အခန်း (၁၈၁)
Vol. 13 Ch. 181
လင်းဖေးဟန်ရဲ့ စိတ်ထဲ အဆင်မပြေနေတဲ့ ကိစ္စ နှစ်ခုရှိသည်။
ပထမတစ်ချက်က ယဲ့ဖန်းက အခုသူနဲ့အတူတူ ပထမထပ်မှာ ရှိနေတာပဲ။ ယဲ့ဖန်းက သေချာပေါက်ကို အဲ့ဒီလူသတ်သမားတွေထက် ပိုကြောက်ဖို့ ကောင်းသည်။
အခုအချိန်မှာ မားပါ့ အရှေ့ထွက်ပြီး ကာကွယ် ပေးနေလို့ လုံခြုံသေးပေမဲ့ မားပါ့က အိုမင်း နေပြီမို့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက အရင်လောက် မကောင်းတော့ဘူး။ ယဲ့ဖန်း ဆီကနေ အနိုင်ယူခံရဖို့ အချိန်တစ်ခုပဲ လိုမှာ။
ဒုတိယတစ်ချက်က ယန်ရှောင်းရွှယ်တို့ အခုလောက်ဆို လွတ်သွားပြီမို့ မြို့တော်ဗျူရို လဲ သတိထားမိသင့်ပြီ။
အဲ့ဒါကို အဲ့ဒီ ရဲသားတွေကော၊ သူ ခေါ်ထားတဲ့ ဝမ်တကုံနဲ့ အားသောင်ကပါ ဘာလို့ ရောက်မလာကြ သေးတာလဲ?
မီးပြတ်သွားတည်းကဆိုရင် အခု အနည်းဆုံး ဆယ်မိနစ်ရှိပြီ။ တစ်လှမ်းချင်း လျှောက်လာရင်တောင် ဒီအချိန်မှာ ရောက်သင့်နေပြီ။
အပြင်ဘက်မှာ နောက်ထပ် လူသတ်သမား ရှိနေလို့်လား? သူတို့အားလုံး အတားခံ နေရတာလား?
လင်းဖေးဟန် တွေးမိပြီးတာနဲ့ ရင်ထဲ ဗလောင်ဆူ သွားသည်။
ကြည့်ရတာ ဒီကိစ္စက ဒုက္ခများနေပုံပဲ!
လင်းဖေးဟန် တွေးပြီး အစီအစဥ် ချခဲ့ပေမဲ့ ကိစ္စတွေက အခုလို အဆုံးသတ်သွားမယ် မထင်ထားဘူး။ အခုလို လူသတ်သမားတွေက ငါးယောက်၊ ခြောက်ယောက် ရှိမယ် မထင်ထားဘူး။ အဲ့ထက်တောင် ပိုများချင် များနေနိုင်သေးတယ်။
အခု အခြေအနေကို ကြည့်ရင် တစ်ဖက်လူတွေက ပရော်ဖက်ရှင်နယ် လူသတ်သမားတွေမို့ အထူးဂရုစိုက်မှ ဖြစ်မည်။ တစ်ဖက်အဖွဲ့ကနေ အခုလို များပြားတဲ့ လူသတ်သမားကို လွှတ်လိုက်တယ် ဆိုကတည်းက သူတို့တွေ ကောင်းကောင်း ပြင်ဆင်ထားတာကို ပြနေတာပဲ!
တစ်ဖက်လူက သူ့ကို သေချာသိတဲ့သူပဲ ဖြစ်ရမယ်။ မဟုတ်ရင် အခုလို လူအများကြီး လွှတ်ထားမှာမဟုတ်ဘူး။
တစ်ကယ်ပဲ ဘယ်သူများလဲ?
လင်းဖေးဟန် အမြဲတမ်း ကိုယ့်ဘက်က စည်းကျော်ပြီးရင် အမှတ်ရနေတတ်တာမို့ ပြန်စဥ်းစားကြည့်လိုက်သည်။ ယဲ့ဖန်းက လွဲရင် သူဘယ်သူ့ကိုမှ ရန်မစဖူးဘူး။ ဒီကမ္ဘာရဲ့ ဘယ်သူကများ ငါ့ကို အရမ်းမုန်းတီးပြီး အခုလို လုပ်ကြံသူတွေ လွှတ်လိုက်တာလဲ?
ချက်ချင်းပဲ လင်းဖေးဟန် လူတစ်ယောက်ကို တွေးမိသွားသည်.. လီယွင်လုံ!
လီယွင်လုံ တစ်ယောက်ပဲ ဒီလောက်များတဲ့ လူတွေကို လွှတ်နိုင်စွမ်းရှိမှာ!
