အခန်း (၁၆၂၆-၁၆၃၀)
Vol. 66 Ch. 1626-1630
အပိုင်း (၁၆၂၆)
ပင်းလုန်လည်း ရန်ယွင်ထင်ပေးသည့် ပုံကို ယူကြည့်လိုက်သည်။ ပုံထဲရှိလူမှာ အသက်နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်လောက်သာ ရှိမည်ထင်ရသော လူငယ်လေးတစ်ဦး ဖြစ်သည်။ ထိုလူငယ်လေးသည် အရမ်းကြီး ရုပ်မချောသလို ရုပ်လည်း မဆိုးချေ။ သူ့ကြည့်ရသည်မှာ သာမန် လူတစ်ယောက်နှင့် ဘာမှ သိပ်မကွာချေ။
“အကြီးအကဲတို့လည်း တစ်ချက် ကြည့်ကြည့်လိုက်” ပင်းလုံးသည် ရုပ်ပုံကို အကြီးအကဲတစ်ယောက်ဆီ ပေး၍ “အဲ့လူရုပ်ကို သေချာ မှတ်ထား၊ သူ့ကို တွေ့တာနဲ့ ရေခဲနှလုံးသားတောင်ကြားဆီ ပြန်ခေါ်လာခဲ့။ မီးတောက်ဂိုဏ်းက ကျွန်မတို့ကို တောက်လျှောက် ဖိအားပေးနေတာ။ အခု ရုတ်တရက် ပြန်ဆုတ်သွားတယ်ဆိုတော့ ဒီလူက သူတို့အတွက် တော်တော်လေး အရေးပါလို့ ဖြစ်လိမ့်မယ်။ သူ့ကို ရှာတာက အခု ကျွန်မတို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းဖြစ်လိမ့်မယ်”
“အဲ့လိုဆိုတော့ ကျွန်မတို့ သူ့ကိုရှာဖို့ တပည့်တွေ စေလွှတ်လိုက်ရမှာလား” ရန်ယွင်ထင်က မေးလိုက်၏။
ပင်းလုံက ခေါင်းညိတ်၍ “ဟုတ်တယ်။ ဒါပေမယ့် အများကြီး မလွှတ်နဲ့။ ဒီအစည်းအဝေးပြီးသွားရင် တပည့်တွေ အကုန်လုံးကို အဲ့ပုံ လိုက်ပြထားလိုက်”
“ဟုတ်ကဲ့။ ဂိုဏ်းချုပ်ပြောတဲ့အတိုင်း လုပ်လိုက်ပါမယ်” အကြီးအကဲအားလုံး ခေါင်းညိတ်လိုက်ကြသည်။
ပင်းလုန်က ဆက်ပြောလိုက်သည် “မဟာအကြီးအကဲ ကျင့်ကြံခြင်း သွေဖယ်သွားတာ အခုထိ ပြန်မကောင်းသေးဘူး။ အကြီးအကဲရဲ့ ဒဏ်ရာကို ကုသဖို့ ရှာခိုင်းထားတဲ့ ဆေးပင်တွေ ရပြီလား”
ထိုစကားကို ကြားသည့်အခါ အကြီးအကဲအားလုံး ဝမ်းနည်းစွာ ခေါင်းခါရမ်းလိုက်ကြပြီး တစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏ “ကျန်တဲ့ဆေးပင်တွေ အားလုံးကို ဈေးကြီးကြီး ပေးဝယ်ထားပေမယ့် သွေးနီဂျင်ဆင်းကိုတော့ အခုထိ မရသေးဘူး။ သွေးနီဂျင်ဆင်းကို ရှာဖို့ကျပြန်တော့လည်း… မီးတောက်ဂိုဏ်းရဲ့ မိုးကြိုးတောင်မှာပဲ သွားရှာလို့ရမှာ”
“မိုးကြိုးတောင်လား” ပင်းလုန် မျက်နှာပျက်သွားပြီး “အဲ့နေရာက မီးတောက်ဂိုဏ်းရဲ့ တားမြစ်နေရာပဲ။ သူတို့ဂိုဏ်းက လူနည်းနည်းလောက်ကိုပဲ အဲ့နေရာကို ဝင်ခွင့်ပြုတာ။ ဆက်ရှာထားလိုက်၊ ဘယ်လောက်ပဲပေးရပေးရ သွေးနီဂျင်ဆင်းကို ရှာတွေ့မှ ဖြစ်မယ်”
“ဟုတ်ကဲ့”
“စိတ်ညစ်ဖို့ကောင်းလိုက်တာ” ရန်ယွင်ထင်က အံကြိတ်၍ “မဟာအကြီးအကဲ ကျင့်ကြံခြင်း သွေဖယ်သွားလို့သာပေါ့၊ မဟုတ်ရင် ကျွန်မတို့ ရေခဲနှလုံးသားတောင်ကြား အခုလို ဖိနှိပ်ခံနေရမှာ မဟုတ်ဘူး။ ဂိုဏ်းနှစ်ဂိုဏ်းက အမြဲတမ်း ခွန်အား ညီလာခဲ့တာ…”
ထိုစကားကို ကြားသော် အခြား အကြီးအကဲများလည်း မျက်နှာမဲ့သွားကြကုန်လေသည်။
“အကြီးအကဲချုပ်၊ မဟုတ်တာတွေ ပြောမနေနဲ့တော့။ ကျင့်ကြံခြင်း သွေဖယ်သွားလို့ဆိုပြီး မဟာအကြီးအကဲကို အပြစ်တင်ချင်နေတာလား” ပင်းလုန်က ရန်ယွင်ထင်ကို စိုက်ကြည့်၍ အော်ပြောလိုက်သည်။
ရန်ယွင်ထင်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး အလျင်စလို ပြန်ပြောလိုက်လေသည် “မဟုတ်ပါဘူး ဂိုဏ်းချုပ်၊ ကျွန်မ ဘယ်လိုလုပ်ပြီး မဟာအကြီးအကဲကို အပြစ်တင်ရဲမှာလဲ”
ပင်းလုန်ကလည်း ခေါင်းညိတ်၍ “အကြီးအကဲချုပ် အဲ့လို ပြောချင်တာ မဟုတ်မှန်း ဒီဘုရင်မ သိတယ်။ ဒါပေမယ့် ဖြစ်ပြီးတာတွေကို ပြန်ပြောနေလို့လည်း ဘာမှမထူးဘူး။ မဟာအကြီးအကဲက လှုပ်ရှားလို့ သိပ်အဆင်မပြေပေမယ့် မီးတောက်ဂိုဏ်းလည်း ကျွန်မတို့ကို အလွယ်တကူ တိုက်ခိုက်လို့ မရဘူး။ အဲ့အကြောင်းကို ထားလိုက်ဦး။ ဒီဘုရင်မ ပြောချင်တာ ရှိလို့။ အကြီးအကဲချုပ်ရဲ့ တပည့် အခြေအနေ ဘယ်လိုရှိလဲ”
ရန်ယွင်ထင်က ပြုံးလျက် “အခြေအနေကတော့ တော်တော့်ကို ကောင်းတယ်လို့ ပြောရမယ်။ အခုသူ တန်ခိုးရှင်ပထမအဆင့်ကို ရောက်နေပြီ”
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ခန်းမထဲတွင် ရှိနေသည့် လူအားလုံး အံ့အားသင့်သွားခဲ့ကြ၏။
“တန်ခိုးရှင်ပထမအဆင့်”
“တော်လိုက်တာ။ အကြီးအကဲချုပ်က သူ့ကို ဂိုဏ်းဆီ ခေါ်လာတုန်းက သူတော်စင်တတိယအဆင့်ပဲ ရှိသေးတာ။ အခု နှစ်ဘယ်လောက် ကြာသေးလို့လဲ။ တန်ခိုးရှင်ပထမအဆင့်ကို ရောက်နေပြီ”
“ကျင့်ကြံရေး အရင်းအမြစ်တွေကို လိုသလောက် ရနေလို့ ဆိုရင်တောင် သူကျင့်ကြံတဲ့နှုန်းက အရမ်း မြန်လွန်းမနေဘူးလား”
ပင်းလုန်သည်လည်း အလွန်ကိုမှ ကျေနပ်သွားသည့်အလား “အကြီးအကဲချုပ်ရဲ့ တပည့်မှာ ရေခဲကျောက်စိမ်း အထူခန္ဓာကိုယ် ရှိတယ်ဆို”
“ဟုတ် ရှိပါတယ် ဂိုဏ်းချုပ်” ရန်ယွင်ထင်က ခေါင်းညိတ်၍ “ဒါပေမယ့် မွေးရာပါတော့ မဟုတ်ဘူး။ သူအရင်တုန်းက ဘယ်လို ကျင့်စဉ်တွေ ကျင့်ခဲ့လိုလဲတော့ မသိဘူး၊ ဂိုဏ်းရဲ့ ကျင့်စဉ်တွေက သူနဲ့ လုံးဝကို လိုက်ဖက်နေတယ်။ သူ့ကျင့်ကြံနှုန်းကလည်း အရမ်း မြန်တာပဲ။ အမှန်အတိုင်းပြောရင် သူအခု တန်ခိုးရှင်ဒုတိယ အဆင့်ကို ချိုးဖျက်ဖို့တောင် လုပ်နေတာ”
ပင်းလုန် အလွန်ပျော်သွားခဲ့ပြီး “မွေးရာပါ မဟုတ်လည်း ဘာဖြစ်လဲ။ ရေခဲကျောက်စိမ်း အထူးခန္ဓာကိုယ် ဖြစ်နေရင် ပြီးပြီ။ ကြည့်ရတာ ကောင်းကင်က ဒီဘုရင်မရဲ့ တောင်ကြားကို ပစ်ပယ်မထားသေးဘူးနဲ့ တူတယ်။ အခြား ဘာမမျှော်လင့်ထားမှ မဖြစ်ခဲ့ရင် အကြီးအကဲချုပ်ရဲ့ တပည့်က မဟာအကြီးအကဲ အဆင့်ကို ကျိန်းသေ ရောက်လိမ့်မယ်။ အဲ့အချိန်ကျ ရေခဲနှလုံးသား တောင်ကြားရဲ့ တိုးတက်မှုက သူ့အပေါ် မူတည်သွားလိမ့်မယ်”
ရန်ယွင်ထက် “တောင်ကြားသခင် အရမ်းကြီး မြှောက်နေစရာ မလိုပါဘူး။ ကောင်မလေးက တော်ပေမယ့် သူ့ကျင့်ကြံခြင်းက တော်တော်လေး နိမ့်နေတုန်းပဲ။ ဂိုဏ်းချုပ်ဆီကနေ သူသင်ယူစရာတွေ အများကြီး ကျန်သေးတယ်”
“သူလိုအပ်တာရှိရင် အကုန် ဖြည့်ဆည်းပေးလိုက်” ပင်းလုန်က ပြောလိုက်သည်။
“ဟုတ်ကဲ့” ရန်ယွင်ထင် ခေါင်းညိတ်လိုက်၏။
“အကြီးအကဲချုပ်၊ မီးတောက်ဂိုဏ်းက ကျွန်မတို့ဂိုဏ်းကို ဖိအားပေးလာတာ အကြီးအကဲချုပ်ရဲ့ တပည့်ကြောင့်ဆို” တစ်ယောက်ယောက် ရယ်သွမ်းသွေး၍ မေးလိုက်သည်။
“ဟုတ်တယ်။ ငါလည်း အဲ့အကြောင်းကြားတယ်။ မီးတောက် ဂိုဏ်းချုပ်ရဲ့သား ဝေဖုန်း အပြင်ထွက်တုန်းက အဲ့ကောင်မလေးကို တွေ့ခဲ့တာတဲ့။ အဲ့မှာတင် သူ့ကို မြင်မြင်ချင်း စွဲလွန်းသွားပြီး ဝေချင်ကို ငါတို့ ရေခဲနှလုံးသားတောင်ကြားဆီ လာပြီး တောင်ရမ်းပေးဖို့ တောင်းဆိုတော့တာတဲ့”
“ငါကတော့ သူ့ကို တွေ့တောင် မတွေ့ဖူးသေးဘူး။ အဲ့ကောင်မလေး သန့်စင်ရေခဲကျွန်းကို ရောက်လာပြီးတဲ့နောက်ပိုင်း အပြင် သိပ်မထွက်ဘူးလားလို့”
“ငါဆို တစ်ကြိမ်ပဲ မြင်ဖူးတယ်။ ဒါပေမယ့် ချောတာတော့ တကယ် ချောတာ။ အဲ့ခွေးကောင်လေး ဝေဖုန်း အရူးအမူး ဖြစ်သွားတာလည်း ဆန်းတော့မဆန်းဘူး။ ငါသာ ယောကျာ်း တစ်ယောက်ဆိုရင် မြင်မြင်ချင်း ပစ်ကြွေသွားမှာ”
အကြီးအကဲအားလုံး ရယ်ရယ်မောမောနှင့် ပြောလိုက်ကြ၏။
“အဲ့ဒါဘာမှမဟုတ်ဘူး။ သူတို့ဘာသာ အကြောင်းပြချက် သက်သက် ရှာနေတာ” ရန်ယွင်ထင်က မဲ့ပြုံးပြုံးလိုက်၏။
ပင်းလုန်က ခေါင်းညိတ်၍ “နင်တို့အားလုံးက ဒီဂိုဏ်းရဲ့ အကြီးအကဲတွေပဲဟာကို ဒီကိစ္စကို ဘယ်လိုလုပ်ပြီး နားမလည်ရတာလဲ။ တောင်းရမ်းတယ် ဆိုတာ အကြောင်းပြချက် သက်သက်ပဲ။ သူတို့ရဲ့ တကယ့် ရည်ရွယ်ချက်က မဟာ အကြီးအကဲရဲ့ အခြေအနေကို စစ်ဆေးဖို့ပဲ။ မဟာအကြီးအကဲ ဒဏ်ရာရထားတာ သေချာသွားပြီဆိုရင် သူတို့ ငါတို့ကို ပိုပြီး ဖိအားပေးလာတော့မှာ”
“မီးတောက်ဂိုဏ်းရဲ့ သွားကပဲ ပိုထက်မလား၊ ကျွန်မတို့ ရေခဲနှလုံးသားတောင်ကြားရဲ့ အကာအကွယ်ကပဲ ပိုမာမလား ကြည့်ရတာပေါ့”
“သူတို့ဂိုဏ်းက တပည့်တွေကို ဂရုစိုက်နေဦးမယ် ဆိုရင်တော့ အရမ်းကြီး ဖိအားပေးလာရဲမှာ မဟုတ်လောက်ဘူး”
“သူတို့ လာရဲရင် လာကြည့်ပေါ့။ ဘယ်တော့မှ မပြန်နိုင်အောင် လုပ်ပေးလိုက်မယ်”
အမျိုးသမီးတစ်သိုက် ဒေါသတကြီး အော်ပြောကြတော့၏။
ဘယ်ဘက်တွင် ထိုင်နေသော အသက်ခြောက်ဆယ်လောက် ရှိမည့် အဘွားကြီးတစ်ဦးက ရုတ်တရက် မျက်မှောင်ကြုတ်၍ အခြားသူများ အားလုံး ပြောပြီးသွားသည့် အချိန်ထိ စောင့်ပြီးနောက် “ဂိုဏ်းချုပ်၊ ကျွန်မမှာ ဂိုဏ်းချုပ်ကို တင်ပြစရာ တစ်ခုရှိတယ်”
“ဘာသတင်းလဲ” ပင်းလုန်က အဘွားကြီးဘက်သို့ လှည့်၍ မေးလိုက်၏။
“လော့ဟိုင် မီးတောက်ဂိုဏ်းကို ရောက်နေတယ်လို့ ကျွန်မ သတင်း ကြာထားတယ်” အကြီးအကဲဝူက အလျင်အမြန် ပြောလိုက်၏။
“လော့ဟိုင်” ခန်းမထဲတွင် ရှိနေသူအားလုံး မျက်မှောင် ကြုတ်သွားခဲ့သည်။ လော့ဟိုင် ဘယ်သူမှန်း သူတို့ ချက်ချင်း မမှတ်မိကြပေ။ မကြာမီ တစ်ယောက်ယောက်က အလန့်တကြား ထအော်ပြောလေ၏ “တောင်စိမ်းကြယ်ရဲ့ ကြယ်သခင် လူကြီးမင်း လော့ဟိုင်ကို ပြောတာလား”
“သူလား”
“သူဘာလို့ တောင်စိမ်းကြယ်ကနေ လှိုင်းနီကြယ်ဆီ ရုတ်တရက်ကြီး လာရတာလဲ”
“ဒီသတင်းက ယုံရလား” ပင်းလုန်၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ရီသွားခဲ့ပြီး ထိုင်ခုံလက်ရန်းကိုလည်း ခပ်တင်းတင်း ဆုပ်ကိုင်မိလိုက်သည်။ သူမ၏ အမူအရာကို ကြည့်ရုံနှင့်တင် သူမ မည်မျှ စိုးရိမ်နေမှန်း မြင်တွေ့နိုင်ပေသည်။
