← Chapters

အခန်း (၁၇၁)

Vol. 13 Ch. 171

အခန်း (၁၇၁)

Vol. 13 Ch. 171

လီယွင်လုံ အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။

“ အဲ့ဒါက.. ပြောရမှာ နည်းနည်းရှည်တယ်”

ဖုန်းမင်ကျင်း လက်တစ်ဖက် ယမ်းလိုက်ပြီး

“ တော်ပါ မင်း မပြောချင်ဘူးဆိုမှတော့ မပြောနဲ့တော့”

ဖုန်းမင်ကျင်း မတ်တ​ပ်ရပ်ကာ ကမ္ပည်းတိုင် ထားထားတဲ့ စင်ဆီကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး အမွှေးတိုင် သုံးချောင်းကို မီးထွန်းလိုက်သည်။ ဖုန်းမင်ကျင်း အလုပ်စ တော့မဲ့အချိန်တိုင်းမှာ အမွှေးတိုင် သုံးတိုင် မီးထွန်းတတ်တာကို လီယွင်လုံက ဖုန်းမင်ကျင်းနဲ့ ငယ်စဥ်းတည်းက အတူကြီးပြင်းလာပြီး ရင်းနီးနေကြ အပြုအမူဖြစ်လို့ တန်းသိလိုက်သည်။

ဖုန်းမင်ကျင်း လက်ထဲမှာ အမြဲကိုင်ထားလေ့ ရှိတဲ့ ဗုဒ္ဓရုပ်ထုလေးက သူ့ဆီကိုလာမှန်တဲ့ ကျည်ဆံကို ကာခဲ့ပေးတာကြောင့် သူဒီနေ့ထိ အသက်ရှင်နိုင်ခဲ့တာ ဖြစ်သည်။ ထိုအချိန်မှ စပြီး ဖုန်းမင်ကျင်းက သတ်သတ်လွတ်ပဲ စားတော့ပြီး နေ့စဥ် ဘုရားရှိခိုးတော့သည်။

ဖုန်းမင်ကျင်း ခပ်တိုးတိုး ရွတ်လိုက်သည်။

“ အချိန်ကုန်တာ မြန်လိုက်တာ။ အဲ့ဒီတုန်းက ရှောင်းလုံက ဘောင်းဘီထဲ သေးပေါက်ချရင်တောင် ငါ့ကိုပြောပြ ခဲ့တယ်။ အခုမင်းလဲ အရွယ်ရောက်လာသလို ငါလဲ အိုမင်းလာခဲ့ပြီ”

“ အန်ကယ်ဖုန်း.. ကျွန်တော်”

လီယွင်လုံ အနည်းငယ် မသက်မသာ ဖြစ်လာသည်။

လီယွင်လုံ တစ်ခုခုကို ရှင်းပြချင်ခဲ့ပေမဲ့ ဖုန်းမင်ကျင်းက တိုက်ရိုက် ပြောလာသည်။

“ ကောင်းပြီ။ ငါ အားစန်ကို လွှတ်လို​က်မယ်။ ဒီကိစ္စကို စိတ်မပူနဲ့တော့။ အခုက မင်းတို့ လူငယ်တွေရဲ့ ကမ္ဘာကြီးပဲ။ ငါ့လိုအိုမင်းနေတဲ့ လူအိုက လက်ကျန်အပူဓာတ်ကို သုံးပြီး မင်းတို့ရဲ့ အရှိန်တိုးအောင်ပဲ ပံ့ပိုးပေးနိုင် တော့မယ်”

လီယွင်လုံ လေးလံစွာ ခေါင်းညိတ်လိုက်ပြီး ယဥ်ကျေးတဲ့ စကားတွေ ပြန်ပြောမနေတော့ပေ။ ဒီအချိန်မှာ သူကော ဖုန်းမင်ကျင်းကော ဘာတွေးနေလဲ သူတို့ကိုယ်တိုင်ပဲ သိသည်။

လီယွင်လုံ တိုက်ရိုက်ပဲ ပြောလိုက်သည်။

“ အန်ကယ်ဖုန်း ကျွန်တော် သတင်းရထားတယ်။ ဒီနေ့ လင်းဖေးဟန်နဲ့ လုကုမ္ပဏီက အလုပ်သမားမလေး တစ်ယောက်နဲ့ အနောက်တိုင်း စားသောက်ဆိုင်မှာ ညစာ အတူစားနေကြ…”

“ ကောင်းပြီ။ ငါသိပြီ။ မင်းသွားလို့ရပြီ!”

ဖုန်းမင်ကျင်း တိုက်ရိုက်ပဲ ဖြတ်ပြောလိုက်သည်။

လီယွင်လုံ နှုတ်ဆိတ်သွားပြီး ဖုန်းမင်ကျင်းကို မတ်တပ်ရပ်ကာ ဦးညွတ်လိုက်သည်။ ထို့နောက်မှာ ရိုသေစွာဖြင့်

“ ဟုတ်ကဲ့!”

