← Chapters

အခန်း (၁၆၄၆-၁၆၅၀)

Vol. 66 Ch. 1646-1650

အခန်း (၁၆၄၆-၁၆၅၀)

Vol. 66 Ch. 1646-1650

အပိုင်း (၁၆၄၆)

“ကောင်လေး၊ နင်သတ္တိကိုတော့ ငါလေးစားတယ်။ ဒါပေမယ့် သတ္တိရှိတိုင်း အသုံးမဝင်ဘူးဆိုတာ နင်သိထားသင့်တယ်။ ကံကောင်းလို့ နောက်ဘဝရောက်ပြီး လူပြန်ဝင်စားခွင့်ရခဲ့ရင် ငန်းသားစားချင်တဲ့ ဖားမဖြစ်ဖို့ သေချာသင်ယူ၊ ဒီလောကကြီးမှာ ကိုယ်နဲ့ တန်ရာတန်ရာကိုပဲ ရှာသင့်တယ်ဆိုတာ သေချာ မှတ်ထား” ရန်ယွင်ထင်သည် သူမ၏ ရှီကို ဖြန့်ကျက်ရင်း အော်ပြောလိုက်၏။

သူမ၏ရှီသည် ပြီးပြည့်စုံခြင်းအဆင်သို့ ရောက်နေပြီး နယ်ပယ် အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ ဝေးကွာတော့သည်။ ထို့ကြောင့် ရန်ယွင်ထင်သည် အခြား တန်ခိုးရှင် တတိယအဆင့်များထက် အများကြီး ပိုအားကောင်းနေရခြင်း ဖြစ်၏။

ရန်ကိုင် တစ်ကိုယ်လုံးကို နှင်းပွင့်များက ဖုံးလွှမ်းသွားခဲ့သည်။

နှင်းပွင့်များ၏ ဖုံးလွှမ်းခြင်း ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ အရှိန်အဝါ ရုတ်ချည်း ထိုးကျသွားခဲ့ပြီး သူ့ကိုယ်ထက် ရေခဲစများ စတင် ထွက်ပေါ်လာခဲ့၏။ အဆုံးတွင် သူ့တစ်ကိုယ်လုံး အေးခဲသွားခဲ့လေသည်။

အသက်နှစ်ရှိုက်စာအတွင်း ရန်ကိုင်သည် ရေခဲရုပ်ထုအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့လေသည်။ မိုင်အနည်းငယ် အကွာတွင် ရှိနေသော ချင်းယသည် ထိုမြင်ကွင်းကို မြင်ပြီးနောက် အလန့်တကြား ထအော်လိုက်လေသည် “ရန်ကိုင်”

ရန်ကိုင် အကြီးအကဲချုပ်ကို ဒီလိုပဲ ရှုံးသွားတာလား။ သူတို့ ခွန်အား ဘာလို့ ဒီလောက် ကွာရတာလဲ။ သူသေသွားတဲ့ အကြောင်းကိုသာ စုယန် သိသွားခဲ့ရင်တော့…

ချင်းယ ဆက်မတွေးရဲတော့ချေ။ ဘာလုပ်ရ ဘာကိုင်ရမှန်းလည်း မသိတော့ဘဲ နေရာတွင်သာ ငူငူကြီး ရပ်နေမိလေသည်။

ရန်ကိုင်အား အသေခံခိုင်းမည့်အစား သူမကိုယ်တိုင်သာ ပင်းတျယ် လက်ထဲတွင် အသေခံလိုက်ချင်သည်။

“အဲ့သစ္စာဖောက်ကိုသတ်” ရန်ယွင်ထင်သည် ချင်းယအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်၍ ပင်းတျယ်အား အမိန့်ပေးလိုက်၏။ ထိုသို့အမိန့်ပေးပြီးနောက် အထင်တသေး အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ချင်းယဆီမှ အကြည့် လွှဲလိုက်လေသည်။

သူမအတွက် ချင်းယ၏ အသက်သည် ဘာမှ အဖိုးမတန်ချေ။ စုယန်ကိုသာ စိတ်ပြောင်းသွားအောင် လုပ်နိုင်မည် ဆိုလျှင် သူမနှင့် ပက်သက်သည့် လူမှန်သမျှကို သတ်ဖြတ်ရန်ပင် ဝန်လေးနေမည် မဟုတ်ချေ။

ယခင်တစ်ကြိမ်တွင် ပင်းတျယ်သည် ရန်ကိုင်ကြောင့် ဒဏ်ရာ ရသွားခဲ့သော်လည်း ထိုဒဏ်ရာသည် အရမ်းကြီး ပြင်းထန်သည့် ဒဏ်ရာတစ်ခု မဟုတ်သည့် အတွက် ခဏလောက် အနားယူလိုက်ပြီးနောက် အပြည့်အဝ ပြန်ကောင်းသွားခဲ့၏။ ရန်ယွင်ထင်မှ အမိန့်ပေးလာသည်နှင့် ပင်းတျယ်သည် ချင်းယဆီသို့ တုန့်ဆိုင်းခြင်းမရှိ ပြေးဝင်သွားခဲ့လေသည်။ သူတော်စင်ချီကို လှည့်ပတ်၍ ချင်းယအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်လေသည် “ဒီတစ်ကြိမ် ဘယ်သူနင့်ကို ကယ်ဦးမလဲ ကြည့်ရသေးတာပေါ့”

ပြောပြီးမကြာခင်မှာပဲ ချင်းယနှင့် ဆယ်မီတာအကွာခန့်သို့ ရောက်လာခဲ့ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

ချင်းယမှာမူ ပင်းတျယ် သူ့အား တိုက်ခိုက်လာသည်ကိုပင် သတိမမူဘဲ အေးခဲနေသည့် ရန်ကိုင်၏ ရေခဲရုပ်ထုကြီးကိုသာ ကြောင်ကြည့်နေခဲ့လေသည်။

သူမရင်ထဲ အလွန်ကိုမှ ဝမ်းနည်းနေမိသည်။

ပင်းတျယ် တိုက်ခိုက်လို့ သူမ သေသွားရမည်ကိုလည်း ချင်းယ ဂရုမစိုက်နိုင်တော့။ ရန်ကိုင်ကို အကြီးအကဲချုပ်မှ သတ်လိုက်ပြီ ဖြစ်လေရာ သူမ မည်သည့် မျက်နှာကို စုယန်ကို သွားပြီး မျက်နှာချင်းဆိုင်ရမည်နည်း။ ရန်ကိုင်နှင့် အတူ သေသွားရသည်ကပင် အသက်ရှင်နေရခြင်းထက် အများကြီး ပိုကောင်းပေလိမ့်မည်။

ပင်းတျယ်၏ တိုက်ခိုက်မှု နီးကပ်လာသည်ကို မြင်သော် ချင်းယသည် ကံတရားကို လက်ခံလိုက်သည့်နှယ် ဖြည်းဖြည်းချင်း မျက်လုံး ပိတ်လိုက်လေသည်။

ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ အလန့်တကြား အော်ဟစ်လိုက်ကြ၏။ အလှည့်အပြောင်းများစွာ ဖြစ်ခဲ့သော်ငြား ချင်းယသည် သေဘေးမှ မလွတ်မြောက်ဘဲ နေဦးမည်ဟု သူတို့ မထင်ထားခဲ့ပေ။

ရုတ်တရက် နှင်းရေခဲများ ဖုံးလွှမ်းနေသည့် မြေပြင်အောက်မှ လေးထောင့်ပုံစံ ကျောက်တုံးခေါင်းတစ်ခေါင်း ထွက်လာခဲ့၏။ ခေါင်းသည် ကျောက်တုံးခေါင်း ဖြစ်သော်လည်း ၎င်း၏ မျက်ဝန်း အစုံမှာ ဥာဏ်ရည်မြင့်မားသည့် သက်ရှိတစ်ကောင်၏ မျက်လုံးမျိုး ဖြစ်ပေသည်။

ခေါင်းထွက်လာပြီးသည်နှင့် ထိုကောင်လေးသည် မြေပြင်ထဲမှ ချက်ချင်း ခုန်ထွက်လာလိုက်သည်။ ၎င်း၏ အရပ်မှာ တစ်မီတာပင် မပြည့်တတ်ချေ။

ထိုကောင်လေးတွင် သာမန်သက်ရှိများကဲ့သို့ မည်သည့် အရှိန်အဝါမှ ရှိမနေခဲ့ချေ။ သို့သော်လည်း ၎င်း၏ လှုပ်ရှားမှုနှင့် တဖျက်ဖျက် တောက်ပနေသော မျက်ဝန်းအစုံအရ ထိုကျောက်တုံး ကောင်လေးတွင် ကိုယ်ပိုင် အသိဥာဏ်ရှိမှန်း မည်သူမဆို ပြောနိုင်ပေသည်။

“ဒါက…” ချင်းယရှေ့တွင် ရုတ်တရက် ပေါ်လာသည့် ကျောက်တုံး ရုပ်သေးရုပ်ကို ကြည့်ရင်း ပင်းတျယ် ကြောင်သွားခဲ့သည်။ ထို့နောက်တွင် မယုံကြည်နိုင်စရာ အဖြစ်အပျက်တစ်ခုကို သူမ မြင်တွေ့လိုက်ရလေသည်။

ချင်းယရှေ့တွင် ရပ်နေသော ထိုကျောက်တုံးကောင်လေးသည် သူမဆီသို့ ရုတ်တရက် ပြေးဝင်လာပြီး သူ့လက်သီးကို ဆုပ်၍ သူမအား ထိုးချလာခဲ့သည်။

ထိုလက်သီးချက်ဆီမှ မည်သည့် စွမ်းအင် အရှိန်အဝါမှ ထွက်ပေါ်နေခြင်း မရှိခဲ့သော်လည်း ထိုလက်သီးချက်နှင့် အတွေ့တွင် သူမ၏ ရေခဲစွမ်းအင်ဖြင့် ဖန်တီးထားသော ရေခဲလက်ဝါး တစ်စစီ ပျက်စီးသွားခဲ့လေသည်။

ထို့နောက်တွင် အလွန်ကိုမှ ပြင်းထန်သည့် အားတစ်ရပ် သူမအား လာမှန်လေသည်။ ပင်းတျယ် မျက်ဝန်းအစုံ ပြူးထွက်သွားပြီး ပါးစပ်မှာလည်း ကြက်ဥတစ်လုံး ပစ်ထည့်နိုင်လောက်သည်အထိ ပွင့်အာထွက်သွားခဲ့လေသည်။ ထို့နောက် ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် နောက်သို့ လွင့်စင်ထွက်သွားခဲ့တော့သည်။

ယခုတစ်ကြိမ် ရလိုက်သည့် ဒဏ်ရာသည် ယခင်တစ်ကြိမ် အများကြီး ပိုပြင်းပေသည်။ အကျိုးဆက် အနေဖြင့် ပင်းတျယ်သည် မြေကြီးပေါ်သို့ ပြုတ်ကျပြီးနောက် တစ်ခါတည်း တန်းသတိလစ်သွားခဲ့လေသည်။ သူမ သေသွားပြီးလား၊ အသက် ရှင်သေးလား ဆိုသည်ကိုမူ မည်သူမှ မသိချေ။

အရိုးတဖျောက်ဖျောက် ကျိုးသံများကိုလည်း အခြားသူများ အသေအချာ ကြားလိုက်ရသည်။

သက်ပြင်းရှိုက်သံများ အဘက်ဘက်မှ ထွက်ပေါ်လာခဲ့လေသည်။

ပင်းတျယ်သည် အတွင်းကျွန်းတပည့် တစ်ယောက်ဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ တပည့်တစ်ဦးလည်း ဖြစ်ကာ တန်ခိုးရှင်ပထမအဆင့် ပညာရှင်တစ်လည်း ဖြစ်ပေသည်။

သို့သော်လည်း ထိုကောင်လေး၏ သာမန်ကာလျှံကား ထိုးလိုက်သည့် လက်သီးတစ်ချက်ကြောင့် တစ်ခါတည်း တန်းသတိလစ်သွားခဲ့ရ၏။ ထိုကျောက်တုံးကောင်လေး မည်သည့် နေရာမှ ရောက်လာခဲ့သနည်း။

ချင်းယလည်း ထိုအချက်နှင့် နားမလည်နိုင် ဖြစ်နေခဲ့သည်။ ထို့နောက် သူမရှေ့တွင် ရပ်နေသော တစ်မီတာပင် မပြည့်တတ်သော ကျောက်တုံးကောင်လေးကို ငုံ့ကြည့်လိုက်၏။

“ဘာကြီးလဲ” ရန်ယွင်ထင်သည်လည်း ကျောက်တုံး ရုပ်သေးရုပ်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

ထိုကျောက်တုံးကောင်လေးဆီမှ မည်သည့် အသက်စွမ်းအင်ကိုမှ အာရုံခံမရသော်ငြား ထိုကောင်လေးကို မြင်လိုက်ချိန် သူမရင်ထဲ သူမရင်မဆိုင်နိုင်သည့် ပြိုင်ဘက်တစ်ယောက်ကို မြင်လိုက်ရသလို ခံစားလိုက်ရ၏။

စိတ်ထဲ မသက်မသာ ဖြစ်လာသဖြင့် ရေခဲရုပ်ဖြစ်နေသော ရန်ကိုင်ဘက်သို့ အလိုလို လှည့်ကြည့်မိလိုက်သည်။

ထိုသို့ ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ယွင်ထင် ထအော်လုမတတ် ဖြစ်သွားခဲ့လေသည်။ သေသွားသင့်ပြီ ဖြစ်သော ရန်ကိုင်သည် မသေသေးဘဲ သူမအား လှောင်ပြောင်လိုဟန် အပြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့ရှိလိုက်ရသည်။

“ရေခဲနှလုံးသားတောင်ကြားရဲ့ အကြီးအကဲချုပ်က ဒီအဆင့်ပဲ ရှိတာလား။ စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ခင်ဗျားအဆင့်က ဒီလောက်ပဲ ဆိုရင်တော့ စုယန်ကို ခင်ဗျားလက်အောက်မှာ ဆက်ထားလို့လည်း လုံးဝ မဖြစ်တော့ဘူး။ ခင်ဗျားကြောင့် သူ့တက်လမ်း ပိတ်သွားနိုင်တယ်” ရန်ကိုင်သည် အေးခဲနေရာမှ လှမ်း၍ ပြောလိုက်လေသည်။ ရန်ကိုင်စကားကို ကြားလိုက်သည့် အခိုက် ရန်ယွင်ထင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့၏။

ကျောက်တုံးရုပ်သေးရုပ်သည် ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက် လုပ်နေခဲ့သည်။ ထို့နောက် တစ်ခုခုကို သတိရသွားသည့်အလား လက်သီးဆုပ်၍ သူ့ရင်ဘတ်ကို တဒုန်းဒုန်း ထုရိုက်လိုက်လေသည်။

ထိုသို့ ထုရိုက်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်မီတာပင် မပြည့်တတ်သော ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ်သည် ဆယ်မီတာအမြင့်သို့ ချက်ချင်း ကြီးထွားလာခဲ့လေသည်။

ရှောင်ရှောင်သည် ရန်ကိုင် ရှိနေသည့် နေရာသို့ တစ်ချက် လှမ်းကြည့်၍ ပြုံးဖြီးလိုက်ပြီးနောက် ချင်းယကို မချီကာ အလျင်အမြန် ထွက်ပြေးသွားလေသည်။

နှင်းပြင်ကြီးထက် ထူးဆန်းသော ပုံရိပ်တန်းများသည်သာ ကျန်ရစ်ခဲ့လေသည်။ သူ့ပုံစံသည် တောင်ပေါ်ဓါးပြတစ်ဦးက ရွာတစ်ရွာ၏ သူကြီးမိန်းမကို ဖမ်းခေါ်သွားပြီး အမြန် ပြန်ထွက်သွားသည်နှင့်ပင် တူနေသေးသည်။

ရေခဲနှလုံးသားတောင်ကြားမှ တပည့်များလည်း ထိုမြင်ကွင်းကို ကြည့်ရင်း မှင်သက်နေခဲ့လေသည်။

သူတို့၏ ဂျူနီယာညီမကို… ကျောက်တုံးလူသား တစ်ဦးမှ ဖမ်းခေါ်သွားခြင်းလား။ သို့သော်လည်း မကြာမီမှာဘဲ ထိုကျောက်တုံးလူသား ဘာကြောင့် အလျင်မြန် ထွက်သွားရလဲ ဆိုသည်ကို အကုန်လုံး နားလည်လိုက်ကြလေသည်။

မူလက အေးခဲပြီး သေသွားပြီဟု သူတို့ အားလုံး ထင်နေကြသော ရန်ကိုင်ဆီမှ ကြောက်လန့်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည့် ရေခဲလွှာများ၏ မျက်နှာပြင်ထက် ပင်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။ ရေခဲသလင်းကျောက်ကြီး ပျက်စီးတော့ပေမည်။

ထိုမြင်ကွင်းကို မြင်သည့်အခိုက် ရန်ယွင်ထင် ထိတ်လန့်သွားခဲ့ပြီး ရေခဲနှလုံးသားတောင်ကြား၏ တပည့်များမှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြသည်။

မည်သူမှ ရန်ကိုင်အနီးတွင် ဆက်မနေရဲတော့ဘဲ ဝေးနိုင်သမျှ ဝေးဝေးသို့ အလျင်အမြန် ထွက်ပြေးကုန်ကြလေသည်။

“အိမ်မက်မက်နေလိုက်” ရန်ယွင်ထင်သည် နှာခေါင်းရှုံ့၍ နှင်းပွင့်များကို နောက်တစ်ကြိမ် ဆင့်ခေါ်ကာ ရန်ကိုင်အား ထပ်မံ အေးခဲပစ်ရန် ကြိုးစားတော့လေသည်။

“ပျက်စီးလိုက်စမ်း” ရန်ကိုင်က အော်ဟစ်လိုက်သည်။

ဘုန်း….

သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံထားသည့် ရေခဲလွှာများအားလုံး ပေါက်ကွဲထွက်ကုန်လေသည်။ တစ်ချိန်တည်းတွင် ရန်ယွင်ထင်၏ ရှီစက်ကွင်းလည်း ပျက်စီးသွားခဲ့ရလေသည်။

လက်ရှိတွင် ယခင်က ရှိခဲ့သော နှင်းပွင့်များ၏ နေရာ၌ မရေမတွက်နိုင်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများက အစားထို ဝင်ရောက်ကုန်ကြလေပြီ။ ထိုအက်ကွဲကြောင်းများသည် မြွေသေးသေးလေးများနှယ် ရန်ကိုင်၏ မီတာသုံးထောင် ပတ်ပတ်လည်တွင် လူးလွန့်သွားလာနေကြလေသည်။

“ဘယ်လို… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ရန်ကိုင် လွတ်လာသည်ကို မြင်သည့်နောက် ရန်ယွင်ထင်မှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားသဖြင့် ဒယီးဒယိုင်ပင် ဖြစ်သွားခဲ့ရသည်။

တန်ခိုးရှင် တတိယဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေသော ရှီကို ပိုင်ဆိုင်ထားသည့်တိုင် တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသော လူငယ်လေးတစ်ဦးကို ထိပ်တိုက်တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ရသည်။

သူမ ဂုဏ်ယူရသည့် ရှီစွမ်းအင်ကပါ တစ်ဖက်လူ၏ရှီဖြင့် ဖိနှိပ်ခံလိုက်ရခြင်း ဖြစ်သည်။ ထိုကောင်လေး၏ ရှီထဲတွင် သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်နေသည့် မရေမတွက်နိုင်သည့် အက်ကွဲကြောင်းများစွာ ရှိနေခဲ့သည်။ ထို့အပြင် သူမ၏ အာရုံခံစားမှုများမှာလည်း တလွဲတခြားစီ ဖြစ်ကုန်ရလေသည်။ ရန်ကိုင်သည် သူမ အနီးတွင် ရှိနေသလိုလို၊ သူမနှင့် အဝေးတွင် ရှိနေသလိုလို ခံစားလာရပြီး ရန်ကိုင်၏ တည်နေရာ အတိအကျကို မရှာဖွေနိုင်တော့ချေ။

လေဟာနယ်စွမ်းအား ရန်ယွင်ထင်၏ မျက်နှာ ဖြူလျော်သွားခဲ့၏။

လေဟာနယ်စွမ်းအားသည်သာ ဟင်းလင်းပြင် အက်ကွဲကြောင်းများကို ဖြစ်ပေါ်စေနိုင်ပြီး ထိုလေဟာနယ် စွမ်းအားသည်သာ သူမအား အနီးအဝေး မခွဲခြားနိုင်အောင် လုပ်နိုင်ပေသည်။

ထိုလူငယ်လေးသည် လေဟာနယ်စွမ်းအားကို သူ့ရှီစွမ်းအင်ထဲသို့ ပေါင်းစပ်ထားနိုင်သည်အထိပင် ကျင့်ကြံထားနိုင်ခဲ့သည်။ သူမည်ကဲ့သို့ ကျင်ကြံထားခဲ့သနည်း။ ရန်ယွင်ထင် အမှန်တကယ်ကို အံ့အားသင့်နေခဲ့ရလေပြီ။

“သေလိုက်ပေတော့” ယခုတစ်ကြိမ်တွင်တော့ ရန်ယွင်ထင်သည် စုယန်၏ ဆရာဖြစ်နေမှန်း သိသည့်တိုင် ယခင်ကဲ့သို့ ညှာတာမနေတော့ချေ။ သူ့အတွေးတစ်ချက်နှင့် ဟင်းလင်းပြင်သည် ရုတ်တရက် အေးခဲသွားပြီး မရေမတွက်နိုင်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် ရန်ယွင်ထင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကုန်ကြလေသည်။

“ငါ့အသက်ကို လိုချင်တာလား။ အိမ်မက်မက်နေလိုက်” ရန်ယွင်ထင်သည် အကြီးအကဲချုပ်တစ်ဦး ရှိသင့်သည့် ပုံစံမျိုး လုပ်မပြနိုင်တော့ဘဲ သွေးရူးသွေးတန်းအော်ဟစ်ရင်း သိုလှောင်လက်စွပ်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်၍ ထိုထဲသို့ သူတော်စင်ချီ အလျင်အမြန် ထည့်သွင်းလိုက်လေသည်။

ထို့နောက်တွင် ထူးခြားသည့် ပြောင်းလဲမှုတစ်ရပ် ဟင်းလင်းပြင်ထဲ ဖြစ်ပေါ်လာခဲ့သည်။ ရန်ကိုင် မျက်လုံးမှေးစဉ်းသွားပြီး ဟင်းလင်းပြင်ကို စူးစမ်းကြည့်လိုက်သည့်အခိုက် ဟင်းလင်းပြင်ထဲရှိ အအေးဓါတ်သည် အလွန်ကိုမှ ပြင်းထန်လာနေပြီး ထိုအအေးဓါတ်နှင့် ရန်ယွင်ထင်လက်ထဲရှိ တံဆိပ်ပြား တစ်နည်းတစ်ဖုံ ပက်သက်နေသည်ကို တွေ့ရှိလိုက်ရလေသည်။

မရေမတွက်နိုင်သော ရေခဲစွမ်းအင် စီးကြောင်းများသည် မြေပြင်အောက်တွင် ရှိနေသော မြေကမ္ဘာချီကြောမကြီးမှ တစ်ဆင့် အပေါ်သို့ ပျံတက်လာပြီး ရန်ယွင်ထင် ကိုင်ထားသည့် တံဆိပ်ပြား၏ အကူအညီဖြင့် စွမ်းအင်တစ်မျိုး အဖြစ်သို့ ပြောင်းလဲသွားကုန်ကြလေသည်။

ထိုလျင်မြန်စွာ စုဝေးလာနေသည့် အအေးဓါတ်ကြောင့် ရန်ကိုင် ဖန်တီးထားသည့် ရှီစက်ကွင်းသည် အသက် သုံးရှိုက်စာအတွင်း ပျက်စီးသွားခဲ့ရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၄၇)

ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ့ရှီကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်လေသည်။

သူ့ရှီစွမ်းအင်သာ ပြင်ပစွမ်းအင် တစ်မျိုးမျိုးကြောင့် ပျက်စီးသွားခဲ့ရလျှင် သူကိုယ်တိုင်လည်း ထိခိုက်သွားနိုင်ပေသည်။

“ဂိုဏ်းအကာအကွယ် အစီအရင်လား” ရန်ယွင်ထင် ဘာလုပ်လိုက်မှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်သည်။

ဂိုဏ်းအကာအကွယ် အစီအရင်ကို သူမ သုံးနိုင်သည်မှာလည်း အထူးအဆန်းတော့ မဟုတ်ချေ။ ရန်ယွင်ထင်၏ အဆင့်အတန်းသည် မဟာအကြီးအကဲနှင့် တောင်ကြားသခင် အောက်သာ နိမ့်ကျသည်ကိုး။

“ဟားဟားဟား၊ ငါတို့ ရေခဲနှလုံးသားတောင်ကြားရဲ့ ဂိုဏ်းအကာအကွယ် အစီအရင်က လှိုင်းနီကြယ်ရဲ့ အဆင့် အမြင့်ဆုံး အစီအရင်တွေထဲက တစ်ခုပဲ။ ကောင်လေး၊ ဒီအစီအရင်နဲ့ သေခွင့်ရတာ နင့်ကိုယ်နင် ဂုဏ်ယူသင့်တယ်” ရန်ယွင်ထင်သည် တံဆိပ်ပြားကို ကိုင်ရင်း အော်ရယ်လိုက်သည်။

ချက်ချင်းဆိုသလို မရေမတွက်နိုင်သော ရေခဲဓါးသွားများ ဖြစ်ပေါ်လာပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

ဤအရာမှာ ရေခဲနှလုံးသားတောင်ကြား ဂိုဏ်းအကာအကွယ် အစီအရင်၏ စွမ်းအားဖြစ်ပြီး တန်ခိုးရှင်ဘုရင်အဆင့် တစ်ဦးပင် ဤအစီအရင်မှ လွတ်မြောက်ရန် အတော်လေး ရုန်းကန်ရနိုင်သည်။

ရန်ယွင်ထင်မှ အစီအရင်၏ စွမ်းအားကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် ရေခဲသန့်စင်ကျွန်းပေါ်တွင် ရှိနေသူအားလုံး ထိုအချက်ကို ချက်ချင်း သတိထားမိသွားကြသည်။

အတွင်းကျွန်း၏ တောင်ကြားသခင်နန်းတော်ထဲတွင် ရှိနေသော ပင်းလုန်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး တစ်ဖက်သို့ ကြည့်ရင်း ရေရွတ်လိုက်လေသည် “ဘယ်သူ အစီအရင်ရဲ့ စွမ်းအားကို သုံးနေတာလဲ၊ အကြီးအကဲချုပ်လား”

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့် အခိုက်တွင် အပြင်ကျွန်းဘက်ရှိ တောင်ထွတ်တစ်လုံးတွင် တိုက်ပွဲ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရလေသည်။

အတွင်းကျွန်းမှ အခြားသော အကြီးအကဲများသည်လည်း ထိုအဖြစ်အပျက်ကို သတိပြုမိလိုက်ကြပြီး တိုက်ပွဲ ဖြစ်နေရာ အရပ်ဆီသို့ အလျင်အမြန် ပြေးသွားကြကုန်လေသည်။

အတွင်းကျွန်း၏ တစ်ခုသောနေရာတွင် ငွေရောင်ဆံပင်နှင့် အသက် နှစ်ဆယ့်ရှစ်၊ နှစ်ဆယ့်ကိုးလောက် ရှိမည်ထင်ရသော အမျိုးသမီးတစ်ဦး တင်ပလင်ခွေ ထိုင်နေခဲ့သည်။ ထိုအမျိုးသမီးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါသည် ပင်းလုနှင့် ရန်ယွင်ထင်တို့ဆီမှ ခံစားရသည့် အရှိန်အဝါထက် အဆပေါင်းများစွာ ပိုမို အားကောင်းပေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦးပင်…

ဤအမျိုးသမီးမှာ ရေခဲနှလုံးသားတောင်ကြား၏ မဟာအကြီးအကဲ လော့လီ ဖြစ်ပေသည်။

လက်ရှိတွင် လော့လီသည် သူမရှေ့ရှိ ကန်ငယ်လေးထဲမှ အအေးစွမ်းအင်များကို ဖြည်းဖြည်းချင်း စုပ်ယူနေခဲ့သည်။ လော့လီ၏ မျက်နှာသည် ကျင့်ကြံခြင်းသွေဖယ်ခြင်း ဖြစ်ရာမှ ကြုံတွေ့ခဲ့ရသည့် ပြဿနာကြောင့် ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့သည်။

လော့လီသည်လည်း အစီအရင် အသက်ဝင်လာသည်ကို သတိပြုမိသည်။ သို့သော် တစ်ချက်လောက် ကြည့်ပြီးနောက် လျစ်လျူသာ ရှုထားလိုက်လေသည်။

ထိုကဲ့သို့သော ကိစ္စမျိုးတွင် သူမ ဝင်ပါစရာမလိုချေ။ လူငယ်မျိုးဆက်ကြားမှ ပြဿနာများကို ပင်းလုန် ကိုင်တွယ်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူမဒဏ်ရာကို ဆက်ပြီးတော့သာ ကုသရန် လုပ်နေစဉ်မှာပဲ လော့လီ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး တစ်ဖက်သို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် အလေးအနက် အမူအရာဖြင့် ရေရွတ်လိုက်လေ၏ “ချီဟွော့၊ နင်တကယ်ကို မစောင့်နိုင်တော့တာပဲ၊ ငါတို့ ရေခဲသန့်စင်ကျွန်းထဲကိုတောင် ကျူးကျော်လာရဲတယ်၊ နေပါဦး… ဒါက…”

ချီဟွော့နှင့်အတူ အခြားတစ်ယောက်ပါ ပါလာသည်ကို သူမ သတိပြုမိလိုက်သည်။ သူမ၏ အမူအရာ ပို၍ လေးနက်သွားခဲ့ပြီး ခဏကြာအောင် တိတ်ဆိတ်သွားပြီးနောက်တွင် သက်ပြင်းတစ်ချက်ချလျက် “ဒီတစ်ကြိမ် ငါတို့ ရေခဲသန့်စင်ကျွန်း ဆက်ပြီးတော့တောင် တည်ရှိနိုင်ပါဦးမလား… သူတို့ မလွန်ဖို့ပဲ မျှော်လင့်ရတော့မယ်”

ပြောပြီးသည်နှင့် ဖြည်းဖြည်းချင်းထ၍ မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

“အစီအရင်ကို အသက်သွင်းလိုက်နိုင်တာနဲ့ ခင်ဗျားကို ဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား။ ရူးလိုက်တာ။ အစီအရင်ကိုသာ အပြည့်အဝ အသက်သွင်းနိုင်မယ်ဆိုရင် ခင်ဗျား ကျုပ်ကို သတ်ရင် သတ်နိုင်ဦးမယ်။ ဒါပေမယ့် ခင်ဗျားရဲ့ စွမ်းအားလေးနဲ့ အစီအရင်ရဲ့ စွမ်းအား ဘယ်လောက်ကိုများ ထုတ်သုံးနိုင်မှာ မို့လို့လဲ” ထိုသို့ အော်ပြောလိုက်ပြီးနောက်တွင် ရန်ကိုင်