“ယုံရတယ်” အကြီးအကဲဝူက အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်၍ “မီးတောက်ဂိုဏ်းထဲမှာ ရှိတဲ့ ဒီအဘွားကြီးရဲ့ သူလျှိုတွေကိုယ်တိုင် ပြောတာ၊ လူကြီးမင်း လော့ဟိုင်ကို သူတို့ ကိုယ်တိုင် မြင်လိုက်တာတဲ့”
ခန်းမတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့လေသည်။
“လူကြီးမင်း လော့ဟိုင်နဲ့ မီးတောက်ဂိုဏ်းက ချီဟွော့က အသီးအကျွမ်းတွေဆိုတာ ဂိုဏ်းချုပ်လည်း သိတယ်မလား။ အခုအချိန်မှ မီးတောက်ဂိုဏ်းကို သူရောက်လာတာ…” အကြီးအကဲဝူသည် စကားကို ဆုံးအောင် မပြောလိုက်သော်ငြား သူဘာပြောချင်နေလည်း အကုန်လုံး နားလည်လိုက်သည်။
“မဖြစ်နိုင်ဘူး” ပင်းလုန်က ခေါင်းခါ၍ “သူနဲ့ချီဟွော့ဆိုတာ ဒီလောက်ကြီးခင်တဲ့ လူတွေမဟုတ်ဘူး။ အသိအကျွမ်းအဆင့်ပဲ ရှိတာ။ ချီဟွော့ကို ကူညီဖို့သက်သက်အတွက်နဲ့ တောင်စိမ်းကြယ်ကနေ ဒီကိုလာတာ လုံးဝ မဖြစ်နိုင်ဘူး”
“ဒါပေမယ့် အဲ့လိုဆိုရင်တော့ ဖြစ်နိုင်ချေတော့ ရှိသေးတာပဲ။ လော့ဟိုင်နဲ့ ချီဟွော့သာ အတူပူးပေါင်းသွားမယ်ဆိုရင် ကျွန်မတို့ ရေခဲနှလုံးသားတောင်ကြား ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး”
ထိုစကားကို ကြားလိုက်ချိန် ပင်းလုန်၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။
“လူကြီးမင်းလော့ဟိုင် ဒီအချိန်ကြီး လှိုင်းနီကြယ်ကို ရောက်လာတာ မီးတောက်ဂိုဏ်း ရှာနေတဲ့ လူနဲ့များ ပက်သက်နေမလား မသိဘူး” အကြီးအကဲတစ်ယောက်က ရုတ်တရက် ပြောလိုက်၏။
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ အရမ်းကို အချိန်ကိုက် ဖြစ်လွန်းနေလို့။ လူကြီးမင်းလော့ဟိုင် ရောက်တာ သိပ်မကြာသေးဘူး။ မီးတောက်ဂိုဏ်းက ကျွန်မတို့ကို ဖိအားသိပ်မပေးတော့ဘဲ အဲ့လူကို စရှာနေတာလည်း သိပ်မကြာသေးဘူး။ လူကြီးမင်း လော့ဟိုင်က အဲ့လူကို ရှာခိုင်းထားလို့ မီးတောက်ဂိုဏ်းက လိုက်ရှာနေတာကော မဖြစ်နိုင်ဘူးလား”
အကုန်လုံး၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။
“ဖြစ်နိုင်တယ်။ ဒီလိုသာဆိုရင် ငါတို့ အဲ့လူကို မီးတောက်ဂိုဏ်းထက် ဦးအောင် ရှာမှာဖြစ်မယ်” ပင်းလုန်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့ပြီး “ငါတို့သာ သူ့ကို ရှာတွေ့ပြီး လူကြီးမင်းလော့ဟိုင်လက်ထဲ ထည့်ပေးလိုက်မယ် ဆိုရင် အခု ရေခဲနှလုံးသားတောင်ကြား ရင်ဆိုင်နေရတဲ့ အခက်အခဲကို ဖြေရှင်းလို့ ရသွားပြီ။ မဟာအကြီးအကဲ လုံးဝ ပြန်ကောင်းသွားပြီဆိုရင် မီးတောက်ဂိုဏ်း ဆက်ပြီး ပြဿနာ ရှာရဲတော့မှာ မဟုတ်ဘူး”
“ဂိုဏ်းချုပ်ပြောတာ မှန်တယ်” ရန်ယွင်ထင်က ခေါင်းညိတ်လိုက်၏။
“တပည့်တွေအားလုံးကို အဲ့လူကို လိုက်ရှာဖို့ အမိန့်ပေးလိုက်” ပင်းလုန်က အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့” အကြီးအကဲအားလုံး ခေါင်းညိတ်၍ နန်းတော်ထဲမှ အလျှိုလျှို ထွက်သွားကြလေသည်။
ထိုနေ့တွင် သန့်စင်ရေခဲကျွန်းမှ တပည့်ပေါင်း တစ်ထောင်ကျော်သည် ရန်ကိုင် မျက်နှာ ရေးဆွဲထားသော ပန်းချီကို ကိုင်ဆွဲလျက် လှိုင်းနီကြယ်အနှံ့ ခရီးထွက်တော့၏။
ညအချိန်၊ သန့်စင်ရေခဲကျွန်း၏ အလယ်ဗဟိုနားရှိ တစ်ခုသော ရေခဲခန်းထဲတွင် ရန်ယွင်ထင်သည် တင်ပလင်ခွေထိုင် ကျင့်ကြံနေခဲ့လေသည်။
ထိုစဉ်က အခန်းအပြင်ဘက်မှ ခြေသံတဖွဖွ ထွက်ပေါ်လာခဲ့ပြီး မကြာမီ အသံတစ်သံ ထွက်လာခဲ့၏ “တပည့် ဆရာကို လာတွေ့ပါတယ်”
“ဝင်လာခဲ့” ရန်ယွင်ထင်က ပြုံး၍ ပြန်ပြောလိုက်၏။
ထို့နောက် အခန်းတံခါး ပွင့်သွားပြီး လှပသည့် ပုံရိပ်လေးတစ်ခု အထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။
ထိုပုံရိပ်သည် အစွန်းအထင်းမရှိသည့် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် မိန်းမငယ်လေးတစ်ဦး ဖြစ်သည်။ ပိတုန်းရောင် ကဲ့သို့ မည်းနက်နေသော ဆံကေသာများသည် ရေတံခွန်နှယ် လည်တိုင်တစ်လျှောက် လျောကျနေ၏။ မျက်ဝန်းများမှာလည်း ဖီးနစ်မျက်ဝန်းသဖွယ် ဆွဲဆောင်မှုရှိလှပြီး နှာတံမှာလည်း ဖြောင့်စင်းနေကာ ကိုယ်လုံးကိုယ်ပေါက်မှာလည်း လုံးဝ အပြစ် ဆိုရက်စရာ မရှိချေ။
သူမသည် ကောင်းကင်ကြီးမှ ဖန်တီးထားသည့် ရေခဲ နတ်သမီးလေး တစ်ပါးနှယ် အလွန်ကိုမှ လှပလွန်းလှပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၂၇)
(စုယန်)
ရန်ယွင်ထင်သည် ထိုမိန်းကလေးအား အပေါ်ယံ တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် ကျေနပ်သွားသည့် လေသံဖြင့် “သမီးရဲ့ ရေခဲကျောက်စိမ်းကျင့်စဉ်က ထပ်ပြီး တိုးတက်လာပြန်တာပဲ”
အမျိုးသမီး၏ အမူအရာမှာမူ လုံးဝ ပြောင်းလဲသွားခြင်း မရှိချေ။ သူမ တစ်ကိုယ်လုံးကို ရေခဲသားဖြင့် ပြုလုပ်ထားသည့်အလား အလွန်အေးစက်သည့် အအေးဓါတ်တို့သည် သူမဆီမှ ဖြာထွက်နေခဲ့၏။
ချီးကျူးစကားကို ကြားလိုက်သော်ငြား ပြောင်းလဲသွားခြင်း မရှိသည့် အမူအရာဖြင့်သာ ပြန်၍ ပြောလိုက်၏ “ဆရာ ဂရုစိုက်ပေးလို့လည်း တပည့် အခုလို တိုးတက်လာနိုင်တာပါ”
“အင်း။ ထိုင်လိုက်ဦး” ရန်ယွင်ထွင်က ခေါင်းညိတ်လိုက်ပြီး သူမရှေ့တွင် ရေခဲကူရှင်ပေါ် ထိုင်ခိုင်းလိုက်လေသည်။
လစဉ်လတိုင်း ဤမိန်းမငယ်လေးသည် ရန်ယွင်ထင်ဆီလာပြီး ကျင့်ကြံခြင်းနှင့် ပက်သက်သည့် သူမ နားမလည်သော မေးခွန်းများကို လာမေးမြန်းလေ့ရှိသည်။ ယနေ့သည် ထိုနေ့ ဖြစ်ပေသည်။
“သမီး ကျင့်ကြံတာမှာ ဘာတွေ ထပ်အခက်တွေ့ပြန်ပြီလဲ” ရန်ယွင်ထင်က မေးလိုက်၏။
ရန်ယွင်ထင်၏ လက်ရှိ ကျင့်ကြံခြင်းသည် သူမ၏ တပည့်ထက် အဆင့်နှစ်ဆင့် ပိုမြင့်သော်လည်း သူမ၏ တပည့် တိုးတက်နေသည့် အမြန်နှုန်းအရ သူမအဆင့်ကို ရောက်ရန် ဘယ်လောက်မှ လိုလိမ့်မည် မဟုတ်ချေ။ သူမအဆင့်သို့ရောက်ပြီး နောက်ထပ် နှစ်အနည်းငယ်လောက် ကြာသွားသည်နှင့် တစ်ပြိုင်နက် မဟာအကြီးအကဲအဆင့်သို့ပင် ရောက်သွားနိုင်သည်။ ထို့ကြောင့် ရန်ယွင်ထင်သည် သူမ၏ တပည့်ကို တတ်နိုင်သလောက် မြေတောင်မြှောက် ပြုစုပျိုးထောင်ပေးလေသည်။
မိန်းမငယ်လေးလည်း ခေါင်းညိတ်ပြီး သူမ သိချင်နေသည့် မေးခွန်းများကို မေးတော့မည်အပြု ရုတ်တရက် ရန်ယွင်ထင်၏ နောက်ဘက်ရှိ နေခဲနံရံပေါ်တွင် ချိန်ဆွဲထားသော ကားချပ် တစ်ခုကို သတိပြုမိသွား၏။
ထိုကားချပ်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မိန်းမငယ်လေး၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ရီလာ၏။ တည်ငြိမ်ပြီး ခံစားချက် ကင်းမဲ့သော သူမ၏ မျက်နှာထက် ထိတ်လန့်မှု၊ အံ့အားသင့်မှုတို့ ထွက်ပေါ်လာခဲ့လေသည်။
သို့သော်လည်း မိန်းမငယ်လေးသည် သူမ၏ အမူအရာကို ချက်ချင်း ပြန်တည်လိုက်၏။
“ဒီလူကို သမီးသိလို့လား” မိန်းမငယ်လေးသည် သူမ၏ အမူအရာကို အချိန်မှီ ပြန်ထိန်းလိုက်နိုင်သော်ငြား ရန်ယွင်ထင်ကတော့ သူမတပည့် အမူအရာ ပြောင်းသွားသည်ကို သေချာ သတိပြုမိလိုက်၏။ ထို့ကြောင့် သင်္ကာမကင်း အမူအရာဖြင့် မေးမြန်းကြည့်လိုက်လေသည်။
မိန်းမငယ်လေးက ဖြည်းဖြည်းချင်း ခေါင်းခါလျက် “မသိပါဘူး”
ရန်ယွင်ထင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ရန်ယွင်ထင် မယုံမှန်း သိနေသည့်အလား မိန်းမငယ်လေးက ရှင်းပြလိုက်လေသည် “ပုံမှန်ဆို ဆရာ့ အိမ်ထဲမှာ ဘာမှ သိပ်ရှိတာ မဟုတ်ဘူး၊ ကုတင်တစ်လုံး၊ ထိုင်ခုံတစ်လုံးနဲ့ စားပွဲတစ်လုံးပဲ ရှိတာ။ ဒါပေမယ့် ရုတ်တရက်ကြီး ယောကျာ်းပုံတစ်ပုံ ရှိနေတာကို မြင်တော့ တပည့် နည်းနည်း အံ့အားသင့်သွားတာ”
ထိုရှင်းပြချက်ကို ကြားသော် ရန်ယွင်ထင်က ရန်ကိုင်ပုံကို မျက်လုံးမှေးစဉ်း၍ ကြည့်ရင်း “ပြောရရင် ဆရာလည်း သူဘယ်သူမှန်း မသိဘူး။ မီးတောက်ဂိုဏ်းက လိုက်ရှာနေတဲ့လူလို့ပဲ သိထားတာ။ သူက ရေခဲနှလုံးသားတောင်ကြားရဲ့ အခက်အခဲကို ဖြေရှင်းဖို့ အဓိက သော့ချက် ဖြစ်နိုင်လိမ့်မယ်ထင်လို့ တောင်ကြားသခင်က တပည့်တွေ အကုန်လုံးကို ဒီလူကို လိုက်ရှာဖို့တောင် အမိန့် ပေးထားသေးတယ်”
“အဲ့လိုကိုး” အမျိုးသမီးသည် သူမ၏ စိတ်ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းချုပ်၍ ခေါင်းညိတ်လိုက်၏။
ရန်ယွင်ထင်သည် သူမတပည့်၏ အမူအရာကို သေသေချာချာ လေ့လာကြည့်နေ၏။ သို့သော် မည်သည့် သံသယဖြစ်စရာမှ ထပ်ရှာမတွေ့ချေ။ ထို့ကြောင့် သူမတပည့် အမှန်ပြောနေသည်ဟုသာ ယုံကြည့်လိုက်ပြီးနောက် ပြုံး၍ “အခြားသူတွေ သူ့ကို လိုက်ရှာနေပေမယ့် သမီးကတော့ လိုက်ရှာစရာမလိုဘူး။ သမီးဘာသာ ဆရာအဆင့်ကို မြန်မြန် ရောက်အောင်သာ လေ့ကျင့်။ သမီးသာ ဆရာအဆင့်ကို ရောက်တာနဲ့ ရေခဲနှလုံးသားတောင်ကြားက သမီးရဲ့ ကမ္ဘာကြီး ဖြစ်လာလိမ့်မယ်”
“တပည့် အကောင်းဆုံး ကြိုးစားပါ့မယ်” မိန်းမငယ်လေးက အလျင်အမြန် ပြန်ပြောလိုက်သည်။
“ကောင်းပြီ။ သမီး ဘာပြဿနာတွေ ကြုံနေရလဲ ဆရာ့ကို ပြောပါဦး” ရန်ယွင်ထင်က ပြောလိုက်သည်။
မိန်းမငယ်လေးသည် ချက်ချင်း ပါးစပ်ဟလိုက်ပြီး သူမ နားမလည်သည့် မေးခွန်းအချို့ကို မေးလိုက်၏။ ရန်ယွင်ထင်သည် ထိုမေးခွန်းကို သေချာနားထောင်ပြီး သူမ နားလည်ထားသလောက် ပြန်ဖြေပေးလိုက်၏။ ဤသို့ဖြင့် ဆရာတပည့် နှစ်ဦးသာ အပြန်အလှန် ဆွေးနွေးသွားကြရာ မျက်တောင်တစ်ခတ်အတွင်း အာရုဏ်ဦးသို့ပင် ရောက်ရှိလာခဲ့သည်။ ထိုအခါ မိန်းမငယ်လေးသည် မတ်တပ်ရပ်လိုက်ပြီး သူမ၏ဆရာကို နှုတ်ဆက်၍ ရေခဲခန်းထဲမှ ထွက်လာခဲ့လေသည်။
