အခန်း (၁၆၈၆-၁၆၉၀)
Vol. 68 Ch. 1686-1690
အပိုင်း (၁၆၈၆)
ခဏကြာ တိတ်ဆိတ်နေပြီးနောက်တွင် အသက်လေးဆယ်ခန့် ရှိမည်ထင်ရသော သက်လတ်ပိုင်းလူကြီးတစ်ဦး ရှေ့သို့ ထွက်လာပြီး လက်သီးဆုပ်၍ “ကျုပ်က အစွန်းရောက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝမ်ထိုင်ကျန်းပါ။ အခုကစနေပြီး ကျုပ်တို့ဂိုဏ်း အထက်စကြာဝဠာဂိုဏ်းကို အညံ့ခံပါတယ်”
“ကျုပ်တို့ မီးတောက်အဖွဲ့အစည်းကလည်း ဂိုဏ်းချုပ်ရန်ကို အညံ့ခံပါတယ်”
…
ခဏအတွင်း အင်အားစုများစွာ ရှေ့ထွက်ကာ အညံ့လာကြ၏။ အချိန်ကြာလာသည်နှင့် အညံ့ခံလာသည့် အင်အားစု အရေအတွက်မှာ ပိုပို၍ များပြားလာခဲ့သည်။
ရန်ကိုင်၏ လုပ်ရပ်သည် အနည်းငယ် အထက်စီး ဆန်းသော်ငြား သူတို့သည်သာ တစ်ဖက်လူကို ကျေးဇူးကန်းခဲ့သူ ဖြစ်သည့်အတွက် ကိုယ်နှင့်ထိုက်တန်သည့် အပြစ်ဒဏ်တော့ ပြန်ခံရပေလိမ့်မည်။
“ဖန်သွေးရောင်ဂိုဏ်း အထက်စကြာဝဠာဂိုဏ်းထဲသို့ ဝင်ချင်ပါတယ်။ အခုကစနေပြီး ဖန်သွေးရောင်ဂိုဏ်းဆိုတာ မရှိတော့ပါဘူး။ ဂိုဏ်းချုပ်ရန် ကျေးဇူးပြုပြီး ကျွန်မတို့ ဖန်သွေးရောင်ဂိုဏ်းကို လက်ခံပေးပါ” အမျိုးသမီးတစ်ဦးက ရန်ကိုင်ရှေ့သို့ လျှောက်လာ၍ ပြောလိုက်သည်။
ထိုစကားသံ ထွက်လာသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီး တစ်ခုလုံး အံ့အားသင့်ကုန်ကြလေသည်။
ရန်ကိုင်သည်လည်း အနည်းငယ်တော့ အံ့အားသင့်သွားခဲ့သည်။
ပြောလိုက်သည့်လူမှာ အခြားမဟုတ်၊ တိုက်ယွမ်၏ဆရာ၊ ကုန်းအောင်ဖု ဖြစ်ပေသည်။ ကုန်းအောင်ဖု ဘေးနားတွင် ရပ်နေသော ယင်စုတျယ်သည်လည်း ရန်ကိုင်အား လေးစားသည့် အကြည့်ဖြင့် လှမ်း၍ ကြည့်နေခဲ့သည်။
စပ်ဖြဲဖြဲပြုံးလျက် ရန်ကိုင်သည် ကုန်းအောင်ဖုအား ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်လေသည် “ဂိုဏ်းချုပ်ကုန်း ကိုယ်ဘာပြောနေလဲဆိုတာကို နားလည်တာ သေချာပါတယ်နော်”
ကုန်းအောင်ဖုသည် ယဲ့ယဲ့လေးပြုံးလျက် ဆံပင်ကို နားသယ်နောက်သို့ သပ်တင်ကာ ပြောလိုက်၏ “ကျွန်မက ကလေးတစ်ယောက် မဟုတ်တော့ဘူး။ ကျွန်မ စကားကို ကျွန်မ အပြည့်အဝ တာဝန်ယူတယ်။ ဂိုဏ်းချုပ်ရန် စိုးရိမ်နေစရာမလိုဘူး”
အခြားဂိုဏ်းတစ်ဂိုဏ်းအား အညံ့ခံခြင်းနှင့် ထိုဂိုဏ်းထဲသို့ ဝင်ခြင်းသည် လုံးဝ ကွဲပြားသည့် အဓိပ္ပါယ်နှစ်မျိုးဖြစ်သည်။ အညံခံလိုက်မည်ဆိုပါက ရန်ကိုင်၏ အမိန့်ကို သူတို့ နာခံရမည် ဆိုသော်ငြား သူတို့တွင် ကိုယ်ပိုင်ဂိုဏ်းရှိသလို ကိုယ်ပိုင် အဆင့်အတန်းလည်း ရှိသည်။ တစ်နေ့၊ အထက်စကြာဝဠာဂိုဏ်းမှ ပြန်ထွက်သွားနိုင်သည့်အခါ ရန်ကိုင်၏ အမိန့်ကို နာခံစရာ မလိုတော့ဘဲ ကိုယ်လူ့ကိုယ့်ဂိုဏ်းနှင့် ပြန်ဖြစ်နိုင်သည်။
သို့သော် တစ်ဖက်လူ၏ ဂိုဏ်းထဲသို့ ဝင်လိုက်မည်ဆိုပါက လက်ရှိဂိုဏ်းသည် ဆက်လက် တည်ရှိနိုင်တော့မည် မဟုတ်ချေ။ တစ်နည်းဆိုရသော် ဖန်သွေးရောင်ဂိုဏ်းသည် ဤရွေ့ဤမျှနှင့်ပင် ရပ်တန့်သွားပေတော့မည်။ ရန်ကိုင်ကသာ သူတို့အား လက်ခံမည် ဆိုပါက ဖန်သွေးရောင်ဂိုဏ်းသားများသည် အထက်စကြာဝဠာဂိုဏ်း၏ တပည့်များ ဖြစ်လာပေတော့မည်။
ထိုအခါ ဂိုဏ်းထဲမှထွက်ပြီး ဖန်သွေးရောင်ဂိုဏ်းကို ပြန်လည် ထူထောင်၍ ရတော့မည် မဟုတ်ချေ။
ကုန်းအောင်ဖု ဘာတွေးနေလဲ သူတို့သိပေသည်။ ရန်ကိုင် ပြန်လာပြီ ပြသထားသည့် ခွန်အားသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကြောင်းလှသည်။ ထို့အပြင် ယခုအချိန်၌ အထက်စကြာဝဠာဂိုဏ်းသည်သာ လုံလုံခြုံခြုံ ရှိနေတော့ခြင်း ဖြစ်သည်။ အထက်စကြာဝဠာဂိုဏ်းထဲသို့ ဝင်လိုက်ခြင်းသည် အညံ့ခံလိုက်ခြင်းထက် ပို၍ မြောက်မြားလှသော အရင်းအမြစ်များကို ရနိုင်ပေလိမ့်မည်။
ထိုအချက်ကို နားလည်ထားသည့်တိုင် သူတို့ဂိုဏ်းကို စွန့်ပစ်ပြီး အထက်စကြာဝဠာဂိုဏ်းထဲသို့ မဝင်နိုင်ပါချေ။
ကျင့်ကြံသူများသည် သူတို့၏ အမွေအနှစ်ကို အလွန်မြတ်နိုး တန်ဖိုးထားကြသည်။ အကုန်လုံးသည် သူတို့ ဘိုးဘေး၏ အမွေအနှစ်အပေါ် အလွန်ကိုမှ ဂုဏ်ယူကြသည်။ ထို့ကြောင့် အဆင့်မြင့် အင်အားစုကြီးများနှင့်အပြိုင် အင်အားစုလေးများ တည်ရှိနေရခြင်းဖြစ်သည်။ ရန်ကိုင်ပင်လျှင် ချွင်းချက်မဟုတ်။
ကုန်းအောင်ဖု၏ လုပ်ရပ်အရ သူမသည် ပြတ်သားသော လူတစ်ဦး ဖြစ်သလို အနာဂတ်ကို ကြိုမျှော်တွေးရာတွင် အခြားသူများထက် သာလွန်သူတစ်ဦး ဖြစ်မှန်း ပြောနိုင်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ဘိုးဘေးများ တည်ထောက်ထားခဲ့သည့် အရာကို စွန့်ပစ်ပြီး အထက်စကြာဝဠာဂိုဏ်းထဲသို့ ဝင်ရန် ရွေးချယ်ခဲ့လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် ကုန်းအောင်ဖု၏ မျက်လုံးတည့်တည့်ကို သေချာ စိုက်ကြည့်လိုက်သည်။
ကုန်အောင်ဖုသည်လည်း ရန်ကိုင်အား အကြည့်ချင်း ပြန်၍ စိုက်ကြည့်လိုက်သည်။
“ဂိုဏ်းချုပ်ရန်က ကျွန်မတို့ ဖန်သွေးရောင်ဂိုဏ်းကို အားနည်းတယ်ဆိုပြီး လက်မခံချင်တာလား”
ရန်ကိုင် ဘာမှပြန်မပြောသေးသည်ကို မြင်သော် ကုန်းအောင်ဖုက ဆက်ပြောလိုက်၏ “ဒီတစ်ကြိမ်တိုက်ပွဲမှာ ကျွန်မတို့ ဂိုဏ်းသားတွေ တော်တော်သေသွားတယ်။ အခု ဒီကို ရောက်လာတာတောင် အယောက် ငါးဆယ်လောက်ပဲ ရောက်လာတာ။ ဒါပေမယ့် အဲ့ငါးဆယ်ထဲမှာ ဆယ်ယောက်က တန်ခိုးရှင်အဆင့်တွေ။ ကျန်တဲ့ လူတွေကလည်း အကုန်လုံး သူတော်စင်ဘုရင်အဆင့်တွေချည်းပဲ”
“လူငါးဆယ်နဲ့ လွတ်လာနိုင်တာဆိုတော့ မဆိုးပါဘူး” ရန်ကိုင်သည် ထိုသို့သာ ပြောလိုက်၏။ လက်ခံမည်ဟု မပြောသလို လက်မခံဘူးဟုလည်း မပြောပါချေ။
ကုန်းအောင်ဖုလည်း အနည်းငယ် ဂွကျသွားလေသည်။ ထို့ကြောင့် ဆက်၍သာ ပြောလိုက်၏ “ဖန်သွေးရောင်ဂိုဏ်းနဲ့ ဂိုဏ်းချုပ်ရန် ကြားမှာ ကတောက်ကဆလေးတွေ ရှိမှန်း ကျွန်မသိတယ်။ ဒါပေမယ့် ဂိုဏ်းချုပ်ရန်သာ ကျွန်မတို့ကို လက်ခံပေးမယ်ဆိုရင် ကျွန်မ အရက်စက်ဆုံးနည်းလမ်းနဲ့ သေရမည်ဆိုရင်တောင် ဂိုဏ်းချုပ်ရန်ရဲ့ ယုံကြည်မှုကို သစ္စာမဖောက်ပါဘူးလို့ ကျိန်ဆိုရဲတယ်”
အမျိုးသမီးတစ်ဦးပင် ဖြစ်လင့်ကစား ယောကျာ်းသား အများစု မလုပ်ရဲသည်ကိုပင် လုပ်ရဲသည်ကိုကြည့်ရင် ကုန်းအောင်ဖု မည်မျှ စိတ်ဓါတ်ခိုင်မာ ပြတ်သားသည့်လူတစ်ဦးဖြစ်မှန်း ပြောနိုင်၏။
ထိုသို့ပြောပြီးနောက် ကုန်းအောင်ဖုက ရုတ်တရက် အော်ပြောလိုက် “ယင်စုတျယ်၊ ဂိုဏ်းချုပ်ရန်ကို ဒူးထောက် တောင်းပန်လိုက်။ နင်အရင်က ဂိုဏ်းချုပ်ရန်ကို ဒေါသထွက်အောင် လုပ်ခဲ့မှန်း ငါသိတယ်”
ထိုစကားကို ကြားလိုက်ချိန် ယင်စုတျယ်၏ ခန္ဓာကိုယ် တဆတ်ဆတ် တုန်ရီသွားသည်။ ချက်ချင်းပဲ ရန်ကိုင်အား အလွန်ကိုမှ သနားစဖွယ်ကောင်းလှသည့် အကြည့်လေးဖြင့် လှမ်း၍ ကြည့်လိုက်၏။ သို့သော်ငြား သူမဆရာ၏ စကားကို မနာခံဘဲ မနေရဲသည့်အတွက် ချက်ချင်း ဒူးထောက်ချ၍ သနားစဖွယ် လေသံလေးဖြင့် “စုတျယ် အရင်က မသိခဲ့ဘဲ ဂိုဏ်းချုပ်ရန်ကို ရန်စမိတာမျိုးရှိခဲ့ရင် ဂိုဏ်းချုပ်ရန် အနေနဲ့ အပြစ်မယူဘဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”
သူမသည် တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့လေပြီ။ ကုန်းအောင်ဖ၏ အမိန့်ကြောင့်သာ မဟုတ်လျှင် လူမြင်ကွင်း၍ ဤကဲ့သို့ ဒူးထောက်တောင်းပန်သည့် အလုပ်မျိုး ဘာကြောင့်များ လုပ်ပါမလဲ။
“ဂိုဏ်းချုပ်ရန်၊ ရှင်…” ကုန်းအောင်ဖုသည် ရန်ကိုင်အား ကြည့်၍ ထပ်မေးလိုက်သည်။
ရန်ကိုင်သည် ခဏလောက် စဉ်းစားပြီးနောက် ကုန်းအောင်ဖုအား မျက်လုံးမှေးစဉ်းကြည့်လျက် မေးလိုက်လေသည် “တိုက်ယွမ် အခု ဘယ်မှာလဲ ကျုပ်သိချင်တယ်။ ခင်ဗျားက သူ့ဆရာဆိုတော့ သူဘယ်မှာလဲ သိလောက်မှာပေါ့၊ ဟုတ်တယ်မလား”
ရန်ကိုင်သည် အရိပ်ကြယ်ပေါ်တွင်ရှိသော ရန်ကိုင်၏ အနည်းငယ်သော မိတ်ဆွေများထဲ တစ်ဦးအပါအဝင် ဖြစ်သည်။ သူငယ်ချင်းမိတ်ဆွေ ဆက်ဆံရေးမှာ အရမ်းကြီး ခိုင်မာနေခြင်း မရှိသော်လည်း အတော်လေးတော့ ခင်မင်ကြပေသည်။ သို့သော်ငြား ဤနေရာသို့ ရောက်ကတည်းက တိုက်ယွမ်၏ အရှိန်အဝါကို လုံးဝ အာရုံခံမရခဲ့ပေ။ ရှင်းရှင်းပြောရလျှင် တိုက်ယွမ်သာ ဤနေရာသို့ ရောက်ရှိလာခဲ့လျှင် အထက်စကြာဝဠာဂိုဏ်းတွင်သာ ရှိရမည် မဟုတ်လော။ ဘာကြောင့်များ သူမ၏ အရှိန်အဝါကို အာရုံခံမ၍ မရရသနည်း။
ထိုတစ်ချက်သည် သူ့စိတ်ထဲ ကလိကလိ ဖြစ်နေသဖြင့် မေးကြည့်လိုက်ခြင်း ဖြစ်သည်။
ရန်ကိုင်၏ မေးခွန်းကြားသော် ကုန်းအောင်ဖု အနည်းငယ် စိတ်အေးသွားပြီး ပြုံးလျက် ပြန်ဖြေလိုက်လေသည် “တိုက်ယွမ်ကို ဂိုဏ်းချုပ် စိတ်ပူနေစရာ မလိုပါဘူး။ တိုက်ယွမ် လုံးဝ လုံလုံခြုံခြုံ ရှိနေပါတယ်”
