အခန်း (၁၇၉)
Vol. 13 Ch. 179
လင်းဖေးဟန် တိုက်ရိုက်ပဲ အော်လိုက်သည်။
“ ဒုတိယထပ်မှာ လေသာပေါက်တစ်ခု ရှိတယ်။ မင်းတို့ အသက်ရှင်ချင်ကြရင် ဒုတိယထပ်ကို မြန်မြန်သွားကြ!”
လင်းဖေးဟန်ရဲ့ စကားဆုံးတာနဲ့ လူအုပ်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်လာပြီး အကုန်လုံး ဒုတိယထပ်ကို အလုအယက် ပြေးကြ တော့သည်။ လင်းဖေးဟန် ပြောထားပြီးတာနဲ့ အချိန်ကို တစ်ခါထဲ တွက်ဆပြီးသားပင်။ လင်းရှောင်ဝေ့နဲ့ ယန်ရှောင်းရွှယ် အခုလောက်ဆို လွတ်ပြီး နေလောက်ပြီ။
သူ အခုလို လူတွေကို ပြောပြလိုက်တာက ဒုတိယထပ်ကို သွားနေတဲ့ လူတွေရဲ ရှုတ်ထွေးမှုကို အသုံးချရင်း လူသတ်သမား ထံကနေ ခဏတာ တားမြစ်နိုင်ဖို့နဲ့ အခုလို လူတွေပြေးသွားတဲ့အတွက် အပေါက်ပိတ် သွားပြီး လူသတ်သမားက လင်းရှောင်ဝေ့နဲ့ ယန်ရှောင်းရွှယ်တို့နောက်ကို မလိုက်နိုင်တော့ဘဲ အချိန်ဆွဲနိုင်ဖို့ ဖြစ်သည်။
ဟွမ်လောင်ပ ဒဏ်ရာရသွားတာမို့ ယဲ့ဖန်း အေးစက်စွာပြောလာသည်။
“ လင်းဖေးဟန် မင်းက သေကြောင်းရှာနေတာပဲ။ မင်း ခွေးကို မရိုက်ခင် ပိုင်ရှင်ကို အရင်ကြည့်သင့်တယ်။ ဒါမင်းငါ့ကို အသိအသာကို အဖက်မလုပ်လိုက်တာပဲ”
လင်းဖေးဟန် မျက်နှာကိုမဲ့ကာ အနောက်လှည့် လာသည်။
“ ဒီနေ့ မစ္စတာလင်းက မင်းနဲ့စကားများဖို့ အချိန်မရှိဘူး”
“ လင်းဖေးဟန် မင်းက သေချင်နေတာပဲ!”
လင်းဖေးဟန် မတ်တပ်ရပ်ပြီး ထွက်သွားဖို့ ပြင်လိုက်ပေမဲ့ ရုတ်တရက် သူ့ခေါင်းအနောက်ကနေ လေတစ်ချက်ကို ခံစားမိလိုက်သည်။ လင်းဖေးဟန်ရဲ့ နှလုံးသားက တုန်ခါသွားပြီး ဇာတ်လိုက်ကြီး လှုပ်ရှားနေပြီမှန်း တန်းသိလိုက်သည်။
နောက်ဆုံးတော့ ယဲ့ဖန်း ထပ်သည်းမခံ နိုင်တော့ဘူး။
ဒီနေ့က ငါ့ရဲ့ကံဆိုးတဲ့နေ့လို့ သတ်မှတ်ပေးရတော့မလား? အရှေ့မှာ လူသတ်သမား၊ အနောက်မှာ ယဲ့ဖန်းနဲ့။ ဟုတ်တော့ ဟုတ်နေပြီ။
ဒီတစ်ခေါက် တစ်ကယ်ပဲ ငါ့ဘဝ ဆုံးရှုံးရနိုင်လောက်လား?
