← Chapters

အခန်း (၁၆၉)

Vol. 13 Ch. 169

အခန်း (၁၆၉)

Vol. 13 Ch. 169

လင်းဖေးဟန် ဆက်ပြောလို​က်သည်

“ အခု ကျွန်တော် ဘယ်သူလဲ မစ္စယန် သိသွားပြီဆိုတော့ အခု မစ္စယန်ရဲ့ လက်ရှိ အပြုအမူက နည်းနည်းရိုင်းနေတယ် မထင်ဘူးလား? မစ္စယန်ရဲ့ လှပလှတဲ့ မျက်နှာကို ကျွန်တော့်ကို မြင်ခွင့်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် လက်နဲ့ပဲ စကားမပြောချင်ဘူး”

“ အာ” ယန်ရှောင်းရွှယ်ရဲ့ အသံ တစ်ချက်အပြီးမှာ ကင်မရာက အကြမ်းပတမ်း တုန်ယင်သွားသည်။ ထို့နောက်တွင် မျက်နှာကြက် အဖြူကြီး ပေါ်လာခဲ့သည်။

ယန်ရှောင်းရွှယ်ရဲ့ အသံ ထွက်လာခဲ့သည်။

“ သူဋ္ဌေးလင်း.. ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါအုံးနော်”

ထို့နောက်တွင် အဝတ်တွေ ပုံနေသော အသံတစ်ချို့ ကြားနေရသည်။ ယန်ရှောင်းရွှယ် အလှပြင်နေတာ ဖြစ်နိုင်သည်။ ဆယ်စက္ကန့်လောက် ကြာပြီးနောက်မှာ အနည်းငယ် နီးမြန်းနေပြီး စိတ်လှုပ်ရှားပုံ ပေါ်သော မျက်နှာတစ်ခု ထွက်လာခဲ့သည်။

ယန်ရှောင်းရွှယ်ရဲ့ မျက်နှာက အလွန် စိတ်လှုပ်ရှားမှုကြောင့် သူမ ခြယ်ထားတဲ့ ပါးအိုနီကိုပင် ဖုံးလွှမ်းပြီး မျက်နှာတစ်ပြင်လုံး အနီရောင် သန်းနေခဲ့သည်။

တစ်ကယ်လဲ ယန်ရှောင်းရွှယ် အလွန် စိတ်လှုပ်ရှားနေတာပင်။ ကျင်းပိုင်မြို့ရဲ့ ဘီလီယံနာ ရည်စား ဖြစ်လာချင်တဲ့ သူမရဲ့ အိပ်မက်က အမှန်ဖြစ်လာတော့မည်။ ဒါကို သူများတွေကို ပြောပြရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။

ယန်ရှောင်းရွှယ် သူမရဲ့ နှုတ်ခမ်းကို လက်ဖြင့် အုပ်လိုက်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ မစ္စတာလင်း.. ရှင် ကျွန်မကို ရှာတာက… ဘာကိစ္စရှိလို့လဲဟင်?”

လင်းဖေးဟန် ခပ်ဖွဖွ ပြုံးပြီး လူကြီးလူကောင်း ဆန်ဆန် ပြောလိုက်သည်။

“ စိတ်မလှုပ်ရှားပါနဲ့။ ကျွန်တော် မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရှာတာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ပုံမှန်အလုပ်နဲ့ ပတ်သတ်ပြီး ပြောချင်ရုံပါပဲ။ ပြီးတော့ မစ္စလုရဲ့ မင်းအပေါ် အမြင်လေးတွေလဲ ပေးသိချင်တယ်”

လင်း​ဖေးဟန် သူ့ရဲ့ လက်ကောက်ဝတ်ကို မြှောက်ကာ အချိန်ကြည့်သလို ဟန်ဆောင် လိုက်သည်။

လင်းဖေးဟန် ဆက်ပြောလိုက်သည်။

“ ဒီလိုလုပ်ရအောင်၊ ဖုန်းထဲက ပြောရ​တာလဲ မကောင်းဘူး။ အခု မင်းက အလုပ်ချိန်ဆိုတော့ အချိန်လဲ မဖြုန်းချင်ဘူး။ အလုပ်ဆင်းတဲ့ ညနေပိုင်းကျရင် တွေ့ကြမလား? ဒီနားမှာ ဘားနဲ့တူတဲ့ အနောက်တိုင်း စားသောက်ဆိုင် ကောင်းကောင်း တစ်ခုရှိတယ်။ မင်း ဘယ်အချိန်အားမလဲ? ကျွန်တော် လာခေါ် လိုက်မယ်”