မူရင်း ဇာတ်ကြောင်းကို သိထားတာမို့ လင်းဖေးဟန်မှာ နတ်ဘုရားအသိဉာဏ် ရှိသည်။ စာအုပ်ရဲ့ ဇာတ်ကောင် အားလုံး အကြောင်းကို သူကောင်းကောင်းသိသည်။ သေချာပေါက် အခုလိုမျိုး ကောက်ခါငင်ခါ ပေါ်လာတဲ့ အပိုဇာတ်ကောင်တို့၊ များစွာတဲ့ ဇာတ်ကောင်ငယ်တွေတို့တော့ သူ ဘယ်သိမလဲ?
ဒါပေမဲ့ လီယွင်လုံကတော့ ဇာတ်ကောင်ကြီး တစ်ကောင်ထဲမှာ ပါတာမို့ စာရေးသူက အချက်အလက်များစွာကို ဖော်ပြပေးထားသည်။
လီယွင်လုံရဲ့ အဖေက တစ်ခါက လူသတ်သမားတစ်ယောက်ကို ကယ်ပေး ဖူးသည်။
အဲ့ဒီ ခေါင်းဆောင် လူသတ်သမားက အငြိမ်းစားယူပြီးနောက်မှာ လီမိသားစုနဲ့ အချိန်အကြာကြီး အတူနေခဲ့သည်။ အသက်ကယ်ပေးတဲ့ ကျေးဇူးကို ဆပ်ဖို့ပေါ့။ လီမိသားစုကလဲ အဲ့ဒီ ခေါင်းဆောင်အတွက် ပိုက်ဆံအများကြီး သုံးပေးခဲ့သည်။
ရှင်းလွေ့ ကုမ္ပဏီက မြေအောက်လောကနဲ့ အဆက်အသွယ်တစ်ချို့ရှိပြီး အဲ့ဒီခေါင်းဆောင်က ကူညီပေးထားတာပဲ။
ဒီတစ်ခေါက်ကိစ္စက လီယွင်လုံ လုပ်တာ ဖြစ်နိုင်သည်။
အခုလို အဆင့်မြင့် လူသတ်သမားကို သူပဲ ငှားနိုင်မှာ!
လီယွင်လုံကတော့ အန်ကယ်ဖုန်းလို့ ခေါ်ပေမဲ့ အဲ့ဒီလူရဲ့ နာမည်က ဖုန်းမင်ကျင်း ဖြစ်သည်။
ဒီအချက်ကို ပြန်တွေးရင်းနဲ့ ရုတ်တရက် စနစ်မှ ပြပေးထားတဲ့ မားပါ့ရဲ့ အချက်အလက်ကို လင်းဖေးဟန် ဆက်စပ်မိသွားသည်။ မားပါ့ကို အခုလိုဖြစ်အောင် လုပ်ခဲ့တဲ့သူက ဖုန်းမင်ကျင်းပဲ။
အကုန်မှန်သွားပြီ!
သူ့ကို သတ်ချင်နေတဲ့သူက လီယွင်လုံ ဆိုတာ နောက်ဆုံးတော့ လင်းဖေးဟန် အတည်ပြုနိုင် သွားပြီ။
ဇာတ်ကောင် အားလုံးက ဇာတ်ကွက်ရှိမှ ပေါ်လာရမှာ။ ရုတ်တရက် ဘယ်ကမှန်း မသိ ကောက်ပေါ်လာဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာပဲ။
ဒါ အခြေခံသဘောတရားပဲလေ!
ဒါပေမဲ့ ဒီညရဲ့ ကိစ္စက အသေအချာကို သာမာန်ထက် ထူးခြားတဲ့ကိစ္စပဲ။ တစ်ဖက်က လူသတ်သမားအင်အားစုက သေချာပေါက် ကြောက်ဖို့ကောင်းတဲ့ကောင်တွေ ဖြစ်မှာ။ အဲ့ဒီ အချိန်ကျရင် ကျင်းပိုင်ရဲ့ အင်အားစုတွေကို အတင်းအကျပ် ဖိနှိပ်ဖို့ဆိုပြီး ကြောက်ဖို့ ကောင်းတဲ့ အကြီးဆုံးအင်အားစုကြီးပါ လွှတ်လာနိုင်တယ်..
မဟုတ်သေးဘူး။ ငါတွေးတာ များနေပြီ။ ဒီပြဿနာကို အရင်ဖြေရှင်းရမယ်!
