← Chapters

သတ်ဖြတ်ရာမှာ ပြတ်သားခြင်း

Vol. 162 Ch. 2418

သတ်ဖြတ်ရာမှာ ပြတ်သားခြင်း

Vol. 162 Ch. 2418

ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ ရောက်ရှိလာသော ကျင့်ကြံသူအများစုသည် မိစ္ဆာဓားပြများနှင့် တိုက်ခိုက်ခဲ့ရသော အတွေ့အကြုံများရှိပြီး သူတို့ကို မုန်းတီးနေကြ၏။

ခုံးဟန်၏ စကားကို ကြားရပြီးနောက် မုန်းတီးနေသည့် မရေမတွက်နိုင်သော အကြည့်များက မဟူရာကြေးမုံဂိုဏ်းမှ လူတိုင်းအပေါ် စုပြုံရောက်ရှိလာ၏။

“သူတို့ကို သတ်”

“မင်းတို့တွေက အဲ့ဒါကို လုပ်ပြီးတာတောင် လန့်ဖုန်းမြို့တော်ကို ဘယ်လိုတောင် ရောက်လာရဲတာလဲ… ဘယ်လောက်တောင် မောက်မာထောင်လွှားနေကြတာလဲ”

“ငါတို့တွေက တခြားသူတွေကို သတိပေးတဲ့အနေနဲ့ ဒီမိစ္ဆာဓားပြအုပ်စုကို အများရှေ့မှာ ခေါင်းဖြတ်သတ်ရမယ်… ငါတို့ တောကောင်နှလုံးသားဂိုဏ်းရဲ့ လူထက်ဝက်လောက်က အဲ့ဒီမိစ္ဆာဓားပြတွေကြောင့် သေဆုံးခဲ့ရတာ… ငါတို့တွေက သူတို့ကို သွေးနဲ့ပြန်ပေးဆပ်ခိုင်းရမယ်”

ကျင့်ကြံသူများစွာက ဒေါသတကြီး ဆူပူအော်ငေါက်လိုက်ကြပြီး မဟူရာကြေးမုံဂိုဏ်းမှ လူတိုင်းကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေကြ၏။

“မဟုတ်ပါဘူး.. အဲ့ဒါက နားလည်မှုလွဲတာပါ… ကျုပ်တို့တွေက မဟူရာကြေးမုံဂိုဏ်းက ကျင့်ကြံသူတွေပဲ… ကျုပ်တို့တွေက မိစ္ဆာဓားပြတွေ မဟုတ်ဘူး”

လျန့်ယွီ၏ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူက အတတ်နိုင်ဆုံး ကြိုးစား၍ ရှင်းပြနေ၏။

ဤနေရာမှာ စုရုံးလာသော ကျင့်ကြံသူများက ပို၍ပို၍များပြားလာပြီး လူအုပ်ကြီးက တလိပ်လိပ်ထိုးတက်လာ၏။

နောက်ပိုင်းရောက်ရှိလာသော ကျင့်ကြံသူများသည် ဖြစ်ပျက်နေခဲ့သည့်အရာကို လုံးဝမသိရှိကြပေ။ ထိုမိစ္ဆာဓားပြများသည် လန့်ဖုန်းမြို့တော်သို့ စိမ့်ဝင်ထိုးဖောက်ပြီး ဖမ်းဆီးခံထားရသည်ဟု ရှေ့မှာရှိသော ကျင့်ကြံသူများ ပြောသည်ကိုသာ သူတို့က ကြားရပြီး သူတို့က အခြားလူတိုင်းနှင့်အတူ စတင်၍ ဝင်ရောက်ဆဲဆိုကြိမ်းမောင်းလာကြ၏။

