အခန်း (၁၇၂)
Vol. 13 Ch. 172
ဒီအဆိုတော်ကလဲ အချိန်ကူးပြောင်းသူပဲ ဆိုရင် အဲ့ဒီလူလဲ စာအုပ်ကို ဖတ်ဖူးမှာပဲ။ လင်းဖေးဟန်ဆိုတဲ့ ဇာတ်ကောင်ရဲ့ အဆုံးသတ်ကို သိမှာပဲ။
မူရင်း ဇာတ်ကြောင်းပြောင်းသွားတာကို သူာ သတိထားမိသွားပြီး ဒီလိုပြောင်းအောင် လုပ်တဲ့သူက ငါဆိုတာ သိရင် ဒုက္ခများသွားလိမ့်မယ်။
ငါ့ကို ငွေအများကြီး ညှစ်ပြီး လျှို့ဝှက်ချက် ထိန်းပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခြိမ်းခြောက်လာရင်ရော။
ရတယ်၊ အဲ့လောက်ဆို အဆင်ပြေသေးတယ်။ ငါအပေါဆုံးကလဲ ငွေပဲဆိုတော့ အရမ်း မလွန်လွန်းသရွေ့ သူ ကျေနပ်တဲ့အထိ ငါ ပေးလို့ရတယ်။
ငါ ကြောက်တာက ဒီကောင် ယဲ့ဖန်းနောက်ကိုလိုက်သွားပြီး ဇာတ်ကြောင်း လျှို့ဝှက်ချက်တွေ သွားပြောမှာကိုပဲ!
အဲ့လိုဆိုရင် ယဲ့ဖန်းလဲ နတ်ဘုရားအသိဉာဏ်ကို ရသွားမှာပေါ့။ ဒါဆို ငါ့ကို အဲ့ကောင်သေတဲ့အထိ ပြန်ပလေး သွားလိမ့်မယ်။
ငါဒါကို လုံးဝ ဖြစ်ခွင့်ပေးလို့ မရဘူး။ ငါ့ရဲ့ဘဝပေးမိုတီက အသက်ရှင် လုံခြုံဖို့လေ! အသက်ရှင်ဖို့လေကွာ!
စနစ်မှ ပြောလာသည်။
“ စနစ် မသိပါဘူး။ ဒါတွေက ပိုင်ရှင်ရဲ့ ကိုယ်ပိုင် အခြေအနေနဲ့ စိတ်မလုံမခြုံဖြစ်မှုတွေပဲ။ စနစ် ဒီအခြေအနေကို ခြေရာမခံမိပါဘူး”
“ ဒါပေမဲ့ စနစ်နဲ့ ပိုင်ရှင်နဲ့က တစ်ကိုယ်ထဲမှာ နေရတယ်ဆိုတဲ့ အချက်ကြောင့် ပိုင်ရှင်ရဲ့ လုံခြုံမှုကိုတွေးပေးပြီး စနစ်က ကြင်နာစွာနဲ့ ချွင်းချက်ထားပြီး တစ်ဖက်လူရဲ့ အခြေအနေကို စစ်ဆေးပေးပါ့မယ်”
လင်းဖေးဟန် အံကြိတ်ကာ စိတ်ထဲမှ ပြောလိုက်သည်။
“ ဒါဆိုလဲလုပ် မြန်မြန်!”
ချီးကိုမှ! ငါ့ရဲ့ စိတ်မလုံမခြုံမှုကြောင့် မစစ်ဆေးနိုင်ဘူး ဟုတ်လား?
ဒီစနစ် ငါ့ကို သက်သက် အနှောက်အယှက်ပေးဖို့ တစ်ခြားကမ္ဘာက လူတွေပါ ဆွဲခေါ်လာတာလို့ စိတ်ထဲ သံသယ ဝင်ချင်လာပြီ!