“ဒါဆို သူအခု ဘယ်မှာလဲ”
“အကြီးအကဲချုပ် ရီရှီယွင်နဲ့ သဲမီးတောက်နယ်မြေရဲ့ အတွင်းပိုင်းကို လိုက်သွားပါတယ်”
ထိုစကားကို ကြားလိုက်ချိန် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး သူ့စိတ်ထဲလည်း အနည်းငယ် အံ့အားသင့်မိသွား၏။ သို့သော် တိုက်ယွမ် ဘာကြောင့် ရီရှီယွင်နောက်သို့ လိုက်သွားလဲ ဆိုသည်ကိုတော့ သူအနည်းအကျဉ်း ခန့်မှန်းမိပေသည်။
ဤမြေကွက်လပ်ထဲတွင် ရှိနေသော လူများနှင့် အတူ မနေချင်သည့် အတွက်ကြောင့် ဖြစ်ပေလိမ့်မည်။ ထိုလူများနှင့် အတူ မနေချင်ရအောင်လည်း ထိုလူများသည် သူမအား ဘာမမှလုပ်မနေဘဲ။ အဓိက အကြောင်းအရင်းမှာ သူ့ကြောင့်သာ ဖြစ်လောက်သည်။
ရန်ကိုင် အနည်းငယ် ရင်ထဲ ထိသွား၏။ တိုက်ယွမ်သည် သူတို့၏ ခင်မင်ရင်းနှီးမှုကို အမှန်တကယ် တန်ဖိုးထားပေသည်။
“ကျွန်မရဲ့ အဖြေကို ဂိုဏ်းချုပ်ရန် ကျေနပ်လား မသိဘူး” ကုန်းအောင်ဖုက ပြုံး၍ ထပ်မေးလိုက်သည်။
ရန်ကိုင်က ရယ်မောလျက် လက်ဆန့်ကာ ယင်စုတျယ်အား ထူမပေးလိုက်ပြီးနောက် ခေါင်းညိတ်၍ “ဂိုဏ်းချုပ်ကုန်းက အခုလို ဝင်ချင်နေတာကို ဒီဂိုဏ်းချုပ်က လက်မခံရင် ရိုင်းရာ ကျသွားမှာပေါ့။ အခုကနေစပြီး ဖန်သွေးရောင်ဂိုဏ်းသားအားလုံး အထက်စကြာဝဠာဂိုဏ်းရဲ့ တပည့်တွေ ဖြစ်သွားပြီ”
ကုန်းအောင်ဖုက ချက်ချင်း လက်သီးဆုပ် ဦးညွှတ်၍ ပြန်ပြောလိုက်လေသည် “ဂိုဏ်းချုပ်ကို ကျေးဇူးအများကြီး တင်ပါတယ်”
“တပည့် ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်” ယင်စုတျယ်သည်လည်း ကျော့ရှင်းစွာ ဦးညွှတ်လိုက်၏။ သို့သော် ခေတ်ပြိုင်တစ်ယောက်ကို ဦးညွှတ်နှုတ်ဆက်နေသည်မို့ ရှက်တော့ ရှက်နေမိလေသည်။ သူမ ရှက်နေသည့် ပုံစံလေးမှာလည်း အလွန်ကိုမှ ချစ်စဖွယ်ကောင်းလှ၏။
ရန်ကိုင်ကတော့ သူမ၏ ရှက်ပြုံးလေးထဲ နစ်မျောသွားခြင်းမရှိခဲ့။ ထိုအမျိုးသမီးအကြောင်း သူသိသည်။ ယင်စုတျယ်သည် ညို့ဓါတ် ကျင့်စဉ်ကို ကျင့်ကြံထားသူတစ်ဦး ဖြစ်သည့်အတွက် သူမ၏ လှုပ်ရှားမှု၊ အပြုအမူသည် ယောကျာ်သားများအား အလိုလို ညို့ယူနိုင်စွမ်း ရှိပေသည်။
နှုတ်ဆက်လိုက်သော်ငြား ရန်ကိုင်၏ လက်ကို မလွှတ်ပေးသေးဘဲ တင်းတင်းကြပ်ကြပ်ကို ဆုပ်ကိုင်ထားသေး၏။ ရန်ကိုင်လည်း သူမ လုပ်ရပ်ကြောင့် မျက်မှောင်ကြုတ်သွားခဲ့သော်ငြား ဘာမှ ပြောမနေခဲ့ဘဲ လက်ကိုသာ လက်တိတ်တဆိတ် ပြန်ရုတ်လိုက်လေသည်။ ထို့နောက် အားလုံး သိအောင် ကြေညာလိုက်လေသည် “ဂိုဏ်းချုပ်ကုန်းက တန်ခိုးရှင် တတိယအဆင့်တစ်ဦး ဖြစ်တာဆိုတော့ အကြီးအကဲတာဝန်ကို ယူလိုက်။ ဖန်သွေးရောင်ဂိုဏ်းသားတွေကိုလည်း အကြီးအကဲကုန်း ကိုယ်တိုင်ပဲ ထိန်းချုပ်ထားလိုက်။ အကြီးအကဲကုန်းရဲ့ အမိန့်ကိုပဲ သူတို့ နာခံပါလေ့စေ”
ကုန်းအောင်ဖု၏ ရင်ထဲ အတော်လေးကို ဝမ်းသာသွားခဲ့သည်။
အထက်စကြာဝဠာဂိုဏ်းထဲသို့ ဝင်ပြီးနောက် အထက်စီးဖြင့် ဆက်ဆံခြင်း မခံရသလို လျစ်လျုရှုခြင်းလည်း မခံခဲ့ရဘဲ ရန်ကိုင်သည် သူမအား အကြီးအကဲရာထူးကို ပေးသည့်အပြင် မူလ ဖန်သွေးရောင်ဂိုဏ်းတပည့်များကို သူမ လက်အောက်တွင်သာ ထားရှိစေခဲ့သည်။
“နောက်ပိုင်း အကြီးအကဲကုန်း ဖန်သွေးရောင်ဂိုဏ်းကို ပြန်တည်ထောင်ချင်တယ်ဆို တည်ထောင်လိုက်၊ ဒီဂိုဏ်းချုပ် ဘာမှ မပြောဘူး” ရန်ကိုင်က ခဏလောက် စဉ်းစားပြီးနောက် ထပ်ပြောလိုက်၏။
ယခုတစ်ကြိမ်တော့ ကုန်းအောင်ဖု မျက်ရည်ဝဲသွားခဲ့လေသည်။ မျက်ရည်စို့စို့ဖြင့် “ဂိုဏ်းချုပ်ကို ကျေးဇူးအများကြီးတင်ပါတယ်။ အခုကနေစပြီး အထက်စကြာဝဠာဂိုဏ်းအတွက် ကျွန်မ တတ်စွမ်းသမျှ ကူညီပေးပါ့မယ်။ ဂိုဏ်းချုပ်ကိုလည်း စိတ်မပျက်စေရပါဘူး”
ရန်ကိုင်ကို သူမ တကယ် ကျေးဇူးတင်မိသွားသည်။ အထက်စကြာဝဠာဂိုဏ်းထဲသို့ ဝင်လိုက်သည်မှာ ဖန်သွေးရောင်ဂိုဏ်း၏ နောက်ဆုံး လက်ကျန် မျိုးဆက်များကို ကာကွယ်ရန်အတွက် ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်သည် သူမသာ ဆန္ဒရှိလျှင် ဖန်သွေးရောင်ဂိုဏ်းကို ပြန်လည် တည်ထောင်နိုင်သည်ဟု ပြောလာသည်။ သူမ ကျေးဇူးမတင်ဘဲ ဘယ်နေတော့မည်နည်း။
ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် အခြားဂိုဏ်းများ နောင်တ တသီတတန်းကြီး ရကုန်ကြလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၈၇)
ရန်ကိုင် ဤမျှ သဘောထားကြီး ရက်ရောလိမ့်မည်ဟု သူတို့ မည်ကဲ့သို့ သိခဲ့ပါမည်နည်း။ အစောကြီးကတည်းကသာ သိခဲ့လျှင် သူတို့လည်း ကုန်းအောင်ဖုကဲ့သို့ လုပ်လိုက်ပါသည်။ သို့သော် ယခုမှ နောင်တ ရနေ၍လည်း ဘာမှထူးတော့မည် မဟုတ်။ ရန်ကိုင်သည် သဘောမနောကောင်းသော်ငြား အရူးတစ်ယောက်တော့ မဟုတ်။ သူတို့သာ ကုန်းအောင်ဖုကဲ့သို့ လိုက်လုပ်လျှင် သူမကဲ့သို့ အခွင့်အရေးမျိုး ရလိမ့်မည် မဟုတ်ချေ။
ထို့နောက်တွင် လူတော်တော်များများသည် ကုန်းအောင်ဖုအား ချီးကျူးဂုဏ်ပြုလိုက်ကြလေသည်။ ကုန်းအောင်ဖုသည် အထက် စကြာဝဠာဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်နေပြီ ဖြစ်သည့်အတွက် သူမအပေါ် ယခင်ကကဲ့သို့ သွား၍ ဆက်ဆံလို့ မဖြစ်တော့ပေ။
ရန်ကိုင်သည် လှည့်ပတ်ကြည့်နေရင်းမှ နောက်ဆုံးတွင် သူ့အကြည့်သည် ယန်ပေးပေါ်တွင် ရပ်တန့်သွားခဲ့လေသည်။
ယန်ပေး မျက်နှာသည် ဒယ်ဖိုးဖင်ကဲ့သို့ မည်းနေ၏။ သို့သော်ငြား ရန်ကိုင်မှ သူ့အား ကြည့်လာသည်ကိုမြင်သော် သက်ပြင်းချ၍ လက်သီးဆုပ်ကာ “ဂိုဏ်းချုပ်ရန် ဂရုစိုက်ပါ၊ ဒီလူအိုကြီး ထွက်သွားပါတော့မယ်”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “စီနီယာယန်က ဘယ်သွားချင်လို့လဲ”
ယန်ပေးက မျက်မှောင်ကြုတ်လျက် “ငါလည်း မသိသေးဘူး။ တစ်ကြိမ်တစ်လှမ်းပေါ့”
အလောင်းဝိဥာဉ်ဂိုဏ်းသည် နေရာတိုင်းတွင် ရှိနေသည်။ ရတနာစံအိမ်သည် အားမနည်းသော်ငြား အလောင်းဝိဥာဉ်ဂိုဏ်းနှင့် ယှဉ်လိုက်သော် ပမွှားသာသာလောက်သာ ရှိတော့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ယန်ဖေး အနေဖြင့် သူ့လူများကို အထက်စကြာဝဠာဂိုဏ်းဆီသို့ ခေါ်လာစရာအကြောင်း မရှိပေ။
“စီနီယာယန် နေချင်ရင် ဒီမှာ ဆက်နေလို့ရတယ်လေ။ ကျုပ်အထက်စကြာဝဠာဂိုဏ်းက ဘာမှ ထူးထူးခြားခြားကြီး မဟုတ်ပေမယ့် ရတနာစံအိမ်ကလူတွေ နေဖို့အတွက် နေစရာ နေရာ အလုံအလောက်တော့ ပေးနိုင်တယ်”
စိတ်လှုပ်ရှားမှုကြောင့် ယန်ဖေး၏ ခန္ဓာကိုယ် တုန်ရီလာခဲ့သည်။ ထို့နောက် ရန်ကိုင်အား ကျေးဇူးတင်တကြီးကြည့်လျက် ခေါင်းငုံ့ကာ ပြောလိုက်လေသည် “ဒီလူအိုကြီး ကိုယ့်ကိုယ်ကို ရှက်မိပါတယ်”
အခြားသောဂိုဏ်းများမှ အထက်စကြာဝဠာဂိုဏ်းအား ပြဿနာ ရှာနေချိန် ရတနာစံအိမ်သည် ထိုအရှုပ်အရှင်းတွင် ဝင်မပါခဲ့ဘဲ ကြာနေအဖြစ်သာ ရပ်တည်ခဲ့သည်။ သူတို့၏ ကယ်တင်ထားသော ကျေးဇူးရှင် ဒုက္ခရောက်နေသည်ကို မသိကျေးကျွံပြုခြင်းသည် အမှန်တကယ်ကို ကျေးဇူးမသိတတ်သည့် လုပ်ရပ် ဖြစ်သည်။
ထိုသို့ဖြစ်လျှင်ပင် ရန်ကိုင်သည် သူတို့အား လက်ခံထားသေးသည့် အတွက် ယန်ပေး သူ့လုပ်ရပ်အပေါ် အမှန်တကယ် ရှက်ရွံ့မိသွားခြင်း ဖြစ်သည်။
ရန်ကိုင် သူတို့အား လက်ခံပေးထားခြင်းမှာ ရန်ကိုင်နှင့် ရတနာစံအိမ်ကြား ဆက်ဆံရေးကြောင့်မဟုတ်ဘဲ ချင်းတုန် မျက်နှာကြောင့်သာ ဖြစ်မှန်း ယန်ပေး သိပေသည်။ ယန်ပေးနှင့် ချင်းတုန်သည် အတော်လေးကို ခင်မင်ကြသည့် မိတ်ဆွေများ ဖြစ်ကြသည်ကိုး။
“စီနီယာယန် အဲ့ကိစ္စတွေကို စိတ်ထဲထားမနေတော့နဲ့။ ဒီကပ်ဆိုးကြီး ပြီးသွားရင်း ရတနာစံအိမ်ကနေ ကျုပ်ကို ကူညီစေချင်တာ အချို့ရှိတယ်။ အဲ့အချိန်ကျမှ စီနီယာယန်ပေး မငြင်းဖို့ မျှော်လင့်တယ်” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
“ဂိုဏ်းချုပ်ရန် စိတ်မပူနဲ့။ ရတနာစံအိမ်ရဲ့ အကူအညီလိုရင် စကား တစ်ခွန်းပဲပြောလိုက်။ ကျုပ်ချက်ချင်း ကူညီပေးမယ်” ယန်ပေးက ချက်ချင်း ပြန်ပြောလိုက်သည်။
ယန်ပေးအား အထက်စကြာဝဠာဂိုဏ်းတွင် ဆက်နေခွင့် ပေးရခြင်းမှာ ချင်းတုန်ကြောင့် ဖြစ်သလို ရတနာစံအိမ်သည် ပေါ့သေးသေး အင်အားစုတစ်ခု မဟုတ်သည့်အတွက်လည်း ပါပေသည်။ ရတနာစံအိမ်သည် တိုက်ခိုက်ရေးပိုင်းတွင်း မထူးချွန်သော်ငြား အဆက်အသွယ်ပိုင်းတွင်တော့ ဆရာတစ်ဆူ ဖြစ်သည်။ အရိပ်ကြယ်ပေါ်တွင် ရတနာစံအိမ်နှင့် ကင်းသည့် နေရာဟူ၍ မရှိသလောက်ပင်။
အထက်စကြာဝဠာဂိုဏ်းသာ ယခုထက် ပိုမို အားကောင်းလိုလျှင် ထိုကဲ့သို့သော မဟာမိတ်မျိုး ရှိထားသင့်သည်။