မစ္စတာလင်းက သူမကို ညစာ စားဖို့ ဖိတ်နေတာပဲ။ တစ်ကယ် ကံကောင်းတယ် ပြောရမှာ။

လင်းဖေးဟန် တိုက်ရိုက်ပဲ ပြောလိုက်သည်။

“ မင်း ကျွန်တော့်နေရာထိ လာဖို့ မလိုပါဘူး။ ကျွန်တော် လုကုမ္ပဏီအဝမှာ စောင့်နေမယ်။ မင်း ထွက်လာတဲ့အချိန်မှသာ ဝီချက်ကနေ မက်ဆေ့ ပို့ပေးလိုက်ပါ”

ပြီးတာနဲ့ လင်း​ဖေးဟန် အသိပေးလိုက်သည်။

“ ပြီးတော့ စိတ်လဲမပူနဲ့။ မင်းကို သိတာမလို့ ထွက်လာတာနဲ့ မှတ်မိမှာပါ”

“ဟမ်..” လင်းဖေးဟန်ရဲ့ စကားအပြီးမှာ ယန်ရှောင်းရွှယ် ချက်ချင်းပဲ ပါးတွေ ရဲသွားသည်။

လင်းဖေးဟန်က သူမကို လူအုပ်ကြားကနေ တန်းပြီး မှတ်မိနိုင်တယ်လို့ ပြောသွားရုံတင် မကပဲ ကုမ္ပဏီထိ လာခေါ်မယ်လို့ပါ ပြောသွား သေးသည်။

ထိုအချိန်မှာ ယန်ရှောင်းရွှယ်ရဲ့ နှလုံးသားထဲ ပျော်ရွှင်မှု လှိုင်းဂယက်ကြီး ပေါက်ကွဲသွားသလို ခံစားနေရသည်။ သူမ နှလုံးသားထဲ နျူးကလီးယား ဗုံးတစ်လုံး ပေါက်ကွဲသွားသလိုမျိုးပဲ။

အချိန်တစ်ခဏလောက် ယန်ရှောင်းရွှယ် သူမ ကြားခဲ့တဲ့ စကားကနေ ရုန်းမထွက်နိုင်ခဲ့ဘူး။ ကြီးမားတဲ့ ရင်ထဲက ပျော်ရွှင်မှုကြောင့် သူမ အလွန် ဝေဝါးနေပြိး ခြေခိုင်အောင်ပင် မရပ်နိုင်တော့ပေ။

သူမဆီမှာ အခုလို ကိစ္စတွေ ဖြစ်ပေါ်နေတာကို ယန်ရှောင်းရွှယ် မယုံကြည်နိုင်နေပေမဲ့ လက်တွေ့မှာ ဖြစ်လာခဲ့ပြီ။

လင်းဖေးဟန် ပြုံးလိုက်ကာ

“ ကောင်းပြီ။ ဒီလိုပဲ သတ်မှတ်ကြတာပေါ့။ အလုပ်ဆင်းချိန်ရောက်ရင် ကျွန်တော်တို့ ဆက်သွယ်ကြမယ်”

လင်း​ဖေးဟန် ဖုန်းချတော့မဲ့အချိန်မှာပဲ ယန်ရှောင်းရွှယ်က တစ်ခုခုကို တွေးမိသွားပြီး အမြန်လှမ်းအော်လိုက်သည်။

“ ခဏလောက်ပါ မစ္စတာလင်း.. ကျွန်မ မေးချင်တာလေး ရှိလို့ပါ”

လင်းဖေးဟန် ပြောလိုက်သည်။

“ ဘာမှားလို့လဲ?”

