← Chapters

အခန်း (၁၆၇၆-၁၆၈၀)

Vol. 68 Ch. 1676-1680

အခန်း (၁၆၇၆-၁၆၈၀)

Vol. 68 Ch. 1676-1680

အပိုင်း (၁၆၇၆)

တစ်ရက်ကြာပြီးနောက် ဟင်းလင်းပြင် အစီအရင်အား ပြန်ပြင်လို့ပြီးသွားခဲ့သည်။

ထို့နောက် မိုယု၊ ရန်ရှုကျုနှင့် အခြားသူများကို ခေါ်ကာ ချင်းတုန်အား နှုတ်ဆက်ပြီး ဟင်းလင်းပြင် အစီအရင်မှတစ်ဆင့် ထွက်ခွာလာခဲ့သည်။

အရိပ်လခန်းမကို ရန်ကိုင် စိတ်မပူချေ။ လက်ရှိ အရိပ်ကြယ်တွင် ချင်းတုန်သည် အားအကောင်းဆုံး ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့လေပြီ။ သူပင် မကိုင်တွယ်နိုင်သည့် ဘေးကပ်ဆိုး တစ်ခု ကျရောက်လာမည် ဆိုပါက အရိပ်ကြယ်တစ်ခုလုံး ကပ်ဆိုက်ပြီဟု ဆိုလိုက်ခြင်းသာ ဖြစ်သည်။ ရန်ကိုင်လည်း ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

“အစ်ကိုရန်၊ ခရီးလမ်း အဆင်ပြေပါစေဗျာ” ဝေကုချန်းက လက်သီးဆုပ်၍ နှုတ်ဆက်စကားဆိုလိုက်သည်။

“ရန်ကိုင်၊ ဒီဟင်းလင်းပြင် အစီအရင်က ဘယ်နေရာကို ဆက်သွယ်ထားတာလဲ” မိုယုက ရုတ်တရက် မေးလိုက်၏။

“သွေးနတ်ဆိုးမြို့တော်နဲ့တူတယ်”

“မင်းဘာပြောချင်တာလဲ” မိုယုက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်ပေးလိုက်သည်။

သွေးနတ်ဆိုးမြို့တော်သည် သဲမီးတောက်နယ်မြေအနီးတွင်ရှိပြီး ကြည်လင်ကောင်းကင်ဂိုဏ်း၏ ဠာနချုပ်နှင့်လည်း သိပ်မဝေးချေ။ ထို့ကြောင့် ဤဟင်းလင်းပြင် အစီအရင်ကိုသုံးပြီး ရန်ကိုင် သွားချင်နေသည်မှာ အထူးအဆန်း မဟုတ်ချေ။ သို့သော် ရန်ကိုင် စကားပြောသွားသည့် ပုံစံသည် မိုယုအား အနည်းငယ် စိုးရိမ်စိတ် ဝင်သွားစေခဲ့သည်။

ရန်ကိုင်က ရှက်ကိုးရှက်ကန်းပြုံးလျက် ပြန်ပြောလိုက်လေသည် “ဒီဟင်းလင်းပြင် အစီအရင်က ပျက်နေလို့ ကျုပ်ပြန်ပြင်ထားတာ။ ဒါပေမယ့် အခုမှ ပထမဆုံးအကြိမ် ပြန်ပြင်ဖူးတာဆိုတော့ သွေးနတ်ဆိုးမြို့ကို ချိန်ထားပေမယ့် အဲ့ကို ရောက်မယ်လို့တော့ ကျိန်းသေကြီး အာမမခံရဲဘူး”

မိုယု မှင်သက်သွားခဲ့သလို ရန်ရှုကျုနှင့် အခြားသူများလည်း ဆွံ့အသွားခဲ့လေသည်။

“ခင်ဗျားတို့ ဘာစိတ်ပူနေလဲ ကျုပ်သိတယ်။ အဲ့ဒါနဲ့ ပက်သက်ပြီး ဘာမှ စိတ်ပူစရာမလိုဘူး။ ဘယ်နေရာကို ရောက်မလဲသာ အတိအကျကြီး အာမမခံရဲတာ။ သွားနေရင်းနဲ့တော့ ဘာမှ မဖြစ်ဘူးစေရဘူးလို့တော့ ရဲရဲကြီး အာမခံတယ်”

ထိုစကားကို ကြားမှပဲ အကုန်လုံး စိတ်သက်သာရာ ရသွားခဲ့၏။

ဟင်းလင်းပြင် အစီအရင်နှင့် ခရီးသွားရာတွင် အတော်လေး သတိထားရန် လိုအပ်ပေသည်။ ကိုယ်သုံးမည့် ဟင်းလင်းပြင် အစီအရင်သည် နည်းနည်းလေးမှ ထိခိုက်နေ၍ မဖြစ်ချေ။ ထိုသို့မဟုတ်လျှင် အစီအရင်ကို သုံးလိုက်ပြီးမှ သွားချင်သည့် နေရာသို့ မရောက်ဘဲ ဟင်းလင်းပြင်ထဲသို့သာ ရောက်သွားပြီး အရိပ်ကြယ်သို့ ဘယ်တော့မှ ပြန်မရောက်လာနိုင်သည့် အဖြစ်နှင့် သွားကြုံနိုင်ပေသည်။ ပိုဆိုးလျှင် ဟင်းလင်းပြင် အက်ကွဲကြောင်းများ၏ ပိုင်းဖြတ်ခြင်း ခံရပြီး တစ်ကိုယ်လုံး အပိုင်းပိုင်းအစစ ဖြစ်ကာ ဆိုးဆိုးရွားရွား သေသွားနိုင်ပေသည်။

ထို့ကြောင့် ရန်ကိုင်၏ မသေချာသည့် လေသံကို ကြားလိုက်စဉ်က အကုန်လုံး စိုးရိမ်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ရန်ကိုင်က မည်သည့် အန္တရာယ်မှမရှိဘူးဟု ပြောလာသဖြင့် သူတို့လည်း ဆက်ပြီး စိတ်ပူမနေတော့ချေ။

နေရာမှားပြီး ရောက်သွားလျှင်ပင် ကိစ္စမရှိချေ။ အဓိကမှာ ဟင်းလင်းပြင်ထဲသို့ ရောက်မသွားရန်နှင့် အက်ကွဲကြောင်းများ၏ အန္တရာယ်နှင့် မကြုံတွေ့ရန်သာ ဖြစ်သည်။

“အချိန်မရှိတော့ဘူး။ မြန်မြန် သွားကြရအောင်” ရန်ရှုကျုနှင့် အခြားသူများသည် အထက်စကြာဝဠာဂိုဏ်း မည်ကဲ့သို့ ဖြစ်နေမလဲ အတော်လေး သိချင်နေကြသည်။

အကုန်လုံး ခေါင်းညိတ်လိုက်ပြီး ဟင်းလင်ပြင် အစီအရင်ပေါ်သို့ တက်လိုက်ကြသည်။ အစီအရင်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် အစီအရင်ပေါ်တွင် ထည့်သွင်းထားသော သူတော်စင် သလင်းကျောက်များထဲမှ စွမ်းအင်များ အစီအရင်ထဲသို့ စတင် စီးဝင်လာလေသည်။ ထို့နောက် အားကောင်းသော လေဟာနယ် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်တို့အဖွဲ့ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

“အစီအရင်ကို ပြန်ဖျက်စီးပစ်လိုက်တော့” ချင်းတုန်က အမိန့်ပေးလိုက်သည်။ ဝေကုချန်းလည်း ချင်းတုန် ပြောသည့် အတိုင်း အစီအရင်အား ချက်ချင်း ဖျက်စီးပစ်လိုက်လေသည်။

ထို့နောက် ချင်းတုန်သည် အဝေးတစ်နေရာသို့ လှမ်းကြည့်ရင်း လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏ “အရိပ်လခန်းမဆီ ပြန်ဖို့ အချိန်ရောက်ပြီ”

ဖေးကျီတု၊ ဝေကုချန်းနှင့် အခြားသူများသည် ခါးကိုဆန့်လျက် အရိပ်လခန်းမရှိရာဆီသို့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လှမ်းကြည့်လိုက်ကြသည်။

……

အလင်းတစ်ချက် လက်သွားပြီးနောက် ရန်ကိုင်တို့အဖွဲ့ ပေါ်လာခဲ့သည်။

ပေါ်လာပြီးပြီးချင်း ရန်ကိုင်မှအပ အကုန်လုံး အနည်းငယ် ခေါင်းမူးနေခဲ့ကြသည်။ ခရီးဝေးသွား ဟင်းလင်းပြင် အစီအရင်များကို အသုံးပြုလျှင် ဤဖြစ်ရပ်နှင့် အမြဲ ကြုံရလေ့ ရှိပေသည်။ ရန်ကိုင်ကမူ လေဟာနယ်စွမ်းအင်ကို ကျင့်ကြံထားသူ တစ်ဦး ဖြစ်သည့်အတွက်ကြောင့်သာ ဘာမှ မဖြစ်ခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် သူတို့ ပေါ်လာသည့်နေရာ၌ မည်သည့် အန္တရာယ်မှ ရှိမနေခဲ့ချေ။

လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရန်ရှုကျုက မျက်မှောင်ကြုတ်၍ “ဒီနေရာက သွေးနတ်ဆိုးမြို့တော် မဟုတ်ဘူး”

သူတို့ ရောက်နေသည့် နေရာသည် မျက်စိတစ်ဆုံး ပြောင်ရှင်းနေသည့် လွင်ပြင်ကျယ်ကြီး တစ်ခု ဖြစ်သည်။

ရန်ကိုင်သည်လည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် “သွေးနတ်ဆိုးမြို့တော်နဲ့ ကောင်းကင်ကံကြမ္မာမြို့ကြားက တစ်နေရာရာ ဖြစ်လောက်တယ်။ ခင်ဗျားတို့ ဒီလွင်ပြင်ကြီးနဲ့ ရင်းနှီးလား”

အကုန်လုံး ခေါင်းခါလိုက်ကြသည်။ သူတို့ အားလုံးသည် အရိပ်ကြယ်၏ ဒေသခံများ ဖြစ်ကြသည့်တိုင် အချိန်အများစုကို ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးနေသည့်အတွက် အရိပ်ကြယ်၏ နေရာဒေသအကြောင်း သိပ်မသိကြချေ။ ရှင်းရှင်းပြောရလျှင် ရန်ကိုင်ပင်လျှင် အရိပ်ကြယ်အကြောင်း သူတို့ထက် ပိုသိသည်ဟု ပြောနိုင်ပေသည်။

သို့သော်လည်း ခဏမျှ လှည့်ပတ်ကြည့်နေပြီးနောက် မိုယုသည် ပို၍ ရှင်းရှင်းလင်းလင်းမြင်ရအောင် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ထပ်၍ ကြည့်ကြည့်လိုက်သည်။

ထို့နောက် စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “ဒီနေရာက အရိုးဖြူလွင်ပြင်ပဲ။ နောက်ထပ် တစ်ရက်လောက် ထပ်သွားရင် ရေနက်မြို့ကို ရောက်ပြီ”

“ကြည်လင်ကောင်းကင်ဂိုဏ်းရဲ့ ရေနက်မြို့လား” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ဟုတ်တယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ရေနက်မြို့သည် အရိပ်လခန်းမ၏ လက်အောက်တွင် ရှိနေသော ကောင်းကင်ကံကြမ္မာမြို့ကဲ့သို့သော ကြည်လင်ကောင်းကင်ဂိုဏ်း၏ လက်အောက်ခံမြို့တစ်မြို့ ဖြစ်သည်။

“အဲ့လိုဆိုမှတော့ ရေနက်မြို့ကိုပဲ အရင် သွားကြတာပေါ့” ခဏမျှ စဉ်းစားပြီးနောက် ရန်ကိုင်က ပြောလိုက်သည်။ အထက်စကြာဝဠာဂိုဏ်း မည်ကဲ့သို့ ရှိသလဲဆိုသည်ကို သူသိချင်နေမိသည်။ ထို့ကြောင့် အနီးဆုံးတွင် ရှိနေသော ရေနက်မြို့သို့သွားပြီး သတင်းစုံစမ်းသည်မှာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ထို့အပြင် ရေနက်မြို့ အခြေအနေကိုလည်း သူတို့ မသိရသေး။ အထက်စကြာဝဠာဂိုဏ်းကဲ့သို့ ဖြစ်နေမှဖြင့် ပြဿနာ တက်ပေလိမ့်မည်။ ထို့ကြောင့် လိုလျှင် အကူအညီပေးနိုင်ရန် မိုယုနှင့် တစ်ခါတည်း လိုက်သွားလိုခြင်း ဖြစ်သည်။

“ကျေးဇူးပဲ” မိုယုက လက်သီးဆုပ်၍ ပြောလိုက်သည်။

ဤနေရာသည် ကြည်လင်ကောင်းကင်ဂိုဏ်း၏ ပိုင်နက် ဖြစ်သည့်အတွက် မိုယုသည် ဤနေရာနှင့် အတော်လေး ရင်းနှီးနေပေသည်။ တစ်ရက်ကြာပြီးနောက် အကုန်လုံး၏ ရှေ့တွင် မြို့ကြီးတစ်မြို့ ထွက်ပေါ်လာခဲ့သည်။

“အဲ့ဒါ ရေနက်မြို့ပဲ” မိုယုက ထိုမြို့အား ညွှန်ပြရင်း အားလုံးကို မိတ်ဆက်ပေးလိုက်သည်။

“အဲ့မှာ တိုက်ပွဲဖြစ်နေတဲ့ပုံပဲ” ရန်ကိုင်က ပြောလိုက်သည်။

“ဟုတ်တယ်။ ငါတို့ ကြည်လင်ကောင်းကင်ဂိုဏ်းက လူတွေ တိုက်ခိုက်နေတာ” မိုယု မျက်နှာပျက်သွားပြီး ချက်ချင်းပဲ အရှိန်ကုန်တင်တော့လေသည်။

ရေနက်မြို့အနီးတွင် တိုက်ပွဲဖြစ်နေခြင်းသည် သတင်းဆိုကြီး တစ်ခုလို့တော့ ပြော၍မရချေ။ အနည်းဆုံး ရေနက်မြို့သည် ရန်သူ လက်အောက်သို့ ရောက်မသွားသေးဘူးဟု ပြောနိုင်ပေသည်။ တစ်ခုတည်းသော မေးစရာရှိတော့သည်ကား ရေနက်မြို့ အခြေအနေ ဘယ်လောက်ထိ ဆိုးနေသလဲ ဆိုသည်ပင်။

ရေနက်မြို့၏ မြို့နံရံပေါ်တွင် မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်နေသော မိန်းမလှလေးတစ်ဦး ရပ်နေပြီး သူမအနီးတွင် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများစွာ စုဝေးနေခဲ့ကြသည်။ ထိုလူများထဲတွင် ဒဏ်ရာမရထားသည့်လူ တစ်ဦးမှ မရှိချေ။ တစ်ယောက်ဆိုလျှင် လက်ပင် ပြတ်နေသေးသည်။

အောက်ဘက်တွင်မူ အဖြူ၊ အနီ၊ အစိမ်း အဆံပင်အရောင် မျိုးမျိုးရှိသော အလောင်းဝိဥာဉ်မျိုးနွယ်များသည် လူသား ကျင့်ကြံသူအချို့နှင့် တိုက်ခိုက်နေကြသည်။

မြင်ကွင်းတစ်ခုလုံးသည် တကယ်ကို ပရမ်းပတာပင်။ တိုက်ခိုက်နေကြသည့် လူအရေအတွက်မှာ ထောင်နှင့်ချီပေသည်။ သို့သော်လည်း လူသားအားလုံးသည် တစ်ဖက်မှ တိုက်ခိုက်နေကြခြင်း မဟုတ်ကြဘဲ အချို့ လူသားများသည် အလောင်းဝိဥာဉ်မျိုးနွယ်များဘက်မှ ကူ၍ တိုက်ခိုက်ပေးနေကြ၏။

ထိုလူများသည် အလောင်းဝိဥာဉ်ဂိုဏ်းကို အညံ့ခံလိုက်ကြသည့် လူများ ဖြစ်ကြသည်။

“မြို့သခင်၊ သူတို့ကို မြန်မြန် ပြန်ဆုတ်ခိုင်းလိုက်ပါတော့။ မဟုတ်ရင် အကုန်လုံး သေကုန်လေလိမ့်မယ်” တစ်ယောက်ယောက်က မိန်းမလှလေးအား ဝမ်းနည်းနေသည့် အမူအရာဖြင့် တောင်းဆိုလိုက်သည်။

ဤတိုက်ပွဲမှာ လုံးဝကို မျှော်လင့်ချက်မရှိသည့် တိုက်ပွဲတစ်ပွဲ ဖြစ်သည်။ ရန်သူ အရေအတွက်မှာ သူတို့ထက် ဆယ်ဆလောက် များနေခဲ့ရာ မည်ကဲ့သို့များ တိုက်နိုင်တော့မည်နည်း။

တိုက်ပွဲ မဖြစ်ခင်က ထွက်သွားသည့် လူအရေအတွက်မှာ ခြောက်ရာမျှ ရှိခဲ့သော်ငြား ဆယ့်ငါးမိနစ်ခန့်သာ ကြာပြီးနောက်၌ အယောက်လေးရာခန့် သေနေခဲ့လေပြီ။ ယခု အယောက် နှစ်ရာသာ ကျန်ရစ်တော့သည်။ ထိုအယောက်နှစ်ရာလည်း သိပ်ပြီး တောင့်ခံနိုင်တော့မည်ပုံမပေါ်။

