← Chapters

ကျားပါးစပ်မှ အစာလုခြင်း

Vol. 110 Ch. 1689

ကျားပါးစပ်မှ အစာလုခြင်း

Vol. 110 Ch. 1689

မူလအနှစ်သာရ၏ ပမာဏက အံ့ဖွယ်ကောင်းသော အဆင့်ထိ ရောက်ရှိသွားသည်။

မည်သို့ဖြစ်ပါစေ ၎င်းက အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်သည်။

မည်သည့်အဆင့်မြင့်ကြယ်တာရာစက်ဝန်းမှာမဆို အစစ်အမှန်နတ်ဘုရားတစ်ပါးက ကြယ်တာရာစက်ဝန်းက အချစ်တော်ခံရပြီး အထက်နယ်မြေ၏ ဥပဒေသများနှင့် နိယာမအားလုံး၏ ပြယုဂ်ဖြစ်သည်။

သို့ဖြစ်၍ အဆင့်နိမ့်အင်မော်တယ်များနှင့် မတူညီသော မွေးရာပါခြားနားမှုက ၎င်းတို့၏ မသေမျိုးစွမ်းရည် ဖြစ်သည်။

၎င်းတို့၏ အစစ်အမှန်နာမည်က ဆက်လက် ရှိနေသေးသရွေ့ သို့မဟုတ် တစ်စုံတစ်ယောက်က ၎င်းတို့ကို မှတ်မိနေသေးသရွေ့ အစစ်အမှန်နတ်ဘုရားတစ်ပါးက တကယ် မသေဆုံးနိုင်ပေ။

ယင်းက အဆင့်မြင့်ကြယ်တာရာစက်ဝန်း၏ အနှစ်သာရဖြစ်ပြီး မည်သူမှ မလှုပ်ခါနိုင်သော အမှန်တရား ဖြစ်သည်။

အင်မော်တယ်ဘုရင်သည်ပင် ထိုအမှန်တရားကို မပြောင်းလဲပစ်နိုင်ပေ။

သူက လက်တစ်ဖက်မြှောက်ရုံဖြင့် မရေမတွက်နိုင်သော အစစ်အမှန်နတ်ဘုရားများကို ဖိနှိပ်နိုင်သော်လည်း ၎င်းတို့၏ ပြန်ရောက်လာခြင်းကိုတော့ မတားဆီးနိုင်ပေ။

မည်သို့ဖြစ်ပါစေ အထက်နယ်မြေက နတ်ဘုရားများ၏ လောက ဖြစ်သည်။

သို့ဖြစ်၍ နတ်ဘုရားများက အင်မော်တယ်များထက် သဘာဝအလျောက် မြင့်မြတ်သာလွန်ကြသည်။

ထို့ပြင် အင်မော်တယ်ဘုရင်က တစ်ပါးတည်းသာ ရှိသည်။

ထို့ပြင် နတ်ဘုရင်ပြီးနောက် ဒဏ္ဍာရီလာ ဉာဏ်အလင်းပွင့်နတ်ဘုရား ရှိသေးသည်။ အင်မော်တယ်လမ်းစဉ်မှာတော့ အင်မော်တယ်ဘုရင်အဆင့်က အဆုံးသတ်ဖြစ်သည်။

အင်မော်တယ်ဘုရင်၏ အထက်အဆင့်က မရှိပေ။

သို့မဟုတ် ဖြစ်နိုင်သည်မှာ ယင်းကို မည်သူမှ ရှာမတွေ့သေးခြင်း ဖြစ်နိုင်၏။

သို့ဖြစ်၍ အစစ်အမှန်နတ်ဘုရားတစ်ပါးကို တကယ်ဖျက်ဆီးပစ်ချင်လျှင် အင်မော်တယ်ဘုရင်က နောက်တစ်ဆင့်သို့ တတ်လှမ်းနိုင်မည့် လမ်းကြောင်းကို ရှာဖွေပြီး အောင်မြင်စွာ အဆင့်ချိုးဖြတ်ကာ ဉာဏ်အလင်းပွင့်နတ်ဘုရားနှင့် နှိုင်းယှဉ်နိုင်သည့် အင်မော်တယ်စွမ်းအားကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။

သို့မှသာ သူက ထိုသို့လုပ်ဆောင်နိုင်လိမ့်မည်။

အထက်နယ်မြေ၏ အနှစ်သာရဖြစ်သော ထိုမွေးရာပါစွမ်းရည်ကြောင့် အစစ်အမှန်နတ်ဘုရားများကို ဖိနှိပ်နိုင်မည့် နည်းလမ်းက ၎င်းတို့ကို အကျဉ်းချထားရန်သာ ဖြစ်သည်။

