← Chapters

အခန်း (၁၆၄၁-၁၆၄၅)

Vol. 66 Ch. 1641-1645

အခန်း (၁၆၄၁-၁၆၄၅)

Vol. 66 Ch. 1641-1645

အပိုင်း (၁၆၄၁)

“မောင်လေးရန် ဘာလို့ လှိုင်းနီကြယ်ကို ရောက်လာလဲဆိုတာ ဒီဘုရင်မ သိလို့ရမလား” ပင်းလုန်က ထပ်မေးလိုက်သည်။

“ဒီအတိုင်း ဖြတ်သွားရင်း လမ်းကြုံလို့ ဝင်လာလိုက်တာ”

“မီးတောက်ဂိုဏ်း မောင်လေးရန်ကို ရှာနေတာ တစ်နှစ်လောက် ရှိနေပြီဆိုတာ မောင်လေးရန် သိလား”

“ကြားတော့ ကြားတယ်”

“မီးတောက်ဂိုဏ်းက မောင်လေးရန်ကို ဘာလို့ ဒီလောက် သည်းကြီးမည်းကြီး ရှာနေတာလဲ”

ရန်ကိုင်က ရေနွေးကြမ်း တစ်ငုံသောက်လိုက်ပြီးနောက် ပြုံး၍ ပြန်ပြောလိုက်လေသည် “အဲ့ဒါတော့ ကျုပ်လည်း မသိဘူး”

“မသိဘူး” ပင်းလုန်သည် ခြောက်ကပ်ကပ် တစ်ချက် ရယ်မောလိုက်ပြီးနောက် အလေးအနက် အမူအရာဖြင့် “အဲ့လိုဆို ဒီဘုရင်မ အခြားမေးခွန်းတစ်ခု ပြောင်းမေးမယ်။ တောင်စိမ်းကြယ်ရဲ့ ကြယ်သခင် လှိုင်းနီကြယ်ကို ရောက်လာတာ မောင်လေးရန်ကြောင့်လား”

“စီနီယာ သိနေပြီပဲကို ဘာလို့ လာမေးနေသေးတာလဲ”

ပင်းလုန်က လုံးဝ အံ့အားသင့်သွားသည့် အမူအရာဖြင့် “လူကြီးမင်း လော့ဟိုင်က တကယ်ကြီး မောင်လေးရန်ကြောင့် ရောက်လာတာလား”

လော့ဟိုင်သည် လှိုင်းနီကြယ်သို့ ရောက်လာပြီး မီးတောက်ဂိုဏ်းသို့ သွားသည်။ ထို့နောက် မီးတောက်ဂိုဏ်းသည် ရန်ကိုင်ကို စတင် ရှာဖွေတော့လေသည်။ ထိုအဖြစ်အပျက်မှတစ်ဆင့် လော့ဟိုင်သည် ရန်ကိုင်ကြောင့် လှိုင်းနီကြယ်သို့ ရောက်လာခြင်း ဖြစ်သည်ဟု ခန့်မှန်းလိုက်သည်။

သို့သော် သူမ၏ ခန့်မှန်းချက် တကယ်ကြီး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ဘာလို့ရောက်လာတာလဲ” ပင်းလုန်က ထပ်မေးလေသည်။

ရန်ကိုင်က ခေါင်းခါလျက် အလေးအနက် လေသံဖြင့် “အဲ့မေးခွန်းကိုတော့ ဒီဂျူနီယာ မဖြေနိုင်ဘူး။ စီနီယာ သိချင်ရင် အဲ့လော့ဟိုင်ကို ကိုယ်တိုင် သွားမေးလိုက်တာ အကောင်းဆုံးပဲ”

ရန်ကိုင်၏ အဖြေကို ကြားပြီးနောက် ပင်းလုန် ပို၍ အံ့အားသင့်သွားခဲ့ရလေသည်။

ရန်ကိုင်သည် လော့ဟိုင်အား နာမည် တပ်ခေါ်ရဲသည်။ ထို့ပြင် လော့ဟိုင်အကြောင်း ပြောစဉ်တွင်လည်း နည်းနည်းလေးမှ မလေးစားခဲ့ပေ။

အများစုသည် လော့ဟိုင်အကြောင်း ပြောလျှင် စီနီယာ၊ လူကြီးမင်း၊ အစ်ကို စသဖြင့် ထည့်ခေါ်လေ့ရှိကြသော်လည်း ရန်ကိုင်ကိုမူ နာမည်သာ တပ်ခေါ်ပစ်လိုက်သည်။

ထိတ်လန့်နေရာမှ အသိပြန်ဝင်လာပြီးနောက် ပင်းလုန်က မေးလိုက်လေသည် “မောင်လေးရန်နဲ့ လူကြီးမင်း လော့ဟိုင်ကြားမှာ ရန်ငြိုးရှိတာလား”

“တောင်စိမ်းကြယ်ကနေ ဒီလှိုင်းနီကြယ်အထိကို သူလိုက်လို့ ထွက်ပြေးလာရတာ။ လမ်းမှာလည်း သေမလိုဖြစ်တာ အကြိမ်ကြိမ်ပဲ။ အဲ့ဒါကို သူနဲ့ကျုပ်ကြားမှာ ဘာရန်ငြိုးမှ မရှိဘူးလို့ စီနီယာ ထင်လား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။

ရန်ကိုင်သည် ထိုအကြောင်းကို ဖုံးကွယ်မနေခဲ့ပေ။ ဖုံးကွယ်နေ၍လည်း ဘာမှ ထူးမည်မှ မဟုတ်လေဘဲ။

ထိုစကားကို ကြားပြီးနောက် ပင်းလုန်နှင့် ရန်ယွင်ထင်တို့ နှစ်ဦးစလုံး ရန်ကိုင်အား မှင်သက်နေသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်ကြလေသည်။

အချိန်အတော်ကြာသွားပြီးနောက် ပင်းလုန်က ရှုပ်ထွေးသည့် အမူအရာဖြင့် “မောင်လေးရန်က တကယ် ကံကောင်းတာပဲနော်၊ စီနီယာလော့ဟိုင် လက်ကနေတောင် လွတ်အောင် ပြေးနိုင်တယ်”

လော့ဟိုင်ကဲ့သို့ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူ တစ်ယောက် လက်မှ ရန်ကိုင် လွတ်လာခြင်းမှာ ကံကောင်းသွားသည့် အတွက်ကြောင့် ဖြစ်သည်ဟု ပင်းလုန် ထင်သွားခဲ့ခြင်း ဖြစ်သည်။

“နင်နဲ့ လူကြီးမင်းလော့ဟိုင်ကြား ဘာရန်ငြိုးတွေ ရှိတာလဲ။ ငါတို့ကို အသေးစိတ်ရှင်းပြ” ရန်ယွင်ထင်သည် ပထမဆုံးအကြိမ် စကားစပြောလိုက်သည်။ ထို့အပြင် သူမပြောသည့် လေသံမှာ အမိန့်ပေးသည့် လေသံမျိုး ဖြစ်သည်။

သူမသည် ရန်ကိုင်အား ဧည့်သည် တစ်ယောက်ကလို သဘောမထားဘဲ ရေခဲနှလုံးသားတောင်ကြားမှ တပည့် တစ်ယောက်ကဲ့သို့ ဆက်ဆံနေခြင်း ဖြစ်သည်။

ပုံမှန်သာဆိုလျှင်တော့ ခပ်ပြတ်ပြတ်သာ ပြန်ပြောလိုက်မည် ဖြစ်သော်ငြား ရန်ယွင်ထင်သည် စုယန်၏ ဆရာ ဖြစ်နေသည့် အတွက် “အဲ့ဒါတော့ မပြောနိုင်ဘူး”

“ကောင်လေး၊ နင့်အခြေအနေ နင်မသိတာလား။ ဒီနေရာက သန့်စင်ရေခဲကျွန်း၊ ပြီးတော့ စီနီယာလော့ဟိုင်လို ပုဂ္ဂိုလ် တစ်ယောက်ကိုလည်း ရန်စထားသေးတယ်။ နင်အသက်ရှင်ချင်ရင် ငါပြောတဲ့အတိုင်း လုပ်လိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ မဟုတ်ရင် နင်ဘယ်လိုမှ ပြေးလွတ်မှာ မဟုတ်ဘူး” ရန်ကိုင် ခေါင်းမောနေသည်ကို မြင်သော် ရန်ယွင်ထင် မျက်နှာကြော ပို၍ တင်းသွားခဲ့လေသည်။

ရန်ကိုင်သည် ရန်ယွင်ထင်အား မျက်လုံးမှေးစဉ်းကြည့်လျက် မေးလိုက်လေသည် “စီနီယာ ကျုပ်ကို ခြိမ်းခြောက်နေတာလား”

ရန်ယွင်ထင်၏ မျက်နှာ ပို၍ အေးစက်သွားခဲ့ပြီး ပြန်ပြောတော့မည် အပြု ပင်းလုန်က အလျင်စလို ဖြတ်ပြောလိုက်လေသည် “အကြီးအကဲချုပ်က အဲ့လိုပြောချင်တာ မဟုတ်ဘူး မောင်လေးရန်၊ ဒါပေမယ့် အခုကိစ္စက အရမ်း အရေးကြီးနေလို့။ ဒီဘုရင်မက ဂိုဏ်းချုပ်ဆိုတဲ့ အဆင့်အတန်းကို မသုံးဘဲ မောင်လေးရန်နဲ့ တိုက်ရိုက် အဆင့်တူလို့ပဲ သဘောထားပြီးပြောမယ်။ ရန်ကိုင်၊ နင့်ရဲ့ အရည်အချင်းက ကောင်းတယ်ဆိုပေမယ့် လော့ဟိုင်လို လူတစ်ယောက်ကို ရန်စမိထားတာ နင့်အနာဂတ်က သိပ်ပြီး မကောင်းတော့ဘူးနော်”

“ကျုပ်သိတယ်” ရန်ကိုင်က ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

“သိတယ်ဆိုရင် ဒီဘုရင်မ အပိုတွေ လျှောက်ပြောမနေတော့ဘူး။ ငါတို့ ရေခဲနှလုံးသားတောင်ကြားရဲ့ အကြီးအကဲကလည်း တန်ခိုးရှင်ဘုရင်အဆင့်ပဲ။ သူက လူကြီးမင်းလော့ဟိုင်လောက် အားမကောင်းပေမယ့် လျှော့တွက်လို့ရတဲ့အထဲ မပါဘူး။ နင်သာ အကြောင်းစုံကို ငါတို့ကို ပြောပြနိုင်မယ်ဆိုရင် ဒီဘုရင်မ မဟာအကြီးအကဲကို ကြားဝင်ဖြန်ဖြေပေးဖို့ သွားတောင်ဆိုပေးမယ်။ နင်ဘယ်လိုထင်လဲ”

ပင်းလုန်၏ ရိုးသားပွင့်လင်းသည့် အပြုအမူကြောင့် ရန်ကိုင် အတော်လေး ဒေါသပြေသွားခဲ့သည်။ သို့သော် ပြတ်ပြတ်သားသား ခေါင်းခါ၍ “ဒီဂျူနီယာကို စီနီယာတို့ စိတ်ပူနေစရာမလိုဘူး၊ အခုကိစ္စကို ဒီဂျူနီယာဘာသာပဲ ဖြေရှင်းလိုက်မယ်”

“နင်ကလား။ ဒီပြဿနာကို ဖြေရှင်းနိုင်ရအောင် နင့်မှာ ဘာအရည်အချင်းရှိလို့လဲ” ရန်ယွင်ထင်က ရန်ကိုင်အား လှောင်ပြောင် ပြောဆိုလိုက်လေသည် “ကောင်လေး၊ ငါတို့ ဘက်က သဘောကောင်းကောင်းနဲ့ ပြောနေရင် လက်ခံလိုက်။ ပြီးတော့ နင်မပြောချင်ဘူးဆို ငါတို့ ရေခဲနှလုံးသားတောင်ကြားကို ဘာလို့ လာခဲ့လဲ”

“ကျုပ်လာတယ်ပြောရအောင် ရေခဲနှလုံးသားတောင်ကြားကပဲ ကျုပ်ကို ရှာနေတာလာ မဟုတ်ဘူးလား” ရန်ကိုင်က ရန်ယွင်ထင်ကို ကြည့်၍ ပြန်ပြောလိုက်သည်။

ရန်ကိုင်၏ ပမာမခန့် လေသံဖြင့် ရန်ယွင်ထင် ပို၍ ဒေါသထွက်သွားခဲ့ပြီး ရန်ကိုင်အား ထတိုက်ခိုက်ရန် လုပ်တော့၏။

ကံကောင်းစွာဖြင့် ပင်းလုန်မှ အချိန်မှီ တားလိုက်နိုင်သွားခဲ့၏။ ထို့နောက် ပြန်ပြောလိုက်လေသည် “ရန်ကိုင်၊ နင်မပြောချင်ဘူး ဆိုရင် ဒီဘုရင်မနဲ့ အကြီးအကဲချုပ် နင့်ကို ဆက်ပြီး တွန်းအားမပေးတော့ဘူး။ ဒါပေမယ့် နင်စိတ်ပြောင်းသွားပြီ ဆိုရင် တပည့် တစ်ယောက်ယောက်ကိုပြောပြီး ဒီဘုရင်မဆီ အကြောင်းကြားလိုက်”

“ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ။ ဒါပေမယ့် စီနီယာရဲ့ ကမ်းလှမ်းချက်ကို ဒီဂျူနီယာ ငြင်းပယ်ပါရစေ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“အဲ့လိုဆိုမှတော့လည်း အဲ့လိုပဲပေါ့။ ဒီမှာ လွတ်လွတ်လပ်လပ် ဆက်နေလေ။ နောက်ဖြစ်တာကိုတော့… အဲ့တော့မှပဲ ဆွေးနွေးကြတာပေါ့” ပင်းလုန်က သက်ပြင်းချ၍ ထရပ်လိုက်၏။

ရန်ယွင်ထင်သည် ရန်ကိုင်အား တစ်ချက် ကြည့်လိုက်ပြီးနောက် နှာခေါင်းရှုံ့၍ ထရပ်လိုက်လေသည်။ အခန်းတံခါးဝသို့ ရောက်သည့်အခါ နောက်သို့ ရုတ်တရက်လှည့်၍ ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည် “ကောင်လေး၊ နင်ဘာကြံနေလဲ ဒီအကြီးအကဲ မသိဘူး မထင်နဲ့။ နင်စောစော လက်လျှော့လိုက်ရင် ကောင်းမယ်။ သူက နင်လို့ ဘာမဟုတ်တဲ့ လူတစ်ယောက် ထိုက်တန်တဲ့ လူမျိုး မဟုတ်ဘူး။ သူ့အနာဂတ်ကို မဖျက်စီးချင်နဲ့”

ပြောပြီးသည်နှင့် ရန်ကိုင်အား ပြန်ပြောချိန်ပင် မပေးဘဲ လှည့်ထွက်သွားလေသည်။

ရန်ကိုင်သည် တံခါးပေါက်ကိုသာ ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း ရန်ယွင်ထင် ပြောသည်ကို နားထောင်ပြီးနောက် အကြီးအကဲချုပ် ဆိုသူသည် သူနှင့် စုယန်ကြား ဆက်ဆံရးကို သိထားပြီး ဖြစ်ကြောင်း ရန်ကိုင် နားလည်လိုက်သည်။ ထို့ကြောင့် သူ့အပေါ် ရန်လိုနေခြင်း ဖြစ်သည်။

