← Chapters

အခန်း (၁၇၃)

Vol. 13 Ch. 173

အခန်း (၁၇၃)

Vol. 13 Ch. 173

လင်းဖေးဟန်က အရမ်းချောတာပဲ။ သူ့ရဲ့ မျက်နှာက လက်ရေးလှ ကဗျာတစ်ပုဒ်လိုပဲ။ ထင်ရှားတဲ့ မျက်နှာသွင်ပြင်ကြားက ဓားတစ်လက်လို စူးရှတဲ့ မျက်ခုံးနက်တွေရဲ့ အောက်မှာ ညကောင်းကင်ရဲ့ ကြယ်လေးတွေလို တောက်ပနေတဲ့ မျက်လုံး တစ်စုံရှိသည်။ လင်းဖေးဟန်ရဲ့ မျက်လုံးတွေက နက်ရှိုင်းပြီး နစ်မွန်း ချင်စရာ ကောင်းလှသည်။

ထိုအချိန်မှာ လင်းဖေးဟန်ရဲ့ နှုတ်ခမ်းထောင့်က လှပတဲ့ လခြမ်းကွေး သဖွယ် အပေါ်ကို အနည်းငယ် တက်သွားသည်။ သူ သေချာ လုပ်နေတာလား? အရင်တည်းက ဒါမျိုးပဲလား? သူ့ရဲ့ အပြုံးက နွေပူပူရဲ့ ညကောင်းကင်ယံမှာ ထွက်ပေါ်တတ်တဲ့ အတောက်ပဆုံး လမင်း ကြီးလိုပဲ။

လင်းဖေးဟန်က အရမ်းလဲချောသလို အရမ်းလဲ ပြီးပြည့်စုံတာပဲ။

ဒီလောကမှာ အခုလို ပြီးပြည့်စုံတဲ့ သူ ဘယ်နှစ်ယောက်များ ရှိလို့လဲ?

ယန်ရှောင်းရွှယ် လင်းဖေးဟန်ကို စိုက်ကြည့်ရင်း အတွေးထဲမှာ ရူးသွပ်နေခဲ့သည်။

ယန်ရှောင်းရွှယ်သည် မွေးကတည်းက တစ်ကြိမ်မှ ရည်းစားမထားခဲ့ဖူးသူမို့ fa ဖြစ်လာတာ အနှစ်နှစ်ဆယ်လောက် ရှိပြီလို့ ပြောလို့ရသည်။ တစ်ဘဝလုံး အထီးကျန် ခြောက်ကပ်လာခဲ့ရတော့ အခု မျက်စိရှေ့က ထူးဆန်းတဲ့ အမျိုးသားဆီမှာ သူမ လုံးဝကို ဆွဲဆောင်ခံလိုက်ရတော့သည်။

ဖြစ်နိုင်တာ… ဒါ အချစ်များလား?

ဟုတ််တယ်၊ ဒါကအချစ်ပဲ! အချစ်ဆိုတာ ရှင်းပြဖို့ မလွယ်ကူဘူး!

မိန်းမတွေ အားလုံး လင်းဖေးဟန်ကို မြင်ရင် ငါ့လိုပဲ ခံစားရလောက်လား?

အချစ်စိတ်က ဘယ်ကနေ စပေါ်ပေါက်လာလဲ မသိပေမဲ့ ငါ့ရင်ထဲမှာ အချစ်ပိုးက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားပြီ။

တွေးနေရင်းနဲ့ ယန်ရှောင်းရွှယ်ရဲ့ နှလုံးသားက ပူလောင်လာပြီး စတင်ခုန်ပေါက်လာတော့သည်။ ဒါပေမဲ့ တစ်ဖြည်းဖြည်းနဲ့ ပြန်တည်ငြိမ်သွားခဲ့ပါသည်။

ငါဒီလို တွေးနေလို့မရဘူး။ လုံးဝ မဖြစ်ဘူး!

လင်းဖေးဟန်ဆိုတာ ငါမမြင်နိုင်တဲ့ အဝေးကြီးက သူပဲ!