ထို့နောက်မှာ လီယွင်လုံ ထွက်သွားတော့သည်။

ဖုန်းမင်ကျင်း လက်တစ်ဖက်နှင့် အချက်ပြပြီး အနောက်မှာ အသင့်ရပ်နေသော လူယုံကို ခေါ်လိုက်သည်။

“ သွားပြီး အားစန်ကို ဒီကိုခေါ်လာခဲ့။ တစ်ခါထဲ လူတစ်ချို့ကိုပါ ခေါ်လာခဲ့။ ဒီနှစ်တွေထဲ သူလဲ တိုးတက်လာသင့်ပြီ!”

“ဟုတ်ကဲ့!”

…………..

ထိုအချိန်မှာ လင်း​ဖေးဟန်သည် ယန်ရှောင်းရွှယ်ကို အနောက်တိုင်း စားသောက်ဆိုင်ကို ခေါ်သွားနေတာ ဖြစ်သည်။

စားသောက်ဆိုင်ထဲကို ဝင်လိုက်တာနဲ့ အဆိုတော် တစ်ယောက်သီချင်းဆိုနေသံကို ကြားနေရသည်။ အထဲကိုရောက်တာနဲ့ သီချင်းက ပြီးသွားခဲ့ပြီး ဂီတာသံရဲ့ အဆုံးမှာ လက်ခုပ်သံတို့ လျှံထွက်လာခဲ့သည်။

ဧည့်သည် တစ်ယောက်မှ အော်လာခဲ့သည်။

“ နောက်တစ်ပုဒ်လောက်!”

“ ဟုတ်တယ်၊ နောက်တစ်ပုဒ် ဆိုပေးပါ”

“ နောက်တစ်ပုဒ်!”

လင်းဖေးဟန် ဝင်လိုက်တာနဲ့ စင်ပေါ်က အဆိုတော်ကို တစ်ချက်ကြည့်လိုက်သည်။

ထိုလူသည် ဆံပင် အတိုနဲ့ ငယ်ရွယ်တဲ့ ကောင်လေးတစ်ယောက်ပင်။ ဂီတာကို အနောက်မှာ လွယ်ထားရင်း ထိုလူရွယ်က လူအုပ်ကို ရိုသေစွာ ဦးညွတ်လိုက်သည်။ ထိုလူရဲ့ မျက်နှာသည် တည်ငြိမ်နေပြီး လူငယ်တစ်ယောက်ရဲ့ မာန်မျိုး လုံးဝ မတွေ့ရပေ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်လိုမျိုး တည်တည်ငြိမ်ငြိမ်ပဲ ရပ်နေပြီး ကမ္ဘာကြီးကို စိန်ခေါ်ခြင်းမျိုးလဲ မရှိ​ဘူး။

မျက်နှာပေါ်မှာ ရှိနေတဲ့ မရိတ်သင်ထားသော မုတ်ဆိတ်မွေးနက် များအပြင် မျက်ကွင်းကလဲ ညိုနေသေးတာကြောင့် မသပ်မရပ်နဲ့ ဆယ်စုနှစ်တစ်ခုစာလောက် ပိုပြီး အိုစာနေပုံ ပေါက်သည်။

ထိုလူငယ်က မိုက်ခရိုဖုန်းကို ယူလိုက်ပြီး

“ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဒီမှာလူသစ်တစ်ယောက်ပါ။ စိတ်မကျေနပ်စရာ တစ်ခုခု ရှိစေခဲ့မိရင် ဒီကနေပဲ တောင်းပန်လိုက်ပါတယ်ဗျ”

“ နောက်တစ်ပုဒ်က ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ရဲ့ ကောင်မလေးအတွက် ရေးထားတဲ့သီချင်းလေးပါ။ ကံဆိုးစွာနဲ့ ဒီသီချင်းရေးပြီးပြီးချင်းမှာပဲ သူမက ကျွန်တော်နဲ့ လမ်းခွဲသွားခဲ့တယ်။ ဒါကြောင့်မို့ ကျွန်တော်ဒီသီချင်းကို လူကြီးမင်းတို့ကို ဖျော်ဖြေပေးပါ့မယ်။ ဒီသီချင်းနာမည်က ‘တောင်ပိုင်းသူ’ လို့ခေါ်ပါတယ်”

ပရိတ်သံများထဲမှ လက်ခုတ်သံတို့ ထွက်ပေါ်လာပြန်သည်။

“ ကြည့်ရတာ ဒီကောင်လေးမှာ ဇာတ်လမ်းလေးတွေ ရှိပုံပဲ။ ဒါကြောင့် ငါသူ့ကို ကြည့်လိုက်တိုင်း အိုမင်းနေတဲ့ ခံစားချက် ရနေတာ မအံ့သြတော့ဘူး။ ဒီတိုင်း ဖျော်ဖြေမှု တစ်ခုပဲ ထင်ခဲ့တာ။ ဒီကောင်လေးရဲ့ ရင်ထဲက ခံစားချက်တွေမှန်း မသိခဲ့ဘူး!”

