အခန်း (၁၀၆၆-၁၀၆၈)
Vol. 72 Ch. 1066-1068
အခန်း(၁၀၆၆)
ဤသည်က မီးလျှံ ကဲ့သို့ အရောင်အဆင်း ရှိသော အဆိပ်ရှိ ပင့်ကူတစ်ကောင် ဖြစ်သည်။
သို့သော် သာမာန် အဆိပ်ရှိပင့်ကူသည် သာမန်ပင့်ကူထက် အနည်းငယ်သာ ပိုအစွမ်းထက်သည်။
၎င်းက ပင့်ကူတစ်ကောင်သာ ဖြစ်ပြီး ပထမအဆင့် သားရဲပင် မဟုတ်ပေ။
သို့သော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းတွင်းကြီးထဲတွင် ပထမအဆင့်သားရဲပင် မဟုတ်သည့် မီးဝိညာဥ် ပင့်ကူသည် သန္ဓေပြောင်းသွားခဲ့ပြီး ဆဋ္ဌမအဆင့် သားရဲ အဖြစ် ကြီးထွားလာခဲ့သည်။
ဤအကောင်သည် ဝိညာဥ်သတ္တုမိုင်းတွင်း ထဲတွင် တစ်နှစ်ပတ်လုံး နေခဲ့လျှင်ပင် ထိုအဆင့်သို့ ရောက်လာနိုင်မည် မဟုတ်ပေ။
ဤသည်ကပင် ဝိညာဥ်သတ္တုမိုင်းတွင်း၏ သက်တမ်းက မည်မျှ ကြာမြင့်နေပြီလဲ ဆိုသည်ကို သက်သေပြနေခဲ့သည်။
ကျန်းချန်က သန္ဓေပြောင်း မီးဝိညာဥ်အဆိပ်ပင့်ကူကို အကဲခတ် ကြည့်နေစဥ်မှာပင် ပူပြင်းသော လေတိုက်ခတ်သံသည် မြည်ဟည်းလာခဲ့သည်။
မီးဝိညာဥ် အဆိပ်ပင့်ကူသည် မျက်စိဖြင့် ဖမ်းယူရန် ခက်ခဲသော အရှိန်အဟုန်ဖြင့် အနီရောင်အလင်းတန်း အဖြစ် ပြောင်းလဲကာ ကျန်းချန်ဆီသို့ ပြေးဝင်လာခဲ့ပြီး အနီရောင် ပိုးချည်မျှင်ကို ထုတ်လွှတ်၍ ကျန်းချန်ကို ရစ်ပတ်ရန် ကြိုးစားလိုက်သည်။
"ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"
ကျန်းချန်က နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်ပြီး ရွှေရောင်လက်သီးချက်ဖြင့် မိီးဝိညာဥ် အဆိပ်ပင့်ကူကို ထိုးနှက်လိုက်သည်။
"ဝုန်း.. ဝုန်း.. ဝုန်း"
သူက မီးဝိညာဥ်အဆိပ်ပင့်ကူကို အသက်ရှူရန်ပင် အခွင့်မပေးတော့ဘဲ ရွှေရောင်လက်သီးချက်များဖြင့် ဆက်တိုက် ဆိုသလို ထိုးနှက်လိုက်ရာ လက်သီးချက် ခုနစ်ချက် ရှစ်ချက်ခန့်တွင် မီးဝိညာဥ် အဆိပ်ပင့်ကူသည် ကျန်းချန်၏ ထိုးနှက်မှုကြောင့် ဆိုးရွားစွာ ခံစားလ်ိုက်ရပြီး ခန္ဓာကိုယ်ကနေ နီညိုရောင် အရည်ပုတ်များ စီးကျကာ အဆုံးသတ်၌ မြေပြင်ပေါ်တွင် လှုပ်ရှားမှုမရှိတော့ဘဲ ငြိမ်သက်သွားခဲ့သည်။
ကျန်းချန်က မီးဝိညာဥ်အဆိပ်ပင့်ကူကို ဖြေရှင်းပြီးနောက်တွင် ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော တွင်းဟောင်း အောက်တွင် မီတာရာပေါင်းများစွာ ရှည်လျားသော လှိုဏ်ဂူတစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
