← Chapters

စစ်ဦးစီးမှူးရာထူးတိုးခြင်း

Vol. 6 Ch. 523

စစ်ဦးစီးမှူးရာထူးတိုးခြင်း

Vol. 6 Ch. 523

သခင်မလေးဟုန်ချိန်၏ နတ်ဘုရားအာရုံ လွင့်ပျယ်သွားသည်ကို ချိန်ဟဲ့ထျန် သတိထားမိလိုက်လေသည်။ ပထမတွင် သူက မြေရိုင်းဒေသကို လှမ်းကြည့်လိုက်ပြီးနောက်တွင် အံ့သြတုန်လှုပ်ခြင်းအမူအရာဖြင့် မျက်လုံးကြီးကို ငုံကြည့်လိုက်သည်။

သိသာစွာပင် သန့်ရှင်းသောဝိညာဥ်အသံလှိုင်းကို သူသတိထားမိလိုက်လေသည်။

သန့်ရှင်းသော ဝိညာဥ်သည် သန့်ရှင်းဝိညာဥ်အသံလှိုင်းကို ထုတ်ရန် ၎င်း၏အနှစ်သာရအသံကို ဆင့်ခေါ်နိုင်သော်လည်း များသောအားဖြင့် သေရေးရှင်ရေးအခြေအနေတွင်သာ ထိုသို့ ပြုလုပ်လေ့ရှိသည်။ ထိုသို့ပြုလုပ်ခြင်းက သန့်ရှင်းသော ဝိညာဥ်အပေါ် အလွန် အားယုတ်စေသော်လည်း မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ပြီး အလွန်တရာ အစွမ်းထက်လေရာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ၄င်းကို ခုခံရန် အားကုန်ထုတ်ရလိမ့်မည်။

လွန်ခဲ့သော အချိန်အနည်းငယ်က သန့်ရှင်းသောဝိညာဥ်အသံလှိုင်းက စွမ်းအားအပြည့် မဟုတ်သည့်တိုင် သခင်မလေးဟုန်ချိန်၏ နတ်ဘုရားအာရုံကို ဖျက်စီးပစ်ရန် လုံလောက်ပြီး သန့်ရှင်းသောဝိညာဥ်အတွက် အလွန်အားကုန်ခမ်းသွားခဲ့ပေလိမ့်မည်။

သန့်ရှင်းသော ဝိညာဥ်နှင့် စေတီကြီးသည် ရှင်းကုံကျစ်တာအိုဂိုဏ်းနှင့် ဆက်သွယ်ထားပြီး အမှန်တကယ်ဆိုရလျှင် ချိန်ဟဲ့ထျန်အပါအဝင် ထိုသို့သော လူအနည်းစုသာ သန့်ရှင်းသော ဝိညာဥ်၏ စစ်မှန်သော မူလအခြေခံကို သိကြလေသည်။ အမှန်မှာ...၄င်းသည် ကောင်းကင်တံတားပင်လယ်ရှိ ကောင်းကင်တံတားကျွန်းမှ လာခြင်းဖြစ်သည်။

ကောင်းကင်တံတားမြစ်၏ မြစ်လက်တက်လေးခုပေါ်ရှိ မြစ်ဝဂိုဏ်းများအတွက် ကောင်းကင်တံတားကျွန်းသည် သီးခြားဖြစ်တည်နေသော နေရာဖြစ်သည်။ လူသားကမ္ဘာတွင် ဧကရာဇ်များကို မှူးမတ်များ၊ဝန်ကြီးများက မကြာခဏ အထောက်အပံ့ပေးရပြီး မြစ်ဝဂိုဏ်းလေးခုနှင့် ကောင်းကင်တံတားကျွန်း အကြားရှိ ဆက်ဆံရေးမှာလည်း ထိုနည်းတူပင်။ ဂိုဏ်းများသည် မှူးမတ်များ၊ဝန်ကြီးများဖြစ်ပြီး ကောင်းကင်တံတားကျွန်းက ဧကရာဇ်နန်းတော်ဖြစ်သည်။