လင်းဖေးဟန် အသိပြန်ကပ်တဲ့အချိန်မှာ လူတော်တော်များများ နေရာကနေ ထွက်သွားပြီးကြပြီ။ လှေကားပေါ် အလုအယက် တက်ကြရင်း ပြုတ်ကျပြီး အချင်းချင်းရန်လုပ်နေကြတဲ့ လူတစ်စုနဲ့၊ အခုထိ ချလို့မပြီးသေးတဲ့ ယဲ့ဖန်းနဲ့ မားပါ့က လွဲရင် ကျန်တဲ့အသံတွေ မကြားရတော့ဘူး။
အခုလို ဆူညံတဲ့ ပတ်ဝန်းကျင်ထဲကနေ အလွန်တိုးညှင်းတဲ့ ခြေသံတစ်ခုကို လင်းဖေးဟန် ရုတ်တရက် ခံစားမိလိုက်သည်။
အရမ်းကိုး တိုးဖျော့လွန်းတာမို့ သာမာန် အချိန်မှာတောင် သတိထားဖို့ မလွယ်နိုင်တာ၊ အခုလို ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာဆို မပြောနေနဲ့တော့။ သာမာန်သူဆို ဘာ လှုပ်ရှားမှုကိုမှ ကြားနိုင်မှာ မဟုတ်ဘူး။
ဒါပေမဲ့ လင်းဖေးဟန် အရမ်းကို အာရုံထားထားတာမို့ ထိုအသံကို ကြားလိုက်သည်။
အကြမ်းဖျင်းပြောရရင် ဒီစားသောက်ဆိုင်ရဲ့ ဧည့်သည်အများစုက ထွက်ပြေးသွားကြပြီ။ ဒါကြောင့် အခုခြေသံက သွေးဝိညာဥ်ဂိုဏ်းရဲ့ လူသတ်သမားဆီက အသံဖြစ်လောက်သည်။
ကြည့်ရတာ လူသတ်သမားက သူ့ရဲ့အပေါင်းအပါတွေဆီက သတင်း ရသွားပုံပဲ။ အပြင်ကနေ ဘယ်သူမှ မလာနိုင်တာသိတော့ သူပဲ တိတ်တဆိတ် အောက်ဆင်းပြီး လင်းဖေးဟန်ကို ကိုယ်တိုင် လာရှာပြီး လင်းဖေးဟန် သတိလွတ်နေချိန် ဖမ်းဖို့စီစဥ်ထားတာဖြစ်မည်။
လင်းဖေးဟန် ချက်ချင်းပဲ အာရုံစိုက်လိုက်သည်။ လက်ထဲက သေနတ်ကို အပေါ်မြှောက်ကာ တစ်ခါထဲ မောင်းတင်ထားသည်။ တစ်ဖက်လူရဲ့ ခြေသံက အရမ်းကိုတိုးပြီး ဖြည်းဖြည်းချင်း လှမ်းလာနေသည်။
ဒါပေမဲ့ လင်းဖေးဟန် အခုချိန်မှာ မရှိဆုံးအရာကို ပြောဆိုရင် စိတ်ရှည်မှုပဲ။ သူ့ရဲ့ မျက်လုံးတွေက လှေကားတစ်ခုလုံးကို စူးစိုက်ကြည့်နေသည်။
တစ်မိနစ်လောက်ကြာပြီးနောက်တွင် ခြေသံက ရုတ်တရက်ပျောက်သွားသည်။ တစ်ဖက်လူက လှေကားရဲ့အောက်ဆုံးနားကို ရောက်ပြီး သူ့အနားကနေ ခြေလှမ်းအနည်းပဲ ကွာတော့တာကို လင်းဖေးဟန် တန်းပြီး သဘောပေါက်လိုက်သည်။ လူသတ်သမားက သတိမပြုမိဘဲ အရှေ့ကို အလောတကြီး လူလုံးထွက်မပြချင်တာပဲ။
ဒါပေမဲ့ တစ်ဖက်လူကအရမ်းတော့ မတွန့်ဆုတ်နေခဲ့ပေ။ သိပ်မကြာခင်မှာ ခြေသံက ပြန်ထွက်ပေါ်လာပြီး အရင်လို တိုးဖျော့နေဆဲပဲ။
လင်းဖေးဟန် သဘောပေါက်လိုက်သည်။ ဒီဆိုင်ထဲမှာရှိတဲ့ လူသတ်သမားက တစ်ယောက်ထဲပဲ။ ကျန်တဲ့သူတွေက အပြင်ဘက်က ရဲတွေကို တားဖို့ကျန်နေတာ ဖြစ်လောက်သည်။ မဟုတ်လဲ ဝမ်တကုံနဲ့ အားသောင်ကို ရင်ဆိုင်နေရတာဖြစ်မည်။
