← Chapters

အခန်း (၁၆၇၁-၁၆၇၅)

Vol. 67 Ch. 1671-1675

အခန်း (၁၆၇၁-၁၆၇၅)

Vol. 67 Ch. 1671-1675

အပိုင်း (၁၆၇၁)

ချင်းတုန် တိတ်နေသည်ကို မြင်သော် ချင်းတုန် ကြောက်သွားသည် ထင်ကာ ရှဲ့ချန် ပို၍ ရဲတင်းလာခဲ့လေသည် “ချင်းတုန်၊ လူတော်ဆိုတာ အခြေအနေကိုလိုက်ပြီး နားလည်တတ်ရတယ်။ အလောင်းဝိဥာဉ်ဂိုဏ်းတော်မှာ တန်ခိုးရှင်ဘုရင်အဆင့် လေးယောက်တောင် ရှိနေတာ။ အရိပ်ကြယ်တစ်ခုလုံး သူတို့ လက်အောက်ရောက်ဖို့ ဘယ်လောက်မှ လိုမှာ မဟုတ်ဘူး။ မင်းသာ အညံ့ခံမယ်ဆိုရင် ဒီခန်းမသခင် မင်းအတွက် ကူပြောပေးလို့ ရတယ်”

ချင်းတုန်သည် ရုတ်တရက် သက်ပြင်းချ၍ ရှဲ့ချန်အား စိုက်ကြည့်ရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည် “အလောင်းဝိဥာဉ်ဂိုဏ်းတော်မှာ တန်ခိုးရှင်ဘုရင်အဆင့် လေးဦး ရှိတယ်လို့ မင်းပြောတယ်နော်”

“ဟုတ်တယ်” ရှဲ့ချန်က အဓိပ္ပါယ်ပါပါပြုံးလျက် ခေါင်းညိတ်လိုက်၏။

“တန်ခိုးရှင်ဘုရင်အဆင့်ဆိုတာ ဘာလဲဆိုတာကော မင်းသိလို့လား”

“တန်ခိုးရှင်ဘုရင်အဆင့် ဆိုတာက…” ရှဲ့ချန် ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ အရိပ်ကြယ်ပေါ်တွင် ပေါ်မလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သဖြင့် အရိပ်ကြယ်သူကြယ်သားများသည် တန်ခိုးရှင်ဘုရင်အဆင့် အကြောင်းကို သေချာမသိကြတော့ဘဲ တန်ခိုးရှင်ဘုရင်အဆင့် ဆိုသည်မှာ တန်ခိုးရှင်အဆင့်ထက် ပိုမြင့်သော အဆင့် တစ်ခုမှန်းသာ သိထားကြတော့သည်။

ပြန်ကလည်း မဖြေနိုင်၊ ရှက်ကလည်းရှက်သွားသည့် အတွက် ရှဲ့ချန်က ပုပ်သိုးသိုးမျက်နှာဖြင့် ပြန်၍ မေးလိုက်လေသည် “မင်းကော သိလို့လား”

ချင်းတုန်သည် သူ့အား ထူးမခြားနားဟန်ဖြင့်သာ စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ ပြန်မပြောဘဲ လက်ကို ရှဲ့ချန် တည့်တည့်ဆီသို့ ဆန့်ထုတ်၍ လက်သီးဆုပ်ချလို်၏။

ရှဲ့ချန်လည်း တစ်လှမ်း ဆုတ်မိသွားပြီး သူတော်စင်ချီအား အလိုလို လှည့်ပတ်မိလိုက်သည်။ သို့သော်လည်း ခဏကြာသည်အထိတိုင် ဘာမှ ဖြစ်မလာခဲ့ချေ။ ချင်းတုန်ဆီမှ သူတော်စင်ချီ အရိပ်အယောင် ပေါ်လာသည်ကိုပင် သတိမပြုမိခဲ့ချေ။

“ချင်းတုန်၊ မင်းဒီခန်းမသခင်ကို လာနောက်ရဲတာလား” ဒေါသ ထွက်လွန်းသဖြင့် ရှဲ့ချန်မျက်နှာ ပြာရာမှ နီမြန်းသွားခဲ့လေသည် “မင်းသေပြီသာ မှတ်ပေတော့။ အစကတော့ အရိပ်ကြယ်သား အချင်းချင်းမို့လို့ မင်းကို အခွင့်အရေးပေးဖို့ပဲ။ ဒါပေမယ့် မင်းက ဒီခန်းမသခင်ကိုတောင် မျက်လုံးထဲ မထည့်မှတော့ ငါကလည်း မင်းသေသေရှင်ရှင် ဘာလို့ ဂရုစိုက်နေရဦးမှာလဲ။ အကုန်လုံး၊ သူ့ကို သတ်ကြစမ်း”

ပြောပြီးသည့်နောက်တွင် သူ့လက်အောက်ငယ်သားများဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ရှဲ့ချန်၏ အမိန့်ကို ကြားလိုက်သည့်အခိုက်တွင် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများအားလုံး တုန့်ဆိုင်းမိသွားကြသည်။

ရှဲ့ချန်သည် ချင်းတုန်ကို မကြောက်သည့်တိုင် သူတို့လည်း ချင်းတုန်ကို မကြောက်ဘူးဟု မဆိုလိုချေ။ အလောင်းဝိဥာဉ် ဂိုဏ်းတော်ထဲသို့ ပူးပေါင်းဝင်ရောက်ပြီးနောက်တွင် သူတို့၏ ခွန်အားမှာ သိသိသာသာ တိုးတက်လာခဲ့သော်လည်း ချင်းတုန်ကို မှီရန်တော့ အဝေးကြီး လိုပေသေးသည်။

“ဟန်၊ ခန်းမသခင်… ခင်ဗျား… ခင်ဗျား…” ရုတ်တရက် သက်လတ်ပိုင်း လူကြီးတစ်ဦးသည် ရှဲ့ချန်ကို လက်ညိုးထိုးရင်း အလန့်တကြား ထအော်တော့လေသည်။

အခြားသူများသည်လည်း ထိုလူ လက်ညိုးထိုးနေသည့် ဘက်သို့ ကြည့်ပြီးနောက် အလန့်တကြား ထအော်ကုန်ကြလေသည်။ အကုန်လုံးသည် ရှဲ့ချန်အား ပလိပ်ရောဂါတစ်ခုနှယ် သူ့အနားမှ အလိုလို နောက်သို့ ဆုတ်ခွာရှောင်ဖယ်သွားကြကုန်လေသည်။

“ဘာဖြစ်လို့လဲ” ရှဲ့ချန်သည် အရူးတစ်ယောက်မဟုတ်၊ တစ်ခုခု မှားယွင်းနေပြီမှန်း နားလည်လိုက်သည့်နောက် ငုံ့ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့မျက်နှာ အမူအရာ အပြောင်ကြီး ပြောင်းလဲသွားခဲ့လေသည် “ဘာတွေ ဖြစ်နေတာလဲ”

ဘာမှန်းမသိရသော စွမ်းအင်တစ်မျိုးကြောင့် သူ့လက်နှင့် ခြေထောက်များ စတင် အရည်ပျော်ကြနေသည်ကို ရှဲ့ချန် ရုတ်တရက် တွေ့ရှိလိုက်ရသည်။

ထိုဘာမှန်းမသိရသော စွမ်းအင်သည် ရှဲ့ချန်၏ ခြေလက်များကို တတိတိ စားသောက်နေခဲ့လေသည်။ သူ့ခြေလက်များ တဖြည်းဖြည်း တိုက်စားခံနေရသော်လည်း မည်သည့် နာကျင်မှုကိုမှ ရှဲ့ချန် မခံစားရချေ။

ရှဲ့ချန်ရင်ထဲ အကြောက်တရားတို့ ကိန်းအောင်းလာပြီး သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။

ဘုန်း… ဘုန်း… ဘုန်း… ဘုန်း…

ပေါက်ကွဲသံလေးသံနှင့်အတူ ရှဲ့ချန်၏ ခြေလက်များအားလုံး ပေါက်ကွဲထွက်သွားကုန်ရာ သူ့ရင်ဘတ်နှင့် ခေါင်းတစ်လုံးသာ ကျန်ရစ်တော့လေသည်။

ထိုအခြင်းအရာကို ကြည့်ရင်း ရှဲ့ချန် သူ့မျက်လုံးသူ မယုံနိုင်အောင် ဖြစ်နေခဲ့သည်။

အရိပ်လခန်းမ၏ သစ္စာဖောက်များသည်လည်း အလွန်ကိုမှ ချောက်ခြားဖွယ်ရာ ဖြစ်ရပ်တစ်ခုကို မြင်လိုက်ရသည့်အလား အကုန်လုံး၏ မျက်နှာများသည် စက္ကူဖြူတစ်ရွက်နှယ် ဖြူဖွေးဆွတ်ကုန်ကြလေသည်။

“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ဒါလုံးဝ မဖြစ်နိုင်ဘူး” ရှဲ့ချန်သည် ဒဏ်ရာရထားသည့် သားရဲတစ်ကောင်နှယ် ရူးသွပ်စွာ ထအော်လေသည်။ ခြေလက်များ မရှိတော့သည့် သူ့ပုံစံမှာ အလွန်ကိုမှ သနားစရာ ကောင်းနေပေသည်။

“ဒီခန်းမသခင်က တန်ခိုးရှင်တတိယအဆင့် တစ်ယောက်ပဲ။ တန်ခိုးရှင်ဘုရင်အဆင့်ကလွဲပြီး ငါ့ကို ဘယ်သူမှ ဒီလို လုပ်နိုင်မှာ မဟုတ်ဘူး။ ငါမယုံဘူးကွ” ရှဲ့ချန်သည် စိတ်ဒဏ်ရာ ကြီးကြီးမားမား ရသွားသည့်အလား အရူးအမူး ထအော်လေသည်။ သို့သော်လည်း ထိုသို့ အော်ပြီးသည်နှင့် သူ့တစ်ကိုယ်လုံး တောင့်တင့်သွားပြီး ချင်းတုန်အား ကြောက်ရွံ့မှုအပြည့်ဖြင့် လှည့်ကြည့်ရင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်လေသည် “တန်ခိုးရှင်ဘုရင်… မင်း တန်ခိုးရှင်ဘုရင် အဆင့်ကို ရောက်နေတာလား”

ချင်းတုန်သာ တန်ခိုးရှင်ဘုရင်အဆင့်ကို မရောက်သေးလျှင် သူ့အား ဤသို့ လုံးဝ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

“မင်းမှာ ဦးနှောက်ရှိသေးသားပဲ” ချင်းတုန်က အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

“ဘယ်လို၊ အကြီးအကဲချုပ်က တန်ခိုးရှင်ဘုရင်အဆင့် တစ်ဦး ဖြစ်နေပြီလား” ဝေကုချန်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

တုန်ရွှမ်းအာသည်လည်း မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ရသည့်အလား တလက်လက် တောက်ပနေသည့် မျက်ဝန်းအစုံဖြင့် ပါးစပ်ကို လက်ကလေးဖြင့် အုပ်လျက် ချင်းတုန်အား လေးစားတကြီး လှည့်ကြည့်လိုက်လေသည်။

တန်ခိုးရှင်ဘုရင်အဆင့်…

လွန်ခဲ့သော နှစ်ပေါင်းသောင်းနှင့်ချီအတွင်း အရိပ်ကြယ်ပေါ်တွင် မည်သူမှ မရောက်နိုင်ခဲ့သော အဆင့်တစ်ဆင့်ပင်…

ချင်းတုန် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသည်သာ အမှန်ဖြစ်မည်ဆိုလျှင် အရိပ်လခန်းမကို ကယ်တင်နိုင်ပေပြီ။ တုန်ရွှမ်းအာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ကျလာခဲ့သည်။ ထိုစဉ် သေဆုံးသွားသော သူမ၏ ဂျူနီယာ မောင်လေး၊ ညီမလေးအားလုံးကို ပြန်မြင်ယောင်လာမိသည်။

နောက်ဆုံး ထိုလူများ၏ ဝိဥာဉ်သည် ကောင်းကင်ယံထက်၌ အေးအေးဆေးဆေး အိပ်စက်လဲလျောင်းနိုင်ပေတော့မည်။ ဆရာက တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်နေပြီဆိုမှတော့ သေသွားတဲ့ လူတွေ အကုန်လုံးအတွက် ကျိန်းသေ လက်စားပြန်ချေလို့ရပြီ

ဒုတ်…

အရိပ်လခန်းမ၏ သစ္စာဖောက်များအားလုံး ချက်ချင်း ဒူးထောက်လိုက်ကြပြီး ချင်းတုန်အား ကြောက်လန့်တကြား စိုက်ကြည့်ရင်း အသနားခံ တောင်းပန်တော့လေသည်။

“အကြီးအကဲချုပ်၊ လက်အောက်ငယ်သား မှားမှန်းသိပါပြီ။ ကျေးဇူးပြုပြီး ဒီလက်အောက်ငယ်သားကို ခွင့်လွှတ်ပေးပါ”

“အကြီးအကဲချုပ်၊ လက်အောက်ငယ်သားလည်း မတတ်သာလို့ လုပ်ခဲ့ရတာပါ။ အဲ့မိစ္ဆာကောင်တွေက လက်အောက်ငယ်သားရဲ့ မိသားစုဝင်တွေကို ဓါးစားခံလုပ်ထားလို့ အခုလို လုပ်ခဲ့ရတာပါ။ ကျေးဇူးပြုပြီး နားလည်ပေးပါ အကြီးအကဲချုပ်”

“အကြီးအကဲချုပ်၊ ကျေးဇူးပြုပြီး ကျုပ်တို့အမှားကို ပြန်ပြင်ဖို့ နောက်တစ်ကြိမ် အခွင့်အရေးလေးပေးပါနော်”

ချင်းတုန်သည် ထိုလူများအား ရွံရှာစက်ဆုပ်စွာဖြင့် စိုက်ကြည့်လိုက်ပြီး အသက်တစ်ချက် ရှူသွင်းလျက် အေးစက်စက် လေသံဖြင့် မေးလိုက်လေသည် “ချန်အာ၊ ရွှမ်းအာ၊ အဲ့ကောင်တွေ အရိပ်လခန်းမက လူတွေကို သတ်ထားသေးလား”

“သတ်ထားပါတယ်” ဝေကုချန်းက ဒေါသတကြီး ပြန်ဖြေလိုက်သည်။

ယုတ်မာရက်စက်သည့် နည်းလမ်းများကို အသုံးပြုသော ရန်သူများမှာ မုန်းတီးစရာကောင်းသော်လည်း လူယုတ်မာများကို အားပေးထောက်ခံပြီး အတွင်းကို ပြန်လှိုက်စားသည့် သစ္စာဖောက်များမှာ ပို၍ မုန်းစရာကောင်းပေသည်။ ထိုသစ္စာဖောက်များ သူတို့၏ အပေါင်းအပါများအား ပြန်လည် သတ်ဖြတ်နေသည်ကို ဝေကုချန်း တစ်ကြိမ်မက မြင်ဖူးပေသည်။

“ကောင်းတယ်” သူ့ရင်ထဲ အလွန်ကိုမှ ဒေါသထွက်နေသော်ငြား ချင်းတုန် မျက်နှာသည် လုံးဝကို တည်ငြိမ်နေခဲ့သည် “ငါတို့ လူတွေကို သတ်ထားမှတော့ ဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး”

ပြောပြီးသည်နှင့် ချင်းတုန်သည သူ့လက်ကို ဆန့်ထုတ်၍ ဒူးထောက်နေသော သစ္စာဖောက်များဆီ လက်ညိုးထိုးလိုက်၏။

ထိုသစ္စာဖောက်အားလုံး မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် တစ်ကိုယ်လုံး တောင့်တောင်ကြီး ဖြစ်ကုန်ကြလေသည်။

အကုန်လုံး၏ မျက်နှာများသည် နာကျင်မှုကြောင့် ရွံ့တွလာပြီးနောက် ခဏအကြာ၌ ဘုန်းဘုန်းဘုန်း… အကုန်လုံး တဘုန်းဘုန်း ပေါက်ကွဲထွက်ကုန်လေသည်။