သို့သော်ငြား ရန်ယွင်ထင်သည် သူမ တပည့်ကို ကာကွယ်လိုသည့် အတွက်သာ ထိုကဲ့သို့ လုပ်နေရခြင်း ဖြစ်သည်ဟု တွေးတောရင်း သူ့ဒေါသကို ပြန်၍ ချုပ်တည်းထားလိုက်လေသည်။

ရိုးရိုးပြောရလျှင် ရန်ယွင်ထင် အနေဖြင့် စုယန်အပေါ် ထိုကဲ့သို့ အလွန် ဂရုစိုက်သည့်အပေါ် ရန်ကိုင် ဝမ်းပင် သာသေးသည်။ သို့သော် သူမ၏ သဘောထားသည် သူ့အား အလွန်ကိုမှ ကြည့်မရ ဖြစ်စေပေသည်။

……

“ဂျူနီယာညီမ၊ နင်ဒီနေ့ ဘာဖြစ်နေတာလဲ” အပြန်လမ်းတွင် ပင်းလုန်က ရန်ယွင်ထင်ကို ကြည့်၍ မေးလိုက်သည် “နင်တစ်ခုခု သိထားတာလား။ နင်ပြောတဲ့ပုံကို ကြည့်ရတာ သူ့ကို သိနေသလိုပဲ”

“ငါသူ့ကို မသိဘူး” ရန်ယွင်ထင်က ခေါင်းခါ၍ သက်ပြင်းချလျက် “စီနီယာအစ်မ၊ ငါအမှန်အတိုင်းပဲ ပြောတော့မယ်။ အဲ့ရန်ကိုင်နဲ့ စုယန်က အချင်းချင်း သိနေကြတဲ့လူတွေ”

“အို၊ သူတို့ ဘယ်လို သိတာလဲ” ပင်းလုန် အံ့အားသင့်သွားခဲ့သည်။

“ထုန်းရွှမ်လောကကြီးကလို့ သူပြောသွားတယ်မလား။ စုယန်ကလည်း အဲ့ကပဲ လာတာ။ သူတို့ နှစ်ယောက်က အရင်က ဂျူနီယာမောင်လေးနဲ့ စီနီယာအစ်မတွေ ဖြစ်ခဲ့တာ…”

ပင်းလုန် မျက်မှောင်ကြုတ်သွားပြီး တစ်ခုခုကို သတိပြုမိသွားဟန်ဖြင့် “ဖြစ်နိုင်တာက သူတို့နှစ်ယောက်…”

“ဟုတ်တယ်။ အဲ့ဒါတင် မဟုတ်သေးဘူး။ စုယန်က အပျိုစင်ပါ မဟုတ်တော့တာ”

“ဘယ်လို” ပင်းလုန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး အထိတ်လန့်ဖြင့် ပြန်မေးလေသည် “ဒါပေမယ့်… စုယန် ရေခဲကျောက်စိမ်းကျင့်စဉ်ကို ကျင့်ကြံထားတာ မဟုတ်ဘူးလား။ ထူးဆန်းတယ်။ သူဘာလို့ ဘာဘေးထွက်ဆိုးကျိုးမှ မခံစားရတာလဲ”

“အရင်ကတော့ မခံစားခဲ့ရဘူးပေါ့။ ဒါပေမယ့် အခုတော့ စုယန်ရဲ့ ကျင့်ကြံခြင်း စပြီး လျှောကျနေပြီ” ရန်ယွင်ထင်က အံကြိတ်၍ ပြောလိုက်သည် “ငါထင်သာမှန်ရင် အဲ့ကောင်လေး ရေခဲသန့်စင်ကျွန်းဆီလာတာ စုယန်ကို ရှာချင်လို့ပဲ ဖြစ်ရမယ်။ မနေ့တုန်းက သူတို့နှစ်ယောက် ထူးဆန်းတဲ့ စိတ်စွမ်းအား သုံးပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နေတာကို ငါတွေ့လိုက်သေးတယ်”

ပင်းလုန်က ရေရွတ်လိုက်လေ၏ “ဝိဥာဉ်စွမ်းအားကို သုံးပြီးတော့တောင် ဆက်သွယ်နိုင်တယ်ဆိုတော့ သူတို့ နှစ်ယောက် တော်တော်လေး ရင်းနှီးနေလို့ပဲ ဖြစ်ရမယ်။ အဲ့လိုသာဆိုရင်တော့ စုယန်ရဲ့ အနာဂတ်က လုံးဝသွားပြီပဲ”

“မသွားဘူး။ ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခု ရှိကိုရှိရမယ်” ရန်ယွင်ထင်၏ အကြည့် ရုတ်ချည်း ခက်ထန်လာ၏။

ရန်ယွင်ထင်၏ အမူအရာကို မြင်ပြီးနောက် ရန်ယွင်ထင် ဘာလုပ်ချင်နေလဲ ဆိုသည်ကို ပင်းလုန် ချက်ချင်း နားလည်သွားပြီး အလျင်စလို ခေါင်းခါ၍ “နင်အဲ့လိုလုပ်လို့ မရဘူး။ လူကြီးမင်း လော့ဟိုင်က သူ့ကြောင့် ဒီရောက်နေတာ။ သူသာ သေသွားခဲ့ရင် ငါတို့ လူကြီးမင်းလော့ဟိုင်ကို ဘယ်လိုမှ ရှင်းပြတတ်မှာ မဟုတ်ဘူး။ ပြီးတော့ သူ့ကို သတ်လိုက်လို့လည်း ဒီပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုတာ သေချာတာ မဟုတ်ဘူး။ မတော်လို့ စုယန်ကသာ နင့်ကို မုန်းတီးသွားခဲ့ရင်…”

“သူမုန်းသွားလည်း ဘာဖြစ်လဲ” ရန်ယွင်ထက် ရယ်မောလျက် “စီနီယာအစ်မ၊ ကျွန်မ ဒီတစ်သက် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် စုယန်က ကျိန်းသေ ချိုးဖျက်နိုင်လိမ့်မယ်။ ကျွန်မ မချိုးဖျက်နိုင်ရင်တောင် သူသာ တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်မယ်ဆိုရင် သူကျွန်မကို မုန်းသွားလည်း ဘာအရေးလဲ။ တစ်နေ့ကျရင် ကျွန်မ လုပ်ခဲ့တာတွေက သူ့ကောင်းကျိုးအတွက်ပဲ ဆိုတာကို သူနားလည်လာလိမ့်မယ်”

“ဂျူနီယာညီမ၊ နင်…” ပင်းလုန်က ရန်ယွင်ထင်အား ဝမ်းပန်းတနည်း အမူအရာဖြင့် ကြည့်လိုက်သည်။

ရန်ယွင်ထင်ပင် သူမ ဒီတစ်သက် တန်ခိုးရှင်ဘုရင် အဆင့်သို့ မရောက်နိုင်တော့ဟု ပြောနေခဲ့လေရာ သူမဆိုလျှင်ကော။ ပင်းလုန် တန်ခိုးရှင် တတိယအဆင့် အထွဋ်အထိပ်တွင် တစ်နေသည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာနေခဲ့လေပြီ။ တန်ခိုးရှင်ဘုရင် အဆင့် အတားအဆီးကို အကြိမ်ပေါင်းများစွာ ထိတွေ့မိခဲ့သော်ငြား တစ်ခါမှတော့ မချိုးဖျက်နိုင်ခဲ့ပေ။

ရန်ယွင်ထင်ကလည်း ထိုကဲ့သို့ ပြောလာသဖြင့် သူတို့သာ မဟာကံကောင်းမှုကြီး တစ်ခုခု မကြုံတွေ့ရသရွေ့ တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ချေ။

ရန်ယွင်ထင် ဘာတွေးနေလဲ ဆိုသည်ကို နားလည်သော်လည်း သူမ လုပ်ရပ်မှာ သိပ်မသင့်တော်သဖြင့် “ငါ့ကို အချိန်နည်းနည်းပေးဦး။ ငါစဉ်းစားကြည့်လိုက်ဦးမယ်။ မဆင်မခြင် လျှောက်မလုပ်နဲ့”

“ငါသိတယ်”

ခဏမျှ လမ်းလျှောက်နေပြီးနောက် နှစ်ယောက်သား လမ်းခွဲလိုက်ကြလေသည်။ ရန်ယွင်ထင်သည် စုယန်နေသည့် နေရာတည့်တည့်ဆီသို့ လမ်းလျှောက်သွားလေသည်။ ခွန်အားသာ ထာဝရဖြစ်ပြီး အချစ်ဆိုသည်မှာ တန်ဖိုးထားရန် မထိုက်တန်သည့် တစ်ခဏတာ အနှောင့်အယှတ် ဖြစ်ကြောင်းကို သူ့တပည့်သိအောင် သူ့တပည့်နှင့် မျက်နှာချင်းဆိုင် စကားပြောရပေမည်။

မကြာမီ စုယန်နေသည့် နေရာဆီသို့ ရောက်လာခဲ့သည်။ ထိုနေရာသို့ အရောက်တွင် တပည့်တစ်ယောက်သည် စုယန်၏ အခန်းအပြင်ဘက်တွင် စောင့်နေသော အစောင့် နှစ်ဦးအား တောင်းတောင်းပန်ပန်ဖြင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။

သေချာ အနီးကပ်ကြည့်လိုက်သည့်အခါ ထိုတပည့်သည် စုယန်နှင့်အတူ ရေခဲနှလုံးသားတောင်ကြားသို့ ရောက်လာသော ချင်းယဆိုသည့် မိန်းကလေးဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ရန်ယွင်ထင် လျှောက်လာသည်ကို မြင်သော် အစောင့်ကျနေသည့် ချင်းယနှင့် အမျိုးသမီး နှစ်ဦးစလုံး ချက်ချင်း စကား ရပ်လိုက်ပြီး လေးလေးစားစား ဦးညွှတ်လိုက်ကြလေသည် “အကြီးအကဲချုပ်ကို နှုတ်ဆက်ပါတယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၄၂)

ရန်ယွင်ထင်က ခေါင်းညိတ်လိုက်ပြီး ချင်းယကို လှမ်းကြည့်လိုက်သည်။

ရန်ကိုင်နှင့် စကားပြောပြီးနောက်တွင် ဤအပြင်ကျွန်းမှ တပည့်သည်လည်း ထုန်းရွှမ်လောကကြီးမှမှန်း နားလည်လိုက်၏။ ထိုသို့ သိလိုက်သည့်နောက် ချင်းယအား သိပ်ပြီး အမြင် မကြည်တော့။ ရန်ကိုင်၏ မောက်မာသည့် မျက်နှာအကြောင်း ပြန်စဉ်းစားမိရုံဖြင့် သူမ ဒေါသတလိပ်လိပ် ထွက်လာရသည်။

“နင်တို့ ဘာတွေ စကားများနေတာလဲ။ စုယန် အထဲမှာ ကျင့်ကြံနေတယ်ဆိုတာ မသိကြဘူးလား” ရန်ယွင်ထင်က အော်ပြောလိုက်လေသည်။

မဟာအကြီးအကဲ စိတ်မကြည်မှန်း သတိပြုမိလိုက်သော် စုယန်အား စောင့်ကြည့်နေသည့် အမျိုးသမီးနှစ်ဦး၏ မျက်ဝန်းထဲ ကြောက်လန့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။

မျိူးရိုးနာမည်ကျိုးနှင့် အမျိုးသမီးတပည့်က ချင်းယအား လှမ်းကြည့်၍ ပြောလိုက်လေသည် “ဒီဂျူနီယာက စုယန်နဲ့ တွေ့ချင်တယ်လို့ ပြောနေလို့ပါ အကြီးအကဲချုပ်၊ ကျွန်မတို့က ထွက်သွားလို့ ပြောတာတောင် သူက ထွက်မသွားဘူး”

“ကျေးဇူးပြုပြီး နားလည်ပေးပါ အကြီးအကဲ၊ ဂျူနီယာက စုယန်ကို နှောင့်ယှတ်ဖို့ လုပ်နေတာ မဟုတ်ပါဘူး။ ဒီအမျိုးသမီကသာ မရပါဘူးဆိုတာကို ထွက်မသွားဘဲ ဆက်ပြောနေတာပါ” အခြား အမျိုးသမီးကလည်း ဝင်ပြောလိုက်သည်။

ရန်ယွင်ထင်သည် ချင်းယအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ “စကားနဲ့ ပြောလို့မရရင် လက်သုံးလိုက်လေ။ နင်တို့ ဒီလောက်အထိ ကျင့်ကြံထားတာ ဘာလုပ်ဖို့လဲ”

ရန်ယွင်ထင်ပါးစပ်မှ ထိုစကား ထွက်လာသည်နှင့် အမျိုးသမီး သုံးဦးစလုံး မှင်သက်သွားခဲ့လေသည်။

အကြီးအကဲ ထိုကဲ့သို့သော စကားမျိုး ပြောလိမ်မည်ဟု မထင်ထားခဲ့ချေ။

ရေခဲနှလုံးသားတောင်ကြားတွင်၊ တပည့်များကြား အချင်းများမှုများ ရှိခဲ့လျှင်ပင် စကားဖြင့်သာ ဖြေရှင်းကြပြီး ဘယ်တော့မှ လက်မပါကြချေ။

သို့သော်လည်း အကြီးအကဲချုပ်၏ စကားအရ ချင်းယအား တိုက်ခိုက်ခိုင်းနေသည်နှင့် တူပေသည်။ မျိုးရိုးနာမည်ကျိုးနှင့် အမျိုးသမီးသည် အကြီးအကဲချုပ်၏ စကားကြောင့် မှင်သက်သွားပြီး နေရာတွင်သာ ကြောင်ကြောင်ကြီး ရပ်နေမိလေသည်။

“နင်တို့ နှစ်ယောက် ဘာကို စောင့်နေသေးတာလဲ။ နှစ်ယောက်စလုံး နားပင်းနေကြတာလား” ရန်ယွင်ထင်က နောက်တစ်ကြိမ် ထပ်အော်ပြောလိုက်သည်။

အကြီးအကဲချုပ် နောက်နေခြင်း မဟုတ်မှန်း နားလည်လိုက်သော် အကြောင်းပြချက်မရှိ အပြစ်တင်ခံလိုက်ရသည့်အတွက် ဒေါသထွက်မိသွားသော်လည်း ခေါင်းညိတ်၍ အော်ပြောလိုက်၏ “ဟုတ်ကဲ့၊ တပည့် အကြီးအကဲချုပ်ရဲ့ အမိန့်အတိုင်း လုပ်လိုက်ပါမယ်”

“အကြီးအကဲချုပ်…” ချင်းယက တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား ဘာမှ မပြောနိုင်သေးခင်မှာပဲ သူမ ရင်ဘတ်အား တိုက်ခိုက်မှုတစ်ခု လာမှန်သဖြင့် လွင့်စင်ထွက်သွားပြီး သွေးအန်ထုတ်လိုက်ရလေသည်။

ချင်းယသည် မီတာပေါင်းများစွာသို့ လွင့်ထွက်သွားပြီး ရေခဲနံရံတစ်ခုနှင့် သွားရိုက်ပြီးမှ ရပ်တန့်သွားခဲ့သည်။