“ဟုတ်တယ်၊ မြို့သခင်၊ သူတို့တွေက ကျုပ်တို့ ကြည်လင်ကောင်းကင်ဂိုဏ်းရဲ့ နောက်ဆုံး လက်ရွေးစင်တွေနော်။ သူတို့သာ သေသွားရင် ဂိုဏ်းတစ်ခုလုံး သွားပြီပဲ”

“သူတို့ ပြန်ဆုတ်လို့မရဘူး” မိန်းမလှလေးက အခိုင်အမာ ပြောလိုက်သည် “အစီအရင်က ပြန်ပြင်နေတုန်းပဲ ရှိသေးတယ်။ သူတို့သာ ပြန်ဆုတ်လာရင် ရေနက်မြို့မှာ ရှိနေတဲ့လူတွေ အကုန်လုံး သေကုန်ကြလိမ့်မယ်”

“ဒါပေမယ့်…” ထိုလူက ဝမ်းပန်းတနည်း ပြောလိုက်သည်။

လက်ရွေးစင် ခြောက်ယောက်သာ အစီအရင် ပညာရှင်များ မြို့၏ အကာအကွယ်အစီအရင်ကို ပြန်ပြင်နိုင်ရန်အတွက် အချိန်ဆွဲပေးရန် အလို့ငှာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ရေနက်မြို့ ယနေ့အချိန်အထိ တောင့်ခံနိုင်ခြင်းမှာ ၎င်း၏ အားကောင်းသော အစီအရင်များနှင့် အကာအရံများကြောင့်သာ ဖြစ်ပေသည်။ ထိုအစီအရင်များသာ မရှိခဲ့လျှင် ရေနက်မြို့ တစ်ခုလုံး အလောင်းဝိဥာဉ်ဂိုဏ်း လက်အောက်သို့ ရောက်သွားသည်မှာ ကြာခဲ့လေပြီ။

ယခု အကုန်လုံးသည် မီးစာကုန်ရေခမ်း ဖြစ်နေကြလေပြီ။ အလောင်းဝိဥာဉ်ဂိုဏ်း အနေဖြင့် နောက်တစ်ကြိမ် ခပ်ပြင်းပြင်း ထပ်တိုက်ခိုက်လျှင် မြို့တစ်ခုလုံး ကျသွားပေလိမ့်မည်။

အလောင်းဝိဥာဉ်ဂိုဏ်း၏ ပုံစံအရ မြို့သာ ကျသွားခဲ့လျှင် မြို့နေလူထုတစ်ခုလုံးကို အသတ်ခံရပေလိမ့်မည်။

“ငိုးမ သစ္စာဖောက် ခွေးဂိုဏ်းသူဂိုဏ်းတွေ။ အရင်တုန်က ငါတို့ရှေ့မှာ အမြီးလေး တနှံ့နှံ့နဲ့။ အခုလည်းကျရော အလောင်းဝိဥာဉ်ဂိုဏ်းကို ကူပြီး ငါတို့လူတွေကို သတ်နေတာ။ ခွေးကောင်တွေ၊ ငါ့အသက် မရှင်စေနဲ့။ မဟုတ်ရင် မင်းတို့ ဂိုဏ်းသုံးဂိုဏ်းက ကောင်တွေကို ငါလိုက်သတ်မှာ” တစ်ယောက်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

အခြားသူများသည်လည်း အတော်လေး ဒေါသထွက်နေကြသည်။

ကြည်လင်ကောင်းကင်ဂိုဏ်း၏ လက်အောက်ခံဖြစ်ကြသော လေပြင်းစံအိမ်၊ ပြောင်းလဲခြင်းတစ်ရာဂိုဏ်းနှင့် ခြေရာမဲ့ဂိုဏ်း၊ စသော ဂိုဏ်းများနှင့် အခြားသော အင်အားစုငယ်လေးများသည် အလောင်းဝိဥာဉ်ဂိုဏ်းလက်အောက်သို့ ခိုဝင်သွားခဲ့ကြသည်။

ကြည်လင်ကောင်းကင်ဂိုဏ်း တည်တံ့အားကောင်းစဉ်က ထိုဂိုဏ်းများကို ကောင်းကောင်း ပစားပေးခဲ့ပေသည်။ သူတို့ဂိုဏ်းများ တိုးတက်လေအောင် ကျင့်စဉ်များ ဝေငှပေးခဲ့ပြီး သူတို့ ဂိုဏ်းအသီးသီး၏ လက်ရွေးစင်များကိုလည်း ကြည်လင်ကောင်းကင်ဂိုဏ်းထဲသို့ ဝင်ခွင့်ပေးခဲ့သည်။

သို့သော် အရိပ်ကြယ် ကပ်ဘေးဆိုက်ကပ်ချိန် ထိုဂိုဏ်းများသည် အလောင်းဝိဥာဉ်ဂိုဏ်း လက်အောက်သို့ ခိုဝင်သွားကြရုံမက ကြည်လင်ကောင်းကင်ဂိုဏ်း၏ ဠာနချုပ်ကိုပင် အလစ်ချောင်း တိုက်ခိုက်ခဲ့လေသည်။

ထိုတိုက်ပွဲကြောင့် ကြည်လင်ကောင်းကင်ဂိုဏ်း၏ ဠာနချုပ် ဖျက်စီးခံလိုက်ရပြီး လူအချို့သာ လွတ်မြောက်နိုင်ခဲ့သည်။

ဤလောကကြီးတွင် လူများစွာ ရှိသော်လည်း ဘယ်လောက်ကများ သေဘေးနှင့် ရင်ဆိုင်ရချိန် သူတို့၏ ကိုယ်ကျင့်သိက္ခာတရားကို ထိန်းသိမ်းနိုင်ကြပါလိမ့်မည်နည်း။ ထိုအချက်ကို နားလည်ထားသည့် အမျိုးသမီးသည် ထိုသစ္စာဖောက်များကို ဆက်၍ ဒေါသထွက်နေမနေတော့ချေ။ သူတို့ကို ဒေါသ ထွက်နေ၍လည်း သေသွားသည့်လူများ ပြန်ရှင်လာမှာမှ မဟုတ်လေဘဲ။

“ချန်ရှီတောင်း ဘယ်မှာလဲ” အမျိုးသမီးက ရုတ်တရက် မေးလိုက်၏။

ချက်ချင်းပဲ အမျိုးသမီးတစ်ဦး အပြေးရောက်လာပြီး လက်သီးဆုပ်၍ ပြောလိုက်လေသည် “တပည့် ရှိပါတယ် အကြီးအကဲတု”

အမျိုးသမီးက ပြောလိုက်၏ “ချန်ရှီတောင်း ဒီအကြီးအကဲ အမိန့်ပေးမယ်။ အခုချက်ချင်း ဂိုဏ်းက လူသုံးရာကိုခေါ်ပြီး ရေနက်မြို့ရဲ့ အစီအရင်ကနေ ထွက်သွားပေတော့”

ချန်ရှီတောင်း ငေးကြောင်ကြောင် ဖြစ်သွားခဲ့လေသည်။ ခဏမျှ ငေးကြောင်နေပြီးနောက် ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် ပြန်အော်ပြောလိုက်လေသည် “အကြီးအကဲတု”

အမျိုးသမီးက ပြုံးလျက် “ငါတို့ ဠာနချုပ် ဖျက်စီးခံလိုက်ရပြီ။ ဂိုဏ်းချုပ်လည်း မရှိတော့ဘူး။ အခု ရေနက်မြို့မှာ ရှိနေတာ ဂိုဏ်းရဲ့ လူအကုန်ပဲ။ ဒီက လူတွေ အားလုံးသာ သေသွားခဲ့ရင် ကြည်လင်ကောင်းကင်ဂိုဏ်း လုံးဝ ပျက်စီးသွားလိမ့်မယ်။ ဒါကြောင့် နင်လူသုံးရာကိုခေါ်ပြီ မြန်မြန် ထွက်သွာပေတော့။ နင်တို့ ဆက်ပြီး အသက်ရှင်နေမှပဲ ငါတို့ ကြည်လင်ကောင်းကင်ဂိုဏ်း ဆက်ပြီး တည်တံ့နိုင်မှာ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၇၇)

ချန်ရှီတောင်း၏ မျက်လုံးများ နီရဲလာခဲ့လေသည်။ “ဒါပေမယ့် အကြီးအကဲ…”

“ဘာမှ ထပ်ပြောမနေနဲ့။ ငါတို့ နင့်အတွက် အချိန်ဆွဲထားပေးမယ်။ အဲ့အချိန်အတွင်း အထက်စကြာဝဠာဂိုဏ်းဆီ ရောက်အောင်သွား။ အထက်စကြာဝဠာဂိုဏ်းကပဲ နင့်ကို ကာကွယ်ပေးနိုင်တော့မှာ။ ဒီတာဝန်က နင့်အတွက် မလွယ်ကူမှန်း ငါသိတယ်။ ဒါပေမယ့် အခြေအနေအရ ဒါကို လုပ်ဖို့ နင်တစ်ယောက်ပဲ ရှိတော့တယ်”

“အကြီးအကဲ” ချန်ရှီတောင်းသည် ခေါင်းကို အဆက်မပြတ် ခါနေ၏။

“အခု သွားတော့” အမျိုးသမီး၏ မျက်နှာ ရုတ်ချည်း ခက်ထန်လာပြီး ချန်ရှီတောင်းအား ဒေါသတကြီး‌ အော်ခေါ်တော့၏ “ဘာလဲ။ ငါတို့ ကြည်လည်ကောင်းကင်ဂိုဏ်းကို ဒီနေရာမှာပဲ တစ်ခါတည်း အမြစ်ပြတ်သွားစေချင်လို့လား။ ဘိုးဘေးတွေကိုပါ အရှက်ရအောင် လုပ်ချင်နေတာလား”

ချန်ရှီတောင်း ဘာမှ ပြန်မပြောနိုင်တော့ဘဲ ဝမ်နည်းစွာဖြင့် ခေါင်းလေးငုံ့ထားရုံသာ တတ်နိုင်ခဲ့လေသည်။

ကြည်လင်ကောင်းကင်ဂိုဏ်းမှ အခြား အကြီးအကဲတစ်ဦးက ချန်ရှီတောင်းအား ကြင်နာသိမ်မွေ့သည့် အကြည့်ဖြင့် ကြည့်လျက် “အသက်ရှင်ဖို့က အဓိကဆိုတာ သမီး မမေ့နဲ့နော်။ အကြီးအကဲချုပ် တစ်နေ့ ပြန်လာလိမ့်မယ်။ သူပြန်လာတဲ့တစ်နေ့ သူနဲ့ အတူတူ ပြန်ဆုံနိုင်ရင် ကြည်လင်ကောင်းကင်ကို ပြန်လည် အသက် သွင်းနိုင်ဖို့ အခွင့်အရေးရှိတယ်။ တစ်ယောက်တည်းတော့ ဘာမှ စွတ်မလုပ်နဲ့”

“သွားတော့” ခေါင်းဆောင် အမျိုးသမီးက အော်ဟစ်လိုက်၏။

မျက်ရည်စများသည် ချန်ရှီတောင်း၏ မျက်ဝန်းများဆီမှ မိုးသီးမိုးပေါက်များသဖွယ် ရွာကျလာတော့သည်။ စိတ်ကို အတင်း ချုပ်တည်းထားပါသော်လည်း မချုပ်တည်းနိုင်ခဲ့။ ဝမ်းနည်းစိတ်ကို မည်သို့မှ တားဆီးမရနိုင်ခဲ့ချေ။ သို့သော်ငြား တာဝန်ဝတ္တရားက ရှိနေသည့်မို့ ဝမ်းနည်းနေသည့်တိုင် မြေကြီးပေါ် ဒူးထောက်လျက် ကတုန်ကရီဖြင့် အကြီးအကဲအားလုံးကို သုံးကြိမ်သုံးခါ ဦးညွှတ် ကန်တော့လိုက်ပြီးနောက် အလျင်အမြန် ထထွက်ခွါတော့လေ၏။

ထိုအချိန်မှာပဲ…

မြို့တံတိုင်းပေါ်တွင် ရှိနေသော ခေါင်းဆောင် အမျိုးသမီးနှင့် ကြည်လင်ကောင်းကင်ဂိုဏ်းမှ အခြားသော ပညာရှင်များသည် ခပ်လှမ်းလှမ်အကွာဆီမှ မယုံကြည်နိုင်စရာ အဖြစ်အပျက်တစ်ခုကို လှမ်း၍ သတိပြုမိလိုက်ကြလေသည်။

အလောင်းဝိဥာဉ်ဂိုဏ်းတော် စစ်တပ်၏ နောက်ဘက်ခြမ်း တစ်ခုလုံး ဘာကြောင့်မှန်းမသိ ပရမ်းပတာ ဖြစ်နေလေသည်။ အားကောင်းသော စွမ်းအင်လှိုင်းများသည်လည်း အဆက်မပြတ် ပေါက်ကွဲဖြာထွက်လာနေခဲ့သည်။ အလင်းတစ်ချက် ဖြာဖြာ ထွက်သွားတိုင်း ရာပေါင်းများစွာသော အလောင်းဝိဥာဉ် ဂိုဏ်းတော်သားများ အသတ်ခံနေရသည်။

“အကြီးအကဲတု၊ အဲ့ဘက်ကနေ တစ်ယောက်ယောက် ဝင်တိုက်နေတဲ့ပုံပဲ”

“ဟုတ်တယ်။ ဒါပေမယ့် ဘယ်သူဝင်တိုက်နေတာလဲ” ခေါင်းဆောင် အမျိုးသမီးကလည်း ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။

“အများကြီး တိုက်နေတာ မဟုတ်ဘူး။ ခုနှစ်ယောက်၊ ရှစ်ယောက်လောက်ပဲ တိုက်ခိုက်နေကြတာ။ ဒါပေမယ့် အဲ့ခုနှစ်ယောက်၊ ရှစ်ယောက်က အရမ်း အားကောင်းလွန်းတယ်” ဟင်းရွက်မှိုကစွန်းနှယ် ဘာမှ ပြန်မလုပ်နိုင်ဘဲ အလွယ်တကူ အသက်ခံနေရသော အလောင်းဝိဥာဉ်ဂိုဏ်းတော်သားများကို ကြည့်ရင်း တန်ခိုးရှင်အဆင့် ပညာရှင်တစ်ဦးက မှတ်ချက် ပေးလိုက်လေသည်။

“နေပါဦး… အဲ့ဒါ… အဲ့ဒါ… နေပြာစေတီ မဟုတ်ဘူးလား။ ငါသိပြီ။ အခု တိုက်ခိုက်နေတာ အကြီးအကဲချုပ်ပဲ။ အကြီးအကဲချုပ် ပြန်ရောက်လာတာ” တစ်ယောက်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။

ထိုလူ ပြောသည်ကို ကြားပြီးနောက်တွင် အကုန်လုံးသည် ကောင်းကင်ထက်တွင်ဝဲလျက် မိုးပြာရောင် အလင်းတန်းများကို အဆက်မပြတ် ထုတ်လွှတ်နေသော ဘုရားစေတီပုံစံ မှော်ရတနာလေးတစ်ခုကို ချက်ချင်း အာရုံစိုက်လိုက်ကြလေသည်။

ထိုဘုရားစေတီပုံစံ မှော်ရတနာလေးသည် တဝီဝီမြည်အောင် လည်ပတ်နေပြီး လေပေါ်သို့ ပျံတက်သွားလိုက် အောက်သို့ ဆင်းလာလိုက်ဖြင့် အလောင်းဝိဥာဉ်ဂိုဏ်းတော်သားများကို ထုချေနေခဲ့သည်။ တစ်ချိန်တည်းတွင် ထိပ်ဖူးတော်မှ မိုးပြာရောင်အလင်းတန်းများကို အဆက်မပြတ် ထုတ်လွှတ်နေသေး၏။ ထိုမိုးပြာရောင်အလင်းတန်းများနှင့် ထိသွားသည့် အလောင်းဝိဥာဉ်ဂိုဏ်းသားအားလုံးမှာလည်း အငွေ့ပျံ ပျောက်ကွယ်ကုန်ကြရလေသည်။

သူတို့ လှမ်းကြည့်လိုက်သည့်အခိုက်တွင် စေတီလေး၏ အတက်အဆင်း၊ မိုးပြာရောင်အလင်းတန်းများကြောင့် အလောင်းဝိဥာဉ်ဂိုဏ်းတော်သား အလောင်နှစ်ရာခန့် ပျောက်ကွယ်သွားခဲ့လေသည်။

“တကယ်ကြီး နေပြာစေတီပဲ” မျှော်လင့်ချက်ကို နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့လိုက်ရသည့်အလား ခေါင်းဆောင် အမျိုးသမီး၏ မျက်ဝန်းများ တစ်ဖန်ပြန်လည် လင်းလက်တောက်ပလာခဲ့လေ၏။

နေပြာစေတီသည် ကြည်လင်ကောင်းကင်ဂိုဏ်း၏ အဓိက အမွေအနှစ်များထဲမှ တစ်ခုဖြစ်ပေသည်။ ထိုမှော်ရတနာသည် တန်ခိုးရှင်အဆင့်နှင့် တန်ခိုးရှင်ဘုရင်အဆင့်ကြားတွင် ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့်တစ်ပိုင်း မှော်ရတနာတစ်ခု ဖြစ်သည်။

ထို့အပြင် ထိုမှော်တရာသည် အကြီးအကဲမိုယုသာ လက်စွဲတော် မှော်ရတနာ တစ်ခုလည်း ဖြစ်ပေသည်။

နေပြာစေတီ ပြန်ပေါ်လာရခြင်းမှာ အကြောင်းအရင်း တစ်ခုသာ ရှိသည်။ အကြီးအကဲချုပ် ပြန်ရောက်လာသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။

မိုယုကို မမြင်ရသေးသည့်တိုင် တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော သူ့စွမ်းအားကို အကုန်လုံး ခံစားမိနေလေပြီ။