“ငါ့ကို သတ်ပေးပါ၊ ငါ့ကို သတ်ပေးပါ” ရှဲ့ချန်သည် စူးစူးဝါးဝါး ထအော်လေသည်။

လက်ရှိ ရှဲ့ချန်အဖို့ သေသည်ကမှ ပို၍ ကောင်းပေဦးမည်။ သူနှစ်ပေါင်း ရာနှင့်ချီ ကြိုးစား ကျင့်ကြံလာခဲ့ရသော ကျင့်ကြံခြင်းမှာ မျက်စိတစ်မှိတ်အတွင်း ဖျက်စီးခံလိုက်ရသည့်အတွက် ရှဲ့ချန် အလွန်ကိုမှ စိတ်ဓါတ်ကျနေခဲ့လေသည်။

“သတ်လိုက် မင်းအတွက် အရမ်း ညှာတာလွန်းရာကျတယ်” ချင်းတုန်သည် ထူးမခြားနားဟန်ဖြင့် သူ့လက်ကို ဝှေ့ရမ်း၍ ရှဲ့ချန်၏ ဒဏ်ရာများကို သွေးတိတ်အောင် လုပ်လိုက်သည်။ ထို့နောက် ရှဲ့ချန်အား သယ်လျက် ကောင်းကင်ကံကြမ္မာမြို့သို့ ဦးတည်သွားလေသည်။

“ချန်းအာ၊ ရွှမ်းအာ၊ ငါနဲ့လိုက်ခဲ့။ မင်းတို့ ဦးလေးဖေးကို သွားကယ်ကြမယ်”

ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး ချင်းတုန်နောက်သို့ စိတ်လှုပ်ရှားစွာဖြင့် လိုက်သွားကြလေသည်။

ချင်းတုန် တကယ် ဒေါသထွက်နေပြီမှန်း သူတို့ သိလိုက်ကြသည်။ မဟုတ်လျှင် ချင်းတုန်၏ စိတ်နေစိတ်ထားအရ ရှဲ့ချန်အား အသက်ရှင်လျက်ထားပြီး ထိုင်နှိပ်စက်နေလိမ့်မည် မဟုတ်ချေ။

“ငါတို့လည်း လိုက်သွားရအောင်” ရန်ကိုင်သည် စုယန်နှင့် ရှနင်းချန်တို့အား လက်ယပ်ခေါ်လိုက်ပြီး “မြို့သခင်ဖေးက အရင်တုန်းက ငါ့ကို ကူညီပေးဖူးတယ်”

“ဂျူနီယာမောင်လေးရဲ့ ကျေးဇူးရှင်ဆိုမှတော့ ငါတို့ သူ့ကို ကျိန်းသေ ကယ်ရမှာပေါ့” အမျိုးသမီးနှစ်ဦးစလုံး တစ်ပြိုင်တည်း ပြန်ပြောလိုက်ကြသည်။

……

ကောင်းကင်ကံကြမ္မာမြို့တော် တစ်ခုလုံး အစောင့်အကြပ် အလွန်ကိုမှ ထူပြောပေသည်။ မည်သည့်နေရာသွားသွား အစောင့် မရှိသည့်နေရာ ဟူ၍ မရှိချေ။

မြို့အလယ်ရှိ မြေကွပ်လပ်၌၊ ဖရိုဖရဲ ဖြစ်နေသော ဖေးကျီတုအား သံကြိုးများဖြင့် စင်မြင့်ပေါ်တွင် ချုပ်နှောင်ထားခဲ့သည်။

ထို့အပြင် သူ့ဆီမှ မည်သည့် သူတော်စင်ချီ အရှိန်အဝါမှလည်း ထွက်ပေါ်နေခြင်း မရှိချေ။ ဖေးကျီတု၏ ကျင့်ကြံခြင်း ချိတ်ပိတ်ထားခံရခြင်း မဟုတ်လျှင် ပျက်စီးသွားသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

သို့တိုင်း ဖေးကျီတုသည် နည်းနည်းလေးမှ ကြောက်လန့်နေခြင်း မ၇ှိခဲ့ချေ။

မြေကွက်လပ်ပတ်လည်တွင် မရေမတွက်နိုင်သော ကောင်းကင် ကံကြမ္မာမြို့တော်၏ မြို့နေလူထုများ စုဝေးနေခဲ့ကြသည်။

အချို့သည် ဖေးကျီတုအား အလွန် ဝမ်းနည်းသည့် အကြည့်ဖြင့် ကြည့်နေကြသလို အချို့သည် အလွန် ဒေါသထွက်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။

ကောင်းကင်ကံကြမ္မာမြို့တော်သည် လွန်ခဲ့သည့် နှစ်များစွာအတွင်း ငြိမ်းချမ်းသာယာခဲ့သော်ငြား အလောင်းဝိဥာဉ်ဂိုဏ်းတော် ထွက်ပေါ်လာသည့် အချိန်မှစ၍ ၎င်း၏ ငြိမ်းချမ်းမှု စတင် ပျက်စီးခဲ့ရသည်။

မရေမတွက်နိုင်သော လူငယ်များ ရှင်းပြမရစွာ ပျောက်ဆုံးသွားပြီး မရေမတွက်နိုင်သော မိန်းမချောလေးများလည်း ဖမ်းခေါ်သွားခံခဲ့ရသည်။ ထို့အပြင် မည်သူမှလည်း ထိုလူများကို သွားခုခံ၍မရချေ။ ပြန်ခုခံလျှင် ရက်ရက်စက်စက် အပြစ်ပေးခံရပေသည်။

ဖေးကျီတု မြို့သခင် ဖြစ်သည့်အချိန်ကနှင့် ယှဉ်လိုက်သော် အကုန်လုံး၏ ဘဝမှာ ငရဲတွင်းသို့ ရောက်သည့်နှယ် ဖြစ်ကုန်ကြ၏။

ယနေ့သည့် ဖေးကျီတုအား ကွပ်မျက်တော့မည့်နေ့ ဖြစ်သည်။ အလောင်းဝိဥာဉ်ဂိုဏ်းတော်သည် ဤအဖြစ်ကို နမူနာအဖြစ်သုံး၍ သူတို့အား ဆန့်ကျင်လျှင် မည်သို့သော ကံကြမ္မာနှင့် ရင်ဆိုင်ရမလဲ ဆိုသည်ကို အခြားသူများအား ပြသချင်နေသည်။

ဖေးကျီတု ရပ်နေသည့် နေရာနှင့် မနီးမဝေးတွင် အရိပ်လခန်း၏ အဆင့်မြင့်အကြီးအကဲအချို့ ထိုင်နေကြသည်။ ယခင်က ထိုလူများသည် ဖေးကျီတုအား အစ်ကိုဖေး စသဖြင့် ခေါ်ဝေါ်ခဲ့ကြသော်လည်း ယခုမူ အကုန်လုံးသည် သပ်ရပ်စွာ ဝတ်ထားသည့် လူငယ်လေးတစ်ဦးနားတွင် ကပ်ဖားယပ်ဖား အမူအရာများဖြင့် ထိုင်နေကြလေသည်။

ထိုလူငယ်လေးသည် အတော်လေးကိုမှ ငယ်လှကာ အသက် ဆယ့်ခုနှစ်၊ ဆယ့်ရှစ်လောက်သာ ရှိဦးမည်ဟု ထင်ရသည်။ သို့သော် သူ့မျက်နှာမှာ ထူးထူးခြားခြားကို ဖြူစွတ်နေပြီး အခြားသူများအား မသက်မသာ ဖြစ်စေသည့် အေးစက်စက် အရှိန်အဝါတစ်ခုကလည်း သူ့တစ်ကိုယ်လုံးကို ဝန်းရံထားနေလေသည်။ ထိုလူငယ်လေးနား ကပ်သွားလျှင် သူ့ဆီမှ ဆီချေးစော်နံ့ ထွက်နေသည်ကို သတိပြုမိပေလိမ့်မည်။

လက်ရှိတွင် ထိုလူငယ်လေးသည် ချစ်ချစ်တောက် ပူလောင်သော နေမင်းအောက် ထိုင်နေရသည်ကို မကျေမနပ် ဖြစ်နေသည့်အလား မကြာခဏ ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်း ကျိန်ဆဲနေလေသည်။

ထိုအခြင်းအရာကို သတိပြုမိသော် အရိပ်လခန်းမ၏ သစ္စာဖောက် အကြီးအကဲများထဲမှ တစ်ဦးက ချက်ချင်း လက်ဝှေ့ရမ်း၍ အော်ပြောလိုက်လေသည် “သွေးစတေးမယ့်လူကို ခေါ်လာလိုက်တော့”

ချက်ချင်းပဲ အနားတွင် ရပ်နေသော ကလေးတစ်ဦးကို ပိုက်ထားသည့် သူတော်စင်ဘုရင်အဆင့် ပညာရှင်က ရှေ့သို့ ပြေးထွက်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၇၂)

ကလေးလေးသည် နှစ်နှစ်၊ သုံးလောက်သာ ရှိသေးသည်။ ဝဝဖီးဖီးနှင့် ချစ်စဖွယ်ကောင်းလှသော်လည်း လူကြီး၏ အကြမ်းပတမ်း ကိုင်တွယ်ခံခြင်း ခံရသည့်အတွက် အော်ဟစ် ငိုကြွေးနေခဲ့လေသည်။

ကလေးငိုသံကို ကြားလိုက်သည့်အချိန်တွင် လူအုပ်ကြီးထဲရှိ အသက် သုံးဆယ်လောက်ရှိမည့် လူကြီးတစ်ဦး၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားပြီး ဝမ်းနည်းကြွေကွဲနေသည့် လေသံဖြင့် “ငါ့သားလေး”

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူ့သား အိမ်မှ ရုတ်တရက် ပျောက်ခြင်းမလှ ပျောက်သွားခဲ့သည်။ သို့သော်ငြား သူ့ကလေးကို မည်သူမှ ခိုးယူသွားခဲ့မှန်း လူကြီး မသိခဲ့ချေ။

ယခုမှပဲ သူ့ကလေးကို ခိုးယူသွားသည့်လူမှာ အရိပ်ခန်းမကမှန်း သိလိုက်တော့သည်။

ကောလာဟာလများသည် အမှန်များ ဖြစ်နေခြင်းပေလား။

ဤအတောအတွင်း ငါးနှစ်အရွယ် ကလေးများစွာနှင့် မိန်းမချောများစွာ တစ်ယောက်ပြီးတစ်ယောက် ထူးထူးဆန်းဆန်း ပျောက်ပျောက်သွားခဲ့သည်။ လူပျောက်သည့် မိသားစုဝင်များသည် သူတို့၏ မိသားစုဝင်များကို အသည်းအသန် လိုက်ရှာကြသော်ငြား မည်သို့မှ ရှာမတွေ့ခဲ့ချေ။ ကလေးများနှင့် မိန်းကလေးများကို ပြန်ပေးဆွဲနေသည့် တရားခံမှာ အရိပ်လခန်းမ ဖြစ်လိမ့်မည်ဟု အကုန်လုံး ထင်ခဲ့ကြသည်။ ကောင်းကင်ကံကြမ္မာမြို့တော် တစ်ခုလုံးတွင် ထိုကဲ့သို့ လုပ်ရပ်သည့် လူဆို၍ အရိပ်လခန်းမမှ လူများသာ ရှိသည် မဟုတ်ပေလော။

သို့သော်လည်း ခန့်မှန်းချက်များသည် ခန့်မှန်းချက်သက်သက်သာ ဖြစ်ကြပြီး သူတို့တွင် သက်သေပြစရာ မည်သည့် သဲလွန်စမှ ရှိမနေခဲ့ချေ။ သက်သေ ရှိနေလျှင် သူတို့ ဘာလုပ်နိုင်မည်နည်း။ ယခု အရိပ်လခန်းမသည် ယခင်ကကဲ့သို့ မဟုတ်တော့။ သူတို့သွားပြောလျှင် သူတို့ပင် ပြန်အသတ်ခံရပေဦးမည်။ ထို့ကြောင့် လူပျောက် မိသားစုဝင်များသည် သူတို့၏ မိသားစုဝင်များ ပျောက်ဆုံးနေရသည်မှာ အရိပ်လခန်းမ၏ လက်ချက်ကြောင့်မှန်း သိနေသော်လည်း အံကိုကြိတ်၍သာ ကြိတ်၍ငိုကြွေး ဒေါသထွက်ရုံမှအပ ဘာမှ မတတ်နိုင်ခဲ့ချေ။

ကလေးငိုသံကို ကြားလိုက်ချိန် သက်လတ်ပိုင်းလူကြီး စိတ်လှုပ်ရှားလာပြီး ချက်ချင်း ရှေ့သို့ ပြေးတက်သွားလေသည်။ သက်လတ်ပိုင်းလူကြီး၏ ကျင့်ကြံခြင်းမှာ မြင့်မားခြင်း မရှိဘဲ မသေမျိုးတတိယအဆင့်သို့သာ ရောက်ရှိပေသေးသည်။

ပုံမှန်အချိန်မျိုးတွင်ဆိုလျှင် ယခုကဲ့သို့ လုပ်ရဲမည် မဟုတ်သော်ငြား သူ့သားကို မြင်လိုက်ချိန် ဘာကိုမှ သေချာ မစဉ်းစားနိုင်တော့သည့် အတွက် ရှေ့သို့ ပြေးထွက်မိသွားခဲ့လေသည်။

“အတင့်ရဲလိုက်တာ” မာန်မဲသံသံနှင့်အတူ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပြေးဝင်သွားသည့် သက်လတ်ပိုင်းလူကြီးသည်လည်း စူးစူးဝါးဝါး အော်ဟစ်ရင်း မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။ သူ့ရင်ဘတ် ပေါ်တွင်မူကား အပေါက်တစ်ပေါက် ရှိနေခဲ့လေသည်။

ထိုအဖြစ်အပျက်ကို ကြည့်ရင်း လူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့သည်။

“စီနီယာဖန်းရှေ့မှာတောင် အတင့်ရဲတယ်။ နောက်တစ်ယောက် ဒါမျိုး လာလုပ်ရဲရင် အယောက်တစ်ရာ အသတ်ခံရမယ်မှတ်” အစောပိုင်းက လှုပ်ရှားလိုက်သည့် ကျင့်ကြံသူက အော်ပြောလိုက်၏။

ကောင်းကင်ကံကြမ္မာမြို့တော်၏ မြို့ခံများအားလုံး ခံပြင်း ဒေါသထွက်သွားကြသော်ငြား ခွန်အား ကွာခြားချက်ကြောင့် ဘာမှ ပြန်မပြောရဲခဲ့ဘဲ ငြိမ်ခံနေရုံသာ တတ်နိုင်ခဲ့လေသည်။

ထိုစဉ် သုံးလေးကလေးလေးသည် မျိုးရိုးနာမည်ဖန်းဆိုသည့် ကောင်လေးရှေ့သို့ ရောက်လာခဲ့လေသည်။

လူငယ်လေးသည် ကလေးငယ်အား ကြည့်ကြည့်လိုက်ပြီးနောက် ကျေနပ်စွာပြုံးလျက် လက်ဝှေ့ရမ်းပြလိုက်သည်။

ချက်ချင်းပဲ ကျော့ရှင်းစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ခါးကိုလှုပ်ခါရမ်းလျက် ရှေ့သို့ ထွက်လာခဲ့လေသည်။

“မင်းဘာလုပ်ချင်နေတာလဲ” ဖေးကျီတုက ရုတ်တရက် မေးလိုက်၏။ ဖေးကျီတုမှာ သူ့စွမ်းအားကို အသုံးမပြုနိုင်သည့် အတွက် လူငယ်လေးအား စိုက်ကြည့်နေရုံမှအပ ဘာမှ မလုပ်နိုင်ခဲ့ချေ။

လူငယ်လေးသည် ညစ်ကျယ်ကျယ်လေးသာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။

ထို့အစား အရိပ်လခန်းမ၏ အကြီးအကဲတစ်ဦးက အဓိပ္ပါယ်ပါပါ ပြုံးလျက် “စီနီယာဖေး၊ သေရတော့မှာကို မင်းဘာတွေ ဒီလောက် စပ်စုချင်နေတာလဲ။ ကိုယ့်ဘာသာ အေးအေးဆေးဆေးနေပြီး နောက်ဆုံး လက်ကျန် အချိန်လေးကို ကြည်နူးနေတာ မဟုတ်ဘူး”