ကောင်းကင်တံတားကျွန်းသည် ကောင်းကင်ဧကရာဇ်၏ အိမ်ဆိုလည်း ဟုတ်သည်။ ပင်ကိုအားဖြင့် သူသည် ကောင်းကင်တံတားနယ်မြေများ၏ အုပ်ချုပ်သူ ဖြစ်သည်။

ယခုအခါ မဟာတံတိုင်းကို ကာကွယ်စောင့်ရှောက်ပေးရန် ကောင်းကင်တံတာကျွန်းမှ တာဝန်ပေးခြင်းခံထားရသော သန့်ရှင်းသော ဝိညာဥ်သည် ရုတ်တရက် ဤကဲ့သို့ ပြုမူခဲ့လေသည်။ အကျိုးဆက်အနေနှင့် ချိန်ဟဲ့ထျန်သည် တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ဝိညာဥ်စက်လုံး ကိုးသောင်းကျော်နှင့် ပိုင်ရှောင်ချန်းကို မကြည့်မိပဲ မနေနိုင်တော့ပေ။

" သူ့အစာသူ ကာကွယ်နေတာပဲ။ ဒီအချိန်မှာ သခင်မလေးဟုန်ချိန်က သူရဲ့ နတ်ဘုရားအာရုံတွေကို လွှတ်လိုက်တာ ကံဆိုးတာပဲ။ ပိုင်ရှောင်ချန်းကတော့... ဘယ်လိုများ အမုန်းဝိညာဥ်တွေကို ရလာတာပါလိမ့်။ ဒီကောင်လေးကတော့ သေချာပေါက် လျှို့ဝှက်ချက်တွေ ပြည့်နေပါလား "

နှစ်ပေါင်းများစွာကြာ ချိန်ဟဲ့ထျန်သည် ပိုင်ရှောင်ချန်းကို တိတ်တဆိတ် အနီးကပ်အာရုံစိုက်နေခဲ့သည်။ သူ၏ ဝိညာဥ်စုစည်းဆေးလုံးများ ဖြစ်စေ၊ ပေါက်ကွဲတတ်သော ဆေးပေါင်းဖိုများဖြစ်စေ ၊ အရာရာတိုင်းကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။ သူက ခွဲခြမ်းစိတ်ဖြာရန် ဂိုဏ်းကို ဝိညာဥ်စုစည်းဆေးလုံးအချို့ပင် ပို့ခဲ့သေးသည်။ အမှန်တကယ်တော့ ထိုကိစ္စအားလုံးကို သူ အလွန်ဂရုတစိုက် သတိကြီးကြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်ငါးဖွဲ့၏ အဖွဲ့ဝင်များအား စစ်ဆေးမှုများ ပြုလုပ်ခြင်းသည် အလွန် အထိအရှမခံသော ကိစ္စတစ်ရပ်ဖြစ်ကြောင်း သူသိလေသည်။

ချိန်ဟဲ့ထျန်က ထိုကိစ္စများအား စဥ်းစားနေချိန် ပိုင်ရှောင်ချန်းက သူ၏ အင်္ကျီလက်ကို ခမ်းနားကြီးကျယ်စွာ ဝှေ့ယမ်းလိုက်သည်။

" ပွင့်စမ်း "

သူက ဟိန်းဟောက်၏။ ချက်ချင်းပင် ဝိညာဥ်စက်လုံး ကိုးသောင်းလုံးသည် တုန်ခါသွားကြပြီး ဝုန်းခနဲ ပွင့်ထွက်သွားကြလေသည်။။ ဝိညာဥ်တိမ်တိုက်ကြီးများ ရုတ်ခြည်း ထွက်ပေါ်လာကာ တစ်မြို့လုံးပြည့်နှက်သွားပြီးနောက် ထို့ထက် ကျော်လွန်၍ ဆက်လက် ထွက်ပေါ်လာလာလေသည်။

မီတာ သုံးသောင်း။ မီတာ သုံးသိန်း။ မီတာ သုံးသန်း။ မီတာ သုံးကုဋေ... မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဥ်တိမ်တိုက်ကြီးသည် အလုံးစုံသော သက်ရှိသက်မဲ့အရာအားလုံးကို ဖုံးအုပ် ပျံနှံ့သွားလေသည်။