သူ သတ်ဖြတ်ခဲ့သော မီးဝိညာဥ်အဆိပ်ပင့်ကူမှ လွဲ၍ ထိုပတ်ဝန်းကျင်တွင် ဒုတိယမြောက် သက်ရှိသတ္တဝါ မရှိခဲ့ပေ။
ရုတ်တရက် ကျန်းချန်၏ အကြည့်သည် သူ၏ အရှေ့ရှိ ကျောက်သားနံရံ တစ်ခုပေါ်သို့ ကျရောက်သွားခဲ့၏။
ထိုနေရာတွင် တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်နေသည့် သတ္တုရိုင်းများစွာ ရှိပြီး ၎င်းတို့သည် ကျောက်နံရံပေါ်တွင် ကြယ်များကဲ့သို့ ပြန့်ကြဲကာ လင်းလက် တောက်ပနေခဲ့သည်။
"ဒါ.. ဒါတွေက ဝိညာဥ်ကျောက်တုံးတွေပဲ"
ကျန်းချန်က ဝမ်းသာသွားခဲ့သည်။
ဤလျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်း တွင်းအောက်တွင် ဝိညာဥ်ကျောက်တုံး အများအပြားရှိနေသည်ဟု ရှောင်ပိုင်ရီတို့လူစုကို အကြောင်းကြားလိုက်ပြီးနောက်တွင် ကျန်းချန်သည် ဝိညာဥ်ကျောက်တုံးများ ရှိနေသည့် ကျောက်နံရံသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။
"ဝုန်း"
ကျနးချန်က လုံး၀ တုံ့ဆိုင်းမနေဘဲ ကျောက်နံရံ၏ တစ်နေရာကို လက်သီးဖြင့် တိုက်ရိုက် ထိုးချလိုက်ရာ အနီးအနားရှိ ကျောက်တုံးများက ကွဲကြေသွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် ဝိညာဥ်ကျောက်တုံးကို နံရံကနေ ထုတ်ယူလိုက်သည်။
"ဝိညာဥ်ကျောက်တုံး မွေးဖွားလာတဲ့ ကျောက်သားနံရံက တကယ်ကို မာကြောတာပဲ"
သူ၏ လက်သီးချက်ဖြင့်ပင် အနည်းငယ်သာ ကျိုးပဲ့သွားသော ကျောက်နံရံကို ကြည့်ကာ ကျန်းချန်သည် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။
သူ၏ခွန်အားဖြင့်ပင် ထိုကျောက်နံရံကို ထိုးခွဲပြီး ဝိညာဥ်ကျောက်တုံးကို ရယူရန် အလွန်ပင် ခက်ခဲနေခဲ့၏။
သို့ဖြစ်ရာ ရှောင်ပိုင်ရီတို့ လူစုအတွက် ဆိုလျှင် အလွန်ပင် ခက်ခဲမည်ဟု သူထင်မြင်ခဲ့၏။
"အရင်ဆုံး ဒီဝိညာဥ်ကျောက်တုံးရဲ့ အကျိုးသက်ရောက်မှုကို စမ်းသပ်ကြည့်ရမယ်"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် ကမ္ဘာမြေတုန်ဟီး ရွှေလူဝံကို သူ၏ဘေးတွင် ကာကွယ်ရန် စေခိုင်းလိုက်သည်။
သူကမူ ဝိညာဥ်ကျောက်တုံးတစ်တုံးကို ယူဆောင်၍ စတင် ကျင့်ကြံလိုက်တော့သည်။
"ဒင်.. သင်က ဝိညာဥ်ကျောက်တုံးတစ်တုံးကို စုပ်ယူလိုက်ပြီး အတွေ့အကြုံရမှတ် ၈၀၁၀ကို အဆ၁၀၀ ရရှိခဲ့ပါတယ်"
သူ၏စိတ်ထဲမှ စနစ်၏ သတိပေးသံကို ကြားလျှင် ကျန်းချန်သည် ဝမ်းသာသွားခဲ့သည်။
