← Chapters

အခန်း (၁၆၅၆-၁၆၆၀)

Vol. 67 Ch. 1656-1660

အခန်း (၁၆၅၆-၁၆၆၀)

Vol. 67 Ch. 1656-1660

အပိုင်း (၁၆၅၆)

ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲမှုများကြောင့် သူတို့ ပတ်ပတ်လည်ရှိ အစီအရင်နှင့် အကာအရံများအားလုံး ပျက်စီးကုန်သည်ကို ကြည့်ရင်း ရေခဲသန့်စင်ကျွန်းပေါ်ရှိ တပည့်များ ကြောက်ကြောက်လန့်လန့် ဖြစ်ကုန်ကြသည်။

လက်ရှိ ရေခဲသန့်စင်ကျွန်းသည် မည်သည့် အတားအဆီးမှ မရှိတော့သော ကျွန်းကြီးတစ်ကျွန်း ဖြစ်နေခဲ့လေပြီ။

ထိုအချက်ကို နားလည်လိုက်သော် လော့လီ မျက်နှာပျက်သွားပြီး အကုန်လုံးကို အော်ပြောလိုက်လေသည် “တပည့်တွေ အကုန်လုံးကို မြေအောက်ခန်းထဲ ပြေးဝင်ပုန်းနေဖို့ မြန်မြန် သွားအမိန့်ပေးလိုက်ကြစမ်း”

ပင်းလုန်သည် တိုက်ပွဲကြီးကို ကြည့်ရင်း မှင်သက်နေခဲ့ရာ လော့လီ၏ အော်ပြောသံကို ကြားမှပဲ အသိပြန်ဝင်လာခဲ့ပြီး ချက်ချင်း ဆက်သွယ်ရေးမှော်ရတနာကို ထုတ်ကာ အကုန်လုံးကို အမိန့်ပေးလိုက်လေသည်။

အမိန့်လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် ရေခဲနှလုံးသား တောင်ကြား၏ တပည့်အားလုံးသည် မြေအောက်ခန်းထဲသို့ အလျင်အမြန် ပြေးဝင်ပုန်းကုန်ကြလေတော့၏။

ပင်းလုန်နှင့် အကြီးအကဲများသည်သာ လော့လီဘေးတွင် ကျန်ခဲ့ပြီး ရင်ထိတ်ဖွယ်ရာ တိုက်ပွဲကြီးကို ဆက်စောင့်ကြည့်နေခဲ့သည်။ လော့လီ ကာကွယ်ပေးနေသည့် အတွက်ကြောင့်သာ သူတို့ ဆက်ပြီး ကြည့်နေရဲကြခြင်း ဖြစ်သည်။

သူတို့ လှမ်းမမြင်နိုင်အောင် မြင့်မားလှသော တိမ်ယံများထက်တွင် ထူးခြားအားကောင်းလှသော အရှိန်အဝါနှစ်ခု တစ်ခုနှင့်တစ်ခု ထိပ်တိုက် တွေ့နေခဲ့သည်။

တိုက်ပွဲအား လှမ်းမမြင်နိုင်ကြသော်လည်း အဆက်မပြတ် ထွက်ပေါ်နေသော အော်သံများကို နားထောင်ရင်း လော့ဟိုင် ဒုက္ခရောက်နေပြီမှန်း အကုန်လုံး နားလည်လိုက်ကြသည်။

သွေးစက်များသည်လည်း တိမ်ယံများဆီမှ မိုးသီး မိုးပေါက်ကဲ့သို့ တစ်စက်ပြီးတစ်စက် ပြုတ်ကျလာနေခဲ့လေသည်။ ထိုသွေးစက်များသည် တန်ခိုးရှင်ဘုရင်အဆင့်တစ်ဦး၏ သွေးများပင် ဖြစ်လေသည်။

“မဟာအကြီးအကဲ…” ပင်းလုန်က တုန်ရီနေသည့် လေသံဖြင့် “အခြေအနေ ဘယ်လိုလဲဟင်”

လော့လီသည် ကောင်းကင်ထက်ရှိ ဟင်းလင်းပြင်ကို မော့ကြည့်နေရင်း တိုးတိုးလေး ပြန်ပြောလိုက်သည် “လော့ဟိုင် အခြေအနေ မဟန်တော့ဘူး”

ထိုစကားကို ကြားလိုက်သည့်အခိုက် အကုန်လုံး သူတို့နားသူတို့ မယုံနိုင်အောင် ဖြစ်သွားခဲ့ကြသည်။

လော့ဟိုင်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်တစ်ဦး ဖြစ်သည့်အတွက် သူ့ပြိုင်ဘက်သည် တန်ခိုးရှင်ဘုရင် တတိယ အဆင့် တစ်ဦး ဖြစ်နေလျှင်ပင်၊ လော့ဟိုင်ကို အလွယ်တကူ သတ်နိုင်လိမ့်မည် မဟုတ်ချေ။ လော့ဟိုင် အနေဖြင့် မနိုင်လျှင်ပင် ထွက်ပြေး၍ရသည်။ သို့သော်လည်း လော့ဟိုင် အခြေအနေ မဟန်တော့ဟု လော့လီက ပြောလာခဲ့သည်။ တစ်နည်းဆိုရသော် လော့ဟိုင် သေနိုင်ချေများသည်ဟု ပြောလိုက်ခြင်းပင် ဖြစ်သည်။

ရန်ကိုင်နှင့် စုယန်တို့၏ လက်ရှိပေါင်းစပ်စွမ်းအားသည် တန်ခိုးရှင်ဘုရင် တတိယအဆင့်ကိုပင် ကျော်လွန်နေပြီလော။ ကြယ်ဧကရာဇ်တံဆိပ်ပြားသည် ထိုမျှ ကြောက်မက်ဖွယ် ကောင်းလေသလား။ အကုန်လုံး ပြောစရာစကား ပျောက်ရှကုန်ကြလေသည်။

ရုတ်တရက် ကောင်းကင်ယံထက် လော့ဟိုင်၏ ဒေါသတကြီး အော်ဟစ်ဆဲဆိုသံများနှင့်အတူ ရန်ကိုင်၏ ဝါးလုံးကွဲရယ်မောသံတို့ ပဲ့တင်ထပ်လာခဲ့လေသည်။

ကောင်းကင်တစ်ပြင်လုံး ပရမ်းပတာ ဖြစ်နေပြီး လေဟာနယ် စွမ်းအင်လှိုင်းတို့မှာလည်း အဆက်မပြတ် ဖြာထွက်နေခဲ့၏။ ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးများမှာလည်း ဟိုမှသည်သို့ ရွေ့လျားနေရင်း လမ်းတစ်လျှောက်တွင် ရှိနေသော အရာမှန်သမျှကို ဝါးမြိုသွားနေခဲ့ကြသည်။

နီရဲရဲ သွေးများသည် ကောင်းကင်ယံထက်ဆီမှ ရေခဲတောင်များပေါ်သို့ အဆက်မပြတ် ရွာကျနေခဲ့သည်။

တိုက်ပွဲမှ ထွက်ပေါ်လာသော အဖျက်စွမ်းအင်များကြောင့် ရေခဲတောင်များ တစ်တောင်ပြီးတစ်တောင် ပြိုကျကုန်ရာ ရေခဲသန့်စင်ကျွန်းတစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်တော့သည်။

တိုက်ပွဲသည် သူတို့ပင် နားမလည်နိုင်သည့် အဆင့်သို့ အလျင်အမြန် ရောက်ရှိလာသဖြင့် ပင်းလုန်နှင့် အခြားသူများ လုံးဝကိုမှ ထိတ်လန့်အံ့အားသင့်ကုန်ကြသည်။ တိုက်ပွဲကို ဆက်ကြည့်ချင်သော်လည်း ဘာကိုမှ မမြင်ရသလို ဘာကိုမှလည်း သေချာမခံစားရတော့သဖြင့် ကြည့်သာ ကြည့်နေသော်လည်း ဘာမှ နားမလည်နိုင်တော့နိုင် ဖြစ်နေခဲ့လေသည်။

လော့လီ တစ်ယောက်သည်သာ ဘာဖြစ်နေသလဲ ဆိုသည်ကို ပြောနိုင်တော့သည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့် ကောင်းကင်ထက်ရှိ ဟင်းလင်းပြင်နှင့် စွမ်းအင်လှိုင်းတို့မှာ အလွန်ကိုမှ ပရမ်းပတာ ဖြစ်လာသဖြင့် လော့လီကိုယ်တိုင်ပင် တိုက်ပွဲ အခြေအနေကို ကောင်းကောင်း မပြောနိုင်တော့ချေ။

လော့ဟိုင်မှာလည်း ဆဲစရာအား မရှိတော့သည့် အတွက်ကြောင့်လားမသိ သူ့ဆီမှ မည်သည့် အော်ဆဲသံမှ ထွက်မလာတော့။ သို့ရာတွင် သူ့အရှိန်အဝါမှာမူ ယခင်နှင့် ယှဉ်လျှင် သိသိသာသာကို အားနည်းနေခဲ့လေပြီ။

“သေလိုက်ပေတော့” ရုတ်တရက် ရန်ကိုင်၏ အော်ဟစ်သံနှင့်အတူ လော့ဟိုင်၏ ထိတ်လန့်တကြား အော်ဟစ်သံတို့ ထွက်လာခဲ့၏။ ထို့နောက်တွင် ကောင်းကင်ယံထက် ဘုံကိုးခုကိုပင် လှုပ်ခါသွားမတတ် ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး အားကောင်းလှသော စွမ်းအင်လှိုင်းတို့ အဘက်ဘက်သို့ ဖြာထွက်လာကုန်ကြလေသည်။

ခြေပြတ်၊လက်ပြတ်၊ အသားစများနှင့်အတူ သေစိမ်းရှင်ရှင်တို့သည် ကောင်းကင်ယံထက်မှ မိုးသီးမိုးပေါက်များနှယ် ပြုတ်ကျလာခဲ့၏။

လော့ဟိုင်၏ အရှိန်အဝါလည်း လုံးဝကို ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအခြင်းအရာကို ကြည့်ရင်း လော့လီ၏ သူငယ်အိမ် ကျုံ့ဝင်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ် တုန်ရီသွားခဲ့သည်။

ကောင်ကင်တစ်ခွင်ကို တုန်ဟီးနေစေခဲ့သော တိုက်ပွဲကြီး အဆုံးသတ်သွားခဲ့လေပြီ။ သို့သော်ငြား အကြီးအကဲအားလုံးမှာမူ အသက်ပင် မရှူရဲဘဲ ကောင်းကင်ပေါ်ကိုသာ ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်နေကြသည်။

တဖြည်းဖြည်း ပြန်လည် ကောင်းမွန်နေသော အက်ကွဲကြောင်းများသည် တိုက်ပွဲကြီး ပြီးဆုံးသွားကြောင်း သက်သေသာဓက ပြုနေခဲ့သည်။

မကြာမီ ရွှေရောင်နှင့်အဖြူရောင်တို့ ရောယှတ်နေသော အလင်းလုံး တစ်လုံး အားလုံးရှေ့ ထွက်ပေါ်လာခဲ့သည်။ လော့ဟိုင်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။

ထိုအလင်းလုံးသည် သူတို့အား စိုက်ကြည့်နေသလို အကုန်လုံး ခံစားလိုက်ရသည်။ ထိုအကြည့်သည် အေးစက်ပြီး အကြင်တရား ကင်းမဲ့သလို သတ်ဖြတ်လိုစိတ်တို့ဖြင့်လည်း ပြည့်နေ၏။

ထိုအကြည့် သူတို့ပေါ်သို့ ရောက်ရှိလာချိန် အကုန်လုံး တဆတ်ဆတ် တုန်ရီကုန်ကြလေသည်။ လော့လီပင်လျှင် ချွင်းချက်မဟုတ်။

သို့သော်လည်း ထိုအကြည့်သည် သူတို့အား တစ်ချက်လောက်သာ ကြည့်သွားပြီး ပြန်လှည့်ထွက်သွားဖြင့် လော့လီတို့ အတော်လေး ရင်အေးသွားကြရသည်။ ထို့နောက်တွင် ကျယ်လောင်သော နဂါးဟိန်းသံနှင့် စူးရှသော ဖီးနစ်ငှက် မြည်ကြွေးသံတို့ ထွက်ပေါ်လာပြီး အလင်းလုံးသည် အားလုံး၏ မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအရာ မည်သည့်နေရာသို့ ရောက်သွားသလဲ ဆိုသည်ကိုမူ မည်သူမှ မသိကြပေ။

ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများသည် အတော်လေးကို ကြောက်လန့်နေကြသဖြင့် အတော်ကြာသည်အထိ စကားမပြောနိုင်ခဲ့ကြပေ။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍သာ ပတ်ဝန်းကျင်အား အဆက်မပြတ် စစ်ဆေးနေခဲ့ကြသည်။

နေ့တစ်ဝက်ကြာသွားသည့်တိုင် အလင်းလုံး ပြန်ပေါ်မလာသည်ကို တွေ့လိုက်တော့မှပဲ အကုန်လုံး သက်ပြင်းချနိုင်ကြတော့သည်။

ရန်ကိုင်သည် သူတို့အပေါ်ကို မရက်စက်ခဲ့ပေ။ ရန်ကိုင်သာ ဆန္ဒရှိလျှင် ရေခဲသန့်စင်ကျွန်းတစ်ခုလုံးကို သွေးချောင်းစီးအောင် လုပ်ပစ်နိုင်ပေသည်။

……

တောင်စိမ်းကြယ်… ကြယ်သခင်နတ်ကွန်း…

ကြယ်သခင်နတ်ကွန်းအလယ်တွင် ဧရာမမြေကွက်လပ်ကြီးတစ်ခု ရှိနေပြီး ထိုမြေကွက်လပ်အလယ်တွင် မီတာရာပေါင်းများစွာ မြင့်မားသော ရုပ်ထုကြီးတစ်ခု ရှိနေခဲ့သည်။ ရုပ်ထုအား ထွင်းထုထားသည်မှာ အလွန်ကိုမှ အနုစိပ်လှသဖြင့် ရုပ်ထုတစ်ခုလုံး အချိန်မရွေး အသက်ဝင်လာတော့မည့်နှယ် ထင်မှတ်ရသည်။

ထိုရုပ်ထုသည် လော့ဟိုင်၏ ရုပ်ထု ဖြစ်ပေသည်။

ကြယ်သခင်တစ်ယောက် ဖြစ်သည်နှင့်အညီ လော့ဟိုင်တွင် ထိုကဲ့သို့ လုပ်ခွင့်ရှိပေသည်။ ထိုရုပ်ထုသည် လော့ဟိုင်၏ အဆင့်အတန်းကို ပြသနေသော အမှတ်သညာ တစ်ခုလည်း ဖြစ်ပေ၏။

ရုပ်ထုအောက်တွင် လူပေါင်းများစွာသည် တစ်ခုခုအား ဆင်ခြင်နားလည်နေသည့်အလား တင်ပလင်ခွေ ထိုင်နေကြ၏။

ရုတ်တရက် အက်သံတစ်သံ ထွက်လာခဲ့သည်။ ထိုအက်သံကြောင့် တင်ပလင်ခွေထိုင်နေသည့် ကျင့်ကြံသူများ မျက်လုံးပွင့်လာကြပြီး မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ အက်သံအား ဖြစ်ပေါ်စေသည့် အရာကို လိုက်ရှာကြ၏။ သို့သော်ငြား အက်သံ မည်သည့်နေရာမှ ထွက်လာသလဲ ဆိုသည်ကို မည်သူမှ မပြောနိုင်ကြပေ။

အကုန်လုံး မျက်လုံးပိတ်ပြီး ပြန်ကျင့်ကြံကြတော့မည်အပြု နောက်ထပ် အက်သံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ယခု တစ်ကြိမ် ထွက်ပေါ်လာသည့် အသံသည် ယခင်တစ်ကြိမ်ထက် ပိုကျယ်ပေသည်။

ယခုတစ်ကြိမ်တော့ အက်သံ မည်သည့်နေရာမှ ထွက်လာမှန်း အကုန်လုံး တွေ့ရှိသွားကြသည်။ တစ်ချိန်တည်းတွင်ပင် အကုန်လုံး အလွန်ကိုမှလည်း ထိတ်လန့်သွားကုန်ကြရလေသည်။

“လူကြီးမင်းလော့ဟိုင်ရဲ့ ရုပ်ထု အက်နေနေတယ်ဟ”

“ဘာတွေ ဖြစ်နေတာလဲ။ ဘယ်လိုလုပ်ပြီး လူကြီးမင်း လော့ဟိုင်ရဲ့ ရုပ်ထုမှာ အက်ရာတွေ ပေါ်လာရတာလဲ”

“ဒီရုပ်ထုက ကြယ်အမြူတေရယ်၊ လူကြီးမင်း လော့ဟိုင်ရဲ့ အသက်စွမ်းအင်နဲ့ ဆက်စပ်နေတာ။ ရုပ်ထုက အက်လာတယ် ဆိုတော့ လူကြီးမင်းလော့ဟိုင် တစ်ခုခုများ ဖြစ်နေတာများလား”