လူအုပ်ကြီးက စိတ်လှုပ်ရှားတက်ကြွနေပြီး သူတို့၏ အသံများက ပွက်ပွက်ညံနေသည်။

အလွန်ကြီးမားသည့် လူစုလူဝေးနှင့် ရင်ဆိုင်ရချိန်မှာ မဟူရာကြေးမုံဂိုဏ်း ကျင့်ကြံသူများ၏ ခုခံပြောဆိုနေသော အသံများက တစ်ခဏချင်းမှာပင် နစ်မြုပ်သွားပြီး သူတို့၏ စကားကို မည်သူကမှ အာရုံစိုက်မနေပေ။

နေရာအနှံ့မှ ဝင်ရောက်လာသော ဖိအားက ဆူနာမီလှိုင်းတစ်ခုကဲ့သို့ တလိပ်လိပ်တိုးဝင်လာပြီး မဟူရာကြေးမုံဂိုဏ်းမှ လူတိုင်းကို ခြိမ်းခြောက်နေ၏။

ထိုအခိုက်အတန့်မှာ ခုံးဟန်နှင့် အခြားသူများအနေဖြင့် တိုက်ခိုက်စရာ မလိုတော့ပေ။ သူတို့က နောက်သို့ဆုတ်ပေးလိုက်သည်နှင့် ဘေးပတ်ဝန်းကျင်မှာ ရှိသော ကျင့်ကြံသူများက မဟူရာကြေးမုံဂိုဏ်းမှ လူတိုင်းကို အပိုင်းပိုင်းဆုတ်ဖြဲပစ်တော့မည် ဖြစ်၏။

ခုံးဟန်သည် ထိတ်လန့်တကြားဖြစ်နေသော မဟူရာကြေးမုံဂိုဏ်းမှ ကျင့်ကြံသူအုပ်စုနှင့် အော်ဟစ်ဆဲဆိုကြိမ်းမောင်းနေသည့် ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို ကြည့်ရင်း သူ၏ နှုတ်ခမ်းပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ခိုတွဲလာ၏။ သူက အလွန်တရာ အူမြူးအားရနေ၏။

အရာတိုင်းကို ထိန်းချုပ်နေရသည့် ခံစားချက်က သူ့ကို အလွန်တရာ စိတ်ကျေနပ်မှုပေးနေ၏။

ခုံးဟန်၏ အကြည့်က မဟူရာကြေးမုံဂိုဏ်းမှ အစိမ်းရောင်ဝတ် စာပေသမားနှင့် မိန်းကလေးတစ်ယောက်အပေါ် ဆင်းသက်ရောက်ရှိသွားပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်၏။

အခြားသော မဟူရာကြေးမုံဂိုဏ်း ကျင့်ကြံသူများနှင့် မတူဘဲ အစိမ်းရောင်ဝတ် စာပေသမား၏ အမူအရာက တည်ငြိမ်နေ၏။ သူက သူ၏ ဘေးပတ်လည်မှ အော်ဟစ်သံများနှင့် ဖိအားအောက်မှာ တစ်မူထူးခြားစွာ ဣန္ဒြေရနေ၏။

ငယ်ရွယ်သော မိန်းကလေးကလည်း ထိတ်ထိတ်ပျာပျာပင် ဖြစ်မနေပေ။

ခုံးဟန်၏ အမူအရာက သုန်မှုန်လာခဲ့၏။ အဲ့ဒါသည် သူ့ကို သိသာထင်ရှားမှု မရှိသော ရှုံးနိမ့်မှုခံစားချက်တစ်ခု ပေးနေသည်။

မဟူရာကြေးမုံဂိုဏ်းမှာ တိုက်ခိုက်ရည်ခွန်အားတွင် ဤအမျိုးသားနှင့် အမျိုးသမီးက အသန်မာဆုံးဖြစ်သည်ကို သူသိထားပြီးသားဖြစ်သည်။

သို့သော်လည်း ဤနေရာက လန့်ဖုန်းမြို့တော်ဖြစ်၏။ ဤစုံတွဲက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ… သူတို့သည် သူ၏ ပိုင်နက်နယ်မြေမှာ စဉ်းတီတုံးပေါ် ရောက်ရှိနေသော ငါးများထက် မပိုပေ။