မင်းတို့ အားလုံးက ငါလင်းဖေးဟန်ကို သေစေချင်နေမှတော့ ငါက မသေပေးရုံပဲပေါ့။ ဒီကမ္ဘာရဲ့ ဗီလိန်က မိုးကောင်းကင်ကိုပါ ဖန်တီးနိုင်တယ်ဆိုတာ မင်းတို့မှတ်ထားလိုက်!
ယဲ့ဖန်းရဲ့ အင်အားကြီးမှုကို လင်းဖေးဟန် ကောင်းကောင်းသိတာမို့ လင်းဖေးဟန် အရမ်းကြီး မာန်မဝင့်ရဲဘူး။
ယဲ့ဖန်းက တစ်ကယ်ပဲ လမ်းလျှောက်နေတဲ့ စစ်ကားတစ်စီးလားဆိုတာ ငါလဲ သိချင် မိတယ်!
ငါ့ရဲ့ သန်မာမှုနဲ့ အလျင်နှုန်း အကုန်လုံးက 150 မှတ်ရှိတယ်။ ငါဒီနေ့ကို စောင့်နေခဲ့တာပဲ။ ယဲ့ဖန်းက သန်မာတယ်ဆိုရင်တောင် ငါမင်းကို မကြောက်ဘူး!
ငါ လင်းဖေးဟန်က ဂျုံမှုန့်နဲ့ လုပ်ထားတဲ့ ပျော့တိပျော့ဖက်ကောင် မဟုတ်ဘူးကွ!
လင်းဖေးဟန် ချက်ချင်း အနောက်လှည့် လိုက်ပြီး လေရဲ့ဦးတည်ရာကို ကြည့်ရင်း လက်သီးတစ်ချက်နဲ့ တုံ့ပြန်လိုက်သည်။
လက်သီးနှစ်ခုရဲ့ ဆုံတွေ့မှု အပြီးမှာ 'ဘန်း’ ဆိုတဲ့ အသံကြီးထွက်ပေါ်လာသည်။
လင်းဖေးဟန်ရဲ့ လက်သီးက အမြှောက်ဆံနဲ တွေ့လိုက်ရသလိုမျိုး သူချက်ချင်းပဲ နောက်ပြန် လဲကျသွားသည်။
ယဲ့ဖန်းလဲ အနောက်ကို နှစ်လမ်းလောက် ဆုတ်သွားရသည်။
“ဘန်း” ဆိုတဲ့ အသံအပြီးမှာ လင်းဖေးဟန်ရဲ့ ကျောပြင်နဲ့ နံရံနဲ့ ဝင်ဆောင့်ပြီး သူ့ရဲ့ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း မြေပြင်ပေါ် ကျသွားသည်။
လင်းဖေးဟန် ခန္ဓာကိုယ်ရဲ့ နာကျင်၊ အဆင်မပြေမှုကို တောင့်ခံလိုက်သည်။ ဖြစ်နိုင်သည်မှာ အနည်းငယ်သော အရှက်ကွဲမှုကြောင့် ဖြစ်မည်။ လင်းဖေးဟန် အံကြိတ်လိုက်ကာ မြေပြင်ပေါ် တပလ္လင်ခွေ ထိုင်လိုက်သည်။
သန်မာတယ်! တစ်ကယ်ကို သန်မာတယ်!
ယဲ့ဖန်းက တစ်ကယ်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်တဲ့ကောင်ပဲ!
ထိုအချိန်မှာ လင်းဖေးဟန်ရဲ့ လက်သီးကို အသုံးပြုခဲ့တဲ့ ညာလက်က စတင်ပြီး တုန်ယင်နေခဲ့သည်။
ဒါက ဇာတ်လိုက်ရဲ့ သန်မာမှုတဲ့လား?