ထိုနည်းဖြင့် အစစ်အမှန်နတ်ဘုရားများက သေခြင်းရှင်ခြင်းအခြေအနေကြားထဲသို့ ကျရောက်သွားလိမ့်မည်။ ယင်းက ၎င်းတို့၏ လွတ်လပ်ခွင့်ကို ကန့်သတ်နိုင်သည့်အပြင် သေဆုံးခြင်းကိုလည်း တားဆီးပေးနိုင်သောကြောင့် ပြန်ရှင်သန်လာရန် ဖြစ်နိုင်ခြေအလွန်နည်းသွားလိမ့်မည်။

ထိုနည်းလမ်းကို အသုံးပြုခြင်းဖြင့် ဤလောကထဲမှ အစစ်အမှန်နတ်ဘုရားများ၏ အရေအတွက်ကို တဖြည်းဖြည်း လျော့နည်းသွားစေမည်။

ထို့ပြင် ဤအခိုက်အတန့်မှာ အဆင့်နိမ့်သက်ရှိသုံးကောင်က အစစ်အမှန်နတ်ဘုရား၏ မူလအနှစ်သာရများကို ကပ်ပါးကောင်များသဖွယ် စုပ်ယူနေကြသည်။ အကယ်၍ ၎င်း၏ အထွတ်အထိပ်အခြေအနေမှာဆိုလျှင် ထိုပိုးမွှားသုံးကောင်ကို လက်တစ်ချက်ဝှေ့ယမ်းရုံမျှဖြင့် သတ်ပစ်နိုင်ပေသည်။

ရွှံ့မြေခွေးက ဆွံ့အသွားသည်။

ယင်းက အိမ်မက်ဖြစ်သည်ဟု သူခံစားမိသည်။

ဤမတိုင်ခင် သူက အစစ်အမှန်နတ်ဘုရားတစ်ပါးကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။

သူ၏ ဝိညာဉ်ထဲမှာ တံဆိပ်ရိုက်ခတ်ထားသော နတ်ဘုရားအမွေအနှစ်ကြောင့် သူက အစစ်အမှန်နတ်ဘုရားများအပေါ် အလိုအလျောက် ကြောက်ရွံ့ရိုသေသည်။ ယင်းက သူ့အား မသိစိတ်မှ ခေါင်းငုံ့မိစေသည်။

သူက လုယက်ရန် နည်းနည်းမှ မတွေးဝံ့ချေ။

ယင်းက အတိတ်မှာ ရွှီချင်းနှင့် အားညိုက နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားများကို လုယက်ခဲ့စဉ် နေ၊ လ၊ ကြယ် နတ်ဘုရားသုံးပါးက ကြီးမားသော ကမ္မသက်ရောက်ခံရမည်ကို စိုးရိမ်သောကြောင့် တုပ်တုပ်မလှုပ်ခဲ့ကြပေ။

သို့ဖြစ်၍ ယခုအချိန်မှာလည်း သူက ရပ်နေသည်။

ခြားနားချက်အနေဖြင့် ဤအစစ်အမှန်နတ်ဘုရားက အကျဉ်းချခံထားရသည်။ သို့ဖြစ်၍ အကယ်၍ ကမ္မရှိမည်ဆိုလျှင်ပင် ယင်းက ပြဿနာကြီး မဖြစ်နိုင်ပေ။

နောက်ထပ် ခြားနားချက်တစ်ခုမှာ ရွှံ့မြေခွေးက ပြစ်ချက်မဲ့အဆင့်မှာ မဟုတ်တော့ပေ။ သူက နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ ခြေချပြီးသွားပြီ ဖြစ်သည်။ သူက အစစ်အမှန်နတ်ဘုရားတစ်ပါးဟူသော အဆင့်အတန်းကို ပိုင်ဆိုင်နိုင်ရန်အလို့ငှာ အဓိကအဆင့်ကြီးတစ်ဆင့်သာ ဝေးကွာတော့သည်။

ရွှီချင်းသည်တော့ မူလအနှစ်သာရကို အရူးအမူး စုပ်ယူနေသည်။

သူ့အရှေ့မှ ရွှီချင်း၏ ရူးသွပ်မှုကို ကြည့်ပြီးနောက် ရွှံ့မြေခွေးက အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ ဝိညာဉ်ထဲမှာ တံဆိပ်ရိုက်ခတ်ထားသော အစစ်အမှန်နတ်ဘုရားများအပေါ် မွေးရာပါကြောက်ရွံ့ရိုသေမှုကို လျစ်လျူရှုလိုက်သည်။

သူ၏ မျက်လုံးသည်လည်း ရူးသွပ်သွားသည်။

သူက စတင်ဝါးမျိုလိုက်သည်။

ချက်ချင်းဆိုသလို အလွန်သိပ်သည်းသော မူလအနှစ်သာရက ရွှံ့မြေခွေး၏ ခန္ဓာကိုယ်ထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားပြီး သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်၊ နတ်ဘုရားဝိညာဉ်နှင့် နတ်ဘုရားအခွင့်အာဏာကို သန့်စင်ပေးလိုက်သည်။ ထိုသို့သန့်စင်ပေးမှုအောက်မှာ သူ၏ ဘဝအဆင့်အတန်းက တဖြည်းဖြည်း မြင့်တတ်သွားပြီး သူ၏ နတ်ဘုရားအခွင့်အာဏာက နတ်ဘုရားစွမ်းအင်အမြူတေအဆင့်သို့ ချဉ်းကပ်သွားသည်။