သူက သတ်ဖြတ်လိုသည်နှင့်အမျှ သူက သူတို့ကို စိတ်ရှိသလို သတ်ဖြတ်နိုင်၏။

ထိုစဉ်မှာပင် သူ့ကိုကြည့်နေသော အစိမ်းရောင်ဝတ် စာပေသမား၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်နေသည့် အရိပ်အယောင်တစ်ခုကို ခုံးဟန်က သတိထားမိသွား၏။

ခုံးဟန်သည် ထိုအကြည့်မှာ ချက်ချင်းပင် မရိုးမရွဖြစ်လာပြီး ဒေါသချောင်းချောင်းထွက်လာခဲ့၏။ သူက မဟူရာကြေးမုံဂိုဏ်းမှ လူတိုင်းကို သတ်ဖြတ်ဖို့အတွက် အမိန့်ပေးဖို့ ပြင်လိုက်၏။

သူစကားပြောမည့်အချိန်မှာပင် အစိမ်းရောင်ဝတ် စာပေသမားကလည်း သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်၏။

“ဂါး…”

မနှိုင်းယှဉ်သာအောင် တုန်လှုပ်စရာကောင်းသောသော နဂါးဟိန်းသံက ပစ်လွင့်ထွက်ပေါ်လာပြီး နေရာတိုင်းမှာ ပဲ့တင်ထပ်သွား၏။ ထိုအသံက အရမ်းကို ကျယ်လောင်ပြီး အဆုံးမဲ့စွမ်းပကားနှင့်အတူ သတ္တုများကို ထိုးဖောက်၍ ကျောက်သားများကို အက်ကွဲစေနိုင်၏။

ထိုဟိန်းဟောက်သံ၏ လွှမ်းခြုံမှုအောက်မှာ ဘေးပတ်ဝန်းကျင်မှ အသံများက ချက်ချင်းပင် ဖိနှိမ်ခံလိုက်ရ၏။

လောကမှာ ထိုအသံတစ်ခုတည်းသာလျှင် ရှိတော့သည့်အလားပင်။

ထိုနဂါးဟိန်းသံနှင့် ရင်ဆိုင်ရချိန်မှာ ကျင့်ကြံသူများ အားလုံးသည် သူတို့၏ နှလုံးသားအနက်ပိုင်းထဲမှ သေးသိမ်မှုကို ခံစားလာရ၏။

ကျင့်ကြံသူအချို့သည် ထိန်းချုပ်မရသော ကြောက်တရားနှင့် ဖော်မပြတတ်သော သိမ်ငယ်မှုကိုပင် ခံစားလာရ၏။

ဒုန်း… ဒုန်း…

ဘေးပတ်ဝန်းကျင် အဆောက်အအုံများနှင့် ခေါင်မိုးများပေါ်ရှိ အင်မော်တယ်စစ်သားများမှာ နာကျင်နေသော အမူအရာများ ထွက်ပေါ်လာ၏။ သူတို့၏ လက်များထဲရှိ မြားပစ်စက်များက ပြုတ်ကျသွားပြီး သူတို့ကလည်း လဲကျသွား၏။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နားထဲမှာ တစီစီမြည်နေပြီး သူတို့၏ စိတ်များက ဗလာကျင်းနေ၏။ သူတို့သည် သူတို့ ရောက်ရှိနေသော နေရာကိုပင် မေ့လျော့သွားပြီး သူတို့၏ အကြည့်များက ထုံထိုင်းနေကြ၏။

နဂါးဟိန်းသံက ထွက်ပေါ်လာပြီး လောကက တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဆူဇီမိုက လမ်းမရှည်တစ်ခုလုံးကို တစ်ယောက်တည်းပင် ဖိနှိမ်လိုက်၏။