ဤဝိညာဥ်ကျောက်တုံး၏ အကျိုးသက်ရောက်မှုသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းပြီး သာမန် အခြေအနေတွင် ကျင့်ကြံသည့် အတွေ့အကြုံရမှတ်ထက် ဆယ်ဆ ပိုမိုမြင့်မားနေခဲ့သည်။
ကျင့်ကြံရန်အတွက် ဤ ဝိညာဥ်ကျောက်တုံး နှစ်တုံး၊သုံးတုံးသည် ရွှယ်လင်သိဒ္ဓိစမ်းရေ တစ်စက်နှင့် ညီမျှသည်ဟု ဆိုနိုင်၏။
သို့သော် ရွှယ်လင်သိဒ္ဓိစမ်းရေ၏ ထုတ်လုပ်မှုသည် အလွန်တရာပင် နည်းပါးလှသည်။
ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့်ကို တက်လှမ်းပြီးနောက်တွင် ကျန်းချန်သည် သိဒ္ဓိစမ်းရေကို ယူဆောင်နိုင်ခဲ့သော်လည်း အနည်းငယ်မျှသာ ရရှိခဲ့သည်။
ဆိုရလျှင် ဤနေရာရှိ ဝိညာဥ်ကျောက်တုံး အရေအတွက်သည် ရွှယ်လင်သိဒ္ဓိစမ်းရေကို လက်ဝယ်ပိုင်ဆိုင် ရရှိသည်ထက် အဆများစွာ သာလွန်နေ၏။
ကျင့်ကြံသူတစ်ဦးသည် ဝိညာဥ်ကျောက်တုံး တစ်တုံး၏ စွမ်းအင်ကို စုပ်ယူရန် အနည်းဆုံး နှစ်နာရီ သို့မဟုတ် သုံးနာရီ လိုအပ်လေ့ ရှိသည်။
သို့သော်လည်း ကျန်းချန်ကမူ အချိန်တိုအတွင်း စုပ်ယူနိုင်ခဲ့၏။
ဝိညာဥ်ကျောက်တုံး တစ်သိန်းရှစ်သောင်းလောက်သာ ရှိလျှင် နတ်သန္ဓေအင်ပါယာအဆင့်ကို တစ်ခါတည်း တက်လှမ်းနိုင်ရန်ပင် ကျန်းချန်အတွက် ပြဿနာမရှိပေ။
အခန်း(၁၀၆၆)ပြီး၏။
အခန်း(၁၀၆၇)
ဝိညာဥ်ကျောက်တုံးနှစ်တုံးမှ စွမ်းအင်ကို စုပ်ယူပြီးနောက်တွင် ကျန်းချန်၏ အကြောင်းကြားမှုကို ရရှိခဲ့သည့် ရှောင်ပိုင်ရီတို့ လူစုသည် ရှေးဟောင်းတွင်း၏ အောက်ခြေသို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့က ကျန်းချန်၏ အရှေ့ရှိ ကျောက်နံရံပေါ်မှ တိမ်တိုက်များကဲ့သို့ များပြားလှသော ဝိညာဥ်ကျောက်တုံးများကို မြင်လျှင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။
"စီနီယာအစ်ကို ပိုင်ရီ.. ဒီမှာကြည့်ပါဦး.. ကျောက်နံရံပေါ်က ဝိညာဥ်ကျောက်တုံးတွေက မူလ ဝိညာဥ်ကျောက်တုံး အစစ်အမှန်တွေ မဟုတ်လား"
"ဟုတ်တယ် ဒါက မူလ ဝိညာဥ်ကျောက်တုံးပဲ.. ငါ့ဆရာဆီကနေ ဝိညာဥ်ကျောက်တုံး တစ်တုံး ရရှိခဲ့ဖူးတယ်.. အဲဒါက ဒီကျောက်နံရံပေါ်က ဝိညာဥ်ကျောက်တုံးတွေနဲ့ တစ်ထပ်တည်းနီးပါးပဲ"