“အကြီးအကဲချုပ် ပြန်ရောက်လာပြီဆိုတော့ ငါတို့ အသက်ရှင်ပြီကွ”

“ဟားဟားဟား။ အဲ့ခွေးကောင်တွေအားလုံးကို သတ်ကြရတာပေါ့”

“တစ်ယောက်မှ မလွတ်စေနဲ့”

“ဂိုဏ်းချုပ်နဲ့ သေသွားတဲ့ ငါတို့ရဲ့ ညီအစ်ကိုမောင်နှမတွေ အတွက် လက်တုန့်ပြန်ပေးရမယ်”

ချက်ချင်းဆိုသလို မြို့တံတိုင်းဆီမှ အော်ဟစ်သံများ သံပြိုင် ထွက်ပေါ်လာခဲ့လေသည်။ ခေါင်းဆောင်အမျိုးသမီးမှ အမိန့် မပေးသေးသည့် အတွက်ကြောင့်သာ မဟုတ်လျှင် အကုန်လုံး အကြီးအကဲချုပ်ကို ကူညီရန်အတွက် ပြေးထွက်သွားပြီး နေလောက်ပေပြီ။

သို့သော်ငြား ခေါင်းဆောင်အမျိုးသမီးကမူ စိုးရိမ်နေဟန်ဖြင့် မျက်မှောင်ကြီးကို ကြုတ်နေခဲ့၏။ အကြီးအကဲချုပ် ယခုအချိန် ပေါ်လာခြင်းသည် ကံကောင်းခြင်း၊ ကံဆိုးခြင်းပဲလား သူမ တကယ် မပြောတတ်တော့ချေ။

အကြီးအကဲချုပ်သည် အားကောင်းပြီး သူ့တွင် မိုးပြာစေတီကဲ့သို့ မှော်ရတနာတစ်ခု ရှိသော်လည်း သူရင်ဆိုင်နေရသည့် ရန်သူ အရေအတွက်မှာ အလွန်ကိုမှ များပြားလွန်းလှသည်။ မတော်လို့ ရန်သူများ၏ အဝိုင်းခံရကာ လွတ်နိုင်ခဲ့လျှင် သူတို့၏ နောက်ဆုံး မျှော်လင့်ချက်ကလေး ပျက်စီးသွားရပေလိမ့်မည်။

“အမိန့်ထုတ်လိုက်။ အသက်ရှင်နေသေးတဲ့ ကြည်လင်ကောင်းကင်ဂိုဏ်းသားတွေ အကုန်လုံး ဒီမြို့သခင်နဲ့အတူ အကြီးအကဲချုပ်ကို သွားကူညီကြမယ်လို့” ခေါင်းဆောင် အမျိုးသမီးသည် အလျင်အမြန်ပဲ ဆုံးဖြတ်ချက် ချလိုက်လေသည်။

“ဟုတ်ကဲ့” ချက်ချင်းပဲ တစ်ယောက်ယောက်သည် ခေါင်းဆောင် အမျိုးသမီး၏ အမိန့်ကို အလျင်အမြန် ထုတ်ပြန်တော့လေ၏။

မကြာမီ မြို့ရိုးထက် ကြည်လင်ကောင်းကင်ဂိုဏ်း၏ လက်ကျန် အင်အားစုများ စုဝေးလာခဲ့ကြသည်။ လူတစ်ထောင်ပင် မရှိတတ်တော့သော လူအုပ်ကြီးကိုကြည့်ရင်း အမျိုးသမီး၏ မျက်ဝန်းထဲ ဝမ်းနည်းရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ ထို့အပြင် အကုန်လုံးသည်လည်း ဒဏ်ရာရသူကရလို့ဖြင့် ရှိနေကြသည်။

ရေနက်မြို့တော်တွင် နေထိုင်သူ လူသန်းပေါင်းများစွာ ရှိသော်ငြား ဤတစ်ထောင်လောက်သာ ကြည်လင်ကောင်းကင်ဂိုဏ်းသားများ ဖြစ်ကြပြီး ကျန်လူများမှာ တစ်ခါမှပင် ကျင့်ကြံဖူးခြင်း မရှိသည့်၊ သို့မဟုတ်လျှင် အားနည်းကြသည့် လူများ ဖြစ်ကြသည်။

“ဒီတစ်ကြိမ် ငါတို့ ပန်းတိုင်က အကြီးအကဲချုပ်ကို ကူညီပေးဖို့ပဲ။ နင်တို့အားလုံး အဆင်သင့်ပဲလား” ခေါင်းဆောင် အမျိုးသမီးသည် လူအုပ်ကြီးကိုကြည့်၍ မေးလိုက်သည်။

“အဆင်သင့်ပါပဲ” တစ်ထောင်နီးပါးရှိသော လူအုပ်ကြီးက ပြိုင်တူ ပြန်ဖြေလိုက်ကြလေသည်။

“ဒီကပ်ဆိုးကြီး ပြီးသွားခဲ့ရင် နင်တို့အားလုံးရဲ့ နာမည်တွေကို သူရဲကောင်းနံရံမှာ ရေးထိုးပေးမယ်။ အားလုံး ချီတက်တော့” အမျိုးသမီးသည် စကားကြော ရှည်မနေတော့ဘဲ လက်ကို ဝှေ့ရမ်း၍ တိုက်ပွဲကွင်းပြင်ထဲသို့ ရှေ့ဆုံးမှ ပြေးဝင်သွားလေသည်။

အခြားသူများသည်လည်း တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် တိုက်ပွဲကွင်းပြင်ထဲသို့ ပြေးဝင်သွားကြသည်။

ကြည်လင်ကောင်းကင်သားများ တိုက်ပွဲဆီသို့ ပြေးတက်သွားချိန် လူအုပ်ကြီးတစ်အုပ်သည်လည်း သူတို့နောက်မှ လိုက်ပါလာကြ၏။ ထိုလူများသည် ရေနက်မြို့နေခံများ ဟုတ်လျှင်ဟုတ် မဟုတ်လျှင် အခြားနေရာမှ ဤနေရာသို့ လာရောက် ခိုလှုံကြသည့်လူများ ဖြစ်ကြပေသည်။

ကြည်လင်ကောင်းကင်ဂိုဏ်းသားများသာ မရှိတော့လျှင် သူတို့ အားလုံးလည်း ဆက်ပြီး ရှိနိုင်တော့မည် မဟုတ်မှန်းကို ထိုလူအားလုံး နားလည်ထားကြသည်။ ထို့နောက် သေမြေကြီး ရှင်ရွှေထီး စိတ်မွေးလျက် သူတို့၏ခွန်အား မမြင့်သည်ကို နားလည်ထားသည့်တိုင် ဝင်တိုက်ခိုက်ကြခြင်း ဖြစ်သည်။

“ဒီခွေးမ တုယန်လင်း နောက်ဆုံးတော့ ရူးသွပ်သွားပြီးပေါ့။ သူတော်စင် အဆင့်တောင် မရောက်သေးတဲ့ ငချွတ် တစ်သိုက်နဲ့ ငါ့အလောင်းဝိဥာဉ်ဂိုဏ်းတော် စစ်တပ်ကို ချိုးဖောက်ချင်တယ်ပေါ့။ စိတ်ကူးနေလိုက်။ သွား၊ အကုန်လုံးကို သတ်ပြီး အဲ့တုယန်လင်းကို ငါ့ဆီ ခေါ်လာခဲ့” အလောင်းဝိဥာဉ်ဂိုဏ်းတော် စစ်တပ်၏ အလယ်ဗဟိုတွင် ရှိနေသော စစ်ရထားတစ်စင်းပေါ်၌ ရပ်နေသည့် လူကြီးတစ်ဦးက လက်နောက်ပစ်လျက် ရပ်နေရင်း အမိန့် ပေးလိုက်၏။

ထိုလူသည် အလောင်းဝိဥာဉ်မျိုးနွယ်စုဝင် တစ်ဦး ဖြစ်ပေသည်။ ထို့အပြင် အဆင့်နိမ့်ဝင် တစ်ဦးပင် မဟုတ်ဘဲ အဆင့်မြင့် အလောင်းဗိုလ်ချုပ်တစ်ဦးလည်း ဖြစ်၏။

သို့ရာတွင် သူ့အသံဆုံးသွားသွားချင်းမှာပဲ ငွေရောင်စေတီတစ်လုံး သူ့ပေါ်သို့ ရုတ်တရက် ပြုတ်ကျလာလေသည်။ သို့သော်လည်း လူကြီးမှာ နှာခေါင်းသာရှုံ့လျက် အလျင်အမြန် ဘေးသို့ တိမ်းရှောင်လိုက်၏။

ဘုန်း… ပေါက်ကွဲသံကြီးနှင့်အတူ စစ်ရထားနှင့်တကွ စစ်ရတားကို ဆွဲသည့် သားရဲရှစ်ကောင်စလုံး တစ်စစီ ပျက်စီခြင်းဘဝ ရောက်ကုန်ကြလေသည်။

“ဘယ်သူလဲ”

ရေခဲကျောက်စိမ်းသားများဖြင့် ထွင်းထုထားဟန်ရသော သလင်းကျောက်နှယ် ကြည်လင်လှသည့် တောင်ပံတစ်စုံကို ပိုင်ဆိုင်ထားသော မသေမျိုး နတ်သမီးတစ်ပါးနှယ် လှပသည့် ပုံရိပ်လေးတစ်ခု သူ့ဘေးတွင် ရုတ်တရက် ပေါ်လာခဲ့၏။ သူမ၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသော အအေးဓါတ်သည် ဝိဥာဉ်ကိုပင် အေးခဲသွားစေနိုင်လောက်သည်အထိ အားကောင်းပေသည်။

သူမ လက်ထဲတွင်မူကား အေးစက်စက် အလင်းတို့ တလက်လက် ထနေသည့် ဓါးရှည်တစ်ချောင်း ရှိနေခဲ့သည်။

ဓါးတစ်ချက် အဝှေ့နှင့်အတူ ရေခဲအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ အလောင်းဗိုလ်ချုပ်မှာ သူ့ကိုယ်သူ ခုခံကာကွယ်ရန် ကြိုးစားလိုက်သော်ငြား သူ့အကာအကွယ်သည် ထိုပြင်းထန်လွန်းလှသည့် အအေးဓါတ် ရှေ့မှောက်တွင် ကျားရှေ့ မှောက်လျက်လဲသည့် နွားသူငယ်တစ်ကောင်နှယ် ဖြစ်နေခဲ့သည်။

အလောင်းဝိဥာဉ်ဂိုဏ်းတော်၏ ဗိုလ်ချုပ်ဖြစ်သူသည် သိုင်းကွက် သုံးကွက်လောက်သာ ခုခံနိုင်ပြီးနောက် သူ့ခေါင်းအား ဓါးရှည်ဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရလေသည်။

ခရက်…

ဖြာထွက်လာသော အအေးလှိုင်းများနှင့်အတူ အလောင်းဗိုလ်ချုပ်ကြီး၏ ခန္ဓာကိုယ် လုံးဝ အေးခဲသွားခဲ့လေ၏။

တိုက်ခိုက်လိုက်သူမှာ စုယန်ပင်…

အရိပ်ကြယ်သို့ ရောက်ပြီးနောက်ပိုင် ယခုတစ်ကြိမ်သည် သူမ ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း သူမ ပြသသွားသည့် စွမ်းဆောင်ရည်ကို မြင်ပြီးနောက် မိုယုမှာ လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်နေခဲ့တော့လေသည်။

အလောင်းဗိုလ်ချုပ်ကြီး မည်မျှ အားကောင်းကြောင်း မိုယု အသေအချာ နားလည်သည်။ သူကိုယ်တိုင် လှုပ်ရှားလျှင်ပင် အလောင်းဗိုလ်ချုပ်ကို အနိုင်ယူရရန် အနည်းဆုံး နှစ်နာရီ၊ သုံးနာရီလောက် အချိန်ယူရနိုင်သည်။ နိုင်မည်ဟု ဆိုလျှင်ပင် သတ်နိုင်လိမ့်မည်ဟုတော့ အာမမခံနိုင်ချေ။

သို့သော်လည်း ရန်ကိုင်၏ အမျိုးသမီး လုပ်ပြသွားသည်မှာ တကယ် မှင်သက်စရာကောင်းလွန်းသည်။ သုံးကွက်တည်းပင်… သုံးကွက်တည်းနှင့် အလောင်းဗိုလ်ချုပ် အသက်ပျောက်သွားခဲ့၏။

ရန်ကိုင် အားကောင်းသည်ကို လျစ်လျုရှုထားလိုက်၍ ရသည်။ သို့သော် ဘာကြောင့်များ သူ့အမျိုးသမီးများကပါ သူ့ကဲ့သို့ အားကောင်းနေရသနည်း။ မိုယု တကယ်ကို ကြောင်နေမိလေပြီ။

အလောင်းဗိုလ်ချုပ်ကို သတ်ပြီးနောက်တွင် စုယန်သည် တစ်ချက်ကလေးမှ ရပ်မနေခဲ့ဘဲ မွန်းစတားအသွင်ပြောင်း ပညာရပ်ကို သုံး၍ ရေခဲဖီးနစ်စွမ်းအားကို စုစည်းကာ အလောင်းဝိဥာဉ်ဂိုဏ်းတော် စစ်တပ်ထဲသို့ ပြေးဝင်သွားလေသည်။

အလောင်းဗိုလ်ချုပ်ပင် မနိုင်ခဲ့ရာ မည်သူကများ သူမကို တားနိုင်ဦးမည်နည်း။ ရေခဲဓါး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်၌ ရှိနေသော ရန်သူအားလုံး ရေခဲတုံးဘဝ ပြောင်းကုန်ကြရလေသည်။

တိုက်ပွဲရှေ့ဘက်ပိုင်းတွင် ကြည်လင်ကောင်းကင်တပည့်အုပ်လေး တစ်အုပ် ရှိနေခဲ့သည်။ ထိုလူအုပ်များ ရန်ကိုင်တို့ မရောက်ခင်က ရေနက်မြို့၏ အစီအရင်ကို ပြန်ပြင်နိုင်ရန်အတွက် အချိန်ဆွဲလိုသည့် အနေဖြင့် သူတို့ကိုယ်သူတို့ စတေးခံကာ ထွက်လာခဲ့ကြသည့် လူများ ဖြစ်ကြသည်။

အစက ခြောက်ရာခန့် ရှိခဲ့သော်ငြား ယခုမူ တစ်ရာကျော်လောက်သာ ကျန်ရစ်တော့ပေသည်။

ကျန်ရစ်သည့် တစ်ရာကျော်မှာလည်း အခြေအနေ မကောင်း၊ မမောတမ်းမပန်းတမ်း တိုက်ခိုက်နေကြရသဖြင့် အကုန်လုံးမှား မီးစာကုန်ရေခမ်း အခြေအနေသို့ ရောက်နေကြလေပြီ။

ထိုလူအုပ်ထဲတွင် ဟိုမှသည်သို့ ကူးကလန်ခတ်၍ ရောင်စုံ အလင်းတန်းများဖြင့် ရန်သူများကို တိုက်ခိုက်နေသည့် မိန်းကလေး တစ်ဦး ရှိနေခဲ့သည်။ ကောင်မလေးမှာ ပျော့မည် ထင်ရသော်ငြား သူမ၏ လက်သီးချက်တိုင်းသည် အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းလှသည်။ လက်သီးတစ်ချက် ထိုးလိုက်တိုင်း အနီးအနားရှိ လေထုပင် ပေါက်ကွဲထွက်ကုန်လေသည်။

တန်ခိုးရှင်အဆင့်သာ မရောက်သေးသူတိုင်း သူမ၏ လက်သီးချက်စာ မိသည်နှင့် တန်းအသက်ပျောက်ကုန်ကြ၏။

တန်ခိုးရှင်ပထမအဆင့်များပင် သူမ၏ လက်သီးချက်ကို ဘာမှ မဖြစ်ဘဲ မခုခံနိုင်ကြချေ။ တိုက်ခိုက်မှုပေါင်းစုံသည် အရပ်ပေါင်းစုံမှ သူမဆီသို့ တိုးဝင်လာနေသော်ငြား ကောင်မလေးသည် ထိုတိုက်ခိုက်မှု အားလုံးကို လျင်မြန်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။ တစ်ခါတစ်လေ ဒဏ်ရာရသွားခဲ့သော်ငြား ဒဏ်ရာများမှာ သိပ်ပြီး မပြင်းထန်သည့်အပြင် ဒဏ်ရာရတိုင်းရတိုင်း သူမ၏ တိုက်ခိုက်မှုများမှာ ပိုပို၍ ကြမ်းတမ်းလာနေခဲ့လေသည်။

မိန်းမငယ်လေးကြောင့်သာ မဟုတ်လျှက် ကြည်လင်ကောင်းကင်ဂိုဏ်း၏ လက်ကျန် အဖွဲ့ဝင် တစ်ရာကျော်လည်း အသက်ပျောက်နှင့်နေပြီးလောက်ပေပြီ။

တိုက်ပွဲကွင်းပြင်ထဲသို့ ရောက်သည်နှင့် ထိုမိန်းကလေးကို ရန်ကိုင် ချက်ချင်း သတိပြုမိသွားခဲ့သည်။ သူမ ခန္ဓာကိုယ်အား ဝိုင်းရံထားသည် ရောင်စုံအလင်းတန်းများကို သူအတော်လေး ရင်းနှီးနေသလို ခံစားနေရသည်။ ထိုရောင်စုံအလင်းတန်သည် သူကျင့်ကြံထားသည့် ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီနှင့် ဆင်တူပေသည်။