ဆူဇီမိုနှင့် အနီးဆုံးမှာရှိသော ခုံးဟန်က ထိတွေ့ရိုက်ခတ်မှုကို အများဆုံး တွေ့ကြုံခံစားလိုက်ရ၏။ သူက သူ၏ နားထဲမှာ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ သွေးချီက ကပြောင်းကပြန်ဖြစ်လာခဲ့၏။ ခပ်သဲ့သဲ့ ညည်းတွားအော်ဟစ်ရင်း သူ၏ မြင်ကွင်းက ဝေဝါးသွားကာ သူက နေရာမှာပင် သတိလစ်လုမတတ် ဖြစ်သွားရ၏။

“ငါတို့တွေက မိစ္ဆာဓားပြတွေ မဟုတ်ဘူး… ငါတို့ကို အခုလိုမျိုး စွပ်စွဲရတဲ့ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ”

ဆူဇီမိုက ဂရုမစိုက်သော လေသံဖြင့် ဖြည်းဖြည်းချင်း မေးလိုက်၏။

“ငါက စွပ်စွဲတာလား”

ခုံးဟန်က ယခုအချိန်ထိ မသက်သာသေးဘဲ အံကိုကြိတ်ကာ ပြောလိုက်၏။

“ငါဘယ်သူလဲ ကြည့်လေ… ငါ့လိုလူက မင်းတို့ကို ဘာလို့စွပ်စွဲရမှာလဲ”

“သူတို့ကို သတ်ကြ”

အစကတော့ သူသည် မဟူရာကြေးမုံဂိုဏ်းမှ လူတိုင်းကို ညှင်းပန်းနှိပ်စက်ဖို့အတွက် မြေအောက်အကျဉ်းထောင်သို့ ခေါ်ဆောင်သွားချင်၏။

ယခုအချိန်မှာ သူ၏ သတ်ဖြတ်လိုစိတ်က သိပ်သည်းအားကောင်းလာပြီး သူက ဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။ သူသည် သူ့ရှေ့မှ ဤလူအုပ်စုကို သတ်ဖြတ်ချင်စိတ်သာ ရှိတော့၏။

မဟူရာကြေးမုံဂိုဏ်းမှ လူတိုင်းက ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြ၏။

လျန့်ယွီကလည်း သူ၏ မိဘများကို ဆုံးရှုံးလိုက်ရသည့်အလား မျှော်လင့်ချက်ကုန်ဆုံးသည့်ပုံပေါက်လာ၏။

သူ၏ မျက်လုံးထဲမှာ လန့်ဖုန်းမြို့တော်၏ အင်ပါယာစစ်တပ်က တားဆီး၍ မရနိုင်သော တည်ရှိမှုတစ်ခုဖြစ်သည်။

“ကျုပ်တို့တွေက မိစ္ဆာဓားပြတွေ တကယ်မဟုတ်ပါဘူး… ကျေးဇူးပြုပြီး သေချာစုံစမ်းပေးပါ… လက်ထောက်တပ်မှူးခုံး….”

လျန့်ယွီက အဲ့ဒါသည် နားလည်မှုလွဲခြင်းတစ်ခုဖြစ်သည်ဟု မျှော်လင့်ထားဆဲဖြစ်ပြီး သူက ရှင်းပြချင်နေ၏။

သူ၏ ထင်မြင်ချက်အရ သူသည် ဤကိစ္စကို ကောင်းကောင်းရှင်းပြနိုင်သည်နှင့် ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခု ရှိနေနိုင်၏။

သို့သော်လည်း သူက အင်ပါယာစစ်တပ်ဖြင့် တကယ်တမ်းတိုက်ခိုက်ခံရပြီဆိုလျှင် အဲ့ဒါက ရက်စက်ရာကျပြီး သူက သေချာပေါက် သေရပေလိမ့်မည်။

ဘေးပတ်ဝန်းကျင်မှာ ရှိသော အင်မော်တယ်စစ်သားများက သူတို့၏ ဓမ္မရတနာများကို နောက်တစ်ဖန်အသင့်ပြင်ပြီး သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို စုဖွဲ့လိုက်ကြ၏။