ရှောင်ပိုင်ရီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဤနေရာတွင် ဒဏ္ဍာရီလာ ဝိညာဥ်သတ္တုကြော တစ်ခု ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဝိညာဥ်သတ္တုကြောပေါ်မှ ဝိညာဥ်သတ္တုမိုင်းတွင်းသည် ရှန်းဝူတိုက်ကြီးရှိ ကြယ်လေးပွင့် သူတော်စင်နယ်မြေများကို ရူးသွပ်စေနိုင်လောက်တဲ့အထိ အဖိုးထိုက်တန်သော အရာ ဖြစ်သည်။
ဤရွှယ်မင်ကျောင်းဆောင်တွင် ဝိညာဥ်သတ္တုမိုင်းတွင်းကို ရှာဖွေတွေ့ရှိခြင်းသည် သူတို့အတွက် ကြီးမားသော အခွင့်အရေး တစ်ခုလည်း ဖြစ်၏။
အင်ပါယာ အမွေအနှစ် နယ်မြေထဲတွင် ဆက်လက် စူးစမ်းရန်ပင် သူတို့အတွက် မလိုအပ်တော့ဟု ရှောင်ပိုင်ရီ စဥ်းစားမိခဲ့သည်။
သူတို့အနေဖြင့် ဝိညာဥ်သတ္တုမိုင်းတွင်းကို အင်ပါယာအမွေအနှစ် နယ်မြေ ပြီးဆုံးသည်အထိ တူးဖော်နိုင်ခဲ့လျှင်ပင် ထိုက်တန်သော ခရီးစဥ်တစ်ခု ဖြစ်လာပေလိမ့်မည်။
"စီနီယာအစ်ကိုပိုင်ရီ ဒိိဝိညာဥ်သတ္တုမိုင်းတွင်းက နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့တဲ့ အတွက် ဝိညာဥ်ကျောက်တုံး အရေအတွက်တွေ အရမ်းကို များပြားတယ်.. ဒါပေမဲ့ ဝိညာဥ်ကျောက်တုံးတွေ တည်ရှိနေတဲ့ ကျောက်သားနံရံရဲ့ ဖွဲ့စည်းပုံက အရမ်းကို မာကြောတယ်.. ဒါကို ထွင်းဖောက်ဖို့ စီနီယာတို့အတွက် ခက်ခဲမှာကို ကျွန်တော် စိုးရိမ်မိတယ်"
ကျန်းချန်က မျက်မှောင် အနည်းငယ်ကြုတ်၍ ပြောလိုက်သည်။
ဤဝိညာဥ်ကျောက်တုံးတည်ရှိသည့် ကျောက်သားနံရံသည် သံမဏိကဲ့သို့ မာကြောပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ တာအို ဆဋ္ဌမအဆင့်၏ ခွန်အားဖြင့်ပင် အနည်းငယ်လောက်သာ ပဲ့ထွက်အောင် ပြုလုပ်န်ိုင်ခဲ့သည်။
ရှောင်ပိုင်ရီတို့ လူစုသည် ရုပ်ပိုင်းဆိုင်ရာ တာအိုကျင့်ကြံသူများ မဟုတ်ကြပေ။
ဤနေရာတွင် ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်များကို ပိတ်ပင်ထားခဲ့သည် ဖြစ်ရာ ၎င်းတို့၏ ခွန်အားသည် သာမန် ချီသိပ်သည်းခြင်း အဆင့် ကျင့်ကြံသူလောက်ပင် မရှိတော့ပေ။
သို့ဖြစ်ရာ ဝိညာဥ်သတ္တုမိုင်းတွင်းကို တူးဖော်ရန်သည် ၎င်းတို့အတွက် မလွယ်ကူလောက်ချေ။
"ညီလေးကျန်း မစိုးရိမ်ိုးရိမ်ပါနဲ့.. ငါတို့ရဲ့ အသက်စွမ်းအင်က ပိတ်ပင်ခံထားရပေမဲ့ ငါတို့မှာ ခွန်အားအနည်းငယ်တော့ ကျန်ပါသေးတယ်.. ငါတို့လက်ထဲက လက်နက်တွေနဲ့ ဆိုရင် ဒီကျောက်သားနံရံကို ထုခွဲပြီး ဝိညာဥ်ကျောက်တုံးကို တူးဖော်ဖို့က ပြဿနာ မရှိလောက်ပါဘူး"