ပြောပြီးသည့်နောက်တွင် ထိုလူသည် ဖေးကျီတုအား ဆက်၍ ဂရုမစိုက်တော့ချေ။

မိန်းမငယ်လေးသည် ကလေးငယ်ဆီသို့ လမ်းလျှောက်သွားပြီး ကလေးလက်မောင်းကို ကိုင်လျက် နှုတ်ခမ်းသပ်လိုက်၏။ ထို့နောက် လူငယ်လေးဘက်သို့ လှည့်၍ “ဒီသွေးစတေးခံရဲ့ အသားက တော်တော်လေး နူးညံ့တယ်၊ စီနီယာဖန်း အကြိုက်ပဲ”

“လုပ်လိုက်တော့” မျိုးရိုးနာမည်ဖန်းဆိုသည့် လူငယ်လေးက အမိန့်ပေးလိုက်သည်။

အမိန့်ရလိုက်သည်နှင့် မိန်းမငယ်လေးသည် ဓါးမြောင် တစ်ချောင်းနှင့် ဖန်ခွက်တစ်လုံးကို ထုတ်လိုက်၏။ ထို့နောက် ကလေးလက်မောင်းကို ဓါးမြောင်ဖြင့် အသာအယာ လှီးလိုက်ပြီး ကျလာသော သွေးများကို ဖန်ခွက်ဖြင့် ခံထားလိုက်လေသည်။

“ခွေးကောင်တွေ၊ မင်းတို့အားလုံး အသေဆိုးနဲ့ သေလိမ့်မယ်” ထိုမြင်ကွင်းကိုကြည့်ရင်း ဖေးကျီတု ဒေါသတကြီး ထအော်လေသည်။ ကလေးဆီ ပြေးသွားပြီး ကယ်ရန် လုပ်လိုက်သော်ငြား ခြေတစ်လှမ်းပင် မလှမ်းရသေးခင်မှာပဲ သူ့အား စောင့်ကြည့်နေသော ကျင့်ကြံသူ၏ ရိုက်နှက်ခြင်း ခံလိုက်ရလေ၏။

မျိုးရိုးနာမည်ဖန်းနှင့် လူငယ်လေးက ဖေးကျီတုအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ညစ်ကျယ်ကျယ် ပြုံးလျက် “ခင်ဗျားလို အရှုံးသမားတစ်ယောက်က ဘာတွေ လာပြောနေတာလဲ။ စိတ်မပူနဲ့။ ခင်ဗျားခေါင်းကို ဖြတ်ပြီးရင် ဒီဘုရင်မက ခင်ဗျားကို ဘဝသစ်တစ်ခု ထပ်ပေးမှာ။ ဒါကြောင့် အေးအေးဆေးဆေးနေနေ၊ ပူညံပူညံ လုပ်မနေနဲ့”

သူပြောသည်ကို လူအုပ်ကြီးမှာ နားမလည်သော်ငြား ဖေးကျီတုကတော့ နားလည်ပေသည်။ ထို့ကြောင့် ရိုက်နှက်ခံနေရသည့်တိုင် ဒေါသတကြီး ပြန်အော်ပြောလေ၏ “ဖန်ဖုန်းချီ ခွေးသူတောင်းစား၊ ငါသေရင်တောင် မင်းကို အလွတ်မပေးဘူးကွ”

လူငယ်လေးက ပြန်၍သာ လှောင်ပြောင်ပြောဆိုလိုက်လေသည် “အခု ပြောနိုင်တုန်းပြောထား၊ အလောင်းဝိဥာဉ်မျိုးနွယ် တစ်ဦး ဖြစ်လာရင် ခင်ဗျား အဲ့လို တွေးတော့မှာ မဟုတ်ဘူး။ အဲ့အချိန်ကျရင် ခင်ဗျား ကိုယ်တိုင်တောင် ဒါမျိုး အစားအသောက်တွေကို ကြိုက်လာဦးမှာ”

ပြောနေရင်း မိန်းမငယ်လေး လက်ထဲမှ ခွက်ကိုယူ၍ တစ်ချက် အန့ခံကြည့်လိုက်ပြီးနောက် တစ်ကြိုက်တည်း မော့ချလိုက်၏။

ကြည့်နေသူအားလုံး ထိတ်လန့်သွားခဲ့သည်။

အကုန်လုံး၏ အကြည့်၏ ဖန်ဖုန်းချီ၏ ပါးစပ်ထောင့်စွန်းထက် စီးကျလာသော သွေးစီးကြောင်းကိုသာ ရောက်ရှိနေခဲ့သည်။

သူတကယ်ကြီး … သေသောက်လိုက်တာလား။ အလောင်းမျိုးနွယ်စုတွေက ပြောတဲ့အတိုင်းများ ဖြစ်နေမလား

ဖေးကျီတုသည် မီးတောက်မတတ်အကြည့်ဖြင့် ဖန်ဖုန်းချီအား စိုက်ကြည့်ရင်း အသည်းအသန် ရုန်းကန်နေခဲ့သည်။

“ကောင်းလိုက်တာ” ဖန်ဖုန်းချီသည် ပါးစပ်ထောင့်စွန်းမှ သွေးများကို သုတ်လိုက်ပြီးနောက် ထိုလက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ မိန်းမငယ်လေးသည် သူ့ရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်ပြီး ထိုသွေးများကို သန့်စင်သွားအောင် လျှာ့ဖြင့် လျက်ပေးလိုက်လေသည်။

ကလေးမှာမူ သွေးအထုတ်ခံရသည့်အတွက် ဖြူလျော်ဖြူလျော် ဖြစ်နေပြီး ငိုပင်မငိုနိုင်တော့ချေ။ ကလေးငယ်အား ခေါ်လာသည့် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူသည် ကလေးအား ချက်ချင်းပဲ ပြန်ခေါ်သွားလေသည်။

ကလေးသည် ချက်ချင်း သေဦးမည် မဟုတ်သော်ငြား ဤကဲ့သို့ ခံစားခဲ့ရသည့် အဖြစ်အပျက်ကြီးသည် အရိပ်မည်းကြီး တစ်ခုနှယ် သူ့လက်ကျန် တစ်ဘဝလုံးကို ကြီးစိုးနေပေတော့လိမ့်မည်။

“အချိန်ရောက်လာပြီ။ ဖေးကျီတု ခင်ဗျားရဲ့ ဘဝသစ်အတွက် အဆင်သင့်ဖြစ်ပြီလား။ ခင်ဗျားကို အခုလို ဘဝသစ် ပေးတဲ့အတွက် ဂိုဏ်းတော်သခင်ကို ကျေးဇူးတင်သင့်တယ်” ဖန်ဖုန်းချီက မတ်တပ်ရပ်၍ ပြောလိုက်သည်။

သွေးသောက်ပြီးနောက်တွင် ဖြူတ်ဖြတ်ဖြူလျော် ဖြစ်နေသော သူ့မျက်နှာသည် အနည်းငယ် သွေးရောင် ပြန်လွှမ်းလာခဲ့လေသည်။

ထိုစကားကိုကြားသော် ဖေးကျီတုက ရူးသွပ်စွာ ရယ်မောလျက် “ခွေးသူတောင်းစာတွေ၊ ငါသေလို့ မကောင်းဆိုရွား ဖြစ်သွားရင်တောင် မင်းတို့ အကုန်လုံးကို သတ်ပစ်ဦးမှာ”

ပြောပြီးသည် အရိပ်လခန်းမ၏ သစ္စာဖောက်များကို ရွံ့ရှာစက်ဆုပ်၊ မုန်းတီးသည့် အကြည့်ဖြင့် ဝေ့ကြည့်လိုက်လေသည်။

“ပြောတာကောင်းတယ်” ဒေါသတကြီး အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

“ဘယ်သူလဲ” ဖန်ဖုန်းချီ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ အလျင်စလို မော့ကြည့်လိုက်၏။

လက်ရှိ ရောက်လာသည့်လူသည် အလွန်အားကောင်းသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ဟု သူ့မသိစိတ်က ပြောနေသည်။ သူ့ခွန်အားသည် တန်ခိုးရှင်တတိယအဆင့်များနှင့် ယှဉ်နိုင်၏။ သူပင်လျှင် သတိမပြုမိဘဲ ရောက်လာနိုင်သည်ကို ကြည့်လျှင် ယခု ရောက်ရှိလာသည့်လူသည် တန်ခိုးရှင်တတိယအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေသူ တစ်ဦး ဖြစ်ရပေလိမ့်မည်။

“ဒါက…” ထိုအသံကို ကြားကြားချင်း ဖေးကျီတု တစ်ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သော်ငြား ချက်ချင်း ပြုံးဖြီးဖြီး ပြန်ဖြစ်သွားခဲ့လေသည်။

အစောပိုင်းက စကားပြောလိုက်သည့် အသံမှာ ချင်းတုန်၏ အသံမှန်း သေချာပေသည်။

အလင်းတစ်ချက် လက်သွားပြီးနောက် ကောင်းကင်ထက်တွင် ချင်းတုန် ပေါ်လာခဲ့သည်။

“အကြီးအကဲချုပ်” ချင်းတုန်ကို မြင်လိုက်သည်နှင့် အရိပ်လခန်းမမှ သစ္စာဖောက်များအားလုံး အထိတ်အထိတ်အလန့်လန့် ဖြစ်ကုန်ကြလေသည်။

“ဟန့်၊ ဒါတွေ လုပ်ပြီးတောတောင် ငါ့ကို အကြီးအကဲချုပ်လို့များ လာခေါ်ရဲသေးတယ်” ချင်းတုန်သည် သစ္စာဖောက်များအား တစ်ချက် ကြည့်လိုက်လေသည်။

နောက်ထပ် အလင်းတန်းနှစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။ ရောက်လာသည့်လူမှာ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ ဖြစ်ပေသည်။

ဖေးကျီတု၏ လက်ရှိပုံစံကို မြင်ပြီးနောက် နှစ်ယောက်စလုံး ပြိုင်တူ အော်ဟစ်မိလိုက်ကြသည် “ဦးလေးဖေး”

“ချန်အာ၊ ရွှမ်းအာ၊ မင်းတို့လည်း ရောက်လာတာလား” ဖေးကျီတုက ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ကိုကြည့်ရင်း ပြန်ပြောလိုက်သည်။ အချုပ်ခံထားရစဉ်အတွင်း ဝေကုချန်း၊ တုန်ရွှမ်းအာတို့နှင့် အဆက်အသွယ် မလုပ်နိုင်ခဲ့သည့်အတွက် ထိုနှစ်ဦးအခြေအနေကို သူမသိခဲ့ရချေ။ ယခု သူ့ရှေ့တွင် ဘာမှ မဖြစ်ဘဲ ပေါ်လာသည်ကို မြင်သည့်အခါမှပဲ ဖေးကျီတုရင်ထဲရှိ အလုံးကြီး ကျသွဦးခဲ့ရတော့သည်။

“မင်းတို့ ဦးလေးဖေးကို သွားကယ်လိုက်” ချင်းတုန်က အမိန့်ပေးလိုက်လေသည်။

“ဟုတ်ကဲ့” ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည် ချက်ချင်းပဲ စင်မြင့်ပေါ်သို့ ဆင်းသွားခဲ့လေသည်။

ဖေကျီတုအား စောင့်ကြပ်နေသည့် ကျင့်ကြံသူသည် ပျံသန်းလာနေသာ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ကို ကြည့်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့သည်။ သို့သော်ငြား သူဘာမှမလုပ်နိုင်သေးခင်မှာပဲ ဝေကုချန်းအား သူ့အား ခြေထောက်စာ ကျွေးလိုက်လေသည် “ထွက်သွားစမ်း”

“ရဲတင်းလိုက်တာ။ စီနီယာဖုန်း ရှေ့မှာတောင် မင်းဘယ်လို ရိုင်းပြရဲတာလဲ ဝေကုချန်း” ချက်ချင်းပဲ တစ်ယောက်ယောက်က ဝေကုချန်းအား ဒေါသတကြီး အော်ဟစ်ကျိန်းမောင်းလိုက်လေသည်။

သို့သော်လည်း ဝေကုချန်းက ဖေးကျီတုအား အချုပ်အနှောင်မှ လွှတ်ပေးရင်း လှောင်ပြုံးပြုံး၍သာ ပြန်ပြောလိုက်လေသည် “ယွမ်ချီ၊ ငါဝေကုချန်း အရင်က ခင်ဗျားကို လေးစားခဲ့ဖူးတယ်။ ဒါပေမယ့် ခင်ဗျားက သွေးကြောင်ပြီး သောက်ရမ်း ကြောက်တတ်တဲ့ ငကြောက်တစ်ယောက်မှန်း ငါမသိခဲ့ဘူး။ ခင်ဗျားကို လေးစားခဲ့တဲ့ ကိုယ်ကိုယ်ကိုတောင် နောင်တရချင်တယ်။ ငါ့လခွမ်း၊ သူများ ခွေးဘဝ ရောက်သွားတာကို ကျေနပ်ရုံနေတင်မဟုတ်ဘူး၊ အချင်းချင်းကို ပြန်ပြီး သစ္စာပါ ဖောက်ရတယ်လို့။ ခင်ဗျားအစား ရှက်လိုက်တာ။ ဘာမှမဖြစ်တော့ဘူး။ ဒီနေ့ မင်းတို့အားလုံး သေရတော့မှာ”

ယွမ်ချီဆိုသည့် ကျင့်ကြံသူက ဝေကုချန်းစကားကို ကြာပြီးနောက် ဒေါသတကြီး ပြန်အော်ပြောလေသည် “မင်းက ဘာမို့လို့လဲ”

ဝေကုချန်းက ပြန်ပြောတော့မည်အပြု ချင်းတုန်က ဖြတ်ပြောလိုက်လေသည် “သေရတော့မယ့် လူတွေနဲ့ ပြိုင်ပြောမနေနဲ့”

ဝေကုချန်းသည် စဉ်းစားသည့်ဟန် လုပ်ပြလိုက်ပြီးနောက် “အကြီးအကဲချုပ်ပြောတာ မှန်တယ်”

ယွမ်ချီသည် ဒေါသထွက်ထွက်ဖြင့် ထပ်ပြီး ပြောတော့မည်အပြု ရုတ်တရက် ချင်းတုန် လက်ဆီသို့ အကြည့်ရောက်သွား၏။ သေချာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် အလန့်တကြား ထအော်လေသည် “ခန်းမသခင်လား”

ယခုမှပဲ ချင်းတုန် လက်ထဲတွင် ကိုင်ထားသည်မှာ ရှဲ့ချန် ဖြစ်နေမှန်း ယွမ်ချီ နားလည်သွားတော့သည်။ ရှဲ့ချန်ဟုပင် ပြော၍မရတော့ဘဲ ခြေလက်များ မရှိတော့သော ရှဲ့ချန်ဟုသာ ပြောရပေမည်။

ခြေလက်များ တစ်ချောင်းမှ မရှိတော့သည့်တိုင် ရှဲ့ချန်သည် အသက်ရှင်နေသေးသည်။ ထို့အပြင် အလွန်ကိုမှ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည့်အလား သူ့မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့နေခဲ့လေသည်။

ယွမ်ချီ ပြောသည်ကို ကြားလိုက်သည့်အခါမှ အခြားသူများလည်း ချင်းတုန် လက်ဆီသို့ လှမ်းကြည့်မိလိုက်သည်။ ရှဲ့ချန်ကို ကြည့်ရင်း သူတို့ အနာဂတ်ကို မြင်လိုက်ရသည့်နှယ် အကုန်လုံး တုန်တုန်ရီရီ ဖြစ်သွားကြပြီး အကာအကွယ်ရလိုရငြား ဖန်ဖုန်းချီဆီသို့ အလိုလို တိုးကပ်သွားကြလေသည်။

ချင်းတုန်သည် ရှဲ့ချန်၏ လက်ကျန် ခန္ဓာကိုယ်ကို စင်ပေါ်သို့ လွှင့်ပစ်လိုက်ပြီးနောက် “ငါမင်းတို့ကို မသတ်ချင်ဘူး။ ဒီတော့ မင်းတို့ဘာသာ သက်သေလိုက်တာ အကောင်းဆုံးပဲ။ အဲ့ဒါဆို ဘာမှနာကျင်မနေရဘဲ သေရလိမ့်မယ်။ ငါကိုယ်တိုင် လုပ်ရမယ် ဆိုရင်တော့ မင်းတို့အကုန်လုံး သက်သာမှာ မဟုတ်ဘူးနော်”