သူမဆရာဆီမှ ထွက်လာပြီးနောက် မိန်းမငယ်လေးသည် ပုံမှန် လမ်းလျှောက်သည့်နှုန်းဖြင့် လျှောက်လာလိုက်ရာ မကြာမီ ရေခဲသန့်စင်ကျွန်း၏ အတွင်ပိုင်းကို ဖြတ်ကျော်ပြီး အပြင်ပိုင်းသို့ ရောက်ရှိလာခဲ့လေသည်။
ရေခဲသန့်စင်ကျွန်းအား အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ၍ နှစ်ပိုင်း ခွဲထားပြီး အတွင်းပိုင်းသည် အလွန် အစောင့်တင်းကြပ်၏။ အတွင်းပိုင်းအား သာမန်တပည့်များ အနေဖြင့် ခွင့်ပြုချက် မရှိလျှင် ဝင်ခွင့်မရှိဘဲ အကြီးအကဲများ၏ တိုက်ရိုက်တပည့်များနှင့် တောင်ကြားသခင်၏ တပည့်များသာ ဝင်ခွင့်ရှိပေသည်။
အပြင်ပိုင်းကမူ သာမန်တပည့်များ နေထိုင်သည့်နေရာ ဖြစ်ပေသည်။
အပြင်ပိုင်းသည် အတော့်ကိုမှ ကျယ်ပြန့်ပေသည်။ အမျိုးသမီးသည် အပြင်ပိုင်းသို့ ရောက်လာပြီးသည်နှင့် တောင်ဘက်စူးစူးရှိ ရေခဲတောင်တစ်လုံးဆီသို့ မရပ်မနား ပျံသန်းသွားခဲ့သည်။
ထိုတောင်ဘက်စူးစူးတွင် ရေခဲတောင်တစ်လုံး ရှိနေခဲ့ပြီး ထိုတောင်ပေါ်တွင် ရာပေါင်းများစွာသော လူလုပ်ရေခဲ လိုဏ်ဂူများစွာ ရှိနေခဲ့ပေသည်။ ထိုလိုဏ်ဂူများသည် တပည့်များ နေထိုင်နေသည့် နေရာများဖြစ်ကြပြီး တပည့်များ၏ ကျင့်ကြံခြင်းနှင့် ဂိုဏ်းအပေါ် အကျိုးပြုမှုအရ အဆင့် အမျိုးမျိုးရှိသော ရေခဲလိုဏ်ဂူများကို ရွေးချယ် နေထိုင်ခွင့်ရှိပေသည်။
မိန်းမငယ်လေးသည် ရေခဲတောင်အောက်ခြေရှိ ရေခဲလိုဏ်ဂူရှေ့တွင် ရပ်တန့်လိုက်ပြီး လိုဏ်ဂူအား ကာရံထားသော အကာအရံထဲသို့ သူတော်စင်ချီအချို့ ထည့်သွင်းလိုက်၏။
အချိန်အတော်ကြာအောင် စောင့်နေပြီးသည့်တိုင် မည်သည့် တုန်ပြန်မှုမှ မရခဲ့ချေ။
မိန်းမငယ်လေး မျက်မှောင်ကြုတ်သွားခဲ့ပြီး သိုလှောင်လက်စွပ်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်၍ အကာအရံပေါ်တွင် တင်လိုက်၏။ ထို့နောက် အကာအရံ နှစ်ပိုင်းကွဲထွက်သွားပြီး လိုဏ်ဂူထဲသို့ ဦးတည်နေသည့် ဝင်ပေါက်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
မကြာမီ လိုဏ်ဂူအတွင်းပိုင်းသို့ ရောက်လာခဲ့သော်ငြား မည်သူ့ကိုမှ မတွေ့ရပေ။ စားပွဲပေါ်တွင် တင်ထားသော ‘စုယန်အတွက်’ ဟူသော စာတစ်စောင်သာ ရှိနေခဲ့သည်။
မိန်းမငယ်လေးသည် တုန်တုန်ရီရီဖြင့် ထိုစာကို ဖွင့်ဖောက်ဖတ်လိုက်၏။
“စုယန်၊ အကြီးအကဲကောင်စီက ငါတို့ကို တာဝန်တစ်ခု ပေးလားတယ်။ တာဝန်က ရုတ်တရက်ကြီးဆိုတော့ ငါလည်း နင့်ကို အကြောင်းကြားဖို့ အချိန်မရလိုက်ဘူး။ နင်ဒီကို ရောက်လာပြီးရင် ဒီစာကို ကျိန်းသေ တွေ့လိမ့်မယ်။ အကြီးအကဲတွေပေးတဲ့ တာဝန်က လူတစ်ယောက်ကို ရှာဖို့ပဲ။ ဒါပေမယ့် အဲ့လူက ရန်ကိုင် ဖြစ်နေတယ်။ သူအခု လှိုင်းနီကြယ်ပေါ် ရောက်နေတယ်။ ဘာလို့မှန်းမသိပေမယ့် မီးတောက်ဂိုဏ်းကလည်း သူ့ကို ရှာနေတယ်။ နင်မဆင်မခြင် ဘာမှ မလုပ်နဲ့ဦးနော်။ ငါပြန်ရောက်လာတဲ့အထိစောင့်၊ ငါပြန်ရောက်လာပြီးမှ ဒီအကြောင်းကို ဆွေးနွေးကြမယ်”
ဤစာကို ချင်းယမှ ရေခဲ့ခြင်းဖြစ်သည်။ ချင်းယဆိုသည်မှာ တစ်ချိန်က ထုန်းရွှမ်လောကကြီး၏ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ခဲ့သူ ရေခဲဂိုဏ်း၏ ဂိုဏ်းချုပ် ချင်းယကို ပြောခြင်းဖြစ်သည်။
စုယန်သည် ထိုစာကို တစ်ကြိမ်မက သေချာပြန်ဖတ်ကြည့်၏။ စာကို ဖတ်ပြီးနောက် သူမတစ်ကိုယ်လုံး တုန်ရီလာခဲ့လေသည်။
ရန်ကိုင် တကယ်ကြီး ဤနေရာသို့ ရောက်နေခဲ့လေပြီ။
ရန်ကိုင် ပုံစံတူ ကားချပ်ကို ရန်ယွင်ထင် အခန်းထဲတွင် မြင်လိုက်စဉ်က သူမ မျက်လုံးသူမ မယုံနိုင်အောင် ဖြစ်ခဲ့ရ၏။ သို့သော် အမျိုးမျိုးသော အကြောင်းများကြောင့် သူမဆရာကို မမေးဖြစ်ခဲ့ချေ။ ထို့ကြောင့် ချင်းယများ တစ်ခုခုသိထားသလားဟု မေးရန်အတွက် သူမဆရာဆီမှ ထွက်လာပြီးသည်နှင့် ဤနေရာသို့ ချက်ချင်း အပြေးလာခဲ့ခြင်း ဖြစ်သည်။
ချင်းယသည် သူမနှင့်အတူ ရေခဲနှလုံးသားတောင်ကြားသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ချင်းယသည်လည်း သူမကဲ့သို့ပင် ရေခဲကျင့်စဉ်ကို ကျင့်ကြံထားသူ တစ်ယောက် မဟုတ်လော။ သူမ၏ ကျင့်ကြံခြင်း နိမ့်ကျရခြင်းမှာ ထုန်းရွှမ်လောကကြီး၏ ကျဲပါးသော မိုးမြေစွမ်းအင်ကြောင့် ဖြစ်၏။ ထို့ကြောင့် ရန်ယွင်ထင်သည် စုယန်ကိုသာမက ချင်းယကိုပါ ရေခဲနှလုံးသား တောင်ကြားဆီသို့ ခေါ်လာခဲ့လေသည်။
ချင်းယ၏ ပါရမီမှာ အတော်လေး မြင့်သော်ငြား စုယန်နှင့် ယှဉ်၍မရချေ။ ထို့ကြောင့် ရေခဲနှလုံးသားတောင်ကြား၏ သာမန် တပည့်တစ်ယောက်သာ ဖြစ်လာခဲ့ရလေသည်။ လက်ရှိတွင် ချင်းယသည် သူတော်စင်ဘုရင် ဒုတိယအဆင့်သို့ ရောက်နေပြီး သူတော်စင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်ရန် ပြင်နေ၏။
သူမနှင့် ရင်းနှီးသူဆို၍ ချင်းယတစ်ဦးသာ ရှိသည့်အတွက် စုယန်သည် ချင်းယဆီသို့ ရံဖန်ရံခါ လာလည်ပတ်လေ့ရှိသည်။
သို့သော် ယခုတစ်ကြိမ်တော့ နည်းနည်း နောက်ကျသွားခဲ့၏။
ယမန်နေ့၊ အကြီးအကဲကောင်စီ၏ ဆွေးနွေးတွေ့ဆုံပွဲတွင် ရန်ကိုင်အားရှာရန် ဆုံးဖြတ်ခဲ့သည်။ ထိုနေ့တွင်မှာပဲ ချက်ချင်း အမိန့်ထုတ်ပြန်ခဲ့ပြီး တပည့်များစွာသည်လည်း ရန်ကိုင်ကို ရှာရန်အတွက် ဂိုဏ်းထဲမှ ထွက်ခွာသွားကြရလေသည်။
ချင်းယသည် ရေခဲသန့်စင်ကျွန်း၏ အတွင်းပိုင်းသို့ သွားမရသဖြင့် စုယန်အတွက် စာသာ ထားရစ်ခဲ့ခြင်း ဖြစ်သည်။
ချင်းယထားခဲ့သည့်စာကို ကိုင်ထားရင်း စုယန်၏ မျက်ဝန်းများ မျက်ရည်များဖြင့် ဝေ့သီလာခဲ့လေသည်။
ရန်ယွင်ထင်သာ လက်ရှိ စုယန်ပုံစံကို မြင်လျှင် လုံးဝကို အကြီးအကျယ် အံ့အားသင့်သွားပေလိမ့်မည်။
သူမတပည့်၏ နှလုံးသားသည် ရေခဲသားနှယ် မာကျောကျစ်လစ် အေးစက်ပြီး မည်သည့် စိတ်ခံစားချက်အပေါ်မှ တပ်မက်ခြင်း မရှိဟု အမြဲတစေ ထင်ခဲ့သည်။ ထိုသို့ဆိုလျှင် စာလေး တစ်စောင်ကြောင့် ဘာကြောင့် ဤမျှ ဖြစ်သွားရလေသနည်း။
နှစ်ပေါင်းများစွာ ချုပ်တည်းထားရသည့် ခံစားချက်များ ရုတ်ချည်း ပွင့်ထွက်လာသဖြင့် သူမ၏ ခံစားချက်များကို စုယန် မထိန်းချုပ်နိုင်တော့ခြင်း ဖြစ်သည်။
ရုတ်တရက် သူမ၏ သွေးများဆူပွက်လာပြီး သွေးတစ်ပွက် ထိုးအန်တော့၏။ သူတော်စင်ချီလည်း မတည်မငြိမ်ဖြစ်ကာ ဝရုန်းသုန်းကား ဖြစ်လာတော့လေသည်။
စုယန်မျက်နှာ ကြောက်လန့်မှုကြောင့် ဖြူလျော်သွားပြီး ချက်ချင်း တင်ပလင်ခွေထိုင်ကာ ပရမ်းပတာ ဖြစ်နေသော သူမ၏ ကျင့်ကြံခြင်းကို အလျင်အမြန် တည်ငြိမ်အောင် ကြိုးစားလိုက်၏။
အချိန်အတော်ကြာသွားမှပဲ သူမ၏ အရှိန်အဝါ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။ ထိုင်ရာမှ ထပြီးနောက် စာကို ယူကာ အခန်းထဲမှ ပြန်ထွက်သွားလေသည်။
လှိုင်းနီကြယ်၏ ထိပ်သီးအင်အားစုနှစ်ခုစလုံး သူတို့၏ တပည့်ပေါင်းများစွာကို ရုတ်ချည်း စေလွှတ်လိုက်သဖြင့် လှိုင်းနီကြယ်တစ်ခုလုံး အတော်လေး ဂယထက်သွားခဲ့၏။
ထိုဂိုဏ်းနှစ်ဂိုဏ်းနှင့် အဆက်အသွယ်ရှိကြသော မိသားစုငယ်များ၊ ဂိုဏ်းငယ်များသည်လည်း ထိုအင်အားစုနှစ်ခုနှင့် အတူပူးပေါင်း၍ ရန်ကိုင်အား စတင် ရှာဖွေကြတော့လေသည်။
လူပေါင်းများစွာ၏ ရှာဖွေခြင်း ခံနေရသော်လည်း ရန်ကိုင်သည် လေထဲ ပျောက်ကွယ်သွားသည့်အလား မည်သူမှ သူ့အရိပ်အယောင်ကို ရှာမတွေ့ခဲ့ချေ။
……
ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲတွင်နေ၍ တောက်လျှောက် ကျင့်ကြံနေခဲ့သည်။
လော့ဟိုင်လက်မှ ခက်ခက်ခဲခဲ လွတ်အောင် ထွက်ပြေးလာရခြင်း ဖြစ်သဖြင့် ချက်ချင်း ကိုယ်ထင် မပြချင်သေးချေ။ လော့ဟိုင်သည် သူ့အား တောက်လျှောက် ရှာနေလောက်သည်။ သူသာ ကိုယ်ထင် သွားပြလျှင် နောက်တစ်ကြိမ် ကျားကုတ်ကျားခဲ ထပ်မံ ထွက်ပြေးနေရပေလိမ့်မည်။
မမြင်နိုင်သော စွမ်းအားတစ်ရပ်သည် ရှနင်းချန် နေထိုင်သည့် အိမ်ဆီမှ ဖြာထွက်လာခဲ့သည်။ ထိုစွမ်းအားမှာ လေဟာနယ် စွမ်းအား ဖြစ်ပေသည်။ ယခင်က မိုင်တစ်ရာလောက် အကျယ် ရှိခဲ့သော ကမ္ဘာငယ်လေးသည် ယနေ့တွင် အလွန်ကိုမှ လျင်မြန်သော အရှိန်ဖြင့် စတင် ကျယ်ပြန်လာခဲ့လေသည်။ မကြာမီ မြင်ကွင်း အသစ်အသစ်များ စတင် ထွက်ပေါ်လာခဲ့သည်။
မိုင်နှစ်ရာ… မိုင်ငါးရာ… မိုင်တစ်ထောင်… မိုင်နှစ်ထောင်… မိုင်သုံးထောင်…
မကြာမီ ကလန်ကြီးသုံးခုမှ ကျင့်ကြံသူများသည် သူတို့၏ ပတ်ဝန်းကျင် တစ်ခုခု ပြောင်းလဲနေသည်ကို သတိပြုမိသွားပြီး ကျင့်ကြံရာမှ ထွက်လာကုန်ကြတော့လေသည်။ သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးပြီးသည့်နောက် သူတို့ နေထိုင်နေသည့် နေရာသည် အပြင်သို့ ကျယ်ပြန့်နေကြောင်း တွေ့ရှိလိုက်ရ၏။
“အစ်ကိုလင်း၊ ဒါက ကမ္ဘာငယ်လေး တဖြည်းဖြည်း ပိုကျယ်နေတာ ဟုတ်တယ်မလား” မန်ဝူရသည် လေထဲတွင်ရပ်၍ ထိုမယုံကြည်နိုင်စရာမြင်ကွင်းကို အံ့အားသင့်နေသည့် အမူအရာဖြင့် စိုက်ကြည့်ရင်း မေးလိုက်၏။
“ဟုတ်တယ်။ တကယ်ကြီး ကျယ်သွားနေတာ”
“ဟားဟားဟား” မိုးကြိုးနဂါးစီနီယာကြီးသည် မန်ဝူရဘေးတွင် ရုတ်တရက် ပေါ်လာပြီး ဝါးလုံးကွဲ အော်ရယ်မောရင်း “ကောင်းလိုက်တာ။ ဒီပုံစံအတိုင်းဆို အဲ့ကျန်းယွမ်အဖွဲ့တွေနဲ့ ဆက်နေနေစရာ မလိုတော့ဘူး။ အားနေရင် သူတို့ရဲ့ အေးစက်စက် နတ်ဆိုးချီနဲ့ ထိတွေ့နေရာ တကယ် စိတ်ညစ်ဖို့ကောင်းတယ်”
