← Chapters

အခန်း (၁၆၈၁-၁၆၈၅)

Vol. 68 Ch. 1681-1685

အခန်း (၁၆၈၁-၁၆၈၅)

Vol. 68 Ch. 1681-1685

အပိုင်း (၁၆၈၁)

ကျောက်တုံးရုပ်သေးရုပ် အကူအညီ မပါလျှင်ပင် သူရန်ကိုင်၏ ပြိုင်ဘက် မဟုတ်နိုင်မှန်း ခုန်ဖေးရောင်သိသည်။ ရန်ကိုင်သည် စတိုက်ကတည်းက သူ့ခွန်အားအပြည့်ကို ထုတ်သုံးသွားခြင်း မရှိခဲ့ပေ။

ဘယ်ကတည်းက အရိပ်ကြယ်ပေါ်မှာ ဒီလောက် အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက် ပေါ်လာတာလဲကွာ သူ့ကိုယ်သူ တန်ခိုးရှင် အဆင့်၏ အကန့်အသတ်သို့ ရောက်ပြီဟု ခုန်ဖေးရောင် ထင်ခဲ့ဖူး၏။ ယခုမှပဲ သူအမှားကြီး မှားသွားခဲ့မှန်းကို ခုန်းဖေးရောင် နားလည်သွားတော့လေသည်။

“နေမီးလျှံအမြူတေက အခုကိစ္စနဲ့ ဘယ်လိုပက်သက်တာလဲ ကျုပ်ကိုပြော” ရန်ကိုင်က ပြောလိုက်၏ “အခုလို ဖြစ်လာနိင်တာ ကျုပ်ကျေးဇူးကြောင့်လို့ ခင်ဗျားဘာလို့ လာပြောနေတာလဲ။ ကျုပ်ခင်ဗျားအတွက် ဘာမ လုပ်မနေးခဲ့ဘူးလေ”

ခန်ဖေးရောင်သည် ရန်ကိုင်အား တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။ သူ့အလောင်းအမြူတေအား ဆုပ်ကိုင်ထားသည့်လက် တဖြည်းဖြည်း အားကောင်းလာသည့် အခါမှသာ အလျင်အမြန် ပြန်ဖြေတော့၏ “မတော်တဆ ဖြစ်သွားတာ။ မင်းမသိတာ မထူးဆန်းဘူး”

“အို” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့၏။

“နေမီးလျှံအမြူတေကို အဲ့နေရာမှာ အလကားသက်သက် ထားထားတယ်လို့ ထင်နေတာလား။ အဲ့လိုထင်နေရင် မင်းမှားသွားပြီ။ နေမီးလျှံအမြူတေကို အဲ့နေရာမှာ ထားထားတာ မြေအောက်စမ်းချောင်းကို ချိတ်ပိတ်ထားနိုင်ဖို့ အတွက်ပဲ”

“မြေအောက်စမ်းချောင်း” ရန်ကိုင်၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားလေသည်။

ခန်ဖေးရောင်က ညစ်ကျယ်ကျယ်ပြုံးလျက် “ဟုတ်တယ်။ နေမီးလျှံအမြူတေ ရှိနေတဲ့ နေရာက ဒီနေရာနဲ့ မြေအောက်လောကကို ချိတ်ဆက်ထားတာ။ မြေအောက်လောမှာ ယင်ချီ၊ အလောင်းချီနဲ့ သေခြင်းချီတွေဆိုတာ အလျှံအပယ်ပဲ။ အဲ့ချီတွေက မင်းတို့လိုမျိုး သက်ရှိတွေအတွက်တော့ ဘာမှ အသုံးမဝင်ဘူး။ အန္တရာယ်တောင် ဖြစ်ရင်ဖြစ်ဦးမယ်။ ဒါပေမယ့် ငါတို့လို လူမျိုးတွေအတွက်တော့ ကောင်းကင်ကပေးတဲ့ လက်ဆောင်ပဲ။ အဲ့လိုမျိုး ချီစွမ်းအင်တွေ အလျှံအပယ်ရှိနေလို့ပဲ ငါတို့ ဒီလိုမျိုး ဖြစ်လာနိုင်တာ။ အချိန်သာရရင် တန်ခိုးရှင်အဆင့် မပြောနဲ့၊ တန်ခိုးရှင်အဆင့်ထက် ပိုမြင့်တဲ့ အဆင့်ကိုတောင် ရောက်ရင် ရောက်သွားနိုင်တယ်”

ခန်ဖေးရောင်သည် သူ့ကိုယ်သူ တန်ခိုးရှင်အဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေပြီဟု ထင်ခဲ့ဖူးသည်။ သို့သော်ငြား ရန်ကိုင်နှင့် တိုက်ခိုက်ပြီးသည်နှင့် အချိန်တွင်မူ သူ့အမှားကြီး မှားယွင်းသွားမှန်း နားလည်သွားခဲ့သည်။

“သင်္ချိုင်းတောင်ကြားအောက်မှာ တကယ်ကြီး မြေအောက် စမ်းချောင်းတစ်ခု ရှိတေနာလား”

ခန်ဖေးရောင်က ရယ်သွမ်းသွေးလျက် ပြောလိုက်သည် “အလောင်းလိုဏ်ဂူ ဘယ်လိုဖြစ်လာတယ်လို့ မင်းထင်လဲ။ ငါတို့ ရှေးဟောင်းယန်ဂိုဏ်းက ဘိုးဘေးတွေက အဲ့နေရာမှာ မြေအောက်စမ်းချောင်းရှိမှန်းသိလို့ နေမီးလျှံအမြူတေကို သုံးပြီး အဲ့က ချီစွမ်းအင်တွေ အပြင်ကို ထွက်မလာအောင် တားထားတာ။ ငါတို့ မြင့်မြတ်တဲ့ အလောင်းဝိဥာဉ်မျိုးနွယ်စု ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းက အလောင်းလိုဏ်ဂူကနေ စိမ့်ထွက်လာတဲ့ အလောင်းချီတွေကြောင့်ပဲ။ အစတုန်းက မြေအောက်စမ်းချောင်းနဲ့ မဆက်သွယ်နိုင်သေးတော့ ဒီလောက်အထိ မတိုးတက်နိုင်ဘူး။ ဒါပေမယ့် မင်းအဲ့နေမီးလျှံအမြူတေကို ယူသွားလိုက်တဲ့နေ့က စပြီး အကုန်လုံး ပြောင်းလဲသွားတော့တာပဲ။ အခုငါဘာလို့ မင်းကို ကျေးဇူးတင်လဲ နားလည်သွားပြီလား”

ရန်ကိုင်၏ အမူအရာ အရုပ်ဆိုးသွားခဲ့လေသည်။ ထို့နောက် သုန်မှုန်နေသည့် လေသံဖြင့် “ဒီတော့ အရိပ်ကြယ် ဒီလိုဖြစ်လာတာ ကျုပ်ကြောင့်ပေါ့”

“ဟားဟားဟား” ခန်ဖေးရောင်က ခေါင်းမော့ကာ အော်ရယ်မောလျက် ပြန်ပြောလိုက်လေသည် “မင်းကြောင့် မဟုတ်ရင် ဘယ်သူ့ကြောင့် ဖြစ်ရမှာလဲ… ဒီအကြောင်းကို အရိပ်ကြယ်ကလူတွေ သိသွားလို့ကတော့ကွာ… ဘယ်လိုဖြစ်မလဲ ငါတကယ် သိချင်လိုက်တာ။ အကုန်လုံး မင်းကို ဝိုင်ပြီး အမဲဖျက်ချင်လောက်အောင် မုန်းတီးသွားမလားတောင် မသိဘူး”

“ခင်ဗျား ကျုပ်ကို လာခြိမ်းခြောက်လာနေတာလား။ ဒီလောက်လေးနဲ့ ကျုပ်ကို ခြိမ်းခြောက်နိုင်မယ်ထင်ရင် ခင်ဗျား မှားသွားမှာပေါ့” ရန်ကိုင်က ပြန်လည် လှောင်ပြောင်လိုက်၏။

ခန်ဖေးရောင်လည်း သူ့အခြေအနေ သူသိသဖြင့် ရန်ကိုင်ကို ဆက်ပြီး ရန်မစတော့ချေ။

သူ့အလောင်းအမြူတေသည် ရန်ကိုင် လက်ထဲတွင် ရှိနေလေရာ ရန်ကိုင်အား ဆက်၍ ရန်စနေလျှင် သူ့သေတွင်း သူတူးနေသလို ဖြစ်နေပေလိမ့်မည်။

“ခင်ဗျားတို့ ဂိုဏ်းချုပ်က ဘယ်သူလဲ။ ဂူထဲမှာ ကျုပ်တွေ့ခဲ့တဲ့ လူတွေထဲက တစ်ယောက်လား” ရန်ကိုင်က မေးလိုက်သည်။

ခန်ဖေးရောင်က ခေါင်းခါလျက် “မဟုတ်ဘူး”

“အဲ့ဒါဆို ဘယ်သူလဲ”

“ငါလည်းမသိဘူး”

“ခင်ဗျား ကျုပ်ကို လာနောက်နေတာလား” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် အလောင်း အမြူတေကို ဆုပ်ထားသည့် လက်ကို တင်းချလိုက်လေသည်။ အက်သံနှင့်အတူ ခန်ဖေးရောင်၏ အလောင်းအမြူတေ အက်ကွဲလုမတတ် ဖြစ်သွားခဲ့လေသည်။

ခန်ဖေးရောင် တုန်တုန်ရီရီ ဖြစ်သွားပြီး ချက်ချင်းပဲ အံကိုကြိတ်၍ ပြန်ပြောလိုက်လေသည် “ငါတကယ် မသိလို့ မသိဘူး ပြောနေတာကွ။ ဂိုဏ်းချုပ်က ငါတို့ အလောင်းဝိဥာဉ် မျိုးနွယ်စုထဲက မဟုတ်ဘူး။ အလောင်းလိုဏ်ဂူထဲ ရုတ်တရက် ပေါ်လာပြီး အလောင်းချီနဲ့ ပက်သက်တဲ့ ကျင့်ကြံခြင်းတွေ လာသင်ပေးသွားတာ။ ပြီးတော့ အခြားသူတွေကို အလောင်း ဝိဥာဉ်မျိုးနွယ်တွေ ဖြစ်အောင် ဘယ်လို ပြောင်းလဲပစ်ရမလဲ ဆိုတဲ့ နည်းလမ်းကိုလည်း သူပဲ သင်ပေးသွားတာ။ သူသာ မရှိရင် အခုအချိန်ထိ ငါတို့ အပြင်ထွက်လာနိုင်ဦးမှာ မဟုတ်ဘူး”

ပြောနေစဉ်အတွင်း ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကိုသုံး၍ ခန်ဖေးရောင်အား သေချာ လေ့လာကြည့်နေသည်။ ခန်ဖေးရောင်၏ အမူအရာ ပြောင်းလဲသွားခြင်း လုံးဝ မရှိချေ။

“အဲ့ဒါဆို သူဘယ်လောက် အားကောင်းလဲဆိုတာကော သိလား” ရန်ကိုင်က ထပ်မေးလိုက်သည်။

ခန်ဖေးရောင်က နှာခေါင်းရှုံ့လိုက်ပြီးနောက် ခဏအကြာမှ အံကြိတ်၍ ပြန်ပြောလိုက်၏ “ငါသူ့ကျင့်ကြံခြင်းကိုပါ မသိဘူးလို့ ပြောရင် မင်းယုံမှာလား”

“ခင်ဗျား ဘယ်လိုထင်လဲ” ရန်ကိုင်သည် ခန်ဖေးရောင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။

ခန်ဖေးရောင်က သက်ပြင်းချ၍ “ငါတကယ်မသိတာ။ သူငါတို့ ရှေ့မှာ တစ်ခါမှ ပေါ်လာဖူးတာ မဟုတ်ဘူး”

“အဲ့ဒါဆို သူခင်ဗျားတို့ရဲ့ဂိုဏ်းချုပ် ဘယ်လို ဖြစ်လာတာလဲ။ ကျင့်စဉ်လေး နည်းနည်းပါပါး လာသင်ပေးသွားလို့ ခင်ဗျားတို့ ဂိုဏ်းချုပ် ဖြစ်လာတာလို့တော့ လာမပြောနဲ့နော်”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ခန်ဖေးရောင်က အထင်တသေးဖြင့် “ငါတို့ သူ့လက်အောက် ခိုဝင်သွားတာက သူ…”

ပြောလို့ပင် မပြီးသေးခင်တွင် ခန်ဖေးရောင်၏ မျက်လုံးများ ရုတ်ချည်း ပြူးကျယ်လာပြီး သူ့မျက်နှာသည်လည် အလွန်ကိုမှ ပြင်းထန်သည့် နာကျင်မှုဒဏ်ကို ခံစားနေရသည့်အလား ရှုံ့မဲ့လာခဲ့လေသည်။

တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ဆီမှ ဝရုန်းသုန်းကား အရှိန်အဝါများ ဖြာထွက်လာခဲ့လေသည်။

ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး သူ့လက်ကို အလျင်အမြန် ပြန်ရုတ်လိုက်လေသည်။

ထို့နောက်တွင် ခန်ဖေးရောင်၏ အလောင်းအမြူတေ ရုတ်ချည်း ထပေါက်ကွဲတော့လေသည်။ အစိမ်းရောင်မီးတောက်များသည် ခန်ဖေးရောင်၏ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနှင့် နားရွက် အသီးသီးတို့မှ ဖြာထွက်လာကုန်ကြလေသည်။

အသက် ဆယ်ရှိုက်စာအတွင်းတွင် ရီရှီယွင်ကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ခဲ့သော အလောင်းဗိုလ်ချုပ်သည် အစိမ်းရောင် မီးတောက်များကြောင့် ပြာပုံဘဝသို့ ရောက်ရှိသွားရလေတော့၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။

ခန်ဖေးရောင် ဘာဖြစ်သွားမှန်း မသိသော်ငြား အလောင်းဝိဥာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဆိုသူနှင့် တစ်နည်းတစ်ဖုံ ပက်သက်နေရမည်မှန်းတော့ သိသည်။ ခန်ဖေးရောင်သည် အရေးကြီးသည့် အကြောင်းအရာများကို လျှောက်ပြောရန် လုပ်မည်ဆိုပါက ဂိုဏ်းချုပ်မှ သူ့အပေါ်တွင် ခတ်ထားသည့် စည်း အသက်ဝင်လာကာ သူ့အလောင်းအမြူတေကို အလိုလို ဖောက်ခွဲပစ်ပေလိမ့်မည်။

နည်းလမ်းက ရက်စက်လှချည်လား

ခန်ဖေးရောင် ပြောသွားသည့်အထဲမှ အကြောင်းအရာအချို့ကို ရန်ကိုင် သိလိုက်ရသည်။ အလောင်းဝိဥာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဆိုသူ လက်ထဲတွင် အလောင်းဝိဥာဉ်မျိုးနွယ်စုကို ထိန်းချုပ်နိုင်သည့် နည်းလမ်း သို့မဟုတ် မှော်ရတနာ တစ်ခုခု ရှိနေပေသည်။

ခန်ဖေးရောင် သေသွားပြီ ဖြစ်သည့်အတွက် ရန်ကိုင်လည်း ဘာမှ ထပ်ပြီး မသိနိုင်တော့ချေ။ သို့သော် သူ့စိတ်ထဲတွင် ဂိုဏ်းချုပ် ဆိုသည့်လူကို သတိထားရမည်ဟုတော့ တွေးလိုက်သည်။

ခန်ဖေးရောင်ကဲ့သို့ လူ၏ ကိုယ်ထဲတွင် ထိုကဲ့သို့ စည်းတစ်ခု ခတ်နှိပ်ထားနိုင်သည် ဟူသော အချက်သည် ဂိုဏ်းချုပ်ဆိုသည့်လူမှာ ကိုင်တွယ်ရလွယ်မည့် လူတစ်ဦး မဟုတ်ကြောင်း ပြောပြနေခဲ့သည်.