ငါသူ့နောက်ကို လိုက်ချင်ရင်တောင်မှ ငါသူနဲ့ အမှီလိုက်နိုင်မှာ မဟုတ်ဘူး။

ငါကသူနဲ့ မထိုက်တန်ဘူး။ ငါကဒီတိုင်း ဘဲရုပ်ဆိုး တစ်ယောက်ပဲ။

လင်းဖေးဟန်ကို လိုချင်တဲ့ မိန်းကလေးဆိုတာ သန်းချီပြီးကိုရှိတယ်။

ပိုဆိုးတာက လင်းဖေးဟန်မှာ မစ္စလု ရှိပြီးသားပဲ။

သူတို့နှစ်ယောက်က ကောင်းကင်ဘုံက ဖူးစာဖက်တွေလို လိုက်ဖက်လွန်းတယ်။

ငါသူ့ကို အဝေး တစ်နေရာကနေ ငေးကြည့် ခွင့်ရသရွေ့ ကျေနပ်ပါပြီ!

ဒါဆို ငါ့ရဲ့အခုခံစားချက်က အချစ် ဟုတ်သေးရဲ့လား?

မဟုတ်ဘူး၊ ဒါလေးစားမှုပဲ။ ငါ့ရဲ့ခံစားချက်တွေက လေးစားမှု သက်သက်ပဲ!

ရောင့်ရဲတတ်တဲ့ ကလေးငယ်ပဲ သကြားလုံး စားရမှာ။

ငါက ရောင့်ရဲတတ်တယ်။ ငါသူ့ကို ဒီတိုင်း အဝေးကပဲကြည့်မယ်။ ဒါဆိုငါလဲ ပျော်မယ်။

ရှင် အဆင်ပြေရင် ငါပျော်ပေးမယ်။

ယန်ရှောင်းရွှယ် စိတ်ထဲမှ တွေးလိုက်သည်။

ယန်ရှောင်းရွှယ်ရဲ့ ရူးသွပ်စွာ စိုက်ကြည့်ခံ နေရတော့ လင်းဖေးဟန် မတတ်နိုင်စွာ ရယ်မော လိုက်သည်။

ယန်ရှောင်းရွှယ်ကို သူ မနှောက်ယှက် ချင်ပါဘူး။ ဒါပေမဲ့ သူမ ကြည့်နေတာ အရမ်းကြာနေပြီ။ ဒီလိုမျိုး လူတစ်ယောက်က အကြာကြီးစိုက်ကြည့်နေတော့ ခံစားရတာ နည်းနည်းထူးဆန်းတယ်လေ။

လင်းဖေးဟန် နောက်ဆုံးတော့ သည်းမခံ နိုင်တော့စွာ ပြောလိုက်သည်။

“ မစ္စယန်း မင်း ပင်ပန်းနေလို့လား? ဘယ်လိုလုပ် မျက်လုံးကြီးဖွင့်ပြီး အိပ်နေတာလဲ?”

လင်းဖေးဟန်ရဲ့ အသံကိုကြားတာနဲ့ ယန်ရှောင်းရွှယ် အသိစိတ် ပြန်ကပ်သွားခဲ့သည်။ သူမ အနေခက်စွာ ပြုံးလိုက်ကာ အမြန်ပြောလာသည်။

“ အာ.. ဆောရီးနော်။ ကျွန်မ အခုတင် အရေးကြီးကိစ္စလေးတွေကို တွေးနေမိတော့ အာရုံပျက်သွားတယ်”

ထို့နောက်မှာ ယန်ရှောင်းရွှယ်က အလျင်အမြန် စကားလမ်းကြောင်း ပြောင်းလိုက်ကာ

“ မစ္စတာလင်း ရှင်ကျွန်မကို လုပ်ခိုင်းစေချင်တာ ရှိလို့လား?”

