ပိုပို မြန်ဆန်ပေသည်။

ရန်ကိုင်တွင် မဟာအကူအညီကြီး နှစ်ဦးရှိနေခဲ့သည်။ တစ်ယောက်သည် ကောင်းကင်ထက်မှ ကူညီနေချိန် တစ်ယောက်က မြေပေါ်မှ ကူညီပေးနေခဲ့သည်။ ထိုနှစ်ယောက်၏ ပူးပေါင်းစွမ်းအားသည် ရွှယ့်လျန်ကို ပြန်မလှန်နိုင်အောင် အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့လေသည်။

ထိုအခြင်းအရာကို ကြည့်ရင်း ရန်ကိုင် ပြုံးဖြီးဖြီး ဖြစ်နေခဲ့သည်။

မီးငှက်နှင့် ကျောက်တုံးရုပ်သေးရုပ်တို့နှင့်ပင် ရွှယ့်လျန် လှုပ်မရ ဖြစ်နေခဲ့လေပြီ။ လွန်ခဲ့သော နှစ်တစ်သောင်းခန့်က မွန်းစတားဘုရင် ဖြစ်ခဲ့ပြီး နယ်ပယ်စွမ်အား၏ တစ်စွန်းတစ်စကို ထုတ်သုံးနိုင်သေးလျှင်ပင် ဘာအရေးနည်း။ သူ့လက်ရှိ ခန္ဓာကိုယ်မှ တောင့်ခံနိုင်သည့် စွမ်းအားကိုသာ သူထုတ်သုံးနိုင်ပေလိမ့်မည်။

သူသာ ယခင်ကကဲ့သို့ တန်ခိုးရှင်ဘုရင် တတိယအဆင့်တစ်ဦး ဖြစ်နေလျှင်တော့ ရန်ကိုင်အား သူ့လက်တစ်ချက် အဝှေ့ဖြင့် သတ်ပစ်လိုက်နိုင်ပေလိမ့်မည်။

တန်ခိုးရှင်ဘုရင် တတိယအဆင့် ပညာရှင်တိုင်းသည် သွားရန်စသင့်သည့် တည်ရှိမှုများ မဟုတ်ကြပေ။

သို့သော်လည်း နဂါးတစ်ကောင်ပင်လျှင် ရေကန်လေးထဲတွင် ပိတ်မိနေပါက လှိုင်းတွန်းလေးများကိုသာ ဖန်တီးနိုင်လေရာ လက်ရှိ ရွှယ့်လျန်ကကော ဘာလုပ်နိုင်မည်နည်း။

“ထွက်သွားစမ်း” စိတ်ပေါက်ပေါက်ဖြင့် ရွှယ့်လျန်သည် ကျောက်တုံးရုပ်သေးရုပ်အား သူ့လက်သီးဖြင့် ထိုးချလိုက်ရာ ကျောက်တုံးရုပ်သေးရုပ် မီတာတစ်ရာ အကွာလောက်သို့ ပြန်ဆုတ်သွားခဲ့ရ၏။

တန်ပြန် အကျိုးဆက်အနေဖြင့် ရွှယ့်လျန်၏ လက်သီးသည်လည်း မီးလောင်သွားခဲ့ရလေသည်။

ကျောက်တုံးရုပ်သေးရုပ်ကို မောင်းထုတ်ပြီးသည်နှင့် မီးငှက်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလျက် ရန်ကိုင်ဆီသို့ ချက်ချင်း ပြေးခုန်ဝင်သွားလေသည်။

ရန်ကိုင်သည် တိုက်ပွဲ၏ အခရာဖြစ်သည်။ ရန်ကိုင်ကိုသာ သတ်လိုက်နိုင်သရွေ့ သူ့အမိန့်ကို နားထောင်နေသည့် မီးငှက်နှင့် ကျောက်တုံးရုပ်သေးရုပ်တို့ သူ့အား ပြဿနာ အများကြီး ပေးနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်ကို အရင် သတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရွှယ့်လျန်သည် နယ်ပယ်စွမ်းအင်ကို အဆုံးစွန်ထိ ဖြန့်ကျက်၍ ရန်ကိုင်ဆီသို့ တိုးဝင်သွားခဲ့သည်။

ရန်ကိုင်သည် သူ့ရှီစွမ်းအင်ကို ထုတ်လွှတ်၍ နယ်ပယ်၏ စွမ်းအားကို ခုခံရန် ကြိုးစားလိုက်သော်လည်း မည်သို့မှ မခုခံနိုင်သည်ကို တွေ့ရှိလိုက်ရသည်။

ထိုအခြင်းအရာကို မြင်သော် ရွှယ့်လျန်သည် မိစ္ဆာဆန်ဆန် ပြုံးဖြီးလျက် ရုတ်တရက် အော်ဟစ်ချလိုက်၏။

သူ့အော်သံသည် ကြားလိုက်သည့် လူတိုင်း၏ နှလုံးသားထဲကို ဓါးတစ်ချောက်ဖြင့် စိက်လိုက်သလို ခံစားသွားစေနိုင်သဖြင့် ရန်ကိုင်လည်း သူ့အော်သံကို ကြားပြီးနောက်တွင် သူ့လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားခဲ့ရလေသည်။

“ကောင်လေး၊ သေလိုက်ပေတော့” ရွှယ့်လျန်သည် သွေးရူးသွေးတန်း အော်ဟစ်ရင်း ရန်ကိုင်အား ဖမ်းဆွဲရန် ကြိုးစားလိုက်သည်။

“တကယ်လား” ရန်ကိုင်၏ မျက်နှာထက် ထူးဆန်းသော အပြံးတစ်ပွင့် ထွက်ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ် ရုတ်တရက် တုန်တက်သွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်၏ “နဂါး အသွင်ပြောင်းလဲခြင်း”