လင်းလောကလည်း အကျပ်အတည်းမှာ မျက်မှောင် အနည်းငယ်ကြုတ်ပြီး ကြိတ်၍ သက်ပြင်းချလိုက်၏။

အစကတော့ သူမသည် သူမ၏ သရုပ်သကန်ကို တတ်နိုင်သမျှ ဖုံးကွယ်ထားလို၏။ သို့သော် ယခုအခါ ပဋိပက္ခတစ်ခု ဖြစ်ပွားလာမည်ဆိုလျှင် သူတို့၏ သရုပ်သကန်များကို ဖုံးကွယ်ထားဖို့နေနေသာ သူတို့နှစ်ယောက်သည် ဤနေရာကနေ ဘေးကင်းစွာဖြင့်ပင် ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။

ဤနေရာက မည်သို့ပင်ဆိုစေ လန့်ဖုန်းမြို့တော်ဖြစ်၏။ ဤနေရာကို ထိန်းချုပ်ထားသည့် မည်သည့်အင်မော်တယ်ဘုရင်ပညာရှင်မှ မရှိသော်လည်း မြို့တော်ထဲမှာ ပကတိအင်မော်တယ်ပညာရှင်များစွာ ရှိနေ၏။

သူမနှင့် ဆူဇီမိုသည် သူတို့ထဲမှ တစ်ယောက်ကိုပင် ခုခံနိုင်မည် မဟုတ်ပေ။

လင်းလောက တွေဝေတုံ့ဆိုင်းနေစဉ်မှာပင် ဆူဇီမိုက သတ်ဖြတ်ရာမှာ သူ၏ ပြတ်သားမှုကို ပြသလိုက်၏။ ဖျတ်ခနဲဆို သူက ခုံးဟန်ရှေ့သို့ ရောက်ရှိသွား၏။

“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”

ခုံးဟန်က နဂါးဟိန်းသံကနေ ယခုတင် နိုးထလာစဉ် သူ၏ မြင်ကွင်းက ဝေဝါးသွားပြီး အစိမ်းရောင်ဝတ် စာပေသမားက သူ့ရှေ့ကို ရောက်ရှိလာခဲ့ပြီဖြစ်၏။

အစိမ်းရောင်ဝတ် စာပေသမားသည် ဤမျှများပြားသောလူများ ဝိုင်းပတ်ပိတ်ဆို့ခံထားရတာတောင် တိုက်ခိုက်ရဲလိမ့်မည်ဟူ၍ သူက ထင်မှတ်မထားခဲ့ပေ။

အဲဒါထက် လန့်ဖုန်းမြို့တော်မှာ သူ့ကို တစ်ယောက်ယောက်က တိုက်ခိုက်ရဲလိမ့်မည်ဟု သူက လုံးဝထင်မထားခဲ့ပေ။

သူက ထိုစကားကိုသာ ပြောချိန်ရလိုက်ပြီး သူ၏ ရင်ဘတ်ပေါ် ကျဆင်းလာသည့် သိပ်သည်းပြင်းထန်သော ရိုက်ခတ်မှုကို ခံစားရကာ သူ၏ ချပ်ဝတ်တန်ဆာက တကျွိကျွိမြည်သွားသည်။

ထို့နောက် ချက်ချင်းပင် လူတိုင်းရှေ့မှောက်မှာ သူ၏ ပုံရိပ်က ဆူဇီမို၏ တိုက်ခိုက်မှုဖြင့် လွင့်စင်ထွက်သွား၏။ အနက်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူက လူအုပ်ကြားထဲ ပစ်ကျကာ ပေပေါင်းများစွာ လိမ့်ဆင်းသွား၏။

“ထွီး...”