“မဖြစ်နိုင်တာတွေ၊ လူကြီးမင်းလော့ဟိုင်လို တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ရောက်နေတဲ့ ကြယ်သခင်တစ်ပါးက ဘယ်လိုလုပ်ပြီး ဒုက္ခရောက်နိုင်မှာလဲကွ… အို၊ တကယ်ကြီး အက်ရာတွေ ပေါ်လာနေတာဟ”

ထိုဆူညံသံများကြောင့် ရုပ်ထုနားတွင် ထိုင်နေကြသည့် ကျင့်ကြံသူ အကုန်လုံး နိုးလာကုန်ကြလေသည်။ မော့ကြည့်လိုက်သည့် အခိုက်တွင် လော့ဟိုင်၏ ရုပ်ထက်ထက် အက်ရာများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာနေသည်ကို တွေ့ရှိလိုက်ကြသည်။

“မင်းတို့ အရမ်းကြီးလည်း စိတ်ပူမနေကြစမ်းပါနဲ့ကွာ။ လူကြီးမင်း လော့ဟိုင်က ကြယ်သခင်တစ်ပါးပါကွ။ သူ့လို လူတစ်ယောက်က အန္တရာယ်တစ်ခုခုနဲ့ ကြုံရတယ်ဆိုရင်တောင် လွတ်အောင် မထွက်ပြေးနိုင်ဘဲ နေမလား။ ကြည့်နေလိုက်၊ လူကြီးမင်း လော့ဟိုင် ဘာမှမဖြစ်ဘဲ ပြန်ရောက်လာလိမ့်မယ်”

“ဟုတ်တယ်။ လူကြီးမင်းလော့ဟိုင်လို ပညာရှင်တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်နဲ့ သေနိုင်မှာလဲ။ အပိုတွေ လုပ်မနေကြစမ်းနဲ့ကွာ” တစ်ယောက်ယောက်ကလည်း ဝင်ရောက် ထောက်ခံလိုက်သည်။

သို့သော်ငြား ထိုလူစကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရုပ်ထု တစ်ခုလုံး တစ်စစီ ပေါက်ကွဲထွက်သွားခဲ့လေသည်။

ရုပ်ထုအနီးတွင် ရှိနေကြသော ကျင့်ကြံသူများသည် အစပိုင်းတွင် ကြောင်နေကြသော်လည်း ချက်ချင်း အသိပြန်ဝင်လာကြပြီး လှုပ်ရှားမှု ပညာရပ် အသီးသီးကို အသက်သွင်းလျက် ခြေကုန်သုတ် ထွက်ပြေးကြလေသည်။

ဝုန်း… ဝုန်း… ဝုန်း…

ရုပ်ထုကြီး ပြိုကျသွားသည့်အတွက် မြေကွပ်လပ် တစ်ခုလုံးလည်း ဖုန်တလုံးလုံးထသွားခဲ့လေသည်။

တစ်ချိန်တည်းတွင် တောင်စိမ်းကြယ်တစ်ခုလုံး တုန်ခါလာပြီး ကြယ်ပေါ်ရှိ မိုမြေစွမ်းအင် သိပ်သည်းဆမှာ ယခင်ထက် လျော့ကျသွားခဲ့လေသည်။

“လူကြီးမင်းလော့ဟိုင်… သေသွားတာလား” ရုပ်ထု ပျက်စီးသွားသည်ကို မြင်ပြီးနောက် မြေကွက်လပ်တွင် ရှိနေသော ကျင့်ကြံသူအားလုံး ဘာဖြစ်နေသလဲ နားလည်သွားကုန်ကြ၏။

ရုပ်ထုသည် လော့ဟိုင်နှင့် တောင်စိမ်းကြယ်၏ ကြယ်အမြူတေနှင့် ဆက်စပ်နေခြင်း ဖြစ်သည့်အတွက် ရုပ်ထုပျက်စီးသွားခြင်းအတွက် အကြောင်းပြချက် တစ်ခုသာ ရှိပေသည်။

လော့ဟိုင် သေသွားသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

အကုန်လုံး မယုံကြည်နိုင် ဖြစ်နေကြသည်။

လော့ဟိုင်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး မည်ကဲ့သို့ သေသွားရသနည်း။

“ဘယ်သူလုပ်လိုက်တာ။ ဘယ်သူတောင်းစား လုပ်လိုက်တာလဲကွ။ ငါအဲ့ခွေးကောင်ကို တစ်စစီဖြစ်အောင် လုပ်ပစ်နေချင်ပြီကွာ” တစ်ယောက်ယောက်က ဒေါသတကြီး အော်ပြောလိုက်လေသည်။

“လူကြီးမင်းလော့ဟိုင်ကို သတ်လိုက်တယ်ဆိုတာ ငါတို့ တောင်စိမ်းကြယ်ကို စိန်ခေါ်လိုက်တာပဲ”

“ငါလည်း အဲ့ခွေးကောင်ကို သတ်ချင်လာပြီ”

မြေကွက်လပ်တွင် ရှိနေသော မရေမတွက်နိုင်သော ကျင့်ကြံသူများ စတင် အော်ဟစ်ကြကုန်လေသည်။

လော့ဟိုင် သေသည်ရှင်သည်ကို သူတို့ ဂရုစိုက်သည်မဟုတ်။ မြေကွက်လပ်တွင် ရှိနေကြသော ကျင့်ကြံသူ အများစုသည် လော့ဟိုင်ကိုပင် မြင်ဖူးကြသူများ မဟုတ်ကြ။ သို့သော်လည်း လော့ဟိုင်သည် တောင်စိမ်းကြယ်၏ ကြယ်သခင် ဖြစ်နေသည်။

ကြယ်သခင် သေသွားလျှင် တောင်စိမ်းကြယ်လည်း ထိခိုက်ရပေလိမ့်မည်။ မိုးမြေစွမ်းအင် သိပ်သည်းမှု လျော့ကျသွားသည့် ပြဿနာသည် အချိန်တိုအတွင်း ပြန်လည် ကောင်းမွန်လာနိုင်သည့် ပြဿနာတစ်ရပ် မဟုတ်ချေ။ နောက်ထပ် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သခင်တစ်ဦးသာ ထပ်မပေါ်လာလျှင် တောင်စိမ်းကြယ်၏ မိုးမြေစွမ်းအင်သည် ယခင်အတိုင်း ပြန်ဖြစ်ရန် အတော်လေး အချိန်ယူရပေလိမ့်မည်။

တစ်နည်းဆိုရသော် လော့ဟိုင်သေသွားခြင်းသည် တောင်စိမ်းကြယ်၌ ရှိနေသော ကျင့်ကြံသူတိုင်း၏ တိုးတက်မှု အတော်လေး ထိခိုက်သွားစေသည်ဟု ပြောနိုင်ပေသည်။

ထို့ကြောင့် လော့ဟိုင်အား သတ်လိုက်သည့်လူကို အကုန်လုံး ဒေါသထွက်နေကြခြင်း ဖြစ်သည်။

ကျင့်ကြံသူများစွာ ဒေါသတကြီး အော်ဟစ်နေကြချိန် အချို့မှာမူ သူတို့၏ ဆက်သွယ်ရေးမှော်ရတနာများကို ထုတ်ကာ ထိုထိတ်လန့်ဖွယ် သတင်းကို သူတို့၏ အပေါင်းအသင်းများ၊ ဆွေမျိုးများဆီသို့ ပို့ကြကုန်လေသည်။

ထိုကဲ့သို့ တစ်ဆင့်စကားတစ်ဆင့် ပြန့်သွားခဲ့ရာ တစ်ရက် ကြာပြီးနောက်တွင် ကြယ်သခင်လော့ဟိုင် သေသွားသည့် အကြောင်းကို တောင်စိမ်းကြယ်တွင် ရှိနေသည့် လူအားလုံး သိသွားကုန်ကြလေသည်။

တစ်လကြာပြီးနောက်တွင် ထိုသတင်းသည် ကြယ်စီရင်စုကြီး တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားခဲ့လေ၏။

လော့ဟိုင် သေသွားသည့်သတင်း ထွက်ပေါ်လာချိန် ကြယ်စီရင်စုကြီးတစ်ခုလုံး ထိတ်လန့်သွားခဲ့ကြလေသည်။

လော့ဟိုင်၏ သေဆုံးမှုနှင့် ပက်သက်ပြီး အထင်အမြင် အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။ အချို့ပြောသည်ကား လော့ဟိုင်အား ပုန်းကွယ်နေသော ပညာရှင်ကြီးတစ်ဦးမှ သတ်သွားသည်ဟု ပြောကြသည်။ အချို့ကမူ လော့ဟိုင်သည် အန္တရာယ်များသည့် နေရာတစ်ခုသို့ သွားရင်း သေဆုံးသွားသည်ဟု ပြောကြသည်။ အကုန်လုံးသည် သူတို့ထင်ရာမြင်ရာကို ပြောဆိုနေကြသည်။

သို့သော် လော့ဟိုင် မည်သည့် အကြောင်းကြောင့် သေသွားသည် ဖြစ်ပါစေ၊ သူသေသွားသည့်သတင်းသည် ခေါင်စီးသတင်းတစ်ခု ဖြစ်နေဆဲ။ ကြယ်စီရင်စုထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် များများစားစား မရှိသည့်အတွက် တန်ခိုးရှင်ဘုရင်အဆင့် တစ်ဦး၏ သေဆုံးမှုသည် လူပေါင်းများစွာကို အာရုံစိုက်လာစေနိုင်ပေသည်။

ပိုဆိုးသည်ကား လော့ဟိုင်သည် တောင်စိမ်းကြယ်၏ ကြယ်သခင်တစ်ဦး ဖြစ်နေသေးသလို တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်နေသေးသည်။

မကြာမီ ထိုသတင်းသည် လှိုင်းနီကြယ်သို့ ရောက်ရှိလာခဲ့သည်။ ရေခဲနှလုံးသားတောင်ကြား၏ မဟာအကြီးအကဲ လော့လီသည် ထိုသတင်းကို ကြားလိုက်ချိန် ထိုနေ့က ဖြစ်ပျက်သွားသည်နှင့် ပက်သက်သည့် အကြောင်းအရာ မှန်သမျှကို အပြင်သို့ တစ်ခွန်းမှ မပေါက်ကြားစေရန် တပည့် အားလုံးကို အမိန့်ပေးခဲ့လေသည်။ မဟုတ်လျှင် သူမကိုယ်တိုင် ပြင်းပြင်းထန်ထန် အရေးယူပြီး ဂိုဏ်အား ရှင်းလင်းရေး လုပ်ပစ်မည်ဟု ကြေညာခဲ့သည်။

အမှန်အတိုင်း ပြောရလျှင် ထိုနေ့က ဘာတွေ ဖြစ်ပျက်သွားသလဲ ဆိုသည်ကို ထိပ်ပိုင်းအကြီးအကဲများသာ သိကြပြီး သာမန် တပည့်များကတော့ ဘာမှ မသိကြပေ။ သူတို့ သိသည်ကား ရေခဲသန့်စင်ကျွန်းပေါ်တွင် ကြောက်မက်ဖွယ်ရာ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားခဲ့သည် ဆိုသောအချက်သာရှိသည်။ မည်သည့် ပညာရှင်များ တိုက်ခိုက်နေသည့်အတွက် ထိုကဲ့သို့ ဖြစ်လာရသလဲ ဆိုသည်နှင့် ပက်သက်၍မူ သူတို့ လုံးဝ မသိထားကြပေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၅၇)

ရေခဲသန့်စင်ကျွန်း…

အသစ်ပြန်လည် တည်ဆောက်ထားသော ရေခဲနန်းတော်ထဲတွင် ရေခဲနှလုံးသားတောင်ကြား၏ ခေါင်းဆောင်များ စုဝေးနေခဲ့သည်။

လော့လီသည် ခန်းမအလယ်တွင် ထိုင်နေပြီး ပင်းလုန်၊ ရန်ယွင်ထင်နှင့် အခြားသော အကြီးအကဲများသည် ခုံတန်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြကာ အကြီးအကဲ တစ်ဦးသည် ကျွန်းပေါ်ရှိ အစီအရင်များ၊ အကာအရံများ ပြန်လည် တည်ဆောက်ရေး အကြောင်းအရာများနှင့် ပက်သက်၍ အစီအရင်ခံ တင်ပြနေခဲ့သည်။

ရန်ကိုင်နှင့် လော့ဟိုင်တို့၏ တိုက်ပွဲကြောင့် ရေခဲသန့်စင်ကျွန်းပေါ်ရှိ အစီအရင်နှင့် အကာအရံအားလုံးနီးပါး ပျက်စီးသွားခဲ့သဖြင့် တပည့်များမှာ ထိုအစီအရင်များကို ပြန်လည် ပြုပြင်နေခဲ့ရရာ ယနေ့မှသာ ပြီးသွားတော့သည်။

သို့သော်လည်း ပြိုကျသွားသော ရေခဲတောင်များကိုတော့ ယခင်အတိုင်း ပြန်ကောင်းအောင် မလုပ်နိုင်ခဲ့ပေ။ ကံကောင်းသွားသည့် တစ်ချက်သည်ကား လော့ဟိုင်မှ တပည့်များအား အစောကြီး ကတည်းက သွားပုန်းနေရန် အမိန့်ပေးထားသည့်အတွက် မည်သည့် အသေအပျောက်မှ မရှိခဲ့ခြင်းပင်။

လော့ဟိုင်သည် အကြီးအကဲတင်ပြနေသည်ကို မျက်လုံးပိတ်ကာ နားထောင်နေခဲ့သည်။ အစီရင်ခံစား ပြီးဆုံးသွားသည့်နောက် ခေါင်းသာ ညိတ်လိုက်ပြီး ဘာမှတော့ ပြန်မပြောခဲ့ချေ။

ပင်းလုန်သည် လော့လီအား တစ်ချက်ကြည့်လိုက်ပြီးနောက် အခြားတစ်ယောက်ဘက်သို့ လှည့်၍ မေးလိုက်၏ “ဆယ်သုံးယောက်မြောက် အကြီးအကဲ၊ ဟိုလူနဲ့ ပက်သက်တဲ့ သတင်းတွေ ကြားမိသေးလား”

ဆယ့်သုံးယောက်မြောက် အကြီးအကဲ ယုရွှယ်ချင်က ခေါင်းခါ၍ “မကြားဘူး။ တောက်လျှောက် လိုက်ရှာနေခဲ့ပေမယ့် သဲလွန်စလေးကိုတောင် မတွေ့ဘူး။ သူသာ ပေါ်မလာချင်ရင် ကျွန်မတို့ သူ့ကို ဘယ်လိုမှ ရှာလို့တွေ့မှာ မဟုတ်ဘူး”

“အင်း” ပင်းလုန် သက်ပြင်းချလိုက်သည်။

“သူ့ကို လိုက်ရှာနေစရာ မလိုဘူး” လော့လီက ရုတ်တရက် မျက်လုံးပွင့်လာပြီး ပြောလိုက်သည်။

“မဟာအကြီးအကဲ…”

“သူမရှာစေချင်တာကို ငါတို့က သူ့ကို ဘယ်လိုတွေ့အောင် ရှာရမှာလဲ။ ပြီးတော့၊ အခုအချိန်လောက်ဆို တိုက်ပွဲက ရထားတဲ့ ဒဏ်ရာတွေကို ပြန်ကုစားရင်း သူအလုပ်များနေလောက်တယ်”

“ပြန်ကုနေတာ” ပင်းလုန်နှင့် အခြားအကြီးအကဲများအားလုံး အံ့အားသင့်သွားကုန်ကြလေသည်။ သို့သော်လည်း မကြာမီ သူတို့ နားလည်သွားခဲ့ကြသည် “မဟာအကြီးအကဲ ပြောချင်တာက…”

“သူ့အဆင့်ကို ကျော်လွန်နေတဲ့ စွမ်းအားတစ်ခုကို သုံးခဲ့တာကို သူ့ခန္ဓာကိုယ်က ဘာမှမဖြစ်ဘဲ ဘယ်နေမလဲ” လော့လီက ပြောလိုက်သည်။

“ဒီတော့ သူအခု ဒဏ်ရာရထားတယ်ပေါ့” ရန်ယွင်ထင်၏ မျက်ဝန်းအစုံ တောက်ပလာပြီး စိတ်အားတက်သွားသည့် လေသံဖြင့် “အဲ့လိုသာဆိုရင် ကျွန်မတို့…”

သူမစကား မဆုံးသေးခင်မှာပဲ လော့လီက ရုတ်တရက် မျက်လုံးဖွင့်လာပြီး သူမအား စိုက်ကြည့်လာသဖြင့် ရန်ယွင်ထင် ချက်ချင်း ပါးစပ်ပိတ်သွားခဲ့လေသည်။