မိန်းကလေး တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေသည့်အတွက် သူမ၏ ရုပ်ကို သေချာ မမြင်ရသော်ငြား သူ့ခန့်မှန်းရသလောက် ထိုကောင်မလေးသည် အသက် ဆယ့်သုံး၊ ဆယ်လေးလောက်သာ ရှိပေဦးမည်။

တစ်ချက် သူမ၏ ဆံပင် နောက်ပြန်လှန်သွားချိန်၊ သူမ၏ မျက်နှာကို ရန်ကိုင် သေချာ လှမ်းမြင်လိုက်ရလေသည်။

“သူလား…” ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး သူ့ရှေ့ရှိ ရန်သူများကို အလျင်အမြန် ရှင်းထုတ်၍ ရှနင်းချန်ကို ခေါ်ကာ ထိုမိန်းကလေးဆီသို့ အလျင်အမြန် ပြေးသွားလေသည်။

တစ်ယောက်ယောက် သူ့နားကပ်လာသည်ကို သတိပြုမိသည့် အလား မိန်းကလေးသည် ရန်ကိုင်ဘက်သို့ လှည့်လာပြီး လက်သီးတစ်ချက် ပစ်ကျွေးလိုက်၏။ ရန်ကိုင်လည်း သူ့လက်ကို မြှောက်၍ သူမလက်ကို ဖမ်းကိုင်လိုက်လေသည်။

ဘုန်း…

သူ့ခွန်အားနှင့် ရန်ကိုင်တစ်ကိုယ်လုံး မသိမသာလေး တုန်တက်သွားခဲ့၏။ ကံကောင်းစွာဖြင့် သူ့ကျင့်ကြံခြင်းသည် ကောင်မလေးထက် သိသိသာသာကို မြင့်မားနေသည့် အတွက်ကြောင့် အရမ်းကြီးတော့ ရုပ်ပျက်ဆင်းပျက် မဖြစ်ခဲ့ချေ။ မဟုတ်လျှင် မည်သည့် မျက်နှာဖြင့် လူရှေ့ ထွက်ရတော့မည်မှန်း သိတော့လိမ့်မည် မဟုတ်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၇၈)

လက်သီးချက်ကြောင့် ရန်သူ ဘာမှ မဖြစ်မှန်း သိလိုက်သော် ချက်ချင်း ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး ရန်ကိုင်၏ မျက်နှာတည့်တည့်ဆီသို့ ခြေထောင့်ဖြင့် လှမ်းကန်လိုက်လေသည်။ တစ်ချိန်တည်းတွင် ရွှေရောင်အလင်းတန်းတို့သည် သူ၏ ခြေထောင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

ရန်ကိုင်ကမူ ယဲ့ယဲ့လေးသာ ပြုံးလျက် သူ့လက်ဖြင့် ကောင်မလေး၏ ခြေထောက်ကို ဖမ်းကိုင်လိုက်ပြီး သူတော်စင်ချီဖြင့် သူမအား လှုပ်မရအောင် ချုပ်လိုက်လေ၏။

ကောင်မလေးမှာ ပျာယာခတ်သွားလေရာ စကတ်ပါလှန်သွားသဖြင့် သူမ၏ ရှုခင်းလေး ပေါ်သွားလုမတတ် ဖြစ်သွားခဲ့လေသည်။ ကံကောင်းစွာဖြင့် စကတ်ကို အချိန်မှီ ပြန်ဖုံးလိုက်နိုင်သည့် အတွက် အဆင်ပြေသွားခဲ့ရလေသည်။

တစ်ဖက်ရန်သူကို ဘာမှမလုပ်နိုင် ဖြစ်နေသဖြင့် ကောင်မလေးလည်း ကြိတ်မနိုင်ခဲမရဲ ဖြစ်သွားလေသည်။ ထိုစဉ်မှာပဲ သူမခြေထောက်အား မည်သူ ဖမ်းချုပ်ထားသလဲ ဆိုသည်ကို သတိပြုမိလိုက်၏။

“အာ… ဦးလေးဂိုဏ်းချုပ်ပါလား” ရန်ကိုင် မျက်နှာကို မြင်ပြီးနောက် ကောင်မလေး ပြုံးစိစိ ဖြစ်သွားခဲ့လေသည်။

“ထင်တဲ့အတိုင်းပဲ၊ နင်ဖြစ်နေတာကိုး” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ကောင်မလေး၏ ခြေထောက်ကို ပြန်လွှတ်ပေးလိုက်၏။ ထို့နောက် မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည် “ယွင်အာ၊ နင်ဒီမှာ ဘာလာလုပ်နေတာလဲ”

ထိုကောင်မလေးသည် ဟွမ်ကျွမ်း၏ မွေးစားသမီး လင်းယွမ်အာ ဖြစ်ပေသည်။ ဟွမ်ကျွမ်းနှင့် လင်းယွမ်အာတို့အား အထက်စကြာဝဠာဂိုဏ်းဆီသို့ ပြန်ခေါ်လာစဉ်က ဤကောင်မလေးသည် ငါးနှစ်၊ ခြောက်နှစ်လောက်သာ ရှိသေးသော်ငြား ယခုမှ အတော်လေး လူကောင် ထွားလာခဲ့လေပြီ။

ထိုစဉ်က လင်းယွမ်အာ၏ ခန္ဓာကိုယ်နှင့် ပက်သက်၍ တစ်ခုခု မူမမှန်သည်ကို သတိပြုမိသဖြင့် ရီရှီယွင်ကို မေးမြန်းကြည့်ခဲ့ရာ လင်းယွမ်အာသည် ကာယအထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြောင်း သိခဲ့ရသည်။

ထိုခန္ဓာကိုယ်မျိုးသည် အလွန်ကိုမှ ရှားပါးသည့် ခန္ဓာကိုယ်တစ်မျိုး ဖြစ်ပြီး သူမ၏ ဘိုးဘေးများထဲရှိ တစ်ဦးဦးထံမှ ဆင်းသက်လာဟန် ရ၏။ မေးကြည့်ရသလောက် လင်းယွမ်အာ၏ မိခင်ကိုယ်ထဲတွင် ပင်လယ်မွန်းစတားသားရဲ၏ သွေးများ စီးဆင်းနေကြောင့် ဟွမ်ကျွမ်းထံမှ သိခဲ့ရသည်။

အရိပ်ကြယ်မှမထွက်ခွာခင် ရန်ကိုင်သည် သူကျင့်ကြံထားသည့် ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးခန္ဓာ ကျင့်စဉ်အား သူမအား ပေးခဲ့၏။ ရှစ်နှစ်ကြာပြီးနောက်တွင် ဤကောင်မလေးတော့ ပွင့်လန်းတော့မည့် ပန်းဖူးလေးတစ်ဖူးနှယ် ဖြစ်နေခဲ့လေပြီ။

သူမ၏ ခန္ဓာကိုယ်အား ဝိုင်းရံထားသည် ဒြပ်ကြီးငါးပါး အရှိန်အဝါကို လေ့လာကြည့်ရသလောက် လင်းယွင်အာ၏ အဆင့်သည် ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးခန္ဓာကျင့်စဉ်၏ အသေးစား ပြီးမြောက်ခြင်းအဆင့်သို့ ရောက်နေပြီမှန်း သိလိုက်သည်။ ထိုစွမ်းအားကို သူမ၏ ကာယခန္ဓာကိုယ် စွမ်းအားနှင့်ပါ ပေါင်းစပ်လိုက်သော် လင်းယွင်အား ထုတ်ဖော်နိုင်သည့် စွမ်းအားသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းသွား၏။

ခွန်အားမှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းနေသော်ငြား သူ၏ ကျင့်ကြံခြင်းမှာ သိပ်မြင်းမားခြင်း မရှိလှဘဲ သူတော်စင် တတိယအဆင့်သို့သာ ရောက်သေးသည်။

သို့သော်လည်း ရှစ်နှစ်အတွင်း သူတော်စင်တတိယအဆင့်သို့ ရောက်အောင် ကျင့်နိုင်သည်သော အချက်သည် ကျင့်ကြံခြင်း၌ သူမ မည်မျှ ပါရမီပါကြောင်းကို ဖော်ပြနေသည်။ ရီရှီယွင်မှ လေ့ကျင့်ပေးပြီး အရင်းအမြစ်များစွာ ရှိနေလျှင်ပင် ပါရမီမရှိပါက အသက်ငယ်ငယ်လေးဖြင့် ဤအဆင့်သို့ ရောက်စရာအကြောင်း မရှိချေ။

ထို့အပြင် ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာကျင့်စဉ်သည် သူမအတွက် အထူးသီးသန့် တီထွင်ထားသလားဟုပင် ထင်မှတ်ရလောက်အောင် သူမနှင့် ကိုက်ညီလွန်းလှသည်။ ကာယခန္ဓာကိုယ် စွမ်အားနှင့် ပေါင်းစပ်လိုက်သော် လင်းယွင်အာသည် သူတော်စင်တတိယအဆင့်လေးဖြင့် တန်ခိုးရှင်ပထမအဆင့်များကိုပင် ထိပ်တိုက် ရင်ဆိုင်နိုင်သည် အထိ အားကောင်းသွားတော့၏။ ရန်ကိုင်ပင် သူမကဲ့သို့ အဆင့် ကျော်ပြီး မတိုက်ခိုက်နိုင်ချေ။

ရန်ကိုင် သူတော်စင်တတိယအဆင့်တွင် ရှိစဉ်က တန်ခိုးရှင် ပထမအဆင့်များ၏ တိုက်ခိုက်မှုကို ထိပ်တိုက် မရင်ဆိုင်ရဲသော်ငြား လင်းယွင်အာကတော့ ထိပ်တိုက် ရင်ဆိုင်နိုင်သည့် အပြင်ကိုမှ အပြန်အလှန်ပင် ပြန်၍ တိုက်ခိုက်နိုင်သေးသည်။

သို့သော်ငြား လင်းယွင်အာမှာ အချိန်အကြာကြီး တိုက်ခိုက်လာခဲ့ရသည့် အတွက် သူမ၏ ခန္ဓာကိုယ်မှာ ကုန်တော့မည့် မီးစာနှယ် ဖြစ်နေခဲ့လေပြီ။ မကုန်ခမ်းနိုင်သေးသည့် တိုက်ခိုက်ချင်စိတ်ကြောင့်သာ ယခုအချိန်ထိ ဆက်ပြီး တိုက်ခိုက်နိုင်သေးခြင်း ဖြစ်သည်။

“အရိပ်ကြယ်ကြီး ပရမ်းပတာဖြစ်တုန်းက၊ အကြီးအကဲချုပ်က ကြည်လင်ကောင်းကင်ဂိုဏ်းကို သွားကူညီဖို့ အမိန့်ပေးခဲ့တယ်လေ။ ယွင်အာလည်း အကြီးအကဲချုပ်ရဲ့ အမိန့်အတိုင်း ထွက်လာခဲ့တာ။ ဒါပေမယ့် ဒီမှာ ပိတ်မိသွားမယ်လို့ ဘယ်သူ ထင်မှာလဲ။ ဒါကြောင့် ဒီမှာပဲ ဆက်ပြီး‌ နေနေရတာ”

အသက်ဆယ့်တစ်၊ ဆယ့်နှစ်နှစ်လောက်သာ ရှိသေးသည့် ကလေးတစ်ယောက် အနေဖြင့် အပြင်မှာ အကြာကြီး နေရသည်ကို မည်ကဲ့သို့ မငြီးငွေ့ဘဲ နေမည်နည်း။ သူမကို အိမ်ကိုတော့ ကျိန်းသေ လွမ်းပေလိမ့်မည်။ သူမအား သင်ကြားပေးသည့် သူမ၏ ဆရာ၊ သူမအား ဂရုစိုက်ပေးသည် ဟွမ်ကျွမ်းနှင့် အထက်စကြာဝဠာဂိုဏ်းရှိ ရှုခင်းများ၊ သူမ၏ စီနီယာအစ်ကို၊ စီနီယာအစ်မများကို လွမ်းပေလိမ့်သည်။

ငယ်စဉ်ကတည်းက မိဘများ သေသွားခဲ့သည့် အတွက်ကြောင့်လား မသိရာ ထိုအခြင်းအရာကို ကြံ့ကြံ့ခံနိုင်ခဲ့သော်ငြား ရန်ကိုင်ကို မြင်လိုက်သည့်အချိန်တွင် ခိုကိုးရာတစ်ခုကို မြင်လိုက်ရသည့် အလား ကောင်မလေး ထငိုတော့လေသည်။

“အဲ့လိုကိုး။ ဒါပေမယ့် အဲ့လိုဆိုတောင် ဘာလို့ တိုက်ပွဲထဲ ရောက်နေတာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ရေနက်မြို့သခင် မည်သူမှန်း သူမသိသော်ငြား မည်သို့များ ဆယ့်လေးနှစ်လောက်သာ ရှိသေးသည့် ကလေးတစ်ယောက်ကို တိုက်ပွဲထဲ ဝင်တိုက်ခိုင်းရလေသနည်း။

ဤအဖွဲ့သည် အချိန်ဆွဲရန်အတွက် သက်သက်ဖြင့်သာ ထွက်လာကြသည့် လူများဖြစ်ကြသည်။ သူတို့ အားလုံးသည် သေမည်ဟု ဆုံးဖြတ်ထားလျက် ထွက်လာကြသူများ ဖြစ်ကြသည်။ လင်းယွင်အာသည် အထက်စကြာဝဠာဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်သလို အလွန်ကိုမှ ငယ်သေးသည်။ ဤတာဝန်းများသည် သူမအား လုံးဝ ပေးအပ်သင့်သည့် တာဝန်းမျိုး မဟုတ်ချေ။

“သမီးဘာသာ သမီး ထွက်လာခဲ့တာ။ သမီး တတ်နိုင်သလောက် ကူညီပေးချင်လို့” လင်းယွင်အာ နှာခေါင်း တရှုံ့ရှုံ့ဖြင့် ပြန်ပြောလေ၏။

“ဟုတ်ပါပြီ” ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး လင်းယွင်အာ‌ ခေါင်းကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။ ခဏမျှ စဉ်းစားပြီးနောက် သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးထုတ်ကာ လင်းယွင်အာကို ပေးလိုက်လေသည် “ဒါကို သောက်လိုက်”

လင်းယွင်အာကို ဆေးတိုက်ပြီးသည်နှင့် ရန်ကိုင်သည် ရှနင်းချန်ဘက်သို့ လှည့်၍ “စီနီယာမမလေး၊ သူတို့ကို မြို့ထဲ ပြန်ပို့ပေးလိုက်ပါလား”

“အင်း” ရှနင်းချန်သည် ခေါင်းညိတ်လိုက်ပြီး သူမလက်ကို ဝှေ့ရမ်း၍ စည်းတံဆိပ်များစွာ ဖန်တီးလိုက်လေသည်။

အနီးအနားတွင် ရှိနေသော မိုးမြေစွမ်းအင်များ စတင် စုဝေးလာပြီး ရှနင်းချန် စေညွှန်သည့်အတိုင်း အားအင်ကုန်ခမ်းလုလု ဖြစ်နေကြသော ကျင့်ကြံသူများကိုယ်ထဲသို့ စီးဝင်သွားကုန်ကြလေ၏။

ချက်ချင်းဆိုသလို ကြည်လင်ကောင်းကင်ဂိုဏ်းမှ တပည့်များ၏ ခန္ဓာကိုယ်များ တစ်ချက် တုန်တက်သွားပြီး ကုန်ခမ်းသွားသော စွမ်းအင်များ အလျင်အမြန် ပြန်လည် ပြည့်တင်းလာခဲ့လေသည်။

အကုန်လုံး ရှနင်းချန်အား အံ့ဩတကြီး လှမ်းကြည့်လိုက်ကြ၏။

“ကျွန်မနောက်လိုက်ခဲ့” ရှနင်းချန်က အော်ပြောလျက် အားလုံးကို ဦးဆောင် ခေါ်သွားလေသည်။ တစ်ချိန်တည်းတွင် သူမ၏ နဖူးထက်ရှိ သလင်းကျောက်မှာလည်း တလက်လက် တောက်ပလာခဲ့လေသည်။ ထိုသလင်းကျောက် အလင်းတန်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ရှိနေသော ရန်သူ ကျင့်ကြံသူအားလုံး ဘာမှမသိရသော စွမ်းအားတစ်မျိုး သူတို့ ကိုယ်ထဲ စီဝင်လာသည်ကို ခံစားမိလိုက်ကြရသည်။ တစ်ချိန်တည်းတွင် ဘာကြောင့်မှန်းမသိ သူတို့အားလုံး တိုက်ခိုက်ချင်စိတ် ပျောက်ကုန်ကြလေသည်။

ရှနင်းချန်သည် လူတစ်ရာကျော်ကို ဦးဆောင်လျက် ရန်သူများကို ဖြတ်ကျော်၍ မြို့ထဲမှ ထွက်လာသော တုယန်လင်းနှင့် သွားရောက် ပူးပေါင်းလေသည်။

ရန်ကိုင်သည် လေထဲသို့ ပျံဝဲတက်သွားပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်သူ့စစ်တပ်ထဲရှိ အားကောင်းဆုံး လူများကို လိုက်လံရှာဖွေလေသည်။ ထို့နောက်တွင် ရွှေရောင်သွေးမျှင်များ တစ်မျှင်ပြီးတစ်မျှင် ထွက်ပေါ်လာပြီး သေမင်းတံစဉ်များနှယ် ရန်သူများ၏ အသက်များကို တရစပ် ချွေယူတော့လေသည်။

ရန်ရှုကျု၊ ချူဟန်းရီနှင့် လင်းယုရောင်တို့သည်လည်း သုံးယောက် အတူ ပူးပေါင်း၍ ရန်သူ စစ်တပ်ထဲ မုန်တိုင်းဝင်မွှေသလို မွှေနှောက်နေလေသည်။