“မိုကြိုးနဂါး၊ ငါနားပင်းမနေဘူးကွ” နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်ဆီမှ အေးစက်စက် နှာခေါင်းရှုံ့သံ ထွက်ပေါ်လာခဲ့၏။
“မင်းနားမပင်းတော့ရော ဘာဖြစ်လဲ။ ဒီဘုရင်က မင်းမကောင်းကြောင်း အတင်းတုပ်နေတာမှ မဟုတ်တာ။ အမှန်ကိုပဲ ပြောနေတာကွ” မိုးကြိုးနဂါးက လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်၏။
ကျန်းယွမ်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည် “မင်းတို့ မွန်းစတားချီကော ဘာထူးလို့လဲ”
ကလန်ကြီးသုံးခုသည် ကမ္ဘာငယ်လေးအတွင်း နေထိုင်နေစဉ် အတောအတွင်း အချင်းချင်း တိုက်ခိုက်ခြင်းမျိုး မရှိခဲ့သော်ငြား သူတို့ကြားရှိ ပြိုင်ဆိုင်မှုမှာတော့ ပျောက်ကွယ်သွားခြင်း မရှိပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၂၈)
“ဒါပေမယ့် ဘာလို့ ဒီနေရာကြီး ကျယ်ပြန့်နေတာလဲ။ မတော်တဆ တစ်ခုခု ဖြစ်သွားတာလား” ချူလင်းရှောင် စိတ်ပူသွားခဲ့၏။
“ဂိုဏ်းချုပ်ကြောင့် ဖြစ်လိမ့်မယ်။ စိတ်ပူနေစရာ မလိုဘူး” နောက်ဘက်မှ တစ်ယောက်ယောက်က ရုတ်တရက် ပြောလိုက်၏။ ကလန်ကြီးသုံးခုမှ လူများ လှည့်ကြည့်လိုက်ရာ ရန်ရှုကျု၊ ချူဟန်းရီ၊ မိုယုနှင့် လင်းယုရောင်တို့ တွေ့လိုက်ရလေသည်။
ထိုသုံးယောက်ကို ကလန်ကြီးသုံးခုမှလူများ နည်းနည်းလေးမှ လျစ်လျုမရှုရဲသဖြင့် ယဉ်ယဉ်းကျေးကျေး ပြန်နှုတ်ဆက်လိုက်ကြ၏။ အကုန်လုံးသည် တစ်ဖက်လူ မည်သူ မည်ဝါမှန်း သိထားကြလေသည်။
ရန်ရှုကျုနှင့် အခြားသူများသည် ထုန်းရွှမ်လောကကြီးမှ လူများထက် ပိုအားကောင်းပြီး ပိုအသက်ကြီးကြသော်လည်း လင်းတိုင်ရှုနှင့် အခြားသူများသည် ရန်ကိုင်နှင့် ရင်းနှီးသူများ ဖြစ်ကြသဖြင့် သူတို့နှင့် အဆင်တူလူများအဖြစ်သာ ဆက်ဆံကြံလေသည်။
“ရန်ကိုင်ကြောင့်လား” လင်းတိုင်ရှုက မေးလိုက်၏ “အစ်ကိုရန် ဘယ်လိုသိတာလဲ၊ ရှင်းပြလို့ရမလား”
အကုန်လုံး ရန်ရှုကျုဆီသို့ လှည့်လာကြ၏။
ရန်ရှုကျုလည်း ခဏလောက် စဉ်းစားလိုက်ပြီးနောက် “ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်း ပိုမြင့်လာပြီး သူ့လေဟာနယ်တာအို ပိုပြီး အဆင့်မြင့်လာတာနဲ့ ဒီကမ္ဘာငယ်လေးကလည်း ပိုပြီး ကျယ်ပြန့်လာမှာပဲ”
ကမ္ဘာငယ်လေးအကြောင်း အသေးစိတ်တော့ သူမသိပေ။ ဤကမ္ဘာငယ်လေးသည် ဆက်သွယ်ရေး ဧကရာဇ်မှော်ရတနာ တစ်ခုဖြစ်ကြောင်းသာ သိထားသည်။ သို့သော်လည်း ဧကရာဇ်တောင်၏ အကြီးအကဲတစ်ယောက် ဖြစ်ဖူးသည့်အတွက် ဘာတွေ ဖြစ်နေသလဲဆိုသည်ကို အကြမ်းဖျင်းတော့ သိထားပေသည်။
သူပြောသည်ကို ကြားသည့်အခါ အကုန်လုံး ခေါင်းညိတ်ပြလိုက်၏။
“ဒီနေရာကြီး ကျယ်နေတာက ရန်ကိုင်ကြောင့်ဆိုတော့ ရန်ကိုင် ဒီကို ရောက်နေတာလား” ကျန်းယွမ်က မယုံသင်ကာ အမူအရာဖြင့် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည် “သူတကယ်ကြီး ဒီရောက်နေတယ်ဟ။ ရှမိန်းကလေး အိမ်မှာ ရောက်နေတာ။ သူ့အိမ်ကနေ ထူးဆန်းတဲ့ စွမ်းအင်လှိုင်းတွေ ဖြာထွက်နေတယ်၊ လေဟာနယ်စွမ်းအင်လှိုင်းတွေလား မသိဘူး”
“ဟုတ်လောက်တယ်”
အကုန်လုံးသည် ကမ္ဘာကယ်လေးသည် ကျယ်ပြန့်နေသည့် အကြောင်းကို မရမ်းစတမ်း ဆွေးနွေးနေကြသည်။
ကမ္ဘာငယ်လေးသည် မူလ မိုင်ရာအချင်းမှ တဖြည်းဖြည်း ကျယ်ပြန့်သွားရာ နောက်ဆုံး မိုင်တစ်သောင်း အချင်းသို့ ရောက်မှသာ ရပ်တန့်သွားလေသည်။
ကမ္ဘာငယ်လေး၏ အစွန်ဘက်တွင် ရန်ကိုင်၏ လေဟာနယ် စွမ်းအားကို ရှေ့ဆက်မတိုးနိုင်အောင် တားဆီးနေသည့် စွမ်းအားတစ်မျိုး ရှိနေခဲ့သည်။ ဆိုလိုသည်ကား ကမ္ဘာငယ်လေးသည် ဆက်၍ ကျယ်ပြန့်နိုင်သေးသည်ဟု ပြောလိုခြင်းပင် ဖြစ်လေသည်။
“ဟိုမှာကြည့်ကြည့်စမ်း၊ အဆောက်အဦးအသစ်တွေလား မသိဘူး” မိုးကြိုးနဂါးသည် ကမ္ဘာငယ်လေးထဲရှိ တစ်နေရာဆီသို့ ကြည့်ရင်း ပြောလိုက်သည်။ သူကြည့်နေရာ အရပ်တွင် ဟိုတစ်စတစ်စီ ပြန့်ကျဲစွာ တည်ဆောက်ထားသော အဆောက်အဦးများ ရှိနေခဲ့၏။
“ငါတို့ သွားကြည့်ကြမလား” အကုန်လုံး ထိုနေရာကို သွား၍ စူးစမ်းချင်နေကြသည်။
“ငါအရင်သွားကြည့်ပြီဟေ့” နတ်ဆိုးအိုကြီးသည် ရယ်မောရင်း အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ထိုအရပ်ဆီသို့ အကြောက်အရွံ့ကင်းမဲ့စွာ ပြေးထွက်သွားလေသည်။
အကုန်လုံးသည်လည်း ခေါင်းတရမ်းရမ်းဖြင့်သာ နတ်ဆိုးအိုကြီးနောက် ပြေးလိုက်သွားကြလေသည်။
ရန်ရှုကျုနှင့် အခြားတန်ခိုးရှင်အဆင့် ပညာရှင်များသည် မဲ့ပြုံးပြုံး၍ လိုက်သွားကြလေသည်။
ခဏအကြာတွင် အဆောက်အဦးများ ရှိနေသည့် အရပ်ဆီသို့ အကုန်လုံး ရောက်လာခဲ့ကြသည်။ သို့သော် ရောက်ရောက်ချင်းမှာပင် အကုန်လုံး အံ့အားသင့်သွားခဲ့ကြ၏။
ဤနေရာရှိ မိုးမြေစွမ်းအင်သည် သူတို့ ယခင်နေခဲ့သည့် နေရာထက် သုံးဆမျှပင် ပို၍ သိပ်သည်းနေခဲ့သည်။
“ဒီနေရာ တကယ် မိုက်တယ်ဟ။ ငါတို့ မွန်းစတားမျိုးနွယ်စု ဒီအပိုင်းကို ယူမယ်” မိုးကြိုးနဂါးက နယ်မြေကြီးတစ်ခုအား လက်ညိုးထိုး၍ ပြောလိုက်၏။
“ဒါဆို ဒီအပိုင်းကို ငါတို့ နတ်ဆိုးမျိုးနွယ်စုယူမယ်” ကျန်းယွမ်ကလည်း နယ်မြေတစ်ခုကို လက်ညိုးထိုး၍ ပြောလိုက်၏။
လင်းတိုင်ရှုနှင့် မန်ဝူရသည် အကြည့်ချင်း ဖလှယ်၍ ပြောလိုက်၏ “အဲ့ဒါဆို ကျန်တဲ့အပိုင်းကို ငါတို့ လူသားမျိုးနွယ်စု ယူမယ်”
ထို့နောက် ကလန်ကြီးသုံးခု ပညာရှင်များသည် အသစ် တွေ့ရှိထားသည့် နယ်မြေကို သုံးပိုင်းအညီအမျှ ပိုင်းယူတော့၏။
“နေရာအသစ်က အရင်နေရာထက်တောင် ပိုပြီး မိုးမြေစွမ်းအင် သိပ်သည်းနေတယ်ဆိုတော့ ရန်ကိုင်သာ ကျင့်ကြံခြင်းအဆင့် တောက်လျှောက် မြင့်တက်နေခဲ့မယ်ဆိုရင် နေရာ အသစ်တွေလည်း ထပ်ပေါ်လာဦးမယ်လို့ ဆိုလိုတာပေါ့” ချူလင်းရှောင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
“ဟုတ်လောက်တယ်”
“ဒီနေရာ ဘယ်လောက်ကြီးလဲ ငါသိချင်နေတာ။ ဒီနေရာသာ အရမ်းကြီး ကြီးမယ်ဆိုရင် ဒီနေရာမှ တစ်သက်လုံး နေသွားရမယ် ဆိုရင်တောင် ငါ့အတွက် ပြဿနာ မရှိဘူး” ကျန်းယွမ်က ပြောလိုက်သည်။
ထုန်းရွှမ်လောကကြီးမှ ရန်ကိုင်နှင့် အတူ ထွက်လာခဲ့မိသည်မှာ မှန်သွားသည်ဟု ကျန်းယွမ် တွေးမိနေလေပြီ။
သူသာ ထုန်းရွှမ်လောကကြီးတွင်သာ နေရစ်ခဲ့မည် ဆိုပါက သူတော်စင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။
သူ့တစ်ဘဝလုံး မဟာနတ်ဆိုးနတ်ဘုရား ရောက်ခဲ့သည့် အဆင့်ကို ဘယ်တော့မှ မဖြတ်ကျော်နိုင်ဘဲ အသက်ကြီးပြီးတော့သာ သေသွားရနိုင်ပေသည်။ ယခုမှ မဟာနတ်ဆိုးနတ်ဘုရား ထားရစ်ခဲ့သည့် ဒဏ္ဏာရီကို လူပေါင်းများစွာ ချိုးဖျက်ပြီးနေလေပြီ။
ကျန်းယွမ်ကော၊ မိုးကြိုးနဂါးကော ရန်ကိုင်အား အလွန်ကိုမှ ကျေးဇူးတင်နေမိကြသည်။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားနေခဲ့ရာ မကြာမီ သုံးလ ကုန်သွားခဲ့လေသည်။
သုံးလကြာပြီးနောက်တွင် တံခါးပိတ်ကျင့်ကြံနေရာမှ ရန်ကိုင် အပြင်သို့ ထွက်လာခဲ့သည်။
ရှနင်းချန်သည် အိမ်လေးရှေ့တွင် တစ်ချိန်လုံး စောင့်ကြပ်နေခဲ့၏။ ရန်ကိုင် အပြင်သို့ ထွက်လာပြီးနောက် ကမ္ဘာငယ်လေးနှင့် ပက်သက်၍ ရှနင်းချန်အား မေးမြန်းကြည့်လိုက်ရာ အသစ် ထွက်ပေါ်လာသည့် ပြောင်းလဲမှုများကြောင့် အတော်လေး အံ့အားသင့်သွားခဲ့ရလေသည်။
ကမ္ဘာငယ်လေး ကျယ်ပြန်လာသည့် ကိစ္စမှာတော့ အထူးအဆန်း မဟုတ်။ လေဟာနယ်တာအိုအပေါ် သူ့နားလည်မှု မြင့်မားလာသည်နှင့်အမျှ ကမ္ဘာငယ်လေး၏ အရွယ်အစားသည် ပိုပို၍ ကြီးမားလာပေလိမ့်မည်။
ကမ္ဘာငယ်လေး မည်မျှ ကြီးမားသလဲဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်နေမိသည်။
အသစ်ထွက်ပေါ်လာသော အဆောက်အဦးများနှင့် ပက်သက်၍ ရန်ကိုင် အတော့်ကို အံ့အားသင်ခဲ့ရသည်။
သို့သော်ငြား ရန်ကိုင်သည် တံခါးပိတ်ကျင့်စဉ်ရာမှ ထွက်လာပြီးနောက် ရှနင်းချန်ကိုခေါ်ကာ အသစ်ပေါ်လာသည့် နေရာများတွင် အန္တရာယ်ရှိမရှိ လိုက်စစ်ဆေးကြည့်လိုက်၏။ စစ်ဆေးပြီးနောက်တွင် အသစ်ထွက်ပေါ်လာသည့် နေရာများ၌ မည်သည့် အန္တရာယ်မှ ရှိမနေသည့်အပြင် ထိုနေရာများရှိ မိုးမြေစွမ်းအင်သည် ယခင် နေရာများထက် နှစ်ဆသုံးဆခန့် ပိုမို သိပ်သည်းနေကြောင်း တွေ့ရှိလိုက်ရလေသည်။
လိုအပ်သည်များကို ဆောင်ရွက်ပြီးသည်နှင့် ရန်ကိုင်သည် ချင်းတုန်အား သွားတွေ့လေသည်။
ချင်းတုန်လည်း အဆင်ပြေနေပေသည်။ တောင်စိမ်းကြယ်တွင် လော့ဟိုင်ကြောင့် အနည်းငယ် ဒဏ်ရာရသွားခဲ့သော်လည်း တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်နှင့် အညီ အလျင်အမြန် ပြန်ကောင်းလာခဲ့ပြီး လက်ရှိတွင် သူ့ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ဆောင်နေခဲ့လေသည်။
အကုန်လုံး အဆင်ပြေပြေနှင့် ရှိနေသည်ကို မြင်နေမှပဲ ရန်ကိုင်လည်း စိတ်အေးနိုင်တော့၏။ ထို့နောက် သူနှင့် ရှနင်းချန် နေထိုင်ရန်အတွက် ကမ္ဘာငယ်လေးထဲရှိ အကောင်းဆုံး တစ်နေရာကို ရွေးချယ်လိုက်၏။
ရန်ကိုင်သည် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ မွန်းစတား အသွင်ပြောင်းလဲခြင်း ကျင့်စဉ်ကို လေ့ကျင့်လိုနေခြင်း ဖြစ်သည်။
ထို့အပြင် သူ့စီနီယာမမလေးနှင့် အတူနေနေရသည်ကိုလည်း အလွန်ကိုမှ နှစ်ခြိုက်မိသည်။