“ ပိုင်ရှင် စနစ်ကို သံသယ ဝင်နေရင်လဲ တည့်ပြောလို့ရတယ်။ စနစ်နဲ့ ပိုင်ရှင်နဲ့က ချိတ်ဆက် ထားတာကို မသိဘူးလား? ပိုင်ရှင် ဘာကို တွေးနေလဲ စနစ်ကသိကိုသိမှာပဲ!”
“ ချီးတဲ့မှ! စနစ်လေးရေ ပြောမှာသာ ပြောစမ်းပါ။ မင်း ဘာတွေ့ထားလဲ?”
လင်းဖေးဟန်ရဲ့ မျက်နှာက ထိုအချိန်မှာ အလွန်ဖြူဖတ်နေသည်။ ကံကောင်းစွာနဲ့ အရှေ့ကလမ်းလျှောက်နေသူက သူဖြစ်နေလို့ပေါ့။ ယန်ရှောင်းရွှယ်သာ မြင်သွားရင် သူမ သေချာပေါက် ကြောက်သွားမှာ။ အခုအချိန်မှာ လင်းဖေးဟန်ရဲ့ မျက်နှာက သားရဲ တစ်ကောင်လို ကြမ်းတမ်းနေခဲ့သည်!
စနစ်က တစ်ခါထဲ အဆိုတော်ရဲ့ အချက်အလက်တွေကို ပြပေးလိုက်သည်။ လင်းဖေးဟန်ရဲ့ မြင်ကွင်းထဲကို လင်ရှောင်းဝေ့ရဲ့ နှစ်လက်မ အရွယ်ခန့်ရှိသော ဓာတ်ပုံတစ်ပုံနှင့်တကွ အချက်အလက်တို့ ဝင်ရောက်လာသည်။
“အမည်- လင်းရှောင်ဝေ့
အသက်- ၂၄နှစ်
အလုပ်အကိုင်- အဆိုတော်
စကေး- ဂီတာ အလယ်အလတ်အဆင့်၊ သီချင်းရေး ကျွမ်းကျင်အဆင့်၊ အသံ ကျွမ်းကျင်အဆင့်
ဇာတ်ကြောင်းတိုးတက်မှုပိုင်း အချက်အလက်- လင်းရှောင်ဝေ့က အခုထိ အလုပ်မရသေးတဲ့ ဘွဲ့ရကျောင်းသား တစ်ယောက် ဖြစ်တယ်။ သူနဲ့သူ့ရဲ့ ကောင်မလေးနဲ့က လက်ထပ်ဖို့ ဆွေးနွေးတဲ့အထိ နက်ရှိုင်းတဲ့ဆက်ဆံရေး ရှိခဲ့ကြတယ်။ ဒါပေမဲ့ လင်းဖေဖေရဲ့ အပြင်းအထန် ဖျားနာမှုကြောင့် လက်ထပ်ပွဲအတွက် စုထားတဲ့ ငွေအားလုံး သုံးလိုက်ရပြီး သူတို့ပြတ်သွားကြတယ်။ လင်းရှောင်ဝေ့က ရွေးစရာမရှိဘဲ စားသောက်ဆိုင်မှာ အဆိုတော်လုပ်ဖို့ ရောက်လာခဲ့ပြီး ညတွင်းချင်းပဲ သူ့ရဲ့ သီချင်းနဲ့ ရွှေလက်ချောင်း ရသွားခဲ့တယ်။