သူမ မျက်နှာတစ်ပြင်လုံး သွေးမရှိတော့သည့်နှယ် ဖြူဖတ်ဖြူလျော် ဖြစ်သွားသလို ရင်ဘတ်လာမှန်သည့် ရိုက်ချက်ကြောင့် အသက်ပင် ကောင်းကောင်း မရှူနိုင်တော့သလို ဖြစ်လာခဲ့သည်။

သူမသည် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိသေးချိန် သူမအား တိုက်ခိုက်ခဲ့သည့်လူမှာ တန်ခိုးရှင်ပထမအဆင့် ဖြစ်သည်။ နှစ်ဦးသားကြား အဆင့်ကြီးတစ်ဆင့်ပင် ကွာခြားနေသည်။

ပြန်ထလာပြီးနောက်တွင်း ရန်ယွင်ထင်အား မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်သည်။ အကြီးအကဲချုပ် ဘာကြောင့် ဤကဲ့သို့ အမိန့်မျိုး ပေးလိုက်ရသလဲ ဆိုသည်ကို ချင်းယ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

“ထွက်သွားစမ်း။ နောက်တစ်ကြိမ် အတွင်းကျွန်းထဲ ထပ်လာရဲရင် ဒီအကြီးအကဲ နင့်ကို ရေခဲနှလုံးသားတောင်ကြားကနေ မောင်းထုတ်ရလိမ့်မယ်” ရန်ယွင်ထင်က အေးစက်စက် လေသံဖြင့် ပြောလိုက်၏။

“ချင်းယ” စုယန်က ရုတ်တရက် တံခါးဖွင့်၍ ထွက်လာပြီး ချင်းယဆီသို့ ပျံသန်းသွားလေသည်။

ချင်းယနှင့် မျိုးရိုးနာမည်ကျိုးနှင့် မိန်းကလေးတို့ကြား စကားများနေသည်ကို သူကြားသော်လည်း ရန်ယွင်ထင်၏ အမိန့်ကြောင့် အပြင်သို့ ထွက်မလာရဲဘဲ အခန်းထဲတွင်သာ နေရဲခဲ့သည်။

သို့သော်လည်း ယခုမူ ချင်းယ အမှန်တကယ် ဒဏ်ရာ ရသွားပြီ ဖြစ်သည့်အတွက် အထဲတွင် ဆက်မနေနိုင်တော့ချေ။

နှစ်ယောက်စလုံးသည် ထုန်းရွှမ်လောကကြီးမှ ဖြစ်သည်။ ထို့အပြင် ရေခဲနှလုံးသားတောင်ကြားထဲသို့ ဝင်လာပြီးနောက်တွင် စီနီယာ၊ ဂျူနီယာမောင်နှမများ ဖြစ်လာခဲ့ကြရာ ချင်းယ တိုက်ခိုက်ခံနေရသည်ကို သူမ မည်ကဲ့သို့ ရပ်ကြည့်နေနိုင်မည်နည်း။

သို့သော်လည်း သူမ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရန်ယွင်ထင်က သူမလက်ကို ဝှေ့ရမ်း၍ စုယန်အား ပြန်တွန်းထုတ်လိုက်လေသည်။

“နောက်တစ်ကြိမ် ထပ်ထွက်ရဲထွက်ကြည့်၊ ငါသူ့ကို ချက်ချင်း သတ်ပစ်မယ်” ရန်ယွင်ထင်သည် အခန်းအပြင်ဘက်တွင် ရပ်၍ စုယန်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်လေ၏။

စုယန်၏ မျက်ဝန်းထဲ ထိတ်လန့်ရိပ်တို့ ဖြတ်ပြေးသွားပြီး ရန်ယွင်ထင်ကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်သည်။ သို့သော် အလျင်စလို မလှုပ်ရှားရန်သာ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် အံကြိတ်၍ ပြောလိုက်၏ “ချင်းယ ပထမဆုံးအကြိမ် မသိလို့ လုပ်မိတာမို့လို့ ဆရာကို ခွင့်လွှတ်ပေးဖို့ တပည့် တောင်းဆိုပါတယ်”

ရန်ယွင်ထင်က ခေါင်းညိတ်၍ “နင်သာ စကားနားထောင်သရွေ့ ငါသူ့ကို အရှက်ရအောင် လုပ်မှာ မဟုတ်ဘူး”

စုယန်က အံကြိတ်၍ လက်သီးတင်းတင်းဆုပ်ကာ တိုးတိုးလေး ပြောလိုက်သည် “တပည့် ဆရာ့စကားကို နားထောင်ပါ့မယ်”

ရန်ယွင်ထင်က ကျေနပ်သွားသည့် အမူအရာဖြင့် “ကောင်းပြီ” အဲ့ကောင်လေး ရေခဲသန့်စင်ကျွန်းကို ရောက်လာပြီလို့ ငါလာပြောတာ။ သူ့အပေါ် နင့်ခံစားချက်တွေကို အခု ချက်ချင်း ဖြတ်တောက်လိုက်ပေတော့။ မဟုတ်ရင် ဒီအကြီးအကဲ ကိုယ်တိုင် နင့်ကိုယ်စား လုပ်ပေးရလိမ့်မယ်”

စုယန်၏ ခန္ဓာကိုယ် တုန်ရီသွားပြီး ရန်ယွင်ထင်ကို ကြောက်လန့်တကြား စိုက်ကြည့်လိုက်လေသည်။ ထို့နောက် တောင်းတောင်းပန်ပန်ဖြင့် ရေရွတ်လိုက်သည် “ဆရာ…”

သူမ၏ ခံစားချက်များကို ဖြတ်တောက်လိုက်သည်နှင့် ရန်ကိုင်နှင့် သူမသည် လုံးဝ သူစိမ်းများ ဖြစ်လာကြပေလိမ့်မည်။

သို့သော်လည်း သူမ ဆရာကို လှုပ်ရှားခွင့်ပေးလိုက်လျှင်… ရန်ကိုင် အသတ်ခံရပေလိမ့်မည်။

မည်သည့် ရွေးချယ်မှုကိုမှ စုယန် မလုပ်နိုင်ချေ။ ထိုနှစ်ခုစလုံးကို ရွေးချယ်မည့်အစား သူမကိုယ်တိုင်ပဲ သေလိုက်ပေမည်။

“နင့်မှာ တတိယရွေးချယ်ခွင့် မရှိဘူး။ ရက်နည်းနည်းကြာရင် နင့်ကို နောက်တစ်ကြိမ် ထပ်လာမေးမယ်။ အဲ့အချိန်အတွင်း စဉ်းစားထား”

စုယန်၏ မျက်ဝန်းလေး တစ်မုဟုတ်ချည်း ညိုးကျသွားခဲ့သည်။ သူမ အသိပြန်ဝင်လာသည့် အချိန်တွင် ရန်ယွင်ထင်မှာ ထွက်သွားနှင့်ပြီး ချင်းယကိုလည်း မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။ သူမအား စောင့်ကြပ်နေသည့် စီနီယာအစ်မ နှစ်ယောက်သည်သာ သူမအား လှောင်ပြောင်လိုသည့် အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့ရှိလိုက်ရသည်။

ထိုနှစ်ယောက်၏ အပြုံးကိုကြည့်ရင်း စုယန်ရင်ထဲ ဒေါသ တလိပ်လိပ် ထွက်လာခဲ့သည်။

နှစ်ပေါင်းသုံးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဤအချုပ်အနှောင်များမှ ရုန်းထွက်ချင်စိတ် ပေါက်လာခဲ့သည်။

ရန်ယွင်ထင် သူမအပေါ် ကောင်းသည်မှာ ငြင်းစရာမလိုသည့် အမှန်တရား ဖြစ်သည်။ စုယန် ရေခဲနှလုံးသားတောင်ကြားသို့ ရောက်လာသည့် အချိန်မှစ၍ ရန်ယွင်ထင်သည် သူမအား စေတနာ အပြည့်ထား၍ သင်ကြားပေးခဲ့သည်။ သူမ လိုအပ်သည့် အရင်းအမြစ် မှန်သမျှကိုလည်း ဖြည့်ဆည်းပေးခဲ့သည်။

သို့သော်လည်း စုယန်အား မချွင်းမချန် သင်ပေးနေသလို တစ်ချိန်တည်းတွင်လည်း ချုပ်နှောင်နေခဲ့သည်။

ရန်ယွင်ထင်သည် စုယန်အား အများကြီး မျှော်လင့်ထားသည်။ ရန်ယွင်ထင်သည် သူ၏ မျှော်လင့်ချက် အလုံးစုံကို စုယန်ပေါ် စုပြုံထားသည်ဟု ပြောသည်မှာ ချဲ့ကားပြောခြင်း မဟုတ်ပေ။ သို့သော် စုယန်သည် ထိုမျှော်လင့်ချက်များအတိုင်း မနေနိုင်ခဲ့။

ရေခဲနှလုံးသားတောင်ကြား၏ အနားတ်၊ တန်ခိုးရှင်ဘုရင်အဆင့်၊ ထိုအကြောင်းများအား ရန်ယွင်ထင် ပြောသည်ကို စုယန် တစ်ခါ ကြားခဲ့ဖူးသည်။

သို့သော်လည်း များများစားစားတော့ မတွေးခဲ့ပေ။ သူမဆရာက အမိန့်ပေးလာသဖြင့် သူမလည်း သူမပေးသည့် အမိန့်အတိုင်း လိုက်လုပ်ရုံပင်။ တကယ်တော့ ရန်ယွင်ထင် မရှိစဉ်တုန်းက ချင်းယနှင့် ချင်ဟောင်တို့ တောင်စိမ်းကြယ်ပေါ်တွင် အတော့်ကိုမှ ကြိုးစားရုန်းကန်ခဲ့ရသည် မဟုတ်ပေလော။

သို့သော်လည်း သူမ အလွန်ကိုမှ ပင်ပန်းလာသလို စုယန် ခံစားလိုက်ရသည်။

ရန်ကိုင်၏ ရောက်ရှိလာမှုသည် သူမအတွက် ရွေးချယ်စရာ နောက်တစ်ခု ထပ်တိုးသွားစေခဲ့သည်။ ရေခဲနှလုံးသားတောင်ကြား၏ အနာဂတ် မဖြစ်ချင်တော့ဘဲ ရန်ကိုင်နှင့်သာ လွတ်လွတ်လပ်လပ် လျှောက်သွားချင်မိတော့သည်။

သူမဘဝတွင် ဘယ်သောအခါမှ ရည်မှန်းချက် ကြီးကြီးမားမား မရှိခဲ့ပေ။ သူမဘဝကို အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုခြင်းသာ။

စုယန်ရင်ထဲ အတော်လေးကိုမှ စိုးရိမ်ပူပန်နေမိသော်လည်း ဘာမှ ပြောမနေတော့ဘဲ တင်ပလင်ခွေသာ ထိုင်ချလိုက်ပြီး လက်ကို ဝှေ့ရမ်း၍ ရေခဲခန်းတံခါးကို ပိတ်ချလိုက်သည်။

……

ရန်ကိုင်သည် သူ့ဝေယျာဝစ္စကိစ္စများကို ဆောင်ရွက်ပေးသည့် မိန်းကလေးတပည့်အား လှည့်မေးလိုက်သည်။

ထိုတပည့်သည် အပြင်ပိုင်းကျွန်း တပည့်တစ်ဦးဖြစ်ပြီး သူတော်စင် ပထမအဆင့်သာ ရှိသေးသည်။ အသက်ကမူ နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးလောက် ရှိမည် ထင်ရသည်။

“ကောင်မလေး၊ နင်ချင်းယကို သိလား” ရန်ကိုင်က ထိုကောင်မလေးကို မေးလိုက်သည်။

“စီနီယာအစ်မ ချင်းယလား၊ သိတာပေါ့” ထိုအမျိုးသမီးက ခေါင်းညိတ်၍ ပြုံးကာ “ကျွန်မတို့ အခန်းတွေက သိပ်ဝေးတာ မဟုတ်ဘူး။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် မကြာခဏ တွေ့ဖြစ်တယ်။ စီနီယာအစ်ကိုလည်း စီနီယာအစ်မ ချင်းယကို သိတာလား”

“အင်း၊ ငါ့ကို သူ့ဆီ ခေါ်သွားပေးလို့ရမလား”

“စီနီယာအစ်မကို သွားတွေ့ချင်တာလား” ထိုအမျိုးသမီး ကြောင်သွားခဲ့ပြီး မျက်မှောင်ကြုတ်လျက် “အဲ့ဒါတော့ သဘောတူလို့ မရလောက်ဘူး”

“ဘာလို့လဲ”

“စီနီယာအစ်ကို ဒီထဲမှာပဲ နေရမယ်လို့ အကြီးအကဲတွေက ကျွန်မကို ပြောထားတယ်။ ရေခဲနှလုးသားတောင်ကြားက ဘယ်ယောကျာ်းလေး တပည့်ကိုမှ ဂိုဏ်းထဲကို ခြေချခွင့် မပြုတာ စီနီယာအစ်ကိုလည်း သိတာပဲ။ စီနီယာအစ်ကိုနဲ့ ကျွန်မ အပြင်မှာ အတူတူ လမ်းလျှောက်နေတာကိုသာ အခြားတပည့်တွေ မြင်သွားခဲ့ရင်…”

ပြောနေရင်း မိန်းကလေး ရှက်သွေးဖြာသွားလေသည်။

“အဲ့ဒါဆိုရင်လည်း… ထားလိုက်တော့” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ ရန်ကိုင် သူမအား ခက်ခဲအောင် မလုပ်သည်ကို မြင်တော့မှပဲ အမျိုးသမီး သက်ပြင်း ချလိုက်နိုင်၏။

အခန်းထဲသို့ ပြန်ရောက်သည်နှင့် ရန်ကိုင်၏ အမူအရာ တည်ငြိမ်သွား၏။ သူ့မျက်နှာထက် မည်သည့် ပျော်ရွှင်မှု၊ ဒေါသကိုမှ မတွေ့ရသော်ငြား သူ့စိတ်ထဲတွင်မူ အတော်လေး ဒေါသထွက်နေခဲ့သည်။

ဤနေရာမှ အခြား မည်သည့်နေရာဆီသို့မှ သွား၍ မရခြင်းဟု ဆိုလိုက်ခြင်းသည် သူ့အား အကျယ်ချုပ်ချထားသည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။

ထို့အပြင် သူ့အား ရေခဲနှလုံးသားတောင်ကြား၏ တောင်ကြားသခင် ပင်းလုန်နှင့် အကြီးအကဲချုပ်တို့ လာတွေ့သွားသည်မှာ သုံးရက် ရှိနေခဲ့လေပြီ. ထိုသုံးရက်အတွင်း မည်သည့်မှ သူ့ကို လာမတွေ့ခဲ့ပေ။ ချင်းယပင်လျှင် လာမတွေ့ခဲ့ချေ။

ထိုကိစ္စနှင့် ပက်သက်၍ ရန်ကိုင် အတော်လေး နားမလည်နိုင် ဖြစ်နေခဲ့သည်။

အခြားသူများ လာမတွေ့လျှင် ကိစ္စမရှိသော်လည်း ချင်းယကကော ဘာကြောင့် သူ့အား လာမတွေ့ရသနည်း။ သူရေခဲနှလုံးသား တောင်ကြားသို့ ဘာကြောင့် ရောက်လာခဲ့ရသလဲ ဆိုသည်ကို ချင်းယသိသည်။ ယခုမူ စုယန်နှင့် တွေ့ဖို့ မဆိုထားနှင့် ဤနေရာမှပင် ထွက်သွားခွင့်မရချေ။