“ငါတို့ ရေခဲနှလုံးသားတောင်ကြား ဒီနေ့အထိ အခုလိုမျိုး ရပ်တည်လာနိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ငါအဖြစ်ချင်ဆုံးက ရေခဲနှလုံးသားတောင်ကြား ဒီထက်ပိုပြီး အားကောင်းလာဖို့ မဟုတ်ဘူး။ ငါတို့ဘိုးဘေးတွေ တည်ဆောက်ခဲ့တဲ့ အခြေခံ အုတ်မြစ် မပျက်စီးသွားဖို့ပဲ၊ ငါပြောတာ နားလည်လား” လော့လီက အကြီးအကဲအားလုံးကို ဝေ့ကြည့်လျက် ပြောလိုက်သည်။

အကုန်လုံး ချက်ချင်း ထရပ်လိုက်ပြီး လေးလေးစားစား ပြန်ပြောလိုက်လေသည် “နားလည်ပါတယ် မဟာအကြီးအကဲ”

“နားလည်ရင် ကိုယ့်ဘာသာ အေးအေးဆေးဆေးနေ၊ ပြဿနာကို သွားပြီး တုတ်နဲ့ထိုးမနေနဲ့”

ရန်ယွင်ထင်၏မျက်နှာ ဖြူလျော်သွားပြီး တုန်တုန်ရီရီဖြင့် ပြန်ပြောလိုက်လေသည် “တပည့် ကိုယ့်အမှားကိုယ်သိပါပြီ”

လော့လီက ရန်ယွင်ထင်၏ အပြုအမူနှင့် ပက်သက်၍ ကျေနပ်သွားသည့်အလား ခေါင်းတညိတ်ညိတ်လုပ်ရင်း ရုတ်တရက် ပြုံးလျက် “သူ့ကို ရှာခိုင်းထားတဲ့ တပည့်တွေ အကုန်လုံးကို ပြန်လာခိုင်းလိုက်တော့။ အချိန်တန်ရင် သူ့ဘာသာ ရောက်လာလိမ့်မယ်”

“သူပြန်လာဦးမှာလား” အကြီးအကဲတစ်ဦး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင် လော့ဟိုင်အား သတ်လိုက်သည့် အဖြစ်အပျက်ကြီးသည် အကြီးအကဲ အားလုံး၏ ရင်ထဲတွင် ယခုထိတိုင် စွဲထင်နေသေးသည်။ ရန်ကိုင်ဆိုသည့် ပုံရိပ်ကြီးသည် သူတို့အား အတော့်ကိုမှ ကြောက်လန့်နေစေပေသည်။ ထို့ကြောင့် ရန်ကိုင် ရေခဲသန့်စင်ကျွန်းဆီသို့ ပြန်လာမည့်အကြောင်း ကြားလိုက်သည့် အခိုက်တွင် အကြီးအကဲအားလုံး စိုးရိမ်သွားခဲ့ခြင်း ဖြစ်သည်။

ပင်းလုန်သည် တစ်ခုခုကို နားလည်သွားဟန်ဖြင့် ပြုံးလျက် “ရေခဲသန့်စင်ကျွန်းမှာ သူ့လူတစ်ယောက်ကို ထားခဲ့တယ်လေ။ သူဘယ်လိုလုပ်ပြီး ပြန်မလာဘဲ နေမှာလဲ”

ရန်ယွင်ထင်သည် တစ်ခုခုကို စဉ်းစားမိသွားပြီး “တောင်ကြားသခင်က ချင်းယကို ပြောချင်နေတာလား”

“ဟုတ်တယ်။ ချင်းယနှင့် စုယန်က ရေခဲနှလုံးသားတောင်ကြားကို အတူတူ ဝင်လာခဲ့တာ။ သူတို့နှစ်ယောက်က တော်တော်လေး ရင်းနှီးတယ်။ ဒါကြောင့် ရန်ကိုင် ပြန်မလာချင်ရင်တောင် စုယန်ကတော့ ပြန်လာလိမ့်မယ်”

“ကျွန်မတို့ ချင်းယကို သွားစကားပြောသင့်လား” ရန်ယွင်ထင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ငါသွားပြောပြီးသွားပြီ” ပင်းလုန်က မဲ့ပြုံးပြုံးလိုက်သည်။

“အို၊ ဒါဆို သူဘာပြောလဲ။ ရန်ကိုင်နဲ့ စုယန်တို့ ရှိနေတဲ့ နေရာကို သူသိတယ်လို့ ပြောလား။ ရန်ကိုင် ရေခဲနှလုံးသားတောင်ကြားကို ဘယ်လို မြင်နေလဲဆိုတာကိုကော မေးလိုက်သေးလား” ရန်ယွင်ထင်က တရစပ် မေးလိုက်လေသည်။

“သူ့ကို သွားရှာပေမယ့် သူနဲ့ မတွေ့လိုက်ရဘူး” ထိုအကြောင်းကို ပြောချိန် ပင်းလုန် အနည်းငယ် ရှက်သွားခဲ့လေသည်။

“ဘာဖြစ်လို့လဲ” အကြီးအကဲအားလုံး အံ့အားသင့်သွားကုန်ကြသည်။

“ရန်ကိုင်က ဟိုကျောက်တုံးလူသားကို ချင်းယနဲ့ ထားခဲ့တယ်လေ။ ငါချင်းယနဲ့ စကားသွားပြောဖို့လုပ်တုန်းက အဲ့ကျောက်တုံးလူသားနဲ့ တွေ့တာ” ပင်းလုန်က မဲ့ပြုံးပြုံးလျက် အနည်းငယ် လန့်နေသည့် လေသံဖြင့် “ချင်းယ အချိန်မှီတားလိုက်လို့၊ မဟုတ်ရင် အဲ့ကျောက်တုံး လူသားကြောင့် ငါဒဏ်ရာရနေလောက်ပြီ”

“အဲ့ကျောက်တုံးလူသားက အဲ့လောက်တောင် အားကောင်းတာလား” ရန်ယွင်ထင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။

သူမလည်း ထိုကျောက်တုံးလူသားကို မြင်ဖူးပေသည်။ ပင်းတျယ်မှ ချင်းယအား သတ်ရန် ကြိုးစားစဉ်က ချင်းယကို ကာကွယ်ပေးခဲ့သည်မှာ ထိုကျောက်တုံးလူသား ဖြစ်သည်။ ထိုစဉ်က ရန်ကိုင်ကိုသာ တစ်ချိန်လုံး အာရုံစိုက်နေခဲ့သည့် အတွက် ထိုထူးဆန်းသော ကျောက်တုံးလူသားကို သေချာ အာရုံမစိုက်မိခဲ့ချေ။

ယခု ပင်းလုန် ပြောသည်ကို ကြားမှပဲ ကျောက်တုံးလူသား မည်မျှ အားကောင်းကြောင်းကို ရန်ယွင်ထင် နားလည်သွားခဲ့လေသည်။

“တစ်ယောက်ချင်းဆို ငါသူ့ပြိုင်ဘက် မဟုတ်ဘူး” ပင်းလုန်က ပြောလိုက်သည်။ ခန်းမထဲ သက်ပြင်းရှိုက်သံတို့ ထွက်ပေါ်လာခဲ့၏။

ပင်းလုန်သည် မဟာအကြီးအကဲပြီးလျှင် ရေခဲနှလုံးသား တောင်ကြား၌ အားအကောင်းဆုံး ပညာရှင်တစ်ဦး ဖြစ်သည်။ လှိုင်းနီကြယ်တစ်ခုလုံးကို ထည့်တွက်လျှင် သူမနှင့် ယှဉ်နိုင်သည့် လူအရေအတွက်ကို လက်ချိုးရေ၍ ရပေသည်။ သို့သော်လည်း သူမပင်လျှင် ထိုကျောက်တုံးလူသား၏ ပြိုင်ဘက်မဟုတ်လေရာ ထိုကျောက်တုံးလူသား မည်မျှပင် သန်မာနေလေသနည်း။

အကုန်လုံး၏ အကြည့်သည် ချက်ချင်းဆိုသလို လော့လီဆီသို့ ရောက်ရှိလာခဲ့လေသည်။

“ငါကို လာကြည့်မနေနဲ့။ ငါလည်း အဲ့ကျောက်တုံးလူသား အကြောင်း မသိဘူး။ ဒါပေမယ့် အဲ့ကျောက်တုံးလူသားက ရှေးခေတ်ကနေ ကျန်ရစ်ခဲ့တဲ့ ရုပ်သေးရုပ်တစ်ခု ဖြစ်လောက်တယ်။ ဒါမှမဟုတ်ရင်လည်း အခြား သက်ရှိ တစ်မျိုးမျိုးလည်း ဖြစ်နိုင်သေးတာပဲ”

မဟာအကြီးအကြတောင် အဲ့ဒါဘာမှန်း မသိတာလား အကုန်လုံး နောက်တစ်ကြိမ် ထပ်မံ အံ့အားသင့်သွားရပြန်လေသည်။

“ချင်းယရဲ့ စိတ်ထဲမှာ ရေခဲနှလုံးသားတောင်ကြား ရှိနေသေးတဲ့ပုံပဲ။ ဒါကြောင့် ကျောက်တုံးလူသား ပင်လုန်ကို တိုက်ခိုက်နေတာကို ဝင်တားခဲ့တာ။ သူ့ကို သွားမနှောင့်ယှတ်နဲ့တော့။ သူ့ဝေယျဝစ္စတွေကို လုပ်ပေးဖို့ တပည့် တစ်ယောက်ကိုသာ လွှတ်ပေးလိုက်။ အချိန်တန်ရင် ရန်ကိုင်နဲ့ စုယန်တို့ သူ့ကို လာခေါ်သွားလိမ့်မယ်”

“ဟုတ်ကဲ့” ပင်းလုန် ခေါင်းညိတ်လိုက်သည်။

“နောက်တစ်ကြိမ် သူပေါ်လာတဲ့အခါကျရင်… သူ့ကို သွားပြီး ပြဿနာ ထပ်မရှာနဲ့တော့” လော့လီသည် ထိုစကားကို ဖိပြောလိုက်ပြီးနောက် ခန်းမထဲမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

အကြီးအကဲအားလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ခန်းမထဲမှ အသီးသီး ထွက်ခွာသွားကြလေသည်။ ရန်ယွင်ထင် တစ်ခုတည်းသာ နောင်တရနေသည့် အမူအရာဖြင့် ခန်းမထဲ ကျန်ရစ်ခဲ့လေသည်။

…..

ကမ္ဘာငယ်လေးထဲရှိ ရှနင်းချန် နေသည့်နေရာတွင်၊ ရန်ကိုင်နှင့် စုယန်သည် လက်ဝါးချင်းထပ်ကာ တစ်ဦးကိုတစ်ဦး မျက်နှာမူလျက် တင်ပလင်ခွေ ထိုင်နေခဲ့ကြသည်။

သူတို့ နှစ်ဦး၏ သူတော်စင်ချီသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်လျက် နက်နဲဆန်းကြယ်သော အဆုံးမဲ့ သံသရာစက်ဝန်း တစ်ခုနှယ် တောက်လျှောက် စီးဆင်းနေခဲ့သည်။

နှစ်ဦးစလုံး၏ မျက်နှာမှာ အနည်းငယ် ဖြူလျော်နေခဲ့လေသည်။

လော့ဟိုင်အား တိုက်ခိုက်ရသည်မှာ လွယ်ကူသော်လည်း ထိုကဲ့သို့ တိုက်ခိုက်နိုင်ရန်အတွက် သူတို့လည်း ကြီးမားသည့် တန်ဖိုးတစ်ခု ပြန်ပေးဆပ်ခဲ့ရသည်။

ထို့ကြောင့်ပင် လော့ဟိုင်နှင့် တိုက်ပွဲ ပြီးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်နှင့် ချင်းယကိုပင် မခေါ်တော့ဘဲ ရေခဲနှလုံးသားတောင်ကြားမှ ချက်ချင်း ထွက်လာခဲ့ခြင်း ဖြစ်သည်။

ကြယ်ဧကရာဇ်တံဆိပ်ပြားကို စုယန်နှင့် စွမ်းအားချင်း ပေါင်းစပ်ပြီးမှ အသုံးပြုလိုက်သည်မှာ ကံကောင်းသွားခဲ့သည်။ ထို့ကြောင့် ပေးဆပ်ရသည့် တန်ဖိုးကြီးမားလျှင်ပင် နှစ်ဦးအတူ မျှခံ၍ ရသည့်အတွက် တစ်ယောက်ချင်းစီ ခံစားရသည့် ဒဏ်သည် အတော်လေး လျော့ကျသွားခဲ့သည်။

စုယန်သာမရှိဘဲ သူတစ်ဦးတည်းသာ ဆိုလျှင်တော့ အကျိုးဆက်မှာ မတွေးရဲစရာပဲ။ မဟာဧကရာဇ်၏ စွမ်းအားမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလွန်းသည်။

တစ်နေ့တွင်၊ ရန်ကိုင် မျက်လုံးပြန်ပွင့်လာခဲ့သည်။ စုယန်သည်လည်း မျက်လုံး ပြန်ပွင့်လာခဲ့သည်။ နှစ်ယောက်စလုံး ပြိုင်တူပြုံးလိုက်ကြသည်။ သုံးလကျော် ကုသပြီးနောက်တွင် ရထားသည့် ဒဏ်ရာအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။

“ဂျူနီယာမောင်လေး၊ နင်အဆင့် တက်သွားတာလား” စုယန်၏ မျက်ဝန်းထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။

“အဲ့လိုဖြစ်သွားတဲ့ပုံပဲ” ရန်ကိုင်လည်း ယခုမှပဲ နောက်တစ်ဆင့်သို့ သူတက်ရောက်သွားမှန်း နားလည်သွားခဲ့သည်။

လော့ဟိုင်နှင့် တိုက်ပွဲမတိုင်ခင်က၊ ရန်ကိုင်သည် တန်ခိုးရှင် ဒုတိယ အထွဋ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထိုတိုက်ပွဲ အပြီးတွင် ရန်ကိုင်၏ ကျင့်ကြံခြင်းသည် ဒုတိယအဆင့်ကို ဖြတ်ကျော်ပြီး တန်ခိုးရှင်တတိယအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့လေသည်။

သူဘယ်အချိန်က နောက်တစ်ဆင့် တက်လို့ တက်သွားမှန်းပင် ရန်ကိုင် မသိပေ။ မဟာဧကရာဇ်၏ စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာချိန် သူ၏ အဆင့်တစ်ဆို့ အတားအဆီး လုံးဝ ပျက်စီးသွားသည့်အတွက် သူကိုယ်တိုင်ပင် မသိလိုက်ဘဲ နောက်တစ်ဆင့်သို့ တက်ရောက်သွားခြင်း ဖြစ်လောက်ပေသည်။

“နင်လည်း အတူတူပဲလေ” စုယန်၏ ကျင့်ကြံခြင်းသည်လည်း ရန်ကိုင်ကဲ့သို့ပင် တန်ခိုးရှင်တတိယအဆင့်သို့ ရောက်ရှိနေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။

စုယန် ပြုံးလိုက်လေသည်။

ထိုအလွန်လှပလွန်းလှသော အပြုံးလေးကို ရန်ကိုင် ကြောင်ပြီး ကြည့်နေမိသည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်၍ သူအား ပွေ့ဖက်လိုက်ရင်း “စုယန်…”

ရန်ကိုင် ဘာတွေးနေလဲဆိုသည်ကို သိလိုက်သည့်အလား စုယန် ရှက်သွေးဖြာသွားခဲ့လေသည်။ ထို့နောက် လေသံတိုးတိုးဖြင့် “ဆရာနဲ့ အခြားလူတွေ အပြင်မှာ စောင့်နေတယ်နော်”

စုယန် ပြောတော့မှပဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီး စစ်ဆေးကြည့်လိုက်ရာ သူ့အသိအကျွမ်းနှင့် မိတ်ဆွေများ အပြင်ဘက်တွင် စောင့်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

လူသားမျိုးနွယ်၊ မွန်းစတားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်စုမှ ပညာရှင်အားလုံး သူ့အား အပြင်ဘက်တွင် စောင့်နေကြသည်။

ရန်ကိုင်သည် သူ့ပါးကိုကုတ်ရင်းမှ ရုတ်တရက် စိတ်ပိုင်းဖြတ်လိုက်သည့်အလား ပြုံးဖြီးဖြီးဖြင့် “သူတို့ ဒီလောက်တောင် စောင့်ပြီးသွားပြီပဲ။ နည်းနည်းလောက် ဆက်စောင့်လိုက်လို့ ဘာမှဖြစ်သွားမှာ မဟုတ်ပါဘူး”