အရိပ်ကြယ်၏ ယခုလို ဖြစ်လာရသည်မှာ သူ့အမှားကြောင့် ဖြစ်သည်မှာတော့ အမှန်ဖြစ်သည်။ နေမီးလျှံအမြူတေကို ယူသွားလိုက်သည့်အတွက် အရိပ်ကြယ်ကြီးတစ်ခုလုံး ယခုကဲ့သို့ ဖြစ်လာရသည်မှာ အမှန်ဖြစ်သော်ငြား ယခုကဲ့သို့ ဖြစ်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ ဂိုဏ်းချုပ်ဆိုသည့်လူကြောင့် ဖြစ်ပေသည်။ အခြားလူများအား အလောင်းဝိဥာဉ်မျိုးနွယ်စု အဖြစ်သို့ ပြောင်းလဲပစ်စေနိုင်သည့် သူ့နည်းလမ်းကြောင့် ဖြစ်သည်။

အလောင်းဝိဥာဉ်မျိုးနွယ်စုတွင်သာ ဤကဲ့သို့သော နည်းလမ်းမျိုး ရှိမနေခဲ့လျှင် အလောင်းဝိဥာဉ်ဂိုဏ် အနေဖြင့် ဤမျှ မြန်မြန်ဆန်ဆန် ကြီးထွားလာနိုင်လိမ့်မည် မဟုတ်ချေ။

ခဏလောက် စဉ်းစားပြီးနောက် ထိုကိစ္စကို ဘေးချထားရန် စဉ်းစားလိုက်သည်။ ကောင်းကင်ပေါ်သို့ လှမ်းကြည့်လိုက်သည့် အခါ သလင်းအမြှောက်များ အဆက်မပြတ် ပစ်လွှတ်နေသော ကြယ်သင်္ဘောကို လှမ်းမြင်လိုက်ရသည်။

သူနှင့် ခန်ဖေးရောင်တို့ တိုက်ခိုက်နေစဉ် အတောအတွင်း သဲမီးတောက်နယ်မြေ အပြင်ပိုင်းသည် အလောင်းကောင်များဖြင့် ပြည့်နှက်လာတော့လေသည်။

သက်ပြင်းတစ်ချက်ချလျက် ရန်ကိုင်သည် ကြယ်သင်္ဘောပေါ်သို့ ပြန်သွားလေသည်။

“ဂိုဏ်းဆီ ပြန်ကြမယ်” ရန်ကိုင်က အော်ပြောလိုက်၏။

သလင်းအမြှောက်များကြောင့် သဲမီးတောက်နယ်မြေအား ဝိုင်းထားသည့် စစ်တပ်၏ တစ်ဝက်လောက် ကျဆုံးသွားခဲ့သည်။ အဖြူရောင်ဝတ်ရုံဝတ် အလောင်းဗိုလ်ချုပ်ကြီးပင် အသတ်ခံလိုက်ရပြီ ဖြစ်သည့်အတွက်ကြောင့် အသေးစား ကောင်များကို စာဖွဲ့နေစရာ မလိုတော့ချေ။

အခုလက်ရှိ အရေးအကြီးဆုံးသည် ဂိုဏ်းသို့ပြန်ရန်ပင် ဖြစ်လေသည်။

အထက်စကြာဝဠာဂိုဏ်း အခြေအနေ မည်ကဲ့သို့ ရှိသလဲ သူသိချင်နေမိသည်။ အထက်စကြာဝဠာဂိုဏ်းသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း အဆုံးအရှုံးများစွာ ကြုံခဲ့ရပြီး အကြီးအကဲချုပ် ရီရှီယွင်သည်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည်ဟု သတင်း ကြားခဲ့ရသည်။ သူမ ယခု ပြန်ကောင်းသွားပြီလား ရန်ကိုင် သိချင်မိသည်။

သဲမီးတောက်နယ်မြေ၏ မီးတောက်များသည် အလွန်ကိုမှ ပူပြင်းလှကာ သာမန်တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော တစ်စင်းကိုပင် လောင်ကျွမ်းပစ်နိုင်စွမ်းရှိသည်။ သို့ရာတွင် အထက်စကြာဝဠာဂိုဏ်း၏ ကြယ်သင်္ဘောသည် ယန်ယန်ကိုယ်တိုင် ဆောက်လုပ်ထားသည့် ကြယ်သင်္ဘော ဖြစ်ပြီး သူမ၏ အရှိန်အဝါကိုပါ သင်္ဘောထဲ ပေါင်းစပ်ထားသည့်အတွက် မီးတောက်များသည် ကြယ်သင်္ဘောအား လောင်မြိုက်ခြင်း မရှိခဲ့ချေ။

ကြယ်သင်္ဘောကြီး သဲမီးတောက်နယ်မြေထဲသို့ တိုးဝင် ပျောက်ကွယ်သွားသည့်အခါမှသာ ခြေဦးတည့်ရာ ကြောက်လန့်တကြား ထွက်ပြေးနေကြသော လူအားလုံး စိတ်သက်သာရာ ရသွားခဲ့ကြလေသည်။

သို့ရာတွင် ပြန်ဆုတ်ပါ ဟူသော အမိန့်မရေသေးသဖြင့် မည်သူမှ ခပ်ဝေးဝေးသို့ မထွက်သွားရဲခဲ့ကြပေ။ ခဏအကြာတွင် အလောင်းဝိဥာဉ်ဂိုဏ်းမှ ကျင့်ကြံသူအားလုံး တစ်နေရာတွင် စုဝေးကာ ခန်ဖေးရောင်၏ အမိန့်ကို စောင့်ဆိုင်းနေကြလေ၏။

စောင့်နေကြသူ အကုန်လုံး ခန်ဖေးရောင် သေသွားပြီ ဆိုသည်ကိုတော့ မသိခဲ့ကြပေ။

တစ်နာရီလောက် ကြာသည့်တိုင် ခန်ဖေးရောင် ပေါ်လာမသေးသဖြင့် တစ်ယောက်ယောက်မှ သွားစစ်ဆေးကြည့်ရာမှ ခန်းဖေးရောင် သေနေပြီမှန်းကို သိသွားခဲ့ကြလေသည်။

ခန်ဖေးရောင် သေသွားသည့်သတင်း ထွက်ပေါ်လာပြီးနောက် စစ်တပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်ကုန်လေသည်။

အလောင်းဝိဥာဉ်ဂိုဏ်း၏ ကာကွယ်လေးယောက်အနက်မှ တစ်ယောက် သေဆုံးသွားခဲ့သည်။ ထိုသတင်းနှင့်အတူ တစ်ဖန် ပြန်လည် ထွက်ပေါ်လာသော အထက်စကြာဝဠာဂိုဏ်း၏ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောသည် အလောင်ဝိဥာဉ်ဂိုဏ်းဘက်သို့ ခိုဝင်သွားကြသည့် လူများအတွက် မကောင်းသည့် အတိတ်နိမိတ်တစ်ခုနှယ် ဖြစ်နေခဲ့သည်။

အထက်စကြာဝဠာဂိုဏ်း၏ ဠာနချုပ်သည် သဲမီးတောက် နယ်မြေ၏ လေးလွှာမြောက်တွင် တည်ရှိနေခဲ့သည်။

သို့သော်လည်း ယန်ယန်မှ နေမီးလျှံသုံးစင်လက်စွပ်ကို ပြန်ယူသွားပြီးနောက်တွင် သဲမီးတောက်နယ်မြေတွင် ခြောက်လွှာ မရှိနေတော့ဘဲ လေးလွှာသာ ကျန်ရစ်တော့လေသည်။

မီးတောက်အကာအရံကို ဖြတ်ကျော်ပြီးနောက်တွင် ရန်ကိုင်သည် သူရင်းနှီးနေသည့် ပတ်ဝန်းကျင်ကို တစ်ချက် စစ်ဆေးကြည့်လိုက်၏။

ထုန်းရွှမ်လောကကြီးသည့် သူ့မွေးရပ်မြေ ဖြစ်သော်လည်း သူသည် ကြယ်စီရင်စုထဲသို့ ရောက်ကတည်းက အရိပ်ကြယ်ပေါ်တွင် နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဤနေရာတွင် သူကိုယ်တိုင် တည်ထောင်ထားသည့် ဂိုဏ်းတစ်ဂိုဏ်းလည်း ရှိနေသေးသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၈၂)

တစ်နာရီ မရှိတတ်ခင်အချိန်တွင် အားလုံး၏ မြင်ကွင်းထဲ အထက်စကြာဝဠာဂိုဏ်း တည်ရှိရာ တောင်တန်တောင်တန်းကြီး ထွက်ပေါ်လာခဲ့သည်။

ကျောက်စိမ်းဖြူများဖြင့် ခင်းကျင်းထားသော တောင်ပေါ်လမ်းကိုလည်း အထင်းသား လှမ်း၍ မြင်နေရပေသည်။

တောင်ပေါ်လမ်းတစ်လျှောက် တက်သွားလိုက်မည်ဆိုလျှင် ထိပ်ဆုံး နေရာ၌ အထက်စကြာဝဠာဂိုဏ်းဟု ရေးထိုးထားသော ဆိုင်းဘုတ်ကြီးတစ်ခုကို မြင်တွေ့ရပေလိမ့်မည်။

“လှလိုက်တာ” အထက်စကြာဝဠာဂိုဏ်း တည်ရှိနေရာ တောတောင်ရှုခင်းများကို ကြည့်ရင်း လင်းတိုင်ရှုက ရေရွတ်လိုက်၏။

“ဒါအဖျားလေးပဲ ရှိသေးတယ်” ရန်ကိုင်က ဘေးတွင်ရပ်၍ ရှင်းပြလိုက်သည် “ဆရာဘိုးဘိုးဘေးတွေ့တာ အထက်စကြာဝဠာဂိုဏ်းရဲ့ ဝင်ပေါက်ပဲ။ ဂိုဏ်းထဲမှာ အဓိက တောင်ထွတ်ကိုးလုံးနဲ့ နောက်ထပ် တောင်ထွတ်ခုနှစ်ဆယ့်နှစ်လုံး စုစုပေါင်း တောင်ထွတ် အလုံးရှစ်ဆယ်ရှိသေးတယ်။ တောင်ထွတ်တိုင်းကလည်း သူ့အလှနဲ့သူပဲ။ ဂိုဏ်းသား အရေအတွက်က နည်းတော့ တောင်ထွတ်တွေက အများကြီး ပိုနေသေးတယ်။ ဆရာဘိုးဘိုးတို့ရောက်ရင် ကိုယ်ကြိုက်တဲ့ တောင်ထွတ် ရွေးပြီးနေလို့ရတယ်”

“အံ့ဩစရာပဲ” ချူလင်းရှောင်က ပြန်ပြောလိုက်သည်။

ထုန်းရွှမ်းလောကကြီးမှ လူအားလုံး တစ်ပြိုင်တည်း ရောက်လာခြင်း ဖြစ်သည့်အတွက် ရန်ကိုင်၏ နေရာတွင် နေရာ မလုံလောက်မည်ကို အနည်းငယ်တော့ စိတ်ပူမိသေးသည်။

သို့သော်ငြား ကြည့်ရသလောက်တော့ ထိုကိစ္စအကြောင်း တွေးပူနေစရာ မလိုပုံပင်။

“ငါတို့ နောက်ပိုင်း ဒီမှာ နေရတော့မှာပေါ့” မိုးကြိုးနဂါး စီနီယာကြီးက စိတ်လှုပ်ရှားတကြီး ပြောလိုက်သည်။ ဤနေရာသည် ထုန်းရွှမ်လောကကြီးရှိ သားရဲပင်လယ်တောအုပ်ထက် အဆတစ်ရာမက ပိုကောင်း၏။

မိုးမြေစွမ်းအင်သည် အလွန်သိပ်သည်းရုံမက ရှုခင်းမှာလည်း အလွန်ကိုမှ လှပပေသည်။ ဤနေရာတွင်သာ ကျင့်ကြံရမည် ဆိုပါက သူတို့၏ ကျင့်ကြံခြင်းမှာ ပို၍ လျင်လျင်မြန်မြန် တိုးတက်လာပေလိမ့်မည်။

“ရန်ကိုင် ငါတို့ မင်းအပေါ် အကြွေးအများကြီး တင်သွားပြီကွာ။ နောက်ပိုင်း၊ လိုတာရှိရင် ပြောသာပြောလိုက်၊ ငါတို့ အတတ်နိုင်ဆုံး ကူညီပေးမယ်” ကျန်းယွမ်သည် ရန်ကိုင်အပေါ် အတော့်ကိုမှ ကျေးဇူးတင်နေမိလေပြီ။

ရန်ကိုင်ကမူ ခေါင်းသာ ညိတ်လိုက်သည်။

ရှင်းရှင်းပြောရလျှင် ထုန်းရွှမ်လောကကြီးမှ ခေါ်ထုတ်လာပေးသည့် အတွက်နှင့်ပင် ရန်ကိုင်အပေါ် သူတို့ အတော်လေး အကြွေး တင်နေပြီဟု ပြော၍ရပေသည်။ လီရုန်နှင့် ဟန်ဖေးတို့မှာမူ ရန်ကိုင်၏ နောက်လိုက်များ ဖြစ်ကြသည့်အတွက် ရန်ကိုင်မှ သူတို့အား ဤနေရာသို့ ခေါ်လာပေးခြင်းသည် သဘာဝသာ ဖြစ်သည်။

အကုန်လုံး အံ့အားသင့်လို့ကောင်းနေစဉ် ရန်ကိုင်သည် ကြယ်သင်္ဘောအား ဧရာမမြေကွက်လပ်ပေါ်သို့ ဆင်းရန် အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အထက်စကြာဝဠာဂိုဏ်း၏ အခြေအနေကို လေ့လာကြည့်လိုက်၏။

သို့သော်ငြား စစ်ဆေးကြည့်လိုက်ပြီးနောက်သည် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ရလေသည်။

အထက်စကြာဝဠာဂိုဏ်းထဲတွင် လူတစ်ထောင်ခန့် စုဝေးနေသည်ကို အာရုံခံမိလိုက်သော်ငြား သူရင်းနှီးနေသည့် လူတစ်ယောက်၏ အရှိန်အဝါကိုမှ အာရုံခံမရခဲ့ပေ။

ရီရှီယွင်၊ ဝူရီ၊ ချန်ချီ၊ ဟောင်အန်း၊ ဟွမ်ကျွမ်းနှင့် အခြားသူအားလုံး ပျောက်နေကြသည်။ ကြယ်ဧကရာဇ်တောင်မှ ပညာရှင်များကိုပင် မတွေ့ရချေ။

ထို့အပြင် ကြယ်သင်္ဘော ပေါ်လာသည့် မြင်ကွင်းမှာ အလွန်ကိုမှ သိသာလှသော်ငြား မည်သူမှ သူတို့အား လာထွက်မကြိုကြချေ။ မကြိုကြသည့်အပြင် သူမရင်းနှီးသည့် ကောင်းကင်စိတ်အာရုံ များစွာ ထွက်ပေါ်လာပြီး သူတို့အား လာရောက် စူးစမ်းကြ၏။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် မျက်စိပျက် မျက်နှာပျက် ဖြစ်သွားခဲ့လေသည်။

တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိသော် လင်းတိုင်ရှုက ရန်ကိုင်နားသို့ကပ်၍ တိုးတိုးလေး မေးလိုက်၏ “ရန်ကိုင်၊ တစ်ခုခု ဖြစ်လို့လား”

ရန်ကိုင်က ခေါင်းတညိတ်ညိတ်ဖြင့် “တစ်ခုခုတော့ ဖြစ်နေတယ်။ ဘာဖြစ်နေမှန်းသာ မသိတာ။ ဆရာဘိုးဘိုးတို့ ကြယ်သင်္ဘောပေါ်မှာ ခဏစောင့်နှင့်၊ ကျွန်တော် တစ်ချက် သွားဆင်းကြည့်လိုက်မယ်”

“ကောင်းပြီ” လင်းတိုင်ရှုက ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်သည် အထက်စကြာဝဠာဂိုဏ်းမှ တပည့်များအား ကြယ်သင်္ဘော တံခါးပေါက်ကို ဖွင့်ခိုင်းလိုက်ပြီးနောက် ရန်ရှုကျု၊ ချူဟန်းရီနှင့် လင်းယုရောင်တို့နှင့်အတူ အောက်သို့ ဆင်းသွားလေသည်။

ရန်ရှုကျုလည်း တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိသည်။ ထို့ကြောင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် သူတော်စင်ချီကို လှည့်ပတ်၍ အသံအကျယ်ကြီး အော်ပြောလိုက်လေသည် “ဂိုဏ်းချုပ် ပြန်လာပြီ”

သူ့အော်သံသည် အထက်စကြာဝဠာဂိုဏ်း၏ တောင်ထွတ် ရှစ်ဆယ့်တစ်လုံးကြားဝယ် ပဲ့တင်ထပ်သွားခဲ့သည်။

သို့တိုင် မည်သူမှ ထွက်မလာကြ။

ထို့အစား သူတို့အား လာရောက်စူစမ်းသည့် ကောင်းကင်စိတ်အာရုံများသည်သာ အချင်းချင်း အပြန်အလှန် တီးတိုးဆွေးနွေးနေသည်ကို တွေ့ရှိလိုက်ကြရ၏။

အထက်စကြာဝဠာဂိုဏ်းထဲရှိ အခြေအနေသည် ရုတ်ချည်း တင်းမာလာခဲ့လေသည်။

ခဏအကြာတွင် ထိုကောင်းကင်စိတ်အာရုံအားလုံး ပြန်ဆုတ်သွားကြပြီး ကောင်းကင်စိတ်အာရုံများ၏ ပိုင်ရှင်များ ဖြစ်ဟန်တူကြသူများသည် အမျိုးမျိုးသော နန်းတော်များဆီမှ ထွက်ခွာလာခဲ့ကြလေသည်။

ရန်ကိုင်သည် အေးစက်စက် အမူအရာဖြင့် ငြိမ်သက်စွာ ရပ်၍ စောင့်နေလိုက်သည်။

ရွှစ်… ရွှစ်… ရွှစ်…

မကြာမီ တစ်ယောက်ပြီးတစ်ယောက် သူ့ရှေ့တွင် ပေါ်လာကြ၏။

ပေါ်လာသည့် လူအားလုံးသည် တန်ခိုးရှင်အဆင့်များ ဖြစ်ကြပြီး အတော်များများသည် တန်ခိုးရှင်တတိယအဆင့်များ ဖြစ်ကြသည်။ ထိုလူများသည် ရန်ကိုင်ကို မြင်လိုက်ချိန် အမှားလုပ်ထားသည့် လူတစ်ယောက်နှယ် အကြည့် ရှောင်လွှဲသွားကြပြီး အတော်များများမှာ ရန်ကိုင်အား ရန်သူ တစ်ယောက်နှယ် အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လာကြလေသည်။

ရန်ကိုင်သည် ထိုလူများကို စိုက်ကြည့်နေပြီးနောက် အဆုံးတွင် သူ့အကြည့်သည် နဂါးခေါင်းတုတ်ကောက်နှင့် ဆံပင်ဖြူဖြူ အဖွားကြီးတစ်ဦးတွင် အဆုံးသတ်သွားခဲ့သည်။

ထိုအဘွားကြီးဘေးတွင်မူ မိန်းမငယ်လေးတစ်ဦး ရပ်နေလေ၏။ မိန်းမငယ်လေးမှာ တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။

ထိုနှစ်ယောက်စလုံးကို ရန်ကိုင် သိပေသည်။ တစ်ဦးမှာ သားရဲများ တောင်တန်းမှ အဘွာကြီးဖုန်းဖြစ်ကာ နဂါးလိုဏ်ဂူတောင် တိုက်ပွဲ၌ ရန်ကိုင်ဆီမှ ဧကရာဇ်ကျောက်စိမ်းကို လုယူရန် ကြိုးစားခဲ့သူ ဖြစ်သည်။

ထိုစဉ်ကတည်းက ထိုအဘွားကြီးကို ရန်ကိုင် ကြည့်မရခဲ့ခြင်း ဖြစ်သည်။ သွေးနတ်ဆိုးကျောင်းတော်မှ ကျင်းရှီလောက်တော့ မဟုတ်သော်ငြား ထိုအဘွားကြီးသည် သူကြည့်မရသည့် လူများထဲ ပါပေသည်။

သူမဘေးတွင် ရပ်နေသော မိန်းမငယ်လေးမှာမူ အဘွားကြီး၏ မြေးဖြစ်သူ ဖုန်းယန် ဖြစ်ပေသည်။

လက်ရှိတွင် ဖုန်းယန်သည် သူ့အား စိတ်အားတက်ကြွ၍ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သော အကြည့်ဖြင့် စိုက်ကြည့်နေ၏။

သို့သော်လည်း ရန်ကိုင်ကမူ သူမနှင့် ပြိုင်ဆိုင်ရန် စိတ်မဝင်စား။ သူလက်တစ်ချက် မြှောက်လျှင်ပင် အသက်ပျောက်နေမည့် တန်ခိုးရှင်ပထမအဆင့် တစ်ဦးနှင့် ဘာကြောင့်များ ဖက်၍ ပြိုင်နေရမည်နည်း။

လူအုပ်ကြီးကို ဝေ့ကြည့်ရင်း ရင်းနှီးနေသော မျက်နှာများနှင့်တကွ မျက်နှာသစ်များစွာကို မြင်တွေ့လိုက်ရသည်။ အချို့ကို သူမသိသော်ငြား သူတို့ ဝတ်ထားသည့် ဝတ်စုံအရ အကုန်လုံးသည် အရိပ်ကြယ်ပေါ်ရှိ ပထမအဆင့် အင်အားစုများမှ လာကြသည့် လူများဖြစ်မှန်း ရန်ကိုင် ပြောနိုင်သည်။

ဖန်သွေးရောင်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်ဖြစ်သော ကုန်းအောင်ဖုနှင့် သူမ၏တပည့် ယင်စုတျယ်ကိုလည်း တွေ့ရှိရပေသည်။

ဖန်သွေးရောင်ဂိုဏ်း၏ ယခင်ဂိုဏ်းချုပ် ကုန်းရှင်းဟယ်သည် ဧကရာဇ်ဥယျာဉ်ထဲတွင် ကျဆုံးသွားသဖြင့် သူ့သမီးဖြစ်သူက ဂိုဏ်းချုပ်နေရာကို ယူထားခြင်း ဖြစ်သည်။

တိုက်ယွမ်ကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရချေ။ သူမသည်လည်း ကုန်းအောင်ဖု၏ တပည့်ဖြစ်လေရာ ဘာကြောင့် သူမနှင့် အတူ မတွေ့ရသနည်း။

ဖန်သွေးရောင်ဂိုဏ်းထဲတွင် ရန်ကိုင်နှင့် ရင်းနှီးသူဆို၍ တိုက်ယွမ် တစ်ဦးသာ ရှိပြီး ကျန်လူများသည် သူနှင့် အစေ့အပေါက်မတည့်သည့် လူများ ဖြစ်ကြပေသည်။

မြေကွက်လပ်ကြီးတစ်ခုလုံးသည် သုဿန်တစပြင်နှယ် တိတ်ဆိတ်နေခဲ့သည်။ မည်သူမှ စကားစမပြောကြ။

အချိန် အတော်ကြာပြီးနောက်တွင် ရန်ကိုင်က ပြုံးဖြီးလျက် မေးမြန်းလိုက်သည် “စိတ်ဝင်စားစရာပါလား။ ဒီဂိုဏ်းချုပ် ပြန်ရောက်လာတာကို ဂိုဏ်းက အကြီးအကဲတွေ၊ တပည့်တွေက လာမကြိုဘဲ ခင်ဗျားတို့က ကျုပ်ကို အလုပ်ရှုပ်ခံပြီး လာထွက်ကြိုတယ်ပေါ့”

ထိုလူများ ဘာကြောင့် အထက်စကြာဝဠာဂိုဏ်းသို့ ရောက်နေလဲ ဆိုသည်ကို အနည်းအကျဉ်းတော့ ရန်ကိုင် ခန့်မှန်းမိပြီးနေလေပြီ။

ရေနက်မြို့တွင် ရှိစဉ်က ယခင်နှစ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို တုယန်လင်းဆီမှ ကြားသိခဲ့ရသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် အထက်စကြာဝဠာဂိုဏ်းသည် အခြားဂိုဏ်းများကို ကူညီရန် ပညာရှင်များ စေလွှတ်ပေးခဲ့ရုံမက လာရောက် ခိုလှုံကြသည့် ကျင့်ကြံသူများအတွက်လည်း နေစရာများ စီစဉ်ပေးခဲ့ပေသည်။

ထိုလူများသည် အထက်စကြာဝဠာဂိုဏ်းတွင် လာရောက် ခိုလှုံကြသည့် အခြားဂိုဏ်းများမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ အထက်စကြာဝဠာဂိုဏ်းသည် အရိပ်ကြယ်ပေါ်တွင် နောက်ခုံး မှီခိုရာ ဖြစ်နေသည်ကိုး။ သဲမီးတောက်နယ်မြေမှ ကာကွယ်ပေးထားရာ အလောင်းဝိဥာဉ်ဂိုဏ်း အနေဖြင့် အထက်စကြာဝဠာဂိုဏ်းထဲသို့ မည်သို့များ ကျူးကျော်နိုင်ပါမည်နည်း။

ထို့ကြောင့် ရီရှီယွင်၏ ဆုံးဖြတ်ချက်ကို မည်သို့မှ သွားအပြစ်တင်၍ မရ။ ရန်ကိုင်ပင်လျှင် အပြစ်တင်၍ မဖြစ်ချေ။

သူသာ ရီရှီယွင် နေရာတွင် ဆိုလျှင်လည်း ထိုကဲ့သို့သာ လုပ်မိပေလိမ့်မည်။

သို့သော်လည်း လက်ရှိ အခြေအနေကို မြင်ပြီးနောက် ရန်ကိုင် အတော်လေး ဒေါသထွက်သွားခဲ့သည်။

ဤနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့လဲ ဆိုသည်ကို သူမသိလို ရီရှီယွင်နှင့် အခြားသူများကိုလည်း ဤနေရာတွင် ဘာကြောင့် မတွေ့ရသလဲ ဆိုသည်ကို သူမသိသော်ငြား ထိုလူများသည် မဟုတ်တရုတ် နည်းလမ်းများဖြင့် ဤနေရာကို တစ်နည်းနည်း အပိုင်စီးထားကြသည့်ပုံပင်။

တန်ခိုးရှင်အဆင့် ပညာရှင်များသည် အချင်းချင်း ကြည့်နေကြပြီးနောက် အဆုံးတွင် သူတို့၏ အကြည့်သည် သူတို့၏ အကြည့်သည် သားရဲများတောင်တန်းမှ အဘွားကြီးဖုန်းဆီတွင် ရပ်တန့်သွားခဲ့သည်။ အဘွားကြီးဖုန်းသည် ရှေ့သို့တစ်လှမ်းတိုး၍ ပြုံးလျက် “ဂိုဏ်းချုပ်ရန်က ဘာတွေပြောနေတာလဲ။ အရိပ်ကြယ် တစ်ခုလုံး ပရမ်းပတာဖြစ်နေတဲ့အချိန်မှာ အထက်စကြာဝဠာဂိုဏ်းပဲ လူသားမျိုးနွယ်စုအတွက် ခိုလှုံစရာ ရှိတော့တာ။ ဒီတော့ ဂိုဏ်းချုပ် ပြန်လာတာကို ကျွန်မတို့ လာထွက်ကြိုတာ ဘာထူးဆန်းလို့လဲ”

“လူသားမျိုးနွယ်ရဲ့ နောက်ဆုံးခိုလှုံရာ” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဒီတော့ စီနီယာဖုန်းက အထက်စကြာဝဠာဂိုဏ်းက လူသားမျိုးနွယ်စု တစ်ခုလုံးရဲ့ အပိုင် ဖြစ်သွားပြီလို့ ပြောချင်တာလား။ ဒီအကြောင်းကို ဂိုဏ်းချုပ်ဖြစ်တဲ့ ကျုပ်က ဘယ်လိုလုပ်ပြီး မသိရတာလဲ”

မည်ကဲ့သို့ ပြန်ပြောလို့ ပြန်ပြောရမှန်းမသိသဖြင့် အဘွားကြီးဖုန်း မျက်နှာပျက်သွားခဲ့လေသည်။

လူထွားကြီးတစ်ယောက်က ရှေ့သို့တိုး၍ ဝင်ပြောလေသည် “ဂိုဏ်းချုပ်ရန်မလား။ အရိပ်ကြယ်ကြီးတစ်ခုလုံး ကသောင်းကနင်း ဖြစ်နေပြီ။ အခုအချိန် ဘယ်နေရာကမှ မလုံခြုံတော့ဘူး။ အထက်စကြာဝဠာဂိုဏ်းတစ်ခုပဲ လုံခြုံတော့တာ။ ဒီနေရာတစ်ခုပဲ လူသားမျိုးနွယ်စုကို ကာကွယ်ပေးနိုင်တော့တာ။ ဒီလိုအချိန်မျိုးမှာ အထက်စကြာဝဠာဂိုဏ်းအနေနဲ့ လူသားမျိုးနွယ်စုဝင်တွေကို လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့် ပေးသင့်တယ် မထင်ဘူးလား။ ဂိုဏ်းချုပ်ရန်က အဲ့ဒါကို သဘောမတူချင်တာလား”

“ခင်ဗျားက…” ရန်ကိုင် မျက်လုံးမှေးစဉ်းလျက် မေးလိုက်၏။

လူထွားကြီးက နှာခေါင်းရှုံ့လျက် “ကျုပ်က မြူနှင်းမှုန်နန်းတော်ရဲ့ နန်းတော်သခင် ထန်ဖုရွှေပဲ”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ထန်ဖုရွှေသည် ယခင်က ချင်းတုန်၊ ဖေးကျီတုတို့နှင့် ယှဉ်ပြိုင်နိုင်သော တန်ခိုးရှင် တတိယ အထွဋ်အထိပ်အဆင့် ပညာရှင်တစ်ဦးမှန်း ရန်ကိုင် ကြားဖူး၏။

ထန်ဖုရွှေက ဆက်၍ ပြောလိုက်၏ “ကျုပ်တို့ မြူနှုန်းမှုန်နန်းတော်မှာသာ ဒီလိုနေရာမျိုး ရှိနေကုန်း လူသားမျိုးနွယ်စုအတွက် ဖွင့်ပေးထားလိုက်မှာ။ ဂိုဏ်းချုပ် ပြောသွားတဲ့ပုံကတော့ ကျုပ်ကို ရှိနေတာကို မကြည်ဖြူဘဲ ကျုပ်တို့ကို မောင်းထုတ်ချင်နေတဲ့ပုံပဲ”