လွန်ခဲ့သော သုံးရက်အတွင်း စုယန်သည်လည်း သူ့အား နောက်ထပ် တစ်ကြိမ်မှ ထပ်ပြီး မဆက်သွယ်တော့ချေ။

ထိုအကြောင်းကို စဉ်းစားလေစဉ်းစားလေ သူ့စိတ်ထဲ တစ်ခုခု မှားယွင်းနေသည်ဟု ပိုခံစားလာရလေသည်။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံကို တိတ်တဆိတ် ဖြန့်ကြည့်လိုက်၏။ သူ့နေ့စဉ် ဝေယျာဝစ္စကိစ္စများကို ဆောင်ရွက်ပေးနေသည့် တပည့် မည်သည့်နေရာတွင် ရှိနေလဲ ရှာတွေ့သွားပြီးနောက် လေဟာနယ် စွမ်းအားကိုသုံး၍ အခန်းထဲမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။

အခြား တစ်ယောက်သာဆိုလျှင် ဤနေရာမှ ခိုးထွက်ရန် အတော်လေး ကြိုးစားရမည် ဖြစ်သော်လည်း လေဟာနယ် စွမ်းအားကို ကျင့်ကြံထားသော ရန်ကိုင်အတွက်မူ ထမင်းစား ရေသောက်သလို လွယ်ကူပေသည်။

ထို့နောက် ရန်ကိုင်သည် သူနေနေသည့် နေရာမှ မိုင်အနည်းငယ်ခန့် အကွာတွင် ပြန်ပေါ်လာခဲ့လေသည်။ ဆယ်မိုင်ကျော်ခန့် အကွာရှိ ရေခဲတောင်ထွတ်ကို မော့ကြည့်ပြီးနောက်တွင် ရန်ကိုင်၏ ပုံရိပ် နောက်တစ်ကြိမ် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

မိန်းကလေးနှင့် စကားပြောနေစဉ်အတွင်း သူမ နေနေသည့် နေရာအကြောင်းကို မသိမသာလေး မေးကြည်ခဲ့၏။

ချင်းယ အခန်းသည် သူမ နေသည့် အခန်း အနီးတွင် ရှိမှန်း ရန်ကိုင်သိသည်။ နေရာ အတိအကျကိုသာ မသိခြင်း ဖြစ်သည်။

ခဏအကြာတွင် ရေခဲတောင်ထွတ် အောက်ခြေဆီသို့ ရောက်လာခဲ့သည်။ ထိုနေရာသို့ ရောက်သည်နှင့် သူ့အရှိန်အဝါကို ချက်ချင်း ဖုံးကွယ်လိုက်၏။

ဤရေခဲတောင်တွင် ရေခဲခန်းများစွာ ရှိပေသည်။ ထိုမြင်ကွင်းကို ထိုအခန်းများထဲမှ ချင်းယနေသည့် အခန်းကို မည်ကဲ့သို့ ရှာရမည်နည်း။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည့် အခါ အခန်းတိုင်းကို အကာအရံတစ်ခုဖြင့် ကာကွယ်ထားကြောင်း သိလိုက်ရသည်။ ထိုအကာအရံများကို သူ့ကောင်းကင်စိတ်အာရုံဖြင့် ချိုးဖျက်ဝင်ရောက်နိုင်သော်ငြား ထိုကဲ့သို့ လုပ်လိုက်ရင် ပြဿနာ တက်သွားပေလိမ့်မည်။

အခြား ရွေးချယ်စရာ မရှိတော့သဖြင့် ရန်ကိုင်လည်း စိတ်ရှည်ရှည်ဖြင့်သာ ထိုင်စောင့်ရတော့သည်။

ချင်းယ အခန်းကို မည်ကဲ့သို့ရှာလျှင် ကောင်းမလဲ စဉ်းစားနေစဉ်မှာပဲ ရေခဲတောင်အောက်ခြေသို့ အဖွဲ့တစ်ဖွဲ့ ရောက်လာခဲ့သည်။

ထိုအဖွဲ့ထဲတွင် ငါးယောက်အနက် တစ်ယောက်မှာ တန်ခိုးရှင်ပထမအဆင့် ဖြစ်ပြီး ကျန်လေးယောက်မှာ သူတော်စင်ဘုရင်များ ဖြစ်ကြပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၄၃)

ထိုအမျိုးသမီးများသည် တောင်ခြေသို့ ရောက်လာသည်နှင့် အေးစက်စက် အမူအရာဖြင့် လိုဏ်ဂူတစ်လုံးဆီသို့ လျှောက်သွားကြ၏။

ထို့နောက် ခေါင်းဆောင်အမျိုးသမီးက သူ့အဖွဲ့သားများဘက်သို့ လှည့်၍ မေးလိုက်၏ “ဒီနေရာလား”

“ဟုတ်ပါတယ်”

ထိုအခါ ခေါင်းဆောင်အမျိုးသမီးက ခေါင်းညိတ်၍ ရုတ်တရက် အော်ပြောလိုက်လေသည် “အပြင်ကျွန်းတပည့် ချင်းယ ထွက်လာစမ်း”

အသံသည် သိပ်မကျယ်သော်လည်း ခပ်ဝေးဝေးတွင် ရှိနေသူ အားလုံး သေချာကြားလိုက်ကြရသည်။

ထိုစကားကို ကြားလိုက်ချိန် ရန်ကိုင်မျက်နှာ ဝင်းသွား၏။ အစပိုင်းတွင်း ချင်းယ၏ လိုဏ်ဂူအား မည်ကဲ့သို့ ရှာလျှင် ကောင်းမည်လဲ ဆိုသည်နှင့် ပက်သက်၍ အကြံအိုက်နေသော်ငြား တစ်ယောက်ယောက်သည် သူ့အစား ချင်းယ၏ လိုဏ်ဂူကို ရှာပေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သို့သော်လည်း… ထိုအဖွဲ့သည် ချင်းယဆီသို့ ကောင်းသော လာခြင်းနှင့် လာပုံမရ။ သူ့စိတ်ထဲ သင်္ကာမကင်း ဖြစ်သွားသော်ငြား ချက်ချင်း ကိုယ်ထင် မပြသေးဘဲ ပုန်းကွယ်၍သာ ဆက်၍ စောင့်ကြည့်နေလိုက်သည်။

ခေါင်းဆောင် အမျိုးသမီးမှ အော်ခေါ်လိုက်ပြီး မကြာမီတွင် ချင်းယ သူ့အခန်းထဲမှ ထွက်လာခဲ့သည်။ သို့သော်လည်း သူမ မျက်နှာမှာ ဒဏ်ရာရထားသည့်အလား ဖြူလျော်လျော် ဖြစ်နေခဲ့သည်။

သူနှင့် ရေခဲသန့်စင်ကျွန်းဆီသို့ ပြန်လာစဉ်က ချင်းယ အကောင်းကြီး ရှိပေသေးသည်။ သို့သော် ရုတ်တရက်ကြီး မည်ကဲ့သို့ ဒဏ်ရာရသွားရသနည်။ သူမ ရထားသည့် ဒဏ်ရာမှာလည်း ကျင့်ကြံရင်း မတော်တဆ ဒဏ်ရာရသွားသည်နှင့် မတူဘဲ တစ်ယောက်ယောက်နှင့် တိုက်ခိုက်ပြီးမှ ရထားသည့် ဒဏ်ရာနှင့် တူနေသည်။

ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။

သူမလိုဏ်ဂူရှေ့ရှိ အမျိုးသမီး၏ မျက်နှာကို မြင်လိုက်သည်နှင့် ချင်းယ၏ ဖြူလျော်နေသည့် မျက်နှာမှာ ယခင်ထက် ပို၍ ဖြူလျော်သွားခဲ့ရလေသည်။

“စီနီယာအစ်မ ပင်းတျယ်ပါလား၊ ဘာကိစ္စများ ရှိလို့လဲမသိဘူး” ချင်းယသည် အတတ်နိုင်ဆုံး စိတ်ငြိမ်အောင်ထားရင်း မေးလိုက်၏။ သို့သော်လည်း ကတုန်ကရင် ဖြစ်နေသော သူမ၏ လေသံသည် သူမ အတော်လေးကို စိုးရိမ်ပူပန်နေကြောင်း ပြသနေခဲ့သည်။

ပင်းတျယ်၏ အော်သံကြောင့် လိုဏ်ဂူထဲမှ ဘာတွေဖြစ်နေမှန်း သိချင်စိတ်ကြောင့် အပြင်သို့ ထွက်လာကြသော ရေခဲနှလုံးသား တောင်ကြားမှ တပည့်များအားလုံး ပင်းတျယ်၏ မျက်နှာကို မြင်လိုက်သည့်အခိုက် ချက်ချင်း တုန်လှုပ်သွားကုန်ကြလေသည်။

“စည်းကမ်းထိန်းသိမ်းရေးခန်းမက စီနီယာအစ်မ ပင်းတျယ်ပါလား။ သူဘာလို့ ဂျူနီယာညီမ ချင်းယကို ရှာနေတာလဲ”

“ဂျူနီယာညီမချင်းယ အမှားတစ်ခုခု လုပ်လိုက်လို့များလား”

“ဒါပေမယ့် ဂျူနီယာညီမချင်းယက ဂိုဏ်းကပေးတဲ့ တာဝန်တွေကို အမြဲ ကျေကျေပွန်ပွန် လုပ်ခဲ့တာပဲမလား။ သူစည်းကမ်း ဖောက်တယ် ဆိုတဲ့အကြောင်းလည်း ငါတစ်ခါမှ မကြားဖူးဘူး”

“အဲ့လိုမျိုးတော့ မဟုတ်သေးဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက အတွင်းကျွန်းက စီနီယာအစ်မတစ်ယောက် ပြောတာ ကြားတာတော့ ဂျူနီယာညီမ ချင်းယက အကြီးအကဲချုပ်ကို အရမ်း ဒေါသထွက်သွားအောင် လုပ်ခဲ့တယ်တဲ့”

“ငါလည်းကြားတယ်။ အဲ့တုန်းက စီနီယာအစ်မ ကျိုးယွမ်ရွှမ်ကိုယ်တိုင် ချင်းယကို တိုက်ခိုက်ခဲ့တာ”

“မဖြစ်နိုင်ဘူး။ ဂျူနီယာညီမချင်းယက စုယန်နဲ့ ရင်းနှီးတဲ့လူလေ။ စုယန်နဲ့ ရင်းနှီးတဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး စီနီယာအစ်မ ကျိုးယွမ်ရွှမ်က သွားတိုက်ခိုက်ရဲတာလဲ”

……

အခန်းအသီးသီးမှ ထွက်လာကြသည့် တပည့်များကြား ဆူညံသံတို့ တောက်လျှောက် ထွက်ပေါ်လာခဲ့လေသည်။

ပင်းတျယ်ဆိုသည့် အမျိုးသမီးသည် ချင်းယကိုသာ စိုက်ကြည့်နေပြီးနောက် လေသံတိုးတိုးဖြင့် အော်ပြောလိုက်၏ “ချင်းယ၊ ရေခဲနှလုံးသားတောင်ကြားက နင့်အပေါ် ကောင်းခဲ့တာတောင် နင်က အပြင်လူတွေနဲ့ ပေါင်းပြီး ရေခဲနှလုံးသားတောင်ကြားရဲ့ အုတ်မြစ်ကို ယိမ်းယိုင်အောင် လုပ်ရဲတယ်။ အကြီးအကဲကောင်စီရဲ့ အမိန့်အရ အခုအချိန်ကနေ နင့်ကို ရေခဲနှလုံးသားတောင်ကြားကနေ ဖယ်ထုတ်လိုက်ပြီး။ နင့်ကျင့်ကြံခြင်းကိုလည်း တစ်ခါတည်း ဖျက်စီးပစ်ရမယ်။ ရေခဲသန့်စင်ကျွန်းပေါ်ကို နင်နောက်တစ်ကြိမ် ခြေချခွင့် မရှိတော့ဘူး”

ပင်းတျယ်၏ စကားကို ကြားလိုက်သည့်အခိုက် တပည့်များကြား ပွတ်လောရိုက်ကုန်ကြလေသည်။ အကုန်လုံး သူတို့၏ ပါးစပ်များကို အလန့်တကြား အမူအရာများဖြင့် အုပ်၍ ချင်းယအား မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

ကျင့်ကြံခြင်းအား ဖျက်စီးပြီး ဂိုဏ်းမှ ထုတ်ပယ်ခြင်းသည် အကြီးမားဆုံး အပြစ်ဒဏ်ဖြစ်သည်။ ထိုအပြစ်ဒဏ်သည် သေဒဏ် ပေးခံရခြင်းထက်ပင် ပို၍ ဆိုးရွားသေးသည်။

ချင်းယ၏ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရီသွားပြီး ဖြူလျော်နေသော သူမ၏မျက်နှာ ပို၍ ဖြူလျော်သွားခဲ့သည်။ ထို့နောက် တုန်တုန်ရီရီဖြင့် ပြန်အော်မေးလိုက်လေသည် “စီနီယာအစ်မပင်းတျယ် ဘာပြောချင်နေတာလဲ”

အပြင်လူများနှင့် ပူးပေါင်းပြီး ဂိုဏ်း၏ အုတ်မြစ်ကို ယိုင်နဲ့အောင် ကြိုးစားခြင်းသည် အလွန်ကိုမှ ကြီးလေးသည့် ပြစ်မှုဖြစ်သည်။ ဂိုဏ်းကို ထိခိုက်စေမည့် အလုပ်မျိုး သူမ တစ်ခါမှ မလုပ်ခဲ့ဖူးပေ။ လွန်ခဲ့သော ရက်ပိုင်းခန့်က ရန်ကိုင်ကို ပြန်ခေါ်လာနိုင်ခဲ့သည့် အတွက် တောင်ကြားသခင် ချီးကျူးသည်ကိုပင် ခံခဲ့ရသေးသည်။ ယခုကျမှ ရုတ်တရက်ကြီး ဘာကြောင့် ဤကဲ့သို့မျိုး ဖြစ်ကုန်ရလေသနည်း။

“နင့်အပြစ် နင်အသိဆုံးပဲ” ပင်းတျယ်သည် ချင်းယအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်၍ “နင့်ဘာသာလုပ်မလား၊ ငါကိုယ်တိုင် လုပ်ရမလား။ ငါကြိုပြောထားလိုက်မယ်။ နင့်ဘာသာ လုပ်ရင် အေးအေးဆေးဆေးနဲ့ ပြီးသွားလိမ့်မယ်။ ငါကိုယ်တိုင် လုပ်ရမယ်ဆိုရင်တော့ ငါလုံးဝ ညှာတာနေမှာ မဟုတ်ဘူးနော်”

“စီနီယာအစ်မ ပင်းတျယ်” ချင်းယသည် အံကြိတ်၍ ကြောက်လန့်နေသည့် လေသံဖြင့် ပြန်ပြောလိုက်၏ “ဂျူနီယာညီမ ဂိုဏ်းကို ထိခိုက်အောင် တစ်ခါမှ မလုပ်ဖူးဘူး။ အပြင်လူတွေနဲ့ ပေါင်းပြီး ဂိုဏ်းရဲ့ အုတ်မြစ်ကို ယိုင်နဲ့အောင်လုပ်ဖို့ဆို ပိုဝေးသေး။ အခုလို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ကို ဂျူနီယာ လက်မခံဘူး။ အကြီးအကွဲတွေနဲ့ ဂျူနီယာညီမ တွေ့ချင်တယ်”