ပြောပြီးသည်နှင့် ဝံပုလွေတစ်ကောင်နှယ် စုယန်ပေါ်သို့ ခုန်အုပ်လိုက်လေသည်။

……

အခန်းတံခါးပွင့်သွားပြီး၊ ရန်ကိုင်နှင့် စုယန်တို့ လင်းတိုင်ရှုနှင့် အခြားသူများရှေ့ ထွက်ပေါ်လာခဲ့သည်။ အကုန်လုံးသည် စိုးရိမ်တကြီးဖြင့် သူတို့၏ အခြေအနေကို လာရောက် မေးမြန်းကြသည်။ ရှနင်းချန်မှာလည်း အလွန်ကိုမှ စိုးရိမ်နေခဲ့၏။

ရန်ကိုင်နှင့် စုယန်တို့ ကမ္ဘာငယ်လေးထဲသို့ ပြန်ရောက်လာချိန် သူတို့၏ အရှိန်အဝါမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့် အလား အလွန်ကိုမှ မတည်မငြိမ် ဖြစ်နေခဲ့သည်။ ထိုအခြင်းအရာကို မြင်မြင်ချင်း ရှနင်းချန် အလွန်ကိုမှ ထိတ်လန့်သွားပြီး သူတို့၏ ဒဏ်ရာများကို ကုသရန်အတွက် အလျင်အမြန်ပဲ နေရာတစ်ခု စီစဉ်ပေးခဲ့ပေသည်။ ပြီးသည်နှင့် ထိုအကြောင်းကို အခြားသူများဆီ သတင်းပို့လိုက်သည်။

ထိုအဖြစ်အပျက်သည် လွန်ခဲ့သော သုံးလခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယနေ့တွင်တော့ သူတို့နှစ်ယောက် ပြန်ထွက်လာခဲ့လေပြီ။

“ရန်ကိုင်၊ မင်းတို့ အဆင်ပြေရဲ့လား” လင်းတိုင်ရှုက အရင်ဆုံး မေးလိုက်သည်။

“ဆရာဘိုးဘိုး စိတ်ပူစရာ မလိုတော့ပါဘူး။ တပည့်အခု ကောင်းသွားပါပြီ”

“ကောင်စုတ်လေး၊ မင်းတော့ မင်းအမေကို စိုးရိမ်ပြီး သေအာင်… လုပ်မိတော့ခါနီးပဲကွာ” ရန်ကိုင် ပြန်ကောင်းနေသည်ကို တွေ့လိုက်တော့မှပဲ ရန်ရင်ဖုန်း စိတ်အေးနိုင်တော့သည်လည်း။ သူသည်လည်း ရန်ကိုင်အား စိုးရိမ်မိသော်လည်း ယောကျာ်းတစ်ဦး ဖြစ်သည့်အတွက် မျက်နှာပျက်ရမည် စိုးသဖြင့် အကုန်လုံးကို ဒေါင်စုကျုဆီသာ ပုံချလိုက်လေသည်။

ဒေါင်စုကျုသည် ငိုတော့မည့် မျက်နှာလေးဖြင့် နှာခေါင်း တရှုံ့ရှုံ့လုပ်ရင်း နှုတ်ခမ်းလေးကိုကိုက်လျက် ရန်ရင်ဖုန်းဘေးတွင် ရပ်နေခဲ့လေသည်။

သူ့အမေ အမူအရာကိုမြင်သော် ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ရင်ဘတ်ကို ပုတ်လျက် “အမေ စိတ်ပူနေစရာ မလိုတော့ဘူးလေ။ သားအဆင်ပြေနေပြီပဲဟာကို”

ထိုအခြင်းအရာကိုမြင်သော် ဒေါင်စုကျုသည် သူမ၏ မျက်ရည်များကို မထိန်းနိုင်တော့ဘဲ ချုံးပွဲချ ငိုတော့လေသည်။

အခြားလူများ ရှိနေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူမသားဆီသို့ ပြေးသွားပြီး အားပါးတရဖက်ကာ ငိုမိပေလိမ့်မည်။

“ကောင်စုတ်လေး” ရန်ရင်ဖုန်းသည် ဒေါသထွက်သွားသည်ဟန်ဖြင့် ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။

“ရှင်ဘာတွေ လာအော်နေတာလဲ။ ရှင့်ကို ဘယ်သူက အော်ခိုင်းလို့လဲ” ဒေါင်စုကျုသည် သူမလက်သီးလေးများဖြင့် ရန်ရင်ဖုန်းကို ထုရိုက်ရင်း “ကျွန်မသားကို ရှင့်ကို ဘယ်သူ‌ အော်ခိုင်းလို့လဲ”

ရန်ရင်ဖုန်း မျက်နှာကြီး မဲ့သွားခဲ့လေးသည်။ စိတ်ထဲတွင်လည်း…

ငါ့သားလည်း ဟုတ်ပါတယ်ကွာ။ အော်လိုက်လို့လည်း သူ့အသား ပဲ့ပါသွားတာမှ မဟုတ်တာ

လူအုပ်ကြီးတစ်ခုလုံး အလျင်အမြန် ဆူညံလာခဲ့လေသည်။

သို့သော်လည်း သူမည်မျှပင် မတရားသလို ခံစားနေရပါစေ၊ ရန်ရင်ဖုန်းသည် ဘာမှပြန်မပြောဘဲ သူ့မိန်းမအား စိတ်ကြိုက် ထုရိုက်၊ အော်ငေါက်ခွင့် ပေးထားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၅၈)

သူ့အတွက် စိတ်ပူပေးနေသော မိတ်ဆွေဟောင်းများနှင့် ဆွေမျိုးများကိုကြည့်ရင်း ရန်ကိုင်ရင်ထဲ နွေးထွေးမိသွားသည်။

ထုန်းရွှမ်လောကကြီးကို သွားပြီး ထိုလူများကို ပြန်ခေါ်လာခဲ့သည်မှာလည်း မှန်ကန်သည့် လုပ်ရပ်တစ်ခု ဖြစ်သည်ဟု ပိုပြီး ယုံကြည်မိသွားသည်။

သစ်ပင်ကောင်း တစ်ပင်ဖြစ်ရန် အမြစ်ကောင်းရှိရန် လိုအပ်သည်။ အမြစ်မရှိသည့် အပင်သည် လျင်မြန်စွာ ခြောက်သွေ့သွားရမည်မှာ ဓမ္မတာသာ ဖြစ်သည်။

ကမ္ဘာငယ်လေးထဲတွင်၊ စုယန် ပြန်လာသည့် အထိမ်းအမှတ် အနေဖြင့် မျိုးနွယ်စုကြီးသုံးခုသည် စားသောက်ပွဲကြီးတစ်ခု အကြီးအကျယ် ဆင်နွှဲခဲ့သည်။

ရန်ကိုင်သည်လည်း ထိုစားသောက်ပွဲတွင် ဝင်ပျော်ခဲ့၏။ တစ်ညလုံး မူးနေအောင် သောက်ခဲ့သည့်အတွက် နောက်မနက် နိုးလာသည့် အချိန်တွင် ရန်ကိုင်ခေါင်း ရီဝေဝေ ဖြစ်နေခဲ့ရသည်။

ထို့နောက်တွင် ရန်ကိုင်သည် သူ့မိဘများနှင့် နှစ်ရက်ထပ်နေခဲ့ပြီး ကမ္ဘာငယ်လေးထဲမှ ထွက်လာခဲ့သည်။ ကမ္ဘာငယ်လေးထဲမှ မထွက်လာခင် စုယန်အား မွန်စတားအသွင်ပြောင်း ပညာရပ်ကို သင်ပေးထားခဲ့လိုက်သည်။

စုယန်တွင်လည်း ရေခဲဖီးနစ် အရင်းအမြစ်ရှိသဖြင့် မွန်းစတား အသွင်ပြောင်း ပညာရပ်နှင့်ဆိုပါက သူမ၏ ခွန်အားမှာ သိသိသာသာကို မြင့်တက်လာပေလိမ့်မည်။ နှစ်တစ်ထောင် ရေခဲကျောက်စိမ်းကိုလည်း ပေးခဲ့လိုက်သေး၏။

ထိုရတနာသည် မူလက နေမီးလျှံအမြူတေ တင်ထားရန်အတွက် ဖန်တီးထားခြင်း ဖြစ်သော်လည်း ရန်ကိုင်အတွက်တော့ အသုံးမဝင်ပေ။ သူ့အတွက် အသုံးမဝင်သော်ငြား စုယန် အတွက်တော့ အလွန် အသုံးဝင်သည့် ရတနာတစ်ခု ဖြစ်ပေသည်။

ထိုနှစ်တစ်သောင်းရေခဲကျောက်စိမ်းနှင့် ဆိုပါက စုယန်၏ ကျင့်ကြံခြင်းသည် ယခင်ထက် သုံးဆယ်ရာခိုင်နှုန်းလောက် ပိုမြန်လာပေလိမ့်မည်။

စီစဉ်စရာရှိသည် အားလုံးကို စီစဉ်ပြီးနောက်တွင် ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားသို့ နောက်တစ်ကြိမ် ပြန်သွားလေသည်။

ရေခဲသန့်စင်ကျွန်းသည် ယခင်ကကဲ့သို့ ပြန်လည် တည်ငြိမ် အေးချမ်းနေခဲ့လေပြီ။

တပည့်များသည်လည်း လွန်ခဲ့သော လပေါင်းများစွာက ဖြစ်ပွားခဲ့သော တိုက်ပွဲကြီး၏ နောက်ဆက်တွဲ ရလဒ်၏ သက်ရောက်ခံရခြင်း မရှိတော့ဘဲ သူတို့ လုပ်ဆောင်ရမည့် နေ့တဒူဝ ကိစ္စများကို ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်နေနိုင်ကြလေပြီ။

အပြင်ပိုင်းကျွန်း၊ ရေခဲတောင်တစ်လုံးအောက်တွင်၊ အဖြူရောင် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ရေခဲလမ်းကို လှည်းကျင်းနေခဲ့သည်။ ထိုစဉ် ရုတ်တရက် လေပြင်းတစ်ချက် ဖြတ်တိုက်သွားရာ အမျိုးသမီးတစ်ကိုယ်လုံး တုန်ရီသွားပြီး ကြက်သီးမွှေးညင်း ထသွားခဲ့၏။

ပတ်ပတ်လည်အား မယုံသင်္ကာဖြင့် လှည့်ပတ် ကြည့်ကြည့်လိုက်သော်ငြား သံသယဖြစ်စရာ ဘာကိုမှ ရှာမတွေ့သဖြင့် သူမဘာသာ တံမြက်စည်းသာ ပြန်လှည်းနေလိုက်လေသည်။

ထိုအမျိုးသမီးရှိနေသည့် နေရာမှ ခပ်လှမ်းလှမ်း ရေခဲတောင် တစ်လုံးရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

ထိုပုံရိပ်သည် တစ်ခုသော ရေခဲခန်းဆီသို့ လျှောက်သွားလိုက်၏။ မကြာမီ ထိုရေခဲခန်းရှေ့သို့ ရောက်လာလေသည်။ သူ့အား ရှေ့ဆက်သွားမရအောင် တားထားသော အကာအရံကို ကြည့်ရင်း ထိုပုံရိပ်သည် ယဲ့ယဲ့လေးပြုံးလိုက်ပြီး ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကို ပိုင်းချလိုက်သည်။

သူ့ရှေ့ရှိ ဗလာနယ်ထက် လှိုင်းတွန့်များစွာ ထွက်ပေါ်လာပြီး အကာအရံသည် ရုတ်တရက် နှစ်ပိုင်း ကွဲထွက်သွားခဲ့လေသည်။ ထို့နောက် ထိုပုံရိပ်သည် အခန်းထဲသို့ ဝင်သွားလေ၏။

ထိုရေခဲခန်းထဲတွင်၊ ချင်းယသည် တင်ပလင်ခွေထိုင်ရင်း လက်ပေါ် မေးတင်လျက် သူမရှေ့ရှိ ကျောက်တုံးရုပ်သေးရုပ်ကို စိုက်ကြည့်နေသည်။

ရန်ကိုင်နှင့် စုယန်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ နှစ်ဦးကို သတ်ပြီးသည်နှင့် ချက်ချင်း ထွက်သွားခဲ့သည်။ သို့သော် ချင်းယ စိတ်မပျက်ပါချေ။ ထိုတိုက်ပွဲတွင် ရန်ကိုင်နှင့် စုယန်တို့ နှစ်ဦးစလုံး ဒဏ်ရာရသွားမှန်း သူမ ပြောနိုင်သည်။

ထို့အပြင် ရန်ကိုင်သည် သူမအား ကာကွယ်စောင့်ရှောက်ရန် ဤထူးဆန်းသော ကျောက်တုံးရုပ်သေးရုပ်ကို ထားခဲ့ပေး၏။ သူတို့ ဒဏ်ရာများကို ကုစားပြီးသွားသည်နှင့် ရန်ကိုင်နှင့် စုယန် သူမကို ပြန်လာခေါ်လိမ့်မည်မှန်း ချင်းယ သိနေသည်။

ထိုရက်များအတောအတွင်း ချင်းယသည် ဤအခန်းထဲတွင်သာ အခန်းတွင်းအောင်းနေခဲ့သည်။ ပျင်းလာလျှင် ကျောက်တုံး ရုပ်သေးရုပ်ဆီလာပြီး စကားပြောကြည့်ရန် ကြိုးစာသည်။

ဤကျောက်တုံးရုပ်သေးရုပ်သည် ကိုယ်ပိုင် အသိစိတ် ရှိသည့်တိုင်၊ သူမ ဘာပဲပြောပါစေ၊ ဘာမှပြန်မပြောချေ။ သို့သော် သူမ သွားသည့်နေရာတိုင်းကိုတော့ နောက်မှ တကောက်ကောက် လိုက်နေ၏။

“ကောင်လေး၊ ရန်ကိုင်နဲ့ စုယန်တို့ ဘယ်အချိန် ပြန်လာမယ် ထင်လဲ” ချင်းယ သက်ပြင်းထပ်ချလိုက်ပြန်သည်။ ယခင်က ရေခဲဂိုဏ်းသားတစ်ဦး ဖြစ်ခဲ့ရသည်ကို ဂုဏ်ယူမိသော်လည်း ယခင်အဖြစ်အပျက်များ ပြီးသည့်နောက်တွင် ဤနေရာမှ မြန်မြန်သာ ထွက်သွားချင်မိတော့သည်။

“ဟူး၊ နင်ပုံက ထုံတဲ့ပုံပေါက်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဘာလို့ စကားနည်းနည်းတောင် မပြောတတ်ရတာလဲ” ချင်းယသည် လက်ဆန့်၍ ကျောက်တုံးရုပ်သေးရုပ်၏ နဖူးကို တောက်လိုက်လေသည်။

ထိုတောက်ချက်သည် ဘာမှအားမပါချေ။ သို့သော်လည်း ကျောက်တုံးရုပ်သေးရုပ်သည် အံ့ဩသွားသည့် အမူအရာဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လျက် သူမအား ပြန်စိုက်ကြည့်လာခဲ့သည်။

ကျောက်တုံးရုပ်သေးရုပ်၏ ပုံစံကိုကြည့်ရင်း ချင်းယ တခစ်ခစ် ထရယ်တော့လေသည်။

“နင်ကြည့်ရတာ ပျော်နေတဲ့ပုံပဲ” ရုတ်တရက် အသံတစ်သံ သူမနောက်မှ ထွက်လာသည်။

အသံကြားကြားချင်း ချင်းယ၏ အမူအရာ ပြောင်းလဲသွားပြီး သူတော်စင်ချီကို အလိုလို စုစည်းမိလိုက်သော်လည်း အသံပိုင်ရှင် မည်သူဖြစ်မှန်း နားလည်လိုက်သည်နောက် အံ့အားသင့်မိသွားလေ၏။

ကျောက်တုံးရုပ်သေးရုပ်၏ မျက်လုံးလေးနှစ်လုံးသည် တဖျက်ဖျက် တောက်ပလာပြီး လူငယ်လေးဆီသို့ ခုန်ပေါက်ပြေးသွားပြီးနောက် တစ်ခုခု ပြောချင်နေဟန်ဖြင့် ချင်းယကို လက်ညိုးထိုးလိုက်၊ သူ့ကိုယ်သူ လက်ညိုးထိုးလိုက် လုပ်လေသည်။

“ငါသိတယ်။ မင်းလုပ်တာတော်တယ်” လူငယ်လေးသည် ကျောက်တုံးရုပ်သေးရုပ်၏ ဦးခေါင်းကို ပုတ်ပေးလိုက်သည်။

“ရန်ကိုင်” ချင်းယက အနည်းငယ် ရှက်ရှက် အမူအရာဖြင့် အော်ခေါ်မိလိုက်သည်။ သူမ ကျောက်တုံးရုပ်သေးရုပ်နှင့် စကားပြောနေသည့် မြင်ကွင်းကို ရန်ကိုင် မြင်သွားသည့်အပေါ် ရှက်သလို ခံစားနေရခြင်း ဖြစ်သည်။