ထိုစကား ထွက်လာသည်နှင့် အကုန်လုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားကြလေတော့သည်။

သူတို့အဖို့ ဤနေရာသို့ ထွက်ပြေးလာရန် မလွယ်ကူပါချေ။ ရန်ကိုင်သာ သူတို့အား ပြန်မောင်းထုတ်လျှင် သူတို့၏ လက်ကျန် နေရက်များ အေးချမ်းတော့လိမ်မည် မဟုတ်။ သူတို့ အသက်ကိုပင် အာမခံနိုင်တော့မည် မဟုတ်ချေ။

“ကျုပ်ဘယ်တုန်းက အဲ့လို ပြောလိုက်လို့လဲ” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် အကုန်လုံးအား စိုက်ကြည့်လျက် “ခင်ဗျားတို့ ဘာကို ကြောက်နေတာလဲ”

မည်သူမှ ရန်ကိုင်နှင့် အကြည့်ချင်း မရင်ဆိုင်ရဲချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၈၃)

“ငါက ဘာကို ကြောက်ရမှာလဲ” ထန်ဖုရွှေက မှုန်ကုတ်ကုတ် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

ထိုစဉ် အဘွားကြီးဖုန်း ဘေးနားတွင် ရပ်နေသော ဖုန်းယန်က ချိုသာစွာ ရယ်မောလျက် ရှေ့ထွက်ကာ ရန်ကိုင်အား ဦးညွှတ်လိုက်ပြီး ပြောလိုက်လေသည် “စီနီယာအစ်ကိုရန်ကို ဂျူနီယာညီမ နှုတ်ဆက်ပါတယ်။ ရှင်းရှင်းပြောရရင် အခု လောလောဆယ် စီနီယာအစ်ကိုရန် စိတ်ရှည်ရှည် ထားသင့်တယ်လို့ ဂျူနီယာညီမထင်တယ်။ စီနီယာအစ်ကိုရန် ဒီကို အခုမှ ပြန်ရောက်တာဆိုတော့ ဒီက အခြေအနေတွေကို သေချာ သိဦးမှာမဟုတ်ဘူး။ ဒါကြောင့် နားလည်မှုလွဲတာတွေ ရှိနေလိမ့်မယ်။ အခု အလောင်းဝိဥာဉ်ဂိုဏ်းက စိတ်ကြိုက် ပတ်သောင်းကျန်းနေတာ။ ပြေးပုန်းစရာ မရှိတော့တဲ့အဆုံး အကုန်လုံး အထက်စကြာဝဠာဂိုဏ်းဆီပဲ ပြေးလာရတော့တယ်။ စီနီယာအစ်ကိုရန်က အထက်စကြာဝဠာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဆိုပေမယ့် အရိပ်ကြယ်တစ်ခုလုံးလည်း အခြေအနေကိုလည်း တစ်ချက်လောက် ထည့်စဉ်းစားပေးပါဦး။ အရင်ဆုံး ထိုင်ပြီး ဘာလို့ ဒီအကြောင်းကို မဆွေးနွေးကြတာလဲ”

အဘွားကြီးဖုန်းသည် သူမမြေး ပြောသည်ကို နားထောင်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေသည်။

“ငါ့ကို ဟိုဟာလုပ်၊ ဒီလာလုပ်ပါဆိုပြီး လာပြောနေရအောင် နင်က ဘာမို့လို့လဲ။ နင့်ကိုယ်နင် ဒီဂိုဏ်းချုပ်နဲ့ တစ်ဆင့်တည်း တစ်တန်းတည်း လာပြောမနေနဲ့” ရန်ကိုင်သည် ဖုန်းယန်အား နည်းနည်းလေးမှပင် မျက်နှာသာမပေးဘဲ ပက်ပက်စက်စက် ပြန်ပြောချလိုက်လေသည်။

ရန်ကိုင်စကားကြောင့် အဘွားကြီးဖုန်း မျက်နှာပျက်သွား၏။

ဖုန်းယန် ဆိုလျှင် အလွန်ကိုမှ ဒေါသထွက်သွားရာ အံကိုကြိတ်၊ လက်သီးကို တင်းတင်းဆုပ်လိုက်လေသည်။

သူမ၏ သားရဲများတောင်တန်းသည် အားမနည်းသည့် အင်အားစု တစ်ခု ဖြစ်ပြီး သူမသည် အဘွားကြီးဖုန်း၏ မြေးဖြစ်သည်။ သူမ၏ အရည်အချင်းမှာ ထိပ်တန်းမဟုတ်သော်ငြား အတော်လေး ကောင်းမွန်သည့်အထဲ ပါသည်။ ဝေကုချန်းနှင့် အခြားသော ပထမတန်းစား ပါရမီရှင်များလောက် နာမည်ကျော်ကြားခြင်း မရှိသော်ငြား သူမသည် အရိပ်ကြယ်၏ တက်သစ်စ ကြယ်ပွင့်များထဲ တစ်ဦးအပါအဝင် ဖြစ်နေဆဲ။ ထို့အပြင် ရုပ်ကလေးကလည်းလှ၊ စကာ အပြောကလည်း ချိုသာနေသည့် အခါ သားရဲများတောင်တန်းမှ ယောကျာ်းလေးတပည့် များစွာတို့သည် သူမအား သူတို့၏ နတ်ဘုရားမအဖြစ် သတ်မှတ်ထားကြလေတော့သည်။

အခြားဂိုဏ်းမှ လူငယ် ယောကျ်ားလေးများပင်လျှင် သူမအား လာရောက် ပိုးပန်းကြသည်။

သူမအား လာရောက်ပိုးပန်းကြသည့် ယောကျ်ားလေး အရေအတွက်မှာ များလွန်းလှသဖြင့် ဘယ်လောက်ရှိသလဲ သိပင် မသိတော့ချေ။

ထိုသို့ဖြင့် သူမသည် မည်သည့် ယောကျာ်းသားကိုမှ မျက်လုံးထဲ မထည့်တော့ဘဲ ယောကျ်ားသားများကို သူမ စိတ်ရှိတိုင်း ကြိုးဆွဲ ချယ်လှယ်နိုင်သည့် ရုပ်သေးရုပ်များအဖြစ်သာ မှတ်ယူထားလိုက်၏။

ရန်ကိုင်၏ ပြန်ပြောပုံသည် သူမအား အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။ လူရှေ့သူရှေ့တွင် အပြောခံရသည့် အတွက် ရှက်လည်းရှက်မိသွား၏။ ငယ်စဉ်ကတည်းက မည်သူမှ သူမအား ဤကဲ့သို့ ပြန်မပြောဖူး။ ရန်ကိုင်၏ စကားသည် သူမပါးအား ခပ်ပြင်းပြင်းလေး ရိုက်ချလိုက်သည်နှင့်ပင် တူနေသည်။

သူမ ပြန်ပြောတော့မည်အပြင် ရန်ကိုင်သည် သူမအား ဆက်ပြီး ကြည့်မနေတော့ဘဲ လျစ်လျုရှုထားလိုက်သည်။ ရန်ကိုင်ကဲ့သို့ လူတစ်ယောက်အား ဖုန်းယန်အား အရေးတယူ စကား ဖက်ပြောနေစရာ မလိုချေ။

ရန်ကိုင်၏ ထိုလုပ်ရပ်သည် ဖုန်းယန်အား ပို၍ ကြိတ်မနိုင်ခဲမရ ဖြစ်သွားစေလေသည်။ ဒေါသမီးတောက်များ သူမ၏ မျက်လုံးထဲ တမြိုက်မြိုက် တောင်လောင်လာပြီး ရန်ကိုင်အား အပိုင်းပိုင်း လုပ်ပစ်ချင်သည့်အလား စူးစူးရဲရဲ စိုက်ကြည့်နေတော့လေ၏။

“ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ရှင်းပြဖို့ ခင်ဗျားတို့ကို လက်ဖက်ရည် တစ်ခွက်စာ အချိန်ပေးမယ်။ အဲ့အချိန်ပြည့်သွားလို့မှ ရှင်းမပြနိုင်သေးဘူး ဆိုရင်တော့ ခင်ဗျားတို့အားလုံး ဒီကနေ ထွက်သွားလိုက်တော့” ရန်ကိုင်သည် လူအုပ်ကြီးအား ဝေ့ကြည့်၍ အေးစက်စက် အမူအရာဖြင့် ပြောလိုက်လေသည်။

ရန်ကိုင် စကားကြောင့် လူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွား၏။ အစောပိုင်းက လိပ်ပြာမလုံသည့်အတွက် ရန်ကိုင်နှင့် အကြည့်ချင်း မဆိုင်ရဲသူများသည် ရန်ကိုင်အား ဒေါသတကြီး စိုက်ကြည့်လာကြပြီး ရန်ကိုင်အား အစကတည်းက ရန်လိုနေသည့် လူများမှာမူ သူ့အား သတ်ဖြတ်လိုစိတ်ဖြင့် စတင် စိုက်ကြည့်လာကြတော့သည်။

ရန်ကိုင်ကမူ ထိုအကြည့်များကို နည်းနည်းလေးမှပင် ဂရုစိုက်မနေဘဲ ရပ်ပြီးတော့သာ စောင့်နေခဲ့သည်။

လော့ဟိုင်ကဲ့သို့ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေသည့် ပညာရှင်တစ်ဦးပင် ယှဉ်တိုက်လာခဲ့ရာ ထိုလူများကို ဘာကြောင့်များ ဂရုစိုက်နေရဦးမည်နည်း။

ထိုအဖွဲ့ထဲတွင် တန်ခိုးရှင်အဆင့်ပညာရှင်များစွာ ပါဝင်သော်ငြား ရန်ကိုင်သာ သတ်ချင်ရင် တစ်ယောက်မှ အထွက်စကြာဝဠာဂိုဏ်းမှ အသက်ရှင်လျက် ထွက်သွားနိုင်လိမ့်မည် မဟုတ်ချေ။

ထိုလူများကို နောက်ဆုံး ရာဇသံ ပေးလိုက်ပြီးနောက်တွင် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ တောင်ထွတ် ရှစ်ဆယ့်တစ်လုံးပေါ်တွင် ဂိုဏ်းတပည့်များနှင့် အကြီးအကဲများကို လိုက်ရှာကြည့်လိုက်သည်။ သို့သော် မည်သူ့ကိုမှ ရှာမတွေ့ခဲ့ချေ။

ထို့အတွက်ကြောင့် ရန်ကိုင်၏ အမူအရာ ပို၍ အရုပ်ဆိုးသွားခဲ့၏။ ဤနေရာတွင် ဘာတွေ ဖြစ်ပျက်နေသလဲ ရန်ကိုင် အကြမ်းဖျင်း ခန့်မှန်းမိပြီးနေလေပြီ။

ဖြစ်နိုင်ချေရှိသည်မှာ သူ့ဂိုဏ်သားများကို ဤနေရာမှ လူများ စုပေါင်းပြီး သတ်လိုက်ခြင်းဖြစ်သည်။ နောက်တစ်ခုမှာ အထက်စကြာဝဠာဂိုဏ်းသားအားလုံး ထောင်ထွတ်(၈၁)လုံးမှ ဆုတ်ခွာသွားခြင်းဖြစ်သည်။ သူတို့ မည်သည့်နေရာသို့ ဆုတ်ခွာသွားလဲ ဆိုသည်ကိုတော့ ရန်ကိုင် ခန့်မှန်းနိုင်ပေသည်။

ပထမတစ်ခုကတော့ သိပ်မဖြစ်နိုင်လှ။ အထက်စကြာဝဠာဂိုဏ်းသည် လူအရေအတွက်နည်းသော်ငြား အကုန်လုံးသည် အားနည်းကြသူများ မဟုတ်ကြ။ ကြယ်ဧရာဇ်တောင်မှ ပညာရှင်များ ရောက်လာပြီးနောက်တွင် အထက်စကြာဝဠာဂိုဏ်း၏ ခွန်အားသည် အကြီးအကျယ်ကို တိုးတက်လာခဲ့သည်။

ထို့အပြင် ရီရှီယွင်ကို ထိုလူများ သတ်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ဒုတိယတစ်ခုသာ ဖြစ်နိုင်ချေရှိတော့သည်။ ရီရှီယွင်သည် ယန်ယန် အိပ်စက်နေသည့် နေရာဖြစ်သော သဲမီးတောက်နယ်မြေ၏ အတွင်ပိုင်းသို့ တပည့်အားလုံးကို ခေါ်သွားခြင်း ဖြစ်လောက်သည်။ သဲမီးတောက်နယ်မြေ အတွင်းပိုင်းအား နေမီးလျှံသုံးစင်လက်စွပ်မှ ကာကွယ်ထားသဖြင့် ထိုနေရာသို့ မည်သူမှ မဝင်နိုင်ကြချေ။

ရီရှီယွင် ဘာကြောင့် ထိုကဲ့သို့ လုပ်ရသလဲ ဆိုသည်ကို သူမသိသော်ငြား သူမတွင် သူမအကြောင်းနှင့်သူမ ရှိပေလိမ့်မည်။

ရန်ကိုင်မှ သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်ပြီးပြီးချင်းမှာပဲ သက်တော်ရှည်ပုဂ္ဂိုလ်ကြီး တစ်ဦးနှင့်ဆင်တူသော လူအိုကြီး တစ်ဦးသည် လူအုပ်ထဲမှ ရုတ်တရက် ထွက်လာပြီး လက်သီးဆုပ်၍ “ဆေးတောင်ကြားရဲ့ အကြီးအကဲချုပ် လီကျန်းမင်က ဂိုဏ်းချုပ်ရန်ကို နှုတ်ဆက်ပါတယ်။ ဂိုဏ်းချုပ်ရန် အခုမှ ပြန်ရောက်တာ ဘာလို့ ခဏအရင် မနားတာလဲ။ နားပြီးမှ ဒီကိစ္စကို ဆက်ဆွေးနွေးကြရင် မကောင်းဘူးလား”

ဆေးတောင်ကြား… အရိပ်ကြယ်ပေါ်တွင် အလွန်ကိုမှ နာမည်ကျော်ကြားသည့် အင်အားစုတစ်ခု ဖြစ်ပေသည်။ ဆေးတောင်ကြားသည် ဆေးပညာကိုသာ အထူးလေ့လာသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်၏။

ဆေးတောင်ကြားတွင် တန်ခိုးရှင်အဆင့်နိမ့် ဆေးပညာရှင် အကြီးအကဲငါးဦး ရှိပေသည်။ ထိုအကြီးအကဲငါးဦးမှာ အတော့်ကိုမှ အဆင့်အတန်း မြင့်မားလှကာ ကောင်းကင်တိုက်ပွဲအစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းတို့ တည်ရှိစဉ်ကပင် ထိုအကြီးအကဲများကို တလေးတစားဖြင့် ဆက်ဆံကြရသည်။

ဆေးတောင်ကြား၏ အကြီးအကဲချုပ်ဖြစ်သော လီကျန်းမင်သည် အရိပ်ကြယ်ပေါ်ရှိ အခြားသော ပထမအဆင့် အင်အားစုများ၏ ဂိုဏ်းချုပ်နှင့် ယှဉ်နိုင်သော အဆင့်အတန်းအား ပိုင်ဆိုင်ထားသည့် ပညာရှင်တစ်ဦး ဖြစ်သည်။