ထို့သို့သော တုန်လှုပ်ဖွယ် ဖြစ်ရပ်ကြီးက မဟာတံတိုင်းမြို့တော်ရှိ စစ်တပ်ငါးဖွဲ့၏ ကျင့်ကြံသူများကို တုန်လှုပ်သွားစေသည်မဟုတ်။ ကမ္ဘာမြို့တော်ရှိ လူများပင်လျှင် ဖြစ်ပျက်နေသည်တို့အား သတိပြုမိသွားကြပြီး သူတို့၏ အမူအရာများမှာ အံ့သြခြင်းများဖြင့် ဝင်းလက်သွားကြလေသည်။

မြေရိုင်းဒေသများတွင်လည်း ထိုနည်းတူပင်။ လူ့ဘီလူးများ ၊ ဝိညာဥ်ကျင့်ကြံသူများ လုံးဝ အံ့အားသင့်ကုန်ကြလေသည်။

"ဘာတွေဖြစ်နေတာတုံး "

" ဘုရား။ အဲ့တာ..ဘာ... ဘာကြီးတုန်း "

ဝိညာဥ်တိမ်တိုက်ကြီးက မြင်သမျှလူအားလုံးကို တုန်လှုပ်သွားစေကာ ပျံ့နှံ့လာနေစဥ် မျှော်စင်ထိပ်ရှိ မျက်လုံးကြီးသည် စိတ်လှုပ်ရှားနေသည့်အလား တဆတ်ဆတ်တုန်လာ၏။ ထို့နောက် သန့်ရှင်းသော ဝိညာဥ်သည် ယခင်စုပ်ယူခြင်းက နှေးကွေးလွန်း၍ အပြင်သို့ ထွက်လာရန် လိုအပ်သည်ဟု ခံစားလိုက်ရသည့်လား မျက်လုံးမှ တောက်ပသောအလင်းတန်းများ ထွက်ပေါ်လာလေသည်။

စူးရှတောက်ပသော အလင်းများသည် နေရာတစ်ခုတည်းတွင် လျင်မြန်စွာ စုဆုံသွားပြီးနောက် မျက်လုံးတွင်းမှ ပျံထွက်လာကာ လင်းနို့တစ်ကောင်အသွင်ပြောင်းသွားလေသည်။

၄င်းမှာ အနီရဲရဲမျက်လုံးများရှိကာ ထွင်းဖောက်မြင်နေရပြီး အပြင်ထွက်လာပြီးနောက် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ ၄င်း၏ခေါင်းထက်ရှိ ကောင်းကင်တွင် ဧရာမအရိပ်ပုံသဏ္ဍာန်ကြီးတစ်ခု ပေါ်လာတော့သည်။

ထိုအရိပ်ကြီးသည်လည်း လင်းနို့တစ်ကောင်ဖြစ်ပြီး အလွန်ကြီးမားလွန်း၍ ကောင်းကင်တစ်ခုလုံး ပြည့်နေတော့သည်။ ၄င်း ပေါ်လာသည်နှင့် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရာ ဝိညာဥ်တိမ်တိုက်ကြီးရွေ့လျားလာသဖြင့် ကောင်းကင်နှင့် မြေပြင်တို့ တုန်ခါလာလေသည်။ သူတို့က ဧရာမလင်းနို့ကြီးထံ မနားမနေရွေ့လျားနေရာ လှိုင်းလုံးကြီးများအလားပင်။

စစ်တပ်ငါးဖွဲ့ရှိ သာမန်ကျင့်ကြံသူများမှာ အံ့သြတုန်လှုပ်နေကြတော့သည်။ မျက်လုံးကြီးထဲတွင် လင်းနို့တစ်ကောင်ရှိသည်ဆိုသော အချက်ကို ယခင်က တစ်ယောက်မှ မသိခဲ့ကြပေ။

ပိုင်လင်းနှင့် အခြားစစ်သေနာပတိချုပ်လေးဦးသည် ၄င်းကို သိထားခဲ့ကြသော်လည်း ကိုယ်တိုင်ကိုယ်ကျမမြင်ဖူးသောကြောင့် သူတို့အားလုံးမှာလည်း အံအားသင့်၍ ပင့်သက်ရှိုက်မိနေကြသည်။