သို့သော်လည်း မကြာမီ စိတ်ကို ငြိမ်အောင်လုပ်ရင် စိုးရိမ်တကြီး မေးလိုက်လေသည် “နင်အဆင်ပြေလား”

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “ငါအဆင်မပြေရင် ဒီကို လာခဲ့မှာ မဟုတ်ဘူး”

“အဲဒါဆို ပြီးရော။ ဒါနဲ့… စုယန်ရော” ရန်ကိုင်နောက်ကို လှမ်းကြည့်လိုက်သော်လည်း စုယန်ကို မတွေ့သဖြင့် ချင်းယက ထပ်မေးလိုက်သည်။

“စုယန်က အခြားတစ်နေရာမှာ” ရန်ကိုင်က သူမအား စိတ်မပူရန် အချက်ပြလိုက်ပြီးနောက် “ငါနင့်ကို ခေါ်သွားတော့မလို့။ အားလုံး အဆင်သင့်ဖြစ်ပြီလား”

ချင်းယက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ခေါင်းညိတ်၍ “အဆင်သင့်ဖြစ်ပြီ”

“အဲ့ဒါဆို သွားကြရအောင်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ထွက်သွားတော့မည်အပြု ရုတ်တရက် တစ်ဖက်သို့ လှည့်၍ ခေါင်းတရမ်းရမ်းဖြင့် မဲ့ပြုံးပြုံးလျက် “ငါ့ကို သတိထားမိသွားသေးတာပဲ”

ထိုစဉ် အေးစက်စက် အသံတစ်သံ ရေခဲခန်းထဲ ထွက်လာခဲ့၏ “ဒီအထိ လာပြီးမှတော့ ဘာလို့ အလောတကြီး ထွက်သွားဖို့ လုပ်နေတာလဲ သခင်လေးရန်၊ အချိန်ရသေးရင် သန့်စင်ရေခဲတောင်ဆီ လာခဲ့ပါလား၊ စကားလေးဘာလေး ပြောကြတာပေါ့”

“မဟာအကြီးအကဲလား” ချင်းယ၏ မျက်နှာလေး သွေးဆုတ် ဖြူလျော်သွားခဲ့လေသည်။ ရန်ကိုင်က သူမအား စိတ်မပူရန် အချက်ပြလိုက်ပြီးနောက် ဘေးဘက်သို့လှည့်၍ အော်ပြောလိုက်၏ “စီနီယာက ဖိတ်ခေါ်နေတာကို ဂျူနီယာက ငြင်းရင် ရိုင်းရာ ကျသွားမှာပေါ့”

“အဲ့လိုဆို သန့်စင်ရေခဲတောင်ထွတ်မှာ သခင်လေးရန်ကို ဒီဘုရင်မ စောင့်နေပါ့မယ်” လော့လီ၏ အေးစက်စက် အသံတစ်သံ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့လေသည်။

“သွားကြရအောင်” ရန်ကိုင်က ချင်းယကို ပြောလိုက်သည်။

“ရန်ကိုင်…” ချင်းယ စိတ်ပူနေခဲ့သည်။

“စိတ်မပူနဲ့။ သူငါတို့ကို ဘာမှမလုပ်ဘူး” ရန်ကိုင်က ပြုံးလျက် နှစ်သိမ့်ပေးလိုက်သည်။ ရန်ကိုင်က စိတ်မပူရန် ပြောနေသည့် အတွက် ချင်းယလည်း ဆက်ပြီး အထွန့်တက်မနေတော့ဘဲ ရန်ကိုင် နောက်သို့သာ လိုက်သွားလိုက်လေသည်။

အပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် လူပေါင်းများစွာ ရပ်နေသည်ကို မြင်လိုက်သည့်အတွက် ချင်းယ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။ အပြင်ဘက်တွင် တောင်ကြားသခင်၊ အကြီးအကဲချုပ်နှင့် အခြားသော အဆင့်မြင့် အကြီးအကဲအားလုံး ရှိနေခဲ့ကြသည်။

ရန်ကိုင်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အမျိုးသမီး အားလုံး၏ အမူအရာ လေးနက်သွားခဲ့ကြသည်။ ရန်ကိုင်ကမူ ပုံမှန် မျက်နှာထားဖြင့်သာ အားလုံးကို ခေါင်းညိတ်ပြလိုက်သည်။

“သခင်လေးရန်…” ပင်းလုန်က ရန်ကိုင်အား အလျင်အမြန် နှုတ်ဆက်လိုက်သည်။ ပင်းလုန်၏ ဆက်ဆံပုံသည် ယခင်ကထက် ပိုပြီး လေးစားမှုရှိလာခဲ့သည်။ တစ်လောက ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲသည် သူမအပေါ် ကြီးကြီးမားမား သက်ရောက်သွားသည့် ပုံပင်။

“စီနီယာပင်းလုန်ပါလား” ရန်ကိုင်က နှုတ်ဆက်လိုက်သည်။

“အခုလို ယဉ်ကျေးနေစရာ မလိုပါဘူး သခင်လေးရန်” ပင်းလုန်က လက်ဝှေ့ရမ်း၍ “သခင်လေးရန် စိတ်မရှိရင် ဒီသခင်မကို ပင်းလုန်လို့ပဲ ခေါ်လို့ရပါတယ်”

ပင်းလုန် မျက်နှာထက် စိတ်သက်သာရာ ရသွားသည့် အမူအရာတို့ ထွက်ပေါ်လာခဲ့သည်။ ဤနေရာသို့ မလာစဉ်က ရန်ကိုင်နှင့် စကားပြောရ ခက်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း လက်တွေ့သည် သူမအထင်နှင့် တလွဲစီ ဖြစ်နေခဲ့လေသည်။

ရန်ကိုင် ရေခဲနှလုံးသားတောင်ကြားအပေါ် အငြိုး မထားသည်ကို မြင်လိုက်တော့မှပဲ ပင်းလုန် စိတ်အေးနိုင်တော့သည်။

“တောင်ကြားသခင်ကို လမ်းပြပေးဖို့ပဲ တောင်းဆိုရတော့မယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“ကျွန်မနောက်က လိုက်ခဲ့ပေးပါ သခင်လေးရန်” ပင်းလုန်က ပြောလိုက်သည်။

ရန်ကိုင်လည်း သူမနောက်သို့ လိုက်သွားလေသည်။

လူအုပ်ကြီးထဲတွင် ရှိနေသော ရန်ယွင်ထင်သည် အကြိမ်ပေါင်းများစွာ တုန့်ဆိုင်းတွေဝေနေသလို လုပ်ပြီးနောက် အဆုံးတွင် မအောင့်အည်းနိုင်တော့ဘဲ လှမ်းမေးလိုက်သည် “စုယန်ဘယ်မှာလဲ၊ သူအဆင်ပြေရဲ့လား”

ရန်ကိုင် ရပ်လိုက်ပြီး သူမအား ပြန်လှည့်ကြည့်လိုက်သည်။

ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများအားလုံး ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ ပင်းလုန်ပင်လျှင် ရင်တုန်ပန်းတုန် ဖြစ်လာခဲ့သည်။ အကုန်လုံးသည် ရန်ယွင်ထင်အား ဘာမှ ဆက်မပြောတတ် တိတ်တဆိတ် အချက်ပြလိုက်ကြ၏။

သို့သော်လည်း ရန်ယွင်ထင်ကမူ ထိုလူများ အချက်ပြနေသည်ကို မသိချင်ယောင်ဆောင်လျက် ရန်ကိုင်အား အကြည့်ချင်း ရင်ဆိုင်ရင်း ဆက်၍ မေးလိုက်သည် “ငါသူ့ဆရာ မဟုတ်တော့ပေမယ့်၊ သူ့ကို စိတ်မပူတာတော့ မဟုတ်ဘူး”

“သူအဆင်ပြေတယ်၊ ခင်ဗျား စိတ်ပူစရာမလိုဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“သူအဆင်ပြေရင်ပြီးရော” ရန်ယွင်ထင်က သက်ပြင်းချလိုက်၏။

“အခုအချိန်ကစပြီး စုယန်က ရေခဲနှလုံးသားတောင်ကြားနဲ့ ဘာမှ မဆိုင်တော့ဘူး” ထိုသို့ ပြောပြီးနောက် ဆက်လျှောက်သွားလေ၏။

ရန်ယွင်ထင်၏ ခန္ဓာကိုယ် တစ်ချက်တုန်သွားပြီး သူမ မျက်နှာထက် ခါးသက်သက် အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း အခြားအကြီးအကဲများအားလုံး သက်ပြင်းချလိုက်ပြီး ဝမ်းပန်းတနည်း ခေါင်းခါလိုက်ကြသည်။

ရေခဲသန့်စင်တောင်သည် ရေခဲသန့်စင်ကျွန်း၏ အလယ်ဗဟို၌ တည်ရှိသော တောင်တစ်လုံးဖြစ်သည်။ ထိုတောင်သည် ရေခဲသန့်စင်ကျွန်းပေါ်တွင် အမြင်ဆုံးတောင်တစ်လုံး မဟုတ်သော်ငြား မိုးမြေစွမ်းအင် အသိပ်သည်းဆုံး တောင်တစ်လုံးတော့ ဖြစ်ပေသည်။ ရေခဲနှလုံးသားတောင်ကြား၏ မဟာအကြီးအကဲသည် ထိုနေရာတွင် နေနေပေသည်။

ရေခဲသန့်စင်တောင် အောက်ခြေသို့ ရောက်လာပြီးနောက်တွင် ပင်းလုန်နှင့် အကြီးအကဲများအားလုံး ရပ်လိုက်ကြလေသည် “ဒါက ရေခဲသန့်စင်တောင်ပဲ၊ သခင်လေးရန်ကို မဟာအကြီးအကဲ တောင်ပေါ်မှာ စောင့်နေပါတယ်”

မဟာအကြီးအကဲ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမှ ထိုတောင်ပေါ် တက်ခွင့်မရှိသဖြင့် ပင်းလုန်နှင့် အခြားသူများသည် တောင်ခြေတွင် ရပ်စောင့်နေရုံသာ တတ်နိုင်ကြလေသည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ချင်းယဘက်သို့ လှည့်၍ ပြောလိုက်သည် “နင်ငါ့ကို ဒီမှာစောင့်နေ”

“အင်း” ချင်းယ ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်သည် ရေခဲလှေကားထစ်များပေါ် တစ်ထစ်ချင်း တက်သွားလိုက်သည်။ တောင်ပေါ်သို့ တက်ရာ လမ်းတစ်လျှောက်တွင် အရိုးခိုက်မတတ် အေးလှသော လေအေးများ တဖြူးဖြူး တိုက်ခတ်နေပြီး လေထု တစ်ခုလုံးသည်လည်း အလွန်ကိုမှ အေးစက်လှသော အအေးဓါတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

သို့သော်လည်း ရန်ကိုင်သည် တောင်တက်လမ်းတစ်လျှောက် အေးအေးလူလူ လမ်းလျှောက်ရင်း ပတ်ဝန်းကျင်းရှုခင်း၏ အလှတရားကို ကြည့်ရှုခံစားနေလေသည်။

မကြာမီ တောင်ထိပ်ပေါ်သို့ ရန်ကိုင် ရောက်လာခဲ့သည်။

တောင်ထိပ်ပေါ်တွင် ဘာမှသိပ်မရှိချေ။ ခမ်းနားသော နန်းတော်ကြီးများလည်းမရှိ၊ အဆောက်အဦးများလည်း မရှိဘဲ နှင်းဖုံးနေသော တဲအိမ်လေး တစ်အိမ်သာ ရှိနေခဲ့သည်။

မဟာအကြီးအကဲသည် တဲအိမ်လေးထဲရှိ ကျောက်စားပွဲတစ်လုံး ရှေ့တွင် တင်ပလင်ခွေ ထိုင်နေခဲ့သည်။ ကျောက်စားပွဲပေါ်တွင် အေးစက်လှသော ပတ်ဝန်းကျင်နှင့် ဘာမှ မသက်ဆိုင်သည့် အငွေ့တလူလူ ပျံနေသော လက်ဖက်ရည်အိုးလေးတစ်လုံး ရှိနေခဲ့လေသည်။

ရန်ကိုင် တောင်ထိပ်ပေါ်သို့ ရောက်လာသည့်အခါ လော့လီ မျက်လုံး ပွင့်လာခဲ့သည်။ ယဲ့ယဲ့လေးပြုံးလျက် အချက်ပြလိုက်၏ “သခင်လေးရန်၊ ထိုင်ပါဦး”

ရန်ကိုင်ကလည်း လက်သီးဆုပ်၍ “အဲ့ဒါဆို ဂျူနီယာ ကိန်းကြီးခန်းကြီးတွေ လုပ်မနေတော့ဘူးနော်”

ပြောပြီးနောက် ကျောက်စားပွဲဆီသို့ လမ်းလျှောက်သွားပြီး လော့လီနှင့် မျက်နှာချင်းဆိုင် တည့်တည့်တွင် ထိုင်ချလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၅၉)

ရန်ကိုင်သည် နည်းနည်းလေးမှ စိတ်မလှုပ်ရှားဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသည်ကို မြင်သော် လော့လီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရန်ကိုင်ရှေ့ရှိ ခွက်ထဲသို့ ရေနွေးကြမ်း ငှဲ့ပေးလိုက်ပြီးနောက် “ဒီနှင်းလက်ဖက်ခြောက် ဘယ်လိုနေလဲ သခင်လေးရန် မြည်းကြည့်ပါလား” ပြောနေရင်း သင်းပျံ့သည့် ရနံ့တစ်ခု ရန်ကိုင်နှာခေါင်းဆီသို့ ပျံ့လွင့်လာခဲ့၏။

ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး ရေနွေးကြမ်းခွက်ကို နှာခေါင်းနားတေ့လျက် အနံ့ခံကြည့်လိုက်သည်။ အကြိမ် အနည်းငယ် အနံ့ခံပြီးနောက် တစ်ကြိမ်တည်း မော့ချလိုက်ပြီး ခွက်ထဲ ပါလာသော လက်ဖက်ရွက်များကိုပါ တစ်ခါတည်း ဝါးစားပစ်လိုက်လေသည်။

ထိုအခြင်းအရာကို မြင်သော် လော့လီ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ယဲ့ယဲ့လေးပြုံးလျက် “သခင်လေးရန်က လက်ဖက်ခြောက်အကြောင်း သိပ်မသိဘူးပဲ”

“ဟုတ်တယ်” ရန်ကိုင်က အဓိပ္ပါယ်ပါပါပြုံးလျက် “အချိန်တိုင်း လျှောက်သွားရင်း အလုပ်ပဲများနေတော့ အဲ့ဒါတွေအပေါ် သိပ်ပြီး အချိန်မပေးဖြစ်ဘူး”

“သဘာဝပါပဲလေ။ ဒါကြောင့်လည်း သခင်လေးရန်ရဲ့ လူတွေကြားမှာတောင် နဂါးတစ်ကောင် ဖြစ်နေတာပေါ့”

“စီနီယာက ချီးမွန်းလွန်းနေပါပြီဗျာ။ လက်ဖက်ခြောက်အကြောင်း ကျုပ်သိပ်မသိဘူးဆိုပေမယ့် ဒီနှင်းလက်ဖက်ခြောက်က လူတစ်ယောက်ရဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်နိုင်တယ် ဆိုတာတော့ သိတယ်။ ရောက်ရောက်ချင်း ကျုပ်ကို ဒီရေနွေးကြမ်း တိုက်တယ်ဆိုတော့… စီနီယာ တစ်ခုခုကို စိတ်ပူနေတာလား” ရန်ကိုင်က အပြုံးမဟုတ်သည့် အပြုံးကိုပြုံးလျက် မေးလိုက်၏။

လော့လီက သက်ပြင်းချလျက် “သိပြီးသား အဖြေတစ်ခုကို ဘာလို့ လာမေးနေသေးတာလဲ သခင်လေးရန်”

ရန်ကိုင်က မျက်နှာတည်လျက် စပြောလိုက်သည် “အဲ့ဒါဆို ဂျူနီယာ ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ တကယ်တမ်း ပြောရရင် ဂျူနီယာ တကယ် ဒေါသထွက်တယ်။ ဒေါသထွက်လွန်းလို့ ရေခဲနှလုံးသားတောင်ကြားကို တစ်ခါတည်း ရှင်းပစ်လိုက်ရင် ကောင်းမလားလို့တောင် စဉ်းစားမိသေးတယ်”

လော့လီကမူ ပြောင်းလဲခြင်းမရှိသည့် အမူအရာဖြင့် ရန်ကိုင်အား ကြည့်လိုက်၏။

“ဒါပေမယ့် သေချာစဉ်းစားလိုက်ပြန်တော့လည်း တစ်ဂိုဏ်းလုံးကို ရှင်းပစ်တာက လိုမှမလိုတာပဲ။ ဒေါသထွက်လို့သာ ဘာမှ သေချာ မစဉ်းစားဘဲ တွေးမိလိုက်တာ။ ပြီးတော့ ကျုပ်လုပ်ချင်တယ် ဆိုရင်တောင် စုယန်က ခွင့်ပြုမှာ မဟုတ်ဘူး”

