အခန်း (၁၇၇)
Vol. 13 Ch. 177
လူသတ်သမားက အဲဲ့ဒီ သတ်လတ်ပိုင်းအရွယ် လူအိုဖြစ်လောက်လား?
ဖြစ်နိုင်တယ်။ သူ့ရဲ့ ပုံစံက ဇရာထောင်းနေပုံ ပေါက်ပြီး အလုပ်သမားလို ဝတ်ဆင်ထား တာတောင်မှ မျက်လုံးတွေက စကားပြောနိုင် နေတုန်းပဲ။ သာမာန်လူ တစ်ယောက် မဟုတ်ဘူး။
ဘယ်လို တိုက်ဆိုင်မှုလဲ? သူက အခုအရက်မူးပြီး စားပွဲပေါ် မှောက်အိပ်နေတာလေ။
အရမ်းသံသယဝင်ဖို့ ကောင်းတယ်။
လင်းဖေးဟန် တွေးနေခဲ့သည်။
မဟုတ်သေးဘူး။ တစ်နေရာရာမှာ အမှားတစ်ခုခု ရှိနေပုံပဲ။
လင်းဖေးဟန် မျက်လုံးမှိတ်လိုက်သည်။ အစောက မြင်ခဲ့ရတဲ့ ပထမထပ်က မြင်ကွင်းကို ပြန်မြင်ယောင်လိုက်သည်။
ဗီဒီယို ကြည့်နေရသလို သူ့ရဲ့ မှတ်ဉာဏ်ထဲကနေ လူတိုင်းကို အသေးစိတ် စစ်ဆေးရင်း အချက်အလက်တစ်ခုချင်းဆီကို ရှာဖွေလိုက်သည်။
လင်းဖေးဟန် ရုတ်ချည်း မျက်လုံးပြန်ဖွင်လိုက်သည်။ သူမှားနေတဲ့ နေရာကို ရှာတွေ့သွားပြီ!
ပထမထပ်က လူတွေထဲမှာ ပျောက်နေတဲ့ သူ တစ်ယောက်ရှိတယ်။ လင်းရှောင်ဝေ့ပဲ!
လင်းရှောင်ဝေ့ ပျောက်နေပြီး အခုလက်ရှိ လူအုပ်ထဲမှာ မရှိနေဘူး။
လင်းရှောင်ဝေ့က သူ့ကိုသတ်ဖို့ ငှားထားတဲ့ လူသတ်သမားများလား?
လင်းဖေးဟန် စိတ်ထဲမှ အတွေးတွေကို အတည်ပြုလိုက်သည်။
အခုက အရေးကြီးနေတဲ့ အချိန်ပဲ။
ဒီလောက်အချိန်တိုအတွင်းမှာ သေချာပေါက် ရဲတွေလဲ လာနိုင်မှာမဟုတ်ဘူး။ ရဲတွေ လာကယ်တဲ့အချိန်အထိ အချိန်ဆွဲဖို့ဆိုတာ လက်တွေ့မကျတဲ့အရာပဲ။
ဝမ်တကုံကိုရော၊ အားသောင်နဲ့ တစ်ခြားသူတွေကိုပါ မက်ဆေ့ပို့ထားတာ မှန်ပေမဲ့ သူတို့တွေက အခုငါနဲ့ ဘယ်လောက် အဝေးမှာရှိနေလဲ မသေချာဘူး။ အမြန်ဆုံး မှန်းဆရရင် သူတို့ မိနစ်အနည်းငယ် အတွင်း ဒီနေရာကို ရောက်လာနိုင်တယ်။
မိနစ်အနည်းငယ်ဆိုတာ မနည်းလွန်း၊ မများလွန်းတဲ့အချိန်ပဲ။
ရိုးရိုးသားသားပြောရရင် အဲဲ့ဒီ မိနစ်အနည်းငယ် အတွင်းမှာ လူသတ်သမားတွေ ငါ့ကို အကြိမ်ကြိမ် သတ်ပြီးလို့ရနေပြီ!