“ ဒီကောင်လေးက အရည်အချင်းတော့ ရှိတယ်။ သူဒီကိုရောက်တာ နှစ်ရ​က်ပဲ ရှိသေးတယ်။ ဒီမှာလူတွေ အရမ်းများသွားပြီ။ ကြည့်လိုက်၊ ဒီလူတွေ အကုန် သူ့ကြောင့် ရောက်လာတာပဲ”

“ ဒီကို ဘယ်သူက ညစာစားဖို့ လာလို့လဲ? အကုန်လုံးက သူ သီချင်းဆိုတာကို နားထောင်ဖို့ လာခဲ့တာလေ”

စားသောက်ဆိုင်က လူတွေ အကုန်လုံးက

စိတ်လှုပ်ရှား​နေကြပေမဲ့ လင်းဖေးဟန် တစ်ယောက်ပဲ အများနှင့်မတူစွာ တည်ငြိမ်နေခဲ့သည်။ ဒါပေမဲ့ သူ့ရဲ့ ဦးနှောက်က တော်တော်လေး အလုပ်လုပ်နေခဲ့သည်။

လင်း​ဖေးဟန် ထိုလူငယ်ကို သေချာ စိုက်ကြည့်နေခဲ့သည်။ လင်းဖေးဟန်ရဲ့ မျက်နှာထားက အနည်းငယ် ပြောင်းလာ သလိုပင်။

ဒီကောင်လေး အခုဆိုမဲ့သီချင်းက ‘တောင်ပိုင်းသူ’ လား?

ဒါ သူ့ အရင်ဘဝတုန်းက သီချင်းပဲ။

ဒီမှာဘာလို့ ပေါ်လာရတာလဲ?

ဒီကောင်လေးကလဲ ငါ့လို အချိန်ခရီးသွားသူ ပဲလား?

လင်းဖေးဟန် စင်ပေါ်က ကောင်လေးကို မျက်မှောင်ကြုတ်နှင့် စိုက်ကြည့်နေသည်။

သူ့ရဲ့ နှလုံးသားထဲမှာ ကံကောင်းမှု တစ်စုံတစ်ရာကို တောင့်တနေဆဲပဲ။ ဒီသီချင်းက ဒီတိုင်း နာမည်တူရုံပဲ ဖြစ်ပါစေ၊ တိုက်ဆိုင်လွန်းပြီး နားမည်တူသွားတာပဲ ဖြစ်ပါစေ..

ထို့နောက်မှာ လူငယ်ရဲ့ ဂီတာသံတစ်ချက် အစပျိုးမှုအပြီးမှာ သီချင်းသံ ထွက်ပေါ်လာသည်။

သီချင်းရဲ့ အစဦးဆုံး စာသားကို ကြားတာနဲ့ ဒီသီချင်းက အရင်ဘဝတုန်းက သီချင်းမှန်း လင်းဖေးဟန် တန်းပြီး မှတ်မိလိုက်သည်။

လင်းဖေးဟန် အကြီးအကျယ် လှုံ့ဆော်ခံလိုက်ရသည်။ သူ စင်ပေါ် ပြေးတက်ပြီး ကျယ်လောင်စွာ အော်မေး ချင်နေပြီ။ ဒီသီချင်းက တစ်ကယ်ပဲ မင်းရဲ့ သီချင်းလားလို့!

အဆုံးမှာ ထိုလူရွယ်က စကားပြောလိုက်သည်။

“ မြောက်ပိုင်းရွာဘက်မှာ တောင်ပိုင်းသူ တစ်ယောက်နေတယ်။ သူမက အမြဲတမ်း ပန်းပွင့်စကပ်လေးတွေကို ဝတ်ဆင်တတ်ပြီး လမ်းမဘေးမှာ ရပ်ပြီးငေးနေတတ်တယ်။ ဒီခံစားချက်ကို တစ်ကယ်ကို လွမ်းဆွတ်စရာပဲ..”