ယန်ရှောင်းရွှယ် အခါးရည်တစ်ခွက် ထည့်ကာ လင်းဖေးဟန်ကို ကမ်းပေးလိုက်သည်။

လင်းဖေးဟန် ခွက်ကို ခပ်ဖြည်းဖြည်းပဲ ယူလိုက်ကာ

“ တစ်ကယ်တော့ ဒီလိုပါ။ ဥက္ကဋ္ဌလုက မင်းကို အာရုံစိုက်နေတာကြာပြီရယ်။ မင်း HR ဋ္ဌာနမှာ သုံးနှစ်လုံး အလုပ်ကြိုးစားခဲ့တာမို့ အထက်က မင်းရဲ့ကြိုးစားမှုကို မြင်တွေ့ခဲ့တယ်..”

“ ဒီနေ့ ကျွန်တော် ကုမ္ပဏီကိုလာခဲ့ပြီး လုရွှယ်ယင်နဲ့ အလွှဲအပြောင်းပိုင်းကို ဆွေးနွေးခဲ့တယ်။ လုရွှယ်ယင်က မင်းအပေါ် အမြင်ကောင်းရှိတာမို့ အပြင်ကုမ္ပဏီခွဲ တစ်ခုကို အထွေထွေမန်နေဂျာ လက်ထောက်အဖြစ် စေလွှတ်ပြီး စနစ်တစ်ခုကို အကောင်အထည် ဖော်ခိုင်းဖို့ စဥ်းစားနေတယ်”

အခါးရည် တစ်ငုံသောက်ပြီးနောက်မှ လင်းဖေးဟန် ဆက်ပြောလိုက်သည်။

“ ဒါဘာကို ကိုယ်စားပြုလဲ မင်း သိသင့်ပါတယ်။ ဟုတ်တယ်မလား?”

ဒါတွေက လင်းဖေးဟန် ယန်ရှောင်းရွှယ်ကို လေထဲ တိုက်အိမ်ဆောက်ပေးနေတာ မဟုတ်ဘူး။ တစ်ကယ် အစစ်အမှန်တွေပဲ။

ကျေးလက်ဒေသက ကောင်မလေး တစ်ယောက်အနေနဲ့ ယန်ရှောင်းရွှယ်မှာ ရိုးသားကြိုးစားပြီး တောင့်ခံနိုင်စွမ်း မြင့်တဲ့ ကျေးလက်သူ၊ ကျေးလက်သားတွေရဲ့ ဗီဇ ပါလာခဲ့သည်။

အလုပ်ကြိုးစားပြီး ခံနိုင်ရည်မြင့်တယ်ဆိုတာ ပြောရင်တော့ လွယ်ကူသည်။ တစ်ကယ့် တစ်ကယ် တစ်အိုးထဲ အတူစားပြီး လူများစွာနဲ့ ပေါင်းစည်းလုပ်ကိုင်ရချိန်မျိုးမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့ လုပ်နိုင်စွမ်းကို မြင်အောင်ပြနိုင်ဖို့ဆိုတာ လွယ်ကူတာမျိုး မဟုတ်ဘူး!

လူတိုင်းက သူတို့ရဲ့ သန်မာမှုတွေ၊ အရည်အချင်းတွေကို ပြချင်နေကြချိန်မှာ အထက်လူကြီးတွေအနေနဲ့ အလုပ်သမား တိုင်းကို ဂရုစိုက်ပေးနေဖို့ အချိန်မရှိဘူး။

ဒါတွေက ကုမ္ပဏီအတွင်းက ရှုတ်ထွေးတဲ့ အလုပ်ခွင်ဆက်ဆံရေးတွေပဲ မဟုတ်ဘူး။ ဆက်တိုက် အချိန်ပိုဆင်းရတာတွေ၊ ကြိုးစားပြရမှုတွေ၊ အပြစ်တင်ခံရနိုင်ချေတွေ အားလုံးပါသည်။

မင်း မြို့ကြီးမှာ ရှင်သန်ချင်ရင် အရင်ဆုံး မြေးတစ်ယောက်ဖြစ်ဖို့ ပြင်ဆင်ထားရမယ်။

ဒါက အင်တာနက်က အဆိုတစ်ခုပဲ။

အရင်ဆုံး မြေးဖြစ်အောင်လုပ်ပြီးရင် အဖိုး ဖြစ်တဲ့အထိ ကြိုးစား၊ အဆုံးကျရင် မင်းရဲ့ အဖေကို ရှာတွေ့သွားမယ်!