ထို့အပြင် ရီရှီယွင်အား ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားခဲ့သည့် အဓိက လက်သည်တရားခံများကို သတ်ပစ်လိုက်ပြီးပြီ ဖြစ်သည့် အတွက် သူ့ဒေါသလည်း အတော်လေး ပြေသွားခဲ့လေပြီ။
ထိုလူအားလုံးကို သတ်ပစ်လိုက်မည့်အစား အလောင်းဝိဥာဉ်ဂိုဏ်းနှင့် တိုက်ခိုက်ရန် အပြစ်ပေးလိုက်ခြင်းသည် ပို၍ ကောင်းပေသည်။
ယခုမှသာ မြေကွက်လပ်ကြီး အနည်းငယ် စည်စည်ကားကား ပြန်ဖြစ်လာခဲ့သည်။ သို့သော်လည်း လူအုပ်ကြီး၏ ကိုးဆယ် ရာခိုင်နှုန်းလောက်သည် ရန်ကိုင်အား ဒေါသထွက်အောင် လုပ်မိမည်ကို စိုးရွံ့သည့်အတွက် အနည်းငယ် သတိထား လှုပ်ရှားနေကြသေးသည်။
အထက်စကြာဝဠာဂိုဏ်းသားများ ဖြစ်သွားကြသည့် ကုန်းအောင်ဖုတို့ အဖွဲ့သည်သာ နဂိုပုံစံအတိုင်း အေးအေးဆေးဆေး ပြန်နေနိုင်ကြ၏။
ရန်ကိုင် အထက်စကြာဝဠာဂိုဏ်းသို့ ပြန်မရောက်သည်မှာ အတော်လေး ကြာနေခဲ့လေပြီ။ ထို့ကြောင့် ဂိုဏ်းကိစ္စများအပေါ် အတော်လေး စိုးရိမ်နေမိသလို ရီရှီယွင်နှင့် အခြားသူများ အတွက်လည်း စိတ်ပူနေမိသည်။ သို့ဖြစ်လေရာ ထိုလူများနှင့် အချိန်ကုန်ခံ စကားထိုင်ပြောမနေတော့ဘဲ သူတို့ နေထိုင်သည့် နေရာ အသီးသီးဆီသို့သာ ပြန်ပို့လိုက်ပြီးနောက် ကြယ်သင်္ဘောထဲမှ လူများကို အပြင်သို့ ခေါ်ထုတ်လိုက်လေသည်။
ထိုလူများ၏ နေစရာကိစ္စကိုတော့ ရန်ရှုကျုနှင့် အခြားသူများကိုသာ စီစဉ်ခိုင်းလိုက်တော့သည်။
ထို့နောက်တွင် သဲမီးတောက်နယ်မြေ၏ ခြောက်လွှာဆီသို့ ရန်ကိုင် အမြန် ပြေးတော့၏။
သို့သော်ငြား အထက်စကြာဝဠာဂိုဏ်းထဲကနေ မထွက်ရသေးခင်မှာပဲ သူ့ဆီသို့ အလင်းတန်းတစ်အုပ်ကြီး ပျံသန်းလာနေသည်ကို တွေ့လိုက်ရ၏။ ထိပ်ဆုံးမှ ဦးဆောင်လာသူမှတော့ ရီရှီယွင် ဖြစ်ပေသည်။
ထိုလူအုပ်ကြီးကို မြင်မြင်ချင်း ကြောင်သွားမိသော်ငြား ဤနေရာသို့ သူစရောက်စဉ်က ဝရုန်းသုန်းကားဖြစ်အောင် လုပ်လိုက်သည့် အတွက် ရီရှီယွင်တို့ သူပြန်ရောက်နေသည်ကို သိသွားမှန်း ဖြစ်ကြောင်း ရန်ကိုင် နားလည်လိုက်၏။
သူတို့ လာနေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ရပ်၍သာ စောင့်နေလိုက်တော့သည်။
ခဏအကြာတွင် လူနှစ်ရာမကသော လူအုပ်ကြီး ရန်ကိုင်ရှေ့သို့ ရောက်လာခဲ့သည်။
ရီရှီယွင်၏ အခြေအနေကို မမေးရသေးခင်မှာဘဲ ရီရှီယွင်က ရန်ကိုင်ကို အရင် စမေးလိုက်လေသည် “ပြီးသွားပြီလား”
ကြားကြားချင်း ကြောင်သွားမိသော်ငြား အသိပြန်ဝင်လာချိန် ရယ်မော၍ “အကြီးအကဲချုပ်က ကျုပ်ကို ဒီလောက်တောင် ယုံတယ်ပေါ့”
ရီရှီယွင်က ထူးမခြားနားဟန်ဖြင့် “ရှင်က ဂိုဏ်းချုပ်ပဲ။ ရှင့်ကို မယုံလို့ ဘယ်သူ့ ယုံရမှာလဲ”
ရန်ကိုင်က သက်ပြင်းချ၍ ခေါင်းညိတ်ကာ “ပြီးသွားပြီ”
ရီရှီယွင်က မြေကွက်လပ်ဘက်သို့ လှည့်၍ “သွေးနံ့က တော်တော် စူးတာပဲ။ ဘယ်လောက်တောင် သေသွာတာလဲ”
“သားရဲများတောင်တန်းရယ်၊ ဆေးတောင်ကြားရယ်၊ မြူနှင်းမှုန်နန်းတော်ရယ်၊ အဲ့အင်အားစု သုံးခုက လူတွေ အကုန်လုံး”
“ဂိုဏ်းချုပ်” ချန်ချီက ရုတ်တရက် နောက်မှ ထွက်လာပြီး ရန်ကိုင်အား ဦးညွှတ်၍ “အကြီးအကဲချုပ် ပြန်ဆုတ်သွားတာက သူတို့ကို မနိင်လို့မဟုတ်ဘူး။ အားနည်းတဲ့ တပည့်တွေ ဒုက္ခရောက်မှာစိုးလို့ ပြန်ဆုတ်လိုက်တာ။ ဂိုဏ်းသား အရေအတွက်က နည်းနေသေးတော့ တစ်ယောက်ကိုမှ မသေစေချင်လို့ အကြီးအကဲချုပ်က ပြန်ဆုတ်ခိုင်းလိုက်တာနော်”
“ကျုပ်သိတယ်” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
ချန်ချီ အံ့အားသင့်သွားခဲ့သော်ငြား ဘာမှတော့ ထပ်ပြီး မပြောခဲ့ပေ။
အစကတော့ အခြားဂိုဏ်းမှ လူများကို မနိုင်သည့်အတွက် ရီရှီယွင်တို့ ပြန်ဆုတ်သွားသည်ဟု ထင်ခဲ့သော်လည်း လက်ရှိ ရီရှီယွင်တို့၏ အခြေအနေကို မြင်ပြီးနောက် သူ့မှားနေမှန်း ရန်ကိုင် နားလည်လိုက်သည်။
လက်ရှိ ရီရှီယွင်တို့၏ အခြေအနေအရ ထိုလူများအား ပြန်၍ ယှဉ်မတိုက်နိုင်စရာ အကြောင်းမရှိချေ။ သို့ရာတွင် ရီရှီယွင် အနေဖြင့် ရန်သူများကို ခံတိုက်နိုင်လိမ့်မည် ဖြစ်သော်လည်း အခြားသော တပည့်များကကော ခံတိုက်နိုင်မည်လား။ ရန်ကိုင် သူ့ကိုယ်ပိုင် အင်အားစု စတင် တည်ထောင်ကတည်းက သူ့နောက်သို့ လိုက်ခဲ့ကြသည့် ဟိုင်ခဲမိသားစုမှ လူများဆိုလျှင် ယခုမှ သူတော်စင်ဘုရင်အဆင့်သို့သာ အမြင့်ဆုံး ရောက်သေး၏။
ရီရှီယွင်သာ ပြန်မဆုတ်လျှင် ကျင့်ကြံခြင်းအဆင့်နိမ့်သည့် တပည့်များအားလုံး အသတ်ခံရပေလိမ့်မည်။
“ဂိုဏ်းချုပ် နားလည်မှတော့ ကျွန်မ ထပ်ရှင်းပြမနေတော့ဘူး” ရီရှီယွင်က ခေါင်းညိတ်၍ ပြောလိုက်၏။
“အကြီးအကဲချုပ်ရဲ့ ဒဏ်ရာ ဘယ်လိုလဲ။ ကျုပ်ကြားတာတော့ အလောင်းဝိဥာဉ်ဂိုဏ်းက ဗိုလ်ချုပ်နှစ်ယောက်နဲ့ တိုက်ရင်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်ဆို”
“ဟုတ်တယ်။ နှစ်ယောက်တစ်ယောက် တိုက်တာ ဘယ်လိုမှ မနိုင်ဘူး။ အခုတော့ အတော်လေး သက်သာနေပါပြီ။ နောက်တစ်လ၊ နှစ်လလောက်ဆို လုံးဝ ပြန်ကောင်းပြီ”
“ကောင်းတယ်။ ဂိုဏ်းကို လူတွေအများကြီူ ရောက်လာမှာ ဆိုတော့ အကြီးအကဲချုပ်ကိုပဲ သူတို့အတွက် စီစဉ်ပေးဖို့ အားကိုးရတော့မယ်”
ရီရှီယွင်က ရန်ကိုင်အားကြည့်၍ နှာခေါင်းရှုံ့လျက် “ရှင့်ကြည့်ရတာ ဂိုဏ်ကိစ္စတွေကို ပစ်ပစ်ထားပြီး နေနေရတာ အရမ်း ပျော်နေတဲ့ပုံပဲနော်”
ရန်ကိုင်က အကျယ်ကြီး အော်ရယ်မောလျက် “ဒါကတော့ ဒီလိုလေ။ အဲ့အပိုင်းက ကျုပ်အားသာတဲ့ အပိုင်းမှမဟုတ်တာ။ ပြီးတော့ ကျုပ်ဂိုဏ်းမှာ မရှိတာ ရှစ်နှစ်လောက်တောင် ရှိနေပြီ ဆိုတော့ ဂိုဏ်အခြေအနေကို ပိုလို့တောင် မသိသေးဘူး ဖြစ်နေတာကိုး အကြီးအကဲချုပ်ရဲ့”
“ထားလိုက်တော့” ရီရှီယွင်က သူမလက်ကို ဝှေ့ရမ်း၍ ပြောလိုက်၏။
အယောက် နှစ်ယောက်သာ စကြာဝလာဂိုဏ်းသားများသည် ဠာနချုပ်ဆီသို့ အလျင်အမြန် ပြန်သွားကြလေသည်။
ကမ္ဘာငယ်လေးထဲမှ သောင်းနှင့်ချီသော လူများကို ရန်ကိုင် အပြင်သို့ ထုတ်လိုက်သည့်အခါတွင် အမြဲလိုလို တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေတတ်သော ရီရှီယွင်ပင် အတော့်ကို အံ့အားသင့်သွားခဲ့သည်။
အထက်စကြာဝဠာဂိုဏ်းဆီသို့ ရန်ကိုင် လူများစွာကို ခေါ်လာမှန်း သူမ သိသော်ငြား ဤမျှ များလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ ကံကောင်းစွာဖြင့် ထိုလူအားလုံးမှာ ရန်ကိုင်၏ မွေးရပ်မြေမှ လာခြင်း ဖြစ်သည့်အတွက် ဂိုဏ်အား သစ္စာဖောက်မည့် ကိစ္စအပေါ် စိတ်ပူနေစရာ မလိုပေ။
ဤလူများကို ထည့်ပေါင်းလိုက်မည်ဆိုလျှင် အလောင်ဝိဥာဉ်ဂိုဏ်းမှ လွဲ၍ အထက်စကြာဝဠာဂိုဏ်းသည် လက်ရှိ အချိန်တွင် အရိပ်ကြယ်၌ လူအင်အားအများဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့လေသည်။ အလောင်းဝိဥာဉ်ဂိုဏ်းမှာမူ နေ့စဉ်နှင့်အမျှ လူပေါင်းများစွာ ဂိုဏ်းအား အညံ့ခံ့လာနေသည့်အတွက် လူအရေအတွက်လည်း တဖြည်းဖြည်း များပြားလာနေရခြင်း ဖြစ်သည်။
ကလန်ကြီးသုံးခုမှ ခေါင်းဆောင်များကို ဆင့်ခေါ်ပြီးနောက် သူတို့ နေထိုင်ရာဝန်းကျင်နှင့် ပက်သက်သည့် လိုအပ်ချက်များကို မေးမြန်ခဲ့ပြီး သူတို့အတွက် တောင်ထွတ်အသီးသီး အလျင်အမြန် စီစဉ်ပေးလိုက်လေသည်။
တောင်ထွတ်များပေါ်တွင် အဆင့်သင့် ဆောက်ထားသော နန်းတော်များ, အဆောက်အများ ရှိနေခဲ့သည်။ ထို့ကြောင့် လာနေသူများအနေဖြင့် နည်းနည်းလောက် ရှင်းလင်းရုံဖြင့် အဆင်ပြေလေပြီ။
အထက်စကြာဝဠာဂိုဏ်း၏ တပည့်များကတော့ သူတို့ နေသည့် နေရာဆီသို့သာ ပြန်သွားကြလေသည်။
တစ်ရက်အတွင်း ကိစ္စတော်တော်များများ ပြီးပြတ်သွားခဲ့သည်။
လူအယောက်ပေါင်း သောင်းနှင့်ချီ ရောက်လာသည့်တိုင် တောင်ထွတ်အားလုံး လူမပြည့်သေးချေ။ ထိုအချက်ကိုကြည့်လျှင် အထက်စကြာဝဠာဂိုဏ်း မည်မျှ ကျယ်ဝန်းကြောင်း မြင်တွေ့နိုင်၏။ ပြင်ပမှ လာရောက်ခိုလှုံကြသူများမှာမူ ထိုတောင်ထွတ်များကို အားကျစွာ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ဤနေရာသို့ ရောက်လာသူများထဲ အများစုမှ အထက်စကြာဝဠာဂိုဏ်းအား ရန်စထားဖူးသူများ ဖြစ်ကြသဖြင့် ရန်ကိုင်မှ သူတို့အား မောင်းထုတ်မည့်ပုံစံ မပြောသော်ငြား ရန်ကိုင်အား ဒေါသမထွက်မိစေရန်အတွက် သူတို့ကိုယ်သူတို့ သတိထားပြီး ဆင်ဆင်ခြင်ခြင်ဖြင့် နေရသည်။
နောက်ရက်များအတွင်း ရန်ကိုင်သည် ကလန်ကြီးသုံးခုမှ လူများ နေရ အဆင်ပြေမပြေ လိုက်ပတ်ကြည့်လေသည်။ အကုန်လုံး အဆင်ပြေပြေနှင့် ရှိနေကြပေသည်။ ထုန်းရွှမ်လောကကြီးနှင့် ယှဉ်လိုက်သော် အထက်စကြာဝဠာဂိုဏ်းသည် အရိပ်ကြယ်ပေါ်ရှိ အကောင်းဆုံး နေရာတွင် ရှိနေခြင်း ဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၈၈)