ထိုသို့သက်တောင့်သက်သာရှိသော ခံစားမှုကြောင့် ရွှံ့မြေခွေးက အကြိမ်ရေအနည်းငယ် ညည်းညူလိုက်လေသည်။

ယင်းက သဘာဝအလျောက် ဗီဇတုံ့ပြန်မှု ဖြစ်သည်။

သို့တိုင် ရွှီချင်းသော်လည်းကောင်း ပင်လယ်ရေမှော်သော်လည်းကောင်း ထိုသို့တုံ့ပြန်မှုကို မဖော်ပြချေ။

ပင်လယ်ရေမှော်က စိတ်လှုပ်ရှားနေသည်။

၎င်း၏ ဘဝက အလွန်ထူးခြားသည်။ ၎င်းက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ မျိုးနွယ်ခြားများစွာအနက် တစ်ခုဖြစ်သော်လည်း ၎င်းကိုယ်၌က မျိုးနွယ်စုတစ်ခု ဖြစ်သည်။

ထို့ပြင် ၎င်းက ကျင့်ကြံရန် မလိုပေ။ ၎င်းက မွေးဖွားလာသည့်အချိန်မှစ၍ အာကာသစကြာဝဠာထဲတွင် လွင့်မျောနေသော မူလအနှစ်သာရများကို အလိုအလျောက် စုပ်ယူပြီး ရှင်သန်ကြီးထွားလိမ့်မည်။

၎င်းက မည်မျှအထိ ရှင်သန်ကြီးထွားနိုင်ကြောင်း ၎င်းကိုယ်တိုင်ပင် မသိပေ။

၎င်းသိသည်မှာ ၎င်းလိုအပ်သော မူလအနှစ်သာရပမာဏ ဖော်မပြနိုင်အောင် ကြီးမားသည်။ ၎င်းက နှစ်ပေါင်းမရေမတွက်နိုင်အောင် မူလအနှစ်သာရများကို စုပ်ယူခဲ့သော်လည်း ယခုထိ အရွယ်မရောက်သေးပေ။

၎င်း၏ နားလည်ထားမှုအရ ၎င်း၏ အရွယ်ရောက်အသွင်သဏ္ဍာန်က အဆင့်နိမ့်အင်မော်တယ်တစ်ပါး သို့မဟုတ် အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် နှိုင်းယှဉ်နိုင်လိမ့်မည်။

ထို့ကြောင့် ၎င်းက ဤအခိုက်အတန့်အတွက် နှစ်ပေါင်းများစွာကြာအောင် မဆုတ်မနစ် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ယခု မျှော်လင့်ချက်ပါဝင်သော မဟာအခွင့်အရေးက ၎င်း၏ အရှေ့သို့ ရောက်ရှိလာလေရာ ၎င်းက အစွမ်းကုန်သုံး၍ ဝါးမျိုလိုက်လေသည်။

သူတို့နှင့်နှိုင်းယှဉ်လျှင် ရွှီချင်းက အမှန်တကယ် အစွမ်းကုန် ထုတ်လွှတ်ထားသည်။

အချိန်က အလွန်တိုတောင်းကြောင်း သူနားလည်သည်။

သူတို့သုံးယောက်၏ စုပေါင်းစွမ်းအားဖြင့်ပင် ဤနေရာမှာ အချိန်ကြာမြင့်စွာ မနေနိုင်ပေ။ သို့ဖြစ်၍ ဤအချိန်တိုလေးအတွင်းမှာ သူတို့မည်မျှစုပ်ယူနိုင်မည်က သူတို့၏ အရည်အချင်းပေါ်မှာသာ မူတည်ပေသည်။

နောက်အခိုက်အတန့်မှာ အချိန်လေဟာနယ်အာဏာစက်က ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်မှာ အပြည့်အဝ ပေါ်လျှိုးလာသည်။ အပြိုင်စကြာဝဠာများ ထွက်ပေါ်လာပြီးနောက် မတူညီသော အချိန်လေဟာနယ်များထဲမှ ရွှီချင်းများက ဤပစ္စုပ္ပန်လောကထဲမှာ ထွက်ပေါ်လာကြသည်။

စုပ်ယူစမ်း…

သူက မူလအချိန်လေဟာနယ်ကို ဆုံမှတ်တစ်ခုအဖြစ် အသုံးပြု၍ တခြားအချိန်လေဟာနယ်များနှင့် ချိတ်ဆက်လိုက်သည်။ ထိုနည်းဖြင့် ရွှီချင်း၏ စုပ်ယူမှုက အံ့ဖွယ်ကောင်းသော အဆင့်သို့ ချက်ချင်း ရောက်ရှိသွားသည်။