အလကားသက်သက် လာစွပ်စွဲ အပြစ်တင်နေသည်ကို ချင်းယ ငြိမ်ခံနေလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း နည်းနည်းပါးပါး စဉ်းစားကြည့်လိုက်ပြီးနောက် ဘာကြောင့် ဤကဲ့သို့ ဖြစ်နေရသလဲ ဆိုသည်ကို အကြမ်းဖျင်း နားလည်သွားခဲ့လေသည်။

ရန်ကိုင်သည် ရေခဲသန့်စင်ကျွန်းသို့ သူမကြောင့် ရောက်လာခဲ့ရ၏။

ဂိုဏ်း၏ အုတ်မြစ်ကို ယိုင်နဲ့အောင် လုပ်သည်ဆိုသည်မှာ ရှင်းရှင်း ပြောရလျှင် စုယန်၏ ကျင့်ကြံခြင်း မတည်မငြိမ် ဖြစ်သွားခြင်းကို ဆိုလိုပေသည်။ ရန်ယွင်ထင်သည် စုယန်အား ရေခဲနှလုံးသား တောင်ကြား၏ အနာဂတ် ထောက်တိုင်အဖြစ် မှတ်ယူထား၏။ စုယန်၏ ကျင့်ကြံခြင်း၏ ယိုင်နဲ့သွားရခြင်းမှာ ရေခဲနှလုံးသား တောင်ကြား၏ အနာဂတ်အုတ်မြစ် ယိုင်နဲ့သွားခြင်းကို ဆိုလိုသည်။

သို့သော်လည်း အခြားတစ်ဖက်မှ ကြည့်ပြန်လျှင်လည်း သူမအပေါ် ယခုကဲ့သို့ လုပ်ရခြင်းတွင် အခြားအကြောင်းအရင်းတစ်ခု ရှိပြန်၏။

စည်းကမ်းထိန်းသိမ်းရေး ခန်းမကို ဤနေရာသို့ လွှတ်လိုက်သူမှာ အကြီးအကဲချုပ် ရန်ယွင်ထင်သာ ဖြစ်လောက်သည်။

“နင်ဒီနေ့ ဘယ်အကြီးအကဲကိုမှ တွေ့ရမှာ မဟုတ်ဘူး။ ဒီနေ့ ဆုံးဖြတ်ချက် ချပိုင်ခွင့်က ငါ့လက်ထဲမှာပဲ ရှိတယ်” ပင်းတျယ်သည် ချင်းယကိုသာ အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခိုက် ချင်းယမျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့သည်။

သူမသည် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ဖြစ်လေရာ ပင်းတျယ်ကို မည်ကဲ့သို့ နိုင်မည်နည်း။

ရေခဲနှလုံးသားတောင်ကြားသို့ ဝင်လာစဉ်က သူမတို့၏ဘဝ ခက်ခဲနေချိန်တွင် ရန်ယွင်ထင်ကို တွေ့ခဲ့လိုက်ရသည့်အတွက် သူမ အလွန် ဝမ်းသာခဲ့ရသည်။ ထို့ကြောင့် ဂိုဏ်းထဲသို့ ရောက်လာပြီး နောက်ပိုင်း ဂိုဏ်းမှ ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ပေးခဲ့သည်။

စုယန်၏ အဆင့်အတန်းကို သုံးပြီးတော့လည်း အချောင်ခို၊ ရေသာခိုခြင်းများ မပြုလုပ်ခဲ့ဘဲ သူမဘာသာ ကြိုးစားသည်။

သူမကိုယ်ပိုင် အရည်အချင်းကို အသုံးချပြီး ပိုပို၍ သန်မာလာအောင် ကြိုးစားသည်။ စုယန်ကို အမှီမလိုက်နိုင်လျှင်ပင် သူမကိုယ်သူမ အရှက်မရအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားသည်။ မည်သို့ပင်ဖြစ်စေ သူတို့ နှစ်ဦးစလုံးသည် တစ်မြေထဲ၊ တစ်ရေထဲမှာ လာခြင်းပင် မဟုတ်လေလော။ သို့ရာတွင် စုယန်၏ ကျင့်ကြံခြင်းမှာ သူမအား အပြတ်အသတ်ကို ကျော်လွန်နေခဲ့လေပြီ။

လွန်ခဲ့သော ရက်ပိုင်းခန့်က ရန်ယွင်ထင်သည် သူမအား ဆူပူ အပြစ်တင်ပြီး စီနီယာအစ်မ ကျိုးယွင်ရွှမ်းကို သူမအား တိုက်ခိုက်ခိုင်းခဲ့သည်။ သို့တိုင် ချင်းယသည် ပြစ်တင်စကား တစ်ခွန်းပင် ပြန်မပြောဘဲ အပြင်ကျွန်းသို့ တိတ်တိတ်လေး ပြန်လာပြီး သူမဒဏ်ရာကို ကုသနေခဲ့သည်။

သို့သော်လည်း ယနေ့ သူမအား စွဲချက်တင်ထားသည် ပြစ်မှုကို ကြားပြီးနောက် မိုးကြိုးတစ်စင်း ပစ်ချခံလိုက်ရသလို ချင်းယ ခံစားလိုက်ရသည်။

အကြီးအကဲချုပ်သည် သူမအား သတ်ရန် ကြိုးစားနေခဲ့သည်။

သူမသည် ဘာအဆင့်အတန်းမှ မရှိသည် အပြင်ကျွန်းမှ တပည့်လေး တစ်ယောက်သာ ဖြစ်သော်ငြား ရန်ကိုင်နှင့် သိနေသည့် အတွက် အကြီးအကဲချုပ်သည် သူမအား သတ်ရန် လုပ်ခဲ့သည်။ ထို့အပြင် ဤကဲ့သို့ပင် ဘာမဆိုင်ညာမဆိုင် ပြစ်မှုများဖြင့် စွဲချက်တင်ပြီး သတ်ရန်လုပ်ခြင်း ဖြစ်သည်။

အပြင်လူများနှင့် ပူးပေါင်းခြင်း… ရေခဲနှလုံးသားတောင်ကြား၏ အုတ်မြစ်ကို ယိုင်နဲ့အောင် လုပ်ခြင်း…

ချင်းယသည် ဆံပင်ကို သူမ၏ နားသယ်နောက်သို့ သပ်တင်လိုက်ပြီး ပင်းတျယ်အား ဦးညွှတ်၍ ပြောလိုက်သည် “စီနီယာအစ်မပင်းတျယ်၊ ဂျူနီယာညီမ တောင်းဆိုစရာ တစ်ခု ရှိတယ်”

ပင်းတျယ် မျက်မှောင်ကြုတ်သွားခဲ့သော်ငြား ခေါင်းညိတ်လိုက်၏

“ပြော”

“ကျေးဇူးပြုပြီး ဒီနေ့ကိစ္စကို စုယန်ကို သွားမပြောပါနဲ့။ ကျွန်မ အကြောင်း မေးရင် ကျွန်မ အပြင်သွားနေတယ်လို့သာ ပြောလိုက်ပါ”

“စုယန်ကို သွားတွေးပူမနေနဲ့။ အကြီးအကဲချုပ် သူ့ဘာသာ ရှင်းပြပေးလိုက်လိမ့်မယ်” ပင်းတျယ်က လှောင်ပြောင်လိုက်၏ “စုယန်နာမည် ပြောရုံနဲ့ ဒီနေ့ အပြစ်ကနေ လွတ်မယ်လို့ ထင်နေတာလား။ စုယန်ဆိုရင်တောင် စည်းကမ်းထိန်းသိမ်းရေး ခန်းမက ဒီအတိုင်းပဲ ဆက်ဆံမှာ။ နင်ဘာပြောပြော ဒီနေ့ အပြစ်က လွတ်မှာ မဟုတ်ဘူး”

ချင်းယသည် စုယန်နာမည်ကို သုံးပြီး သူမအား ပြန်ဆုတ်အောင် တွန်းအားပေးလိုခြင်း ဖြစ်သည်ဟု ပင်းတျယ် ထင်နေခြင်း ဖြစ်သည်။

“ဂျူနီယာညီမလည်း အဲ့လိုလုပ်ဖို့ မစဉ်းစားထားပါဘူး” ချင်းယ ခါးသက်စွာ ပြုံးလိုက်သည်။

“နင့်အချိန်ပြည့်သွားပြီ၊ အခု နင်ဆုံးဖြတ်တော့”

“စီနီယာအစ်မပဲ လုပ်လိုက်ပါ” ချင်းယ ဖြည်းဖြည်းချင်း မျက်လုံး ပိတ်လိုက်သည်။

သူမ ခက်ခက်ခဲခဲ ကြိုးစားထားခဲ့ရသမျှကို သူမကိုယ်တိုင် ပြန်ပြီး မဖျက်စီးပစ်ချင်ပေ။

ပင်းတျယ်မျက်လုံးထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ချင်းယအား ရိုက်ချလိုက်သည်။

မရေမတွက်နိုင်သော ရေခဲနှလုံးသားတောင်ကြား၏ တပည့်များဆီမှ အလန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

“ဟန်” ရုတ်တရက် ပင်းတျယ် အလန့်တကြား အော်လိုက်၏။

သူမလက်ဝါး ချင်းယအား ထိခါနီးတွင် ချင်းယရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသည်ကို သူမ မြင်လိုက်ရသည်။ ထိုပုံရိပ်သည် သူ့လက်ကို အသာမြှောက်၍ သူမအား တွန်းထုတ်လိုက်၏။

တစ်ချိန်တည်းတွင် အလွန်ပြင်းထန်သည့် အားတစ်ရပ် သူမ၏ ရင်ဝသို့ လာဆောင့်မှန်လေသည်။ ပင်းတျယ် မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားပြီး ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် သွေးအပွက်ပွက် အန်ထွက်ရင်း နောက်သို့ လွင့်စင်ထွက်သွားလေသည်။

ပင်းတျယ်၏ ခန္ဓာကိုယ်သည် မီတာပေါင်းများစွာ လွင့်ထွက်သွားပြီး မြေပြင်နှင့် လေးငါးခါလောက် ဆောင့်ရိုက်ပြီးနောက်မှ ရပ်တန့်သွားခဲ့၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၄၄)

ဗြုန်းစားကြီး ဖြစ်သွားသဖြင့် အကုန်လုံး ကြောင်နေခဲ့ကြသည်။

ခဏအကြာမှပဲ စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ တပည့်များ အသိပြန်ဝင်လာကြပြီး အော်မေးလိုက်ကြလေသည် “ဘယ်သူလဲ”

သူမ လှည့်ကြည့်လိုက်သည့်အခိုက် ရန်ကိုင်ကို မြင်လိုက်ရသည်။ သို့သော်လည်း ရန်ကိုင် မျက်နှာကို မြင်ပြီးနောက် ထိုအမျိုးသမီး မှင်သက်သွားခဲ့လေသည်။

“ယောကျာ်းတစ်ယောက်လား”

“ငါတို့ ရေခဲသန့်စင်ကျွန်းထဲကို ဘယ်တုန်းက ယောကျာ်းတွေ ဝင်ခွင့်ရသွားတာလဲ”

“အဲ့လူ ဘယ်ကရောက်လာတာလဲ။ စီနီယာအစ်မပင်းတျယ်ကို သူရိုက်သွားတာ တစ်ချက်တည်းပဲ”

“ဟဲ့၊ အဲ့လူက ငါတို့ ရှာနေတဲ့လူ မဟုတ်ဘူးလား။ သူ့ကို ရှာတွေ့ထားပြီပြီလား။ ဒါကြောင့် အကြီးအကဲတွေ ငါတို့ကို ပြန်ခေါ်တာကိုး၊ အခုမှပဲ ငါနားလည်တော့တယ်”

……

ရေခဲနှလုံးသားတောင်ကြားမှ တပည့်များသည် ရန်ကိုင်အား အထူးအဆန်း တစ်တစ်ခုခုကို ကြည့်နေသလို ကြည့်နေကြသည်။ ရန်ကိုင်သည် သူတို့ ရှာနေသည့်လူမှန်း သိလိုက်ပြီးနောက်တွင် အကုန်လုံး စိတ်လှုပ်ရှားလာကြကုန်လေသည်။

ထိုလူကို တစ်နှစ်လုံးနီးပါး သူတို့ လိုက်ရှာခဲ့ရသည်။ ထိုလူကို လိုက်ရှာရင်း သူတို့၏ ညီအစ်မများစွာလည်း သေဆုံးခဲ့ရသည်။ ထိုလူ ဘာတွေများ ထူးခြားနေလို့များ အကြီးအကဲကောင်စီသည် ဂိုဏ်းထဲရှိ တပည့်များစွာကို ထိုလူအား ရှာထွက်ခိုင်းရသလဲ ဆိုသည်ကို သူတို့အားလုံး သိချင်နေမိကြသည်။

သို့သော်လည်း သူတို့ မည်သို့ပင် ကြည့်နေစေကာမူ မည်သည့် သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။ ရန်ကိုင်သည် အေးစက်စက် အမူအရာဖြင့် ချင်းယရှေ့တွင် တောင်တစ်လုံးနှယ် မားမားမတ်မတ် ရပ်နေခဲ့သည်။

ရန်ကိုင်၏ လုပ်ရပ်ကြောင့် ရန်ကိုင်နှင့် ချင်းယ မည်ကဲ့သို့များ ပက်သက်နေကြသလဲ ဟူ၍ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ အတွေးများမိသွားကုန်ကြလေသည်။

သူမ စောင့်မျှော်နေသည့် နာကျင်မှုက ရောက်မလာခဲ့ဘဲ ပင်းတျယ်၏ အော်ဟစ်သံကိုသာ ကြားလိုက်ရသဖြင့် ဘာတွေများ ဖြစ်နေသလဲဟု မျက်လုံး ဖွင့်ကြည့်လိုက်သည့်အခိုက် ရန်ကိုင်ကို မြင်လိုက်ရသဖြင့် ချင်းယ ကြောင်သွားခဲ့ရလေသည်။

“နင်ဒီမှာ ဘာလာလုပ်နေတာလဲ” ချင်းယက အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်လေသည်။

“နင်နဲ့ စကားပြောဖို့ နင့်ကို လာရှာတာ။ ဒီလိုတွေ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး” ရန်ကိုင်က ချင်းယဘက်သို့ လှည့်၍ စိုးရိမ်နေသည့် လေသံဖြင့် “နင်အဆင်ပြေရဲ့လား”

ချင်းယက ခေါင်းခါလိုက်ပြီး ခါးသက်စွာပြုံးလျက် “ဘာမှ ဒီလောက် မဟုတ်ဘူး”

“နင့်ကို ဘယ်သူ ဒဏ်ရာရအောင် လုပ်လိုက်တာလဲ”

ချင်းယသည် သူမ နှုတ်ခမ်းကိုသာကိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်လည်း ဘာမှ ပြောမနေတော့ဘဲ သက်ပြင်းချ၍သာ ဆေးပုလင်းတစ်ပုလင်းကို ထုတ်ပေးပြီး ပြောလိုက်သည် “ဒါကို သောက်ပြီး နင်ဒဏ်ရာတွေကို ကုထားလိုက်”