အကုန်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ကြလေသည်။

“ချင်းအိုကြီး၊ မင်းဘာတွေ ပြောနေတာလဲ။ ငါတို့ ဒီက မြန်မြန် ထွက်သွားဖို့ လိုတယ်ကွ” ဖေးကျီတုက စိုးရိမ်တကြီး အော်ပြောလိုက်လေသည်။

ချင်းတုန် သန်မာသည်မှာ မှန်သော်ငြား ရန်သူ အရေအတွက်မှာ အလွန်ကိုမှ များပြားလွန်သည်။ ထို့ကြောင့် ချင်းတုန် တစ်ယောက်တည်းဖြင့် ထိုလူအများကြီးကို ရင်ဆိုင်နိုင်လိမ့်မည်ဟု သူမယုံကြည်။ ချင်းတုန်သာ ဤနေရာတွင် သေသွားခဲ့ရင် အကုန်လုံး လုံးဝ ဒုက္ခရောက်ကုန်ကြရပေလိမ့်မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၇၃)

ဖေးကျီတုသာ ထိုကဲ့သို့ တွေးနေခြင်းမဟုတ်ဘဲ အရိပ်လခန်းမ၏ သစ္စာဖောက်များသည်လည်း ထိုကဲ့သို့ တွေးနေခဲ့ကြသည်။ အကုန်လုံးသည် ချင်းတုန်အား ဦးနှောက်မရှိသည့် လူတစ်ဦးနှယ် ကြောင်ကြည့်နေခဲ့ကြသည်။

ဖန်ဖုန်းချီသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး “ခွေးအိုကြီး၊ အခုလိုမျိုး လာပြောရအောင် ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေတာလဲ။ တန်ခိုးရှင်ဘုရင်အဆင့်တစ်ဦးလို့ ထင်နေတာလား”

သို့သော်ငြား ချင်းတုန်သည် ဘာမှပြန်မပြောဘဲ အရိပ်လခန်းမ၏ သစ္စာဖောက်များကိုသာ စိုက်ကြည့်နေခဲ့သည်။

ဝေကုချန်းမှာမူ အသံအကျယ်ဖြင့် အော်ပြောပစ်လိုက်ချင်သော်ငြား ချင်းတုန်ကိုယ်ကပင် ဘာမှမပြောသဖြင့် ပါးစပ်ပိတ်ထားခဲ့လေ၏။

အကြီးအကဲချုပ် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေကြောင်း သိလျှင် ထိုလူများ မည်ကဲ့သို့ ဖြစ်သွားဦးမလဲ သူတကယ် မြင်ချင်မိပေသည်။

ချင်းတုန်သည် စင်မြင့်ပေါ်၌ ဝဲလျက် အားလုံးကို နောက်ဆုံးအကြိမ် ရာဇသံပေးလိုက်၏ “ငါမင်းတို့ကို အသက်သုံးဆယ်ရှိုက်စာ အချိန် ပေးမယ်။ အဲ့အချိန်ပြည့်သွားလို့မှ ဒီအတိုင်းပဲ နေဦးမယ် ဆိုရင်တော့ ငါ့ကို အပြစ်မတင်တော့နဲ့”

“မင်းငါတို့ကို အရူးလာလုပ်နေတာလား တစ္ဆေအိုကြီးချင်”

“မဟုတ်တာတွေ လာပြောမနေနဲ့ အကြီးအကဲချုပ်”

“မင်းအကြီးအကဲချုပ် ဖြစ်ခဲ့တော့ရော ဘာဖြစ်လဲ။ မင်းခြိမ်းခြောက်လိုက်တာနဲ့ ငါတို့က ကိုယ့်ကိုယ်ကို သက်သေပေးရမှာလား”

“ဟုတ်တယ်၊ ချင်းတုန်၊ မင်း လွန်လာမယ်ဆိုရင် ငါတို့ကိုလည်း ရိုင်းတယ်ဆိုပြီး ပြန်အပြစ်မတင်နဲ့”

အကုန်လုံး တစ်ယောက်တစ်ပေါက်နှင့် ချင်းတုန်အား ပြန်အော်ပြောနေကြသော်လည်း ချင်းတုန်သည် ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ငြိမ်သက်စွာသာ ရပ်နေခဲ့လေသည်။

လက်ရောခြေရော ပြတ်နေသော ရှဲ့ချန်မှာမူ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရသွားရာမှ ရူးသွပ်သွားသည့်အလား အကျယ်ကြီး စူးစူးရှရှ အော်ရယ်မောနေခဲ့လေသည်။

“တိတ်စမ်း” ဖန်ဖုန်းချီသည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် သူ့လက်ကို ဝှေ့ရမ်းချလိုက်သည်။

ဓါးသွားကဲ့သို့သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဖန်ဖုန်းချီ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်သွားခဲ့လေသည်။

“မင်းတို့ အားလုံး သေရတော့မှာ… မင်းတို့အားလုံး သေကြတော့မှာကွ” ဖန်ဖုန်းချီသည် မသေခင် နှစ်ကြိမ်တိုင်တိုင် အော်ပြောသွားခဲ့လေသည် ။

ဖန်ဖုန်းချီကမူ ရှဲ့ချန်၏ အသက်မဲ့နေသည့် အလောင်းအား စူးရဲစွာ စိုက်ကြည့်ရင်း အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏ “ကိုယ့်ဘာသာ သောက်သုံးမကျရင် အေးအေးဆေးဆေး နေနေတာ မဟုတ်ဘူး။ သူများတွေကိုပါ လိုက်ဒုက္ခပေးနေသေးတယ်”

အရိပ်လခန်းမ၏ သစ္စာဖောက်များထဲတွင် ရှဲ့ချန်သည် အားအကောင်းဆုံး မဟုတ်သော်ငြား ဥာဏ်အများဆုံး ဖြစ်ပေသည်။ ထို့ကြောင့် ဖန်ဖုန်းချီသည် သူ့အား ခန်းမသခင်အဖြစ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ဂိုဏ်းတော်သခင်ဆီမှ ရရှိထားသော အထူးကျင့်စဉ်တစ်ခုကိုပင် ပေးအပ်ခဲ့ပြီး သူ့ကျင့်ကြံခြင်းအား တန်ခိုးရှင်တတိယအဆင့်သို့ ရောက်ရှိနိုင်အောင် ကူညီပေးခဲ့သေးသည်။

သို့သော်လည်း သူ့ဘက်မှ ထိုမျှ ကူညီပေးခဲ့သည့်တိုင် ရှဲ့ချန်သည် ထိုမျှ အသုံးမဝင် ဖြစ်လိမ့်မည်ဟု ဖန်ဖုန်းချီ မထင်ထားခဲ့ချေ။ ရှဲ့ချန်သည် အရိပ်လခန်းမ၏ ဂျူနီယာကို အသေသတ်ပြီး ငွေလကြေးမုံကို ပြန်မယူလာနိုင်ရုံမက ခြေလက်များပင် အဖြတ်ခံရပြီး ခွေးတစ်ကောင်နှယ် ပြန်ဆွဲခေါ်လာခံခဲ့ရသည်။

ထိုကဲ့သို့သော လူတစ်ယောက်အား အသက်ရှင်လျက် ထားထားလည်း ဘာမှ အသုံးဝင်တော့လိမ့်မည် မဟုတ်ချေ။

ထိုစဉ် စင်မြင့်ပေါ်ထက် အလင်းတစ်ချက် လက်သွားပြီး ရန်ကိုင်သည် စုယန်၊ ရှနင်းချန်တို့နှင့်အတူ ပေါ်လာခဲ့သည်။

ဖေးကျီတု၏ စုတ်ပြတ်သတ်နေသော ပုံစံကိုမြင်သော် ရန်ကိုင် အတော်လေး စိတ်မကောင်းဖြစ်သွားပြီး ချက်ချင်း စင်မြင့်ပေါ် ဆင်းသွားကာ ဖေးကျီတု၏ အခြေအနေကို သေသေချာချာ စစ်ဆေးကြည့်လိုက်လေသည်။

“ရန်ကိုင်၊ မင်းလည်း ရောက်နေတာလား” ဖေးကျီတု သွားပေါ်အောင် ပြုံးဖြီးလိုက်၏။

ငါအသက်ရှင်ခဲ့တာ အလကား ဖြစ်မသွားခဲ့ဘူးပဲ တကယ် အရေးကြီးသည် အခိုက်အတန့်တွင် ချင်းတုန်သည် သူ့ဂျူနီယာ နှစ်ဦးနှင့်အတူ ပြန်ပေါ်လာရုံမက ရန်ကိုင်သည်လည်း ရောက်လာခဲ့သည်။

စုယန်နှင့် ရှနင်းချန်တို့ ပေါ်လာသည့်အခိုက်တွင် အရိပ်လခန်းမ၏ သစ္စာဖောက်များအားလုံး ထိုမိန်းကလေးနှစ်ဦးဆီ အလိုလို လှမ်းကြည့်မိလိုက်ကြ၏။ မိန်းကလေးနှစ်ဦးကို မြင်လိုက်သည်နှင့် အကုန်လုံး စိတ်ထဲမှနေ၍ အလိုလို ချီးကျူးမိလိုက်ကြသည်။

ဖန်ဖုန်းချီဆိုပင် ပို၍ပင် ဆိုးသေးသည်။ ပြူးပြဲပြီး စိုက်ကြည့်နေရာ သူ့မျက်လုံး နှစ်လုံးစလုံး ကျွတ်ထွက်တော့မလားပင် ထင်ရ၏။ ထို့နောက် နှုတ်ခမ်းဖြင့် လျှာကို သပ်လိုက်လေသည်။

“စီနီယာဖေး၊ ခင်ဗျားရဲ့ ဒဏ်ရာတွေက…” စစ်ဆေးပြီးနောက် ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

ရန်ကိုင်၏ စကားသံကိုကြားသော် ဖေးကျီတု၏ အမူအရာ ပြောင်းလဲသွားပြီး ရင်ထိတ်သွားခဲ့လေ၏။

“ဘာပြဿနာမှ မရှိဘူးလို့” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “သူတော်စင်ချီ ချိတ်ပိတ်ထားခံရပြီး အပေါ်ယံဒဏ်ရာ နည်းနည်းပါးပါး ရထားရုံပဲ”

“ကောင်လေး၊ ငါ့ကို မခြောက်နဲ့ကွာ” ထိုစကားကို ကြားမှပဲ ဖေးကျီတု သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ခဏမျှ စဉ်းစားပြီးနောက် “သူတို့ ငါ့ခန္ဓာကိုယ်ကနေ တစ်ခုခု လိုနေသေးလို့ ငါ့ကျင့်ကြံခြင်းကို မဖျက်စီးလိုက်တာနဲ့ တူတယ်”

“ဒဏ်ရာလေးတွေပဲဆိုတော့ စီနီယာဖေး စိတ်ပူနေစရာ မလိုဘူး။ စီနီယာမမလေးမှာ သူ့ဒဏ်ရာတွေကို ကုလို့ရတဲ့ ဆေးလုံးရှိလား” ရန်ကိုင်က ရှနင်းချန်ဘက်သို့ လှည့်၍ မေးကြည့်လိုက်သည်။

ရှနင်းချန်သည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ချက်ချင်း ဆေးပုလင်း တစ်ပုလင်း ထုတ်ပေးလိုက်လေသည်။

ရန်ကိုင်သည် ဆေးပုလင်းကိုယူပြီး ဆေးလုံး အချို့ကိုထုတ်ကာ ဖေးကျီတုဆီ ပေးလိုက်လေသည်။ ဖေးကျီတုသည် ဆေးလုံးအား တစ်ချက်ပင် ကြည့်မနေဘဲ ချက်ချင်း မော့သောက်လိုက်၏။

သို့သော်ငြား ဆေးသောက်ပြီးသည်နှင့် တစ်ပြိုင်နက် မျက်လုံးအပြူးသားဖြင့် တအံ့တဩ ဆိုလိုက်လေသည် “ဒါက…”

ဘာမှဆက်ပြောမနေတော့ဘဲ ချက်ချင်း တင်ပလင်ခွေ ထိုင်ချကာ သူတော်စင်ချီကို လှည့်ပတ်၍ ဆေးအာနိသင်ကို စတင် စုပ်ယူတော့လေသည်။ မကြာမီ အားကောင်းသော စွမ်းအင်လှိုင်းတို့ ဖေးကျီတုဆီမှ ဖြာထွက်လာခဲ့ပြီး သူ့ဒဏ်ရာများသည် အလွန်ကိုမှ မြန်ဆန်သော အမြန်နှုန်းဖြင့် သက်သာပျောက်ကင်းလာတော့၏။

ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း မှင်သက်နေခဲ့ကြလေသည်။

ရှနင်းချန် ထုတ်ယူလိုက်သည် ဆေးလုံးသည် တန်ခိုးရှင်အဆင့် ဆေးလုံးတစ်လုံးဖြစ်မှန်း သူတို့ ပြောနိုင်၏။ ထိုပြင် ရိုးရိုး တန်ခိုးရှင်အဆင့် ဆေးလုံးတစ်လုံးပင် မဟုတ်ဘဲ တန်ခိုးရှင် တတိယအဆင့် ဆေးလုံးတစ်ပင် ဖြစ်နေလောက်သည်။ တန်ခိုးရှင် တတိယအဆင့်ဆေးလုံးသာ မဟုတ်လျှင် ဖေးကျီတု၏ ဒဏ်ရာ ဤမျှ မြန်မြန်ဆန်ဆန် ပျောက်ကင်းလာစရာ အကြောင်း မရှိချေ။

တန်ခိုးရှင်အဆင့်မြင့် ဆေးလုံး… ဝေကုချန်း တကယ်ကို မှင်သက်နေမိသည်။

“ယောင်းမကို ကျေးဇူးအများကြီး တင်ပါတယ်” ဝေကုချန်းက လက်သီးဆုပ်၍ တုန်ရွှမ်းအားကို ကျေးဇူးတင်လိုက်လေသည်။

ဝေကုချန်း၏ စကားကြောင့် ရှနင်းချန် ရှက်သွားဖြာခဲ့သည်။ ထို့နောက် ရန်ကိုင်ကို ကြည့်လျက် ပြန်ပြန်လိုက်လေသည် “စီနီယာအစ်ကို အခုလို ယဉ်ကျေးနေစရာ မလိုပါဘူး။ စီနီယာဖေးက ဂျူနီယာမောင်လေးရဲ့ ကျေးဇူးရှင်ပဲဟာကို။ သူ့ကို ကူညီရမှာ ကျွန်မတို့ တာဝန်ပဲလေ”

“အစ်ကိုရန်က တကယ်ကို ကံကောင်းတာပဲ” ဝေကုချန်းက ရန်ကိုင်အား မျက်စိမှိတ်ပြလိုက်သည်။

“အဲ့မိန်းကလေးနှစ်ဦးကို ဒီဘုရင်ဆီ ခေါ်လာခဲ့စမ်း” ဖန်ဖုန်းချီက ရုတ်တရက် အမိန့်ပေးလိုက်သည်။

မိန်းကလေးနှစ်ဦးစလုံးသည် ချောရုံလှရုံတင်မဟုတ်ဘဲ ရှနင်းချန် ထုတ်လိုက်သည့် ဆေးလုံးဆိုလျှင် အလွန်ကိုပင် အဖိုးတန်သေး၏။ အရိပ်ကြယ်ကဲ့သို့ နေရာမျိုးတွင် တန်ခိုးရှင်အဆင့်မြင့် ဆေးလုံးများသည် တစ်သက်တစ်ကြိမ်ပင် တွေ့ရန် ခက်ခဲလှသော အရာများ ဖြစ်ကြသည်။

ထို့ကြောင့် စုယန်နှင့် ရှနင်းချန်ကိုသာ ဖမ်းဆီးလိုက်သည်နှင့် သူတို့ နှစ်ဦးစလုံး သိုလှောင်လက်စွပ်အားလုံး သူ့အပိုင် ဖြစ်လာပေလိမ့်မည်။

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်သည် အေးစက်စက် အကြည့်ဖြင့် ဖန်ဖုန်းချီအား ပြန်စိုက်ကြည့်လိုက်၏။

ရန်ကိုင်အကြည့်ကို မြင်လိုက်ချိန် ဖန်ဖုန်းချီ ရင်တစ်ချက် ထိတ်သွားခဲ့သည်။ သေမင်း၏ အကြည့် သူ့အပေါ် ရောက်လာသလို ခံစားလိုက်ရ၏။