သူဘဝတွင် ဤကဲ့သို့သော အချိန်မျိုးသည်သာ သူ့အတွက် သက်သောင့်သက်သာ အဖြစ်ဆုံး အချိန်များ ဖြစ်ကြပေသည်။
ရေခဲသန့်စင်ခြင်း၊ ရန်ယွင်ထင်၏ ရေခဲခန်းထဲ၌…
စုယန်သည် နှင်းရေခဲကမ္ဘာကြီးထဲ အစွမ်းကုန် ပွင့်လန်းနေသော မည်သည့် အညစ်အကြေးမှ စွန်းထင်းခြင်းမရှိသည့် နှင်းပန်းပွင့်လေး တစ်ပွင့်နှယ် မတ်တရပ်နေခဲ့သည်။
“အတွေ့အကြုံ ရှာထွက်ချင်လို့” ရန်ယွင်ထင် မျက်မှောင်ကြုတ်သွား၏။
စုယန် ယနေ့သူ့ဆီလာပြီး တောင်းဆိုသည့် တောင်းဆိုချက်ကြောင့် ရန်ယွင်ထင် အတော်လေး အံ့အားသင့်သွားခဲ့သည်။
“ဟုတ်တယ်” စုယန် ခေါင်းညိတ်လိုက်၏။
“သမီဘာလို့ အခုအချိန်မှ အတွေ့အကြုံ ရှာထွက်ချင်တာလဲ” ရန်ယွင်ထင်က ပြုံးလျက် “အခုအချိန်က သမီးအတွက် အရမ်းကို အရေးကြီးတဲ့ အချိန်လေ။ တန်ခိုးရှင်ဒုတိယအဆင့်ကို ချိုးဖျက်ဖို့ကိုပဲ သမီး ပြင်ဆင်သင့်တာ။ အခု လှိုင်းနီကြယ်ကလည်း သိပ်ပြီး ငြိမ်းချမ်းတာ မဟုတ်တော့ သမီးအနေဖြင့် အပြင်ထွက်လို့ မသင့်တော်ဘူးနဲ့ ထင်တယ်။ သမီးက တစ်ချိန်လုံး ဂိုဏ်းထဲမှာပဲ နေနေတာဆိုပေမယ့် အပြင်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကိုလည်း သိပြီးလောက်ရောပေါ့။ သမီးသာ မီးတောက်ဂိုဏ်းက တစ်ယောက်ယောက်နဲ့ သွားတိုးရင် မကောင်းတာတွေ ဖြစ်လာနိုင်တယ်။ ပြီးတော့ ဟိုခွေးကောင်လေး ဝေဖုန်းက သမီးကို အရူးအမူး စွဲလန်းနေတာ။ အဲ့အချက်ကို သုံးပြီးတော့တောင် မီးတောက်ဂိုဏ်းက ရေခဲနှလုံးသားတောင်ကြားကို ဖိအားပေးနေတာ သမီးလည်း သိတာပဲ”
“သမီး သိပါတယ်။ ဒါပေမယ့် အဲ့ဒါကြောင်ပဲ အပြင်ထွက်ချင်တာ။ အတွေ့အကြုံရှာရင်းနဲ့ ဥာဏ်အလင်းပွင့်သွားပြီး တန်ခိုးရှင်ဒုတိယ အဆင့်ကို ချိုးဖျက်နိုင်မလား စမ်းသပ်ကြည့်ချင်လို့ပါ”
“အဲ့ဒါလည်း ဟုတ်တာပဲ” ရန်ယွင်ထင် ဆုံးဖြတ်ရ ခက်နေခဲ့၏။ အခြား အချိန်မျိုးတွင်သာ စုယန် ယခုကဲ့သို့ လာတောင်းဆိုမည် ဆိုလျှင် ရန်ယွင်ထင် လုံးဝ ကန့်ကွက်လိမ့်မည် မဟုတ်ပေ။ စုယန်သည် တန်ခိုးရှင်ပထမအဆင့်သာ ရှိသေးသော်လည်း သူ၏ တိုက်ပွဲစွမ်းအားသည် တန်ခိုးရှင်တတိယအဆင့်များနှင့် ယှဉ်နိုင်ပေသည်။
သူမသည် အဆင့်ကျော်၍ တိုက်ခိုက်နိုင်သည့် ပါရမီရှင်မျိုး ဖြစ်သည်။ လက်ရှိ သူမ၏ ခွန်အားအရေ တန်ခိုးရှင်ဘုရင် အဆင့်အောက်တွင် သူမအား ယှဉ်ပြိုင်နိုင်သည့် ကျင့်ကြံသူ အနည်းငယ်သာ ရှိပေသည်။
ကျင့်ကြံခြင်းတွင် အတွေ့အကြုံသည် မရှိမဖြစ် လိုအပ်သည့် အရာတစ်ခုဖြစ်သည်။ အတွေ့အကြုံ မရှိဘဲနှင့် ဘယ်တော့မှ ပညာရှင်ကောင်းတစ်ယောက် ဖြစ်မလာနိုင်ချေ။
သို့သော်လည်း လက်ရှိ လှိုင်းနီကြယ်၏ အခြေအနေသည် သိပ်ကောင်းလှသည် မဟုတ်လေသဖြင့် ရန်ယွင်ထင်သည် စုယန်အား အပြင်သို့ လွှတ်ရမည်ကို စိတ်မချ ဖြစ်နေခြင်း ဖြစ်သည်။
စုယန်အား ဂိုဏ်းအပြင်သို့ မထွက်ပါနှင့်ဟု မည်သည့် အကြောင်းပြချက်ပေးပြီး ပြောရန်ကောင်းမည်လဲ စဉ်းစားနေစဉ်မှပဲ တစ်ခုခုကို သတိပြုမိသွားပြီး စုယန်အား အသေအချာ စိုက်ကြည့်လိုက်လေသည်။
ထို့နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စုယန်အား စစ်ဆေးကြည့်လိုက်၏။
“သမီး ဘာပြဿနာနဲ့ ကြုံနေရတာလဲ။ ဘာလို့ သမီးရဲ့ ရေခဲနှလုံးသား ကျင့်စဉ်က မတည်မငြိမ် ဖြစ်လာတာလဲ။ သမီးရဲ့ ကျင့်ကြံခြင်းတောင် လျှောကျသွားသေးတယ်” ရန်ယွင်ထင်၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။
စုယန်၏ ကျင့်ကြံခြင်းသည် တက်လာခြင်း မရှိသည့်အပြင် လျှောပင် လျှောကျသွားသည်ကို တွေ့ရှိလိုက်ရလေသည်။
လျှောကျသွားသည်မှာ သိပ်မသိသာသော်ငြား စုယန်၏ ဆရာဖြစ်သည်နှင့်အညီ ရန်ယွင်ထင်သည် ထိုအချက်ကို အသေအချာ သတိပြုမိပေသည်။
ထိုအဖြစ်အပျက်ကြောင့် ရန်ယွင်ထင် အလွန်ကိုမှ မှင်သက်သွားခဲ့၏။
စုယန်၏ ပါရမီသည် အလွန်ကိုမှ မမြင့်မားလျှင်ပင် သူမ၏ အထူးခန္ဓာကိုယ်နှင့် သူမ ကျင့်ကြံထားသည့် ကျင့်စဉ်သည် သူမ၏ အနည်းငယ်သော အားနည်းချက်လေးများကို ဖြည့်ဆည်းပေးရန် လုံလောက်ပေသည်။
ရှင်းရှင်းပြောရလျှင် ဤကြယ်စီရင်စုထဲတွင် စုယန်၏ ပါရမီနှင့် ယှဉ်နိုင်သည့်လူ အနည်းငယ်လောက်သာ ရှိပေသည်။
သူမ၏ ကျင့်ကြံခြင်းသည် အမြဲတမ်း အလျင်အမြန် မြင့်တက်နေသည်ချည်းသာ။ ယခုမှသာ ပထမဆုံးအကြိမ် လျှောကျသွားခြင်း ဖြစ်သည်။
ရန်ယွင်ထင်သည် ရုတ်တရက် တစ်ခုခုကို နားလည်သွားသည့်နှယ် “သမီး စိတ်ခံစားချက်တွေ မတည်ငြိမ်လို့ ကျင့်စဉ်ကနေ တန်ပြန် ဘေးထွက်ဆိုးကျိုး ခံစားလိုက်ရတာမလား။ သူမ နှလုံးသားကို မတည်မငြိမ်ဖြစ်အောင် လုပ်တာ ဘယ်သူလဲ”
ရေခဲနှလုံးသား ကျင့်စဉ်ကို ကျင့်ကြံသူတစ်ဦး၏ နှလုံးသားသည် အမြဲလိုလို ကြည်လင်ရှင်းသန့် တည်ငြိမ်နေရမည်၊ ထိုမျှသာ ကျင့်ကြံခြင်း လျင်လျင်မြန်မြန် မြင့်တက်လာပေလိမ့်မည်။
သို့သော်ငြား စိတ်ခံစားသာ မတည်ငြိမ်လျှင် ဘေးထွက်ဆိုးကျိုး ခံစားရပေလိမ့်မည်။ ရင်ဆိုင်ရမည့် ဘေးထွက်ဆိုးကျိုးသည် စိတ်ခံစားချက် မည်မျှ မတည်မငြိမ်သလဲ ဆိုသည့်အပေါ် မူတည်ပေသည်။
ရေခဲနှလုံးသားကျင့်စဉ်၏ အကြီးမားဆုံး အနှောင့်အယှတ်သည် လိုအင်တပ်မက်ခြင်း ဖြစ်သည်။
ထိုအရာသည် ရေခဲနှလုံးသားကျင့်စဉ်ကို ကျင့်ကြံသူအားလုံး ရှောင်ကိုရှောင်ရမည့် အရာဖြစ်သည်။
ရေခဲနှလုံးသားကျင့်စဉ်ကို ကျင့်ကြံသူသည် မည်သည့် စိတ်ခံစားချက်အပေါ်ကိုမှ တွယ်တာမိ၍ မဖြစ်ဘဲ ထိုစိတ်ခံစားချက်များတွင် အချစ်ဟူသော အရာသည် ရေခဲနှလုံးသားအား မတည်မငြိမ် ဖြစ်စေဆုံးသာ အရာတစ်ခု ဖြစ်ပေသည်။
ထိုအချက်ကို ရန်ယွင်ထင် သေချာ နားလည်ထားသည်။
“မဟုတ်ဘူး။ သမီး တစ်ဘဝလုံး အတွင်းကျွန်းထဲမှာပဲ အမြဲတမ်း နေလာတာ။ ဘယ်ယောကျာ်းနဲ့မှ ထိတွေ့ဆက်ဆံဖူးတာ မဟုတ်ဘူး” ရန်ယွင်ထင် နားမလည်နိုင်စွာ ခေါင်းခါလိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားသည့်နှယ် အံကြိတ်၍ မေးခွန်းထုတ်လိုက်လေသည် “စုယန်၊ ဆရာမေးတာကို သမီး မှန်မှန်ပြော၊ အခုကိစ္စက ဟိုနေ့က ရုပ်ပုံထဲမှာ သမီး မြင်လိုက်တဲ့ လူနဲ့ ပက်သက်နေတာလား။ အဲ့လူကို သမီး သိတာလား”
ထိုနေ့စဉ် ရုပ်ပုံထဲက လူကို မြင်လိုက်ချိန် စုယန်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်ကို ရန်ယွင်ထင် မှတ်မိလိုက်၏။
စုယန်သည် အစပိုင်းတွင် ဖြေရန် တုန့်ဆိုင်းနေမိသော်ငြား နောက်ဆုံးတွင် တုန့်ဆိုင်းမနေတော့ဘဲ နှုတ်ခမ်းကို ကိုက်၍သာ ပြန်ဖြေလိုက်သည် “သမီး သူ့ကို သိပါတယ်”
ရန်ယွင်ထင်မျက်နှာ ဖြူလျော်သွားပြီး တုန်တုန်ရီရီဖြင့် ပြန်မေးလိုက်၏ “သမီးနဲ့သူ ဘယ်လို ပက်သက်လဲ”
“သူက သမီးရဲ့ ဂျူနီယာမောင်လေးပဲ၊ ယောကျာ်းဆိုလည်း ဟုတ်တယ်”
ထိုစကားကို ပြောလိုက်ချိန် စုယန်၏ နှုတ်ခမ်းထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၂၉)
သူမ စုယန်ကို ရေခဲနှလုံးသားတောင်ကြားသို့ ခေါ်လာသည်မှာ လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က ဖြစ်သည်။ ထိုအချိန်ကတည်းက စုယန် ပြုံးသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ယခုမှပဲ စုယန်ပြုံးသည်ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ထိုအပြုံးသည် သူမ၏ အေးစက်စက် အမူအရာနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေခဲ့၏။ သို့သော်လည်း ပြီးပြည့်စုံသော အလှတရားနှင့် ပေါင်းစပ်လိုက်သည်အခိုက် ရန်ယွင်ထင်ပင် အနည်းငယ် မှင်သက်သွားခဲ့ရလေသည်။
သူမစိတ်ထဲ ကိုယ့်ကိုယ်ကို နိမ့်ကျသည်ဟု ခံစားရသော ခံစားချက်တစ်မျိုးလည်း ထွက်ပေါ်လာခဲ့သည်။
သိုသော်လည်း ရန်ယွင်ထင်သည် အလျင်အမြန် ခေါင်းခါရမ်း၍ ထိုအတွေးများကို ခေါင်းထဲမှ ချက်ချင်း ဖယ်ထုတ်လိုက်ပြီး မှုန်ကုတ်ကုတ် အမူအရာဖြင့် “နင့်မှာ တကယ်ပဲ ယောကျာ်း တစ်ယောက် ရှိနေတာလား။ ဘယ်ကတည်းက ရှိနေခဲ့တာလဲ”
“ဆရာနဲ့ မတွေ့ခင်ကတည်းက”
“သူနဲ့ အရမ်းကော ရင်းနှီးလား” ရန်ယွင်ထင်က ဆက်၍ မေးလိုက်၏။
စုယန်သည် ရှက်ပြုံးပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။
ရန်ယွင်ထင်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး ခြေချော်ကာ လဲကျလုမတတ် ဖြစ်သွားခဲ့သည်။ ဒယီးဒယိုင်ဖြင့် နောက်သို့ တစ်လှမ်းနှစ်လှမ်း ဆုတ်သွားပြီးနောက် စိတ်ပျက်သွားသည့် အမူအရာဖြင့် “ဒါဆို ဘာလို့ ဆရာ့ကို အစောကြီးကတည်းက မပြောတာလဲ”
“ဆရာမှ မမေးတာကိုး” စုယန်က သူမ၏ နှုတ်ခမ်းလေးကို ကိုက်၍ ပြန်ပြောလိုက်လေသည်။
ရန်ယွင်ထက် ပြန်ပြောလိုက်၏ “ဆရာ မမေးတာက သမီးရဲ့ အရှိန်အဝါက အရမ်း သန့်စင်လွန်းနေလို့ပဲ။ ဒါကြောင့် သမီးကို အပျိုလို့ပဲ ထင်ထားခဲ့တာ။ ဒါပေမယ့် အပျိုမဟုတ်တော့တာကို ဘာလို့ သမီးရဲ့အရှိန်အဝါက အရမ်း သန့်စင်နေရတာလဲ”
အမျိုးသမီးတစ်ဦးသာ ယောကျ်ားတစ်ဦးနှင့် ကာမယှတ်စပ်ပြီးသွားခဲ့လျှင် သူမ၏ ခန္ဓာကိုယ်ထဲသို့ ထိုအမျိုးသား၏ ယန်အဆီအနှစ်အချို့ ဝင်ရောက်လာပေလိမ့်မည်။ ထိုအခါ ယင်အရှိန်အဝါလည်း သန်စင်တော့လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း စုယန်၏ အရှိန်အဝါထဲ မည်သည့် ယန်အရှိန်အဝါမှ ရှိမနေသဖြင့် သူမကို အပျိုဟုသာ ရန်ယွင်ထင် ထင်ခဲ့သည်။