ငါ့ဆီကို လာတဲ့လူသတ်သမားက တစ်ယောက်ထပ် ပိုနိုင်သေးတယ်။ သတ်ရဲမှတော့ အချက်တွေ အများကြီးကို ထည့်တွေးထားပြီး အထူးလေ့ကျင့်ထားတဲ့ လုပ်ကြံရေးသမား တွေထုတ်ပြီး တိုက်မှာပဲ။
လင်းဖေးဟန် တုံ့ဆိုင်းနေချိန်မှာပဲ ပထမထပ်က တစ်စုံတစ်ခုကို သတိထားမိသွားတာမို့ လင်းဖေးဟန် အမြန်ကြည့်လိုက်သည်။ တစ်နေရာလုံး မှောင်မဲနေပြီး ဘာမှ မမြင်နိုင်ပေမဲ့ ပထမထပ်က နေ ဆူညံသံ တစ်ချို့ ကြားရသည်။ လင်းဖေးဟန်ရဲ့ နှလုံးသားမှာ အရေးပေါ် ခေါင်းလောင်းသံတွေ ချက်ချင်း မြည်ဟည်းသွားသည်။
အမှောင်ထဲကနေ တစ်စုံတစ်ခုက အန္တာရယ်ပေးဖို့ လာနေသလိုမျိုး သူ့ရဲ့ နှလုံးသားထဲ မသက်မသာ ခံစားနေရသည်!
လင်းဖေးဟန် ဘာကိုမှ မတွေးနိုင်တော့ပဲ အလျင်စလို အနောက်လှည့်ကာ ယန်ရှောင်းရွှယ်ကို ကြမ်းပြင်ပေါ် တွန်းချ လိုက်သည်။
လူနှစ်ယောက်က မျက်နှာချင်းဆိုင် ထပ်ရပ် ပြုတ်ကျသွားပြီး အချင်းချင်းရဲ့ ပူနွေးတဲ့ အသက်ရှုငွေ့ကိုပါ ခံစားနိုင်နေသည်။
ယန်ရှောင်းရွှယ် ချက်ချင်းပဲ ကြောင်အ သွားသည်။ လှပတဲ့ မျက်ဝန်းနက်တို့က ချက်ချင်း ပြူးကျယ်လာသလို သူမရဲ့ ဦးနှောက်သည်လည်း ရုတ်ချည်း ဗလာဖြစ် သွားသည်။
ယန်ရှောင်းရွှယ် တုံ့ပြန်နိုင်ချိန်မှာ သူမ တစ်ပြိုင်နက်ထဲ ရှက်ရွံ့ ဒေါသထွက်တဲ့ ခံစားချက်ကို ခံစားနေရသည်။ အနည်းငယ်လဲ ပျော်ရွှင်မိသည်။
ဒါပေမဲ့ ငါက လွယ်ကူတဲ့ မိန်းမ မဟုတ်ဘူး။ အခု ဒုက္ခရောက်နေချိန်မှာ မစ္စတာလင်းက အခွင့်အရေးယူချင်တာလား? ချောမောတဲ့ လင်းဖေးဟန်က ဒါမျိုးလုပ်တဲ့ သူမျိုးမှန်း ငါ မထင်ထားခဲ့ဘူး။
ယန်ရှောင်းရွှယ် ရှက်ရမ်းရမ်းပြီး လင်းဖေးဟန်ရဲ့ ကိုယ်လုံးကို အားသုံးကာ တွန်းလိုက်သည်။ လင်းဖေးဟန်ရဲ့ နှလုံးက အခုန်မြန်နေပြီး ယန်ရှောင်းရွှယ် ခံစားလို့ ရနေသည်။
အိုး! မစ္စလုသာ ဒါကိုသိသွားရင် ငါ လုကုမ္ပဏီမှာ ဘယ်မျက်နှာနဲ့ အလုပ်ဆက်လုပ် ရမှာလဲ?