ယန်ရှောင်းရွှယ် ဒီနေ့ဒီအချိန်မှာ ရောက်လာခဲ့တဲ့ နေရာရာထူးက နောက်ခံ မပါဘဲ သူမရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ သေးငယ်တဲ့ အဖွဲ့ရဲ့ သေးငယ်တဲ့ အလုပ်သမား အဖြစ်ကနေ တစ်ဖြည်းဖြည်း ကြိုးစားရယူ ခဲ့တဲ့ အောင်မြင်မှုတွေကြောင့်ပဲ။

လင်းဖေးဟန် ဝင်ပြီး လုရွှယ်ယင်ကို ယန်ရှောင်းရွှယ်အတွက် ပြောပေးဖို့ လိုမှာတောင် မဟုတ်ဘူး။ မဝေးတော့တဲ့ အနာဂတ်မှာ ယန်ရှောင်းရွှယ်က ကုမ္ပဏီခွဲအသစ်ရဲ့ ဒုဥက္ကဋ္ဌ အဖြစ် ရာထူးတိုးခံ ရမှာလေ။

လင်းဖေးဟန်ရဲ့ လှုပ်ရှားမှုက ဘာရလဒ်မှ မဖြစ်ပေါ်စေတဲ့ လှုပ်ရှားမှုလို့ ပြောနိုင်သည်။ သူ ဘယ်လိုပဲ အကွက်ရွှေ့ရွေ့ လုရွှယ်ယင်ကော၊ ယန်ရှောင်းရွှယ်ကော သိမှာမဟုတ်ဘူး။

ဒါ့အပြင် လုရွှယ်ယင်ဆိုတာ လက်အောက်ငယ်သားကို ရင်းရင်းနီးနီး ပြောမဲ့သူစားမျိုး မဟုတ်ဘူး။ ယန်ရှောင်းရွှယ်ကလဲ ‘ဟေး သူဋ္ဌေးလု ကျွန်မကို ရာထူးတိုးပေးမလို့ဆို’ ဆိုပြီး သွားမမေးဘူးလေ။

အရူးပဲ ဒါမျိုးသွားမေးမှာ။

လင်းဖေးဟန် ဒါကြောင့် အရမ်းကို စိတ်သက်သာရာနေသည်။ သူ့ရဲ့လှုပ်ရှားမှုက လုံခြုံသည်!

ဒီတိုင်းသရေ အခြေအနေပဲ!

ငါဟဲ့ ဉာဏ်ကြီးရှင်!

မြေခွေးအိုကြီးလို အကြံပိုင်လှတဲ့ ငါလေးပါလား!

လင်းဖေးဟန်ရဲ့ စကားအဆုံးမှာ ယန်ရှောင်းရွှယ်ရဲ့ မျက်လုံးတို့ ချက်ချင်း လက်သွားသည်!

ဘယ်သူမဆို ဒါ ရာထူးတိုးပေးမယ်လို့ ပြောနေတာသိတယ်!

ငါက ဋ္ဌာနချုပ်မှာ လူသားရင်းမြစ်ဋ္ဌာနရဲ့ ခေါင်းဆောင်ပဲ။

ငါ့ရဲ့ရာထူးက မြင့်နေခဲ့ပြီ။ ဒီထပ် ရာထူးတိုးချင်ရင် ငါ့မှာ အဆက်အသွယ် ကောင်းတွေ ရှိမှဖြစ်တော့မှာ သိတယ်၊ ငါ့မှာ ဘာမှမရှိဘူးလေ။

ငါ့ရဲ့ လုပ်ဆောင်ချက်နဲ့ပဲ လုပ်ပြရမှာဆိုပေမဲ့ ဒီခေတ်မှာ ဘယ်သူက လုပ်ဆောင်ချက်ကို စကားလုပ်ပြောလို့လဲ? ထိပ်ဆုံးကသူက မရဘူးပြောလိုက်ရင် ဒါ မရဘူးပဲ။ လုပ်ဆောင်ချက်ကောင်းတော့ကော ဘာရမှာလဲ?