သူ့အထူးခန္ဓာကိုယ်ကြောင့်လား စုယန်သည် သူမ၏ အထူးခန္ဓာကိုယ်ကို ထိုအမျိုးသားနှင့် ကာမယှတ်စပ်ပြီး နောက်ပိုင်းမှ ရရှိခဲ့ခြင်း ဖြစ်လောက်သည်။ ထို့ကြောင့်သာ ထိုအထူးခန္ဓာကိုယ်ကို ရလိုက်ချိန် သူမ၏ အရှိန်အဝါ လုံးဝ သန့်စင်သွားခဲ့ခြင်း ဖြစ်သည်။
“တပည့် ဆရာ့ကို စိတ်ပျက်မိစေပြီ” စုယန်က မျက်လွှာချ၍ ပြောလိုက်သည်။
“အစောကြီးကတည်းကသာ ဒီအကြောင်း သိခဲ့ရင် အဲ့ကျင့်စဉ်ကို သမီးကို မကျင့်ခိုင်းခဲ့ပါဘူး” သူမ စုယန်ပေါ် ထားခဲ့သည့် မျှော်လင့်ချက်အားလုံး ရေစုန်မျောသွားသဖြင့် ရန်ယွင်ထင် အတော်လေးကိုမှ စိတ်ဒုံးဒုံးကျနေခဲ့သည်။ ထို့နောက် မျက်ထောင့်နီးကြီးဖြင့် စုယန်အား ကြည့်လျက် “ဒီကျင့်စဉ်ကို ကျင့်ပြီးသွားရင် အဲ့လိုမျိုး စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့ အချိန်တိုင်း ဘေးထွက်ဆိုးကျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သမီး သိလား။ သမီးရဲ့ လက်ရှိ အခြေအနေက ဒီလောက် မဆိုးသေးဘူး။ ဒါပေမယ့် ဒီအတိုင်း ဆက်သွားမယ်ဆိုရင်တော့ရင် သမီးရဲ့ ကျင့်ကြံခြင်း တစ်ခုလုံးကို ဆုံးရှုံးလိုက်ရလိမ့်မယ်”
“တပည့် မသိခဲ့ဘူး” စုယန်သည် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်၏။ သို့သော် ကြောက်ရွံသွားသည့် အရိပ်အယောင်တော့ မပေါ်။
ရေခဲသန့်စင်ကျွန်းသို့ ရောက်လာပြီး ရန်ယွင်ထင်ကို ဆရာအဖြစ် ဂါဝရပြုပြီးနောက်တွင် သူမပေးသည့် ကျင့်စဉ်ကိုသာ ကျင့်ကြံခဲ့သည်။ ဘာမှ ပြန်မမေးခဲ့။ ထိုကျင့်စဉ်ကို ကျင့်ကြံပြီး ရက်အနည်းငယ် ကြာပြီးနောက်မှ သူမကျင့်စဉ်နှင့် ပက်သက်သည့် ပြဿနာကို သတိပြုမိသွားခဲ့၏။
လက်ရှိ ပြဿနာ မည်မျှ ကြီးမားကြောင်း သိထားသဖြင့် ရန်ယွင်ထင် အတော်လေးကို မျက်စိပျက် မျက်နှာပျက် ဖြစ်နေ၏။ စုယန် သူမ၏ အချစ်ဇာတ်ကြောင်းကို ဖုံးကွယ်ထားသည့်အပေါ် အတော်လေး စိတ်ပျက်မိသွားသော်ငြား သူမ တပည့်ကို အတော်လေး မြတ်နိုးသဖြင့် စိုးရိမ်တကြီး ပြောလိုက်လေသည် “စုယန်၊ သမီးရဲ့ စိတ်ခံစားချက်တွေကို အခုချက်ချင်း ဖြတ်တောက်လိုက်တော့ပါလား။ မဟုတ်ရင် သမီးရဲ့ ကျင့်ကြံခြင်း တောက်လျှောက် လျှောကျပြီး သာမန် သေမျိုးတစ်ယောက် ဖြစ်သွားလိမ့်မယ်။ အဲ့လိုသာ ဖြစ်သွားရင် ဘယ်သူမှ သမီးကို ကယ်နိုင်တော့မှာ မဟုတ်ဘူးနော်”
“စိတ်ခံစားချက်တွေကို ဖြတ်တောက်ရမယ်” စုယန်သည် ရန်ယွင်ထင်အား ခေါင်းမော့ကြည့်လိုက်ပြီး ပြတ်သားသည့် အမူအရာဖြင့် “တောင်းပန်ပါတယ်ဆရာ၊ တပည့် အဲ့လိုမလုပ်နိုင်ဘူး”
“နင်…” ရန်ယွင်ထင် အလွန် ဒေါသထွက်သွားခဲ့လေသည်။ သို့သော် စုယန်အား နင်ဟူ၍ လက်ညိုးသာ ထိုးနိုင်ခဲ့ပြီး ဘာမှတော့ မပြောနိုင်ခဲ့ချေ။
စုယန်က ပြုံး၍သာ ပြန်ပြောလိုက်သည် “သူနဲ့ တစ်ကြိမ်ပဲ ထပ်တွေ့ခွင့်ရမယ်ဆိုရင် တပည့် သေမျိုးဘဝ ရောက်သွားမယ် ဆိုရင်တောင် ကျေနပ်တယ်”
ရန်ယွင်ထင်သည် စုယန်အား မှင်သက်နေသည့် အမူအရာဖြင့် စိုက်ကြည့်၍ “အဲ့ဒါ သမီးရဲ့ ခံစားချက် အစစ်အမှန်လား။ သမီး တကယ် နောင်တမရမှာ သေချာလား”
စုယန် ခေါင်းညိတ်လိုက်သည်။
“ခဏလေး ပျော်ဖို့အတွက်နဲ့ သမီး တစ်ဘဝလုံးကို စတေးနေတယ် ဆိုတာကို သမီးသိရဲ့လား။ သမီးသာ သာမန်သေမျိုး တစ်ယောက် ဖြစ်သွားမယ်ဆိုရင် သမီးရဲ့ အသက်က နှစ်တစ်ရာတောင် ရှိတော့မှာ မဟုတ်ဘူး။ ခဏလေးနဲ့ အဘွားကြီးတစ်ဦး ဖြစ်သွားတော့မှာ။ အဲ့လို ဖြစ်သွားခဲ့ရင် သမီး ချစ်တဲ့လူက သမီးကို ပြန်ချစ်ဦးမယ်လို့ သမီးထင်လား။ သူသမီးကို စွန့်ပစ်သွားမှာလည်း ဖြစ်နိုင်တာပဲ”
ထိုစကားကို ကြားလိုက်သည့်အခိုက် စုယန်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး သူမ၏ မျက်ဝန်းထဲ ကြောက်ရွံ့ရိပ်တို့ ထွက်ပေါ်လာခဲ့၏။
ချက်ကောင်းကို ထိသွားပြီမှန်း သိလိုက်သည်နှင့် ရန်ယွင်ထင်သည် သံကို ပူတုန်းဆက်ထုတော့မည်အပြု၊ စုယန် မျက်ဝန်းထဲရှိ ကြောက်ရွံ့ရိပ်တို့ ပျောက်ကွယ်သွားခဲ့လေ၏။ ထို့နောက် ဆံပင်ကို နားသယ်နောက်သို့ သပ်တင်၍ တိုးတိုးလေး ပြောလိုက်၏ “သူနဲ့ နောက်တစ်ကြိမ် အတူရှိနိုင်မယ်ဆိုရင် တပည့် အရာရာကို ပေးဆပ်နိုင်တယ်။ နှစ်တစ်ရာတောင် မနေရဘဲ အသက် တိုတိုလေးနဲ့ အဘွားကြီး ဖြစ်သွားရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး။ တပည့်ရဲ့ ရုပ်ဆိုးဆိုး မျက်နှာကြီးကို သူမမြင်ရအောင် တပည့် အသက်ငယ်တုန်း သူ့နားကနေ ထွက်သွားပေးလိုက်မယ်”
“သမီး ဘာလို့ ဒီလောက်တောင် မိုက်ရတာလဲ” ရန်ယွင်ထင်၏ ရင်အစုံ နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့လေသည်။ သူမတပည့်သည် ဤမျှ ခေါင်းမာသည့် လူတစ်ယောက် ဖြစ်လိမ့်မည်ဟု ရန်ယွင်ထင် မထင်ထားခဲ့ချေ။
“ဆရာ၊ တပည့် အပြင်သွားချင်တယ်” စုယန်က အလျင်အမြန် ပြောလိုက်သည်။
“အပြင်သွားပြီး အဲ့လူကို သွားရှာချင်တာလား” ရန်ယွင်ထင်က စုယန်က အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်၍ မေးလိုက်၏။ အစကမူ စုယန် အပြင်သွားချင်သည်မှာ တန်ခိုးရှင်ဒုတိယ အဆင့်သို့ ချိုးဖျက်နိုင်ရန်အတွက် အခွင့်အလမ်းတစ်ခုခု သွားရှာလိုခြင်း ဖြစ်မည်ဟု ထင်ခဲ့သော်ငြား ယခုမှပဲ သူမတပည့် ဘာကြောင့် အပြင်ထွက်ချင်နေသလဲ ဆိုသည်ကို နားလည်သွားခဲ့၏။
“ဟုတ်ပါတယ်ဆရာ။ ကျေးဇူးပြုပြီး ခွင့်ပြုပေးပါနော်”
“လုံးဝ မရဘူး” ရန်ယွင်ထင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “သမီး အခုအချိန်ကစပြီး အတွင်းကျွန်းကနေ အပြင်ကို ခြေတစ်လှမ်းတောင် လှမ်းခွင့် မရှိတော့ဘူး။ သမီး ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖြေရှင်းဖို့ ဆရာ နည်းလမ်း ရှာပေးမယ်။ သမီး ဆရာကို ထပ်စိတ်ပျက်အောင် မလုပ်ဖို့ ဆရာ မျှော်လင့်တယ်”
“ဆရာ” စုယန်က စိုးရိမ်တကြီး တောင်းဆိုလိုက်၏။
“လာကြစမ်း” ရန်ယွင်ထင်က အော်ခေါ်လိုက်သည်။
တန်ခိုးရှင်ပထမအဆင့် ရောက်နေသည့် အမျိုးသမီးနှစ်ဦး အခန့်ထဲသို့ ချက်ချင်းဝင်လာပြီး လက်သီးဆုပ် ဦးညွှတ်၍ “အကြီးအကဲချုပ် ဘာများ မှာကြားချင်လို့ပါလဲ”
“စုယန်ကို သူနေတဲ့နေရာဆီ ပြန်ခေါ်သွားပြီး သေချာ စောင့်ကြည့်ထားလိုက်။ သူအပြင်ကို ခြေတစ်လှမ်းတောင် မထွက်စေနဲ့။ သူထွက်သွားခဲ့ရင် နင်တို့နှစ်ယောက် တာဝန်ပဲ”
အမျိုးသမီးနှစ်ဦးစလုံး တစ်ယောက်ကို တစ်ယောက် နားမလည်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်ကြသည်။ စုယန် အကြီးအကဲချုပ်ကို ဤမျှ ဒေါသထွက်အောင် ဘာတွေများ လုပ်လိုက်သလဲ သူတို့ နားမလည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။
အကြီးအကဲချုပ်သည် စုယန်နှင့် ပက်သက်၍ အလွန်အမင်း ဂုဏ်ယူပြီး စုယန်အား တပည့်အဖြစ် လက်ခံလိုက်ခြင်းသည် သူမ လုပ်ခဲ့သည့် ဆုံးဖြတ်ချက်များအနက် အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုဖြစ်သည်ဟု မကြာခဏ ပြောလေ့ရှိသည်ကို မေ့မထားသင့်ချေ။
စုယန်သည် ရေခဲနှလုံးသားတောင်ကြား၏ အနာဂတ် ထောက်တိုင် ဖြစ်လာနိုင်ချေ အရှိဆုံး လူတစ်ယောက်လည်း ဖြစ်ပေသည်။
သို့သော်လည်း ယခုမူ ရန်ယွင်ထင်သည် စုယန်အား အကျယ်ချုပ်ချရန် လုပ်နေခဲ့သည်။ သူတို့ နှစ်ဦးကြား ဘာတွေများ ဖြစ်သွားခဲ့လေသနည်း။
အမျိုးသမီး နှစ်ဦးစလုံး နားမလည်ကြသော်ငြား ပြန်မမေးရဲသဖြင့် စုယန်ကို ကြည့်၍သာ “ဂျူနီယာညီမစု၊ ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ”
“ဆရာ…” စုယန်သည် ရန်ယွင်ထင်အား နောက်တစ်ကြိမ် ထပ်မံ တောင်းဆိုလိုက်လေသည်။
“သူ့ကို ခေါ်သွားလိုက်တော့” ရန်ယွင်ထင်သည် စုယန်အား ကျောပေး၍သာ ပြောလိုက်သည်။
“ဂျူနီယာညီမစု၊ အစ်မတို့ကို ခက်ခဲအောင် မလုပ်ပါနဲ့နော်” အမျိုးသမီး နှစ်ဦးအနက် အရပ်ရှည်ရှည်နှင့် တစ်ဦးက မျက်မှောင်ကြုတ်၍ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။
သူမ ဆက်တောင်းဆိုနေ၍လည်း ဘာမှ ထူးလာမည် မဟုတ်မှန်း သိလိုက်သည့်နောက်တွင် စုယန်သည် ရန်ယွင်ထင်၏ ကျောပြင်ကို ကြည့်၍ သက်ပြင်းချလိုက်ပြီး ဦးညွှတ်ကာ အခန်းထဲမှ လမ်းလျှောက် ထွက်သွားလိုက်လေသည်။
ယခု အခန်းထဲတွင် ရန်ယွင်ထင် တစ်ဦးတည်းသာ ကျန်ရစ်တော့၏။
ရေခဲနံရံပေါ်တွင် ချိတ်ဆွဲထားသော ဓါတ်ပုံကို ကြည့်နေရင်း ရန်ယွင်ထင်စိတ်ထဲ တနုံ့နုံ့ ဖြစ်လာခဲ့သည်။ သူမစိတ်ထဲ ထိုဓါတ်လုံးထဲရှိလူကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင်သာ လုပ်ချင်နေမိတော့သည်။ ကြည့်ရင်း ကြည့်ရင်း ဒေါသ ထွက်လာလေသဖြင့် သူမလက်ကို မြှောက်၍ နံရံပေါ်သို့ ရိုက်ချလိုက်လေ၏။
ဘန်းဆိုသော အသံနှင့်အတူ ဓါတ်ပုံတစ်ခုလုံး တစ်စစီ ဖြစ်သွားခဲ့လေသည်။
“ခွေးကောင်လေး၊ နင်ဒီဘုရင်မလက်ထဲတော့ ရောက်မလာစေနဲ့။ မဟုတ်ရင် နင့်အလောင်း တစ်စစီ ဖြစ်ပြီသာမှတ်” ရန်ယွင်ထင်က အံကြိတ်၍ ကြိမ်းဝါးလိုက်သည်။
စုယန်၏ ပြဿနာကိုသာ ဖြေရှင်းနိုင်သရွေ့ ရန်ယွင်ထင် အနေဖြင့် ရန်ကိုင်ကို သတ်ရန် တုန့်ဆိုင်းနေလိမ့်မည် မဟုတ်ချေ။
စုယန်က သူမ၏ စိတ်ခံစားချက်များကို မဖြတ်တောက်လိုလျှင် ဆရာဖြစ်သည့် သူမက ဖြတ်တောက်ပေးပေမည်။
ထိုလူသာ သေသွားသရွေ့ စုယန်၏ ကျင့်ကြံခြင်းခရီးလမ်း နှောင့်နှေးနေတော့လိမ့်မည် မဟုတ်ချေ။ ရေခဲနှလုံးသား ကျင့်စဉ်၏ ဘေးထွက်ဆိုးကျိုးကိုလည်း ရင်ဆိုင်တော့လိမ့်မယ် မဟုတ်ချေ။
