← Chapters

အားလုံးက ရတနာတွေ

Vol. 26 Ch. 364

အားလုံးက ရတနာတွေ

Vol. 26 Ch. 364

" ရတနာတွေ ဟုတ်လား .. ဘာရတနာတွေလဲ "

လောထျန်း နားမလည်နိုင် ဖြစ်သွားသည်။

ပန်းလင်က အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီးမှ မြေကြီးလက်တစ်ဆုပ် ကောက်ယူကာ အသံတုန်တုန်ဖြင့် မေး၏။

" ဒါတွေက ဘာလဲဆိုတာ သခင်လေး သိရဲ့လား "

သို့သော် လောထျန်း မည်သို့မှ ပြန်မဖြေနိုင်ခင်မှာပင် သူမက ဆက်ပြောသည်။

" ဒါ မူလ အရှုပ်အထွေး မြေ တွေပဲ "

" မူလ အရှုပ်အထွေး .. အဲ့ဒါ ဘာလဲ "

လောထျန်းက စိတ်ရှုပ်နေဟန်ဖြင့် ပြန်မေးလာ၏။

ပန်းလင်က နဖူးမှ ချွေးများကို သုတ်ကာ သူမကိုယ်သူမ တည်ငြိမ်သွားအောင် ပြန်ထိန်းလိုက်ပြီးမှ ပြောသည်။

" မူလ အရှုပ်အထွေး မြေ ဆိုတာ အရှုပ်အထွေးတွေကနေ ပထမဆုံး ဖြစ်တည်လာတဲ့ ရှေးအကျဆုံး မြေတွေပဲ ။ ဒဏ္ဍာရီတွေထဲမှာ ပြောထားတာတော့ ဒီလိုမြေတွေက ကမ္ဘာ စပြီး ဖြစ်တည်လာတဲ့အချိန်မှာ ပေါ်လာခဲ့ကြတာတဲ့ ။ ဒီဟာတွေရဲ့ တည်ရှိမှုက သဘာဝ စိတ်ဝိဥာဥ်တွေထက်တောင် အများကြီး ပိုပြီး သက်တမ်းရှည်တယ် "

" ဒဏ္ဍာရီတွေထဲမှာတော့ ဒီ မူလ အရှုပ်အထွေးမြေကနေ ကျယ်ပြန့်တဲ့ မြေပြင်တစ်ခု ဖြစ်လာနိုင်တယ်လို့လဲ ပြောတယ် ။ တောင်ပိုင်းဒေသက နတ်ဆိုးသခင်ကြီး ယွမ်လင်ဆီမှာတောင် ဒီလိူ မူလ အရှုပ်အထွေးမြေ သုံးပေပတ်လည်စာလောက် ရှိတယ်လို့ ကြားဖူးတယ် ။ ဒီလို မြေမျိုးမှာ ဘယ်လို စိတ်စွမ်းအင် ဆေးပင်မျိုးပဲ ဖြစ်ဖြစ် ၊ မသေမျိုး သစ်ပင်ပဲဖြစ်ဖြစ် စိုက်လို့ရတယ် "

" ဒါပေမယ့် ကျွန်မ ကြားတာတော့ တောင်ပိုင်းမှာ ရှိတဲ့ မူလ အရှုပ်အထွေးမြေက မသန့်စင်တော့ဘူးတဲ့ ။ တခြား အရောအနှောတွေ အများကြီး ပါတယ်လို့ ကြားတယ် "

" ဒါပေမယ့် .. အဲ့လို မသန့်စင်တဲ့ မြေလေးနည်းနည်းကိုတောင် ထျန်းယွမ်တစ်ကမ္ဘာလုံးမှာ အမြင့်မြတ်ဆုံး မြေအဖြစ် သတ်မှတ်ကြတာ "

ထိုသို့ ပြောနေရင်းလည်း သူမ အလွန်စိတ်လှုပ်ရှားလာဟန် တူ၏။

" အခု ဒီဟာကဆို လုံးဝကို သန့်စင်တဲ့ မူလအရှုပ်အထွေး မြေပဲ ။ သခင်လေး ဒါကို ဘယ်လို ရခဲ့တာလဲ "

လောထျန်းမှာ သူမ စကားကို နားထောင်ရင်း အလွန်ပင် အံ့အားသင့်နေသည်။

" ဒီဟာက အဲ့လောက်ကို အဖိုးတန်တာလား .. "