ရွှေရောင်အလင်းတန်းများနှင့်အတူ ရန်ကိုင်၏ ညာဘက် လက်မောင်းတစ်ခုလုံး ရွှေရောင်အကြေးခွံများဖြင့် ပြည့်နှက်သွားခဲ့၏။ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားချိန် ရန်ကိုင်၏ ညာဘက်လက်သည် နဂါးလက်သည်း တစ်ခုအသွင်သို့ ပြောင်းလဲနေခဲ့လေပြီ။ တစ်ချိန်တည်းတွင် ပြင်းထန်လှသော နဂါးဖိအားသည်လည်း ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။

နဂါးဖိအားကို ခံစားမိလိုက်ချိန် ရွှယ့်လျန်၏ မျက်ဝန်းထဲ ကြောက်လန့်ရိပ်တို့ တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး သူ့လှုပ်ရှားမှုတို့လည်း တဒင်္ဂတာ ရပ်တန့်သွားခဲ့လေသည်။

ရှေးနတ်ဘုရားသားရဲ တစ်ကောင်သည် ၎င်း၏ ဖိအားဖြင့် မည်သည့် မွန်းစတားသားရဲများကို ဖိနှိပ်နိုင်လေရာ ထိုရှေးနတ်ဘုရားသားရဲများ၏ အုပ်ချုပ်သူဖြစ်သူ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

ရွှယ့်လျန်၏ ခန္ဓာကိုယ်ဖြစ်စေ၊ အရူးမိးကျောင်း မွန်းစတားဘုရင်၏ ဝိဥာဉ်ဖြစ်စေ၊ နှစ်ခုစလုံးသည် ရှေးဟောင်းမျိုးကွဲ နတ်ဘုရားသားရဲ တစ်ကောင်၏ တိုက်ရိုက်မျိုးဆက်များသာ ဖြစ်ကြပြီး ရွှေနဂါးနှင့် လုံးဝ မယှဉ်နိုင်ချေ။

ရန်ကိုင်မှ သူ့လက်ကို ရှေ့တည့်တည့်သို့ ဆန့်ထုတ်လိုက်၏။

သွေးပွက်သံနှင့်အတူ သံမဏိတမျှ မာကျောလှသော ရွှယ့်လျန်၏ ခန္ဓာကိုယ်သည် ရန်ကိုင်၏ ညာဘက်လက်မှ တိုးဖူးတုံးအား ထိုးဖောက်သွားသည့်နှယ် အလွယ်တကူ ထိုးဖောက်ခြင်း ခံလိုက်ရသည်။

ရန်ကိုင်မှ သူ့နှလုံးကို ဆုပ်ကိုင်လိုက်ချိန် ရွှယ့်လျန်၏ ရင်ဘတ်ဆီမှ တဒုတ်ဒုတ်မြည်သံတို့ အလျင်အမြန် ထွက်ပေါ်လာခဲ့၏။

ရန်ကိုင်ခေါင်းကို ဆုပ်ကိုင်ထားသည့် ရွှယ့်လျန်၏လက်ထဲ အားမရှိတော့သလို ဖြစ်သွားခဲ့ပြီး သူ့မျက်ဝန်းများသည်လည်း ကြောက်လန့်မှုဖြင့် တုန်ရီလာခဲ့လေသည်။

“နှုတ်ဆက်ပါတယ်ဗျာ” ပြောပြီးသည်နှင့် ရွှယ့်လျန်၏ နှလုံးကို ညစ်ချေချပစ်လိုက်သည်။

“ကောင်လေး၊ မင်းအရမ်းတုံးတာပဲကွ” ရွှယ့်လျန်သည် မသေခင် ထူးထူးဆန်းဆန်း အော်ရယ်သွားခဲ့သည်။

တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိလိုက်သည်နှင့် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူ့လက်ကို ပြန်ဆွဲထုတ်ရန် လုပ်နေစဉ်မှာပဲ ရွှယ့်လျန်၏ နဖူးဆီမှ အနီရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး သူ့ခေါင်းထဲသို့ တိုးဝင်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။

ထိုအနီရောင်အလင်းတန်းသည် ရန်ကိုင်၏ အသိစိတ်ပင်လယ် အကွာအကွယ်အား သစ်ဆွေးတုံးတစ်တုံးနှယ် ဖျက်စီး ဖြတ်ကျော်သွားခဲ့သည်။

“ဒီတော့ ဒါက ခင်ဗျားရဲ့အကြံပေါ့” ရွှယ့်လျန် ဘာကြံနေလဲ ဆိုသည်ကို နားလည်သွားပြီးနောက် သူ့အသိစိတ်ကို အသိစိတ် ပင်လယ်ထဲသို့ ချက်ချင်း ပို့လွှတ်လိုက်လေ၏။

ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် ထူးဆန်းသော ပုံရိပ်တစ်ခုသည် သူ့ဘေးဘေးပတ်ပတ်လည်အား ထိတ်လန့်၊ အံ့အားသင့်နေသည့် အမူအရာဖြင့် လှည့်ပတ်ကြည့်နေခဲ့သည်။

အခြေအနေသည် သူထင်ထားသလို ဖြစ်မနေသည့်အလား။

“ကျုပ်ခန္ဓာကိုယ်ကို ဝင်စီးချင်တယ်ဆိုရင်တော့ ကျုပ်ခင်ဗျားကို စိတ်ပျက်အောင် လုပ်ရတော့မှာပဲ” ရန်ကိုင်က ထူးဆန်းသော ပုံရိပ်ကို ကြည့်ရင်း လှောင်ပြောင်စကား ဆိုလိုက်သည်။

All Chapters