သူမ၏ လုပ်ရပ်ကြောင့် စုယန် ဝမ်းနည်းကောင်း ဝမ်းနည်းသွားလိမ့်မည်၊ သူ့ကိုလည်း မုန်သွားကောင်း မုန်းသွားနိုင်သည်။ သို့သော်လည်း ထိုအရာမှာ ယာယီသာ ဖြစ်ပြီး အချိန်ကြာသွားလျှင် သူမကိုပင် ကျေးဇူးတင်လာလိမ့်မည်ဟု ရန်ယွင်ထင် ယုံကြည်နေခဲ့သည်။
ထိုသို့ စဉ်းစားပြီးနောက်တွင် ရန်ယွင်ထင်သည် ရေခဲခန်းမှထွက်၍ မဟာအကြီးအကဲ နေထိုင်နေသည့် တောင်ထွတ်ဆီသို့ ထွက်သွားလေသည်။ သူမ၏ နည်းလမ်း အလုပ်ဖြစ်မဖြစ် မသေချာသဖြင့် မဟာအကြီးအကဲဆီ သွားရောက် အကူအညီ တောင်းခံရပေမည်။ မဟာအကြီးအကဲသာ သဘောတူခဲ့လျှင် သူမ ဘာကိုမှ စိုးရိမ်နေစရာ မလိုတော့ချေ။
စုယန်သည် ရေခဲလမ်းပေါ် စိတ်ညစ်ညစ်ဖြင့် လမ်းလျှောက်နေခဲ့၏။
သူမ၏ စောင့်ကြည့်ရမည့် အမျိုးသမီးနှစ်ဦးမှာ အနောက်မှ လိုက်လာရင်း ကောင်းကင်စိတ်အာရုံဖြင့် အချင်းချင်း ဆက်သွယ် ပြောဆိုနေခဲ့ကြသည်။
“စီနီယာအစ်ကိုကျိုး၊ စုယန် ဘာလုပ်လိုက်လို့ အကြီးအကဲချုပ် ဒီလောက်တောင် ဒေါသထွက်နေရတာလဲ” အရပ်ပုသည့် အမျိုးသမီးက မေးလိုက်သည်။
အရပ်ပိုရှင်သည် စီနီယာအစ်မကျိုးဆိုသူက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် “အကြီးအကဲချုပ်မှ မပြောတာ ငါဘယ်လိုလုပ်ပြီး သိမှာလဲ။ ဒါပေမယ့် ဘာကိစ္စပဲ ဖြစ်ဖြစ်၊ ပေါ့သေးသေး မဟုတ်တာတော့ သေချာတယ်။ မဟုတ်ရင် အကြီးအကဲချုပ် စုယန်ကို အကျယ်ချုပ်ချမှာ မဟုတ်ဘူး။ ဟန့်၊ ဒီမိန်းကလေး ရေခဲနှလုံးသားတောင်ကြားကို ရောက်လာကတည်းက အမြဲတမ်း မောက်မာနေတာ။ စီနီယာ အစ်မဖြစ်တဲ့ ငါတို့တွေကို လမ်းမှာတွေ့တာတောင် တစ်ချက်ကလေး နှုတ်ဆက်တာ မဟုတ်ဘူး”
“ဟုတ်တယ်။ အရင်က အကြီးအကဲချုပ် မျက်နှာသာပေးတာကို အားကိုးပြီး လုပ်ချင်တိုင်း လုပ်နေခဲ့တာ” အရပ်ပုပုနှင့် မိန်းကလေးက “အခု သူဘယ်လို မောက်မာဦးမလဲ ကြည့်ရသေးတာပေါ့”
“အခု ဂျူနီယာဆိုရင် ဘယ်လို ပြုမူရမလဲဆိုတာကို ငါတို့ သင်ပေးရမယ့်အချိန်ပဲ”
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်ပြီး ပြုံးလိုက်သည်။
လမ်းလျှောက်နေရင်း စုယန်သည် ရုတ်တရက် ရပ်လိုက်ပြီး တစ်ဖက်သို့လှည့်၍ ပျံသန်းသွားလေသည်။
စုယန် ထွက်ပြေးရန် ကြိုးစားနေသည်ဟု ထင်သွားသည့်အတွက် စုယန်အား လိုက်စောင့်ကြပ်နေသည့် အမျိုးသမီး နှစ်ဦး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သို့သော် မကြာမီ စုယန်သည် ရေခဲနှလုံးသားတောင်ကြားမှ တပည့် အချို့၏ ရှေ့တွင် ရပ်လိုက်သည်ကို တွေ့လိုက်ရလေသည်။
“ဘာဖြစ်တာလဲ” မျိုးရိုးနာမည်ကျိုးနှင့် အမျိုးသမီးက မှုန်ကုတ်ကုတ် အမူအရာဖြင့် မေးလိုက်လေသည်။
စကားပြောနေသည့် ရေခဲနှလုံးသာတောင်ကြား တပည့် အဖွဲ့လည်း နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။ စုယန် ဘာကြောင့် ရုတ်တရက်ကြီး သူတို့ ပြေးလာမှန်းကို နားမလည်နိုင် ဖြစ်နေကြခြင်း ဖြစ်သည်။ ထိုအဖွဲ့၏ ခေါင်းဆောင် ဖြစ်ဟန်တူသော တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသည့် အမျိုးသမီးက မျက်မှောင်ကြုတ်၍ မေးလိုက်လေသည် “နင်က အကြီးအကဲချုပ်ရဲ့ တပည့် စုယန်မလား”
“သူက စုယန်လား”
“သူဝင်လာတုန်းက သူတော်စင်တတိယအဆင့်ပဲ ရှိသေးတာဆို။ အခု နှစ်သုံးဆယ်တောင် မကြာသေးဘူး။ တန်ခိုးရှင် ဒုတိယအဆင့် ရောက်နေပြီ”
“ငါလည်း ကြားတယ်။ စုယန်ဆိုတာ သူလား။ ငါအရင်က သူ့ကို တစ်ခါမှ မမြင်ဖူးဘူး”
“ဟုတ်ပါတယ်” စုယန်က ခေါင်းညိတ်၍ “စီနီယာအစ်မတို့ကို နှုတ်ဆက်ပါတယ်”
“အင်း၊ နင်ဘာပြောချင်လို့လဲ” အဖွဲ့ခေါင်းဆောင် အမျိုးသမီးက မေးမြန်းလိုက်သည်။
“စီနီယာအစ်မတို့… ပန်းချီကားချပ်ထဲက လူအကြောင်း ပြောနေတာ ကြားလိုက်လို့ပါ။ စီနီယာအစ်မတို့ သူ့ကို တွေ့ဖူးကြလား” စုယန်က အဖွဲ့ခေါင်းဆောင် အမျိုးသမီး ကိုင်ထားသည့် ပန်းချီကားချပ်ကို လက်ညိုးထိုး၍ ပြောလိုက်၏။
“ဒီလူကို ပြောတာလား” အမျိုးသမီးခေါင်းဆောင်က ရယ်မော၍ “အင်း၊ တွေ့ဖူးတယ်”
စုယန်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး အဆောတလျင် မေးလိုက်လေသည် “ဘယ်တုန်းက တွေ့တာလဲ၊ သူ… သူ အဆင်ကော ပြေရဲ့လား”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၃၀)
“ဂျူနီယာညီမ သူ့ကိုသိလို့လား” အဖွဲ့ခေါင်းဆောင် အမျိုးသမီးက ပြန်မေးလိုက်၏။ ထိုမေးခွန်းကို ကြားလိုက်ချိန် သူမ အမှားတစ်ခု လုပ်လိုက်မိပြီမှန်း စုယန် သိလိုက်သည်။
အစောပိုင်းက ရန်ကိုင်အကြောင်း ပြောနေသည်ကို ကြားသည့်အတွက် ဘာမှ မစဉ်းစားလိုက်ဘဲ ဤနေရာသို့ အပြေး လာခဲ့မိသည်။
စုယန်သည် အသက်တစ်ချက် ရှူသွင်းလိုက်ပြီး ဂယောက်ဂယက် ဖြစ်နေသော စိတ်ခံစားချက်များကို ထိန်းချုပ်၍ ခေါင်းညိတ်လိုက်၏ “ အင်း၊ သိတယ်။ စီနီယာအစ်မ သူ့ကို ဘယ်တုန်းက တွေ့တာရယ်၊ သူနဲ့တွေ့တုန်းက သူဘယ်လို ရှိလဲဆိုတာ တစ်ချက်လောက် ပြောပြပေးလို့ရမလားဟင်”
“ဂျူနီယာညီမက သူနဲ့ တော်တော် ရင်းနှီးတဲ့ပုံပဲနော်” အဖွဲ့ခေါင်းဆောင် အမျိုးသမီးက ရယ်သွမ်းသွေးလိုက်ပြီးနောက် “ပြောတာကတော့ ရပါတယ်။ ဒါပေမယ့် သူ့ကို တွေ့ခဲ့တာ တော်တော်လေး ကြာခဲ့ပြီ”
“တော်တော် ကြာနေပြီ” စုယန် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဧကရာဇ်ဥယျာဉ် ဖွင့်သွားတာ ဂျူနီယာညီမ သိတယ်မလား။ အဲ့တုန်းက စီနီယာအစ်မနဲ့ အခြားလူတွေ အဲ့ထဲ ဝင်သွားကြတယ်လေ။ အဲ့မှာ သူ့ကို တွေ့တာ။ သူ့ကြောင့်သာ မဟုတ်ရင် စီနီယာအစ်မတို့ အဖွဲ့ မီးတောက်ဂိုဏ်းက ခုန်ဝမ်တုန်လက်မှာ ကောင်းကောင်း ဒုက္ခရောက်ခဲ့မှာ။ သူက အစ်မတို့ကို ကူပြီး ခုန်ဝမ်တုန်ကိုတောင် သတ်ပေးသွားတယ်”
“ခုန်ဝမ်တုန်ကိုတောင် သတ်လိုက်တာလား”
“ခုန်ဝမ်တုန်လို တန်ခိုးရှင်တတိယအဆင့်ကိုတောင် သတ်နိုင်တယ်ဆိုတော့ အဲ့လူက တော်တော်လေး အားကောင်းမှာပေါ့နော်”
ရန်ကိုင်သာ ဤနေရာတွင် ရှိနေလျှင် ထိုအဖွဲ့ခေါင်းဆောင် အမျိုးသမီးကို ကျိန်းသေ မှတ်မိပေလိမ့်မည်။
“အဲ့အကြောင်း ထပ်ပြောပြပေးလို့ရမလား” စုယန်သည် အဖွဲ့ခေါင်းဆောင် အမျိုးသမီးကို အားကိုးတကြီး မျက်ဝန်း အစုံဖြင့် ကြည့်၍ မေးလိုက်သည်။
အမျိုးသမီးသည် စုယန်ကိုကြည့်ရင်း တစ်ခုခုကို သတိပြုမိသွားခဲ့၏။ သို့သော် ဘာမှ ထပ်မေးမနေဘဲ ခေါင်းညိတ်၍သာ “ရတယ်”
အဖွဲ့ခေါင်းဆောင် အမျိုးသမီးသည် ဧကရာဇ်ဥယျာဉ်ထဲတွင် ရန်ကိုင်နှင့် ကြုံတွေ့ခဲ့သည့်အကြောင်းကို သေသေချာချာ ပြန်ပြောပြလိုက်လေသည်။
သူအဲ့လောက်တောင် အားကောင်းနေပြီလား
ခုန်ဝမ်တုန် မည်သူမှန်း သူမ မသိသော်ငြား ထိုတပည့်များ ပြောသလောက် ခုန်ဝမ်တုန်သည် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ပညာရှင်တစ်ဦးဖြစ်သည်။ ရန်ကိုင်သည် ခုန်ဝမ်တုန်ကို တန်ခိုးရှင် ပထမအဆင့်လေးဖြင့် သတ်နိုင်ခဲ့သည်။
ယခု နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်နောက်တွင် သူမည်သည့် အဆင့်သို့များ ရောက်နေမည်နည်း။ သူမည်မျှပင် အားကောင်း လာလိုက်မည်နည်း။
သူမ၏ ဂျူနီယာမောင်လေးသည် တကယ်ကို ထူးချွန်လွန်းပေသည်။
ထိုအကြောင်းတွေးရင်း စုယန်၏ မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။
“ဂျူနီယာညီမစု၊ ကျေးဇူးပြုပြီး ငါတို့နဲ့ လိုက်ခဲ့ပေးပါနော်။ နင်ဒီအတိုင်း လျှောက်ပြေးနေရင်း ငါတို့ ဒုက္ခရောက်လိမ့်မယ်” အရပ်ရှည်ရှည်နှင့် အမျိုးသမီးက မှုန်ကုတ်ကုတ် အမူအရာဖြင့် စုယန်အား ပြောလိုက်လေသည်။
“ဟုတ်တယ်။ ငါတို့သာ နှောင်းနှေးနေတဲ့အကြောင်း အကြီးအကဲချုပ် သိသွားရင် ငါတို့ပဲ အပြစ်ပေးခံရမှာ”
အခြားသူများအားလုံး စုယန်အား အံ့အားသင့်တကြီး ကြည့်လိုက်လေသည်။
စုယန်သည် အဖွဲ့ခေါင်းဆောင် အမျိုးသမီးအား ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် သူမအား စောင့်ကြပ်နေသည့် အမျိုးသမီး နှစ်ဦးနှင့်အတူ သူမ နေထိုင်သည့် နေရာဆီသို့ ထွက်သွားလိုက်လေသည်။
……
ကမ္ဘာငယ်လေးသည် မြစ်ပြာထဲတွင် တစ်နှစ်နီးပါး မလှုပ်မယှတ် တည်ရှိနေခဲ့သည်။
တစ်နေ့တွင် ငါးအုပ်တစ်အုပ် ဘေးမှဖြတ်သွားစဉ် ငါးအုပ်ထဲမှ ငါးတစ်ကောင်သည် ကမ္ဘာငယ်လေးအား တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် မျိုချလိုက်၏။ မသက်မသာဖြင့် တစ်ချက်လောက် လူးလိမ့်နေပြီးနောက်တွင် သူ့အဖွဲ့နှင့်အတူ ရှေ့ဆက်ကူးသွားလေသည်။
ဆယ်ရက်ကြာပြီးနောက်တွင် ထိုငါးအုပ်သည် ကျယ်ပြောလှသော ကန်တစ်ကန်ဆီသို့ ရောက်လာခဲ့သည်။ ရေကန်ထဲသို့ ဝင်လာချင်းချင်းမှာပင် အနက်ရောင်အရိပ်ကြီး တစ်ခုပေါ်လာပြီး ငါးအုပ်၏ ရှစ်ဆယ်ရာခိုင်နှုန်းကို တစ်ချက်တည်း ဝါးမြိုသွား၏။
ခဏအကြာတွင် ထိုအနက်ရောင်အရိပ်သည် တွန့်ခါလျက် ပြန်ထွက်သွားလေသည်။
ရက်အနည်းငယ်ကြာပြီးနောက်၊ ကန်ဝင်ပေါက်မှ မိုင်တစ်သောင်းအကွာရှိ တစ်နေရာတွင်… သံမဏိသင်္ဘောတစ်စင်း ရွက်လွှင့်နေခဲ့သည်။ သင်္ဘောပေါ်ရှိ ကျင့်ကြံသူတစ်အုပ်သည် သူတို့၏ သူတာ်စင်ချီကို လှည့်ပတ်၍ မှော်ရတနာများကို ထုတ်ကာ ရေပြင်အောက်ရှိ အနက်ရောင်အရိပ်ကြီးတစ်ခုကို အသည်းအသန် တိုက်ခိုက်နေကြလေသည်။