ထို့နောက် သူ မြေလက်တစ်ဆုပ်ကို ကောက်ယူကာ အချိန်အတန်ငယ် ကြာသည်အထိ သေချာ ကြည့်လိုက်၏။ ထိုအချိန်မှလည်း ဤ အရှုပ်အထွေးမြေက အပြင်ကမ္ဘာမှ မြေနှင့် ကွဲနေသည်ကို သူ သတိထားမိသွားတော့သည်။

" ကျုပ် လေထုကို ဖွင့်နေတဲ့အချိန် အပြင်ဘက်နားလေးမှာ ဒါတွေ ရှိနေတာ တွေ့သွားခဲ့တာဗျ ။ မဟုတ်လဲ ဒီဟာတွေက ဟင်လင်းပြင်ထဲက လေပြင်းနဲ့ မျောပါသွားမယ့်အတူတူ အထဲမှာ အလှဆင်လို့ ရတယ်လို့ တွေးပြီး  သယ်လာလိုက်တာပဲ "

လောထျန်း ပြန်ဖြေလိုက်၏။

" အလှဆင်ဖို့ .... "

ပန်းလင်မှာ ပြောစရာစကား ရှာမတွေ့ဘဲ ဖြစ်သွားရသည်။

ထို့နောက် သူမ လောထျန်းအား ပြန်ပြောမည်ဟု စဥ်းစားလိုက်စဥ်မှာပင် ..

ရုတ်တရက် သူမ တစ်ကုယ်လုံး တုန်သွား၏။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "

သူမ တအံ့တသြ မေးလိုက်သည်။

" ဟင် .. ခင်ဗျား .. အဆင်ပြေရဲ့လား ၊ ဘာဖြစ်လို့လဲ "

လောထျန်းက သူမကို ကြည့်ကာ စိုးရိမ်နေဟန်ဖြင့် ပြန်မေး၏။

" အဆင်ပြေတယ် .. ရုတ်တရက်ကြီး .. အစွမ်းပိုထက်လာသလို ခံစားလိုက်ရလို့ "

ပန်းလင်က ပြန်ပြောသည်။

" အစွမ်း ပိုထက်လာတယ် ... ဟုတ်လား "

လောထျန်း အံ့အားသင့်သွား၏။

သဘာဝ စိတ်ဝိဥာဥ် များအတွက် အစွမ်းပိုတိုးလာရန်မှာ အလွန်ခက်ခဲကြောင်း လောထျန်း သိထားပြီး ဖြစ်ပါသည်။

သူတို့အတွက် ကျင့်ကြံခြင်း အဆင့်ငယ်တစ်ခု တက်ရန်ပင် နှစ်ပေါင်းသောင်းချီ ကြာတတ်ကြောင်းကိုလည်း သူ သိပါ၏။

ထိုသို့သော သဘာဝ စိတ်ဝိဥာဥ်တစ်ယောက်က ဤမျှ မြန်မြန်ဆန်ဆန် အစွမ်းတိုးလာခြင်းမှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း ။

ထိုစဥ် တဖက်မှ ပန်းလင်က မျက်မှောင်ကြုံ့ပြီး ပြောလာသည်။

" ဟုတ်တယ် .. ကျွန်မရဲ့အစွမ်းက တကယ်လဲ နည်းနည်းတိုးလာတယ် ။ ကြည့်ရတာ .. အစွမ်းတစ်ခုခုက ကျွန်မရဲ့ကိုယ်ကို အဟာရတွေ ဖြည့်ပေးနေသလိုပဲ "

သူမ ချက်ချင်း မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်း ရှိုက်၍ သေချာ အာရုံခံကြည့်လိုက်သည်။

အချိန်အတန်ကြာသွားပြီး နောက်တွင်မူ သူမ၏ မျက်လုံးများ ရုတ်တရက် ပြန်ပွင့်လာကာ လက်နှစ်ဖက် ဆန့်ထုတ်လိုက်၏။ သူမ၏ လက်ချောင်းထိပ်တွင် အမည်းရောင်နှင့် အဝါရောင် အရောင်အဝါနှစ်ခု ရစ်နွယ်လာပြီး တဖြည်းဖြည်း ပြန်ပျောက်ကွယ်သွားကြသည်။

၎င်းကို ကြည့်ကာ ပန်းလင် အံ့သြတုန်လှုပ်သွားရပြန်သည်။

" ဒါ .. ဒါ .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ဒီ နေရာမှာ ဒါတွေ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ "

လောထျန်းက သူမကို ကြည့်ကာ စိတ်ဝင်တစား မေးလာ၏။

" ဘာဖြစ်လို့လဲဗျ ၊ အဲ့ အရောင်အဝါတွေက ဘာဖြစ်လို့လဲ "

ပန်းလင်က လောထျန်းအား ခေါင်းမော့ကြည့်ပြီး တအံ့တသြ ပြောသည်။

" သခင်လေးရဲ့ ကံက တော်တော် ကောင်းတာပဲ ။ ပထမဆုံး လျှို့ဝှက်ဒေသ ဖွင့်တဲ့အချိန်မှာ ရွှယ်ဟွမ်အစွမ်း ကို တကယ်ကြီး ရခဲ့တာ .. "

" ဒီ ရွှယ်ဟွမ်အစွမ်း ဆိုတာလဲ အရှုပ်အထွေးကနေ ဖြစ်ပေါ်လာတဲ့ မူလ အစွမ်းတစ်ခုပဲ ။ ကမ္ဘာတည်စ အချိန်မှာ ပေါ်လာခဲ့တဲ့ အစွမ်းပေါ့ ။ ဒီအရာက လူသားတွေ အတွက်ရော ၊ တခြား သက်ရှိသတ္တဝါတွေအတွက်ရော ၊ သဘာဝ စိတ်ဝိဥာဥ်တွေ အတွက်ပါ အင်မတန် အဖိုးတန်တယ် "

" စိတ်မကောင်းစရာ ရှိတာက ဒီဟာတွေ အရမ်းနည်း လွန်းနေတာလေး တစ်ခုပဲ .. "

ပန်းလင်က ထိုသို့ ပြောနေရင်းမနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

သို့သော် တဖက်မှ လောထျန်းက မျက်မှောင်ကြုံ့ပြီး ပြောလာ၏။

" မဟုတ်ဘူးဗျ "

" ဟင် .. အဲ့ဒါ ဘာကို ဆိုလိုတာလဲ "

ပန်းလင် အံ့သြမှင်သက်သွားရပြန်သည်။

လောထျန်းက မည်သို့မှ ပြန်မဖြေဘဲ လက်ဖြင့် အစီအမံတစ်ခု လုပ်လိုက်၏။

ဝုန်း ..

တခဏချင်းမှာပင် သူ့ခေါင်းပေါ်၌ အမည်းရောင်နှင့် အဝါရောင် အရောင်အဝါများ စုစည်းလာပြီး သူ လက်တစ်ဖက် ယမ်းလိုက်ရာ ထိုအရောင်အဝါများက ရေတံခွန်ကြီး တစ်ခုပမာ စီးကျလာကြသည်။

" ဘယ်လိုဖြစ်ပြီး .... "

ထိုမြင်ကွင်းကို ကြည့်ကာ ပန်းလင် မျက်လုံးပြုးသွားတော့သည်။

အစောက အမည်းရောင်နှင့် အဝါရောင် အစွမ်းလေး  အနည်းငယ်သည်ပင် သူမကို အံ့သြတုန်လှုပ်အောင် လုပ်ရန် စွမ်းဆောင်နိုင်ခဲ့ပါသည်။

ယခု ရွှယ်ဟွမ်အစွမ်းများက သူမရှေ့ ကောင်းကင်ယံမှ မြစ်ကြီးတစ်စင်းလို ကျနေသတဲ့လား ...

အလွန်အဖိုးတန်လှသော ထိုအရာမျိုးကို .. ဤမျှ များပြားသော ပမာဏအထိ ရအောင် မည်သို့ လုပ်နိုင်ခဲ့ပါသနည်း ။

" သခင်လေး ... လောထျန်း .. ဘယ်လိုလုပ်ပြီး .. ရခဲ့တာလဲ "

ပန်းလင်အသံမှာ အလွန် တုန်ယင်နေ၏။

လောထျန်းက ချက်ချင်း ပြန်ဖြေသည်။

" ဘာမှ ထွေထွေထူးထူး မလုပ်လိုက်ရပါဘူးဗျာ။ အစောက မူလ အရှုပ်အထွေး မြေ တုန်းကလိုပဲ ကျုပ် ဒီ လေထုကို စဖွင့်တဲ့အချိန်မှာ အပြင်ဘက်က မတည်မငြိမ် ဖြစ်နေတဲ့ ဟင်းလင်းပြင်ထဲကနေ တွေ့ခဲ့တာ ။ အပြင်မှာ အဲ့လိုဟာတွေ တော်တော်များတာဗျ "