“အချိန် ပြည့်သွားပြီ”

ထိုစဉ် ချင်းတုန် ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး လူအုပ်ကြီးအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ပြီးနောက် ပြောလိုက်၏ “မင်းတို့က ကိုယ့်ဘာသာ မလုပ်ချင်မှတော့ ဒီလူအိုကြီး ကိုယ်တိုင်ပဲ လုပ်ပေးရတော့တာပေါ့”

ပြောပြီးသည်နှင့် အံ့ဩဖွယ်ရာကောင်းသည့် အရှိန်အဝါတစ်ရပ် ချင်းတုန်ဆီမှ ဖြာထွက်လာခဲ့သည်။

နယ်ပယ်ပင်… တန်ခိုးရှင်ဘုရင်အဆင့်တစ်ဦး၏ နယ်ပယ်ပင်…

အရိပ်လခန်းမ၏ သစ္စာဖောက်များသည် သူတို့၏ ရှီကို ထုတ်လွှတ်၍ ပြန်ခုခံရန် ကြိုးစားခဲ့သော်ငြား ကျောက်တောင်ကို သွားမှန်သည့် ကြက်ဥများနှယ် သူတို့၏ရှီသာ တစ်စစီ ပျက်စီးသွားခဲ့ရလေသည်။ မျက်တောင်တစ်ခတ်အတွင်း သစ္စာဖောက်များအားလုံး ဒွါရခုနှစ်ပေါက်မှ သွေးများ ယိုစီးကျလာခဲ့လေသည်။

အားကောင်းသော လေပြင်းများသည်လည်း စတင် တိုက်ခတ်လာခဲ့သည်။ ထိုလေပြင်းများသည် သူ့နယ်ပယ်ထဲ ချင်းတုန် ထည့်ပေါင်းထားသည့် ဓါတ်သဘာဝစွမ်းအင်တစ်မျိုး ဖြစ်ပေသည်။ လေပြင်းများသည် ဓါးသွားများအဖြစ်သို့ ပြောင်းလဲကာ သစ္စာဖောက်များကို စတင် ပိုင်းဖြတ်တော့၏။

နာကျင်စွာ အော်ဟစ်သံများနှင့်အတူ သစ္စာဖောက်များ၏ အသားများမှာ တတိတိနှင့် လှီးဖြတ်ခြင်း ခံနေခဲ့ရလေသည်။

“တန်ခိုးရှင်ဘုရင်အဆင့်” အကုန်လုံး အလန့်တကြား ထအော်ကြလေသည်။ ဖန်ဖုန်းချီသည်လည်း ဒေါသထွက်နေသည့် ချင်းတုန်အား မျက်လုံးကျွတ်ထွက်မတတ် စိုက်ကြည့်ရင်း တုန်တုန်ရီရီဖြင့် ဆိုလိုက်၏။

အစကမူ ချင်းတုန်အား ‘မင်းကိုယ်မင်း တန်ခိုးရှင်ဘုရင်အဆင့် မှတ်နေလား’ ဟု လှောင်ပြောင် ပြောဆိုခဲ့ခြင်းသာ ဖြစ်သော်ငြား သူပြောသည့်အတိုင်း ချင်းတုန်သည် တကယ်ကြီး တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“အကြီးအကဲချုပ်၊ ကျုပ်မှားမှန်းသိပါပြီ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

“တောင်းပန်ပါတယ် အကြီးအကဲချုပ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဗျာ”

ချင်းတုန်သည် တန်ခိုးရှင်ဘုရင်အဆင့်တစ်ဦးမှန်း သိလိုက်သည်နှင့် တစ်ပြိုင်နက် သစ္စာဖောက်များအားလုံး ကြောက်လန့်သွားကြပြီး ချက်ချင်း တောင်းပန်တိုးလျှိုးကြတော့လေသည်။ သို့သော်ငြား ချင်းတုန်သည် အကုန်လုံးအား ထူးမခြားနားဟန်ဖြင့်သာ စိုက်ကြည့်နေခဲ့သည်။

အသက်ဆယ်ရှိုက်စာ ကြာပြီးနောက်တွင် သစ္စာဖောက်အားလုံး စင်ပေါ်တွင် မရှုနိုင်မကယ်နိုင်ဖြင့် လဲနေကုန်ကြတော့သည်။ မတ်တပ်ရပ်ရန်အတွက် သူတို့၌ အားမရှိတော့ချေ။

“ကောင်းတယ်၊ သူတို့ကို သတ်ကြဟေ့”

“ဟုတ်တယ်၊ သတ်ကြ။ တစ်ယောက်ကိုမှ အလွတ်မပေးနဲ့”

“ငါတို့ ကလေးတွေအတွက် ပြန်လက်စားချေပေးရမယ်”

အကုန်လုံးကို သတ်ကြ”

ရပ်ကြည့်နေသည့် လူအုပ်ကြီးသည် ချက်ချင်း အော်ဟစ်၍ စင်ပေါ်သို့ ပြေးတက်သွားကြလေသည်။ နောက်ဆုံးတွင် အနှစ်နှစ်အလလ မြိုသိပ်လာခဲ့ရသော သူတို့၏ နာကျည်းမုန်းတီမှုများကို ဖွင့်ထုတ်ခွင့် ရခဲ့လေပြီ။ အကုန်လုံးသည် မှော်ရတနာများနှင့် သိုင်းပညာရပ်များကို ထုတ်ဖော်၍ စင်မြင့်ပေါ်တွင် အသက်မျှင်မျှင်လေးဖြင့် လဲလျောင်းနေကြသော သစ္စာဖောက်များကို နည်းနည်းမျှပင် ညှာတာခြင်း မရှိဘဲ အပီအပြင် ဆော်ပလော်တီးတော့သည်။

ဖန်ဖုန်းချီပတ်လည် မီတာသုံးရာပတ်ပတ်လည် တစ်ခုလုံးအား အလင်းရောင်မျိုးစုံဖြင့် ပြည့်နှက်သွားခဲ့လေသည်။

ကလေးလက်မောင်းကို ဓါးဖြင့် လှီးခဲ့သည့် အမျိုးသမီးလည်း မလွှတ်ချေ။ သူမ၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဒုတိယအဆင့်သို့ ရောက်နေပြီ ဖြစ်သော်ငြား အကုန်လုံး ပေါက်တိုက်ခိုက်မှု အောက်၍ အသက်သုံးရှိုက်စာသာ ခုခံနိုင်ခဲ့ပြီး သူတော်စင်ချီ အကာအကွယ် ပျက်စီးကာ ဆိုးဆိုးရွားရွား သေသွားခဲ့ရလေသည်။

ချက်ချင်းဆိုသလို အလင်းတန်းတစ်ခုသည် လူအုပ်ကြီးကို ထိုးဖောက်ဖြတ်ကျော်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့လေ၏။

ဖန်ဖုန်းချီပင်…

တန်ခိုးရှင်တတိယအဆင့် ဆိုသည့်အတိုင်းပင် တကယ်ကို သတ်၍ မလွယ်ကူချေ။

လူအုပ်ကြီး၏ တိုက်ခိုက်မှုအောက်မှ လွတ်လာပြီးသည်နှင့် ဖန်ဖုန်းချီသည် နောက်ပင် လှည့်မကြည့်တော့ဘဲ သူတော်စင်ချီကို အရူးအမူး လှည့်ပတ်၍ ခြေကုန်သုတ် ထွက်ပြေးတော့လေသည်။ တန်ခိုးရှင်ဘုရင်အဆင့်ဖြစ်သော ချင်းတုန်နားတွင် ဆက်နေလျှင် ဤအကြောင်းကို ကာကွယ်သူ လေးဦးနှင့် ဂိုဏ်းတော်သခင်ဆီ ပြန်သယ်သွားပေးရပေမည်။

ပြေးနေရင်နှင့်လည်း နောက်သို့ ပြန်လှည့်ကြည့် စစ်ဆေးနေသေး၏။ သို့သော် ချင်းတုန်သည် သူ့နောက်သို့ လိုက်မလာဘဲ နေရာတွင်သာ မလှုပ်မယှတ် ရပ်နေခဲ့သည်။

ချင်းတုန် ဘာကြောင့် သူ့အား လိုက်မသတ်မှန်း ဖန်ဖုန်းချီ မသိသော်ငြား သူအသက်ရှင်ပြီဟု တွေးလျက် ဖန်ဖုန်းချီ ပျော်သွားခဲ့လေသည်။

သို့သော်ငြား သူပျော်နေသည့် အပျော်လေးသည် ကြာရှည် မခံလိုက်၏။ ရုတ်တရက် အလင်းတစ်ချက် လက်သွားပြီး သူ့ရှေ့တွင် လူငယ်လေးတစ်ဦး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၇၄)

“မင်း” သူ့ရှေ့တွင် ရပ်နေသော လူငယ်လေးကို ဖန်ဖုန်းချီ သိပေသည်။ ထိုလူငယ်လေးသည် အစောပိုင်းက စင်ပေါ်တွင် ရပ်နေသည့် လူငယ်လေးဖြစ်သည်။ အလူးအလဲ ထွက်ပြေးနေရပါသည်ဆိုမှ ထိုလူငယ်လေးက သူ့လမ်းအား လာပိတ်နေသည်ကို မြင်သော် ဖန်ဖုန်းချီ ဒေါသထွက်သွားပြီး လက်သီးတစ်ချက် ထိုးချလိုက်လေသည် “ထွက်သွားစမ်းကွာ”

လက်ရှိအချိန်တွင် သူ့စိတ်ထဲ ထွက်ပြေးချင်စိတ်သာ ရှိနေသည့် အတွက် ရန်ကိုင်နှင့် အချိန်ကုန်ခံနေရန် မလိုလားချေ။

ထူးဆန်းသော စွမ်းအားတစ်မျိုးသည် ဖန်ဖုန်းချီ၏ လက်သီးအား လွှမ်းခြုံသွားခဲ့သည်။ ထိုစွမ်းအားအောက်တွင် ဖန်ဖုန်းချီ လက်မောင်းပေါ်၌ အနက်နီရောင် အမျွေးများနှင့် ဆင်တူသော စူးချွန်လေးများ ထွက်ပေါ်လာခဲ့သည်။

ထိုစူးချွန်မှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် အလွန်ကိုမှ ထူးခြားလှကာ ရန်ကိုင်ကိုပင် မသက်မသာ ဖြစ်စေလေသည်။

ထိုစူးချွန်များကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဘာပညာရပ်ကြီးလဲ

ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲပစ်နိုင်သည့် သိုင်းပညာရပ်မျိုးကို ရန်ကိုင် တစ်ခါမှ မမြင်ဖူးချေ။ သို့သော်လည်း ထိုမျှနှင့်ပင် အဆုံးမသတ်သေး။

ထိုပညာရပ်ကို အသုံးပြုပြီးနောက်တွင် ဖန်ဖုန်းချီ၏ အသွင်အပြင်မှာလည်း ပြောင်းလဲသွားခဲ့သည်။ သူ့မျက်နှာ တစ်ပြင်လုံး တွန့်လိမ်လာပြီး ပါးစပ်ထဲမှ အစွယ်ရှည်များ ထွက်လာခဲ့သည်။ သိပ်သည်းလှသော သေခြင်းချီတို့သည်လည်း သူ့ခန္ဓာကိုယ်ထဲမှ စတင် ထွက်ပေါ်လာခဲ့လေသည်။

အလောင်းဝိဥာဉ်ဂိုဏ်းတော်ဆိုသည့် နာမည်ကို ပြန်စဉ်းစားကြည့်လိုက်သည့်အခိုက် ဖန်ဖုန်းချီ မည်သည့် နေရာက ရောက်လာသလဲ ရန်ကိုင် ခန့်မှန်းမိသွားလေသည်။

ဖန်ဖုန်းချီ၏ တိုက်ခိုက်မှုကို ရန်ကိုင်လည်း ပေါ့ပေါ့ဆဆ မထားရဲဘဲ ချက်ချင်း ရွှေရောင်သွေးမျှင်ဖြင့် တန်ပြန် တိုက်ခိုက်လိုက်သည်။ ရွှေရောင်သွေးမျှင် ရန်ကိုင်ကိုယ်ထဲမှ ထွက်ပေါ်လာပြီးနောက် ဖန်ဖုန်းချီ၏ လက်မောင်းကို ရစ်ပတ်သွားခဲ့သည်။ ထို့နောက် တဖြည်းဖြည်း တင်းကြပ်သည်ထက် တင်းကြပ်လာခဲ့လေသည်။

သို့တိုင် ဖန်ဖုန်းချီ၏ လက်မှာ ပြတ်ထွက်သွားခြင်း မရှိဘဲ ထို့အစား ခြစ်ရာလေးများသာ ထွက်ပေါ်လာခဲ့သည်။ ထိုခြစ်ရာများဆီမှ အော့အန်ချင်စရာကောင်းလောက်အောင် ပုပ်နံ့ထွက်နေသည့် အစိမ်းရောင်သွေးများ စီးထွက်လာခဲ့လေသည်။

အဆိပ်လား ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့သည်။

ထိုအစိမ်းရောင် သွေးများသည် အဆိပ်ရှိရုံမက အလွန်ကိုမှလည်း အဆိပ်ပြင်းပေသည်။ ဖန်ဖုန်းချီ၏ လက်မောင်းကို ရစ်ပတ်ထားသည့် ရွှေရောင်သွေးမျှင်ဆီမှ တရှဲရှဲ မြည်သံများ ထွက်ပေါ်လာခဲ့သည်။

ဖန်ဖုန်းချီသည် သူ့ပါးစပ်ကိုဟလျက် ရန်ကိုင်ဆီသို့ အစိမ်းရောင် မြူခိုးများ မှုတ်ထုတ်လိုက်သည်။

ရန်ကိုင်သည် ရပ်နေရာမှာ ပျောက်ကွယ်သွားပြီး နဂါစိမ်းဓါးကို ကိုင်လျက် ဖန်ဖုန်းချီခေါင်းထက်တွင် ပြန်ပေါ်လာခဲ့သည်။ ထို့နောက် ဓါးဖြင့် ခုတ်ပိုင်းချလိုက်လေသည်။

“အရူး” ဖန်ဖုန်းချီက လှောင်ပြောင်လိုက်သည်။ ထိုအသွားမရှိသည့် ဓါးဖြင့် သူ့အား ခုတ်ချင်နေသည်လား။ ဖန်ဖုန်းချီသည် ဓါးချက်ကို မရှောင်ရုံမက လက်သီးဖြင့်ပင် ပြန်ထိုးလိုက်သေးသည်။

ရန်ကိုင်သည် ခန္ဓာကိုယ်ကို ယိမ်းထိုးလျက် လက်သီးချက်ကို ရှောင်တိမ်းလိုက်ပြီးနောက် နဂါးစိမ်းဓါးဖြင့် ဖန်ဖုန်းချီ ခေါင်းပေါ်သို့ ခုတ်ချလိုက်သည်။

ဖန်ဖုန်းချီ ခေါင်းနားအရောက်တွင် အသွားတုံးနေသည့် ဓါးဆီမှ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားနှင့်အတူ နဂါးဟိန်းသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဓါးသွားသည် ဖန်ဖုန်းချီ၏ ခေါင်းတည့်တည့်အား စိုက်ဝင်သွားခဲ့လေသည်။

ထိုမမျှော်လင့်ထားသည့် အဖြစ်အပျက်ကြောင့် ဖန်ဖုန်းချီ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားခဲ့သည်။ ယခုမှပဲ ထိုအသွား မရှိသည့်ဓါး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ဖန်ဖုန်းချီ နားလည်သွားတော့လေသည် “တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ”

သို့သော်ငြား ချက်ကောင်းကို တိုက်ခိုက်ခံလိုက်ရသည့်တိုင် ဖန်ဖုန်းချီသည် သေသွားခြင်းမရှိသေးဘဲ ရန်ကိုင်၏ ထိန်းချုပ်မှုမှ အသည်းအသန်း ရုန်းထွက်ပြီး ထွက်ပြေးရန် ကြိုးစားလေသည်။