ခန္ဓာကိုယ်မှ ငါးရောင်ခြယ် အလင်းတန်းများ ပေါက်ကွဲ ထွက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်၏ အရှိန်အဝါသည်လည်း ရုတ်ချည်း မြင့်တက်လာခဲ့လေသည်။

ရန်ကိုင်သည် သူ့လက်ထဲတွင် ဧရာမ ရွှေရောင်ဓါးကြီး တစ်ချောင်းကို ဖန်တီးလိုက်သည်။

ထိုဓါးသည် ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီထဲမှ သတ္တုဓါးချီဖြင့် ဖန်တီးထားသော ဓါးပင် ဖြစ်လေသည်။

ရန်ကိုင် စွမ်းအား စုနေသည်ကို မြင်သော် ရန်ယွင်ထင် ထိတ်လန့်သွားပြီး တံဆိပ်ပြားထဲသို့ သူတော်စင်ချီ အရူးအမူး ထည့်သွင်း၍ မရေမတွက်နိုင်သော ရေခဲဓါးသွားများ၊ လှံတံများနှင့် မြှားကို ဖြန်တီးကာ ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

“လာစမ်း” ရန်ကိုင်သည် သူ့ဆီ တိုးဝင်လာနေသော တိုက်ခိုက်မှု အားလုံးကို ရွှေရောင်ဓါးဖြင့် ပိုင်းချလိုက်သည်။ ရွှေရောင်ဓါးမှ ဖြာထွက်နေသည့် ရွှေရောင်အရောင်အဝါကြောင့် ရေခဲသန့်စင်ကျွန်း တစ်ခုလုံး တလက်လက် တောက်ပသွားခဲ့ရ၏။

ရန်ယွင်ထင် ပစ်လွှတ်လိုက်သော ရေခဲဓါးများ၊ လှံတံများနှင့် မြှားများသည် နေရောင်အောက် ရောက်သွားသော နှင်းပွင့်များနှယ် အရည်ပျော်ကုန်ကြလေသည်။

မည်သည့်အရာမှ ရန်ကိုင်၏ ဆယ်မီတာအတွင်းသို့ ချဉ်းကပ်မလာနိုင်ခဲ့။

အနက်ရောင်ဆံပင် တလူလူ လွင့်ပျံလျက် လေထဲတွင်ဝဲကာ တည်ရှိနေသော ရန်ကိုင်၏ ပုံစံမှာ ရှေးခေတ်အချိန်အခါမှ လက်ရှိ တိုက်ပွဲကွင်းပြင်ဆီသို့ ဆင်းသက်လာသော စစ်နတ်ဘုရား တစ်ပါးနှင့်ပင် တူနေပေသည်။

ရန်ကိုင်ကိုကြည့်ရင်း ရေခဲနှလုံးသားတောင်ကြားထဲတွင် ရှိနေသော အမျိုးသမီးအားလုံး ရင်တဒုန်းဒုန်း ခုန်သွားကြသည်။

အတွင်းကျွန်းထဲရှိ တစ်နေရာ… စုယန် ရှိနေသည့် အခန်း၊ အခန်းတံခါး ရုတ်တရက် ပွင့်သွားခဲ့ပြီး စုယန် အပြင်သို့ ပြေးထွက်လာခဲ့သည်။ အပြင်သို့ ရောက်သည်နှင့် ရွှေရောင်အရောင်အဝါတို့ဖြင့် လွှမ်းခြုံနေသော သူမ ရင်းနှီးနေသည့် ပုံရိပ်တစ်ခု မိုင်တစ်ရာအကွာခန့်တွင် ရှိနေသည်ကို လှမ်းမြင်လိုက်ရသည်။

“ဂျူနီယာမောင်လေး” စုယန် ရေရွတ်လိုက်သည်။

သူမ၏ အသံသည် အတော့်ကိုမှ တိုးညင်းသော်လည်း ထိုအသံသည် မိုင်ထောင်ပေါင်းများစွာကို တစ်မုဟုတ်ချည်း ဖြတ်ကျော်လျက် ရန်ကိုင်၏ နားထဲသို့ ရောက်သွားသည့်အလား ဓါးကို ဝှေ့ရမ်း၍ တိုက်ခိုက်နေသော ရန်ကိုင်သည် စုယန် ရှိနေသည့်ဘက်ဆီသို့ ပြုံးလျက် လှည့်ကြည့်လာခဲ့သည်။

စုယန်သည်လည်း ပြုံးလိုက်ပြီး ရန်ကိုင် ရှိနေသည့် ဘက်ဆီသို့ ချက်ချင်း ပျံသန်းသွားလေသည်။

လက်ရှိတွင် သူမ ဘာလုပ်ချင်နေလဲ ရှင်းရှင်းလင်းလင်း သိသွားလေပြီ။ သူမဆရာ၏ အမိန့်၊ ရေခဲနှလုံးသားတောင်ကြား၏ စည်းမျဉ်းစည်းကမ်းများသည် သူမအတွက် ဘာမှ အရေးမပါတော့ချေ။ သူမစိတ်ထဲ သူမအတွက်နှင့် ရေခဲသန့်စင်ကျွန်းပေါ် ပြဿနာရှာနေသော ထိုလူနှင့် အတူ ပြန်ဆုံချင်စိတ်တို့သာ ရှိနေတော့သည်။

သူမသာ သူ့အား နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရပြီး သူ့ရင်ခွင်ထဲ နောက်တစ်ကြိမ် ခိုလှုံခွင့်ရမည်ဆိုပါက သေရမည်ဆိုလျှင်ပင် ပျော်ပျော်ကြီး သေရဲပေသည်။

“နင်ဘယ်သွားဖို့ လုပ်နေတာလဲ”

“စုယန်၊ အဲ့မှာ ရပ်လိုက်စမ်း”

ကျိုးယွင်ရွှမ်နှင့် အခြား မိန်းကလေး တပည့်တစ်ဦးသည် မိုင်တစ်ရာ အကွာခန့်တွင် ဖြစ်ပွားနေသော တိုက်ပွဲကို အာရုံစိုက်နေသဖြင့် စုယန် အပြင်သို့ ထွက်လာသည်ကို စစချင်း၌ သတိမပြုမိခဲ့ချေ။ သူမတို့ သတိပြုမိလိုက်သည့် အချိန်တွင် စုယန်သည် အတော် ဝေးဝေးသို့ ရောက်နေခဲ့လေပြီ။ အမျိုးသမီးနှစ်ဦး အစပိုင်းတွင် ကြောင်သွားခဲ့သော်လည်း ချက်ချင်းပဲ စုယန်နောက်သို့ အမြန် ပြေးလိုက်လေတော့သည်။

“စုယန်၊ အကြီးအကဲချုပ်ရဲ့ အမိန့်ကို မနာခံရင် နင်ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာနော်”

“အခုချက်ချင်း ပြန်လာခဲ့စမ်း၊ မဟုတ်ရင် ဘယ်သူမှ နင့်ကို ကယ်နိုင်တော့မှာ မဟုတ်ဘူးနော်”

စုယန်သည် ထိုနှစ်ယောက်၏ အော်ဟစ်သံများကို မသိကျေးကျွံ ပြုထားခဲ့ပြီး ရန်ကိုင် ရှိနေသည့် အရပ်ဆီသို့သာ အလျင်အမြန် ပျံသန်းသွားနေခဲ့သည်။

“မကောင်းတော့ဘူး” ကျိုးယွင်ရွှမ်မျက်နှာ ဖြူလျော်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ခဲ့သည့်အတွက် အကြီးအကဲချုပ်၏ အပြစ်ပေးခြင်းကို ကျိန်းသေ ခံရပေလိမ့်မည်။

“ဒီခွေးမက ငါ့ကို ဒေါသထွက်အောင် လာလုပ်နေတာပဲ” အရပ်ပုပုနှင့် အမျိုးသမီးက အံကြိတ်၍ ကျိန်ဆဲလိုက်လေသည် “စီနီယာအစ်မကျိုး၊ အခု ငါတို့ ဘာလုပ်ကြမလဲ”

“သူ့နောက်ကိုလိုက်” ကျိုးယွင်ရွှမ်က ခြေဆောင့်၍ အရှိန် တင်လိုက်လေသည်။ ရန်ကိုင်သည် လွတ်လပ်စွာ ပျံဝဲနေရင်း ရွှေရောင်ဓါးတစ်ချောင်းကို ကိုင်စွဲလျက် ရန်ယွင်ထင်မှ ဂိုဏ်းအကာအကွယ် အစီအရင်ဖြင့် ဖန်တီးထားသော တိုက်ခိုက်မှုများကို တစ်စစီ ဖျက်စီးပစ်နေလေသည်။

ရန်ယွင်ထင်မှာလည်း သူမ မြင်နေရသည့် မြင်ကွင်းကို ကြည့်ရင်း အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေခဲ့ရလေသည်။

ဒီကောင် ဘယ်လောက်ထိတောင် သန်မာတာလဲ

တန်ခိုးရှင်ဒုတိယအဆင့်လေးသာ ရှိသေးသော်လည်း ဂိုဏ်းအကာအကွယ် အစီအရင်၏ စွမ်းအားကို ထုတ်သုံးထားသော သူမကိုပင် ဤအတိုင်းအတာအထိ ဖိနှိပ်ထားနိုင်ခဲ့သည်။

ဒီအဆင့်လေးနဲ့တောင် ဒီလောက်ထိ အားကောင်းနေရင် သူသာ တန်ခိုးရှင်တတိယအဆင့်ကို ချိုးဖျက်သွားခဲ့ရင် တန်ခိုးရှင်ဘုရင် အဆင့်ကိုတောင် ပြန်တိုက်နိုင်မလား မသိဘူး

ထိုအကြောင်း စဉ်းစားမိလိုက်သည်နှင့် ရန်ယွင်ထင် အလွန်ကိုမှ အံ့အားသင့်သွားခဲ့သည်။

ထိုအတွေးကြောင့် သူမစိတ်ထဲ ကြောက်လန့်မိသွားသလို တစ်ချိန်တည်းတွင် ရန်ကိုင်အား သတ်ကို သတ်ရမည်ဟူသော အတွေးလည်း သူမစိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့လေသည်။

သူသာ ယနေ့ မသေခဲ့လျှင် အနာဂတ်တွင် ရေခဲနှလုံးသား တောင်ကြား ကြီးကြီးမားမား ဒုက္ခရောက်ရပေလိမ့်မည်။

“ရေခဲနှလုံးသားတောင်ကြားရဲ့ အကြီးအကဲချုပ်က ဘာမှလည်း မဟုတ်ပါလား” ရန်ကိုင်က နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်ရင်း ညာဘက်လက်ဖြင့် ရွှေရောင်ဓါးအသစ် တစ်ချောင်းကို ဖန်တီးလိုက်လေသည်။ ထို့နောက် ထိုရွှေရောင်ဓါးကို ရန်ယွင်ထင်ဆီသို့ လှမ်းပစ်လိုက်၏။

ရန်ယွင်ထင် မည်သို့ပင် ကြိုးစားနေပါစေ ထိုရွှေရောင်ဓါး သူမဆီသို့ ချဉ်းကပ်လာနေသည်ကို မည်သို့မှ မတားဆီးနိုင်ခဲ့ပေ။

ယခုမှသာ ရန်ကိုင် သူမအား ဦးညွှတ်ရခြင်းမှာ ကြောက်သည့် အတွက်ကြောင့် မဟုတ်ဘဲ နောက်ဆုံးအကြိမ်အဖြစ် စုယန်၏ ဆရာအဖြစ် လေးစားသမှု ပြခြင်းသာဖြစ်ကြောင်း နားလည်သွားခဲ့သည်။

လက်ရှိအချိန်တွင် ရန်ကိုင်သည် သူမအား သတ်ရန် နည်းနည်းလေးမှ တုန့်ဆိုင်းနေတော့လိမ့်မည် မဟုတ်ချေ။

သူမအား နောင်တရလားဟု လာမေးခဲ့လျှင် လုံးဝ မရဘူးဟူ၍သာ ပြန်ဖြေပေမည်။

ရန်ယွင်ထင်၏ မျက်လုံးထဲ ပြတ်သားသည့် အကြည့်တို့ ဖြတ်ပြေးသွားခဲ့သည်။ သူမ ဤနေရာတွင် သေရမည်ဆိုလျှင်ပင် သူမ ချခဲ့သည့် ဆုံးဖြတ်ချက်အတွက် နောင်တရနေလိမ့်မည် မဟုတ်ချေ။

စုယန်သာ ရေခဲနှလုံးသားတောင်ကြား၏ အနာဂတ်ထောက်တိုင် ဖြစ်လာခဲ့လျှင် ရေခဲနှလုံးသားတောင်ကြားတွင် တစ်နေ့နေ့တွင် မီးတောက်ဂိုဏ်းကို ကျိန်းသေ ကျော်ဖြတ်၍ လှိုင်းနီကြယ်ပေါ်တွင် အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သွားပေလိမ့်မည်။

သူမ ဤနေရာတွင် သေလျှင် သေသွားလိမ့်မည် ဖြစ်သော်လည်း ရေခဲနှလုံးသားတောင်ကြား၏ အကြီးအကဲချုပ်ဟူသော အဆင့်အတန်းမှာ သာမန် အဆင့်အတန်းတစ်ခု မဟုတ်ပေ။ မဟာအကြီးအကဲသာ သူမ အသတ်ခံလိုက်ရသည့်အကြောင်း သိသွားခဲ့လျှင် ရန်ကိုင် ကျိန်းသေ သေရပေလိမ့်မည်။

ရန်ကိုင်သာ သေသွားခဲ့လျှင် စုယန်လည်း အနှောင်အဖွဲ့ ကင်းကင်းဖြင့် ဆက်လက် ကျင့်ကြံနိုင်ပေလိမ့်မည်။

သေခြင်းတရား နီးကပ်လာနေသော်လည်း ရန်ယွင်ထင်သည် ကြောက်လန့်သွားခြင်း အရှင်းမရှိဘဲ ရန်ကိုင်အား ရူးသွပ်စွာ ပြုံးလျက်သာ ပြန်စိုက်ကြည့်နေခဲ့သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ရေခဲနှလုံးသားတောင်ကြား၏

အစီအရင် ရုတ်ချည်း အားကောင်းလာခဲ့ပြီး ရေခဲစွမ်းအင်များ စတင်

စုဝေးလာပြီး ရန်ယွင်ထင်ရှေ့၌ ရေခဲအရံအတားတစ်ခု

ဖြစ်ပေါ်လာခဲ့လေသည်။

ထိုအကာအရံနှင့် အတွေ့တွင် ရန်ကိုင့် ရွှေရောင်ဓါး အရှိန်မှာ

တစ်စတစ်စ လျော့ကျသွားခဲ့ရလေသည်။

သို့သော်လည်ငြား ရေခဲအကာအရံသည် ရွှေရောင်ဓါးကို အပြည့်အဝ မတားဆီးနိုင်ခဲ့ပေ။

ရန်ကိုင်သည် မျက်မှောင်ကြုတ်လျက် ဘေးဘက်သို့ လှမ်း၍ ကြည့်လိုက်သည်။

ရန်ကိုင် လှည့်ကြည့်လိုက်သည့်ဘက်တွင် ရေခဲနှလုံးသားတောင်ကြား၏ တောင်ကြားသခင် ပင်းလုန်သည် ဘယ်အချိန်ကတည်းကမှန်းမသိ ထိုနေရာသို့ ရောက်နေပြီး ရန်ယွင်ထင် အသုံးပြုနေသည့် တံဆိပ်ပြားနှင့် ဆင်တူသော တံဆိပ်ပြားတစ်ခုကို ကိုင်လျက် ထိုတံဆိပ်ပြားထဲသို့ သူတော်စင်ချီ အသည်းအသန် ထည့်သွင်းနေခဲ့သည်။

ပင်းလုန်၏ မျက်နှာသည် အလွန်ကိုမှ လေးနက်တည်ကြည်နေပြီး ချွေးသီးချွေးပေါက်တို့မှာလည်း သူမ၏ နဖူးတစ်လျှောက် တောက်လျှောက် စီးကျနေခဲ့လေသည်။