ယန်ရှောင်းရွှယ် ခဏလောက် တုံ့ဆိုင်းနေပြီး ပြော မထွက်ပုံပေ။ ဒါပေမဲ့ အဆုံးမှာ သူမ မသက်မသာဟန်ဖြင့် စကားစလာခဲ့သည်။

“ မစ္စတာလင်းကအခု မစ္စလုနဲ့ ဒိတ်နေတာ မဟုတ်ဘူးလား? မစ္စတာလင်းရဲ့ အခု ဖိတ်ကြားမှုကို ကျွန်မ လက်ခံလိုက်ရင်၊ ဒါကို မစ္စလုမြင်သွားရင် အနည်းငယ် မကောင်း လောက်ဘူးထင်တယ်နော်။ မစ္စတာလင်းနဲ့ မစ္စလုကြားကို ကျွန်မက ပြဿနာ ဖြစ်စေမိ သွားရင် ကျွန်မ စိတ်မကောင်း ဖြစ်ရမှာ”

ယန်ရှောင်းရွှယ်ကို အခုလောက်ထိ ကြင်နာတတ်ပြီး တွေးပေးတတ်မယ်မှန်း မထင်ထားမိတာကြောင့် လင်းဖေးဟန် ပြုံးလိုက်သည်။

သတင်းအချက်အလက်ဆိုတာ အောက်ခြေအထိ ရောက်တာမျိုး မဟုတ်ဘူး။ လုရွှယ်ယင်နဲ့ လင်း​ဖေးဟန်ရဲ့ ကြားက ဆက်ဆံရေးက ပြီးသွားပြီဆိုပေမဲ့ ဒါကို အထက်တန်းလွှာထဲမှာပဲ သိကြသည်။ သာမာန် အလုပ်သမားတွေကြားမှာတော့ သူနဲ့ လုရွှယ်ယင်နဲ့က တစ်ချိန်လုံး တွေ့နေကြသည်လို့ပဲ သိထားကြသည်။ သူတို့ရဲ့ စေ့စပ်ပွဲ ပြတ်သွားတာကို သိကြမှာ မဟုတ်ဘူး။

လင်းဖေးဟန် ပြုံးကာ ပြောလိုက်သည်။

“ စိတ်မပူပါနဲ့။ လုရွှယ်ယင် ဂရုစိုက်မှာ မဟုတ်ဘူး”

“ ကောင်းပါပြီ” ဥက္ကဋ္ဌလင်းကိုယ်တိုင် ထုတ်ပြောလာပြီဆိုတော့ ယန်ရှောင်းရွှယ်လဲ ဂရုမစိုက်တော့ပေ။

လုရွှယ်ယင် မြင်ပြီး အထင်လွဲသွားမဲ့ကိစ္စကို လင်းဖေးဟန် ဘယ်တုန်းကမှ စိတ်မပူ ခဲ့ဖူးဘူး။ ပထမအချက်က လုရွှယ်ယင်က တစ်ခြားအလုပ်သမားတွေထက် အမြဲတမ်း တစ်နာရီနောက်ကျပြီးမှ အလုပ်ဆင်းတာမို့ သူမ မြင်သွားဖို့ မဖြစ်နိုင်ဘူး။ ဒုတိယအချက်က လုရွှယ်ယင် မြင်သွားခဲ့ရင်တောင် သူမ အများကြီး ဂရုစိုက်မှာ မဟုတ်ဘူး။ အလွန်ဆုံးဖြစ်ရင် အနည်းငယ် စိတ်ထဲ သဝန်တိုရုံလောက်ပေါ့။

မြင်သွားခဲ့ရင်လဲ အကြီးဆုံး ကြုံတွေ့ရမည့် နောက်ဆက်တွဲ ဆိုးကျိုးက သူနဲ့ ယန်ရှောင်းရွှယ်ရဲ့ကြားက ဆက်ဆံရေးကို လုရွှယ်ယင် မေးလာမှာပဲ ရှိမှာ။ ဒါ အလွန်ဆုံးပဲ၊ ဒီထက်ဘာမှ ထပ်ဖြစ်လာဖို့ မရှိဘူး။ လင်းဖေးဟန် လုရွှယ်ယင်ကို ကောင်းကောင်းသိသည်။ သူမ ပြဿနာ ရှာမှာမဟုတ်ဘူး!

လင်းဖေးဟန် ဖုန်းချလိုက်တော့သည်။ နာရီကို တစ်ချက်ကြည့်ပြီးနောက်မှာ မပြန်တော့ပဲ ကားထဲက စောင့်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။ အသွားအလာနဲ့ အလုပ်ရှုတ်သည်။

လင်းဖေးဟန် သူ့အတွက် လိုင်းပေါ်က မုန့်တစ်ချို့ လာပို့ခိုင်းလိုက်ပြီး rank တင်ဖို့ ပြင်ဆင်လိုက်တော့သည်။

ဂိမ်းထဲဝင်လိုက်ချိန်မှာ ပျံနေသောစုန်းမငယ် 9257 အမည်ရှိတဲ့ ကစားသမားတစ်ယောက်က နှစ်ယောက်တွဲစောင့်ဖို့ ရှိနေတာ မြင်လိုက်သည်။ ဂိမ်း season အစမှာ လင်းဖေးဟန်က စိန်အဆင့် ရှိပြီး ပျံနေသောစုန်းမငယ်က ပလက်တီနမ် အဆင့်၄ ရှိသည်။

သူမက မဆိုးလောက်ဘူး။ အတူတူ တွဲဆော့ကြည့်ရမယ်!