ထိုကိစ္စများ ပြီးပြတ်သွားသည့်နောက် အခြားကိစ္စများအပေါ် အာရုံစိုက်ရမည့် အချိန်သို့ ရောက်လာခဲ့လေပြီ။
ယခု ရီရှီယွင်နှင့် အခြားသူများကို ကုသပေးရမည့် အချိန်ပင်။ အထက်စကြာဝဠာဂိုဏ်းသားများထဲတွင် ရီရှီယွင် တစ်ဦးတည်းသာ ဒဏ်ရာရထားခြင်းမဟုတ်၊ တန်ခိုးရှင်အဆင့် အတော်များများ ဒဏ်ရာရထားကြသည်။
ရထားသည့် ဒဏ်ရာများမှာ အလောင်းချီများကြောင့် ဖြစ်လေရာ သာမန်ဒဏ်ရာများထက် ကုသရန် ပိုခက်ခဲပေသည်။ အလောင်းချီသည် တိုက်စားတတ်ရုံမက ချီလှည့်ပတ်ခြင်းကိုပါ အနှောင့်အယှတ် ဖြစ်စေ၏။
ထို့ကဲ့သို့သော ဒဏ်ရာများကို ကုသရန်အတွက် အထူး အဆိပ်ဖြေဆေး တစ်မျိုးကို လိုအပ်ပေသည်။
သူတို့ ဒဏ်ရာများထဲမှ အလောင်းချီကိုများကို မရှင်းထုတ်နိုင်လျှင် ဒဏ်ရာကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသရန် မဖြစ်နိုင်ပေ။ သူတော်စင်ချီကိုသုံး၍ အလောင်းချီကို ခန္ဓာကိုယ်ထဲမှ ဖြည်းဖြည်းချင်း ရှင်းထုတ်ပစ်၍ ရသော်လည်း ထိုကဲ့သို့လုပ်လျှင် အချိန်အကြာကြီး လိုပေလိမ့်မည်။
သူပြန်ရောက်နေပြီ ဖြစ်သဖြင့် ထိုကိစ္စကို စိတ်ပူနေစရာ မလိုတော့ချေ။
ရန်ကိုင်သည် ရှနင်းချန်နှင့်အတူ အလောင်းချီအား ဖယ်ရှားပေးနိုင်သည့် အထူး ဆေးလုံးတစ်လုံးကို ဖော်စပ်ခဲ့သည်။ ထိုဆေးလုံးကို သောက်လိုက်သည်နှင့် အလောင်းချီသည် လျင်မြန်စွာ အရည်ပျော်ကျသွားပေလိမ့်မည်။
အလောင်းချီသာ မရှိတော့လျှင် အထက်စကြာဝဠာဂိုဏ်းသားများ လျင်မြန်စွာ ပြန်လည် ကောင်းမွန်နိုင်လာပေလိမ့်မည်… ရန်ကိုင်မှ အဆင့်မြင့် ဆေးလုံးများကို အထူးတလည် ပြင်ဆင်ပေးထားသည့် အတွက် သူတို့ ပြန်ကောင်းလာသည့် အမြန်နှုန်းမှာ ယခင်ထက်ပိုမို မြန်ဆန်လာပေလိမ့်မည်။
ထိုသို့ဖြင့် ဆယ်ရက်အတွင်း အထက်စကြာဝဠာဂိုဏ်းသားများ လနှင့်ချီအောင် မဖြေရှင်းနိုင်ခဲ့သော ကိစ္စအားလုံး အမြစ်ပြတ် ရှင်းလင်းပစ်နိုင်ခဲ့လေသည်။
ယခင် ထင်မှတ်မထားသည့် အဖြစ်အပျက်အတွင်း ရီရှီယွင်၏ ဆုံးဖြတ်ချက် မြန်ဆန်မှုကြောင့် မည်သည့် ဆုံးရှုံးမှုမှ မရှိခဲ့ချေ။ ရီရှီယွင်သည် အထက်စကြာဝဠာဂိုဏ်းဝန်းထဲမှ မထွက်သွားခင် ဂိုဏ်းထဲရှိ အဖိုးတန် ရတနာအားလုံးကို သူမနှင့်အတူ ယူသွားခဲ့သည်။ ထို့အပြင် အထက်စကြာဝဠာဂိုဏ်း၏ ဠာနချုပ်ကို အပြင်လူများမှ မောင်ပိုင်စီးထားသော အချိန်အတွင်းတွင်လည်း မည်သည့် အထိအခိုက်မှ မရှိခဲ့ပေ။
ရီရှီယွင်သည် ပြန်ရောက်သည်နှင့် ဖယောင်းနီသီး၊ နှစ်တစ်သောင်း အမွှေးနံ့သာနှင့် အခက်ကိုးခက်ကျောက်စိမ်း သစ်ပင်တို့အား မူလ နေရာတွင် ပြန်ထားလိုက်လေသည်။
ဤသို့ဖြင့် ဆယ်ရက်ကြာပြီးနောက်တွင် အထက်စကြာဝဠာဂိုဏ်း ယခင် အခြေအနေအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ရန်ကိုင်သည် အထက်စကြာဝဠာဂိုဏ်း၏ အကြီးအကဲအားလုံးကို အဓိက ခန်းမထဲသို့ ဆင့်ခေါ်လိုက်သည်။
အစည်းအဝေးစသည့်အခါ ရန်ကိုင်သည် အရေးကြီးသည့် မည်သည့် အကြောင်းအရာကိုမှ စမပြောသေးဘဲ လွန်ခဲ့သော နှစ်များအတွင်း ဂိုဏ်းအား တိုးတက်အောင် ဆောင်ရွက်ပေးခဲ့သည့်အပေါ် အကြီးအကဲများအား ကနဦးစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
အချိန်ခဏကြာတော့မှာသာ ရုတ်တရက် ပြုံးလျက် ပြောလိုက်၏ “ကျုပ်အပြင်သွားနေတုန်း ခင်ဗျားတို့အတွက် ပစ္စည်းကောင်းတွေ ရှာတွေ့လာခဲ့တယ်။ ဒါတွေက အခုတိုက်ပွဲမှာတော့ သိပ်ပြီး အသုံးဝင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားတို့ကို တန်ခိုးရှင် ဘုရင်အဆင့် ပက်သက်တဲ့ နိယာမတွေကိုတော့ နားလည်အောင် ကူညီပေးနိုင်လိမ့်မယ်။ လိုအပ်ချက်တွေသာ ပြည့်မယ်ဆိုရင် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့ ခင်ဗျားတို့ ဒီက ထွက်သွားရုံပဲ”
ထိုစကား ထွက်လာချိန် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး ရန်ကိုင်အား မယုံကြည်နိုင်မှု အထင်းသားဖြင့် ကြည့်လိုက်ကြ၏။
ရီရှီယွင်သည်ပင် ရန်ကိုင်အား စိတ်ဝင်တစား အကြည့်ဖြင့် ကြည့်လာခဲ့သည်။
တန်ခိုးရှင်ဘုရင်အဆင့်သည် အရိပ်ကြယ်ပေါ်၌ မည်သူမှ မရောက်ဖူးသည့် အဆင့်တစ်ခု ဖြစ်ခဲ့သည်။ ရီရှီယွင် ကဲ့သို့သော ပညာရှင်ပင် နောက်ဆုံးအဆင့်ကို မဖြတ်ကျော်နိုင်ခဲ့ချေ။ အရိပ်ကြယ်တွင် နေရန်သာ ဆုံးဖြတ်ခဲ့သော်ငြား တန်ခိုးရှင်ဘုရင် အဆင့်သို့ သူမ မရောက်ချင်သည်မဟုတ်။
သူမ အမှန်တကယ်ကို ရောက်ချင်ပေသည်။ တန်ခိုးရှင်အဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိပြီးနေပြီ ဖြစ်သည့်အတွက် ဤအဆင့်၌ ဆက်နေ၍လည်း သူမအတွက် ဘာမှ မထူးတော့။
သို့သော်လည်း ယန်ယန်သည် ခြောက်လွှာမြောက်တွင် အိပ်စက်နေသေး၏။ ယန်ယန် မတော်တဆ တစ်ခုခု ဖြစ်မည် စိုးသည့်အတွက်ကြောင့် ဂိုဏ်းတွင်သာ ကျန်နေရစ်ရန် ရွေးချယ်ခဲ့သည်။
“ဂိုဏ်းချုပ်၊ ဘယ်လို ရတနာတွေကများ အဲ့လို လုပ်ပေးနိုင်လို့လဲ” ကုန်းအောင်ဖုက ပြုံး၍ မေးလိုက်၏။
သူမသည် အထက်စကြာဝဠာဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်ခါစ ဖြစ်သော်ငြား လဝက်အတွင်း အခြားသူများနှင့် ရင်းနှီးအောင် လုပ်နိုင်ခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲများထဲတွင် ဝင်ပြောနိုင် ဆိုနိုင်လာခဲ့လေ၏။
အကုန်လုံးသည် ရန်ကိုင်အား စိတ်ဝင်တစား ကြည့်နေကြသည်။
“ဒါလေ” ရန်ကိုင်လည်း သိုလှောင်လက်စွပ်ထဲမှ အရောင်မှိန်မှိန် သလင်းကျောက်တစ်လုံးကို ထုတ်ပြလိုက်သည်။
ထိုသလင်းကျောက် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခန်းမထဲ သိပ်မွေ့နက်နဲသည့် အရှိန်အဝါတစ်ရပ် ပျံ့နှံ့လာခဲ့သည်။ ခန်းမထဲတွင် ရှိနေသော တန်ခိုးရှင်အဆင့် ပညာရှင်အားလုံး ထိုအရှိန်အဝါကို ခံစားမိပြီးနောက် အလွန်ကိုမှ မှင်သက် အံ့ဩကုန်ကြလေသည်။
“နယ်ပယ်ကျောက်တုံး” ရန်ရှုကျု၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပသွားခဲ့၏။
ချူဟန်ရီနှင့် လင်းယုရောင်တို့သည်လည်း ထိုသလင်းကျောက်ကို မြင်သည်နှင့် ဘာမှန်း ချက်ချင်း တန်းသိလိုက်ကြသည်။
“နယ်ပယ်ကျောက်တုံးက ဘာကြီးလဲ” ရီရှီယွင်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်၏။ လက်ရှိလူများထဲတွင် သူမ၏ ကျင့်ကြံခြင်းသည် အမြင့်ဆုံးဖြစ်သည့်အတွက် ထိုသလင်းကျောက် ဆီမှ ဖြာထွက်နေသော စွမ်းအင် မည်မျှ နက်နဲဆန်းကြယ်လဲ ဆိုသည်ကို ကောင်းကောင်း နားလည်သဘောပေါက်သည်။ သလင်းကျောက်မှ စွမ်းအင်ကို ခံစားမိလိုက်ရုံဖြင့်ပင်လျှင် သူမ၏ ဝိဥာဉ် လန်းဆန်းသစ်လွင်သွားသလို ခံစားနေရရာ သူမသာ ထိုကျောက်တုံးဖြင့် အချိန်အကြာကြီး ကျင့်ကြံနိုင်မည် ဆိုပါက မည်မျှ များပြားသော အကျိုးအမြတ်များကိုပင် ရနိုင်မည်နည်း။
ရန်ကိုင်က သူကိုယ်တိုင် ရှင်းပြမနေဘဲ ရန်ရှုကျုကိုသာ အချက်ပြလိုက်သည်။
ရန်ရှုကျုလည်း နယ်ပယ်ကျောက်တုံးအကြောင်း အခြားသူများကို ရှင်းပြလိုက်လေသည်။
နယ်ပယ်ကျောက်တုံးများသည် သေဆုံးသွားသော တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများမှ ဖြစ်ပေါ်လာကြောင်း သိလိုက်ရသည့်နောက် ခန်းမထဲတွင် ရှိနေသူအားလုံး၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပသွားခဲ့ကြသည်။
နယ်ပယ်ကျောက်တုံးများကို သန့်စင်ခြင်းဖြင့် နယ်ပယ်၏ နက်နဲဆန်းကြယ်မှုများအား နားလည်သဘောပေါက်နိုင်ကြောင်း သိလိုက်ရသည့်နောက် အကုန်လုံး၏ အသက်ရှုသံပါ တဖြည်းဖြည်း လေလံလာကုန်ကြလေသည်။ လူတိုင်းသည် ရန်ကိုင်၏ လက်ထဲတွင် နယ်ပယ်ကျောက်တုံးအား အဆီတရွှဲရွှဲ အသားတုံးကို ကြည့်သလို စိုက်ကြည့်လာကြလေသည်။
“နယ်ပယ်ကျောက်တုံးတွေက တောင်စိမ်းကြယ်က သွေးအကျဉ်းထောင်ထဲမှာပဲ ရှိတာ။ သလင်းကျောက် တစ်တုံးစီတိုင်းက အရမ်း အဖိုးတန်တယ်။ ရှားလည်း အရမ်း ရှားတယ်။ ဒီယန်ဆိုရင် သွေးအကျဉ်းထောင်ထဲသာ ဝင်သွားတယ်၊ တစ်တုံးတောင် မရလိုက်ဘူး။ အကြီးအကဲလင်းကတော့ ကံကောင်းတော့ တစ်တုံး ရလိုက်သေးတယ်” ရန်ရှုကျုက လင်းယုရောင်အား အားကျစွာကြည့်လျက် ပြောလိုက်သည်။
လင်းယုရောင်ကလည်း ပြုံး၍ သူမ၏ နယ်ပယ်ကျောက်တုံးကို အားလုံးမြင်အောင် ထုတ်ပြလိုက်လေသည်။
ချူဟန်ရီသည်လည်း လင်းယုရောင်အား အားကျသည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။