ချက်ချင်းဆိုသလို ဓားထိုးစိုက်ခံထားရသော နေလုံး၏ ဒဏ်ရာထဲမှ စိမ့်ထွက်နေသည့် မူလအနှစ်သာရ(၇၀)ရာခိုင်နှုန်းက ရွှီချင်းဆီသို့ ဒလဟော ပျံသန်းသွားသည်။

သူက အရူးအမူး စုပ်ယူလိုက်သည်။

ထိုမျှများပြားသော ပမာဏကို ချက်ချင်း သူမချေဖျက်နိုင်သော်လည်း ယင်းအတွက် ရွှီချင်းက ကြိုပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ သူမစုပ်နိုင်သော မူလအနှစ်သာရများကို တခြားအချိန်လေဟာနယ်များထဲမှာရှိသော ရွှီချင်းများထံသို့ ပို့လွှတ်ပေးလိုက်သည်။ သူတို့အားလုံးက အတူတကွ ပူးပေါင်းဆောင်ရွက်ကြပြီး ဆက်လက် ဝါးမျိုကြသည်။

ထိုမျှသိပ်သည်းသော မူလအနှစ်သာရ၏ အားဖြည့်ပေးမှုအောက်မှာ ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းက ဖော်မပြနိုင်သော အဆင့်ထိ မြင့်တတ်သွားသည်။

သူ၏ ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်က ပိုပြီးသန်မာလာသည့်အခါ သူ၏ အသိစိတ်က ချက်ချင်း မြည်ဟိန်းသွားသည်။ သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ပိုပြီးအားကောင်းလာသည်။

အစက သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ဖျက်ဆီးမခံရနိုင်သော အဆင့်မှာ ဖြစ်သည်။ ဤအခိုက်အတန့်မှာ သန္ဓေသားလောင်းက သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ အလွန်သိပ်သည်းသော မူလအနှစ်သာရ၏ အားဖြည့်ပေးမှုအောက်မှာ သန္ဓေသားလောင်းက ဖော်မပြနိုင်အောင် ထွန်းလင်းတောက်ပလာသည်။

အလင်းရောင်က လှည့်ပတ်သွားသည်နှင့် အင်မော်တယ်သန္ဓေသားလောင်း၏ မဖျက်ဆီးနိုင်သော အရှိန်အဝါက ပိုပြီးအားကောင်းလာသည်။

ယင်းက မဖျက်ဆီးနိုင်သော အဆင့်၏ ပြီးပြည့်စုံမှုဆီသို့ တိုက်ရိုက် တတ်လှမ်းသွားသည်။

ရွှီချင်းက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားသည်။

မဖျက်ဆီးနိုင်သော အဆင့်ပြီးနောက် နောက်တစ်ဆင့်က အင်မော်တယ်သန္ဓေသားလောင်း၏ အစစ်အမှန်ပုံရိပ်ယောင်နှင့် မဖျက်ဆီးနိုင်ခြင်းကို အတူတကွ ပေါင်းစည်းခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ သူနားလည်သည်။ ထိုနှစ်ခုကို ပေါင်းစည်းရန် အလွန်များပြားသော မူလအနှစ်သာရများကို သူလိုအပ်လိမ့်မည်။

ပေါင်းစည်းမှုက အောင်မြင်သွားပြီး ထိုနှစ်ခုက တစ်သားတည်းဖြစ်သွားလျှင် သူ၏ အင်မော်တယ်သန္ဓေသားလောင်းက အပြည့်အဝ ရုပ်လုံးပေါ်လာလိမ့်မည်။

တစ်နည်းဆိုရသော် ထိုအချိန်ကျလျှင် ရွှီချင်း၏ ကျင့်ကြံခြင်းက အုပ်ချုပ်သူအဆင့်ကို ချိုးဖြတ်ပြီး ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားလိမ့်မည်။

ထိုသို့အခွင့်အရေးနှင့် ကံကြမ္မာကောင်းက ရွှီချင်းကို ပိုပြီးရူးသွပ်သွားစေသည်။

အင်မော်တယ်သန္ဓေသားလောင်းက မဖျက်ဆီးနိုင်သော အဆင့်၏ ပြီးပြည့်စုံမှုဆီသို့ ရောက်ရှိသွားသည်နှင့် ရွှီချင်း၏ အချိန်လေဟာနယ်အာဏာစက်က ပိုပြီးပြည့်စုံလာသည်။ မျဉ်းပြိုင်အာဏာစက်ဖြင့် သူဖန်တီးနိုင်သော အချိန်လေဟာနယ်များသည်လည်း အရေအတွက် ပိုတိုးပွားလာသည်။