လူအိုကြီးသည် ရန်ကိုင်အား ထိုကဲ့သို့ ပြောလိုက်ပြီးသည်နှင့် သူ့မုတ်ဆိတ်မွှေးကို ပွတ်လျက် ပြုံးကာ ရန်ကိုင် ပြန်ပြောမည်ကို စောင့်နေလိုက်၏။

ရန်ကိုင်ကမူ လူအိုကြီးအား ကြည့်လျက် နှာခေါင်းရှုံ့ကာ အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည် “လက်ဖက်ရည် ခွက်တစ်ဝက်စာ ကျန်သေးတယ်နော်။ ခင်ဗျားတို့ အေးအေးဆေးဆေး ထိုင်စောင့်ချင်တယ်ဆိုရင်တော့ စောင့်ပေါ့။ ဒါပေမယ့် အချိန်ပြည့်သွားပြီ ဆိုရင်တော့ နောက်ဘာဆက်ဖြစ်မလဲ ဒီဂိုဏ်းချုပ် အာမမခံနိုင်ဘူး”

ပြောပြီးသည်နှင့် ရန်ကိုင်သည် အချိန်မရွေး ခုန်အုပ်တော့မည့် သားရဲတစ်ကောင်နှယ် သွားဖြီးပြလိုက်လေသည်။

လီကျန်းမင် မျက်နှာပျက်သွားပြီး စိတ်ညစ်ညစ်ဖြင့် “ဂိုဏ်းချုပ်ရန်က တကယ်ကို ယုတ္တိမတန်တဲ့ လူတစ်ယောက်ပါလား။ ဂိုဏ်းချုပ်ရန် ပြန်ရောက်လာတာကို ကျုပ်တို့က လာထွက်ကြိုပေးတာတောင် ဂိုဏ်းချုပ်ရန်က ကျုပ်တို့ကို နည်းနည်းလေးမှ မျက်နှာသာမပေးဘူး။ ပြီးတော့ ကျုပ်တို့ကိုတောင် မောင်းထုတ်ဖို့ လုပ်နေသေးတယ်။ ဂိုဏ်းချုပ်ရန်ရဲ့ လုပ်ရပ်က ပြဿနာတွေ ဖြစ်စေနိုင်တယ်ဆိုတာ နည်းနည်းလေးမှ မစဉ်းစားမိဘူးလား”

ရန်ကိုင်သည် လီကျန်းမင်အား အကြည့်စူးစူးဖြင့်သာ ပြန်၍ စိုက်ကြည့်လိုက်၏။

ထိုလူအိုကြီးသည် တန်ခိုးရှင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သော်ငြား သူ့ကျင့်ကြံခြင်းမှာ သိပ်မမြင်ဘဲ တန်ခိုးရှင် ပထမအဆင့်သာ ရောက်ပေသေးသည်။ ထို့ကြောင့် ရန်ကိုင်၏ အကြည့်အား မတောင့်ခံနိုင်ဘဲ ချက်ချင်း နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ရလေသည်။

ရန်ကိုင် သူ့အား သတ်ချင်စိတ် မရှိသည်မှာ ကံကောင်းသွားခဲ့၏။ မဟုတ်လျှင် သူ့အကြည့်နှင့်ပင် လီကျန်းမင် အသက် ပျောက်သွားနိုင်၏။

“ရိုင်းလိုက်တာ” ထန်ဖုရွှေက ခက်ထန်သည့် အမူအရာဖြင့် ရုတ်တရက် ထအော်လေသည် “အကြီးအကဲလီကိုတောင် ရိုင်းပြရဲတယ်ပေါ့။ ကောင်မလေး မင်းတကယ် စီနီယာတွေကို ဘယ်လို လေးစားရမှန်း မသိတာပဲကွ။ မင်းဘာသာ ဂိုဏ်းချုပ် ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် မင်းလုပ်ချင်တိုင်း လုပ်လို့ မရဘူးကွ။ လူကြီးသူမတွေကို ဘယ်လို လေးလေးစားစား ဆက်ဆံရမလဲ ဆိုတာ ငါကပဲ မင်းကို သင်ပေးရတာပေါ့”

ပြောပြီးသည်နှင့် ထန်ဖုရွှေသည် သူတော်စင်ချီကို လှည့်ပတ်၍ သူ့တစ်ကိုယ်လုံးကို မီးတောက်များဖြင့် လွှမ်းခြုံလိုက်၏။ ထို့နောက် လက်ကို ဆန့်တန်း၍ ဧရာမီးတောက်တူကြီး တစ်လက်ကို ဖန်တီးကာ ရန်ကိုင်ပေါ်သို့ ထုချလိုက်လေသည်။

ထိုမီးတောက်တူကို မြင်လိုက်ချိန် ရန်ရှုကျု၊ ချူဟန်းရီနှင့် လင်းယုရောင်တို့အားလံးပင် လေးနက်သွားကြ၏။

သို့သော်ငြား ရန်ကိုင်ကမူ လက်တစ်ဖက်ကိုသာ ဆန့်တန်း၍ ရယ်မောလျက် “မဆိုဘူး။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့တဲ့တစ်ယောက် ပေါ်လာပြီပေါ့။ ကောင်းပြီလေ။ ခင်ဗျားက သေချင်နေမှတော့ ဒီဂိုဏ်းချုပ်က ခင်ဗျား ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

ပြောပြီးသည်နှင့် ရှေ့သို့ခုန်တက်သွားကာ မီးတောက်တူကြီးကို ထိပ်တိုက်ရင်ဆိုင်လေသည်။

အထက်စကြာဝဠာဂိုဏ်းသို့ မျှော်လင့်တကြီး ပြန်ရောက်လာချိန် သူခက်ခက်ခဲ တည်ဆောက်ထားခဲ့ရသည့်ဂိုဏ်းကို သူစိမ်း တစ်အုပ်မှ မောင်ပိုင်းစီးထားပြီး သူ့ဂိုဏ်းသားအားလုံး ပျောက်နေသည်ကို တွေ့လိုက်ရစဉ်ကတည်းက ရန်ကိုင် အတော့်ကို ဒေါသထွက်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ပြဿနာ အရင်းအမြစ်ကို မရှာတွေ့သေးဘဲ အလျင်စလို လှုပ်ရှား၍ မဖြစ်သဖြင့် သူ့ဒေါသကို ချုပ်တည်းထားခဲ့၏။

“သေချင်နေတဲ့ကောင်” ရန်ကိုင်သည် သူ့တိုက်ခိုက်မှုအား မည်သည့် တိုက်ကွက်မှမသုံးဘဲ လက်ဗလာသက်သက်ဖြင့် ပြန်လည် ခုခံတိုက်ခိုက်လာသည်ကို မြင်သော် ထုန်ဖုရွှေ အတော်လေး တင်းသွားပြီး မီးတောက်တူထဲသို့ သူတော်စင်ချီ ထပ်မံ ပို့လွှတ်လိုက်လေသည်။

ချက်ချင်းဆိုသလို မီးတောက်တူကြီးသည် ယခင်ထက်ပိုမို ကြီးမားလာပြီး ၎င်းဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာလည်း ပို၍ အားကောင်းလာခဲ့လေသည်။

သူနိုင်မည်ဟု ထင်မှတ်နေသော်ငြား ရန်ကိုင်၏ လက်သီးနှင့် ထိပ်တိုက်တွေ့မိသွားချိန် ထန်ဖုရွှေ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး နောက်သို့ ဒယိမ်းဒပါး ဆုတ်သွားရလေသည်။

တန်ခိုးရှင်တတိယအဆင့် ပညာရှင်တစ်ဦး၏ သူတော်စင်ချီဖြင့် ဖန်တီးထားသော ဧရာမတူကြီးမှာလည်း မရေမတွက်နိုင်သော အမှုန်အမွှားလေးများအဖြစ်သို့ ကြေမွသွားကုန်လေသည်။

ရန်ကိုင်သည် ထိုမျှနှင့်ပင် မရပ်တန့်သေးဘဲ အလင်းတန်း တစ်ခုအသွင်သို့ ပြောင်းလျက် ထန်ဖုရွှေဆီသို့ ဆက်လက် တိုးဝင်သွားလေသည်။

ထန်ဖုရွှေ၏ မှင်သက်နေသည့် အကြည့်အောက်တွင် ရန်ကိုင်သည် လက်သီးတင်းတင်းဆုပ်လျက် ထန်ဖုရွှေ၏ မျက်နှာတည့်တည့်သို့ ထိုးချလိုက်သည်။

ထန်ဖုရွှေကလည်း ခေသူတစ်ယောက် မဟုတ်လေရာ သူတော်စင်ချီကို အသည်းအသန် လှည့်ပတ်၍ သူ့ခန္ဓာကိုယ်အား လွှမ်းခြုံလိုက်ပြီးနောက် ရှီကို ဖြန့်ကျက်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်လေသည်။

သို့သော်ငြား သူ့ရှီသည် အပြင်သို့ ရောက်သည်နှင့် အိမ်မက်ဆိုးကို တွေ့လိုက်ရသည့်အလား ချက်ချင်း ပျက်စီးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှာလည်း တစ်စုံတစ်ခု၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည့်နှယ် နည်းနည်းလေးမှ မလှုပ်ရှားနိုင်တော့ချေ။

ရန်ကိုင်၏ လက်သီးချက်သည် ထန်ဖုရွှေ၏ မျက်နှာဆီသို့ တဖြည်းဖြည်း တိုးဝင်လာလေသည်။

ရန်ကိုင့်လက်သီးချက်မှ မည်သည့် စွမ်းအင် အရှိန်အဝါကိုမှ မခံစားမိသော်ငြား သေခြင်း အရှိန်အဝါကိုမူ ထန်ဖုရွှေ အသေအချာ ခံစားမိနေသည်။ လက်သီးချက် မရောက်သေးခင်မှာပင် ထန်ဖုရွှေ၏ ခန္ဓာကိုယ်အား လွှမ်းခြုံထားသည့် သူတော်စင်ချီ အကာအကွယ် တစ်စစီ ပျက်စီးကွဲကြေသွားခဲ့လေသည်။

“မဟုတ်ဘူး” ထန်ဖုရွှေ ကြောက်လန့်တကြား ထအော်လေသည်။ သေဘေးနှင့် ရင်ဆိုင်ရသော် သူ့တွင် ဂိုဏ်းချုပ်တစ်ဦး ရှိသင့်သည့် ဟန်ပန်အမူအရာ နည်းနည်းလေးမှ မရှိတော့ဘဲ အလွန်ကိုမှ ကြောက်လန့်တုန်လှုပ်နေသည့်မျက်နှာဖြင့် အသက်ရှင်ဖို့ရာ အသည်းအသန် ကြိုးစားတော့လေသည်။

ဘုန်း…

ရန်ကိုင်၏ လက်သီးသည် သူ့မျက်နှာအား တည့်တည့် လာထိမှန်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၈၄)

ကြည့်နေကြသူများထဲ အားနည်းသည့်လူ တစ်ယောက်မှမပါ။ သို့တိုင် ရန်ကိုင်၏ လက်သီးချက်ကြောင့် ထန်ဖုရွှေခေါင်း ဖရဲသီးကွဲသည့်နှယ် ကွဲသွားသည်ကို မြင်လိုက်ချိန် အကုန်လုံး ကြောက်လန့်တကြား ထခုန်မိကြသည်။

ရန်ကိုင်၏ လက်သီးမှ ထန်ဖုရွှေ၏ ခေါင်းအား ထိုးခွဲသွားသည့် မြင်ကွင်းသည် သူ့တို့စိတ်ထဲ မှတ်ကျောက်တစ်ခုအဖြစ် ထာဝစဉ် ထင်ကျန်ရစ်နေပေတော့လိမ့်မည်။

အကုန်လုံး ရန်ကိုင်အား ကြောက်လန့်တကြားကြည့်ရင်း တိတ်ဆိတ်သွားကုန်ကြလေသည်။

အစကမူ ရန်ကိုင်သည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်ဟု အထင်ရောက်လျက် ရန်ကိုင်အား ပမာမခန့် ပြုမူခဲ့ကြသည်။ ယခုတွင်မူ သူတို့စိတ်ထဲ ရန်ကိုင်အပေါ် ကြောက်ရွံ့စိတ်တို့သာ ထင်ကျန်ရစ်နေတော့လေပြီ။

ထုန်ဖုရွှေကဲ့သို့သော တန်ခိုးရှင်အဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေသူတစ်ဦးအား ဘာမှ ပြန်မလုပ်နိုင်ဘဲ သတ်နိုင်ရအောင် ရန်ကိုင် မည်မျှများ အားကောင်းလေသနည်း။ ထို့အပြင် သေသွားသည်မှာလည် သာမန် လက်သီးတစ်ချက်ကြောင့်သာ ဖြစ်နေသည်။ တိုက်ခိုက်နေစဉ် အတွင်း ရန်ကိုင် သူတော်စင်ချီအား သုံးသွားသည်ကိုလည်း သူတို့ လုံးဝ မမြင်လိုက်ရ။

ထန်ဖုရွှေ သူ့ရန်သူကို အထင်သေးလိုက်သည့် အတွက်ကြောင့် ဖြစ်သည်ဟုတော့ မည်သူမှမထင်။ ထန်ဖုရွှေသည် ပထမအဆင့် အင်အားစုတစ်ခု၏ ဂိုဏ်းချုပ်တစ်ဦးဖြစ်ကာ မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ဖူးသူတစ်ဦး ဖြစ်သဖြင့် ရန်သူကို အထင်သေးသည့် အမှားမျိုး လုပ်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူထုတ်သုံးသွားသည့် တိုက်ကွက်မှာလည်း အလွန်ကိုမှ အားကောင်းသည့် တိုက်ကွက်တစ်ခု ဖြစ်နေလေရာ ရန်သူကို အထင်သေးသည့်ပုံစံ လုံးဝမပေါ်။

သို့ရာတွင် သူသည်သာ လက်သီးတစ်ချက်ဖြင့် ပြန်အသတ်ခံလိုက်ရသည်။

ထိုကဲ့သို့ လုပ်နိုင်ဖို့ရာ ရန်ကိုင်၏ ခွန်အားသည် ထန်ဖုရွှေထက် အများကြီး သာလွန်နေမှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သာ ထန်ဖုရွှေ အနေဖြင့် ဘာမှပြန်မလုပ်နိုင်ဘဲ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

ထန်ဖုရွှေသည် တန်ခိုးရှင်အထွဋ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူကဲ့သို့ လူတစ်ယောက်ကို ပုရွတ်ဆိတ်တစ်ကောင်ကို သတ်သလို သတ်နိုင်ရအောင် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးများ ဖြစ်နေလေမလား။

ထိုကဲ့သို့ တွေးလိုက်မိသော် အကုန်လုံး သက်ပြင်းရှိုက်မိကုန်ကြလေသည်။

“မြူနှင်းမှုန်နန်းတော်က လူတွေအကုန်လုံးကို ရှင်းပစ်လိုက်” ထန်ဖုရွှေကို သတ်ပြီးနောက်တွင် ရန်ကိုင်သည် ရန်ရှုကျုတို့အား အမိန့်ပေးလိုက်လေသည်။

ရန်ရှုကျုတို့မှာလည်း ပြေးတိုက်ခိုက်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်နေသည်မှာ တစ်ဖက်လူ၏ ပြောပုံဆိုပုံကို မြင်ကတည်းကပင်။ ရန်ကိုင်မှ အမိန့်မပေးသေးသည့် အတွက်ကြောင့်သာ ငြိမ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်မှ အမိန့်ပေးလာသည်နှင့် တစ်ပြိုင်နက် သူတော်စင်ချီကို လှည့်ပတ်၍ ရှီအား ဖြန့်ကျက်ကာ ချက်ချင်း ရှေ့သို့ ပြေးထွက်သွားကုန်ကြ၏။