ရှောင်ပိုင်ရီက ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
ရှေးဟောင်းတွင်း ထဲသို့ ဆင်းမလာမီ ရှောင်ပိုင်ရီတို့ လူစုသည်အသက်စွမ်းအင် မပိတ်ပင်ထားသည့် နေရာထိ နောက်ဆုတ်ခဲ့ပြီး သိုလှောင်လက်စွပ်ထဲကနေ လက်နက်များကို ထုတ်ယူခဲ့သည်။
ယန်ဒီမြို့၏ ထိပ်တန်းပါရမီရှင် တပည့်များ ဖြစ်၍ ရှောင်ပိုင်ရီတို့ လက်ထဲရှိ လက်နက်များ အားလုံးသည် ဆဋ္ဌမအဆင့် ဝိညာဥ်လက်နက်များ ဖြစ်ကြသည်။
ဆဋ္ဌမအဆင့် ဝိညာဥ်လက်နက်သည် အသက်စွမ်းအင်ဖြင့် လှုံ့ဆော်စရာပင် မလိုအပ်ဘဲ ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်နိုင်သည့် အတွက် ကျောက်သားနံရံကို ထုခွဲကာ ဝိညာဥ်ကျောက်တုံးကို တူးထုတ်ရန် လုံး၀ အဆင်ပြေသော လက်နက် ဖြစ်သည်။
ရှောင်ပိုင်ရီက ကျန်းချန်နှင့် စကားပြောဆိုပြီးနောက်တွင် သူ၏ နောက်ရှိ တပည့်များနှင့် အတူ ကျောက်သားနံရံ ရှေ့သို့ လျှောက်သွားခဲ့သည်။
သို့သော်လည်း ဝိညာဥ်သတ္တုမိုင်းတွင်း၏ ကျောက်သားနံရံသည် သူတို့ထင်ထားသည်ထက်ပင် ပိုမို မာကြောနေခဲ့၏။
ရှောင်ပိုင်ရီတို့ လူစုသည် ဆဋ္ဌမအဆင့် ဝိညာဥ်လက်နက်ကို အသုံးပြု၍ ကျောက်သားနံရံကို ထွင်းဖောက်လျှင်ပင် ဝိညာဥ်ကျောက်တုံးကို တူးဖော်ရန် အနည်းငယ် ခက်ခဲနေသေးပုံရ၏။
ရှောင်ပိုင်ရီတို့က ဝိညာဥ်ကျောက်တုံး တူးဖော်ရာတွင် မနည်းရုန်းကန်နေရသော်လည်း တူးဖော်နိုင်စွမ်းရှိသည်ကို မြင်လျှင် ကျန်းချန်သည် ၎င်းတို့ကို လျစ်လျူရှုလိုက်ပြီး သူ၏ အကြည့်ကို သူ့ရှေ့မှ ကျောက်နံရံဆီသို့ အာရုံပြောင်းလိုက်သည်။
သူက ဝိညာဥ်ကျောက်တုံး အများအပြားရှိသည့် နေရာကို ရှာဖွေလိုက်ပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို ထုတ်ဖော်ကာ ကြောက်မက်ဖွယ် လက်သီးချက်ဖြင့် ထိုးချလိုက်သည်။
"ဝုန်း.. ဝုန်း.. ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက် ဆယ်ချက်သည် ကျောက်နံရံပေါ်သို့ တရစပ် ကျရောက်သွားခဲ့ရာ မြေပြင်တွင် အတော်လေး တုန်ခါသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် များပြားလှသော ကျောက်တုံး အပိုင်းအစများသည် ဝိညာဥ်ကျောက်တုံးများနှင့် အတူ ကျောက်နံရံကနေ ဆက်တိုက်ဆိုသလို ပဲ့ထွက်သွားခဲ့သည်။
အလွန်လျင်မြန်စွာပင် ရှောင်ပိုင်ရီတို့ လူစုနှင့် သုံးပေအကွာရှိ ကျောက်သားနံရံသည် မြေပြင်ထက်ကို ပြိုကျသွားခဲ့၏။