ကြီးမားလှသော ဝိညာဥ်တိမ်တိုက်ကြီးသည် ဧရာမလင်းနို့ကြီး၏ စုပ်ယူခြင်းခံနေရသောကြောင့် ကောင်းကင်နှင့် မြေကြီးမှာ တွန့်လိမ်ရှုံ့တွလာလေသည်။ ဖြစ်စဥ်မှာ နှစ်နာရီနီးပါးကြာမြင့်ပြီး ဧရာအရိပ်လင်းနို့ကြီး က အေးစက်သော်လည်း ကျေနပ်သွားသော မျက်လုံးများဖြင့် ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ တခဏကြာသော် ၄င်းက ဘေးပတ်ဝန်းကျင်ရှိအရာမှန်သမျှကို လျစ်လျူရှု၍ သူ၏ အကြည့်ကို ပိုင်ရှောင်ချန်းအပေါ်၌သာ အာရုံစိုက်ထားလိုက်သည်။ ထိုအကြည့်ထဲတွင် သဘောကျခြင်းများနှင့် လတ်တလောဖြစ်ပေါ်လာသော ခင်မင် ရင်းနှီးဟန်များ ရှိနေလေသည်။

ခဏကြာသော် လင်းနို့ပုံရိပ်ကြီးသည် အလင်းစက်တစ်စက်အသွင် ပြန်ပြောင်းသွားပြီး မျက်လုံးထဲပြန်ဝင်သွားတော့သည်။

ဝိညာဥ်အနည်းငယ် အပ်နှံလိုက်ခြင်းက ထိုသို့သော ဖြစ်ရပ်ကြီးတစ်ခုဖြစ်သွားလိမ့်မည်ဟု ထင်မထားဘဲ ဖြစ်ပျက်သွားသော အရာအားလုံးကြောင့် ပိုင်ရှောင်ချန်းမှာ အတော်လေး တုန်လှုပ်သွားလေသည်။

ယခုအခါ လူအားလုံးက မျက်လုံးကြီးဆီမှ အကြည့်လွှဲကာ သူ့ကို ကြည့်နေကြသောကြောင့် တိတ်ဆိတ်ငြိမ်သက်ကာ နေရာမှာပင် ရပ်တန့်နေမိသည်။ ထိုအချိန်တွင် သူ၏ အိတ်ထဲရှိ သက်သေခံလည်ဆွဲသည် တစ်ခါမှ မကြုံဖူးသော ပြင်းအားဖြင့် တုန်ခါလာတော့သည်။ ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားလျက် လည်ဆွဲကို ဆွဲထုတ်လိုက်ချိန်တွင် မျက်လုံးများ ပြူးကျယ်သွားတော့သည်။

" အများကြီးပဲ "

လက်ရှိအချိန်တွင် သူ၏ သက်သေခံလည်ဆွဲထဲရှိ တိုက်ပွဲစွမ်းဆောင်မှုရမှတ်များသည် တဟုန်ထိုးမြင့်တက်လာနေ၏။ တခဏအတွင်းမှာပင် ၄င်းက စစ်ဦးစီးမှူးရာထူးရရန် လိုအပ်သော ပမာဏထက်ပင် ကျော်လွန်သွားပြီး ဆက်လက် တိုးနေသေးသည်။ မကြာမီ ထိုသို့သော သူ့မှာ စစ်ဦးစီးမှူးရာထူးအတွက် လုံလောက်သော ပမာဏ ရှိနေလေပြီ။ ထိုအခါမှသာ စုစုပေါင်းပမာဏက နှေးကွေးစပြုလာ၏။