သွေးအကျဉ်းထောင်ထဲသို့ ဝင်သွားပြီးနောက် သူတို့သုံးဦး လမ်းခွဲလိုက်ကြသည်။ သူတို့၏ မြင့်မားသော ကျင့်ကြံခြင်းကြောင့် မည်သည့် အန္တရာယ်နှင့်မှ မကြုံခဲ့ရသော်ငြား အကျိုးအမြတ် များများစားစားလည်း မရရှိခဲ့ချေ။ ချင်းတုန်ကမူ သူတို့ အားလုံးထက် အများကြီး ပိုကံကောင်းကာ သွေးအကျဉ်းထောင်မှ ထွက်လာနိုင်သည်နှင့် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်သွားနိုင်ခဲ့၏။
“အကြီးအကဲလင်းက တကယ် ကံကောင်းတာပဲ” ချန်ချီ သက်ပြင်းချလိုက်၏။
သို့သော် ချန်ချီ၊ ဟောင်အန်း၊ နင်ရှန်းချန်၊ ဟွမ်ကျန်းနှင့် လူတော်တော်များများသည် လင်းယုရောင်၏ကံကို အရမ်းကြီး အားကျခြင်း မရှိချေ။ သူတို့၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင် ပထမအဆင့်သာ ရှိသေးသည့်အတွက် နယ်ပယ်ကျောက်တုံး ရှိလျှင်ပင် သူတို့အတွက် သိပ်ပြီး အဖိုးမတန်ချေ။ အများဆုံးမှ နယ်ပယ်ကျောက်တုံးကိုသုံး၍ ရှီကို သိပ်သည်းသည့် အလုပ်မျိုးသာ လုပ်နိုင်ပေလိမ့်မည်။
နယ်ပယ်များသည် ရှီမှ သိပ်သည်းလာခြင်း မဟုတ်ပေလော။ ထို့ကြောင့် နယ်ပယ်ကျောက်တုံးအား ရှီသိပ်သည်းသည့် ဖြစ်စဉ်ကို ကူညီပေးနိုင်ပေလိမ့်မည်။
ပြောသာပြောရသော်ငြား နယ်ပယ်ကျောက်တုံးသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများအတွက် အမှန်တကယ်ကို ငြင်းမရသည့် ရတနာတစ်ပါး ဖြစ်နေပေသေးသည်။
ရီရှီယွင်က ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် အော်ပြောလိုက်လေသည် “ဂိုဏ်းချုပ်၊ အဆင်ပြေရင် ကျွန်မ ဆယ်တုံးလောက် လိုချင်တယ်”
ခန်းမထဲ သက်ပြင်းရှိုက်သံများ အသီးသီး ထွက်ပေါ်လာပြီး ရန်ရှုကျုနှင့် အခြားသူများအားလုံး ရီရှီယွင်အား နားမလည်နိုင်ဟန်ဖြင့် စိုက်ကြည့်လာကြလေသည်။
နယ်ပယ်ကျောက်တုံး မည်မျှ အဖိုးတန်လဲ ဆိုသည်ကို အခြားသူများ သိချင်မှသိလိမ့်မည် ဖြစ်သော်ငြား ရန်ရှုကျုတို့ အဖွဲ့ကတော့ ကောင်းကောင်း နားလည်ပေသည်။ သူတို့ ကိုယ်တိုင် သွေးအကျဉ်းထောင် စမ်းသပ်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အတွက် နယ်ပယ်ကျောက်တုံးများ မည်မျှ ရှာရခက်သလဲ ဆိုသည်ကို ကောင်းကောင်း သိထားသည်။ သို့သော်လည်း ရီရှီယွင်သည် တစ်ခါတည်း ဆယ်တုံး လာတောင်းနေသည်။
အကြီးအကဲချုပ် လုပ်သွားသည့်ပုံစံသည် သူ့ပုံစံနှင့် သိပ်တူမနေပေ။
အခြားသူများ သူ့အား ကြည့်နေသည်ကို မြင်သော် ရီရှီယွင်က နှာခေါင်းရှုံ့၍ “ဂိုဏ်းချုပ်ပက သူ့မှာ ဒီတစ်တုံးပဲရှိရင် ထုတ်ပြမယ် ထင်နေလား။ ဂိုဏ်းချုပ်စရိုက် ငါသိပြီသား။ သူ့မှာ အများကြီး မရှိဘဲ ငါတို့ရှေ့ ထုတ်ပြနေမှာ မဟုတ်ဘူး”
ထိုစကားကို ကြားသည့်အခါ ရန်ရှုကျုနှင့် အခြား အကြီးအကဲများ အားလုံး ရုတ်တရက် နားလည်သွားပြီး မီးတောက်မတတ် အကြည့်ဖြင့် ရန်ကိုင်အား လှည့်ကြည့်လိုက်ကြလေသည်။
ရန်ကိုင်လည်း ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့ဘဲ ရယ်ချလိုက်ပြီးနောက် ခေါင်းတရမ်းရမ်းဖြင့် “အကြီးအကဲချုပ်က တကယ်ကို လူကဲဖတ်တတ်တာပဲ။ အကြီးအကဲချုပ်ဆီမှ ကျုပ်ဘာမှ ဖုံးထားလို့ မရပါလား”
“ဂိုဏ်းချုပ်…” ရန်ရှုကျု တံတွေးတစ်လုတ် မျိုချလိုက်၏။
“ဟုတ်တယ်။ ကျုပ်တော်တော် ရလာတယ်။ တော်တော်လေးကို ရလာတာ”
“ဘယ်လောက် ရလာတာလဲ” ချူဟန်းရီက ကတုန်ကယင် လေသံဖြင့် မေးလိုက်သည်။
“ခင်ဗျားတို့ အကုန်လုံးကို တစ်ယောက်ဆယ်တုံး ပေးလို့ လောက်တယ်”
ရန်ရှုကျုနှင့် အခြားသူအားလုံး အသက်ပြင်းပြင်းတစ်ချက်စီ ရှူသွင်းပစ်လိုက်ကြပြီး ရန်ကိုင်အား လေးစားတကြီး ကြည့်လိုက်ကြ၏။
ခန်းမထဲတွင် လူများများစားစားမရှိဘဲ ဂိုဏ်းထဲသို့ မကြာသေးခင်ကမှ ဝင်ထားသည့် ကုန်းအောင်ဖုနှင့် တိုက်ယွမ်တို့ အပါအဝင် စုစုပေါင်း (၁၅)ယောက်လောက်သာ ရှိသည်။
ရန်ကိုင်သည် ယင်စုတျယ်ကို သိပ်ကြည့်မရဘဲ တိုက်ယွမ်နှင့်သာ ခင်မင်ရင်းနှီးမှန်း သိထားသည့်အတွက် ကုန်းအောင်ဖုသည် ယခု တစ်ကြိမ်တွင် ယင်စုတျယ်ကို ခေါ်မလာဘဲ တိုက်ယွမ်ကိုသာ ခေါ်လာခဲ့လေသည်။
“ဂိုဏ်းချုပ်ကို ကျွန်မ အထင်သေးမိသွားတာပဲ။ အစောကြီးကတည်းကသိရင် ဒီထက် ပိုတောင်းလိုက်ပါတယ်” ရီရှီယွင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
ရန်ကိုင်က ရယ်မောလျက် “အကြီးအကဲချုပ် လိုချင်ရင် ကိစ္စမရှိဘူး။ ထပ်ယူလို့ရတယ်။ ဒါပေမယ့် အကြီးအကဲချုပ် ရှီကို နားလည်ထားသလောက်ဆိုရင် နှစ်တုံး သုံးတုံးလောက်နဲ့တင် လုံလောက်ပြီလို့ ထင်တာပဲ။ နောက်ထပ် ဆက်ယူနေလည်း အပို ဖြစ်နေမှာပဲဟာကို”
“ကျွန်မ သုံးလို့ မရရင်တောင် အခြားသူတွေအတွက် သိမ်းထားပေးလို့ ရတယ်လေ” ရီရှီယွင်က ပြန်ပြောလိုက်၏ “ထားလိုက်တော့၊ ဆယ်တုံးပဲ မှတ်လိုက်တော့”
ရန်ကိုင်လည်း ဘာမှ ထပ်ပြောမနေတော့ဘဲ ရီရှီယွင်အား နယ်ပယ်ကျောက်တုံး ဆယ်တုံး ပေးလိုက်လေသည်။
“ဂိုဏ်းချုပ်…” ရန်ရှုကျုသည် သူ့လက်နှစ်ဖက်ကို ပွတ်ရင်း ရန်ကိုင်အား မျှော်လင့်တကြီး ကြည့်လာသည်။
ပုံမှန်ရတနာမျိုးဆိုလျှင် သိပ်ဂရုစိုက်နေမည် မဟုတ်သော်လည်း ဤနယ်ပယ်ကျောက်တုံးသည် သူတို့ကဲ့သို့ တန်ခိုးရှင်တတိယ အဆင့် ကျင့်ကြံသူများအတွက် အလွန် အသုံးဝင်သည့် ရတနာ တစ်မျိုးဖြစ်သည်။ သွေးအကျဉ်းထောင်ထဲမှ ထွက်လာပြီးနောက် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရန်ရှုကျု မချိုးဖျက်နိုင်ခဲ့ချေ။ သို့သော် သူ့တွင်သာ နယ်ပယ်ကျောက်တုံး အလုံအလောက် ရှိမည်ဆိုပါက နောက်တစ်ကြိမ် အရိပ်ကြယ်မှ ထွက်ခွာသည့်အခါ တန်ခိုးရှင် ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်လောက်ပေသည်။
ထို့အပြင် အထက်စကြာဝဠာဂိုဏ်းတွင် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကြီး ရှိနေလေရာ နောက်ပိုင်းတွင်လည်း ရန်ကိုင် အနေဖြင့် အပြင်ဘက်သို့ သွားဦးမည်ဟု ရန်ရှုကျု ယုံကြည်နေသည်။

အပိုင်း (၁၆၈၉)
ရန်ရှုကျု၊ ချူဟန်းရီနှင့် လင်းယုရောင်တို့သည်လည်း သူတို့ လိုချင်သော နယ်ပယ်ကျောက်တုံး အသီးသီးကို ရလိုက်ကြ၏။
နယ်ပယ်ကျောက်တုံးများ၏ အကူအညီဖြင့် ဆိုပါက နယ်ပယ်၏ နက်နဲဆန်းကြယ်မှုမျးကို နားလည်သဘောပေါက်နိုင်လိမ့်မည်ဟု သူတို့အားလုံး ယုံကြည်နေကြသည်။ သွေးအကျဉ်းထောင် စမ်းသပ်ပွဲအတွင်းမှ အတွေ့အကြုံကိုပါ ထည့်ပေါင်းလိုက်သော် နောက်တစ်ကြိမ် အရိပ်ကြယ်မှ ထွက်ခွာလျှင် တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
ခန်းမထဲတွင် ရှိနေသူအားလုံးသည် သူတို့၏ ကျင့်ကြံခြင်းအရ နယ်ပယ်ကျောက်တုံး အရေအတွက် အသီးသီး ရကြ၏။
ရန်ကိုင်သည် တန်ခိုးရှင်ဒုတိယအဆင့် တစ်ယောက်ချင်းစီအား နယ်ပယ်ကျောက်တုံး ငါးတုံးဆီပေးပြီး ပထမအဆင့်များအား သုံးတုံးကျစီ ပေးသည်။
သူတို့သာ ထိုနယ်ပယ်ကျောက်တုံးများထဲရှိ စွမ်းအင်ကို ကောင်းကောင်း အသုံးချနိုင်မည်ဆိုပါက ရှီကို သိပ်သည်းဖို့ရာ ပြဿနာ ရှိတော့လိမ့်မည် မဟုတ်ချေ။
တစ်တုံး၊ နှစ်တုံးလောက်ပဲ ပေးခြင်းသည် ရန်ကိုင် ကပ်စေးနဲနေခြင်း မဟုတ်။ အများကြီး ပေးနေလျှင် အပိုသာ ဖြစ်တော့မည် ဖြစ်လိမ့်မည် ဖြစ်သည့်အတွက်ကြောင့် ဖြစ်ပေသည်။ နယ်ပယ်ကျောက်တုံးများသည် တစ်ကြိမ်သုံး ပစ္စည်းများ ဖြစ်ကြသော်ငြား ထိုအရားများသည် သူတို့ အသုံးပြုနေကြသည် သူတော်စင်သလင်းကျောက်များနှင့် မတူချေ။
ရန်ကိုင် ပေးလိုက်သည့် နယ်ပယ်ကျောက်တုံး ပမာဏသည် သူတို့ လောလောဆယ် အသုံးပြုရန်အတွက် လုံလောက်ပေသည်။
နယ်ပယ်ကျောက်တုံးများကို အသီးသီး ဝေပေးပြီးနောက်တွင် အမျိုးမျိုးသော မှော်ရတနာများကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။
ထိုမှော်ရတနာများအနက် အများစုမှာ မွန်းစတားဧကရာဇ်ကြယ်မှ ရလာခဲ့ခြင်း ဖြစ်ပြီး မှော်ရတနာအားလုံးမှာလည်း တန်ခိုးရှင်အဆင့် မှော်ရတနာများချည်းသာ ဖြစ်ကြသည်။
ထိုရတနာများဖြင့်ဆိုပါက အားလုံး၏ ခွန်အား သိသိသာသာ မြင့်မားလာပြီး အလောင်းဝိဥာဉ်ဂိုဏ်းနှင့် တိုက်ခိုက်ရာတွင် ယခင်ထက် အသက်ရှင်နိုင်ချေ ပိုမို မြင့်မားလာလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေမိသည်။ ထိုပစ္စည်းများကို မည်ကဲ့သို့ ဝေစုခွဲမည်လဲ ဆိုသည်ကိစ္စနှင့် ပက်သက်၍မူ ရန်ကိုင်ကိုယ်တိုင် ခေါင်းစားမနေဘဲ မှော်ရတနာများကို ရီရှီယွင် လက်ထဲသို့သာ ထည့်ပေးလိုက်၏။
ထို့အပြင် ဆေးလုံးများလည်း ရှိပေသေးသည်။