နေပြာစေတီသည် မိုယု၏ ထိန်းချုပ်မှုအတိုင်း မိုးပြာရောင် အလင်းတန်းများကို ထုတ်လွှတ်လျက် ရန်သူများ၏ အသက်ကို အဆက်မပြတ် ဇီဝိန်ချွေနေခဲ့သည်။

လူကသာ ခုနှစ်ယောက်သာဆိုသော်ငြား ထိုခုနှစ်ယောက်ကြောင့် အလောင်းဝိဥာဉ်ဂိုဏ်းတော် စစ်တပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်ကုန်ကြလေသည်။

မကြာမီ တစ်ခုခု မှားယွင်းနေသည်ကို လူအချို့ စတင် သတိပြုမိလာကြသည်။ ယခင်က အမိန့်ပေးနေလေ့ရှိကြသည့် အလောင်းဝိဥာဉ်ဂိုဏ်းမှ ပညာရှင်များ ရှိမနေကြတော့ချေ။ အမိန့်ပေးမည့်လူ မရှိတော့သဖြင့် စစ်တပ်ကြီးတစ်ခုကို ယခင်ကကဲ့သို့ စုစုစည်းစည်း မရှိနိုင်တော့ဘဲ ထင်းစည်း ပြေသလို ဖြစ်ကုန်ကြတော့၏။

တုယန်လင်းတို့ကပါ တိုက်ပွဲထဲ ဝင်လာသည့်အတွက် ပို၍ အခြေအနေဆိုးသွားခဲ့လေသည်။

အခြေအနေ မဟန်တော့မှန်း သတိပြုမိလိုက်သည့်နောက်တွင် အလောင်းဝိဥာဉ်ဂိုဏ်းတော် စစ်တပ်ကြီး တစ်ခုလုံး အကွဲကွဲ အလဲလဲ ဖြစ်ကာ အကုန်လုံး အလန့်တကြား တောင်ပြေး‌ မြောက်ပြေး ထွက်ပြေးကုန်ကြတော့သည်။ အလောင်းဝိဥာဉ် ဂိုဏ်းတော် လက်အောက်သို့ ခိုဝင်ထားသော မိသားစုများ၊ ဂိုဏ်းများသည်လည်း ထိုအခြင်းအရာကိုမြင်သော် နောက်ပင် လှည့်မကြည့်တော့ဘဲ ခြေကုန်သုတ် ထွက်ပြေးကြတော့၏။

တုယန်လင်းနှင့် အခြားသူများသည် ထွက်ပြေးသွားသူများအား ဒေါသတကြီး လိုက်လံသတ်ဖြတ်ကြလေသည်။ ဤသို့ဖြင့် တိုက်ပွဲ ရေချိန်မှာ လုံးဝကို ပြောင်းလဲသွားခဲ့တော့လေသည်။

ထွက်ပြေးသွားသော ရန်သူများကို သတ်ဖြတ်ပြီးနောက် ရေနက်မြို့တော်သို့ ပြန်ရောက်လာချိန် မြို့နေပြည်သူအပေါင်းက ဝမ်းသွာပျော်ရွှင်စွာဖြင့် ဆီးကြိုအော်ဟစ်နှုတ်ဆက်ကြလေ၏။

အလောင်းဝိဥာဉ်ဂိုဏ်းတော်သည် ရေနက်မြို့တော်အား ဝန်းရံပြီး တိုက်ခိုက်နေခဲ့သည်မှာ တစ်နှစ်လုံးလုံး ရှိနေခဲ့လေပြီ။ ကြည်လင်ကောင်းကင်ဂိုဏ်းမှာ တစ်ဖက်ရန်သူ၏ ဝန်းရံတိုက်ခိုက်မှုကို အဆက်မပြတ် ခုခံနေခဲ့သော်ငြား တိုက်ပွဲမှာ သူတို့ဘက် အရေးသာမနေခဲ့ချေ။ နောက်ဆုံး သူတို့အားလုံး သေရတော့မည်ဟု ထင်နေချိန်မှာပဲ အားကောင်းသော စစ်ကူများ ရောက်ရှိလာခဲ့သည့် အတွက် တိုက်ပွဲ အခြေအနေကို အထက်အောက် ပြောင်းပြန် လှန်လိုက်နိုင်ရုံမက မြို့နေ ပြည်သူအပေါင်းကိုလည်း ကယ်တင်နိုင်ခဲ့ပေသည်။ ထိုမျှပင် မဟုတ်သေးဘဲ အလောင်းဝိဥာဉ်ဂိုဏ်းတော် စစ်တပ်ကိုလည်း ပြင်းပြင်းထန်ထန် အထိနာအောင် တိုက်ခိုက်လိုက်နိုင်သေး၏။

သူတို့အား မည်သူကများ လာရောက် ကူညီကြသလဲ ဆိုသည်ကို အကုန်လုံး သိချင်နေကြသည်။

မကြာမီ သူတို့အား လာရောက်ကူညီကြသူများမှာ ကြည်လင်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲချုပ် မိုယု၊ အထက်စကြာဝဠာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီအကဲများ ဖြစ်ကြောင်း အကုန်လုံး သိလိုက်ကြရသည်။

ထို့ကြောင့် လူနည်းနည်းလေးနှင့် အလောင်းဝိဥာဉ်ဂိုဏ်းတော် တစ်ခုလုံးကို ခွေးပြေးဝက်ပြေး ပြန်ပြေးရအောင် တိုက်ခိုက်နိုင်ခဲ့မှန်း အကုန်လုံး သဘောပေါက်သွားကြ၏။

ထိုတိုက်ပွဲကြောင့် ရေနက်မြို့တွင် ကြည်လင်ကောင်ကင်ဂိုဏ်းနှင့် အထက်စကြာဝဠာဂိုဏ်းတို့ အလွန်အမင်း နာမည် ကျော်ကြားလာတော့လေသည်။

မြို့သခင်စံအိမ်ထဲတွင်၊ ကြည်လင်ကောင်းကင်ဂိုဏ်း၏ လက်ကျန် ခေါင်းဆောင်အချို့သည် ရန်ကိုင်တို့ အဖွဲ့နှင့် အတူတူ ထိုင်နေကြသည်။

ရေနက်မြို့၏ မြို့သခင်တစ်ဖြစ်လဲ ကြည်လင်ကောင်းကင်ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲတစ်ဦးဖြစ်သော တုယန်လင်းသည် ရန်ကိုင်နှင့် အခြားသူများကို လေးနက်စွာ ဦးညွှတ်လိုက်ပြီးနောက် “အခုတစ်ကြိမ် အကူအညီအတွက် ဂိုဏ်းချုပ်ရန်ကို ကျွန်မ တကယ် ကျေးဇူးတင်ပါတယ်။ ဂိုဏ်းချုပ်ရန်တို့ အချိန်မှီ ရောက်လာတာကြောင့်သာ မဟုတ်ရင် ရေနက်မြို့တစ်ခုလုံး ဖုန်းဆီးမြေကြီး ဖြစ်သွားတော့မှာ။ ရေနက်မြို့နော် ပြည်သူလူထု အားလုံးအစား ဂိုဏ်းချုပ်ရန်ကို ကျွန်မ ကျေးဇူးအထူးတင်ပါတယ်”

“ဒီလောက် မလိုပါဘူးဗျာ။ ကျုပ်နဲ့ စီနီယာမိုက သူစိမ်းတွေမှ မဟုတ်တာ။ သူ့ဂိုဏ်း ဒုက္ခရောက်နေတာကို ကျုပ်မကူညီလို့ ဘယ်ဖြစ်ပါ့မလဲ” ရန်ကိုင်က ရယ်ရယ်မောမောနှင့် ပြုံးလျက် ပြန်ပြောလိုက်လေသည်။

ရန်ကိုင်သည် အရိပ်ကြယ်တွင် ဒဏ္ဏာရီသဖွယ် ဖြစ်သည်။ ရန်ကိုင် အားကောင်းလာခဲ့သည်မှာ သိပ်မကြာသေးသော်လည်း သူ့စွမ်းဆောင်မှုများကို ကြားလိုက်ရသူတိုင်း အံ့ဩတကြီး ဖြစ်ကြရ၏။

နဂါးလိုဏ်ဂူတောင်တိုက်ပွဲ၊ သဲမီးတောက်နယ်မြေကို အပိုင်သိမ်းမှု၊ ကောင်းကင်တိုက်ပွဲအစည်းအရုံး၊ မိုးကြိုးမုန်တိုင်းဂိုဏ်းနှင့် အရိပ်ကြယ်၏ ပြိုင်ဘက်မရှိ နံပါတ်တစ်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သော ကြယ်ဧကရာဇ်တောင်အား အနိုင်ယူ သိမ်းပိုက်နိုင်မှု… ထိုအရာများသည် ယခင်က မည်သူမှ မလုပ်နိုင်ခဲ့သော အရာများ ဖြစ်ကြသည်။

ရန်ကိုင်နှင့် အထက်စကြာဝဠာဂိုဏ်းသည် အရိပ်ကြယ်ပေါ်တွင် မသိသူမရှိသည့် အမည်နာမများ ဖြစ်ကြသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က အရိပ်ကြယ်ပေါ်သို့ ကပ်ဘေးကျရောက်ချိန် အထက်စကြာဝဠာဂိုဏ်းသည် သူတို့၏ အားကောင်းသော ပညာရှင်များကို စေလွှတ်၍ အလောင်းဝိဥာဉ် ဂိုဏ်းတော် စစ်တပ်၏ အဝိုင်းခံထားရသော ဂိုဏ်းများ၊ မြို့များကို ကူညီပေးခဲ့၏။

အထက်စကြာဝဠာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ရန်ကိုင်အား အရိပ်ကြယ်တစ်ခုလုံး၏ အကြီးကျယ်ဆုံးသော ပညာရှင် တစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။ သူသည် အရိပ်ကြယ် တစ်ခွင်လုံးကို ခြေတစ်ချက်ဆောင့်ရုံဖြင့် လှုပ်ခါသွားအောင် လုပ်နိုင်သူဖြစ်သည်။

ယခုမှသာ ထိုကျော်ကြားနေသော ဂိုဏ်းချုပ်ကို တုယန်လင်း မြင်ဖူးခြင်း ဖြစ်သဖြင့် သေသေချာချာ လေ့လာကြည့်မိနေ၏။

သို့သော်လည်း သူမ ကြိုးစားစူးစမ်းနေသည့်တိုင်း ဂိုဏ်းချုပ်ရန်၏ ခွန်အားအဆင့်ကို မစူးစမ်းနိုင်ခဲ့ချေ။ ဂိုဏ်းချုပ်ရန်ဆိုသူသည် အကြီးအကဲချုပ် မိုယုနှင့် လွန်လေပြီးသော ဂိုဏ်းချုပ်ဟောင်းတို့ ထက်ပင် ပိုအားကောင်းသလား ထင်ရသည်။

“ဂျူနီယာညီမတု၊ ရေနက်မြို့တော် ဒီလောက် ဖြစ်နေမှတော့ ကြည်လင်ကောင်ကင်ဂိုဏ်းရဲ့ ဠာနချုပ်ကော ဘယ်လိုရှိသေးလဲ” မိုယုက စိုးရိမ်တကြီး မေးလိုက်သည်။

ထိုမေးခွန်းကို ကြားလိုက်ချိန် တုယန်လင်းနှင့် အခြား အကြီးအကဲများ အားလုံး၏ အမူအရာ ညိုးကျသွားခဲ့လေသည်။

ထိုလူများ၏ အမူအရာကို မြင်လိုက်ချိန် မိုယု၏စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်သည် “ဠာနချုပ် တစ်ခုခုများ…”

တုယန်လင်းက ခေါင်းညိတ်၍ “ဠာနချုပ် ကျသွားပြီ။ ဂိုဏ်းချုပ်လည်း… တိုက်ပွဲမှာပဲ သေသွားတယ်”

“ဘယ်လို” မိုယု အလန့်တကြား ထရပ်လိုက်လေသည်။

ရန်ကိုင်လည်း သက်ပြင်းအရှည်ကြီး ချလိုက်လေသည်။

ကြည်လင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ် ကုကျန်းကို သူမြင်ဖူး၏။ သူ့ကျင့်ကြံခြင်းနှင့်ပင် ဤကပ်ဘေးမှ မလွတ်မြောက်နိုင်ခဲ့ပေ။

“ဠာနချုပ် ဘယ်လိုကျသွားတာလဲ။ ရေနက်မြို့တော် တောင်ခံနိုင်သေးတာ ဠာနချုပ်က ဘယ်လိုလုပ်ပြီး ကျသွားရတာလဲ”

တုယန်လင်းက ဝမ်းနည်းစွာဖြင့် “သစ္စာဖောက်တွေကြောင့်ပေါ့။ အဲ့သစ္စာဖောက်တွေ မွှေလို့ ဠာနချုပ် ကျသွားရတာ”

“ဘယ်ကောင်တွေ သစ္စာဖောက်တာလဲ”

“သစ္စာဖောက်တဲ့လူတွေ အကုန်သေကုန်ပြီ။ ဂိုဏ်းချုပ် မသေခင် အဲ့လူတွေ အကုန်လုံးကို သူကိုယ်တိုင် သတ်သွားတာ” တုယန်လင်းက ပြန်ပြောလိုက်၏။

မိုယု အချိန်အတော်ကြာအောင် ငေးကြောင်ကြောင် ဖြစ်နေပြီးနောက် အားမရှိတော့သည့်အလား ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ် လဲကျသွားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၇၉)

မိုယုအား အချိန်ခဏလောက် ပေးလိုက်ပြီးနောက်တွင် အထက်စကြာဝဠာဂိုဏ်း၏ အခြေအနေကို မေးမြန်းကြည့်လေ၏။

သို့သော်လည်း တုယန်လင်းသည်လည်း အထက်စကြာဝဠာဂိုဏ်း အခြေအနေအကြောင်း သိပ်မသိချေ။ ရေနက်မြို့တော် အဝိုင်းခံရသည်မှာ တစ်နှစ်ခန့် ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် အပြင်လောကကြီးနှင့်လည်း တစ်နှစ်လောက် အဆက်အသွယ် ပြတ်နေပြီဟု ပြော၍ရသည်။ ပြင်ပမှ လွတ်မြောက်လာသော ကျင့်ကြံသူများ‌ ရေနက်မြို့တွင် လာရောက် ခိုလှုံသည့် အခါမှသာ ပြင်ပလောကကြီးနှင့် ပက်သက်သော သတင်းများကို ရရှိလေ့ ရှိကြသည်။

ထိုကျင့်ကြံသူများ ပြောသည့်ပုံအရ အထက်စကြာဝဠာဂိုဏ်းကို အလောင်းဝိဥာဉ်ဂိုဏ်းတော် စစ်တပ်ကြီးမှ ဝိုင်းရံထားသဖြင့် မည်သူမှ အပြင်သို့ ထွက်၍မရကြောင်း သိခဲ့ရသည်။ အထက်စကြာဝဠာဂိုဏ်းတွင်း အခြေအနေ မည်ကဲ့သို့ ရှိသလဲ ဆိုသည်ကိုမူ သူတို့လည်း မသိပါချေ။

လွန်ခဲ့သော တစ်နှစ်ခန့်က အထက်စကြာဝဠာဂိုဏ်းသည် အဝိုင်းခံထားရသည့် ဂိုဏ်းများနှင့် အင်အားစုကြီးများကို ကူညီပေးနိုင်ရန်အတွက် ပညာရှင်များ မကြာခဏ စေလွှတ်ပေးလေ့ရှိသည်။ သို့သော်ငြား လွှတ်လိုက်သည့် ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးရပြီးသည့် နောက်ပိုင်းတွင် အထက်စကြာဝဠာဂိုဏ်းသည်လည်း နောက်ဆုတ်နေရန်သာ ရွေးချယ်လိုက်ပြီး အခြား အင်အားစုများကို သိပ်ပြီး များများစားစား မကူညီပေးနိုင်တော့ချေ။

အထက်စကြာဝဠာဂိုဏ်းမှ အခြားအင်အားစုများကို သွားမကူညီပေးနိုင်စေရန်အတွက် အလောင်းဝိဥာဉ်ဂိုဏ်းသည် သဲမီးတောက်နယ်မြေပတ်လည်တွင် စစ်တပ်ကြီးတစ်ခုကို တပ်စောင့်ချထားခဲ့လေသည်။

လက်ရှိ အထက်စကြာဝဠာဂိုဏ်းသည် အခြားသော အင်အားစုများကို မကူညီပေးနိုင်သော်ငြား အထက်စကြာဝဠာဂိုဏ်း တည်ရှိနေသည့်အတွက် အလောင်းဝိဥာဉ်ဂိုဏ်းသည် အခြားသော အင်အားစုများကို အရမ်းကြီး အာရုံမစိုက်နိုင် ဖြစ်နေခဲ့လေသည်။ အထက်စကြာဝဠာဂိုဏ်းကို ဝိုင်းထားရန်အတွက် သူတို့၏ အင်အားစုများစွာကို လက်လွှတ်ထားရ၏။

ထိုအကြောင်းကြောင့်သာ မဟုတ်လျှင် ရေနက်မြို့အနေဖြင့် မည်သို့များ ဤသို့ကြာအောင် တောင့်ခံနိုင်မည်နည်း။ အလောင်းဝိဥာဉ်ဂိုဏ်းတွင် ရီရှီယွင်နှင့်အဆင့်တူ အလောင်းဗိုလ်ချုပ်ကြီး လေးဦးရှိသည်ကို မေ့မထားသင့်ပေ။ ဤသည်မှာ ထိုလေးယောက်ကိုသာ ပြောခြင်းဖြစ်ပြီး သူတို့၏ ဆန်းကြယ်သော အလောင်းဝိဥာဉ်ဂိုဏ်းချုပ်ကို ထည့်မတွက်ထားသေးချေ။