ဝေဖန်ချက်- စနစ်ရဲ့ စစ်ဆေးချက်အရ လင်းရှောင်ဝေ့က ဝတ္ထုထဲက ဇာတ်ကောင်ဖြစ်ပြီး အချိန်ခရီးသွားမှုနဲ့ သက်ဆိုင်မှု မရှိပါဘူး။ လင်းရှောင်ဝေ့ရဲ့ သီချင်းဆိုစကေးနဲ့ ပတ်သတ်ပြီး ရွှေလက်ချောင်း ပိုင်သွားရချင်းကလဲ ပိုင်ရှင်ရဲ့ မလုံလောက်တဲ့ ဒီကမ္ဘာအပေါ် လွှမ်းမိုးနိုင်စွမ်း ကြောင့်ပဲ။ စနစ်ရဲ့ပိုင်းခြားမှုအရ မှန်းဆရသည်မှာ ပိုင်ရှင်က ဇာတ်ကြောင်း ပြောင်းလဲပြီး ယဲ့ဖန်းရဲ့ ဇာတ်ကြောင်းကို နှေးစေခဲ့တာကြောင့် ကမ္ဘာကြီးရဲ့ စည်းမျဥ်းတွေက တစ်ခြားဇာတ်လိုက်တွေ ပေါ်ထွက်လာအောင် ဖန်တီးနေပုံပါပဲ။
လင်းရှောင်ဝေ့ရဲ့ လက်ရှိ တောက်ပနေတဲ့ အခြေအနေကြောင့် အခုချိန်မှာ သူက ဒီကမ္ဘာအပေါ်မှာ အနည်းငယ် လွှမ်းမိုးနိုင်စွမ်း ရှိနေတယ်။ ဒါကြောင့်မို့ စနစ်က အကြံပေးချက် နှစ်ခုပေးမယ်။ သူ့ကို လက်အောက်ရောက်အောင် သိမ်းသွင်းရင်သွင်း၊ မဟုတ်ရင် ရှင်းပစ်လိုက်။
( ဒါပေမဲ့ လက်ရှိ ပိုင်ရှင်ရဲ့ ဒီကမ္ဘာအပေါ် မလုံလောက်တဲ့ လွှမ်းမိုးနိုင်စွမ်းကြောင့် သူ့လို ရွှေလက်ချောင်း ဇာတ်ကောင်ကို ရှင်းတဲ့အချိန် တန်ပြန်သက်ရောက်မှု ကြုံနိုင်မလား၊ အောင်မြင်သွားမလားတော့ စနစ် သေချာမသိဘူး။ ပိုင်ရှင် ဒါကို ကိုယ့်ဉာဏ်ရည်နဲ့ကိုယ် ဆုံးဖြတ်လိုက်ပါ)”
လင်းဖေးဟန် အကြမ်းဖျဥ်း သဘော ပေါက်သွားသည်။
ဒီ လင်းရှောင်ဝေ့က ဒီကမ္ဘာကြီးက ရွေးချယ်ထားတဲ့ ဒုတိယ အမျိုးသား ဇာတ်လိုက်ပေါ့။ ယဲ့ဖန်းက သူ့ကို အနိုင်မယူနိုင်ရင် လင်းရှောင်ဝေ့က သူ့ကို တိုက်ခိုက်ဖို့ စွမ်းရည်တွေ နိုးထလာမယ်။
ဒီကမ္ဘာက ဒါမျိုး အကွက်ရွှေ့သွားမယ် လင်းဖေးဟန် မထင်ထားမိခဲ့ဘူး။ အဓိက ဇာတ်လိုက်ကို အနိုင်ယူပြီးတာနဲ့ ဒုတိယ ဇာတ်လိုက်ဆိုပြီး ပေါ်လာလို့ရတယ်ပေါ့? ဒီကမ္ဘာက ငါ့ကို မယားငယ်မုန်း မုန်းနေတာလား? မဟုတ်သေးပါဘူး၊ ငါ့ကိုယ့်ကိုယ်ပဲ သတ်သေပေးလိုက်ရမလား?