နာရီဝက်ကြာပြီးနောက် ထိုအရိပ်ကြီး အသတ်ခံလိုက်ရပြီး ကျင့်ကြံသူများသည် ထိုအရိပ်ကြီးကို ကန်ထဲမှ ဖြည်းဖြည်းချင်း ဆွဲမလိုက်ကြသည်။
ထိုငါးသည် မီတာနစ်ဆယ်နီးပါး အရှည်ရှိပြီး အပြင်သို့ ပြူးထွက်နေသော အနီရောင်မျက်လုံးနှစ်လုံးကို ပိုင်ဆိုင်ထား၏။ ပါးစပ်တစ်ခုလုံး လွှာသွားစိပ်ကဲ့သို့ သွားများဖြင့် ပြည့်နေပြီး အမြီးထိပ်ပိုင်းသည် စူးချွန်များနှင့် ပြည့်နေသည့် သံဘောလုံး တစ်လုံးကဲ့သို့ ဖြစ်နေ၏။
ထိုထူးဆန်းသောငါးကို တိုက်ခိုက်ရင်း သင်္ဘောပေါ်ရှိ ကျင့်ကြံသူ အချို့ကို ဒဏ်ရာရသွားခဲ့ကြရ၏။ သို့သော် ငါးကို သတ်လိုက်နိုင်သည့် အတွက် အကုန်လုံး ပျော်နေကြ၏။
“ဦးလေးဝမ်၊ ဒီကြယ်စီးကြောင်းငါက အကြီးကြီးပဲ။ ဒီကောင့် ရုန်းအားကို ကြည့်ရသလောက် အနည်းဆုံး အဆင့်ရှစ်လောက် ရှိလိမ့်မယ်” ငါးဘေးနားတွင် ရပ်နေသော သူတော်စင်ဘုရင် ပထမအဆင့် လူငယ်လေးက ငါးဝမ်ဗိုက်ကို ကန်ရင်း ပြုံးလျက် အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူအိုကြီးကို လှမ်းပြောလိုက်သည်။
လူအိုကြီးကပြုံး၍ သူ့မုတ်ဆိတ်ကို ပွတ်သပ်ရင်း “ဟုတ်တယ်။ ဒီကြယ်စီးကြောင်းငါးက လုံးဝ အရွယ်ရောက်ပြီးသား အဆင့်ရှစ် မွန်းစတားသားရဲ တစ်ကောင်ပဲ”
“ဟားဟားဟား။ ဒီတစ်ကြိမ်တော့ ကျုပ်တို့ ချမ်းသာပြီ။ ဒီကြယ်စီးကြောင်းငါးက အခြားမွန်းစတားသားရဲတွေထက် ပိုရှားတာဆိုတော့ ဒီကောင့်ရဲ့ အမြူတေကိုသာ သွားရောင်းရင် အနည်းဆုံး သူတော်စင်သလင်းကျောက် နှစ်သိန်းလောက် ရမှာ” လူငယ်လေးက ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။
“ဟုတ်တယ်။ ဒီခရီးက ဒီကြယ်စီးကြောင်းငါးနဲ့တင် တန်နေပြီ။ ဒီငါးတစ်ကောင်တည်းနဲ့တင် ငါတို့ ဝမ်မိသားစု ခြောက်လလောက် အရင်းအမြစ် ဖူလုံသွားပြီလို့ ပြောလို့ရတယ်”
“ဦးလေးဝမ်၊ ကျုပ်လုပ်လိုက်ရမလား။ ဒါမှမဟုတ် ဦးလေးဝမ် ကိုယ်တိုင်ပဲ လုပ်မလား” လူငယ်လေးက လူအိုကြီးကိုကြည့်၍ မေးလိုက်၏။
“မင်းပဲလုပ်လိုက်တော့။ ငါဒီလို သွေးသံတရဲရဲ အလုပ်တွေ သိပ်ပြီး မလုပ်ချင်တော့ဘူး” လူအိုကြီးက ပြောလိုက်ရာ သင်္ဘောပေါ်တွင် ရှိနေသူများ ပွဲကျသွားခဲ့ကြလေသည်။
လူငယ်လေးသည် အထွန့်တက်မနေဘဲ ငွေရောင်ဓါးမြှောင် တစ်ချောင်းကိုထုတ်၍ ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းပြီး ဓါးရှည်တစ်ချောင်းအဖြစ် အသွင်ပြောင်းစေလျက် ငါးကိုယ်ထဲသို့ ထိုးထည့်လိုက်သည်။ ခဏအကြာတွင် ငါးခေါင်းဆီမှ လက်သီးဆုပ်အရွယ် မွန်းစတားအမြူတေတစ်လုံးကို ထုတ်ယူလိုက်သည်။
လူငယ်လေးသည် အမြူတေကို ထုတ်ယူပြီးနောက် လူအိုကြီးဆီသို့ ပေးလိုက်၏။ လူအိုကြီးသည် အမြူတေကို သေချာ အနီးကပ် ကြည့်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်၍ “မွန်းစတားအမြူတေရဲ့ အရည်အသွေးက ဘာမှ ပြောစရာမလိုဘူး။ ဒါကိုသာ ရေဓါတ် စွမ်းအင် ကျင့်ကြံသူတစ်ယောက်သာ သုံးလိုက်မယ်ဆိုရင် သူတို့ရဲ့ ခွန်အားကို မြန်မြန်ဆန်ဆန် တိုးတက်အောင် လုပ်နိုင်မှာ။ ကောင်းပြီ၊ အခုလောလောဆယ် ဒါကို ဒီလူအိုကြီးပဲ သိမ်းထားလိုက်မယ်။ ပြန်ရောက်မှပဲ မိသားစုခေါင်းဆောင်ဆီ ပေးလိုက်မယ်။ မင်းတို့အားလုံးကတော့ ပြန်ရောက်ရင် ကျိန်းသေ ဆုရမှာ သေချာတယ်”
ထိုစကားကု ကြားသည့်အခါ ငါးအာ သတ်ရာတွင် ဝင်ရောက် ပါဝင်ခဲ့ကြသူအားလုံး ဝမ်းသာတကြီး အော်ဟစ်လိုက်ကြလေသည်။
“ကြယ်စီးကြောင်းငါးက အမြူတေတင် အသုံးဝင်တာ မဟုတ်ဘူး။ သူ့အသားကလည်း တော်တော်လေး အရသာရှိတယ်။ အဲ့ဒါကို ခုတ်ထစ်ဖို့လုပ်လိုက်” လူအိုကြီးသည် အမိန့်ပေးပြီးသည်နှင့် သင်္ဘောဝမ်းတွင်းပိုင်းထဲသို့ ဝင်သွားလေ၏။
လူငယ်လေးသည် ငါးဘေးနားတွင် ရပ်လျက် အခြားတပည့် အချို့ကိုခေါ်ကာ ငါးကို ခုတ်ထစ်ခိုင်းတော့လေသည်။
လူငယ်လေးသည် ငါးအား ခုတ်ထစ်ရမည့် အလုပ်ကို ကိုယ်တိုင် မလုပ်ချင်သည့်အတွက် သင်္ဘောပေါ်တွင် ရှိနေသော ကျင့်ကြံခြင်း အနိမ့်ဆုံး တပည့်အချို့ကိုသာ လုပ်ခိုင်းလိုက်သည်။ ထိုတပည့်များသည် ငါးအား သတ်ဖြတ်ရာတွင် ပါဝင်ကြသူများ မဟုတ်ကြဘဲ သူတော်စင်သလင်းကျောက်အချို့ ရရန်အတွက် သင်္ဘောပေါ်ရှိ ဝေယျာဝစ္စများ လုပ်ကိုင်ရန်အတွက် လိုက်လာကြသူများ ဖြစ်ကြလေသည်။
ခဏအကြာတွင် အကုန်လုံး ခုတ်ထစ်ပြီးသွားလေသည်။
သင်္ဘောအောက်ခြေရှိ တစ်ခုသော အကြမ်းထည် အခန်း တစ်ခန်းထဲတွင်၊ အသက် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနှစ်နှစ်လောက် ရှိမည်ထင်ရသော မိန်းကလေးတစ်ဦးသည် တံခါးကို တင်းတင်းကြပ်ကြပ် ပိတ်လိုက်ပြီးနောက် ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ အခြား လူရှိမရှိ ဘယ်ညာ ကြည့်ပြီးနောက် သူမ အိတ်ကြပ်ထဲရှိ ဘာမှန်းမသိသော အလုံးလေးတစ်လုံးကို သေသေချာချာ ထုတ်လိုက်သည်။
ထိုအလုံးလေးသည် တောကြက်မောက် အရွယ်လောက်သာ ရှိပြီး ဘာမှ မထူးခြားချေ။
သို့သော်လည်း ထိုအလုံးလေးကို ကြည့်ရင်း မိန်းကလေး ရင်တဒိန်းဒိန်း ခုန်နေခဲ့သည်။
“ဒါ မွန်းစတားအမြူတေလား” ထိုကဲ့သို့ ရေရွတ်လိုက်ပြီးနောက် မိန်းမငယ်လေး၏ မျက်နှာတစ်ပြင်လုံး စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာခဲ့လေသည်။
သူမသည် ငါးအား ခုတ်ထစ်ရသည့်အထဲတွင် ပါသော တပည့်တစ်ဦး ဖြစ်သည်။ ငါးအား ခုတ်ထစ်နေစဉ် ဤအလုံးလေးကို မတော်တဆ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အခြားသူများ သတိမပြုမိအောင် အလုံးလေးကို မြင်သည်နှင့် ချက်ချင်း အိတ်ကပ်ထဲသို့ ထည်သိမ်းထားလိုက်လေသည်။
ဤအရာသည် ကြယ်စီးကြောင်းငါး၏ မွန်းစတားအမြူတေ ဖြစ်လိမ့်မည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။
သူမလုပ်ရပ်ကို ပြန်စဉ်းစားကြည့်မိလိုက်သော် အမျိုးသမီး အတော်လေးကို ကြောက်လန့်သွားခဲ့၏။
မိသားစုပိုင် သင်္ဘောဖြင့် အတူလိုက်လာခြင်း ဖြစ်သဖြင့် သူမရသမျှ အရာအားလုံးသည် မိသားစုအပိုင်ဖြစ်သည်။ သို့သော်လည်း ယခုမှ ပြန်လှည့်ချင်လျှင်လည်း လှည့်၍ မရတော့ချေ။ သူမသာ ဤအရာကို သွားပြန်ပေးမည်ဆိုလျှင်ပင် ခိုးယူသည့်အတွက် မိသားစု၏ စည်းမျဉ်းအရ အပြစ်ပေးခံရပေဦးမည်။
“ဒါမွန်းစတားအမြူတေ မဟုတ်ဘူး” စိတ်ကို ငြိမ်အောင် မလုပ်နိုင်တော့သည့်အဆုံး သူမ စိတ်ထဲ ‘ငါဘာအမှားမှ မလုပ်ထားဟူး’ ဟူသို့ ဖြစ်အောင်သာ ဆွဲတွေးတော့သည်။
မွန်းစတားအမြူတေကို ဦးလေးဝမ်မှ ယူသွားခဲ့လေပြီ။ မွန်းစတားအမြူတေ နှစ်ခုရှိသည့် မွန်းစတားသားရဲ ရှိသည် ဟူ၍လည်း သူမ တစ်ခါမှ မကြားဖူး။ ထို့အပြင် ဤအလုံးလေးဆီမှ မည်သည့်စွမ်းအင်လှိုင်းမှ ဖြာထွက်နေခြင်း မရှိချေ။ ထို့ကြောင့် ဤအရာသည် မွန်းစတားအမြူတေ လုံးဝ မဖြစ်နိုင်ချေ။
မွန်းစတားအမြူတေ မဟုတ်လျှင် ဘာနည်း။
မိန်းကလေးသည် အလုံးလေးကို သေချာ လှည့်ပတ်ကြည့်နေ၏။
ရုတ်တရက် အလုံးလေးသည် ရုတ်တရက် တောက်ပလာပြီး သူမလက်ထဲမှ အဆန်းတကြယ် ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းတွင် လူတစ်ယောက် သူမရှေ့၌ ထူးဆန်းစွာ ထွက်ပေါ်လာခဲ့လေသည်။
ထိုရုတ်တရက် အဖြစ်အပျက်ကြောင့် မိန်းမငယ်လေးမျက်နှာ ဖြူလျော်သွားပြီး ခေါင်းမော့၍ သူမရှေ့ မည်သူ ပေါ်လာသလဲ စစ်ဆေးကြည့်လိုက်သည်။
သူမရှေ့တွင် ရပ်နေသည်မှာ အသက် နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်လောက်သာ ရှိမည်ထင်ရသော လူငယ်လေးတစ်ဦး ဖြစ်သည်။ ထိုလူငယ်လေးသည် သူ့လက်ရှိ အခြေအနေကို နားမလည်နိုင် ဖြစ်နေသည့်ပုံပင်။
အကြည့်ချင်း ဆုံသွားသည့်အခိုက် မိန်းမငယ်လေး ကြောက်လန့်သွားပြီး ထအော်ဖို့လုပ်လိုက်သည်။ သို့ရာတွင် ရန်ကိုင်က ပိုမြန်နေသည့်အတွက် သူမ မအော်ခင် သူမ၏ ပါးစပ်ကို အလျင်အမြန် ကောက်ပိတ်လိုက်နိုင်၏။
မိန်းမငယ်လေးသည် ရန်ကိုင်လက်မှ လွတ်မြောက်နိုင်ရန်အတွက် အဆက်မပြတ် ရုန်းကန်နေခဲ့သည်။
“မလှုပ်နဲ့၊ အော်လည်းမအော်နဲ့” ရန်ကိုင်က မျက်မှောင်ကြုတ်၍ လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
ဘာတွေဖြစ်နေလဲ သူလုံးဝ နားမလည်နိုင်သေးချေ။ သူပြန်ပေါ်လာသည့်အချိန်တွင် မြစ်ထဲ ပြန်ပေါ်လာရမည့်အစား သင်္ဘောတစ်စင်းပေါ်တွင် ပြန်ပေါ်လာနေခဲ့သည်။ ဤသင်္ဘောပေါ်ရှိ အားအကောင်းဆုံး ကျင့်ကြံသူသည်ပင် တန်ခိုးရှင်ပထမအဆင့်သာ ရှိသေးပြီး သူ့အား မည်သည့် ပြဿနာမှ မပေးနိုင်သော်ငြား ဖြစ်နိုင်လျှင် မလိုအပ်ဘဲ ပြဿနာ မရှာချင်ချေ။
မိန်းမငယ်လေးမှာမူ ဆက်၍သာ ရုန်းကန်နိုင်သေးသည်။
အနုနည်းဖြင့် မရသည်ကိုမြင်သော် ရန်ကိုင်သည် ကြမ်းကြုတ်စွာ ပြုံးလျက် မိန်းမငယ်လေး၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်လေသည် “နင်မငြိမ်နေသေးဘူးဆိုရင် ငါနင်နဲ့ ဒီသင်္ဘောမှာ ရှိနေတဲ့ လူတွေ အကုန်လုံးကို ငါးစာကျွေးပစ်လိုက်မှာနော်”
မိန်းမငယ်လေး၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး ရန်ကိုင်အား တောင်းပန်တိုးလျှိုသည် အမူအရာဖြင့် ကြည့်လိုက်သည်။ မျက်ရည်ရွှဲလွဲအကြည့်ဖြင့် ကြည့်ရင်း ခေါင်းကို အဆက်မပြတ် ခါနေခဲ့လေသည်။
သူမစိတ်ထဲ အလွန်ကိုမှ ကြောက်လန့်နေမိသော်ငြား အစောပိုင်းကကဲ့သို့တော့ ဆက်ပြီး ရုန်းကန်မနေတော့ချေ။