ရန်ကိုင်မှ စုယန်နာမည်ကို ပြောလိုက်သည့်အခါ လော့လီ မျက်နှာထက် ဝမ်းနည်းရိပ်တို့ ဖြတ်ပြေးသွားပြီး “စုယန်က တကယ် လိမ္မာတာ။ ဒီဘုရင်မ သူ့ကို တစ်ကြိမ်နှစ်ကြိမ်မက သင်ပေးဖူးတယ်။ သူကိုယ်တိုင်ကလည်း တကယ် တော်တာ။ ဒီလိုတွေတာ ဖြစ်မလာခဲ့ရင် စုယန်က ရေခဲနှလုံးသားတောင်ကြားရဲ့ အနာဂတ်ထောက်တိုင်တစ်ခု ကျိန်းသေ ဖြစ်လာမှာ”

“ဒါပေမယ့် အခု ဘယ်တော့မှ အဲ့လို ဖြစ်လာတော့မှာ မဟုတ်ဘူး” ရန်ကိုင်က အေးစက်စက် ပြုံးလိုက်၏။

“ဒီတစ်ကြိမ် ငါတို့ ရေခဲနှလုံးသားတောင်ကြားဘက်က တကယ် မှားသွားတယ်။ ဒါတွေ ဖြစ်ပြီးသွာတာတောင် အခုလို ခွင့်လွှတ်ပေးလို့ သခင်လေးရန်ကို ဒီလော့လီ တကယ် ကျေးဇူးတင်ပါတယ်” လော့လီက မတ်တပ်ရပ်၍ ရန်ကိုင်ကို ဦးညွှတ်လိုက်လေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။ မကြာမီ သူ့အမူအရာ ပျော့ပျောင်းသွားပြီး ခဏမျှ စဉ်းစားပြီးနောက် “စီနီယာ ဘာလို့ အခုလို လုပ်နေတာလဲ။ စီနီယာလို တန်ခိုးရှင်ဘုရင် တစ်ယောက်က ဂျူနီယာ တစ်ယောက်ကို အခုလိုမျိုး ယဉ်ကျေးသမှု ပြုနေစရာ လိုမှမလိုတာ”

လော့လီက ခေါင်းခါလျက် “ဒီဘုရင်မက ဝါစဉ်ပိုမြင့်တယ်ဆိုပြီး ဘက်က မှားနေတာကို ခေါင်းမာနေလို့တော့ မဖြစ်ဘူးလေ။ ရေရှည်ကို ဒီဘုရင်မ မမြင်တတ်ခဲ့ဘူး ဆိုပေမယ့် သခင်လေးရန်ရဲ့ အနာဂတ်ကတော့ တကယ် တောက်ပမှာ သေချာတယ်”

ရန်ကိုင်က အော်ရယ်မောလျက် “အဲ့ဒါဆိုရင်တော့ စီနီယာ ပြောတဲ့အတိုင်း ဖြစ်လာဖို့ ဒီဂျူနီယာ မျှော်လင့်လိုက်တော့မယ်”

ရယ်မောပြီးနောက်တွင် ရန်ကိုင်က အလေးအနက် အမူအရာဖြင့် “စီနီယာက ပွင့်ပွင့်လင်းလင်း ပြောနေတာဆိုတော့ ဂျူနီယာလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ အခုကစနေပြီး စုယန်နဲ့ ချင်းယက ရေခဲနှလုံးသားတောင်ကြားနဲ့ ဘာမှ မပက်သက်တော့ဘူး။ အပြန်အလှန် အနေနဲ့ ဂျူနီယာလည်း ရေခဲနှလုံးသားတောင်ကြား လုပ်ခဲ့တာတွေ အားလုံးကို ဒီအတိုင်း ထားပေးလိုက်မယ်”

လော့လီ မျက်နှာထက် ဝမ်းနည်းရိပ်တို့ ဖြတ်ပြေးဿွားခဲ့၏။ ထို့နောက် ခေါင်းညိတ်၍ “ကောင်းပြီလေ။ ဒီဘုရင်မရဲ့ ရေခဲနှလုံးသားတောင်ကြားက အဲ့လို အခွင့်အရေးတွေနဲ့ မတန်လို့ မရလိုက်တာလို့ပဲ မှတ်လိုက်ရတော့မှာပေါ့”

“စီနီယာ အခုလို တွေးတတ်တာ အကောင်းဆုံးပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

လော့လီ ခက်ခက်ခဲခဲ လုပ်မနေသည့်အပေါ်ကိုလည်း ရန်ကိုင် အတော်လေး ပျော်မိပေသည်။ ဤနေရာသို့ လာရသည့် အဓိက အကြောင်းအရင်းမှာ ချင်းယကို ပြန်ခေါ်ရန် ဖြစ်သော်လည်း မဟာအကြီးအကဲနှင့် ကိုယ်တိုင်တွေ့ပြီး ပြတ်ပြတ်သားသား ပြောခဲ့ချင်သေးသည်။

တကယ်တော့ ရေခဲနှလုံးသားတောင်ကြားသည် စုယန်နှင့် ချင်းယတို့အား နှစ်ပေါင်းသုံးဆယ်ကျော် အချိန်နှင့် အရင်းအမြစ် များစွာ ရင်းနှီးမြှုပ်နှံပြီး ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည့်အတွက် ရန်ကိုင်စိတ်ထဲ အတော်လေး ဒေါသထွက်မိလျှင်ပင် အချို့ အရာများကိုတော့ သေချာ ပြန်စဉ်းစားရန် လိုအပ်ပေသည်။

“အခု ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ပြီးသွားပြီဆိုတော့ အလုပ်ကိစ္စဘက် သွားကြတာပေါ့” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် လော့လီအား ပြောလိုက်သည်။

လော့လီ ကြောင်သွားခဲ့လေသည် “အလုပ်ကိစ္စ၊ ဘာအလုပ်ကိစ္စလဲ”

ရန်ကိုင် ဘာကို ပြောချင်လို့ပြောချင်နေမှန်း သူမ တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

“မီးတောက်ဂိုဏ်းနဲ့ ရေခဲနှလုံးသားတောင်ကြား တိုက်ခိုက်နေခဲ့တာ ကြာခဲ့ပြီလေ။ မီးတောက်ဂိုဏ်းသားတွေကြောင့် ရေခဲနှလုံးသား တောင်ကြားက သေသွားခဲ့ရတဲ့ တပည့်တွေလည်း နည်းတာ မဟုတ်ဘူး။ အခု မီးတောက်ဂိုဏ်းက မဟာအကြီးအကဲ သေသွားပြီ ဆိုတော့ စီနီယာ ဘာလုပ်ဖို့ စဉ်းစားထားလဲ” ရန်ကိုင်က လော့လီအား ကြည့်လျက် ပြုံးရင်း “ဥပမာပြောရရင် တစ်ဂိုဏ်းလုံးကို ကျူပင်ခုတ်ကျူငုတ်မကျန် ရှင်းပစ်တာမျိုးပေါ့”

လော့လီ၏ အမူအရာ ပြောင်းလဲသွးပြီး ရန်ကိုင်အား အထိတ်တလန့်ဖြင့် ကြည့်ရင်း “သခင်လေးရန်က တကယ်ကို ရက်စက်တာပဲ”

“ဒီလောကကြီးမှာ မရက်စက်တတ်ရင် ကိုယ်ပဲ ခံသွားရမှာပေါ့” ရန်ကိုင်က ပြန်ပြောလိုက်သည်။

လော့လီ၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာပြီး “ဒီလို စကားတွေဆိုတာ တကယ် ခံစားခဲ့ရတဲ့လူတွေပဲ ပြောတတ်တာ။ သခင်လေးကို ဒီဘုရင်မတကယ် အထင်သေးမိလိုက်တာပဲ”

“ဒီတော့ စီနီယာ ဘာလုပ်ဖို့ စဉ်းစားထားလဲ”

“ဒါဆို ဒီဘုရင်မ ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ ဒီဘုရင်မလည်း အဲ့လိုလုပ်ဖို့ စဉ်းစားထားတယ်။ ချီဟွော့ သေသွားပြီဆိုတော့ မီးတောက်ဂိုဏ်းမှာ ခေါင်းဆောင် မရှိတော့ဘူး။ အခုအချိန်က ရန်ကြွေးတွေ အကုန်လုံးကို ရှင်းထုတ်ပစ်ဖို့ အကောင်းဆုံး အချိန်ပဲ။ ဒါပေမယ့်… ဒီဘုရင်မက စိတ်သွားတိုင်း ကိုယ်မပါဘူး ဖြစ်နေတယ်”

ရန်ကိုင် မျက်ခုံးပင့်သွားပြီး “စီနီယာ ရထားတဲ့ ဒဏ်ရာကြောင့်လား”

“ဟုတ်တယ်” လော့လီ ဝန်ခံလိုက်သည်။

လော့လီ ရထားသည့် ဒဏ်ရာနှစ်မျိုး ရှိနေခဲ့သည်။ အတွင်းဒဏ်ရာနှင့် ဝိဥာဉ်ဒဏ်ရာပင်။ အတွင်းဒဏ်ရာမှာ ကျင့်ကြံခြင်း သွေဖီသွားသည့် အတွက်ကြောင့် ဖြစ်လာရခြင်း ဖြစ်ပြီး ဝိဥာဉ်ဒဏ်ရာမှာမူ စုယန်အား စွန့်ပစ်ရန် ရွေးချယ်ခဲ့သည့် အတွက်ကြောင့် ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။

မဟုတ်လျှင် ဂိုဏ်းနှစ်ဂိုဏ်း ဤမျှ အချင်းချင်း မုန်းတီးနေခဲ့လေရာ ချီဟွော့ သေသွားပြီးနောက်တွင် မီးတောက်ဂိုဏ်း အကောင်းအတိုင်း ရှိနေပါဦးမလား။ လော့လီကိုယ်တိုင် ရှေ့ထွက်ပြီး မီးတောက်ဂိုဏ်းကို အမြစ်ဖြုတ်ပြီးနေလောက်လေပြီ။

“ဒီလိုဆိုရင်တောင် စီနီယာမှာ မီးတောက်ဂိုဏ်းကို ရှင်းပစ်လို့ရမယ့် အခြားနည်းလမ်းတွေဘာတွေ မရှိတော့ဘူးလား” ရန်ကိုင်က မယုံသင်္ကာဖြင့် မေးလိုက်သည်။

“သခင်လေးရန်က ဒီဘုရင်မကို အရမ်း အထင်ကြီးနေတာပဲ” လော့လီက ရယ်မော၍ ခေါင်းခါလျက် “ဒီဘုရင်မသာ အထွဋ်အထိပ် အခြေအနေမှာ ရှိနေခဲ့မယ်ဆိုရင်တော့ မီးတောက်ဂိုဏ်းရဲ့ အစီအရင်ကို ဖျက်စီးနိုင်လောက်ပေမယ့် အခုအခြေအနေနဲ့က… တော်တော်လေး ခက်လိမ့်မယ်။ မီးတောက်ဂိုဏ်းမှာ ဘာတန်ခိုးရှင်ဘုရင်အဆင့်မှ မရှိတော့ပေမယ့် သူတို့ဂိုဏ်းမှာ တန်ခိုးရှင်အဆင့်တွေ အများကြီးပဲ။ ပြီးတော့ ဂိုဏ်းရဲ့ အစီအရင်လည်း ရှိသေးတယ်။ အဲ့လူအင်အားနဲ့ ဒီဘုရင်မကိုတောင် သူတို့ ပြန်အနိုင်ယူသွားနိုင်တယ်”

“ဒီလိုဆို မီးတောက်ဂိုဏ်းကို ကျုပ်အသေးမိလိုက်တဲ့ပုံပဲ” ရန်ကိုင်က သူ့မေးစေ့ကိုပွတ်ရင်း ပြောလိုက်သည်။

မီးတောက်ဂိုဏ်းကဲ့သို့ နှစ်ပေါင်းများစွာ တည်တံ့လာသည့် ဂိုဏ်းတစ်ဂိုဏ်း၏ အုတ်မြစ်ကို တကယ် အထင်မသေးသင့်ပေ။

“ဒီတော့… ကျုပ်သာ စီနီယာရဲ့ ဒဏ်ရာတွေသာ ပြန်ကောင်းသွားအောင် ဆိုရင် မီးတောက်ဂိုဏ်းကို ဖျက်စီးနိုင်မှာပေါ့နော်” ရန်ကိုင်က ရုတ်တရက် ထူးထူးဆန်းဆန်း ရယ်မောလိုက်သည်။

“ဘယ်လို” လော့လီ ကြောင်သွားခဲ့ပြီး မျက်မှောင်ကြုတ်လျက် “သခင်လေးက ဒီဘုရင်မရဲ့ ဒဏ်ရာတွေကို ပြန်ကုပေးနိုင်တာလား”

“ဟုတ်တယ်”

“ဒါပေမယ့် ဒီဘုရင်မရဲ့ ဒဏ်ရာတွေကို ပြန်ကုဖို့ဆိုရင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးနှစ်လုံး လိုလိမ့်မယ်။ ပြီးတော့ အဲ့တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံး နှစ်လုံးစလုံးကလည်း လိုအပ်တဲ့ အမျိုးအစားမျိုး ဖြစ်နေရမယ်” ပြောပြီးသည်နှင့် လော့လီ၏ အမူအရာ ပြောင်းလဲသွားပြီး အလန့်တကြား အော်ပြောလိုက်လေသည် “သခင်လေးက တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်ကြီးလား”

ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက် ခေါင်းညိတ်ရင်း “ဟုတ်မဟုတ်ကိုတော့ စီနီယာဘာသာ ကြည့်ကြည့်ပေါ့။ အခု ကျွုပ် ဒီပစ္စည်းတွေလိုတယ်။ ရေခဲနှလုံးသားတောင်ကြားလို ဂိုဏ်းတစ်ဂိုဏ်းမှာ ဒီလို ပစ္စည်းတွေတော့ မရှေားလောက်ဘူးမလား”

ရန်ကိုင် ဆေးအမယ်များကို အလျင်အမြန် ပြောပြလိုက်။ ဆေးအမယ် အားလုံးသည် တန်ခိုးရှင်ဘုရင်အဆင့်များချည်း ဖြစ်ကြပေသည်။

ထိုဆေးအမယ် စာရင်းကို ကြည့်ရင်း လော့လီ ရန်ကိုင်အား မယုံကြည်နိုင်မှု အတိုင်းသား အမူအရာဖြင့် ကြည့်လိုက်၏။

လက္ခဏာအားလုံးသည် ထိုလူငယ်လေး တန်ခိုးရှင်ဘုရင် အဆင့် ဆေးပညာရှင်တစ်ဦးဖြစ်ကြောင်း ညွှန်ပြနေသည်။ အနည်းဆုံး အနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ထိုလူငယ်လေး၏ နောက်ကွယ်တွင် ရှိနေရပေလိမ့်မည်။ မဟုတ်လျှင် သူ့အနေဖြင့် ဤဆေးပင်များကို လိုလိမ့်မည် မဟုတ်ချေ။

လော့လီမှာ အလွန်ကိုမှ စိတ်လှုပ်ရှားလွန်းနေသဖြင့် အချိန် အတော်ကြာသွားသည့်တိုင်အောင် စိတ်ပြန်ငြိမ်သွားအောင် မလုပ်နိုင်ခဲ့ပေ။

တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များသည် ကြယ်စီရင်စုထဲတွင် အလွန်ကိုမှ ရှားပါးလွန်းလှသည်။ ထို့ကြောင့် အလွန်ကိုမှ ရှားပါးလှသည်ဆိုသော တန်ခိုးရှင်ဘုရင် တတိယ အဆင့် ပညာရှင်များသည်ပင်လျှင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များကို လေးစားသမှု ပြုကြရသည်။

ကြယ်စီရင်စုထဲရှိ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် အရေအတွက်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ အရေအတွက်ထက် အများကြီး ပိုနည်းပေသည်။

ထိုလူငယ်လေးသာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်သည်ဆိုလျှင်တော့ သူတို့ ရေခဲနှလုံးသားတောင်ကြား၏ ယခုတစ်ကြိမ် ဆုံးရှုံးမှုသည် တကယ်ကို တိုင်းတာ၍ မရအောင် များပြားသွားခဲ့လေပြီ။

ထိုအကြောင်း စဉ်းစားမိလိုက်သည့်အခိုက် လော့လီမှာ အလွန်ကိုမှ နောင်တရလွန်းသဖြင့် သတိပင် လစ်လုမတတ် ဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် နှစ်ပေါင်းများစွာ နေလာခဲ့သည့် အတွေ့အကြုံကြောင့် ထိုထိတ်လန့်မှုကို အတော်လေး ကြံ့ကြံ့ခံနိုင်ခဲ့၏။