တိုက်ပွဲစွမ်းဆောင်မှုရမှတ်များ၏ ရင်သပ်ရှူမောဖွယ် ပမာဏများကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ဦးခေါင်းခွံထဲမှ ထွက်ကျတော့မတတ်ဖြစ်နေချေသည်။ ရင်တဒိန်းဒိန်းခုန်လာပြီး ထိုမျှများပြားသော တိုက်ပွဲစွမ်းဆောင်မှုရမှတ်များဖြင့် မည်သို့ပြုလုပ်နိုင်လဲဆိုသည်ကို သူ သေချာမသိသော်လည်း စစ်ဦးစီးမှူးတစ်ယောက်ဖြစ်ရန် လုံလောက်သည်ကိုတော့ လုံးဝသေချာနေသည်။

သိသာထင်ရှားစွာပင် မျက်လုံးကြီးထဲရှိ သန့်ရှင်းသောဝိညာဥ်သည် သူ့ကို အလွန် သဘောကျနေပေသည်။

ပိုင်ရှောင်ချန်းက သူ၏ တိုက်ပွဲစွမ်းဆောင်မှုရမှတ်များကို စိတ်လှုပ်တရှားကြည့်လိုက်ပြီး အခြေအနေကို ရှင်းပြရန် ကြိုးစားမည့် အစီအစဥ်မှန်သမျှ မေ့သွားလေတော့သည်။ သက်သေခံလည်ဆွဲကို ခေါင်းပေါ်မြင့်မြင့်မြှောက်ရင်း သူက အော်လိုက်၏။

" ကျုပ် စစ်ဦးစီးမှူးရာထူးလိုချင်တယ်"

ဝိုင်းအုံနေသော ကျင့်ကြံသူများ ကြက်သေသေသွားကြသည်။

"သူအခု..ဘာ... ဘာပြောလိုက်တာ။ စစ်ဦးစီးမှူးဟုတ်လား "

" ပိုင်ရှောင်ချန်းက စစ်ဦးစီးမှူး ရာထူးလိုချင်တယ်တဲ့လား"

" အံ့သြစရာကြီးပဲဟေ့။ ဝိညာဥ်တိမ်တိုက်ကြီးပဲဖြစ်ဖြစ်၊ မျက်လုံးကြီးရဲ့ အပြုအမူတွေပဲဖြစ်ဖြစ် သူ့ရဲ့ ရာထူးတောင်းဆိုချက်ပဲဖြစ်ဖြစ်ကွာ.. ဒါ... ဒါတွေအားလုံးက...ဘုရားရေ။ ပိုင်ရှောင်ချန်းကတော့ သေချာပေါက် ဒဏ္ဍာရီလာတစ်ယောက်ဖြစ်တော့မှာပဲ "

"သူကတော့ ဝိညာဥ်တွေကိုင်တွယ်တဲ့နေရာမှာ စစ်ဦးစီးမှူးတစ်ယောက် တကယ်ဖြစ်လာရမှာ"

ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့် တချိန်တည်းမှာပင် သူ၏ သက်သေခံလည်ဆွဲထဲရှိ တိုက်ပွဲစွမ်းဆောင်မှုရမှတ်များမှာ ထက်ဝက်နီးပါး လျှော့ချခံလိုက်ရ၏။

ထို့နောက် အထဲတွင် စာရင်းပြုစုထားသော ပိုင်ရှောင်ချန်း၏ ရာထူးအဆင့် ပြောင်းသွားသဖြင့် လည်ဆွဲမှ မျက်စိကျိန်းမတတ် အလင်းများတောက်ပလာ၏။ ထိုမတိုင်ခင်က သူသည် တပ်မှူးကြီး တစ်ဦးဖြစ်သော်လည်း ယခုအခါ သူက စစ်ဦးစီးမှူးတစ်ယောက်ပင်။

သို့သော် ထိုခေါင်းစဥ်နှင့်တွဲနေသည့် နောက်ထပ်စာလုံးက ဟန်ပြ ဖြစ်သည်။

စစ်ဦးစီးမှူး၏ အဆင့်အတန်းသည် အလွန်အရေးပါးသော အရာတစ်ခုဖြစ်ပြီး အခြေခံအားဖြင့် စစ်တပ်အတွင်းရှိ မည်သည့်သာမန်ကျင့်ကြံသူများမဆို ရရှိနိုင်သော အမြင့်ဆုံးအဆင့်ဖြစ်သည် မဟုတ်ပါလော။ စစ်သေနာပတိချုပ်ငါးဦးနှင့် နတ်အဆင့်ခေါင်းဆောင်ကြီးတို့အားလုံးက ဆုံးဖြတ်ချက်ကို အတည်ပြုလက်မှတ်ထိုးပေးပြီး သန့်ရှင်းသော ဝိညာဥ်ထံ တင်ပြရမည်ဖြစ်ကာ ထိုတင်ပြချက်ကို ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ပို့လွှတ်ပေးမည်ဖြစ်သည်။