ချက်ချင်းဆိုသလို ယင်းက အချိန်လေဟာနယ်(၁၀၀)အထိ တိုးမြှင့်သွားသည်။

ထိုအချိန်လေဟာနယ်(၁၀၀)ထဲတွင် မူကွဲရွှီချင်း(၁၀၀)က ထွက်ပေါ်လာကြသည်။

ယင်းက ရွှီချင်း၏ ဝါးမျိုမှုကို ပိုပြီးမြန်ဆန်သွားစေသည်။

အရာအားလုံးက ကောင်းမွန်သောဘက်သို့ ဦးတည်နေသည်။ ရွှံ့မြေခွေးနှင့် ပင်လယ်ရေမှော်သည်လည်း ပိုပြီးရူးသွပ်သွားကြသည်။ ၎င်းတို့က မူလအနှစ်သာရများကို ရွှီချင်းနှင့်အပြိုင် စုပ်ယူရန် အစွမ်းကုန် ထုတ်လွှတ်လိုက်ကြသည်။

ထိုသို့ဖြင့် သူတို့သုံးယောက်၏ အရူးအမူး စုပ်ယူမှုအောက်မှာ အပြင်သို့ စိမ့်ထွက်လာသော ပထမမူလအနှစ်သာရလှိုင်းက တဖြည်းဖြည်း ပါးလွှာသွားသည်။ ယင်းကို မြင်သောအခါ ရွှီချင်း၏ မျက်လုံးက စူးရှတောက်ပသွားသည်။

သူက ညာလက်ကို မြှောက်လိုက်ပြီး ရိတ်သိမ်းခြင်းသစ်သားတုံကင်ကို ပိုပြီးနက်ရှိုင်းသော နေရာဆီသို့ ဖိချလိုက်သည်။

ယင်းက ပိုပြီးများပြားသော မူလအနှစ်သာရများကို နေလုံး၏ အတွင်းထဲမှ ဆွဲထုတ်နိုင်စေလိမ့်မည်။

ရွှံ့မြေခွေးနှင့် ပင်လယ်ရေမှော်က နောက်ထပ် စားတော်ပွဲအတွက် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းလိုက်ကြသည်။

သို့သော်လည်း ဒုတိယမူလအနှစ်သာရလှိုင်းက အပေါ်သို့ စိမ့်ထွက်လာတော့မည့်အချိန် ငွေရောင်အလင်းတန်းတစ်ခုက ဒဏ်ရာဖြစ်ပေါ်စေသော ဧရာမဓားထံမှ ရုတ်တရက် ထွက်ပေါ်လာပြီး မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

စက္ကန့်ပိုင်းအတွင်းမှာ ငွေရောင်အလင်းက အံ့မခန်း ကျယ်ပြောလာပြီး မျက်စိကျိန်းစပ်လုနီးပါး စူးရှတောက်ပလာသည်။ ထို့နောက် ငွေရောင်အလင်းက ဧရာမဓားကို ဗဟိုထား၍ စက်ဝိုင်းသဖွယ် အပြင်သို့ ပြန့်ကားသွားပြီး ဒဏ်ရာနေရာကို ချိပ်ပိတ်လိုက်သည်။

ထိုချိပ်ပိတ်မှုအောက်မှာ အပြင်သို့ စိမ့်ထွက်သွားတော့မည့် မူလအနှစ်သာရက ချက်ချင်း တားဆီးခံလိုက်ရသည်။

ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်သွားသည်။ မူလအနှစ်သာရက အပြင်သို့ မထွက်သွားနိုင်တော့ပေ။

တစ်ချိန်တည်းမှာ ဒေါသတကြီး အော်သံက ငွေရောင်အလင်းထဲမှ ပဲ့တင်ထပ်လာသည်။

“ ဘယ်ကောင်က အတင့်ရဲလို့ ဒီအင်မော်တယ်ရဲ့ နတ်ဘုရားအစာကို လုယက်ရဲတာလဲ ”

ထိုအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက လေထဲမှာ မြှောက်တတ်လာပြီး ဘေးပတ်ဝန်းကျင်ဆီသို့ ပျံ့နှံ့သွားသည်။

ထိုမြင်ကွင်းက ရွှီချင်းကို မျက်မှောင်ကြုတ်သွားစေသည်။

ထိုငွေရောင်အလင်းက ချိပ်တံဆိပ်တစ်ခုဖြစ်ကြောင်း သူပြောနိုင်သည်။ ထို့ပြင် ယင်းကို သူအာရုံခံကြည့်ပြီးနောက် ငွေရောင်အလင်းက ဧရာမဓားနှင့် ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာခြင်းမဟုတ်ကြောင်း သူနားလည်သွားသည်။ ယင်းကို နောက်ပိုင်းမှ ထပ်ပေါင်းထည့်ခဲ့ခြင်း ဖြစ်နိုင်သည်။