ချင်းယသည် ဆေးပုလင်းကို ယူထားလိုက်သော်ငြား ဆေးလုံးကို ချက်ချင်း ဖွင့်မသောက်သေးဘဲ အဝေးတစ်နေရာတွင် လဲကျနေသော ပင်းတျယ်ကိုသာ ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။

လူအများရှေ့တွင် ရန်ကိုင်၏ လက်ဝါးစား မိသွားသည့်အတွက် ပင်းတျယ် အတော်လေး ရှက်သွားခဲ့သည်။ သို့သော် ရန်ကိုင်၏ လက်ဝါးချက်သည် သူမအား ကြီးကြီးမားမား ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပေ။ ရန်ကိုင် သူ့ခွန်အားကို ထိန်းထားသည့် အတွက်ကြောင့်လည်း ပါပေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်၏ လက်ဝါးချက် အရိုက်ခံလိုက်ရပြီးနောက် ပင်းတျယ် အသက်ရှင်နေလျှင်ပင် ကံကောင်းနေလေပြီ။

ဤနေရာသည် စုယန်နေထိုင်သည့် ရေခဲနှလုံးသားတောင်ကြား ဖြစ်သဖြင့် ပြဿနာ ကြီးကြီးမားမား မရှာချင်သည့် အတွက်ကြောင့် ရန်ကိုင် သူ့လက်ဆကို ထိန်းထားခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်နှင့် ချင်းယ ပြောနေသည်ကို ကြားပြီးနောက် ပင်းတျယ်၏ အေးစက်စက် အမူအရာဖြင့် ထလာပြီး နှုတ်ခမ်းထောင့်ရှိ သွေးကို သုတ်လျက် လှောင်ပြောင်ပြောဆိုလိုက်လေသည် “ကုဖို့၊ သူ့ကို ကုချင်နေတာလား။ အကြီးအကဲတစ်ယောက်ရဲ့ အမိန့်ကို ဖီဆန်တယ်၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့သားကိုလည်း ဒဏ်ရာရအောင် တိုက်ခိုက်တယ်။ အဲ့ဒါတွေ လုပ်ပြီးတာတောင် အသက်ရှင်ချင်သေးတယ် ဆိုရင်တော့ အိမ်မက်သာ မက်နေလိုက် ချင်းယ”

ချင်းယ၏ ခန္ဓာကိုယ်လေး တုန်ရီသွားပြီး လက်သီးကို တင်းတင်းလေး ဆုပ်လိုက်သည်။

ရန်ကိုင်သည် ပင်းတျယ်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ ပြောလိုက်၏ “နင့်ကို ဒဏ်ရာရအောင် တိုက်ခိုက်တာ ငါလေ၊ ချင်းယကို ဘာလို့ သွားအပြစ်တင်နေတာလဲ”

“နင်လည်း မလွတ်ဘူး။ နင်ဘယ်သူဖြစ်ဖြစ်၊ ရေခဲသန့်စင်ကျွန်းထဲ လာပြီး ရမ်းကားရဲမှတော့ သေဖို့သာ ပြင်ထားပေတော့… ချင်းယလည်း သေရမယ်။ အပြင်လူတွေနဲ့ ပူးပေါင်းရုံတင် မဟုတ်ဘဲ ယောကျာ်း တစ်ယောက်ကိုပါ ရေခဲသန့်စင်ကျွန်းထဲ ခေါ်လာသေးတယ်။ ရေခဲနှလုံးသားတောင်ကြားရဲ့ ဂုဏ်သတင်းကို နင်ဖျက်စီးချင်နေတာလား။ ယောကျာ်းတစ်ယောက်ကို ဂိုဏ်းထဲ ခေါ်လာပြီး နင်ဘာလုပ်ချင်နေတာလဲ”

ချင်းယက တုန်တုန်ရီရီဖြင့် ပင်းတျယ်အား စိုက်ကြည့်ရင်း တုန်ရီနေသည့် လေသံဖြင့် ပြန်ပြောလိုက်သည် “စီနီယာအစ်မ၊ အဲ့လိုတော့ လာမစွပ်စွဲနဲ့။ ရန်ကိုင်နဲ့ ကျွန်မကြားမှာ အဲ့လို ဆက်ဆံရေးမျိုး မရှိဘူး။ ရေခဲနှလုံးသားတောင်ကြားရဲ့ ဂုဏ်သတင်း ပျက်ပြားအောင်လည်း တစ်ခါမှ မလုပ်ဖူးဘူး။ ရန်ကိုင် ဒီမှာ ရှိနေတာက…”

“နင့်ပါးစပ်ကို ပိတ်းထားလိုက်။ နင့်မှာ ဘာမှ ပြန်ပြောခွင့်မှ မရှိဘူး” ပင်းတျယ်က အံကြိတ်၍ ချင်းယအား စိုက်ကြည့်ရင်း ဆက်ပြောလိုက်၏ “သူ့ကို ဒီလောက် ရင်းရင်းနှီးနှီး ခေါ်နေတာ နင်နဲ့သူ့ကြားမှာ ဘာဆက်ဆံရေးမှ မရှိဘူးလို့ နင်ဘယ်လို ပြောရဲတာလဲ”

စောင့်ကြည့်နေသည့် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ၏ အမူအရာများလည်း ထူးဆန်းကုန်ကြလေသည်။

ရန်ကိုင်နှင့် ချင်းယသည် စကားလေး နည်းနည်းသာ ပြောခဲ့သော်ငြား သူတို့ စကားပြောသွားသည့်ပုံအရ ရန်ကိုင်နှင့် ချင်းယသည် အတော်လေး ရင်းနှီးကြမှန်း ပြောနိုင်ပေသည်။

ချင်းယက ဝမ်းနည်းနေသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည် “စီနီယာအစ်မ၊ နင်ငါ့ကို သတ်ချင်ရင် သတ်လိုက်ရတယ်။ ဒါပေမယ့် အဲ့လိုတော့ လာမစော်ကားနဲ့။ ရေခဲနှလုံးသား တောင်ကြားထဲကို ဝင်လာပြီးကတည်း ဂိုဏ်းကို အရှက်ရအောင် ငါတစ်ခါမှ မလုပ်ဖူးဘူး”

ထို့အပြင် ဤကိစ္စသည် ရန်ကိုင်နှင့်ပါ ပက်သက်နေသည်။ ရန်ကိုင်သည် စုယန်၏ လူတစ်ယောက် ဖြစ်သည့်အတွက် ချင်းယ မည်သို့ပင် မစဉ်းစားနိုင် ဖြစ်နေပါစေ ရန်ကိုင်နှင့် သူမကြား ထိုကဲ့သို့ ဆက်ဆံရေးမျိုး လုံးဝ ဖြစ်စေ၍တော့ မဖြစ်ပါချေ။

“နင်ဘာမှ မလုပ်ဘူးဟုတ်လား” ပင်းတျယ်သည် ချင်းယအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ “ဒီလူကို ဂိုဏ်းထဲ ခိုးပြီး ခေါ်လာတာက ဂိုဏ်းကို အရှက်ရအောင် လုပ်တာ မဟုတ်ဘူးပေါ့”

“ကျွန်မ အဲ့လိုမလုပ်ဘူး” ချင်းယက ပြန်ပြောလိုက်သည်။

“သူတော်ကောင်းယောင် လာဆောင်မနေနဲ့” ပင်းတျယ်က ပြန်ပြောလိုက်သည် “နင့်ကြောင့်သာ မဟုတ်ရင် သူဒီကို ဘယ်လိုလုပ်ပြီး အချိန်ကိုက် ရောက်လာနိုင်မှာလဲ”

ချင်းယသည် ပါးစပ်ဟပြီး တစ်ခုခုပြောရန် လုပ်လိုက်သော်ငြား သူမ ပါးစပ်ထဲမှ မည်သည့်စကားလုံးမှ ထွက်မလာနိုင်ခဲ့ပေ။

“ခင်ဗျားမှာ သူများကို စွပ်စွဲဖို့ အကြောင်းပြချက်တွေ မျိုးစုံ ရှိနေပါလား” ရန်ကိုင်၏ စိတ်ပျက်သွားသည့် မူအရာဖြင့် “ချင်းယ၊ ဒီနေရာက ခင်ဗျားကို မလိုချင်မှတော့ ခင်ဗျားလည်း ဒီမှာ ဆက်နေစရာ မလိုတော့ဘူး”

ပြောပြီးသည့်နောက် သက်ပြင်းချ၍ ဆက်ပြောလိုက်လေသည် “အစကတော့ စုယန်လည်း ဒီမှာ အဆင်ပြေနေလိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့် တကယ် မထင်ထားခဲ့ဘူး။ ဒီနေရာက အပေါ်ယံ ရှင်းသန့်သလောက် အတွင်းပိုင်းတစ်ခုလုံးက ဒီလောက် ညစ်ပတ်နေလိမ့်မယ်လို့ မထင်ထားဘူး။ စုယန်ကိုလည်း ဒီမှာ ဆက်ထားလို့ မဖြစ်တော့ဘူး။ မဟုတ်ရင် သူ့ရဲ့ သန့်စင်းတဲ့ ဝိဥာဉ်လေး ညစ်ထေးသွားနိုင်တယ်”

စုယန်… ထိုလူတကယ်ကြီး စုယန်ကို သိနေသည်လား။

ထို့အပြင် ထိုလူသည်… စုယန်ကိုပါ ခေါ်သွားချင်သည်ဟု ပြောလိုက်သလား။

သူအိပ်နေရင်း ယောင်နေခြင်းများလား။

ယောကျာ်းများသည် ထိုကဲ့သို့ မဟုတ်တုတ်က စကားများကိုသာ ပြောတတ်သည့် တိရစ္ဆာန်များလေလား။

အမျိုးသမီးများစွာသည် ရန်ကိုင်အား ထူးထူးဆန်းဆန်း အမူအရာဖြင့် စိုက်ကြည့်လိုက်ကြလေသည်။ ထိုလူသည် စုယန်၏ အလှထဲ နစ်မြောသွားသည့် ယောကျာ်းတစ်ဦးများ ဖြစ်နေမလား။

စုယန်သည် ဂိုဏ်းထဲသို့ ဝင်လာသည့် အချိန်မှစ၍ အပြင်သို့ အကြိမ် အနည်းငယ်လောက်သာ ထွက်ဖူးသော်ငြား သူမ၏ ရုပ်ရည်နှင့် ပက်သက်သည့် ဂုဏ်သတင်းမှာတော့ လှိုင်းနီကြယ် တစ်ခုလုံး အလွန်ကိုမှ ကျော်ကြားပေသည်။ မီးတောက်ဂိုဏ်းချုပ်၏ သားဖြစ်သော ဝေဖုန်းသည် စုယန်အား တစ်ကြိမ်မြင်ပြီးသည့်နောက်တွင် သူမအား လုံးဝ မမေ့နိုင်အောင် ဖြစ်သွားခဲ့လေသည်။

လွန်ခဲ့သော နှစ်များစွာအတွင်း အမျိုးမျိုးသော အင်အားစုကြီးများမှ မရေမတွက်နိုင်သော လူများသည် သူတို့၏ လူငယ် ပါရမီရှင်များကို ခေါ်လာပြီး စုယန်အား လာရောက် တင်တောင်းကြသည်။ သို့သော်လည်း ထိုလူများ မည်မျှပင် တော်နေကြပါစေ အကုန်လုံး အငြင်းခံရသည်ချည်းသာ။

စုယန်သည် ရေခဲနှလုံးသားတောင်ကြား၏ အနာဂတ်ထောက်တိုင် ဖြစ်လေရာ သူမအား အခြားတစ်ယောက်နဲ့ မည်ကဲ့သို့များ လက်ထပ်ခွင့် ပေးနိုင်မည်နည်း။

မဟာအကြီးအကဲသည်ပင် စုယန်အား အလွန်ကို မျှော်လင့်ထားသည့်အတွက် သူမ ကိုယ်တိုင်ပင် စုယန်အား ရံဖန်ရံခါ သင်ကြားပြသပေးသည်ဟု ကောလဟာများ ထွက်ခဲ့ဖူးသေးသည်။

ဤသည်မှာ စုယန်အတွက် အလွန် ဂုဏ်ယူစရာ ဖြစ်ပေသည်။ ရေခဲနှလုံးသားတောင်ကြားထဲတွင် ပုံမှန်အားဖြင့် တပည့်များ မဆိုထားနှင့် အကြီးအကဲတိုင်းပင် မဟာအကြီးအကဲအား တွေ့ခွင့် မရကြဘဲ အကြီးအကဲချုပ်နှင့် တောင်ကြားသခင်သည်သာ မဟာအကြီးအကဲနှင့် တွေ့ခွင့်ရှိကြပေသည်။

စုယန်သည် သစ်ကိုင်းပေါ်တွင် နားနေသည့် ဖီးနစ်ငှက်တစ်ကောင်နှင့် အလကား သဏ္ဍာန်တူချိန် လှိုင်းနီကြယ်ပေါ်ရှိ ယောကျာ်းအားလုံးမှာ မြေပြင်ထက် ရွစိရွစိဖြင့် သွားနေကြသည့် ပိုးကောင်များနှင့် အလားသဏ္ဍာန် တူပေသည်။

မည်သူမှ သူမနှင့် မထိုက်တန်ကြချေ။

ရန်ကိုင်၏ စကားသည် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များဆီမှ နားလည်မှုလွဲမှားမှုများစွာကို ဖြစ်စေခဲ့သည်။ ရန်ကိုင်သည် ဝေးဖုန်းကဲ့သို့ပင် စုယန်၏ အလှထဲ နစ်မြောသွားသည့် လူတစ်ယောက် ဖြစ်လိမ့်မည်ဟု အကုန်လုံး ထင်သွားကြသည်။

“နင်က စုယန်ကို ခေါ်သွားချင်တာလား” ပင်းတျယ်က ရန်ကိုင်အား ဒေါသမီးတောက်နေသည့် အကြည့်ဖြင့် စိုက်ကြည့်၍ အော်ပြောလိုက်လေသည် “သူများကို ခေါ်သွားဖို့ မလုပ်ခင် နင့်ကိုယ်နင် အသက်ရှင်အောင် အရင်လုပ်ပါဦး။ ရေခဲနှလုံးသား တောင်ကြားက တပည့်တွေ ငါ့အမိန်ကို နားထောင်၊ ချင်းယနဲ့ ဒီအရှက်မရှိတဲ့ ယောကျာ်းကို သတ်ဖို့လုပ်ကြတော့။ ရေခဲသန့်စင်ကျွန်းထဲ ခိုးဝင်လာရင် ဘာဖြစ်မလဲဆိုတာကို သူတို့ကို ဥပမာပေးပြီး ပြရမယ်”

သူမစကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် စည်းကမ်းထိန်းသိမ်းရေး ခန်းမ အဖွဲ့ဝင်များအားလုံး ရန်ကိုင်ဆီသို့ အကြောက်အလန့်မဲ့စွာ ပြေးဝင်သွားကြလေသည်။

စောင့်ကြည့်နေသည့် တပည့်များစွာကမူ ဆက်ပြီး စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်ကြပြီး အနည်းငယ်သည်သာ စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ဂုဏ်သတင်းကြောင့် သူတို့၏ သူတော်စင်ချီကို စုစည်း၍ ရန်ကိုင်ကို တိုက်ခိုက်ကြလေသည်။