“အဲ့ပစ္စည်းတွေကို ရှာဖို့ မခက်လောက်ဘူးမလား” ရန်ကိုင်က လော့လီကိုကြည့်ရင်း မေးလိုက်သည်။

“အင်း။ သခင်လေးပြောတဲ့ ပစ္စည်းတွေ အကုန်လုံး ရေခဲနှလုံးသား တောင်ကြားရဲ့ ရတနာဂိုဒေါင်ထဲမှာ ရှိတယ်။ ဒီဘုရင်မ တစ်ယောက်ယောက်ကို သွားစစ်ဆေးခိုင်းလိုက်မယ်”

“ကောင်းပြီ။ ပြီးရင် ကျုပ်အခန်းတစ်ခန်းလည်း လိုလိမ့်မယ်”

“ဒီဘုရင်မ ပြင်ခိုင်းထားလိုက်မယ်” လော့လီက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ။ သုံးရက်ကြာရင် ကျုပ်ဒီကို ပြန်လာခဲ့မယ်။ အဲ့ကျမှ စီနီယာကြည့်ကြည့်ပေါ့” ရန်ကိုင် မတ်တပ်ရပ်လိုက်၏။

“သခင်လေးရန်…” လော့လီလည်း မတ်တပ်ရပ်ရင်း မေးလိုက်လေသည်။

“စီနီယာ ဘာပြောချင်လို့လဲ”

“သခင်လေးရန် မီးတောက်ဂိုဏ်းကို ဘာလို့ ဖျက်စီးချင်လဲ သိလို့ရမလား။ ဝေဖုန်းကို စုယန်ကို စော်ကားခဲ့တယ် ဆိုပေမယ့် သူက အခု သေသွားပြီ။ မီးတောက်ဂိုဏ်းကလည်း သခင်လေးရန်ကို တစ်ခါမှ တကယ်ကြီး ရန်စခဲ့ဖူးတာလည်း မဟုတ်ဘူး။ အကြောင်းမရှိဘဲနဲ့တော့ သခင်လေးရန် ဒီဘုရင်မရဲ့ ရေခဲနှလုံးသားတောင်ကြားကို ကူညီပေးမှာတော့ မဟုတ်လောက်ဘူး”

“သူတို့ ကျုပ်ကို ရန်မစဘူးလို့ ဘယ်သူပြောလဲ” ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ဒီကောင်တွေ ကျုပ်ကို လာရန်စနေတာ တစ်ကြိမ်နှစ်ကြိမ် မကတော့ဘူး။ ဒါပေမယ့် သူတို့ဂိုဏ်းကို ဖျက်စီးချင်နေတာ အဲ့အကြောင်းအရင်းကြောင့်တော့ ဘယ်ဟုတ်မလဲ။ အဓိကက သူတို့ရဲ့ အာကာယံမိုးကြိုး မီးတောက်ကို လိုချင်လို့ပဲ”

ရန်ကိုင်စကားကြောင့် လော့လီ ထိတ်လန့်သွားခဲ့လေသည် “သခင်လေးရန်က တကယ်ကို လောဘကြီးတာပဲ။ အဲ့မီးတောက်က အရမ်းကို အားကောင်းပြီး ကိုယ်ပိုင် အသိစိတ်ရှိတယ်လို့လည်း ပြောကြတယ်။ ဒီဘုရင်မက မီးတောက်ဂိုဏ်းကို မတိုက်ရဲတဲ့ အဓိက အကြောင်းအရင်ကလည်း အဲ့မီးတောက်ကြောင့်လည်း ပါတယ်”

“အင်း၊ စီနီယာတောင် စိတ်ပူနေရတာဆိုတော့ ဒီမီးတောက်က ကျုပ်ထင်ထားတာထက်တောင် ပိုအားကောင်းနေတာပဲ။ ဒါပေမယ့် အဲ့ဒါပိုအားကောင်းလေ ကျုပ်ပိုပြီး ပိုလိုချင်လေပဲ” ရန်ကိုင်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

“နင်…” လော့လီ ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်သည်။ သူမပင်လျှင်ပင် ထိုမီးတောက်အား စိတ်ပူနေရသော်လည်း ထိုကောင်သည် ထိုမီးတောက်နှင့် ပက်သက်၍ နည်းနည်းလေးမှ စိတ်ပူသည့်ပုံမပေါ်။

သူ ကိုယ့်အကန့်အသတ်ကို ယ်သိဖို့ပဲ မျှော်လင့်ရတော့မယ်

ခဏကြာပြီးနောက် လော့လီက တစ်ခုခုကို ဆုံးဖြတ်လိုက်သည့်အလား နောက်တစ်ကြိမ် ထပ်ပြောလိုက်၏ “သခင်လေးရန်၊ အဆင်ပြေရင် စုယန်ကို ဒီဘုရင်မဆီ နောက်ဆုံး တစ်ကြိမ်လောက် လာတွေ့ခိုင်းလို့ရမလား၊ ဒီဘုရင် စုယန်ကို ပြောချင်တာလေးရှိလို့”

ရန်ကိုင်က လော့လီအား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်လိုက်၏။ ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်၍ “ကောင်းပြီလေ။ စုယန်ကို ဒီည လာခိုင်းလိုက်မယ်။ ဒါဆို ကျုပ်သွားပြီနော်”

“ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးရန်” လော့လီက ခေါင်းညိတ်လိုက်သည်။

လော့လီသည် တောင်တက်လှေကားအတိုင်း ပြန်ဆင်လာခဲ့၏။ ရန်ကိုင် ဘာမှမဖြစ်ဘဲ ပြန်လာသည်ကို မြင်မှပဲ ချင်းယ စိတ်အေးနိုင်တော့သည်။

ပင်းလုန်သည် လောလီ၏ အကြောင်းကြားစာကို ရထားသည့်အလား ရန်ကိုင်အား ချက်ချင်း နှုတ်ဆက်၍ “သခင်လေးရန်၊ ကျွန်မနောက်က လိုက်ခဲ့ပေးပါ”

ခဏအကြာတွင် အတွင်းကျွန်းပေါ်ရှိ တသီးတခြား ဖြစ်နေသော အဆောက်အဦး တစ်လုံးဆီသို့ ရောက်လာခဲ့သည်။ သူတောင်းဆိုခဲ့သည့် ဆေးပင်များကိုမူ ပင်းလုန်ကိုယ်တိုင် လာပို့ပေးသွားလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၆၀)

ကမ္ဘာငယ်လေးထဲမှ ထွက်လာပြီးနောက်တွင် စုယန်သည် လော့လီကို တစ်ယောက်တည်း သွားတွေ့လေသည်။

လော့လီ ဘာကြောင့် စုယန်အား တွေးချင်နေမှန်း သူမသိသော်ငြား မကောင်းသည့် ရည်ရွယ်ချက် တစ်ခုခုကြောင့် မဟုတ်မှန်းတော့ ရန်ကိုင် သိသည်။ ဤအရာသည် စုယန်အတွက် အခွင့်အရေး တစ်ခုဖြစ်သည်ဟုပင် သူခံစားနေရသည်။

အခန်းထဲမှ ရုတ်တရက် ထွက်လာသော စုယန်ကို မြင်လိုက်သည့်အခိုက် အခန်း အပြင်ဘက်တွင် စောင့်ကြပ်နေသော အကြီးအကဲ လုံးဝကို မှင်သက်သွားခဲ့ရလေသည်။

အခန်းထဲသို့ ရန်ကိုင် တစ်ယောက်သာ ဝင်သွားခြင်း ဖြစ်လေရာ စုယန်လည်း မည်ကဲ့သို့ အခန်းထဲ ရောက်နေရသနည်း။

ထိုအကြီးအကဲ လုံးဝ မစဉ်းစားတတ်ခဲ့ချေ။

ထိုအချိန်အတောအတွင်း ရန်ကိုင်သည် အခန်းထဲတွင် ထိုင်လျက် ဆေးဖော်စပ်နေခဲ့သည်။

တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်ချင်တိုင်း ဖော်စပ်၍မရချေ။ ရန်ကိုင် သိထားသလောက်၊ တန်ခိုးရှင်ဘုရင် အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်လိုလျှင် ဦးစွာအနေဖြင့် ဆေးလုံးအား ဆေးဝိဥာဉ်နှင့် ပေါင်းစပ်ပေးရပေမည်။

စိတ်ဝိဥာဉ် ရှိလာသည့် အခါမှပဲ စိတ်ဝိဥာဉ်ဆေးလုံးတစ်လုံး ဖြစ်လာပေလိမ့်မည်။

မွန်းစတားအမြူတေထဲတွင် သေဆုံးသွားသော မွန်းစတားသားရဲ၏ စိတ်ဝိဥာဉ်စွမ်းအင်အချို့ ကပ်ကျန်ရစ်နေသည့်အတွက် မွန်းစတား အမြူတေအား ဆေးဝိဥာဉ်အဖြစ် အသုံးချနိုင်ပေသည်။

ရန်ကိုင်တွင် အဆင့်တစ်ဆယ် မွန်းစတားသားရဲ၏ မွန်းစတား အမြူတေ မရှိသလို ရေခဲနှလုံးသားတောင်ကြားတွင်လည်း အဆင့်တစ်ဆယ် မွန်းစတားသားရဲ၏ အမြူတေ မရှိချေ။ သို့သော်ငြား သူတို့တွင် အဆင့်ကိုး မွန်းစတားသားရဲ အမြူတေများစွာ ရှိပေသည်။ ရန်ကိုင် အနေဖြင့် ထိုမွန်းစတား သားရဲများ၏ အမြူတေကို သုံး၍ စိတ်ဝိဥာဉ်ဆေးလုံး ဖော်စပ်နိုင်ပေသည်။

ရန်ကိုင်သည် သုံးရက်လုံးလုံး တောက်လျှောက် ဆေးဖော်စပ်နေခဲ့၏။

အခန်းထဲမှ ထူးဆန်းသော အသုံးများနှင့် စွမ်းအင်လှိုင်းများ မကြာခဏဆိုသလို ထွက်ပေါ်လာခဲ့သည်။ မကြာမီ သိပ်သည်းသော ဆေးရနံ့တစ်မျိုး လေထဲ ပျံ့လွင့်လာခဲ့လေသည်။

လော့လီဆီမှ သတင်းရထားပြီးပြီ ဖြစ်သော်ငြား ပင်းလုန်နှင့် အခြား အကြီးအကဲများသည် အခန်းအပြင်ဘက်တွင် ရပ်ရင်း လုံးဝကို ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ကြသည်။

ရန်ကိုင် ဆေးပညာရှင်တစ်ဦး ဖြစ်နေမှန်း သူတို့ မသိခဲ့ချေ။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးအား ရန်ကိုင် ဖော်စပ်နိုင်သလား၊ မနိုင်ဘူးလား ဆိုသည်ကို သူတို့ မသိသော်ငြား အခန်းထဲမှ ထွက်ပေါ်လာသော ဆေးရနံ့အရ ရန်ကိုင်သည် ဆေးပညာဘက်၌ အတော်လေး ခရီးပေါက်နေသူတစ်ဦးဖြစ်မှန်း ပြောနိုင်ပေသည်။

သို့သော်ငြား မည်သို့များ ထိုကဲ့သို့ ဖြစ်နိုင်မည်နည်း။ ရန်ကိုင်သည် အသက်ငယ်ငယ်လေးသာ ရှိသေးသည်။ ထို့အပြင် သူ့ကျင့်ကြံခြင်းသည် တန်ခိုးရှင်တတိယအဆင့်သို့ပင် ရောက်နေခဲ့လေပြီ။ အခြားသူများသည် တန်ခိုးရှင်တတိယ အဆင့်သို့ ရောက်ရန် နှစ်ပေါင်းများစွာ ကုန်းရုန်း ကျင့်ကြံခဲ့ရရာ သူ့အနေဖြင့် ထိုမျှ အချိန်တိုလေးအတွင်း တန်ခိုးရှင်တတိယ အဆင့်သို့ ရောက်အောင် ကျင့်ကြံပြီး ဆေးပညာကိုပါ မည်ကဲ့သို့များ သင်ယူလေ့လာခဲ့သနည်း။

ယခုမှပဲ ရန်ကိုင်၏ ပါရမီ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပင်းလုန်နှင့် အခြားအကြီးအကဲများအားလုံး နားလည်သွားခဲ့ကြ၏။

အကုန်လုံးသည် အခန်းဆီသို့ အလွန်ကိုမှ အံ့ဩမှင်သက်ဖွယ်ရာ ကောင်းသည့် အရာတစ်ခုအား စိုက်ကြည့်နေသလို စိုက်ကြည့်နေကုန်ကြလေသည်။

အချိန်ကြာလာသည်နှင့် အခန်းတွင်းမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းတို့မှာ ပို၍ ပြင်းထန်လာပြီး ထောင်ပေါင်းများစွာသော အလင်းတန်းတို့ တောက်ပလာခဲ့လေသည်။ ဆေးသင်းရနံ့မှာ ပိုပို၍ သိပ်သည်းလာခဲ့ရရာ တစ်ချက် ရှူရှိုက်လိုက်ရုံဖြင့် တစ်ကိုယ်လုံးကို လန်းဆန်းသစ်လွင်သွားစေသည်အထိ အားကောင်းလာခဲ့၏။

မျက်တောင်တစ်ခတ်အတွင်း သုံးရက် ကုန်ဆုံးသွားခဲ့သည်။ သို့သော် မည်သည့် အကြီးအကဲမှ အခန်း တံခါးကို သွားပြီး မဖွင့်ရဲချေ။

ရုတ်တရက် အခန်းထဲမှ ရန်ကိုင်၏ အသံ ထွက်ပေါ်လာခဲ့သည် “စီနီယာပင်းလုန်၊ အထဲ ဝင်လာခဲ့ပါဦး”

ပင်းလုန်သည် သူမ၏ အမူအရာကို ပြင်လိုက်ပြီး အခန်းထဲသို့ အလျင်စလို ဝင်သွားလိုက်လေသည်။

ဝင်သွားပြီးနောက် ခဏအကြာတွင် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် အပြင်သို့ ပြန်ထွက်လာခဲ့လေသည်။

“တောင်ကြားသခင် အခြေအနေ ဘယ်လိုရှိလဲ” ရန်ယွင်ထင်က အဆောတလျင် မေးလိုက်သည်။ ရန်ကိုင်သည် မဟာအကြီးအကဲ အတွက် စိတ်ဝိဥာဉ်ဆေးလုံးတစ်လုံး ဖော်စပ်ပေးနေမှန်း သူတို့ အားလုံး သိထားကြသည်။

ပင်းလုန်သည် သူတို့ အမေးကို ပြန်မဖြေဘဲ ကျောက်စိမ်းပုလင်း တစ်ပုလင်းကိုသာ ထုတ်ပြလိုက်သည်။ ထို့နောက် အလျင်အမြန် ပြန်သိမ်းလိုက်ပြီး ရေခဲနှလုံးသားတောင်ထွတ်ဆီသို့ အလောတကြီး ပျံသန်းသွားလေသည်။

“သူအောင်မြင်သွားတာလား” ရန်ယွင်ထင်သည် ဖြူလျော်နေသည့် မျက်နှာဖြင့် ရေရွတ်လိုက်၏။

အခြားအကြီးအကဲများသည် ပင်းလုန် ပျောက်ကွယ်သွားသည့် ဘက်သို့ ကြည့်နေပြီးနောက်တွင် ရန်ယွင်ထင်ဘက်သို့ တစ်ဖန် ပြန်လှည့်ကြည့်လိုက်ပြီး သက်ပြင်းအသီးသီး ချလိုက်ကြသည်။ အချို့ဆိုလျှင် သူတို့ကိုယ်သူတို့ပင် အပြစ်တင်မိနေကြသည်။

ချီဟွော့နှင့် လော့ဟိုင်တို့ ဖိအားပေးနေစဉ်က၊ သူတို့သာ ရန်ယွင်ထင် နေရာဆိုလျှင်လည်း သူမကဲ့သို့သာ ဆုံးဖြတ်ချက် ချမိမည်မှန်း အကုန်လုံး သိကြသည်။ သို့သော်လည်း ယခု ရန်ကိုင် ပြသသွားသည့် စွမ်းဆောင်ရည်ကို မြင်ပြီးနောက် သူတို့၏ လုပ်ရပ်နှင့် ပက်သက်၍ နောင်တရလာမိကြကုန်လေပြီ။

ရန်ကိုင် ဤမျှ တော်မှန်းသာ သိခဲ့လျှင် ထိုနေ့က စုယန်အား မစွန့်ပစ်ခဲ့ဘဲ အသည်းအသန် ကာကွယ်ခဲ့ပါသည်။ ထိုသို့သာ ဖြစ်ခဲ့မည်ဆိုလျှင် မည်မျှပင် ကောင်းလိုက်မည်နည်း။ ထိုသို့သာ ဖြစ်ခဲ့လျှင် ရေခဲနှလုံးသားတောင်ကြားသည် ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်နိုင်ပေလိမ့်မည်။

တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် တစ်ယောက်နှင့် ရင်းနှီးနိုင်သည်ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။

အခန်းထဲတွင် ရန်ကိုင်သည် မျက်လုံးပိတ်လျက် အသက်ရှူနှုန်းကို တည်ငြိမ်အောင် လုပ်နေခဲ့သည်။ ဆေးဖော်စပ်နေစဉ် အတောအတွင်း ဥာဏ်အလင်းအသစ်များ ရခဲ့သဖြင့် ထိုဥာဏ်အလင်း အသစ်များကို နားလည်ဆင်ခြင်နေခြင်း ဖြစ်သည်။ လော့လီသည်လည်း ယနေ့ ဆေးသောက်ပြီး နောက်နေ့ ချက်ချင်းကြီး ကောင်းလာမည် မဟုတ်သဖြင့် သူ့တွင် အချိန် ရှိပေသေးသည်။

လော့လီ ပြန်ကောင်းသွားပြီဆိုသည်နှင့် မီးတောက်ဂိုဏ်းကို စတင် တိုက်ခိုက်၍ ရပေပြီ။

ရန်ကိုင် မီးတောက်ဂိုဏ်းကို ဖျက်စီးချင်ရခြင်းမှာ မိုးကြိုးမီးတောက်ကြောင့် ဖြစ်သော်ငြား အခြား အကြောင်းအရင်းလည်း ရှိပေသေးသည်။

သူ့သည်းခံရေမှတ်ကို ကျော်လွန်လာသည့် အတွက်ကြောင့် ဖြစ်သည်။ ထို့အပြင် စုယန် အဖြစ်အပျက် မတိုင်ခင်ကလည်း ထိုဂိုဏ်းနှင့် သူ့ကြား မကြာခဏ ကတောက်ကဆ ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် ထိုဂိုဏ်းအား သူအတော်လေး ကြည့်မရဘူးဟု ပြောနိုင်ပေသည်။

တစ်ရက်ကြာပြီးနောက်တွင် ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့သည်။

ဆေးပညာတွင် အဆက်မပြတ် တိုးတက်နိုင်ရန် ဆေးလုံးများကို အဆက်မပြတ် ဖော်စပ်နေဖို့ရာသည် အခရာ ကျပေသည်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်လိုက်ခြင်းဖြင့် အတွေ့အကြုံများစွာ ရန်ကိုင် ရခဲ့သည်။ သူသာ ဤကဲ့သို့ ပုံမှန် လေ့ကျင့်နေပါက အချိန်တိုအတွင်း ရန်ကိုင်၏ ဆေးစွမ်းရည်သည် သိသိသာသာ တိုးတက်လာပေလိမ့်မည်။

သူ့အပေါ် တစ်ယောက်ယောက် ကြည့်နေသည်ဟု ခံစားမိသဖြင့် လှည့်ကြည့်လိုက်ရာ ချင်းယမှ သူ့အား တစ်ခုခု ပြောချင်ဟန်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

“စီနီယာအစ်မချင်းယ၊ ပြောစရာရှိရင် ပြောလေ။ ဘာမှ တုန့်ဆိုင်းမနေနဲ့” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည် “စီနီယာအစ်မ ကျုပ်ကို ဆေးဖော်စပ်ခိုင်းချင်နေတာလား”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး” ချင်းယက အလျင်အမြန် လက်ဝှေ့ရမ်း၍ ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်၏ “ငါပြောချင်တာ ချင်းဟောင်ကိစ္စ”

“ချင်းဟောင်…” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ချင်းဟောင်သည် ချင်းယ၏ အစ်ကိုကြီး ဖြစ်သည်။

ချင်းဟောင်သည် လှိုင်းနီကြယ်သို့ စုယန်၊ ချင်းယတို့နှင့်အတူ ရောက်လာခဲ့သော်လည်း ရေခဲနှလုံးသားတောင်ကြားသည် မိန်းကလေးများကိုသာ လက်ခံသည့်အတွက် ဝင်ခွင့်မရခဲ့ဘဲ ရေခဲနှလုံးသားတောင်ကြား၏ လက်အောက်ခံ ဂိုဏ်းတစ်ဂိုဏ်းသို့သာ ရောက်သွားခဲ့ရသည်။

“သူ့ကိုပါ ခေါ်သွားချင်လို့လား” ချင်းယ ဘာလုပ်ချင်နေလဲ ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။

“ဟုတ်တယ်။ အခု စုယန်နဲ့ငါက ရေခဲနှလုံးသားတောင်ကြားက တပည့်တွေ မဟုတ်တော့ သူသာ အဲ့ဂိုဏ်းမှာ ဆက်နေနေရင် အခြားသူတွေရဲ့ ပစ်မှတ်ဖြစ်လာမှာ စိုးတယ်။ ဒါကြောင့် သူ့ကိုပါ တစ်ခါတည်း ခေါ်သွားချင်တာ”

“ရတယ်လေ” ရန်ကိုင်က ပြုံးလိုက်ပြီး အပြင်ဘက်က အကြီးအကဲတစ်ယောက်အား ကောင်းကင်စိတ်အာရုံသုံးပြီး ပြောလိုက်သည်။

ခဏအကြာတွင် ချင်းယဘက်သို့ လှည့်၍ ပြုံးကာ ပြောလိုက်၏ “မနက်ဖြန်ကျရင် သူပြန်လာလိမ့်မယ်။ အဲ့ဒါဆို ရေခဲဂိုဏ်းသားတွေ အကုန်လုံး အတူတူ ပြန်ဆုံလို့ရပြီ”

“ကျေးဇူးပဲ” ချင်းယက ကျေးဇူးတင်စကား ဆိုလိုက်၏။

ရေခဲဂိုဏ်းသည် ထုန်းရွှမ်လောကြီးတွင် ရှိစဉ်က အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့သည်။ ထိုဂိုဏ်းတွင် တပည့်များများစားစား မရှိသလို ရေခဲဂိုဏ်းသားများသည် လူမြင်ကွင်းကိုလည်း သိပ်ပြီး မထွက်ကြချေ။ သို့သော်ငြား မည်သည့် ပညာရှင်မဆို ရေခဲဂိုဏ်းသည် သူ့နယ်ပယ်တွင်တော့ ဆရာကြီးတစ်ဆူဖြစ်မှန်း သိထားကြသည်။

သို့သော်လည်း ယခုတွင်မူ ရေခဲဂိုဏ်းသား အားလုံးပေါင်းမှ လေးယောက်သာ ကျန်ရှိတော့သည်။

အတိတ်အကြောင်း ပြန်တွေးရင်း ချင်းယ ဝမ်းနည်းမိသွားသလို လက်ရှိ အသက်ရှင်ကျန်ရစ်နေသည့် လူများကိုလည်း ပိုပြီး တန်ဖိုးထားမိလာသည်။

စုယန်က တကယ့် လူတော်တစ်ယောက်ကို ရှာတွေ့သွားတာပဲ ချင်းယသည် ရန်ကိုင်ကို ကြည့်ရင်း စိတ်ထဲတွင် တွေးလိုက်၏။

နောက်တစ်နေ့တွင် ချင်းဟောင် ပြန်ရောက်လာခဲ့လေသည်။ သို့သော် ရန်ကိုင်ကို မြင်ပြီးနောက် တစ္ဆေသရဲ တစ်ကောင်ကို မြင်လိုက်သလို လုံးဝကို မှင်သက်သွားခဲ့လေသည်။ သူများ အမြင်တွေမှားနေသလား ထင်မှတ်ပြီး မျက်လုံးကို ထပ်ခါထပ်ခါ ပွတ်သပ်ကြည့်လိုက်သေးသည်။

“မတွေ့ရတာကြာတော့၊ မင်းတို့ အချင်းချင်း ပြောစရာတွေ အများကြီး ရှိနေမှာပဲ။ စိတ်လျှော့ထားလိုက်၊ ငါမင်းကို တစ်နေရာဆီ ပို့ပေးမယ်။ အဲ့မှာ မင်းကို တစ်ယောက်ယောက် စောင့်နေတယ်” ရန်ကိုင်က ပြုံးလျက် ချင်းဟောင်နှင့် ချင်းယအား ပြောလိုက်လေသည်။

ချင်းဟောင်နှင့် ချင်းယသည် ဘာမေးခွန်းမှ ပြန်မေးမနေခဲ့ဘဲ ရန်ကိုင် ပြောသည့်အတိုင်းသာ လုပ်လိုက်၏။

ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ ထိုနှစ်ဦးအား မမြင်နိုင်သည့် စွမ်းအင်တစ်မျိုးဖြင့် လွှမ်းခြုံလျက် ကမ္ဘာငယ်လေးထဲသို့ ပို့ပေးလိုက်လေသည်။

အစ်ကိုနှင်ညီမ ပြန်တွေ့ချိန် နှစ်ဦးသား ပျော်လွန်းသဖြင့် ငိုယိုကြတော့လေသည်။

ဆယ်ရက်ကြာပြီးနောက် လော့လီမှ အကြောင်းကြားလာသဖြင့် ရန်ကိုင်လည်း အခန်းထဲမှထွက်၍ ရေခဲသန့်စင်တောင်ဆီသို့ ချက်ချင်း ထွက်သွားလေသည်။

လော့လီ၏ စကားအသံ အနေအထားအရ သူမ၏ ဒဏ်ရာမှာ အတော်လေး သက်သာလာသည့်ပုံပင်။ ဘာကြောင့် သူ့အား ရေခဲသန့်စင်တောင်ဆီသို့ လာခိုင်းမှန်း နားမလည်သော်လည်း စုယန်နှင့် တစ်ခုခု ပက်သက်နေလိမ့်မည်ဟုတော့ ထင်မိသည်။ စုယန်သည် ရေခဲသန့်စင်တောင်သို့ ထွက်သွားပြီးသည့် အချိန်မှစ၍ တစ်ခါမှ ပြန်မလာသေးချေ။

စုယန် လုံလုံခြုံခြုံ ရှိနေသေးမှန်း ခံစားမိနေသဖြင့် သူမ၏ လုံခြုံရေးနှင့် ပက်သက်၍ ဘာမှစိတ်မပူချေ။

ခဏအကြာတွင် ရေခဲသန့်စင်တောင်သို့ ရန်ကိုင် ရောက်လာခဲ့၏။ လော့လီသည် သူမ၏ တဲအိမ်လေးထဲတွင်သာ တင်ပလင်ခွေ ထိုင်နေခဲ့သည်။

“ရောက်လာပြီပဲ” လော့လီက ရန်ကိုင်အား လာထိုင်ရန် အချက်ပြလိုက်သည်။

လှည့်ပတ်ကြည့်လိုက်သော်လည်း စုယန်ကို မတွေ့သဖြင့် ရန်ကိုင်က မျက်မှောင်ကြုတ်၍ မေးလိုက်၏ “စုယန်ရော”

“သခင်လေးရန်နဲ့ စုယန်ကကြား စိတ်ဝိဥာဉ်ကြိုးလိုမျိုးအရာ တစ်ခုခု ရှိနေတာပဲ၊ စုယန် ဘယ်မှာရှိလဲ သခင်လေးရန် မပြောနိုင်ဘူးလား”

ငါ့ကို လာစမ်းသပ်နေတာလား

ရန်ကိုင်၏ နှုတ်ခမ်းအစုံ တွန့်ကွေးသွားခဲ့ပြီး ချက်ချင်းပဲ မနီးမဝေးတွင် ရှိနေသော ကန်လေးဆီသို့ လှမ်းကြည့်လိုက်၏။

ထိုရေကန်လေးသည် အချင်း ငါးမီတာသာကျယ်သော်ငြား အောက်ခြေအနက် မည်မျှရှိသလဲ ဆိုသည်ကို ကြည့်ရုံဖြင့် လုံးဝ မပြောနိုင်ချေ။ ရေကန်ထက်တွင် ရေခဲချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော အဖြူရောင်မြူခိုးထု အလွှာတစ်လွှာ ရှိနေခဲ့သည်။

ရန်ကိုင်သည် မသိစိတ်အရ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်မိသော်လည်း ကြောက်လန့်တကြား အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်၏။

ယခင်တစ်ကြိမ် လာစဉ်က ဤရေကန်လေးကို သေချာ မစစ်ဆေးမိခဲ့သော်ငြား ယခု သေချာ စစ်ဆေးကြည့်ပြီးနောက် အတော်လေး အံ့အားသင့်သွားခဲ့ရလေသည်။

ထိုရေကန်လေးကို နယ်ပယ်တစ်ခုမှ ဝန်းရံထားခဲ့သည်။ ထိုနယ်ပယ်ထဲသို့ သူ့ကောင်းကင်စိတ်အာရုံ ဝင်သွားသည်နှင့် တစ်ပြိုင်နက် သူ့ကောင်းကင်စိတ်အာရုံတစ်ခုလုံး အေးခဲလုမတတ် ဖြစ်သွားခဲ့သည်။

ဝိဥာဉ်ကြာပန်းကြောင့် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် တန်ခိုးရှင်ဘုရင်အဆင့် တစ်ဦး၏ ကောင်းကင်စိတ်အာရုံကဲ့သို့ အားကောင်းနေခဲ့လေပြီ။ ထိုကဲ့သို့သော ကောင်းကင်စိတ်အာရုံကို အေးခဲသွားအောင် လုပ်နိုင်ရအောင် ထိုရေကန်လေးသည် မည်သို့သော ရေကန်လေးများ ဖြစ်သနည်း။

သို့တိုင် စုယန်သည် ထိုရေဲကန်လေးထဲရှိ တစ်နေရာရာတွင် ရှိနေသည်ဟု စုယန် သေချာ ခံစားမိနေခဲ့သည်။

“ဒါက ငါတို့ ရေခဲနှလုံးသားတောင်ကြားရဲ့ ကောင်းချီးပေးရေခဲကန်ပဲ” ရန်ကိုင်၏ သင်္ကာမကင်း အမူအရာကို မြင်သော် လော့လီက စရှင်းပြလိုက်လေသည် “လှိုင်းနီကြယ်မှာ စုစုပေါင်း အဖိုးတန်ရတနာ နှစ်မျိုးရှိတယ်။ တစ်မျိုးက မီးတောက်ဂိုဏ်းက အာကာယံမိုးကြိုးမီးတောက်၊ နောက်တစ်ခုက ငါတို့ ရေခဲနှလုံးသားတောင်ကြားရဲ့ ကောင်းချီးပေးရေခဲကန်ပဲ။ ကန်ရဲ့ အအေးဓါတ်ကိုသာ ခုခံနိုင်မယ်ဆိုခဲ့ရင် ကန်ထဲကို ဝင်သွားတဲ့ လူတိုင်း ကောင်းကင်ရဲ့ ကောင်းချီးပေးတာ ခံရလိမ့်မယ်”

“ဘယ်လိုကောင်းချီးမျိုးလဲ” ရန်ကိုင် စိတ်ဝင်သွားသည်။

“ရေခဲကျင့်စဉ်ကို ကျင့်ကြံတဲ့လူတိုင်းအတွက် ဒီကောင်းချီးပေး ရေခဲကန်က အရမ်း အဖိုးတန်တဲ့ အခွင့်အရေးတစ်ခုပဲ။ ငါတို့ ရေခဲနှလုံးသားတောင်ကြားကို ဒီနေရာမှာ တည်ထောင်ခဲ့တဲ့ အကြောင်းအရင်းက ဒီရေခဲကန်ကြောင့်ပဲ။ ဒီရေခဲကန်က ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ရေခဲစွမ်းအင်နှင့် ပိုပြီး လိုက်ဖက်သွားအောင် လုပ်ပေးနိုင်တယ်။ ငါတို့ ရေခဲနှလုံးသား တောင်ကြားရဲ့ စီနီယာတွေလည်း ဒီရေခဲကန်ကြောင့် တော်တော်လေး အကျိုးများခဲ့သေးတယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်၏။

လော့လီက ဆက်ရှင်းပြလေသည် “ပြီးတော့ ငါတို့ ရေခဲနှလုံးသား တောင်ကြားရဲ့ တန်ခိုးရှင်ဘုရင်အဆင့်တွေ အကုန်လုံးကို သူတို့ မသေခင် သူတို့ နယ်ပယ်တစ်စိတ်တစ်ပိုင်းကို ဒီရေခဲကန်ထဲ ကူးပြောင်းပစ်ခဲ့တယ်။ ဒါကြောင့် ရေခဲကန်ထဲ ဝင်နိုင်ခဲ့မယ်ဆိုရင် ကောင်းကင်ရဲ့ ကောင်းချီတင် ရမှာမဟုတ်ဘူး။ သူတို့ ချန်ရစ်ခဲ့တဲ့ နယ်ပယ်တွေရဲ့ စွမ်းအားကိုလည်း ဆင်ခြင်ခွင့်ပါရလိမ့်မယ်”

All Chapters