ငါက ဟိုးအဝေး အဝေးကြီးမှာ ကျန်နေသေးပုံပဲ။
ယဲ့ဖန်းက လင်းဖေးဟန်ကို အံ့အားသင့်စွာ ကြည့်လာပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ မင်း ဒီလောက်ရိုက်နိုင်မယ် ငါမထင်ထားမိဘူး။ မင်းက လင်းမိသားစုရဲ့ လူဘောကျော့ သခင်လေး မဟုတ်ဘူးပဲ။ ငါ့ကို ပြန်တွန်းနိုင်တဲ့သူ အနည်းငယ်ပဲ ရှိတယ်။ ဒီလောက်ဆို မင်းကိုယ်မင်း တော်တော်လေး အားကြီးပြီလို့ ပြောနိုင်နေပြီ”
“ ဒါပေမဲ့မင်းက ကံဆိုးပြီးငါနဲ့ လာတွေ့တာပဲ။ ဒီနေ့ကမင်းရဲ့ သေမဲ့နေ့လို့ ပြောလို့ရတယ်”
လင်းဖေးဟန် စိတ်ထဲမှ မဲ့ရွဲ့လိုက်သည်။
“ စကားတွေအရှည်ကြီးပြောပြီး နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို သန်မာကြောင်း ကြွားလုံးထုတ်နေတာ”
လင်းဖေးဟန် ဘာစကားမှမဟဘဲ ယဲ့ဖန်းကို အနီးကပ် စိုက်ကြည့်နေခဲ့သည်။
လင်းဖေးဟန် သူ့ရဲ့ ဘယ်ဘက်လက်အတွက် စစ်ဆင်ရေးစရမဲ့ အချိန်ကို စိတ်ကူးထားရင်း တစ်ချိန်ထဲမှာ ယဲ့ဖန်း သူ့ဆီကိုရောက်လာဖို့ လျှောက်မဲ့ ခြေလှမ်းနဲ့ အချိန်ကိုတွက်ဆလိုက်သည်။
ငါအခု ယဲ့ဖန်းနဲ့ ၇မီတာလောက် ကွာတယ်။ ယဲ့ဖန်းရဲ့ ပျမ်းမျှခြေလှမ်းက အနည်းဆုံး 0.7မီတာရှိတယ်။ ဆိုလိုတာက သူငါ့ဆီလာဖို့ ခြေဆယ်လှမ်းလောက် လာရမယ်။
ငါ တည်ငြိမ်အောင်လုပ်ထားမှ ဖြစ်မယ်။ ငါ့ရဲ့ တိုက်ကွက်တွေက မမှန်သေးဘူး။ အခုလောက် ဝေးတဲ့အကွာအဝေးကနေ တိုက်ရင် ယဲ့ဖန်းရဲ့ အထိနာမဲ့ အစိတ်အပိုင်းတွေကို မတိုက်ခိုက်နိုင်ဘဲ သူ့ရဲ့ဒေါသကိုပဲ ဆွမိသွားမယ်။
ငါ တည်ငြိမ်မှဖြစ်မယ်။ ယဲ့ဖန်း အကယ်လို့ ခုနှစ်လှမ်း လှမ်းလာပြီးရင် ငါနဲ့ ၃ မီတာလောက်ပဲ ကွာတော့မယ်။ အဲ့ဒီအချိန်က တိုက်ဖို့အကောင်းဆုံးအချိန်ပဲ!
ယဲ့ဖန်းကို သတ်လိုက်ရင် သူဘယ်လောက်ထိ ကံတရားရဲ့ တန်ပြန်မှုကို ခံရနိုင်လဲ၊ ကမ္ဘာကြီးက သူ့ကိုဘယ်လိုတွေ အပြစ်ပေးမလဲ လင်းဖေးဟန် မတွေးနိုင် တော့ဘူး။
ဘယ်လိုနေနေ သေလမ်းပဲလေ! ကမ္ဘာကြီးရဲ့ လက်ထဲမှာပဲ သေပစ်လိုက်မယ်။ ယဲ့ဖန်းရဲ့ လက်ထဲတော့ သူ မသေချင်ဘူး!