လေဟာနယ်စွမ်းအားတို့ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မရေမတွက်နိုင်သော ဟင်းလင်းပြင် အက်ကွဲကြောင်းလေးများ ဖန်ဖုန်းချီ ပတ်ပတ်လည်တွင် ထွက်ပေါ်လာခဲ့သည်။ ထိုအက်ကွဲကြောင်းလေးများသည် ဖန်ဖုန်းချီ၏ ခန္ဓာကိုယ်ကို နေရာပေါင်းစုံမှ ဖြတ်တောက်တော့လေသည်။

ထန်… ထုန်… ထန်…

သတ္တုချင်း ထိခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ဖန်ဖုန်းချီ၏ ခန္ဓာကိုယ်မှာ အလွန်ကိုမှ မာကျောလွန်းသဖြင့် ဟင်းလင်းပြင် အက်ကွဲကြောင်းများပင် သူ့ခန္ဓာကိုယ်အား ခြစ်ရာ ထင်အောင်သာ လုပ်နိုင်ခဲ့သည်။ သို့သော် တိုက်ခိုက်ခံရဖန် များလာလတ်သော်၊ မာကျောလှပါသည်ဆိုသော သူ့ခန္ဓာကိုယ်လည်း တောင့်မခံနိုင်တော့ဘဲ အသားစများ တစ်ဖက်ပြီးတစ်ဖက် ပဲ့ပါကုန်တော့လေသည်။

“သူ့ကို မသတ်နဲ့ဦး” ရုတ်တရက် ချင်းတုန်၏အသံ ထွက်ပေါ်လာခဲ့သည်။ ချင်းတုန်သည် စင်ပေါ်တွင်ရပ်လျက် သူ့လက်ကို ဆန့်ထုတ်ကာ ဖန်ဖုန်းချီအား သူ့ဆီသို့ ဆွဲခေါ်လိုက်လေသည်။ ဖန်ဖုန်းချီသည် အဆက်မပြတ် ရုန်းကန်နေသော်လည်း မည်သို့မှ မလွတ်မြောက်နိုင်ခဲ့ပေ။

ဖန်ဖုန်းချီကို ကြည့်နေရင်း ရန်ကိုင်စိတ်ထဲ မသက်မသာ ဖြစ်နေခဲ့သည်။

လက်ရှိတွင် အကုန်လုံး ဖန်ဖုန်းချီ၏ ထူးဆန်းမှုကို သတိပြုမိသွားခဲ့ကြသည်။ အချို့ဆိုလျှင် သူ့အား မကြည့်ရဲတော့သည့် အတွက် အကြည့် ရှောင်သွားကြလေသည်။ ကြည့်ရဲသည့် လူများပင်လျှင် ဖန်ဖုန်းချီကို ကြည့်ရင်း ကြောက်လန့်တုန်လှုပ်လာခဲ့ကြသည်။ ဤကဲ့သို့ ထူးဆန်းသည့် လူတစ်ယောက် ဤလောကကြီးတွင် ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။

“ခွေးအိုကြီး၊ ဒီဘုရင်ကို မြန်မြန် လွှတ်လိုက်စမ်း။ မဟုတ်ရင် ဂိုဏ်းတော်သခင်သာ သိသွားတာနဲ့ မင်းတို့အားလုံး အလောင်းတောင် မြုပ်စရာမရှိဘဲ သေသွားရလိမ့်မယ်” ဖန်ဖုန်းချီသည် တောင်းပန်နေခြင်းမရှိဘဲ ချင်းတုန်ကို ပြန်၍ ခြိမ်းခြောက်လိုက်လေသည်။

ချင်းတုန်သည် ဖန်ဖုန်းချီအား အေးစက်စက် အကြည့်ဖြင့်သာ ကြည့်နေခဲ့သည်။ ရုတ်တရက် သူ့အကြည့်သည် ဖန်ဖုန်းချီ၏ ဝမ်းဗိုက်ဆီသို့ ရောက်ရှိသွားပြီး သူ့လက်ကို ဆန့်ထုတ်၍ ဖန်ဖုန်းချီ၏ လက်ကို ခွဲချလိုက်သည်။

ရန်ကိုင်၏ နဂါးအရိုးဓါးဖြင့် ရိုက်ခံလိုက်ရသည့်တိုင် ကြောက်ရွံ့ဟန်မပြသော ဖန်ဖုန်းချီသည် ချင်းတုန်၏ လုပ်ရပ်ကို မြင်သည်နှင့် ကြောက်လန့်တုန်လှုပ်လာပြီး အလန့်တကြား အော်မေးတော့လေသည် “ခွေးအိုကြီး၊ ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ချင်းတုန်သည် ဖန်ဖုန်းချီ၏ အော်ပြောသံကို လျစ်လျုရှုထားပြီး သူ့ဝမ်းဗိုက်ကိုသာ စိုက်ကြည့်နေခဲ့သည်။

ဖန်ဖုန်းချီ၏ ဗိုက်နေရာတွင် လက်သည်းအရွယ် အစိမ်းရောင် အလုံးလေးတစ်လုံး ရှိနေခဲ့သည်။ အရွယ်သေးသည့်တိုင် ထိုအလုံးထဲ ကိန်းအောင်းနေသည့် စွမ်းအင် ပမာဏမှာ အလွန်ကိုမှ များပြားလှပေသည်။

“ဒီလူအိုကြီး ထင်တာသာ မမှားရင် ဒါကို ဖျက်စီးလိုက်တာနဲ့ မင်းသေပြီမလား” ချင်းတုန်အား ဖန်ဖုန်းချီအား ကြည့်၍ မေးလိုက်သည်။

ဖန်ဖုန်းချီသည် ပြန်မဖြေဘဲ အံသာ ကြိတ်လိုက်လေသည်။

“ရန်ကိုင်၊ သူ့ကို ချုပ်ထားလိုက်ပါလား။ ငါသူ့ကို မေးချင်တာ ရှိလို့”

ရန်ကိုင်သည် ခေါင်းညိတ်၍ ဖန်ဖုန်းချီခေါင်းတွင် စိုက်နေသော နဂါးစိမ်းဓါးကို ပြန်နှုတ်လိုက်ပြီးနောက် ရွှေရောင်သွေးမျှင်များကို သုံး၍ ဖန်ဖုန်းချီ တစ်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ပစ်လိုက်လေသည်။

အကုန်လုံး ပြီးဆုံးသွားသည်နှင့် ချင်းတုန်သည် စင်မြင့်ပေါ်တွင် ရပ်လျက် လူအုပ်ကြီးကိုကြည့်ရင်း အော်ပြောလိုက်လေသည် “အရင်နှစ်တွေတုန်းက ဒီလူအိုကြီး တံခါးပိတ်ကျင့်ကြံနေခဲ့တော့ ဘာတွေဖြစ်နေလဲ ဆိုတာကို မသိလိုက်ဘူး။ ဒီနေ့ အပြင်ကို ထွက်လာတော့မှာပဲ ဖြစ်ပျက်နေတာကို သိလိုက်ရတယ်။ အရိပ်ကြယ်တစ်ခုလုံး ကြုံခဲ့ရတာနဲ့ ပက်သက်ပြီး ဒီလူအိုကြီး ကိုယ်တိုင်လည်း တကယ် စိတ်မကောင်းဖြစ်မိတယ်။ မင်းတို့ ခံစားခဲ့ရတာတွေ အတွက်လည်း ငါတကယ် စိတ်မကောင်ဘူး။ ဒါပေမယ့် ဒီနေ့ကစပြီး မင်းတို့ စိတ်ပူစရာ မလိုတော့ဘူး။ ကောင်းကင်ကံကြမ္မာမြို့တော်က ငါတို့ အရိပ်လခန်းမရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်ရောက်သွားပြီ။ ဒီလူအိုကြီး ဒီမှာ ရှိနေသမျှ ကာလပတ်လုံး အလောင်းဝိဥာဉ်ဂိုဏ်းတော်က ကောင်းကင်ကံကြမ္မာမြို့တော်ကို ထပ်ပြီး မကျူးကျော်လာစေရဘူး။ ပြီးတော့ ဒီကိစ္စတွေ ပြီးသွားတာနဲ့ မင်းတို့ ခံစားခဲ့ရတာတွေ အတွက် ဒီလူအိုကြီးကိုယ်တိုင် အဲ့အလောင်းဝိဥာဉ်ဂိုဏ်းဆီ သွားပြီး တရာမျှတမှု ပြန်ရှာပေးမယ်”

လူအိုကြီးသည် ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်ကြပြီး ချင်းတုန်၏ နာမည်ကို သံပြိုင် အော်ခေါ်ကြတော့လေသည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကောင်းကင်ကံကြမ္မာမြို့ရှိ လူများသည် အမြဲတစေ ကြောက်ကြောက်လန့်လန့်ဖြင့် နေခဲ့ရသည်။ ဘယ်အချိန် အသက်ပျောက်လို့ ပျောက်သွားမည်မှန်း မသိရသည့် အဖြစ်ကိုလည်း စိုးရိမ်နေကြရသည်။ သို့သော်ငြား ယခုမူ ထိုကဲ့သို့သော ကိစ္စများကို တွေးပူနေစရာ မလိုတော့ချေ။ ချင်းတုန်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေပြီ ဖြစ်သည့် အတွက် သူသာ ရှိနေလျှင် ကောင်းကင်ကံကြမ္မာမြို့သည် ယခင် ကြုံခဲ့ရသည့် အဖြစ်အပျက်ဆိုးကြီးနှင့် ထပ်ကြုံရတော့လိမ့်မည် မဟုတ်ချေ။

“အကြီးအကဲချုပ်၊ ကျေးဇူးပြုပြီး ကျုပ်တို့အတွက် တရားမှုမျှတမှု ရှာပေးဖို့ တောင်းဆိုပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်တုန်းက ကျုပ်သမီးလေး ပျောက်သွားတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က သူ့ကို မြို့သခင် စံအိမ်ထဲမှာ တွေ့လိုက်တယ်လို့ ပြောတယ်။ ကျေးဇူးပြုပြီး ကျုပ်သမီးလေး အသက်ရှင်သေးမရှင်သေး မြို့သခင်စံအိမ်ထဲ ဝင်ရှာခွင့် ပြုပေးပါ အကြီးအကဲချင်း”

“ကျုပ်ကလေးလည်း လွန်ခဲ့တဲ့ သုံးလလောက်တုန်းက ပျောက်သွားတယ်။ သူမြို့သခင်စံအိမ်ထဲမှာ ရှိနေတာလား မသိဘူး။ ကျေးဇူးပြုပြီး တစ်ချက်လောက် ဝင်ရှာခွင့်ပြုပါ အကြီးအကဲချင်း”

“ကျုပ်သမီးလည်း အတူတူပါပဲ အကြီးအကဲချင်း”

……

ထိုလူများအား၏ အော်ပြောသံကို နားထောင်ရင်း ချင်းတုန် အတော်လေး စိတ်မကောင်း ဖြစ်မိသွားသည်။ ထို့နောက် သူ့လက်ကို ဝှေ့ရမ်း၍ လူအုပ်ကြီးအား တိတ်တိတ်နေရန် အချက်ပြလိုက်ပြီးနောက် “မင်းတို့ ကလေးတွေ အသက်ရှင်မရှင်ကို ငါလူလွှတ်ပြီး မြို့သခင်စံအိမ်ထဲမှာ ရှာခိုင်းလိုက်မယ်။ မင်းတို့ ကလေးတွေ အသက်ရှင်နေသေးရန် ကျိန်းသေ မင်းတို့ဆီ ပြန်ပို့ပေးမယ်”

“ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲချင်း”

ချင်းတုန်က သက်ပြင်းချလျက် ဝေကုချန်းဘက်သို့ လှည့်လိုက်၏။

“တပည့် ချက်ချင်း သွားစစ်ဆေးလိုက်ပါမယ်” ချင်းတုန် ဘာပြောချင်နေလဲ ဆိုသည်ကို နားလည်သည့်အလား ဝေကုချန်းသည် တုန်ရွှမ်းအာနှင့်အတူ ချက်ချင်းပဲ မြို့သခင် စံအိမ်ထဲသို့ ပြေးဝင်သွားခဲ့လေသည်။

ရန်ကိုင်သည် ခဏလောက် စဉ်းစားပြီးနောက် ဝေကုချန်းတို့နောက် လိုက်သွားခဲ့သည် “ငါတို့လည်း လိုက်သွားကြရအောင်”

စုယန်နှင့် ရှနင်းချန်တို့သည်လည်း သူ့နောက်မှ လိုက်သွားကြ၏။

မြို့သခင်စံအိမ်ထဲသို့ ဝင်လာသည့်အခါ၊ အလောင်းဝိဥာဉ်ဂိုဏ်းတော် လက်အောက်သို့ ဝင်သွားသည့် လူအချို့မှာ သူတို့အား လာတားဆီးကြသော်လည်း အကုန်လုံးသည် ရန်ကိုင်တို့၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ချေ။ ရန်ကိုင်သည် လူများစွာကို သတ်ဖြတ်ပစ်ပြီး အချို့ကို ဖမ်းချုပ် စစ်မေးကြည့်ပြီးနောက် အဆုံးတွင် မြေအောက်လိုဏ်ဂူတစ်ခုဆီသို့ ရောက်လာခဲ့လေသည်။

ထိုမြေအောက်လိုဏ်ဂူသည် အကျဉ်းထောင်ကြီး တစ်ခုဖြစ်ပြီး အထဲတွင် လူရာပေါင်းများစွာကို ဖမ်းဆီးထားခဲ့သည်။

အကုန်လုံးသည် အသက်ငါးနှစ်ပင် မပြည့်တတ်သေးသော ကလေးများနှင့် မိန်းမငယ်လေးများ ဖြစ်ကြသည်။

ကလေးဖြစ်စေ၊ အမျိုးသမီးများဖြစ်ကြစေ၊ အကုန်လုံးမှာ အလွန်အမင်း အားနည်းနေကြသည်။ ချွင်းချက်မရှိ လူတိုင်း၏ လက်တွင် အနည်းဆုံး ဒဏ်ရာတစ်ခုစီ ရှိနေကြပေသည်။

ထိုလူအကုန်လုံး သွေးထုတ်ထားခံရခြင်း ဖြစ်သည်။

“စက်ဆုပ်ဖို့ကောင်းလိုက်တဲ့ကောင်တွေ” ထိုအခြင်းအရာကို မြင်သော် စုယန် ဒေါသထွက်သွားပြီး ကျိန်ဆဲတော့လေသည်။ ထို့နောက် ဝေကုချန်း၊ တုန်ရွှမ်းအာတို့နှင့်အတူ အကျဉ်းထောင်၏ တံခါးများကို လိုက်ဖွင့်ပေးလိုက်လေသည်။

ရှနင်းချန်သည် အကျဉ်းသားများ၏ အခြေအနေကို တစ်ဦးချင်း လိုက်လံစစ်ဆေးကြည့်ပြီး သက်သာသွားအောင် ဆေးလုံးများ တိုက်ကျွေးခဲ့သည်။

အတွင်းပိုင်းသို့ ဆက်လျှောက်လာပြီးနောက် အဆုံးသို့ ရောက်လာသည့်အခါတွင် ရန်ကိုင်နှင့် အခြားသူအားလုံး မျက်စိပျက် မျက်နှာပျက် ဖြစ်ကုန်ကြလေသည်။

လိုဏ်ဂူ၏ အဆုံးတွင် မည်သည့် လူသားသက်ရှိမှ ရှိမနေခဲ့ဘဲ အရိုးများသာ ရှိနေခဲ့သည်။ အရိုးများကို ကြည့်ရသည်မှာလည်း ဖမ်းခေါ်သွားခံရသည့် လူများ၏ အရိုးများနှင့် ကလေးများ၏ အရိုးများနှင့် ဆင်တူပေသည်။

အရိုးများအားလုံး ထောင့်နှင့်ချီရှိကာ တောင်နှယ် ပုံထပ်နေခဲ့၏။

ကောင်းကင်ကံကြမ္မာမြို့တွင်ပင် ဤကဲ့သို့ ဖြစ်နေလျှင် အရိပ်ကြယ်၏ အခြားသော နေရာများတွင်မူကား မည်ကဲ့သို့ ဖြစ်နေလိုက်မည်နည်း။

“မုန်းစရာကောင်းတဲ့ ခွေးကောင်တွေ” ဝေကုချန်းသည် ထိုအခြင်းအရာကို ကြည့်ရင်း အံကြိတ်ကာ ကျိန်ဆဲတော့သည်။