ကိစ္စအားလုံး ပြီးပြတ်သွားပြီးနောက်တွင် ရှနင်းချန်နှင့် စုယန်ကို ခေါ်၍ ပထမကောင်းကင်နန်းတော်သို့ ပြန်သွားလေသည်။
သူနေနေသည့် ပထမကောင်းကင်နန်းတော်သည် အရမ်းကြီး မကျယ်သော်ငြား ကျဉ်းလည်းမကျဉ်းချေ။ နန်းတော်ထဲတွင် အခန်းများစွာရှိပြီး ခြံဝန်များလည်း ရှိကြပေသည်။ ယခင်က ဤနေရာတွင် ရန်ကိုင် တစ်ဦးတည်း နေထိုင်ခဲ့သော်ငြား ယခုမူ စုယန်နှင့် ရှနင်းချန်တို့ပါ ဤနေရာတွင် နေတော့ပေမည်။
အထက်စကြာဝဠာဂိုဏ်းသည် လုံးဝကို လုံခြုံနေသေးသော်ငြား ရန်ကိုင်သည် သူနှင့် ရင်းနှီးသူအားလုံး၏ ခွန်အားကို မြန်မြန်ဆန်ဆန် တိုးတက်လာစေချင်မိသည်။
စုယန်ကတော့ စိတ်ပူစရာမလိုချေ။ စုယန်သည် နှင်းခဲကိုအပြင် ဖီးနစ်အရင်းအမြစ်ကိုပါ ပိုင်ဆိုင်ထားသလို သူမ၏ ကျင့်ကြံခြင်းမှာလည်း တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေပြီ ဖြစ်သည့်အတွက် ချင်းတုန်ကိုယ်တိုင်သာ မလှုပ်ရှားသရွေ့ အရိပ်ကြယ်ပေါ်၌ မည်သူမှ သူမအား ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ချင်းတုန်ကလည်း စုယန်ကို တိုက်ခိုက်မည်မှ မဟုတ်လေဘဲ။
ရှနင်းချန်သည် မကြာသေးခင်ကမှ တန်ခိုးရှင်ဒုတိယအဆင့်သို့ ချိုးဖျက်ဝ၍်ရောက်ခဲ့သည်။ ထုန်းရွှမ်လောကကြီး၏ ကြယ်သခင် ဖြစ်လာပြီးနောက်တွင် သူမ၏ ကျင့်ကြံခြင်းမှာ ယခင်ထက် ပိုမို မြန်ဆန်လာခဲ့သည်။ သို့ရာတွင် တန်ခိုးရှင်ဒုတိယအဆင့်သည် အားနည်းသည့်အထဲ ပါနေပေသေးသည်။
ရန်ကိင်သည် အစိမ်းရောင် ချပ်ဝတ်မှော်ရတနာတစ်ခုနှင့် ဘီးပုံစံ မှော်ရတနာတစ်ခုကို ထုတ်ယူပြီး ရှနင်းချန်ကို ပေးလိုက်၏ “စီနီယာမမလေး၊ ဒီနှစ်ခုကို သန့်စင်ထားလိုက်”
“ဒီချပ်ဝတ်က လှလိုက်တာ” ရှနင်းချန်သည် ဘီးပုံစံ မှော်ရတနာကို စိတ်သိပ်မဝင်စားဘဲ အစိမ်းရောင် ချပ်ဝတ်ကိုသာ စိတ်ဝင်စားနေ၏။
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ဒီချပ်ဝတ်အကြောင်းတော့ ကျွန်တော်လည်း သိပ်မသိဘူး။ ဒါပေမယ့် တန်ခိုးရှင်ဘုရင် အဆင့် ဆိုတာတော့ သေချာတယ်။ စီနီယာမမလေးသာ ဒါကို ဝတ်ထားလိုက်ရင် လူနည်းနည်းလောက်ပဲ စီနီယာမမလေးကို ထိခိုက်အောင် လုပ်နိုင်တော့မှာ”
ရှနင်းချန်သည် ဆေးဖော်စပ်ရာတွင်သာ အထူးကျွမ်းကျင်ပြီး တိုက်ခိုက်ရာတွင် သိပ်မကျွမ်းကျင်သည့်အတွက် ဤကဲ့သို့သော မှော်ရတနာမျိုးသည် သူမနှင့် အသင့်တော်ဆုံး ဖြစ်ပေသည်။
“ဒါအရမ်း တန်ဖိုးကြီးတာပဲ။ ဂျူနီယာမောင်လေး မယူဘူးလား” ရှနင်းချန်က ပြန်မေးလိုက်သည်။
“တန်ဖိုးကြီးကြီးမကြီးကြီး စီနီယာမမလေးကို ကာကွယ်နိုင်ရင် အဆင်ပြေပြီ”
ရှနင်းချန်သည် ရန်ကိုင်အား ကျေနပ်ပီတိ ဖြာနေသည့် အပြုံးဖြင့် မော့ကြည့်လိုက်လေသည်။
အရူးမိကျောင်းမွန်းစတားဘုရင်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်လေရာ သူ့သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများသည် မည်ကဲ့သို့များ သာမန်ပစ္စည်းများ ဖြစ်နိုင်မည်နည်း။
ရန်ကိုင် အစောပိုင်းက ဝေပေးခဲ့သည့် ဆေးလုံးများနှင့် မှော်ရတနာများ၏ အများစုသည် အရူးမိကျောင်းဘုရင်၏ သိုလှောင်လက်စွပ်ထဲမှ ရလာခဲ့ခြင်း ဖြစ်သည်။
ဤတန်ခိုးရှင်ဘုရင်အဆင့် ချပ်ဝတ်နှင့် ယှဉ်လိုက်သော် သူ့သိုလှောင်လက်စွပ်ထဲရှိ အခြားပစ္စည်းများသည် ဘာမှ ဒီလောက် မပြောပလောက်တော့ပေ။ ဘာမှမပြောပလောက်သော်လည်း ထိုပစ္စည်းများသည် အထက်စကြာဝဠာဂိုဏ်းအား နှစ်အနည်းငယ်လောက် ထောက်ပံ့ပေးနိုင်သည်အထိ များပြားနေသေး၏။
“ဒါကိုလည်း ယူလိုက်ဦး” ရန်ကိုင်သည် သူမလက်ထဲသို့ ဘီးပုံစံ မှော်ရတနာကိုပါ ထပ်ထည့်ပေးလိုက်ပြန်၏။
ဘီးပုံစံ မှော်ရတနာသည်လည်း တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ တစ်ခုဖြစ်ပြီး ကောင်းကင်တိုက်ပွဲအစည်းအရုံး၏ ထွတ်မြတ်မှော်ရတနာဖြစ်သော နေလရွှေဘီး ဖြစ်ပေသည်။
သူ့စီနီယာမမလေးတွင်သာာ ထိုမှော်ရတနာနှစ်ခု၏ အကူအညီ ရှိနေပါက တန်ခိုးရှင်ဘုရင်အဆင့်အောက် မည်သည့် ပညာရှင်ကိုမှ ကြောက်နေစရာ မလိုတော့ချေ။
ရှနင်းချန်သည် ဘာမှ ပြန်ပြောမနေဘဲ မှော်ရတနာနှစ်ခုစလုံးကို လက်ခံထားလိုက်၏။ ထို့နောက် အနားတွင် ထိုင်နေသော စုယန်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် စုယန် မျက်လုံးပိတ်၍ ထိုင်နေသည်ကိုမြင်သော် ရန်ကိုင်ရှေ့သို့ အလျင်အမြန် လျှောက်လာပြီး သူ့ပါးအား တစ်ချက်နမ်းကာ သူခိုးလူမိသွားသည့်နှယ် အလျင်အမြန် ထွက်ပြေးတော့၏။
စုယန်သည် မျက်လုံးပွင့်လာပြီး ရန်ကိုင်အား ပြုံးကာ ကြည့်လျက် “နင်းချန်တောင် အရင်ထက် ပိုသတ္တိရှိလာနေပြီပဲ။ ကြည့်ရတာ နင့်အကျင့်တွေပါ သူ့ဆီ ကူးသွားတဲ့ပုံပဲ”
ထိုစကားကိုကြားသော် ရန်ကိုင်လည်း ဝါးလုံးကွဲ အော်ဟစ် ရယ်မောတော့လေသည်။
သူ့တွင် စုယန်အား ဘာမှပေးစရာ မရှိတော့ချေ။ ရေခဲနှလုံးသား တောင်ကြားတွင် သူသယ်လာသည့် ရေခဲဖီးနစ်အမွေအနှစ်ကို သူမအား ပေးခဲ့သလို နှစ်တစ်သောင်းရေခဲကျောက်စိမ်းကိုလည်း ပေးခဲ့သည်။
နှစ်သောင်းရေခဲကျောက်စိမ်းဖြင့်ဆိုပါက စုယန်၏ ကျင့်ကြံနှုန်းမှာ ဆထက်ထမ်းပိုး မြင့်မားလာပေလိမ့်မည်။
ရုတ်တရက် ရှန်ချင်းလော့ကို သတိရမိသွားသည်။ သူမကိုလည်း သူရထားသည့် တန်ခိုးရှင်ဘုရင်အဆင့် ကြာပွတ်နှင့် နယ်ပယ်ကျောက်တုံးနှစ်ရာကို ပေးခဲ့သည်။ ယခုမှ သူမ ဘာတွေများ လုပ်နေမလဲ အတွေးနက်မိသွား၏။
ထို့နောက် ယန်ယန်ဆီ အတွေး ရောက်မိသွားပြန်၏။
“စီနီယာအစ်မ၊ အရင်ကျင့်ကြံနှင့်ဦး။ ငါအပြင်တစ်ချက် သွားကြည့်လိုက်ဦးမယ်” ရန်ကိုင် ရုတ်တရက် ထရပ်လိုက်သည်။
စုယန်လည်း ခေါင်းညိတ်လိုက်ပြီး နှစ်တစ်သောင်းရေခဲ ကျောက်စိမ်းကိုထုတ်ကာ ထိုပေါ်တွင် တင်ပလင်ခွေထိုင်၍ နယ်ပယ်ကျောက်တုံးတစ်တုံးကိုကိုင်ကာ စတင် ကျင့်ကြံတော့၏။
ပထမကောင်းကင်နန်းတော်မှ ထွက်လာပြီးနောက် သဲမီးတောက် နယ်မြေ၏ အလယ်ဗဟိုဆီသို့ တန်းသွားလိုက်သည်။
ယန်ယန် အိပ်စက်နေသေးကြောင်း ရီရှီယွင်ဆီမှ သိခဲ့ရသော်ငြား သူမ မည်ကဲ့သို့ ရှိနေသလဲ သူကိုယ်တိုင် မြင်ချင်မိသေးသည်။
အရိပ်ကြယ်ပေါ်တွင် ရှိလူများထဲတွင် ယန်ယန်သည် သူအရင်းနှီးဆုံး လူများအနက် တစ်ယောက် အပါအဝင် ဖြစ်သည်။ သို့သော်ငြား ယန်ယန်နှင့် ပက်သက်၍ ဖြစ်ပျက်သွားခဲ့သည့် အမျိုးမျိုးသော အဖြစ်အပျက်များကြောင့် သူမသာ ပြန်လည် နိုးထလာခဲ့လျှင် ယခင် ယန်ယန်အတိုင်းပဲ ရှိနေဦးမည်လား၊ ထိုသို့မဟုတ်ဘဲ စိတ်သစ်လူသစ်နှင့် ဖြစ်လာမည်လား မပြောနိင် ဖြစ်နေခဲ့သည်။
သဲမီးတောက်နယ်မြေ၏ ခြောက်လွှာသည် သိပ်မဝေးလှသည့် အတွက် ခဏအကြာတွင် ထိုနေရာသို့ ရန်ကိုင် ရောက်သွားခဲ့၏။ ကြယ်ဧကရာဇ်တံဆိပ်ပြားကိုကိုင်၍ ငါးလွှာမြောက်ကို ဖြတ်ကျော်လာပြီးနောက် ဝါးတောလေးဆီသို့ ရောက်လာလေသည်။ ဝါးတောလေးကို ဖြတ်ကျော်လာပြီးနောက် အိမ်ငယ်လေးဆီသို့ ရောက်လာခဲ့လေသည်။
သဲမီးတောက်နယ်မြေ၏ ခြောက်လွှာမြောက်သည် ယခင်က အားလုံးအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်ခဲ့သည်။ ယခင်က အကြီးအကဲချုပ် တစ်ဦးသည်သာ ဤနေရာသို့ ဝင်ခွင့်ရှိခဲ့၏။ ဂိုဏ်းအား လာရောက်ခိုလှုံသူများမှ အပိုင်စီးလိုက်သည့်အခါ မလုပ်မဖြစ်သည့်အတွက် ရီရှီယွင်သည် ဂိုဏ်းသားများကို ဤနေရာသို့ ခေါ်လာခဲ့သည်။ သို့တိုင် ဤအိမ်လေးသည် အားလုံးအတွက် တားမြစ်နေရာတစ်ခု ဖြစ်နေဆဲ။
ရန်ကိုင် တစ်ယောက်သည်သာ ဤနေရာသို့ လာခွင့်ရှိ၏။
ဝါတောလေးကို ဖြတ်ကျော်လာပြီးနောက် အိမ်လေးရှေ့သို့ ရောက်လာသည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးပြီးနောက် အိမ်ထဲသို့ ဝင်ကာ ဒုတိယထပ်သို့ တန်းတက်သွားလိုက်၏။
ဒုတိယထပ်ရှိ သစ်သားကုတင်ပေါ်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး လဲလျောင်းနေခဲ့သည်။ မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့သော်လည်း ယန်ယန်၏ ရုပ်ရည်မှာ ပြောင်းလဲသွားခြင်းမရှိ။ သူမ၏ စိတ်နေစရိုက်သည်သာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့၏။
ယန်ယန်နားသို့ ချဉ်းကပ်သွားနေစဉ် သူ့အား တစ်ခုခုမှ လာရောက် ဖိနှိပ်ရန် ကြိုးပမ်းနေသလို ခံစားလိုက်ရသည်။ အိပ်စက်နေစဉ်တွင်ပင် ယန်ယန်မှ ထုတ်လွှတ်နေသည့် အရှိန်အဝါသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းနေဆဲ။