လင်းဖေးဟန်က ဟန်ရှင်းကို ကိုင်ပြီး တစ်ဖက်က မင်းသမီး ယောင်ယောင်နဲ့ နှစ်ယောက်ပေါင်း ကြမ်းပြီး ပွဲစဥ်တွေ ဆက်တိုက် နိုင်တော့သည်။

အရမ်း သက်တောင့်သက်သာ ရှိတာပဲ။ ယောင်ယောင်နဲ့ rank တင်လို့ မရဘူး ဘယ်သူ ပြောလဲ?

လင်းဖေးဟန် ပျော်ရွှင်စွာ rank တင်နေတုန်းမှာပဲ ညနေ ငါးနာရီခွဲကို ရောက်သွားတော့သည်။

ယန်ရှောင်းရွှယ်က ပုံမှန်ဆို ခြောက်နာရီမှ အလုပ်ဆင်းပေမဲ့ ဒီနေ့မှာ ဆယ်မိနစ်စောပြီး မက်ဆေ့ပို့လိုက်ပြီး တစ်ခါထဲ ထွက်ပေါက်မှာ ပေါ်လာခဲ့သည်။ လင်းဖေးဟန် မတတ်နိုင်စွာ သက်ပြင်းချလိုက်သည်။ ဒီကောင်မလေးက တစ်ကယ်ကို ကမ္ဘာကြီးရဲ့အကြောင်းကို နားလည်တာပဲ။

ယန်ရှောင်းရွှယ်ရဲ့ မက်ဆေ့ကို လင်းဖေးဟန် ချက်ချင်း စာပြန်လိုက်သည်။ ခဏအကြာတွင် ယန်ရှောင်းရွှယ် ကားကို ရှာတွေ့သွားခဲ့သည်။

လင်းဖေးဟန် ယဥ်ကျေးစွာ တံခါးဖွင့်ပေးလိုက်ပြီး အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။

“ မင်းရဲ့ ကိုယ်ပိုင်အလုပ်ချိန်ကို အနှောက်အယှက် ပေးမိသွားလား?”

“ မဟုတ်ပါဘူး။ ကျွန်မ အလုပ်က နေ့ခင်းတည်းက ပြီးသွားတာပါ။ နည်းနည်း စောဆင်းလာလဲ ဘာမှမဖြစ်ဘူးရယ်”

“ဒါဆို ကောင်းတယ်”

လင်းဖေးဟန် ခေါင်းညိတ်လိုက်ပြီး ယန်ရှောင်းရွှယ်ကို ခေါ်ကာ အနောက်တိုင်း စားသောက်ဆိုင်ဆီ ဦးတည်လိုက်သည်။ လင်းဖေးဟန်နဲ့ ယန်ရှောင်းရွှယ် ညစာ သွားစားဖို့ ထွက်သွားချိန်မှာပဲဲ ယဲ့ဖန်း စိတ်ပျက်စွာ ပြတင်းပေါက်မှာ မတ်တပ် ရပ်လိုက်သည်။ သူ့ရဲ့ မျက်နှာက မဲမှောင်နေပြီး ရင်ထဲကို ကျောက်ခဲအကြီးကြီး တစ်လုံးက ဖိထားသလို ခံစားနေရသည်။

လွန်ခဲ့တဲ့ တစ်နာရီအလိုကမှ သူ ယန်ရှောင်းရွှယ်ကို ညစာ အတူစားဖို့ မေးရန် ပြင်ဆင်ထားခဲ့သည်။

သူတို့တွေ မနေ့ညကလဲ ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြတာပဲ။ သူ့ရဲ့ စိတ်လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါကြောင့် အခြေအနေတွေလဲ တော်တော် အဆင်ပြေခဲ့ပြီး နော​က်ဆုံးတော့ နွေဦးကာလလေး ရောက်လာပြီဟု ယဲ့ဖန်း တွေးနေခဲ့တာဖြစ်သည်။

All Chapters