ကောင်းကင်ကံကြမ္မာမြို့ရှိ အဖြစ်အပျက်များသည် နှစ်ရက်အတွင်း တည်ငြိမ်သွားခဲ့လေသည်။

မြေအောက်အကျဉ်းထောင်မှ ပြန်လွတ်လာသည့် အမျိုးသမီးနှင့် ကလေးများအားလုံး သူတို့၏ မိသားစုအသီးသီးနှင့် ပြန်လည် ဆုံစည်းခွင့် ရသွားခဲ့ကြသည်။ သို့သော် လွတ်လာသည့် လူထက် သေသွားသည့် လူအရေအတွက်မှာ ပိုများနေခဲ့သဖြင့် လူပေါင်းများစွာ မချိတင်ကဲ ဝမ်းနည်းကြေကွဲခဲ့ကြရသည်။

မြို့သခင်စံအိမ်ထဲတွင်၊ ချင်းတုန်နှင့် အခြားသူများသည် ချုပ်နှောင်ထားခံရသည့် ဖန်ဖုန်းချီအား မီးထွက်မတတ် အကြည့်ဖြင့် စိုက်ကြည့်နေကြလေသည်။

“အကြီးအကဲချုပ်၊ ဒီကောင့်ကို ကျုပ်သတ်ပါရစေ” ဝေကုချန်းက ရုတ်တရက် ထရပ်လိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

ချင်းတုန်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် ဖန်ဖုန်းချီဘက်သို့ လှည့်၍ မေးလိုက်လေသည် “ငါထင်ထာသာ မမှားရင် မင်း သင်္ချိုင်းတောင်ကြားက လာတာမလား”

ချင်းတုန် မေးလိုက်သည့် မေးခွန်းသည် သူထင်နေသည့် အရာပင် ဖြစ်သည်။

သင်္ချိုင်းတောင်ကြားသည် အရိပ်ကြယ်ပေါ်ရှိ ထူးခြားသည့် နေရာတစ်ခု ဖြစ်သည်။ ထိုနေရာသည် တစ်ချိန်က ရှေးဟောင်း ယန်ဂိုဏ်းဟု ခေါ်သော ဂိုဏ်းတည်ရှိခဲ့သည့် နေရာ ဖြစ်သည်ဟု ကောလာဟာလများ ရှိခဲ့သည်။ သို့သော်ငြား ရှေးဟောင်းယန်ဂိုဏ်းသည် ကြယ်ဧကရာဇ်တောင်ကို ရန်စ စော်ကားမိလိုက်သည့်အတွက် ညတွင်းချင်း အမြစ်ဖြတ် သုတ်သင်ရှင်းလင်းခံခဲ့ရပေသည်။

သင်္ချိုင်းတောင်ကြားထဲတွင် အန္တရာယ်များစွာလည်း ရှိပေသည်။ မရေမတွက်နိုင်သော စိတ်ဝိဥာဉ်အစီအရင်များ၊ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည့် ထူးဆန်းသော သက်ရှိများ၊ သေသွားသည်မှာ ကြာပြီဖြစ်သော်ငြား ပြန်လည် ရှင်သန်လာကြသော အလောင်းကောင်များ စသဖြင့် ရှိကြသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၇၅)

ရှေးဟောင်းယန်ဂိုဏ်း ဖျက်စီးခံလိုက်ရစဉ်က ထိုဂိုဏ်း၏ အဖွဲ့သားအားလုံးနီးပါး အသတ်ခံလိုက်ရ၏။ သို့သော်ငြား ဘာကြောင့်မှန်း မသိရဘဲ ဂိုဏ်းသားအချို့မှာ သေရာမှ ပြန်ရှင်လာကြပြီး အလောင်းကောင်များ ဖြစ်လာခဲ့ကြသည်။ ထိုအလောင်းကောင်များသည် အသိဥာဏ်ရှိရုံမက တိုက်ခိုက်နိုင်ပြီး ကျင့်ပင် ကျင့်ကြံနိုင်ကြသေးသည်။

အရိပ်ကြယ်၏ လူငယ်မျိုးဆက်များသည် ထိုအကြောင်းကို သိကြလိမ့်မည် မဟုတ်သော်ငြား ချင်းတုန်ကတော့ သိပေသည်။

ရန်ကိုင်သည်လည်း ယန်ယန်နှင့်အတူ သင်္ချိုင်းတောင်ကြားသို့ သွားစဉ်က ထိုကဲ့သို့သော အလောင်းကောင်းများကို တွေ့ခဲ့ဖူးသဖြင့် ထိုအကြောင်းကို သိထားပေသည်။ ထိုနေရာမှပဲ ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာကျင့်စဉ်၊ နေမီးလျှံအမြူတေနှင့် နှစ်တစ်ထောင်ရေခဲကျောက်စိမ်းတို့ကို ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က အားကောင်းသော အလောင်းဗိုလ်ချုပ်များစွာနှင့် ရင်ဆိုင်တွေ့ခဲ့ရရာ လေဟာနယ်တာအိုအပေါ် အဆင့်မြင့်မြင့် နားလည်တတ်ကျွမ်းထားမှုကြောင့်သာ မဟုတ်ပါက ထိုနေရာမှ လွတ်မြောက်လာနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။

ဖန်ဖုန်းချီနှင့် တိုက်ခိုက်လိုက်သည့် အချိန်တွင် ထိုလူသည် သင်္ချိုင်းတောင်ကြားနှင့် တစ်မျိုးတစ်ဖုံ ပက်သက်နေရမည်ဟု တွေးမိသွားခဲ့သည်။ ယခု ချင်းတုန်၏ မေးခွန်းကို ကြားသည့်အခါ သူ့အထင် မှန်ကန်နေမှန်း ရန်ကိုင် အတည်ပြုလိုက်နိုင်သွား၏။

“ခွေးအိုကြီး၊ ခင်ဗျားက လုံးဝ မသိတာတော့ မဟုတ်ဘူးပဲ။ ဟုတ်တယ်။ ကျုပ်က သင်္ချိုင်းတောင်ကြားကပဲ။ ပြီးတော့ ရိုးရိုး အဖွဲ့သားတင် မဟုတ်ဘူး။ သက်ရှိအားလုံးကို အုပ်စိုးတဲ့ တော်ဝင် အလောင်းကောင် အဖွဲ့ဝင်ထဲကပဲ” ဖန်ဖုန်းချီသည် နည်းနည်းမှ ကြောက်လန့်ခြင်းမရှိဘဲ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်၏။

အလောင်းဝိဥာဉ်မျိုးနွယ်စု… ထိုနာမည်မှာ အလောင်းဝိဥာဉ် ဂိုဏ်းတော်ကို တည်ထောင်ခဲ့သည့် အလောင်းကောင်များ သူတို့ကိုယ်သူတို့ ခေါ်ဝေါ်ကြသည့် နာမည် ဖြစ်ပေသည်။ ဖေးကျီတု ပြောပြသဖြင့် ထိုအကြောင်းကို ချင်းတုန် သိပြီးနေလေပြီ။

“မင်းတို့က သက်ရှိအားလုံးကို အုပ်စိုးတယ်၊ ဟုတ်လား” ချင်းတုန်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေသည် “သေရမှာကို ကံကောင်းလို့ မသေဘဲ အသက်ရှင်နေတဲ့ အရှုံးသမားတစ်သိုက်ကများ။ လာပြီး လေးကြီးလေကျယ်နဲ့”

“ဟဲဟဲ” ဖန်ဖုန်းချီက ရယ်သွမ်းသွေးလိုက်ပြီး “ကျုပ်ပြောတာ ဟုတ်မဟုတ် အချိန်တန်ရင် ခင်ဗျား သိလာမှာပါ။ အခု ခင်ဗျား ဘာလုပ်ချင်နေတာလဲ။ ကျုပ်ဆီက သတင်း နှိုက်ချင်နေတာလား။ အိမ်မက်သာ မက်နေလိုက်။ ကျုပ်ဆီက တစ်လုံးမှ သိရမယ်လို့ မထင်နဲ့”

“တကယ်လား” ချင်းတုန်က လှောင်ပြုံးပြုံးလျက် “မင်းရဲ့ အလောင်းအမြူတေကို ဖျက်စီးပစ်မယ်ဆိုရင်တောင် ဘာမှ မပြောဘူးပေါ့”

အလောင်းအမြူတေသည် အလောင်းဝိဥာဉ်မျိုးနွယ်စု၏ ဝမ်းဗိုက်နေရာတွင် ရှိသည့် အလုံးလေးကို ဆိုလိုခြင်း ဖြစ်သည်။ ထိုအလောင်းအမြူတေသည် မွန်းစတားသားရဲများ၏ မွန်းစတား အမြူတေနှင့် ဘာမှမကွာချေ။

ဖေးကျီတုသည် အလောင်းကောင်းများစွာဖြင့် တိုက်ခိုက်ဖူးသဖြင့် ထိုအကြောင်းကို သိနေခဲ့သည်။

ဖန်ဖုန်းချီ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး ပြန်၍ အော်ပြောလိုက်လေသည် “ခွေးအိုကြီး၊ ခင်ဗျား ဒီဘုရင်ကို ခြိမ်းခြောက်ရဲတလား”

“ငါခြိမ်းခြောက်လား၊ မခြောက်လား သိချင်ရင် စမ်းကြည့်လိုက်လေ” ချင်းတုန်က ပြန်ပြောလိုက်သည်။

ချင်းတုန် သူ့အား ယတိပြတ် သတ်မည်ကို သတိပြုမိသော် ဖန်ဖုန်းချီ၏ မျက်နှာ အေးစက်သွားခဲ့ပြီး ချက်ချင်း ပြန်၍ အော်ပြောလိုက်လေသည် “ခွေးအိုကြီး၊ ခင်ဗျားက ဒီဘုရင်ဆီက ဘာမှ သိရမှာမဟုတ်ဘူး။ ခင်ဗျား ကျုပ်ကို တွန်းအားပေးလိုက်တာပဲ”

ပြောပြီးသည်နှင့် အဖျက်စွမ်းအားပြင်းထန်သည့် စွမ်းအင်လှိုင်းတို့ ဖန်ဖုန်းချီ၏ ဝမ်းဗိုက်ဆီမှ ဖြာထွက်လာခဲ့လေသည်။

“မကောင်းတော့ဘူး” ဖေးကျီတု၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

ဖန်ဖုန်းချီ ဘာလုပ်ရန် ကြံနေလဲ ဆိုသည်ကို နားလည်လိုက်သည်နှင့် ရန်ကိုင်သည် သူတော်စင်ချီကို အလျင်အမြန် ထုတ်လွှတ်၍ စုယန်နှင့် ရှနင်းချန်တို့ကို ကာကွယ်ပေးလိုက်၏။ ချင်းတုန်သည်လည်း သူ့လက်ကို ဝှေ့ရမ်း၍ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ကို ကာကွယ်ပေးလိုက်လေသည်။

“ငါတို့ အလောင်းဝိဥာဉ်ဂိုဏ်းတော်က အရိပ်ကြယ်တစ်ခုလုံးကို အနှေးနဲ့အမြန် အုပ်စိုးတော့မှာ။ အဲ့အခါကျ မင်းတို့အားလုံး သေရပြီသာ မှတ်ပေတော့” ထိုသို့ ရူးသွပ်စွာ အော်ရယ်ပြီးနောက် ဖန်ဖုန်းချီတစ်ကိုယ်လုံး ဘုန်းခနဲ ပေါက်ကွဲထွက်သွားလေသည်။

သိပ်သည်းလှသော အစိမ်းရောင် အလောင်းချီများသည် ဖန်ဖုန်းချီကို ဗဟိုပြု၍ ပတ်ပတ်လည်သို့ ပျံနှံ့သွားခဲ့လေသည်။ ပြင်းထန်သော အဖျက်စွမ်းအင်လှိုင်းကြောင့် မြို့သခင်စံအိမ် တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါလာပြီး ပြိုကျလုနီးပါး ဖြစ်သွားခဲ့လေသည်။

ချင်းတုန်မှ သူ့စွမ်းအား ထောက်ကန်ပေးထားခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် မြို့သခင်စံအိမ်တစ်ခုလုံး ကျိန်းသေ ဖျက်စီးခံရလေပြီ။

တန်ခိုးရှင်တတိယအဆင့် ပညာရှင်တစ်ဦး၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲရာမှ ထွက်ပေါ်လာသည့် အဖျက်စွမ်းအားသည် လုံးဝ ပေါ့သေးသေး မဟုတ်ချေ။

ဖန်ဖုန်းချီအား အသက်ရှင်လျက် ဖမ်းဆီးထားရခြင်းမှာ သူ့ဆီမှ အလောင်းဝိဥာဉ်ဂိုဏ်းတော်နှင့် ပက်သက်သည့် သတင်း အချက်အလက်များကို ထုတ်ယူချင်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ သို့သော်ငြား မည်သည့် သတင်းအချက်ကိုမှ မထုတ်ယူနိုင်ခဲ့သည့်အပြင် မြို့သခင်စံအိမ်ပင် ပြိကျလုနီးပါး ဖြစ်သွားခဲ့ရသဖြင့် ချင်းတုန် မျက်နှာ အတော်လေး မှုန်သိုးသိုး ဖြစ်နေခဲ့လေသည်။

အလောင်းဝိဥာဉ်ဂိုဏ်းသားများသာ ထိုကဲ့သို့ သေရမည်ကို မကြောက်သည့်လူများ ဖြစ်ပါက ထိုလူများနှင့် ရင်ဆိုင်ရမည်မှာ အတော့်ကိုမှ ခက်ခဲပေလိမ့်မည်။

ထိုစဉ် တန်ခိုးရှင်ဘုရင်အဆင့်တစ်ဦး ခန်းမထဲသို့ အလျင်စလို လမ်းလျှောက်ဝင်လာခဲ့လေသည်။ သို့သော်လည်း အထဲသို့ ရောက်ပြီး မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့မျက်လုံးသူ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့၏။

“ဘာကိစ္စလဲ” ချင်းတုန်က မေးလိုက်၏။

ထိုလူက အလျင်အမြန်ပဲ ပြန်ဖြေလိုက်လေသည် “ကောင်းကင် ကံကြမ္မာမြို့ထဲမှာ ရှိတဲ့ အလောင်းဝိဥာဉ်ဂိုဏ်းတော်ရဲ့ တပည့်တွေ အကုန်လုံးကို သုတ်သင်ပြီးပါပြီ အကြီးအကဲချုပ်”

“ကောင်းတယ်။ အကျအဆုံးတွေ ရှိသေးလား”

“အထက်စကြာဝဠာဂိုဏ်းက အကြီးအကဲတွေကပါ ကူညီပေးလို့ နည်းနည်းလောက်ပဲ အထိအခိုက် အကျအဆုံး ရှိသွားပါတယ်”

“အင်း၊ သေသွားတဲ့ လူတွေ အကုန်လုံးကို ကောင်းကောင်း ဈာပနပွဲ လုပ်ပေးလိုက်”

“ဟုတ်ကဲ့”

အရိပ်လခန်းမထဲတွင်၊ သေရမည်ကို ကြောက်ရွံ့ပြီး အလောင်းဝိဥာဉ်ဂိုဏ်းတော် လက်အောက်သို့ ခိုဝင်သွားကြသော တပည့်များစွာ ရှိကြသော်လည်း သေခြင်းကို မကြောက်မရွံ့ဘဲ ရဲရဲဝံ့ဝံ့ဖြင့် ခုခံခဲ့ကြသည့် တပည့်များလည်း ရှိပေသည်။ ထိုတပည့် အားလုံးသည် ချွင်းချက်မရှိဘဲ အချုပ်ချခံလိုက်ရပြီး လွန်ခဲ့သော ရက်အနည်းငယ်ကမှ ပြန်လည် ကယ်ဆယ်ခြင်း ခံခဲ့ရပေသည်။

ကောင်းကင်ကံကြမ္မာမြို့တော်ထဲတွင် ဖန်ဖုန်းချီ တစ်ဦးတည်းသာ အလောင်းဝိဥာဉ်ဂိုဏ်းတော်၏ အဖွဲ့သားမဟုတ်ဘဲ အခြား ပုန်းအောင်းနေသော အဖွဲ့သားများလည်း ရှိနေပေသေးသည်။ သို့သော် ယခု ထိုအဖွဲ့သားအားလုံးလည်း သုတ်သင် ရှင်းလင်းပစ်ခံလိုက်ရလေပြီ။