မကြာမီ အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြ၏။ ထိုအကြီးအကဲများသည် သူတို့ရှေ့ရှိ မြင်ကွင်းကို မြင်သော် သူတို့၏ တံဆိပ်ပြားအသီးသီးကို အလျင်အမြန် ထုတ်လိုက်ကြသည်။

အကြီးအကဲများစွာမှ အတူပူးပေါင်းလာသည့် အတွက်ကြောင့် အစီအရင်၏ စွမ်းအားမှာ အဆပေါင်းများစွာ မြင့်တက်လာခဲ့ရလေသည်။

နောက်ဆုံးတွင် ရွှေရောင်ဓါးလည်း ရှေ့ဆက်မတိုးနိုင်တော့ဘဲ ရန်ယွင်ထင်နှင့် လက်တစ်ဝါးအကွာတွင် ရပ်တန့်သွားခဲ့ရ၏။

သို့သော်လည်း ရွှေရောင်ဓါးဆီမှ ဖြာထွက်နေသော အရှိန်အဝါကြောင့် ရန်ယွင်ထင်၏ နဖူးထက် အပေါက် သေးသေးလေးတစ်ပေါက် ဖြစ်သွားခဲ့ရသေးသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၄၈)

ရန်ယွင်ထင်သည် ပြောင်းလဲခြင်း မရှိသည့် အမူအရာဖြင့် ရန်ကိုင်အား စိုက်ကြည့်၍ အေးစက်စက် လေသံနှင့် မေးလိုက်၏ “ဒါပဲလား”

သူမ၏ အကူများ ရောက်လာသည်ကို မြင်သော် ရန်ယွင်ထင်သည် ရန်ကိုင်အား နောက်တစ်ကြိမ် ပြန်သတ်ချင်လာခဲ့လေသည်။

“သေလိုက်စမ်း” သူ့ကိုယ်ပတ်လည်တွင် ရစ်သိုင်းနေသည့် အခြားသော စွမ်းအင်လေးမျိုးသည် ရွှေရောင်ဓါးသွားထဲသို့ စီးဝင်ပေါင်းစပ်သွားခဲ့လေသည်။

ဒြပ်စင်ငါးမျိုး၏ အချင်းချင်း အပြန်အလှန် အားဖြည့်ပေးမှုကြောင့် ဓါးအလင်းရောင်၏ စွမ်းအားမှာ အလျင်အမြန် မြင့်တက်လာခဲ့ရ၏။

ခရက်…

ရန်ယွင်ထင်အား ကာကွယ်ထားသော ရေခဲနံရံ စတင် အက်ကွဲလာခဲ့လေသည်။

ရန်ယွင်ထင်၏ မျက်နှာ ကြောက်လန့်မှုကြောင့် ဖြူလျော်သွားပြီး ပင်းလုန်နှင့် အခြား အကြီးအကဲများသည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း မှင်သက်ကုန်ကြလေသည်။

ဘန်းဆိုသော မြည်သံနှင့်အတူ ရေခဲနံရံ လုံးဝ ပျက်စီးသွားခဲ့ပြီး ငါးရောင်ခြယ်အလင်းတန်းသည် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ရန်ယွင်ထင်၏ နဖူးတည့်တည့်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

ရေခဲနှလုံးသားတောင်ကြား၏ အကြီးအကဲချုပ် တမလွန်ဘဝသို့ ကူးရောင်းရခါနီးတွင်၊ လက်တစ်ဖက် ရုတ်တရက် ပေါ်လာခဲ့၏။ တစ်ချိန်တည်းတွင် ထိုလက်ဆီမှ ဆန်းကြယ်ပြီး ရှင်းပြရခက်သည့် စွမ်းအားတစ်မျိုး ထွက်ပေါ်လာခဲ့လေသည်။

ရေခဲနံရံကို အလွယ်တကူ ထိုးဖောက်လာခဲ့သော ငါးရောင်ခြယ် ဓါးအလင်းသည် ထိုလက်နှင့်အတွေ့တွင် နည်းနည်းလေးမှ ရှေ့ဆက်မတိုးနိုင်တော့ပေ။

“ကောင်လေး၊ လူတစ်ယောက်ကို လွှတ်ပေးလို့ အဆင်ပြေရင် လွှတ်မပေးလိုက်ဘဲ ဘာလို့ သတ်ဖို့ချည်းပဲ လုပ်နေတာလဲ” အမျိုးသမီးတစ်ဦး၏ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

သေမင်းခံတွင်းထဲ ရောက်ခါနီး ဖြစ်သွားရသဖြင့် ရန်ယွင်ထင် ဇောချွေးပျံနေခဲ့သည်။ သို့သော်လည်း ထိုအဖြူရောင်လက်နှင့် အမျိုးသမီး၏ အသံကို ကြားပြီးနောက်တွင် ရန်ယွင်ထင် ပျော်သွားခဲ့ပြီး “အခုလို ကူညီပေးတဲ့အတွက် မဟာအကြီးအကဲကို တပည့် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ရေခဲနှလုံးသား တောင်ကြားကို ဒုက္ခရောက်အောင် လုပ်ရဲတဲ့ ဒီမိစ္ဆာကောင်ကိုပါ သတ်ပေးဖို့ မဟာအကြီးအကဲကို တပည့် တစ်ဆက်တည်း အကူအညီ တောင်းပါရစေ”

မဟာအကြီးအကဲလား

ရန်ကိုင်၏ အမူအရာ လေးနက်သွားခဲ့ပြီး ဘေးတစ်ဖက်သို့ လှည့်ကြည့်လိုက်သော်ငြား မည်သည့်ကိုမှ မတွေ့ခဲ့ရပေ။

ရေခဲနှလုံးသားတောင်ကြားတွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသည့် မဟာအကြီးအကဲတစ်ဦးရှိမှန်း ရန်ကိုင် သိသည်။ သို့သော် ထိုမဟာအကြီးအကဲမှာ တန်ခိုးရှင်ဘုရင် ပထမ အဆင့်သာ ရှိသေးသည်။

လော့ဟိုင်ကဲ့သို့ လူတစ်ယောက်မှပင် လွတ်အောင် ထွက်ပြေးနိုင်ခဲ့ရာ ရေခဲနှလုံးသားတောင်ကြား၏ မဟာအကြီးအကဲ မည်မျှအားကောင်းစေကာမူ၊ သူမကြောက်ချေ။ ထိုအကြီးအကဲသည် လော့ဟိုင်ထက် ပို၍ အားကောင်းမည်လား။

ထို့ကြောင့်ပဲ ရေခဲနှလုံးသားတောင်ကြားဆီသို့ သူလာရဲခဲ့ခြင်း ဖြစ်သည်။ ထိုမဟာအကြီးအကဲကို ကြောက်စရာမလိုသည့်တိုင် သတိတော့ ထားရပေလိမ့်မည်။

ပင်းလုန်ကမူ မဟာအကြီးအကဲ ရန်ကိုင်အား သတ်မည်ကို ကြောက်နေသည့်အလား အလျင်အမြန် အော်ပြောလိုက်၏ “မဟာအကြီးအကဲ၊ ခဏနေပါဦး။ ဒီကိစ္စမှာ အချို့ ကိစ္စလေးတွေ ရှိနေတဲ့ တပည့်ပဲ ကိုင်တွယ်ပါရစေ”

ရန်ကိုင်အား ဤနေရာတွင် သေသွားစေ၍ မဖြစ်ချေ။

အမျိုးသမီး၏ အသံ နောက်တစ်ကြိမ် ပြန်ထွက်ပေါ်လာခဲ့၏။ သို့သော် စကားမပြောတော့ဘဲ သက်ပြင်းသာ ချလိုက်သည်။ ငါးရောင်ခြယ်အလင်းဓါးကို တားဆီးထားသော လက်မှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်သည် သူ့ငါးရောင်ခြယ် အလင်းကို ကိုယ်ထဲသို့ ပြန်ဆွဲယူလိုက်ပြီး ရန်ယွင်ထင်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

တစ်ဖက်လူသည်လည်း အံကြိတ်၍ သူ့အား ပြန်စိုက်ကြည့်နေ၏။

မဟာအကြီးအကဲ ရန်ကိုင်အား မသတ်လိုက်သည့်အပေါ် အတော်လေး စိတ်ပျက်နေသည့်ပုံပင်။ ရန်ကိုင်သည် ရေခဲနှလုံးသား တောင်ကြားထဲလာပြီး မဟာအကြီးအကဲ ဖြစ်သည့် သူ့ကိုပင် သတ်ရန် ကြိုးစားခဲ့သူ ဖြစ်သည်။

တစ်ဖက်လူ ဤကဲ့သို့ သူတို့နေရာလာပြီး လုပ်ချင်တိုင်း လုပ်နေသည်ကို ရန်ယွင်ထင် လုံးဝ သည်းမခံနိုင်ချေ။

သို့သော်ငြား မဟာအကြီးအကဲ၏ ဆုံးဖြတ်ချက်ကို သွားပြီး မကန့်ကွက်ရဲသည့်အတွက် သူမဒေါသကို မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့လေသည်။

လှပသော ပုံရိပ်လေးတစ်ခုသည် တိုက်ပွဲ ဖြစ်ပွားနေရာ နေရာဆီသို့ အလျင်အမြန် ပျံသန်းလာနေခဲ့သည်။ ရန်ကိုင်သည် ထိုပုံရိပ်ဘက်သို့ လှည့်ကြည့်လိုက်သည့် အခိုက်တွင် သူ့ဆီမှ ဖြာထွက်နေသော သတ်ဖြတ်လိုစိတ်တို့သည် ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့်အလား သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပြီး နွေးထွေးကြင်နာသော အပြုံးတစ်ပွင့်သည်လည်း သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့လေသည်။

ထိုပုံရိပ်အား ကြည့်နေသည့် သူ့အကြည့်မှာလည်း အလွန်ကိုမှ သိမ်မွေ့နေခဲ့သည်။ သူ့အကြည့်ထဲ မည်သည့် ခက်ထန်မှုတို့မှ ပါဝင်နေခြင်း မရှိခဲ့။

ရန်ကိုင်၏ ပြောင်းလဲသွားသော အမူအရာကြောင့် ပင်းလုန်နှင့် အခြားသူများ အကြီးအကဲများ အံ့ဩသွားကုန်ကြပြီး ဘာတွေများ ဖြစ်နေသလဲ အထင်ဖြင့် ရန်ကိုင် ကြည့်ရာဘက်အတိုင်း လိုက်ကြည့်လိုက်သည့်အခိုက်၊ အကုန်လုံး နားလည်သွားခဲ့ကြ၏။

လာနေသည့် ပုံရိပ်ကို မြင်ပြီးနောက် ရန်ယွင်ထင်၏ မျက်နှာမှာ ပို၍ စူပုပ်သွားခဲ့လေသည်။ တစ်ခုခုကို အော်ပြောတော့မည်အပြု သူမအား အကြည့်စူးစူးတစ်ခုမှ စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။

အကြည့် ခံစားမိရာဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ သူမအား ခြောက်ခြားဖွယ်ရာ အကြည့်ဖြင့် စိုက်ကြည့်နေသော ရန်ကိုင်ကို မြင်တွေ့လိုက်ရလေသည် “ခင်ဗျားပါးစပ် ဟရဲဟကြည့်၊ ကျုပ် ခင်ဗျားကို သတ်မှာ”

ရန်ကိုင်၏ ခြိမ်းခြောက်စကားကြောင့် ရန်ယွင်ထင်သည် သူမ ပြောတော့မည့် စကားများကို ပြန်မျိုချလိုက်ရလေသည်။

သူမစိတ်ထင်ပဲလား၊ သိပ်တော့ မပြောတတ်သော်ငြား ရန်ကိုင်၏ အကြည့်ကို မြင်လိုက်ချိန် သူမအား ကြောက်မက်ဖွယ်ရာ သားရဲကြီး တစ်ကောင်မှ စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။ သူမသာ ရန်ကိုင်အား ထပ်မံဒေါသထွက်အောင် လုပ်မိလျှင် မဟာအကြီးအကဲပင် သူမအား ကယ်နိုင်တော့မည် မဟုတ်ဟု ခံစားလိုက်ရသည်။

ထိုခံစားချက်သည် သူမအား အတော်လေး ကြောက်လန့်သွားစေခဲ့သည်။

လှပသော ပုံရိပ်လေးသည် မကြာမီ ရန်ကိုင်ရှေ့သို့ ရောက်လာပြီး သူအား အရည်လဲ့နေသည့် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်၍ နှုတ်ခမ်းအား အသာအယာ ကိုက်လိုက်၏။

ရန်ကိုင်ကို ကြည့်နေရင်း သူမ၏ အေးစက်စက် မျက်နှာထက် ရှားရှားပါးပါး အပြုံးတစ်ပွင့် ပွင့်လန်းလာခဲ့လေသည်။

ထိုအပြုံးကို မြင်လိုက်သည့်အခိုက် မရေမတွက်နိုင်သော ရေခဲသန့်စင်ကျွန်းမှ တပည့်များ မှင်သက်ကုန်ကြ၏။

“ဘုရားရေ၊ စုယန် တကယ်ကြီး ပြုံးသွားတာလား။ ပြီးတော့ သူပြုံးပြနေတာက ယောကျာ်းကြီး”

“သူမပြုံးတတ်ဘူးလို့တောင် ငါထင်ထားတာ။ သူ အဲ့ယောကျာ်းနဲ့ သိနေတာလား”

“သူတို့ ကြည့်ရတာ အရမ်း ရင်းနှီးနေသလိုပဲ”

“စုယန်မှာ ယောကျာ်းတစ်ယောက် ရှိနေတာလား”

“အကြီးအကဲချုပ် ဒါကြောင့် သူ့ကို အပြစ်ပေးတာကိုး”

“စုယန်ရဲ့ အချစ်ကို ရအောင်ယူနိုင်တယ်ဆိုတော့ ဒီလူ တော်တော်လေး ထူးခြားလို့ ဖြစ်ရမယ်”

…

တပည့်များဆီမှ တီးတိုးသံများစွာ ထွက်ပေါ်လာခဲ့လေသည်။ ထိုတီးတိုးပြောဆိုသံများကို ကြားပြီးနောက် ရန်ယွင်ထင်၏ မျက်နှာ ပြာနှမ်းသွားပြီး ပင်းလုန်ကမူ သက်ပြင်းချရင်း ခေါင်းသာ ခါလိုက်လေသည်။

အခြား အကြီးအကဲများသည်လည်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ စုယန်နှင့် ရန်ကိုင်သည် အချင်းချင်း သိနေကြလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ချေ။ လက်ရှိ အဖြစ်အပျက်သည် သူတို့အား အတော့်ကိုမှ ထိတ်လန့်သွားစေသည်ဟု ပြောရပေမည်။

အားလုံး၏ အကြည့်အောက်တွင် ရန်ကိုင်သည် စုယန်ဆီသို့ လက်ဆန့်တန်းလိုက်သည်။

စုယန်၏ ပါးပြင် ပန်းရောင်သန်းသွား၏။ သို့သော်လည်း ရန်ကိုင်၏ လက်ကို ကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ ပြေးဝင်သွားလေသည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ကြသည်။

နှစ်ပေါင်းသုံးဆယ်ကျော်ကြာအောင် အချင်းချင်း မတွေ့ရပြီး နောက်ပိုင်းတွင် သူတို့နှစ်ဦး နောက်တစ်ကြိမ် ပြန်ဆုံခွင့် ရခဲ့လေပြီ။