လင်းဖေးဟန်က ဥက္ကဋ္ဌဖြစ်ပြီး ငါက သာမာန် အလုပ်သမားဆိုပေမဲ့ အခုကိစ္စမှာတော့ ငါ့ပြောပိုင်ခွင့်ဆိုတာ ရှိသေးတယ်။
ယန်ရှောင်းရွှယ်ရဲ့ မျက်နှာက ပူနွေးနေပြီး သူမ တုန်ယင်နေတဲ့ အသံနဲ့ စကားပြောဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာပဲ ရေကန်ထဲ ကျောက်တုံးတစ်တုံး ပြုတ်ကျသွားသလို ငြိမ်သက်တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကနေ အသံတစ်ခုကို သူမ ကြားလိုက်ရသည်။
ထို့နောက်မှာ ကျောက်တုံးတစ်တုံးက နံရံကို ဖြတ်တိုက်သွားပြီး မီးစတစ်ချို့ပင် ပွင့်သွားသေးသည်။
ယန်ရှောင်းရွှယ် တုန်ယင်သွားသည်။ အစောက အသံက ဘာမှန်းသူမ မသိခဲ့ပေမဲ့ အခုချိန်မှာ သူမချက်ချင်းပဲ သဘောပေါက်သွားခဲ့သည်။
အုတ်နံရံကို အခုလိုလျင်မြန်တဲ့ အရှိန်နဲ့ ရိုက်နိုင်ပြီး မီးစပါ ထွက်စေတဲ့ အရာတစ်ခုပဲ ရှိသည်။ ဒါ ကျည်ဆံပဲ!
ဒါပေမဲ့ဘာလို့ အသံမကြားရတာလဲ? အသံပိတ် တပ်ထားတာဖြစ်မယ်!
ယန်ရှောင်းရွှယ်ရဲ့မျက်နှာက ချက်ချင်း ပျက်ယွင်းသွားသည်။ သူမ ကျည်ဆံကို ဒါပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ အရင်က TV မှာပဲ မြင်ဖူးတာက အခု မျက်စိရှေ့မှာ ဖြစ်လာခဲ့ပြီ။
ယန်ရှောင်းရွှယ် ချက်ချင်းပဲ ကြောက်ရွံ့ အေးခဲ သွားသလို စိတ်ထဲမှာ အနည်းငယ် အပြစ်ရှိစိတ် ကိုလဲ ခံစားလိုက်ရသည်။
သူမ အခုတင် အပိုတွေ ပြုမူခဲ့မိတာပဲ။ လင်းဖေးဟန်သာ အောက်ကို မတွန်းချခဲ့ရင် ကျည်ဆံက ငါ့ကို ဖောက်ဝင်သွား လောက်ပြီ။
လင်းဖေးဟန်က သူမ သေနတ်နဲ့ အပစ်ခံရမှာကနေ ကာကွယ်ခဲ့ပေမဲ့ သူမကတော့ ရိုင်းဆိုင်းစွာနဲ့ ငါ့ကို အခွင့်အရေး ယူချင်နေတာပဲလို့တောင် တွေးနေသေးသည်!
လင်းဖေးဟန်ရဲ့ အမူအကျင့်ကို သံသယ ဝင်မိသည့်အတွက် သူမ တစ်ကယ်ကို သေသင့်တာပဲ!
“လင်း.. မစ္စတာလင်း.. ရှင်အရင် ထမလား?”
အခုချိန်မှာယန်ရှောင်းရွှယ်ကို လင်းဖေးဟန်ရဲ့ ကိုယ်လုံးကြီးက ပိတ်မိနေတာဖြစ်ပြီး သူမလဲ အလျင်စလို မလှုပ်ရှားရဲတော့ပေ။
ယောက်ျားသား တစ်ယောက်ရဲ့ ရင်ဘက်က အပူငွေ့နဲ့ ယောက်ျားဆန်တဲ့ ရေမွှေးနံ့ကြားမှာ ယန်ရှောင်းရွှယ်ရဲ့ မျက်နှာက ပူလောင် နေတော့သည်။ သူမရဲ့အသံကလဲ ခြင်တစ်ကောင်လို တိုးညှင်းနေသည်။
ထိုအချိန်မှာ ယန်ရှောင်းရွှယ် တည်တည်ငြိမ်ငြိမ်ပဲ နေလိုပြီး အခုလို အရေးမပါတဲ့ မကြောင်းတွေကို သူမ လုံးဝ မတွေးချင်ပါဘူး။ ဒါပေမဲ့ လင်းဖေးဟန်ရဲ့ တောက်လျှောက်ခံစားမိနေတဲ့ အနွေးဓာတ်နဲ့ အထင်ကြီးဖွယ် ကိုယ်လုံးကိုယ်ပေါက်ကြောင့် ယန်ရှောင်းရွှယ်ကို ရှက်ရွံ့မှုကြောင့် မြေကြီးထဲ ကျွင်းတူးပြီး ဝင်ပြေး ချင်စိတ်ပါ ပေါက်နေ မိသည်။
ထိုအချိန်မှာ လင်းဖေးဟန်သည် လူသတ်သမားရဲ့ ဦးတည်ရာကို ကြည့်နေခဲ့သည်။ ယန်ရှောင်းရွှယ်ရဲ့ အသံကို ကြားတော့ တစ်ခုခုမှားနေတာလို့ သူ ချက်ချင်း တွေးမိသွားသည်။
ယန်ရှောင်းရွှယ်ရဲ့ နူးညံ့တဲ့ အနီရောင် နှုတ်ခမ်းကို လက်နဲ့ကာလိုက်ရင်း တိတ်တိတ်နေဖို့ အချက်ပြလိုက်သည်။
လင်းဖေးဟန် အမြန်တုံ့ပြန်ခဲ့ပေမဲ့ ခြေတစ်လှမ်း နောက်ကျသွားဆဲပင်။
ရေကန်ထဲ ကျောက်တုံးပြုတ်ကျတဲ့အသံ ထွက်ပေါ်လာပြန်သည်!