သို့သော်လည်း ယခုအချိန်က ထိုအကြောင်းကို တွေးတောနေရမည့်အချိန် မဟုတ်ပေ။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူက အနောက်ဆုတ်သွားသည်။

သူက အချိန်လေဟာနယ်အာဏာစက်ကို အရှေ့မှာထားပြီး မျဉ်းပြိုင်အာဏာစက်ကို အနောက်မှာထားလျက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်သည်။ ရွှံ့မြေခွေးအမှတ်အသားသည်လည်း အစွမ်းကုန် ထုတ်လွှတ်လိုက်ပြီး ရွှီချင်းကို အားဖြည့်ပေးလိုက်သည်။ ယင်းက ရွှီချင်း၏ အလျင်ကို တစ်ဟုန်ထိုး တိုးမြှင့်သွားစေပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ ရိုက်ခတ်မှုကို ကပ်သီးကလေး ရှောင်တိမ်းနိုင်စေခဲ့သည်။

သို့တိုင် သူက သတ်ဖြတ်ခြင်းစိတ်ဆန္ဒလှိုင်း၏ အဖျားရိုက်ခတ်မှုဒဏ်ကို ခံလိုက်ရဆဲပင်။ ယင်းက ရွှီချင်း၏ အချိန်လေဟာနယ်ခန္ဓာကိုယ် အများအပြားကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။

သူက အကြိမ်ကြိမ် သွေးအန်လိုက်ရသည်။

ရွှီချင်းက သူအန်ထုတ်လိုက်ရသော သွေးကို အလဟဿမဖြစ်စေပေ။ သူက တစ်ကြိမ်သွေးအန်လိုက်တိုင်း သွေးလွတ်မြောက်ခြင်းအတတ်ပညာဖြင့် တည်နေရာပြောင်းရွှေသွားလိမ့်မည်။ အကြိမ်ကြိမ် တည်နေရာပြောင်းရွှေ့ပြီးနောက် သူက ဘေးကင်းလုံခြုံသော ဧရိယာဆီသို့ ဆုတ်ခွာနိုင်သွားသည်။

ထိုနေရာတွင် ရွှီချင်း၏ အမောတကော အသက်ရှူလိုက်ပြီး ထပ်မံ ထွက်ပြေးသည်။

ယင်းက နေလုံး၏ ဝင်ပေါက်ဆီသို့ သူဖြတ်ကျော်သွားသည်အထိ ကြာမြင့်ခဲ့သည်။

ကြယ်တာရာကောင်းကင်ပေါ်မှာ သူရပ်လိုက်သည့်အခိုက် ရွှီချင်း၏ စိတ်က နောက်ဆုံးမှာတော့ အနည်းငယ် ပြန်ငြိမ်သက်သွားသည်။ သူက အရင်ဆုံး သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ ထို့နောက် သူက အချိန်လေဟာနယ်များထဲမှာ သိုလှောင်ထားသော မူလအနှစ်သာရပမာဏကို စစ်ဆေးကြည့်လိုက်သည်။

“ တကယ်လို့ အဲ့ဒါတွေအားလုံးကို ငါချေဖျက်လိုက်မယ်ဆိုရင် အင်မော်တယ်သန္ဓေသားလောင်းကို ပြီးပြည့်စုံစေပြီး ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို ငါတတ်လှမ်းနိုင်လောက်တယ်… ဒါပေမဲ့ အဲ့ဒါက ငါ့ကို အဆင့်တတ်နိုင်စေရုံလောက်ပဲ ခွင့်ပြုပေးနိုင်တယ်… တကယ်လို့ ငါသာ ဒီထက် ပိုများတဲ့ မူလအနှစ်သာရကို ရရှိမယ်ဆိုရင် ဘာအမှားအယွင်းမှမရှိဘဲ အဆင့်တတ်နိုင်လိမ့်မယ်… ”

“ ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို တတ်လှမ်းပြီးတဲ့အခါကျရင် ငါ့ရဲ့ တိုက်ပွဲစွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားလိမ့်မယ် ”

ရွှီချင်းက နှုတ်ခမ်းသပ်လိုက်ပြီး သူ့အောက်မှ နေလုံးကို လေးနက်စွာ ကြည့်လိုက်သည်။

ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး ပိုင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။

“ အဲ့ဒါက အဆင့်နိမ့်အင်မော်တယ်တစ်ပါးပဲ… ”

“ ဒီနေရာမှာ အဆင့်နိမ့်အင်မော်တယ်တစ်ပါးရဲ့ ချိပ်တံဆိပ်အမှတ်အသားရှိတယ်… အဲ့ဒါက မူလအနှစ်သာရကို ရိတ်သိမ်းတဲ့ ဇစ်မြစ်ဖြစ်ပြီး အကျဉ်းထောင်ကို ကန့်သတ်ချုပ်နှောင်ထားတယ်… ငါ့ရဲ့ ရောက်ရှိလာမှုနဲ့ ဝင်းမှည့်နေတဲ့ သစ်သီးကို ခူးဆွတ်ခြင်းက ပုန်းလျှိုးနေတဲ့ အဲ့ဒီချိပ်တံဆိပ်ကို လှုံ့ဆော်လိုက်တယ် ”