လင်းဖေးဟန်ရဲ့ နှလုံးက တစ်ချက် ဆောင့်ခုန်သွားသည်။ သူ့ရဲ့ ရင်ဘတ်နားကို တစ်ယောက်ယောက်က စကားကပ်ပြော သွားသလိုပဲ။

ထိုလူငယ်ကို စိုက်ကြည့်နေရင်းနဲ့ လင်းဖေးဟန် အော်ဟစ်ပစ်လိုက်ချင်ပေမဲ့ စကားလုံးတွေက သူ့ရဲ့လည်ပင်းကနေ အပြင်ကို မထွက်နိုင်ခဲ့ဘူး။

သံစဥ်ကော၊ စာသားကောက အတူတူပဲ။ အဲ့ဒါထက်က အခုသူ့အရှေ့မှာ ဆိုနေတဲ့ ဒီအဆိုတော်ကောင်လေးရဲ့ အသံကလဲ အထူးကောင်းမွန်သည်။ လင်းဖေးဟန် သေချာ ကြားနေရသည်မို့ ဒီကောင်လေးရဲ့ သီဆိုမှုက မူရင်းအဆိုတော်နဲ့ တစ်ပုံစံထဲ နီးနီး တူညီတယ်လို့ ပြောလို့ရသည်။

လင်းဖေးဟန် အရှေ့ကိုဆက်မသွားတော့တာ မြင်တော့ လင်းဖေးဟန် သီချင်းနားထောင် နေတာပဲလို့ ယန်ရှောင်းရွှယ် ရိုးရိုးပဲတွေးလိုက်ပြီး အလျင်စလို မလှုပ်ရှားတော့ပေ။

အဆိုတော်ရဲ့ သီချင်းသံကို ကြားတော့ ယန်ရှောင်းရွှယ်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားပြီး သူမ အံ့သြတကြီး ရေရွတ်လိုက်သည်။

“ ဒီကောင်လေးက တစ်ကယ် မိုက်တယ်နော်။ ကိုယ်တိုင် သီချင်းရေးနိုင်ပြီး သီချင်းက နားထောင်လို့လဲ ကောင်းတယ်။ ဒီစားသောက်ဆိုင်လေးမှာ အလုပ်လုပ်နေတာ စိတ်မကောင်းစရာပဲ”

လင်းဖေးဟန် စကားပြန်မပြောလာခဲ့ပေ။ သူ့ရဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည်။

လင်းဖေးဟန် တစ်ခုခု မှားနေတာကို ယန်ရှောင်းရွှယ် နောက်ဆုံးတော့ သတိထားမိသွားသည်။ သူမ အမြန်ရှေ့တိုးသွားပြီး ပြုတ်ကျခါနီး လင်းဖေးဟန်ကို အမြန်ထိန်းပေး လိုက်သည်။

ယန်ရှောင်းရွှယ် အနည်းငယ် လန့်သွားသလို သူမရဲ့ မျက်နှာသည်လဲ စိတ်လှုပ်ရှားမှုတို့ ပြည့်သွားသည်။ သူမ အမြန်မေးလိုက်သည်။

“ သူဋ္ဌေးလင်း ရှင်ဘာဖြစ်တာလဲ? နေမကောင်းဘူးလား?”

လင်းဖေးဟန် လက်တစ်ဖက် ယမ်းပြလိုက်သည်။ အသက်ဝဝ တစ်ချက် ရှုပြီးနောက်မှာ အပြုံးတစ်ခုကို မျက်နှာတွင် တပ်ဆင်လိုက်သည်။

“ ဘာမှမဖြစ်ဘူး။ ဒီတိုင်း နည်းနည်းမူးသွားလို့ပါ။ ဒုတိယထပ်ကို သွားကြမယ်လေ”

ထို့နောက်မှာ လင်းဖေးဟန် ဒုတိယထပ်ကို ဖြည်းဖြည်းချင်း သွားလိုက်သည်။ လင်းဖေးဟန်ရဲ့ အပြုအမူကို ယန်ရှောင်းရွှယ် အနည်းငယ် အံ့သြသွားခဲ့ပေမဲ့ လင်းဖေးဟန်ရဲ့ ဥက္ကဋ္ဌဆိုတဲ့ အနေအထားက သူမထက် အများကြီးမြင့်သည်။ သူမ မေးခွန်းအများကြီး မထုတ်ရဲစွာ လင်းဖေးဟန် အနောက်ကနေ လိုက်သွားလိုက်သည်။

ထိုအချိန်မှာ လင်းဖေးဟန်က စိတ်ထဲကနေ စနစ်နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေခဲ့သည်။

“ စနစ် ဒါဘာ​ အကြောင်းအရင်းကြောင့်လဲ? အဲ့ဒီလူကဘယ်သူလဲ? ငါ့အရင်ဘဝ တုန်းက သီချင်းကို သူကဘာလို့ သိနေတာလဲ? ငါ သင်တော်တဲ့ ဖြေရှင်းချက် လိုချင်တယ်!”

လင်းဖေးဟန် အလွန်ကို​စိတ်ဆိုးနေခဲ့သည်။

All Chapters