သိပ်မကြာခင်မှာ ခြေထောက်တစ်ဖက်က အရင်အရှေ့ထွက်လာပြီး ခန္ဓာကိုယ်က အနောက်မှာ ကျန်နေဆဲပဲ။ ဒါပေမဲ့ လင်းဖေးဟန် တုံ့ဆိုင်းမှုမရှိ သေနတ်မောင်းဆွဲပြီး တစ်ဖက်လူရဲ့ ခြေတစ်လှမ်း ရှေ့တိုးတာနဲ့ ပစ်ချလိုက်သည်။
“ဘန်း” ဆိုတဲ့ အသံတစ်ခုအပြီးမှာ ကျည်ဆံပြေးသွားပြီး အရှိန်ပြင်းတာမို့ လင်းဖေးဟန် သတိလက်လွတ် အနောက်အနည်းငယ် ဆုတ်သွားရသည်။ ကျည်ဆံက တစ်ဖက်လူရဲ့ ခြေထောက်ကို တိုက်ရိုက်ပဲ ဖောက်ဝင်သွားသည်။
ဒါပေမဲ့ ခန့်မှန်းတာ မှားသွားသည်။ လူသတ်သမားက သေချာကို သူအောက်ဆင်းလာမှန်း လင်းဖေးဟန် မှန်းမိအောင် အသံပေးခဲ့တာဖြစ်သည်။
ဒါပေမဲ့ မှောင်မဲနေတဲ့ အလင်းကြောင့် လင်းဖေးဟန် အဲ့ဒါကို သတိမထားမိခဲ့ဘူး။
လင်းဖေးဟန် တစ်ဖက်လူရဲ့ ခေါင်းကို ချိန်ခဲ့ပေမဲ့ ထိုလူက အောက်ကို မဆင်းခဲ့တာမို့ လင်းဖေးဟန်ရဲ့ ပစ်တဲ့စကေးက တွက်ချက်မှု မှားသွားသည်။
ထိုလူ အောက်ဆင်းလာရင်တော့ သေချာပေါက် ဦးခေါင်ခွံကို ဖောက်ဝင်သွားမှာပင်။
လင်းဖေးဟန်ရဲ့ ချိန်တာ လွဲသွားမှုကြောင့် အောက်မဆင်းရသေးတဲ့ လူသတ်သမားရဲ့ ခြေထောက်ကိုတော့ မှန်သွားသည်။
သေနတ်သံကြောင့် ပထမထပ်မှာ တိုက်ခိုက်နေတဲ့ လူနှစ်ယောက် ရပ်သွားကြသည်။
“ အား” ဆိုသော လူတစ်ယောက်ရဲ့ စူးစူးဝါးဝါး အော်သံတစ်ခုနဲ့အတူ အပေါ်ထပ်ကနေ ပစ္စည်းတွေ ပြုတ်ကျသံတွေ ဆက်တိုက် ထွက်လာသည်။
လင်းဖေးဟန် အမှောင်ထုကို ကျင့်သားရပြီး ဖြစ်သလို အကွာအဝေးကလဲ နီးလွန်းနေတာမို့ သွေးဝိညာဥ်ဂိုဏ်းရဲ့ ဆန်းကြယ်တဲ့ လူသတ်သမား လိမ့်ဆင်းကျလာတဲ့ နေရာကို နောက်ဆုံးတော့ လင်းဖေးဟန် သိသွားသည်။ လင်းဖေးဟန် တစ်စက်မှ မတုံ့ဆိုင်းဘဲ မှန်းဆထားတဲ့တည်နေရာကို ဆက်တိုက် ပစ်ချလိုက်သည်။ သူကြည့်တောင် မကြည့်နေခဲ့ပေ။
လင်းဖေးဟန် အရှေ့ကို လျှောက်သွားလိုက်တော့ သေနေတဲ့ လူသတ်သမားကို မြင်လိုက်ရသည်။ ထိုသူရဲ့ ကိုယ်တစ်ခုလုံး သွေးလွှမ်းနေပြီး မျက်လုံးအစုံက ပြူးကျယ်နေသည်။
အရေးကြီးဆုံး တစ်ခုက ထိုလူရဲ့ ညာလက်က ပစ္စတိုကိုင်ထားပြီး မောင်းလဲတင်ပြီးသားပင်! ဆိုလိုတာက သူ အောက်ကို ပြုတ်ကျတာနဲ့ နာကျင်မှုကို တောင့်ခံရင်း ပုံစံအမြန်ပြင်ပြီး ပစ်မှတ်ကို ပစ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာပဲ!
တစ်နည်းပြောရရင် လင်းဖေးဟန်သာ ဦးအောင် သေနတ်နဲ့ မဆော်ခဲ့ဘဲ ဂရုမစိုက်မိဘူးဆိုရင် စောင့်ကြိုနေမဲ့ အရာက အေးစက်ပြီး ကြောက်မက်ဖွယ် ကျည်ဆံပဲဖြစ်မှာ!
ထိုအချိန်မှာ ယဲ့ဖန်းအဝေးကနေ လင်းဖေးဟန်ကို နက်ရှိုင်းစွာ ကြည့်နေခဲ့သည်။ သူ့မျက်လုံးတွင် အံ့သြမှုတို့ ပြည့်နေသည်။