ရွှီချင်းက လေးနက်စွာ တွေးတောလိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး နေလုံးထံမှ အကြည့်ပြန်ရုပ်လိုက်ကာ ပင်လယ်ရေမှော်ကို ကြည့်လိုက်သည်။

အစောနက စုပ်ယူမှုပြီးနောက် ယခု ပင်လယ်ရေမှော်ထံတွင် အရွက်အသစ်တစ်ခု ထွက်ပေါ်လာသည်။ ယင်းက အရွက်အသစ်တစ်ခုမျှသာဖြစ်သော်လည်း ၎င်း၏ အရှိန်အဝါက ယခင်ကထက် ပိုပြီးသိပ်သည်းလာသည်။

“ အဲ့ဒါကို အစောကြီးကတည်းက မင်းသိထားတယ်မလား ”

ရွှီချင်းက ရုတ်တရက် ပြောသည်။

ပင်လယ်ရေမှော်က နှုတ်ဆိတ်သွားသည်။ တစ်ခဏကြာပြီးနောက် ၎င်း၏ နတ်ဘုရားစိတ်အာရုံက ပဲ့တင်ထပ်သွားသည်။

“ သူက မိုးသောက်ကောင်းကင်ဘုံအလွန်ထဲက ဒီအာကာသအကျဉ်းထောင်ကို စောင့်ကြပ်ရတဲ့ နောက်ဆုံးထောင်မှူးပဲ… အတိတ်မှာ သူက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး ဖြစ်တယ်… နောက်ပိုင်းမှ သူက အဆင့်နိမ့်အင်မော်တယ်အဆင့်ကို တတ်လှမ်းသွားပြီး ဘက်ပြောင်းသွားခဲ့တယ်… ဒါပေမဲ့ သူအဆင့်တတ်နေတဲ့အချိန်အတွင်း အမှားအယွင်းတစ်ခုဖြစ်ခဲ့တယ်… အဲ့ဒါကြောင့် သူက တံခါးပိတ်ကျင့်ကြံတဲ့နေရာကနေ မထွက်ခွာနိုင်ဘူး ”

ပင်လယ်ရေမှော်က အမှန်အတိုင်း ဖြေလိုက်သည်။ မူလအနှစ်သာရကို တစ်ကိုက်စားပြီးနောက် ၎င်းက ထပ်မံ စားရန် အလွန်ဆန္ဒရှိသည်။ သို့ဖြစ်၍ ၎င်းက ဘာကိုမှ မဖုံးကွယ်ထားပေ။

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ မိုးသောက်အင်မော်တယ်အရှင်သခင် သေဆုံးသွားပြီးနောက် မိုးသောက်အင်မော်တယ်နန်းတော်က ယခင်ထွန်းလင်းတောက်ပမှုကို ဆုံးရှုံးသွားသည်။ ထို့ပြင် ယင်းက မိုးသောက်ကောင်းကင်ဘုံအလွန်ထဲမှ ရာထူးမြင့်အကြီးအကဲများကိုလည်း မဟာကပ်ဘေးဖြင့် တွေ့ကြုံစေခဲ့သည်။

သို့သော်လည်း ၎င်းတို့အားလုံးက အင်မော်တယ်များသာ ဖြစ်ကြသည်။ မည်သို့ဖြစ်ပါစေ မိုးသောက်သခင်လေး၏ မင်္ဂလာပွဲကို တတ်ရောက်ရန် အဆင့်နိမ့်အင်မော်တယ်များသာ အရည်အချင်းပြည့်မီကြသည်။ သို့ဖြစ်၍ မင်္ဂလာပွဲ မတတ်ရောက်နိုင်ခဲ့ကြသော ကျင့်ကြံသူများက အများကြီး ရှိသည်။

“ ဒီတော့ တကယ်လို့ ဒီချိပ်တံဆိပ်ကို ငါမဖြေရှင်းနိုင်ဘူးဆိုရင် မူလအနှစ်သာရကို ဆက်လက် စုပ်ယူဖို့ အခက်တွေ့လိမ့်မယ်… ဒါပေမဲ့ ဒီအတိုင်း ငါလက်မလျော့နိုင်ဘူး ”

အေးစက်စက်အလင်းတန်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

တစ်ဖက်လူက အင်မော်တယ်တစ်ပါးဖြစ်သော်လည်း အမှတ်ငါးကြယ်တာရာစက်ဝန်းက ပရမ်းပတာမဖြစ်နေပေ။