" ကျုပ် နည်းနည်းလေး စမ်းယူကြည့်လိုက်တော့ ဒီဟာတွေက လေထုကို တည်ငြိမ်အောင် လုပ်ပေးနိုင်တာ တွေ့ခဲ့ရတယ် ။ အဲ့ဒါနဲ့ ကျုပ်လဲ အသုံးဝင်တယ်လို့ တွေးပြီး လေထုကို ထပ်ချဲ့နေရင်း ဒီ အရောင်အဝါတွေကိုပါ တစ်ခါတည်း ယူထားခဲ့တာပဲ "

" အပြင်မှာ ရှိနေတဲ့ထဲက တချို့တဝက်က ထွက်ပြေးသွားတာတို့ ၊ ပျောက်ကွယ်သွားတာတို့ ရှိပေမယ့် ၉၀ % လောက်ကိုတော့ ကျုပ် ယူနိုင်ခဲ့တယ်ဗျ ။ ပြီးတော့ အဲ့ဒါတွေနဲ့ လေထုကို တည်ငြိမ်အောင် ထိန်းထားခဲ့တာ "

" ဒါပေမယ့် ဒီ အရောင်အဝါတွေက များလွန်းနေတော့ လေထု တည်ငြိမ်သွားတဲ့အထိ အများကြီး ပိုနေသေးတာ ။ အဲ့တော့ ကျုပ်လဲ ပိုတာတွေကို ဒီတိုင်း သိမ်းထားလိုက်တာပဲ ။ ဒါတွေကရော ရတနာတွေပဲလား ... "

ပန်းလင်မှာ သူ့စကားဆုံးအောင် နားထောင်ပြီးနောက် ခေတ္တမျှ စကားပြန်မပြောနိုင် ဖြစ်နေ၏။

လျှို့ဝှက်ဒေသ လေထုကို ဖွင့်သည့်အချိန်တွင် ရှားပါး အဖိုးတန် ရတနာများကို တွေ့နိုင်သည့် အခွင့်အရေး ရှိမှန်း သူမ ကြိုတွက်ထားမိပြီး ဖြစ်ပါသည်။

သို့သော် .. အခြားသူများ လေထုကို ဖွင့်သည့်အချိန်တွင် မူလ အရှုပ်အထွေးမြေ တစ်မှုန် နှင့် ရွှယ်ဟွမ်အစွမ်း အနည်းငယ်လေး ရခဲ့လျှင်ပင် အလွန်ကောင်းသည်ဟု သတ်မှတ်ကြပြီ ဖြစ်ပါသည်။

သို့သော် ယခု လောထျန်းမှာကား ..

ထိပ်တန်းအဆင့် သဘာဝ ရတနာများက သူ့အတွက် အလွန် ပေါများနေသယောင်ပင် ..

သို့သော် ခေတ္တမျှ စဥ်းစားပြီးနောက် ၎င်းက အဓိပ္ပါယ် ရှိသလိုလည်း သူမ ခံစားလိုက်ရသည်။

ပုံမှန်ဆိုလျှင် အခြားသူများ လေထုအသစ် စဖွင့်ချိန်၌ အလွန်ဆုံး သုံးပေ မှ ငါးပေအကွာအထိသာ ဖွင့်နိုင်ကြပါ၏။

ထို့နောက်မှသာ အခြားနည်းများကို သုံး၍ လေထုကို ဆက်ချဲ့ကြခြင်း ဖြစ်သည်။

ယခု လောထျန်းကဲ့သို့ ကြီးမားသော လေထုကြီးအား မည်သူကမှ တစ်ခါတည်း မဖွင့်နိုင်ကြပေ။

" သခင်လေး လောထျန်း  ၊ဒီ ရွှယ်အစွမ်းနဲ့ ဟွမ်အစွမ်း နှစ်ခုက အင်မတန်မှကို အဖိုးတန်တယ် ။ ဒီတိုင်းကြီး အလဟသ မဖြစ်စေနဲ့ "