ထိုစကားကို ကြားပြီးနောက်တွင် ရန်ကိုင်သည် ခေါင်းသာ ညိတ်လိုက်ပြီး ဘာမှ ထပ်မမေးတော့ချေ။

နောက်တစ်နေ့တွင် ရန်ကိုင်သည် အထက်စကြာဝဠာဂိုဏ်းမှ ကျင့်ကြံသူအားလုံးကို စုစည်းလျက် မိုယုကို နှုတ်ဆက်ကာ ရေနက်မြို့တော်မှ ထွက်ခွာလာခဲ့လေသည်။

ရန်ကိုင်သည် ကြည်လင်ကောင်းကင်ဂိုဏ်းမှ ကျင့်ကြံသူများကို အထက်စကြာဝဠာဂိုဏ်းဆီသို့ သူနှင့်အတူ လိုက်မည်လားဟု ဖိတ်ခေါ်ခဲ့သေးသော်ငြား မိုယူကမူ ငြင်းခဲ့သည်။

မိုယုအနေဖြင့် ရန်ကိုင်နောက်သို့ လိုက်သွားချင်သော်လည်း သူသာ လိုက်သွားခဲ့လျှင် ရေနက်မြို့နေပြည်သူအပေါင်း မည်ကဲ့သို့ ဖြစ်သွားမည်နည်း။ ဤသန်းနှင့်ချီသော လူထုကြီးကို သူနှင့်အတူ ခေါ်သွား၍မှ မဖြစ်လေဘဲ။ သူသာ လိုက်သွားခဲ့လျှင် ဤလူထုကြီး တစ်ခုလုံး အလောင်းဝိဥာဉ်ဂိုဏ်း၏ လက်ချက်ဖြင့် အကုန် ကိစ္စတုန်းကုန်ပေလိမ့်မည်။

အခြား ကြည်လင်ကောင်းကင်ဂိုဏ်း၏ ခေါင်းဆောင်များလည်း မိုယုကဲ့သို့သာ တွေးကြသည်။ သူတို့ သေရမည်ဆိုလျှင်ပင် ဤရေနက်မြို့ကို ကာကွယ်သွားမည်ဟု တွေးထားကြ၏။

သူတို့၏ စိတ်ဓါတ်အပေါ် ရန်ကိုင် အထင်ကြီးမိသော်လည်း အနည်းငယ်တော့ စဉ်းစားရကြပ်သွားသည်။

“ရန်ကိုင် စိတ်ပူမနေနဲ့။ သွားစရာရှိတာသာသွား။ ငါတို့ လူအင်အားနဲ့ ဒီမြို့လေးတစ်မြို့လောက်ကို မကာကွယ်နိုင်ဘဲ နေမလား။ မင်ဘာသာ စိတ်ဖြောင့်ဖြောင့်သာသွား” မိုဟိုင်က ရန်ကိုင်အား လိုက်ပို့ရင်း ပြုံးလျက် ပြောလိုက်သည်။

သူတို့က ထိုကဲ့သို့ ပြောနေသဖြင့် ရန်ကိုင်လည်း ခေါင်းညိတ်၍သာ ပြန်ပြောလိုက်လေ၏ “အဲ့လိုဆိုမှတော့ စီနီယာမိုတို့ ကံကောင်းပါစေဗျာ”

ရန်ကိုင်တို့ ထွက်သွားပြီးနောက်တွင် မိုယုသည် အလေးအနက် အမူအရာဖြင့် အမိန့်ထုတ်လိုက်၏ “ရေနက်မြို့မှာ ရှိနေတဲ့ သူတော်စင်အဆင့် အထက်က ကျင့်ကြံသူတွေ အကုန်လုံးကို သူတို့ ဝင်ချင်တယ်ဆို့ ငါတို့ ကြည်လင်ကောင်းကင်ဂိုဏ်းကို ယာယီဝင်ပြီး ရေနက်မြို့ကို ကာကွယ်လို့ရတယ်လို့ အမိန့်ထုတ်ပြန်လိုက်”

“ဟုတ်ကဲ့” တုယန်လင်းနှင့် အခြား အကြီးအကဲအားလုံးကို ထိုအမိန့်ကို ထုတ်ပြန်ရန် ချက်ချင်း ထွက်ခွာသွားကြလေသည်။

ရေနက်မြို့တွင် ရှိနေသည့် ကျင့်ကြံသူများကို မြို့အား ကာကွယ်ရာတွင် ခေါ်ယူရန် စဉ်းစားခဲ့ဖူးသည်။ သို့သော် ထိုကိစ္စအပေါ် အာရုံမစိုက်နိုင်သည်က တစ်ကြောင်း၊ မြို့တစ်မြို့လုံး ပြေးပေါက်မရှိ အဝိုင်းခံထားရသည်က တစ်ကြောင်းတို့ကြောင့် အကောင်အထည် မဖော်နိုင် ဖြစ်ခဲ့၏။ ထိုလူများကို ဖိတ်ခေါ်မည်ဆိုလျှင်ပင် အကုန်လုံးမှာ အလောင်းဝိဥာဉ်ဂိုဏ်း၏ စစ်တပ်ကို မြင်ပြီး တိုက်ခိုက်ချင်စိတ် မရှိ ဖြစ်ကုန်ကြလေသည်။

ယခုတော့ မတူတော့ချေ။ အလောင်းဝိဥာဉ်ဂိုဏ်း၏ စစ်တပ်တစ်ခုလုံး ခွေးပြေးဝက်ပြေး ထွက်ပြေးသွားခဲ့ရလေပြီ ဖြစ်သည့်အတွက် လက်ရှိအချိန်သည် ထိုလူများ၏ စိတ်ဓါတ်ကို မြင့်တင်ပေးရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။

ရေနက်မြို့သည် သဲမီးတောက်နယ်မြေနှင့် အတော်လေး ဝေး၏။ ကြယ်လွန်းပျံချည်းသာသုံး၍ ပျံသန်းသွားမည်ဆိုလျှင် အနည်းဆုံး ခုနှစ်ရက်၊ ရှစ်ရက်လောက် အချိန်ယူရနိုင်ပေသည်။

သို့သော်ငြား ထိုမျှကြာအောင်စောင့်ဖို့ရာ စိတ်မရှည်သဖြင့် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကိုသာ အသုံးပြုရန် ရွေးချယ်ခဲ့သည်။

ကြယ်သင်္ဘောသည် ကြယ်လွန်းပျံနှင့် ယှဉ်လိုက်လျှင် အတော်လေး ကြီးလွန်းလှသော်ငြား ကြယ်လွန်းပျံထက် အများကြီး ပိုမြန်သည့် အပြင် ပို၍လည်း လုံခြုံပေသည်။ ကြယ်သင်္ဘောထဲတွင်သာ ရှိနေလျှင် ပြင်ပ အန္တရာယ်များကို သိပ်ပြီး စိတ်ပူနေစရာ မလိုတော့ချေ။

လမ်းတစ်လျှောက်တွင် စိတ်ရှိတိုင်း သောင်းကျန်းနေကြသော အလောင်းဝိဥာဉ်ဂိုဏ်း၏ တပ်ဖွဲ့များကို မြင်တွေ့ခဲ့ရ၏။ အချို့ အဖွဲ့များမှာ အရေအတွက် နည်းသော်ငြား အချို့မှာမူ ထောင်နှင့်ချီကာ ရှိနေကြသည်။

သို့သော် သူတို့ မည်မျှပင် ရှိနေစေကာမူ ကြယ်သင်္ဘောဆီမှ သလင်းအမြှောက်တစ်လုံးသည် ထိုလူအားလုံးကို ပြာမှုန်ဘဝသို့ ပြောင်းပစ်ရန် လုံလောက်ပေသည်။

ရန်ကိုင်သည် လျှောက်ပတ်သွားမနေဘဲ တစ်ချက် တိုက်ပြီးသည်နှင့် အထက်စကြာဝဠာဂိုဏ်းဆီသို့သာ ဆက်လက် ဦးတည်သွားလေသည်။

သုံးရက်ကြာပြီးနောက်တွင် ကြယ်သင်္ဘော၏ သလင်းအမြှောက် လက်ချက်ကြောင့် သေသွားခဲ့ရသည့် ရန်သူ အရေအတွက်မှာ သောင်းဂဏန်းသို့ ရောက်ရှိလာခဲ့လေသည်။

သို့ရာတွင် သူတို့ သုတ်သင်ပစ်ခဲ့သည့် ရန်သူများထဲတွင် အနည်းစုသည်သာ အလောင်းဝိဥာဉ်မျိုးနွယ်စုဝင်များ ဖြစ်ကြပြီး အများစုမှာ အလောင်းဝိဥာဉ်ဂိုဏ်း၏ လက်အောက်သို့ ခိုဝင်သွားကြသည့် လူသားမျိုးနွယ်စုမှ ကျင့်ကြံဿူများ ဖြစ်ကြပေသည်။ ထိုလူများသည် အလောင်းဝိဥာဉ်ဂိုဏ်း၏ လက်အောက်သို့ ခိုဝင်သွားပြီး မကောင်းမှုမျိုးစုံကို ကျူးလွန်နေသူများ ဖြစ်ကြသဖြင့် ရန်ကိုင်တို့လည်း နည်းနည်းလေးမှ သနားညှာတာနေခြင်း မရှိခဲ့ချေ။

ထိုတိုက်ပွဲကြီးများကို မြင်တွေ့ရလေအောင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲတွင် ရှိနေသော ကလန်ကြီးသုံးခုမှ ပညာရှင်များကို အပြင်သို့ ခေါ်ထုတ်လာခဲ့လေသည်။

သူတို့အားလုံးသည် ဤအရိပ်ကြယ်တွင် နေကြတော့မည် ဖြစ်သဖြင့် ဤလောကကြီးအကြောင်း စောစောသိထားလျှင် ပိုကောင်းပေသည်။

လင်းယွင်အာသည် မကြာခင် အထက်စကြာဝဠာဂိုဏ်းဆီ ပြန်ရတော့မည့်အကြောင်း သိထားသည့်ဖြင့် အတော်လေး အူမြူးပျော်ရွှင်နေခဲ့သည်။

စုယန်နှင့် ရှနင်းချန်တို့သည် ထိုမိန်းကလေးကို အတော်လေး နှစ်သက်ပေသည်။ သူမ၏ ဝမ်းနည်းဖွယ်ရာ အတိတ်အကြောင်း သိလိုက်ရပြီးနောက်တွင် မိန်းကလေးနှစ်ဦးစလုံး အတော်လေး ဝမ်းနည်းသွားကြကာ မျက်ရည်များပင် ကျလာသဖြင့် ရန်ကိုင်မှာ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရလေသည်။

သုံးရက်ကြာပြီးနောက်တွင် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောသည် သဲမီးတောက်နယ်မြေ အစွန်ဖျားဆီသို့ ရောက်ရှိလာခဲ့လေသည်။

ကြယ်သင်္ဘော၏ ထွင်းဖောက်မြင်နိုင်သော ဖန်သလင်းအား ဖောက်ကာ လှမ်းကြည့်လိုက်သည့်အခိုက် သဲမီးတောက်နယ်မြေ ပတ်ပတ်လည်အား ယင်တစ်ကောင်ပင် မဝင်နိုင်လောက်အောင် အဘက်ဘက်မှ ပိတ်ဆို့ထားသော အလောင်းဝိဥာဉ်ဂိုဏ်း၏ စစ်တပ်ကြီးကို မြင်တွေ့လိုက်ရလေသည်။

“များလိုက်တာ” ရန်ရှုကျု အံ့အားသင့်သွားခဲ့သည်။

“ဒီကောင်တွေ ငါတို့ အထက်စကြာဝဠာဂိုဏ်းကို တော်တော်လေး အထင်ကြီးထားတာပဲကွ” ချူဟန်းရီက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“မြို့သခင်တု ပြောတဲ့ပုံအရ ဆိုရင်တော့ အရိပ်ကြယ်တစ်ခုလုံးမှာ အထက်စကြာဝဠာဂိုဏ်းက နောက်ဆုံး ခံစစ်တစ်ခုလို ဖြစ်နေပြီ။ အလောင်းဝိဥာဉ်ဂိုဏ်း သူတို့စစ်တပ်ကို ဒီနေရာမှာ ချထားတာ ငါတို့ဂိုဏ်း သူတို့ ဒုက္ခရအောင် လုပ်မှာကို ကြောက်လို့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အထက်စကြာဝဠာဂိုဏ်းက မျှော်လင့်ချက် တစ်ခုလို ဖြစ်နေလို့ပဲ။ အထက်စကြာဝဠာဂိုဏ်းသာ ရှိနေသေးရင် အရိပ်ကြယ်ကလူတွေ လက်လျှော့ဦးမှာ မဟုတ်ဘူး။ ဆက်ပြီး ကြံ့ကြံ့ခံနေဦးမှာ။ ငါသာ အလောင်းဝိဥာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုရင် ဒီနေရာကို ဖျက်စီးနိုင်ဖို့ ဘာမဆိုလုပ်မှာပဲ” လင်းယုရောင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

အခြားသူများကလည်း ခေါင်းညိတ်‌ ထောက်ခံလိုက်၏။

“ဂိုဏ်းချုပ်၊ ကွေ့ပတ်ပြီးသွားမလား” ကြယ်သင်္ဘောအား မောင်းနှင်နေသော တပည့်တစ်ယောက်က ရန်ကိုင်ဘက်သို့ လှည့်၍ မေးလိုက်၏။

“မကွေ့နဲ့။ အကုန်သတ်ပစ်လိုက်” ရန်ကိုင်က ပြန်ပြောလိုက်၏။

“ဟုတ်တယ်” ထို့နောက်တွင် ထိုတပည့်သည် သလင်းအမြှောက်များကို သေချာထိန်းချုပ်၍ အလောင်းဝိဥာဉ်ဂိုဏ်း၏ စစ်တပ်များကို ချိန်လိုက်လေသည်။

ဘုန်း… ဘုန်း… ဘုန်း…

အဖြူရောင်အလင်းတန်းများ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာခဲ့၏။ အလင်းတန်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ရှိနေသော သက်ရှိအားလုံး အငွေ့ပျံ့ ပျောက်ကွယ်သွားခဲ့ကြလေသည်။

ဤတန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောသည် ယန်ယန်ကိုယ်တိုင် ဖန်တီးထားသည့် ကြယ်သင်္ဘောတစ်စင်းဖြစ်ကာ အားကောင်းသော အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ ထို့အပြင် ကြယ်သင်္ဘော၏ သလင်းအမြှောက်များသည် သူတော်စင် သလင်းကျောက်များဆီမှ လာခြင်းမဟုတ်ဘဲ သူတော်စင် သလင်းခဲများဆီမှ လာခြင်းဖြစ်သည်။

သလင်းအမြှောက်များ ပစ်မှတ်ကို ထိမှန်ချိန်တွင် မြေကမ္ဘာ တုန်ဟီးမတတ် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။

သလင်းအမြှောက် တစ်ခုချင်းစီသည် ရန်သူ စစ်တပ်များစွာကို တစ်ချက်တည်း အပျောက်ရှင်းပစ်နိုင်ပေသည်။

ထိုရုတ်တရက် တိုးဝင်လာသော အလင်းတန်းများကြောင့် အလောင်းဝိဥာဉ်ဂိုဏ်း စစ်တပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကာ ဖြစ်ကုန်လေသည်။ ထိုကြယ်သင်္ဘောကို မှတ်မိသွားကြသည့် လူသားကျင့်ကြံသူများမှာမူ ထိတ်လန့်တကြား‌ အော်ဟစ်ရင်း ခြေဦးတည့်ရာ ထွက်ပြေးကြတော့လေသည်။

သို့သော်ငြား ကြယ်သင်္ဘောမှာမူ ဖြေးဖြေးချင်း ရွေ့လျားရင်း သလင်းအမြှောက်များကို အဆက်မပြတ် ပစ်လွှတ်နေခဲ့လေသည်။

“ဟန်” ကြယ်သင်္ဘောထဲတွင် ရှိနေသော ရန်ကိုင်သည် ရုတ်တရက် တစ်ခုခုကို အာရုံခံမိသွားပြီး တစ်ဖက်သို့ လှည့်ကြည့်လိုက်၏။ ထို့နောက် နှာခေါင်းရှုံ့လျက် “ဟိုဘက်မှာ ငါကြီးကြီး တစ်ကောင် ရှိတာပဲ။ ငါသွားကြည့်လိုက်ဦးမယ်”

“ဂျူနီယာမောင်လေး၊ သတိထားနော်” စုယန်နှင့် ရှနင်းချန်တို့ နှစ်ယောက်စလုံး အော်ပြောလိုက်ရုံတင်ရှိသေး၊ ရန်ကိုင်ကမူ ကြယ်သင်္ဘောပေါ်မှ ပျောက်ကွယ်သွားနှင့်ပြီးနေလေပြီ။

သဲမီးတောက်နယ်မြေ အပြင်ဘက်တွင် အသစ်ဆောက်ထားသော နန်းတော်တစ်လုံး ရှိနေခဲ့သည်။ နန်းတော်သည် သိပ်မကြီးလှဘဲ မီတာ တစ်ရာပတ်လည်လောက်သာ ရှိသော်ငြား ခမ်းနားစွာ တည်ဆောက်ထားသဖြင့် အရိုင်းဆန်သော ဤနေရာကြီးနှင့် ယှဉ်လိုက်သော် အတော့်ကိုမှ ထင်ထင်ရှားရှား ဖြစ်နေခဲ့သည်။