ယခုအခါမှပဲ ကောင်းကင်ကံကြမ္မာမြို့တော် တစ်ခုလုံး အတွင်းရန်မှ ကင်းဝေးသွားတော့သည်ဟု ပြောနိုင်လေပြီ။

မကြာမီ ရန်ရှုကျုတို့ လမ်းလျှောက်ဝင်လာခဲ့ကြသည်။

“မင်းတို့အားလုံး ပန်ပင်းသွားကြပြီ” ချင်းတုန်က ချက်ချင်း ထရပ်၍ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

ရန်ရှုကျုက လက်ဝှေ့ရမ်း၍ မှုန်မှိုင်းမှိုင်း အမူအရာဖြင့် “ဒီလို ပွန်းကောင်လေးတွေကို ရှင်းပစ်ရတာ ဘာမှမခက်ဘူး။ ငါစိတ်ပူတာက ကောင်းကင်ကံကြမ္မာမြို့တောင် ဒီလိုမျိုး ဖြစ်နေတာဆိုတော့ အခြားမြို့တွေဆိုရင် ဘယ်လိုတွေများ ဖြစ်နေမလဲ ဆိုတာပဲ”

ဖေးကျီတုက သက်ပြင်းချ၍ “ဒီနှစ်အတွင်းမှာ အလောင်းဝိဥာဉ်ဂိုဏ်းတော်ရဲ့ အဖွဲ့ဝင် အရေအတွက်က ကြောက်မခန်းလိလိနဲ့ တိုးတက်လာတာ အဓိက ပြဿနာပဲ။ သူတို့မှာ လူတွေကို အလောင်းကောင်တွေအဖြစ် ပြောင်းပစ်နိုင်တဲ့ ပညာရပ်တစ်မျိုးရှိတယ်။ အဲ့ပညာရပ်ကိုသုံးပြီး သူတို့ရဲ့ အဖွဲ့ဝင် အရေအတွက်ကို များများလာအောင် လုပ်နေတာ။ သူတို့ စပေါ်လာတုန်းက ဘယ်လောက်မှ ရှိတာ မဟုတ်ဘူး။ ဒါပေမယ့် အခုလည်းကျရော ရိုက်သတ်လို့တောင် မကုန်နိုင်တော့ဘူး။ အဲ့အလောင်းဝိဥာဉ်ဂိုဏ်းတော် အဖွဲ့သား အများစုက အရိပ်ကြယ်ပေါ်က ဂိုဏ်းတွေနဲ့ မိသားစုတွေရဲ့ အဖွဲ့ဝင်ဟောင်းတွေပဲ။ ဒီတော့ သူတို့ကို သွားအထင်သေးလို့ မရဘူး”

ဖန်ဖုန်းချီသည်လည်း ဖေးကျီတုအား အလောင်းကောင် အဖြစ်သို့ ပြောင်းလဲပစ်ရန် ကြံခဲ့လေသည်။ ထို့ကြောင့်ပဲ ဖေးကျီတု၏ ကျင့်ကြံခြင်းကို မဖျက်စီးပစ်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် ချင်းတုန်မှ အချိန်မှီ လာရောက် ကယ်ဆယ်နိုင်ခဲ့သည့်အတွက် ဖေးကျီတုလည်း အလောင်းဘဝသို့ ရောက်မည့်ဘေးမှ ကင်းဝေးခဲ့ရသည်။

“အရိပ်ကြယ်တစ်ခုလုံး တကယ်ကို ကပ်ဆိုက်နေတာပဲ” ချင်းတုန် သက်ပြင်းအမောကြီး ချလိုက်သည်။ ရှစ်နှစ်လောက် ထွက်သွားပြီး ပြန်ရောက်လာသည့်အချိန်တွင်၊ စီးကြိုနေသော မြင်ကွင်းကြောင့် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည့် အပျော်များပင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ရသည်။

“အားလုံး၊ ငါကြည်လင်ကောင်းကင်ဂိုဏ်းကို တစ်ချက်လောက် ပြန်လိုက်ဦးမယ်” မိုယုက ရုတ်တရက် ပြောလိုက်သည်။

သူသည်လည်း လွန်ခဲ့သည့် နှစ်ရက်အတွင်း ကောင်းကင် ကံကြမ္မာမြို့ထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ယခု ဤနေရာရှိ အခြေအနေ တည်ငြိမ်သွားပြီ ဖြစ်သဖြင့် သူ့အိမ် အခြေအနေကို သွားကြည့်ချင်သည်မှာ သဘာဝသာ ဖြစ်ပေသည်။

“ရောင်းရင်းမို…” ချင်းတုန်သည် ပါးစပ်ဟပြီး တစ်ခုခုပြောရန် လုပ်လိုက်သော်ငြား ဘာမှ ပြောမထွက်ခဲ့ချေ။

ကြည်လင်ကောင်းကင်ဂိုဏ်း အခြေအနေ မည်ကဲ့သို့ ရှိသလဲ သူမသိသော်ငြား အရိပ်ကြယ်ပေါ်ရှိ ဂိုဏ်တစ်ဝက်လောက် အနည်းဆုံး ရှင်းပစ်ခံထိပြီးသွားလေပြီ။ ကြည်လင်ကောင်းကင်ဂိုဏ်းသည် ပထမတန်းစား အင်အားစုတစ်ခု ဖြစ်သည့်အတွက် အလောင်းဝိဥာဉ်ဂိုဏ်း၏ ပစ်မှတ်တစ်ခု ဖြစ်လာမည်မှာ မလွဲမသွေပင်။

မိုယုသည် ကြည်လင်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲချုပ်တစ်ဦး ဖြစ်သည့်အတွက် သူ့ဂိုဏ်းအား သွားပြန်ကြည့်ချင်သည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။ သို့သော် ယခုလက်ရှိ အချိန်၌ သူတစ်ယောက်တည်း ထွက်သွားခြင်းမှာ အလွန်ကိုမှ အန္တရာယ် များပေသည်။

ဖြစ်နိုင်လျှင် ချင်းတုန် ကိုယ်တိုင်ပင် လိုက်သွားချင်မိသည်။ သို့သော်ငြား အရိပ်လခန်းမ ကိစ္စများကို ရှင်းလင်းရဦးမည် ဖြစ်သည့်အတွက် ချက်ချင်း ထထွက်သွား၍ မဖြစ်သေးချေ။ အရိပ်လခန်းမသည်လည်း အခြေအနေ ကောင်းသည်မဟုတ်။ သစ္စာဖောက်များကို ရှင်းလင်းပြီး အဖမ်းခံထားရသည့် လူများကို သွားပြန်ကယ်ရပေဦးမည်။

“ငါသိတယ်။ မင်းတို့ စိတ်ပူစရာမလိုဘူး။ ငါကိုယ်တိုင်က သာမန် တန်ခိုးရှင်တတိယအဆင့်တစ်ဦးမှ မဟုတ်တာ။ ပြီးတော့ သတိလည်း ထားသွားမှာပဲဟာကို” မိုယုက ပြုံးလျက် ပြောလိုက်သည်။

မိုယုက စိတ်ပိုင်းဖြတ်ပြီးနေပြီ ဖြစ်သဖြင့် ချင်းတုန်လည်း ဘာမှ ထပ်ပြောမနေတော့ဘဲ ခေါင်းညိတ်၍သာ “အဲ့လိုဆိုမှတော့ အစ်ကိုမို အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးလိုက်တော့မယ်”

“စိတ်ပူမနေနဲ့။ အခုအချိန် အရိပ်ကြယ်ပေါ်မှာ ငါ့ပြိုင်ဘက် ဖြစ်နိုင်တဲ့လူ သိပ်ရှိတော့တာ မဟုတ်ဘူး”

ယခင်မိုယုသည် အရိပ်ကြယ်၏ ထိပ်တန်းအဆင့် ပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။ သွေးအကျဉ်းထောင် စမ်းသပ်ပွဲအတွင်း ရရှိခဲ့သည့် အကျိုးအမြတ်များကြောင့် မိုယု၏ ခွန်အားမှာ သိသိသာသာ တိုးတက်လာခဲ့ရသည်။ မိုးယုအနေဖြင့် ချင်းတုန်ကဲ့သို့ တန်ခိုးရှင်ဘုရင် အဆင့်သို့ မချိုးဖျက်နိုင်ခဲ့သော်ငြား တန်ခိုးရှင် အဆင့်များထဲတွင်မူ ထိပ်သီးတစ်ဦး ဖြစ်လာပြီဟု‌ ပြော၍ရ၏။

အလောင်းဝိဥာဉ်ဂိုဏ်းတွင် ပညာရှင်များစွာရှိလျှင်ပင် တန်ခိုးရှင်ဘုရင်အဆင့်သာ မဟုတ်ပါက မည်သူ့ကိုမှ မိုယု မကြောက်ချေ။

“စီနီယာမို နည်းနည်းလောက် စောင့်လိုက်ပါလား။ ကျုပ်တို့ အတူတူ သွားကြတာပေါ့” ရန်ကိုင်က ရုတ်တရက် ပြောလိုက်၏။

“ရန်ကိုင်၊ မင်းလည်း အထက်စကြာဝဠာဂိုဏ်းဆီ ပြန်ချင်နေတာလား” ချင်းတုန်က မေးလိုက်သည်။

“ဟုတ်တယ်။ အထက်စကြဝဠာဂိုဏ်းကို စိတ်ပူစရာ မလိုဘူးဆိုပေမယ့် အကြီးအကဲရီနဲ့ အခြားသူတွေကိုတော့ စိတ်ပူနေတုန်းပဲ။ အဲ့ကိုသွားရင် ကြည်လင်ကောင်းကင်ဂိုဏ်းကို တစ်ခါတည်း ဖြတ်ရမှာဆိုတော့ ကျုပ်တို့ အတူတူ သွားကြတာပေါ့”

“ကောင်းပြီလေ”

ရန်ကိုင်ဘာကြောင့် သူ့အား တစ်ရက်စောင့်ခိုင်းသလဲ ဆိုသည်ကို မိုယု မသိသော်ငြား သဘောတော့ တူလိုက်ပေသည်။

အကုန်လုံး ဆုံးဖြတ်ပြီးနောက်တွင် ရန်ကိုင်သည် ချက်ချင်းပဲ ကောင်းကင်ကံကြံမ္မာမြို့၏ ဟင်းလင်းပြင်အစီအရင် ရှိသည့် နေရာဆီသို့ တန်းသွားလေသည်။

ကောင်းကင်ကံကြမ္မာမြို့တော် အလောင်းဝိဥာဉ်ဂိုဏ်း၏ လက်ထဲသို့ ကျရောက်သွားသည့် အချိန်တွင် ဟင်းလင်းပြင် အစီအရင်ကို ဖေးကျီတုက ဖျက်စီးပစ်ခဲ့သည်။ ယခု ထိုအစီအရင်ကို သူပြန်ပြင်နိုင်မလား၊ မပြင်နိုင်ဘူးလား တစ်ချက် သွားကြည့်လိုခြင်း ဖြစ်သည်။

ပြင်နိုင်မည်ဆိုလျှင်တော့ အချိန်ကုန်ခံပြီး ပျံသန်းသွားနေစရာ လိုတော့လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် ကောင်းကင်ကံကြမ္မာမြို့တော်ရှိ ဟင်းလင်းပြင် အစီအရင်ကို တစ်ကြိမ်မက အသုံးပြုဖူးသဖြင့် ထိုအစီအရင် မည်သည့် နေရာတွင် ရှိသလဲဆိုသည်ကို ကောင်းကောင်း သိနေ၏။ မကြာမီ စုယန်၊ ရှနင်းချန်နှင့်အတူ ဟင်းလင်းပြင်အစီအရင် ရှိရာဆီသို့ ရောက်လာခဲ့သည်။ မတော်တဆ မဖြစ်ရလေအောင် စုယန်နှင့်ရှနင်းချန်တို့အား စောင့်ကြပ်ပေးရန် ပြောပြီးနောက် ဟင်းလင်းပြင်အစီအရင်ကို သေချာ စလေ့လာတော့လေသည်။

လေဟာနယ်စွမ်းအားကို ကျွမ်းကျင်တိုင်း ဟင်းလင်းပြင် အစီအရင်ကို ခင်းကျင်းနိုင်သည်ဟု မဆိုလိုချေ။ ဟင်းလင်းပြင် အစီအရင်ကို ခင်းကျင်းနိုင်ရန်အတွက် လေဟာနယ်စွမ်းအင်ကို ကျွမ်းကျင်နေရရုံမက အစီအရင်အကြောင်းကိုလည်း အဆင့်မြင့်မြင့် နားလည်ထားရန် လိုအပ်ပေသည်။ ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်များကို တစ်ခါမှ မခင်းကျင်းဖူးသော်ငြား ယန်ယန် ခင်းကျင်းသည်ကို တစ်ကြိမ်မက မြင်ဖူးပေသည်။ ထို့ကြောင့် ရမရ လာစမ်းသပ်ကြည့်ခြင်း ဖြစ်သည်။

ရန်ကိုင်သည် နောက်ထပ် နှစ်နာရီလုံးလုံး အစီအရင်ကို စစ်ဆေးလေ့လာရင်း အချိန်ကုန်ဆုံးနေခဲ့သည်။

နှစ်နာရီကြာပြီးနောက် ရန်ကိုင် မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။

ဟင်းလင်းပြင်အစီအရင် ပျက်စီးသွားသည်မှာ မှန်သော်ငြား ကံကောင်းစွာဖြင့် အစီအရင်သည် ကြီးကြီးမားမား ထိခိုက်သွားခြင်း မရှိခဲ့ချေ။ နည်းနည်းပါးပါး ပြန်ပြင်လိုက်လျှင် ယခင်အတိုင်း ပြန်လည် အသုံးပြုနိုင်ပေလိမ့်မည်။

သေချာစီစစ်ပြီးနောက်တွင် ဟင်းလင်းပြင် အစီအရင်ပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ သတ္တု အမျိုးမျိုးကို ထုတ်ယူ၍ တေဇောဓါတ်အသိစိတ်ပင်လယ်ကို သုံးကာ အရည်ပျော်ဖျစ်လိုက်ပြီးနောက် ပျက်စီးသွားသော အစီအရင်၏ အစိတ်အပိုင်းများကို အစီအစဉ်အတိုင်း ပြန်လည် ချိတ်ဆက်တော့လေသည်။

ပထမဆုံးအကြိမ် ကြိုးစားဖူးခြင်းဖြစ်သည့် အမှားများစွာကို ရန်ကိုင် လုပ်မိခဲ့သည်။ သို့သော်ငြား လုပ်ဖန်များလာသော် အတော်လေး အကျွမ်းတဝင် ရှိလာခဲ့ပြီး တဖြည်းဖြည်းနှင့် အမှာလည်း နည်းလာခဲ့လေသည်။

ထို့အပြင် အစီအရင်ကို ပြန်ပြင်ခြင်းသည် လေဟာနယ်တာအို အပေါ် သူ့နားလည်မှုအား ပိုမို တိုးတက်စေသည်ကို ရန်ကိုင် အမှတ်မထင် ရှာတွေ့သွားခဲ့သည်။ ထို့ကြောင့် ရန်ကိုင် အတော်လေး ကျေနပ်မိသွားခဲ့သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။

လေဟာနယ်စွမ်းအင်ကို ကျင့်ကြံရသည်မှာ မလွယ်ကူ။ လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို စုပ်ယူပြီး ကျင့်ကြံမှသာ လျင်လျင်မြန်မြန် တိုးတက်နိုင်သည်။ သို့သော် သူ့တွင်ရှိသော လေဟာနယ်ဝိဥာဉ် သလင်းကျောက် အားလုံးမှာ သုံးကုန်သွားပြီ ဖြစ်သည့်အတွက် လေဟာနယ်တာအိုကို တိုးတက်အောင်လုပ်ဖို့ရာ ကမ္ဘာငယ်လေးကို ချဲ့ထွင်ခြင်း နည်းလမ်းကို သုံး၍သာ ကျင့်ကြံရတော့သည်။

ယခု နောက်ထပ် နည်းလမ်းတစ်ခုဖြစ်သော ဟင်းလင်းပြင် အစီအရင်များကို ခင်းကျင်းခြင်းနှင့် ပြင်ဆင်ခြင်း နည်းလမ်းကို ရှာတွေ့သွားခဲ့လေပြီ။

All Chapters