“ တစ်… သုံး.. ခွန်..”
လင်းဖေးဟန် တိုက်ရိုက်ပဲ ဘယ်လက်ကို အားနဲ့အနောက်ဆုတ်ကာ လှုပ်ရှားလိုက်သည်။
ယဲ့ဖန်းက အရှေ့ကိုတိုးလာတာမို့ လင်းဖေးဟန် သူ့ရဲ့ဘယ်ဘက်လက်ကို လှုပ်ရှားတဲ့အခါမှာ ယဲ့ဖန်းကို တိုက်ရိုက်ထိနိုင်ဖို့ အတွက် ယဲ့ဖန်းနဲ့ လုံခြုံတဲ့အကွာအဝေးတစ်ခုအထိ ဆွဲထားမှ ဖြစ်မည်လေ။
အခုပဲ!
လင်းဖေးဟန် ချက်ချင်းပဲ မောင်းဆွဲလိုက်သည်။
“ဘန်း!”
54ပုံစံတူ သေနတ်မှ ကျည်ဆံမီးပွင့်သွားသည်။
သေနတ်သံကြားသွားတဲ့ လူတွေ ပိုပြီးကြောက် လန့်လာကြ၊ အော်ဟစ် တွန်းထိုးကြရင်း ဒုတိယထပ်ကို ပြေးကြသည်။ သေနတ်က ကျည်ဆံတွေ သူတို့ကို လာထိမှာ ကြောက်နေကြသည်။
လူတော်တော်များများ ကြောက်လန့်ပြီး လဲကျသွားတဲ့အထိ ရှိကြပေမဲ့ ဒီလောက်က သူတို့ရဲ့ အသက်ရှင်ချင်စိတ်ကို မတားဆီးနိုင်ဘူး။ သူတို့တွေ ကုန်းရုန်းထပြီး အပေါ်ထပ်ကို ပြေးတက်ကြသည်။
ယဲ့ဖန်း ပြင်ဆင်ထားမှာကို သိပေမဲ့ လင်းဖေးဟန် ဒီလောက်တော့ မယုံဘူး။ ယဲ့ဖန်းက ဘယ်လောက်တော်တဲ့ သိုင်းပညာရှင် ဖြစ်နေပါစေ၊ သူက ကျည်ဆံထက် မြန်နိုင်မှာလား?
ဒါပေမဲ့ ယဲ့ဖန်းက တစ်ကယ်ပဲ ဘေးဘက်ကို လှည့်လိုက်သည်။ ကျည်ဆံက နံရံကို ပြေးမှန်သွားပြီး ယဲ့ဖန်းကို လုံးဝ မထိသွားဘူး!
လင်းဖေးဟန် ပြိုလဲကျတော့မတတ် ဖြစ်သွားသည်။ ယဲ့ဖန်းက တစ်ကယ်ကို ကျည်ဆံကိုရှောင်လိုက်နိုင်တာလား?
ယဲ့ဖန်း ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်ရင်း လင်းဖေးဟန်ကို စနောက်တဲ့အပြုံးနဲ့ ပြောလာသည်။
“ မင်းကတစ်ကယ့်အရူးပဲ လင်းဖေးဟန်။ မင်းရဲ့ကံဆိုးမှုကိုသာ အပြစ်တင်တော့။ မင်းကို သတ်ချင်တဲ့သူတွေ အများကြီးရှိတာကိုမှ မင်းက ငါ့လက်ထဲမှာ သေဖို့ ကံပါနေတာပဲ!”
လင်းဖေးဟန် အနည်းငယ် စိတ်ပူနေပေမဲ့ သူ ယဲ့ဖန်းကို လျစ်လျူရှုပြီး စိတ်ထဲကနေ စနစ်ကိုဆက်သွယ်လိုက်သည်။
“ စနစ် မင်းပြောတော့ ဒါက ခေတ်ပေါ် ဝတ္ထုဆို။ ဒီယဲ့ဖန်းက ကျည်ဆံပါရှောင် နိုင်တယ်။ ဒါတစ်ကယ်ပဲ ကျင့်ကြံရေး မဟုတ်တာ သေချာလား မင်းပြောတော့?”