“ အားလုံးကို ဆင့်ခေါ်ပြီး ရိက္ခာထိန်းသိမ်းသူဌာနရဲ့ အခွင့်အာဏာကို ငှားယူမယ်ဆိုရင်… အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ ဥပဒေတွေအရ အင်မော်တယ်တစ်ပါးတောင် မဆင်မခြင်လုပ်ရဲမှာ မဟုတ်ဘူး ”

“ ဒါ့အပြင် လူပိုများလေ ချိပ်တံဆိပ်ရဲ့ အင်အားကို ပိုပြီးဝေမျှနိုင်လေပဲ… ယွင်ရှန်းစုနဲ့ ကြယ်တာရာစက်ဝန်းကို ငါလိုအပ်တယ်… သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံက ကြီးမားတဲ့ အထောက်အပံ့ကို ပေးနိုင်တယ် ”

ထိုသို့တွေးမိသောအခါ ရွှီချင်းက ဆုံးဖြတ်ချက်ချလိုက်ပြီး တခြားလူများကို ဆင့်ခေါ်ရန် ပြင်လိုက်သည်။

ထိုစဉ် ပင်လယ်ရေမှော်က တုန်ယင်သွားပြီး ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ ကျောက်စိမ်းပြားထံသို့ အသံပို့လွှတ်မှုတစ်ခု ဝင်ရောက်လာသည်။

အသံပို့လွှတ်လိုက်သူက ကြယ်တာရာစက်ဝန်းဖြစ်သည်။

“ ဖရိုဖရဲကောင်းကင်တော်ဝင်မိသားစုက လျှို့ဝှက်စွာ ဆောင်ရွက်နေတယ်… ပြီးတော့ သူတို့ဆီမှာ ငါအရေးတကြီး လိုအပ်နေတဲ့ တစ်စုံတစ်ခုရှိတယ်… ဒါပေမဲ့ သူတို့ဆီမှာ ဝိညာဉ်အလင်းကောင်းကင်ဘုံအလွန်ရဲ့ လွတ်ငြိမ်းခွင့်တုံကင်တစ်ခု ရှိတယ် ”

“ အဲ့ဒီတုံကင်က သူတို့ကို ရိက္ခာထိန်းသိမ်းသူဌာနရဲ့ အခွင့်အာဏာကနေ ကာကွယ်ပေးနေတယ်… ပြီးတော့ သူတို့ဆီမှာ ကျွမ်းကျင်ပညာရှင်တွေ ရှိတယ် ”

“ အခု သူတို့က တုံကင်ကို ပြင်ပဒိုင်းကာအဖြစ် အသုံးပြုပြီး အတွင်းဘက်က ပညာရှင်ကျင့်ကြံသူတွေနဲ့ ငါတို့ကို ခြိမ်းခြောက်နေတယ်… ရွှီချင်း… ငါလိုချင်တဲ့အရာရဲ့ တစ်ဝက်ကို မင်းကို ပေးမယ် ”

“ ဒီကို မင်းလာရဲလား ”

ထိုသတင်းစကားက အကူအညီလှမ်းတောင်းခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ထိုသို့ရဲတင်းသော တောင်းဆိုမှုသည်သာ ကြယ်တာရာစက်ဝန်း၏ မောက်မာထောင်လွှားသော အကျင့်စရိုက်နှင့် လိုက်ဖက်ပေသည်။

ရွှီချင်းက မျက်ခုံးပင့်တင်လိုက်သည်။

သူက ကြယ်တာရာစက်ဝန်းထံမှ အကူအညီတောင်းရန် စဉ်းစားနေစဉ် တစ်ဖက်လူက သူ့ကို အရင်ဦးစွာ အကူအညီတောင်းခံလာသည်။

ကြယ်တာရာစက်ဝန်းသည်ပင် သူ့ကို အကူအညီတောင်းလာရလေရာ ထိုပညာရှင်ကျင့်ကြံသူများက သေချာပေါက် အလွန်သန်မာရလိမ့်မည်။

သို့ဖြစ်၍ တစ်ခဏ တွေးတောပြီးနောက် ရွှီချင်းက အသံပို့လွှတ်လိုက်သည်။

“ အနာဂတ်မှာ မင်းနဲ့ငါ အတူပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတစ်ခု ရှိတယ် ”

“ သဘောတူတယ် ”

ကြယ်တာရာစက်ဝန်းက အသေးစိတ် မေးမနေဘဲ တည်ကြည်ပြတ်သားစွာ ပြန်ပြောသည်။

“ သဘောတူတယ် ”

ရွှီချင်းက ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း တစ်ခဏကြာ သူစဉ်းစားပြီးနောက် ပင်လယ်ရေမှော်ကို ကြည့်လိုက်သည်။ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် သူက ရုတ်တရက် ပြောသည်။

“ ဒီနေရာကနေ မင်းထွက်သွားနိုင်လား ”

All Chapters