ကျည်ဆံက တိုက်ရိုက်ပဲ လှေကားရဲ့ အလှဆင်ထားတဲ့ လက်ရန်းကို မှန်သွားသည်။ ကွဲသွားတဲ့ အုတ်စတွေက လင်းဖေးဟန်ရဲ့ လက်ဖမိုးကို လာထိသည်။
ကျည်ဆံကသူ့ကို မထိဘဲ လက်ရန်းကိုပဲထိသွားတာ လင်းဖေးဟန် တစ်ကယ် ဝမ်းသာသည်။ မဟုတ်ရင် သူ့ခေါင်းတည့်တည့်ကို ချိန်ထားတာပဲ!
လင်းဖေးဟန် ဖြစ်ပျက်သွားတဲ့ ကိစ္စကို မတုံ့ပြန်နိုင်သေးခင်မှာပဲ လှေကားဆီကနေ ညင်သာတဲ့ ဆူညံသံကို သူကြားလိုက်ရပြန်သည်။
လင်းဖေးဟန် ယန်ရှောင်းရွှယ်ကို တိတ်တိတ် နေဖို့အချက်ပြပြီး တိတ်တဆိတ် လှေကားကနေ တွယ်ဆင်းလိုက်သည်။ သူ့ကို သတ်ချင်နေတာ ဘယ်သူလဲ သိချင်မိသည်။
ထိုအချိန်မှာ ယန်ရှောင်းရွှယ် ကြောက်လွန်းလို့ တစ်ကိုယ်လုံး တုန်ယင်နေကာ အသံတစ်ခုမှ မထွက်အောင်လို့ ပါးစပ်ကို လက်ဝါးနဲ့ တင်းနေအောင် ပိတ်ထားသည်။
လက်ရှိ အခြေအနေက လင်းဖေးဟန်အတွက် လုံးဝ အရေးမသာဘူး။ တစ်ဖက်လူက သူ့ရဲ့ နေရာအတိအကျကို သိထားပြီးပြီ။ ဒီအချိန်မှာ လှေကားအောက်ဆင်းတာက အတုံးအဆုံး ရွေးချယ်မှုပဲ!
ပြီးတော့ တစ်ဖက်က လူသတ်သမားက လှေကားတစ်ဝက် ရောက်နေပြီ။ ဒီတော့ လင်းဖေးဟန် ယန်ရှောင်းရွှယ်ကို အောက် မခေါ်သွားခင် အခွင့်အရေးယူပြီး လူသတ်သမားကို လက်ဦးအောင် ဆော်နိုင်မှ ဖြစ်တော့မှာ။
ဝေတဝါးနဲ့ လှေကားပေါ်ကို တွယ်တက်နေတဲ့ ပုံရိပ်တစ်ခုကို လင်းဖေးဟန် မြင်လိုက်သည်။ သူ မတုံ့ဆိုင်းနေပဲ ချက်ချင်း ကန်ချလိုက်သည်။
'အား’ ဆိုတဲ့ အော်သံတစ်ခုအပြီးမှာ ဂီတာသံရဲ့ ကျယ်လောင်တဲ့အသံပါ တွဲရက်လိုက်ပါလာသည်။
ပထမထပ်က လူတွေအားလုံး ဆူညံသံကြောင့် ကြောက်ရွံ့သွားကြသည်။
“ အပေါ်ထပ်မှာ လူရှိတယ်.. လူရှိတယ်!”