ထိုမြင်ကွင်းကို မြင်သည့်အခါ ရန်ယွင်ထင်၏ မျက်နှာ သံပုရာသီး ကိုက်လိုက်ရသည့်နှယ် ရှုံ့မဲ့သွားခဲ့ပြီး တစ်ခုခု ပြောချင်ဟန်ဖြင့် ပင်းလုန်ဘက်သို့ လှည့်လိုက်သည်။ သို့သော် ပင်းလုန်၏ ကူကယ်ရာ မဲ့နေသည့် အမူအရာကို မြင်သည့်အခိုက် အံကိုသာ ကြိတ်လိုက်ရလေတော့သည်။

“စုယန်၊ မိန်းမပျက်မ၊ နင်ဒီကို ချက်ချင်း ပြန်လာစမ်း”

“နင်ထွက်ပြေးရဲရင် အပြစ်ပေးခံရမှာနော်”

ထိုကြည့်နူးစရာ အခိုက်အတန့်လေးသည် ရုတ်ချည်း ထွက်ပေါ်လာသည့် အသံဗြဲကြီးနှစ်သံကြောင့် ပျက်စီးသွားခဲ့လေသည်။

တပည့်များစွာတို့သည့် ဆူပူပြစ်တင်လိုဟန်ဖြင့် အသံ ထွက်ပေါ်လာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။

အလင်းတစ်ချက် လက်သွားပြီး အမျိုးသမီးနှစ်ဦး ထွက်ပေါ်လာခဲ့လေသည်။

လက်ရှိ အခြေအနေကို မြင်ပြီးနောက် ကျိုးယွင်ရွှမ်နှင့် အခြားအမျိုးသမီးနှစ်ဦးစလုံူ ကြောင်သွားခဲ့ကြလေသည်။ ဤနေရာတွင် ဂိုဏ်းချုပ်နှင့်တကွ အခြား အကြီးအကဲများစွာ စုဝေးနေကြလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ရန်ယွင်ထင်အား ကြောက်ကြောက်လန့်လန့်ဖြင့် လှည့်ကြည့်လိုက်၏။

မည်သို့ပင် ဖြစ်စေကာမူ ရန်ယွင်ထင်သည် စုယန်အား အလွန်ကိုမှ တန်ဖိုးထားသည်။ ရန်ယွင်ထင်ရှေ့တွင် စုယန်အား မိန်းမပျက်မဟု ဆဲဆိုလိုက်သည့်အခိုက် သူတို့ အပြစ်ခံသွားရနိုင်ပေသည်။

သို့သော်လည်း ကြည့်လိုက်ပြီးနောက် အမျိုးသမီးနှစ်ဦးစလုံး ပျော်သွားခဲ့ကြလေသည်။

ရန်ယွင်ထင်သည် သူတို့ ရှိနေသည်ကိုပင် သတိပြုမိဟန်မတူဘဲ ရှေ့တည့်တည့်သို့သာ မီးတောက်မတတ် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။

အမျိုးသမီးနှစ်ဦးလုံးလည်း ရန်ယွင်ထင် ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်မိသည့်အခိုက် ကျိုးယွင်ရွှမ်သည် သူမပါးစပ်ကို အလန့်တကြား လက်ဖြင့် အုပ်လိုက်မိလေသည်။

စုယန်သည် သူစိမ်း အမျိုးသားတစ်ဦးနှင့် ဖက်နေခဲ့သည်။

စုယန်၏ လုပ်ရပ်သည် ရေခဲနှလုံးသားတောင်ကြား၏ စည်းမျဉ်းကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်လိုက်ခြင်းပင်။

သူတို့ ဆရာများ၏ ခွင့်ပြုချက်မရှိဘဲ မည်သည့် အတွင်းကျန်း တပည့်မှ ပြင်ပယောကျာ်းသားများနှင့် ရင်းနှီးခွင့်မရှိချေ။ စုယန်သည် အကြီးအကဲချုပ် အလွန်တန်ဖိုးထားသည့် တပည့်တစ်ဦး ဖြစ်သည်။ လက်ရှိ စုယန်၏ လုပ်ရပ်သည် အကြီးအကဲချုပ်၏ မျက်နှာကို သူရှေ့သူရှေ့၌ ဖြတ်ချလိုက်သည်နှင့်ပင် တူနေပေသည်။

အကြီးအကဲချုပ် ထိုမျှ ဒေါသထွက်နေသည်မှာလည်း အံ့ဩစရာ မဟုတ်တော့။

ထိုအချက်အားလုံးကို စဉ်းစားပြီးနောက်တွင် ကျိုးယွင်ရွှမ်က အလျင်အမြန် ပြောလိုက်လေသည် “အကြီးအကဲချုပ်၊ ကျွန်မတို့ စုယန်ကို တားခဲ့ပေမယ့် စုယန်က ပြောစကားနားမထောင်ဘဲ အပြင်ကို အတင်းကာရော ပြေးထွက်လာခဲ့ပါတယ်။ သူ့မှာ အရေးကြီးတဲ့ လုပ်စရာတစ်ခုခု ရှိလို့ အခုလိုလုပ်တာလို့ ထင်ခဲ့ပေမယ့် အခုလိုမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဂိုဏ်းရဲ့ စည်းမျဉ်းကို ဖောက်ဖျက်အတွက် ကျေးဇူးပြုပြီး စုယန်ကို အပြစ်ပေးပါ အကြီးအကဲ”

ရန်ယွင်ထင်၏ ခန္ဓာကိုယ် တုန်ရီသွားပြီး သူမ စိတ်ထဲလည်း ပို၍ ဒေါသထွက်သွားခဲ့လေသည်။

ကျိုးယွင်ရွှမ်သည် ယခုကဲ့သို့ အခြေအနေမျိုးတွင် ဘာကြောင့် ထိုအဓိပ္ပါယ်မရှိသည့် မှတ်ချက်များကို ပေးနေရသနည်း။ သူမသာ လုပ်နိုင်လျှင် ထိုသူတောင်းစားကောင်၏ ခန္ဓာကိုယ်ကို အစောကြီး ကတည်းက အစိတ်စိတ် အမွှာမွှာဖြစ်အောင် လုပ်ပစ်လိုက်နေလေပြီ။

သို့သော်လည်း သူမမှ ရန်ကိုင်ကို မသတ်နိုင်လေရာ ဘာများ လုပ်နိုင်တော့မည်နည်း။ ရေခဲနှလုံးသားတောင်ကြားထဲတွင် ရန်ကိုင်အား သတ်နိုင်လောက်သည့်လူဆို၍ မဟာအကြီးအကဲ တစ်ဦးသာ ရှိသည်။

ထို့ကြောင့် ကျိုးယွင်ရွှမ် ပြောသည့်စကားကို လျစ်လျူသာ ရှုထားလိုက်လေသည်။

ကျိုးယွင်ရွှမ်လည်း အကြီးအကဲချုပ်မှ သူမ၏ စကားကို လုံးဝ အဖက်မလုပ်သည့်အတွက် အံ့အားသင့်သွားခဲ့လေသည်။

သူမ စိတ်ရှုပ်နားမလည်နိုင် ဖြစ်နေစဉ်မှာပဲ အေးစက်စက် အသံတစ်သံကို သူမ ကြားလိုက်ရ၏ “စုယန်ကို ဆဲလိုက်တာ နင်လား”

မော့ကြည့်လိုက်သည့်အခါ စုယန်အား လက်ဖြင့် ပွေ့ထားသော ယောကျာ်းမှ သူမအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေံလိုက်ရလေသည်။

ထိုအကြည့်ကို မြင်လိုက်သည့်အချိန် ဘာကြောင့်မှန်းမသိ ကျိုးယွင်ရွှမ်တစ်ဦး ကျောရိုးတစ်လျှောက် စိမ့်တက်သွားရ၏။ အကြီးအကဲများဘက်သို့ လှည့်ကြည့်လိုက်သော်လည်း မည်သည့် အကြီးအကဲမှ စကားဝင်ပြောမည့်ပုံကို မတွေ့ရသော် အံကြိတ်၍သာ ပြန်ပြောလိုက်လေသည် “ငါနည်းနည်း စကားပြော မှားသွားလို့”

စုယန် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူမအား တပည့်များ၊ အကြီးအကဲများနှင့် တောင်ကြားသခင်ရှေ့တွင် ဆဲဆိုခြင်းသည် ရိုင်းစိုင်သည့်လုပ်ရပ်တစ်ခု ဖြစ်သည်။ ထိုကဲ့သို့ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများ ရှိနေသဖြင့် ကျိုးယွင်ရွှမ်လည်း သိပ်ပြီး မာန်မတက်ရဲဘဲ သူမ၏ အမှားကို ဝန်ခံလိုက်လေသည်။

“ပြန်တောင်းပန်လိုက်” ရန်ကိုင်က အမိန့်ပေးလိုက်သည်။

ကျိုးယွင်ရွှမ်၏ မျက်နှာထက် ဒေါသရိပ်တို့ ထွက်ပေါ်လာပြီး ပြန်၍ ပြောလိုက်လေသည် “ငါ့ကို အမိန့်ပေးရအောင် နင်က ဘာမို့လို့လဲ”

အမှားတစ်ခု ဝန်ခံခြင်းနှင့် တောင်းပန်ခြင်းသည် လုံးဝ မတူသည့် အရာနှစ်မျိုးဖြစ်သည်။ သူမအနေဖြင့် အမှားကိုသာ ဝန်ခံမည် ဖြစ်သော်ငြား လူရှေ့သူရှေ့တွင် စုယန်ကိုတော့ လုံးဝ တောင်းပန်မည် မဟုတ်ချေ။

သူမ စကားပြောလိုသည်နှင့် တစ်ပြိုင်နက် ဘန်းဆိုသော မြည်သံနှင့်အတူ သူမ၏ ပါးပြင်တစ်ခုလုံး ဖူးရောင်ကိုင်းလာသလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် သူမ၏ ခန္ဓာကိုယ်ည် မီတာပေါင်းများစွာသို့ လွင့်ထွက်သွားခဲ့ရလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း အကြီးအကဲအားလုံး ဖြူဖတ်ဖြူလျော် ဖြစ်သွားကုန်ကြသည်။

ရန်ကိုင် မည်ကဲ့သို့ လှုပ်ရှားလိုက်သလို ဆိုသည်ကို သူတို့ မမြင်တွေ့လိုက်ရဘဲ ကျိုးယွင်ရွှမ် လွင့်ထွက်သွားသည်ကိုသာ တွေ့လိုက်ရသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၄၉)

ကျိုးယွင်ရွှမ်သည် မြေပြင်ပေါ်မှ ကုန်းရုန်းထလာပြီးနောက် ဖူးရောင်ကိုင်းနေသည် သူမ၏ ပါးကို ကိုင်လျက် ရန်ကိုင်အား အံ့အားသင့်နေသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။

အကြီးအကဲများရှေ့တွင်ပင် ရန်ကိုင်သည် သူမအား တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ပြန်တောင်းပန်လိုက်” ရန်ကိုင်က ထပ်အမိန့်ပေးလိုက်လေသည်။

ကျိုးယွင်ရွှမ်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့သည်။ သူမ၏ ညီအစ်မများ ရှေ့တွင် ယခုကဲ့သို့ စော်ကားခံလိုက်ရသည့်အတွက် ကျိုးယွင်ရွှမ် အလွန်ကိုမှ ဒေါသထွက်သွားခဲ့လေသည်။ သည်းမခံနိုင်တော့သည့် အဆုံး ပြန်အော်ပြောလိုက်လေ၏ “နင်ငါ့ကို ရိုက်ရဲတယ်လား”

ဖြန်း…

ကျိုးယွင်ရွှမ် နောက်တစ်ကြိမ် ထပ်လွင့်ထွက်သွားပြန်လေသည်။

ယခု သူမ၏ အခြား ပါးတစ်ဖက်လည်း ဖူးရောင်ကိုင်းသွားလေပြီ။

“ပြန်တောင်းပန်လိုက်” ရန်ကိုင်၏ ခံစားချက်မပါသည့် အေးစက်စက် အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ဒုတိယတစ်ကြိမ် အရိုက်ခံရပြီးသည့်နောက်တွင်မူ ကျိုးယွင်ရွှမ် အတော်လေး လန့်သွားခဲ့လေပြီ။ ထို့ကြောင့် အကူအညီ ရလိုရငြား အကြီးအကဲချုပ်ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ခေါင်းအစ ခြေအဆုံးသည် အေးစက်သွားခဲ့ရလေသည်။ သူမမှာ ထိတ်လန့်လွန်းသဖြင့် တစ်ခဏတာ ဘာမှ မစဉ်းစားနိုင်ပင် ဖြစ်သွားခဲ့ရလေသည်။

အကြီးအကဲချုပ်ကမူ အေးစက်စက် အမူအရာဖြင့်သာ ရန်ကိုင်ကို စိုက်ကြည့်နေခဲ့ပြီး ဘာစကားတစ်ခွန်းမှ မပြောခဲ့ပေ။

အခြားသော အကြီးအကဲများသာ ထိုကဲ့သို့ ဖြစ်နေခြင်းမဟုတ်ဘဲ တောင်ကြားသခင်သည်ပင် မျက်မှောင်သာ ကြုံနေခဲ့သည်။

ဘာကြောင့်များ တစ်ဦးတစ်ယောက်မှ သူမအတွက် ထွက်ပြီး မရပ်တည်ပေးကြသနည်း။ အကုန်လုံးသည် သူတို့၏ တပည့်တစ်ဦး တိုက်ခိုက်ခံရသည်ကို ဤအတိုင်း ရပ်ကြည့်နေကြသည်။

ကျိုးယွင်ရွှမ် အလွန် ထိတ်လန့်နေမိလေပြီ။ စုယန်ကို လူအများရှေ့တွင် မဆဲသင့်လိုက်မှန်း သူမသိသည်။ သူမ အမှား လုပ်မိမှန်းကိုလည်း ကျိုးယွင်ရွှမ် သိသည်။ သို့သော် သူမအား ယခုကဲ့သို့ နည်းနည်းလေးမှ မကူညီဘဲ ပစ်ပယ်ထားရခြင်းတွင် အခြား အကြောင်းအရင်း တစ်ခုခုတော့ ရှိရပေလိမ့်မည်။

အကုန်လုံး ထိုလူငယ်လေးကို ကြောက်နေခြင်းပေလော။

“နောက်ဆုံးတစ်ကြိမ် ထပ်ပြောမယ်။ ပြန်တောင်းပန်လိုက်… မဟုတ်ရင် သေဖို့ပြင်ထားပေတော့” ရန်ကိုင်သည် ကျိုးယွင်ရွှမ်အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်ရင်း ရာဇသံပေးလိုက်လေသည်။ ရန်ယွင်ထင်ကို မသတ်နိုင်ခဲ့သဖြင့် အတော်လေးကို စိတ်ညစ်နေသည်ကိုမှ ထိုအမျိုးသမီးသည် စုယန်အား သူ့ရှေ့တွင် လာရောက်စော်ကားလေရာ ရန်ကိုင် မည်ကဲ့သို့ သည်းခံနိုင်တော့မည်နည်း။ ကျိုးယွင်ရွှမ်သည် ရန်ကိုင်၏ ဒေါသဖွင့်ထုတ်စရာ ပစ်မှတ်တစ်ခု ဖြစ်သွားခဲ့ရလေသည်။

နောက်ဆုံးတွင် ပင်းလုန်ကလည်း ဝင်ပြောလိုက်ရလေသည် “ရန်ကိုင်၊ ဒီကိစ္စကို ဒီမှာ ရပ်လိုက်ရင် မကောင်းဘူးလား။ ဒီတပည့် မှားတာ မှန်ပေမယ့် နင်သူ့ကို အပြစ်ပေးပြီးသွားပြီလေ။ လွှတ်ပေးလိုက်တော့လို့ မရဘူးလား”