ရန်ကိုင်သည် ယခုတစ်ကြိမ် တကယ်ကို ရက်စက်ပစ်ရန် ဆုံးဖြတ်ထားပြီးလေပြီ။

တောင်ပေါ်မှ ဆင်းလာသည့် ကျားရဲများနှယ် ရန်ရှုကျုတို့ အဖွဲ့သည် မြူနှင်းမှုနန်းတော်သားများအား တစ်ယောက်ပြီး တစ်ယောက် ရှင်းပစ်ကြရာ အသက်ဆယ်ရှိုက်စာအတွင်း မြူနှင်းမှုန်နန်းတော်မှ ကျင့်ကြံသူအားလုံး အပြတ် ရှင်းခံလိုက်လေသည်။

ရှင်းရှင်းပြောရလျှင် မြူနှင်းမှုန်နန်းတော်ထဲ အားနည်းသည့်လူများ မပါဝင်ချေ။ မြူနှင်းမှုန်နန်းတော် အဖွဲ့ထဲ၌ သေသွားသည့် ထန်ဖုရွှေအပြင် အခြားသော တန်ခိုးရှင် တတိယအဆင့် ၊ဒုတိယအဆင့်နှင့် ပထမအဆင့် ပညာရှင်များလည်း ရှိနေပေသေးသည်။

သို့သော်ငြား ထိုလူများသည် ရန်ကိုင်၏ လူများနှင့်အတွေ့တွင် ဘာမှပြန်မလုပ်နိုင် ဖြစ်ခဲ့ရသည်။ ရန်ရှုကျုကဲ့သို့သော လူများသည် ယခင်ကတည်းက တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသည့် ပညာရှင်များ ဖြစ်ကြရုံမက သွေးအကျဉ်းထောင်စမ်းသပ်ပွဲတွင် ထပ်မံ လေ့ကျင့်ထားခဲ့ကြသေး၏။

ထို့ကြောင့် အသက်ဆယ်ရှိုက်စာအတွင်း ထိုပညာရှင်အားလုံး အမြစ်ပြတ် ရှင်းပစ်ခံလိုက်ရခြင်း ဖြစ်သည်။

လူအုပ်ကြီးတစ်ခုလုံး ပကတိ တိတ်ဆိတ်နေကုန်ကြလေပြီ။ တဒုန်းန်း ခုန်နေသော လူအုပ်ကြီး၏ နှလုံးခုန်သံကိုသာ အတိုင်းသာ ကြားနေရတော့သည်။ အကုန်လုံးသည် ရန်ကိုင်၊ ရန်ရှုကျုတို့အား တစ္ဆေ၊သရဲကို မြင်လိုက်ရသည့်နှယ် မျက်လုံးပြူး၊ မျက်ဆံပြူးဖြင့် ကြောက်လန့်တကြား စိုက်ကြည့်နေကြကုန်၏။

“ရှင်… ရှင် ဘယ်လိုတောင် ရက်စက်တာလဲ” ဖုန်းယန်သည် တုန်တုန်ရီရီဖြင့် ရန်ကိုင်အား လက်ညိုးထိုးရင် မယုံမကြည်နိုင် ဖြစ်နေသည့် လေသံဖြင့် “အဲ့လူတွေက အရိပ်ကြယ်ပေါ်မှာ နောက်ဆုံး ကျန်ရစ်တဲ့ လူသားမျိုးနွယ်ရဲ့ အဆင့်မြင့် ပညာှရင်တွေ ဆိုတာ ရှင်မသိတာလား။ ရှင်သူတို့ကို သတ်လိုက်မှတော့ နောက်ပိုင်း ဘယ်သူတွေက အလောင်းဝိဥာဉ်ဂိုဏ်းကို ခုခံ တိုက်ခိုက်ပေတော့မှာလဲ။ အရိပ်ကြယ်က လူသားမျိုးနွယ်စု တစ်ခုလုံး အမြစ်ပြတ်သုတ်သင်ခံရအောင် ရှင်လုပ်နေတာလား”

သူမ၏ ကိုယ်ထင်ရာမှန်ရာ စွတ်ပြောနေသည့် စကားကို နားထောင်ရင်း ရန်ကိုင်က နှာခေါင်းရှုံ့လျက် “အို၊ တကယ်ကြီးလား။ သူတို့ ဒီလောက် တော်နေရင် ဘာလို့ သွားထွက်မတိုက်ဘဲ ဒီမှာ လာပုန်းနေကြတာလဲ””

ဖုန်းယန် မှင်သက်သွားပြီး ချက်ချင်းကြီး ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ သူမ ပြန်ပြောတော့မည် အပြုတွင် အဘွားကြီးဖုန်းမှ သူမအား စူးရဲစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုအခါမှပဲ ဖုန်းယန် အသိပြန်ဝင်လာပြီး သူမ မည်မျှ ရူးမိုက်မိသွားကြောင်း နားလည်သွားခဲ့သည်။ သူမ ဘာတွေ ဖြစ်သွား၍များ ရန်ကိုင်အား သွားဝေဖန်ရဲရသနည်း။ အစောပိုင်းက သူမ၏ အပြုအမူအပေါ် ပြန်စဉ်းစားမိလိုက်ချိန် ဖုန်းယန် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာပြီး ချွေးအေးတို့ သူမ ကျောပြင်တစ်လျှောက် စီးကျလာလေတော့လေသည်။

“ကျုပ်သည်းခံနိုင်စွမ်းက အကန့်အသတ် ရှိတယ်နော်” ရန်ကိုင်က ထပ်ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင်တော့ မည်သူမှ ပြန်မထွန့်မတက်ရဲတော့ဘဲ ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့်သာ စိုက်ကြည့်လာတော့၏။

အစကမူ လူအားကိုးဖြင့် ရန်ကိုင်အား ဖိအားပေးမည်ဟု စဉ်းစားခဲ့သေးသည်။ ရန်ကိုင်လည်း အင်အားစု မယှဉ်နိုင်သည့်အဆုံး သူတို့၏ တောင်းဆိုချက်ကို လိုက်လျောရမည်ပေါ့။ သို့ရာတွင် ရန်ကိုင် ဤမျှ အားကောင်းနေမည်ဟု မည်သူက ထင်ခဲ့ပါမည်နည်း။

ဤအထက်စကြာဝဠာဂိုဏ်းချုပ်သည် ဆွေးဆွေးနွေးနွေးဖြင့် ပြောမည်ဟုပင် မစဉ်းစားတော့ဘဲ သတ်မည်ဖြတ်မည်ချည်း တကဲကဲ လုပ်နေသည်။

အကြွင်းမဲ့စွမ်းအား ရှေ့မှောက်တွင် လှည့်ကွက်အားလုံး အချည်းနှီး ဖြစ်ရသည်မို့ သူတို့လည်း ဘာမှမတတ်နိုင်ကြတော့ချေ။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် အဘွာကြီးဖုန်းက သက်ပြင်းချ၍ ပြောလိုက်လေသည် “လူငယ်မျိုးဆက်တွေက လူကြီး မျိုးဆက်တွေကို ကျော်သွားမယ်ဆိုတာ အမှန်ပါပဲလား။ ဂိုဏ်ချုပ်ရန် ဘာသိချင်တာလဲ”

“အထက်စကြာဝဠာဂိုဏ်း ဘာဖြစ်သွားတာလဲ ဆိုတာပဲ သိချင်တာ”

အဘွာကြီးဖုန်းသည် လှည့်ပတ်၍ ကြည့်လိုက်သော်လည်း အကုန်လုံး သူမ၏ အကြည့်ကို လွှဲဖယ်သွားကြသည်။ မည်သူမှ ရှင်းမပြရဲကြသည့်ပုံပင်။ အဘွားကြီးဖုန်းက စိတ်ဓါတ်ကျနေသည့် အမူအရာဖြင့် “ဒီကိစ္စက ရှင်းပြရရင် အရှည်ကြီးပဲ။ ဒါပေမယ့် နင်သိထားဖို့က ငါတို့လည်း မလုပ်မဖြစ်လို့ လုပ်လိုက်ရတာဆိုတာပဲ”

“ခင်ဗျားတို့က ကျုပ်သည်းခံနိုင်စွမ်းကို လာလာပြီး စမ်းသပ်နေတာပဲ” ရန်ကိုင်က ပြုံးလျက် သူတော်စင်ချီကို လှည့်ပတ်လိုက်၏။

အဘွားကြီးဖုန်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ခုခံဟန် ပြင်လိုက်လေသည်။

“အထက်စကြာဝဠာဂိုဏ်းမှ ဘာတွေ ဖြစ်ပျက်သွားလဲ ကျုပ်ရှင်းပြပေးမယ်”

ထိုစဉ် ခပ်လှမ်းလှမ်းမှ အသံသစ်တစ်သံ ထွက်ပေါ်လာလေ၏။ အသံကြားရာဆီသို့ လှမ်းကြည့်လိုက်သည့်အခါ အနည်းငယ် ရင်းနှီးနေဟန်ထင်ရသော မျက်နှာမည်း လူအိုကြီးတစ်ဦး မြေကွက်လပ်ဆီသို့ လမ်းလျှောက်လာနေသည်ကို တွေ့ရှိလိုက်ရလေသည်။

လူအိုကြီးဘေးနားတွင် အသက်လေးဆယ်ခန့် ရှိမည် ထင်ရသော သက်လတ်ပိုင်းလူကြီးတစ်ဦး ရှိနေခဲ့သည်။ ပြန့်ကျဲနေသော အလောင်းများကို မြင်လိုက်သည့်အခိုက် သက်လတ်ပိုင်း လူကြီး အလန့်တကြား ထအော်လေသည်။

ထိုလူနှစ်ဦးမှာ အခြားမဟုတ်၊ ရတနာစံအိမ်မှ ယန်ပေးနှင့် သူ့တပည့်တို့သာ ဖြစ်ကြလေသည်။

မျက်နှာမည်းယန်ပေးနှင့် ချင်းတုန်တို့သည် ရင်းနှီးကြသည့် အတွက် ရန်ကိုင်သည် ဒေါသထွက်နေသော်ငြား စိတ်ကိုထိန်း၍ ခေါင်းညိတ်ပြလိုက်၏ “ဒီတော့ စီနီယာယန်ပေါ့”

“ဒီလူအိုကြီး ဒီမှာ ဘာတွေဖြစ်ပျက်သွားလဲ ရှင်းပြပေးမယ်” မျက်နှာမည်းယန်ပေးသည် လက်သီးဆုပ်၍ အကြောင်းအစုံကို အကြမ်းဖျင်း ရှင်းပြပေးလိုက်လေသည်။

ဖြစ်ပျက်သွားပုံမှာ ဤသို့ဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က၊ အရိပ်ကြယ်ပေါ်တွင် အလောင်းဝိဥာဉ်မျိုးနွယ်စု ရုတ်တရက် ထွက်ပေါ်လာပြီး အင်အားစုများအား စတင် ဖျက်စီးသိမ်းသွင်းတော့လေသည်။

မရေမတွက်နိုင်သော မိသားစုများနှင့် ဂိုဏ်းများစွာတို့ အမြစ်ဖြတ် သုတ်သင်ခံခဲ့ရ၏။ ပထမအဆင့် အင်အားစုများကြီးသည် အလောင်းဝိဥာဉ်ဂိုဏ်း၏ အဓိက အာရုံစိုက်ရာ ဖြစ်ခဲ့သည်။

ပထမအဆင့် အင်အားစုပင် ဖြစ်လင့်ကစား မည်သည့် အင်အားစုမှ အလောင်းဝိဥာဉ်ဂိုဏ်း၏ ကျူးကျော်မှုကို မခုခံနိုင်ခဲ့ချေ။ အရိပ်လခန်းမ၊ မြူနှင်းမှုန်နန်းတော်၊ သားရဲများတောင်တန်း၊ ဆေးတောင်ကြား… စသော အင်အားစုအားလုံးတို့သည် တစ်ခုပြီးတစ်ခု ဖျက်စီးပစ်ခြင်း ခံခဲ့ရသည်။

သို့ရာတွင် အထက်စကြာဝဠာဂိုဏ်းကိုမူ ၎င်းအား ဝိုင်းရံထားသော သဲမီးတောက်နယ်မြေကြောင့် ကျူးကျော်နိုင်ခြင်း မရှိခဲ့ချေ။

အထက်စကြာဝဠာဂိုဏ်းကို ဦးစီးအုပ်ချုပ်နေသော ရီရှီယွင်သည် အခြားဂိုဏ်းများ အဆင်မပြေ ဖြစ်နေသည်ကို သတိပြုမိသော် အဝိုင်းခံထားရသော အင်အားစုများဆီ ပညာရှင်များ စေလွှတ်၍ ကူညီပေးခဲ့လေသည်။

ရီရှီယွင် ကိုယ်တိုင်ပင် ဝင်ရောက် တိုက်ခိုက်ခဲ့ပေသေးသည်။

ထိုသို့ပင် ကူညီပေးခဲ့သော်ငြား အခြေအနေအား ပြောင်းပြန် လှန်နိုင်ခြင်း မရှိခဲ့ဘဲ အထက်စကြာဝဠာဂိုဏ်းသည်သာ အဆုံးအရှုံး များစွာနှင့် ကြုံတွေ့ခဲ့ရလေသည်။

နောက်ဆုံးတွင် အထက်စကြာဝဠာဂိုဏ်းသည် အခြားသူများ လာရောက်ခိုလှုံနိုင်စေရန်အတွက် ဂိုဏ်းတံခါးကို အားလုံးအတွက် ဖွင့်လှစ်ပေးခဲ့သည်။

ရန်ကိုင် ပြန်ရောက်ရောက်ချင်း မြင်တွေ့လိုက်ရသည့် ထောင်နှင့်ချီသော လူများမှာ အသက်ရှင်ကျန်ရစ်ကာ အထက်စကြာဝဠာဂိုဏ်းဆီသို့ လာရောက် ပုန်းခိုကြသူများ ဖြစ်ကြပေသည်။

အပြင်ဘက်တွင် ရှိစဉ်က မည်သည့်အချိန် အလောင်းဝိဥာဉ်ဂိုဏ်းမှ သူတို့အား ရှာတွေ့သွားပြီး လာရောက်တိုက်ခိုက်မည်လဲ ဆိုသည်ကို အစဉ်မပြတ် စိုးရိမ်နေရသဖြင့် စိတ်အေးလက်အေးဖြင့် ရထားသော ဒဏ်ရာများကို မကုသနိုင်ခဲ့ချေ။ အနားမယူနိုင်ခဲ့ပေ။ သို့သော် အထက်စကြာဝဠာဂိုဏ်းသို့ ရောက်လာပြီးနောက်တွင် ထိုအပူအားလုံး ယူပစ်လိုက်သလို ပျောက်ကွယ်သွားခဲ့ရသည်။ သဲမီးတောက်နယ်မြေကြီး ရှိနေသဖြင့် အလောင်းဝိဥာဉ်ဂိုဏ်း မည်မျှ အားကောင်းစေကာမူ သူတို့အား လာရောက် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် ဤနေရာရှိ မိုမြေစွမ်းအင်မှာလည်း အလွန်ကိုမှ သိပ်သည်းကြွယ်ဝ၏။ ကြယ်ဧကရာဇ်တောင်ပင် ဤနေရာကို မယှဉ်နိုင်ချေ။