ကျန်းချန်က ရှောင်ပိုင်ရီတို့ လူစု၏ အံ့အားသင့်နေသောအမူအရာကို လျစ်လျူရှုကာ မြေပေါ်သို့ ကျရောက်နေသည့် ဝိညာဥ်ကျောက်တုံးများကို သူ၏ သိုလှောင်အိတ် ထဲသို့ ထည့်သိမ်းလိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ရှောင်ပိုင်ရီတို့ လူစုသည် စိတ်နှလုံးထဲကနေ ခါးသီးစွာ ပြုံးလိုက်ကြ၏။
သူတို့လူစုသည် ဝိညာဥ်ကျောက်တုံး တစ်တုံးကို ကျောက်နံရံကနေ တူးထုတ်ရန် အတွက် အတော်လေး ပင်ပင်ပန်းပန်း အားထုတ်ခဲ့ရသည်။
သို့သော်လည်း ကျန်းချန်ကမူ မျက်တောင်တစ်ခတ်စာမျှ အချိန်အတွင်းမှာပင် ဝိညာဥ်ကျောက်တုံး ဒါဇင်ပေါင်းများစွာကို သိုလှောင်အိတ်ထဲ ထည့်သိမ်းပြီးသား ဖြစ်နေခဲ့၏။
"ညီလေးကျန်းက တစ်ကယ့် မွန်းစတားတစ်ကောင်ပဲ"
အခန်း(၁၀၆၇)ပြီး၏။
အခန်း(၁၀၆၈)
ဝိညာဥ်ကျောက်တုံး ဒါဇင်ပေါင်းများစွာကို သိုလှောင်အိတ်ထဲ ထည့်သိမ်းပြီးနောက်တွင် ကျန်းချန်သည် သူ၏ နံဘေးတွင် ရပ်နေသော ကမ္ဘာမြေတုန်ဟီး ရွှေလူဝံကို ကြည့်ကာ တစ်စုံတစ်ရာကို စဥ်းစားမိလိုက်သည်။
ဤကမ္ဘာမြေတုန်ဟီး ရွှေလူဝံသည် ဆဋ္ဌမအဆင့်သားရဲ ဖြစ်ပြီး ၎င်း၏ စွမ်းအားသည် သူ့ထက် မနိိမ့်ကျပေ။
ထို့ကြောင့် ဝိညာဥ်ကျောက်တုံးကို တူးဖော်ရာတွင် အတော်လေး အသုံးဝင်နိုင်လောက်၏။
ထို့နောက်တွင် ကျန်းချန်သည် ကမ္ဘာမြေတုန်ဟီး ရွှေလူဝံကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။
ကျန်းချန်၏ အမိန့်ကို လက်ခံရရှိပြီးနောက်တွင် ကမ္ဘာမြေတုန်ဟီးရွှေလူဝံသည် သူ၏ ကြီးမားသော လက်ဝါးကို ဝှေ့ယမ်းကာ ကျောက်သားနံရံကို ရိုက်ချလိုက်ပြီး ပဲ့ထွက်လာသော ဝိညာဥ် ကျောက်တုံးများကို ကျန်းချန်ထံ ဆက်တိုက် ပေးပို့ခဲ့သည်။
ဝိညာဥ်ကျောက်တုံး ရှာဖွေသည့် လုပ်ငန်းစဥ်ကို ကမ္ဘာမြေတုန်ဟီး ရွှေလူဝံနှင့် လွှဲအပ်ပြီးနောက်တွင် ကျန်းချန်သည် ခြေချိတ်၍ ထိုင်လိုက်ပြီး ဝိညာဥ်ကျောက်တုံးမှ စွမ်းအားများကို စုပ်ယူကာ စတင် ကျင့်ကြံခဲ့သည်။
"ဒင်.. သင်က ဝိညာဥ်ကျောက်တုံး တစ်တုံးကို စုပ်ယူလိုက်ပြီး အတွေ့အကြုံရမှတ် ၈၀၁၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က ဝိညာဥ်ကျောက်တုံး တစ်တုံးကို စုပ်ယူလိုက်ပြီး အတွေ့အကြုံရမှတ် ၈၀၁၀ကို အဆ၁၀၀ ရရှိပါတယ်"
"............"