နန်းတော်ထဲတွင် အဖြူရောင်ဝတ်ရုံကိ ဝတ်ဆင်ထားသော လူကြီးတစ်ဦးသည် ပုလင်ပေါ်တွင် ထိုင်ရင်း လက်ပေါ်မေးတင်လျက် သူ့ရှေ့တွင် ကပြသီဆို ဖျော်ဖြေနေကြသော မိန်းမလှလေးများကို ညစ်ကျယ်ကျယ် ပြုံးလျက် ကြည့်နေခဲ့သည်။

ထိုမိန်းကလေးအားလုံးသည် အင်အားစုကြီးများမှ အလောင်းဝိဥာဉ်ဆီ လက်ဆောင်ပဏ္ဍာအဖြစ် ဆက်သထားသူများ ဖြစ်ကြသည်။ အကုန်လုံးသည် အတော်လေးကိုမှ ချောမောသူများ ဖြစ်ကြသလို သူတို့ ဂိုဏ်းအသီးသီး၏ တက်သစ်စ ပါရမီရှင်များလည်း ဖြစ်ကြပေသည်။ သို့ရာတွင် ယခုမူ သူတို့၏ဘဝမှာ တစ်ဖက်လူ စိတ်ကျေနပ်အောင် ကပြဖျော်ဖြေပေးရသည့် ကချေသည်ဘဝသို့ ရောက်ရှိသွားကုန်ရလေပြီ။

မိန်းကလေးအားလုံးသည် အဖြူရောင်ဝတ်လူကြီးကို အလွန် ကြောက်နေကြသည့်ပုံပင်။ ကနေစဉ်အတောအတွင်း ထိုလူကြီးအား မျက်လုံးစေ့စေ့ပင် မကြည့်ရဲကြဘဲ ကြည့်မိပြီ ဆိုလျှင်လည်း ချက်ချင်း အကြည့် လွှဲဖယ်သွားကြသည်။

ရုတ်တရက် မြေပြင်တစ်ခုလုံး အဆက်မပြတ် တုန်ခါလာခဲ့သည်။ နန်းတော်ပါ လှုပ်ခါလာပြီး ပေါက်ကွဲသံကျယ်ကြီးများနှင့်အတူ အားလံးသော စွမ်းအင်လှိုင်းများပါ ဖြာထွက်လာခဲ့လေသည်။ အဖြူရောင်ဝတ်လူကြီး မျက်နှာပျက်သွားပြီး ချက်ချင်း ထထိုင်၍ မျက်နှာမာမာထန်ထန်ဖြင့် မေးလိုက်လေသည် “ဘာတွေ ဖြစ်နေတာလဲ”

ကနေသည့် မိန်းကလေးများသည် ဆက်မကကြတော့ဘဲ ငေးကြောင်ကြောင့်ဖြင့်သာ ရပ်ကြည့်နေကြလေသည်။

ရုတ်တရက် အပြင်ဘက်ဘက်မှ တစ်ယောက်ယောက် အထဲသို့ ကြောက်လန့်တကြား ပြေးဝင်လာခဲ့လေသည် “ကာကွယ်သူခန်၊ အနက်ရောင်ကြယ်သင်္ဘောတစ်စင်း ရုတ်တရက် ပေါ်လာပြီး ကျုပ်တို့ အလောင်းဝိဥာဉ်ဂိုဏ်းက တပည့်တွေကိ သတ်ဖြတ်နေပါတယ်”

“ဘယ်ကောင် လုပ်ရဲတာလဲကွ” အဖြူရောင်ဝတ်ရုံဝတ် လူကြီးက ဒေါသတကြီး ထရပ်လိုက်လေသည်။ သူ့ဆီမှ ဖြာထွက်လာသည့် အရှိန်အဝါကြောင့် ကပြနေသည့် မိန်ကလေးများအားလုံး ကြောက်လန့်မှုကြောင့် ဖြူလျော်သွားခဲ့ကြလေသည်။

“လက်အောက်ငယ်သား… လက်အောက်ငယ်သားလည်း မသိပါဘူး” ထိုကျင့်ကြံသူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်၏။

“အဲ့ဒါဆို မင်းအသက်ရှင်နေတာ ဘာအသုံးဝင်တော့မှာလဲကွ” အဖြူရောင်ဝတ်ရုံဝတ် လူကြီးသည် သူ့ရှေ့တည့်တည့်ရှိ လေဟာနယ်ကို ဆုပ်ကိုင်လျက် ဆွဲလိမ်သလို လုပ်လိုက်၏။ တစ်ချိန်တည်းတွင် သတင်းလာပို့သည့် ကျင့်ကြံသူ၏ လည်တိုင်လည်း ကျိုးသွားခဲ့လေသည်။

ထိုအခြင်းအရာကြောင့် မိန်းကလေးများအားလုံး ကြောက်လန့်တကြား ထအော်ကုန်ကြလေသည်။

“ဟန်၊ ငါကတောင် မလာရသေးဘူး။ မင်းက ကိုယ့်ဘာသာကိုယ် လာတယ်ပေါ့” အဖြူရောင်ဝတ်ရုံဝတ် လူကြီးသည် ရုတ်တရက် ခေါင်းမော့၍ ကောင်းကင်ပေါ်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်လေ၏။ လူကြီး၏ ကောင်းကင်စိတ်အာရုံသည် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံနှင့် သွားထိပ်တိုက်တွေ့လေသည်။

ဘုန်း…

အဖြူရောင်ဝတ်ရုံဝတ်လူကြီး နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားလိုက်ရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၈၀)

ရန်ကိုင့် ကောင်းကင်စိတ်အာရုံစွမ်းအားကြောင့် အဖြူရောင် ဝတ်ရုံဝတ်လူကြီး အတော်လေး ထိတ်လန့်သွားခဲ့သည်။ သို့သော် ခဏမျှ ငေးကြောင်ကြောင် ဖြစ်နေပြီးနောက်တွင် တစ်ဖက်လူ၏ ဖိနှိပ်ခြင်းခံလိုက်ရသည့်အပေါ် အတော်လေး ရှက်သွားခဲ့ကာ ဒေါသတကြီး ထအော်ဟစ်လိုက်လေသည်။

ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်တစ်ခုလုံး ဖောင်းတက်လာပြီး အဖြူရောင်အပ်ကဲ့သို့ အမွှေးအမျှင်များသည် သူ့အရေပြားပေါ်မှ ထောင်တက်လာခဲ့လေသည်။ အစွယ်နှစ်ချောင်းသည်လည်း နှုတ်ခမ်းထောင့်မှ ငေါထွက်လာပြီး အစိမ်းရောင် အလောင်းချီတို့ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့လေသည်။

ထို့နောက် ခြေနှစ်ချောင်းကို စုံကန်လျက် နန်းတော်ပေါ်သို့ ခုန်တက်သွားခဲ့လေသည်။ နန်းတော် မျက်နှာကြက်ထက်တွင် အပေါက်တစ်ပေါက် ချန်ရစ်ခဲ့ပြီးနောက် အဖြူရောင်ဝတ်ရုံဝတ် လူကြီး အပြင်ဘက်သို့ ရောက်လာခဲ့၏။ ရန်ကိုင်၏ တည်နေရာကို အတည်ပြုပြီးနောက် သူ့လက်သည်းဖြင့် ရန်ကိုင်ရှိသည့် နေရာသို့ တစ်ချက်ပြီးတစ်ချက် ကုတ်ချလိုက်လေသည်။

လက်သည်း အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားလေ၏။

“ပျက်စီးလိုက်စမ်း” သို့ရာတွင် ရန်ကိုင်ကမူ ရှောင်ပင် မရှောင်ဘဲ သူ့လက်သီးအား အနက်ရောင်မီးတောက်များဖြင့် လွှမ်းခြုံ၍ တစ်ချက်ပြီးတစ်ချက် ပြန်ထိုးချလိုက်သည်။

ရန်ကိုင်၏ လက်သီးချက်များကြောင့် လက်သည်း အလင်းတန်းများ အားလုံး ပျက်စီးသွားကုန်ကြလေသည်။ ထိုမျှပင် မကသေးဘဲ နောက်ဆက်တွဲ လက်သီးချက်များမှ လာရောက်ထိမှန်သဖြင့် အဖြူရောင်ဝတ်ရုံဝတ်လူကြီး တစ်ချက်ညည်းကာ မြေပြင်ပေါ်သို့ ဒုံးပျံတစ်စင်းနှယ် ထိုးစင်းသွားခဲ့ရလေသည်။

နောက်တစ်ကြိမ် ထပ်ခံလိုက်ရသည့်နောက် ကြောက်မသွားသည့် အပြင်ကိုမှ ပို၍ပင် ဒေါသထွက်သွားခဲ့သည်။ ရန်ကိုင်၏ လက်သီးချက်သည် အဖြူရောင်ဝတ်ရုံဝတ် လူကြီးကို ဒဏ်ရာ ပြင်းပြင်းထန်ထန်ရအောင် မလုပ်နိုင်ခဲ့ချေ။

ထို့နောက် ကျင်းပေါက်ထဲမှ အမြန် ပြန်ကုန်းထလာပြီး ပါးစပ်ကို ဟလျက် အလုံးလေးတစ်လုံးကို မှုတ်ထုတ်လိုက်သည်။ ထိုအလုံးလေးဆီမှ အလောင်းချီများကို စုစည်းပြီးနောက် မြှားပေါင်းများစွာကို ဖန်တီးလျက် ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်ပြန်၏။

ရန်ကိုင်သည် သူ့လက်ကို လှုပ်ခါ၍ နဂါးစိမ်းဓါးကို ဆင့်ခေါ်လိုက်၏။ ဓါးထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည့်နောက် နဂါဟိန်းသံနှင့်အတူ ဧရာမ အစိမ်းရောင်နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် နဂါးခေါင်းပေါ်ရပ်လျက် အဖြူရောင်ဝတ်ရုံဝတ် လူကြီးအား အထင်တသေး မျက်ဝန်းအစုံဖြင့် စိုက်ကြည့်ရင်း အောက်သို့ နဂါးစီးကာ အောက်သို့ ထိုးဆင်လာလေသည်။

အလောင်းချီသည် သာမန်တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်နိုင်လောက်သည်အထိ သိပ်သည်းပြင်းထန်လွန်းလှသော်ငြား နဂါးစိမ်းအပေါ်တော့ အကျိုးသက်ရောက်မှု မရှိခဲ့ချေ။ အလောင်းချီ အဆိပ်ရှိသည်မှာ မှန်သော်ငြား အစိမ်းရောင် နဂါးကိုယ်တိုင်ကလည်း အဆိပ်နဂါးတစ်ကောင် ဖြစ်သည့် အတွက် အဖြူရောင်ဝတ်ရုံဝတ်လူကြီး၏ အလောင်းချီသည် အစိမ်းရောင် နဂါးကို မည်သို့မှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။

ထိခိုက်အောင် မလုပ်နိုင်သည့်အပြင်ကိုမှ အစိမ်းရောင်နဂါးသည် ပါးစပ်ဟလျက် အဖြူရောင်ဝတ်ရုံဝတ် လူကြီး ပစ်လွှတ်လိုက်သော အစိမ်းရောင် အလောင်းချီများကိုပင် စုပ်ယူပစ်လိုက်သေးသဖြင့် အဖြူရောင်ဝတ်ရုံဝတ်လူကြီး ပျာယာခတ်သွားခဲ့ရလေသည်။

နှစ်ဦးသားကြား အကွာအဝေးသည် အလွန်လျင်မြန်စွာ နီးကပ်လာခဲ့လေသည်။

နီးကပ်လာနေသော နဂါးခေါင်းကိုကြည့်ရင်း အဖြူရောင်ဝတ်ရုံဝတ် လူကြီး ဆက်ပြီး အလန့်တကြား အော်ဟစ်ရင်း အလျင်စလို တိမ်းရှောင်လိုက်လေသည်။

နဂါးသည် ပစ်မှတ်ကို လွဲပြီးနောက် လေပေါ်သို့ နောက်တစ်ကြိမ် ပြန်တက်သွား၏။ သို့သော် ရန်ကိုင်သည် နဂါးခေါင်းမှ ချက်ချင်း ခုန်ဆင်းလိုက်ပြီး နဂါးစိမ်းအား နဂါးစိမ်းဓါးသို့ ချက်ချင်း ပြန်ပြောင်းစေလျက် ဓါးကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ အဖြူရောင်ဝတ်ရုံဝတ် လူကြီးအား ခုတ်ပိုင်းချလိုက်လေသည်။

ထိုအသွားမဲ့ဓါးဆီမှ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားလှိုင်း တစ်လှိုင်း ရုတ်တရက် ဖြာထွက်လာခဲ့လေသည်။

အဖြူရောင်ဝတ်ရုံဝတ်လူကြီးလည်း ရှောင်ချိန် မရှိတော့သဖြင့် လက်ကို မြှောက်၍သာ ထိုတိုက်ခိုက်မှုကို ခုခံလိုက်ရသည်။ သို့သော် ရန်ကိုင်၏ တိုက်ခိုက်မှုကို မည်သို့မှ မကာကွယ်နိုင်သဖြင့် ကာလိုက်သည့်လက် တစ်ခါတည်း ပြတ်ထွက်သွားခဲ့ရလေသည်။

ယခုတစ်ကြိမ်တွင်တော့ အဖြူရောင်ဝတ်ရုံဝတ်လူကြီး အမှန်တကယ်ကို ထိတ်လန့်သွားခဲ့၏။ ဤမျှ အားကောင်းသည့် လူတစ်ယောက် အရိပ်ကြယ်တွင် ရှိနေလိမ့်မည်ဟု သူတစ်ခါမှ မထင်ခဲ့ဖူးချေ။ အရိပ်ကြယ်၏ နံပါတ်တစ်အားအကောင်းဆုံး ပညာရှင်ဖြစ်ဟန်တူသော ရီရှီယွင်နှင့် သူတိုက်ခိုက်ဖူးပေသည်။

သို့သော် မည်သည့်အခက်အခဲမှ မကြုံလိုက်ရ။ သို့သော် ဤလူငယ်လေးနှင့် ရင်ဆိုင်ရသည့်အခိုက်တွင် သူလုံးဝကို ဒုက္ခရောက်ရတော့သည်။ လူငယ်လေး၏ ခွန်အားသည် ရီရှီယွင်ထက် အများကြီး ပိုမြင့်ပေသည်။

တစ်ဖက်လူသည် ဓါးကိုမြှောက်၍ သူ့အား နောက်တစ်ကြိမ် ထပ်ခုတ်တော့မည်ကို မြင်သော် အဖြူရောင်ဝတ်ရုံဝတ် လူကြီးလည် မျက်နှာပျက်မည်ကို ဂရုမစိုက်နိုင်တော့ဘဲ ပြတ်သွားသည့် လက်ကို ကောက်ယူ၍ အမြန် နောက်သို့ ခုန်ဆုတ်လိုက်လေသည်။

မီတာတစ်ထောင် အကွာလောက် ဆုတ်ပြီးမှသာ ရပ်လိုက်၏။ သို့သော် ယခုထိချိန် သူ့ရင်ထဲ အကြောက်မပြေနိုင်သေး။ ပြတ်နေသော လက်ကိုကြည့်ရင် အဖြူရောင်ဝတ်ရုံဝတ်လူကြီး၏ မျက်နှာ မဲ့သွားခဲ့လေသည်။

လက်ပြတ်ကြီးသည် အသက်ရှိနေသည့်နှယ် တွန့်လိမ်နေပြီးနောက် သူ့အလိုလို ပြန်ဆက်သွားခဲ့လေသည်။

အဖြူရောင်ဝတ်ရုံဝတ်လူကြီး သူ့လက်ကို ပြန်ဆက်နေစဉ်အတွင်း ရန်ကိုင်သည် လုံးဝကို သွားမတားခဲ့ဘဲ ဇိမ်ပြေနပြေဖြင့်သာ ရပ်စောင့်ကြည့်နေခဲ့သည်။ လက်ပြန်ဆက်ပြီးသည့် အခါမှသာ ပြုံးဖြဲလျက် မေးလိုက်လေ၏ “ကျုပ်တို့ အရင်က တွေ့ဖူးလား”

ရန်ကိုင်၏ မေးခွန်းကိုကြားသော် အဖြူရောင်ဝတ်ရုံဝတ် လူကြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် တစ်ခုခုကို မှတ်မိသွားဟန်ဖြင့် ရန်ကိုင်ကို လက်ညိုးထိုး၍ အော်ပြောလိုက်၏ “မင်းကိုး”

အဖြူရောင်ဝတ်ရုံဝတ် လူကြီးကို မြင်လိုက်စဉ်က ရင်းနှီးနေသည်ဟု ခံစားလိုက်ရ၏။ ယခု သေချာ စဉ်းစားကြည့်လိုက်သည့် အခါမှပဲ ထိုအဖြူရောင်ဝတ်ရုံဝတ် လူကြီးသည် သင်္ချိုင်းတောင်ကြားတွင် သူနှင့်ယန်ယန် တွေ့ခဲ့သည့် အလောင်းဗိုလ်ချုပ်မှန်း ရန်ကိုင် မှတ်မိသွားတော့သည်။ သူတို့ ထွက်ပြေးစဉ်က သူတို့အား တိုက်ခိုက်ခဲ့သူမှာလည်း ဤအဖြူရောင်ဝတ်ရုံဝတ် လူကြီး ဖြစ်ပေသည်။

ထိုစဉ်က ခွန်အားချင်း မယှဉ်နိုင်သည့်အတွက် ရန်ကိုင် အနေဖြင့် ထွက်ပြေးရုံသာ တတ်နိုင်ခဲ့သည်။ သို့သော် နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ရန်ကိုင်၏ ခွန်အားသည် ယခင်ထက် အဆပေါင်းများစွာ ပိုမို မြင့်မားနေခဲ့လေပြီ။