ယန်ယန်အား ကြည့်ရသည်မှာ မသေမျိုးနတ်သမီး တစ်ပါးကို ကြည့်နေရသလိုပင်။ ယန်ယန်အား ကြည့်နေရင်းမှ ရန်ကိုင်၏ အမူအရာ ရုတ်တရက် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။
သူမြင်ကွင်းတစ်ခုလုံး ရုတ်တရက်ကြီး ဝေဝါးလာခဲ့ပြီး ဘာကိုမှ ကောင်းကောင်း မမြင်ရတော့ချေ။
သူ့ကောင်းကင်စိတ်အာရုံသည်ပင် အကြွင်းမဲ့ ချောက်နက်ကြီး တစ်ခုထဲသို့ ဆွဲချသွားခံရသည့်နှယ် သူ့ထိန်းချုပ်မှုအောက်မှ လွတ်ကာ အပြင်သို့ တရဟော စီးထွက်ကုန်လေသည်။
ရန်ကိုင်လည်း သူ့လျှာကို အမြန်ကိုက်၍ ထွက်ပေါ်လာသော နာကျင်မှုကို အသုံးချကာ ထိုဝဲကတော့ကြီးဆီမှ အသည်းအသန် ရုန်းထွက်လိုက်၏။
အေးစက်စက် ချွေးသီးချွေးပေါက်တို့ သူ့နဖူးထက်မှ တတောက်တောက် စီးကျလာခဲ့လေသည်။
“ဧကရာဇ်ဖိအား… ကြောက်ဖို့ကောင်းလိုက်တာ” ရန်ကိုင်က အကြောက်မပြေသေးသည့် လေသံဖြင့် ရေရွတ်လိုက်၏။
သတိလစ်နေသည့်တိုင် ယန်ယန်ဆီမှ ဖြာထါက်နေသော ဧကရာဇ်ဖိအားသည် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံအား အမြစ်ပြတ်ဖျက်စီးလုမတတ် ဖြစ်သွားခဲ့သည်။
ယန်ယန်၏ အခြေအနေကို စစ်ဆေးရန်အတွက်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ ယန်ယန်သည် သူအားနည်းစဉ်က သူ့အား ကူညီပေးခဲ့ဖူးသည်။ ယန်ယန်ကြောင့်သာ မဟုတ်လျှင် နဂါးလိုဏ်ဂူတောင်ဆိုသည်မှာ ရှိလာမည် မဟုတ်သလို အထက်စကြာဝဠာဂိုဏ်း ဆိုသည်မှာလည်း ရှိလာလိမ့်မည် မဟုတ်ချေ။
ရန်ကိုင် သူမအား အမှန်တကယ်ကို ကျေးဇူးတင်ပေသည်။
ယန်ယန် အဆင်ပြေနေမှန်း သိလိုက်ရသည့်နောက် ပြန်တော့ရန် ပြင်လိုက်သည်။
သို့သော် ထိုစဉ်မှာပင် ယန်ယန်၏ လက်ချောင်း လှုပ်သွားသည်ကို လှမ်းမြင်လိုက်ရသည်။ ရန်ကိုင် တစ်ကိုယ်လုံး အေးခဲသွားပြီး ယန်ယန် လဲလျောင်းနေသည့် သစ်သားကုတင်အား အသက် မရှူတမ်း ကြောင်ကြည့်နေမိလေသည်။
ယန်ယန်ဆီမှ မယုံကြည်နိုင်စရာကောင်းသည့် စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး ရန်ကိုင်အား ရုတ်တရက် ဝါးမြိုသွားလေ၏။ ရန်ကိုင်မှာ နည်းနည်းလေးမှပင် မခုခံနိုင်ဘဲ ထိုဆွဲအားအောက် တရစပ် မျောပါသွားခဲ့လေသည်။
ခဏအကြာတွင် ရင်းနှီးနေသည့် ပတ်ဝန်းကျင်သို့ ရောက်နေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။
ကောင်းကင်နှင့်မြေပြင်အား ဖျက်စီးနိုင်လောက်အောင် အားကောင်းလှသည့် အဖျက်စွမ်းအင်တို့ ကိန်းအောင်းနေသော မီးတောက်မီးလျှံတို့ ပတ်ပတ်လည်၌ လောင်မြိုက်နေခဲ့သည်။ အထက်ကောင်းကင်ယံထက်တွင် အမျိုးမျိုးသော အဖြစ်အပျက်များ ပါဝင်နေသော ရောင်စုံ အလင်းလုံးများ ရှိနေကြသည်။
“ဒါက…” ရန်ကိုင်သည် ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
“အသိစိတ်ပင်လယ်” ရန်ကိုင်က အလန့်တကြား ဆိုလိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၉၀)
“ဟုတ်တယ်။ ဒါငါ့အသိစိတ်ပင်လယ်ပဲ” သူ့ဘေးဘက်မှ အသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်လည်း အသံကြားရာဆီသို့ လှည့်ကြည်လိုက်ရာ ထူးဆန်းသော လက်ကွက်များကို ဖွဲ့စည်းရင်း ဟင်းလင်းပြင်ထဲ တင်ပလင်ခွေ ထိုင်နေသော ယန်ယန်ကို တွေ့လိုက်ရလေသည်။
ယန်ယန်သည် သူသိခဲ့ဖူးသော ယန်ယန်၏ အပြုံးအတိုင်း ပြုံးပြလာခဲ့သည်။
“ခင်ဗျားလား၊ သူလား” ရန်ကိုင်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။
ယန်ယန်က နှုတ်ခမ်းလေးကွေးလျက် “ကွာလို့လား”
ရန်ကိုင်က ပခုံးတွန့်လျက် “ခင်ဗျားအတွက်တော့ မကွာဘူးပေါ့။ ကျုပ်အတွက်တော့ ကွာတယ်။ ကြယ်တာရာကောင်းကင် မဟာဧကရာဇ်အောင် ဒေါသထွက်အောင် လုပ်မိလို့ အသတ်ခံရမှာ ကျုပ်ကြောက်တယ်”
“ငါက ကြယ်တာရာကောင်းကင်မဟာဧကရာဇ်ပဲ” ယန်ယန်က နှာခေါင်းရှုံ့လိုက်သည်။
“ကြည့်ရတာ နင်ကနင်ပဲပေါ့” ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။ သူစကားပြောနေသည့်လူသည် ဒဏ္ဏာရီလာ မဟာဧကရာဇ် မဟုတ်သရွေ့ ပြဿနာ မရှိချေ။ ဆုံးဖြတ်ပြီးသည်နှင့် ရန်ကိုင်က ထပ်၍ မေးလိုက်လေသည် “နင်လိုတာ တစ်ခုခု ရှိလို့လား”
“မရှိဘူး” ယန်ယန်က ဖြည်းဖြည်းချင်း ခေါင်းခါ၍ “နင့်အရှိန်အဝါကို ခံစားမိလို့ ဒီနေရာကို ခေါ်လိုက်တာ”
ရန်ကိုင် ခါးသက်စွာ ပြုံးလိုက်လေသည်။
သူ့ကိုယ်သူ ယခင်ကကဲ့သို့ အားနည်းသည့် ဂျူနီယားတစ်ဦး မဟုတ်တော့ဟု ထင်မိသော်ငြား မဟာဧကရာဇ်နှင့် ယှဉ်လိုက်သော် ပမွှားတစ်ကောင်နှင့် ဘာမှမခြားသေးချေ။ ယန်ယန်သည် ပုရွက်ဆိတ်အား နစ်ချေပစ်သလို သူ့အား သတ်ပစ်နိုင်ပေသည်။
ထိုအကြောင်း စဉ်းစားမိလိုက်သော် ရန်ကိုင် အတော်လေး စိတ်ဓါတ်ကျမိသွဦးသည်။
ရန်ကိုင် ဘာတွေးနေလဲ ဆိုသည်ကို သတိပြုမိသည့်အလား ယန်ယန်က ရယ်မောလိုက်လေသည် “နင်စိတ်ဓါတ်ကျနေစရာ မလိုပါဘူး။ ရှင်းရှင်းပြောရရင် နင့်လောက် ကျင့်ကြံတာမြန်တဲ့ လူမျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး။ အဲ့နေရာမှာတောင် နင်က ပါရမီရှင်တစ်ယောက် ဖြစ်နေပြီ။ နင်လိုနေတာ အချိန်ပဲ။ အချိန်သာ အလုံအလောက်ရှိရင် တစ်နေ့ကျ ငါနဲ့ အဆင်တူမှာ ရပ်တည်နိင်လိမ့်မယ်”
“နင်ငါ့ကို လာနှစ်သိမ့်ပေးနေတာလား” ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်လေသည် “အဲ့နေရာဆိုတာ ဘယ်နေရာကို ပြောတာလဲ”
ယန်ယန်သည် ရယ်သာရယ်မောလိုက်ပြီး ပြန်တော့ မဖြေခဲ့ချေ။
ယန်ယန် ပြောမပြချင်သည်ကို မြင်သော် ရန်ကိုင်က လက်ဝှေ့ရမ်း၍ “ထားလိုက်တော့။ ငါမမေးဘူးလို့ပဲ သဘောထားလိုက်”
ယန်ယန်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမ၏ အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး “ငါအိပ်စက်နေတယ်ဆိုပေတော့ အပြင်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို လုံးဝ မသိတာတော့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက အရိပ်ကြယ်ကြီး တစ်ခုခု ဖြစ်သွားတဲ့ပုံပဲ။ ရီရှီယွင် သူ့လူတွေကို ဒီနေရာကို ခေါ်လာသေးတယ်။ ဘာတွေ ဖြစ်သွားတာလဲ။ အထက် စကြာဝဠာဂိုဏ်း အဆင်ပြေရဲ့လား”
“အထက်စကြာဝဠာဂိုဏ်းက အဆင်ပြေတယ်။ ဒါပေမယ့် အရိပ်ကြယ်ကြီးကတော့ အဆင်ပြေမနေဘူး” ရန်ကိုင်က သက်ပြင်းချ၍ ယန်ယန်းဘေးနာသို့ ပျံသန်းသွားပြီးနောက် တင်ပလင်ခွေထိုင်ကာ အလောင်းဝိဥာဉ်ဂိုဏ်းအကြောင်း ရှင်းပြလိုက်လေသည်။
ယန်ယန်သည် ရန်ကိုင် ပြောပြသည်ကို သေချာ နားထောင်နေခဲ့သည်။ ရန်ကိုင် ပြောပြသွားပြီးနောက် ခေါင်းညိတ်၍ “သင်္ချိုင်းတောင်ကြားအောက်မှာ မြေအောက်စမ်းချောင်းတစ်ခု ရှိနေတာကိုး။ အခုလိုဖြစ်တာ ငါတို့အမှားလည်း ပါတယ်။ ငါတို့သာ အဲ့နေမီးလျှံအမြူတေကို မယူသွားခဲ့ရင် မြေအောက်စမ်းချောင်း ပေါ်လာခဲ့မှာ မဟုတ်ဘူး”
“အဲ့ဒါကြောင့်ပဲ ငါလည်း နည်းနည်း တိုင်ပတ်နေတာ။ အခြား ကိစ္စတစ်ခုခုသာဆိုရင် အထက်စကြာဝဠာဂိုဏ်းကို ဝင်ပါခိုင်းမှာ မဟုတ်ဘူး။ အပြင်မှာဘာတွေဖြစ်ဖြစ် အထက်စကြာဝဠာဂိုဏ်း ဘာမှမဖြစ်ရင် အဆင်ပြေတယ်။ ဒါပေမယ့် အခုကိစ္စက ငါတို့ကြောင့် ဖြစ်လာတာဆိုတော့ ငါလည်း ဒီအတိုင်းကြီး ရပ်ကြည့်နေလို့ မဖြစ်တော့ဘူး” ရန်ကိုင် သက်ပြင်းချလိုက်၏။
ယန်ယန်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်ပြီး ခဏ စဉ်းစားပြီးနောက် မေးလိုက်လေ၏ “နင်အဲ့အလောင်းဝိဥာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ သွားတိုက်ပါလား”
“ဘာဖြစ်လို့လဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
“သူ့ရဲ့ အလောင်းဝိဥာဉ်တွေကို ဖန်တီးတဲ့နည်းလမ်းရယ်၊ အလောင်းဝိဥာဉ်တွေကို ထိန်းချုပ်တဲ့ နည်းလမ်းတွေက ငါသိတဲ့ လူတစ်ယောက်ယောက် သုံးတာနဲ့ တော်တော်လေး တူနေလို့”
“ဘယ်သူလဲ” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
“သူ့ကိုယ်သူ အလောင်းဧကရာဇ်လို့ ခေါ်တာပဲ။ အရင်းတုန်းက အလောင်းဝိဥာဉ်မျိုးနွယ်စုလို့ ခေါ်တဲ့ မျိုးနွယ်စုတစ်ခုကို သူထိန်းချုပ်ခဲ့သေးတယ်။ အဲ့ဒါကြောင့်ပဲ ငါနင့်ကို သူနဲ့ သွားတိုက်ခိုက်ခိုင်းတာ”
“အလောင်းဧကရာဇ်…” ရန်ကိုင်သည် အသက်ပြင်းပြင်းရှူရင်း မေးလိုက်၏ “သူက နင်နဲ့ အဆင့်တူပဲလား”
ယန်ယန်သည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ် ဖြစ်သည်။ ထိုလူသည် သူ့ကိုယ်သူ အလောင်းဧကရာဇ်ဟု ခေါ်ရမှဖြင့် သူသည်လည်း ယန်ယန်နှင့် အဆင့်တူ ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ပေလိမ့်မည်။
ယန်ယန် ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။