နောက်ထပ် စဥ်းစားရမည့် တစ်ချက်မှာ လောလောဆယ်တွင် စစ်တပ်ငါးဖွဲ့အတွင်း၌ အဓိက စစ်သူကြီးအတွက် နေရာလပ်တစ်ခုမှမရှိပေ။ စစ်ဦးစီးမှူး အသစ်တစ်ယောက် ရာထူးတိုးလာလျှင် အရှေ့ရှိ စစ်ဦးစီးမှူးများအနက်မှ တစ်ယောက်သည် အဝေးသို့ ပြောင်းရွှေ့ခံရမည်ဖြစ်သည်။

၄င်းသည် လုပ်ရိုးလုပ်စဥ်များစွာ လိုအပ်သော ရှုပ်ထွေးသည့် ဆောက်ရွက်ချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းက ထိုစကားလုံးများကို ကျယ်လောင်စွာ ပြောလိုက်ပြီး လူအုပ်ကြီးကလည်း ဆူဆူညံညံ တောင်းဆိုလိုက်ကြသည်ဝယ် ချိန်ဟဲ့ထျန်၊ ပိုင်လင်းနှင့် အခြားစစ်သူကြီးများမှာ ချက်ချင်းပင် ခေါင်းခဲသွားလေတော့သည်။

သက်ပြင်းချရင်း ချိန်ဟဲ့ထျန်က သူ၏အတွေးများကို ပိုင်လင်းနှင့် အခြားစစ်သူကြီးများထံ ပို့လွှတ်လိုက်တော့သည်။

" ကဲ မင်းတို့အားလုံး ဘယ်လိုထင်လဲ။ ငါတို့ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ကြမလဲ "

သို့သော် မည်သူမျှ အကြံတစ်ခုမှ ထွက်မလောပေ။ ဤသို့ ရုတ်တရက်အပြောင်းအလဲဖြစ်ရပ်များကို လုံးဝ မထင်မှတ်ထားခဲ့သည် မဟုတ်ပါလော။

ပိုင်ရှောင်ချန်းသာ အဆင့်တက်ရန် အခြားသောနည်းလမ်းများကို အသုံးပြုခဲ့လျှင် သူတို့ ထိုကိစ္စကို စဥ်းစားရန် လိုအပ်မည်မဟုတ်ပေ။ သို့သော် သူ၏အပြုအမူများကြောင့် သူတို့မှာ လုံးဝမပြင်ဆင်လိုက်ရပေ။ ပိုင်ရှောင်ချန်း၏ ရည်မှန်းချက်များကို ပထမနေရာထား၍ ကြိုးစားနေသော ပိုင်လင်းပင်လျှင် တိုတောင်းလှသော အချိန်အတွင်း ပိုင်ရှောင်ချန်းက စစ်ဦးစီးမှူးတစ်ယောက်ဖြစ်လာလိမ့်မည်ဟူ မထင်ထားခဲ့ပေ။

မဟာတံတိုင်းကြီး တည်ထောင်ခဲ့သောအချိန်မှစ၍ ယနေ့ထက်ထိ ပိုင်ရှောင်ချန်းသာလျှင် စစ်ဦးစီးမှူးအဖြစ် တိုက်ရိုက်ရာထူးတက်ရန် ဝိညာဥ်များအား လုံလုံလောက်လောက် ပေးအပ်နိုင်သော ပထမဆုံးလူဖြစ်သည့် အချက်မှာ သူတို့ကို အံ့သြတုန်လှုပ်မှုအဖြစ်ဆုံး ဖြစ်စေခဲ့သည်။