ချင်းယကို မတိုက်ခိုက်ရသော်ငြား ရန်ကိုင်ကို တိုက်ခိုက်ဖို့ရာမူ သူတို့အတွက် ဘာပြဿနာမှ မရှိပေ။

အမျိုးမျိုးသော ရေခဲစွမ်းအင်များ အဘက်ဘက်မှ ထွက်ပေါ်လာခဲ့ရာ ပတ်ဝန်းကျင်လေထုမှာလည်း ပို၍ အေးစက်စက် ဖြစ်လာခဲ့ရလေသည်။

ရန်ကိုင်ဆီသို့ ပြေးဝင်သွားကြသော စည်းကမ်းထိန်းသိမ်းခန်းမမှ တပည့်များအလုံးသည် ရန်ကိုင်နှင့် ငါးမီတာအကွာသို့ အရောက်တွင် အကုန်လုံး နောက်ပြန် လွင့်ထွက်လာကြလေသည်။

ရန်ကိုင်အား လာတိုက်ခိုက်ကြသည့် အခြား တပည့်များမှာလည်း စည်းကမ်းထိန်းသိမ်းရေး တပည့်များကဲ့သို့ပင် အကုန်လုံး နောက်ပြန် လွင့်ထွက်ကုန်ကြသည်။ တစ်ကြိမ် ခံရပြီးနောက်တွင် မည်သူမှ မဆင်မခြင် မလှုပ်ရှားရဲကြတော့ဘဲ ရန်ကိုင်ကိုသာ အထိတ်ထိတ်အလန့်လန့်ဖြင့် ကြည့်နေကြတော့၏။

ရန်ကိုင် မည်ကဲ့သို့ တိုက်ခိုက်လိုက်သလဲ ဆိုသည်ကို မည်သူမှ မတွေ့လိုက်ကြရသော်ငြား အစောပိုင်း ထိပ်တိုက်တွေ့ဆုံမှုအပြီး ရန်ကိုင်နှင့် သူတို့ကြား မည်မျှကွာခြားကြောင်း နားလည်လိုက်၏။

ရေခဲသန့်စင်ကျွန်းပေါ်တွင် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များကို ရန်ကိုင် တိုက်ခိုက်ရဲလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

အစောပိုင်းက ချင်းယကို ကယ်ရန်အတွက်သာ လုပ်ခဲ့သော်ငြား ယခုမူ ရန်ကိုင်သည် ထိုလူများအား တကယ် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ရန်ကိုင်သည် မည်သူ့ကိုမှ မသတ်ခဲ့သော်ငြား စည်းကမ်းထိန်းသိမ်းရေ အဖွဲ့သားများ ရထားသည့် ဒဏ်ရာများမှာ ပေါ့သေးသေး ဒဏ်ရာများ မဟုတ်ကြပေ။

သို့သော် ချင်းယလည်း ထိုလူများ သေသေရှင်ရှင် ဂရုစိုက်မနေတော့ပေ။ ယခု အဖြစ်အပျက်ပြီးနောက်တွင် ချင်းယသည် ရေခဲနှလုံးသားတောင်ကြား၏ တပည့်တစ်ဦးမှ မဟုတ်တော့လေဘဲ။

ဤနေရာမှသာ သူမ မြန်မြန် ထွက်သွားချင်မိတော့သည်။

ရန်ကိုင် လက်လွန်သွားပြီး ရေခဲနှလုံးသားတောင်ကြား၏ တကယ့် ပညာရှင်များကိုယ်တိုင် ထွက်လာမည်ကို ချင်းယ စိုးရိမ်နေ၏။ ထိုအခါ ရန်ကိုင် အားကောင်းသည် ဆိုလျှင်ပင် ဤနေရာမှ အလွယ်တကူ ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။

ပင်းတျယ်သည် ရပ်လျက် သူမရှေ့ရှိ မြင်ကွင်းကို ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။ ထိုအပြုံးသည် သူတို့ စောင့်နေသည့် ထောင်ချောက်ထဲသို့ ဝင်လာသည့် သားကောင်ကို မြင်လိုက်သည့် မြွေပွေးတစ်ကောင်၏ အပြုံးမျိုးဖြစ်သည် “ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ နင်ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ နင်သေကိုသေရမယ်”

ရန်ကိုင်က ပင်းတျယ်ကို မျက်လုံးမှေးစဉ်းကြည့်လျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်၏ “နင်ဘာကြံနေလဲ ငါမသိဘူးများ မှတ်နေတာလား”

ပင်းတျယ် မျက်နှာထက်ရှိအပြုံး ရုတ်ချည်း တောင့်တင်းသွားခဲ့၏။

“ဘာတွေ ခိုးကြောင်ခိုးဝှက် ပုန်းနေတာသေးတာလဲ။ အခုထိ ကြည့်လို့ မဝသေးလို့ ထွက်မလာသေးတာလား။ ဒီလောက် ကြည့်ပြီးရင် တော်ရောပေါ့” ထိုသို့ ပြောလိုက်ပြီးနောက်တွင် ရန်ကိုင်သည် ကောင်းကင်ထက်ရှိ တစ်နေရာကို ရုတ်ချည်း ရိုက်ချလိုက်သည်။

ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ ရန်ကိုင်၏ လက်ဝါးစားချက်ကို မမြင်နိုင်သော စွမ်းအားတစ်မျိုးက ချေဖျက်သွားခဲ့ပြီး သူ့လက်ဝါး ထိမှန်သွားသည့် နေရာတွင်မူ ပုံရိပ်တစ်ခု ထူးထူးဆန်းဆန်း ထွက်ပေါ်လာခဲ့လေသည်။

မရေမတွက်နိုင်သော တပည့်များလည်း အပေါ်သို့ မော့ကြည့်လိုက်သည့်အခိုက် ထိုပုံရိပ်ကို မြင်ပြီးနောက် အလန့်တကြား အော်ပြောလိုက်ကြ၏ “အကြီးအကဲချုပ်ပါလား”

အကုန်လုံး အသိပြန်ဝင်လာကြပြီး ချက်ချင်း ဦးညွှတ်၍ နှုတ်ဆက်လိုက်ကြလေသည် “တပည့်တို့ အကြီးအကဲချုပ်ကို နှုတ်ဆက်ပါတယ်”

ရန်ယွင်ထင် ကိုယ်တိုင်လည်း ရန်ကိုင် သူမအား ဤမျှ မြန်မြန်ဆန်ဆန် ရှာတွေ့သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အကုန်လုံးသည် သူမ အစီအစဉ်အတိုင်း ချောချောမွေ့မွေ့ သွားနေသည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၄၅)

“ထင်ထားတဲ့အတိုင်းပဲ ခင်ဗျား ဖြစ်နေတာကိုး” ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

ရန်ယွင်ထင်ကမူ ရန်ကိုင်အား ပုရွတ်ဆိတ်တစ်ကောင်ကို ကြည့်သည့်နှယ် ပြန်စိုက်ကြည့်လိုက်သည်။

“ခင်ဗျား ကျုပ်ကို အရမ်း သတ်ချင်နေတာပဲနော်” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဒီလို ထောင်ချောက်တွေဆင်ပြီး ကျုပ်ကို မထွက်ထွက်လာအောင် လုပ်ဖို့ ခင်ဗျား တော်တော်လေး အားစိုက်ခဲ့ရမှာပေါ့”

ရန်ယွင်ထင်၏ အရှိန်အဝါကို အနီးအနားတစ်နေရာမှ အာရုံခံမိလိုက်ချိန် လက်ရှိ ချင်းယ ကြုံနေသည့် အခက်အခဲသည် မတော်တဆ တစ်ခုခု မဟုတ်ဘဲ ရန်ယွင်ထင်မှ ဆင်ထားသည့် ထောင်ချောက်တစ်ခုမှန်း ရန်ကိုင် နားလည်သွားခဲ့သည်။

သူချင်းယကို ဤနေ့တွင် လာမရှာလျှင် ရန်ယွင်ထင်သည် အခြား နည်းလမ်းတစ်ခုခုကိုသုံး၍ သူ့အား စွဲချက်တင်ဦးမည် ဖြစ်သည်။ ထို့ကြောင့်ပဲ ပင်းတျယ်သည် ရန်ကိုင် အနီးအနား၌ ရှိနေခဲ့လျှင် ထွက်လာစေရန်အတွက် ချင်းယ အိမ်ရှေ့သို့ ရောက်ရောက်ချင်း အသံပြဲကြီးနှင့် အော်ဟစ်ခဲ့ခြင်း ဖြစ်သည်။

ပင်းတျယ် ဘာလုပ်ချင်နေလဲ ဆိုသည်ကို သိသွားသည်နှင့် ရန်ကိုင် ကျိန်းသေ လှုပ်ရှားပေလိမ့်မည်။

ရန်ကိုင်သည် အစကတည်းက အနီးအနားတွင် ရှိနေလိမ့်မည်ဟု သူတို့ တကယ်ကြီး မထင်ထားခဲ့ချေ။

ချင်းယအား မရှိရှိသည့် အပြစ်များဖြင့် စွဲချက်တင်ပြီး သူမ၏ ကျင့်ကြံခြင်းကို ဖျက်စီးရန် လုပ်ခြင်းမှာ ရန်ကိုင် သူမအား ပြန်တိုက်ခိုက်လာအောင် ဆင်ထားသည့် ထောင်ချောက် တစ်ခုခုသာ ဖြစ်သည်။

အဆုံးတွင် ပင်းတျယ်သည် စည်းကမ်းထိန်းသိမ်းရေး ခန်းမမှ သူမ အဖွဲ့သားများကို အသက်ကိုပင် ဂရုမစိုက်ဘဲ ရန်ကိုင် တန်ပြန် တိုက်ခိုက်လာအောင် ရန်ကိုင်အား သွားတိုက်ခိုက်ခိုင်းခဲ့သည်။

အကုန်လုံးသည် ရန်ကိုင် သူမတို့အား တိုက်ခိုက်လာသည် ဟူသော အကြောင်းပြချက်ကို ရရန်အတွက်သာ ဖြစ်ပေသည်။

ဤဖြစ်ရပ်တစ်ခုလုံး နောက်ကွယ်မှ လက်မည်းကြီးမှာ ကျိန်းသေ ရန်ယွင်ထင်သာ ဖြစ်သည်။

အကြီးအကဲချုပ်ဟူသော သူမ၏ အဆင့်အတန်းရ စည်းကမ်းထိန်းသိမ်းရေး ခန်းမကို ထိန်းချုပ်ရန်မှာ အလွန်ကိုမှ လွယ်ကူပေသည်။ ချင်းယသည် ရန်ယွင်ထင်မှ ရန်ကိုင်ကို သတ်ရန်အတွက် ကြိုးစားရင်းမှ ဘာမဆိုင်ညာမဆိုင် အလကားသက်သက် စတေးခံရသည့် ပွန်းကောင် သက်သက်သာ ဖြစ်သည်။

“အကြီးအကဲချုပ်…” ချင်းယသည် ရန်ယွင်ထင်အား ကြည့်လိုက်၏။

“ကျေးဇူးမသိတတ်တဲ့ ကောင်မ၊ နင့်မှာ ငါ့ကို စကားပြောဖို့ ဘာအရည်အချင်းရှိလို့လဲ” ရန်ယွင်ထင်သည် ချင်းယအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်း သူမလက်ကို ဝှေ့ရမ်း၍ ရေခဲလှိုင်းတစ်လှိုင်း ပစ်လွှတ်လိုက်လေသည်။

ရန်ကိုင်သည် ချင်းယရှေ့တွင် နောက်တစ်ကြိမ် ပြန်ပေါ်လာပြီး လက်သီးတစ်ချက် ထိုးချလိုက်သည်။

နတ်ဆိုးမီးတောက်များ ပေါက်ကွဲထွက်ပေါ်လာပြီး တိုးဝင်လာနေသည့် ရေခဲလှိုင်းအား ကြားဖြတ် ဟန့်တားသွားခဲ့လေ၏။

ထိုအခြင်းအရာကို မြင်သော် ရန်ယွင်ထင် မျက်ခုံးပင့်သွားပြီး ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် ကြည့်လိုက်လေသည်။

ချင်းယဆီသို့ ပစ်လွှတ်လိုက်သည့် တိုက်ခိုက်မှုထဲတွင် စွမ်းအားကုန် ထုတ်မသုံးခဲ့သော်လည်း ထိုတိုက်ခိုက်မှုသည် အနည်းဆုံး သူမ၏ စွမ်းအား သုံးပုံတစ်ပုံနှင့် ညီမျှပေသည်။

“အစကတော့ နင်ကျန်းရှီနဲ့ ယန်ချီလဲ့တို့ကို သတ်ခဲ့တယ်ဆိုတာ မယုံချင်သေးဘး။ ဒါပေမယ့် ကြည့်ရတာ အဲ့သတင်းတွေက အမှန်ဖြစ်နေတဲ့ပုံပဲ” ရန်ယွင်ထင်သည် ခေါင်းတညိတ်ညိတ်လုပ်ရင်း ပြောလိုက်လေသည်။

“ဒါပေမယ့် နင်မှာ အဲ့လိုစွမ်းရည် ရှိနေရင်တောင် ငါတို့ ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တွေကို တိုက်ခိုက်ရဲမှတော့ နင်သေဖို့ ပြင်ဆင်ထားပေတော့” ရန်ယွင်ထင်၏ မျက်လုံးများ ရုတ်ချည်း အေးစက်သွားခဲ့ပြီး ခံစားချက်မရှိသည့် လေသံဖြင့် ပြောလိုက်၏ “ဒီအကြီးအကဲရဲ့ လက်ထဲမှာ သေရမှာ နင့်ကိုယ်နင် ဂုဏ်ယူသင့်တယ်”

အကြီးအကဲချုပ်၏ အကြည့်ကြောင့် စောင့်ကြည့်နေသည့် မရေမတွက်နိုင်သော တပည့်ပေါင်းများစွာ၏ ခန္ဓာကိုယ်များ တဆတ်ဆတ် တုန်ရီလာကုန်ကြလေသည်။

အကြီးအကဲချုပ်ကိုယ်တိုင် လှုပ်ရှားရန် ပြင်နေခြင်းလား။

ဘာတွေ ဖြစ်နေသနည်း။ ထိုကောင်လေးကို ရှာတွေ့ရန်အတွက် ဂိုဏ်းမှ အသည်းအသန် ကြိုးစားခဲ့ရသော်ငြား ရန်ယွင်ထင်သည် ထိုကောင်လေးကို သတ်ရန် လုပ်နေခဲ့သည်။ သူတို့တွေ မသိဘဲ ဘာတွေများ ဖြစ်ခဲ့ကြသနည်း။ အကုန်လုံး နားမလည်နိုင် ဖြစ်နေခဲ့ကြလေသည်။

သို့သော်လည်း… အကြီးအကဲချုပ် မတိုက်ခိုက်သည်မှာ ကြာခဲ့လေပြီ။ အကြီးအကဲချုပ် နောက်ဆုံး တိုက်ခိုက်သွားသည်မှာ လွန်ခဲ့သော ဆယ်နှစ်ခန့်က ဖြစ်သည်။ သို့သော်လည်း ထိုတိုက်ပွဲကို မည်သူမှ မမြင်တွေ့နိုင်ခဲ့ဘဲ အကြီးအကဲချုပ်နှင့် တိုက်ခိုက်သည့်လူသာ ရေခဲရုပ်ထု ဖြစ်သွားမှန်း အကုန်လုံး သိထားကြသည်။