ကျိုးယွင်ရွှမ်သည် ရေခဲနှလုံးသားတောင်ကြား၏ တပည့်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင် သူမအား လူရှေ့သူရှေ့တွင် ပါးနှစ်ကြိမ် ဖြတ်ရိုက်သည်ကို သူမ အတော်လေး သည်းခံထားရ၏။ ရန်ကိုင်သာ သူ့စိတ်ကြိုက် ထပ်ပြီး သောင်းကျန်းနေဦးမည် ဆိုလျှင်တော့ ပင်းလုန်လည်း ငြိမ်ခံနေတော့မည် မဟုတ်ချေ။

သူမသာ ရန်ကိုင်အား စိတ်ကြိုက်‌ သောင်းကျန်းခွင့် ပေးထားလိုက်လျှင် တပည့်အားလုံး ဂိုဏ်းအပေါ် ဆက်ပြီး သစ္စာရှိကြတော့မည် မဟုတ်သလို အယုံအကြည်လည်း ပျက်သွားကုန်ကြပေလိမ့်မည်။

“ဂျူနီယာမောင်လေး၊ ထားလိုက်ပါတော့” စုယန်ကလည်း ဝင်ပြောလိုက်လေသည်။

သူမအတွက် ကျိုးယွင်ရွှမ်၏ ဆဲဆိုစကားသည် ဘာမှမဟုတ်ချေ။ ရန်ကိုင်ကလည်း ကျိုးယွင်ရွှမ်အား ပါးနှစ်ချက် ရိုက်လိုက်ပြီ ဖြစ်သဖြင့် သူမ ခံစားနေရသည့် မကျေမနပ်ချက်တို့မှာလည်း အတော်လေး လျော့ပါးသွားခဲ့လေပြီ။

ထို့အစား ရန်ကိုင်မှ သူမအတွက် တုန့်ဆိုင်းခြင်းမရှိဘဲ လှုပ်ရှားပေးသည်ကို ကြည့်ရင်း သူမရင်ထဲ အတော်လေးကိုမှ ချိုမြိန်မိနေပသည်။

“စီနီယာအစ်မက အဲ့လိုပြောမှတော့… ကျုပ်သူ့ကို မသတ်တော့ပါဘူး” ရနက်ိုင်က ပင်းလုန်ဘက်သို့ လှည့်၍ “သူ့ကို တောင်းပန်ခိုင်းလိုက်၊ ဒါဆို ကျုပ်သူ့ကို လွှတ်ပေးလိုက်မယ်”

ပင်းလုန် တကယ်ကို ဆွံ့အသွားလေသည်။ ထိုကောင်လေးသည် တကယ်ကို ပြောရလက်ပေါက်ကပ်သည့် ကောင်လေးပင်။

ထိုစဉ် သတင်း တစ်ခုခုကို ရလိုက်သည့်အလား ရေခဲနှလုံးသား တောင်ကြားမှ အကြီးအကဲအားလုံး လေးနက်သွားကြပြီး ဘေးဘက်ဆီသို့ လှည့်ကြည့်လိုက်လေသည်။

ရန်ကိုင်သည်လည်း အနီးအနားဆီမှ ကောင်းကင်စိတ်အာရုံ လှုပ်ခတ်မှုများကို အာရုံခံမိလိုက်သည်။ သို့သော် ထိုကောင်းကင် စိတ်အာရုံ မည်သူ့ဆီမှ ထွက်ပေါ်လာသလဲ ဆိုသည်ကိုတော့ သေချာ အာရုံမခံနိုင်ခဲ့ချေ။

သို့သော်ငြား စဉ်းစားကြည့်လိုက်ပြီးနောက် ရေခဲနှလုံးသား တောင်ကြား၏ မဟာအကြီးအကဲမှ ပင်းလုန်နှင့် အခြားသော အကြီးအကဲများကို စကားပြောနေခြင်းဖြစ်မှန်း ချက်ချင်း နားလည်လိုက်လေသည်။

ထို့ကြောင့် မဆင်မခြင် ထပ်မလှုပ်ရှားရဲတော့ဘဲ ငြိမ်သက်စွာသာ စောင့်နေလိုက်လေသည်။

ပင်းလုန်နှင့် အခြားသူများ၏ အမူအရာ မှုန်ကုတ်သွားခဲ့သည်။ ခဏကြာပြီးနောက် အကြည့်ချင်းဖလှယ်လိုက်ကြလေ၏။

ရေခဲနှလုံးသားတောင်ကြားထဲတွင် ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်သွားသည့်နှယ်၊

“စုယန်ကို တောင်းပန်လိုက်၊ ဒါဆို ဒီကိစ္စ ဒီမှာ အဆုံးသတ်သွားပြီ” ပင်းလုန်သည် ကျိုးယွင်ရွှမ်ဘက်သို့ လှည့်၍ အမိန့်ပေးလိုက်၏။

တောင်ကြားသခင်ကပင် စုယန်နှင့် ရန်ကိုင်ဘက် ပါလိမ့်မည်ဟု မထင်ထားသဖြင့် ကျိုးယွင်ရွှမ်မျက်နှာ အရုပ်ဆိုးသွားခဲ့ရလေသည်။ သို့သော်လည်း တောင်ကြားသခင်၏ အမိန့်ကို မလွန်ဆန်ရဲသဖြင့် မပြောချင်ပြောချင်ဖြင့် ပြောလိုက်ရလေသည် “ဂျူနီယာညီအစ်မ၊ စီနီယာအစ်မ ခုနတုန်းက စိတ်လွတ်ပြီး ပြောလိုက်မိတာကို အပြစ်မယူဘဲနဲ့ ခွင့်လွှတ်ပေးပါနော်”

ပြောပြီးသည်နှင့် သူမ၏ မျက်ဝန်းထဲ အမုန်းတရား၊ ဒေါသတို့ လှိုက်တက်လာခဲ့ပြီး အံကိုလည်း တင်းတင်း ကြိတ်လိုက်သည်။

နောင်အနာဂတ်တွင် သူမသည် အခြားတပည့်များ၏ လှောင်ပြောင်စရာ ဖြစ်လာတော့မည်မှန်း ကျိုးယွင်ရွှမ် သိလိုက်သည်။ အခြားသော ဂိုဏ်းသားများကြား ကျိုးယွင်ရွှမ် ဆိုသော သူမသည် အတင်းအဖျင်းပြောစရာ သတင်းတစ်ပုဒ် ဖြစ်လာတော့ပေမည်။

“ပြန်သွားတော့” ပင်းလုန်သည် ကျိုးယွင်ရွှမ်ကို အမိန့်ပေးလိုက်၏။

ကျိုးယွင်ရွှမ်သည် ပင်းလုန်ကို ဦးညွှတ်လိုက်ပြီး လမ်းလျှောက်ထွက်သွားလေသည်။ သို့သော် မထွက်သွားခင် ရန်ကိုင်နှင့် စုယန်အား စူးရဲစွာ တစ်ချက် ကြည့်သွားလေ၏။

“အခြားသူတွေလည်း ထွက်သွားတော့” ပင်းလုန်က ပြောလိုက်သည်။

ရေခဲနှလုံးသားတောင်ကြားမှ တပည့်အားလုံးလည်း အလျင်အမြန် ထွက်ခွာသွားကုန်ကြလေသည်။

မကြာမီ ရေခဲနှလုံးသားတောင်ကြား၏ ရာထူးကြီးများနှင့် ရန်ကိုင်နှင့် စုယန်တို့သာ ကျန်ရှိတော့လေသည်။

“ရန်ကိုင်၊ ငါ့နောက်လိုက်ခဲ့” ပင်းလုန်သည် ရန်ကိုင်အား ရှုပ်ထွေးသည့် အမူအရာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ကျုပ်ကို ဘယ်သူ တွေ့ချင်နေတာလဲ…” ဘာတွေဖြစ်နေသလဲ ဆိုသည်ကိုတော့ ရန်ကိုင် အကြမ်းဖျင်း ခန့်မှန်းမိနေလေပြီ။

ပင်းလုန်က သက်ပြင်းချ၍ “မဟာအကြီးအကဲက နင့်ကို တွေ့ချင်နေတယ်… မဟာအကြီးအကဲတင် မဟုတ်ဘူး။ တောင်စိမ်းကြယ်ရဲ့ ကြယ်သခင် လူကြီးမင်း လော့ဟိုင်နဲ့ မီးတောက်ဂိုဏ်းရဲ့ မဟာအကြီးအကဲ ချီဟွော့တို့ကပါ နင့်ကို တွေ့ချင်နေတာ”

“လော့ဟိုင် ဒီကို ရောက်နေတာလား” ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့သည်။

“ဟုတ်တယ်”

“ကျုပ်မသွားချင်ဘူးဆိုရင်ရော…” ရန်ကိုင်က ပြုံးဖြီးလိုက်သည်။

“နင်မသွားချင်လည်း သွားရမှာပဲ…” ပင်းလုန်က သက်ပြင်းချ၍ “နင်အားကောင်းတာ မှန်ပေမယ့် လူကြီးမင်းလော့ဟိုင်ရှေ့မှာ ဘာလုပ်နိုင်မှာ မို့လို့လဲ”

ရန်ကိုင်က မေးစေ့ကိုပွတ်၍ ခေါင်းညိတ်ရင်း ပြောလိုက်သည် “ကြည့်ရတာ သွားမှရတော့မယ့်ပုံပဲ။ ကောင်းပြီလေ။ ကျုပ် စီနီယာနဲ့ လိုက်ခဲ့ရတာပေါ့။ အခုကိစ္စကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ”

ပင်းလုန် ကြောင်သွားခဲ့လေသည်။ သို့သော်လည်း ဘာမှ မေးမနေဘဲ ရန်ကိုင်ဘေးတွင် ရပ်နေသော စုယန်ကိုသာ ကြည့်၍ သက်ပြင်းချကာ ပြောလိုက်သည် “ငါနင့်တို့ကို ခေါ်သွားပေးမယ်”

အခြား အကြီးအကဲများသည်လည်း အနီးကပ် လိုက်သွားကြ၏။ ရန်ယွင်ထက်မူ ရန်ကိုင်ကိုသာ မှုန်ကုတ်ကုတ် အမူအရာဖြင့် တောက်လျှောက် စိုက်ကြည့်နေခဲ့လေသည်။

လူကြီးမင်းလော့ဟိုင် ရန်ကိုင်အား ဘာကြောင့် ရှာနေသလဲ ဆိုသည်ကို သူမသိသော်ငြား၊ သူတို့ကြားရှိ ရန်ငြိုးရန်စသည် လုံးဝ ပေါ့သေးသေး မဟုတ်သည်မှာ သိသာလှသည်။

ဤတိရစ္ဆာန်ကောင်သည် ကောင်းကင်နှင့် မြေပြင် မည်မျှ ကွာခြားသလဲ ဆိုသည်ကို မသိသည့်လူဖြစ်သည်။

နင်အခု သေဘေးကနေ ဘယ်လိုမှ ပြေးမလွတ်တော့ဘူး ရန်ယွင်ထင်သည် စိတ်ထဲ ကြိတ်၍ ကျိန်ဆဲလိုက်လေသည်။

ထို့နောက် ရန်ကိုင်နှင့် စုယန်တို့ လက်ချင်းချိတ်၍ လေသံတိုးတိုးဖြင့် စကားပြောနေကြသည်ကို မြင်သော် သူမစိတ်ထဲ ဒေါသတို့ တလိပ်လိပ် တက်လာပြီး ထိုကောင်စုတ်ကို တစ်စစီ ပြေးလုပ်ပစ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာရလေသည်။

“စီနီယာအစ်မ ဒီမှာစောင့်နေနှင့်၊ ငါအခုပဲ ပြန်လာခဲ့မယ်”

“မရဘူး။ ငါလည်းလိုက်မယ်” စုယန်က ခေါင်းခါလိုက်ပြီး ရန်ကိုင် လက်ကိုသာ ဆုပ်ကိုင်ထားလေသည်။

“ကောင်းပြီလေ၊ အဲ့ဒါဆိုလည်း…” ရန်ကိုင်သည် ဘာမှ ဆက်ပြောမနေတော့ဘဲ ချင်းယကိုသာ လှမ်းကြည့်လိုက်သည်။

ချင်းယက ချက်ချင်း ပြန်ပြောလိုက်လေသည် “ငါနင့်တို့ကို ဒီမှာ စောင့်နေမယ်”

ဤကိစ္စသည် သူမကဲ့သို့ လူတစ်ယောက် ဝင်ပါနိုင်သည့် ကိစ္စမျိုး မဟုတ်မှန်း သိသဖြင့် ဥာဏ်ရှိရှိဖြင့်သာ ဘေးထွက်နေရန် ဆုံးဖြတ်ခဲ့သည်။

ရှောင်ရှောင်သည် သူမဘေးတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် စုယန်နှင့်အတူ ထွက်သွားလေသည်။

ပင်းလုန်သည် မနီးမဝေးတွင် စောင့်နေခဲ့သည်။ မည်သို့သော အန္တရာယ်နှင့် ရင်ဆိုင်ရမလဲ ဆိုသည်ကို မသိသည့်ပုံစံမျိုး လုပ်နေကြသော ထိုနှစ်ဦးကိုကြည့်ရင်း ပင်းလုန် မျက်မှောင် ကြုတ်သွားခဲ့လေသည်။ သို့သော်လည်း ထိုကိစ္စကို ဆက်ပြီး စိတ်ထဲထားမနေဘဲ ရန်ကိုင်အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်ရင်း မေးလိုက်လေသည် “ဒီအထိတောင် ရောက်နေမှတော့ နင်နဲ့ လူကြီးမင်းလော့ဟိုင်ကြားမှ ဘယ်လို ရန်ငြိုးတွေရှိလဲဆိုတာ ငါတို့ကို အမှန်အတိုင်း ပြောပြလို့ မရဘူးလား”

“စီနီယာ သိချင်တာလား” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်၏။

ပင်းလုန် ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဆို စီနီယာကိုယ်တိုင် လော့ဟိုင်ကို သွားမေးကြည့်လိုက်လေ။ သူပြောပြရင် သိရမှာပေါ့”

“နင်…” ပင်းလုန် ဒေါသထွက်သွားခဲ့သည် “နင်အခု ဘယ်လို အခြေအနေထဲ ရောက်နေလဲဆိုတာကို သဘော မပေါက်သေးတာလား။ လူကြီးမင်းလော့ဟိုင်နဲ့ စီနီယာ ချီဟွော့တို့ နှစ်ဦးစလုံး ဒီကို ရောက်လာတာ နင့်ကြောင့်ပဲ ။ အခု နင့်ကို ကူညီပေးနိုင်တာဆိုလို့ ငါ့တို့ဂိုဏ်းရဲ့ မဟာအကြီးအကဲပဲ ရှိတော့တာကို နင်တကယ် ဘာမှမပြောဘဲ အသေပဲခံသွားချင်တာလား”

“ခင်ဗျားတို့ ရေခဲနှလုံးသားတောင်ကြားရဲ့ မဟာအကြီးအကဲက တန်ခိုးရှင်ပထမအဆင့်ပဲ ရှိသေးတာလေ။ လော့ဟိုင်သာ ကျုပ်ကို တစ်ခုခု လုပ်ချင်ရင် သူတားနိုင်မှာ မို့လို့လား” ရန်ကိုင်က အထင်တသေးဖြင့် ပြန်ပြောလိုက်သည်။

ပင်းလုန် လုံးဝကို ဆွံ့အသွားခဲ့လေသည်။

တန်ခိုးရှင်ဘုရင်အဆင့်တွင် အဆင့်သေးတစ်ဆင့် ကွာခြားလျှင်ပင် ခွန်အားကွာခြာချက်မှာ အလွန်ကိုမှ ကြီးမားလှသည်။ ထို့ကြောင့် လော့ဟိုင်နှင့် ချီဟွောတို့ ရေခဲသန့်စင်ကျွန်းထဲ ဝင်လာသည်ကို သူတို့ မတားနိုင်ခဲ့သလို လော့ဟိုင်မှ ရန်ကိုင်အား တွေ့ချင်သည်ဟု တောင်းဆိုလာသည်ကိုလည်း လော့လီ မတားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်သာ မဟုတ်လျှင် ထိုနှစ်ဦးအား သန့်စင်ကျွန်းပေါ်သို့ လော့လီ မည်ကဲ့သို့ ခြေချခွင့်ပြုမည်နည်း။ ချီဟွော့ တစ်ဦးတည်းသာ ဆိုလျှင် လော့လီမှ ပြန်တိုက်ခိုက်ပြီးနေလေပြီ။