မည်သူကမှ မပြောသည်ကို တွေ့သောအခါ ပိုင်လင်းက အားတင်း၍ ပြော၏။

" အင်း ကျုပ်ကတော့ ပိုင်ရှောင်ချန်းမှာ အရည်အချင်းတွေ ရှိတယ်ထင်တာပဲ ။ ဘာပြဿနာမှ မမြင်မိဘူး "

" ဒါ ကလေးကစားပွဲ မဟုတ်ဘူး "

ချိန်ဟဲ့ထျန်က ဒေါသတကြီးပြန်ဖြေ၏။ စစ်ဦးစီးမှူးခန့်အပ်ခြင်းမှာ ပေါ့ပေါ့တန်တန်ဆောင်ရွက်ရမည့် ကိစ္စမဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်း ရရှိခဲ့သည်ကိုတော့ ငြင်းပယ်၍မရပေ။ တရားဝင်ရာထူးတိုးခြင်းကို ငြင်းဆိုခြင်းသည် ကျိုးကြောင်းမဆီလျော်ပေ။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း မပျော်တော့ပေ။ ချိန်ဟဲ့ထျန်နှင့် စစ်သေနာပတိချုပ်များက ရာထူးကို အတည်ပြုမပေးဘဲ သူ့အား ဟန်ပြစစ်ဦးစီးမှူးတစ်ယောက်အဖြစ်သာ သတ်မှတ်ခံရသည်ကို သူ စိတ်မဆိုးဘဲ မနေနိုင်တော့ပေ။

" ဆရာကြီး လင်းနို့၊ ဒါကတော့ ခင်ဗျား သိပ်မဟုတ်သေးဘူးလေ "

သူက ကျယ်လောင်စွာ အော်လိုက်သည်။

" ကျုပ် ခင်ဗျားကို ဝိညာဥ်တစ်ပုံကြီးပေးခဲ့တယ်။ ကျုပ်ပြောချင်တာက.. ဝိညာဥ်သန်းတစ်ထောင်ကျော်နော်။ ပြီးတော့ ခင်ဗျားက ကျုပ်ကို ဟန်ပြစစ်ဦးစီးမှူးတစ်ယောက်ပဲ လုပ်ပေးတယ် "

အလွယ်တကူ အလျှော့မပေးလိုသောကြောင့် သူက အသံမြှင့်၍ ဆက်ပြောလိုက်၏။

" ခင်ဗျား ဒီလိုလုပ်မယ်ဆိုရင်တော့ နောက်ကျ ဘာလို့ဝိညာဥ်တွေလာအပ်ရဦးမှာလဲ။ ပြီးတော့ ဒီက တခြား တာအိုရောင်ရင်းတွေအားလုံးအတွက်ရော ဘယ်လိုလဲ။ သင့်တင့်မျှတအောင် ချီးမြှင့်ခံရမယ်လို့ ခင်ဗျားကို သူတို့ မယုံတော့ရင် ဘာလို့ ဝိညာဥ်တွေ လာအပ်ကြတော့မလဲ "

မျက်လုံးကြီးမှာ စဥ်းစားနေသည်အလား တောက်ပသွားလေသည်။ အသက်ရှူချိန်အနည်းငယ်ကုန်ဆုံးပြီးနောက် ချိန်ဟဲ့ထျန်နှင့် အခြားသူများ ဆွေးနွေးမပြီးသေးခင် … စစ်တပ်ငါးဖွဲ့ရှိ ကျင့်ကြံသူများအားလုံး၏ သက်သေခံလည်ဆွဲများအတွင်း စာတစ်စောင်ပေါ်လာတော့သည်။

" ပိုင်ရှောင်ချန်းက စစ်ဦးစီးမှူးရာထူးကို တိုးမြှင့်သွားပါပြီ "

သန့်ရှင်းသောဝိညာဥ်က ချိန်ဟဲ့ထျန်နှင့် စစ်သူကြီးများကို ကျော်၍ ရှင်းကုံကျစ်တာအိုဂိုဏ်းကို တိုက်ရိုက်တင်ပြလိုက်လေတော့သည်။

All Chapters