ယခု အကြီးအကဲချုပ်ကိုယ်တိုင် လှုပ်ရှားတော့ပေမည်။ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များသည် အကြီးအကဲချုပ်၏ စွမ်းအားကို ကိုယ်တိုင် မြင်တွေ့ရတော့မည် ဖြစ်သည့်အတွက် အလွန်ကိုမှ စိတ်လှုပ်ရှားလာကြလေသည်။

ထိုအခိုက်တွင် ဒေါသထွက်နေသော ရန်ကိုင်၏ အမူအရာသည် ရုတ်ချည်း တည်ငြိမ်သွားခဲ့သည်။ ရန်ကိုင်၏ ပြောင်းလဲမှုကို မြင်ပြီးနောက် အကုန်လုံး၏ စိတ်ထဲ မသက်မသာ ဖြစ်လာခဲ့ကြ၏။

ထို့နောက် ရန်ကိုင်သည် ရန်ယွင်ထင်ဘက်သို့ လှည့်၍ ရုတ်တရက် ဦးညွှတ်လိုက်သည်။

အကုန်လုံး မျက်လုံးပြူးသွားခဲ့လေသည်။

ကိုယ့်အား သတ်ရန်ကြံနေသည့် လူတစ်ယောက်ကို ဦးညွှတ်ပြီး ထိုကောင်လေး ဘာတွေများ လုပ်ချင်နေသနည်း။

ကြောက်နေ၍များလား… အကြီးအကဲချုပ်၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း သိသည့် အတွက်ကြောင့်များ ချမ်းသာပေးရန်အတွက် ဦးညွှတ်ပြီး တောင်းဆိုနေခြင်းများလား။

ထိုမြင်ကွင်းကိုကြည့်ရင်း ပင်းတျယ် လှောင်ပြုံးပြုံးလိုက်သည်။ ထိုကဲ့သို့ ကြီးနိုင်ငယ်ညင်းသာ လုပ်တတ်ပြီး အားကောင်သူများနှင့် တွေ့လျှင် အမြီးကုတ် ကြောက်နေတတ်သည့် လူစားကို သူမ အလွန် ရွံပေသည်။

ဒါနဲ့များ စုယန်ကို ခေါ်သွားချင်သေးတယ်။ သောက်ပိုတွေ…

“အခုမှ နင့်အမှားကို ဝန်ခံနေလည်း နောက်ကျသွားပြီ” ရန်ယွင်ထင်သည် ပြောင်းလဲခြင်း မရှိသည့် လေသံဖြင့် အထက်စီးမှ ပြောလိုက်၏ “ဒီအကြီးအကဲ ဘာလို့ နင့်ကို သတ်ချင်နေလဲ နင်သိပြီးသား။ နင်တကယ် နားလည်တယ်ဆိုရင် ကိုယ့်ကိုယ်ကို သက်သေလိုက်တာ အကောင်းဆုံးပဲ။ ငါလည်း ငါ့လက်ကို နင့်သွေး မစွန်းချင်ဘူး။ သူနဲ့ ခဏခဏ တွေ့နေရမှာဆိုတော့ ငါ့လက်မှာ နင့်သွေး စွန်းနေရင် ငါ့အတွက်လည်း သိပ်အဆင်မပြေဘူး”

ပြောပြီးနောက်တွင် ရန်ယွင်ထင်သည် ရန်ကိုင်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည့်အလား ငြိမ်သက်စွာ ရပ်စောင့်နေလိုက်သည်။

ရန်ကိုင်ကမူ ပြုံးသးပြုံးလျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်၏ “ကျုပ်ဘာအမှားမှ လုပ်မထားဘူး”

ရန်ယွင်ထင် မျက်နှာပျက်သွားပြီး “ဒီအထိ ဖြစ်လာပြီးတာကိုတောင် နင်နားမလည်နိုင်သေးဘူးလား။ သူက နင့်လိုလူတစ်ယောက် ကြိုက်နိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူး ဆိုတာကို နင်နားမလည်တာလား။ အနာဂတ်မှာ သူက ဒီထက် ပိုမြင့်တဲ့အမြင်ကို တက်သွားမယ့်လူ၊ နင်တို့ နှစ်ယောက်ကြားက ကွာခြားချက်က ဒီထက်ပိုပိုပြီး ကြီးမားလာမှာ။ နောက်ပိုင်းကျရင် နင့်အနေနဲ့ သူ့ကို မော့ပြီးတော့ပဲ ကြည့်နေရမှာ၊ အနာဂတ်မှာ ခံစားနေမယ့်အစား အခုကတည်းက နင်တို့ နှစ်ယောက်စလုံး ပျောက်ကွယ်သွားလိုက်ရင် အကောင်းဆုံးပဲ။ နင်သာ ဒီလို လုပ်ခဲ့ရင် သူ့တစ်ဘဝလုံး နင့်ကို အမှတ်ရနေမှာ။ အထီးကျန်ရတဲ့ တစ်ကိုယ်တည်း ခံစားချက်ကို နားလည်တဲ့လူတွေပဲ သိုင်းတာအိုရဲ့ အထွဋ်အထိပ်ကို ရောက်နိုင်တာ။ နင်တို့ရှေ့မှာ ဘယ်လို အလိမ်အညာတွေ ရှိနေလဲဆိုတာ မသိလို့ ဒီအတိုင်း ဆက်သွားချင်နေတာလား”

“ခင်ဗျားသာ စုံလုံးကန်းနေတာ” ရန်ကိုင်က ရန်ယွင်ထင်ကို ကြည့်၍ “ကျုပ်ခင်ဗျားကို ဦးညွှတ်လိုက်တယ်ဆိုတာ သူ့ကို သင်ပေးပြီး ဂရုစိုက်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ချင်လို့ပဲ။ ဒါပေမယ့် ဒီအထိ ရောက်လာပြီးမှတော့ ခင်ဗျားနဲ့ ကျုပ်က လုံးဝ ရန်သူတွေ ဖြစ်သွားပြီ။ ခင်ဗျား ကျုပ်ကို သတ်ချင်တယ်ဆိုရင် ခင်ဗျားလည်း ကျုပ်လက်နဲ့ သေဖို့ ပြင်ထားသင့်တယ်”

ရန်ယွင်ထင်၏ မျက်ဝန်းအစုံမှ သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာခဲ့လေသည်။ သူမအား ကြည့်နေကြသည့် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များလည်း ထိုအကြည့်ကို မခံနိုင်သဖြင့် ချက်ချင်း အကြည့်လွှဲလိုက်ကြကုန်၏။

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ သူမအား ပြန်၍ စိုက်ကြည့်နေခဲ့သည်။

“ကျုပ်သူနဲ့ တန်တယ်မတန်ဘူး ဆိုတာကိုလည်း ခင်ဗျား ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ သိုင်းတာအိုရဲ့ အထွဋ်အထိပ်ကို ရောက်ဖို့ တစ်လျှောက်တည်း လျှောက်မှ ရောက်မယ်လို့ ခင်ဗျားကို ဘယ်သူပြောတာလဲ။ သိုင်းတာအိုရဲ့ အထွဋ်အထိပ်ကို ကျုပ်သူနဲ့အတူ လျှောက်လှမ်းမှာ”

“ဘာမှမသိတဲ့ လူတစ်ယောက်နဲ့ စကားဆက်ပြောနေလည်း အပိုပဲ။ နင့်အသက်ကို ပေးလိုက်တော့” ရန်ယွင်ထင်သည် ရန်ကိုင်၏ စကားများကို နားထောင်ရင်း ပိုပို၍ ဒေါသထွက်လာခဲ့ရသည်။ ထို့ကြောင့် ရန်ကိုင်နှင့် စကားဆက်ပြောမနေတော့ဘဲ သူတော်စင်ချီကို လှည့်ပတ်၍ စတင် တိုက်ခိုက်တော့လေသည်။ ဝဲကတော့တစ်ခုကို ဖန်တီး၍ အနီးအနားရှိ မိုးမြေစွမ်းအင်များကို စွဲယူလိုက်ပြီးနောက်တွင် ဆယ်မီတာကျော်မက ရှည်လျာသည့် ရေခဲလှံကြီးကို ဖန်တီးလိုက်လေသည်။

ထိုအရာများသည် ရေခဲလှံများဟု ပြောရမည့်အစား ရေခဲတောင်ထွတ်များ၏ ထိပ်ပိုင်းနှင့်ပင် တူနေသည်ဟု ပြောရပေမည်။

အကြီးအကဲမှ စတိုက်နေသည်ကို မြင်သည့်နှင့် တပည့်များအားလုံး သူတို့၏ လှုပ်ရှားမှုပညာရပ် အသီးသီးကို အသက်သွင်း၍ ထွက်ပြေးကြတော့လေသည်။

မည်သူမှ ဤနေရာတွင် ဆက်မနေရဲကြတော့ပေ။ သူတို့၏ ခွန်အားဖြင့် ဤနေရာတွင် ဆက်နေခဲ့ပါက တိုက်ပွဲ ဖြစ်ပေါ်ရာမှ ထွက်ပေါ်လာသည့် စွမ်းအား အနည်းငယ် သူတို့အား လာမှန်လျှင်ပင် သူတို့အားလုံး အသက်ပျောက်ရပေလိမ့်မည်။

ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်းလျက် ချင်းယအား မိုင်ပေါင်းများစွာ အကွာသို့ ပို့လိုက်ပြီးနောက် အကြောက်အရွံ့ ကင်းမဲ့စွာဖြင့် ရေခဲတောင်ထွတ်ကြီးဆီ ပြေးဝင်သွားလေသည်။

ရန်ယွင်ထင်သည် မျက်လုံးမှေးစဉ်းလျက် လက်ကွက်တစ်ခု ထုတ်ဖော်ကာ ရေခဲလှံတံကြီးထဲသို့ အဖြူရောင် ရေခဲမြူများ ထည့်သွင်းလိုက်သည်။ ရေခဲမြူများ ဝင်ရောက်လာသည်နှင့် ရေခဲလှံကြီးသည် အားကောင်းလှသော အဖျက်စွမ်းအင် အရှိန်အဝါတို့ဖြင့် တလက်လက် တောက်ပလာလေတော့သည်။ လုံလောက်သည် စွမ်းအင် ပမာဏကို စုဆောင်းပြီးနောက် ရန်ယွင်ထင်သည် ထိုရေခဲလှံအား ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်၏။

ရန်ကိုင်သည် သူ့လက်နှစ်ဖက်ကို နတ်ဆိုးမီးတောက်များဖြင့် လွှမ်းခြုံလျက် ရေခဲလှံတံအား တရပ်စပ် ထိုးနှက်လိုက်သည်။

ဘုန်း… ဘုန်း… ဘုန်း…

ရန်ကိုင်၏ တရစပ် လက်သီးချက်များအောက်တွင် ရေခဲလှံတံကြီး တစ်စပြီးတစ်စ ပဲ့ကြွေလာခဲ့သည်။ ရေခဲလှံတံကြီးသည် သစ်ဆွေးတုံး တစ်တုံးနှယ် ရန်ကိုင် လက်သီးချက်များ၏ အလွယ်တကူ ဖဲ့ချွေခြင်းကို ခံနေခဲ့ရသည်။ မျက်တောင် တစ်ခတ်အတွင်း ရေခဲလှံတံကြီး ပျက်စီးသွားခဲ့ပြီး ရန်ကိုင်လည်း ရန်ယွင်ရှေ့သို့ ရောက်လာခဲ့လေသည်။

“ခင်ဗျားက စုယန်ရဲ့ ဆရာဖြစ်နေလို့ ဘာမှမလုပ်ဘဲ ငြိမ်နေခဲ့တာ။ ဒါပေမယ့် ခင်ဗျားက ကျုပ်ကို သတ်ဖို့တောင် လုပ်လာမှတော့ ကျုပ်ကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်တော့နဲ့” ထိုစကားကို ပြောပြီးနောက်တွင် ရန်ကိုင်သည် ရန်ယွင်ထင်ဆီသို့ လက်သီးတစ်ချက် ထိုးချလိုက်သည်။

ထိုလက်သီးချက်နှင့်အတူ ပတ်ပတ်လည် လေဟာနယ်ပါ စတင် တွန့်လိမ်လာခဲ့ပြီး အလွန်သေးငယ်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ရန်ယွင်ထင် ပတ်ပတ်လည်တွင် ထွက်ပေါ်လာခဲ့သည်။

ရန်ယွင်ထင်လည်း ထိုအဖြစ်အပျက်ကြောင့် အလန့်တကြား ထအော်မိလိုက်သည်။

လက်ရှိတွင် သေမင်းချိတ်ကောက် သူမ လည်တိုင်အထက်တွင် ရောက်နေသလို ခံစားလာရသည်။ သူမသာ အားကုန် ထုတ်မသုံးလျှင် ကျိန်းသေ သေရလိမ့်မည်ဟု သူမ၏ မသိစိတ်က ပြောနေခဲ့သည်။

တကယ်တမ်း ပြောရလျှင် ရန်ယွင်ထင်သည် ရန်ကိုင်အား လုံးဝ အလေးမထားခဲ့ချေ။ ရန်ကိုင်သည် ကျန်းရှီနှင့် ယန်ချီလဲ့ကို သတ်နိုင်ခဲ့လျှင်ပင် သူမကိုယ်တိုင် မမြင်ခဲ့ရသည့်အတွက် ရန်ကိုင်၏ ခွန်အားကို သိပ်ပြီး အထင်ကြီးခြင်း မရှိချေ။ သူမစိတ်ထဲ ရန်ကိုင်သည် အဆင့်ကျော်တိုက်ခိုက်နိုင်သည့် ပါရမီရှင်တစ်ဦး ဖြစ်လျှင်ပင် သူမအား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ဟု ထင်နေခဲ့သည်။

တန်ခိုးရှင် တတိယအဆင့်၏ အထွဋ်အထိပ်သို့ သူမ ရောက်နေသည်မှာ အလွန်ကိုမှ ကြာနေခဲ့လေပြီ။ လက်ရှိတွင် သူမ၏ ခွန်အားသည် တန်ခိုးရှင်ဘုရင်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းလုနီးပါးပင် ဖြစ်နေခဲ့လေပြီ။

သို့သော်လည်း ရန်ကိုင်နှင့် တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် အလွန်ကြီးမားသော ဖိအားကို သူမ ခံစားလိုက်ရသည်။

သေဘေးနှင့် အတွေ့တွင် ရန်ယွင်ထင် တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲလာခဲ့ပြီး သူတော်စင်ချီကို အရူးအမူး လှည့်ပတ်လိုက်လေသည်။

သူမကို ဗဟိုပြု၍ မီတာတစ်ထောင် ပတ်ပတ်လည် အတွင်းရှိ အပူချိန် ရုတ်ချည်း ထိုးကျသွားခဲ့ပြီ ထိုနယ်မြေတစ်ခုလုံး အလွန် သေးငယ်သော နှင်းပွင့်လေးများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

သူမ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင် အက်ကွဲကြောင်းများပင် အေးခဲကုန်သည်။

ရန်ကိုင်အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်ရင်း ရန်ယွင်ထင်သည် နှင်းပွင့်လေးများအားလုံးကို ရန်ကိုင်ဆီသို့ စေလွှတ်လိုက်လေသည်။

All Chapters