သေချာ ခွဲခြမ်းဆုံးဖြတ်ပြီးနောက်မှာ လင်းဖေးဟန် လင်ရှောင်းဝေ့ကို မဖြစ်မနေ လက်အောက်ရောက်အောင် သိမ်းသွင်းဖို့ ဆုံးဖြတ်လိုက်သည်။
မတော်ရင် အသတ်ခံရနိုင်ချေ ရှိတာကို သိပေမဲ့ အခုလက်ရှိမှာ လင်းရှောင်ဝေ့က အားနည်းသေးသည်။ ခေါင်းဆောင်ငယ်နဲ့ ဖြေရှင်းခိုင်းလိုက်လို့ရသည်။ ဒါပေမဲ့ ဇာတ်လိုက်ရောင်ပြန်ကြီး ထိအုံးမလားတော့ သေချာ မသိဘူး။ သူ့ရဲ့ လမ်းကြောင်းမှာ မိုးကြိုးတွေ ပြည့်နေတာပဲ။ သူသာ လင်းရှောင်ဝေ့ကို သတ်မိသွားရင် ကောင်းကင်ကနေ မိုးကြိုးတွေ ပစ်ချလောက်လား..?
အရေးအကြီးဆုံး ကိစ္စက အသက်ရှင် လုံခြုံရေးပဲ။
ပြီးတော့ အခြေအနေတွေ အရမ်းမဆိုးသေးဘူးလေ။ အခု လင်းရှောင်ဝေ့ရဲ့ အဖေက နေမကောင်း ဖြစ်နေတာမလား? ငါ့ရဲ့ ဆေးပညာနဲ့ဆို လင်းရှောင်ဝေ့နဲ့တွေ့ဖို့ သေချာပေါက် အခွင့်အရေးရှိတယ်။ အဆုံးမှာ ငါသူ့ရဲ့ အဖေကို ကုပေးလိုက်မယ်ကွာ။ ဒီကောင် ငါ့ကြောင့် ရင်ထဲ ထိမသွားပဲ ငါနဲ့မပူးပေါင်းဘူးလို့ ငါမယုံဘူး!
ဒါကိုတွေးပြီးနောက်မှ လင်းဖေးဟန် နောက်ဆုံး စိတ်သက်သာရာ ရသွားပြီး သူ့ရဲ့မျက်နှာက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
လင်းဖေးဟန် မနေနိုင်စွာ လင်းရှောင်ဝေ့ဘက်ကို နောက်ပြန် လှည့်ကြည့် လိုက်သည်။ သူ့ရဲ့နှတ်ခမ်းထောင့်တို့ အပေါ်ကို ကော့တက်သွားသည်။
'ထိုလူသည် သန်မာချင်သလောက် သန်မာနေသည်- တောင်ထိပ်က လေပြေအဝှေ့ကြားမှာပေါ့။
ထိုလူသည် မာန်လွှားချင်သလောက် မာန်လွှားနေသည်- မြစ်တစ်လျှောက် ရောင်ပြန်ဟပ်နေတဲ့ လရောင်တောက်တို့လိုပေါ့။
ထိုလူသည် ယုတ်မာချင်သလောက် ယုတ်မာနေသည်- ဘာလို့ဆို ငါ့မှာ လုပ်နိုင်စွမ်း ရှိနေလို့ပေါ့!”
လင်းဖေးဟန် တစ်ဖြည်းဖြည်း အကြည့်ကို ပြန်ရုတ်လိုက်သည်။ ထို့နောက်မှာ လင်းဖေးဟန်ရဲ့ အကြည့်က ထောင့်မှာ ထိုင်နေသော လေးဆယ်အရွယ်လောက် ရှိမည့် သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်ထံကို ရောက်သွားသည်။
ထိုလူသည် တော်တော် ဇရာထောင်းနေပြီ။ တစ်ယောက်ထဲ ထောင့်တစ်ထောင့်က စားပွဲဝိုင်း အသေးတွေ ထိုင်နေခဲ့သည်။
ဘဝက သိပ်မကောင်းပုံပဲ။ ဈေးပေါတဲ့ ဝိုင်တစ်ပုလင်းနဲ့ လမ်းမှာဝယ်လာပုံ ပေါက်တဲ့ မြေပဲတစ်ထုတ်သာ စားပွဲပေါ် ရှိသည်။
အနောက်တိုင်းစားသောက်ဆိုင်မှာ မြေပဲ လာစားနေတာတော့ ကြမ်းတာပေါ့!