အခြားတစ်ဖက်တွင်မူ ရှောင်ပိုင်ရီတို့ လူစုသည် ကျန်းချန် ထံမှ ဝိညာဥ်ကျောက်တုံး စုပ်ယူနှုန်းကို မြင်လျှင် မျက်လုံးများ ပြူးကျယ်ကာ ထပ်မံ အံ့အားသင့်သွားခဲ့ကြသည်။
"ဝိုး.. ဂျူနီယာညီလေး ကျန်းချန်ရဲ့ ဝိညာဥ်ကျောက်တုံး စုပ်ယူနှုန်းက အရမ်းကို မြန်လွန်းတယ်ဟ"
ယန်ဒီမြို့မှ တပည့်တစ်ယောက်သည် အချိန်အတော်ကြာ မှင်တက်နေပြီးမှ သတိပြန်ဝင်လာသောအခါ ရေရွတ်လိုက်သည်။
ဝိညာဥ်ကျောက်တုံးထဲတွင် ပါဝင်သော စွမ်းအင်သည် အလွန်တရာ သန့်စင်သည်။
ထို့ကြောင့် သာမန် သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူများသည် ဝိညာဥ်ကျောက်တုံး တစ်တုံး၏ စွမ်းအင်ကို စုပ်ယူရန် အနည်းဆုံး နာရီအနည်းငယ် လိုအပ်၏။
သို့သော်လည်း ဂျူနီယာညီလေး ကျန်းချန်ကမူ တစ်ခဏအတွင်းမှာပင် စုပ်ယူနိုင်ခဲ့သည်။
နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများပင် ဂျူနီယာညီလေးကျန်းချန် ကဲ့သို့ စွမ်းဆောင်နိုင်မည် မဟုတ်ဟု သူတို့ ထင်မြင်ခဲ့သည်။
"ဂျူနီယာညီလေး ကျန်းချန်က သာမာန်အတွေးနဲ့ ဖော်ပြလို့မရတဲ့ မွန်းစတားတစ်ကောင်ပဲ"
ရှောင်ပိုင်ရီက ခါးသီးစွာ ပြုံးလိုက်သည်။
"ကောင်းပြီ ဂျူနီယာညီလေး ကျန်းချန်ကို အာရုံစိုက်မနေနဲ့တော့.. ငါတို့တွေ ဝိညာဥ်ကျောက်တုံးကိုပဲ ပိုအာရုံစိုက်ပြီး တူးဖော်ကြစို့ "
ရှောင်ပိုင်ရီသည် ယန်ဒီမြို့၏ အင်ပါယာအဆင့် ပါရမီရှင်ငါးဦးအနက်မှ တစ်ဦး ဖြစ်သည်။
သို့ဖြစ်ရာ သူသည် သူ၏ သိုင်းပါရမီကို အမြဲတစေ ယုံကြည်မှု ရှိခဲ့၏။
သို့သော် ကျန်းချန်နှင့် တွေ့ဆုံပြီးနောက်တွင် ကျန်းချန်၏ ပါရမီသည် သူစိတ်ကူးထားသည်ထက်ကို လုံး၀ ကျော်လွန်နေခဲ့၏။
ယန်ဒီမြို့၏ အင်ပါယာအဆင့် ပါရမီရှင်ဟု သတ်မှတ်ခံထားရသည့် သူသည် ကျန်းချန်၏ အရှေ့တွင် အမှိုက်ထက်ပင် နိမ့်ကျနေသည်မှာ အမှန်တရားပင်။
ကျန်းချန်က ရှောင်ပိုင်ရီတို့ လူစု၏ အံ့သြတုန်လှုပ်နေမှုကို သဘာဝကျစွာပင် လျစ်လျူရှုခဲ့သည်။
ကမ္ဘာမြေတုန်ဟီးရွှေလူဝံက သူ့ကိုယ်စား တူးဖော်ပေးနေသောကြောင့် ကျန်းချန်သည် ဝိညာဥ်ကျောက်တုံးမှ စွမ်းအင်များကို အရူးအမူး စုပ်ယူကာ သူ၏ ကျင့်ကြံခြင်းကို အဆင့်မြှင့်တင်ရန် ကြိုးစားခဲ့သည်။