အကုန်လုံး ဤနေရာတွင် နေရသည်ကို အလွန်ကိုမှ နှစ်သက်အားရသွားခဲ့ကြလေသည်။

ယခင်က သဲမီးတောက်နယ်မြေအတွင်း ဘာတွေရှိသလဲ ဆိုသည်ကို မသိခဲ့ရသော်ငြား ရီရှီယွင်မှ သူတို့အား လက်ခံပေးလိုက်သည့် နောက်တွင် အထက်စကြာဝဠာဂိုဏ်းသည် အလွန်ကိုမှ နေချင်စရာ ကောင်းသော သုခဘုံတစ်ခုဖြစ်မှန်းကို အကုန်လုံး နားလည် သဘောပေါက်လာခဲ့ကြသည်။

အကုန်လုံး ဤနေရာကို အပိုင် လိုချင်လာကြသည်။ သို့သော်ငြား သူတို့အား ကယ်ဆယ်ပေးထားသည့် မျက်နှာကိုမထောက်ဘဲ ထိုသို့ လုပ်ရလောက်သည်အထိ မည်သူမှ မရူးမိုက်ကြ။

အကုန်လုံး သူ့အခြေအနေသူ အဆင်ပြေပြေနှင့် ရှိနေခဲ့သော်ငြား ရီရှီယွင်မှ သူတို့အား အထက်စကြာဝဠာဂိုဏ်း၏ အခြားသော အင်အားစုများကို လိုက်လံကယ်ဆယ်သည့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းရန် ပြောလာသည့် အခါတွင်တော့ အခြေအနေအားလုံး တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတော့သည်။

နောက်ဆုံး အသက်လုထွက်ပြေးလာပြီးမှ ဤနေရာသို့ ရောက်လာခဲ့ရပြီးနောက်တွင် မည်သူမှ အန္တရာယ်များသည့် အပြင်ဘက်ဆီသို့ ပြန်မသွားချင်ကြတော့ချေ။ ထို့သို့ဖြင့် မည်သည့် အင်အားစုမှ ရီရှီယွင်၏ တောင်းဆိုချက်ကို လက်မခံခဲ့ကြ။

သို့သော်ငြား သူတို့၏ လုပ်ရပ်ကြောင့် ရီရှီယွင် ဒေါသထွက်သွားပြီး သူတို့အား မောင်းထုတ်မည်ကို စိုးရိမ်နေကြသေးပြန်၏။

ထို့အတွက်ကြောင့် အင်အားစုများစွာ အတူတကွစုပေါင်း၍ အထက်စကြာဝဠာဂိုဏ်းအား အလစ်ချောင်း တိုက်ခိုက်ခဲ့သည်။

အထက်စကြာဝဠာဂိုဏ်းထဲတွင် ကြယ်ဧကရာဇ်တောင်မှ ကျင့်ကြံသူများ ရှိနေသဖြင့် အတော်လေး အားကောင်းသည်ဟု ပြော၍ရသော်ငြား နှစ်နှစ်ကြာအောင် အလောင်းဝိဥာဉ်ဂိုဏ်းနှင့် အဆက်မပြတ် တိုက်ခိုက်နေရပြီးနောက် ဂိုဏ်းအင်အားမှာ အတော်လေး ထိုးကျသွားခဲ့သည်။ သေသူကသေ၊ အသက်ရှင်ကျန်ရစ်သူများမှာလည်း ဒဏ်ရာကရ ဆိုသည့်အတွက် အင်အားစုပေါင်းများစွာ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ရွေးစရာမရှိတော့သည့်အဆုံး ရီရှီယွင်သည် အထက်စကြာဝဠာဂိုဏ်း၏ လက်ကျန် အဖွဲ့များကိုခေါ်ကာ သဲမီးတောက်နယ်မြေ၏ အတွင်းပိုင်းဆုံးသို့ ဆုတ်ခွာသွားခဲ့လေသည်။

ထိုအဖြစ်အပျက်အားလုံးသည် လွန်ခဲ့သော နှစ်လခန့်က ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ရီရှီယွင်နှင့် အထက်စကြာဝဠာဂိုဏ်းသားများ ထွက်သွားသည့်အခါ ထိုလူအားလုံးသည် သူတို့၏နေရာကို အပိုင်စီးလိုက်ကြလေသည်။

ရီရှီယွင် ပြန်ကောင်းလာသည့်အခါ သူတို့အား တန်ပြန် တိုက်ခိုက်လာမည်ကို စိုးရိမ်မိကြသော်ငြား အလောင်းဝိဥာဉ်ဂိုဏ်းကို ပိုကြောက်သည့်အတွက် ထိုကဲ့သို့ လုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဤနေရာတွင်နေလျှင် အနည်းဆုံး အသက်ရှင်နိုင်ဦးမည် ဖြစ်သော်ငြား အပြင်သို့သာ ထွက်သွားခဲ့လျှင် သေခြင်းတရားကသာ သူတို့အား စောင့်ကြိုနေပေလိမ့်မည်။

ထို့ကြောင့် ကိုယ့်လိပ်ပြာ ကိုယ်မလုံကြသော်ငြား လူတိုင်းသည် ကိုယ့်အသက်ကိုသာ အချစ်ဆုံး ဖြစ်ကြသည့်အတွက် လိပ်ပြာမလုံဘဲ နေနေရသည်ကိုလည်း ဂရုစိုက်မနေကြတော့ပေ။

“ဖြစ်ပျက်သွားတာက အဲ့လိုပဲ” မျက်နှာမည်းယန်ပေးက ပြောလိုက်၏။

မျက်နှာမည်းလေး၏ နာမည်ကျော်သော သူ့တပည့် ရန်ထန်းရွေက ဝင်ပြောလိုက်လေသည် “အဲ့ထဲမှာ ငါတို့ ရတနာစံအိမ်မပါဘူး။ အခြား အင်အားစု တော်တော်များများလည်း မပါဘူး”

ရန်ကိုင်က ရန်ထန်းရွေကို ကြည့်၍ “မင်းတို့ မပါဘူးဆိုရင်တောင် သူတို့ကိုတော့ မတားခဲ့ဘူးမလား”

ရန်ထျန်းရွေ မျက်နှာပျက်ပျက်ဖြင့် အလျင်အမြန် ပြန်ပြောလိုက်၏ “အကြီးအကဲချုပ်ကိုတော့ ကြိုပြီး သတိပေးခဲ့တယ်”

“အို၊ အဲ့ဒါဆို ဒီဂိုဏ်းချုပ်က မင်းတို့ကို ကျေးဇူးတင်ရမှာပေါ့နော်” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်စိုက်ကြည့်၍ ပြောလိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၈၅)

ရန်ထန်ရွေက ပါးစပ်ဟပြီး ပြန်ပြောတော့မည်အပြု ယန်ဖေးက လက်ထောင်၍ တားလိုက်လေသည် “ဘာမှပြောနေစရာ မလိုဘူး။ ငါတို့မှားတာ အမှန်ပဲ။ ဂိုဏ်းချုပ် စိတ်ချထားလိုက်။ ငါ့ဂိုဏ်းကလူတွေခေါ်ပြီး အထက်စကြာဝဠာဂိုဏ်းကနေ ထွက်သွားပေးမယ်”

ရန်ကိုင်သည် ယန်ဖေးကိုသာ ကြည့်နေပြီး ဘာမှ ပြန်မပြောခဲ့ပေ။ ထို့နောက် အဘွားကြီးဖုန်းဘက်သို့လှည့်၍ လှောင်ပြောင်လိုက်၏ “အကြီးအကဲရီကတော့ စေတနာနဲ့ ကူညီပေးလိုက်တာပဲ။ ဒါပေမယ့် သူကူညီလိုက်တဲ့လူတွေက ကျေးဇူးမသိတတ်တဲ့ ဝံပုလွေတစ်သိုက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ”

ရန်ကိုင်စကားကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် လူအုပ်ကြီး အကုန်လုံး ခေါင်းငုံ့သွားခဲ့ကြသည်။

သူတို့လုပ်ရပ်သည် အမှန်တကယ်ကို ရှက်ဖွယ် ကောင်းပေသည်။ ထို့အပြင် ရန်ကိုင် ဒေါသထွက်ထွက်နှင့် သူတို့အားလုံးအား သတ်ဖြတ်မည်ကို ကြောက်ရွံ့သည့် အတွက်ကြောင့်လည်း ဘာမှ ပြန်မပြောရဲခဲ့ကြပေ။

ရန်ကိုင် ဘေးနားတွင် ရပ်နေသော မျက်နှာမည်း ယန်ပေးသည် ရန်ကိုင် မည်မျှ ဒေါသထွက်နေမှန်းကို ခံစားမိနေသည်။ ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား အဆုံးတွင်မူ တိတ်တိတ် နေရန်သာ ဆုံးဖြတ်လိုက်လေသည်။

“ဘယ်သူဦးဆောင်တာလဲ” ရန်ကိုင်က အေးစက်စက် အကြည့်ဖြင့် လူအုပ်ကြီး တစ်ခုလုံးကို ဝေ့ကြည့်လိုက်လေသည်။

ရန်ကိုင် ထိုသို့ မေးလိုက်သည့်နောက် အကုန်လုံး အလိုလို နောက်သို့ ဆုတ်သွားခဲ့ကြပြီး အဘွားကြီးဖုန်းဆီသို့ လှည့်ကြည့်လိုက်ကြလေသည်။

ထိုလူများ၏ အကြည့်ကို ခံစားမိသော် အဘွားကြီးဖုန်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ရန်ကိုင်အား ကြောက်လန့်မှု အပြည့်ဖြင့် လှမ်းကြည့်လိုက်၏။

ရန်ကိုင်ကလည်း မိစ္ဆာဆန်ဆန်ပြုံးလျက် ပြန်စိုက်ကြည့်လေသည်။

အဘွားကြီးဖုန်းလည်း ခဏလေးပင် ဆက်မနေရဲတော့ဘဲ သူတော်စင်ချီကို လှည့်ပတ်၍ အလျင်အမြန် ထွက်ပြေးတော့၏။

“ထွက်ပြေးချင်တာလား။ ခင်ဗျားအသက်ကိုပါ ထားခဲ့လိုက်” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် အဘွားကြီးဖုန်း ထွက်ပြေးသွားသည့် ဘက်ဆီသို့ လက်ကို ဆန့်ထုတ်၍ ဖမ်းဆုပ်လိုက်၏။

မီတာတစ်ထောင် အကွာသို့ ရောက်နေသော အဘွာကြီးဖုန်းသည် သူမ ခန္ဓာကိုယ်ပတ်လည်ရှိ ဟင်းလင်းပြင် ရုတ်ချည်း‌ အေးခဲသွားသလို ခံားလိုက်ရပြီး မရေမတွက်နိုင်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများ သူပတ်ပတ်လည်တွင် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရလေသည်။

“ဂိုဏ်းချုပ်ရန်၊ ကျေးဇူးပြုပြီး စောင့်ပါဦး။ ဒီအဘွားကြီး ကိုယ့်အမှားကိုယ် ဝန်ခံပါတယ်။ လုပ်ခဲ့တဲ့ အမှားတွေ အတွက်လည်း ပြန်ပြီး လျော်ကြေးပေးပါ့မယ်” အဘွားကြီးဖုန်းသည် ဟင်းလင်းပြင်အက်ကွဲကြောင်းများမှ စုပ်အားကို သူတော်စင်ချီဖြင့် အပြင်းအထန် ခုခံရင်း အော်ဟစ် တောင်းပန်လိုက်လေသည်။

“နောက်ကျသွားပြီ” ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို ထပ်မံ မြှင့်တင်ပစ်လိုက်သည်။

ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် အစစ်အမှန် ဓါးသွားများ အဖြစ်သို့ ပြောင်းလဲကာ အဘွားကြီးဖုန်းအား စတင် ပိုင်းဖြတ်ပစ်တော့လေသည်။

ခဏအကြာတွင် သားရဲများတောင်တန်းမှ တန်ခိုးရှင်တတိယ အဆင့် ပညာရှင်တစ်ဦးဖြစ်သော အဘွားကြီးဖုန်း၏ အရှိန်အဝါ ဟင်းလင်းပြင်ထဲသို့ ဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့လေသည်။ ကျန်ရစ်ခဲ့သည်ကား တစ်စစီ ဖြစ်နေသော အသားစများသည်သာ။

ထို့နောက်တွင် ရန်ကိုင်သည် သားရဲများတောင်တန်းမှ အခြားသော လူများကို ကြည့်လိုက်သည်။ ရန်ကိုင် သူတို့ဘက် လှည့်လာသည်ကို မြင်သော် သားရဲများတောင်တန်းမှ ရာထူးမြင့် ပုဂ္ဂိုလ်များအားလုံး ကြောက်ကြောက်လန့်လန့် ဖြစ်ကုန်ကြလေ၏။

အချို့သည် ချက်ချင်း ဒူးထောက်တောင်းပန်ကြပြီး အချို့မှာမူ အဘွားကြီးဖုန်းကဲ့သို့ ကြောက်လန့်တကြား အော်ဟစ်ရင်း ထွက်ပြေးကြလေသည်။ အချို့မှာမူ မလွတ်နိုင်မှန်း သိသည့်အတွက် ကိုယ့်နေရာတွင်သာ ရပ်နေခဲ့ကြသည်။ အကုန်လုံးမှာ ကြောက်စိတ်ကြောင့် ဖြူဖတ်ဖြူလျော် ဖြစ်နေကြသော်လည်း ပြန်တိုက်ခိုက်ရန်အတွက် သူတော်စင်ချီကို လှည့်ပတ်ထားကြသေး၏

ဖုန်းယန်ကမူ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုသည်ကို မသိသည့်အလား ကြောင်ကြောင်ကြီး ရပ်နေလေသည်။

ယခုတစ်ကြိမ်တွင်တော့ ရန်ရှုကျုနှင့် အခြားသူများသည် ရန်ကိုင် အမိန့်ပေးလာမည်ကို စောင့်မနေတော့ဘဲ သားရဲများတောင်တန်းမှ အကြီးအကဲများအား ဝင်ရောက် တိုက်ခိုက်လိုက်ကြ၏။

အသက်ဆယ်ရှိုက်စာ ကြာပြီးနောက်တွင် သားရဲများတောင်တန်းမှ အကြီးအကဲများအားလုံး အပြတ်ရှင်းခံလိုက်ရပြီး ဖုန်းယန် တစ်ယောက်သည်သာ ကျန်ရစ်ခဲ့တော့လေသည်။

စူးရှသော သွေးနံ့သည် နောက်ဆုံးတွင် ဖုန်းယန်အား ငေးငိုင်နေရာမှ ပြန်လည်နိုးထာလာစေခဲ့သည်။ သေဆုံးသွားသော အလောင်းများကိုကြည့်ရင်း ဖုန်းယန်၏ ခန္ဓာကိုယ် တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။ ထို့နောက်တွင် ဖုန်းယန်သည် အားလုံး မထင်ထားသည့် လုပ်ရပ်တစ်ခုကို လုပ်လိုက်၏။ ရန်ကိုင်ဆီသို့ သွေးရူးသွေးတန်းအော်ဟစ်လျက် ပြေးဝင်သွားလေသည် “ငါနင့်ကိုသတ်မယ်”

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ စိုက်ကြည့်နေခဲ့သည်။

ရန်ကိုင်ဘေးနားတွင် ရပ်နေသော လင်းယုရောင်သည် ရှေ့သို့ တစ်လှမ်းတိုး၍ သူမလက်ကို ဝှေ့ရမ်းလိုက်၏။ ခဏအကြာတွင် ဖုန်းယန်၏ မျက်လုံးများ ပြူးကျယ်လာပြီး မီတာ အနည်းငယ်ခန့် ပြေးပြီးနောက်တွင် ရန်ကိုင်နှင့် ခြေလှမ်းအကွာခန့်တွင် သူမ၏ ခြေလှမ်းတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့၏။ အနီရောင် သွေးစင်းကြောင်းလေးတစ်ခု သူမ လည်ပင်းပေါ်တွင် ပေါ်လာခဲ့လေသည်။