သတ်လတ်ပိုင်း လူအိုသည် လင်းဖေးဟန်ကို ပြုံးပြရင်း လက်ထဲက ဝိုင်ခွက်ကို မြှောက်ပြလိုက်ကာ သောက်ချလိုက်သည်။
ထိုလူအို၏ လက်သည် အသားမာပြည့်နေတာကို လင်းဖေးဟန် သတိထားမိလိုက်သည်။
လင်းဖေးဟန်လဲ ခေါင်းညိတ်ပြီး ပြန်ပြုံးပြ လိုက်သည်။
ထိုလူအိုရဲ့ ပုံသည် ပြောင်းရွှေ့ အလုပ်သမား ပုံပေါက်ပြီး လူအုပ်ကြားမှာ ထင်းထွက်နေတဲ့ ပုံစံမျိုးလဲ မဟုတ်ဘူး။ ဒါပေမဲ့ ဘာကြောင့် ရယ်မသိ၊ ထိုလူအိုကို မြင်တဲ့အချိန်မှာ လင်းဖေးဟန် အဲ့ဒီလူရဲ့ မျက်လုံးတွေကို အချိန်ကြာတဲ့အထိ မမေ့နိုင်ခဲ့ပေ။ ထိုလူရဲ့ မျက်လုံးတွေက လှနေလို့တော့ မဟုတ်ဘူး။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ထိုလူကို ကောင်းကောင်း မြင်လိုက်ရသလိုမျိုး ခံစားရစေသည်။
လင်းဖေးဟန် ခေါင်းရမ်းရင်း ရယ်လိုက်သည်။ တွေးနေတာရပ်ပြီး ကြိုတင် ဘိုကင်လုပ်ထားတဲ့ ဒုတိယထပ်က အခန်းထဲကို သွားလိုက်လေသည်။
ယန်ရှောင်းရွှယ် အနောက်ကနေ လိုက်လာရင်း ဒီစားသောက်ဆိုင်ထဲ ဝင်လာကတည်းက လင်းဖေးဟန် မတူညီတဲ့သူ အဖြစ် ပြောင်းသွားတယ်လို့ သူမ ခံစားနေရသည်။
ယန်ရှောင်းရွှယ် စိတ်ထဲမှသာ တွေးနေပြီး ဘာမှ မေးခွန်းမထုတ်လာပေ။
လင်းဖေးဟန်က သီးသန့်ခန်းကို ဘိုကင် တင်ထားတာပင်။
သီးသန့်အခန်းက မှန်တွေနဲ့ လုပ်ထားတာမို့ အောက်ထပ်က အခြေအနေကို ကောင်းကောင်း မြင်နိုင်ပေမဲ့ အပြင်ကနေတော့ အတွင်းကို မမြင်ရပေ။
ဒါ့အပြင် အခန်းထဲတွင် အပြင်ဘက်က အသံအားလုံးကိုလဲ ကောင်းကောင်း ကြားနိုင်သည်။ ဆူညံတယ်လို့ ထင်ရင် ပိတ်ပစ်လို့လဲရသည်။
သူတို့နှစ်ယောက်သည် အခန်းထဲဝင်လိုက်ပြီး ဟင်းပွဲတွေ မှာပြီးတာနဲ့ ခဏစောင့်နေလိုက်သည်။
ယန်ရှောင်းရွှယ်က လင်းဖေးဟန်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေရင်း လင်းဖေးဟန်ကို စတင်အကဲခတ်နေခဲ့သည်။
လင်းဖေးဟန်နဲ့ အခုလို အနီးကပ်တွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ။ အရာအားလုံးက အိပ်မက်လို ခံစားနေရသည်။