“ပြီးတော့ ခင်ဗျားတို့ ရေခဲနှလုံးသားတောင်ကြားက ကျုပ်နဲ့ ဘာမှ ရင်းနှီးတာမဟုတ်ဘူး။ သူ့မှာ ကျုပ်ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်း ရှိရင်တောင် သူစိမ်းတစ်ယောက်ကို ဘာလို့ အလကား လိုက်ပြီး ကာကွယ်ပေးမှာလဲ” ရန်ကိုင်က လှောင်ပြောင်ပြောဆိုလိုက်သည် “ခင်ဗျားတို့က လော့ဟိုင် ကျုပ်ဆီက ဘာလိုချင်နေတာလဲ ဆိုတာကို သိချင်နေတာလား။ ပြီးတော့ အဲ့ဒါကိုသုံးပြီး‌ လော့ဟိုင်ကို ပြန်အကြပ်ကိုင်မယ်ပေါ့၊ ဟုတ်တယ်မလား”

ပင်းလုန် မှင်သက်သွားခဲ့သော်ငြား ချက်ချင်း မဲ့ပြုံးပြုံးလျက် “နားလည်မှတော့ ဘာလို့ သူနဲ့ သွားတွေ့နေသေးတာလဲ။ ငါသာ နင့်နေရာမှာဆိုရင် ချက်ချင်း ထွက်ပြေးနေပြီ”

“သွားဖို့၊ ဘယ်ကို သွားရမှာလဲ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် “တောင်စိမ်းကြယ်ကနေပြီး ဒီနေရာ ရောက်တဲ့အထိကို သူကျုပ်ကို တောက်လျှောက် လိုက်ဖမ်းနေတာ။ အခု ကျုပ်ကို ပြန်တွေ့သွားပြီ။ ကျုပ်ဘယ် ထွက်သွားရမှာလဲ။ ပြီးတော့ အခုအချိန်က သူနဲ့ကျုပ်ကြား စာရင်းရှင်းဖို့ အချိန်ပဲ။ မဟုတ်ရင် သူဘယ်အချိန် ကျုပ်ရှေ့မှာ ရုတ်တရက်ကြီး ပေါ်လာမလဲ အနေ့နေ့ အညည လန့်နေရမှာ။ ကျုပ်ကို အားနည်းလို့ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရမယ်လို့ သူထင်ရင် မှားသွားမှာပေါ့”

ပြောပြီးသည်နှင့် ရန်ကိုင်၏ မျက်ဝန်းထဲ ရက်တော့မည့် အရိပ်အယောင်များ တဖြတ်ဖြတ် တောက်ပလာပြီး သွားပေါ်အောင် ပြုံးဖြီးလိုက်လေသည်။

ပင်းလုန်သည် ရန်ကိုင်ကို ကြည့်ရင်း မှင်သက်နေခဲ့လေသည်။ ခဏကြာ တိတ်ဆိတ်နေပြီးနောက်တွင် ခေါင်းခါ၍ ရေရွတ်လိုက်၏ “နင်တကယ် ရူးနေတာပဲ”

တန်ခိုးရှင် ဒုတိယအဆင့်လေးဖြင့် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် တစ်ဦးကို မည်ကဲ့သို့များ ပြန်တိုက်မည်နည်း။ ရန်ကိုင်ခေါင်း ထိသွားသည့် အတွက်ကြောင့်သာ ထိုကဲ့သို့ ပြောခြင်း ဖြစ်ရမည်ဟု ပင်းလုန် တွေးလိုက်လေသည်။

ရန်ကိုင်ကမူ ရယ်သာရယ်နေခဲ့သည်။

စုယန်ကမူ အစမှအဆုံးထိ စကားတစ်ခွန်းမှ ဝင်မပြောဘဲ ရန်ကိုင် လက်ကိုသာ ပြုံးလျက် ဖက်တွယ်ထားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ပင်းလုန် သက်ပြင်းတစ်ချက် ထပ်ချလိုက်၏။

သာမန် အချိန်မျိုးတွင် ထိုနှစ်ဦးသည် နတ်ဖက်သည့် စုံတွဲမျိုး ဖြစ်မည်မှာ လုံးဝ သေချာသော်လည်း ယခုကဲ့သို့ အချိန်မျိုးတွင်တော့ သူတို့၏ အနာဂတ်မှာ အလွန်ကိုမှ မတွေးရဲလောက်အောင် မှောင်မိုက်နေခဲ့လေပြီ။ ရန်ကိုင်ကို လော့ဟိုင်မှ လိုက်ဖမ်းနေသလို စုယန်သည်လည်း ကျင့်စဉ်မှားပြီး ဒုက္ခရောက်နေခဲ့ရသည်။

သူတို့အဖွဲ့သည် အလွန်လျင်မြန်စွာ ပျံသန်းသွားခဲ့ရာ မကြာမီ ကြီးကျယ်ခမ်းနားသော ရေခဲနန်းတော်တစ်လုံးရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

နန်းတော်ထဲတွင် အလွန်ကိုမှ အားကောင်းသော အရှိန်အဝါများ ရှိနေခဲ့သည်။

ရန်ကိုင် နန်းတော်ရှေ့သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်စိတ်အာရုံသုံးခုသည် သူ့ပေါ်သို့ တစ်ချိန်တည်း ရောက်ရှိလာခဲ့လေသည်။ ထိုသုံးခုအနက်မှ တစ်ခုသည် ကျန်နှစ်ခုထက်ကို အပြတ်အသတ် သာလွန်ပေသည်။

လော့ဟိုင်ပင်…

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၅၀)

ရန်ကိုင်ကို မြင်လိုက်သည့်အခိုက်တွင် ထိုင်ခုံထက် တည်ငြိမ်စွာ ထိုင်နေသော လော့ဟိုင်၏ မျက်ဝန်းထဲ စိတ်လှုပ်ရှားရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။

နောက်ဆုံးတော့ ငါမင်းကို တွေ့ပြီ လော့ဟိုင်သည် ရင်ထဲမှ ပြောလိုက်၏။

တန်ခိုးရှင်ဘုရင်အဆင့်တစ်ဦး ဖြစ်လျက်နှင့် ရန်ကိုင်ကဲ့သို့ တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသော လူငယ်လေးတစ်ဦးကို ဤမျှ အချိန်ကြာအောင် လိုက်ဖမ်းခဲ့ရသည်။ ထိုကောင်လေးသည် တောင်စိမ်းကြယ်မှ လွတ်အောင်ပင် ထွက်ပြေးနိုင်ခဲ့ရုံမက သူ့ကိုပင် မျက်ခြေဖြတ်ပစ်နိုင်ခဲ့သေးသည်။

လော့ဟိုင် စိတ်ရှည်လွန်းသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်ကို လက်လွှတ်လိုက်ရနေလောက်ပြီ။

ဒီတစ်ကြိမ် မင်းဘယ်ပြေးဦးမလဲ ကြည့်ရသေးတာပေါ့ လော့ဟိုင် အတော့်ကိုမှ စိတ်လှုပ်ရှားနေမိသည်။

သူ့ကဲ့သို့ ပညာရှင်တစ်ယောက်ကို စိတ်လှုပ်ရှားစေနိုင်သည့်အရာ များများစားစား မရှိသော်လည်း ရန်ကိုင်လက်ထဲတွင် ရှိနေသော မူလအဆီအနှစ် ကျောက်တုံးနှင့် ဧကရာဇ်မှော်ရတနာသည် သူ အလွန်ကိုမှ လိုချင်နေသည့် ရတနာနှစ်မျိုး ဖြစ်နေခဲ့သည်။

ပထမတစ်ခုသည် သူ့အား တန်ခိုးရှင်တတိယအဆင့်သို့ ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်သလို ဒုတိယတစ်ခုမှာလည်း သူ့ခွန်အားကို တိုက်ရိုက် မြှင့်တင်ပေးနိုင်ပေသည်။

ထိုရတနာနှစ်ခုသာ သူ့လက်ထဲသို့ ရောက်လာပါက သူ၊ လော့ဟိုင်သည် ကြယ်စီရင်စုထဲတွင် အားအကောင်းဆုံး ပညာရှင် တစ်ဦး ဖြစ်လာပေလိမ့်မည်။ ထိုအချိန်သို့ ရောက်လာသည့်အခါ ကြယ်စီရင်စုထဲရှိ မည်သည့် ပညာရှင်မှ သူ့အား ယှဉ်နိုင်တော့မည် မဟုတ်ပေ။

အကုန်လုံးသည် ရန်ကိုင်အား ဤနေရာမှ ခေါ်ထုတ်သွားနိုင်ရေး အပေါ်တွင်သာ မူတည်နေသည်။

လော့ဟိုင်သည် သူ့ခံစားချက်များကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားသော်ငြား လော့လီနှင့် ချီဟွောတို့သည်လည်း တန်ခိုးရှင်ဘုရင်အဆင့်များ ဖြစ်ကြလေရာ လော့ဟိုင်၏ စိတ်ခံစားချက် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်ကို သူတို့ အသေအချာ သတိပြုမိလိုက်ကြသည်။

ရန်ကိုင်ဆိုသော ထိုကောင်လေးတွင် မည်သို့သော လျှို့ဝှက်ချက်များ ရှိနေ၍များ လော့ဟိုင်အား ဤကဲ့သို့ စိတ်လှုပ်ရှားအောင် လုပ်နိုင်ရသလဲ ဆိုသည်နှင့် ပက်သက်၍ ချီဟွော့ အတွေးများသွားခဲ့လေသည်။ ရန်ကိုင်သည် အလွန် အဖိုတန်သည့် ရတနာတစ်ခုခုကို ပိုင်ဆိုင်ထားရပေလိမ့်မည်။ မဟုတ်လျှင် လော့ဟိုင်သည် ရန်ကိုင်နောက်သို့ ကျားကုတ်ကျားခဲ လိုက်လာလိမ့်မည် မဟုတ်ချေ။

လော့လီသည်လည်း ထိုကိစ္စနှင့် ပက်သက်၍ အတော်လေး စိတ်ဝင်စားနေမိသော်ငြား ထိုထက် ဝမ်းနည်းမှုနှင့် ကူကယ်ရာမဲ့မှု တို့ကိုသာ ပို၍ ခံစားနေရလေသည်။

လော့ဟိုင်နှင့် ချီဟွောတို့အား သူမ၏ လက်ရှိ ခွန်အားဖြင့် ဘာမှ မလုပ်နိုင်ပေ။

မကြာမီ ရေခဲနန်းတော်ထဲသို့ ရန်ကိုင် ဝင်လာခဲ့သည်။

နန်းတော်ထဲတွင်၊ တန်ခိုးရှင်ဘုရင်အဆင့် သုံးဦးအပြင် ရေခဲနှလုံးသားတောင်ကြား၏ အခြား အကြီးအကဲများလည်း ရှိနေခဲ့သည်။

ထိုသုံးဦးအပြင်၊ လော့ဟိုင်နှင့် ချီဟွော့နောက်၌ လေတိုက်လျှင် လဲကျတော့မည့်နှယ် အားနည်းဖျော့တော့နေသော လူငယ်လေး တစ်ဦးလည်း ရပ်နေခဲ့သည်။

လက်ရှိတွင် ထိုလူငယ်လေးသည် သူတွေ့ချင်နေသည့်လူကို တွေ့ရတော့မည် ဖြစ်သဖြင့် အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့သည်။ စုယန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့အမူအရာသည် အရိုးကိုက်လိုက်ရသည့် ခွေးတစ်ကောင်နှယ် သားရေကျလုမတတ် စိတ်လှုပ်ရှားလာခဲ့လေသည်။

သို့သော်လည်း စုယန်နှင့် ရန်ကိုင်နှင့် လက်ချင်း ချိတ်လာသည်ကို မြင်သော် စိတ်လှုပ်ရှားနေသည့် သူ့အမူအရာ ပျောက်ကွယ်သွားပြီး မုန်းတီးမှုနှင့် ဒေါသတို့က သူ့မျက်နှာထက် အစားထိုး ဝင်ရောက်လာခဲ့သည်။

အဲ့ခွေးကောင် ဘယ်ကပေါ်လာတာလဲ သူလိုချင်နေသည့် အမျိုးသမီး အခြားယောကျာ်းတစ်ဦးနှင့် လက်ချင်း ချိတ်ထားသည်ကို မြင်သော် ဝေဖုန်း အလွန်ကိုမှ ဒေါသထွက်သွား၏။

“ဂျူနီယာပင်းလုန် လူကြီးမင်းလော့ဟိုင်နဲ့ စီနီယာချီဟွော့ကို နှုတ်ဆက်ပါတယ်” ပင်းလုန်က ဦးညှတ်လိုက်ပြီးနောက် လော့လီဘက်သို့ လှည့်၍ “မဟာအကြီးအကဲ ပြောတဲ့လူကို ကျွန်မ ခေါ်လာပါပြီ”

လော့လီသည် ခေါင်းသာညိတ်လိုက်ပြီး ဘာမှ မပြောဘဲ ရန်ကိုင်ကို မျက်မှောင်ကြုတ်၍သာ စိုက်ကြည့်နေခဲ့သည်။

ရန်ကိုင်ကလည်း သူမအား ပြန်စိုက်ကြည့်လိုက်သည်။

ရေခဲနှလုံးသားတောင်ကြား၏ မဟာအကြီးအကဲကို ယခုအကြိမ် ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ သူမဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် ဆံနီလူအိုကြီးဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါနှင့် ယှဉ်နိုင်သော်ငြား လော့ဟိုင်ထက်တော့ အများကြီး အားနည်းပေသည်။

သို့သော်လည်း တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည် တန်ခိုးရှင်ဘုရင်အဆင့်များသာ ဖြစ်ကြသည်။ မည်သည့် တန်ခိုးရှင်အဆင့်မှ တန်ခိုးရှင်ဘုရင်အဆင့်ကို သွားမပြိုင်နိုင်ချေ။ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တိုင်းသည် နယ်ပယ်စွမ်းအားကို နားလည်ထားကြသည်ကိုး။ ရန်ကိုင်သည်လည်း လော့လီဆီမှ ဖိအားကြီးကြီးမားမား ခံစားနေရသည်။

“အစ်ကိုလော့ဟိုင်၊ မင်းရှာနေတာ ဒီကောင်လေးလား” လူအိုကြီး ချီဟွော့သည် ရန်ကိုင်အား အထက်အောက် အစုံအဆန် ငုံ့ကြည့်လိုက်ပြီးနောက် ရယ်သွမ်းသွေး၍ ပြောလိုက်သည်။

လော့ဟိုင်က ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်။ သူပဲ”

“တကယ် အားကောင်းတဲ့ကောင်ပဲ၊ အစ်ကိုလော့ဟိုင် ဆိုတဲ့အတိုင်း တကယ် အမြင်စူးရှတာပဲ။ သူ့ကို တွေပြီ ဆိုတော့ အစ်ကိုလော့ဟိုင် ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ” ချီဟွော့က မေးလိုက်သည်။