ပန်းလင် အကြံပြုလိုက်သည်။

သို့သော် .. စကားဆုံးသည်နှင့် တစ်ခုခု လွဲနေသလိုလည်း သူမ ခံစားလိုက်ရပါ၏။

သူမ ရှေ့မှ .. မကုန်ခမ်းနိုင်ဟန် တူသော ရွှယ်ဟွမ်အစွမ်းများက သူမ ပြောခဲ့သည့်အတိုင်း အဖိုးမတန် သလိုပါပင် ။

" အိုး .. ဒါတွေလဲ ရတနာတွေပဲကိုး "

လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။

ပန်းလင် စိတ်ထဲ တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး မေးလိုက်၏။

" ဒါနဲ့ သခင်လေး ဒီ လေထုကို ဖွင့်တဲ့အချိန် တခြားဘာတွေနဲ့ ကြုံခဲ့ရသေးလဲ ။ ဖုန်မှုန့်တို့ ၊ အရောင်အဝါတို့ ၊ အငွေ့တို့ .. တခြား ဘာဖြစ်ဖြစ် ရတယ် "

လောထျန်းက ပြန်ပြောသည်။

" အင်း .. ရှိတော့ ရှိတယ်ဗျ ။ ကျုပ်နဲ့ လိုက်ကြည့်ပါလား "

ပန်းလင်က လောထျန်းနောက်မှ လိုက်သွားပြီး မကြာခင် သူတို့နှစ်ယောက် ချိုင့်တစ်ခုဆီ ရောက်လာကြ၏။

" ကိုယ်တိုင်ပဲ ကြည့်လိုက်တော့ဗျာ "

လောထျန်းက  ပြောလိုက်သည်။

ပန်းလင်က သူပြသည့် နေရာသို့ သွားကြည့်ပြီး ချက်ချင်းဆိုသလိုပင် သူမထံမှ အံ့သြနေသော အသံကြီး ထွက်လာ၏။

" ဘုရားရေ ... မူလ အရှုပ်အထွေး သံကျောက် ပါလား ။ ဒါ .. ထိပ်တန်းအဆင့် မသေမျိုးလက်နက်တွေကို သန့်စင်တဲ့နေရာမှာ သုံးတဲ့ ပစ္စည်းပဲ "

ထို့နောက် သူမ ဘေးသို့ လှည့်ကြည့်လိုက်ရာ လေထဲတွင် မျောလွင့်နေသည့် အဖြူရောင် မီးခိုးတန်း တစ်ခုကိုလည်း တွေ့သွားပြန်သည်။

" ဒါ .. ဟင်းလင်းပြင် စိတ်စွမ်းအင် ပဲ  ၊ ဓားစိတ်ဝိဥာဥ်ကို သန့်စင်တဲ့နေရာမှာ ဒါကို သုံးလို့ရတယ် "

" ဒါက ပိုင်ရှင်မဲ့ သဘာဝစိတ်ဝိဥာဥ် အစွမ်း ဖြစ်တဲ့ ရွှေရောင် စိတ်ဝိဥာဥ်အစွမ်းပဲ ... ။ ဒါတွေက သဘာဝ စိတ်ဝိဥာဥ်ရဲ့ အရောင်အဝါကို တိုးတက်စေတယ် ။ ကျွန်မရဲ့ အစွမ်းနဲ့ မကိုက်တာတော့ နှမျောစရာကြီး .. မဟုတ်ရင် ဒီ အစွမ်းကို ကျွန်မ စုပ်ယူလို့ရတယ် "

" ဟင် .... ဒါက .. ရေ စိတ်ဝိဥာဥ် အစွမ်းပါလား ။ ဒါကို ကျွန်မ စုပ်ယူလို့ရတယ် "

ပန်းလင်ထံမှ တအံ့တသြ ရေရွတ်သံများ ဆက်တိုက်ပင် ထွက်ပေါ်လာ၏။

ထို့နောက် သူမက လောထျန်းအား လှည့်ကြည့်လိုက်သည်။ သူမ အကြည့်မှာ တစ်စုံတစ်ခုကို တောင်းဆိုချင်နေဟန် ရှိသလို ထိသို့ တောင်းဆိုရမည်ကို ရှက်နေဟန်လည်း ရှိပါ၏။

၎င်းကို မြင်သောအခါ လောထျန်းက လက်ကာပြ၍ ပြောလိုက်သည်။

" ဒါဆို စုပ်ယူလိုက်လေဗျာ ၊ ကျုပ်ကို ဘာလို့ ကြည့်နေတာလဲ "

စာစဉ်ပြီး၏

All Chapters