"ဒင်.. သင်က ဝိညာဥ်ကျောက်တုံး တစ်တုံးကို စုပ်ယူလိုက်ပြီး အတွေ့အကြုံရမှတ် ၈၀၁၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က ဝိညာဥ်ကျောက်တုံးတစ်တုံးကို စုပ်ယူလိုက်ပြီး အတွေ့အကြုံရမှတ် ၈၀၁၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့်ကို အောင်မြင်စွာ တက်လှမ်းသွားခဲ့ပါပြိီ"
ဝိညာဥ်ကျောက်တုံး ရာပေါင်းများစွာ၏ စွမ်းအင်များကို ဆက်တိုက် စုပ်ယူပြီးနောက်တွင် ကျန်းချန်သည် နတ်ဝိညာဥ်ဘုရင် ပထမအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီး စစ်မှန်သော နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့သည်။
နတ်ဝိညာဥ်ဘုရင်နယ်ပယ် ပထမအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်ထဲရှိ အသက် စွမ်းအင်ပင်လယ်က အဆပေါင်းများစွာ ကျယ်ပြန့်လာခဲ့ပြီး မရေမတွက်နိုင်သော အသက်စွမ်းအင်များသည် အရည်အသွေးအရ အဆင့်သစ် တစ်ခုအဖြစ်သို့ ရောက်ရှိသွားပြီဟု ခံစားလိုက်ရသည်။
ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားသည် စုစည်းပြီးသား ဝိညာဥ်စိတ်ဆန္ဒနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့၏။
နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်သည် ကျုံးကျိုးကုန်းမြေမှာပင် အင်အားကြီးမားသော ကျင့်ကြံသူတစ်ယောက် အဖြစ် သတ်မှတ်၍ ရသော အဆင့် ဖြစ်သည်။
ကုန်ကုန်ပြောရလျှင် ကျုံးကျိုးကုန်းမြေတွင် ကျန်းချန် ပထမဆုံး ဝင်ရောက်ခဲ့သည့် စန်းလန် အဖွဲ့အစည်းမှာပင် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ရှိသည်။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် မြောက်ပိုင်းတောရိုင်းဒေသသို့ ပြန်သွားခဲ့လျှင်ပင် သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြိိီးများကို လွှမ်းမိုးရန် လုံလောက်နေပြီ ဖြစ်၏။
"အခုငါက နတ်ဝိညာဥ်ဘုရင် နယ်ပယ်ကို ထိုးဖောက်ပြီးသွားပြီဆိုတော့ အင်ပါယာအမွေအနှစ် နယ်မြေ ပြီးဆုံးသွားရင် မြောက်ပိုင်းတောရိုင်း ဒေသဆီ တစ်ခဏတော့ သွားလည်ရမယ်"
ကျန်ချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ချက်ချင်း မျက်လုံးဖွင့်ကာ မြေပြင်ကနေ ထရပ်လိုက်သည်။
အခန်း(၁၀၆၈)ပြီး၏။