“ငါမင်းကို မှတ်မိပြီ” အဖြူရောင်ဝတ်ရုံဝတ်လူကြီးက ပြုံးဖြဲလျက် “မင်းငါတို့ အလောင်းဂူထဲက ပစ္စည်းတွေကို ဝင်ခိုးသွားတဲ့ သူခိုးလေးမလား။ ဒါပေမယ့် အဲ့အတွက် ငါမင်းကို တကယ် ကျေးဇူးတင်တယ်”

“ဘာလို့ ကျေးဇူးတင်တာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။

“ဘာရှိရမလဲ၊ အဲ့နေမီးလျှံအမြူတေကို ယူသွားပေးလို့ပေါ့ကွ။ အဲ့ဒါကြောင့်သာ မဟုတ်ရင် ငါတို့ အခုလို လုပ်နိုင်မှာ မဟုတ်ဘူး” အဖြူရောင်ဝတ်ရုံဝတ် လူကြီးက အကျယ်ကြီး အော်ဟစ်ရယ်မောလိုက်လေသည်။

“အခုကိစ္စက နေမီးလျှံအမြူတေနဲ့ ဘာဆိုင်လို့လဲ” ရန်ကိုင် ဇဝေဇဝါ ဖြစ်နေလေပြီ။

“မင်းနားလည်မှာ မဟုတ်ပါဘူးကွာ” အဖြူရောင်ဝတ်ရုံဝတ် လူကြီးက လှောင်ပြုံးပြုံးလျက် “ဒီကာကွယ်သူက အလောင်းဝိဥာဉ်ဂိုဏ်းရဲ့ အဖြူရောင်ဝတ်ရုံဝတ် အလောင်းဗိုလ်ချုပ်ကြီး ခန်ဖေးရောင်ပဲ။ ကောင်လေး၊ မင်းနာမည်ကို ပြောလိုက်”

“အဖြူရောင်ဝတ်ရုံဝတ် အလောင်းဗိုလ်ချုပ်ကြီး…” ရန်ကိုင် မျက်ခံးပင့်သွားခဲ့ပြီး “ဒီတော့ အနီရောင်၊ မိုးပြာရောင်ဝတ်ရုံဝတ် အလောင်းဗိုလ်ချုပ်ကြီးတွေလိုမျိုးလဲ ရှိသေးတယ်ပေါ့”

အလောင်းလိုဏ်ဂူထဲတွင် အရောင်အမျိုးမျိုး ဝတ်ဆင်ထားသည့် အလောင်းဗိုလ်ချုပ်ကြီးများ ရှိသည်ကို ရန်ကိုင် မှတ်မိနေသေး၏။

“ဟုတ်တာပေါ့ကွ” ခန်ဖေးရောင်သည် ငြင်းဆိုမနေဘဲ “ကောင်လေး၊ ငါတို့ အလောင်းဝိဥာဉ်ဂိုဏ်းက အရိပ်ကြယ်ကြီး တစ်ခုလုံးကို အနှေးနဲ့အမြန် အုပ်စိုးတော့မှာ။ မင်းအသက်က ငယ်ငယ်လေးပဲ ရှိသေးတယ်။ ပြီးတော့ ကျင့်ကြံခြင်းကလည်း မြင့်တယ်ဆိုတော့ မင်းဘာလို့ ငါ့တို့ထဲ မဝင်တာလဲ။ ဝင်မယ်ဆို ဂိုဏ်းချုပ်ဆီ ငါမင်းကို ခေါ်သွားပေမယ်။ မင်းအရည်အချင်းနဲ့ဆို အဆင့်မြင့်ရာထူး ကျိန်းသေ ရမှာ”

“စိတ်မဝင်စားဘူး” ရန်ကိုင် မဲ့ပြုံးပြုံးလိုက်လေသည်။

“ကောင်လေး၊ စေတနာနဲ့ ကမ်းလှမ်းနေတုန်း လက်ခံလိုက်ရင် ကောင်းမယ်။ မင်းအရည်အချင်းကို သဘောကျပေမယ့် ငါမင်းကို မသတ်ရဲဘူး ထင်နေလား”

“ခင်ဗျားလား ကျုပ်ကို သတ်နိုင်မှာ” ရန်ကိုင်က ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေသည်။

ထိုစကား ဆုံးသွားသည်နှင့် ခန်ဖေးရောင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ အကြောင်းမှာ အစောပိုင်းက သူနှင့် မီတာတစ်ထောင် အကွာခန့်တွင် ရှိနေသော ရန်ကိုင်သည် ရုတ်တရက်ကြီး သူ့ရှေ့တည့်တည့်သို့ ရောက်လာသည့် အတွက်ကြောင့်ပင် ဖြစ်၏။ ရန်ကိုင်သည် သူ့လက်ကိ ဝှေ့ရမ်း၍ ဧကရာ လေဟာနယ် အက်ကွဲကြောင်း တစ်ခု ဖန်တီးကာ ပစ်လွှတ်လိုက်၏။

“လေဟာနယ်စွမ်းအား” ခန်ဖေးရောင်၏ မျက်နှာ ပို၍ ဖြူလျော်သွားခဲ့လေသည်။ ယခုမှပဲ ရန်ကိုင် သူတို့လက်မှ လွတ်မြောက်သွားနိုင်ခဲ့ခြင်းမှာ လေဟာနယ်တာအိုတွင် ကျွမ်းကျင်ထားသည့် အတွက်ကြောင့်မှန်းကို ပြန်သတိရသွားတော့လေသည်။

ခေါင်းထဲ မရဏ အချက်ပေး ခေါင်းဆောင်သံတို့ အဆက်မပြတ် မြည်ဟည်းလာသဖြင့် ခန်ဖေးရောင်လည်း ဘာမှ စဉ်းစားမနေဘဲ အလျင်စလို နောက်သို့ တိမ်ရှောင်လိုက်လေ၏။ တစ်ချိန်တည်း၌ ဟင်းလင်းပြင် အက်ကွဲကြောင်းသည်လည်း သူ့နားမှ ပွတ်ကာသီကာလေး ဖြတ်ပွတ်သွားလေသည်။ ခပ်မြန်မြန် ပြန်ဆုတ်လိုက်နိုင်သည်မှာ ကံကောင်းသွားခဲ့သည်။ တစ်စက္ကန့်လေးပင် နောက်ကျနေခဲ့လျှင် အသက်နှင့်ကိုယ် အိုးစား ကွဲနေလောက်ပေပြီ။

အဖြူရောင်ဝတ်ရုံဝတ်လူကြီး မသေသည်ကိုမြင်သော် ရန်ကိုင် အနည်းငယ် စိတ်ပျက်သွားခဲ့သော်ငြား မကြာမီ ညစ်ကျယ်ကျယ် ပြန်ပြုံးလာခဲ့သည်။

ခန်ဖေးရောင်သည်လည်း တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိ၏။ သို့သော် ဘာမှားလို့မှားနေမှန်း သတိမပြုမိခဲ့ချေ။ နားမလည်နိုင် ဖြစ်နေစဉ်မှာပဲ တောင်တစ်လုံး ဝင်ဆောင့်သည့်နှယ် ပြင်းထန်သည့် အားတစ်ရပ် သူ့ကျောပြင်အား လာဆောင့်မှန်လေသည်။ ထိုအားချက်ကြောင့် သူ့အရိုးများ သွင်သွင် ကျိုးသွားခဲ့သည်။

သွေးတစ်ပွက် ထိုးအန်လိုက်ရသလို သူ့အရှိန်အဝါမှာလည် လေလျော့သွားသည့် ပူပေါင်းတစ်လုံးနှယ် ထိုးကျသွားခဲ့၏။ တစ်ချိန်တည်းတွင် ထိုဝင်ဆောင့်သည့်အားကြောင့် သူ့ခန္ဓာကိုယ်သည် ရန်ကိုင်ဆီသို့ လွင့်စင်သွားလေသည်။

လွင့်ထွက်သွားစဉ် အတောအတွင်း သူ့အား မည်သူမှ တိုက်ခိုက်လိုက်သလဲ သိရအောင် နောက်သို့ လှည့်ကြည့်လိုက်၏။ သို့သော်ငြား မြင်လိုက်ရသည့် အရာကြောင့် ခန်ဖေးရောင် မှင်သက်သွားခဲ့လေသည်။

သူ့အား တိုက်ခိုက်လိုက်သည့်သူမှာ အနက်ရောင် တုတ်တစ်ချောင်းကို ကိုင်ဆွဲထားသည့် ကျောက်တုံးလူသား တစ်ဦး ဖြစ်ပေသည်။ ကျောက်တုံးလူသားဆီမှ မည်သည့် အသက်ဓါတ် အရှိန်အဝါမှ ဖြာထွက်နေခဲ့ခြင်း မရှိချေ။ ထို့အတွက်ကြောင့်ပင် ကျောက်တုံးလူသား သူ့နောက်သို့ ရောက်နေသည်ကို အဖြူရောင် ဝတ်ရုံဝတ်လူကြီး မသိလိုက်ခြင်း ဖြစ်သည်။

“အခု၊ ခင်ဗျား ဘယ်လိုပြေးမလဲ ကြည့်ရသေးတာပေါ့” ထိုသို့ ပြောပြီးနောက် ရန်ကိုင်သည် သူ့လက်ကို လေထဲသို့ အဆက်မပြတ် ခုတ်ပိုင်း၍ ဟင်းလင်းပြင်အက်ကြောင်းများစွာကို ဖန်တီးကာ အဖြူရောင်ဝတ်ရုံဝတ် လူကြီးဆီသို့ ပစ်လွှတ်လိုက်လေသည်။

ထိုဟင်းလင်းပြင်အက်ကွဲကြောင်းများကို ကြည့်ရင်း အဖြူရောင် ဝတ်ရုံဝတ် လူကြီးသည် သူ့ခန္ဓာကိုယ်ကို မရပ်ရပ်သွားအောင် အသည်းအသန် ကုန်းရုန်းကြိုးစားတော့သည်။ နောက်ဆုံး ရပ်သွားသည့်နောက်တွင် ချက်ချင်း အဖြူရောင် ဝတ်ရုံဝတ် လူကြီးသည် မြေကြီးထဲသို့ လျှိုဝင်ပျောက်ကွယ်သွားခဲ့လေသည်။ ထိုသို့ ဖြစ်သွားသည့်အတွက် ဟင်းလင်းပြင် အက်ကွဲကြောင်းသည်လည်း သူ့အား ဘာမှမလုပ်နိုင်တော့ချေ။

“သူ့ကိုတား” ရန်ကိုင်လည်း အလျင်စလို လှမ်းအော်လိုက်၏။ ခန်ဖေးရောင်ကို အလွတ်ပေးလိုက်၍ မဖြစ်ချေ။ အလွတ်သာ ပေးလိုက်လျှင် နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်ဖမ်းမိတော့မည် မဟုတ်။

ရှောင်ရှောင်လည်း အလျင်အမြန်ပဲ မြေကြီးထဲသို့ တိုးဝင်သွားလေ၏။

ထို့နောက် မြေအောက်ဘက်မှ တဝုန်းဝုန်းမြည်သံများ အဆက်မပြတ် ထွက်ပေါ်လာလေတော့သည်။

မကြာမီ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ခန်ဖေးရောင် မြေပေါ်သို့ ခုန်တက်လာခဲ့လေသည်။ ကျောက်တုံး ရုပ်သေးရုပ်သည် အနက်ရောင်တုတ်ကို အဆက်မပြတ် ဝှေ့ရမ်းလျက် ခန်ဖေးရောင်က လိုက်လံ တိုက်ခိုက်နေသဖြင့် ခန်ဖေးရောင်လည်း ထပ်ခါထပ်ခါ ရှောင်တိမ်းနေခဲ့ရသည်။

ကျောက်တုံးရုပ်သေးရုပ်ရှေ့တွင် မြေကြီးထဲသို့ ထွက်ပြေးရန် ကြိုးစားခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်း ဖြစ်သည်။

ရန်ကိုင်သည် ဘယ်အချိန်ကတည်းကမှန်းမသိ ခန်ဖေးရောင် ခေါင်းထက်တွင် ပေါ်လာပြီး‌ ရွှေရောင်သွေးမျှင်များကို ပစ်လွှတ်လိုက်၏။ ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်ခြင်း ခံလိုက်ရသည့်အတွက် ခန်ဖေးရောင်လည်း မရှောင်နိုင်တော့ဘဲ ရွှေရောင်သွေးမျှင်များ၏ ဖမ်းချုပ်ခြင်း ခံလိုက်ရလေသည်။

ခန်ဖေးရောင်သည် မလွတ်လွတ်အောင် အသည်းအသန် ရုန်းကန်သော်ငြား မလွတ်မြောက်နိုင်ဘဲ ကျောက်တုံး ရုပ်သေးရုပ်၏ အနက်ရောင်တုတ်ချောင်းစာသာ မိသွားခဲ့ပြီး အောက်ပိုင်းတစ်ဝက် မွကြေပျက်စီးသွားခဲ့လေသည်။ ကျန်တစ်ဝက်သည်လည်း တုတ်ချောင်းဆီမှ ထွက်ပေါ်လာသော အားကြောင့် လေထဲ လွင့်ပျံထွက်သွားခဲ့လေသည်။

သို့သော်လည်း ထိုမျှနှင့်ပင် အဆုံးမသတ်သေးဘဲ ဧရာမ ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ရင်ဘတ်တစ်ပိုင်းကိုပါ ဝါးမြိုသွားလေသည်။

အကျိုးဆက်အနေဖြင့် ခန်ဖေးရောင် မြေပေါ် ပြန်ရောက်သည့် အခါ ခန္ဓာကိုယ်အစိတ်အပိုင်း အတော်များများ ပျောက်ဆုံးနေပြီး သူ့လက်ကျန် ခန္ဓာကိုယ် နည်းနည်းလေးသာ ကျန်ရစ်တော့၏။

သာမန်လူတစ်ယောက်သာ ဤကဲ့သို့ ဖြစ်သွားခဲ့လျှင် အသက်ပျောက်သည်မှာ ကြာနေလောက်ပေပြီ။ သို့သော်လည်း အလောင်းဝိဥာဉ်မျိုးနွယ်သည် သေသွားသည့် လူများမှ ဖြစ်တည်လာသူများ ဖြစ်ကြသဖြင့် သူတို့ ခန္ဓာကိုယ်သည် အလွန်ကိုမှ ကြံ့ခိုင်ပေသည်။ ထို့ကြောင့် ဤကဲ့သို့သော ဒဏ်ရာမျိုးသည် ခန်ဖေးရောင်၏ အသက်ကို ချက်ချင်း နှုတ်ယူနိုင်ခြင်း မရှိခဲ့ချေ။

အားကောင်းသော စွမ်းအင်လှိုင်းတို့သည် ဝတ်ရုံဖြူဝတ်လူကြီး၏ ဝမ်းဗိုက်မှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့လာခဲ့ရာ သူ့အသားများ တဖြည်းဖြည်း အသစ်ပြန်လည် ဖြစ်ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် ခန်ဖေးရောင်ဆီသို့ လျှောက်သွားပြီး သူ့ဝမ်းဗိုက်ထဲရှိ အလောင်းအမြူတေကို ဖမ်းကိုင်လိုက်သည်။

ပြန်လည်ကောင်းမွန်နေသော ခန်ဖေးရောင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဆက်ပြီး မကောင်းမွန်နိုင်တော့ဘဲ ခန်ဖေးရောင် ကိုယ်တိုင်သည်လည်း ရန်ကိုင်အား ကြောက်လန့်တကြား မော့ကြည့်လာခဲ့လေသည်။

အစပိုင်းတွင် ရန်ကိုင်အား မုန်းတီးစွာ စိုက်ကြည့်နေခဲ့သော်ငြား နောက်ဆုံးတွင် သူ့အခြေအနေသူ နားလည်သွားသည့်အလား သက်ပြင်းချ၍ “မင်းဘာသိချင်တာလဲ။ ငါ့ကိုပြော၊ ငါ့ကို လွှတ်ပေးဖို့ ငါဘာလုပ်ပေးရမလဲ”

“ကျုပ်နဲ့ လာညှိနှိုင်းနေတာလား” ရန်ကိုင်က အထင်တသေး ပြုံးလိုက်၏။

“ဟုတ်တယ်”

“ခင်ဗျားမှာ ဘာအရည်အချင်းရှိလို့ ကျုပ်နဲ့ လာညှိနှိုင်းနေတာလဲ” ရန်ကိုင်က ပြန်ပြောလိုက်၏။

“မင်းငါ့ကို ချက်ချင်း မသတ်မှတော့ မင်းငါ့ဆီကနေ သိချင်နေတာ တစ်ခုခု ရှိလို့ပဲပေါ့။ မဟုတ်ရင် ဘာလို့ အသက်ရှင်လျက် ထားဦးမှာလဲ” ခန်ဖေးရောင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလေသည်။

“ခင်ဗျားမှာ ဥာဏ်တော့ ရှိသားပဲ” ရန်ကိုင်က ခေါင်းညိတ်လျက် “ဒါပေမယ့် ကျုပ်နဲ့ လာညှိနှိုင်းနိုင်တဲ့အဆင့် ခင်ဗျား မရောက်သေးဘူး။ ကျုပ်လက်လေး ဆုပ်လိုက်ရုံနဲ့တင် ခင်ဗျား အသက်ကို တစ်ခါတည်း ဇီဝိန်ချွေပစ်လိုက်လို့ ရတယ်”

ခန်ဖေးရောင်မျက်နှာ သုန်မှုန်သွားခဲ့သော်ငြား ရန်ကိုင် ပြောသည်မှာ အမှန်ဖြစ်သဖြင့် ဘာမှ ပြန်မပြောနိုင်ခဲ့ချေ။

All Chapters