“ဘာလုပ်ရမှာလဲ၊ တောင်စိမ်းကြယ်ဆီ ပြန်ခေါ်သွားရမှာပေါ့” လော့ဟိုင်သည် လှောင်ပြောင်ရိပ်တို့ ပြည့်နေသည့် အပြုံးဖြင့် ရန်ကိုင်အား ကြည့်ရင်း “ကောင်လေး၊ ငါမင်းကို ကိုက်မစားပါဘူးကွ။ ဘာလို့ ငါ့ကို မြွေဟောက်တစ်ကောင်လို ရှောင်နေတာလဲ။ မင်းအရည်အချင်းက တကယ် ထူးခြားလို့၊ ငါ့အမွေအနှစ်ကို မင်းဆီ ပေးအပ်ချင်တာပဲကို ဘာတွေ ကြောက်စရာရှိလို့လဲ”

လော့ဟိုင် ပြောနေသည့် ပုံစံမှာ မသိလျှင် ရန်ကိုင်ကပဲ မတရားသလိုလို။

ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများသည် ရန်ကိုင်အား အားကျစွာ လှမ်းကြည့်လိုက်ကြလေသည်။

လော့ဟိုင်ကဲ့သို့ ပညာရှင်တစ်ဦး၏ တပည့်အဖြစ် ရွေးချယ်ခံရခြင်းမှာ ကောင်းကင်မှပေးအပ်သည့် အခွင့်အရေးတစ်မျိုး ဖြစ်သည်။ ရန်ကိုင်ကမူ ယဲ့ယဲ့လေးသာ ပြုံးနေသည်။ ထိုအခြင်းအရာကို မြင်သော် ချီဟွော့၏ မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

လော့လီသည်လည်း မျက်မှောင်ကြုတ်သွားခဲ့သော်ငြား ဘာမှတော့ ဝင်မပြောခဲ့ပေ။

လက်ရှိ ရေခဲနန်းတော်ထဲတွင်၊ ရန်ကိုင်နှင့် အခြား တန်ခိုးရှင်ဘုရင် နှစ်ဦးသည်သာ လော့ဟိုင်ပြောသည်ကို မယုံကြခြင်းဖြစ်သည်။

လော့ဟိုင်သည် ရန်ကိုင်အား ဤနေရာမှ ခေါ်သွားချင်သည့် အတွက်ကြောင့် ပါးစပ်ထဲရှိရာ လျှောက်ပြောနေခြင်း ဖြစ်သည်။ ရန်ကိုင်အား သူ၏ အမွေခံတပည့်အဖြစ် လက်ခံလိုသည်မှာ အလိမ်အညာ သက်သက်သာ ဖြစ်လေသည်။

လော့ဟိုင်ဆိုသည်မှာ မည်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သနည်း။ သူ့ကဲ့သို့ လူတစ်ယောက်က တပည့် လက်ခံလိုလျှင် ကြေညာလိုက်ရုံပင်။ ကြယ်စီရင်စုထဲတွင် ရှိနေသည့် မရေမတွက်နိုင်သော ပါရမီရှင်ပေါင်းများစွာ သူ့ဆီသို့ အပြေးအလွှား ရောက်လာကြပေလိမ့်မည်။ ထိုထဲကမှ သူကြိုက်သည့် တပည့်တစ်ယောက်ကို ရွေးလိုက်ရုံပင်။

ရန်ကိုင်သည် အမှန်တရားကို ထုတ်မဖော်ဘဲ ပြန်၍သာ ပြောလိုက်လေသည် “စီနီယာရဲ့ စေတနာကို ဒီဂျူနီယာ ငြင်းပါရစေ။ စီနီယာရဲ့ တပည့်ဖြစ်ခွင့်ရတာ တကယ်ကို တန်ဖိုး ကြီးမားတဲ့ အခွင့်အရေးတစ်ခု ဆိုပေမယ့် ဂျူနီယာက စီနီယာနဲ့ ရေစက်မပါဘူး ထင်ပါတယ်။ စီနီယာနဲ့ ရေစက်ပါတဲ့ အခြား တစ်ယောက်ကိုပဲ ရှာသင့်တယ်လို့ ဂျူနီယာ ထင်ပါတယ်”

လော့ဟိုင်၏ မျက်ဝန်းထဲ ဒေါသအရိပ်အယောင်တို့ ဖြတ်ပြေးသွား၏။ သို့သော် သူ့စိတ်ကို အတတ်နိုင်ဆုံး ချုပ်တည်း၍ ပြုံးကာ ပြန်ပြောလိုက်လေသည် “အဲ့လောက် မြန်မြန်ကြီး မငြင်းနဲ့လေ။ ဒီဘုရင်နဲ့သာ အရင်ပြန်လိုက်ခဲ့။ အဲ့မှာ နှစ်နည်းနည်းလောက် နေကြည့်ပြီးတာတောင် ငါ့တပည့် မလုပ်ချင်ဘူးဆိုရင်လည်း ငါမင်းကို တွန်းအားမပေးတော့ဘူး”

ချီဟွော့ကလည်း ဝင်ပြောလိုက်သည် “ကောင်လေး၊ ဒီကိစ္စကို

မင်းသေချာ စဉ်းစားသင့်တယ်နော်။ အစ်ကိုလော့ဟိုင်ရဲ့ တပည့် ဖြစ်ခွင့်ရတယ်ဆိုတာ နည်းနည်းနောနော အခွင့်အရေး မဟုတ်ဘူး။ အခြားလူတွေ အရမ်းလိုချင်နေတာတောင် မရတဲ့ အခွင့်အရေးကို မင်းဘာလို့ ငြင်းနေတာလဲ”

“ဒါကို အဖိုးတန် အခွင့်အရေးတစ်ရပ်လို့ စီနီယာ မြင်တာလား။ ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ စီနီယာကိုယ်တိုင် လော့ဟိုင်ကို ဘာလို့ ဆရာအဖြစ် အသိအမှတ် မပြုတာလဲ” ရန်ကိုင်က ချီဟွော့အား ပြုံးကြည့်လျက် ပြန်ပြောလိုက်သည်။

ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများအားလုံး မှင်သက်သွားခဲ့ပြီး ရန်ကိုင်အား မွန်းစတားတစ်ကောင်နှယ် ကြည့်လိုက်ကြသည်။

ဤကောင်လေးသည်… ကောင်းကင်ကို ကြောက်ရမှန်း တကယ် မသိသည့် လူတစ်ဦးဖြစ်သည်။ ချီဟွော့ကို ယခုကဲ့သို့ ရန်စလိုက်လျှင် မည်ကဲ့သို့သော အကျိုးဆက်ကို ရင်ဆိုင်ရမလဲ သူမသိလေသလော။

ချီဟွော့မျက်နှာ အေးစက်သွားခဲ့ပြီး ဒေါသတကြီး အော်ပြောလိုက်၏ “ရိုင်းလိုက်တာ”

ပြောပြီးသည်နှင့် သူ့မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ထိုအလင်းတန်းသည် ရန်ကိုင်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

အကြီးအကဲများကို မည်ကဲ့သို့ လေးစားရမယ်မှန်း မသိသော ဤကောင်လေးကို သင်ခန်းစာ ပေးရပေမည်။

ရန်ကိုင်ကမူ ပြောင်းလဲခြင်း မရှိသည့် အမူအရာဖြင့်သာ အေးအေးဆေးဆေး ထိုင်နေခဲ့သည်။ စုယန်သည်လည်း ထိုကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခု သူ့ဆီသို့ တိုးဝင်လာနေသည်ကို သတိမပြုမိသည့်အလား ရန်ကိုင်ကိုသာ ပြုံးလျက် စိုက်ကြည့်နေခဲ့သည်။

လော့ဟိုင်က သူ့လက်ကို ဝှေ့ရမ်းချလိုက်၏။

ချီဟွော့၏ တိုက်ခိုက်မှု အလွယ်တကူ ပျက်စီးသွားခဲ့လေသည်။

ရန်ကိုင်ဆီမှ သူလိုချင်သည့် အရာကို မရသေးခင်အထိ ချီဟွော့မှ ရန်ကိုင်အား ထိခိုက်အောင် လုပ်မည်ကို သူခွင့်မပြုနိုင်ချေ။

“ရောင်းရင်းချီဟွော့၊ စိတ်ငြိမ်ငြိမ်ထားစမ်းပါကွ။ အခုခေတ် လူငယ်တွေ အကုန်လုံး ပေါက်တတ်ကရေတွေ ပြောတတ်တဲ့ လူတွေချည်းပဲကို၊ ဘာလို့ မင်းကိုယ်မင်း သူတို့အဆင့်ထိ လိုက်နှိမ့်နေရတာလဲ။ မင်းလည်း တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် တစ်ဦးပဲ၊ ငါမင်းကို ဘယ်လိုလုပ်ပြီး တပည့်အဖြစ် လက်ခံနိုင်မှာလဲ”

ချီဟွော့က နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင်အား အမဲဖျက်ချင်နေသည့် အကြည့်ဖြင့်သာ စိုက်ကြည့်နေခဲ့လေသည်။

တစ်ချိန်လုံး အသံတစစ်သံပင် မထွက်ခဲ့သော လော့လီက ရုတ်တရက် ဝင်ပြောလိုက်လေသည် “ဒီလူငယ်လေးကို ဒီနေရာထိ ခေါ်လာပြီးပြီဆိုတော့ စီနီယာလော့ဟိုင် သူ့ကို ခေါ်သွားချင်ရင် ခေါ်သွားလို့ရပါတယ်”

လော့ဟိုင် ရန်ကိုင်မှ ဘာလိုချင်နေလဲ ဆိုသည်ကိုတော့ လောလီ စဉ်းစားမနေတော့ပေပ။

သူမနှင့် ရန်ကိုင်သည် သူစိမ်းသက်သက်များသာ ဖြစ်ကြသည်။ ထို့ကြောင့် ရန်ကိုင်အတွက်နှင့် လော့ဟိုင်ကို သွားရန်မစလိုပေ။ လက်ရှိတွင် သူမစိတ်ထဲ လော့ဟိုင်နှင့် ချီဟွော့အား ရေခဲသန့်စင်ကျွန်းထဲမှ မြန်မြန် မောင်းထုတ်ပစ်ချင်စိတ်သာ ရှိနေခဲ့သည်။

ရန်ယွင်ထင်ကဲ့သို့ လူတစ်ယောက်ကိုပင် ထိခိုက်အောင် လုပ်ပြီး ရေခဲသန့်စင်ကျွန်းပေါ်တွင် ပြဿနာရှာခဲ့သည့်အတွက်ပင် ရန်ကိုင်ကို အပြစ် မပေးတော့ချေ။

ရန်ကိုင်သာ ဤနေရာမှ မြန်မြန် ထွက်မသွားလျှင် သူမတို့ ရေခဲသန့်စင်ကျွန်းကြီး ဒုက္ခရောက်ရတော့လိမ့်မည်ဟု သူမစိတ်ထဲ အလိုလို ခံစားနေရသည်။

လော့လီက ပြုံးလျက် “ဒီဘုရင် မဖိတ်ခေါ်ဘဲ ရောက်လာလို့ ဂျူနီယာညီမလော့လီ စိတ်မကွက်ဖို့ မျှော်လင့်ပါတယ်။ နောက်ပိုင်း အားလို့ရှိရင် တောင်စိမ်းကြယ်ကို လာလည်ပါဦး။ ဒီဘုရင် ကောင်းကောင်း ဧည့်ခ့ပါမယ်”

လော့လီက ထူးမခြားနားဟန်ဖြင့် “အဲ့လိုနေ့မျိုး ရောက်လာမှာပါ။ အစ်ကိုလော့ဟိုင်က တပည့်တစ်ယောက် ရှာတွေ့သွားပြီဆိုတော့ ဒီတပည့်ကို ခေါ်ပြီး မြန်မြန် ပြန်လေ့ကျင့်ပေးချင်နေတော့မှာပေါ့။ ဒီလော့ စီနီယာလော့ဟိုင်ကို နှောင့်နှေးနေအောင် မလုပ်တော့ပါဘူး”

လော့လီသည် လော့ဟိုင်ကို တစ်ဖက်လှည့်စားနှင့် မောင်းထုတ်နေခြင်း ဖြစ်သည်။

သို့သော်လည်း လော့ဟိုင်သည် ပြုံးသာပြုံးလိုက်ပြီး ချက်ချင်း ထွက်မသွားသေးဘဲ ရန်ကိုင်ကို ကြည့်ပြီး လက်ဝှေ့ရမ်းလျက် ပြောလိုက်လေသည် “လောစရာ မလိုဘူး။ ဒီဘုရင် လာရင်း ကိစ္စ ပြီးသွားပြီဆိုပေမယ့် ရောင်းရင်းချီဟွော့ လုပ်ချင်နေတဲ့ ကိစ္စ တစ်ခုလည်း ရှိသေးတယ်။ ဒါကြောင့် သူဒီဘုရင်နဲ့အတူ လိုက်လာခဲ့တာ”

ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် လော့လီ၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။

သူမ စိတ်ပူနေသည့်အရာ တကယ် ဖြစ်လာခဲ့လေပြီ။

လော့ဟိုင်သည် ရှင်းရှင်းလင်းလင်း ပြောမသွားသော်လည်း ‘ဒီဘုရင်နဲ့ အတူလိုက်ခဲ့တာ’ ဟူသော စကားသည် လော့လီအား စိုးရိမ်သွားစေခဲ့လေသည်။

တစ်နည်းဆိုရသော် သူလော့ဟိုင်သည် ချီဟွော့ဘက်တွင် ရပ်တည်မည်ဟု တစ်ဖက်လှည့်နှင့် ပြောလိုက်ခြင်းဖြစ်သည်။

ပင်းလုန်နှင့် ရန်ယွင်ထင်တို့သည်လည်း မျက်နှာပျက်ကုန်ကြ၏။

ပင်းလုန်နှင့် အခြားအကြီးအကဲတို့မှာ အတော်လေး ဒေါသထွက်နေကြသော်လည်း မည်သူမှ စကား မပြောရဲကြပေ။

ရန်ကိုင်ကမူ အကျဉ်းသားတစ်ယောက် ဖြစ်နေပြီဖြစ်သော သူ့လက်ရှိ အခြေအနေကို နည်းနည်းလေးမှ စိုးရိမ်ဟန်မပြဘဲ ပြုံး၍သာ ကြည့်နေခဲ့သည်။

“ဒါဆို နင်ဘာလို့ ရေခဲသန့်စင်ကျွန်းဆီ လာခဲ့တာလဲ ချီဟွော့” လောလီသည် အသက်တစ်ချက် ရှုူသွင်းလျက် စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် မေးလိုက်လေသည်။

ချီဟွော့က အကျယ်ကြီး အော်ရယ်မောလျက် ခေါင်းခါရင်း “ကိစ္စလေးတစ်ခုပဲ။ နင်ဒီလောက် စိတ်ပူနေစရာမလိုဘူး လော့လီ”

သူ့စိတ်ထဲ အတော်လေးကိုမှ ပျော်မြူးနေခဲ့သည်။ လောလီနှင့် နှစ်ပေါင်းများစွာကြာအောင် သူတိုက်ခိုက်ခဲ့သည်။ လော့လီ ကျင့်ကြံခြင်း သွေဖယ်သွားသဖြင့် အတွင်းဒဏ်ရာရသွားသည်ဟု သတင်း ကြားထားသည့်တိုင် သူမအား ပွင့်ပွင်းလင်းလင်း လာရောက် မတိုက်ခိုက်ရဲခဲ့ချေ။ သိုသော်ငြား ယနေ့တွင်မူ အပေါ်စီးမှ နေရသော ခံစားချက်ကို သူအပြည့်အဝ ခံစားနေရလေပြီ။ လော့ဟိုင်ကြောင့်သာ ဤကဲ့သို့ နေနိုင်ခြင်း ဖြစ်မှန်း သိသော်ငြား ချီဟွော့ အတော်လေး ပျော်နေခဲ့သည်။

“ပြော” လော့လီသည် ချီဟွော့အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

ချီဟွော့က ရယ်သွမ်းသွေးလျက် “ငါနင်တို့ဂိုဏ်းက တစ်ယောက်ယောက်ကို ခေါ်ချင်လို့ လာခဲ့တာ”

All Chapters