ဤသို့ဖြင့် အရိပ်ကြယ်ပေါ်မှ သားရဲများတောင်တန်း တစ်ဖန်ပြန်လည် ပျောက်ကွယ်သွားခဲ့ပြန်လေသည်။

“မင်းတို့ငါ့ကို သတ်လို့မရဘူး” လူအုပ်ကြီးထဲမှ ကြောက်လန့်တကြား အော်စ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည် “ဒီလူအိုကြီးက အရိပ်ကြယ်ရဲ့ ထိပ်တန်း ဆေးပညာရှင်ကွ။ ငါလူသားမျိုးနွယ်စုအတွက် အများကြီး လုပ်ပေးထားတာ။ မင်းငါ့ကို သတ်လို့မရဘူး”

အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်ရာ ဆေးတောင်ကြားမှ အကြီးအကဲချုပ် လီကျန်းမင်ကို တွေ့လိုက်ရလေသည်။

ရန်ကိုင်၏ ရက်စက်သော နည်းလမ်းများကို မြင်ပြီးနောက်တွင် လီကျန်းမင်၏မျက်နှာ သွေးမရှိတော့မတတ် ဖြူလျော်နေခဲ့လေ၏။

“ကြည့်ရတာ ဒီကိစ္စက ခင်ဗျားတို့ ဆေးတောင်ကြားနဲ့လည်း ပက်သက်နေတယ်ထင်တယ်” ထိုသို့ ပြောလိုက်ပြီးနောက် ရန်ကိုင်သည် ရုတ်ချည်း လီကျန်းမင်ရှေ့ ပြန်ပေါ်လာပြီးနောက် သူ့အား ဖမ်းဆွဲလိုက်လေသည်။

လီကျန်းမင်သည် ဆေးတောင်ကြား၏ အကြီးအကဲချုပ်တစ်ဦး ဖြစ်သော်ငြား သူသည် ကျင့်ကြံခြင်းအားဖြင့် တန်ခိုးရှင်ပထမ အဆင့်သို့သာ ရောက်သေးသည်။ တစ်ဘဝလုံး ဆေးဖော်စပ်ခြင်း၌သာ အာရုံစိုက်ထားသဖြင့် ကျင့်ကြံခြင်းအပေါ် အာရုံမစိုက်နိုင်ဘဲ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အလွန်ကိုမှ နိမ့်ကျနေခဲ့ရသည်။

ထို့ကြောင့် ရန်ကိုင် သူ့ရှေ့ ဗြုန်းစားကြီး ပေါ်လာပြီး သူ့အား ဖမ်းဆွဲသည်ကို လီကျန်းမင် နည်းနည်းလေးမှ မရှောင်နိုင်နိုင်ခဲ့ချေ။ ထို့အစား ဆက်၍သာ အော်ဟစ်နေခဲ့၏ “မင်းငါ့ကိုသတ်လို့မရဘူး”

ရန်ကိုင်ကမူ သူဘာအော်အော် ဂရုစိုက်မနေဘဲ ရိုက်ချက် တစ်ချက်ဖြင့် လီကျန်းမင်၏ ခေါင်းကို ရိုက်ခွဲပစ်လိုက်လေသည်။

“ရပ်လိုက်” လီကျန်းမင်၏ ဦးခေါင်း ပေါက်ကွဲသွားပြီးနော် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အော်သံမှာ နောက်ကျလွန်းနေခဲ့လေပြီ။

အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ ဆေးတောင်ကြား၏ စီနီယာအဖွဲ့ဝင်များစွာတို့ သူ့အား စူးရဲစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ရန်ကိုင်၏ အကြည့် သူတို့ပေါ် ရောက်လာသည်နှင့် ဆေးတောင်ကြား၏ အဖွဲ့ဝင်အားလုံး နှင်းမုန်တိုင်းထဲသို့ ရောက်သွားသည့်နှယ် တုန်တုန်ရီရီ ဖြစ်သွားကုန်ကြလေသည်။

ထိုအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသည် ပြန်၍ အထွန့်တက်ရန် လုပ်လိုသော်ငြား ရန်ကိုင်မှ သူ့အား မမှိတ်မသုံ စိုက်ကြည့်နေသည်ကိုမြင်သော် အံကြိတ်၍သာ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြောလိုက်လေသည် “ဂိုဏ်းချုပ်ရန် ကျုပ်တို့ ဆေးတောင်ကြားကို ချမ်းသာပေးဖို့ တောင်းဆိုပါတယ်။ အပြန်အလှန် အနေနဲ့ ကျုပ်တို့ ဆေးတောင်ကြား အထက်စကြာဝဠာဂိုဏ်းနဲ့ ပူးပေါင်းပေးပါ့မယ်”

အကုန်လုံးရင်ထဲ အနည်းငယ် ထိတ်လန့်သွားမိသော်လည်း စဉ်းစားမိလိုက်သည့်နောက် ထိုလူများ ဘာကြောင့် ဤကဲ့သို့ လုပ်ရလဲ နားလည်သွားကြသည်။ မလုပ်လျှင် အပြင်သို့ ပို့ခံရလျှင် ပို့ခံရ၊ မပို့ခံရလျှင် တစ်ခါတည်း သတ်ပစ်ခံရမည်ကိုး။ နှစ်လမ်းစလုံး သေလမ်းချည်း ဖြစ်လေရာ သူတို့ မပူးပေါင်းချင်လျှင်ပင် ပူးပေါင်းရမည့် လမ်းသာရှိတော့သည်။

ပုံမှန်အားဖြင့် အလွန်ကိုမှ မောက်မာနိုင်သော်ငြား ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ ခေါင်းငုံ့ခံရုံသာ တတ်နိုင်တော့လေသည်။

“ကျုပ်တို့လည်း အထက်စကြာဝဠာဂိုဏ်းလက်အောက်ထဲဝင်ဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး ကျုပ်တို့ အသက်ကို ချမ်းသာပေးပါ ဂိုဏ်းချုပ်ရန်” သူတို့ခေါင်းဆောင် အညံ့ခံလိုက်သည်ကို မြင်သော် ကျန်အကြီးအကဲလေးယောက်လည်း ချက်ချင်း ဦးညွှတ် အညံ့ခံလိုက်လေသည်။

ရန်ရှုကျုနှင့် အခြားသူများသည် ရန်ကိုင်အား လက်ခံလိုက်စေချင်သော အကြည့်များဖြင့် ကြည့်လာကြ၏။

ရန်ကိုင်ကမူ လှောင်ပြုံးပြုံး၍သာ ပြန်မေးလိုက်လေသည် “ခင်ဗျားတို့ရဲ့ အကြီးအကဲချုပ်ကို ကျုပ်သတ်ထားတာတောင် ခင်ဗျားတို့က ကျုပ်ဂိုဏ်းထဲ ဝင်ချင်သေးတယ်ပေါ့”

ထိုစကားကို ကြားလိုက်ချိန် ဆေးတောင်ကြားမှ အကြီးအကဲများ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ ခေါင်းဆောင် ဖြစ်ဟန်တူသော အကြီးအကဲက “ဥာဏ်ရှိတဲ့ ငှက်တွေက အကောင်းဆုံးသစ်ပင်ကို ရွေးပြီး အသိုက်ဆောက်ကြတယ်တဲ့။ ကျုပ်တို့လည်း အဲ့အတိုင်း လုပ်ရုံပဲ”

“ဟားဟား” ရန်ကိုင်က ရယ်မောလိုက်ပြီးနောက် ရုတ်ချည်း မျက်နှာ ပြန်တည်သွားပြီး အမိန့်ပေးလိုက်၏ “သူတို့အားလုံးကို သတ်ပစ်လိုက်”

ဆေးတောင်ကြားမှ လူအားလုံး ကြောင်သွားခဲ့လေသည်။ ရန်ရှုကျုနှင့် အခြားသူများလည်း အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေခဲ့ကြ၏။ ရန်ကိုင် ရက်စက်နေလိမ့်ဦးမည်ဟု မထင်ထားခဲ့ပေ။

သို့ရာတွင် ရန်ကိုင်မှ အမိန့်ပေးလာသဖြင့် တုန့်ဆိုင်းမနေဘဲ ချက်ချင်း ပြေးထွက်သွားကြလေသည်။

ဆေးတောင်ကြားမှ အကြီးအကဲများကတော့ ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်အော်ဟစ်ကြလေသည် “ဂိုဏ်းချုပ်ရန်၊ ဒီအဘိုးကြီးနဲ့ ငါ့အဖော်တွေက တန်ခိုးရှင်အဆင့် ဆေးပညာရှင်တွေနော်။ မင်း...”

သူပြောလို့ မပြီးသေးခင်မှာပဲ ချူဟန်ရီမှ သူ့ခေါင်းကို ဖြတ်ပစ်လိုက်လေသည်။

ဆေးတောင်ကြားမှ လူများသည် တိုက်ခိုက်ရာတွင် မကျွမ်းကျင်ကြပေ။ ထို့ကြောင့် ရန်ရှုကျုတို့ အနေဖြင့် ထိုလူများကို အလွယ်လေး သတ်ပစ်လိုက်နိုင်ကြပေသည်။

ရန်ကိုင်၏ အမိန့်ကြောင့်သာ သတ်နေရသော်လည်း အနည်းငယ်တော့ နှမြောနေမိသေးသည်။

ထိုလူများသည် သူတော်စင်ဘုရင်အဆင့်ထက် ဆေးလုံးများကို ဖော်စပ်နိုင်သော ဆေးပညာရှင်များ ဖြစ်ကြသည်။ သူတို့သာ အထက်စကြာဝဠာဂိုဏ်းထဲ ခိုဝင်လာခဲ့လျှင် အထက်စကြာဝဠာဂိုဏ်း၏ တိုးတက်နှုန်း အလွန်ကိုမှ လျင်မြန်လာပေလိမ့်မည်။

သူတို့ ထိုကဲ့သို့ တွေးသည်မှာလည်း အထူးအဆန်းမဟုတ်။ အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်အဆင့် ဆေးပညာရှင်များမှာ အလွန်ကိုမှ ရှားပါးသည်ကိုး။ သူတော်စင်ဘုရင်အဆင့်အထက် ဆေးပညာရှင်တိုင်းသည် အလွန်ကိုမှ အဖိုးတန်သည် ရတနာတစ်ပါး ဖြစ်သည်။

ရန်ကိုင်အတွက်တော့ ထိုကဲ့သို့ မဟုတ်ချေ။

ရန်ကိုင် ကိုယ်တိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် တစ်ဦးဖြစ်သလို သူ့တွင် ဆေးပညာအရာ၌ သူ့ထက်တော်သော သူ့စီနီယာမမလေးလည်း ရှိနေသေးရာ ထိုတန်ခိုးရှင်အဆင့် လောက်သော ဆေးပညာရှင်များကို ဘာကြောင့်များ ဂရုစိုက်နေရဦးမည်နည်း။

သူ့အဖိုးတန်ဆေးပင်များကို ထိုလူများအပေါ် ဖြုန်းတီးနေမည့်အစား သူ့ဘာသာ ဖော်စပ်သည်ကမှ ပိုကောင်းပေဦးမည်။

အဓိက လက်သည်တရားခံ နှစ်ဖွဲ့ကို သတ်ပစ်ပြီးနောက်တွင် ရန်ကိုင် အတော်လေး ဒေါသပြယ်သွားခဲ့သည်။ လူအုပ်ကြီး၏ ကြောက်လန့်တကြား အကြည့်အောက်တွင် ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည် “ခင်ဗျားတို့မှာ ရွေးစရာနှစ်ခုရှိမယ်။ အညံ့ခံရင်ခံ မခံရင်သေ”

ဤနေရာတွင် ရှိသူတိုင်းသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး အားကောင်းသော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားကြ၏။

ရန်ကိုင် အနေဖြင့် ထိုလူများကို သတ်ပစ်နိုင်သော်ငြား ထိုကဲ့သို့ မလုပ်ရန်သာ ရွေးချယ်ခဲ့သည်။

အလောင်းဝိဥာဉ်ဂိုဏ်းသည် အရိပ်ကြယ်တစ်ခုလုံးကို မွှေနှောက် သောင်းကျန်းနေခဲ့ပြီး အထက်စကြာဝဠာဂိုဏ်းသည်လည်း ထိုဂိုဏ်း လက်ချက်ကြောင့် ပညာရှင်တော်တော်များများ ဆုံးရှုံးထားရ၏။ ထို့ကြောင့် တိုက်ပွဲဆီသို့ စေလွှတ်နိုင်သော ပညာရှင် သိပ်ရှိမနေခဲ့ချေ။

လိုအပ်နေသော နေရာများတွင် ဤနေရာရှိလူများကို ထည့်သုံးနိုင်၏။ လူရှင်များသည် လူသေများထက်တော့ ပို၍ အသုံးဝင်သည် မဟုတ်လော။

ဤနေရာရှိ လူတော်တော်များများသည် ရီရှီယွင်တို့အား တိုက်ခိုက်ရာတွင် မပါဝင်ခဲ့ဘဲ ကြားနေရန်သာ ရွေးချယ်ခဲ့သည်ဟု မျက်နှာမည်းလေး ရန်ထန်းရွေမှ ပြောခဲ့သည်။ အချို့ အင်အားစုကြီးသည် သူများယောင်သည့် အတိုင်းသာ လိုက်ယောင်ကြခြင်း ဖြစ်သည်။

ထို့ကြောင့် အဓိက လက်သည်များကို သတ်ပစ်ပြီးနောက်တွင် အခြားလူများကို ရန်ကိုင်ဆက်ပြီး သတ်ပစ်မနေချင်တော့ချေ။ သားရဲများတောင်တန်းနှင့် ဆေးတောင်ကြား၏ ဥပမာသည် ထိုလူများအား သူတို့ အခြေအနေကို ကောင်းကောင်း နားလည်သွားစေလောက်ပေသည်။

ရန်ကိုင်မှ ပြောပြီးနောက်တွင် မြေကွက်လပ်ကြီးတစ်ခုလုံး နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။

အကုန်လုံးသည် အကြည့်ချင်း ဖလှယ်နေကြသည်။ သို့သော် ယခင်ကလောက်တော့ အရမ်းကြီး စိုးရိမ်ပူပန်နေခြင်း မရှိတော့ပေ။ အစကတော့ သူတို့ အကုန်လုံး မသေမချင်း ရန်ကိုင် မရပ်ဟု တွေးထင်ကာ အတော့်ကိုမှ ကြောက်ခဲ့ရသည်။ သူတို့အကုန်လုံး ပူးပေါင်း၍ ပြန်တိုက်မည်ဆိုလျှင်ပင် ရန်ကိုင်ကို နိုင်မည်မှ မဟုတ်လေဘဲ။

ရန်ကိုင်မှ အညံ့ခံရန် ပြောလိုက်သော်ငြား မည်သူမှ သူ့အား သွားအထွန့်မတက်ရဲခဲ့ချေ။ အသတ်ခံရမည့် အရေးနှင့် ယှဉ်လိုက်သော်ငြား အညံ့ခံခွင့်ပေးလိုက်ခြင်းသည် သူ့တို့အပေါ် တကယ်ကို သက်ညှာလိုက်ခြင်း ဖြစ်ပေသည်။

All Chapters