ခုံးဟန်က သွေးများစွာကို အန်ထုတ်လိုက်ရပြီး သူ၏ မျက်နှာက ဖြူဖျော့သွား၏။

သူ၏ ချပ်ဝတ်တန်ဆာက ရိုက်ခတ်မှုအများစုကို ပိတ်ဆို့တားဆီးပေးခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန် ရရှိသွားဆဲဖြစ်ပြီး သူ၏ သွေးချီက ယိုယွင်းလာ၏။ သူ၏ အရိုးများက ကွဲထွက်ကုန်သည်ဟု ထင်ရပြီး သူက အားအင်ချိနဲ့လာခဲ့၏။

ခုံးဟန်သည် လူအုပ်ကြားထဲမှာ လိမ့်ဆင်းသွားပြီး ဗလာကျင်းသွားသော စင်္ကြံလမ်းတစ်ခုကို ပေါ်ထွက်လာစေ၏။

ထိုစင်္ကြံလမ်း၏ အဆုံးမှာ မုတ်ဆိတ်နှင့် ဗလတောင့်တောင့်အမျိုးသားတစ်ယောက်က မှင်တက်နေပြီး ခဏကြာသည်အထိ မတုံ့ပြန်နိုင်ဘဲ သူ့ရှေ့မှာ ရှိသော မြင်ကွင်းကို ကြည့်နေ၏။

“အခြေအနေမကောင်းတော့ဘူး”

တစ်စုံတစ်ရာလွဲမှားနေသည်ကို သူနားလည်သွားသည့်အချိန်မှာ အစိမ်းရောင်ဝတ်စုံစက ဖျတ်ခနဲလက်သွားပြီး ဆူဇီမိုက ထူးဆန်းသောပုံစံဖြင့် သူ့ရှေ့မှာပေါ် ထွက်လာ၏။

“တည်နေရာ ခုန်ကူးခြင်း”

မုတ်ဆိတ်နှင့် ဗလတောင့်တောင့်အမျိုးသား၏ တုံ့ပြန်မှုက အရမ်းကို မြန်ဆန်ပြီး သူက ဤနေရာကနေ ထွက်ခွာဖို့အတွက် သူ၏ တည်နေရာခုန်ကူးခြင်း နည်းစနစ်ကို ထုတ်ဖော်လို၏။

သို့သော်လည်း ဆူဇီမို၏ တိုက်ခိုက်မှုများက ပို၍ပင် မြန်ဆန်နေ၏။ သူ၏ ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်က သိပ်သည်းကျစ်လစ်သွားပြီး အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်လွှတ်လိုက်၏။ မိုးကြိုးကျာပွတ်တစ်ခုက ပေါ်ထွက်လာပြီး မုတ်ဆိတ်နှင့် ဗလတောင့်တောင့်လူကို လွှဲရိုက်လိုက်၏။

“အင်း…”

မုတ်ဆိတ်နှင့် ဗလတောင့်တောင့်အမျိုးသားက ညည်းတွားအော်ဟစ်လိုက်၏။

သူ၏ ကျင့်ကြံမှုက အဆင့် ၉ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာ ဖြစ်သည်။

သူသည် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ဖြင့် တိုက်ခိုက်ခံရသော်လည်း သူက ခုခံဖို့အတွက် သူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို အချိန်မီစုဖွဲ့လိုက်ပြီး ဒဏ်ရာအပြင်းအထန် ရရှိမသွားပေ။

သို့သော်လည်း အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်၏ ခုခံမှုက သူ၏ နတ်ဘုရားစွမ်းအားများကို ပျက်ပြယ်သွားစေပြီး သူ၏ တည်နေရာခုန်ကူးခြင်းက ဟန့်တားနှောင့်ယှက်ခံလိုက်ရ၏။ သူက နေရာမှာပင် ရှိနေဆဲဖြစ်ပြီး ထွက်ခွာမသွားရသေးပေ။

ထိုသို့ဖြင့် ဗလတောင့်တောင့်အမျိုးသားသည် ထွက်ခွာနိုင်မည့် သူ၏ နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးလိုက်ရ၏။

All Chapters