ထိုအခြင်းအရာကိုမြင်သော် ယန်ယန်က ပြုံးလျက် “အရမ်းကြီးလည်း စိုးရိမ်မနေနဲ့။ ငါက တူတယ်လို့ပဲ ပြောတာ။ အလောင်းဧကရာဇ်လို့ မပြောဘူး။ ပြီးတော့ အလောင်းဧကရာဇ်ကလည်း ဒီကို လာလို့မရဘူး။ ဒီတော့ သူနဲ့ ပက်သက်တဲ့ တစ်ယောက်ယောက်ပဲ ဖြစ်လောက်တယ်။ ငါ့အသိဟောင်း တစ်ယောက်လည်း အလောင်းဧကရာဇ်နဲ့ သိတယ်။ သူတို့ နှစ်ယောက်က တော်တော်လေးခင်တာဆိုတော့ အလောင်းတွေကို ဘယ်လိုထိန်းချုပ်ရမလဲ သူသိတာ ထူးတော့ မထူးဆန်းဘူး”
ရန်ကိုင်က အံကြိတ်၍ ယန်ယန်ကို စိုက်ကြည့်ကာ မေးလိုက်၏ “အဲ့လူက အလောင်းဧကရာဇ် မဟုတ်ရင်တောင် နင့်ရဲ့ အသိဟောင်း ဆိုမှတော့ ငါလုံးဝ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ သူနဲ့ သွားတိုက်ခိုက်ရင် ကိုယ့်သေတွင်း ကိုယ်တူးတာပဲရှီမှာ”
“ငါက နင့်ကို သွားအသေခံခိုင်းမလားဟဲ့” ယန်ယန်က ရန်ကိုင်အား ဒေါသတကြီး ပြန်စိုက်ကြည့်လျက် “အဲ့လူသာ ငါထင်တဲ့လူဆိုရင် သူအခု တန်ခိုးရှင်ဘုရင်အဆင့်ကို လုံးဝ ရောက်ဦးမှာ မဟုတ်ဘူး။ အများဆုံးမှ တန်ခိုးရှင်တတိယအဆင့်ပဲ ရောက်ဦးမှာ။ အရိပ်ကြယ်မှာ ရှိနေသရွေ့ သူဘယ်တော့မှ တန်ခိုးရှင်ဘုရင် အဆင့်ကို ရောက်မှာမဟုတ်ဘူး။ ဒါကြောင့် ငါနင့်ကို မကြောက်ဖို့ ပြောနေတာ”
ယခုမှပဲ ရန်ကိုင် နားလည်သွားတော့သည်။ ထိုဂိုဏ်းချုပ်ဆိုသည့် လူသည် တန်ခိုးရှင်တတိယအဆင့်သာ ဖြစ်မည်ဆိုလျှင် သူဘာမှ ကြောက်နေစရာ မလိုတော့ချေ။
သို့သော်ငြား…
“ဒါပေမယ့် နင်ဘာလို့ အဲ့လူကို ဒီလောက် စိတ်ပူနေတာလဲ”
ခဏတာ တိတ်ဆိတ်သွားပြီးနောက်တွင် ယန်ယန်က စတင် ရှင်းပြလိုက်၏ “ငါအခုလို အိပ်စက်သွားရတဲ့ အကြောင်းအရင်းက တိုက်ခိုက်ရင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလို့ဆိုတာ နင်သိတယ်မလား။ ငါပြောနေတဲ့ ငါ့အသိဟောင်းဆိုတဲ့လူက… ငါ့ကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့လူပဲ”
ရန်ကိုင်သည် စိတ်ကို တည်ငြိမ်အောင် မနည်းထိန်းရင်း မေးလိုက်၏ “အဲ့လူ သေသွားတယ်လို့ နင်မပြောဘူးလား”
သို့သော် ယခု ယန်ယန်သည် သတိလစ်နေသော်ငြား သူ့ရန်သူသည် အသက်ရှင်နေသေး၏။ ရန်ကိုင် စတင် စိုးရိမ်လာလေပြီ။ ယန်ယန်ကိုပင် ဒဏ်ရာရအောင် လုပ်နိုင်သည်ကို ကြည့်လျှင် ထိုလူ၏ အဆင့်သည် အလောင်းဧကရာဇ်အဆင့်တွင် ရှိနေမှန်း သိနိုင်ပေသည်။
“သူ့ခန္ဓာကိုယ်နဲ့ သူ့ဝိဥာဉ်ကိုတော့ ဖျက်စီးလိုက်တာပဲ။ ဒါပေမယ့် အဲ့လူက အရမ်း အပြေးကောင်းလွန်းတယ်။ ငါသူ့ကို လုံးဝ အသေ မသတ်လိုက်နိုင်တာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် နင်စိတ်ပူမနေနဲ့။ သူအခုပုံစံက ငါနဲ့ လုံးဝ မတူဘူး။ ငါက ဒဏ်ရာပဲရတာ။ သူကတော့ သူ့ခန္ဓာကိုယ် လုံးဝ ဖျက်စီးခံလိုက်ရတာ။ ငါမှာသာ အချိန်နဲ့ အရင်းအမြစ်တွေ အလုံအလောက်ရှိမယ်ဆိုရင် လုံးဝ ပြန်ကောင်းနိုင်သေးပေမယ့် သူ့အတွက်ကတော့ လုံးဝ လွယ်မှာ မဟုတ်ဘူး။ အထူးသဖြင့် ဒီအရိပ်ကြယ်မှာ ရှိနေတဲ့ အတွက်ကြောင့်ပေါ့”
ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်ရင်း “အဲ့လိုဆိုရင် ငါသူ့ကို အခုပဲ သွားရှာလိုက်မယ်။ ဒါပေမယ့် အဲ့လူက နင့်ရဲ့ ရန်သူတော်ဟောင်းဆိုရင် နင်ဘာလုပ်ဖို့ စဉ်းစားထားလဲ”
ယန်ယန်က ခေါင်းခါ၍ “ငါမဟုတ်ဘူး။ နင်လုပ်ရမှာ။ အလောင်းဝိဥာဉ်ဂိုဏ်းချုပ်က သူသာဆိုရင် နင့်သူ့ကို မရရအောင် လိုက်သတ်ပေတော့။ မဟုတ်ရင် အရိပ်ကြယ်တစ်ခုလုံး သူ့ကြောင့် ကသောင်းကနင်း ဖြစ်ကုန်လိမ့်မယ်”
“နင်က ကြယ်တာရာကောင်းကင် မဟာဧကရာဇ်ပဲဟာကို၊ နင့်လက်ကလေး တစ်ချက် ဝှေ့လိုက်ရုံနဲ့ သူ့ကို အပျောက် ဖျောက်ပစ်လိုက်လို့ မရဘူးလား” ရန်ကိုင်သည် ယန်ယန်အား စိတ်ချဉ်ပေါက်နေသည့် အမူအရာဖြင့် ကြည့်လိုက်၏။
ယန်ယန်က ခေါင်းခါလျက် “ငါအခု လောလောဆယ် လှုပ်ရှားလို့ မရသေးဘူး”
ရန်ကိုင်မှာ ထဆဲချင်စိတ်ပင် ပေါက်လာသော်လည်း စိတ်ကို မနည်းချုပ်တည်း၍ ခေါင်းညိတ်ကာ ပြောလိုက်လေသည် “ကောင်းပြီ။ ငါပဲ သွားလိုက်တော့မယ်”
“သတိထားဦးနော်။ အဲ့လူက အခြားလူတွေကို ထိန်းချုပ်တဲ့ နေရာမှာ အရမ်းတော်တယ်။ ပြီးတော့ လူကိုယ်တိုင် ပေါ်လာတာလည်း ရှားတယ်။ ဒါကြောင့် နင်သူ့ကို တွေ့ပြီဆိုတာနဲ့ တစ်ခါတည်း သတ်နိုင်အောင်သာလုပ်”
“ငါသိပြီ” ရန်ကိုင်က ပြန်ပြောလိုက်၏။
“အဲ့ဒါဆို သွားပေတော့” ယန်ယန်က သူမလက်ကို ဝှေ့ရမ်းလိုက်ရာ ချက်ချင်းပဲ တွန်အားတစ်ရပ်သည် သူ့အား အသိစိတ်ပင်လယ်ထဲမှ တွန်းထုတ်လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။
အသိပြန်ဝင်လာသည့် အချိန်တွင် သူ့ကိုယ်သူ ကုတင်အစွန်းတွင် ရပ်နေသေးမှန်း ရန်ကိုင် တွေ့လိုက်ရ၏။ ယန်ယန်ကမူ ယခင် အတိုင်း မျက်လုံးပိတ်လျက် အိပ်စက်နေသေးဆဲ။
ရန်ကိုင်လည်း အိမ်ထဲမှ ထွက်လာခဲ့လေသည်။
ထိုလူကို သွားသတ်မည်ဟု ယန်ယန်ကို ပြောခဲ့သော်ငြား တစ်ဖက်လူသည် အလွန် ဥာဏ်များသည့် လူတစ်ဦး ဖြစ်သလို ထွက်ပြေးရာတွင်လည်း အလွန် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် အတွက် ထိုလူအား သတ်ရမည့်တာဝန်မှာ လုံးဝ လွယ်ကူမည့်ပုံ မပေါ်ချေ။
ထို့ကြောင့် သူတစ်ယောက်တည်း လှုပ်ရှားမည်မဟုတ်။
အထက်စကြာဝဠာဂိုဏ်းသို့ ပြန်ရောက်သည်နှင့် ချက်ချင်းပဲ ချင်းတုန်ဆီ သတင်းပို့လိုက်၏။
လက်ရှိတွင် ချင်းတုန်သည် အရိပ်ကြယ်ပေါ်၌ အားအကောင်းဆုံး ပညာရှင်တစ်ဦး ဖြစ်သည်။ သူ့ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင် အဆင့်သို့ ရောက်နေပြီ ဖြစ်သဖြင့် ယန်ယန်ပြောသည့် လူအား ဖမ်းရာတွင် အတော်လေး ကူညီနိုင်ပေလိမ့်မည်။
အရိပ်လခန်းမသည် ယခုအချိန်တွင် တည်ငြိမ်နေခဲ့လေပြီ။ အရိပ်ကြယ်ပေါ်ရှိ ပြဿနာအားလုံးကို ဖြေရှင်းလိုလျှင် အလောင်းဝိဥာဉ်ဂိုဏ်းကို ဖျက်စီးမှသာ ရပေလိမ့်မည်။ အရိပ်လခန်းမသည် အထက်စကြာဝဠာဂိုဏ်းနှင့် အတော်လေး ဝေးသည့်အတွက် ချင်းတုန် လာမည်ဆိုလျှင်ပင် အနည်းဆုံး တစ်လလောက်ကြာမှ ရောက်ပေလိမ့်မည်။
ထို့ကြောင့် ရန်ကိုင်သည် ထိုအချိန်အတောအတွင်း သူ့ခွန်အားကို တိုးတက်အောင် လုပ်ရန်သာ စဉ်းစားခဲ့သည်။
ရေခဲနှလုံးသားတောင်ကြားတွင် လော့ဟိုင်ကို တိုက်ခိုက်ရန် အတွက် ကြယ်ဧကရာဇ်တံဆိပ်ပြားကို အသုံးပြုခဲ့လျှင် သူ့ကျင့်ကြံခြင်းသည် လက်ရှိအဆင့်ကို ဖြတ်ကျော်ကား တန်ခိုးရှင် တတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
အပြန်လမ်းတွင် သူ့ကျင့်ကြံခြင်းကို တဖည်းဖြည်း တည်ငြိမ်အောင် ဆောင်ရွက်ခဲ့လေရာ လက်ရှိ အချိန်၌ သူ့ကျင့်ကြံခြင်းသည် လက်ရှိ အဆင့်၏ အကန့်အသတ်သို့ ရောက်ခါနေခဲ့လေပြီ။
ထို့အပြင် သူ့လက်ဝယ် ရှိနေသော နယ်ပယ်ကျောက်တုံးများနှင့် သွေးအကျဉ်းထောင်ထဲတွင် ကြုံခဲ့ရသည့် အတွေ့အကြုံများကြောင့် နယ်ပယ်၏ သဘောတရားကိုလည်း အတော်လေး နားလည်နေခဲ့လေပြီ။
သို့သော်လည်း ရန်ကိုင် အနေဖြင့် အလျင် မလိုသေးပေ။ တန်ခိုးရှင် တတိယအဆင့်ကိုသာ ပို၍ ခိုင်မာအောင် လုပ်နိုင်လျှင် တန်ခိုးရှင် ဘုရင်အဆင့်သို့ ပို၍ လွယ်လွယ်ကူကူ တက်နိုင်ပေလိမ့်မည်။
လောလောဆယ်လည်း အရိပ်ကြယ်မှ ထွက်သွားလိမ့်ဦးမည် မဟုတ်သေးချေ။ အလောင်းဝိဥာဉ်ဂိုဏ်းကိစ္စကို ရှင်းပြီးမှသာ အရိပ်ကြယ်မှ နောက်တစ်ကြိမ် ပြန်ထွက်ပေမည်။
အချိန်သည် တဖြည်းဖြည်းနှင့် ကုန်ဆုံးနေလေ၏။ အကုန်လုံးသည် သူ့ဘာသာ အေးအေးဆေးဆေး ကျင့်ကြံနေကြသည်။
သို့သော် ဤသည်မှာ မုန်တိုင်းမလာခင် လေပြေသွေးနေမှန်း အကုန်လုံး သိသည်။ ရန်ကိုင်သာ အဆင်သင့် ဖြစ်ပြီဆိုသည်နှင့် အလောင်းဝိဥာဉ်ဂိုဏ်းအား တစ်ချီတည်း ထိုးစစ်ဆင်ပေလိမ့်မည်။ ထိုအခါ သူတို့ ကျင့်ကြံချင်လျှင်ပင် ကျင့်ကြံချိန် ရှိတော့လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့်ပင် အထက်စကြာဝဠာဂိုဏ်းသားများသည် အချိန် ရတုန်းရခိုက် ကြိုးကြိုးစားစား ကျင့်ကြံနေကြခြင်း ဖြစ်သည်။ သူတို့ ပိုသန်မာလေ တိုက်ပွဲတွင် အသက်ရှင်နိုင်ချေ ပိုမို မြင့်မားလေပင်။
တစ်လကြာပြီးနောက်တွင် အထက်စကြာဝဠာဂိုဏ်းသို့ ချင်းတုန် ရောက်လာခဲ့သည်။
ရန်ကိုင်မှ ဝတ်ရုံဖြူဝတ် လူကြီးအား သတ်ပစ်လိုက်သည့် အချိန်မှစ၍ အထက်စကြာဝဠာဂိုဏ်းအား ဝိုင်းရံထားသည့် အလောင်းဝိဥာဉ်ဂိုဏ်း တစ်ခုလုံး ထွက်ပြေးကုန်ကြသည်။ ထို့အတွက်ကြောင့် အထက်စကြာဝဠာဂိုဏ်းသည်လည်း အပြင် လောကကြီးနှင့် ပြန်လည် ဆက်သွယ်လာနိုင်ခဲ့သလို ချင်းတုန် ဤနေရာသို့ လာရာတွင်လည်း မည်သည့် အတားအဆီးနှင့်မှ မကြုံခဲ့ရပေ။