လင်းဖေးဟန် တစ်ကယ်ပြိုလဲချင်နေပြီ။ ဒီနေ့က သူ့ရဲ့ သေနေ့စေ့တာများလား?
သနားစရာပဲ။ ငါ ဂရုတစိုက် ဆွဲထားရတဲ့ အစီအစဥ်တွေအတွက် သနားစရာပဲ။ ငါ့ရဲ့ မိန်းမလှလေးတွေအတွက် စိတ်မကောင်းစရာပဲ!
“ ပိုင်ရှင်ရေ ဒါကျင့်ကြံရေးဝတ္ထု မဟုတ်ဘူး။ ဒါပေမဲ့ ယဲ့ဖန်းက ပိုင်ရှင် သေနတ်နဲ့ ပစ်မယ်ဆိုတာ ကြိုသိပြီးသားမို့ တုံ့ပြန်နိုင်သွားတာ။ ယဲ့ဖန်းရဲ့ တုံ့ပြန်မှုက အရမ်းမြန်တာကို သိသင့်တယ်လေ။0.001 စက္ကန့်အတွင်းမှာ တုံ့ပြန်နိုင်တယ်။ သင့်အနေနဲ့ဆို ကျည်ဆံကို မမြင်နိုင်ပေမဲ့ ယဲ့ဖန်းက ဘယ်တူမလဲ?”
ထပ်ပြောရရင် ယဲ့ဖန်းက ကြိုတင်မှန်းဆမှု လုပ်ပြီးသားပဲ။
ရှေ့ကို တစ်လှမ်းချင်း တိုးလာနေတဲ့ ယဲ့ဖန်းကိုကြည့်ပြီး လင်းဖေးဟန် အမြန်မေးလိုက်သည်။
“ စနစ်ရေ ကပ်ဘေးကနေ လွတ်မြောက်နိုင်မဲ့ စကေးမျိုးရှိလား?”
“ ရှိတယ်” စနစ်က တည်ငြိမ်စွာပြောလိုက်သည်။
လင်းဖေးဟန်ရဲ့မျက်လုံးတွေ လင်းသွားသည်။ သူနဲ့စနစ်နဲ့က အပြန်အလှန် မှီခိုနေတဲ့ သူတွေပဲ။ သူသေရင် စနစ်လဲ ပျောက်ကွယ် သွားရမှာ။
စနစ် အလျင်စလို မဖြစ်နေတာ မအံ့သြတော့ပါဘူး။ နောက်ကွယ်မှာ ကဒ်ကောင်းတစ်ခု ကျန်နေသေးတာပဲ!
လင်းဖေးဟန် တန်းပြောလိုက်သည်။
“ ကောင်းပြီ ဘယ်လောက်လဲ? ငါဝယ်မယ်”
ဒီအချိန်မှာ လင်းမိသားစု တစ်ခုလုံးကို ရောင်းစားရမယ်ဆိုရင်တောင် သူစိတ်ပါလက်ပါ လုပ်မှာပဲ။
သစ်တောစိမ်းကြီး ရှိနေသရွေ့ ထင်း မရှိမှာ ပူစရာမလိုဘူး။ မသေသေးသရွေ့ ငါ ပိုက်ဆံရှာလို့ရတယ်။
“ စိတ်မကောင်းပါဘူး။ ပိုင်ရှင့်မှာ လုံလောက်တဲ့ လွှမ်းမိုးနိုင်စွမ်း မရှိတဲ့အတွက် ဝယ်ပေးလို့မရပါဘူး!”
“ မင်း ီးလို့ လာနောက်နေတာလားကွ!”