ဒီတော့ ထူးခြားတာ တစ်ခုခု မရှိခဲ့ရင် ငါ HR ဋ္ဌာနမှာပဲ တစ်သက်လုံး မပြောင်းမလဲ အလုပ်လုပ်ရမယ်။ ငါ့ရဲ့ အစားအသောက်၊ အဝတ်အစား၊ နေထိုင်စရိတ်တွေကို စိတ်ပူစရာ မလိုပေမဲ့ ဒီအလယ်အလတ်အဆင့်က ငါ့လုပ်နိုင်စွမ်း အကုန်ပဲ။

လောကမှာ ပိုက်ဆံ မကြိုက်တဲ့ လူသား မရှိဘူး။ ယန်ရှောင်းရွှယ်လဲ လူသား တစ်ယောက်ပဲ။

အထူးသဖြင့် သူမလို မိန်းမငယ်လေးတွေက ငွေပိုကြိုက်သည်!

သူမတို့တွေက ဘရန်းအိတ်တွေ၊ အဝတ်အစားတွေ၊ အဆင့်မြင့် နှုတ်ခမ်းနီ တွေပဲ သုံးချင်ကြသည်။

ဘယ်သူမဆို ဝီချက် အမှောင်ဈေးကွက်ကနေ ဝယ်ရတဲ့ ဘရန်းအိတ်အတုတွေနဲ့ ဈေးပေါတဲ့ မိတ်ကပ်ကိုပဲ မလိမ်းချင်ဘူး။ လူတိုင်းက သူတို့ရဲ့ ဇိမ်ခံအသုံးအဆောင်တွေ ရှိချင်ကြတာပဲ။

လူဆိုတာ ရှင်သန်ကြတဲ့ သူတွေဆိုမှတော့ ဘယ်သူမဆိုကောင်းမွန်တဲ့ ဘဝမှာပဲ ရှင်သန် ချင်ကြမှာပဲ။

ယန်ရှောင်းရွှယ် စိတ်လှုပ်ရှားမှု အပြီးမှာ အမြန် တုံ့ပြန်လိုက်သည်။ မစ္စတာလင်းအနေနဲ့ သူမကို အခုလိုကိစ္စကို အကြောင်းမရှိဘဲ မပြောဘူး။ သူမ မှားနေတာ တစ်ခုခု ရှိရမယ်။ ဒါကြောင့် မစ္စတာလင်းက အပြင်ခေါ်ထုတ်ပြီး သတိပေး တာပဲ။

ယန်ရှောင်းရွှယ်က အရူးတစ်ယောက် မဟုတ်ဘူး။ လူသားအရင်းအမြစ် ဋ္ဌာနရဲ့ ခေါင်းဆောင်နေရာကို ရယူနိုင်တာကို ကြည့်လိုက်တာနဲ့တင် ဒီအမျိုးသမီးမှာ ကိုယ်ပိုင် လှည့်ကွက်တွေ ရှိမှာကို သိနိုင်ပြီးသားပဲ။

ယန်ရှောင်းရွှယ်က စမ်းတဲ့အနေနဲ့ မေးလိုက်သည်။

“ ရှင်တို့ရဲ့ အသိအမှတ်ပြုမှုအတွက် ကျေးဇူးပါ။ မစ္စလုကိုကော၊ မစ္စတာလင်းကိုကော ကျေးဇူးတင်ပါတယ်။ ဒါဆို ကျွန်မ ယဥ်ကျေးမနေတော့ဘူးနော်။ မဟုတ်ရင် ဟန်ဆောင်သလို ဖြစ်နေမယ်။ ကျွန်မတိုက်ရိုက်ပဲ မေးလိုက်ပါ့မယ်။ လက်တလော ကျွန်မ အလုပ်လုပ်တာမှာ အမှားအယွင်း ရှိနေလို့ပါလား?”

All Chapters